■ဆောင်းပါး
ပေါ်ပေါ်ထင်ထင် လူကုန်ကူးကြသူများ
ထွန်းညိုဦး/ People's Spring
စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်
ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
သူ့သဝဏ်လွှာမှာ မြန်မာနိုင်ငံမှာအိမ်နီးချင်းနိုင်ငံတွေကိုအဓမ္မလက်ထပ်ဖို့လူကုန်ကူးတာ၊ အဓမ္မပြည့်တန်ဆာပြုလုပ်စေတာ၊အဓမ္မလုပ်
အားစေခိုင်းတာ၊ တခြားတစ်နည်းနည်းနဲ့ ကာ
မဆိုင်ရာကိစ္စအဓမ္မပြုလုပ်စေတာ၊ ခန္ဓာကိုယ်
အင်္ဂါ အစိတ်အပိုင်းထုတ်ယူတာ စတဲ့ ဖြစ်စဉ်တွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ဒါပေမယ့် သူ့သဝဏ်လွှာထဲမှာ စစ်မှု
ထမ်း ရောင်းစားဖို့ လူကုန်ကူးတဲ့ ဖြစ်စဥ်တွေအကြောင်း ပါဝင်တာ မတွေ့ရပါဘူး။
ရန်ကုန်မြို့အခြေအနေကနေ စကြည့်လိုက်ကြရအောင်ပါ။ရန်ကုန်မြို့က လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှည်းကူး၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ စမ်းချောင်းစတဲ့ မြို့နယ် ၁၀ ခုမှာ သြဂုတ်လအတွင်း ဖမ်းဆီးခံရသူ ၃၀ ထက်မနည်း ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းက မြေပြင်ကင်းထောက်သတင်းတွေ ဖြန့်ဝေပေးနေတဲ့ Rangoon Scout Network - RSN ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြခဲ့တယ်။ အဲဒီဖမ်းဆီးခံရသူတွေထဲမှာ လူမြင်သူမြင် ကားလမ်းမဘေးရှိနေချိန်၊ သွားလာနေချိန် အဖမ်းခံရသူက ၂၆ ဦးတောင် ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာလည်း ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးခံရမှုဟာ လူ ၉၀ ထက်မနည်း ရှိခဲ့တယ်လို့ RSN က ဖော်ပြပါတယ်။
ဒီလ စက်တင်ဘာမှာတော့ ပိုဆိုးလာခဲ့ပါပြီ။ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်း မတရား ဖမ်းဆီးခံခဲ့ရသူအများအ
ပြားရှိခဲ့ပြီး မြို့နယ် ၁၀ မြို့နယ် မှ လူ ၃၈ ဦးရှိခဲ့တယ်လို့ RSN ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖမ်းဆီးခံရတဲ့စာရင်းတွေပြုစုထားတဲ့ RSN
က စစ်တပ်ရဲ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်သစ် စခါနီးကာလတွေမှာ ၎င်းတို့သတ်မှတ်လူစာရင်း အရေအတွက်ပြည့်မှီဖို့အတွက် လူစုဆောင်းပေးနေသူတွေက နည်းလမ်းမျိုးစုံနဲ့လူလိုက်ဆွဲနေလို့ အဲဒီကာလတွေဟာ ဖမ်းဆီးတာပိုများတယ်လို့ ဆိုပါတယ်။
လူလိုက်ဆွဲတဲ့အဖွဲ့တွေက နည်းလမ်းမျိုးစုံ သုံးပါတယ်။လမ်းပေါ်၊ လမ်းဘေး၊ ကားမှတ်
တိုင်တွေမှာ ကားပေါ်ဆွဲတင်တာ၊ လူငယ်တွေကို ဖုန်းတွေအိတ်တွေယူစစ်ပြီးဖမ်းတာ၊ အ
လုပ်နဲ့မျှားခေါ်တာ၊ မြို့ဝင်မြို့ထွက်တွေမှာ Database နဲ့ တိုက်စစ်ပြီး ဖမ်းတာ၊ ဧည့်စာ
ရင်းစစ်ပြီး ဖမ်းတာ၊ စစ်မှုထမ်းဖို့ အလှည့်ကျတယ်ဆိုပြီး အိမ်ထိလာဖမ်းတာ စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဖမ်းနေတယ်လို့RSN က ထုတ်
ပြန်ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးတွေ့တယ်ဆိုပြီးအမှုဆင်ဖမ်းကာ စစ်မှုထမ်းခိုင်းတဲ့ ဖြစ်
စဉ်တွေလည်း ရှိနေတယ်လို့ သိရတယ်။
လမ်းပေါ် လိုက်ဆွဲတဲ့ အဖွဲ့တွေထဲ ပျူအဖွဲ့၊ လူမိုက်အဖွဲ့၊ အုပ်ကြီးအဖွဲ့တွေအပြင် အရပ်ဝတ်လဲထားတဲ့ ရဲတွေ၊စစ်သားတွေလည်း ပါတတ်ကြောင်း၊ရဲယူနီဖောင်းဝတ်၊ စစ်ယူနီ
ဖောင်းဝတ်တွေလည်း တခါတခါတွေ့ရကြောင်း RSN က သတိပေးပါတယ်။
၎င်းတို့ ဆွဲထားတဲ့သူတွေထဲက ပိုက်ဆံတတ်
