People's Spring
60K subscribers
71K photos
1.23K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ငွေပိုရပြီး စိုက်ပျိုးရတာ စိတ်ချရတယ်လို့ ယူဆကြပါတယ်။ဘိန်းခြောက် တစ်ဟက်တာ ထွက်ရှိမှုဟာကော်ဖီထက် ၃ ဆလောက် ဝင်
ငွေပိုမိုရရှိနိုင်ပါတယ်။

ထိုင်းနိုင်ငံဟာ ၁၉၅၈ ခုနှစ်ကတည်းက ဘိန်းစိုက်ပျိုးမှုကို ပိတ်ပင်ခဲ့ပေမဲ့ တောင်ပေါ်ဘိန်းစိုက်ခင်းတွေ ပျောက်ကွယ်သွားဖို့ နှစ်ပေါင်း ၅၀ နီးပါး အချိန်ယူခဲ့ရပါတယ်။ အောင်မြင်ရတဲ့ အဓိကအကြောင်းရင်း ကတော့ ထိုင်းနိုင်ငံမှာငြိမ်းချမ်းရေး၊အုပ်ချုပ်ရေးစနစ်နဲ့ငွေကြေး
အရင်းအမြစ်တွေ ရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အခုအချိန်အထိ အဲဒီအရာနှစ်ခုလုံး မရှိသေးပါဘူး။ နိုင်ငံတဝန်းဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်၊ ဆင်းရဲမွဲတေမှုနဲ့ အုပ်ချုပ်သူအာဏာပိုင်အဖွဲ့များအပြင် ၎င်းတို့နှင့် ဆက်နွယ်နေတဲ့ အင်အားစုများရဲ့ ပါ
ဝင်ပတ်သက်မှုတွေကြောင့် ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးကွန်ရက်တွေ ဘယ်အထိ ဆက်လက်ကျယ်ပြန့်လာမလဲဆိုတာဟာ မြန်မာနိုင်ငံအတွက်သာမက အိမ်နီးချင်းနိုင်ငံတွေ အတွက်ပါ ကြီးမားတဲ့ စိုးရိမ်စရာတစ်ခုအဖြစ် ဆက်ရှိနေပါတယ်။

ကိုးကား -

• The Economist
• United Nations Office on Drugs and Crime (UNODC) Myanmar Opium Survey
• International Crisis Group (ICG)
17👍7🔥3👎1🤬1🖕1
13👍7👎3🔥3🤣1
ဂျပန် ခေါက်ဆွဲဆိုင်ပိုင်ရှင်နဲ့ လုပ်ခလစာ အငြင်းပွားမှုမှာ မြန်မာဝန်ထမ်းကို ဂျပန်တရားရုံး အနိုင်ပေး

ဆိုင်ရှင်နဲ့ မြန်မာ ဝန်ထမ်းကြား လုပ်ခလစာကိစ္စ အငြင်းပွားမှုမှာ ဂျပန်တရားရုံး တစ်ခုက ဝန်ထမ်း အမျိုးသမီးဖက်ကနေ ရပ်တည်ပေးခဲ့ပါတယ်။

တိုကျိုမြို့တော်မှာရှိတဲ့ ခေါက်ဆွဲဆိုင်ဟာ သူ့ရဲ့ လုပ်ခလစာ အများအပြားကို ဖြတ်တောက်လျှော့ချခဲ့ကြောင်း တရားရုံးမှာ မြန်မာ အမျိုးသမီးက တိုင်တန်းခဲ့ပြီး အခုတော့ တရားရုံးက သူ့ကို အနိုင်ပေးခဲ့တာပါ။ တရားရုံး စီရင်ချက်မှာတော့ အလုပ်ရှင်ဟာ ယန်း ၁ သန်း၊ တစ်နည်းအားဖြင့် ဒေါ်လာ ၆၅၀၀ လောက် အမျိုးသမီးဆီ ပေးရမယ်လို့ ညွှန်ကြားထားခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ တိုကျိုခရိုင် တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်မှာတော့ ခေါက်ဆွဲဆိုင်ရဲ့ လုပ်ခလစာ ဖြတ်တောက် လျှော့ချမှုဟာ တရားမဝင်ကြောင်းနဲ့ အဲဒီလို ဖြတ်တောက် လျှော့ချမှုတွေက ဝန်ထမ်း အမျိုးသမီးအတွက် အကြီးအကျယ် နစ်နာစေခဲ့ကြောင်း ဖော်ပြထားပါတယ်။

အသက် ၃၀ အရွယ် အမျိုးသမီးဟာ ကျွမ်းကျင်လုပ်သား လက်ခံရေး အစီအစဉ်အရ မနှစ်က ဇန်နဝါရီလမှာ ဂျပန်ကို ရောက်လာခဲ့သူလို့ ဆိုပါတယ်။ အဲဒီနှစ် ဖေဖော်ဝါရီလမှာ နာရီပေါင်း ၁၅၀ ကျော် အလုပ်လုပ်ခဲ့တဲ့နောက် ဆိုင်ဖက်က ကုမ္ပဏီ အိမ်ရာကြေးစတဲ့ ကုန်ကျစရိတ်တွေ အကြောင်းပြပြီး သူ့ရဲ့ လုပ်ခလစာတွေကို လျှော့ချ နုတ်ယူခဲ့ကြောင်း အမျိုးသမီးက တရားရုံးကို တိုင်ကြားခဲ့ပါတယ်။ အဲဒီ တောင်းဆိုမှုတွေဟာ လုပ်ခလစာဆိုင်ရာ ကြိုတင် သဘောတူထားတဲ့ အခြေအနေတွေနဲ့ လုံးဝ ကွဲပြားနေခဲ့တယ်လို့ အမျိုးသမီးက ပြောပါတယ်။

ဒါ့အပြင် ဆိုင်ဖက်က သူ့ကို အလုပ်ထွက်ဖို့ ဖိအားပေးခဲ့ပြီး အမျိုးသမီးက ငြင်းဆန်တဲ့အခါ နေစရာ အခန်းငှားခ အစရှိတဲ့ အကြောင်းပြချက်တွေ အမျိုးမျိုးအောက်မှာ လုပ်ခလစာတွေ ဖြတ်တောက်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ ပထမဆုံး လစာဟာ တစ်ပြားမှ မကျန်တော့တဲ့ထိ နုတ်ယူတာ ခံခဲ့ရပါတယ်။ ပုံမှန်ဆိုရင် အချိန်ပိုကြေးတွေ အပါအဝင် သူဟာ တစ်လကို ယန်း ၂ သိန်းခွဲလောက်ရရှိနိုင်ပြီး အိမ်ငှားခနဲ့ တခြား ကုန်ကျစရိတ်တွေ နုတ်ယူရင်တောင် ယန်း ၁ သိန်း ၈ သောင်းလောက် ရရှိရမှာပါ။

ဒါပေမဲ့ ဧပြီလရဲ့ လစာကို ယန်း ၄ သောင်းလောက်သာ ဆိုင်ဖက်က ပေးချေပြီး မေလမှာတော့ ယန်း ၁ သိန်း ၂ သောင်းလောက် ရရှိခဲ့ပါတယ်။ အလုပ်လုပ်ခဲ့တဲ့ ကာလတလျှောက် သူ့လစာ ၇၀ ရာခိုင်နှုန်းကျော်ကိုလည်း အလုပ်ရှင်က အကြောင်းအမျိုးမျိုးပြပြီး ဖြတ်တောက်ခဲ့တာကိုလည်း တရားရုံးက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ အဲဒီလို ဆိုးဆိုးရွားရွား လစာဖြတ်တောက်မှုတွေကြောင့် အမျိုးသမီးဟာ အစားအသောက် ဝယ်ဖို့နဲ့ ဘေလ်တွေ ဆောင်ဖို့တောင် ငွေကြေး မလုံလောက်တဲ့ထိ အကျပ်အတည်း တွေ့ခဲ့ကြောင်းလည်း တရားသူကြီးက ပြောပါတယ်။

အဲဒီနှစ် ဇွန်လလယ်မှာ အမျိုးသမီးက အလုပ်ထွက်ခဲ့ပြီး နောက်တစ်နေ့မှာပဲ ဆိုင်ကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။ တစ်နှစ်ကျော်လောက် ကြာမြင့်အောင် တရားရင်ဆိုင်ပြီးချိန်မှာတော့ ခေါက်ဆွဲဆိုင်ရဲ့ လုပ်ခလစာ ဖြတ်တောက်မှုဟာ တရားမဝင်ဘူးလို့ တရားရုံးက ဆုံးဖြတ်ပြီး အမျိုးသမီးရဲ့ ရပိုင်ခွင့် ငွေကြေးတွေ ပြန်ပေးဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

နောက်ပြီး ကုမ္ပဏီဖက်က လစာဖြတ်တောက်မှုတွေကို လက်မခံရင် နေစရာ ပေးထားတဲ့ အိမ်ကနေ ချက်ချင်း နှင်ထုတ်မယ်လို့ ဝန်ထမ်းဆီ အလုပ်ရှင်က ခြိမ်းခြောက်မှုဆန်ဆန် message ပေးပို့ခဲ့တာဟာလည်း တရားမဝင်တဲ့ လုပ်ရပ်လို့ တရားရုံးက ထည့်သွင်း သတ်မှတ်ပြီး အဲဒီလို လုပ်ပိုင်ခွင့် မရှိကြောင်း ဆုံးဖြတ်ပေးသွားခဲ့ပါတယ်။

