People's Spring
60K subscribers
71K photos
1.23K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
Media is too big
VIEW IN TELEGRAM
26👏14👍9👎1🥰1💩1🤣1🖕1
စစ်ကိုင်းမှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ

စက်တင်ဘာ ၁၄၊ ၂၀၂၆။ ဟာနာဆန်/People's Spring။

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၁၃ ရက်က စစ်ကိုင်းမြို့၊ အမှတ်(၁၆)ရဲတပ်ရင်း အနီးမှာ မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကနေ တပ်မ(၃၃) သွားတဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကား ၁စီး ပျက်စီးသွားကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီ ပျက်စီးသွားတဲ့ ကားကို ကရိန်းနဲ့ လာဆွဲချိန်မှာလည်း စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ပြီး လမ်းကို အချိန်အတန်ကြာ ပိတ်ထားခဲ့ပါတယ်။ စစ်သားတွေက ကားပေါ်ကဆင်းပြီး ရမ်းသမ်းပစ်ခတ်ရင်း အသင့်ပြင်ထားတဲ့ မိုင်းကွင်းထဲ ဝင်လာတာမို့ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"မိုင်းမိတဲ့အချိန်မှာပဲ ကားကြီး ၁စီးက လုံးဝ ပျက်စီးသွားတာ။ အချိန်အတော်ကြာမှ ‌ကရိန်းနဲ့ လာဆွဲသွားတာ။ ယာဉ်တန်းလာတဲ့အချိန် လုံခြုံရေး ယူပေးတဲ့ကောင်တွေပါ ကားကို မိုင်းမိတဲ့အချိန် သေတယ်၊ ကားပေါ်ကကောင်တွေ သေဆုံးထိခိုက်ရှိတယ်။ အဲ့နောက် ကင်းပုန်းနေရာတွေကို ၈၀ မမ လက်နက်ကြီးနဲ့ ပစ်တယ်။ အဲ့ဖြစ်စဉ်မှာလဲ သေဆုံးရှိတယ်။ အများဆုံး သေတာကကျ ယာဉ်တန်းကားပေါ်ကကောင်တွေ။ ပကားပေါ်ကနေ ဆင်းပီးတော့ပစ်တာ။ ပစ်ရင်းနဲ့ ကျနော်တို့ မိုင်းပွိုင့်ထဲကို ဝင်လာတာ၊ အဲ့အချိန် မိုင်းဆွဲလိုက်တာက အများကြီးကိုသေတာ"လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

​ဒီဖြစ်စဉ်တွေအတွင်း စစ်တပ်က ထိခိုက်သေဆုံးမှုများပြီး စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ဦး သေဆုံးကာ နောက်တစ်ဦး ခြေထောက် သေနတ်မှန် ဒဏ်ရာရသွားခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ စစ်အုပ်စုထိခိုက်မှုအခြေအနေတွေကိုတော့ အတည်ပြုလို့ မရသေးပါဘူး။

ကျည်တစ်တောင့် တစ်သောင်းနှုန်းနဲ့ ကူလို့ရတယ်လို့ဆိုတဲ့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)ဟာ လက်ရှိ ကျည် ၃၀၀ဝ ကမ်ပိန်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၁ ရက်ကလည်း စစ်ဏမြို့ မြေစာရင်းရုံးနဲ့ သစ်တောရုံး ကြားမှာ ပါဆယ်မိုင်းတစ်လုံးနဲ့ ဖောက်ခွဲခဲ့ပြီး ဝန်ထမ်းတွေ CDM လုပ်ဖို့ သတိပေးခဲ့ပါသေးတယ်။

(ရုပ်သံ-လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #စစ်ကိုင်းစစ်ယာဉ်တန်း #မိုင်းဆွဲတိုက်ခိုက်မှု #စစ်ကိုင်းစစ်ရေး #စစ်ကောင်စီတပ် #မြန်မာ့စစ်ရေးသတင်း #SagaingConvoy #MilitaryConvoyAttack #SagaingConflict #MyanmarJunta #MyanmarNews
👍3810👎1🥰1👏1💩1🤣1🖕1
Media is too big
VIEW IN TELEGRAM
👍367👏4👎1💩1🤣1🖕1
အင်းတော်ကြီးမှာ SNAတပ် စစ်ဆေးရေးဂိတ် ဗုံးကွဲပြီး ၅ဦး သေဆုံး

စက်တင်ဘာ ၁၄၊၂၀၂၆။ဇော်ရမ်း/People's Spring

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ စက်တင်ဘာ ၁၀ရက် ညက ဖြစ်ခဲ့ပြီး စစ်တပ်နဲ့ ရှမ်းနီတပ်က သတင်းမထွက်အောင် ဖုံးထားတယ်လို့ အင်းတော်ကြီးဒေသခံတစ်ဦးကပြောပါတယ်။

" လုံးတုံနဲ့ မိုင်းနောင်ရွာက SNA တပ်သားတွေ အချင်းချင်းဖြစ်တာ။ အရက်မူးတာလား၊ မူးယစ်ဆေးသုံးတာလားမသိဘူး။ လက်ပစ်ဗုံးခွဲပစ်လို့ ၅ယောက် ပွဲချင်းပြီး သေတယ်။ ၂ယောက်က မြစ်ကြီးနားဆေးရုံပို့ရတယ်"လို့ အင်းတော်ကြီးမြို့ ထွေအုပ်ရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ မိုင်းနောင်သားနဲ့ လုံးတုံးသား အချင်းချင်း လက်ပစ်ဗုံးအတူခွဲစားကြတယ်လို့ လူမှုကွန်ရက်ပေါ်တင်ပြီး နောက်ပိုင်းမှာ ပြန်ဖျက်သွားပါတယ်။

" စစ်တပ်ကရော SNA ကပါ သတင်းကို လိုက်ပိတ်နေတာ။ တင်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်တာတွေရှိနေတယ်"လို့ မိုင်းနောင်ရွာဒေသခံတစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး SNA က သတင်းထုတ်ပြန်ထားခြင်းမရှိသေးသလို အသေးစိတ်ကိုမေးမြန်းဖို့အတွက် ဆက်သွယ်လို့လည်းမရသေးပါဘူး။

