People's Spring
60K subscribers
71K photos
1.23K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
👍4014👏6👻4👎2🥰1🤬1🤣1🖕1
အရပ်သားပြည်သူတွေကို စစ်တပ်က နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှု ပိုများလာတယ်လို့ AAထုတ်ပြန်

စက်တင်ဘာ-၁၄၊ ၂၀၂၆။ ဇော်ရမ်း/People's Spring

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၄ရက်ကနေ စက်တင်ဘာ ၁၃ရက်အတွင်း ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ကျိန္တလီနဲ့ ဆမီးမြို့တွေက အရပ်သားပြည်သူတွေရှိတဲ့ နေရာတွေကို တိုက်လေယာဉ်၊ စက်သေနတ်၊ ဆူဆိုက်ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ဘေး ရှောင်တွေအပါအဝင် အမျိုးသမီး နှစ်ဦး အမျိုးသား သုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ AAက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၃ ရက်က ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင် ဦးရာဇ်တော်ဘုရား တည်ရှိရာ တောင်ခြေရင်း၊ ကြိုးတံတားအနီး ဝန်းကျင်ကို တိုက်ခိုက်တဲ့ဖြစ်စဉ်မှာ လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၄ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင် ဂူဝဘုရားကို စစ်တပ်က လေကြောင်းက နေဗုံးကြဲလို့ ဘုရားဆင်းတုတော်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

AAထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်တပ်က ၄၉၂၆ စစ်ဆင်ရေးအမည်နဲ့ ဝါဒဖြန့်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ ၄၉၂၆ စစ်ဆင်ရေးကို စက်တင်ဘာ ၄ရက်မှာစတင်ခဲ့တာဖြစ်ပြီး AAထိန်းချုပ်ထားတဲ့ မြို့တွေကို ဦးတည်တဲ့ တိုက်ခိုက်တဲ့ စစ်ဆင်ရေးကြီးလို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေသူတွေ ဆက်တိုက် ပြောနေကြပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေ၊ ရခိုင်ပြည်နယ်အစပ် မကွေးတိုင်းထဲက ပဒါန်း၊ မင်းတုန်းမြို့နယ်၊ ပဲခူးတိုင်းထဲက ပန်းတောင်းမြို့နယ်၊ ဧရာ၀တီတိုင်းထဲက ရွှေသောင်ယံ၊ ရေကြည်၊ သာပေါင်းမြို့နယ်တွေထဲက AA ထိန်းချုပ်ဒေသတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်နေတာလို့ သိရပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ စစ်တပ်ထိခိုက် သေဆုံးမှုတွေ များပြားနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်နဲ့ လက်နက်ကြီးအန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ AAက သတိပေးထားပါတယ်။

မြေပြင်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ ဒေသခံပြည်သူတွေရှိနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
🤬1712👍6👎1👏1😢1💩1🙏1🤣1🖕1
(အာဏာသိမ်းစစ်တပ်ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့အရပ်သားပြည်သူနေအိမ်တချို့။ ဓာတ်ပုံ - AA Info Desk)
🤬26👍122🤮2👎1👏1🎉1💩1🤣1
စစ်ကိုင်းမှာ ရာသီဥတု ပူပြင်းမှုကြောင့် စစ်ရှောင်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရ

စက်တင်ဘာ ၁၄၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ကိုင်းတိုင်းက စစ်ဘေးသင့်ဒေသတွေမှာ ယခု စက်တင်ဘာ ဒုတိယပတ်အတွင်း နေ့ခင်းပိုင်းမှာ အပူချိန် တွေမြင့်မားနေပြီး စစ်ဘေးရှောင်တွေဟာ ယာယီတဲတွေမှာ အပူဒဏ်ကို ပြင်းထန်စွာ ခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

"အညာမှာတော့ နေ့ခင်းပိုင်းတော်တော်ပူတာ။ စစ်ရှောင်တွေကတော့ အဆင်ပြေသလိုပေါ့ဗျာ။ သစ်ပင်ရိပ်အောက်တွေ၊ တဲတွေအောက်မှာပဲ နရေတာပေါ့။်"လို့ စစ်ကိုင်းတိုင်း သပိတ်အင်အားစုမှ ကိုရှင်းသန့်က ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်တပ် မီးရှို့လို့ မီးလောင်ကျွမ်းထားတဲ့ ရွာတွေမှာ သစ်ပင်ကြီးတွေပါ မီးထဲပါသွားခဲ့လို့ ရွာအတွင်း အရိပ်အာဝါသ မရှိတော့ဘဲ ဖြစ်နေကြောင်း၊ ဒါ့ကြောင့် ရွာပြန်နေသူအချို့မှာ အရိပ်မရှိတဲ့ကြားက အိမ်တွေ အသစ်ပြန်လည် ဆောက်လုပ်နေကြရသလို အချို့မှာလည်း သစ်ပင်ရိပ်တွေနဲ့ ယာယီတဲတွေမှာ အဆင်ပြေသလို နေထိုင်နေရကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။

