People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို နတ်မောက်ပကဖ ဖမ်းမိ

စက်တင်ဘာ-၁၂၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နတ်မောက်မြို့နယ်၊ သရက်ချဉ်‌ကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် ကရေ(ခ) စောခိုင်လေးထူးကို နတ်မောက်အရှေ့ခြမ်းမှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ နတ်မောက်အရှေ့ခြမ်းက သစ်လှကျင်း၊ ဝင်အူ ၊ကျောက်ချေား ၊ထနောင်းကုန်း သမှုံးကုံး ၊ ဖက်တောရေ စတဲ့ ကျေးရွာတွေမှာ သူတောင်းစား၊ ဈေးဝယ်၊ ဈေးရောင်း၊ သစ်ဆွဲသမား(ချိန်းဆွဲသူလွှသမား ) ပုံဏ္ဌန်အမျိုးမျိုးနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့အကြောင်းကို စုံစမ်းခဲ့ပြီ
နတ်မောက်အရှေ့ခြမ်း စစ်တပ်စစ်ကြောင်းတွေမှာ လိုက်ပါခဲ့တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် စမ်းကုန်းကျေးရွာက ဦးစံမောင်တို့သားအဖ မီးရှို့သတ်ဖြတ်ချိန်မှာ သူပါဝင်ခဲ့ကြောင်းနဲ့ ပွင့်ဖြူစစ်ကြောင်းနဲ့လည်း လိုက်ပါကာ ပြည်သူတွေဆီက ရွှေငွေပစ္စည်း ရသမျှဝေယူစနစ်နဲ့ လိုက်ပါခဲ့တယ်ဆိုတာ ဝန်ခံခဲ့တယ်လို့ ဖော်ပြပါတယ်။

၂၀၂၆ ဇန်နဝါရီလ ၂၅ ရက်က နတ်မောက်မြို့နယ်၊ စမ်းကုန်းကျေးရွာ အနောက်ဘက် ထန်းတောတိုက် မှာ အသက် ၅၀ ကျော်အရွယ် ဦးစံမောင်နဲ့ သားဖြစ်သူ အသက် ၂၁ နှစ်အရွယ် ကိုနိုင်လင်းမောင်တို့ သားအဖ ၂ဦးကို စစ်တပ်စစ်ကြောင်းက မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

"သူ့ကို၅ရက်နေ့က ဖမ်းမိတာပါ"လို့ နတ်မောက် ပကဖ တာ၀န်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

အခု ဖမ်းမိသူဟာ နတ်မောက်မြို့နယ်ရွာတော်ဂိတ်မှာလည်းဂိတ်ထိုင်ပြီး ခရီးသွားပြည်သူတွေ အပေါ်အနိုင်ကျင့်ဗိုလ်ကျနေသူတစ်ဦးလို့ ဆိုပါတယ်။

ဖမ်းမိသူကို ဥပဒေနဲ့ အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း အခုလိုလျှို့ဝှက်ဝင်လာသူတွေကို အထူးဂရုစိုက်ကြပါဖို့ နတ်မောက် ပကဖ က သတိပေးပါတယ်။

လက်ရှိ နတ်မောက်အရှေ့ခြမ်းမှာ စစ်တပ်စစ်ကြောင်းတွေက နဘူးကွဲကျေးရွာ၊ကမ်းပြိုရွာနဲ့ကုလားရှင်ကျေးရွာတွေမှာရှိနေတယ်လို့ နတ်မောက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နတ်မောက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ၂၀၂၆ ဧပြီကတည်းက မကြာခဏစစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ဖတ်တောရေ၊ကျီးကန်၊ ကန်ဦးကုန်း၊ ရုံးပင်ကွက် ကျေးရွာတွေက နေအိမ်တွေကို ဖောက်ထွင်းပြီး မီးရှို့တဲ့အပြင်အရပ်သား ၃ဦးထက်မနည်းကို သတ်ဖြတ်ထားပါတယ်။

အလယ်ရိုးမနဲ့ဆက်စပ်နေပြီး သစ်တောကြိုးဝိုင်းတွေရှိနေတဲ့ နတ်မောက်မြို့အရှေ့ခြမ်းက တော်လှန်ရေးတပ်စခန်းတွေ ရှင်းလင်းရေးနဲ့ နယ်မြေစိုးမိုးရေးကို စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

နေပြည်တော်-မကွေး-မန္တလေးတိုင်း သုံးခုဆုံမှတ် သဏ္ဍန်ရှိနေတဲ့ နတ်မောက်မြို့နယ်မှာ စစ်တပ်ရဲ့ ရွာမွန် ပင်မစစ်လက်နက်ပစ္စည်းတပ်(ပပနတပ်)နဲ့ ဒန့်ဒလွန်ပင် ဆက်သွယ်ရေးတပ် အခြေစိုက်ထားပါတယ်။