တရားရုံး ဆုံးဖြတ်ချက်မှာတော့ အမျိုးသမီးဆီက ဖြတ်တောက်ခဲ့တဲ့ လုပ်ခလစာတွေအပြင် ကုမ္ပဏီကြောင့် ကြုံတွေ့ခဲ့တဲ့ ကျပ်တည်းမှုတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု နစ်နာကြေးမျိုးပါ ထည့်ပေါင်းထားတာကြောင့် ယန်း ၁ သန်းထိ ပြန်လည် ပေးချေရမယ်လို့ သတ်မှတ်ပေးခဲ့တာပါ။

ခေါက်ဆွဲဆိုင်ကို ပိုင်တဲ့ ကုမ္ပဏီကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း၊ အလုပ်သမား စီမံခန့်ခွဲမှု စနစ်တွေကို ပြန်လည် စစ်ဆေးပြီး ဥပဒေနဲ့ ပိုမိုညီညွတ်အောင် ကြပ်မတ်သွားမယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုးကား: NHK
ဓာတ်ပုံ - NHK
#ဂျပန်
#မြန်မာဝန်ထမ်း
#လုပ်ခလစာအငြင်းပွားမှု
#တိုကျိုတရားရုံး
#အလုပ်သမားအခွင့်အရေး
#လစာဖြတ်တောက်မှု
#မြန်မာရွှေ့ပြောင်းလုပ်သား
33👍14👏2🥰1🤮1🙏1🤣1
👍33👏43🤮2👌2🥰1🤣1
ချင်းတောင်ပိုင်း စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်း ဆောမြို့ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ဟု ပကဖ ပြော

စက်တင်ဘာ-၁၃၊၂၀၂၆။ဖိုးသား/People's Spring

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

အင်အား ၃၀၀ ၀န်းကျင်ပါတဲ့စစ်ကြောင်းက လောင်းရှည်-တောင်ဘို့ကြီး-သီးကုန်းလမ်းအတိုင်း ဆောမြို့ကို မနေ့က(စက်တင်ဘာ ၁၂ ရက်) နေ့က ဦးတည်လာတယ်လို့ သိရပါတယ်။

"ဆောဘက်လာဖို့ အင်အား ၃၀၀ဝန်းကျင် ခြေလျင်ဖြည့်ထားပါတယ်။ဆောကိုသွားမယ့်စစ်ကြောင်းပါ"လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲမဖြစ်သေးပေမယ့် အချိန်မရွေးရှိလာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။အဲဒီအင်အားတွေက ဆောမြို့နဲ့ ၁၂ မိုင်၀န်းကျင် အကွာမှာရှိတဲ့ ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့ကို စစ်ကူဖြည့်လိမ့်မယ်လို့ ‌ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

"ဆောမြို့နယ်ထဲကဆောမြို့မှာရော၊ကျောက်
ထုမြို့မှာ ပါ မြေပြင် အင်အားရော လေ
ကြောင်းကနေ ပါရိက္ခာခဲယမ်းတောက်
လျှောက်ဖြည့်နေတာရှိတယ်။ချင်းတောင် ကို ထပ်တိုးမယ့် အနေအထားတွေပါ"လို့ သူက ပြောပါတယ်။

ဆောမြို့ကိုအင်အားဖြည့်မယ့် စစ်ကြောင်း
ဟာ ဆိပ်ဖြူ ကပစ (၂၂)ကတဆင့် လောင်းရှည်မြို့ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ကို စက်တင်ဘာ ၇ ရက်က ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အာဏာသိမ်းစစ်တပ်က ဆောမြို့က တဆင့် ကန်ပက်လက်၊ကျောက်ထုမြို့ကနေ မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသလို ထီးလင်းမြို့နယ်ကချင်းတောင်ပိုင်းနယ်စပ်ကုန်သွယ်
ရေးရှိရာနေရာကို ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေတာရှိပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင် ထိုးစစ်ကို စစ်တပ်က တပ်မ ၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား သုံးထောင်၀န်းကျင်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။



#ချင်းတောင်ပိုင်း #ဆောမြို့
#peoplesspring #ludunwayoo
👍336😁2👎1🥰1👏1🎉1
ဆောမြို့နယ်အတွင်း တွေ့ရတဲ့ PDF ရဲဘော် တချို့။ ဓာတ်ပုံ-PDF
👍2412🖕2🥰1🤮1🤣1
KIA စစ်သည်တွေကို NUG ဂုဏ်ပြုဘွဲ့ချီးမြှင့်မှု ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေး တန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်ဟု KIO စာပို့

စက်တင်ဘာ-၁၃၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိ
ယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အ
ပါအဝင် KIA စစ်သည်တော်တွေကို အမျိုး
သားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်
ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်
မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

၂၀၂၄ မေလက အသဲရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း အပါအဝင် KIA စစ်သည်တော် ၁၃ဦးကို NUGက ဂုဏ်ပြုဘွဲ့နဲ့ ဆုတံဆိပ်တွေပေးအပ်ခဲ့တဲ့အပေါ် KIO ဗဟိုကော်မတီက ကျေးဇူးတင်ကြောင်း NUGထံ စာပို့ခဲ့တာကို KIO/KIA သတင်းပြန်ကြားရေးဌာနကစက်တင်ဘာ၁၂ရက်မှာသတင်းဖော်
ပြခဲ့တာပါ။

ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာKIO/KIA စစ်ဦး
စီးချုပ်အဖြစ်တာဝန်ယူခဲ့သလိုNUGကာကွယ်
ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသကို ဦး
ဆောင်တည်ထောင်ကာ စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့ပြီး အောင်ပွဲများစွာ ထိန်းချုပ်နယ်မြေများစွာရရှိအောင် ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

အသဲရောဂါ ခံစားနေရသည့်တိုင်း မြို့ပေါ် ဆေးကုသခြင်းမပြုဘဲ PDF တွေနဲ့အတူ နေထိုင် ရုန်းကန်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းကို NUGက စစ်ဘက်ဆိုင်ရာ ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ကို ဂုဏ်ပြုချီးမြှင့်တာပါ။ အဲဒီ သူရဲကောင်းဘွဲ့သူရဲ
ကောင်းဘွဲ့ကိုအမျိုးသားညီညွတ်ရေးအစိုး
ရ(NUG) ပြည်သူ့ကာကွယ်ရေးတပ်မတော်
(PDF)တည်ထောင်ခြင်း ၅နှစ်ပြည့် အထိမ်း
အမှတ်မွေးနေ့မှာ ဂုဏ်ပြုချီးမြှင့်တာဖြစ်ပြီး သူအပါအဝင် KIA စစ်သည်တော်၁၃ဦးအား၂၀၂၆ ခုနှစ်စက်တင်ဘာ ၇ရက်နေ့မှာ ဂုဏ်ပြုဆုတော်ငွေနဲ့ တံဆိပ်များပါ ချီးမြှင့်ပေးအပ်တာပါ။

KIO/KIAဟာ NUG/PDF တွေနဲ့ ခိုင်မာအား
ကောင်းစွာ ပူးပေါင်းပြီး စစ်ကောင်စီတပ်အထိနာအောင် ရင်ဆိုင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒါ့အပြင်KIO/KIA နဲ့ ကရင်၊ ကရင်နီ၊ချင်းတော်လှန်ရေးတပ်တွေဟာ NUG၊ ပြည်ထောင်
စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်
စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကို စုဖွဲ့ပြီး စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေး အပါအဝင် ဘက်ပေါင်းစုံပူးပေါင်းတိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။

#NUG #KIA #Rခေါင်လွမ်း
#သူရဲကောင်းဘွဲ့ #peoplesspring
38👍6🥰2🤣2🖕2👏1🤮1
45🥰8👌3🖕3👏2🤣2🤮1
အကျဉ်းထောင် ၁၃ခုမှာ နိုင်ကျဥ်းနဲ့ မိသားစုဝင်တွေထံက ငွေကြေးခေါင်းပုံဖြတ်တာ၊ ဆေးဝါးကန့်သတ်တာ လုပ်နေ

စက်တင်ဘာ ၁၃၊၂၀၂၆။ ဇေအောင်/People's Spring

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတဝန်းက အကျဉ်းထောင် ၁၃ ခုမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေဆီ ပေးပို့တဲ့ တရားဝင် ဈေးဘားသွင်းငွေတွေနဲ့ ထောင်ဝင်စာပါဆယ်တွေကို ထောင်အာဏာပိုင်တွေက နည်းလမ်းမျိုးစုံနဲ့ မတရား ငွေကြေးကောက်ခံတာ၊ ခေါင်းပုံဖြတ်တာ၊ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ဖြစ်ပွားနေတယ်လို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးပါတယ်။

​တရားဝင်စျေးဘားကနေ ငွေသွင်းယူရာမှာ အကျဉ်းထောင်အာဏာပိုင်တွေက ငွေပမာဏပေါ်မူတည်ပြီး ၂ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ဖြတ်ယူနေပြီး အိုးဘိုအကျဉ်းထောင်၊ မိတ္ထီလာအကျဉ်းထောင်နဲ့ တောင်ငူအကျဉ်းထောင်တွေဟာ မတရားငွေကြေး ကောက်ခံမှုနဲ့ခေါင်းပုံဖြတ်မှုတွေ အဆိုးရွားဆုံးဖြစ်ပေါ်နေကြောင်း PPNMက အသိပေးပါတယ်။

