မင်းတုန်းမြို့ကနေ ရခိုင်ရိုးမပေါ်တက်ဖို့ကြိုးပမ်းနေတဲ့ စစ်တပ် ထိခိုက်မှုများနေ
စက်တင်ဘာ-၁၂၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ မင်းတုန်းမြို့ကနေ ရခိုင်ရိုးမပေါ်တက်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်စစ်ကြောင်းဟာ အရာရှိတွေ အပါအ၀င် သေဆုံးသူများနေပြီး စစ်တပ်က တိုက်ပွဲနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေကူပေးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
မင်းတုန်းမြို့အနောက်ခြမ်း ကျေးရွာတွေကနေ ရခိုင်ရိုးခြေမှာ တပ်ဖြန့်ပြီး တောင်ပေါ်တက်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေ နေ့စဉ်တိုက်ပွဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
"တိုက်ပွဲတွေကတော့ နေ့စဥ်လို ဖြစ်နေတာပါ။ရန်သူ့ ဘက်ကတော့ အမြဲလို အထိနာနေတာပါပဲ။ ဒီထဲ မှာ အရာရှိအဆင့်တွေပါ ကျတာရှိပါတယ်"လို့ မင်းတုန်းမြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အထိနာနေတဲ့စစ်တပ်က တိုက်ပွဲဖြစ်ရာနေရာကို ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲနေတယ်လို့ အသိပေးပါတယ်။
စစ်တပ်စစ်ကြောင်းတွေထံက စစ်သုံ့ပန်း၊ ရုပ်အလောင်းနဲ့ လက်နက်တွေလည်း ရရှိထားတယ်လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
"ရထားတာ များတယ်ကြားတယ်"လို့ သူက ပြောပါတယ်။
ရခိုင်ရိုးမပေါ်ကို တက်ဖို့ ကြိုးစားနေတဲ့ စစ်တပ် စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)၊ PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။
အခုလဆန်းကတိုက်ပွဲမှာ တပ်မ(၅၅)လက်အောက်ခံ တပ်ရင်းတွေက တပ်ရင်းမှူး ၂ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ်နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် သေဆုံးတယ်လို့ နေပြည်တော်ကစစ်ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။
ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ် နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော်တို့ တိုက်ပွဲမှာ သေဆုံးတဲ့သတင်းကို စစ်တပ်မိသားစုတချို့က လူမှုကွန်ရက်မှာရေးသားထားကြပါတယ်။
အာရက္ခတပ်တော် (AA)သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို ဦးတည်ပြီး မင်းတုန်းမြို့နယ်အနောက်ဘက်ရခိုင်ရိုးမကတဆင့် စစ်တပ်စစ်ကြောင်းတွေကဝင်ရောက်ဖို့ကြိုးပမ်းနေတာပါ။