ရုပ်သံ - People's Defense Organization - Natmauk
👍426👏3👎1🥰1🤮1🤣1🖕1
Media is too big
VIEW IN TELEGRAM
🤬45👍6👎2🔥2🥰1🤮1💩1🤣1
“အောင်စိတ်နဲ့နင်းတဲ့မြေဟာအောင်မြေဖြစ်တယ်”
-ပစအရေး၊ စစ်ရေး၊ တော်လှန်ရေး အပြန်အလှန်စကားစုစည်းမှု-

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ စကားဖလှယ်ထားတဲ့ဦးမင်းကိုနိုင်တို့ နှစ်ဦး မျက်မှောက်ကာလ ပစတွေရဲ့ အခြေအနေ၊ စစ်ရေးအခြေအနေနဲ့ တော်လှန်ရေး ရဲ့ ရှေ့အလားအလာ ပြောစကားတွေကို ကြည့်ရှုနားဆင်ကြရမှာဖြစ်ပါတယ်။

#SpringRevolutionMyanmar
🥰3210👍7💩3👎1🖕1
■မြေရှား | Rare Earth Watch

အိန္ဒိယ၏ မြန်မာ့မြေရှားသတ္တု ရရှိရေး ကြိုးပမ်းမှု

●မြေရှားသတ္တုနောက်ကွယ်က မြန်မာ့ပဋိပက္ခနှင့် အိန္ဒိယ၏ နှစ်လမ်းသွား မဟာဗျူဟာ

- မဲခေါင် ရေးသားသည်။

အိန္ဒိယသည် မြန်မာနိုင်ငံမှ လေးလံသော မြေရှားသတ္တုများ(Heavy Rare Earth Elements) ရရှိရေးအတွက် နှစ်လမ်းသွား မဟာဗျူဟာကို ကျင့်သုံးနေပါတယ်။ တစ်ဖက်မှာတော့ မင်းအောင်လှိုင် ဦးဆောင်တဲ့မြန်မာစစ်အစိုးရနဲ့ သံတမန်ရေးအရ ဆက်ဆံရေးကို ဆက်
လက်ထိန်းသိမ်းထားပြီး၊ တစ်ဖက်မှာလည်း ချီဖွေ-ပန်းဝါ မြေရှားသတ္တုတွင်းဒေသတွေကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်လပ်ရေးတပ်
မတော် (KIA) မှတစ်ဆင့် မြေရှားသတ္တုတွေ ရရှိနိုင်ရေးကို စူးစမ်းနေပါတယ်။

ထို့ကြောင့် အိန္ဒိယ၏ လုပ်ဆောင်ချက်များဟာ မြန်မာ့မြေရှားသတ္တုရရှိရေးအတွက် ရေရှည် ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာတစ်ရပ်လား၊ ဒါမှမဟုတ် သံတမန်ရေးအရ အခင်း
အကျင်းတစ်ခုသာ လားဆိုတာက ဆက်လက် စောင့်ကြည့်ရမယ့် အချက်တစ်ခု ဖြစ်လာပါတယ်။

ဒီအခြေအနေကို အမေရိကန်အခြေစိုက် Rare Earth Exchanges (REEx)ကလေ့လာသုံးသပ်ထားပြီး၊ မြန်မာ့မြေရှားသတ္တုအရေးဟာ သတ္တုတူးဖော်ရေးကိစ္စတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံရေး၊ လုံခြုံရေးနဲ့ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်တို့နဲ့ ဆက်စပ်နေတဲ့ ပြဿနာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အဲဒီသုံးသပ်ချက်က မြန်မာ့မြေရှားသတ္တုအရေးကို နားလည်ဖို့ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အခြေခံအချက်တစ်ခု ဖြစ်ပါတယ်။အပြင်ပန်းကြည့်ရင် မြန်မာနိုင်ငံဟာ သယံဇာတပေါကြွယ်တဲ့ နိုင်ငံတစ်ခုလို့ မြင်ရပေမယ့် အဆိုပါ သယံဇာတတွေရှိတဲ့ နယ်မြေတွေကတော့ဆယ်စုနှစ်များစွာကြာပြည်တွင်း
စစ် ဖြစ်ပွားနေတဲ့ ဒေသတွေ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံကကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကျောက်စိမ်း၊ သံဖြူ၊ ရွှေနဲ့ မြေရှားသတ္တုတွေ ထွက်ရှိပါတယ်။ ဒီအထဲမှာ လေးလံသောမြေရှားသတ္တုများဆိုတာ မြေရှားသတ္တုအမျိုးအစားတွေထဲက ရှားပါးပြီး တန်ဖိုးမြင့်တဲ့ ကချင်ပြည်နယ် ချီဖွေ-ပန်းဝါ ဒေသမှာ အဓိ
ကတွေ့ရှိရတဲ့ ဒစ်စပရိုဆီယမ် (Dysprosium) နဲ့ တာဘီယမ် (Terbium) တို့ဖြစ်ပါတယ်။

