People's Spring
60K subscribers
71K photos
1.23K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - CJ
👍399👏4🥰2💩2🤣2🤮1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၁၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းတွေ တပ်လန်ဆုတ်ခွာ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်အထိနာပြီး စစ်ကြောင်းတွေ ဆုတ်ခွာထွက်ပြေးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဩဂုတ်လနောက်ဆုံးပတ်က စစ်တပ်ရဲ့ စစ်သင်္ဘောအုပ်စု ရွှေကူကနေ ဗန်းမော်မြို့ကို လာရောက်ဖို့ ကြိုးပမ်းစဉ်ကတည်းက မြစ်ကြောင်းလုံခြုံရေးအတွက် စစ်တပ်က ဇင်းဘုံဒေသတဝိုက်မှာ စစ်ကြောင်းထိုး လာတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စက်တင်ဘာဒုတိယပတ်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ အရာရှိတွေအပါအဝင် စစ်တပ်က ထိခိုက်သေဆုံးများခဲ့တာကြောင့် စစ်တပ်စစ်ကြောင်းဟာ စက်တင်ဘာ ၁၁ရက်မှာ တပ်လန်ဆုတ်ခွာသွားတာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

◾️ရခိုင်ရိုးမပေါ်တက်ဖို့ကြိုးပမ်းနေတဲ့ စစ်တပ် ထိခိုက်မှုများနေ

မကွေးတိုင်း၊ မင်းတုန်းမြို့ကနေ ရခိုင်ရိုးမပေါ်တက်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်စစ်ကြောင်းဟာ အရာရှိတွေ အပါအ၀င် သေဆုံးသူများနေပြီး စစ်တပ်က တိုက်ပွဲနေရာတွေကို လေကြောင်းကနေ ဗုံးကြဲပစ်ကူပေးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။ မင်းတုန်းမြို့အနောက်ခြမ်း ကျေးရွာတွေကနေ ရခိုင်ရိုးမတောင်ခြေမှာ တပ်ဖြန့်ပြီး တောင်ပေါ်တက်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေ နေ့စဉ်တိုက်ပွဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေမှာ စစ်အုပ်စု အမြဲအထိနာပြီး သေဆုံးတဲ့အထဲ အရာရှိအဆင့်တွေပါ ပါတယ်လို့ မင်းတုန်းမြို့နယ်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် အထိနာနေတဲ့စစ်တပ်က တိုက်ပွဲဖြစ်ရာ နေရာကို ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲနေတယ်လို့ အသိပေးပါတယ်။

◾️NEDရဲ့ ဒီမိုကရေစီဆု သပိတ်ခေါင်းဆောင်ကိုနန်းလင်း လက်ခံရယူ

အမေရိကန် အခြေစိုက်အမျိုးသားဒီမိုကရေစီထောက်ပံ့ရေးအဖွဲ့ (NED)ရဲ့၂၀၂၆ အတွက် ဒီမိုကရေစီဆုကို ‘နွေဦးတော်လှန်ရေးပြည်သူအခြေပြုစည်းရုံးလှုံ့ဆော်သူများ’ကရရှိပြီး သပိတ်ခေါင်းဆောင်ကိုနန်းလင်းက ကိုယ်စားဆုလက်ခံခဲ့ပါတယ်။ သပိတ်ခေါင်းဆောင်ကိုနန်းလင်းက မြန်မာပြည်သူတွေရဲ့ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် ရုန်းကန် တိုက်ပွဲဝင်မှုအပေါ်မှာ မျှော်လင့်ချက် ခိုင်ခိုင်မာမာထားရှိကြဖို့နဲ့ အတူတူရပ်တည်ပေးကြဖို့ ဆုလက်ခံယူစကားပြောကြားရင်း တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံ‌ရေးခေါင်းဆောင်တွေအပါအဝင် ပြည်သူနှစ်သောင်းကျော်ကို အမြန်ဆုံးလွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။ အမေရိကန်မှာ ကျင်းပတဲ့ ဆုပေးပွဲကို ကိုယ်တိုင်မတက်ရောက်နိုင်ပေမယ့် လွတ်မြောက်နယ်မြေတစ်နေရာကနေ ကိုယ်စားဆုလက်ခံယူရင်း ဒီဆုဟာ ပြည်သူတွေရဲ့လွတ်လပ်ခွင့်အတွက် အသက်ကို ပဓာနမထားပဲ တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီးတွေ လူငယ်တွေနဲ့ လူနည်းစုရဲဘော်အပေါင်းတို့ကို လေးလေးနက်နက်အသိအမှတ်ပြုတယ်လို့ ကိုနန်းလင်းက ပြောကြားခဲ့ပါတယ်။ ဒီဆုကို လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှု အတွက် တိုက်ပွဲ ဝင်နေကြတဲ့ ရဲဘော် ရဲဘက်တွေနဲ့ မြန်မာပြည်သူတွေရဲ့ ကိုယ်စား ဂုဏ်ယူဝင့်ကြွားစွာ လက်ခံခဲ့တာလို့ ဆိုပါတယ်။

