အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာကြီးမားတဲ့ အလှည့်
အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ရက်ညပိုင်းမှာ ဖော်ပြခဲ့တဲ့ ဝန်ကြီး ဦးရည်မွန်နဲ့ ဦးမင်းကိုနိုင်တို့ရဲ့ “အောင်စိတ်နဲ့ နင်းတဲ့မြေဟာ အောင်
မြေဖြစ်တယ်”အမည်ရှိ ပစ(ပြည်သူ့စစ်) အ
ရေး၊ စစ်ရေး၊ တော်လှန်ရေးအပြန်အလှန် စကားစုစည်းမှု အစီအစဉ်မှာ ဝန်ကြီးက အခုလို ပြောကြားခဲ့တာပါ။
◾️KNU တပ်မဟာ(၃)နယ်မြေက ကျေးရွာကို စစ်တပ်ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၆ဦးသေဆုံး၊ ၈ဦး ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်
မဟာ(၃)နယ်မြေညောင်လေးပင်ခရိုင်အတွင်း
ရှိ ဘုတ်ဆုတ်ခင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ အ
များအပြားသေဆုံးထိခိုက်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဖြူးမြို့နယ် ဘုတ်ဆုတ်ခင်ရွာ(KNUအုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မူးမြို့နယ်အတွင်းရှိကျေးရွာ) ကို စစ်တပ်က စက်တင်ဘာ ၅ရက်မှာ ဒရုန်းနဲ့ ၂ကြိမ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဖြူးမြို့နယ် တံခွန်တိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ဘုတ်ဆုတ်ခင်ကျေးရွာကို ဒရုန်းနဲ့ ၂ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ ၁နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၆ဦးသေဆုံးခဲ့ရတာလို့ ဆိုပါတယ်။ ဒါ့အပြင် ကလေးငယ် ၃ဦးအပါအဝင် ၈ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ဖော်ပြပါတယ်။ စစ်တပ်ဟာ နိုင်ငံတဝန်း အရပ်သားပြည်သူတွေကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အကြမ်းဖက်တိုက်ခိုက်တာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်မှု ဆိုင်ရာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေကြောင်းလည်း KNUက ထုတ်ပြန်ပါတယ်။
◾️မိုးဗြဲမြို့အနီး စစ်တပ်စစ်ကြောင်းထိုးလာပြီး တိုက်ပွဲပြန်ဖြစ်နေ
ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။မိုးဗြဲမြို့ကနေ အနောက်ဘက်ခြမ်း လွယ်ယင်းတောင်ခြေကို စစ်တပ်က စစ်ကြောင်းထိုးလာတာဖြစ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ကြိမ်အပါအ၀င် ၃လအတွင်း စစ်တပ်ရဲ့ ထိုးစစ်ဆင်မှု ၄ကြိမ်ရှိခဲ့ပါတယ်။ ၃ကြိမ်မှာ ထိခိုက်သေဆုံးမှုတွေကြောင့် စစ်တပ်ဟာ မိုးဗြဲမြို့ကို ပြန်ဆုတ်ခွာခဲ့ရပါတယ်။
◾️အကျဉ်းထောင် ၁၃ခုမှာ နိုင်ကျဥ်းနဲ့ မိသားစုဝင်တွေထံက ငွေကြေးခေါင်းပုံဖြတ်တာ၊ ဆေးဝါးကန့်သတ်တာ လုပ်နေ
အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်း
ပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်
သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတဝန်းက အကျဉ်း
ထောင် ၁၃ ခုမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေဆီ ပေးပို့တဲ့ တရား
ဝင် ဈေးဘားသွင်းငွေတွေနဲ့ ထောင်ဝင်စာပါဆယ်တွေကို ထောင်အာဏာပိုင်တွေက နည်းလမ်းမျိုးစုံနဲ့ မတရား ငွေကြေးကောက်ခံတာ၊ ခေါင်းပုံဖြတ်တာ၊ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ဖြစ်ပွားနေတယ်လို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးပါတယ်။တရားဝင်စျေးဘားကနေ ငွေသွင်းယူရာမှာ အကျဉ်းထောင်အာဏာပိုင်တွေက ငွေပမာဏပေါ်မူတည်ပြီး ၂ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်