အိုးဘို၊ မိတ္ထီလာ၊ တောင်ငူ၊ ကျိုက်မရော၊ ဒိုက်ဦး၊ ပြည်၊ မြင်းခြံ၊ ရွှေဘိုနဲ့ ပေါင်းတည် အကျဉ်းထောင်တွေမှာ ထောင်ဝင်စာပါဆယ်ပေးပို့ရာမှာ သတ်မှတ်ပါဆယ်အိတ်တွေကို ၁,၅၀၀ ကျပ်ကနေ ၂,၀၀၀ ကျပ်အထိ မဖြစ်မနေ ဝယ်ယူစေတာ၊ ငွေရပြေစာဖိုးနဲ့ စာရွက်စာတမ်းကြေး ခေါင်းစဥ်တပ်ပြီး ၅၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်အထိ မတရားကောက်ခံတာတွေအပြင် မိသားစုဝင်မဟုတ်သူတွေပေးပို့ပါကလည်း အပိုဆောင်းငွေကြေးတောင်းခံတာတွေပြုလုပ်နေတယ်လို့ PPNM က ထပ်မံအသိ​ပေးပါတယ်။

ဆေးဝါးပေးပို့မှု ကန့်သတ်ပိတ်ပင်ခံရမှု၊ ဆေးအပြည့်အဝ မရောက်ရှိတဲ့ ဖြစ်စဉ်တွေမှာ အိုးဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေဆီ ဆေးဝါးပါဆယ်တွေ ရောက်ရှိရန် ကြန့်ကြာမှုတွေ အဆိုးရွားဆုံးဖြစ်ပွားနေပြီး ဒိုက်ဦးအကျဉ်းထောင်၊ မိတ္ထီလာအကျဉ်းထောင်နဲ့ မြစ်ကြီးနားအကျဉ်းထောင်တွေမှာ လိုအပ်တဲ့ ဆေးဝါးတွေ ပေးပို့ရာမှာ ပိတ်ပင်တားဆီးထားလို့ သွင်းမရတာ၊ ပေးပို့တဲ့ ဆေးဝါးတွေ ပြည့်စုံစွာ ရောက်ရှိတာမျိုး မရှိဘဲ ၅ ကတ်သွင်းရင် ၃ ကတ်၊ ၁၀ ကတ်သွင်းရင် ၇ ကတ်သာ ရောက်တာမျိုး စတဲ့ ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်ဖြတ်တောက်နေတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကျဥ်းထောင်ထဲ ဆေးဝါးတွေ အချိန်မီမရောက်တဲ့အတွက် နိုင်ငံရေးအကျဥ်းသားတွေဟာ ဆေးသောက်နောက်ကျလို့ဖြစ်ပွားမယ့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေရကြောင်း၊ ဒါ့အပြင် မိသားစုဝင်တွေမှာလည်း အကျပ်အတည်းတွေ ကြားကနေ ခက်ခက်ခဲခဲ ပို့ပေးနေရကြောင်း PPNM ရဲ့ သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ မရောင်နီလင်းက ပြောပါတယ်။

"အခုလက်ရှိ စီးပွားရေးအခြေအနေနဲ့ ကုန်စျေးနှုန်းကြောင့် တစ်လကိုတစ်ခါ အလျဥ်မီအောင် ပို့နေကြသူတွေရှိတယ်။ တချို့ဆို သုံးလတစ်ခါ၊ နှစ်လတစ်ခါ ပို့ရတဲ့အခြေအနေရှိတယ်။ တခါတလေမှ သွားပို့ရမယ့်အချိန်မှာ ဆေးကလည်းမရောက်၊ ပါဆယ်ကလည်း တချို့ဟာတွေ အဖြတ်ခံရမလားဆိုတဲ့စိတ်အတွေးမျိုးတွေရှိတယ်။"လို့ မရောင်နီလင်းက ပြောပါတယ်။

ဒါ့ကြောင့် အကျဉ်းထောင် (၁၃) ခုရှိ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေအပေါ် နည်းလမ်းမျိုးစုံနဲ့ မတရားခေါင်းပုံဖြတ် ငွေကြေးကောက်ခံနေမှုတွေ၊ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှုတွေကို PPNM အနေနဲ့ပြင်းထန်စွာ ထောက်ပြကန့်ကွက်ကြောင်းနဲ့ ဖြစ်စဉ်တွေကို ဆက်လက် မှတ်တမ်းတင် ထုတ်ဖော်သွားမှာဖြစ်ကြောင်း၊ ကျန်တဲ့ အကျဉ်းထောင်တွေကိုလည်း ဆက်လက်စောင့်ကြည့်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေအပေါ်မတရားငွေကြေးကောက်ခံမှုနဲ့ ဖိနှိပ်မှုတွေအတွက် တာဝန်ရှိသူ ​အကျဉ်းထောင် (၁၃) ခုက ထောင်အာဏာပိုင် (ထောင်ပိုင်)တွေစာရင်းကို PPNMက အောက်ပါအတိုင်း ပူးတွဲထုတ်ပြန်ထားပါတယ်။
😡205🤬4🤣2🤩1
👎17😡104🤬3🤣1🖕1
ဗန်းမော်က ပြန်ဆင်းလာတဲ့ စစ်သင်္ဘော ၁စီး KIA ပူးပေါင်းတပ် ထပ်မံ ဖျက်ဆီး

ပျက်စီးသွားတဲ့ သင်္ဘောပေါ်က စစ်သားတွေ အခြားသင်္ဘောပေါ်ပြောင်းရွှေ့၊ စစ်တပ်က သင်္ဘောပျက် ဆွဲသွားရန်ကြိုးပမ်းနေဟုဆို

စက်တင်ဘာ ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မှ မန္တလေးမြို့ဘက်သို့ ပြန်လည်စုန်ဆင်းလာတဲ့ စစ်တပ်ရဲ့ သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထပ်မံတိုက်ခိုက်ခဲ့ပြီး သင်္ဘော ၁စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

စက်တင်ဘာ ၁၂ရက် မနက်ပိုင်းမှာ KIA ပူးပေါင်းတပ်ဖွဲ့တွေဟာ ဗန်းမော်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောကို တိုက်ခိုက်ခဲ့ရာ သင်္ဘော ၁စီးကို ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ပျက်စီးသွားတဲ့ သင်္ဘောပေါ်ပါရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခြားသင်္ဘောပေါ် ရွှေ့ပြောင်းနေပြီး ပျက်စီးသွားတဲ့ သင်္ဘောကို ဆွဲခေါ်ဖို့ ပြင်ဆင်နေတယ်လို့လည်း သတင်းဖော်ပြပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၂ရက်မှာ စစ်တပ်ဟာ ရွှေကူ၊ စင်းခန်း၊ ဗန်းမော်စတဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက်ကို ၁၅ကြိမ်ထက်မနည်း လေယာဉ်ဗုံးကြဲတာ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကလည်း စစ်တပ်ဟာ စက်တင်ဘာ ၁၂ရက်မှာ ဗန်းမော်မြို့ကနေ စစ်သင်္ဘောတွေနဲ့ စင်းခန်းဒေသကို စစ်အင်အားဖြည့်ခဲ့ကြောင်း ပြောပါတယ်။

စစ်တပ်က ဗန်းမော်မြို့ကို အင်အားဖြည့်တင်းစဉ် စစ်သင်္ဘောတွေ လုံခြုံရေးအတွက် အရေးပါတဲ့ ဗန်းမော်မြိုနယ် စင်းခန်းဒေသနဲ့ ရွှေကူမြိုနယ် ဇင်းဘုံဒေသမှာ မြေပြင်စစ်ကြောင်းတွေ စစ်ရေးလှုပ်ရှားလာလို့ ဩဂုတ်လကုန်ပိုင်းကတည်းက တိုက်ပွဲတွေ ဆက်တိုက်ရှိနေတာပါ။

တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၁ရက် မှာ ဇင်းဘုံကနေ တပ်လန်ဆုတ်ခွာသွားတာကြောင့် စင်းခန်းဒေသ အခြေအနေကို မေးမြန်းရာ စစ်ရေးသတင်းရင်းမြစ်က ဒေသတွင်းနှစ်ဖက်စစ်ဆိုင်ထားဆဲ စစ်ရေးတင်းမာနေဆဲ တိုက်ပွဲဆက်ရှိနေဆဲဟု ပြောပြပါတယ်။

“ဗန်းမော်က ဆင်းလာတဲ့ သင်္ဘောနဲ့ စင်းခန်းမှာ အင်အားဖြည့်ဖို ကြိုးစားနေတယ်” လို ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဧရာဝတီမြစ်ကူးတံတား ၁စင်းဖြစ်တဲ့ စင်းခန်းတံတားဟာ စစ်ရေးအရ အရေးပါတာကြောင့် စစ်တပ်က ပြန်လည်ထိန်းချုပ်ဖို အကြိမ်ကြိမ်ကြိုးစားနေပေမဲ့ KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားဆဲဖြစ်တယ်လို KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောပြထားပါတယ်။