ဂျိတ်လင်းစစ်ဆေးရေးဂိတ်ဟာ အင်းတော်ကြီး-ဖားကန့်လမ်းပေါ်က လုံးတုံစစ်ဆေးရေးဂိတ်အနီးမှာရှိပြီး မူလက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF တပ်စွဲခဲ့တဲ့ဂိတ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်မှာ စစ်တပ်နဲ့ ရှမ်းနီတပ်က လေကြောင်းပစ်ကူနဲ့တိုက်ခိုက်ပြီး ပြန်သိမ်းယူထားတာလို့ ဒေသခံတွေက ပြောပါတယ်။

" တစ်လှည့်စီ တပ်စွဲနေတဲ့ ဂိတ်ပဲ။ အခုကတော့ SNA က ထိုင်ထားတယ်။ လက်ရှိစစ်ရေးအခြေအနေကတော့ ငြိမ်နေတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

SNA ဟာ စစ်wyfနဲ့ပူးပေါင်းပြီး တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကတိုက်ပွဲတွေမှာ စစ်တပ် စစ်ကြောင်းတွေနဲ့အတူ SNA တပ်တွေလည်း ပါဝင်နေပါတယ်။

အင်းတော်ကြီးမြို့ဟာ မိုးညင်းမြို့နယ်မှာပါဝင်ပြီး ဖားကန့်မြို့နယ်နဲ့လည်း ဆက်စပ်နေပါတယ်။ လက်ရှိမှာ မြို့ပေါ်ကိုထိန်းချုပ်ထားတဲ့ စစ်တပ်နဲ့ SNA က ဒေသခံလူငယ်တွေကို စစ်မှုထမ်းအတွက်လူသစ်စုဆောင်းဖမ်းဆီးတာတွေ ဆိုးရွားနေတယ်လို့ဒေသခံတွေက ပြောပါတယ်။
👏38👍76💩2👎1🥰1🤮1🖕1👻1
(စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-SNA Army)
💩27🖕11😁5👏43👎1🤬1🫡1
ဗန်းမော် ကောင်ဂျာယန်ရွာတိုက်ပွဲ စစ်တပ်စစ်ကြောင်းပျက်

▪️စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

စက်တင်ဘာ ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန် ကျေးရွာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်စစ်ကြောင်းတစ်ခုလုံးပျက်သွားပြီး အထိနာခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၁၂ရက် ညကတည်းက ကောင်ဂျာယန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒီကနေ့ စက်တင်ဘာ ၁၄ရက်မနက်မှာ စစ်ကြောင်းတစ်ခုလုံးရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်သုံ့ပန်းတောင် အယောက် ၂၀လောက်ဖမ်းရတာ။ သေတာကတော့ ၃၀ကျော်တယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းရကြောင်းလည်း အသိပေးပါတယ်။

KIA သတင်းပြန်ကြားရေးဌာနကလည်း ကောင်ဂျာယန်ဒေသ တိုက်ပွဲကို ကချင်ဘာသာနဲ့ ဖော်ပြခဲ့ရာ စစ်တပ်က ထိုးစစ်ဆင်လာတဲ့အပေါ် KIA ပူးပေါင်းတပ်က တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်တပ် အထိနာပြီးဆုတ်ခွာသွားတဲ့အပေါ် KIA ပူးပေါင်းတပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်တိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။စစ်တပ်ဆုတ်ခွာသွားရာသို့ စစ်တပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

KIA ပူးပေါင်းတပ်ဟာ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာကစတင်ခဲ့ရာ တိုက်ပွဲကြာမြင့်စွာ ဖြစ်ပွားလျက်ရှိပါတယ်။ စစ်ဆင်ရေးအစမှာ စစ်တပ်ရဲ့ တပ်ရင်းဌာနချုပ်အများအပြား မြို့ပေါ်က စစ်တပ်တပ်စခန်းနေရာအများအပြားကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ၂၀၂၅မှာ စစ်တပ်က ဗန်းမော်ကို ရေကြောင်းက စစ်အင်အားဖြည့်ပြီးနောက် အပြန်အလှန် ထိုးစစ်ဆင်မှုတွေ ရှိခဲ့ပါတယ်။

ဒီနှစ်မှာလည်း စစ်တပ်က ရေကြောင်းက အင်အားဖြည့်ခဲ့ရာ သင်္ဘောအများစုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပေမဲ့ သင်္ဘောအချို့ ဗန်းမော်ကို ဆိုက်ကပ်နိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဗန်းမော် ကပြန်ဆင်းတဲ့ စစ်သင်္ဘောတွေကို KIAက တိုက်ခိုက်လျက်ရှိသလို ဗန်းမော်မြို့နယ် စင်းခန်းရွာ အနီးမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်လျက်ရှိပါတယ်။ စစ်တပ်က မြစ်ကြောင်းလုံခြုံရေး အရေးပါတဲ့ ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေပေမဲ့ KIAက ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
44👍12👏8🤣2🖕2👎1🥰1
(KIA ဂေါ်ရခါးတပ်ဖွဲ့ဝင်များကို သိမ်းပိုက်ထားတဲ့ စစ်တပ်စခန်းတစ်ခုရှေ့မှာ တွေ့ရစဉ်။ ဓာတ်ပုံ-Go Pal Rimal)
41👍21🥰3🖕3👏2🤣2🤮1
■အ​တွေးအမြင်

ကိုယ်တိုင်ရေးရာဇဝင်

ယောနသံ/People's Spring

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သဖန်းဆိပ်ဆည် နဲ့ ငဝန်မြစ် တို့က အရေး
ကြီးစာမေးပွဲမေးခွန်းတစ်စုံယူလာပြီး NUG အစိုးရနဲ့ စစ်ကောင်စီရှေ့ကို ပစ်ချလိုက်တာပါ။ငဝန်မြစ်ရေကာတာကျိုးကျလို့ဧရာဝ
တီတိုင်းမှာရေ ဘေးကြုံနေစဉ် စစ်ကိုင်းတိုင်းမှာလည်း သဖန်းဆိပ်ဆည်ရေ​လျှံပြီး သတိ​မ​ပေးဘဲ ရုတ်တရက်ဖောက်ချလို့ ဒေသခံသိန်းချီ ရေဘေးသင့်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဧရိယာကျယ်ကျယ်ထိန်းချုပ်ထားတဲ့ NUG အစိုးရက စစ်ကိုင်းတိုင်းရေဘေး ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးကို ဦးဆောင်ကိုင်တွယ်‌ခဲ့ပါတယ်။ဧရာ
ဝတီတိုင်းကိုအပြည့်အဝထိန်းချုပ်ထားတဲ့ စစ်တပ်ကလည်း ဧရာဝတီရေဘေးကို စီမံခန့်ခွဲခဲ့ပါတယ်။

