■Photo News
စက်တင်ဘာ ၁၄ ရက်ညမှာ လ နဲ့ သောကြာ
ဂြိုဟ်(Venus) တို့ကို မြန်မာနိုင်ငံမှ မြင်တွေ့ရပုံဖြစ်ပါတယ်။ လအနီးမှာ သောကြာဂြိုဟ်ဟာ တောက်ပစွာနဲ့ မြင်တွေ့ရတာပါ။ယနေ့ညမှာ လ နဲ့ သောကြာဂြိုဟ်တို့ဟာကမ္ဘာကနေကြည့်ရင် တစ်တန်းတည်းနီးပါးဖြစ်ပြီးနီး
ကပ်စွာတည်ရှိနေသလိုမြင်တွေ့ရတာဖြစ်ပါတယ် ။ ။ဓါတ်ပုံ-U Pyay
#moon #venus #peoplesspring #ps

👍41❤14🔥4🤣1
နန်းမယ်ခုံမြို့အနီးကို စစ်တပ် ပစ်ခတ်တိုက်ခိုက်နေ၊ အရပ်သားတချို့ ထိခိုက်သေဆုံး
စက်တင်ဘာ -၁၄၊၂၀၂၆။ဇော်၀င်း/People's Spring
ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒီကနေ့(စက်တင်ဘာ ၁၄ ရက်)နေ့လယ်ပိုင်းကတည်းက နန်းမယ်ခုံမြို့အနီးက ကျေးရွာတွေကို ဒရုန်း၊လက်နက်ကြီးနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အပြင် ညပိုင်းအထိ ဒရုန်းတွေ ပျံဝဲနေဆဲလို့ ဆိုပါတယ်။
"သာယပ်ရွာက သတ်လတ်ပိုင်းအမျိုးသားတစ်ဦး ဒရုန်းထိပြီးဆုံးတယ်။နောက်နှစ်ဦးလည်း ဒဏ်ရာရတယ် ကြားတယ်"လို့ ဒီးမော့ဆိုမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မိုးဗြဲမြို့ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဒရုန်းတွေနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသတွင်းပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့လည်း ကရင်နီတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
"နန်းမယ်ခုံ မြို့နယ်တဝိုက် ဒီနေ့ည ဒရုန်းသွားလာတာ တွေ့မြင်နေရပါတယ် ကြားနေရပါတယ် ကြဲချတယ်လို့လည်း သတင်းတွေရတယ်။လုံခြုံရာမှာ ပုန်းခိုနေကြပါ"လို့ သူက ပြောပါတယ်။
အခုစက်တင်ဘာ ၁၁ ရက်မှာ ရှမ်း-ကရင်နီ ပြည်နယ်အစပ် မိုးဗြဲမြို့ကနေ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦး ကို ပြောထားပါတယ်။
မိုးဗြဲမြို့ကနေ အနောက်ဘက်ခြမ်း လွယ်ယင်းတောင်ခြေကို စစ်တပ်က စစ်ကြောင်းထိုးလာတာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
အခုတစ်ကြိမ်အပါအ၀င် ၃လအတွင်းစစ်တပ်ရဲ့ ထိုးစစ်ဆင်မှု ၄ကြိမ်ရှိခဲ့ပါတယ်။အရင် ၃ကြိမ်စလုံးမှာ ထိခိုက်သေဆုံးမှုတွေကြောင့် မိုးဗြဲမြို့ကို ပြန်ဆုတ်ခွာခဲ့ရပါတယ်။
"လွယ်ယင်းတောင်ခြေ ဆင်တောင် နန်းမယ်ခုံ တကြောထဲ။အဲဒီတကြောနဲ့မိုးဗြဲမြို့ကြားမှာ ဖါလိုင်ရွာရှိတယ်။သူတို့က ဖါလိုင်ကိုရချင်တာ ဖါလိုင်ရရင် နန်းမယ်ခုံကို နီးပြီ။ဖါလိုင်ကိုမရတော့ မိုးဗြဲအနောက်ဘက် လွယ်ဝိုင်းနဲ့ လွယ်ယင်းဘက်ကို ပတ်ထိုးနေတာ"လို့ မြေပြင်သတင်းရင်းမြစ်က စစ်တပ်စစ်ကြောင်းထိုးနေတဲ့ အခြေအနေကို ရှင်းပြပါတယ်။
ပြီးခဲ့တဲ့လ နောက်ဆုံးပတ်က အင်အား ၁၅၀ နဲ့ ၂၀၀ နီးပါး နဲ့ စစ်တပ်က လွယ်ယင်းတောင်ခြေကို ချဉ်းကပ်ဖို့ထိုးစစ်ဆင်ခဲ့ပြီး ဒရုန်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေပါ လုပ်ခဲ့ပေမယ့် ထိခိုက်သေဆုံးသူများတာကြောင့် ပြန်ဆုတ်ခွာသွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးသူ ၁၀ ဂဏန်းထက်မနည်းရှိပြီး ရဲဘော်တချို့ ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်MBPDF က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။
နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

🤬27👍5❤2👎2🔥1👏1🤩1
မန္တလေးမြို့လယ်မှာ ဓါးပြတိုက်ခံရ
စက်တင်ဘာ ၁၄၊ ၂၀၂၆။မေရီ/People's Spring
မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီခွဲခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁ လမ်း၊ ၂၆ လမ်းနဲ့ ၂၇ လမ်းကြား၊ မြ၀တီဘဏ်နဲ့ မျက်နှာချင်းဆိုင်ဗလီ၀င်းအတွင်း ဒေသအခေါ် ရွှေတိုက်ဝင်းအတွင်းက နေအိမ်တစ်အိမ် ဓားပြတိုက်ခံရပြီး ရွှေနဲ့ငွေတွေပါသွားခဲ့ကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က ပြောပါတယ်။
"ဓါးပြတိုက်ခံရတဲ့ ဝင်းနားက မြဝတီဘဏ်မှာလည်း စစ်တပ်အစောင့်ဂိတ်ရှိတယ်။ ၂၆ လမ်းနဲ့ လမ်း ၈၀ ထောင့်မှာလည်း ကင်းရှိတယ်"လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ဓားပြတိုက်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးပါဘူး။
ဓားပြတိုက်ခံရမှု ဖြစ်ပွားပြီးနောက် စစ်သားတွေနဲ့ ရဲတွေ ရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်သွားတယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးမှုမရှိတော့ဘဲ ရွှေဆိုင်တွေ၊ ဘဏ်တွေကအစ မကြာခဏ ဓါးပြတိုက်ခံနေရကြောင်း မြို့ခံတွေဆီက သိရပါတယ်။

🔥16🤬14👍5❤1🤣1
မင်းတုန်းမြို့နယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကလေးငယ်တွေအပါအ၀င်ပြည်သူ ၆ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ
စက်တင်ဘာ-၁၄ ၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုဖြစ်စဉ်က ဇွန်းကျကျေးရွာမှာ မနေ့က(စက်တင်ဘာ ၁၃ ရက်) ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
" ကပစ ၁၂ ကနေ ညနေ ၄နာရီလောက်မှာ ပါရာမော်တာသုံးစီးတက်လာတယ်။ဇွန်းကျဘက်ကို ပျံသန်းတယ်လို့ ကျွန်တော်တို့ ကြားရတယ်။ဇွန်းကျ ကျေးရွာဆိုတာက ဖုန်းလိုင်းမမိ၊အင်တာနက်လိုင်းမရတာမျိုးနေရာတွေပါ။ရွာက ဒီလိုဟာမျိုးလည်းမကြုံဖူးဘူး။သူတို့ဆီလာတယ်လို့လည်း မထင်ကြဘူး။ရွာအ၀န်းအဝိုင်းထဲကြဲချခံရပြီး အိမ်တွေနဲ့ အနီးတဝိုက်နဲ့နောက်ဘုန်းကြီးကျောင်းရှေ့တွေမှာ ကျရောက်ပေါက်ကွဲခဲ့တယ်"လို့ အထက်ပါတာ၀န်ရှိသူက ဖြစ်စဉ်ကို ရှင်းပြပါတယ်။
သရက်မြို့နယ်အခြေစိုက် စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)က တက်လာတဲ့ ပါရာမော်တာ(စက်တပ်လေထီး) ၃စီးနဲ့ ဗုံး ၈ လုံးကြဲချတိုက်ခိုက်မှုကြောင့် အသက်(၇၀)အရွယ် ဒေါ်ပစာ၊မခင်ဝေဇင်မိုး အသက် (၁၇)နှစ်၊မနွယ်နွယ်ဝင်း အသက် (၂၅)နှစ် ၊ မထက်သဇင်လှိုင် အသက် (၁၁)နှစ် ၊မငုဝါလှိုင် အသက် (၁၀)နှစ် နဲ့ မောင်ကောင်းထက်ကျော် အသက် (၁၅)နှစ် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် မမာလာ ၊ မောင်မင်းထက်ဦး၊ မောင်ချစ်မဝ ၊မမြမှုးမေနဲ့ မသင်းသင်းလှိုင်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါဟာ အပြစ်မဲ့အရပ်သားပြည်သူတွေ နေထိုင်ရာနေရာကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ စစ်ရာဇဝတ်မှုများ ကျူးလွန်တာလို့ သရက်ခရိုင်တပ်ရင်း(၄) တာ၀န်ရှိသူက ဆိုပါတယ်။
