People's Spring
60K subscribers
71K photos
1.23K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
■ရသစာတမ်းငယ်

ဇာတ်သိမ်းခါနီးမှ စ,သော ဇာတ်လမ်း
●ထွင်

စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အ
ပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်း
ကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ မိနစ်ပိုင်းလေးအတွင်းမှာပဲ လူမစုံတော့။ ထီးထီးကြီးရှိခဲ့သောအိမ်ကလေးက မီးလောင်ပြာကျသွားပြီ။ စည်ကားသိုက်မြိုက်ခဲ့သောရွာကလေးသည် ကျတ်ရွာကဲ့သို့ ပျောက်ဆုံးသွားပြီ။ လောကကြီးကို အဲဒီလို ပြောင်းလဲစေနိုင်သော စစ်အာဏာရှင်လက်ထက်။

ကျွန်ုပ်သည် ကျွန်ုပ်တို့ရွာက အဖြစ်အပျက်များကို "မေနေပူပူအောက်မှာ ပျော်ပျော်ကြီး စစ်ရှောင်ခဲ့ကြပြီးသည့်နောက်" အမည်ရှိ စာမူတပုဒ်ကိုစီပြီးနောက် ထိုနေ့မှာပဲ မဂ္ဂဇင်းတိုက်သို့ ပို့လိုက်သည်။ စစ်အာဏာရှင်၏ ဆိုးယုတ်မှုများကြောင့် တရွာလုံး စစ်ရှောင်ရသော အကြောင်းများကို စုံစုံစေ့စေ့ ရေးသားထား
သည်။ စာမူပို့အပြီး နောက်နေ့ ဇွန်ရက်နေ့တွင် လုံးဝ ထင်မှတ်မထားသော အဖြစ်
အပျက်များ ဖြစ်သွားခဲ့သည်။ မျက်စိတ်တမှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း။

ကျွန်ုပ်တို့ရွာအားစစ်အာဏာရှင်ကမီးလောင်
တိုက်သွင်းလိုက်ခြင်း။ အခုလို စာမူ ပို့ပြီးပြီးချင်း ဖြစ်ပျက်သွားသောကြောင့် မီးရှို့ခံလိုက်ရသောအကြောင်းကို စာမူထဲ ထည့်မရေးလိုက်ရတော့ပေ။ ဒါကြောင့်လည်း နောက်
ထပ်စာမူကို စီလိုက်ရသည်။

ကျွန်ုပ်တို့ရွာသည် ရန်သူ့တပ်စခန်းနှင့် အနီးဆုံးနေရာမှာရှိနေသည်။ရွာ၏အရှေ့မြောက်ဘက်မှာ စစ်တပ်အထိုင်ချစက်ရုံ။

ရွာ၏အနောက်မြောက်ဘက်မှာတော့ ပျူစောထီးရွာကြီး။ သို့သော်လည်း ကျွန်ုပ်တို့ရွာလေးသည် အာဏာသိမ်းသက်တမ်း ၅ နှစ်ကျော်အတွင်း မီးလောင်တိုက်သွင်းခြင်း မခံရသေး။ ရန်သူ့တပ်စခန်းနှင့်မနီးသော ကျွန်ုပ်တို့ရွာပတ်ပတ်လည်မှ ရွာများစွာသည်သာ အကြိမ်ကြိမ် မီးရှို့ခံခဲ့ရသည်။ ဒါကြောင့်လည်း တချို့က ပြောကြသည်။

"ခင်ဗျားတို့ရွာကလေးက ကွက်ပြီး ကံကောင်းနေတာပဲ" တဲ့။ ထို့ကြောင့်လည်း ကျွန်ုပ်တို့တရွာလုံးက မီးရှို့ခံလိုက်ရသော ကံကြမ္မာဆိုးမျိုး သည်တသက် ကြုံရတော့မည်မဟုတ်ဟု ယုံကြည်ထင်မှတ်နေခဲ့ကြသည်။ မကြာခင်အတွင်း တော်လှန်ရေးကြီးလည်း အောင်မြင်သွားလိမ့်မည်ဟု ယူဆထားခဲ့ကြသည်ကိုး။ ထို့ကြောင့် ဇာတ်သိမ်းခါနီးမှ စ,သော ဇာတ်
လမ်းကဲ့သို့ ကြုံလိုက်ရခြင်း ဖြစ်သည်။

"မေနေပူပူအောက်မှာ..." ဆောင်းပါးထဲကအတိုင်း ကျွန်ုပ်တို့တရွာလုံးသည် ခါတိုင်းလို့ စစ်ရှောင်ခဲ့ကြသည့်အတိုင်း အချိန်တန်လျှင် အိမ်ပြန်ကြရလိမ့်မည်ဟု တွေးမှတ်နေခဲ့သည်။ ရွာ့မြောက်ဘက် စစ်တပ်အထိုင်ချစက်ရုံတွင် အလုံးလိုက်အရင်းလိုက်ရောက်နေသော ရန်သူများသည်လည်း အချိန်တန် ပြန်သွားလိမ့်မည်ဟု ထင်မှတ်နေခဲ့သည်။ သည်တကြိမ်တော့ ထင်သလို လုံးဝ ဖြစ်မလာခဲ့ပေ။

အကြောင်းကား ရွာ့မြောက်ဘက်မှ စစ်တပ်အထိုင်ချ စက်ရုံဆီက ရန်သူသည် သရက်ကန်ပျူစောထီးရွာကို သိမ်းပိုက်ပြီးသွားသောအခါ သူတို့ အထိုင်ချစက်ရုံအား ဆက်
တိုက်သိမ်းပိုက်မည်ကို အလွန်အမင်း စိုးရိမ်နေဟန် ရှိသည်။ ရှေ့ရှေ့တွင် ပျူစောထီးရွာတရွာအား သိမ်းပိုက်လိုက်နိုင်လျှင် နောက်
ထပ်တရွာအား ဆက်တိုက် သိမ်းပိုက်နိုင် ခဲ့ကြသည့် အဖြစ်အပျက်များ ရှိခဲ့ဖူးသည်။