နှုန်းအထိ ဖြတ်ယူနေပြီး အိုးဘိုအကျဉ်း
ထောင်၊ မိတ္ထီလာအကျဉ်းထောင်နဲ့ တောင်ငူအကျဉ်းထောင်တွေဟာ မတရားငွေကြေး ကောက်ခံမှုနဲ့ခေါင်းပုံဖြတ်မှုတွေ အဆိုးရွားဆုံးဖြစ်ပေါ်နေကြောင်း PPNMက အသိပေးပါတယ်။
◾️KIA စစ်သည်တွေကို NUG ဂုဏ်ပြုဘွဲ့ချီးမြှင့်မှု ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်
ထွန်းရေး တန်ဖိုးမဖြတ်နိုင်တဲ့အခြေခံအုတ်
မြစ်ဖြစ်ဟု KIO စာပို့
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုး သားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ် ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်
မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။၂၀၂၄ မေလက အသဲရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း အပါအဝင် KIA စစ်သည်တော် ၁၃ဦးကို NUGက ဂုဏ်ပြုဘွဲ့နဲ့ ဆုတံဆိပ်တွေပေးအပ်ခဲ့တဲ့အပေါ် KIO ဗဟိုကော်မတီက ကျေးဇူး

👍25❤3🖕2🔥1👌1
တင်ကြောင်း NUGထံ စာပို့ခဲ့တာကို KIO/KIA သတင်းပြန်ကြားရေးဌာနကစက်တင်ဘာ ၁၂
ရက်မှာသတင်းဖော်ပြခဲ့တာပါ။ဒုဗိုလ်ချုပ်
ကြီးခေါင်လွမ်းဟာKIO/KIA စစ်ဦးစီးချုပ်အဖြစ်တာဝန်ယူခဲ့သလိုNUGကာကွယ်
ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသကို ဦးဆောင်တည်ထောင်ကာ စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့ပြီး အောင်ပွဲများစွာ ထိန်းချုပ်နယ်မြေများစွာရရှိအောင် ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
◾️ချင်းတောင်ပိုင်း စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်း ဆောမြို့ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ဟု ပကဖ ပြော
ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။ အင်အား ၃၀၀ ၀န်းကျင်ပါတဲ့စစ်ကြောင်းက လောင်းရှည်-တောင်ဘို့ကြီး-သီးကုန်းလမ်းအတိုင်း ဆောမြို့ကို မနေ့က(စက်တင်ဘာ ၁၂ ရက်) နေ့က ဦးတည်လာတယ်လို့ သိရပါတယ်။လက်ရှိမှာ တိုက်ပွဲမဖြစ်သေးပေမယ့် အချိန်မရွေးရှိလာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။အဲဒီအင်အားတွေက ဆောမြို့နဲ့ ၁၂ မိုင်၀န်းကျင် အကွာမှာရှိတဲ့ ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့ကို စစ်ကူဖြည့်လိမ့်မယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။
◾️မြဝတီမြို့ ၃နေရာကားမိုင်းပေါက်ကွဲမှု စစ်တပ်လက်ချက်လို့ ကရင်စစ်ရေးသတင်းရင်းမြစ် ပြော
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မနေ့ည ၁နာရီကျော်ချိန်မှာ မြဝတီမြို့ ရဲစခန်းအနီးမှာ ဗုံး ၁လုံး၊ ရေပူမီးပွိုင့်အနီးမှာ ဗုံး ၁လုံး၊ အမှတ်(၂)ချစ်ကြည်ရေးတံတား အနီးမှာ ဗုံး ၁လုံး စတဲ့ နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ စုံစမ်းသိရပါတယ်။ မြဝတီမြို့ နေရာ၃ ခုမှာ ကားမိုင်းပေါက်ကွဲတဲ့ဖြစ်စဉ်ဟာ တိုင်းရင်းသားလက်
နက်ကိုင်တွေနဲ့ တော်လှန်ရေးရေးအဖွဲ့အစည်းတွေရဲ့ လက်ချက်မဟုတ်လို့ စုံစမ်းသိရတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

👍31❤4💩2🖕2🥰1
ဒရုန်းနည်းပညာ စစ်ရေးမှာအသုံးပြုမှု PDF က စစ်အုပ်စုထပ် ပိုမြင့်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော
စက်တင်ဘာ ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ရက် ညပိုင်းမှာ ဖော်ပြခဲ့တဲ့ ဝန်ကြီးဦးရည်မွန်နဲ့ ဦးမင်းကိုနိုင်တို့ရဲ့ စစ်ရေးဆိုင်ရာ စကားဝိုင်းမှာ ဦးမင်းကိုနိုင်က စစ်တပ်အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ဒရုန်းနည်းပညာနဲ့ပတ်သက်ပြီး အသိပေးရတာရှိရင် ပြောပြပေးဖို့ ဆွေးနွေးတဲ့အပေါ် ဝန်ကြီးက အခုလို ရှင်းပြခဲ့တာပါ။
“ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာကတော့ ကျနော်တို့ PDF ရဲဘော်တွေ တော်တော်ရှေ့ရောက်တယ်လို့ပြောလို့ရပါတယ်။ဒီနည်းပညာကလည်း တနေ့ထက်တနေ့ ပြောင်းလဲ တိုးတက်နေတဲ့အနေအထားပေါ့။ ကျနော်တို့ ရဲဘော်တွေ လိုက်မီပါတယ် ကောင်းကောင်း။ နည်းပညာပိုင်းမှာကတော့ အကြမ်းဖက်စစ်အုပ်စုထက် ခေါင်းတလုံးပိုမြင့်တယ် လို့ပဲ ကျနော်တို့ မှတ်ယူပါတယ်” လို့ ဝန်ကြီးဦးရည်မွန်က ပြောပါတယ်။
လိုအပ်ချက်ကတော့ ရုပ်၀တ္ထုပိုင်းဖြစ်ကြောင်း လည်း ဝန်ကြီးက အသိပေးပါတယ်။
“ရုပ်၀တ္ထုပိုင်းကို လုံလုံလောက်လောက်ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် စစ်ရေးမှာ တော်တော်ကို သက်ရောက်မှု ကြီးလိမ့်မယ်လို့ မျှော်လင့်ထားတာ လည်းရှိပါတယ်။ ဒီအတွက်လည်း ကျနော်တို့ ကြိုးစားနေတယ်” လို့ NUGကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ပြောက်ကျားစစ်လို့ပြောမယ်ဆိုရင် ဒီကနေ့ ပြောက်ကျားစစ်က နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ ပြောက်ကျားစစ်မျိုးဖြစ်လာကြောင်းလည်း အသိပေးပါတယ်။
" တော်လှန်ရေးရှေ့ခရီးမှာလည်း ဒရုန်းနည်းပညာရဲ့ အခန်းကဏ္ဍက ပိုပိုပြီး အရေးကြီးလာမှာပါ။ ဒီအတွက်လည်း ကျနော်တို့အားလုံး အတူတကွ ဝိုင်းပြီး ကြိုးစားကြဖို့ အရေးကြီးပါလိမ့်မယ်” လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
ပြည်သူတွေက ဘဏ္ဍာရေးမှာ ဝိုင်းဖြည့်ကြရာမှာ ကိုယ့်အိပ်ကပ်လည်းဖောင်းအောင်(တော်လှန်ရေးတပ်တွေဘဏ္ဍာတောင့်တင်းအောင်) လုပ်ဆောင်ရမှာ ဖြစ်သလို ရန်သူစစ်ကောင်စီတပ်ရဲ့ အိပ်ကပ်လည်းပြားချပ်သွားအောင်(စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်တာ အရှိန်မြှင့်ဖို့) လုပ်ရမယ်လို့လည်း ဦးမင်းကိုနိုင်က ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေမှာ စစ်အုပ်စုအထိနာတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူက မျက်ဝါးထင်ထင်မမြင်ကြရတာမို့ နောက်ပိုင်း တိုက်ပွဲအောင်ပွဲမှန်သမျှ ပြည်သူကို ရသမျှ အသိပေးပြီး စနစ်တကျ ထုတ်ပြန်ပေးစေချင်ကြောင်း ဦးမင်းကိုနိုင်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ PDF တွေနဲ့ မဟာမိတ်တွေရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အခု စက်တင်ဘာလနဲ့ ဩဂုတ်လအတွင်း တိုက်ပွဲတွေမှာ အထိနာလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်ရဲ့ တံတားဦးလေတပ်စခန်းကို PDF တွေက ဒရုန်းနဲ့ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သလို ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းတဲ့ စစ်အုပ်စု သင်္ဘောတွေလည်း KIAနဲ့ KPDF ပူးပေါင်းတပ်တွေရဲ့ ဒရုန်းအပါအဝင် လက်နက်မျိုးစုံနဲ့ တိုက်ခိုက်မှုကြောင့် ကချင်ကိုသွားတဲ့ သင်္ဘောအများစု ထိခိုက်ပျက်စီး မီးလောင်၊ရေမြုပ်ခဲ့ရပါတယ်။ ဒါ့အပြင် မြေပြင်တိုက်ပွဲတွေမှာလည်း KIA ပူးပေါင်းတပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က အထိနာလျက်ရှိပါတယ်။