◾️စစ်တပ်ရဲ့ အသက်ရှုပေါက် အဓမ္မစစ်သားစုဆောင်းမှုအစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရာမှာ ပူးပေါင်းပါဝင်ကြဖို့ NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ စက်တင်ဘာ ၁၂ရက်ညပိုင်းမှာ ထုတ်ပြန်တဲ့ ဝန်ကြီး ဦးရည်မွန်နဲ့ ဦးမင်းကိုနိုင်တို့ရဲ့ အပြန်အလှန် စကားစုစည်းမှု အစီအစဉ်မှာ ပစအရေး၊ စစ်ရေးနဲ့ တော်လှန်ရေးဆိုင်ရာတွေကို ဆွေးနွေးခဲ့ရာ ပစအရေးနဲ့ပတ်သက်ပြီး အခုလို တိုက်တွန်းခဲ့တာပါ။ လူငယ်တွေကို အဓမ္မ စစ်သားစုတဲ့ကိစ္စ လက်ရဲဇက်ရဲ ကျူးလွန်လာတာဟာ ပြည်သူလူထုကို ထိခိုက်မှု များဖြစ်ပေါ်နေရကြောင်း ဦးမင်းကိုနိုင်က ပြောကြားပြီး ဒီအရေးအပေါ် NUG ကာကွယ်ရေးဘက်က ကိုင်တွယ်ဆောင်ရွက်မယ့် အခြေအနေကို မေးမြန်းရာ ဦးရည်မွန်က အခုလို ဖြေကြားပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မ စစ်သားစုဆောင်းရေး ပစအစီအစဉ်ဟာ စစ်အုပ်စုအတွက် အသက်ရှုပေါက်ဖြစ်သလို တဖက်မှာလည်း ပစကို အားပြုနေရတာသည်ပင်လျင် အာဏာသိမ်းစစ်တပ်အတွက် အားနည်းချက်ဖြစ်ကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ ပစလူငယ်တွေကိုယ်တိုင်လည်း သူတို့ဟာ အဓမ္မ စစ်ကျွန်ပြုခံထားရတယ်ဆိုတာ သိထားပြီး သူတို့ အသက်ကို စတေးခိုင်းပြီး အဓမ္မ သမားတွေ သက်ဆိုးရှည်ဖို့ လုပ်နေတယ်ဆိုတာ သိထားကြကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

◾️ဖားကန့်မှာ တိုက်ပွဲဖြစ်
👍215🖕2🥰1😁1
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ် ၊ပြည်သူ့စစ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး စစ်တပ်က ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်ကစပြီး တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ဖားကန့်ဒေသမှာ အခုရက်ပိုင်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမရှိပေမယ့် စစ်တပ်ရဲ့လေကြောင်း ကင်း‌ထောက်ပျံသန်းမှုတွေရှိနေပါတယ်။ လက်ရှိမှာ ကချင်ပြည်နယ်အတွင်း ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ စစ်ရေးအတင်းမာဆုံးဖြစ်နေပါတယ်။

◾️လက်ပံတန်းအရှေ့ခြမ်းက စစ်ရှောင်ပြည်သူတွေကို စစ်တပ် ပစ်ခတ်တိုက်ခိုက်နေ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။ လက်ပံတန်းမြို့နယ် အရှေ့ခြမ်းက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ သတိပြုနေထိုင်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။ လက်ပံတန်းမြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ထန်းပင်ချောင်ကျေးရွာ စစ်တပ်အထိုင်စခန်းကလက်နက်ကြီး(ဟောင်ဝှစ်ဇာ)နဲ့ ရေငံကျေးရွာအထိုင်ချစခန်းကနေ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာလို့ လက်ပံတန်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