တိုက်ပွဲမှာ အထိနာတဲ့ စစ်တပ်ဟာ စင်းခန်းကျေးရွာဘုန်းကြီးကျောင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ဗန်းမော်မြို့ကို ရေကြောင်းက အင်အားဖြည့်ဖို ကြိုးပမ်းခဲ့ရာ KIA ပူးပေါင်းတပ်က စင်းခန်းနဲ့ ဇင်းဘုံကြားမှာ စစ်တပ်သင်္ဘောတွေ အထိနာအောင် တိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

စစ်ရေးသတင်းရင်းမြစ်တွေနဲ့ KIA ရဲ့ အသိပေးချက်အရ ဩဂုတ်လကုန်ပိုင်းကနေ စက်တင်ဘာ ၁၂ရက်နေ့အထိ စစ်သင်္ဘော ၁၅စီးလောက်ကို ကသာ-ရွှေကူ-ဗန်းမော် ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးထားနိုင်ခဲ့တာဖြစ်ပါတယ်။

(စက်တင်ဘာ ၁၂ရက်က စစ်သင်္ဘောကို တိုက်ခိုက်ဖျက်ဆီးစဉ်။ ရုပ်သံ - Kachin Soldiers)
👍3611👏5🖕3🤣2👎1
Media is too big
VIEW IN TELEGRAM
40👏17👍5🥰5🖕4👎1🤣1
မိုးဗြဲမြို့အနီး စစ်တပ်စစ်ကြောင်းထိုးလာပြီး တိုက်ပွဲပြန်ဖြစ်နေ

စက်တင်ဘာ -၁၃၊၂၀၂၆။ဇော်၀င်း/People's Spring

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

မိုးဗြဲမြို့ကနေ အနောက်ဘက်ခြမ်း လွယ်ယင်းတောင်ခြေကို စစ်တပ်က စစ်ကြောင်းထိုးလာတာဖြစ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

"လွယ်ယင်းမင်္ဂလာရွာဘက်မှာ စခစစ်ကြောင်းရောက်နေတယ်။မနေ့က တိုက်ပွဲ ဖြစ်တယ်။ကိုယ့်ဘက်က အဖိတ်အစင် တစ်ယောက်ရှိတယ်"လို့ ရှမ်းတောင်စစ် ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒါကြောင့် အခုတစ်ကြိမ်အပါအ၀င် ၃လအတွင်း စစ်တပ်ရဲ့ ထိုးစစ်ဆင်မှု ၄ကြိမ်ရှိခဲ့ပါတယ်။ ၃ကြိမ်မှာ ထိခိုက်သေဆုံးမှုတွေကြောင့် စစ်တပ်ဟာ မိုးဗြဲမြို့ကို ပြန်ဆုတ်ခွာခဲ့ရပါတယ်။

"လွယ်ယင်းတောင်ခြေ ဆင်တောင် နန်းမယ်ခုံ တကြောထဲ။အဲဒီတကြောနဲ့မိုးဗြဲမြို့ကြားမှာ ဖါလိုင်ရွာရှိတယ်။သူတို့က ဖါလိုင်ကိုရချင်တာ ဖါလိုင်ရရင် နန်းမယ်ခုံကို နီးပြီ။ဖါလိုင်ကိုမရတော့ မိုးဗြဲအနောက်ဘက် လွယ်ဝိုင်းနဲ့ လွယ်ယင်းဘက်ကို ပတ်ထိုးနေတာ"လို့ မြေပြင်သတင်းရင်းမြစ်က စစ်တပ်စစ်ကြောင်းထိုးနေတဲ့ အခြေအနေကို ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်နောက်ဆုံးပတ်က အင်အား ၁၅၀နဲ့ ၂၀၀ နီးပါးနဲ့ စစ်တပ်က လွယ်ယင်းတောင်ခြေကို ချဉ်းကပ်ဖို့ထိုးစစ်ဆင်ခဲ့ပြီး ဒရုန်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေပါ လုပ်ခဲ့ပေမယ့် ထိခိုက်သေဆုံးသူများတာကြောင့် ပြန်ဆုတ်ခွာသွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်တပ်က ထိခိုက်သေဆုံးသူ ၁၀ ဂဏန်းထက်မနည်းရှိပြီး ရဲဘော်တချို့ ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်MBPDF က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။

ဒါပေမယ့် မိုးဗြဲမြို့အနီးက နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။


(Mobye People Defense Force က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Mobye People Defense Force)
👍386👏3😁3👎1🥰1
👍18💩128🖕2🥰1🤮1
မနိုနိုက တော့ သူမ စပြီးဝင်လာကတည်းက တလကို အနည်းဆုံး ငွေကျပ် ၇သိန်းကနေ ၁၅သိန်း လောက်အထိ ရတယ်လို့ဆိုပါတယ်။

သူမက မိဘ တွေကို တလကို ငွေကျပ်၅သိန်း ထောက်ပံ့နေရပြီး တခါတရံမိဘ တွေကျန်းမာရေး အရပိုပေးရတာမျိုးလည်းရှိတယ်လို့ဆိုပါတယ်။

မနိုနိုက ဟိုတယ်မှာနေ ပြီးတယ်လီဂရမ်ကနေ အဓိက ခေါ်တဲ့ date girlမျိုးမဟုတ်ဘဲ ချိတ်ဆက်ထားတဲ့ KTV တွေမှာလိုအပ်ရင် အခန်းလိုက်ထိုင်ပေးသလိုဟိုင်းခန်းတွေမှာ ချိတ်ဆက် ခေါ်ရင်လိုက်ထိုင် လေ့ရှိတယ်လို့ဆိုပါတယ်။

“အဓိက က နိုကကျဆော့တာ။ရိုးရိုးခန်းသိပ်မထိုင်ဘူး။ဆော့တဲ့အခန်းကျ After ဆက်ရင် တောင်မနက်အထိကဆို နိုက တသိန်းခွဲလောက်ရတယ်။ကိုယ်ကလည်း ဆော့တော့အဆင်ပြေတယ်လေ”လို့မနိုနိုက ပြောပါတယ်။

ဆော့တယ်ဆိုတာ မူးယစ်စိတ်ကြွ ဆေးသုံးတာကို​ပြောတာပါ။ After ဆက်တယ်ဆိုတာ မူးယစ်စိတ်ကြွ​ဆေးသုံးပြီးအချိန်ပိုဆက်ကတယ်​ပြောတာပါ။

၆တန်း(ဆဌမတန်း)နဲ့အတန်းပညာရပ်နားထားပြီး နယ်ကနေ လာရောက်အလုပ်လုပ်ကိုင်သူတ ယောက်အတွက် နေထိုင်စရိတ်နဲ့ ရတဲ့လခက အိမ်ကိုပြန်ထောက်ပံ့ဖို့ အဆင်မ ပြေတာ ကြောင့် ဒီအလုပ်ကို လုပ်ကိုင်ခဲ့တာလို့ဆိုပါတယ်။

“နိုနိုအခြေ အနေနဲ့ မြို့ပေါ်မှာ ဒီဝင် ငွေရပြီး ဒီလိုနေနိုင်ဖို့ကကျားဖြန့်သွားလုပ်မှပဲရမယ်။နိုသူငယ်ချင်းတွေဆို ကျားဖြန့်သွားလုပ်ကြတယ်။အဲတာတောင်တရုတ်စာမတက်ရင် သိန်း၂၀ လောက်ပဲရတာ”လို့ မနိုနိုကပြောပါတယ်။

သူမက လတ်‌‌တလောမှာ ဒီအလုပ်က နေထွက်ဖို့ စိတ်ကူးမရှိ သေးဘူးလို့ဆိုပါတယ်။

သူမ မိဘ တွေကလည်း နယ်မြေ ငြိမ်းချမ်းသွားပေမယ့် ဆက်ထောက်ပံ့ဖို့ လိုအပ် သေးပြီး ၇နှစ်အရွယ်မောင်အငယ်ဆုံး ကျောင်းစရိတ်လည်းရှိ သေးတယ်လို့ဆိုပါတယ်။

စစ်တပ်အာဏာ သိမ်းပြီး နောက် မန္တလေးမြို့မှာ Date Girl Agency တွေအထိ ပေါ်ပေါ်ထင်ထင်များလာပြီးဆယ်ကျော်သက်မိန်းက လေးများစွာ ဒီလောကထဲကို ရောက်ရှိလာပါတယ်။

မန္တလေးက Queen Date Girl Agency မှာဆိုရင် အသက် ၁၆နှစ်က ၁၈နှစ်အတွင်း အမျိုးသမီးငယ် လေး တွေပဲရှိတယ်လို့အမျိုးသမီးငယ်တဦးက ပြောပြပါတယ်။

မန္တလေးမြို့ကဟိုတယ်တချို့မှာဆိုရင် Telegram QR Scanတခု ချထားပြီး ဒါကို Scanဖတ်ပြီး Telegram မှာ ပြထားတဲ့အမျိုးသမီးပုံ​တွေထဲက ကိုယ်ကြိုက်တဲ့ အမျိုးသမီးငယ်ကို ခေါ်လိုက်ရုံပါပဲ။

ဒီလိုခေါ်ယူရင် Agency တချို့ဟာ ခေါ်ယူသူအမျိုးသားဆီက နေ အမျိုးသမီးငယ်လုံခြုံရေးအတွက်ကာကွယ်ပေးတဲ့ အနေနဲ့ အချက်အလက်တချို့ဟိုတယ်နဲ့ချိတ်ဆက် တောင်းယူတဲ့ကုမ္ပဏီတွေ ရှိတယ်လို့ ဆိုပါတယ်။