အဲဒီစစ်ကြောင်းတွေကို တပ်မ(၅၅)က ဗျူဟာမှူးဗိုလ်မှူးကြီးအောင်ဇော်မင်းဦးစီးတယ်လို့ သတင်းရင်းမြစ်ကပြောပေမဲ့ အသေးစိတ်မသိရသေးပါဘူး။ အင်အား ၁၀၀၀ ကျော်နဲ့ ဝင်ရောက်လာလို့ ဇွန်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတွေသေဆုံး ဒဏ်ရာရသူများပြီး ရှေ့မတိုးနိုင်ဘဲလန်ကျနေတာဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်က မင်းတုန်းမြို့အနောက်ခြမ်းကို ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၅ဦး ဖမ်းမိကာ လက်နက်ခဲယမ်းနဲ့အလောင်းတချို့ သိမ်းဆည်းရရှိတယ်ခဲ့လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်တပ်က ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်ကနေ ရခိုင်ပြည်နယ်ထဲကိုဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး အဲဒီဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ယက်တွေက ၄၉၂၆ စစ်ဆင်ရေး စစ်တပ်အသာရနေပြီလို့ ပြောဆိုရေးသားနေကြပေမယ့် မြေပြင်မှာ စစ်သားတွေ ထိခိုက်သေဆုံးမှုများပြားနေတယ်လို့ စစ်ရေးသတင်းရင်မြစ်တွေက ပြောပါတယ်။

👍40❤12🤣3👎1🥰1🖕1
NEDရဲ့ဒီမိုကရေစီဆု"နွေဦးတော်လှန်ရေးပြည်သူအခြေပြုစည်းရုံးလှုံ့ဆော်သူများ" ကိုယ်စား သပိတ်ခေါင်းဆောင်ကိုနန်းလင်း ဆုလက်ခံယူ
■မြန်မာပြည်သူတွေရဲ့ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက်ရုန်းကန် တိုက်ပွဲဝင်မှုအပေါ်မှာမျှော်လင့်ချက်ခိုင်ခိုင်မာမာထားရှိကြဖို့နဲ့ အတူရပ်တည်ပေးကြဖို့ ကိုနန်းလင်းတိုက်တွန်း
စက်တင်ဘာ-၁၂၊၂၀၂၆။ရောင်နီ/People's Spring
အမေရိကန် အခြေစိုက်အမျိုးသား ဒီမိုကရေစီထောက်ပံ့ရေးအဖွဲ့ (NED)ရဲ့၂၀၂၆ အတွက် ဒီမိုကရေစီဆုကို "နွေဦးတော်လှန်ရေးပြည်သူအခြေပြုစည်းရုံးလှုံ့ဆော်သူများ"ကရရှိပြီးသပိတ်ခေါင်းဆောင်ကိုနန်းလင်း ကကိုယ်စားဆုလက်ခံခဲ့ပါတယ်။
သပိတ်ခေါင်းဆောင်ကိုနန်းလင်းက မြန်မာပြည်သူတွေရဲ့ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက်ရုန်းကန် တိုက်ပွဲဝင်မှုအပေါ်မှာမျှော်လင့်ချက် ခိုင်ခိုင်မာမာထားရှိကြဖို့နဲ့ အတူတူရပ်တည်ပေးကြဖို့ဆုလက်ခံယူစကားပြောကြားရင်းတိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင်စစ်တပ်ရဲ့မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင်ပြည်သူနှစ်သောင်းကျော်ကိုအမြန်ဆုံးလွှတ်ပေးဖို့
ကိုလည်းတိုက်တွန်းခဲ့ပါတယ်။
အမေရီကန်နိုင်ငံမှာစက်တင်ဘာ ၁၀ (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၁) ရက်မှာကျင်းပတဲ့ ဒီမိုကရေစီဆုပေးပွဲအခမ်းအနားမှာကိုနန်းလင်းက"နွေဦးတော်လှန်ရေးပြည်သူအခြေပြုစည်းရုံးလှုံ့ဆော်သူများ"ကိုယ်စား ဆုလက်ခံ စကားပြောခဲ့တာဖြစ်ပါတယ်။ ဆုပေးပွဲကို ကိုယ်တိုင်မတက်ရောက်နိုင်ပေမယ့်လွတ်မြောက်နယ်မြေတစ်နေရာကနေ ကိုယ်စားဆုလက်ခံယူရင်းကျေးဇူးတင်စကားပြောကြားခဲ့တာပါ။
"ဒီဆုဟာပြည်သူတွေရဲ့လွတ်လပ်ခွင့်အတွက် အသက်ကို ပဓာနမထားပဲ တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီးတွေ လူငယ်တွေနဲ့ လူနည်းစုရဲဘော်အပေါင်းတို့ကို လေးလေးနက်နက်အသိအမှတ်ပြုတယ်လို့ ကျွန်တော်ပြောလိုပါတယ်" လို့ ကိုနန်းလင်းကပြောကြားခဲ့ပါတယ်။