◾️ကျောက်မဲဈေးက ရွှေဆိုင် ဓားပြတိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စက်တင်ဘာ ၁၂ရက် ဒီနေ့ မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ကျောက်မဲမြို့ဈေးအတွင်းက ရွှေဆိုင်တစ်ဆိုင်ဟာ မနက် ၈နာရီခန့်မှာ ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေစဉ် လူ ၃ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး ဓားပြတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ ဓားပြတိုက်သူတွေကို ဝင်ရောက်ဖမ်းဆီးတဲ့ စည်ပင်ဝန်ထမ်းတစ်ဦးလည်း သေနတ်နဲ့ ပစ်ခံရပြီး ခြေထောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ဓားပြတိုက်သူတွေကို ဖမ်းမိခြင်းမရှိဘဲ ဆုံးရှုံးသွားတဲ့ ရွှေထည်တန်ဖိုးကိုလည်း လတ်တလော မသိရသေးပါဘူး။

◾️နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို နတ်မောက်ပကဖ ဖမ်းမိ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီနေ့ ထုတ်ပြန်ပါတယ်။ နတ်မောက်မြို့နယ်၊ သရက်ချဉ်‌ကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် ကရေ(ခ) စောခိုင်လေးထူးကို နတ်မောက်အရှေ့ခြမ်းမှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ စစ်ဆေးဖော်ထုတ်ချက်အရ နတ်မောက်အရှေ့ခြမ်းက သစ်လှကျင်း၊ ဝင်အူ ၊ကျောက်ချေား ၊ထနောင်းကုန်း သမှုံးကုံး ၊ ဖက်တောရေ စတဲ့ ကျေးရွာတွေမှာ သူတောင်းစား၊ ဈေးဝယ်၊ ဈေးရောင်း၊ သစ်ဆွဲသမား(ချိန်းဆွဲသူလွှသမား ) ပုံဏ္ဌန်အမျိုးမျိုးနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့အကြောင်းကို စုံစမ်းခဲ့ပြီး နတ်မောက်အရှေ့ခြမ်း စစ်တပ်စစ်ကြောင်းတွေမှာ လိုက်ပါခဲ့တယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် စမ်းကုန်းကျေးရွာက ဦးစံမောင်တို့သားအဖ မီးရှို့သတ်ဖြတ်ချိန်မှာ သူပါဝင်ခဲ့ကြောင်းနဲ့ ပွင့်ဖြူစစ်ကြောင်းနဲ့လည်း လိုက်ပါကာ ပြည်သူတွေဆီက ရွှေငွေပစ္စည်း ရသမျှဝေယူစနစ်နဲ့ လိုက်ပါခဲ့တယ်ဆိုတာ ဝန်ခံခဲ့တယ်လို့ ဖော်ပြပါတယ်။

◾️မုံရွာ–ချောင်းဦးလမ်းပိုင်းမှာ စစ်တပ်က ပြည်သူတွေရဲ့ကားတွေ ချောဆွဲ

မုံရွာ–ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေရဲ့ ၆ဘီးကားတွေကို အာဏာသိမ်းစစ်တပ်က ချောဆွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းက မုံရွာမြို့နယ်၊ မုံရွေးတိုးဂိတ်က စစ်သားတွေဟာ မုံရွေးဈေးထိပ်နဲ့ ကြေးမုံရွာထိပ်ကို ရောက်ရှိခဲ့ကြောင်း၊ ချောင်းဦးမြို့နယ်ရှိ မြပုလဲဂိတ်နဲ့ စစ်တပ်ရဲ့ ဘက်စုံစိုက်ပျိုးရေးခြံဂိတ်တွေမှာလည်း ပြည်သူတွေရဲ့ ၆ ဘီးယာဉ်တွေကို ချောဆွဲသွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ချောဆွဲခံထားရတဲ့ ကား ၅ စီးထက်မနည်း ရှိနိုင်ပြီး ပြည်သူတွေဆီက ခိုးယူထားတဲ့ပစ္စည်းတွေ သယ်ဆောင်ဖို့လည်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောပါတယ်။