၎င်းတို့ဟာအဆင့်မြင့်သံလိုက်များ ထုတ်
လုပ်ရာမှာအရေးပါပြီးသန့်ရှင်းသောစွမ်းအင်ကဏ္ဍ၊ လျှပ်စစ်ကားများ၊ လေစွမ်းအင်တာဘိုင်များ၊ ဒုံးကျည်စနစ်များ နဲ့ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ထုတ်လုပ်ရာမှာ မရှိမဖြစ် အသုံးပြုနေရတဲ့ မဟာဗျူဟာမြောက် သယံဇာတတွေ ဖြစ်ပါတယ်။

မြန်မာ့ပဋိပက္ခဟာ သယံဇာတကြောင့်သာ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ဒါပေမယ့် International Crisis Group ရဲ့ လေ့လာချက်အရ လက်ရှိအခြေအနေမှာတော့ သယံဇာတတွေကို ဘယ်သူ ထိန်းချုပ်ထားသလဲ ဆိုတာက လက်နက်ကိုင်အဖွဲ့တွေရဲ့ဘဏ္ဍာရေး၊ ကုန်
သွယ်ရေးလမ်းကြောင်းနဲ့ ပြည်တွင်းစစ်ရဲ့ ဦး
တည်ချက်အပေါ် ပိုမိုသက်ရောက်လာနေပါတယ်။

အထူးသဖြင့်ကချင်ပြည်နယ်ကမြေရှားသတ္တုဒေသတွေဟာ ကမ္ဘာ့အာရုံစိုက်မှုကို ရရှိလာနေပါတယ်။၂၀၂၆ ခုနှစ်အထိရရှိထားတဲ့အချက်
အလက်တွေအရ KIA က ကချင်ပြည်နယ်အတွင်း မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက် ၅၀၀ ကျော်ကို ထိန်းချုပ်ထားပြီး၊ REEx ရဲ့ အဆင့်သတ်မှတ်ချက်တွေအရ ကမ္ဘာပေါ်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုကထိန်းချုပ်ထားတဲ့ အကြီးဆုံး လေးလံသော မြေရှားသတ္တု ထွက်ရှိရာ နယ်မြေတစ်ခု ဖြစ်လာခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်းက သယံဇာတကြွယ်
ဝတဲ့ ဒေသတွေဟာ စစ်အုပ်စုအတွက် အရေးပါသည့် နေရာတွေဖြစ်ခဲ့တာကြောင့်၊ ကချင်
ပြည်နယ်ဟာ စစ်တပ်ရဲ့ မဟာဗျူဟာမြောက် အာရုံစိုက်ခံရတဲ့ဒေသတစ်ခုဖြစ်လာခဲ့ပါတယ်။ သယံဇာတအရင်းအမြစ်နဲ့ နယ်မြေထိန်းချုပ်မှုအတွက် ရည်ရွယ်တဲ့ စစ်ဆင်ရေးတွေကြောင့် ဒေသတွင်းမှာ ဆယ်စုနှစ်များကြာ ပြင်းထန်တဲ့ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာခဲ့ပြီးယနေ့အချိန်အထိလည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေအတွက် အဓိ
ကစိန်ခေါ်မှုက လုံခြုံရေးကိစ္စကနေ စတင်ပြီး၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း၊ သတ္တုသန့်စင်နိုင်မှုနဲ့ နောက်ဆုံး အရည်အသွေးမြင့် သံလိုက်များ ထုတ်လုပ်နိုင်မယ့် နည်းပညာစွမ်းရည်အထိ အဆင့်ဆင့် ဖြစ်ပါတယ်။ ဒီကွင်းဆက်ထဲကအဆင့်တစ်ခုခုပြတ်တောက်
သွားရင် မြေရှားသတ္တုရဲ့ မဟာဗျူဟာတန်ဖိုးလည်း ကျဆင်းသွားနိုင်ပါတယ်။ဒါကြောင့်ပဲ ကချင်ဒေသကို လေးလံတဲ့ မြေရှားသတ္တုတွေအတွက် အရေးကြီးဆုံးစစ်မြေပြင်တစ်ခုအ
ဖြစ် REEx ကသုံးသပ်ထားတာဖြစ်ပါတယ်။

သို့သော် မြေရှားသတ္တုအရင်းအမြစ်ရှိတဲ့ နယ်မြေကို ထိန်းချုပ်ထားနိုင်ခြင်းတစ်ခုတည်းနဲ့ ကမ္ဘာ့ဈေးကွက်မှာ အသာစီးရရှိနိုင်တာမဟုတ်ပါဘူး။ တကယ့်အရေးကြီးတဲ့ အဆင့်တွေကတော့ သတ္တုခွဲခြားခြင်း (Separation)၊ သန့်စင်ခြင်း (Refining) နဲ့ အရည်အသွေးမြင့် သံလိုက်များ ထုတ်လုပ်ခြင်း (Magnet-making) တို့ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကထွက်ရှိတဲ့ မြေရှားသတ္တုတွေဟာဒေသတွင်းမှာအချို့အဆင့်အထိသာ ခွဲထုတ်သန့်စင်ပြီး ရရှိနိုင်သော်
လည်း၊ အရည်အသွေးမြင့် ထုတ်ကုန်အဖြစ် ပြောင်းလဲနိုင်ဖို့ လိုအပ်တဲ့ နောက်ဆုံးအဆင့် သန့်စင်ခြင်းလုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံကို ဆက်လက်ပို့ဆောင်နေရဆဲ ဖြစ်ပါတယ်။
25👍9🤬2👎1🔥1👏1
အိန္ဒိယဟာ တရားဝင်လမ်းကြောင်းမှာတော့ စစ်အစိုးရနဲ့ ဆက်ဆံနေပါတယ်။ မင်းအောင်
လှိုင်ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လ ခရီးစဉ်အတွင်း အရေးပါသတ္တုနဲ့ မြေရှားသတ္တုကိစ္စတွေ ဆွေး
နွေးခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး
ဌာန ကလည်း အတည်ပြုထားပြီး၊ အေပီ (AP) သတင်းမှာလည်း နယူးဒေလီရဲ့ မြန်မာအပေါ် ဆက်လက်ထိတွေ့မှုတွေကို ဖော်ပြထားပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာနဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီမှာ အိန္ဒိယနည်းပညာအဖွဲ့တွေ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။

ဒါ​ပေမယ့် လက်တွေ့မှာတော့အိန္ဒိယသတ္တု
တွင်းဝန်ကြီးဌာန၊ အိုင်အာရ်အီးအယ်လ် (IREL) နှင့် ဟိုက်ဒရာဘတ် အခြေစိုက်မစ်ဒ်
ဝက်စ် အဆင့်မြင့်ပစ္စည်းများ ကုမ္ပဏီ (Midwest Advanced Materials) တို့ဟာ KIA မှတစ်ဆင့် သတ္တုနမူနာများကို ရယူပြီး စမ်း
သပ်ဖို့ စိတ်ဝင်စားခဲ့ကြပါတယ်။

ရည်ရွယ်ချက်ကတော့အဆိုပါ သတ္တုတွေထဲမှာ လေးလံသောမြေရှားသတ္တု ပါဝင်မှုအဆင့် ဘယ်လောက်ရှိသလဲ၊ အရည်အသွေးမြင့် သံ
လိုက်တွေထုတ်လုပ်နိုင်မလားဆိုတာ စစ်ဆေး
ဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအခြေအနေက အိန္ဒိယက မြန်မာ့တော်လှန်ရေးအဖွဲ့အားလုံးနဲ့ ဆက်ဆံနေတယ်လို့ ဆိုလိုတာမဟုတ်ဘဲ၊ လက်ရှိ မြေရှားသတ္တုထွက်ရှိရာ ဒေသတွေကို ထိန်းချုပ်ထားတဲ့ KIA နဲ့ သီးခြားဆက်သွယ်နေခြင်း ဖြစ်ပါတယ်။

Reuters ၏ ဖော်ပြချက်အရ အိန္ဒိယဘက်မှ KIA ထိန်းချုပ်နယ်မြေရှိ မြေရှားသတ္တုနမူနာများ ရယူရန် စိတ်ဝင်စားခဲ့ပြီး၊REEx ကလည်း အိန္ဒိယအတွက် အဓိကအခက်အခဲမှာ သတ္တု
ရိုင်း ရရှိရေးထက် ဒီသတ္တုကို သန့်စင်ခြင်းနဲ့ သံလိုက်ပြုလုပ်ခြင်းတို့ ဖြစ်ကြောင်း သုံးသပ်ထားပါတယ်။

အိန္ဒိယ၏ရည်ရွယ်ချက်မှာတရုတ်နိုင်ငံအ
ပေါ် မှီခိုနေရတဲ့ မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက်ထဲမှာ ကိုယ်ပိုင်ဝင်ရောက်နိုင်မည့် လမ်းကြောင်းတစ်ခု ဖန်တီးဖို့ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေက မြန်မာနိုင်ငံကို ပုံမှန်အချုပ်အခြာအာဏာပိုင် ပို့ကုန်နိုင်ငံတစ်ခုလို ကြည့်လို့ မရပါဘူး။ လက်ရှိ မြေရှားသတ္တုကွင်းဆက်မှာ အာဏာဗဟိုချက် သုံးခု ရှိနေပါတယ်။

စစ်အစိုးရက နိုင်ငံတကာဆိုင်ရာ တရားဝင်မှုရရှိနိုင်ဖို့ ကြိုးစားနေပြီး၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်
(KIA) က မြေပြင်ကို ထိန်းချုပ်ထားပါတယ်။ တရုတ်နိုင်ငံကတော့ သတ္တုသန့်စင်ခြင်းနဲ့ အောက်ခြေထုတ်လုပ်မှုကွင်းဆက်ကို အဓိက စိုးမိုးထားပါတယ်။