လူထုကို ဗဟိုပြုတဲ့ အစိုးရတရပ်ရဲ့ အရည်
အချင်းတွေကိုစစ်ထုတ်တဲ့ ဒီပြိုင်ပွဲကို ၅မျဉ်း စောင်း နဲ့ ၁၄မျဉ်းစောင်းသားတွေက တိုက်ရိုက် Live ကြည့်ခွင့်ရခဲ့ကြပါတယ်။

●ဧရာဝတီရေဘေး လူလုပ်ဘေးလား သဘာဝဘေးလား

ဘာကြောင့် စိုက်ထူထားလဲဆိုတာ တိတိကျ
ကျမသိရတဲ့"ရိုးသား၊ကြိုးစားဧရာဝတီသား"
လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကို ရန်ကုန်တိုင်းကနေဧရာဝတီတိုင်းထဲကိုဝင်တဲ့ ဗိုလ်မြတ်ထွန်းတံတားအဆင်း အဝေးပြေးလမ်းဆုံလမ်းခွမှာ မြင်ရပါလိမ့်မယ်။

အဲဒီဆိုင်းဘုတ် ပတ်ဝန်းကျင်မှာအရင်က မကြုံဖူးတဲ့ရေတွေဝင်နေပြီး ဧရာဝတီတိုင်းဟာ ကာလရှည်ရေဘေးသင့်တဲ့ ဒေသဖြစ်နေပါတယ်။

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လ၃၀ရက်နေ့က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပါတယ်။ လေးမျက်နှာမြို့နယ်အပြင် ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်၊ သာပေါင်း၊ ကျောင်းကုန်း၊ ပန်းတနော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေဝင်နေပါတယ်။၃၆နှစ်အတွင်း အဆိုးရွားဆုံးရေဘေးဒဏ်ကို ဒေသခံတွေ ရင်ဆိုင်နေရပါတယ်။

ရေကာဝာာမကျိုးခင်အခြေအနေမှာရေစိမ့်နေတာကို ဒေသခံတွေက ကြိုတင်သတင်း
ပေးပို့ခဲ့ပေမယ့် စစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်ထမ်းတွေက အချိန်မီလာမကြည့်ခဲ့ကြဘူးလို့ မြို့ခံတွေကပြောပါတယ်။

"လေးမျက်နှာမှာမြို့ပေါ်ရပ်ကွက်၅ ခုပဲရှိပေမယ့် မြို့ကြီးတွေမှာလို ဌာနဆိုင်ရာရုံးပေါင်းစုံရှိတယ်။ ဘာကြောင့်ဖွင့်ထားမှန်းလည်းမသိဘူး။အလုပ်လည်းမလုပ်ကြဘူး။ တာကျိုးတာကို ကျနော်တို့မြို့ခံတွေသံသယအများကြီးရှိတယ်"လို့လေးမျက်နှာမြို့ခံအမျိုးသားတဦးကပြောပါတယ်။

လေးမျက်နှာမြို့နယ်ဟာ ရခိုင်ရိုးမနဲ့ဆက်စပ်နေပြီးအာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေရဲ့ထိုးစစ်လမ်းကြောင်းကိုဖြတ်တောက်ချင်လို့ စစ်ကောင်စီက ရေကာတာကို တစ်ဖက်လက်နဲ့ ချိုးချခဲ့တာလို့ ဒေသခံတွေကိုယ်တိုင်သံသယရှိနေပါတယ်။

ရေကာတာကျိုးပြီးတဲ့နောက်မြို့နယ်၆ခုထက်မနည်းကဒေသခံတွေ သောင်းချီပြီး အိုးပစ်
အိမ်ပစ်ထွက်‌ပြေးခဲ့ကြရပါတယ်။ကျိုးကျတဲ့ ရေကာတာကို ရက်အနည်းငယ်အတွင်းပိတ်
ဆို့နိုင်မယ်လို့စစ်တပ်ခန့် ဧရာဝတီတိုင်းဝန်
ကြီးချုပ်ဦးအေးကျော်ကတလွဲပြောခဲ့ပါတယ်။ ဒါပေမယ့်တစ်လကျော်မှ ပိတ်နိုင်ခဲ့သလို အောင်မြင်စွာပိတ်ပြီးကြောင်းကြေညာပြီး နောက်တစ်နေ့မှာပဲပြန်ပွင့်ကျလို့ ဒေသခံတွေ နှစ်ထပ်ကွမ်း ဒုက္ခရောက်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဟာ စပါးကျီဒေသဖြစ်တဲ့အလျှောက်စပါးခင်းတွေရေမြုပ်ခဲ့ပါတယ်။ ၁၄
ရက်အတွင်းရေပြန်ကျရင် ‌စပါးခင်းတွေမပျက်စီးနိုင်ဘူးလို့ စစ်အုပ်စုကသတင်းအမှားထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာတစ်လကျော်ကြာအထိ ရေမြုပ်နေလို့ လယ်ဧကများစွာပျက်စီးခဲ့ပေမယ့် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာ လယ်သမားတွေပြန်လည်ထူ
ထောင်ရေးအတွက် တိကျတဲ့အစီအမံတွေပါဝင်မနေပါဘူး။

တာကျိုးပေါက်ကိုအောင်မြင်စွာပိတ်ပြီးကြောင်း စက်တင်ဘာလ၈ရက်နေ့ကကြေ
ညာချက်ပါ စာပိုဒ်တစ်ပိုဒ်ကို ဖတ်ကြည့်ပါ။ စစ်အာဏာရှင်ရဲ့ စရိုက်ကို မြင်ပါလိမ့်မယ်။