◾️သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်ကိုယ်စားပြုခွင့်ရရေး ဗြိတိန်ရောက် မြန်မာတွေ ဆန္ဒထုတ်ဖော်
👍215👏2🖕2😁1
ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီနေ့ စက်တင်ဘာ ၁၂ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အဲဒီဆန္ဒထုတ်ဖော်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (Kim Aris)၊ သရုပ်ဆောင် မေမြတ်နိုး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ် ဦးမောင်မောင်အောင်၊ ဒေါက်တာသက်ကိုကိုနဲ့ ဗြိတိန်ရောက် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်တွေ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ နိုင်ငံတကာအစိုးရတွေအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထောက်ခံပေးကြဖို့၊ SCEF ၊ NUG စတဲ့ ပြည်သူ့ကိုယ်စားလှယ် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊အာဏာသိမ်း စစ်တပ်ကို အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။
25💩3🖕2👍1
26👍8💩3🖕2
စစ်တွေမှာနှစ်ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်

■စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

"(စစ်​တွေ၊​ကျောက်ဖြူတိုက်ပွဲ​တွေမှာ)စစ်တပ်
ဘက်ကသေတာနှစ်ရာကျော်၊သုံးရာနီးပါး
လောက်ရှိတော့မယ်။ထိုးစစ်အောင်မြင်လား၊
မအောင်မြင်ဘူးလားဆိုတာသိသာနေတယ်လေ”-ရခိုင်ဒေသခံစစ်ရေးလေ့လာသူတဦး

စက်တင်ဘာ-၁၂၊၂၀၂၆။ခိုင်မြတ်/People's Spring

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ အာရက္ခတပ်တော်(AA)နဲ့ စစ်တပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီးနှစ်ရက်တာတိုက်ပွဲအတွင်းစစ်သားအလောင်း ၃၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့တယ် လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်တွေမြို့နယ်ကနေ AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကိုထိုးစစ်ဆင်ရာအထိနာပြီး ပြန်ဆုတ်ခဲ့ရတဲ့ စစ်တပ်ဟာ စက်
တင်ဘာ ၁၁ ရက်နေ့မှာ ထပ်မံအင်အားဖြည့်ကာ ထပ်မံထိုးစစ်ဆင်လာခဲ့တာကြောင့်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

“မနေ့က နေ့ခင်းကလောက်ကတည်းက တိုက်
ပွဲအပြင်းအထန်ဖြစ်ကြတာ။ဒီနေ့(စက်တင်
ဘာ ၁၂)လည်းတနေကုန်ဖြစ်တယ်။အ
လောင်းသုံးဆယ်ကျော်လောက်ရလိုက်တယ်။ကိုယ့်ဘက်ကလည်းအထိအခိုက်နည်းနည်းတော့ရှိတယ်”လို့ AAနဲ့ နီးစပ်တဲ့သတင်းရင်း
မြစ်တဦးကပြောပါတယ်။

ပထမအကြိမ်မှာပုဏ္ဏားကျွန်းမြို့နယ်ဆားပို့တောင်ရွာအနီးအထိနာပြီးထိုးစစ်တန့်နေခဲ့တဲ့ စစ်တပ်ဟာ အင်အားထပ်ဖြည့်ပြီး ပုဏ္ဏားကျွန်မြို့နယ်ခမောင်းတောရွာဘက်သို့ စစ်​ကြောင်းတစ်ကြောင်း၊ စစ်တွေမြို့နယ် ဝါဘိုကျွန်း၊မင်းလှရွာဘက်ကိုတစ်ကြောင်းဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ အင်အားငါးရာဝန်းကျင်နဲ့ ထပ်မံထိုးစစ်ဆင်လာခဲ့တာလို့ စုံ
စမ်းသိရပါတယ်။

အဲဒီစစ်ကြောင်းနှစ်ခုထဲက ခမောင်းတောရွာဘက်သို့ ရောက်လာတဲ့စစ်ကြောင်းဟာ အထိ
နာပြီး ဒီနေ့နေ့လယ်ပိုင်း မှာ ရွှေမင်းဂံရေတပ်စခန်း တဖက်ကမ်းရှိ ရဲရိုးပြင်ရွာဘက်သို့ တပ်ဆုတ်ပြေးသွားခဲ့တယ်လို့ မြေပြင်သတင်းရင်း
မြစ် က ပြောပါတယ်။

“ခမောင်းတောဘက်ကကောင်တွေပိုထိတယ်။မနေ့ကတရက်တည်းမှာအလောင်းနှစ်ဆယ်လောက်ရတယ်။ဒီနေ့တဆယ်ကျော်၊ အားလုံးပေါင်းဆိုရင်တော့( စက်တင်ဘာ ၄ ​နောက်ပိုင်း) ၂၀၀ နီးပါးလောက်ရှိပြီပေါ့ဒီဘက်တိုက်ပွဲမှာ။တပ်တော်ကလည်းဒီရက်
ပိုင်း ထုတ်ပြန်မယ်ထင်တယ် အဲဒါကို”လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။