နိုင်သူပါပါက မိသားစုထံကနေ ငွေညစ်ကာ ပြန်လွှတ်ပေးတတ်တယ်။ ပိုက်ဆံတတ်နိုင်သူ မဟုတ်က တခြားလိုအပ်နေတဲ့အဖွဲ့တွေ (ရပ်ကွက်ခြား၊ မြို့နယ်ခြား၊ ပြည်နယ်/တိုင်းခြား) ထံ ပြန်ရောင်းစားကြတယ်။ စစ်မှုထမ်းသင်တန်းအတွက် လူပို့ဖို့ရက် အလွန်နီးကပ်နေပါက ပြန်ရွေးထုတ်ခွင့်ပင်မပေးတော့ပဲ လူစုဆောင်းတဲ့နေရာတွေကို ချက်ချင်းပို့တတ်တယ်လို့ RSN က ဖော်ပြပါတယ်။
ဒါကတော်လှန်ရေးဘက်က သတင်းဆိုတော့ ဟုတ်ပါ့မလားလို့ စစ်တပ်ထောက်ခံသူတွေ သံသယဝင်နိုင်ပါတယ်။ဒါဆိုကျနော်တို့ စစ်
တပ်ဘက်က ထွက်လာတဲ့သတင်းကို တချက်သွားကြည့်လိုက်ရအောင်ပါ။
သြဂုတ် ၂၅ ရက်က အင်းစိန်မြို့နယ်က အရံမီးသတ်အရာရှိ နေအိမ်မှာ အချုပ်ခန်းပြုလုပ်ပြီး လူငယ်တွေကို စစ်တပ်ဆီ ပြန် ရောင်းစားဖို့ ချုပ်နှောင်ထားတဲ့ မီးသတ်အရာရှိနဲ့ သူ့သ
မက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်က လူငယ်တွေကို ရန်ကုန်မှာ အလုပ်ရမယ်ဆိုပြီး လိမ်ခေါ်ကာ နေအိမ်မှာအချုပ်ခန်းလုပ်၊ ထိပ်တုံးခတ် ချုပ်နှောင်ထားပြီး စစ်တပ်ထံ ရောင်း
စားဖို့ စီစဥ်ခဲ့တာပါ။ အဲဒီနေ့က အချုပ်ခန်းမှာ ရောင်းစားဖို့ ချုပ်ထားတဲ့လူငယ် ၄ ဦးကို တွေ့တယ်လို့ သိရတယ်။ စစ်တပ်အပေါင်းအပါအုပ်ချုပ်သူတွေနဲ့ အဝေမတည့်ရာကနေ သ
တင်းထွက်လာလို့အဖမ်းပြတာလို့ သတင်း
ထွက်တယ်။ ရှေ့မှာ လူဘယ်နှစ်ယောက်တောင် ရောင်းစားပြီးပြီလဲဆိုတာ မသိရပါဘူး။
ရန်ကုန်မှာ လူငယ်တွေကို ဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေတာကို ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ဝန်ခံခဲ့ပါတယ်။ ရန်ကုန်မြို့၊ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ လူဖမ်းပြီး စစ်မှုထမ်းရောင်းစားသူတွေ ဆိုးရွားနေပြီး စက်တင်ဘာ ၄ ရက်နေ့ကပဲ ၎င်းရပ်ကွက်ထဲက လူငယ်တစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း ၎င်းအုပ်ကြီးက ပြောပါတယ်။

❤17😢6👍4👎1🔥1😁1🤬1🖕1
"၄ ရက်နေ့ကကျွန်တော့်ဘေးနားက အဆောင်မှာနေတဲ့ ကလေးလေးပေါ့နော်။ သူ့မိန်းမလေးက မွေးပြီးခါစလေး ရှိသေးတယ်။ အဲဒါကို အလုပ်အပြန်မှာ အတင်းကားပေါ် ဆွဲတင်သွားတယ်တဲ့။ ကလေးလေးက နေပြည်တော်ရောက်သွားပြီလို့ ကြားတယ်။ မနေ့က သူ့မိသားစုက ဖုန်းဆက်ပြီး လာပြောတယ်။ အလုပ်အပြန်မှာ လာပြီးတော့ဆွဲတင်သွားတယ်"လို့ ၎င်း စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ လူဖမ်းတဲ့အဖွဲ့တွေဟာ လူပြန်ပေးဆွဲဂိုဏ်းပုံစံဖြစ်လာနေပြီး တဖြည်းဖြည်းနဲ့ ဖောင်းပွပြီးတော့ လွန်လာပြီလို့ ၎င်းက ပြောပါတယ်။
အထက်ပါဖြစ်စဥ်တွေဟာ ရန်ကုန်အခြေ
အနေ တခုတည်း ရှိပါသေးတယ်။ မန္တလေးအပါအဝင် တခြားဒေသတွေမှာ အလားတူဖြစ်စဥ်တွေ အများအပြား ရှိနေပါသေးတယ်။
စစ်ကောင်စီက ကျင်းပတဲ့ (၁၄) ကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ဆိုတာဟာ စာရွက်ပေါ်နဲ့ အခမ်းအနားတွေမှာသာရှိပြီး၊ မြေပြင်မှာတော့ စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ ထောက်တိုင်တွေကိုယ်တိုင်က တရားဝင် လူကုန်ကူးသူတွေဆိုတာကိုဖြစ်စဉ်တွေက သက်
သေပြနေပါတယ်။ ။
#စစ်မှုထမ်း #ပစ #ပေါ်တာဆွဲ
#peoplesspring #ludunwayoo

❤19😢6👍3🤮2🖕2🔥1🤣1
■ရသစာတမ်းငယ်
ဇာတ်သိမ်းခါနီးမှ စ,သော ဇာတ်လမ်း
●ထွင်
စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အ
ပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်း
ကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ မိနစ်ပိုင်းလေးအတွင်းမှာပဲ လူမစုံတော့။ ထီးထီးကြီးရှိခဲ့သောအိမ်ကလေးက မီးလောင်ပြာကျသွားပြီ။ စည်ကားသိုက်မြိုက်ခဲ့သောရွာကလေးသည် ကျတ်ရွာကဲ့သို့ ပျောက်ဆုံးသွားပြီ။ လောကကြီးကို အဲဒီလို ပြောင်းလဲစေနိုင်သော စစ်အာဏာရှင်လက်ထက်။