"အရိပ်လဲမရှိတော့ အိမ်တွေဆောက်နေရတယ်။ မီးလောင်ထားတော့ ရွာထဲ အရိပ်မရှိပါဘူး။ သစ်ပင်ကြီးတွေက မီးလောင်တာထဲ ပါသွားတာ။ ရပ်ဝေးစစ်ရှောင်တွေကတော့ တောထဲ အရိပ်ရှိတဲ့နေရာမှာ နေရပါတယ်။ တချိူ့ဘုန်းကြီးကျောင်းပေါ့။ တချို့လည်း ဘုန်းကြီးကျောင်းမနေရဲ ကြဘူး။ ဗုံးကျဲလို့"လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၄ ရက်မှာဆိုရင် စစ်ကိုင်းတိုင်းမှာ အမြင့်ဆုံးအပူချိန်တွေအနေနဲ့ စစ်ကိုင်းမြို့မှာ ၃၆.၂ ဒီဂရိစင်တီဂရိတ်၊ ရွှေဘိုမြို့မှာ ၃၀ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက တစ်ပတ်စာ မိုးလေဝသအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ရာမှာမြန်မာနိုင်ငံတစ်ခုလုံး နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း၊ (တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာနေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ယခုတစ်ပတ်အတွင်း နေရာကွက်ပြီး မိုးကြီးနိုင်တဲ့ အခြေအနေရှိတာကြောင့် နောက်ဆက်တွဲ ရေကြီးရေလျှံတာ၊ တောင်ကျချောင်းရေစီးဆင်းတာ၊ ကမ်းပါးပြို၊ မြေပြိုတာတွေနဲ့ ရုတ်တရက် ရေကြီးတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် အထူးသတိပြု နေထိုင်သင့်ကြောင်း သတိပေးထားပါတယ်။
👍1810🔥5🤣2👏1😢1💩1
(စစ်ဘေးရှောင်များအား နေအိမ်ဆောက်လုပ်ပေးနေစဥ်။ ဓာတ်ပုံ-S&C)
😢267👍2🔥2🥰1👏1💩1🤣1
ရန်ကုန် မြို့နယ်လေးခုမှာ လေပြင်းကြောင့် သစ်ပင်တွေလဲ

စက်တင်ဘာ-၁၄၊၂၀၂၆။ရောင်နီ/People's Spring

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

နေ့လည် ၂နာရီကျော်မှာ ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းမပေါ်မှာ ကား ၂စီးပေါ် သစ်ပင်လဲကျခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။

လှည်းတန်းလမ်းဆုံ အနီးမှာဖြစ်တာကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားခဲ့ပြီး ကမာရွတ်မြို့နယ်မီးသတ်စခန်းက ရှင်းလင်းရေးလုပ်ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

"တက္ကသိုလ်ရိပ်သာလမ်း လှည်းတန်းမီးပွိုင်း အနီး သစ်ပင်လဲ ကားတစီး ပိနေ ။ အင်းယားလမ်း စိမ်းလန်းစိုပြေအနီး သစ်ပင်လဲ ကားတစီး ပိနေ ။သထုံလမ်းထဲ သစ်ပင်လဲ ဆိုင်ပိနေ ၊ရှောင်ရှားသွားလာနိုင်ရန်"လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက နေ့လည် ၃ နာရီမှာ ကိုယ်တိုင်‌မြင်‌တွေ့ခဲ့ရတဲ့ အခြေအနေကို အသိပေးထားပါတယ်။

နေ့လည် ၂ နာရီခွဲကျော်မှာတော့ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးလမ်းမှာ သစ်ပင်လဲကျမှုဖြစ်ခဲ့ပြီး ကြည့်မြင်တိုင်မီးသတ်က သွားရောက်ရှင်း‌လင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေ့လည် ၃ နာရီလောက်မှာတော့ ရန်ကင်းမြို့နယ် မြောက်မြင်းပြိုင်ကွင်းလမ်းမှာ သစ်ပင်လဲကျခဲ့ပြီး ဓာတ်တိုင်တွေပါလဲကျခဲ့ကာ YBS ကား ၁စီးပေါ်ကို ပိမိမလိုဖြစ်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒီဖြစ်စဉ်ကိုလည်း သက်ဆိုင်ရာမြို့နယ်မီးသတ်တွေက သွားရောက်ကူညီခဲ့တယ်လို့ ဆိုပါတယ်။