"ဖြစ်စဉ်စတင်သည်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော် ဦးဆောင်ကာ အရေးပေါ် ကယ်ဆယ်ရေးနှင့်တုံ့ပြန်ရေးအဖွဲ့များ စတင်စုဖွဲ့ခဲ့ပြီး အနောက်
တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အနယ်နယ်အရပ်ရပ်မှ လူမှုကူညီရေးအသင်းအဖွဲ့များ စသည့်အဖွဲ့များပူးပေါင်း၍ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ပြည်သူများအား ယာယီရေရှောင်စခန်းများကို အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့သဖြင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိခဲ့ခြင်းဖြစ်သည်" တဲ့။

အမှန်တကယ် မြေပြင်မှာတော့ ဧရာဝတီတိုင်းရေဘေးမှာဒေသခံတွေဟာဆိုးရွားတဲ့လူမှုဒုက္ခတွေကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။ ရေ
🤮14👍96👎1💩1🖕1
မြုပ်ရပ်ကွက်နဲ့ကျေးရွာတွေမှာနေထိုင်ကြရတဲ့သူတွေဟာ ရေကာတာတွေပေါ် နဲ့ ပုသိမ်
-ဟင်္သာတကားလမ်းဘေးမှာ တဲထိုးပြီးနေကြရဆဲဖြစ်သလို ရေမြုပ်ပြီး ပျက်စီးသွားတဲ့ စပါးခင်းတွေအတွက်လည်းဘာအကူအညီမှမရ​သေးဘဲအဖြေရှိမနေပါဘူး။ရေဘေးကြောင့် ပျက်စီးတဲ့ လယ်ဧကစာရင်းကိုမထုတ်ပြန်တဲ့စစ်ကောင်စီက သေဆုံးသူစာရင်းကိုလည်း မထုတ်ပြန်ပါဘူး။ ဒါပေမယ့် ရေ
ဘေးကြောင့် ဧရာဝတီတိုင်းမှာသေဆုံးသူ ၁၇ဦးထက်မနည်းရှိခဲ့ပါတယ်။ ဒါ့အပြင် ရေကြည်မြို့နယ်အတွင်း မိကျောင်းတစ်ကောင်တွေ့လို့ ဒေသခံတွေစိုးရိမ်ထိတ်လန့်ခဲ့ကြပေမယ့်စစ်အုပ်စုကလျစ်လျူရှုခဲ့ပါတယ်။
ဒေသခံတွေက ပိုက်တွေနဲ့ ဖမ်းဖို့ ကြိုးစားခဲ့ကြပေမယ့် ဖမ်းမမိပါဘူး။အဲဒီမိကျောင်းက ဒေသတွင်းကစီးပွားရေးလုပ်ငန်းရှင်တစ်ဦး တရားမဝင်မွေးမြုုထားတာကနေ လွတ်သွားတာမို့လို့ စစ်တပ်က မသိချင်ယောင်ဆောင်နေခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

စစ်တပ်ခန့်ဝန်ကြီးချုပ်ဦးအေးကျော်ကလည်း ရေဘေးကူညီရေးကိုအကြောင်းပြပြီး ဓနုဖြူ၊ ညောင်တုန်း၊ပုသိမ်၊ကျုံပျော်၊ ဟင်္သာတနဲ့ လေးမျက်နှာမြို့တွေမှာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တရုန်းရုန်း ဖြစ်နေခဲ့ပါတယ်။ဝာာကျိုးပေါက်မှာသုံးတဲ့ ယန္တရားတွေ၊ သံထည်တွေအတွက်စီးပွားရေးသမားတွေနဲ့ အကျိုးစီးပွား အပေးအယူရှိနေတယ်လို့ သ
တင်းတွေထွက်နေပါတယ်။

အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်းသူ့တပည့် ကျော်ကို အကာအကွယ်ပေးပါတယ်။ ဩဂုတ်လ ၉ရက်နေ့က စစ်ကောင်စီခေါင်းဆောင်ရဲ့ ဧရာဝတီတိုင်းခရီးစဉ်မှာ တိုင်းအစိုးရဟာ ပြည်သူတွေဘေးကင်းအောင် စီမံနိုင်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။ရေပြန်လည်ကျဆင်းပြီးနောက်ပိုင်း ပြည်သူတွေအနေနဲ့ တစ်ဦးချင်းစီကြိုးစားအားထုတ်မှုနဲ့အတူပြန်လည်ထူ
ထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်ဆို မူလအခြေအနေကို အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်မှာလို့ ပြောသွားပါတယ်။

အာဏာသိမ်းခေါင်းဆောင်နဲ့ဧရာဝတီတိုင်းဝန်ကြီးချုပ်ကတော့ဒေသခံတွေနဲ့တွေ့ဆုံတိုင်း"သဘာဝဘေးဆိုတာမမျှော်မှန်းနိုင်တဲ့ဘေး"လို့အာဂုံဆောင်ပြီးသူတို့မှာအားနည်း
ချက်မရှိခဲ့ကြောင်းဆက်တိုက်ဝါဒဖြန့်ပါတယ်။

လေးမျက်နှာရေဘေးကို မထိန်းချုပ်နိုင်သေးခင်မှာပဲ ဧရာဝတီတိုင်းအတွင်းညောင်တုန်းမြို့က ရေကာတာကလည်း အိကျပြီးကျိုးကျမယ့်အန္တရာယ်ကြောင့် လူအင်အားထောင်ချီသုံးပြီး အရေးပေါ် ပိတ်ဆို့နေကြရပြန်ပါတယ်။ ဧရာဝတီမြစ်ရေတိုက်စားမှု၊ အာဏာ
သိမ်းစစ်ကောင်စီလက်ထက်ပြင်ဆင်ခြင်းမရှိခဲ့တဲ့ တာတမန်တွေရဲ့ ကြံ့ခိုင်မှုမရှိတဲ့အခြေ
အနေတွေကြောင့် လက်ကျန်မိုးရာသီကို ဧရာ
ဝတီတိုင်းသားတွေ ကျောချမ်းနေကြရပါတယ်။