PDFနဲ့ မဟာမိတ်တွေဟာ စစ်တပ်ရဲ့ ရဟတ်ယာဉ်တွေကိုပါ ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာတွေလည်းရှိခဲ့ပါတယ်။

❤45👍11👏4🖕3🥰2🤣2
လားရှိုးမှာ စစ်တပ်က လေယာဉ်အနိမ့်ပျံပြီး ကင်းထောက်
စက်တင်ဘာ ၁၄၊၂၀၂၆။အိမ်သွင်/People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့နဲ့ အနီးပတ်ဝန်းကျင်ကို ယခင်ကထက် အချိန်ပိုပြီး လေယာဉ်နဲ့ ကင်းထောက်နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
" ပျံသန်းချိန်က အရင်ကထက် အချိန်ကြာတယ်။ ထူးဆန်းသလို ဖြစ်တာပေါ့။ ရှမ်းမြောက် စစ်ရေးအခြေအနေက တစ်နေ့ရွှေ၊ တစ်နေ့ငွေ"လို့ ၎င်းက ပြောပါတယ်။
လားရှိုးမြို့ဟာ လက်ရှိမှာ စစ်တပ် ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပါတယ်။မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်
(MNDAA)နဲ့ PDF ပါဝင်တဲ့ပူးပေါင်းတပ်တွေက ၂၀၂၄ ဩဂုတ်မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူလားရှိုးမြို့ကိုသိမ်းယူခဲ့ပြီး MNDAAက ထိန်းချုပ်ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၅ ဧပြီမှာ တရုတ်အစိုးရအကူအညီနဲ့ စစ်တပ်က ပြန်တောင်းယူထားတာပါ။စစ်တပ်က မြို့ပေါ်ကိုသာ ထိန်းချုပ်ခွင့်ရထားပြီး ဘေးပတ်ဝန်းကျင်နေရာတွေကို MNDAAက ဆက်လက်ထိန်းချုပ် ထားပါတယ်။
စစ်တပ်ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း မြို့ပေါ်ကို ရှော့တိုက်ဒုန်းနဲ့ လေးကြိမ်တိုက်ခိုက်ခံထားရပါတယ်။
ဖေဖော်ဝါရီ ၇ရက်၊ဖေဖော်ဝါရီ ၁၁ရက်၊ဧပြီ ၂၃ရက်နဲ့ ဇူလိုင် ၉ရက်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ဇူလိုင် ၉ရက်က ဖြစ်စဉ်မှာရပ်ကွက်(၆)က အရပ်သားအမျိုးသမီး ၁ဦးသေဆုံးပြီး ရပ်ကွက်(၁၀)က တစ်ဦးဒဏ်ရာရသွားပါတယ်။
စက်တင်ဘာ ၉ရက် ညနေကလည်း လားရှိုးမြို့၊ရပ်ကွက်(၄)ထဲမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
လားရှိုးမြို့မှာ သြဂုတ်တတိယပတ်ကစပြီး စစ်တပ် ကင်းထောက်လေယာဉ်ပျံသန်းမှုတွေပိုများလာတာလို့ ဒေသခံတွေကပြောပါတယ်။သြဂုတ်၂၈ရက်နဲ့ ၂၉ရက်က ကင်းထောက်လေယာဉ်နှစ်စီး နှစ်ရက်ဆက် အနိမ့်ပျံသန်းမှုရှိခဲ့တယ်လို့ လားရှိုးမြို့ဒေသခံတွေက ပြောပါတယ်။

👎20👍9❤5👏4
မြိုင်မြို့နယ်က ရေနံမှော်တွေကို စစ်တပ် မီးရှို့ဖျက်ဆီး
စက်တင်ဘာ-၁၄ ၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
တစ်ရက်ကို ရေနံစည် ထောင်ဂဏန်း၀န်းကျင်ထွက်တဲ့ အဲဒီ ရေနံမှော်တွေထဲက လုပ်ကွက်တွေနဲ့အနီးဆုံး တဲကြီးကျေးရွာမှာ ရက်၂၀ကြာအထိုင်ချတပ်စွဲထားတဲ့ စစ်တပ်က ရေနံတွင်းလုပ်ကွက်တွေကို မိုင်းခွဲ ဖျက်ဆီးတာနဲ့ မီးရှို့တာတွေ လုပ်နေတာလို့ ဆိုပါတယ်။
"စစ်ကြောင်းကတော့ ရေနံမြေကို မရမက ဖျက်မယ်လို့ ထင်တယ် ။အခုလည်း သူတို့(စစ်ကြောင်း) အတော်အထိနာနေပါတယ်"လို့ မြိုင်မြို့နယ်မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