ကျွန်ုပ်သည် ကျွန်ုပ်တို့ရွာက အဖြစ်အပျက်များကို "မေနေပူပူအောက်မှာ ပျော်ပျော်ကြီး စစ်ရှောင်ခဲ့ကြပြီးသည့်နောက်" အမည်ရှိ စာမူတပုဒ်ကိုစီပြီးနောက် ထိုနေ့မှာပဲ မဂ္ဂဇင်းတိုက်သို့ ပို့လိုက်သည်။ စစ်အာဏာရှင်၏ ဆိုးယုတ်မှုများကြောင့် တရွာလုံး စစ်ရှောင်ရသော အကြောင်းများကို စုံစုံစေ့စေ့ ရေးသားထား
သည်။ စာမူပို့အပြီး နောက်နေ့ ဇွန်ရက်နေ့တွင် လုံးဝ ထင်မှတ်မထားသော အဖြစ်
အပျက်များ ဖြစ်သွားခဲ့သည်။ မျက်စိတ်တမှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း။
ကျွန်ုပ်တို့ရွာအားစစ်အာဏာရှင်ကမီးလောင်
တိုက်သွင်းလိုက်ခြင်း။ အခုလို စာမူ ပို့ပြီးပြီးချင်း ဖြစ်ပျက်သွားသောကြောင့် မီးရှို့ခံလိုက်ရသောအကြောင်းကို စာမူထဲ ထည့်မရေးလိုက်ရတော့ပေ။ ဒါကြောင့်လည်း နောက်
ထပ်စာမူကို စီလိုက်ရသည်။
ကျွန်ုပ်တို့ရွာသည် ရန်သူ့တပ်စခန်းနှင့် အနီးဆုံးနေရာမှာရှိနေသည်။ရွာ၏အရှေ့မြောက်ဘက်မှာ စစ်တပ်အထိုင်ချစက်ရုံ။
ရွာ၏အနောက်မြောက်ဘက်မှာတော့ ပျူစောထီးရွာကြီး။ သို့သော်လည်း ကျွန်ုပ်တို့ရွာလေးသည် အာဏာသိမ်းသက်တမ်း ၅ နှစ်ကျော်အတွင်း မီးလောင်တိုက်သွင်းခြင်း မခံရသေး။ ရန်သူ့တပ်စခန်းနှင့်မနီးသော ကျွန်ုပ်တို့ရွာပတ်ပတ်လည်မှ ရွာများစွာသည်သာ အကြိမ်ကြိမ် မီးရှို့ခံခဲ့ရသည်။ ဒါကြောင့်လည်း တချို့က ပြောကြသည်။
"ခင်ဗျားတို့ရွာကလေးက ကွက်ပြီး ကံကောင်းနေတာပဲ" တဲ့။ ထို့ကြောင့်လည်း ကျွန်ုပ်တို့တရွာလုံးက မီးရှို့ခံလိုက်ရသော ကံကြမ္မာဆိုးမျိုး သည်တသက် ကြုံရတော့မည်မဟုတ်ဟု ယုံကြည်ထင်မှတ်နေခဲ့ကြသည်။ မကြာခင်အတွင်း တော်လှန်ရေးကြီးလည်း အောင်မြင်သွားလိမ့်မည်ဟု ယူဆထားခဲ့ကြသည်ကိုး။ ထို့ကြောင့် ဇာတ်သိမ်းခါနီးမှ စ,သော ဇာတ်
လမ်းကဲ့သို့ ကြုံလိုက်ရခြင်း ဖြစ်သည်။
"မေနေပူပူအောက်မှာ..." ဆောင်းပါးထဲကအတိုင်း ကျွန်ုပ်တို့တရွာလုံးသည် ခါတိုင်းလို့ စစ်ရှောင်ခဲ့ကြသည့်အတိုင်း အချိန်တန်လျှင် အိမ်ပြန်ကြရလိမ့်မည်ဟု တွေးမှတ်နေခဲ့သည်။ ရွာ့မြောက်ဘက် စစ်တပ်အထိုင်ချစက်ရုံတွင် အလုံးလိုက်အရင်းလိုက်ရောက်နေသော ရန်သူများသည်လည်း အချိန်တန် ပြန်သွားလိမ့်မည်ဟု ထင်မှတ်နေခဲ့သည်။ သည်တကြိမ်တော့ ထင်သလို လုံးဝ ဖြစ်မလာခဲ့ပေ။
အကြောင်းကား ရွာ့မြောက်ဘက်မှ စစ်တပ်အထိုင်ချ စက်ရုံဆီက ရန်သူသည် သရက်ကန်ပျူစောထီးရွာကို သိမ်းပိုက်ပြီးသွားသောအခါ သူတို့ အထိုင်ချစက်ရုံအား ဆက်
တိုက်သိမ်းပိုက်မည်ကို အလွန်အမင်း စိုးရိမ်နေဟန် ရှိသည်။ ရှေ့ရှေ့တွင် ပျူစောထီးရွာတရွာအား သိမ်းပိုက်လိုက်နိုင်လျှင် နောက်
ထပ်တရွာအား ဆက်တိုက် သိမ်းပိုက်နိုင် ခဲ့ကြသည့် အဖြစ်အပျက်များ ရှိခဲ့ဖူးသည်။
တကယ်တမ်းတွင် တော်လှန်ရေးသမားများ
သည် ကျွန်ုပ်တို့ရွာ မြောက်ဘက်မှ စစ်တပ်အထိုင်ချစက်ရုံအား သိမ်းပိုက်မည့်အစီအစဥ် မရှိသေးပေ။ အစီအစဥ်ရှိသည်က ရေပြာရွာနှင့် ကုက္ကိုစု ပျူစောထီးရွာဖြစ်သည်။ တကယ်လည်း ထိုနှစ်ရွာအား သိမ်းပိုက်နိုင်ခဲ့သည်။
ရွာ့မြောက်ဘက်မှာရှိတဲ့ စစ်တပ်အထိုင်ချစက်ရုံမှ ရန်သူများသည် သူတို့စက်ရုံအား သိမ်းပိုက်မည်ကို အလွန်အမင်း စိုးရိမ်နေဟန်ရှိရကား သရက်ကန်ရွာအားသိမ်းပိုက်ပြီး နောင်နေ့တွင် စစ်ကူများကို လေယာဥ်နှင့်လာချသည်။ရောက်ရောက်ချင်း တော်လှန်ရေး
သမားများ မချဥ်းကပ်လာမီ အလျင်ဦးဆုံး စက်ရုံပတ်ပတ်လည်အနှံ့ ဒရုန်းမိုးများ ကြဲချသည်။ ကျွန်ုပ်တို့ရွာထဲအထိပင်လာချသည်။ ထို့ကြောင့် ရဲဘော်နှစ်ဦးနှင့် ပြည်သူတဦး ကျဆုံးခဲ့ရသည်။