ဒီလို အာဏာဗဟိုချက် သုံးခုကြားမှာ KIA ရဲ့ အခန်းကဏ္ဍက အိန္ဒိယရဲ့ မြေရှားသတ္တုမဟာ
ဗျူဟာကို နားလည်ဖို့ အရေးကြီးတဲ့ အစိတ်
အပိုင်းတစ်ခု ဖြစ်လာပါတယ်။

KIA ဟာ ၁၉၆၁ ခုနှစ်တွင် တည်ထောင်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး၊ ကချင်လူမျိုး တို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီနဲ့ တိုင်းရင်းသားအခွင့်အရေးများအတွက် ဆယ်စုနှစ်များစွာ လှုပ်ရှားလာခဲ့သော အဖွဲ့ဖြစ်ပါတယ်။

ဒါကြောင့် KIA ကို ၂၀၂၁ ခုနှစ် စစ်အာဏာ
သိမ်းမှုနောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ “သူပုန်အဖွဲ့” တစ်ခုအဖြစ်သာသတ်မှတ်လို့မရပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ မြန်မာဗဟိုအစိုးရနဲ့ နှစ်ပေါင်းများစွာကြာ ပဋိပက္ခဖြစ်ပွားလာခဲ့ပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေး အ
တွက်သမိုင်းရှည်ကြာတိုက်ပွဲဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ မြန်မာ့စစ်ရေးအခင်းအကျင်းဟာပိုမိုပြောင်း
လဲ လာခဲ့ပါတယ်။ကချင်လွတ်လပ်ရေးတပ်
မတော် (KIA) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ရက္ခိုင့်တပ်တော် (AA)၊ ကရင်အမျိုးသားလွတ်
မြောက်ရေးတပ်မတော်(KNLA)၊မြန်မာအမျိုး
သား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်
(MNDAA) နှင့် တအာင်း အမျိုးသား လွတ်
မြောက်ရေး တပ်မတော် (TNLA) တို့နဲ့အတူ ပိုမိုကျယ်ပြန့်သော တော်လှန်ရေးအခင်းအ
ကျင်းတွင် ပါဝင်နေပါတယ်။ အခု မြေရှားသတ္တုအရေးဟာ ဒီရှည်လျားတဲ့ နိုင်ငံရေးပဋိပက္ခနဲ့ ဆုံတွေ့လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် KIO/KIA ဟာစစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်သူ​တွေနဲ့အတူရပ်တည်ပြီး စစ်တပ်ကို ခုခံ​တော်လှန်​နေတဲ့ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်းဖြစ်ပါတယ် ။

ဒါကြောင့် ကချင်ပြည်နယ်က မြေရှားသတ္တုဒေသတွေကို နားလည်ဖို့ဆိုရင် သတ္တုတန်ဖိုး တစ်ခုတည်းကိုသာ ကြည့်လို့ မရပါဘူး။ ဒီဒေသတွေဟာ ကာလရှည်ကြာ ဖြစ်ပွားလာတဲ့ တိုင်းရင်းသားရေး၊ နယ်မြေထိန်းချုပ်မှုနဲ့ မြန်မာ့ပြည်တွင်းစစ်တို့ ဆုံတွေ့နေတဲ့ နေရာတွေ ဖြစ်ပါတယ်။

အထူးသဖြင့် အဓိက မြေရှားသတ္တုထုတ်လုပ်ရေး လုပ်ကွက်များရှိတဲ့ ပန်းဝါဒေသကို KIA က ထိန်းချုပ်နိုင်ခဲ့ခြင်းဟာ ဒေသတွင်း အာ
ဏာချိန်ခွင်လျှာကို ပြောင်းလဲစေတဲ့ အရေး
ကြီးတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီအရင်းအမြစ်တွေကို ပိုင်ဆိုင်ထားရုံနဲ့ တိုင်းရင်းသား ဒေသခံပြည်သူတွေအတွက် အကျိုးဖြစ်လာမယ်လို့ မဆိုနိုင်ပါဘူး။သတ္တုတူးဖော်မှုကြောင့် ပတ်ဝန်းကျင်ပျက်စီးမှုတွေ၊ ဒေသခံပြည်သူတွေအပေါ် သက်ရောက်မှုတွေ၊ စစ်ပွဲအတွက် ဘဏ္ဍာရေးအရင်းအမြစ်ဖြစ်လာနိုင်မှုတွေကိုလည်းထည့်
သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
23👍10👏2👎1🥰1
ကချင်က မြေရှားသတ္တုကို စိတ်ဝင်စားတဲ့ အိန္ဒိယအတွက်ကတော့ အောင်မြင်စွာ အ
ကောင်အထည် ဖော်နိုင်ဖို့ဆိုရင်၊ မြေရှားသတ္တုကို နောက်ဆုံးအဆင့်အထိ သန့်စင်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲနိုင်မည့် လက်တွေ့ကျသော နည်းလမ်းများ ရှာဖွေခြင်းနှင့်အတူ၊ ဒီသယံဇာတရှိရာ ကချင်ပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေကို နားလည်ပြီး မြေ
ပြင်ကို ထိန်းချုပ်ထားတဲ့ KIA နှင့် ရှိပြီးသား ဆက်ဆံရေးကို ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအဖြစ် တိုးမြှင့်နိုင်ခြင်းကလည်း အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