"ဇွန်းကျရွာက အိမ်ခြေနည်းနည်းလေး။မင်းတုန်းရဲ့ အနောက် တောင်ဘက်ခြမ်းမှာ။အခု လက်ရှိ
တိုက်ပွဲ ဖြစ်တဲ့နေရာတွေနဲ့ ဝေးပါတယ်။ဝေးတဲ့အပြင် အဲဒီရွာတဝိုက်မှာလည်း တခါမှ တိုက်ပွဲ ဖြစ်တာမျိုးမရှိခဲ့ဘူး"လို့ မင်းတုန်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မင်းတုန်းမြို့အနောက်ဘက်ခြမ်းကနေ ရခိုင်ရိုးမပေါ်တက်ဖို့ ကြိုးစားနေပေမယ့် စစ်ကြောင်းရဲ့ အရာရှိတွေအပါအ၀င် သေဆုံးသူများနေပြီး နေ့စဉ်နီးပါး လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က အသိပေးပါတယ်။
ဒါ့အပြင် အခု စက်တင်ဘာလဆန်းတိုက်ပွဲတွေမှာ တပ်မ (၅၅) လက်အောက်ခံ တပ်ရင်းတွေထဲက တပ်ရင်းမှူး ၂ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ်နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် သေဆုံးတယ်လို့ နေပြည်တော်ကစစ်ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။
အာရက္ခတပ်တော် (AA)သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်တောင်ကုတ်မြို့ကို ဦးတည်ပြီး မင်းတုန်းမြို့နယ်အနောက်ဘက်ရခိုင်ရိုးမကတဆင့် စစ်တပ်စစ်ကြောင်းတွေကဝင်ရောက်ဖို့ကြိုးပမ်းနေတာပါ။
အဲဒီစစ်ကြောင်းတွေကို တပ်မ(၅၅)က ဗျူဟာမှူးဗိုလ်မှူးကြီးအောင်ဇော်မင်းဦးစီးပြီး အင်အား ၁၀၀၀ ကျော်နဲ့ ဝင်ရောက်နေတာကြောင့် ဇွန်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတွေသေဆုံး ဒဏ်ရာရသူများပြီး ရှေ့မတိုးနိုင်ဘဲလန်ကျနေတာဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်က မင်းတုန်းမြို့အနောက်ခြမ်းကို ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၅ဦး ဖမ်းမိကာ လက်နက်ခဲယမ်းနဲ့အလောင်းတချို့ သိမ်းဆည်းရရှိတယ်ခဲ့လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

🤬30❤6👍2👏1🖕1
ရန်ကုန်မှာ စက်တင်ဘာ ၂ပတ်အတွင်း ဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော်ရှိ
စက်တင်ဘာ-၁၄၊၂၀၂၆။သတိုး/People's Spring
ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ Rangoon Scout Network-RSN ရဲ့ဖော်ပြချက်တွေအရ စက်တင်ဘာ ၁ ရက်ကနေ ၁၃ ရက်အတွင်း မတရားဖမ်းဆီးခံရသူ ၉၂ ဦးရှိတယ်လို့ သိရပါတယ်။
"အခုနှစ်ပတ်ထဲ အဆွဲအရမ်းများနေပါတယ်။အရင်လတွေ ထက်ပိုများပါတယ်။ပုံမှန်ဆို စစ်မှုထမ်းအမှတ်စဉ်သစ် စသွားပြီးရင် ၂ ပတ်လောက် ခဏပြန်ငြိမ်သွားတတ်ပေမယ့် ခုတခေါက်မှာတော့ မငြိမ်ပဲ ဆက်ဆွဲနေတုန်းပါပဲ"လို့ RSN ရဲ့တာဝန်ရှိသူက ပြောပါတယ်။
ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဒေါပုံ၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ လှိုင်အင်းစိန် ၊ကမာရွတ်၊ တာမွေ၊ လှိုင်သာယာ ၊သန်လျင်၊ သာကေတ၊ တာမွေ၊ တောင်ဒဂုံ၊ ပုဇွန်တောင်နဲ့ လသာမြို့နယ်တွေမှာ ဖမ်းဆီးပေါ်တာဆွဲမှုတွေပြုလုပ်ခဲ့တာလို့ RSN ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူအများစုက လမ်းမပေါ်မှာသွားလာနေစဉ် ဖမ်းဆီးခံရသူ ၈၂ ဦးရှိပြီး ရှောင်တခင်စစ်တာ ၊ နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးတာ ၁၀ ဦးရှိတယ်လို့ ဆိုပါတယ်။
ဒီအချက်အလက်တွေက သတင်းရရှိတဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်မှာ အခုအရေအတွက်ထက်ပိုများနိုင်တယ်လို့ ဒေသခံကင်းထောက် အဖွဲ့တွေကပြောထားပါတယ်။
လှိုင်မြို့နယ်မှာ စက်တင်ဘာ ၁၃ ရက်က ဈေးဝယ်နေ တဲ့လူငယ် ၁ဦးကို ကားတစ်စီးပေါ်က လူ ၃ဦးဆင်းလာပြီး ဖမ်းဆီးသွားတာရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ညနေက အဖမ်းခံရတဲ့လူတွေ ပြန်လွတ်လာပြီလို့ကြားတယ်။ ပိတောက်ချောင်းရဲစခန်းမှာ တစ်ယောက်သုံးသိန်းနဲ့ ပြန်ရွေးရတယ်တဲ့။ "လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဒီနေ့(စက်တင်ဘာ ၁၄)မှာလည်း ရထားလမ်းနားမှာ ဘီယာထိုင်သောက်နေသူ ၃ဦးကို အဓမ္မ ဖမ်းဆီးသွားတယ်လို့ အခြားဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့မတရားဖမ်းဆီးတဲ့ ဖြစ်စဉ်တွေကြောင့် မြို့နယ်တော်တော်များများမှာ ည ၈ နာရီနောက်ပိုင်း လူအသွားအလာတော်တော်နည်းသွားပြီး ဈေးဆိုင်တွေလည်း စောစောပိတ်သိမ်းကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

🤬31❤4🖕2🤣1
ဦးကျော်မိုးထွန်းကို ကုလမှာ ဆက်အသိအမှတ်ပြုရေး ဩစတြေးလျရောက် မြန်မာတွေတောင်းဆိုဆန္ဒပြ
စက်တင်ဘာ ၁၄၊၂၀၂၆။သုည/People's Spring
ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဩစတြေးလျရောက် မြန်မာတွေက ဦးကျော်မိုးထွန်းရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားပြုမှု ဆက်လက်အသိအမှတ်ပြုရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်ရေးတို့ကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် ကင်မ်အဲရစ် ဦးဆောင်ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် Free Her Campaign ကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။
ယင်းဆန္ဒပြပွဲမှာ ပြည်ပရောက်တွေ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေနဲ့ နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

👍22❤13🥰3🤮3💩1🤣1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(စက်တင်ဘာ ၁၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ဗန်းမော်ကပြန်ဆင်းလာတဲ့ စစ်တပ်သင်္ဘော ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဗန်းမော်နဲ့ ရွှေကူမြို့နယ်ကြား မြစ်ကြောင်းတလျှောက်မှာ ကြားဖြတ်တိုက်ခိုက်ရာ စက်တင်ဘာ ၁၄ရက် ဒီနေ့မနက်မှာ စစ်တပ်သင်္ဘော ၁စီး ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ ဗန်းမော်မြို့ရှိ သင်္ဘောတွေနဲ့ စက်တင်ဘာ ၁၃ရက် မနေ့က ထပ်မံ စုန်ဆင်းလာချိန်မှာ တိုက်ခိုက်ခံရပြီး သင်္ဘောအချို့ နစ်မြုပ်မီးလောင်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၁၃ရက်မနေ့ က တိုက်ခိုက်ခံရတဲ့ သင်္ဘော ၆စီး ရှိပြီး အဲဒီထဲက ၃စီး နစ်မြုပ်ကာ ၁စီးပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် ဗန်းမော်က ဆင်းလာတဲ့ သင်္ဘော ၁စီး ဒီနေ့ မနက်ပိုင်းမှာ ဇင်းဘုံနားမှာ မြုပ်သွားပြီလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ဒီမနက် တိုက်ခိုက်ခံရတဲ့ သင်္ဘောဟာ မနေ့က တိုက်ခိုက်ခံရလို့ စက်ပျက်ပြီး မျောလာတဲ့ သင်္ဘောဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီသင်္ဘောဟာ ဒီမနက်တိုက်ခိုက်မှုကြောင့် ရေယာဉ် တိုက်ရိုက်ထိမှန်ကာ မီးလောင်နစ်မြုပ်သွားတာလို့ ဆိုပါတယ်။ လတ်တလောမှာ စစ်သင်္ဘောတွေ ဖြတ်သန်းရာ ဗန်းမော်မြို့နယ် စင်းခန်းဒေသမှာ မြေပြင်တိုက်ပွဲတွေ ဆက်ရှိနေဆဲလို့ သိရပါတယ်။
◾️ကောင်ဂျာယန်မှာ စစ်သုံ့ပန်း ၃၀ ကျော်ကို KIA ဖမ်းမိ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်ဒေသကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးပြုတ်ပြီး အရှင်ဖမ်းမိသူ ၃၀ကျော်ရှိလာတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ထိုးစစ်ဆင်လာလို့ ကောင်ဂျာယန်ဒေသမှာ စက်တင်ဘာ ၁၂ရက်ကတည်းက တိုက်ပွဲစတင်ခဲ့ရာ စက်တင်ဘာ ၁၃ရက် မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။ KIA ပူးပေါင်းတပ်က စက်တင်ဘာ ၁၄ရက် ဒီနေ့ မနက်အထိ လိုက်လံရှင်းလင်းရာ စစ်တပ် တပ်ဖွဲ့ဝင်တွေ သေဆုံးတာနဲ့ အရှင်ဖမ်းမိတာတွေ ရှိခဲ့တာပါ။ ကချင်စစ်ရေးသတင်းရင်းမြစ်ကတော့ ကောင်ဂျာယန်ဘက်ကို ထိုးတဲ့ စစ်တပ်တဲ့ စစ်ကြောင်းတကြောင်းလုံးပြုတ်သွားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်က သေဆုံးတာ လေးဆယ်ကျော်၊ စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိတာ ၃၀ကျော်သွားပြီလို့ ဆိုပါတယ်။
◾️ချောင်းဦးနယ်မှာ စစ်တပ်က အရပ်သား ၆ဦးထက်မနည်း သတ်ဖြတ်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။ ဩဂုတ်၂၉ ရက်ကစပြီး စက်တင်ဘာ ၁၂ ရက်အထိ မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ်က ခင်မွန်ရွာကတဆင့် ချောင်းဦးမြို့အနောက်ခြမ်း ကျေးရွာတွေကို ၂ပတ်နီးပါးကြာ စစ်တပ်က စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။ အရပ်သားဖမ်းဆီး သတ်ဖြတ်ခံရတာရှိပြီး လက်ရှိ တွေ့ထားတာက ၅ဦးကနေ ၆ဦးအထိ ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ ရွာပြင်နဲ့နီးစပ်ရာ လယ်တဲမှာရှောင်နေကြသူတွေ စစ်တပ် စစ်ကြောင်းနဲ့တွေ့ပြီး အသတ်ခံကြရတာလို့ အဲဒီသတင်းရင်းမြစ်က ရှင်းပြပါတယ်။