ရန်သူသည် ဒရုန်းနှင့်အမြဲလိုလို စောင့်ကြည့်နေခဲ့သည်။ နေ့စဥ်ရက်ဆက် စောင့်ကြည့်နေသည်။ တယောက်ယောက်ကို တွေ့လျှင်
ဒရုန်းနှင့်ကြဲချပြီး တိုက်ခိုက်တတ်သည်။
ဒရုန်းကြောင့် ကျွန်ုပ်တို့ရွာထဲက ရဲဘော်နှင့် ပြည်သူအပါအဝင် တခြားနေရာများထံမှ ရဲဘော်များလည်း နှစ်ကြိမ် ကြဲချခံရရာ စုစုပေါင်း သုံးကြိမ်ကြောင့် ရဲဘော်များ ကျဆုံးခဲ့ရသည်။
ထို့ကြောင့် တော်လှန်ရေးသမားများက ဒရုန်းများကို အမြဲစောင့်ကြည့်ထောက်လှမ်းနေပြီး ပြည်သူများကို ကွင်းပြင်သို့ မထွက်ရန်၊ အိမ်ထဲ သို့မဟုတ် သစ်ပင်အောက်တွင်သာနေရန် ကြီးကြပ်သတိပေးနေရသည်။ ပြည်သူများလည်း ဒရုန်းရန်ကြောင့် အကျအဆုံးများသည့်အဖြစ်များကို ကြားသိနေရရာ အလွန်အ

❤15👍7🖕3🤮2
မင်း ကြောက်ရွှံ့ ထိတ်လန့်နေကြပြီး ကွင်းပြင်သို့ မထွက်ဝံ့ကြတော့ပေ။ တခြားရွာများမှ တောင်သူယာသမားများသည် မနေ့တနေ့က မိုးများ ရွာထားသဖြင့် စိုက်ပျိုးချိန် တန်နေသော်လည်း ဒရုန်းရန်ကြောက်ရသဖြင့် ယာထဲ မဆင်းရဲကြတော့ပေ။
ကျွန်ုပ်သည် စစ်ရှောင်ရင်း အားအားရှိနေသဖြင့် စစ်ရှောင်အတွေ့အကြုံများကို “မေနေပူပူအောက်...” ခေါင်းစဥ်နှင့် ရေးနေခဲ့သည်။ ရေးပြီးသောအခါ အတူစစ်ရှောင်များကို ဖတ်ပြသည်။ စစ်ရှောင်များက သဘောကျကြသည်။ ထိုညမှာပဲ စာမူကို တော်လှန်ရေးစာစောင်သို့ ပို့လိုက်သည်။
နံနက်ရောက်တော့ အိပ်ယာထထချင်း သ
တင်းဆိုးများကို ကြားလိုက်ရသည်။ ကျွန်ုပ်တို့နယ်မြို့၏ ဖေ့ဘုတ်ပေ့ချ်တွင် ကျွန်ုပ်တို့ရွာအား မီးရှို့နေပြီဆိုသောသတင်း တင်ထားကြောင်း တွေ့ရသည်ဆို၏။ ထို့ကြောင့် စစ်ရှောင်များသည် မိမိတို့အိမ် ပါမပါ မသိရသေးသော်လည်း ငိုကြသည်။ ရင်ထုမနာ ဖြစ်ရသည်။ အာဏာသိမ်းသူ မင်းအောင်လှိုင်ကို ဆဲကြသည်။
မိမိတို့သည် နောက်ဆုံးတွင် အိုးမဲ့အိမ်မဲ့ဘဝသို့ ရောက်သွားပြီဆိုတာကို သိလိုက်ကြရသည်။ နောင်ရေးကို တွေးပူကာ စိတ်ဓာတ်တွေ ပြိုလဲကုန်ကြသည်။ ဘယ်မှာ နေရတော့မည်လဲ။ အဘယ်အရပ်မှာ အခြေချ ကြရတော့မည် လဲ။ ဘာလုပ်စားကြရမည်လဲ။ ပြန်စရာ ရွာလည်း မရှိတော့။ ရွာပြန်လို့ရလျှင်တောင် အိမ်မရှိတော့။ ဘယ်လိုများ ရှင်သန်ရပ်တည်ကြရပါ့။
ကျွန်ုပ်ကတော့ မြန်မာပြည်သူတရပ်လုံးသည် ခြင်းထဲကကြက်တွေလို ဘဝများ ကြုံနေကြရမည်မှန်း သိသဖြင့် တနေ့နေ့တွင် ကိုယ့်အလှည့် ကျရောက်လာလျှင် ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားခဲ့သဖြင့် အထူးတလည် ဝမ်း
နည်းမနေခဲ့မိပါ။ ကံကောင်းသည်ကား မီးရှို့ခံရသော အိမ်ခြေစာရင်းများ ထွက်လာသည့်အခါ ကျွန်ုပ်တို့ အိမ်လေးသည် ကံကောင်းပြီး ကွက်ကျန်ခဲ့သည်။ တခုပဲ စိတ်ထဲ စနိုးစနောင့် ဖြစ်သွားသည်။ မနေ့ညက ပို့လိုက်သော စာမူထဲတွင် မီးရှို့ခံလိုက်ရသော အကြောင်းများကို ထည့်ရေးခွင့် မရလိုက်ခြင်းကိုပင်။ တညလောက်စောင့်ပြီးမှ ပို့လိုက်လျှင် အကောင်းသားဟု တွေးနေခဲ့သည်။
ရန်သူသည် အင်မတန်မှ ရက်စက်လှသည်။ ကျွန်ုပ်တို့တရွာလုံးကို ရွာလုံးကျွတ် မီးရှို့ခဲ့သည့် အရိပ်အယောင်များကို တွေ့ခဲ့သည်။ အဓိက လောင်ကျွမ်းသော အိမ်များသည် ရွာအစပ်မှ အိမ်များနှင့် ရွာလယ်တည့်တည့်မှ အိမ်များဖြစ်သည်။ တအိမ်ခြား၊ သုံးအိမ်ခြားပြီး ရှို့သည်။ ဤသည်မှာ ရွာလုံးကျွတ် မီးကူးပြီး လောင်ကျွမ်းစေရန် ရည်ရွယ်ခြင်းဖြစ်
သည်။ အင်မတန်မှ ယုတ်မာအောက်တန်းကျလှသည်။
ရွာ၏ အဖြစ်အပျက်ကြောင့် တရွာလုံး၏ စိတ်ဓာတ်တို့သည် ပြိုလဲကုန်ကြပြီ။ သည်တကြိမ် စစ်ရှောင်ကြရခြင်းသည် အလွန်ရှည်