Well-1နဲ့ ဝဲတူး Well-2 ရေနံမြေကို ခေတ်အဆက်ဆက် အစိုးရက ထိန်းချုပ်ပြီး မိသားစုတစ်ပိုင်တစ်နိုင် ၊ ကန်ထရိုက်စနစ်တွေနဲ့ ရေနံတူးဖော်လုပ်ကိုင်ကြပြီး အာဏာသိမ်းပြီးနောက် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ကာ လုပ်ငန်တွေဆက်လည်ပတ်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးရှိနေကာ စစ်တပ်စစ်ကြောင်း ရွေ့လျားမှုအပေါ်မူတည်ပြီး မြေပြင်တိုက်ပွဲတွေလည်းရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။
ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ရေနံမှော်တွေကို ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ဇွန်လဆန်းပိုင်းကစပြီး အင်အား ၅၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
ဝဲလ်ဝမ်း၊ဝဲလ်တူးရေနံမြေအပါအ၀င် ပေါက်နဲ့မြိုင် ဒေသအစပ်က ရေနံမှော်တွေကို ၂၀၂၄ မတ်လက တည်းက ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိတိုက်ပွဲတွေအတွင်းမှာလည်း စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ရခဲ့တာရှိသလို တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးထားပါတယ်။
စစ်တပ်စစ်ကြောင်းဟာ ၃လအတွင်း ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ခဲ့တာကြောင့် နေအိမ်အလုံး ၃၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၃၀ နီးပါးကို သတ်ဖြတ်ထားပါတယ်။
ဒါ့အပြင် လက်ရှိစစ်တပ်တပ်စွဲထားတဲ့ တဲကြီးရွာအပါအ၀င် ရေနံမြေ၀န်းကျင် မြိုင်မြို့နယ်အနောက်ခြမ်းကျေးရွာတွေက ပြည်သူ တစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အရပ်ဘက်စစ်ရှောင်ကူညီရေးအဖွဲ့တွေရဲ့စစ်တမ်းအရ သိရပါတယ်။

🤬28👏6❤2👎2💩1🙏1
စက်တင်ဘာ ပထမပတ်အတွင်း အလင်းဝင်လက်နက်ချတဲ့ စစ်သား ၁၂၈ဦးရှိ
စက်တင်ဘာ ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
ပြည်သူ့ပန်းတိုင်က အပတ်စဉ်တက်ဆက်နေတဲ့ စကစရဲ့ ပြေးဟပရောဂျက် ယခုတပတ် အစီအစဉ် ဖော်ပြချက်မှာ စက်တင်ဘာ ပထမပတ်အတွင်း အလင်းဝင်ရောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေတွေကို အသိပေးထားတာပါ။
အလင်းဝင် လက်နက်ချ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှု အခြေအနေကိုလည်း ဖော်ပြထားရာ စက်တင်ဘာ ပထမပတ်အတွင်း စစ်ကောင်စီတပ်သား ၁၂၈ဦးအနက် ၁၂၁ဦးဟာ စစ်သုံ့ပမ်းအဖြစ် ဖနမ်းဆီးခံရတာဖြစ်ပြီး ၇ဦးက အလင်းဝင်ပူးပေါင်းလာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
စစ်သုံ့ပန်း ၁၂၁ဦးအနက် ၁၁၈ဦးဟာ ကချင်ပြည်နယ်မှာ ဖြစ်ပြီး ၃ဦးက တနင်္သာရီတိုင်းက ဖြစ်ပါတယ်။ စစ်သုံ့ပန်း ၁၂၁ဦးအနက် ၃၄ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေလို့ ဖော်ပြပါတယ်။
ကချင်ပြည်နယ်မှာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူတွေဟာ စက်တင်ဘာ ၂ရက် ရွှေကူ-ဗန်းမော်ကြား ရေကြောင်းတိုက်ပွဲမှာ KIA ပူးပေါင်းတပ်က ဖမ်းမိခဲ့တာဖြစ်ပါတယ်။ စစ်တပ်သင်္ဘောတွေ ရွှေကူကနေ ဗန်းမော်ကို ဆန်တက်စဉ် KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောအချို့ဟာ စင်းခန်းတံတားအနီးမှာ တိုက်ခိုက်ခံရပြီး ကမ်းကပ်ကာ လက်နက်ချ အလင်းဝင်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုလက်နက်ချ အလင်းဝင်တဲ့ စစ်သုံ့ပမ်း ၁၅၁ဦး ရှိရာ စစ်ကောင်စီတပ်က ဗိုလ်ကြီး ၂ဦးအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၁၈ဦး ပါဝင်ပြီး ကျန်တာတွေကတော့ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ အရပ်သားအချို့ဖြစ်ပါတယ်။