"ထမင်းတနပ် လျော့စားဖို့နဲ့ ဖရောင်းတိုင်ထွန်းပြီးနေဖို့ ပြောတဲ့ သ​​န္ဓေ နဲ့ လာတဲ့စစ်တပ်ဆိုတော့ ဘာမှ မျှော်လင့်လို့မရဘူး"လို့ လေး
မျက်နှာမြို့ခံတစ်ဦးကပြောပါတယ်။

●သဖန်းဆိပ်ဆည်ရေကို အံတုခြင်း

ဧရာဝတီတိုင်းမှာရေဘေး နဲ့ တချိန်တည်းမှာပဲ စစ်ကိုင်းတိုင်းမှာ ဆိုးရွားတဲ့ရေဘေးကြုံတွေ့ခဲ့ပါတယ်။ဒေသတွင်းမှာမိုးကြီးပြီးတဲ့နောက်ကျွန်းလှမြို့နယ်က သဖန်းဆိပ်ဆည်ဟာ ‌ ရေ
လျှံနေချိန် စစ်တပ်က ကြိုတင်မကြေညာဘဲ ဆည်ရေလွှတ်ချပြီး စစ်ဘေးရော ရေဘေးနဲ့ပါ စစ်ကိုင်းတိုင်းကိုဖျက်ဆီးတာလို့တော်လှန်
ရေးအင်အားစုတွေကကြေညာခဲ့ပါတယ်။

ဆည်အောက်ဖက်ကမြို့နယ်တွေဖြစ်တဲ့
ကန့်ဘလူ၊ခင်ဦး၊ရွှေဘို၊ဝက်လက်၊တန့်ဆည်၊ဒီပဲယင်း၊ဘုတလင်၊၊အရာတော်မြို့၊ရေဦးမြို့နယ်တွေအပြင် ဒေသတွင်းဆက်စပ်နေတဲ့ ကောလင်းနဲ့အင်းတော်မြို့နယ်တွေမှာလည်း ဩဂုတ်လ ၅ရက်နေ့ကစပြီး ရေဘေးကြုံ တွေ့ခဲ့ပါတယ်။

တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့ကာလမှာ NUG အစိုးရနဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရက ရေဘေးကယ်
ဆယ်ရေးအတွက် အမြန်အဖြေရှာခဲ့ကြပါတယ်။ ရေဘေးကယ်ဆယ်ရေးအတွက် "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း ရေကြီးရေလျှံမှုတွေကြောင့်စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူလူထု သောင်းပေါင်း များစွာအတွက် အရေးပေါ် အကူအညီတွေလိုအပ်တယ်လို့ လူထုနဲ့ နိုင်ငံတကာကို အသိပေးခဲ့ပါတယ်။JERC အနေနဲ့ ဘေးသင့်ပြည်သူ‌ တွေဆီ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ကို ထိရောက်စွာ ပံ့ပိုးပေးဖို့၊ထိခိုက်ဆုံးရှုံးမှုနဲ့လိုအပ်ချက်တွေကို အချိန်နှင့်တပြေးညီ စု
စည်းပြီး ခွဲခြမ်းစိတ်ဖြာတုံ့ပြန်ဖို့၊ အကူအညီများ ထပ်နေမှု သို့မဟုတ် လစ်ဟာမှုမရှိအောင် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ဖို့နဲ့ ပြန်လည်
ထူထောင်ရေး၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည်ရှိစေရေးအတွက် ရေရှည်တည်တံ့ မယ့် မူဝါဒတွေ အကောင်အထည်ဖော်မယ်လို့ အသိပေးခဲ့ပါတယ်။ဒါ့အပြင် မြို့နယ်အဆင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းကြီးကြပ်ခြင်း၊အခြေအနေအကဲဖြတ်ချက်များ စုစည်းခြင်းမျှတစွာ ဖြန့်ဝေရေး စီမံခြင်း၊နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်များ ရေးဆွဲခြင်းတွေကို ဆောက်ရွက်မယ်လို့ ကြေငြာခဲ့ပါတယ်။လူသားချင်းစာနာမှု၊ တန်းတူညီမျှမှု၊ ပွင့်လင်းမြင်သာမှု၊ ဒေသခံဘတွေရဲ့ ပါဝင်မှုနဲ့ထိခိုက်လွယ်အုပ်စု တွေကို ဦးစားပေးမှုစတဲ့ မူတွေကို အခြေခံပြီး မြို့နယ်အလိုက် ဘေးအန္တရာယ်ကြောင့်
🤮10👍7💩21🖕1
ထိခိုက်ဆုံးရှုံးမှုစာရင်းများ ပြုစုခြင်း၊ အရေးပေါ်လိုအပ်ချက်တွေ စုစည်းခြင်းနဲ့မရှိမဖြစ်အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ သောက်သုံးရေနဲ့အသက်ကယ်ပစ္စည်းတွေ ထောက်ပံ့ကူညီနိုင်ရေး၊ ဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးတို့ကို စနစ်တကျ ဆောင်ရွက်မှာဖြစ်ပြီးJERC ကိုလည်း လိုအပ်သလို ဆက်လက်တိုးချဲ့ပြင်ဆင်ဖွဲ့စည်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင်နိုင်ငံတကာအကူအညီတွေမျှတဖို့ တိုက်တွန်းတောင်းဆိုခဲ့တယ်။မြေပြင်မှာလည်းဆည်ရေစီးဆင်းလာမယ့်လမ်းကြောင်းတွေ၊ ဆည်ရေမှတ်နဲ့ နေ့စဉ်မိုးလေဝသအ
ခြေအနေတွေကို စကားပြောစက်တွေကတဆင့် တော်လှန်ရေးအင်အားစုတွေက နာရီအလိုက် သတိပေးခဲ့ပါတယ်။