လျားမည်မှန်း သိနားလည်သွားကြတော့
သည်။ ရွာ့မြောက်ဘက် စစ်တပ်အထိုင်ချစက်ရုံမှ ရန်သူ အလုံးလိုက်အရင်းလိုက်သည် လွယ်လွယ်ပြန်ကြတော့မည်မဟုတ်မှန်းလည်း သိနားလည်သွားကြပြီ။
သူတို့နေရာအား သိမ်းပိုက်မည်ကိုစိုးရိမ်ပြီး အင်အားများသာ ထပ်တိုးလာကြလိမ့်မည်။ တော်လှန်ရေးသမားများ နောက်တကြိမ် သိမ်းမည့်နေရာသည် ထိုနေရာမဟုတ်ဘဲ တွင်းမပျူစောထီးရွာဖြစ်နေလျှင် ကျွန်ုပ်တို့တရွာလုံးသည် ယခု သရက်ကန် ပျူစောထီးရွာအား သိမ်းလိုက်ခြင်းကြောင့် ဖြစ်လာသော ဖြစ်ရပ်များကဲ့သို့ ဖြစ်လာလိမ့်မည်မှန်း သိနားလည်နေကြပြီ။ ထို့ကြောင့် တွင်းမပျူစောထီးရွာနှင့် ရွာ့မြောက်ဘက်မှ စစ်တပ်အထိုင်ချစခန်းများအား သိမ်းပိုက်မပြီးမချင်း ရွာသို့ လုံးဝ ပြန်လည်အခြေချလို့ရမည်မဟုတ်ဟု ယုံကြည်လိုက်ကြတော့သည်။
ဒါ့ကြောင့်လည်း စိုက်လက်စ ယာတို့သည် ပြီးဆုံးအောင် မစိုက်ကြရတော့ပေ။ စိုက်ပြီးသမျှ ယာတို့လည်း ပြုစုသူ မရှိတော့ဘဲ အလဟဿ ဖြစ်ကုန်ရပြီ။ ပေါင်းမြက်များ ထူထဲပြီး တောရိုင်းကြီးဖြစ်တော့မည်မှာ အသေအခြာပင်။ တောင်သူအတော်များများ လှည်းနှင့် နွားများကို ရောင်းပစ်လိုက်ကြပြီ။ တောင်ယာမလုပ်ရဘဲ ဘယ်သူက နွားများကို အပင်ပန်းခံ လုပ်ကျွေးနိုင်တော့မည်လဲ။
တချို့သည် မြို့သို့ တက်ကုန်ကြတော့၏။ မြို့မတက်နိုင်သူတို့ကား ရောက်ရာအရပ်မှာ တဲကလေးထိုးပြီး ဖြစ်သလိုနေကြရတော့မည်။ တရွာတည်းမှာ စုစုစည်းစည်း နေခဲ့ကြသော ရွာသူ ရွာသားတို့သည် နေရာကိုယ်စီများမှာ ကွဲကွဲကွာကွာ၊ ခွဲခွဲခွာခွာ နေကြရတော့မည်။ အိမ်နီးချင်းများသည် အလျင်လို စကားလက်ဆုံ မကျနိုင်ကြရတော့။ ဪစစ်အာဏာရှင်လက်ထက်မှာ ကျွန်ုပ်တို့ ရွာက
လေးသည် အဘက်ဘက်ကနေ ဒုက္ခအဖုံဖုံ ပြောမဆုံးပေါင် တောသုံးထောင် ကြုံရပြီး စိစိညက်ညက် ကြေခဲ့ရလေပြီတကား။ ။
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'ထွင်'ရဲ့"ဇာတ်သိမ်းခါနီးမှစသောဇာတ်လမ်း” ရသစာတမ်းငယ်ကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,324 likes · 626 talking about this. News & media website
❤23👍13🤮2🖕1
စစ်တပ်ထုတ်ပြန်ချက်ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့ဦးကျော်မိုးထွန်းပြော
စက်တင်ဘာ-၁၃၊၂၀၂၆။သော်မွန်/Peopel’s Spring
ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်
စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်
အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်
မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကစလို့ ကုလ
သမဂ္ဂမှာ ကိုယ်စားပြုခွင့် မရရှိတဲ့ အာဏာ
သိမ်းစစ်တပ်ဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို နေရာကနေဖယ်ရှားဖို့ နှစ်စဥ်ကြိုး
ပမ်းခဲ့သလို ဒီနှစ်မှာလည်း သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ လုပ်ဆောင်ချက်တွေဟာ တရားမဝင်ဘူးလို့ စက်တင်ဘာ ၁၃ ရက်စွဲနဲ့ ထပ်မံသတင်းထုတ်ပြန်လာခဲ့တာပါ။
အာဏာသိမ်းစစ်တပ်ဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ဖို့အထိ လူငှားရမ်းလုပ်ဆောင်ခဲ့သလိုအဲဒီလုပ်ရပ် မ
အောင်မြင်တဲ့နောက်ပိုင်းမှာလည်းနည်းလမ်း
ပေါင်းစုံသုံးပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ ကုလသမဂ္ဂထိုင်ခုံကနေသံအမတ်ကြီးကို ဖယ်
ရှားဖို့ လုပ်ဆောင်ခဲ့တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းကပြောပါတယ်?