ကိုးကား - Rare Earth Exchanges (REEx), Reuters, AP, International Crisis Group,
22👍10👏2🤬2👎1
🤬23👎4🔥3👏2👍1
မုံရွာ–ချောင်းဦးလမ်းပိုင်းမှာ စစ်တပ်က ပြည်သူတွေရဲ့ကားတွေ ချောဆွဲ

စက်တင်ဘာ ၁၂၊ ၂၀၂၆။ ဟာနာဆန်/People's Spring

မုံရွာ–ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေရဲ့ ၆ဘီးကားတွေကို အာဏာသိမ်းစစ်တပ်က ချောဆွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းက မုံရွာမြို့နယ်၊ မုံရွေးတိုးဂိတ်က စစ်သားတွေဟာ မုံရွေးဈေးထိပ်နဲ့ ကြေးမုံရွာထိပ်ကို ရောက်ရှိခဲ့ကြောင်း၊ ချောင်းဦးမြို့နယ်ရှိ မြပုလဲဂိတ်နဲ့ စစ်တပ်ရဲ့ ဘက်စုံစိုက်ပျိုးရေးခြံဂိတ်တွေမှာလည်း ပြည်သူတွေရဲ့ ၆ ဘီးယာဉ်တွေကို ချောဆွဲသွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

"ခင်မွန် ဘက်စုံခြံထဲ မနေ့ကတည်းက ဆွဲတာ။ မနေ့က ဆွဲတဲ့ကားတွေဒီနေ့လွှတ်တယ်။ ကျီကုန်းရွာဘက်ဆီများစစ်ကြောင်း ဆက်ထိုးဖို့လား မသိဘူး။ ဒီနေ့လဲ ဆက်ပြီးချောဆွဲတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ချောဆွဲခံထားရတဲ့ ကား ၅ စီးထက်မနည်း ရှိနိုင်ပြီး ပြည်သူတွေထံက ခိုးယူထားတဲ့ပစ္စည်းတွေ သယ်ဆောင်ဖို့လည်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောပါတယ်။

"နယ်မြေအခြေအနေကတော့ မတည်ငြိမ်သေးဘူး။ ပြည်သူတွေကျီးလန့် စာစား သဘောနဲ့ နေနေကြရတာရယ်"လို့ ချောင်းဦးဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက ချောင်းဦးမြို့နယ် ရွှေဒါးကျရွာက သံဃာ​​တော်တစ်ပါး သေဆုံးခဲ့တဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။
🤬325👎4👍2🤮2🔥1👏1🤣1
(မုံရွာ-မန္တလေးလမ်းပေါ် သွားလာနေသော ယာဥ်များအား ပြီးခဲ့သည့်နှစ်အတွင်းက တွေရစဥ် ဓါတ်ပုံံ-Screen Grab)
13🔥6🤮3👎2👏2🤬1
စစ်တပ်ရဲ့ အသက်ရှုပေါက် အဓမ္မစစ်သားစုဆောင်းမှုအစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရာမှာ ပူးပေါင်းပါဝင်ကြဖို့ NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

စက်တင်ဘာ ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ ၁၂ရက်ညပိုင်းမှာ ထုတ်ပြန်တဲ့ ဝန်ကြီး ဦးရည်မွန်နဲ့ ဦးမင်းကိုနိုင်တို့ရဲ့ အပြန်အလှန် စကားစုစည်းမှု အစီအစဉ်မှာ ပစအရေး၊ စစ်ရေးနဲ့ တော်လှန်ရေးဆိုင်ရာတွေကို ဆွေးနွေးခဲ့ရာ ပစအရေးနဲ့ပတ်သက်ပြီး အခုလို တိုက်တွန်းခဲ့တာပါ။

လူငယ်တွေကို အဓမ္မ စစ်သားစုတဲ့ကိစ္စ လက်ရဲဇက်ရဲ ကျူးလွန်လာတာဟာ ပြည်သူလူထုကို ထိခိုက်မှု များဖြစ်ပေါ်နေရကြောင်း ဦးမင်းကိုနိုင်က ပြောကြားပြီး ဒီအရေးအပေါ် NUG ကာကွယ်ရေးဘက်က ကိုင်တွယ်ဆောင်ရွက်မယ့် အခြေအနေကို မေးမြန်းရာ ဦးရည်မွန်က အခုလို ဖြေကြားပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မ စစ်သားစုဆောင်းရေး ပစအစီအစဉ်ဟာ စစ်အုပ်စုအတွက် အသက်ရှုပေါက်ဖြစ်သလို တဖက်မှာလည်း ပစကို အားပြုနေရတာသည်ပင်လျင် အာဏာသိမ်းစစ်တပ်အတွက် အားနည်းချက်ဖြစ်ကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