လုံခြုံရေး အတွက် အာမှမခံတဲ့ ကုမ္ပဏီ တွေဆီမှာ အလုပ် လုပ်ကိုင်မိရင် ခေါ်ယူတဲ့ အမျိုးသား တွေက အချိန်ပိုပြန်မလွှတ်တာ တွေ၊သဘာဝနဲ့ ဆန်ကျင်တဲ့လိင်ဆက်ဆံဖို့ကြိုးစားတာမျိုး တွေလည်းရှိတယ်လို့ဆိုပါတယ်။

ဒီလို ရုန်းကန် နေရတဲ့ အမျိုးသမီးငယ် တွေအတွက် လက်ရှိနိုင်ငံ ရေးအ ခြေအနေမှာ အကာကွယ်မဲ့နေပါတယ်။ဒီလို အမျိုးသမီးတွေ အတွက် အန္တရယ်ဟာ လက်တကမ်းမှာပဲရှိ နေပါတယ်။

ကူးစက်ကာလသား ရောဂါ တွေထပ် မူးယစ် ဆေးလွန် သေဆုံးမှုတွေ၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်သတ်ဖြတ်မှု၊ဆေး ကြောင်ပြီး သတ်
ဖြတ်ခံရတာ တွေရှိပါတယ် ။၂၀၂၄ခုနှစ်မှာဆိုရင် KTVအများဆုံးရှိတဲ့ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်နဲ့ မြို့ပတ်လမ်း တွေမှာ အမျိုးသမီးငယ် တွေ အသက်ခံရပြီး စွန့်ပစ်ထားတဲ့ ရုပ် အလောင်း တွေ တွေ့ရပါတယ်။


https://www.ludunwayoo.com/feature-mm/2026/09/11/168026/
18😢8🔥7👍3👎2🤣2🤮1
■​ဆောင်းပါး

"လင်းပိုင်တကောင်ရဲ့ ခရီး"

- ရှဉ့်ညို ရေးသားသည်။

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေ
ပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

သူ့အတွက်တော့ ဒီနေ့ဟာ ထူးခြားတဲ့နေ့ မ
ဟုတ်ပါဘူး။ရေစီးကြောင်းအတိုင်းသွားမယ်။ အစာရှာမယ်။ အုပ်စုနဲ့ ပြန်ဆုံမယ်။ ဒီရေကျလာရင် ရေစီးနဲ့အတူ နောက်တစ်နေရာကို ရွေ့မယ်။ ဒါဟာ သူ့အတွက် နေ့စဉ်နေ့တိုင်း ဒီအတိုင်းပါပဲ။

ဒါပေမယ့် လူသားတွေအတွက်တော့ သူဟာ ရှားပါးသတ္တဝါတစ်ကောင် ဖြစ်နေပါတယ်။ သုတေသနစာတမ်းထဲက ကိန်းဂဏန်းတခုပါ။ထိန်းသိမ်းစောင့်ရှောက်ရေးအစီအစဉ်ထဲမှာ ကာကွယ်ရမယ့် မျိုးစိတ် တမျိုး။ သူ့ကို လူသားတို့က "ဧရာဝတီလင်းပိုင်" လို့ ခေါ်ကြပါတယ်။ သူကတော့ သူ့ကိုယ်သူ ဘာလို့ခေါ်ရမလဲဆိုတာ မသိပါဘူး။ သူသိတာက ရေစီး
ကြောင်းပါပဲ။ သူဟာ ဧရာဝတီမြစ်ထဲက ဒါမှမဟုတ် ကမ်းရိုးတန်းက အရိပ်တစင်း။

မြန်မာနိုင်ငံ ဧရာဝတီမြစ်ထဲမှာ သူ့လိုလင်းပိုင်တွေ ရှိနေကြပါတယ်။ သူတို့ဟာ ဧရာဝတီမြစ်ထဲမှာ ရှင်သန်ဖို့ ကြိုးစားနေကြတယ်။ ၂၀၂၀ ခုနှစ်မှာ မန္တလေးကနေ ဗန်းမော်အထိ ဧရာဝတီမြစ်ပိုင်းကို စနစ်တကျစစ်တမ်းကောက်ယူရာမှာ လင်းပိုင် ၇၉ ကောင်ကို မှတ်
တမ်းတင်ခဲ့ပါတယ်။ ဒီကိန်းဂဏန်းဟာအရေး
ကြီးပါတယ်။ဒါပေမယ့်အဲဒီ ၇၉ ကောင်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ ကျန်ရှိနေတဲ့ လင်းပိုင်အရေအတွက်တော့ မဟုတ်ပါဘူး။ မြစ်ပိုင်းတစ်ခုရဲ့ စစ်တမ်းအရေအတွက်သာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်း
ရိုးတန်းနဲ့တနင်္သာရီကမ်းရိုးတန်းတွေမှာလည်း
သူတို့တွေ ရှိနေကြောင်း မှတ်တမ်းတွေ ရှိပါတယ်။

လူသားတွေကတော့ သူ့ကို နေရာအလိုက် ခွဲပြီးရေတွက်ကြတယ်။ ဧရာဝတီမြစ်ထဲက လင်းပိုင်၊မြစ်ဝကျွန်းပေါ်ကလင်းပိုင်၊ ကမ်းရိုး
တန်းက လင်းပိုင်၊ ဒါပေမယ့် သူ့အတွက်တော့ မြစ်နဲ့ပင်လယ်ကြားမှာ လူသားတွေဆွဲထားတဲ့ စည်းမျဉ်းတွေ မရှိပါဘူး။ ရေစီးကြောင်းက သူ့ကို သယ်ဆောင်သွားတဲ့အခါ မြန်မာနိုင်ငံဆိုတဲ့ နာမည်ကို သူ မသိဘူး။ ကမ်းရိုးတန်းရောက်တဲ့အခါ ဘယ်ပြည်နယ်ရဲ့ ရေပြင်လဲ
ဆိုတာလည်း သူ မစဉ်းစားဘူး။ သူ့အတွက် အရေးကြီးတာက ရေထဲမှာ အစာရှိသလား၊ အသက်ရှူဖို့ နေရာရှိသလား၊အုပ်စုနဲ့အတူ လုံ
ခြုံစွာ ရွေ့လျားနိုင်သလားဆိုတာပါပဲ။

သူဟာ မြစ်ကြောင်းတစ်လျှောက် ကူးခတ်သွားရင်း ရေပြင်ရဲ့ အပြောင်းအလဲတွေကို ဖြတ်သန်းတယ်။ ရေချိုနဲ့ ရေငန်ရောနှောလာတဲ့နေရာကို ရောက်တဲ့အခါ သူ့အတွက် အဲဒါဟာ နယ်နိမိတ်တစ်ခု မဟုတ်ပါဘူး။ ရေပြင်ရဲ့ အရသာပြောင်းလဲမှုတစ်ခုသာ ဖြစ်ပါတယ်။ ရေချိုနေ ဧရာဝတီလင်းပိုင် နဲ့ ကမ်းရိုး
တန်းနေ တို့ဟာ မျိုးစိတ်နဲ့ပုံသဏ္ဍာန် အတူတူပါပဲ။ သူတို့မတူတာ အလေ့အထပါ။ ရေချိုလင်းပိုင်တွေက ရာသီအလိုက် မြစ်ကြောင်းတစ်လျှောက်ရွေ့လျားပြီးရေနည်းချိန်မှာ ရေ
နက်ကျင်းတွေကိုပြန်လာတတ်ကြတယ်။

ကမ်းရိုးတန်းနဲ့ မြစ်ဝနေလင်းပိုင်တွေကတော့ ဒီရေအတက်အကျ၊ ရေချိုရေငန်ရောနှောမှုနဲ့ အစာရရှိရာနေရာအလိုက် ရေတိမ်နဲ့ ရေနက်ကြား ရွေ့လျားကြတယ်။ တစ်မျိုးက ရာသီကိုလိုက်ပြီး နေရပ်ပြန်သူ၊ တစ်မျိုးက ဒီရေကိုလိုက်ပြီး နေရာပြောင်းသူတွေ။

သူ့နာမည်က ဧရာဝတီဆိုပေမယ့် ဧရာဝတီဟာ သူရှင်သန်ဖို့အတွက်လုံခြုံမှုနည်းခဲ့တယ်။ သူ့အတွက် အကောင်းဆုံးရေပြင်ဟာ ဧရာ
ဝတီမဟုတ်ခဲ့ပါဘူး။ ဆွန်ဒါဘန်းစ် (Sundarbans) ရေကြောင်းတွေထဲမှာ ဧရာ
ဝတီလင်းပိုင် ၄၅၁ ကောင်ခန့် ရှိခဲ့ကြောင်း ၂၀၀၂ ခုနှစ် စစ်တမ်း တခုက ခန့်မှန်းခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းရေပြင်မှာလည်း ၂၀၀၄ ခုနှစ် စစ်တမ်းတခု က ၅,၃၈၃ ကောင်ခန့် တွေ့ရှိခဲ့ပါတယ်။ အဲဒီကိန်းဂဏန်းတွေကို အခြေခံပြီး ဘင်္ဂလားဒေ့ရှ်မှာ လင်းပိုင် ၆,၀၀၀ ခန့်ရှိနိုင်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ရေစီးကြောင်းတွေ အနီးဆုံးနဲ့တဆက်တည်းရှိတဲ့ နေရာမှာ သူတို့တွေဟာ ဆွန်ဒါဘန်းစ်ရေပြင် နဲ့ ကမ်းရိုးတန်းရေပြင် တို့မှာ ဝင်ချည် ထွက်ချည် အစုန် အဆန် ကူးခတ်နေလေကြသလား။ အသွားအပြန် ရောယှက် နေလေကြသေးသလား။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ကိန်းဂ
ဏန်းတွေအရ ကမ္ဘာပေါ်မှာ သူတို့ အများဆုံးရှိတဲ့နေရာဟာ ဘင်္ဂလားဒေ့ခ်ျရဲ့ ရေပြင်ပါပဲ။