တကယ်တမ်းတွင် တော်လှန်ရေးသမားများ
သည် ကျွန်ုပ်တို့ရွာ မြောက်ဘက်မှ စစ်တပ်အထိုင်ချစက်ရုံအား သိမ်းပိုက်မည့်အစီအစဥ် မရှိသေးပေ။ အစီအစဥ်ရှိသည်က ရေပြာရွာနှင့် ကုက္ကိုစု ပျူစောထီးရွာဖြစ်သည်။ တကယ်လည်း ထိုနှစ်ရွာအား သိမ်းပိုက်နိုင်ခဲ့သည်။

ရွာ့မြောက်ဘက်မှာရှိတဲ့ စစ်တပ်အထိုင်ချစက်ရုံမှ ရန်သူများသည် သူတို့စက်ရုံအား သိမ်းပိုက်မည်ကို အလွန်အမင်း စိုးရိမ်နေဟန်ရှိရကား သရက်ကန်ရွာအားသိမ်းပိုက်ပြီး နောင်နေ့တွင် စစ်ကူများကို လေယာဥ်နှင့်လာချသည်။ရောက်ရောက်ချင်း တော်လှန်ရေး
သမားများ မချဥ်းကပ်လာမီ အလျင်ဦးဆုံး စက်ရုံပတ်ပတ်လည်အနှံ့ ဒရုန်းမိုးများ ကြဲချသည်။ ကျွန်ုပ်တို့ရွာထဲအထိပင်လာချသည်။ ထို့ကြောင့် ရဲဘော်နှစ်ဦးနှင့် ပြည်သူတဦး ကျဆုံးခဲ့ရသည်။

ရန်သူသည် ဒရုန်းနှင့်အမြဲလိုလို စောင့်ကြည့်နေခဲ့သည်။ နေ့စဥ်ရက်ဆက် စောင့်ကြည့်နေသည်။ တယောက်ယောက်ကို တွေ့လျှင်
ဒရုန်းနှင့်ကြဲချပြီး တိုက်ခိုက်တတ်သည်။
ဒရုန်းကြောင့် ကျွန်ုပ်တို့ရွာထဲက ရဲဘော်နှင့် ပြည်သူအပါအဝင် တခြားနေရာများထံမှ ရဲဘော်များလည်း နှစ်ကြိမ် ကြဲချခံရရာ စုစုပေါင်း သုံးကြိမ်ကြောင့် ရဲဘော်များ ကျဆုံးခဲ့ရသည်။

ထို့ကြောင့် တော်လှန်ရေးသမားများက ဒရုန်းများကို အမြဲစောင့်ကြည့်ထောက်လှမ်းနေပြီး ပြည်သူများကို ကွင်းပြင်သို့ မထွက်ရန်၊ အိမ်ထဲ သို့မဟုတ် သစ်ပင်အောက်တွင်သာနေရန် ကြီးကြပ်သတိပေးနေရသည်။ ပြည်သူများလည်း ဒရုန်းရန်ကြောင့် အကျအဆုံးများသည့်အဖြစ်များကို ကြားသိနေရရာ အလွန်အ
15👍7🖕3🤮2
မင်း ကြောက်ရွှံ့ ထိတ်လန့်နေကြပြီး ကွင်းပြင်သို့ မထွက်ဝံ့ကြတော့ပေ။ တခြားရွာများမှ တောင်သူယာသမားများသည် မနေ့တနေ့က မိုးများ ရွာထားသဖြင့် စိုက်ပျိုးချိန် တန်နေသော်လည်း ဒရုန်းရန်ကြောက်ရသဖြင့် ယာထဲ မဆင်းရဲကြတော့ပေ။

ကျွန်ုပ်သည် စစ်ရှောင်ရင်း အားအားရှိနေသဖြင့် စစ်ရှောင်အတွေ့အကြုံများကို “မေနေပူပူအောက်...” ခေါင်းစဥ်နှင့် ရေးနေခဲ့သည်။ ရေးပြီးသောအခါ အတူစစ်ရှောင်များကို ဖတ်ပြသည်။ စစ်ရှောင်များက သဘောကျကြသည်။ ထိုညမှာပဲ စာမူကို တော်လှန်ရေးစာစောင်သို့ ပို့လိုက်သည်။

နံနက်ရောက်တော့ အိပ်ယာထထချင်း သ
တင်းဆိုးများကို ကြားလိုက်ရသည်။ ကျွန်ုပ်တို့နယ်မြို့၏ ဖေ့ဘုတ်ပေ့ချ်တွင် ကျွန်ုပ်တို့ရွာအား မီးရှို့နေပြီဆိုသောသတင်း တင်ထားကြောင်း တွေ့ရသည်ဆို၏။ ထို့ကြောင့် စစ်ရှောင်များသည် မိမိတို့အိမ် ပါမပါ မသိရသေးသော်လည်း ငိုကြသည်။ ရင်ထုမနာ ဖြစ်ရသည်။ အာဏာသိမ်းသူ မင်းအောင်လှိုင်ကို ဆဲကြသည်။

မိမိတို့သည် နောက်ဆုံးတွင် အိုးမဲ့အိမ်မဲ့ဘဝသို့ ရောက်သွားပြီဆိုတာကို သိလိုက်ကြရသည်။ နောင်ရေးကို တွေးပူကာ စိတ်ဓာတ်တွေ ပြိုလဲကုန်ကြသည်။ ဘယ်မှာ နေရတော့မည်လဲ။ အဘယ်အရပ်မှာ အခြေချ ကြရတော့မည် လဲ။ ဘာလုပ်စားကြရမည်လဲ။ ပြန်စရာ ရွာလည်း မရှိတော့။ ရွာပြန်လို့ရလျှင်တောင် အိမ်မရှိတော့။ ဘယ်လိုများ ရှင်သန်ရပ်တည်ကြရပါ့။