ပစလူငယ်တွေကိုယ်တိုင်လည်း သူတို့ဟာ အဓမ္မ စစ်ကျွန်ပြုခံထားရတယ်ဆိုတာ သိထားပြီး သူတို့ အသက်ကို စတေးခိုင်းပြီး အဓမ္မ သမားတွေ သက်ဆိုးရှည်ဖို့ လုပ်နေတယ်ဆိုတာ သိထားကြကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

“ပစဆိုတာကတော့ စစ်အုပ်စုအတွက် ဘယ်တော့မှ တိုက်ခိုက်ရေး အင်အားတခု ဖြစ်မှာ မဟုတ်ဘူးပေါ့ဗျာ။ ဒါသည်ပင်လျင် စစ်အုပ်စုရဲ့ အားနည်းချက်။ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေ အနေနဲ့လည်း ဒီအားနည်းချက်ကို ကောင်းကောင်းသိဖို့ လိုတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒီအားနည်းချက်ကို ဖိနင်းပစ်နိုင်ဖို့ ပဲပေါ့။ ပစအင်အား ပစ အစီအစဉ်သာ ပျက်ယွင်းသွားမယ်ဆိုရင် စစ်အုပ်စု ဘာဆက်လုပ်မလဲပေါ့။ ဒါက တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ အနေအထားပါ။ပစအစီအစဉ် တိုက်ဖျက်ရေးက ကျနော်တို့ တော်လှန်ရေးအတွက်လည်း အရေးကြီးတဲ့ အလုပ်တခုဖြစ်မယ်။ ဒီအလုပ်အတွက် ကျနော်တို့ ပြည်သူတွေရော အရွယ်ရောက်ပြီး လူငယ်တွေရောပေါ့ ပူးပေါင်းပါဝင်ဖို့ အရေးကြီးလိမ့်မယ်လို့ ဒီလိုရှုမြင်ထားတာရှိပါတယ်” လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

စစ်တပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းပြီး လူငယ်တွေကို စစ်မြေပြင်မှာ အသုံးချနေတဲ့ လုပ်ရပ်ဟာ လူများစွာရဲ့ အသက်ကို စစ်ဗိုလ်ချုပ်တွေ က စတေးနေတာဖြစ်လို့ ပြည်သူတွေက ရရာနည်းနဲ့ ဆန့်ကျင်ကြဖို့ လိုတယ်လို့ ဦးမင်းကိုင်နိုင်က ပြောပါတယ်။ တယောက်ချင်းကိုယ်လွတ်ရုန်းလို့မရဘဲ တပြိုင်တည်း တခဲနက်ဆန့်ကျင်ရန်လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

ဝန်ကြီးဦးရည်မွန်ကလည်း အဓမ္မ စစ်သားစုဆောင်းခံရဖို့ အန္တရာယ်ရှိနေတယ်ဆိုရင် လူငယ်တွေအနေနဲ့ တော်လှန်ရေးနယ်မြေတွေကို လာနိုင်ကြောင်း ဖိတ်ခေါ်ထားတယ်လို့ အသိပေးပါတယ်။ တော်လှန်ရေးနယ်မြေရောက်ရင် တိုက်ခိုက်ရေးတာဝန်ထမ်းဆောင်ချင်တယ်ဆိုရင် PDF သို့မဟုတ် ပကဖမှာ ဝင်နိုင်အောင်စီစဉ်ပေးမှာ ဖြစ်သလို တိုက်ခိုက်ရေးတာဝန်မထမ်းလိုဘဲ ပညာရေး၊ လူထုကျန်းမာရေး၊ စစ်ဘေးရှောင်စောင့်ရှောက်ရေးကိစ္စ အပါအဝင် လူထုဝန်ဆောင်မှုတွေ မှာ ပါဝင်လုပ်ချင်ပါက လုပ်နိုင်အောင် စီစဉ်ပေးမယ်လို့လည်း ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

နိုင်ငံရပ်ခြားထွက်ချင်ရင်လည်း ပြည်ပရောက် မြန်မာအသိုင်းအ၀ိုင်းတွေက တက်နိုင်သလောက်ကူညီစောင့်ရှောက်ပေးဖို့ နှိုးဆော်ထားတာရှိတယ်လို့ ဝန်ကြီးက ပြောပါတယ်။

“ဘယ်လိုပဲ ဖြစ်ဖြစ် စစ်အုပ်စုရဲ့ အသက်ရှုပေါက်ဖြစ်တဲ့ ပစ အဓမ္မစစ်သားစုဆောင်းတဲ့ အစီအစဉ်တော့ ကျနော်တို့ နည်းလမ်းစုံသုံးပြီး တိုက်ဖျက်ပစ်ဖို့ပဲပေါ့။ စစ်မြေပြင်မှာလည်း ဒါကို လက်ရှိ ဆောင်ရွက်နေတာဖြစ်ပါတယ်။” လို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားပါတယ်။