ဒါပေမယ့် ၄၅၁ ဆိုတဲ့ ကိန်းဂဏန်းဟာ အခုလက်ရှိအရေအတွက်လို့ ပြောလို့ရတာတော့မဟုတ်ပါဘူး။နှစ် ၂၀ ကျော်ကြာသွားခဲ့ပါပြီ။ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် လင်းပိုင် မြေပုံတွေမှာ အဲဒီ အရင်က စစ်တမ်းရလဒ်တွေကိုသာ ဆက်လက်ကိုးကားထားပြီး ဆွန်ဒါဘန်းစ် ရေ
ကြောင်းအတွင်း လက်ရှိ အရေအတွက် ကို ပြန်လည်တွက်ချက်ထားတဲ့ စနစ်တကျ စစ်
တမ်းအသစ်ကိုမတွေ့ရသေးပါဘူး။ဒါကြောင့် ၄၅၁ ကောင်ဟာ လက်ရှိအခြေအနေကို ပြသနိုင်တာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်
လိုပဲဖြစ်ဖြစ် သူတို့အများဆုံး ရှိခဲ့တဲ့နေရာဟာ အဲဒီမှာပါဘဲ။ ကမ္ဘောဒီးယားရဲ့ မဲခေါင်မြစ်၊ အင်ဒိုနီးရှားရဲ့ မဟာကမ်မြစ်၊ အိန္ဒိယရဲ့ ချီလိကာရေကန်၊ ထိုင်းနိုင်ငံရဲ့ ဆုံခလာရေကန်နဲ့ ဖိလစ်ပိုင်ကမ်းရိုးတန်း တို့မဟုတ်ပဲ ဆွန်ဒါဘန်းစ် နဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းသာပါ။
11👍5🤮4🖕2
ဧရာဝတီမြစ်ဟာ မြောက်ဖက်ကနေ တောင်ဖက်ကို စီးဆင်းလာပြီး မြစ်ဟာ မြစ်ဝကျွန်း
ပေါ်အဖြစ် ဖြန့်ကျက်သွားပါတယ်။ ရေချိုဟာ ရေငန်နဲ့ တွေ့ဆုံပြီ။ အဲဒီမှာ မြေကြီးဟာ ရွှံ့ပြင်။ ရေပြင်နဲ့ မြေပြင်ဟာ ဒီရေအတက်အ
ကျအလိုက် တလှည့်စီ အပြန်အလှန်နေရာယူကြပါတယ်။မနက်ခင်းမှာ ရေတက်လာတဲ့အခါ မနေ့က ရွှံ့ပြင်ဖြစ်နေတဲ့နေရာဟာ ရေ
ပြင်ဖြစ်လာတယ်။ညနေမှာ ရေကျသွားတဲ့အခါ မနက်က ရေပြင်ဖြစ်နေတဲ့နေရာဟာ ရွှံ့ပြင်ဖြစ်လာတယ်။

သူဟာ အဲဒီပြောင်းလဲနေတဲ့ ရေပြင်ထဲမှာ ကူးခတ်နေတယ်။ ရေတက်လာတဲ့အခါ ရေတိမ်ဘက်ကို ဝင်လာနိုင်တယ်။ရေကျသွားတဲ့အခါ ရေနက်ဘက်ကို ပြန်ရွေ့တယ်။သူ့အတွက်တော့ အဲဒီ အပြောင်းအလဲတွေဟာ ရေပြင်ရဲ့ နေ့စဉ်အသက်ရှင်မှုပါပဲ။

ဒီနေရာမှာ လမုတောတွေဟာ မြစ်နဲ့ပင်လယ်ကြားကအကာအကွယ်တစ်ခုလိုရှိနေတာ‌ပေါ့။ လမုတောရဲ့ အမြစ်တွေက မြေကို ထိန်းထားပေးပါတယ်။ ငါးနဲ့ပုစွန်တွေအတွက် ခိုလှုံရာနေရာ။ ပြီးတော့ ကမ်းရိုးတန်းကို ဒီရေနဲ့ လှိုင်းဒဏ်ကနေလည်း အတန်အသင့် ကာကွယ်ပေးတဲ့‌တော။ လင်းပိုင်အတွက်တော့ လမုတောဟာ သစ်ပင်အစုအဝေးတစ်ခု မဟုတ်ပါဘူး။ သူဟာ ရေထဲက အစာကို ရှာဖို့ ငုပ်လိုက်၊ ပြန်ပေါ်လာလိုက်နဲ့ လမုတောရဲ့အမြစ်တွေကြား
မှာ ရွေ့လျားနေတယ်။ အဲဒီအမြစ်တွေဟာ သူ့အတွက် သစ်ပင်တွေရဲ့ အမြစ်တွေ မဟုတ်ပါဘူး။ သူ့အစာတွေ ရှင်သန်နေတဲ့ ရေပြင်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ လမုတောပျက်သွားတဲ့အခါ သစ်ပင်တွေ ပျောက်သွားတာတင် မဟုတ်ပါဘူး။ ငါးတွေ၊ ပုစွန်တွေ၊ ကဏန်းတွေ၊ ငှက်တွေ၊ လင်းပိုင်တွေနဲ့ လူသားတွေရဲ့ အသက်မွေးဝမ်းကျောင်းတွေပါ တစ်ဆက်
တည်း ထိခိုက်နိုင်ပါတယ်။

လင်းပိုင်တစ်ကောင်ကို ကာကွယ်ဖို့ဆိုတာ လင်းပိုင်ကိုပဲ ကြည့်နေလို့ မရပါဘူး။ သူရှင်သန်နေတဲ့ ရေကို ကြည့်ရပါမယ်။ ရေကို ထိန်းထားပေးတဲ့ လမုတောကို ကြည့်ရပါမယ်။ လမုတောကို ထိန်းသိမ်းပေးနေတဲ့ ဒီရေစနစ်ကို ကြည့်ရပါမယ်။ သူဟာ အဲဒီရေစနစ်ထဲမှာပဲ အသက်ရှင်နေတယ်။ ရေပြင်ကျန်းမာနေသရွေ့ သူ့အတွက် အစာရှာဖို့ နေရာတွေ ရှိနေမယ်။ ရေစီးကြောင်းတွေ လွတ်လပ်နေသရွေ့ သူဟာ တစ်နေရာကနေ တစ်နေရာကို ရွေ့လျားနိုင်မယ်။

ဆွန်ဒါဘန်းစ်ဆိုတာ ဘင်္ဂလားပင်လယ်အော်ရဲ့ ခံတွင်းဝမှာ တည်ရှိနေတဲ့ ကမ္ဘာ့အကြီးဆုံး မြစ်ဝကျွန်းပေါ်နဲ့ ကမ္ဘာ့အကြီးဆုံး ဆက်စပ်လမုတောကြီးဖြစ်ပါတယ်။ ဆွန်ဒါဘန်းစ်ရဲ့ ၆၀ ရာခိုင်နှုန်းက ဘင်္ဂလားဒေ့ရှ် ဖြစ်ပြီး ၄၀ ရာခိုင်နှုန်းက အိန္ဒိယပါ။ အဲဒီနေရာမှာ ဂင်္ဂါ၊ ဗြဟ္မပုတ္တရနှင့်မက်ခနာမြစ်တို့ရဲ့ ရေစီး
ကြောင်းတွေက ဒီရေတက်ဒီရေကျတွေနဲ့ ပေါင်းစပ်ပြီး ကျွန်းတွေ၊ ချောင်းမြောင်းတွေ နဲ့ ရွှံ့ပြင်တွေ ကို နေ့စဉ် ပြန်လည်ပုံဖော်ပေးကြတယ်။ သူဟာ အဲဒီရေစီးကြောင်းတွေ ကြားမှာ ကူးခတ်သွားတယ်။ ရေစီးက တစ်နေရာကို သယ်သွားတဲ့အခါ သူဟာ အဲဒီနေရာမှာ ခဏတာ ရှိနေတယ်။နောက်တစ်ကြိမ် ဒီရေပြောင်းတဲ့အခါ ရေစီးနဲ့အတူ ပြန်ရွေ့တယ်။ သူ့အတွက် ဆွန်ဒါဘန်းစ်ဟာ အမြဲ
တမ်းတည်ရှိနေမယ့်သစ်တောကြီးတစ်ခု မ
ဟုတ်ပါဘူး။ ရေစီးကြောင်းတွေနဲ့အတူ အမြဲပြောင်းလဲနေတဲ့ ရေပြင်တစ်ခုပါ။