၃ နာရီ‌ကျော်လောက်မှာတော့ ကမာရွတ်မြို့နယ် ဗဟိုလမ်းမပေါ်မှာ သစ်ပင်လဲကျမှုဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေဖြစ်ခဲ့တာကြောင့် နယ်မြေခံမီးသတ်တွေက သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ်ဖြစ်စဉ်ကတော့ နေ့လည် ၃ နာရီခွဲကျော်မှာ မရမ်းကုန်းမြို့နယ် ရန်ကြီးအောင်လမ်းမှာ သစ်ပင်လဲကျတာဖြစ်ပြီး ‌နယ်မြေခံမီးသတ်တွေက သွားရောက်ရှင်းလင်းပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီရက်ပိုင်း ရန်ကုန်မြို့ရဲ့ မြို့နယ်တော်တော်များများမှာ သစ်ပင်လဲကျမှုတွေဖြစ်နေပြီး လေးပြင်းတိုက်ချိန်နဲ့ မိုးရွာချိန်တွေမှာ သစ်ပင်ရှိတဲ့လမ်းတွေကို ရှောင်သင့်ကြောင်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက အချင်းချင်းသတိပေးထားကြပါတယ်။

ဇူလိုင်ကလည်း ဗဟန်းမြို့နယ်မှာ ကားပေါ်ကို သစ်ပင်လဲကျပြီး အမျိုးသားတစ်ဦးသေဆုံးတဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။
👍236🔥5🖕1
ဓာတ်ပုံ - Myanmar Fire Services Department
👍178🔥4👎1
စစ်တပ်လက်နက်ကြီး​ကြောင့်
စဉ့်ကူးကစစ်​ရှောင်လင်မယားနှစ်ဦးဒဏ်ရာရ

စက်တင်ဘာ-၁၄၊၂၀၂၆။ကတ်သရင်း/People's Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာလ၁၄ရက် နေ့၊မနက် ၉ နာရီ ကျော်မှာကျွန်းကြီးရွာမှာ တပ်စွဲထားတဲ့ စစ်
တပ်က ရွာရဲ့ အနောက်ဘက်ကို လက်နက်
ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။အဲဒီလက်
နက်ကြီးဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်းရွာသာရွာရဲ့ မြောက်ဘက်ကိုကျပြီးစစ်ရှောင် လင်မယားနှစ်ဦး ထိမှန်ခဲ့တာလို့သိရပါတယ်။

"ထိတဲ့အမျိုးသမီးက တော့လက်ကောက်ဝတ်ပြတ်သွားတယ်ပြောတယ်။သူ့ယောကျာ်းလည်း လက်ထိတယ်တဲ့။မနက်က ကျွန်းတွေပေါ်လည်း ဒရုန်း တွေဝဲတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီး ထိမှန်သူတွေဟာ စဉ့်ကူးမြို့
နယ်အနောက်ခြမ်း၊ကြက်တူရွေး ရွာကဖြစ်ပြီး စစ်ရှောင်ရင်းအလုပ်လုပ်​နေတုန်းမှာ လက်
နက်ကြီးကျည် ထိခဲ့တာဖြစ်ပါတယ်။

ကြက်တူ​ရွေးရွာကိုစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတာကြောင့် ပြည်သူတချို့သေဆုံးဒဏ်ရာရပြီးတဲ့နောက် ဒေသခံတွေဟာရွာမှာမ​နေရဲ​တော့ဘဲရှောင်တိမ်းနေထိုင် နေကြတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

စဉ့်ကူးမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှု ကြောင့် ဩဂုတ်လအတွင်းမှာ ပြည်သူ၃ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

(
🤬186👎3😢2👏1🤩1
လက်နက်ကြီးကျည်ဒဏ်ရာရတဲ့စစ်​ရှောင်အမျိုးသမီးနဲ့ ​ဒေသခံအချို့ကို​တွေ့ရစဥ်။
ဓါတ်ပုံ-​ပေးပို့
👎12🤬9😢7🔥2👏1🎉1
■Photo News

စက်တင်ဘာ ၁၄ ရက်ညမှာ လ နဲ့ ​သောကြာ
ဂြိုဟ်(Venus) တို့ကို မြန်မာနိုင်ငံမှ မြင်​တွေ့ရပုံဖြစ်ပါတယ်။ လအနီးမှာ သောကြာဂြိုဟ်ဟာ ​တောက်ပစွာနဲ့ မြင်​တွေ့ရတာပါ။ယ​နေ့ညမှာ လ နဲ့ ​သောကြာဂြိုဟ်တို့ဟာကမ္ဘာက​နေကြည့်ရင် တစ်တန်းတည်းနီးပါးဖြစ်ပြီးနီး
ကပ်စွာတည်ရှိ​နေသလိုမြင်​တွေ့ရတာဖြစ်ပါတယ် ။ ။ဓါတ်ပုံ-U Pyay