စစ်ကောင်စီဦးဆောင်တဲ့ ဧရာဝတီတိုင်းရေ ဘေးကယ်ဆယ်ရေးမှာတော့ အဲဒီလိုအစီ
အစဉ်တွေမတွေ့ခဲ့ရပါဘူး။ တာတမံတွေကြံ့
ခိုင်ရေးနဲ့ ဒေသခံတွေကိုကူညီကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်းသတင်းထုတ်ပြန်ရာမှာ ယခင်အစိုးရအဆက်ဆက်ထုတ်ပြန်ချက်တွေအတိုင်း"အင်တိုက်အားတိုက်"၊" အချိန်နှင့်တပြေးညီ" စသဖြင့် အသုံးအနှုန်းတွေ မကြာခဏသုံးတာကိုတွေ့ရပါတယ်။ အဲဒီလိုထုတ်ပြန်နေစဉ်မှာပဲ ရေကာတာက ပြန်ကျိုး
ပေါက်သလို နောက်ထပ်စိုးရိမ်ရတဲ့နေရာတွေလည်း ထပ်မံပေါ်ပေါက်နေတာဖြစ်ပါတယ်။

လေကြောင်းအန္တရာယ်၊ ​ရေး​ဘေးကယ်ဆယ်ရေးသွားချင်သူ​တွေကိုစစ်တပ်ကခွင့်မပြုတာ စတဲ့ အခက်အခဲတွေကြားထဲကနေ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ဆောင်ကြရတဲ့အ
ပေါ် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက အခုလိုမှတ်ချက်ပြုပါတယ်။

"ကျွန်တော်တို့က ပြည်သူလူထုရဲ့ဒုက္ခအစစ်
အမှန်ကိုမြင်အောင်ကြည့်တယ်။ ရနိုင်သမျှကို ကျနော်တို့ဖြည့်ဆည်းပေးတယ်။ပိုက်ဆံမရှိလို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေရှိရင်
တောင်မှ ပြည်သူရဲ့ခံစားချက်ကိုနားလည်ပြီးမျှဝေပေးနိုင်တဲ့အစိုးရဖြစ်တယ်"လို့ ဆိုပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲက ရေဘေးသင့်ဒေသတွေဆီ သွားမယ့်အကူအညီတွေကိုလည်းနည်းမျိုးဖြတ်တောက်ခဲ့တဲ့အပြင်မြို့
နယ်အချို့ကို​ရေကြီး​နေချိန်မှာ​တောင်စစ်တပ်က လေကြောင်းကနေဗုံးထပ်ကြဲခဲ့ပါတယ်။ ဩဂုတ်လအတွင်းသွားရောက်ခဲ့တဲ့ ရုရှားနိုင်ငံခရီးစဉ်မှာ သမ္မတပူတင်နဲ့တွေ့ဆုံစဉ် ဧရာဝတီတိုင်းမှာရေဘေးကြုံတဲ့အကြောင်းပြောခဲ့ပြီး စစ်ကိုင်းတိုင်းကိုချပ်လှပ်ခဲ့ပါတယ်။ ဒီလိုလုပ်ရပ်တွေကပဲ နိုင်ငံအနှံ့ကပြည်သူတွေရဲ့ စာနာမှုကိုရခဲ့သလို အညာသူအညာသားအချင်းချင်းလည်း ပိုပြီးစည်းလုံးညီညွတ်ခဲ့တယ်လို့ အညာသားလူငယ်တဦးကပြောပါတယ်။

အညာလူငယ်တွေဟာ စစ်တပ်ထိန်းချုပ်ထားတဲ့နေရာနဲ့ နှစ်ဘက်စလုံးက မထိန်းချုပ်နိုင်တဲ့ နေရာအထိ ​ရေ​ဘေးအကူအညီ​တွေကိုခက်ခက်ခဲခဲ ပို့ခဲ့ကြပါတယ်။ စစ်တပ်က လမ်းမတွေကို ထိန်းချုပ်ထားလို့ ကွင်းလမ်းတွေဖောက်ပြီးသွားခဲ့ကြပါတယ်။အလှူရှင်တွေ ဘယ်သူမှမလာရဲတဲ့အခြေ အနေမှာ ပြည်သူမှ ပြည်သူဆီသို့ ဆိုတဲ့ တိုက်တွန်းချက်နဲ့အတူ ကူညီထောက်ပံ့ရေးတွေကို နည်းမျိုးစုံလုပ်
ဆောင်ခဲ့ကြတယ်လို့ ဒေသခံလူငယ်တွေကပြောပါတယ်။

"အညာမှာဖြစ်နေတာ အညာသားတွေပဲ သိတယ်။ တကယ့်ကိုဘေးအန္တရာယ်ကြုံလာပြီဆိုရင် သူ့ဘက်ကိုယ့်ဘက်ခွဲလို့ မရတော့ဘူး။ဘယ်လောက်ပဲနည်းနည်းကျ‌တော်တို့ရောက်
လာရင် အားရှိကြတယ်"လို့ ရေဘေးသင့်မြို့နယ်တစ်ခုက တော်လှန်ရေးအင်အားစုတွေရော စစ်ကောင်စီပါထိန်းချုပ်နိုင်ခြင်းမရှိတဲ့ ရွာတစ်ရွာဆီ သွားရောက်ကူညီခဲ့တဲ့လူ
ငယ်တစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်းတိုင်းမှာ ရေပြန်ကျသွားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို NUG အစိုးရနဲ့တော်လှန်ရေးအင်အားစုတွေကလုပ်ဆောင်ပါတယ်။ နိုင်ငံတကာအ
ကူအညီတွေကမျှတဖို့လိုအပ်တယ်လို့ တိုက်
တွန်းနေကြသလို ဒေသခံပြည်သူတွေအတွက် အကူအညီတွေလိုအပ်နေဆဲဖြစ်ကြောင်းလည်း ဆက်တိုက်ထုတ်ပြန်နေပါတယ်။

ဧရာဝတီတိုင်းမှာတော့လက်ရှိရေကြီးနစ်မြုပ်
နေတဲ့ဒေသတွေဟာမိုးကုန်တဲ့အထိရေထဲမှာပဲ အခက်အခဲတွေဆိုင်ရမယ့်အခြေအနေဖြစ်ပါတယ်။ စစ်ကောင်စီကတော့ ၎င်းတို့အနေနဲ့ဒေသခံတွေကို ကူညီထောက်ပံ့မှုတွေ အင်တိုင်အားတိုက်လုပ်ဆောင်နေကြောင်း နေ့စဉ်ထုတ်ဝါဒဖြန့်သတင်းစာတွေ၊ လူမှုကွန်ရက်စာမျက်နှာတွေကနေ ထုတ်ပြန်နေပါတယ်။