ဆွန်ဒါဘန်းစ် ဟာ သစ်တောတစ်ခုတည်းသာ မဟုတ်။ မြစ်တွေ၊ ချောင်းတွေ၊ ဒီရေတောတွေ၊ ရွှံ့ပြင်တွေ၊ ကျွန်းတွေ၊ ကမ်းရိုးတန်းရေပြင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသက်ရှင်ရေးစနစ်တစ်ခု ဖြစ်ပါတယ်။ဒီနေရာကကျွန်းတွေဟာ လူသားတွေထင်သလို အမြဲတမ်းတည်ရှိနေမယ့် မရွေ့လျှားနိုင်တဲ့မြေကြီးတွေ မဟုတ်ပါဘူး။ ဒီရေက ကျွန်းတွေကို တည်ဆောက်နိုင်သလို ပြန်လည်စားသုံးနိုင်ပါတယ်။

ရေစီးကြောင်းပြောင်းလဲရင် ကျွန်းတစ်ကျွန်းရဲ့ ပုံစံလည်း ပြောင်းလဲနိုင်ပါတယ်။ ဆွန်ဒါဘန်းစ် ကိုရောက်လာတဲ့အခါလင်းပိုင်ဟာ ကျွန်း
တွေကြားက ရေကြောင်းတွေအတိုင်း ရွေ့
လျားနေတာပဲ‌ပေါ့။

ဆွန်ဒါဘန်းစ်မှာ လူသားတွေက ကျွန်းပေါ်မှာ အိမ်ဆောက်ကြတယ်။ ငါးဖမ်းကြတယ်။ ပျားရည် ရှာကြတယ်။ သစ်တောထဲကနေ အသက်မွေးဝမ်းကျောင်း ရှာဖွေကြပါတယ်။ သူတို့အတွက် ကျွန်းဟာ အိမ်။ လင်းပိုင်အတွက်တော့ ကျွန်းဟာ ရေစီးကြောင်းကို ခွဲပေးတဲ့ မြေတစ်စင်း၊ အစာရှာရာ ရေပြင်တစ်ခု၊ ခဏတာဖြတ်သန်းသွားရတဲ့ နေရာတစ်ခု။ လူသားက အိမ်လို့ ခေါ်တဲ့နေရာကို သဘာဝကတော့ အမြဲပြောင်းလဲနေတဲ့ စနစ်တစ်ခုလို့သာ သိပါတယ်။ လူသားတွေက ကျွန်းပေါ်မှာ အိမ်ဆောက်နေကြတဲ့အချိန်မှာ သူကတော့ အဲဒီကျွန်းရဲ့ တစ်ဖက်ခြမ်းက ရေပြင်ထဲမှာ အစာရှာနေ တတ်တယ်။ လူသားတွေက အဲဒီရေပြင်ကို ငါးဖမ်းဖို့ သွားကြတဲ့အခါ သူဟာ သူတို့ရဲ့ လှေတွေ အောက်က ရေထဲမှာ ကူးခတ်နေတတ်တယ်။တစ်နေရာတည်းမှာ ရေ
ပြင်ကို မျှဝေနေကြပေမယ့် သူတို့ရဲ့ ခရီးတွေက မတူကြပါဘူး။

နောက်တခု က ဆွန်ဒါဘန်းကို ပြောလိုက်တိုင်း လူတွေရဲ့စိတ်ထဲ ပထမဆုံးပေါ်လာတတ်တဲ့ပုံရိပ်ကတော့လမုတောထဲက တော်
ဝင်ဘင်္ဂလားကျားပဲ ဖြစ်ပါတယ်။ လူသားတွေက ကျားကို ကြောက်ကြပါတယ်။ ကျားဟာ သစ်တောရဲ့ အာဏာရှင်တစ်ကောင်လို ထင်ရတယ်။ ဒါပေမယ့် လင်းပိုင်ရဲ့ ရှုဒေါင့်ကနေ ကြည့်မယ်ဆိုရင် ကျားနဲ့သူဟာ မတူညီတဲ့ သတ္တဝါတွေ ဖြစ်ပေမယ့် တူညီတဲ့အရာတစ်ခုကို မှီခိုနေကြတာပါ။

ကျားအတွက် သားကောင်လိုအပ်ပါတယ်။ သားကောင်အတွက် သစ်တောလိုအပ်ပါတယ်။ သစ်တောအတွက် ရေ၊ ရွှံ့၊ ဒီရေနဲ့ ကျွန်းတွေလိုအပ်ပါတယ်။ လင်းပိုင်အတွက်လည်း ရေထဲက အစာလိုအပ်ပါတယ်။ အစာအတွက် ရေပြင်ကျန်းမာဖို့လိုပါတယ်။
👍10🤮84🖕3
ရေပြင်ကျန်းမာဖို့ မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုး
တန်းစနစ်တွေ ထိန်းသိမ်းထားဖို့လိုပါတယ်။ကျားနဲ့သူဟာ တစ်နေရာတည်းမှာ အတူမနေ ကြ‌ပေမယ့် သူတို့ရဲ့ အသက်ရှင်ရေးဟာ တူ
ညီတဲ့ သဘာဝစနစ်တစ်ခုအပေါ်မှာ မျှဝေမှီခိုနေကြတာပါ။

သူ .. လင်းပိုင်က ဘွန်ဘီဘီ ကို မသိပါဘူး။ ဆွန်ဒါဘန်းတောထဲကို ဝင်ပြီး လူတွေက ပျားရည် ရှာကြတယ်။ ပျားရည်ရှာတာက သူတို့အတွက် အဓိကအသက်မွေးဝမ်းကြောင်းတခု။ တောထဲမှာက ကျားရှိတယ်။ ပြီးတော့ ဆွန်ဒါဘန်းစ်က တော်ဝင်ဘင်္ဂလားကျားက လူသားကို စားတယ်။ တောထဲမှာ ကျားကိုက်မခံရဖို့ သူတို့အတွက် ယုံကြည် ကိုးကွယ်ရာက ဘွန်ဘီဘီ။ ဟိန္ဒူကိုးကွယ်သူရော အစ္စလာမ် ကိုးကွယ်သူရော ယုံကြည်အားကိုးရာ တော‌စောင့်နတ်သမီး ။ ပြီးတော့ ဘွန်ဘီဘီဟာ ယုံကြည်မှု တစ်ခုလည်းထက် ပိုပါသေးတယ်။ သစ်တောထဲမှာ အသက်ရှင်ဖို့ လိုအပ်တဲ့ သတိပေးချက်တစ်ခုလည်း ဖြစ်ပါတယ်။ လူသားတွေ သစ်တောထဲကို ဝင်ခွင့်ရှိတယ်။ ဒါပေမယ့် သစ်တောကို အနိုင်ယူပိုင်ခွင့် မရှိဘူး။ အစာရှာလို့ရတယ်။

ဒါပေမယ့်အလွန်အကျွံယူလို့မရဘူး။သစ်
တောကို အသုံးချလို့ရတယ်။ ဒါပေမယ့် သစ်တောရဲ့ စည်းမျဉ်းကို ဖျက်ဆီးလို့မရဘူး။ လူသားတွေဟာ တောရိုင်းကမ္ဘာကို ပိုင်ဆိုင်သူများမဟုတ်ဘဲခဏတာဝင်ရောက်လာကြတဲ့ ဧည့်သည်များသာဖြစ်
ကြောင်း သတိပေးနေတဲ့ အုပ်ထိန်းသူ တစ်ဦး ဖြစ်ပါတယ်။

ဒီလိုယုံကြည်မှုတွေဟာ ခေတ်သစ်သိပ္ပံနည်း
ကျ ကာကွယ်စောင့်ရှောက်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူသားနဲ့ သဘာဝကြားမှာ အကန့်အသတ်တစ်ခု ရှိရမယ်ဆိုတဲ့ အတွေးကိုတော့ ထိန်းသိမ်း ပေးနေပါတယ်။ လင်းပိုင်က ဘွန်ဘီဘီအကြောင်း မသိပေမယ့် ဘွန်ဘီဘီရဲ့ ပုံပြင်ထဲမှာ ပါဝင်နေတဲ့ သစ်တောစည်းမျဉ်းကို သူ့ဘဝက နေ့စဉ်ပြသနေတာပါပဲ။

မြန်မာနိုင်ငံက ဧရာဝတီမြစ်၊ မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းရေပြင်တွေဟာ ဘင်္ဂလားပင်လယ်အော်နဲ့ ဆက်စပ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း ကမ်းရိုးတန်းရေပြင်တွေက ဆွန်ဒါဘန်းစ် ရေကြောင်းတွေနဲ့ ဆက်စပ်နေပါတယ်။ ပြီးတော့ ရေစီးကြောင်းတွေအားလုံးဟာ တဆက်တည်း။ ဒီနေရာတွေဟာ နိုင်ငံရေးမြေပုံပေါ်မှာ ခွဲခြားထားကြပေမယ့် ရေစီးကြောင်း၊ ဒီရေ၊ ငါးအုပ်စုနဲ့ သဘာဝအပြောင်းအလဲတွေကတော့ အဲဒီနယ်နိမိတ်တွေကို လိုက်နာဖို့ မသိကြပါဘူး။