“စစ်အုပ်စုက တရားစွဲဆိုမှုတွေအပါအဝင် ပုံစံအမျိုးမျိုး နဲ့ ဒီအဖွဲ့ရုံးလုပ်ငန်းလှည်ပတ်မှု ရပ်အောင် လုပ်နေတာတွေရှိတယ် ဆိုတာလည်း ဖြေခဲ့တာရှိတာရယ်၊အဖွဲ့ရုံး လည်ပတ်နိုင်ဖို့ အဖွဲ့ရုံးငွေကြေးသုံးစွဲမှု အကြမ်းဖျဉ်းကို ဖြေ
ကြားခဲ့ဖူးတာတွေ ရှိပြီဖြစ်လို့ ထပ်ပြီး ပြောစရာ မရှိသေးပါဘူး။ အခုဟာကိုကြည့်ရင် စစ်အုပ်စု Desparation (ကြံရာမရ)ဘယ်
လောက် ဖြစ်နေပြီလဲ ဆိုတာ ပြနေတာပါပဲ”လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။
ဒီမိုကရေစီနည်းကျရွေးကောက်ခံအရပ်သားအစိုးရNLDအစိုးရလက်ထက်မှာကုလသမဂ္ဂ
ဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအ
မတ်ကြီးအဖြစ် ၂၀၂၀ ခုနှစ်မှာ ခန့်အပ်ခံခဲ့ရတဲ့ ဦးကျော်မိုးထွန်းဟာ ၂၀၂၁ စစ်အာဏာ
သိမ်းမှုကို ဖေဖော်ဝါရီလထဲမှာပဲ ကုလသမဂ္ဂစင်မြင့်ကနေ ကန့်ကွက်ရှုတ်ချကြောင်း ကမ္ဘာသိ မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာပြည်သူ
လူထုနဲ့အတူ ရပ်တည်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်တာမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုက တရားမဝင် စစ်အာဏာသိမ်းခဲ့တဲ့အချိန်မှ စတင်၍ မြန်မာပြည်သူ လူထုတစ်ရပ်လုံးအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုများ၊ ချိုးဖောက်ခဲ့တဲ့ ကြီး
လေးသော ရာဇဝတ်မှုများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမဆန်မှုများ၊ နိုင်ငံ
တကာရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ ရှောင်တိမ်းနေခြင်းများနဲ့ ပြည်သူအများ ကြုံ
တွေ့ခံစားနေရမှု စသည်တို့ကို အလေးအနက်အထား ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပါတ်က(၈၁)ကြိမ်မြောက် ကု
လသမဂ္ဂအထွေထွေ ညီလာခံရဲ့ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးနဲ့ ဖွင့်ပွဲအခမ်း
အနားကို ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့ရာ သံအမတ်ကြီးဦးကျော်မိုးထွန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။အဲဒီနေ့မှာပဲ(၈၁)ကြိမ်မြောက်ကု
လသမဂ္ဂအထွေထွေညီလာခံမှာ အဖွဲ့ဝင်နိုင်ငံများရဲ့ ကိုယ်စားလှယ်များကို စိစစ်မယ့် Credentials Committee ကိုဖွဲ့စည်းခဲ့ပါတယ်။
အဲဒီလို Credentials Committee ကို ဖွဲ့စည်းအပြီးမှာ အာဏာသိမ်းစစ်တပ်က ဦးကျော်မိုးထွန်းကို အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးအဖြစ်ကနေ ထုတ်ပယ်ပြီးဖြစ်ကြောင်းနဲ့ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအတွက် တရားစွဲဆိုဖမ်းဝရမ်းထုတ်ထားကြောင်းထုတ်
ပြန်လာခဲ့တာပါ။စစ်တပ်လက်အောက်ခံ
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဦးကျော်မိုးထွန်းကို တရားခံပြေးအဖြစ် ကြေညာထားပြီး နိုင်ငံတကာရဲတပ်ဖွဲ့
(INTERPOL)၊ အမေရိကန်ရဲတပ်ဖွဲ့တို့နဲ့ ချိတ်ဆက်အရေးယူနိုင်ရေး သံတမန်ရေးလမ်းကြောင်းကနေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ခြိမ်းခြောက်ထားပါတယ်။
#သံအမတ်ကြီးဦးကျော်မိုးထွန်း
#ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် #peoplesspring #ps
#စစ်အုပ်စု

❤46👍12🤣3🥰1👏1🤮1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(စက်တင်ဘာ ၁၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
■စစ်အုပ်စုအနေနဲ့ ကြံရာမရဖြစ်နေတယ်
လို့ဦးကျော်မိုးထွန်းပြော

ပမ်းခဲ့သလို ဒီနှစ်မှာလည်း သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ လုပ်ဆောင်ချက်တွေဟာ တရားမဝင်ဘူး ၊တရားခံပြေးဖြစ်တယ်လို့ထုတ်ပြန်ပြီးနိုင်ငံတကာရဲတပ်ဖွဲ့(INTERPOL)၊ အမေရိကန်ရဲတပ်ဖွဲ့တို့နဲ့ ချိတ်ဆက်အရေးယူနိုင်ရေးသံတမန်ရေးလမ်းကြောင်းကနေဆက်
လက်ဆောင်ရွက်နေတယ်လို့ ခြိမ်းခြောက်ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ဖို့အထိ လူငှားရမ်းလုပ်ဆောင်ခဲ့သလိုအဲဒီလုပ်ရပ် မ
အောင်မြင်တဲ့နောက်ပိုင်းမှာလည်းနည်းလမ်း
ပေါင်းစုံသုံးပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ ကုလသမဂ္ဂထိုင်ခုံကနေသံအမတ်ကြီးကို ဖယ်
ရှားဖို့ လုပ်ဆောင်ခဲ့ပါတယ်။“စစ်အုပ်စုက တရားစွဲဆိုမှုတွေအပါအဝင် ပုံစံအမျိုးမျိုး နဲ့ ဒီအဖွဲ့ရုံးလုပ်ငန်းလှည်ပတ်မှု ရပ်အောင် လုပ်နေတာတွေရှိတယ် ဆိုတာလည်း ဖြေခဲ့တာရှိတာရယ်၊အဖွဲ့ရုံး လည်ပတ်နိုင်ဖို့ အဖွဲ့ရုံးငွေကြေးသုံးစွဲမှု အကြမ်းဖျဉ်းကို ဖြေ
ကြားခဲ့ဖူးတာတွေ ရှိပြီဖြစ်လို့ ထပ်ပြီး ပြောစရာ မရှိသေးပါဘူး။ အခုဟာကိုကြည့်ရင် စစ်အုပ်စု Desparation (ကြံရာမရ)ဘယ်
လောက် ဖြစ်နေပြီလဲ ဆိုတာ ပြနေတာပါပဲ”လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။
◾️စမ်းချောင်း Bar 4 U မီးလောင်အမျိုးသားနှစ်ဦး သေဆုံး
ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar 4 U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသားနှစ်ဦးသေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တွေကပြောပါတယ်။ စက်တင်ဘာ ၁၃ည ၈ နာရီကျော်မှာ စမ်းချောင်းလမ်းမှာရှိတဲ့ Bar 4 U ဆိုင်မှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး နာရီဝက်လောက် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့ကဆိုပါတယ်။ မီးလောင်မှုမှာ ဓါတ်ငွေ့အိုးပေါက်ကွဲတာတွေရှိခဲ့ပြီး ဘေးဆိုင်တွေကိုလည်း ကူးစက်တာတွေရှိတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။မီးလောင်ချိန် ဆိုင်အပေါ်ထပ်မှာ လူတွေကျန်သေးကြောင်း ပြောနေတာကို တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်တွေမှာတွေ့ရပါတယ်။
◾️စစ်တွေတိုက်ပွဲအထိနာနေတဲ့ စစ်တပ်က ပုဏ္ဏားကျွန်းကို ဗုံးထပ်ကြဲ၊ ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ
အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ်ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်း
ကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ နေ့လယ် ၁၂ နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာ ၁စီးနဲ့ ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စေတီ ရင်းရွာထဲမှာ ၁လုံးနဲ့ ဦးရာဇ် တောင်ချောင်းထဲမှာ ၁လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသွားသူတွေဟာ ဒေါ်စိုးစိုးနဲ့ ဦးစိုးစိုးတို့ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရသွားသူတွေကတော့ မဖြူထွေး၊ ဒေါ်ဦးကျော့စိန်နဲ့ ဦးအောင်ဝင်းမောင်တို့ဖြစ်ပါတယ်။ ဒီနေ့ မနက်အစောပိုင်းကလည်း ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ်နေရာတွေကို ဗုံးကြဲတိုက် ခိုက်ခဲ့ပါသေးတယ်။
◾️ဗန်းမော်ကဆင်းလာတဲ့စစ်သင်္ဘော၆စီးကိုKIAထပ်မံတိုက်ခိုက်၄စီးနစ်မြုပ်၂စီးမီး
လောင်
ကချင်ပြည်နယ် ၊ဗန်းမော်မြို့ကနေဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘော ၆ စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦးဆောင်တဲ့ပူးပေါင်းတပ်က ဒီကနေ့မှာထပ်မံ ကြားဖြတ်တိုက်ခိုက်တာမှာ ၄ စီးနှစ်မြှပ်သွားပြီး ၂ စီးမီးလောင်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
စက်တင်ဘာ ၁၃ရက် မနက်မှာ ဗန်းမော်မြို့ကနေ ရွှေကူမြို့ဘက်ကိုလာတဲ့ စစ်တပ်ရဲ့သင်္ဘောတွေကို စာ၀တီးရွာနဲ့ မြလယ်ရွာကြားမှာ KIA ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ခိုက်ခံရပြီး သင်္ဘောတွေ မီးလောင်နေတဲ့၊ နစ်မြုပ်စပြုနေတဲ့ မြင်ကွင်းတွေပါတဲ့ ရုပ်သံမှတ်တမ်း ၂ခုကိုလည်း စစ်ရေးသတင်းရင်းမြစ်က ပြသပါတယ်။
◾️စစ်မျက်နှာ ၁၅ခုလောက်က စစ်တပ်ထိုးစစ် ဦးကျိုးသွားပါက စစ်ရေးချိန်ခွန်လျှာအပြောင်းအလဲကြီးကြုံမယ်လို့ ယုံကြည်ထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးပြော

👍23❤8🖕2🔥1👏1
အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာကြီးမားတဲ့ အလှည့်
အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ရက်ညပိုင်းမှာ ဖော်ပြခဲ့တဲ့ ဝန်ကြီး ဦးရည်မွန်နဲ့ ဦးမင်းကိုနိုင်တို့ရဲ့ “အောင်စိတ်နဲ့ နင်းတဲ့မြေဟာ အောင်
မြေဖြစ်တယ်”အမည်ရှိ ပစ(ပြည်သူ့စစ်) အ
ရေး၊ စစ်ရေး၊ တော်လှန်ရေးအပြန်အလှန် စကားစုစည်းမှု အစီအစဉ်မှာ ဝန်ကြီးက အခုလို ပြောကြားခဲ့တာပါ။
◾️KNU တပ်မဟာ(၃)နယ်မြေက ကျေးရွာကို စစ်တပ်ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၆ဦးသေဆုံး၊ ၈ဦး ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်
မဟာ(၃)နယ်မြေညောင်လေးပင်ခရိုင်အတွင်း
ရှိ ဘုတ်ဆုတ်ခင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ အ
များအပြားသေဆုံးထိခိုက်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဖြူးမြို့နယ် ဘုတ်ဆုတ်ခင်ရွာ(KNUအုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မူးမြို့နယ်အတွင်းရှိကျေးရွာ) ကို စစ်တပ်က စက်တင်ဘာ ၅ရက်မှာ ဒရုန်းနဲ့ ၂ကြိမ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဖြူးမြို့နယ် တံခွန်တိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ဘုတ်ဆုတ်ခင်ကျေးရွာကို ဒရုန်းနဲ့ ၂ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ ၁နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၆ဦးသေဆုံးခဲ့ရတာလို့ ဆိုပါတယ်။ ဒါ့အပြင် ကလေးငယ် ၃ဦးအပါအဝင် ၈ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ဖော်ပြပါတယ်။ စစ်တပ်ဟာ နိုင်ငံတဝန်း အရပ်သားပြည်သူတွေကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အကြမ်းဖက်တိုက်ခိုက်တာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်မှု ဆိုင်ရာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေကြောင်းလည်း KNUက ထုတ်ပြန်ပါတယ်။