မြန်မာလူထုအချစ်တော် ဗန်( Joshua Van) ပန်တိုဂျာ( Alexandre Pantoja)တို့ရဲ့ UFC Flyweight ချန်ပီယံလုပွဲကိုလာမယ့် စက်တင်ဘာ ၁၉ ရက်၊ စနေနေ့(မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက်၊ တနင်္ဂ
နွေနေ့ မနက်ပိုင်း)မှာ ထိုးသတ်မှာဖြစ်ပါတယ်။ ဒီစာမေးပွဲကို အောင်မြင်စွာ ဗန်တစ်ယောက် ဖြေဆိုနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ရေဘေးအကြောင်းပြုပြီး ဖြေဆိုခဲ့ကြတဲ့ NUG အစိုးရနဲ့ စစ်ကောင်စီရဲ့စာမေးပွဲရလဒ်ကတော့ လူထုကြားမှာ အဖြေထွက်ပြီးသားဖြစ်ပါတယ်။ ။

#လေးမျက်နှာ #ဧရာဝတီတိုင်း
#စစ်ကိုင်းတိုင်း #သဖန်းဆိပ်ဆည်
#လူထုနွေဦး #Peoplesspring
👍205🤮2💩2🖕1
🤮10👍9💩2🤣1
ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦးထက်မနည်း သတ်ဖြတ်

စက်တင်ဘာ -၁၄၊၂၀၂၆။မိုမို/People's Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

ဩဂုတ်၂၉ ရက်ကစပြီး စက်တင်ဘာ ၁၂ ရက်အထိ မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ်က ခင်မွန်ရွာကတဆင့် ချောင်းဦးမြို့အနောက်ခြမ်း ကျေးရွာတွေကို ၂ပတ်နီးပါးကြာ စစ်တပ်က စစ်‌ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။

"အရပ်သားဖမ်းဆီး သတ်ဖြတ်ခံရတာရှိတယ်။လက်ရှိ တွေ့ထားတာက ၅ဦးကနေ ‌၆ဦးအထိ ရှိတယ်။ကျီကုန်းရွာဘက်က များတယ်။အမျိုးသားတွေ။ Dead body တွေ့ပြီး ပိုင်ရှင်မရှိသေးတာ တွေလည်းရှိတယ်။ ရွာပြင်နဲ့နီးစပ်ရာ လယ်တဲမှာရှောင်ကြတယ်။အဲဒီမှာ စစ်ကြောင်းနဲ့တွေ့ရင်းသတ်ခံကြရတာ"လို့ စစ်တပ်စစ်ကြောင်း သတ်ဖြတ်ခဲ့မှုကို မြေပြင်းသတင်းရင်းမြစ်က ရှင်းပြပါတယ်။

စစ်တပ်စစ်ကြောင်းကြောင့် ကျီကုန်း၊ကြည်ကုန်ရွာသစ်၊မယ်သဲကြိုး၊ ဒိုင်းကွေ့၊ ကြက်သွန်စျေး၊ ချောင်းမနား၊ ထန်းတောကြီး၊ အင်းမအပြင် သစ်ဆိမ့်၊ ချောင်းဆုံအစရှိတဲ့ ကျေးရွာ ၂၀ခန့်က ဒေသခံ ထောင်နဲ့ချီ စစ်ရှောင်ခဲ့ကြရပါတယ်။

"အခုမှ တချို့ရွာတွေက ပြန်၀င်နေကြရတာ။စစ်ကြောင်း ပြန်ထွက်သွားတာ သုံးရက်လောက်တော့ရှိပြီ"လို့ ချောင်းဦးဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အင်အား ၂၀၀ ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းက မုံရွာအခြေစိုက် အနောက်မြောက်ပိုင်းစစ်ဌာနချုပ် ၊ မုံရွာ မန္တလေးလမ်းပေါ်က စစ်တပ်ဂိတ်တွေကို ပြန်လည်၀င်ရောက်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

စစ်ကြောင်းရဲ့ရည်ရွယ်ချက်က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ဖွဲ့မယ့် မုံရွာ- ချောင်းဦး အစပ် ရွှေဒါးကျရွာကို ဦးတည်ခဲ့ခြင်းဖြစ်တယ်လို့ အသိပေးပါတယ်။

ဒါပေမယ့် ဒေသတွင်းစစ်ရေးအနေအထားနဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် တပ်စွဲအထိုင်ချတာမျိုးမလုပ်နိုင်ခဲ့ဘဲ ပြန်ဆုတ်ခွာသွားရတယ်လို့ သိရပါတယ်။

အခုနှစ် ဇွန်လကလည်း ချောင်းဦး-ရေစကြိုလမ်းပိုင်းပေါ်က ဆင်မြေ၊ မှန်ချို၊ ငါးလုံးတင် ကျေးရွာတွေကို စစ်တပ်စစ်ကြောင်း ၀င်ရောက်မီးရှို့ခဲ့ပြီး သက်ကြီး၊ ရွယ်အိုတွေအပါအ၀င် အရပ်သား ၆ဦးကို သတ်ဖြတ်ခဲ့ပါတယ်။
🤬285👍4👎1👏1🎉1🤮1💩1
13👍5💩2🥰1👏1
ဗန်းမော် ကောင်ဂျာယန်တိုက်ပွဲ KIA ပူးပေါင်းတပ်ဖမ်းမိတဲ့ စစ်သုံ့ပန်း ၃၀ ကျော်ရှိလာ

▪️စစ်တပ် အလောင်း ၄၀ကျော်ရှိပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်

စက်တင်ဘာ ၁၄၊၂၀၂၆။ထားမြတ်/People's Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်ဒေသကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးပြုတ်ပြီး အရှင်ဖမ်းမိသူ ၃၀ကျော်ရှိလာကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ထိုးစစ်ဆင်လာလို့ ကောင်ဂျာယန်ဒေသမှာ စက်တင်ဘာ ၁၂ရက်ကတည်းက တိုက်ပွဲစတင်ခဲ့ရာ မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဆုတ်ခွာသွားရာ KIA ပူးပေါင်းတပ်က ဒီကနေ့ စက်တင်ဘာ ၁၄ရက်မနက်အထိ လိုက်လံရှင်းလင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာနဲ့ အရှင်ဖမ်းမိတာတွေ ရှိခဲ့တာဖြစ်ပါတယ်။