ဖမ်းမိစစ်သုံ့ပန်းတွေကို KIOက နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနဲ့အညီ စောင့်ရှောက်ထားကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။
“စစ်သားတွေ စစ်တိုက်ရတာ၊ အသက်ပေးရတာ မထူးဆန်းပါဘူး။ ထူးဆန်းတာက ကိုယ်တိုင် ကာကွယ်ပေးမယ်လို့ သစ္စာဆိုထားတဲ့ ပြည်သူနဲ့ ပြန်တိုက်နေကြရတာပါ။စစ်သားတွေ ထောင်ပေါင်းများစွာ အသက်ပေးရ၊ ကိုယ်အင်္ဂါစွန့်ရ၊ မိသားစုတွေ သေကွဲ/ရှင်ကွဲ ကွဲပြီး ငရဲပွက်သလို ခံစားနေကြရတာ ဘာအတွက်ပါလဲ။စစ်တပ်က ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ နေရာတကာပါလို့ တိုင်းပြည်ပျက်ခဲ့ရကြောင်း ၂၁ ရာစု မြန်မာ့သမိုင်းသင်ခန်းစာမှာ သင် ဘယ်ဖက်က ပါမလဲ၊ ပြည်သူတွေ စောင့်ကြည့် မှတ်တမ်းတင်နေကြောင်း ပြည်သူ့ပန်းတိုင်က သတိပေးလိုပါတယ်” လို့ ပြည်သူ့ပန်းတိုင် ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ဇန်နဝါရီလမှ ၂၀၂၆ စက်တင်ဘာလ ပထမပတ် အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃၉၄၉ ဦးထိရှိဟု အသိပေးထားပါတယ်။

👍39❤6🤣4👏2🖕2
■ဆောင်းပါး
သိပ္ပံပညာရှင်တွေကို အစွန်းရောက်ငလျင်ဖြစ်စဉ် လေ့လာခွင့်ရစေခဲ့တဲ့ "U-turn ပြန်ကွေ့တဲ့ ရှားပါး‘ဘူမရန်း’ငလျင်ကြီး
■၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးကပေးတဲ့ ငလျင်သင်ခန်းစာသစ်
-ဥဂ္ဂါရေးသားသည်။
ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်
လ ၂၈ ရက်နေ့ မြန်မာနိုင်ငံ၊စစ်ကိုင်းမြို့အနီးဗဟိုပြုလှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြီးဟာ လူပေါင်းထောင်နဲ့ချီ အသက်ဆုံးရှုံးစေခဲ့တဲ့သဘာဝဘေးအန္တရာယ်တစ်ခုသာမဟုတ်ပါဘူး။အဲဒီငလျင်ဟာကမ္ဘာတစ်ဝန်းက ငလျင်ပညာရှင်တွေကိုပါ အံ့အားသင့်စေခဲ့ပြီး နှစ်ပေါင်းများစွာ လက်ခံထားခဲ့တဲ့ ငလျင်လှုပ်ခတ်ပုံဆိုင်ရာ အယူအဆတချို့ကို ပြန်လည်သုံးသပ် စေခဲ့ပါတယ်။
အကြောင်းကတော့ဒီငလျင်ဟာ "Boomerang Supershear"လို့ ခေါ်တဲ့ အလွန်ရှားပါးတဲ့ ငလျင်လှုပ်ခတ်မှု ပုံစံမျိုး ဖြစ်ပေါ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ တစ်နည်းအား
ဖြင့်ရှေကိုသာတိုးသွားရမယ့်ငလျင်ပြတ်ရွေ့ဟာရုတ်တရက်ယူတန်း (U-turn)နောက်ပြန်ကွေ့လာတဲ့ထူးဆန်းတဲ့အပြုအမူကိုပြသခဲ့တာကြောင့်ပါ။
မတ်လ ၂၈ ရက် မနက်ပိုင်းမှာစစ်ကိုင်းတိုင် ၊စစ်ကိုင်းမြို့အနီး နဲ့ ဗဟိုပြုပြီးပြင်းအား ရစ်ချာတာစကေး ၇.၇ နဲ့ ၇.၉ အကြားရှိတဲ့အလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။ငလျင်ကြီး လှုပ်ပြီး ၁၂ မိနစ်အကြာမှာပဲ မန္တလေးမြို့၊တံတားဦးမြို့နယ်မှာ ပြင်းအား
၆.၇ ရှိတဲ့နောက်ဆက်တွဲငလျင်ကြီးထပ်မံလှုပ်ခတ်ပါတယ် ။
ဒီငလျင်ကြီယရဲ့ ရိုက်ခတ်မှုဟာ မြန်မာနိုင်
ငံတစ်ဝန်းသာမကအိမ်နီးချင်းနိုင်ငံတွေထိခံစားခဲ့ရပါတယ်။ထိုင်းနိုင်ငံမှာဆိုရင်ဆောက်လုပ်ဆဲအဆောက်အအုံတစ်လုံးတောင်ပြိုကျသွားခဲ့ရတဲ့အထိ သက်ရောက်မှု ပြင်းထန်ခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာတော့ အဆောက်အအုံပေါင်းများစွာပျက်စီးခဲ့ပြီးလမ်းပန်းဆက်
သွယ်ရေးနဲ့ အခြေခံအဆောက်အအုံတွေ အ
ကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့တာကြောင့်မိသားစုပေါင်းများစွာအိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့တရားဝင်ထုတ်ပြန်ချက်အရလူ ၃,၇၇၀ကျော်သေဆုံးပြီး ၅,၀၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပေမဲ့ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ပျက်စီးမှုအတိုင်းအ
တာတွေကို လေ့လာထားတဲ့ ပညာရှင်တွေကတော့ အမှန်တကယ် သေဆုံးသူ အရေအ
တွက်ဟာ ဒီထက် ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒီငလျင်ဖြစ်ပွားခဲ့တဲ့နေရာကမြန်မာနိုင်ငံရဲ့ အရေးအကြီးဆုံးပြတ်ရွေ့ကြောဖြစ်တဲ့စစ်ကိုင်းပြတ်ရွေ့ပေါ်မှာပါ။ငလျင်ဆိုင်ရာ အ
ချက်အလက်တွေနဲ့ မြေပြင်လေ့လာချက်တွေအရဒီငလျင်ဟာမြန်မာနိုင်ငံမြောက်ပိုင်းကနေ တောင်ပိုင်းကပ္ပလီပင်လယ်ပြင်အထိမိုင် ၇၅၀ ခန့် (ကီလိုမီတာ ၁,၂၀၀ ခန့်) ရှည်လျားတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောရဲ့ ဗဟိုပိုင်းမှာ စတင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ဒီပြတ်ရွေ့ဟာ အိန္ဒိ
ယကျောက်ထုချပ် (Indian Plate)နဲ့ ယူရေးရှားကျောက်ထုချပ် (Eurasian Plate) တို့ ဆုံတွေ့ရာ နယ်နိမိတ်လည်း ဖြစ်ပါတယ်။
အိန္ဒိယကျောက်ထုချပ်ဟာတစ်နှစ်ကို ၂ လက်
မ(၅၀ မီလီမီတာ)နီးပါးအရှိန်နဲ့ မြောက်ဘက်ကိုဆက်တိုက် တိုးဝင်နေပြီးဟိမဝန္တာတောင်
တန်းဒေသမှာ ယူရေးရှားကျောက်ထုချပ်နဲ့ တိုက်မိနေပါတယ်။ အဲဒီဖိအားတွေဟာ စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ တဖြည်းဖြည်း စုပုံလာတာကြောင့် ဒီပြတ်ရွေ့ဟာ ပြင်းအား ၇ အထက်ရှိတဲ့ ငလျင်ကြီးတွေကို နှစ် ၇၀ ၊၈၀ ကြာရင်ဖြစ်ပေါ်တက်တဲ့ ပြတ်ရွေ့တစ်ခုအဖြစ် လူသိများပါတယ်။
ငလျင်လှုပ်ပြီးနောက်ပိုင်းဖြစ်ပေါ်ခဲ့တဲ့ နောက်
ဆက်တွဲမြေငလျင်(Aftershocks)တွေဟာ ဗဟိုချက်ရဲ့ တောင်ဘက်မှာ အဓိက ဖြစ်ပေါ်ခဲ့တာကြောင့် ပညာရှင်တွေက ပြတ်ရွေ့ဟာ တောင်ဘက်ကိုပဲ ဆက်ဖြန့်သွားတယ်လို့ က
နဦး ယူဆခဲ့ကြပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ထူးခြားဆန်းကြယ်တဲ့ အချက်တစ်ခုကို တွေ့ရှိခဲ့တာက ဗဟိုချက်ရဲ့ မြောက်ဘက်မှာရှိတဲ့ ငလျင်တိုင်းတာရေးစက်တွေမှာ ပီ-လှိုင်း (P-wave) လို့ခေါ်တဲ့ ငလျင်ကနေ အမြန်ဆုံးနဲ့ ပထမဆုံး ရောက်ရှိလာတဲ့ လှိုင်းကို မှတ်တမ်းတင်နိုင်ခဲ့ပြီး စက္ကန့် ၂၀ လောက် အကြာမှာ အလွန်ပြင်းထန်တဲ့ လှိုင်းတွေကို ထပ်မံ ဖမ်းယူရရှိခဲ့တာပါ။ ဒါဟာ ပုံမှန်အားဖြင့် လမ်းကြောင်းတစ်ခုတည်းကိုသာ ဆက်သွားလေ့ရှိတဲ့ ငလျင်တွေနဲ့ လုံးဝမတူတဲ့ အပြုအမူဖြစ်နေပါတယ်။
ဒီထူးခြားမှုကို ဂျပန်နိုင်ငံ ဆူကူးဘတက္က
သိုလ် (University of Tsukuba) က သုတေ
သနအဖွဲ့က အသေးစိတ် ပြန်လည်လေ့လာခဲ့ပြီး ဆစ်စမီကာ (Seismica) ဂျာနယ်မှာ သု
တေသနစာတမ်းထုတ်ပြန်ခဲ့ပါတယ်။သူတို့ရဲ့ တွေ့ရှိချက်အရ ဒီငလျင်ဟာ အဆင့်ပေါင်းများစွာနဲ့ အလွန်ရှုပ်ထွေးတဲ့ ပုံစံနဲ့ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဓိက ထူးခြားချက်ကတော့ ငလျင်ပြတ်ရွေ့ဟာ ပုံမှန်လို ဦးတည်ချက်တစ်ခုတည်းကိုသာ ဆက်မသွားဘဲ စတင်ချိန်မှာ တောင်ဘက်ကို အရှိန်နဲ့ ရွေ့သွားပြီးနောက် ရုတ်တရက် အရှိန်မလျော့ဘဲ မြောက်ဘက်ကို ယူတန်း (U-turn) ပြန်ကွေ့လာခဲ့တာပါ။ ဒီဖြစ်စဉ်ကို ဘူမရန်း အကျိုးသက်ရောက်မှု (Boomerang Effect) လို့ အမည်ပေးထားပါတယ်။ ဘူမရန်း (Boomerang) ဆိုတာ ဩစတြေးလျ ဒေသခံတိုင်းရင်းသားတွေ အသုံးပြုခဲ့တဲ့ ပစ်လက်