◾️မိုးဗြဲမြို့အနီး စစ်တပ်စစ်ကြောင်းထိုးလာပြီး တိုက်ပွဲပြန်ဖြစ်နေ
ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။မိုးဗြဲမြို့ကနေ အနောက်ဘက်ခြမ်း လွယ်ယင်းတောင်ခြေကို စစ်တပ်က စစ်ကြောင်းထိုးလာတာဖြစ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ကြိမ်အပါအ၀င် ၃လအတွင်း စစ်တပ်ရဲ့ ထိုးစစ်ဆင်မှု ၄ကြိမ်ရှိခဲ့ပါတယ်။ ၃ကြိမ်မှာ ထိခိုက်သေဆုံးမှုတွေကြောင့် စစ်တပ်ဟာ မိုးဗြဲမြို့ကို ပြန်ဆုတ်ခွာခဲ့ရပါတယ်။
◾️အကျဉ်းထောင် ၁၃ခုမှာ နိုင်ကျဥ်းနဲ့ မိသားစုဝင်တွေထံက ငွေကြေးခေါင်းပုံဖြတ်တာ၊ ဆေးဝါးကန့်သတ်တာ လုပ်နေ
အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်း
ပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်
သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတဝန်းက အကျဉ်း
ထောင် ၁၃ ခုမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေဆီ ပေးပို့တဲ့ တရား
ဝင် ဈေးဘားသွင်းငွေတွေနဲ့ ထောင်ဝင်စာပါဆယ်တွေကို ထောင်အာဏာပိုင်တွေက နည်းလမ်းမျိုးစုံနဲ့ မတရား ငွေကြေးကောက်ခံတာ၊ ခေါင်းပုံဖြတ်တာ၊ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ဖြစ်ပွားနေတယ်လို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးပါတယ်။တရားဝင်စျေးဘားကနေ ငွေသွင်းယူရာမှာ အကျဉ်းထောင်အာဏာပိုင်တွေက ငွေပမာဏပေါ်မူတည်ပြီး ၂ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်
နှုန်းအထိ ဖြတ်ယူနေပြီး အိုးဘိုအကျဉ်း
ထောင်၊ မိတ္ထီလာအကျဉ်းထောင်နဲ့ တောင်ငူအကျဉ်းထောင်တွေဟာ မတရားငွေကြေး ကောက်ခံမှုနဲ့ခေါင်းပုံဖြတ်မှုတွေ အဆိုးရွားဆုံးဖြစ်ပေါ်နေကြောင်း PPNMက အသိပေးပါတယ်။
◾️KIA စစ်သည်တွေကို NUG ဂုဏ်ပြုဘွဲ့ချီးမြှင့်မှု ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်
ထွန်းရေး တန်ဖိုးမဖြတ်နိုင်တဲ့အခြေခံအုတ်
မြစ်ဖြစ်ဟု KIO စာပို့
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုး သားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ် ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်
မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။၂၀၂၄ မေလက အသဲရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း အပါအဝင် KIA စစ်သည်တော် ၁၃ဦးကို NUGက ဂုဏ်ပြုဘွဲ့နဲ့ ဆုတံဆိပ်တွေပေးအပ်ခဲ့တဲ့အပေါ် KIO ဗဟိုကော်မတီက ကျေးဇူး

👍25❤3🖕2🔥1👌1
တင်ကြောင်း NUGထံ စာပို့ခဲ့တာကို KIO/KIA သတင်းပြန်ကြားရေးဌာနကစက်တင်ဘာ ၁၂
ရက်မှာသတင်းဖော်ပြခဲ့တာပါ။ဒုဗိုလ်ချုပ်
ကြီးခေါင်လွမ်းဟာKIO/KIA စစ်ဦးစီးချုပ်အဖြစ်တာဝန်ယူခဲ့သလိုNUGကာကွယ်
ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသကို ဦးဆောင်တည်ထောင်ကာ စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့ပြီး အောင်ပွဲများစွာ ထိန်းချုပ်နယ်မြေများစွာရရှိအောင် ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
◾️ချင်းတောင်ပိုင်း စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်း ဆောမြို့ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ဟု ပကဖ ပြော
ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။ အင်အား ၃၀၀ ၀န်းကျင်ပါတဲ့စစ်ကြောင်းက လောင်းရှည်-တောင်ဘို့ကြီး-သီးကုန်းလမ်းအတိုင်း ဆောမြို့ကို မနေ့က(စက်တင်ဘာ ၁၂ ရက်) နေ့က ဦးတည်လာတယ်လို့ သိရပါတယ်။လက်ရှိမှာ တိုက်ပွဲမဖြစ်သေးပေမယ့် အချိန်မရွေးရှိလာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။အဲဒီအင်အားတွေက ဆောမြို့နဲ့ ၁၂ မိုင်၀န်းကျင် အကွာမှာရှိတဲ့ ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့ကို စစ်ကူဖြည့်လိမ့်မယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။
◾️မြဝတီမြို့ ၃နေရာကားမိုင်းပေါက်ကွဲမှု စစ်တပ်လက်ချက်လို့ ကရင်စစ်ရေးသတင်းရင်းမြစ် ပြော
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မနေ့ည ၁နာရီကျော်ချိန်မှာ မြဝတီမြို့ ရဲစခန်းအနီးမှာ ဗုံး ၁လုံး၊ ရေပူမီးပွိုင့်အနီးမှာ ဗုံး ၁လုံး၊ အမှတ်(၂)ချစ်ကြည်ရေးတံတား အနီးမှာ ဗုံး ၁လုံး စတဲ့ နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ စုံစမ်းသိရပါတယ်။ မြဝတီမြို့ နေရာ၃ ခုမှာ ကားမိုင်းပေါက်ကွဲတဲ့ဖြစ်စဉ်ဟာ တိုင်းရင်းသားလက်
နက်ကိုင်တွေနဲ့ တော်လှန်ရေးရေးအဖွဲ့အစည်းတွေရဲ့ လက်ချက်မဟုတ်လို့ စုံစမ်းသိရတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

👍31❤4💩2🖕2🥰1