မြေပြင်မှ အထိနာနေတဲ့ စစ်တပ်ဟာ လေ​ကြောင်းပစ်ကူအများအပြားနဲ့ ခုခံနေရတယ်လို့လည်းဒေသခံတွေကဆိုပါတယ်။“ဒီနေ့
တနေ့လုံးလေယာဉ်တွေပျံတယ်။လေးစီးလောက်တောင် ရှိမလားမသိဘူး။ ဗုံးလည်းကြဲတယ်။ညကလည်းလေယာဉ်ပျံတယ်။ လက်နက်ကြီးတော့သိပ်မပစ်ဘူး”လို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်သုံးခုရဲ့ အလယ်မှာ ဝန်းရံပိတ်ဆို့ခံထားရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်ကနေ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ဆီ အင်အားထောင်ဂဏန်းနဲ့ ပြီး ခဲ့တဲ့စက်တင်ဘာလ ၄ ရက်ကစပြီးထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲစတဲ့နေ့မှာပဲ အမြင့်ကျွန်းဘက်က ထိုးစစ် ဆင်တဲ့စစ်ကြောင်းဟာ အထိနာပြီး ပြန်ဆုတ်ခဲ့ရပါတယ်။

ရွှေမင်းဂံရေတပ်စခန်းဘက်က ထိုးစစ်ဆင်တဲ့ စစ်ကြောင်းကလည်းရက်ပိုင်းအတွင်းအထိ
နာပြီး ရှေ့မတိုးနိုင်ဘဲဆားပို့တောင်ရွာဝန်း
ကျင်မှာ ရပ်တန့်နေခဲ့ကာ အခုအခါ နောက်တကြိမ် အင်အားဖြည့်ထိုးစစ်ဆင်လာခဲ့တာပါ။

တိုက်ပွဲ​တွေမှာအထိနာနေတဲ့စစ်တပ်ဟာ အ
တင်းအဓမ္မဖမ်းဆီးထားတဲ့ စစ်တွေဒေသခံရို ဟင်ဂျာတွေကိုပါရှေ့တန်းစစ် မျက်နှာတွေမှာ အသုံးပြုတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ ရိုဟင်ဂျာတွေကပြောထားကြပါတယ်။

ဒါ့အပြင်စစ်တွေမြို့နယ်အပြင်ကျောက်ဖြူမြို့နယ်အတွင်းကတိုက်ပွဲတွေမှာလည်း စစ်
တပ်အထိနာနေပြီး စက်တင်ဘာလ ၉ ရက်နဲ့ ၁၀ ရက်အတွင်း စစ်သားအလောင်း နှစ်ဆယ်ဝန်းကျင် ရခဲ့တယ်လို့ မြေပြင်သတင်းရင်း
မြစ်တွေက ပြောထားကြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာအာရက္ခတပ်တော်
(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်
တွင်းနဲ့ ရခိုင်အစပ်နေရာ တွေကို ၄၉၂၆ စစ်ဆေးရေးလို့နာမည်တပ်ပြီး ထိုးစစ်ဆင်နေပေမယ့် လက်တွေ့မှာတော့ တပတ်နီးကျော်ကြာတဲ့ထိ AA စခန်းတစ်ခုမျှသိမ်းနိုင်တာမရှိဘဲ စစ်စခန်းတွေ ထပ်မပါသွားဖို့ခံစစ်ပြန်လုပ်နေကြရတယ်လို့ မြေပြင်သတင်းရင်းမြစ် တွေက ပြောထားကြပါတယ်။

“AA ဘက်ကကြားရသလောက် သတင်းတွေအရဆိုရင်သူတို့ပြောတဲ့ ၄၉၂၆ စစ်ဆင်ရေးကာလအတွင်းမှာတင် စစ်တပ်ဘက်ကသေတာနှစ်ရာကျော်၊သုံးရာနီးပါးလောက် ရှိတော့မယ်။ထိုးစစ်အောင်မြင်လား၊မအောင်မြင်ဘူး လားဆိုတာ သိသာနေတယ်လေ” လို့ ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့မှာ စပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း မြို့နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေ၊ ကျောက်ဖြူမြို့နယ်အတွင်းက AA နယ်မြေတွေ နဲ့ ရခိုင်ပြည်နယ်အစပ်ဖြစ်တဲ့ မကွေးတိုင်း ၊ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ရှိ AA ထိန်းချုပ်ဒေသ တွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်လုပ်နေခဲ့တာပါ။
28👍6🤣4💩2🥰1👏1🖕1
ရခိုင်ရိုးမအရှေ့ဘက်ခြမ်းမကွေးတိုင်း၊မင်းတုန်း၊ ပဒါန်း၊ ပဲခူးတိုင်း ပန်းတောင်မြို့နယ်တို့အတွင်းတိုက်ပွဲ တွေမှာလည်း ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို AAကဖြတ်တိုက်တာကြောင့်တိုက်ပွဲပြင်းနေကာစစ်တပ်ဘက်က အထိနာနေတယ်လို့သိရပါတယ်။