ကျွန်ုပ်ကတော့ မြန်မာပြည်သူတရပ်လုံးသည် ခြင်းထဲကကြက်တွေလို ဘဝများ ကြုံနေကြရမည်မှန်း သိသဖြင့် တနေ့နေ့တွင် ကိုယ့်အလှည့် ကျရောက်လာလျှင် ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားခဲ့သဖြင့် အထူးတလည် ဝမ်း
နည်းမနေခဲ့မိပါ။ ကံကောင်းသည်ကား မီးရှို့ခံရသော အိမ်ခြေစာရင်းများ ထွက်လာသည့်အခါ ကျွန်ုပ်တို့ အိမ်လေးသည် ကံကောင်းပြီး ကွက်ကျန်ခဲ့သည်။ တခုပဲ စိတ်ထဲ စနိုးစနောင့် ဖြစ်သွားသည်။ မနေ့ညက ပို့လိုက်သော စာမူထဲတွင် မီးရှို့ခံလိုက်ရသော အကြောင်းများကို ထည့်ရေးခွင့် မရလိုက်ခြင်းကိုပင်။ တညလောက်စောင့်ပြီးမှ ပို့လိုက်လျှင် အကောင်းသားဟု တွေးနေခဲ့သည်။

ရန်သူသည် အင်မတန်မှ ရက်စက်လှသည်။ ကျွန်ုပ်တို့တရွာလုံးကို ရွာလုံးကျွတ် မီးရှို့ခဲ့သည့် အရိပ်အယောင်များကို တွေ့ခဲ့သည်။ အဓိက လောင်ကျွမ်းသော အိမ်များသည် ရွာအစပ်မှ အိမ်များနှင့် ရွာလယ်တည့်တည့်မှ အိမ်များဖြစ်သည်။ တအိမ်ခြား၊ သုံးအိမ်ခြားပြီး ရှို့သည်။ ဤသည်မှာ ရွာလုံးကျွတ် မီးကူးပြီး လောင်ကျွမ်းစေရန် ရည်ရွယ်ခြင်းဖြစ်
သည်။ အင်မတန်မှ ယုတ်မာအောက်တန်းကျလှသည်။

ရွာ၏ အဖြစ်အပျက်ကြောင့် တရွာလုံး၏ စိတ်ဓာတ်တို့သည် ပြိုလဲကုန်ကြပြီ။ သည်တကြိမ် စစ်ရှောင်ကြရခြင်းသည် အလွန်ရှည်
လျားမည်မှန်း သိနားလည်သွားကြတော့
သည်။ ရွာ့မြောက်ဘက် စစ်တပ်အထိုင်ချစက်ရုံမှ ရန်သူ အလုံးလိုက်အရင်းလိုက်သည် လွယ်လွယ်ပြန်ကြတော့မည်မဟုတ်မှန်းလည်း သိနားလည်သွားကြပြီ။

သူတို့နေရာအား သိမ်းပိုက်မည်ကိုစိုးရိမ်ပြီး အင်အားများသာ ထပ်တိုးလာကြလိမ့်မည်။ တော်လှန်ရေးသမားများ နောက်တကြိမ် သိမ်းမည့်နေရာသည် ထိုနေရာမဟုတ်ဘဲ တွင်းမပျူစောထီးရွာဖြစ်နေလျှင် ကျွန်ုပ်တို့တရွာလုံးသည် ယခု သရက်ကန် ပျူစောထီးရွာအား သိမ်းလိုက်ခြင်းကြောင့် ဖြစ်လာသော ဖြစ်ရပ်များကဲ့သို့ ဖြစ်လာလိမ့်မည်မှန်း သိနားလည်နေကြပြီ။ ထို့ကြောင့် တွင်းမပျူစောထီးရွာနှင့် ရွာ့မြောက်ဘက်မှ စစ်တပ်အထိုင်ချစခန်းများအား သိမ်းပိုက်မပြီးမချင်း ရွာသို့ လုံးဝ ပြန်လည်အခြေချလို့ရမည်မဟုတ်ဟု ယုံကြည်လိုက်ကြတော့သည်။

ဒါ့ကြောင့်လည်း စိုက်လက်စ ယာတို့သည် ပြီးဆုံးအောင် မစိုက်ကြရတော့ပေ။ စိုက်ပြီးသမျှ ယာတို့လည်း ပြုစုသူ မရှိတော့ဘဲ အလဟဿ ဖြစ်ကုန်ရပြီ။ ပေါင်းမြက်များ ထူထဲပြီး တောရိုင်းကြီးဖြစ်တော့မည်မှာ အသေအခြာပင်။ တောင်သူအတော်များများ လှည်းနှင့် နွားများကို ရောင်းပစ်လိုက်ကြပြီ။ တောင်ယာမလုပ်ရဘဲ ဘယ်သူက နွားများကို အပင်ပန်းခံ လုပ်ကျွေးနိုင်တော့မည်လဲ။

တချို့သည် မြို့သို့ တက်ကုန်ကြတော့၏။ မြို့မတက်နိုင်သူတို့ကား ရောက်ရာအရပ်မှာ တဲကလေးထိုးပြီး ဖြစ်သလိုနေကြရတော့မည်။ တရွာတည်းမှာ စုစုစည်းစည်း နေခဲ့ကြသော ရွာသူ ရွာသားတို့သည် နေရာကိုယ်စီများမှာ ကွဲကွဲကွာကွာ၊ ခွဲခွဲခွာခွာ နေကြရတော့မည်။ အိမ်နီးချင်းများသည် အလျင်လို စကားလက်ဆုံ မကျနိုင်ကြရတော့။ ဪစစ်အာဏာရှင်လက်ထက်မှာ ကျွန်ုပ်တို့ ရွာက
လေးသည် အဘက်ဘက်ကနေ ဒုက္ခအဖုံဖုံ ပြောမဆုံးပေါင် တောသုံးထောင် ကြုံရပြီး စိစိညက်ညက် ကြေခဲ့ရလေပြီတကား။ ။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'ထွင်'ရဲ့"ဇာတ်သိမ်းခါနီးမှစသောဇာတ်လမ်း” ရသစာတမ်းငယ်ကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
23👍13🤮2🖕1
23👍6🤮3🤣2🤬1
စစ်တပ်ထုတ်ပြန်ချက်ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့ဦး​ကျော်မိုးထွန်း​ပြော