#moon #venus #peoplesspring #ps
👍4114🔥4🤣1
နန်းမယ်ခုံမြို့အနီးကို စစ်တပ် ပစ်ခတ်တိုက်ခိုက်နေ၊ အရပ်သားတချို့ ထိခိုက်သေဆုံး

စက်တင်ဘာ -၁၄၊၂၀၂၆။ဇော်၀င်း/People's Spring

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၁၄ ရက်)နေ့လယ်ပိုင်းကတည်းက နန်းမယ်ခုံမြို့အနီးက ကျေးရွာတွေကို ဒရုန်း၊လက်နက်ကြီးနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အပြင် ညပိုင်းအထိ ဒရုန်းတွေ ပျံဝဲနေဆဲလို့ ဆိုပါတယ်။

"သာယပ်ရွာက သတ်လတ်ပိုင်းအမျိုးသားတစ်ဦး ဒရုန်းထိပြီးဆုံးတယ်။နောက်နှစ်ဦးလည်း ဒဏ်ရာရတယ် ကြားတယ်"လို့ ဒီးမော့ဆိုမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မိုးဗြဲမြို့ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဒရုန်းတွေနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသတွင်းပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့လည်း ကရင်နီတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

"နန်းမယ်ခုံ မြို့နယ်တဝိုက် ဒီနေ့ည ဒရုန်းသွားလာတာ တွေ့မြင်နေရပါတယ် ကြားနေရပါတယ် ကြဲချတယ်လို့လည်း သတင်းတွေရတယ်။လုံခြုံရာမှာ ပုန်းခိုနေကြပါ"လို့ သူက ပြောပါတယ်။

အခုစက်တင်ဘာ ၁၁ ရက်မှာ ရှမ်း-ကရင်နီ ပြည်နယ်အစပ် မိုးဗြဲမြို့ကနေ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦး ကို ပြောထားပါတယ်။

မိုးဗြဲမြို့ကနေ အနောက်ဘက်ခြမ်း လွယ်ယင်းတောင်ခြေကို စစ်တပ်က စစ်ကြောင်းထိုးလာတာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

အခုတစ်ကြိမ်အပါအ၀င် ၃လအတွင်းစစ်တပ်ရဲ့ ထိုးစစ်ဆင်မှု ၄ကြိမ်ရှိခဲ့ပါတယ်။အရင် ၃ကြိမ်စလုံးမှာ ထိခိုက်သေဆုံးမှုတွေကြောင့် မိုးဗြဲမြို့ကို ပြန်ဆုတ်ခွာခဲ့ရပါတယ်။

"လွယ်ယင်းတောင်ခြေ ဆင်တောင် နန်းမယ်ခုံ တကြောထဲ။အဲဒီတကြောနဲ့မိုးဗြဲမြို့ကြားမှာ ဖါလိုင်ရွာရှိတယ်။သူတို့က ဖါလိုင်ကိုရချင်တာ ဖါလိုင်ရရင် နန်းမယ်ခုံကို နီးပြီ။ဖါလိုင်ကိုမရတော့ မိုးဗြဲအနောက်ဘက် လွယ်ဝိုင်းနဲ့ လွယ်ယင်းဘက်ကို ပတ်ထိုးနေတာ"လို့ မြေပြင်သတင်းရင်းမြစ်က စစ်တပ်စစ်ကြောင်းထိုးနေတဲ့ အခြေအနေကို ရှင်းပြပါတယ်။

ပြီးခဲ့တဲ့လ နောက်ဆုံးပတ်က အင်အား ၁၅၀ နဲ့ ၂၀၀ နီးပါး နဲ့ စစ်တပ်က လွယ်ယင်းတောင်ခြေကို ချဉ်းကပ်ဖို့ထိုးစစ်ဆင်ခဲ့ပြီး ဒရုန်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေပါ လုပ်ခဲ့ပေမယ့် ထိခိုက်သေဆုံးသူများတာကြောင့် ပြန်ဆုတ်ခွာသွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးသူ ၁၀ ဂဏန်းထက်မနည်းရှိပြီး ရဲဘော်တချို့ ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်MBPDF က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။

နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။
🤬27👍52👎2🔥1👏1🤩1
(ကရင်နီပြည်နယ် နေရာတစ်နေရာကို တိုက်ခိုက်ခဲ့တဲ့ စစ်တပ်ရဲ့ အသေခံဒရုန်း အပိုင်းအစတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Nge Lay)
😢26🤬7👎2🔥1👏1🎉1