အာရက္ခတပ်​တော်က ၂၀၂၃ နိုဝင်ဘာလကစပြီး ၂၀၂၄ ဒီဇင်ဘာလအထိ ၁၃ လအတွင်းမှာရခိုင်ပြည်နယ်က ၁၄ မြို့နယ်နဲ့ချင်းပြည်
နယ် ပလက်ဝမြို့နယ်တို့ကိုထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာပါ။ဒါ​ကြောင့် ရခိုင်ပြည်နယ်မှာ AA ထပ်မံသိမ်းပိုက်ဖို့ စစ်​တွေ ၊​​ကျောက်
ဖြူ ၊ပုဏ္ဏားကျွန်းမြို့နယ် တို့ပဲကကျန်​​ပါ​တော့တယ်။ စစ်တပ်က ၂၀၂၅ နှစ်ဆန်းကတည်း
က AAသိမ်းပိုက်ထိန်းချုပ်ထားတဲ့​​ဒေသ​တွေကိုတန်ပြန်ထိုးစစ်ဆင်ဖို့အကြိမ်ကြိမ်ကြိုးစား​ပေမယ့် မ​အောင်မြင်ခဲ့ပါဘူး ။
36🤣5👍3💩2👎1🥰1👏1🖕1
စစ်တပ်ရဲ့ ၄၉၂၆ စစ်ဆင်​ရေးအမည်နဲ့ထိုးစစ်ကို AA က​​စောင့်ကြိုတိုက်ခိုက်ရင်း​စစ်တပ်ထံမှ AA ကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ ။ဓါတ်ပုံ-​​supplied
38👍7🤣7👏5💩2👎1🥰1🖕1
သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်ကိုယ်စားပြုခွင့်ရရေး ဗြိတိန်ရောက် မြန်မာတွေဆန္ဒထုတ်ဖော်

စက်တင်ဘာ ၁၂၊၂၀၂၆။သုည/People's Spring

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (ကင်မ်အဲရစ်)၊ သရုပ်ဆောင် မေမြတ်နိုး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ် ဦးမောင်မောင်အောင်၊ ဒေါက်တာသက်ကိုကို နဲ့ ဗြိတိန်ရောက် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှကိုယ်စားလှယ်တွေ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာပြည်သူ​တွေရဲ့အသံဆက်လက်ရှိ​နေဖို့ သံအမတ်ကြီးဦး​ကျော်မိုးထွန်းကို ကုလသမဂ္ဂမှာဆက်လက်ကိုယ်စားပြုခွင့်​ပေးဖို့ ကိုထိန်လင်းကနိုင်ငံတကာကို​တိုက်တွန်းခဲ့ပါတယ် ။စစ်ရာဇဝတ်မှု​တွေဆက်တိုက်ကျူးလွန်ခဲ့တဲ့စစ်တပ်အတွက် တရားဝင်မှုထက် ကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှု​တွေအတွက် တာဝန်ခံရမယ်လို့လည်း ကင်မ်အဲရစ်က​ပြောပါတယ် ။

နိုင်ငံတကာအစိုးရတွေအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထောက်ခံပေးကြဖို့၊ SCEF ၊ NUG စတဲ့ ပြည်သူ့ကိုယ်စားလှယ် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊အာဏာသိမ်း စစ်တပ်ကို အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆက်လက် အသိအမှတ်ပြုရေးအတွက် ကမ္ဘာ့မြို့ကြီးတွေမှ နိုင်ငံတကာရောက် နွေဦးတော်လှန်ရေးမိသားစုတွေက ဆန္ဒထုတ်ဖော်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ရုပ်သံ-Beetlat Voice
👍3916🥰3👏2🤣2🖕2