ဒါ့အပြင် ရှေ့တန်းရောက် PDF ရဲဘော်တွေ ပကဖ ရဲဘော်တွေအားလုံးကိုလည်း နှိုးဆော်ထားပြီးဖြစ်ကာ ပစတွေအနေနဲ့ ပြည်သူ့ဘက်ပူးပေါင်းလိုပါက ဆက်သွယ်နိုင်မယ့် လိပ်စာတွေ အသိပေးသွားမယ်လို့ ဆိုပါတယ်။

အလွယ်တကူ ဆက်သွယ်နိုင်အောင် ဆက်သွယ်လာပါက လိုအပ်တဲ့ ချိတ်ဆက်မှုနဲ့ ကူညီစီစဉ်မှု စောင့်ရှောက်မှုများ ပေးနိုင်အောင် ပြင်ဆင်ထားတာရှိကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောကြားပါတယ်။
စစ်ကောင်စီတပ်ကလည်း စစ်မြေပြင်မှာ စစ်သားအင်အားပြုန်းတီးမှုတွေကို အစားထိုးဖို့ လူငယ်တွေကို နည်းမျိုးစုံနဲ့ အဓမ္မစစ်သားစုဆောင်းမှုတွေလုပ်ဆောင်လျက်ရှိကာ ပစလို့ခေါ်တဲ့ စစ်မှုထမ်းတပ်သားသစ်တွေကို ရှေ့တန်းစစ်မြေပြင်တွေမှာ လူသားဒိုင်းအဖြစ် အသုံးချလျက်ရှိနေပါတယ်။

စစ်တပ်ရဲ့ ပစအစီအစဉ်ကို ပြည်သူတွေရော လူငယ်တွေရော ဖြစ်နိုင်တဲ့နည်းနဲ့ ဆန့်ကျင်ဖို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
36👍6🤣2🥰1👏1💩1🖕1
“ ဒီအစီအစဉ်မှာ အလိုတူလို့ပဲ ဖြစ်ဖြစ် အလိုမတူလို့ပဲ ဖြစ်ဖြစ် ပူးပေါင်းပါဝင်မိတာမျိုးမဖြစ်ဖို့ ပေါ့ ဒါကိုတော့ လူထုအနေနဲ့ အထူးဂရုစိုက်ပေးဖို့ ဒီအချက်ကိုတော့ တိုက်တွန်းချင်ပါတယ်” လို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားပါတယ်။

စစ်မြေပြင်ရောက်ပြီဆိုရင်တော့ သက်ညှာလို့ရမှာ မဟုတ်ကြောင်းလည်း ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ စစ်မြေပြင်ရောက်ပါက ထိရောက်စွာ တိုက်ခိုက်ချေမှုန်းရတာ ရှိတာမို့ ပစလူငယ်တွေဘာလုပ်ရမယ်ဆိုတာ သိမယ်ထင်ကြောင်း သတိပေးပါတယ်။

“မလွှဲမရှောင်သာလို့ အဓမ္မစုဆောင်းခံရပြီဆိုရင်တော့ အခြေအနေပေးတာနဲ့ စစ်အုပ်စုတပ်ကို ဘယ်လို စွန့်ခွာမလဲ စဉ်းစားကြဖို့ပေါ့” လို့ ဝန်ကြီး ဦးရည်မွန်က ပစ လူငယ်တွေကို တိုက်တွန်းထားပါတယ်။
38👍4🤣2🖕2🥰1🤮1
44👍4🥰2💩2👏1🤮1🤣1🖕1
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်ကိုယ်စားပြုခွင့်ရရေး ဗြိတိန်ရောက် မြန်မာတွေ ဆန္ဒထုတ်ဖော်

စက်တင်ဘာ ၁၂၊၂၀၂၆။သုည/People's Spring

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ယင်းဆန္ဒထုတ်ဖော်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (Kim Aris)၊ သရုပ်ဆောင် မေမြတ်နိုး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ် ဦးမောင်မောင်အောင်၊ ဒေါက်တာသက်ကိုကိုနဲ့ ဗြိတိန်ရောက် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်တွေ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

နိုင်ငံတကာအစိုးရတွေအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထောက်ခံပေးကြဖို့၊ SCEF ၊ NUG စတဲ့ ပြည်သူ့ကိုယ်စားလှယ် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊အာဏာသိမ်း စစ်တပ်ကို အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆက်လက် အသိအမှတ်ပြုရေးအတွက် ကမ္ဘာ့မြို့ကြီးတွေမှ နိုင်ငံတကာရောက် နွေဦးတော်လှန်ရေးမိသားစုတွေက ဆန္ဒထုတ်ဖော်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
👍3012👏2💩2🤣2🥰1🤮1🖕1
ဓာတ်ပုံ - CJ
👍399👏4🥰2💩2🤣2🤮1🖕1