စက်တင်ဘာ-၁၃၊၂၀၂၆။သော်မွန်/Peopel’s Spring

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်
စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်
အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်
မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းချိန်ကစလို့ ကုလ
သမဂ္ဂမှာ ကိုယ်စားပြုခွင့် မရရှိတဲ့ အာဏာ
သိမ်းစစ်တပ်ဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို နေရာကနေဖယ်ရှားဖို့ နှစ်စဥ်ကြိုး
ပမ်းခဲ့သလို ဒီနှစ်မှာလည်း သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ လုပ်ဆောင်ချက်တွေဟာ တရားမဝင်ဘူးလို့ စက်တင်ဘာ ၁၃ ရက်စွဲနဲ့ ထပ်မံသတင်းထုတ်ပြန်လာခဲ့တာပါ။

အာဏာသိမ်းစစ်တပ်ဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ဖို့အထိ လူငှားရမ်းလုပ်ဆောင်ခဲ့သလိုအဲဒီလုပ်ရပ် မ
အောင်မြင်တဲ့နောက်ပိုင်းမှာလည်းနည်းလမ်း
ပေါင်းစုံသုံးပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ ကုလသမဂ္ဂထိုင်ခုံကနေသံအမတ်ကြီးကို ဖယ်
ရှားဖို့ လုပ်ဆောင်ခဲ့တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းကပြောပါတယ်?

“စစ်အုပ်စုက တရားစွဲဆိုမှုတွေအပါအဝင် ပုံစံအမျိုးမျိုး နဲ့ ဒီအဖွဲ့ရုံးလုပ်ငန်းလှည်ပတ်မှု ရပ်အောင် လုပ်နေတာတွေရှိတယ် ဆိုတာလည်း ဖြေခဲ့တာရှိတာရယ်၊အဖွဲ့ရုံး လည်ပတ်နိုင်ဖို့ အဖွဲ့ရုံးငွေကြေးသုံးစွဲမှု အကြမ်းဖျဉ်းကို ဖြေ
ကြားခဲ့ဖူးတာတွေ ရှိပြီဖြစ်လို့ ထပ်ပြီး ပြောစရာ မရှိသေးပါဘူး။ အခုဟာကိုကြည့်ရင် စစ်အုပ်စု Desparation (ကြံရာမရ)ဘယ်
လောက် ဖြစ်နေပြီလဲ ဆိုတာ ပြနေတာပါပဲ”လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

ဒီမိုကရေစီနည်းကျရွေးကောက်ခံအရပ်သားအစိုးရNLDအစိုးရလက်ထက်မှာကုလသမဂ္ဂ
ဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအ
မတ်ကြီးအဖြစ် ၂၀၂၀ ခုနှစ်မှာ ခန့်အပ်ခံခဲ့ရတဲ့ ဦးကျော်မိုးထွန်းဟာ ၂၀၂၁ စစ်အာဏာ
သိမ်းမှုကို ဖေဖော်ဝါရီလထဲမှာပဲ ကုလသမဂ္ဂစင်မြင့်ကနေ ကန့်ကွက်ရှုတ်ချကြောင်း ကမ္ဘာသိ မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာပြည်သူ
လူထုနဲ့အတူ ရပ်တည်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်တာမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုက တရားမဝင် စစ်အာဏာသိမ်းခဲ့တဲ့အချိန်မှ စတင်၍ မြန်မာပြည်သူ လူထုတစ်ရပ်လုံးအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုများ၊ ချိုးဖောက်ခဲ့တဲ့ ကြီး
လေးသော ရာဇဝတ်မှုများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမဆန်မှုများ၊ နိုင်ငံ
တကာရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ ရှောင်တိမ်းနေခြင်းများနဲ့ ပြည်သူအများ ကြုံ
တွေ့ခံစားနေရမှု စသည်တို့ကို အလေးအနက်အထား ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပါတ်က(၈၁)ကြိမ်မြောက် ကု
လသမဂ္ဂအထွေထွေ ညီလာခံရဲ့ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးနဲ့ ဖွင့်ပွဲအခမ်း
အနားကို ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့ရာ သံအမတ်ကြီးဦးကျော်မိုးထွန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။အဲဒီနေ့မှာပဲ(၈၁)ကြိမ်မြောက်ကု
လသမဂ္ဂအထွေထွေညီလာခံမှာ အဖွဲ့ဝင်နိုင်ငံများရဲ့ ကိုယ်စားလှယ်များကို စိစစ်မယ့် Credentials Committee ကိုဖွဲ့စည်းခဲ့ပါတယ်။

အဲဒီလို Credentials Committee ကို ဖွဲ့စည်းအပြီးမှာ အာဏာသိမ်းစစ်တပ်က ဦးကျော်မိုးထွန်းကို အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးအဖြစ်ကနေ ထုတ်ပယ်ပြီးဖြစ်ကြောင်းနဲ့ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအတွက် တရားစွဲဆိုဖမ်းဝရမ်းထုတ်ထားကြောင်းထုတ်
ပြန်လာခဲ့တာပါ။စစ်တပ်လက်အောက်ခံ
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဦးကျော်မိုးထွန်းကို တရားခံပြေးအဖြစ် ကြေညာထားပြီး နိုင်ငံတကာရဲတပ်ဖွဲ့
(INTERPOL)၊ အမေရိကန်ရဲတပ်ဖွဲ့တို့နဲ့ ချိတ်ဆက်အရေးယူနိုင်ရေး သံတမန်ရေးလမ်းကြောင်းကနေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ခြိမ်း​ခြောက်ထားပါတယ်။



#သံအမတ်ကြီးဦးကျော်မိုးထွန်း
#ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် #peoplesspring #ps
#စစ်အုပ်စု
46👍12🤣3🥰1👏1🤮1🖕1
ကုလသမဂ္ဂအစည်းအ​ဝေးမှာ မိန့်ခွန်း​ပြောကြား​နေတဲ့ဦး​ကျော်မိုးထွန်း
60👍5🥰2👏1🤮1🤣1🍌1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၁၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