လင်းပိုင်တကောင်ဟာ မြန်မာနိုင်ငံမှာ မွေးဖွားခဲ့သလား၊ ပြီးတော့ ဘင်္ဂလားဒေ့ရှ်မှာ ရှင်သန်နေသလား။ သူဟာ ဘယ်ကနေ ဘယ်အထိ ကူးခတ်သွားနိုင်ပါသလဲ။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က သူတို့တွေဟာ ဇီဝဗေဒအရ အရေ
အတွက် တဆက်တည်းတစ်ခုတည်း ဖြစ်တယ်လို့တော့ လက်ရှိအထောက်အထားနဲ့ မပြောနိုင်သေးပါဘူး။ ဒါကိုသိနိုင်ဖို့ တစ်ကောင်ချင်းစီရဲ့ ရွေ့လျားမှုနဲ့ မျိုးရိုးဗီဇဆက်နွယ်မှုကို သီးခြား လေ့လာဖို့ လိုအပ်နေပါ‌သေး တယ်။

ဒါပေမယ့် ဂေဟဗေဒဆိုင်ရာ အဆင့်မှာတော့ မြစ်၊မြစ်ဝကျွန်းပေါ်၊ ဒီရေတော၊ ကမ်းရိုးတန်း
နဲ့ ပင်လယ်ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြပါတယ်။ လင်းပိုင်ရဲ့ ခရီးက အဲဒီဆက်စပ်မှုကို လူသားတွေထက် ပိုကောင်းကောင်း ပြသနေပါတယ်။သူတို့တွေ ဘယ်လောက် အသက်ရှင် ကျန်သေးသလဲ။ ဘယ်လောက်မျိုးဆက်ပြောင်းသွားပြီလဲ။ ဘယ်လောက်ကမ်းရိုး
တန်းဘက်ကို ရွေ့သွားကြပြီလဲ။

ဘယ်လောက်က အစာရှားပါးမှု၊ ငါးဖမ်းပိုက်နဲ့ လူသားတွေရဲ့ လှုပ်ရှားမှုကြားမှာ ပျောက်
ဆုံးသွားပြီလဲ။ ဒါတွေကို သိနိုင်ဖို့ ကိန်းဂဏန်းအသစ်လိုအပ်ပါတယ်။ ဒါပေမယ့် ကိန်းဂ
ဏန်းအသစ် ရဖို့အတွက် သူတို့ ရှင်သန်နေတဲ့ ရေပြင်ကို အရင်ထိန်းသိမ်းထားဖို့လိုပါတယ်။ သူ့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် မရှိပါဘူး။သူ့အတွက်ကတော့ ရေပြင်ကျန်းမာဖို့ကပဲ ပိုအရေးကြီးပါတယ်။

လင်းပိုင်တစ်ကောင် ရေပြင်ပေါ်ကို ခေါင်းပေါ်လာတဲ့အခါ တကောင်၊ နှစ်ကောင်၊ အုပ်စုတစု၊ စစ်တမ်းတခု၊ အစီရင်ခံစာတစောင်၊ နောက်ဆုံးမှာ သူ့ကို ကိန်းဂဏန်းတစ်ခုအဖြစ် မှတ်တမ်း တင်ကြတယ်။ ထိန်းသိမ်းစောင့်
ရှောက်ရေးအတွက် ကိန်းဂဏန်းတွေ လိုအပ်ပါတယ်။ ဘယ်လောက် ကျန်သလဲဆိုတာ မသိရင် ဘယ်လောက်အရေးပေါ် ကာကွယ်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ ခက်ပါတယ်။

ဒါပေမယ့် လင်းပိုင်ကို ကိန်းဂဏန်းတစ်ခုတည်းအဖြစ်ပဲ မြင်လိုက်ပြီး သူ့ဘဝရဲ့ အခြားအရာတွေ ပျောက်ကွယ်သွားလို့မဖြစ်ပါဘူး။ သူရှင်သန်နေတဲ့ မြစ်၊ သူဖြတ်သန်းနေတဲ့ ဒီရေ၊ သူ့အစာကို ထောက်ပံ့ပေးနေတဲ့ ငါးအုပ်စု၊ သူ့အတွက် အကာအကွယ်ပေးနေတဲ့ လမုတော၊ သူနဲ့အတူ ရေပြင်ကို မျှဝေနေတဲ့ လူသားတွေ၊ သူ့အပေါ်မှာ တည်ရှိနေတဲ့ ကျားနဲ့ သစ်တော၊ သူ့ခရီးကို အမြဲပြောင်းလဲ နေစေတဲ့ ကျွန်းတွေ။ အဲဒီအရာတွေအားလုံးဟာသူ့ဘဝရဲ့ အစိတ်အပိုင်းတခုစီပါပဲ။

ဒါကြောင့် လင်းပိုင်တွေ ဘယ်လောက်ကျန်သေးသလဲဆိုတာ အပြင် သူတို့ရှင်သန်နိုင်မယ့် မြစ်နဲ့ပင်လယ် ဘယ်လောက်ကျန်သေးသလဲ၊ သူတို့အတွက် ရေစီးကြောင်း ဘယ်
လောက် လွတ်လပ်သေးသလဲ၊ သူတို့အတွက် လူသားတွေ ဘယ်လောက်အထိ နေရာဖယ်ပေးနိုင်သေးသလဲ ဆိုတာတွေပါမှာသာ သူတို့ ဘဝအပြည့်အစုံပါ။

သူဟာ ဒီရေတက်လာတဲ့အခါ ရေထဲမှာ ပြန်ပေါ်လာပါတယ်။ ခဏလောက် အသက်ရှူတယ်။ ပြီးတော့ ပြန်ငုပ်သွားတယ်။ သူ့နောက်မှာတော့ ရေပြင်တစ်စင်းပဲ ကျန်ခဲ့ပါတယ်။ အဲဒီရေပြင်ထဲမှာ မြစ်လည်း ပါပါတယ်။ ပင်လယ်လည်း ပါပါတယ်။ လမုတောလည်း ပါပါတယ်။ ကျွန်းတွေလည်း ပါပါတယ်။ ကျားရဲ့ သစ်တောလည်း ပါပါတယ်။ ဘွန်ဘီဘီရဲ့ ပုံပြင်လည်း ပါပါတယ်။ ပြီးတော့ လူ
🤮95👍4🖕2
သားတွေရဲ့ အနာဂတ်လည်း ပါပါတယ်။

သူဟာ ရေစီးကြောင်းနောက်ကို လိုက်ကူးသွားတယ်။ သူ့ခရီးဟာ ဘယ်နေရာမှာ အဆုံး
သတ်မလဲ ဆိုတာ လူသားတွေ မသိနိုင်သေး
ပါဘူး။ ဒါပေမယ့် သူခရီး ဆက်သွားနိုင်ဖို့အတွက် လိုအပ်တာက ကျန်းမာတဲ့ ရေပြင်တစ်ခုပါပဲ။ လင်းပိုင်ကို ကယ်တင်ခြင်းဟာ လင်းပိုင်တစ်ကောင်ကိုသာ ကယ်တင်ခြင်းတင် မဟုတ်ပါဘူး။ သူ့ခရီးကို ဆက်သွားနိုင်အောင် ရေစီးကြောင်းတစ်ခုလုံးကို ကယ်တင်ခြင်း ဖြစ်ပါတယ်။ ။

ကိုးကား - UNESCO World Heritage Centre — The Sundarbans
UNESCO: Sundarbans National Park
IWC Irrawaddy Dolphin
IUCN Mekong River Irrawaddy Dolphins
Frontiers in Marine Science — Seasonal Distribution of Irrawaddy Dolphins

#လင်းပိုင် #ဧရာဝတီလင်းပိုင်
#ဆွန်ဒါဘန်းစ်ရေပြင် #peoplesspring
👍245🤮2🖕2😁1
ဓါတ်ပုံ-AFP
👍205🤮2🖕2
KNU တပ်မဟာ(၃)နယ်မြေက ကျေးရွာကို စစ်တပ်ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၆ဦးသေဆုံး၊ ၈ဦး ဒဏ်ရာရ

စက်တင်ဘာ ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ဘုတ်ဆုတ်ခင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ အများအပြားသေဆုံးထိခိုက်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဖြူးမြို့နယ် ဘုတ်ဆုတ်ခင်ရွာ(KNUအုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မူးမြို့နယ်အတွင်းရှိကျေးရွာ) ကို စစ်တပ်က စက်တင်ဘာ ၅ရက်မှာ ဒရုန်းနဲ့ ၂ကြိမ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဖြူးမြို့နယ် တံခွန်တိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ဘုတ်ဆုတ်ခင်ကျေးရွာကို ဒရုန်းနဲ့ ၂ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ ၁နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၆ဦးသေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးငယ် ၃ဦးအပါအဝင် ၈ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

စစ်တပ်ဟာ နိုင်ငံတဝန်း အရပ်သားပြည်သူတွေကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အကြမ်းဖက်တိုက်ခိုက်တာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်မှု ဆိုင်ရာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေကြောင်းလည်း KNUက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်မှ အရပ်သာပြည်သူလူထုများအား ပစ်မှတ်ထားပြီး ကျူးလွန် လျှက်ရှိလို့ KNUနယ်မြေက အရပ်သား ပြည်သူတွေအနေနဲ့ အသက်အိုးအိမ်စည်းစိမ်များ နေ့စဉ်နဲ့အမျှ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့နေရကာ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ အသက်ရှင်နေထိုင်ကြရတယ်လို့ ဖော်ပြထားပါတယ်။
🤬16👏9🔥3😢2🤣21👎1😁1🤮1