👍14🖕5❤1😱1🤮1💩1
နက်တစ်မျိုး ဖြစ်ပါတယ်။ ပစ်လိုက်တဲ့အခါ လေထဲမှာ ကွေ့ပတ်ပြီး ပစ်တဲ့သူဘက်ကို ပြန်လှည့်လာနိုင်တဲ့ ထူးခြားချက်ရှိတာကြောင့်
ဒီငလျင်ရဲ့ ပြန်ကွေ့လာတဲ့ လမ်းကြောင်းနဲ့ နှိုင်းယှဉ်ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီထက်ပိုပြီး အံ့ဩစရာကောင်းတာက အဲဒီပြတ်ရွေ့ဟာ အက်စ်လှိုင်း (S-wave) လို့ခေါ်တဲ့ ရှီးယားလှိုင်း (Shear wave) ရဲ့ အရှိန်ထက်တောင် ပိုမြန်တဲ့နှုန်းနဲ့ ရွေ့လျားခဲ့တာပါ။
ရှီးယားလှိုင်း (Shear wave) ဆိုတာ ငလျင်ဖြစ်ပေါ်တဲ့အခါ မြေထုအတွင်း ဖြတ်သန်းသွားတဲ့ ဒုတိယအမျိုးအစား ငလျင်လှိုင်းတစ်မျိုး ဖြစ်ပါတယ်။ ဒီလှိုင်းဟာ မြေသားတွေကို လှိုင်းသွားတဲ့ ဦးတည်ချက်နဲ့ ထောင့်မှန်အ
တိုင်း ဘေးတိုက်လှုပ်ရှားစေတဲ့အတွက် “ရှီးယား (Shear)” လို့ ခေါ်တာပါ။
ပုံမှန်အားဖြင့် ပြတ်ရွေ့ကြော (Fault) ကွဲထွက်ရွေ့လျားတဲ့ အရှိန်ဟာ ဒီရှီးယားလှိုင်းရဲ့ အရှိန်ထက် နှေးလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီငလျင်မှာတော့ ပြတ်ရွေ့ကွဲထွက်မှုဟာ ရှီးယားလှိုင်းထက်တောင် ပိုမြန်တဲ့ အရှိန်နဲ့ ဖြန့်ကျက်သွားခဲ့ပါတယ်။
ဒီလို ပုံမှန်မဟုတ်ဘဲ ပြတ်ရွေ့ကွဲထွက်မှုအရှိန်က ရှီးယားလှိုင်းကို ကျော်လွန်သွားတဲ့ ဖြစ်စဉ်ကို ငလျင်ပညာရှင်တွေက စူပါရှီးယား ရပ်ချာ (Supershear rupture) လို့ ခေါ်ပါတယ်။
အလွယ်ပြောရရင် ပြတ်ရွေ့ကွဲထွက်ရွေ့လျားမှုဟာ ပုံမှန်ငလျင်တွေထက် အလွန်မြန်ဆန်တဲ့ အရှိန်နဲ့ ဖြန့်ကျက်သွားတဲ့ ရှားပါးဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
ဒီငလျင်မှာတော့ ပြတ်ရွေ့ကြော မိုင် ၂၅၀ ခန့် (ကီလိုမီတာ ၄၀၀ ခန့်) ဟာ စက္ကန့် ၈၀ အတွင်းမှာတင်လှုပ်ခတ်သွားခဲ့ပါတယ်။
ဒီလိုဘူမရန်းစူပါရှီးယား (Boomerang Supershear) ပုံစံငလျင်မျိုးဟာ ကမ္ဘာပေါ်မှာ အလွန်ရှားပါးပြီး နားလည်ရခက်တဲ့ ဖြစ်စဉ်တစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ ဘာကြောင့် အန္တရာယ်ပိုများသလဲ ဆိုတော့ င
လျင်စွမ်းအင်တွေကို ဗဟိုချက်နဲ့ ဝေးတဲ့နေရာတွေအထိ ပိုမိုပြင်းထန်စွာ သယ်ဆောင်ပေး နိုင်တာကြောင့် မမျှော်လင့်ထားတဲ့ ဒေသတွေမှာတောင် ပျက်စီးမှု ကြီးမားလာနိုင်လို့ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မန္တလေးငလျင်ဟာ မြန်မာပြည်သူတွေအတွက် မမေ့နိုင်တဲ့ ဝမ်းနည်းဖွယ် သဘာဝဘေးတစ်ခု ဖြစ်ခဲ့သလို သိပ္ပံလောကအတွက်လည်း ဆယ်စုနှစ်တစ်စုအတွင်းအရေးအပါဆုံးငလျင်လေ့
လာမှုတွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။
ငလျင်တစ်ခု ဘယ်လိုစတင်တယ်၊ ဘယ်လိုဖြန့်သွားတယ်ဆိုတဲ့ အယူအဆဟောင်းတွေကို ပြန်လည်စဉ်းစားစေခဲ့တဲ့ ဒီရှားပါးဘူမရန်း စူပါရှီးယား(Boomerang Supershear) ဖြစ်
စဉ်က နောင်တစ်ချိန် ကမ္ဘာ့နေရာအသီးသီးမှာ ဖြစ်လာနိုင်တဲ့ ငလျင်ကြီးတွေကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်ဖို့၊ အန္တရာယ်လျှော့ချနိုင်ဖို့နဲ့ လူအသက်ပေါင်းများစွာကို ကယ်တင်နိုင်မယ့် သိပ္ပံဆိုင်ရာ အဖြေသစ်တွေ ရှာဖွေရာမှာ အရေးပါတဲ့ သော့ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
ကိုးကားချက်များ - • Futura-Sciences
• University of Tsukuba သုတေသနစာတမ်း (Seismica Journal)

👍28❤4🤮1💩1🖕1