■စစ်အုပ်စုအနေနဲ့ ကြံရာမရဖြစ်နေတယ်
လို့ဦး​ကျော်မိုးထွန်း​ပြော

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်
စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်
အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်
မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကစလို့ ကုလ
သမဂ္ဂမှာ ကိုယ်စားပြုခွင့် မရရှိတဲ့ အာဏာ
သိမ်းစစ်တပ်ဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို နေရာကနေဖယ်ရှားဖို့ နှစ်စဥ်ကြိုး
ပမ်းခဲ့သလို ဒီနှစ်မှာလည်း သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ လုပ်ဆောင်ချက်တွေဟာ တရားမဝင်ဘူး ၊တရားခံ​ပြေးဖြစ်တယ်လို့​ထုတ်ပြန်ပြီးနိုင်ငံတကာရဲတပ်ဖွဲ့(INTERPOL)၊ အမေရိကန်ရဲတပ်ဖွဲ့တို့နဲ့ ချိတ်ဆက်အရေးယူနိုင်ရေးသံတမန်ရေးလမ်းကြောင်းကနေဆက်
လက်ဆောင်ရွက်နေတယ်လို့ ခြိမ်း​ခြောက်ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ဖို့အထိ လူငှားရမ်းလုပ်ဆောင်ခဲ့သလိုအဲဒီလုပ်ရပ် မ
အောင်မြင်တဲ့နောက်ပိုင်းမှာလည်းနည်းလမ်း
ပေါင်းစုံသုံးပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ ကုလသမဂ္ဂထိုင်ခုံကနေသံအမတ်ကြီးကို ဖယ်
ရှားဖို့ လုပ်ဆောင်ခဲ့ပါတယ်။“စစ်အုပ်စုက တရားစွဲဆိုမှုတွေအပါအဝင် ပုံစံအမျိုးမျိုး နဲ့ ဒီအဖွဲ့ရုံးလုပ်ငန်းလှည်ပတ်မှု ရပ်အောင် လုပ်နေတာတွေရှိတယ် ဆိုတာလည်း ဖြေခဲ့တာရှိတာရယ်၊အဖွဲ့ရုံး လည်ပတ်နိုင်ဖို့ အဖွဲ့ရုံးငွေကြေးသုံးစွဲမှု အကြမ်းဖျဉ်းကို ဖြေ
ကြားခဲ့ဖူးတာတွေ ရှိပြီဖြစ်လို့ ထပ်ပြီး ပြောစရာ မရှိသေးပါဘူး။ အခုဟာကိုကြည့်ရင် စစ်အုပ်စု Desparation (ကြံရာမရ)ဘယ်
လောက် ဖြစ်နေပြီလဲ ဆိုတာ ပြနေတာပါပဲ”လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

◾️စမ်းချောင်း Bar 4 U မီးလောင်အမျိုးသားနှစ်ဦး သေဆုံး

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar 4 U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသားနှစ်ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။ စက်တင်ဘာ ၁၃ည ၈ နာရီကျော်မှာ စမ်းချောင်းလမ်းမှာရှိတဲ့ Bar 4 U ဆိုင်မှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး နာရီဝက်လောက် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့ကဆိုပါတယ်။ မီးလောင်မှုမှာ ဓါတ်​​ငွေ့အိုးပေါက်ကွဲတာတွေရှိခဲ့ပြီး ဘေးဆိုင်တွေကိုလည်း ကူးစက်တာတွေရှိတယ်လို့ ဒေသခံတစ်ဦးက​ပြောပါတယ်။မီးလောင်ချိန် ဆိုင်အပေါ်ထပ်မှာ လူတွေကျန်သေးကြောင်း ပြောနေတာကို တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်တွေမှာတွေ့ရပါတယ်။

◾️စစ်တွေတိုက်ပွဲအထိနာနေတဲ့ စစ်တပ်က ပုဏ္ဏားကျွန်းကို ဗုံးထပ်ကြဲ၊ ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ်ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်း
ကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ နေ့လယ် ၁၂ နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာ ၁စီးနဲ့ ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စေတီ ရင်းရွာထဲမှာ ၁လုံးနဲ့ ဦးရာဇ် တောင်ချောင်းထဲမှာ ၁လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသွားသူတွေဟာ ဒေါ်စိုးစိုးနဲ့ ဦးစိုးစိုးတို့ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရသွားသူတွေကတော့ မဖြူထွေး၊ ဒေါ်ဦးကျော့စိန်နဲ့ ဦးအောင်ဝင်းမောင်တို့ဖြစ်ပါတယ်။ ဒီနေ့ မနက်အစောပိုင်းကလည်း ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ်နေရာတွေကို ဗုံးကြဲတိုက် ခိုက်ခဲ့ပါသေးတယ်။

◾️ဗန်းမော်ကဆင်းလာတဲ့စစ်သင်္ဘော၆စီးကိုKIAထပ်မံတိုက်ခိုက်၄စီးနစ်မြုပ်၂စီးမီး
လောင်

ကချင်ပြည်နယ် ၊ဗန်းမော်မြို့ကနေဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘော ၆ စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦး​ဆောင်တဲ့ပူးပေါင်းတပ်က ဒီက​နေ့မှာထပ်မံ ကြားဖြတ်တိုက်ခိုက်တာမှာ ၄ စီးနှစ်မြှပ်သွားပြီး ၂ စီးမီး​လောင်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
စက်တင်ဘာ ၁၃ရက် မနက်မှာ ဗန်းမော်မြို့ကနေ ​ရွှေကူမြို့ဘက်ကိုလာတဲ့ စစ်တပ်ရဲ့သင်္ဘောတွေကို စာ၀တီးရွာနဲ့ မြလယ်ရွာကြားမှာ KIA ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ခိုက်ခံရပြီး သင်္ဘောတွေ မီးလောင်နေတဲ့၊ နစ်မြုပ်စပြုနေတဲ့ မြင်ကွင်းတွေပါတဲ့ ရုပ်သံမှတ်တမ်း ၂ခုကိုလည်း စစ်ရေးသတင်းရင်းမြစ်က ပြသပါတယ်။