◾️မင်းတုန်းမြို့နယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကလေးငယ်တွေအပါအ၀င်ပြည်သူ ၆ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုဖြစ်စဉ်က ဇွန်းကျကျေးရွာမှာ မနေ့က စက်တင်ဘာ ၁၃ ရက် ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ သရက်မြို့နယ်အခြေစိုက် စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)က တက်လာတဲ့ ပါရာမော်တာ(စက်တပ်လေထီး) ၃စီးနဲ့ ဗုံး ၈ လုံးကြဲချတိုက်ခိုက်မှုကြောင့် အသက်(၇၀)အရွယ် ဒေါ်ပစာ၊မခင်ဝေဇင်မိုး အသက် (၁၇)နှစ်၊မနွယ်နွယ်ဝင်း အသက် (၂၅)နှစ် ၊ မထက်သဇင်လှိုင် အသက် (၁၁)နှစ် ၊မငုဝါလှိုင် အသက် (၁၀)နှစ် နဲ့ မောင်ကောင်းထက်ကျော် အသက် (၁၅)နှစ် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် မမာလာ ၊ မောင်မင်းထက်ဦး၊ မောင်ချစ်မဝ ၊မမြမှုးမေနဲ့ မသင်းသင်းလှိုင်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါဟာ အပြစ်မဲ့အရပ်သားပြည်သူတွေ နေထိုင်ရာနေရာကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ စစ်ရာဇဝတ်မှုများ ကျူးလွန်တာလို့ သရက်ခရိုင်တပ်ရင်း(၄) တာ၀န်ရှိသူက ဆိုပါတယ်။
◾️မြိုင်မြို့နယ်က ရေနံမှော်တွေကို စစ်တပ် မီးရှို့ဖျက်ဆီး

🤬19❤3🖕2👍1👏1🤮1🤣1
မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ Well-2 ဒေသအခေါ် ဝဲလ်ဝမ်းနဲ့ ဝဲလ်တူးရေနံမှော်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ တစ်ရက်ကို ရေနံစည် ထောင်ဂဏန်း၀န်းကျင်ထွက်တဲ့ အဲဒီ ရေနံမှော်တွေထဲက လုပ်ကွက်တွေနဲ့ အနီးဆုံး တဲကြီးကျေးရွာမှာ ရက်၂၀ကြာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်က ရေနံတွင်းလုပ်ကွက်တွေကို မိုင်းခွဲ ဖျက်ဆီးတာနဲ့ မီးရှို့တာတွေ လုပ်နေတာလို့ ဆိုပါတယ်။ စစ်ကြောင်းကတော့ ရေနံမြေကို မရမက ဖျက်မယ်လို့ ယူဆကြောင်း မြိုင်မြို့နယ်မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ ဒါပေမဲ့ လက်ရှိမှာ စစ်တပ်စစ်ကြောင်း အတော်အထိနာနေတယ်လို့ အဲဒီမြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
◾️SNAစစ်ဆေးရေးဂိတ် ဗုံးကွဲပြီး ၅ဦး သေဆုံး
ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ စက်တင်ဘာ ၁၀ရက် ညက ဖြစ်ခဲ့ပြီး စစ်တပ်နဲ့ ရှမ်းနီတပ်က သတင်းမထွက်အောင် ဖုံးထားတယ်လို့ အင်းတော်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။ SNA တပ်သားအချင်းချင်း ရန်ဖြစ်ရာကနေ လက်ပစ်ဗုံးခွဲပစ်လို့ ၅ဦး ပွဲချင်းပြီး သေဆုံးကာ ၂ဦးကို မြစ်ကြီးနားဆေးရုံပို့ရတယ်လို့ အင်းတော်ကြီးမြို့ ထွေအုပ်ရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ နောက်ထပ်ဒေသခံတစ်ဦးကလည်း ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ မိုင်းနောင်သားနဲ့ လုံးတုံးသား အချင်းချင်း လက်ပစ်ဗုံးအတူ ခွဲစားကြတယ်လို့ လူမှုကွန်ရက်ပေါ်တင်ပြီး နောက်ပိုင်းမှာ ပြန်ဖျက်သွားပါတယ်။ အဲဒီသတင်းကို စစ်တပ်ကရော SNA ကပါ သတင်းကို လိုက်ပိတ်နေပြီး လူမှုကွန်ရက်ပေါ်တင်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်တာတွေရှိနေကြောင်း မိုင်းနောင်ရွာသားတစ်ဦးက ပြောပါတယ်။
◾️စစ်တပ်က နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ AAထုတ်ပြန်
စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၄ရက်ကနေ စက်တင်ဘာ ၁၃ရက်အတွင်း ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ကျိန္တလီနဲ့ ဆမီးမြို့တွေက အရပ်သားပြည်သူတွေရှိတဲ့ နေရာတွေကို တိုက်လေယာဉ်၊ စက်သေနတ်၊ ဆူဆိုက်ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ဘေး ရှောင်တွေအပါအဝင် အမျိုးသမီး နှစ်ဦး၊ အမျိုးသား သုံးဦး စုစုပေါင်း ငါးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ AAက ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၁၃ ရက်က ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင် ဦးရာဇ်တော်ဘုရား တည်ရှိရာ တောင်ခြေရင်း၊ ကြိုးတံတားအနီး ဝန်းကျင်ကို တိုက်ခိုက်တဲ့ဖြစ်စဉ်မှာ လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၄ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင် ဂူဝဘုရားကို စစ်တပ်က လေကြောင်းက နေဗုံးကြဲလို့ ဘုရားဆင်းတုတော်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
◾️နန်းမယ်ခုံမြို့အနီးကို စစ်တပ် ပစ်ခတ်တိုက်ခိုက်နေ
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဒီနေ့ စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းကတည်းက နန်းမယ်ခုံမြို့အနီးက ကျေးရွာတွေကို ဒရုန်း၊လက်နက်ကြီးနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အပြင် ညပိုင်းအထိ ဒရုန်းတွေ ပျံဝဲနေဆဲလို့ ဆိုပါတယ်။ သာယပ်ရွာက သတ်လတ်ပိုင်းအမျိုးသားတစ်ဦး ဒရုန်းထိပြီး သေဆုံးသလို နောက်နှစ်ဦးလည်း ဒဏ်ရာရတယ်လို့ ကြားသိရကြောင်း ဒီးမော့ဆိုမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မိုးဗြဲမြို့ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဒရုန်းတွေနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသတွင်းပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့လည်း ကရင်နီတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
◾️စစ်တပ်လက်နက်ကြီးကြောင့် စဉ့်ကူးက စစ်ရှောင်လင်မယားနှစ်ဦး ဒဏ်ရာရ
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိ ကျွန်းကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ စက်တင်ဘာ ၁၄ရက် မနက် ၉ နာရီကျော်မှာ ကျွန်းကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ရွာရဲ့ အနောက်ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။ အဲဒီလက်နက်ကြီးဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်း ရွာသာရွာရဲ့ မြောက်ဘက်ကိုကျပြီး စစ်ရှောင် လင်မယားနှစ်ဦး ထိမှန်ခဲ့တာလို့သိရပါတယ်။ လက်နက်ကြီး ထိမှန်သူတွေဟာ စဉ့်ကူးမြို့နယ်အနောက်ခြမ်း၊ ကြက်တူရွေးရွာကဖြစ်ပြီး စစ်ရှောင်ရင်းအလုပ်လုပ်နေတုန်းမှာ လက်နက်ကြီးကျည် ထိခဲ့တာဖြစ်ပါတယ်။
◾️ရန်ကုန်မှာ ၂ပတ်အတွင်း ဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော်ရှိ

🤬19👍2🖕2🤮1🤣1