“စစ်ကြောင်းတကြောင်းလုံးပြုတ်သွားတာပေါ့။ ကောင်ဂျာယန်ဘက်ကို ထိုးတဲ့ စစ်ကြောင်းတကြောင်းလုံး။ သေတာ လေးဆယ်ကျော်သွားပြီ။ စစ်သုံ့ပန်းက ၂၆ယောက် ။ အခုသုံးလေးယောက် ထပ်ပြီးဖမ်းမိတယ်ပြောတယ်။ အလောင်းက လေးဆယ်ကျော်။စစ်သုံံ့ပန်း အရှင်မိတာ ၃၀ကျော်သွားပြီ”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးနေတဲ့ ရုပ်သံမှတ်တမ်းကိုလည်း သတင်းရင်းမြစ်က ပြသပါတယ်။

KIA သတင်းပြန်ကြားရေးဌာနကလည်း ကောင်ဂျာယန်တိုက်ပွဲ အကြောင်း ကချင်ဘာသာနဲ့ ထုတ်ပြန်ထားပြီး စစ်တပ်အထိနာ ဆုတ်ခွာသွားလို့ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားပါတယ်။ စစ်တပ်ဘက်ကလည်း လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှုတွေရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလ အတွင်း ဗန်းမော်၊ရွေကူမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ မြေပြင်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှုများပြား အထိနာလျက်ရှိပါတယ်။

ဗန်းမော်မြို့နယ် စင်းခန်းဒေသ တိုက်ပွဲ၊ ရွှေကူမြို့နယ် ဇင်းဘုံဒေသ တိုက်ပွဲ၊ သင်္ဘောအင်းကျေးရွာတိုက်ပွဲ တွေမှာ စစ်တပ်ဘက်က အထိနာကာ တပ်ရင်းမှူးအဆင့် အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် ရွှေကူကနေ ဗန်းမော်မြို့ကို ဝင်လာတဲ့ စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ သင်္ဘောများစွာ ထိခိုက်ပျက်စီးခဲ့သလို စင်းခန်းတံတားအနီး တိုက်ပွဲမှာ ထိခိုက်ခဲ့တဲ့ စစ်တပ်သင်္ဘောဟာ ကမ်းကပ်ပြီး လက်နက်ချလို့ ဗိုလ်ကြီး ၂ဦးအပါအဝင် စစ်ကောင်စီ လက်နက်ကိုင် ၁၁၈ဦး၊ ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် တပ်မိသားစုဝင်အချို့၊ သင်္ဘောနဲ့လိုက်လာတဲ့ အရပ်သားအချို့ကို စက်တင်ဘာ ၂ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းမိစစ်သုံ့ပန်းတွေကို နိုင်ငံတကာ ဥပဒေနဲ့အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့လည်း KIA က အသိပေးထားပါတယ်။
👏317👍3🤣2👎1🥰1💩1🖕1
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net)
32👏3🔥2🥰1🤮1💩1🤣1🖕1
This media is not supported in your browser
VIEW IN TELEGRAM
👍4013👏6👻4👎2🥰1🤬1🤣1🖕1
အရပ်သားပြည်သူတွေကို စစ်တပ်က နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှု ပိုများလာတယ်လို့ AAထုတ်ပြန်

စက်တင်ဘာ-၁၄၊ ၂၀၂၆။ ဇော်ရမ်း/People's Spring

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၄ရက်ကနေ စက်တင်ဘာ ၁၃ရက်အတွင်း ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ကျိန္တလီနဲ့ ဆမီးမြို့တွေက အရပ်သားပြည်သူတွေရှိတဲ့ နေရာတွေကို တိုက်လေယာဉ်၊ စက်သေနတ်၊ ဆူဆိုက်ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ဘေး ရှောင်တွေအပါအဝင် အမျိုးသမီး နှစ်ဦး အမျိုးသား သုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ AAက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၃ ရက်က ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင် ဦးရာဇ်တော်ဘုရား တည်ရှိရာ တောင်ခြေရင်း၊ ကြိုးတံတားအနီး ဝန်းကျင်ကို တိုက်ခိုက်တဲ့ဖြစ်စဉ်မှာ လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၄ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင် ဂူဝဘုရားကို စစ်တပ်က လေကြောင်းက နေဗုံးကြဲလို့ ဘုရားဆင်းတုတော်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

AAထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်တပ်က ၄၉၂၆ စစ်ဆင်ရေးအမည်နဲ့ ဝါဒဖြန့်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ ၄၉၂၆ စစ်ဆင်ရေးကို စက်တင်ဘာ ၄ရက်မှာစတင်ခဲ့တာဖြစ်ပြီး AAထိန်းချုပ်ထားတဲ့ မြို့တွေကို ဦးတည်တဲ့ တိုက်ခိုက်တဲ့ စစ်ဆင်ရေးကြီးလို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေသူတွေ ဆက်တိုက် ပြောနေကြပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေ၊ ရခိုင်ပြည်နယ်အစပ် မကွေးတိုင်းထဲက ပဒါန်း၊ မင်းတုန်းမြို့နယ်၊ ပဲခူးတိုင်းထဲက ပန်းတောင်းမြို့နယ်၊ ဧရာ၀တီတိုင်းထဲက ရွှေသောင်ယံ၊ ရေကြည်၊ သာပေါင်းမြို့နယ်တွေထဲက AA ထိန်းချုပ်ဒေသတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်နေတာလို့ သိရပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ စစ်တပ်ထိခိုက် သေဆုံးမှုတွေ များပြားနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်နဲ့ လက်နက်ကြီးအန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ AAက သတိပေးထားပါတယ်။

မြေပြင်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ ဒေသခံပြည်သူတွေရှိနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
🤬1612👍6👎1👏1😢1💩1🙏1🤣1🖕1
(အာဏာသိမ်းစစ်တပ်ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့အရပ်သားပြည်သူနေအိမ်တချို့။ ဓာတ်ပုံ - AA Info Desk)
🤬26👍122🤮2👎1👏1🎉1💩1🤣1