◾️စစ်မျက်နှာ ၁၅ခုလောက်က စစ်တပ်ထိုးစစ် ဦးကျိုးသွားပါက စစ်ရေးချိန်ခွန်လျှာအပြောင်းအလဲကြီးကြုံမယ်လို့ ယုံကြည်ထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးပြော
👍238🖕2🔥1👏1
အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာကြီးမားတဲ့ အလှည့်
အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ရက်ညပိုင်းမှာ ဖော်ပြခဲ့တဲ့ ဝန်ကြီး ဦးရည်မွန်နဲ့ ဦးမင်းကိုနိုင်တို့ရဲ့ “အောင်စိတ်နဲ့ နင်းတဲ့မြေဟာ အောင်
မြေဖြစ်တယ်”အမည်ရှိ ပစ(ပြည်သူ့စစ်) အ
ရေး၊ စစ်ရေး၊ တော်လှန်ရေးအပြန်အလှန် စကားစုစည်းမှု အစီအစဉ်မှာ ဝန်ကြီးက အခုလို ပြောကြားခဲ့တာပါ။

◾️KNU တပ်မဟာ(၃)နယ်မြေက ကျေးရွာကို စစ်တပ်ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၆ဦးသေဆုံး၊ ၈ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်
မဟာ(၃)နယ်မြေညောင်လေးပင်ခရိုင်အတွင်း
ရှိ ဘုတ်ဆုတ်ခင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ အ
များအပြားသေဆုံးထိခိုက်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဖြူးမြို့နယ် ဘုတ်ဆုတ်ခင်ရွာ(KNUအုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မူးမြို့နယ်အတွင်းရှိကျေးရွာ) ကို စစ်တပ်က စက်တင်ဘာ ၅ရက်မှာ ဒရုန်းနဲ့ ၂ကြိမ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဖြူးမြို့နယ် တံခွန်တိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ဘုတ်ဆုတ်ခင်ကျေးရွာကို ဒရုန်းနဲ့ ၂ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ ၁နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၆ဦးသေဆုံးခဲ့ရတာလို့ ဆိုပါတယ်။ ဒါ့အပြင် ကလေးငယ် ၃ဦးအပါအဝင် ၈ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ဖော်ပြပါတယ်။ စစ်တပ်ဟာ နိုင်ငံတဝန်း အရပ်သားပြည်သူတွေကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အကြမ်းဖက်တိုက်ခိုက်တာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်မှု ဆိုင်ရာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေကြောင်းလည်း KNUက ထုတ်ပြန်ပါတယ်။

◾️မိုးဗြဲမြို့အနီး စစ်တပ်စစ်ကြောင်းထိုးလာပြီး တိုက်ပွဲပြန်ဖြစ်နေ

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။မိုးဗြဲမြို့ကနေ အနောက်ဘက်ခြမ်း လွယ်ယင်းတောင်ခြေကို စစ်တပ်က စစ်ကြောင်းထိုးလာတာဖြစ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ကြိမ်အပါအ၀င် ၃လအတွင်း စစ်တပ်ရဲ့ ထိုးစစ်ဆင်မှု ၄ကြိမ်ရှိခဲ့ပါတယ်။ ၃ကြိမ်မှာ ထိခိုက်သေဆုံးမှုတွေကြောင့် စစ်တပ်ဟာ မိုးဗြဲမြို့ကို ပြန်ဆုတ်ခွာခဲ့ရပါတယ်။

◾️အကျဉ်းထောင် ၁၃ခုမှာ နိုင်ကျဥ်းနဲ့ မိသားစုဝင်တွေထံက ငွေကြေးခေါင်းပုံဖြတ်တာ၊ ဆေးဝါးကန့်သတ်တာ လုပ်နေ

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်း
ပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်
သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတဝန်းက အကျဉ်း
ထောင် ၁၃ ခုမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေဆီ ပေးပို့တဲ့ တရား
ဝင် ဈေးဘားသွင်းငွေတွေနဲ့ ထောင်ဝင်စာပါဆယ်တွေကို ထောင်အာဏာပိုင်တွေက နည်းလမ်းမျိုးစုံနဲ့ မတရား ငွေကြေးကောက်ခံတာ၊ ခေါင်းပုံဖြတ်တာ၊ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ဖြစ်ပွားနေတယ်လို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးပါတယ်။​တရားဝင်စျေးဘားကနေ ငွေသွင်းယူရာမှာ အကျဉ်းထောင်အာဏာပိုင်တွေက ငွေပမာဏပေါ်မူတည်ပြီး ၂ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်
နှုန်းအထိ ဖြတ်ယူနေပြီး အိုးဘိုအကျဉ်း
ထောင်၊ မိတ္ထီလာအကျဉ်းထောင်နဲ့ တောင်ငူအကျဉ်းထောင်တွေဟာ မတရားငွေကြေး ကောက်ခံမှုနဲ့ခေါင်းပုံဖြတ်မှုတွေ အဆိုးရွားဆုံးဖြစ်ပေါ်နေကြောင်း PPNMက အသိပေးပါတယ်။

◾️KIA စစ်သည်တွေကို NUG ဂုဏ်ပြုဘွဲ့ချီးမြှင့်မှု ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်
ထွန်းရေး တန်ဖိုးမဖြတ်နိုင်တဲ့အခြေခံအုတ်
မြစ်ဖြစ်ဟု KIO စာပို့

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုး သားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ် ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်
မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။၂၀၂၄ မေလက အသဲရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း အပါအဝင် KIA စစ်သည်တော် ၁၃ဦးကို NUGက ဂုဏ်ပြုဘွဲ့နဲ့ ဆုတံဆိပ်တွေပေးအပ်ခဲ့တဲ့အပေါ် KIO ဗဟိုကော်မတီက ကျေးဇူး
👍253🖕2🔥1👌1
တင်ကြောင်း NUGထံ စာပို့ခဲ့တာကို KIO/KIA သတင်းပြန်ကြားရေးဌာနကစက်တင်ဘာ ၁၂
ရက်မှာသတင်းဖော်ပြခဲ့တာပါ။ဒုဗိုလ်ချုပ်
ကြီးခေါင်လွမ်းဟာKIO/KIA စစ်ဦးစီးချုပ်အဖြစ်တာဝန်ယူခဲ့သလိုNUGကာကွယ်
ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသကို ဦးဆောင်တည်ထောင်ကာ စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့ပြီး အောင်ပွဲများစွာ ထိန်းချုပ်နယ်မြေများစွာရရှိအောင် ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

◾️ချင်းတောင်ပိုင်း စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်း ဆောမြို့ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ဟု ပကဖ ပြော

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။ အင်အား ၃၀၀ ၀န်းကျင်ပါတဲ့စစ်ကြောင်းက လောင်းရှည်-တောင်ဘို့ကြီး-သီးကုန်းလမ်းအတိုင်း ဆောမြို့ကို မနေ့က(စက်တင်ဘာ ၁၂ ရက်) နေ့က ဦးတည်လာတယ်လို့ သိရပါတယ်။လက်ရှိမှာ တိုက်ပွဲမဖြစ်သေးပေမယ့် အချိန်မရွေးရှိလာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။အဲဒီအင်အားတွေက ဆောမြို့နဲ့ ၁၂ မိုင်၀န်းကျင် အကွာမှာရှိတဲ့ ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့ကို စစ်ကူဖြည့်လိမ့်မယ်လို့ ‌ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

◾️မြဝတီမြို့ ၃နေရာကားမိုင်းပေါက်ကွဲမှု စစ်တပ်လက်ချက်လို့ ကရင်စစ်ရေးသတင်းရင်းမြစ် ပြော

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မနေ့ည ၁နာရီကျော်ချိန်မှာ မြဝတီမြို့ ရဲစခန်းအနီးမှာ ဗုံး ၁လုံး၊ ရေပူမီးပွိုင့်အနီးမှာ ဗုံး ၁လုံး၊ အမှတ်(၂)ချစ်ကြည်ရေးတံတား အနီးမှာ ဗုံး ၁လုံး စတဲ့ နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ စုံစမ်းသိရပါတယ်။ မြဝတီမြို့ နေရာ၃ ခုမှာ ကားမိုင်းပေါက်ကွဲတဲ့ဖြစ်စဉ်ဟာ တိုင်းရင်းသားလက်
နက်ကိုင်တွေနဲ့ တော်လှန်ရေးရေးအဖွဲ့အစည်းတွေရဲ့ လက်ချက်မဟုတ်လို့ စုံစမ်းသိရတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
👍314💩2🖕2🥰1
👍349🖕3💩2
ဒရုန်းနည်းပညာ စစ်ရေးမှာအသုံးပြုမှု PDF က စစ်အုပ်စုထပ် ပိုမြင့်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

စက်တင်ဘာ ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ရက် ညပိုင်းမှာ ဖော်ပြခဲ့တဲ့ ဝန်ကြီးဦးရည်မွန်နဲ့ ဦးမင်းကိုနိုင်တို့ရဲ့ စစ်ရေးဆိုင်ရာ စကားဝိုင်းမှာ ဦးမင်းကိုနိုင်က စစ်တပ်အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ဒရုန်းနည်းပညာနဲ့ပတ်သက်ပြီး အသိပေးရတာရှိရင် ပြောပြပေးဖို့ ဆွေးနွေးတဲ့အပေါ် ဝန်ကြီးက အခုလို ရှင်းပြခဲ့တာပါ။

“ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာကတော့ ကျနော်တို့ PDF ရဲဘော်တွေ တော်တော်ရှေ့ရောက်တယ်လို့ပြောလို့ရပါတယ်။ဒီနည်းပညာကလည်း တနေ့ထက်တနေ့ ပြောင်းလဲ တိုးတက်နေတဲ့အနေအထားပေါ့။ ကျနော်တို့ ရဲဘော်တွေ လိုက်မီပါတယ် ကောင်းကောင်း။ နည်းပညာပိုင်းမှာကတော့ အကြမ်းဖက်စစ်အုပ်စုထက် ခေါင်းတလုံးပိုမြင့်တယ် လို့ပဲ ကျနော်တို့ မှတ်ယူပါတယ်” လို့ ဝန်ကြီးဦးရည်မွန်က ပြောပါတယ်။

လိုအပ်ချက်ကတော့ ရုပ်၀တ္ထုပိုင်းဖြစ်ကြောင်း လည်း ဝန်ကြီးက အသိပေးပါတယ်။

“ရုပ်၀တ္ထုပိုင်းကို လုံလုံလောက်လောက်ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် စစ်ရေးမှာ တော်တော်ကို သက်ရောက်မှု ကြီးလိမ့်မယ်လို့ မျှော်လင့်ထားတာ လည်းရှိပါတယ်။ ဒီအတွက်လည်း ကျနော်တို့ ကြိုးစားနေတယ်” လို့ NUGကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ပြောက်ကျားစစ်လို့ပြောမယ်ဆိုရင် ဒီကနေ့ ပြောက်ကျားစစ်က နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ ပြောက်ကျားစစ်မျိုးဖြစ်လာကြောင်းလည်း အသိပေးပါတယ်။

" တော်လှန်ရေးရှေ့ခရီးမှာလည်း ဒရုန်းနည်းပညာရဲ့ အခန်းကဏ္ဍက ပိုပိုပြီး အရေးကြီးလာမှာပါ။ ဒီအတွက်လည်း ကျနော်တို့အားလုံး အတူတကွ ဝိုင်းပြီး ကြိုးစားကြဖို့ အရေးကြီးပါလိမ့်မယ်” လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

ပြည်သူတွေက ဘဏ္ဍာရေးမှာ ဝိုင်းဖြည့်ကြရာမှာ ကိုယ့်အိပ်ကပ်လည်းဖောင်းအောင်(တော်လှန်ရေးတပ်တွေဘဏ္ဍာတောင့်တင်းအောင်) လုပ်ဆောင်ရမှာ ဖြစ်သလို ရန်သူစစ်ကောင်စီတပ်ရဲ့ အိပ်ကပ်လည်းပြားချပ်သွားအောင်(စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်တာ အရှိန်မြှင့်ဖို့) လုပ်ရမယ်လို့လည်း ဦးမင်းကိုနိုင်က ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေမှာ စစ်အုပ်စုအထိနာတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူက မျက်ဝါးထင်ထင်မမြင်ကြရတာမို့ နောက်ပိုင်း တိုက်ပွဲအောင်ပွဲမှန်သမျှ ပြည်သူကို ရသမျှ အသိပေးပြီး စနစ်တကျ ထုတ်ပြန်ပေးစေချင်ကြောင်း ဦးမင်းကိုနိုင်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ PDF တွေနဲ့ မဟာမိတ်တွေရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အခု စက်တင်ဘာလနဲ့ ဩဂုတ်လအတွင်း တိုက်ပွဲတွေမှာ အထိနာလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်ရဲ့ တံတားဦးလေတပ်စခန်းကို PDF တွေက ဒရုန်းနဲ့ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သလို ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းတဲ့ စစ်အုပ်စု သင်္ဘောတွေလည်း KIAနဲ့ KPDF ပူးပေါင်းတပ်တွေရဲ့ ဒရုန်းအပါအဝင် လက်နက်မျိုးစုံနဲ့ တိုက်ခိုက်မှုကြောင့် ကချင်ကိုသွားတဲ့ သင်္ဘောအများစု ထိခိုက်ပျက်စီး မီးလောင်၊ရေမြုပ်ခဲ့ရပါတယ်။ ဒါ့အပြင် မြေပြင်တိုက်ပွဲတွေမှာလည်း KIA ပူးပေါင်းတပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က အထိနာလျက်ရှိပါတယ်။

PDFနဲ့ မဟာမိတ်တွေဟာ စစ်တပ်ရဲ့ ရဟတ်ယာဉ်တွေကိုပါ ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာတွေလည်းရှိခဲ့ပါတယ်။
45👍11👏4🖕3🥰2🤣2
(တံတားဦးလေတပ်စခန်းကို PDFတွေက ဒရုန်းနဲ့ တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - CJ)
47🤣6👍3👏2🖕2
လားရှိုးမှာ စစ်တပ်က လေယာဉ်အနိမ့်ပျံပြီး ကင်းထောက်

စက်တင်ဘာ ၁၄၊၂၀၂၆။အိမ်သွင်/People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့နဲ့ အနီးပတ်ဝန်းကျင်ကို ယခင်ကထက် အချိန်ပိုပြီး လေယာဉ်နဲ့ ကင်းထောက်နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

" ပျံသန်းချိန်က အရင်ကထက် အချိန်ကြာတယ်။ ထူးဆန်းသလို ဖြစ်တာပေါ့။ ရှမ်းမြောက် စစ်ရေးအခြေအနေက တစ်နေ့ရွှေ၊ တစ်နေ့ငွေ"လို့ ၎င်းက ပြောပါတယ်။

လားရှိုးမြို့ဟာ လက်ရှိမှာ စစ်တပ် ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပါတယ်။မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်
(MNDAA)နဲ့ PDF ပါဝင်တဲ့ပူးပေါင်းတပ်တွေက ၂၀၂၄ ဩဂုတ်မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူလားရှိုးမြို့ကိုသိမ်းယူခဲ့ပြီး MNDAAက ထိန်းချုပ်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၅ ဧပြီမှာ တရုတ်အစိုးရအကူအညီနဲ့ စစ်တပ်က ပြန်တောင်းယူထားတာပါ။စစ်တပ်က မြို့ပေါ်ကိုသာ ထိန်းချုပ်ခွင့်ရထားပြီး ဘေးပတ်ဝန်းကျင်နေရာတွေကို MNDAAက ဆက်လက်ထိန်းချုပ် ထားပါတယ်။

စစ်တပ်ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း ‌မြို့ပေါ်ကို ရှော့တိုက်ဒုန်းနဲ့ လေးကြိမ်တိုက်ခိုက်ခံထားရပါတယ်။

ဖေဖော်ဝါရီ ၇ရက်၊ဖေဖော်ဝါရီ ၁၁ရက်၊ဧပြီ ၂၃ရက်နဲ့ ဇူလိုင် ၉ရက်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ဇူလိုင် ၉ရက်က ဖြစ်စဉ်မှာရပ်ကွက်(၆)က အရပ်သားအမျိုးသမီး ၁ဦးသေဆုံးပြီး ရပ်ကွက်(၁၀)က တစ်ဦးဒဏ်ရာရသွားပါတယ်။

စက်တင်ဘာ ၉ရက် ညနေကလည်း လားရှိုးမြို့၊ရပ်ကွက်(၄)ထဲမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

လားရှိုးမြို့မှာ သြဂုတ်တတိယပတ်ကစပြီး စစ်တပ် ကင်းထောက်လေယာဉ်ပျံသန်းမှုတွေပိုများလာတာလို့ ဒေသခံတွေကပြောပါတယ်။သြဂုတ်၂၈ရက်နဲ့ ၂၉ရက်က ကင်းထောက်လေယာဉ်နှစ်စီး နှစ်ရက်ဆက် အနိမ့်ပျံသန်းမှုရှိခဲ့တယ်လို့ လားရှိုးမြို့ဒေသခံတွေက ပြောပါတယ်။
👎20👍95👏4
(စစ်တပ်ကားတစ်စီးက နမခ အလံ အပါအဝင် အလံ နှစ်ခုတပ်ပြီး ၂၀၂၅ ဧပြီ ၂၂ ရက်ကလားရှိုးမြို့သို့ဝင်လာစဥ်။ ဓါတ်ပုံ-Nay Myo)
🤬1311🔥7👏5👍2🖕2👎1