ဒီနေ့ရရှိတဲ့ ခွန်အားနဲ့ အသိအမှတ်ပြုမှုတွေကို အကျဉ်းထောင်တွေထဲက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူနှစ်သောင်းကျော်ကိုလည်း မျှဝေလိုတယ်လို့ ပြောခဲ့ပါတယ်။
"မတရားအကျဉ်းကျခံနေရသူမှန်သမျှအမြန်ဆုံးနဲ့ ချွင်းချက်မရှိ လွှတ်ပေးဖို့ကိုလည်း ဒီနေရာကနေ ပြတ်ပြတ်သားသား တောင်းဆိုလိုက်ပါတယ်။" လို့ ကိုနန်းလင်းကတောင်းဆိုခဲ့တာပါ။
ဒီဆုကို လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှု အတွက် တိုက်ပွဲ ဝင်နေကြတဲ့ ရဲဘော် ရဲဘက်တွေနဲ့ မြန်မာပြည်သူ တွေရဲ့ ကိုယ်စား ဂုဏ်ယူဝင့်ကြွားစွာလက်ခံခဲ့တာဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက်ရုန်းကန် တိုက်ပွဲဝင်မှုအပေါ်မှာလည်းမျှော်လင့်ချက်ခိုင်ခိုင်မာမာထားရှိကြဖို့နဲ့အတူတူရပ်တည်ပေးကြဖို့ ကိုနန်းလင်းကနိုင်ငံတကာကိုတိုက်တွန်းခဲ့ပါတယ်။
"မြိုပြတွေမှာလျှိုဝှက်ပြီး ဆန်းသစ်တဲ့ လှုပ်ရှားမှုတွေ ဆက်ရှိနေမှာဖြစ်သလို စစ်အုပ်စုရဲ့ ဆင်ဆာနဲ့ အင်တာနက်ဖြတ်တောက်မှုတွေကြားကပဲ ဒီမိုကရေစီ မျှော်လင့်ချက်ဆိုင်ရာ သတင်းစကားတွေကို ဆက်ပြီးတော့ ဖြန့်ဝေနေမှာဖြစ်ပါတယ်။စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကြားကနေ ကျွန်တော်တို့လို လူထုလှုပ်ရှားမှု အဖွဲ့အစည်းတွေဟာ လူထုကြားမှာ ယနေ့တိုင် စည်းရုံးလှုပ်ရှားနေဆဲဖြစ်ပါတယ်။" လို့ ကိုနန်းလင်းက ပြောပါတယ်။
ဒီနှစ်မှာ NED ရဲ့ ဒီမိုကရေစီဆုတွေကို မြန်မာနိုင်ငံ နဲ့အပါအဝင် ရုရှား၊ ကျူးဘား၊ ဆီးရီးယားနဲ့ အီသီယိုးပီးယား နိုင်ငံတွေကလူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေလည်းရရှိခဲ့တာပါ။
ဒီနှစ်ကအမေရိကန်လွတ်လပ်ရေး နှစ် ၂၅၀ ပြည့်နဲ့ တိုက်ဆိုင်နေတာကြောင့် အမေရိကန် ဒီမိုကရေစီရဲ့အခြေခံစံနှုန်းတွေဖြစ်တဲ့ လွတ်
လပ်စွာ ကိုးကွယ်ခွင့်၊ ပြောဆိုခွင့်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ တင်ပြ တောင်းဆိုခွင့်တွေအတွက် ရွပ်ရွပ်
ချွံချွံ အားထုတ် ကြိုးပမ်းနေသူတွေကို ဆုအတွက် ရွေးချယ်ခဲ့တယ်လို့ NEDရဲ့ ဘုတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီဆုပေးပွဲကို အမေရိကန်ရဲ့ပထမဆုံး သမ္မတ ဂျော့ဂျ်ဝါရှင်တန် နေထိုင်ခဲ့တဲ့ မောင့်ဗာနွန်အိမ်တော်မှာကျင်းပခဲ့တာပါ။
NEDရဲ့ ဒီမိုကရေစီဆုကိုတော့ ၁၉၈၉ ခုနှစ်၊ တရုတ်နိုင်ငံရဲ့ ဒီမိုကရေစီ အုံကြွမှုကြီးအတွင်း တျန်နန်မန် ရင်ပြင်မှာ ထုလုပ်ခဲ့တဲ့ ဒီမိုကရေစီ နတ်ဘုရားမ ရုပ်တုရဲ့ ပုံစံတူအဖြစ် သွန်းလုပ်ထားပါတယ်။ အဲဒီဆုကို ကမ္ဘာ့တလွှားက လူသားတွေရဲ့ လွတ်လပ်ခွင့်ကို ကြိုးစား မြှင့်တင်ပေးနေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို နှစ်စဉ် ချီးမြှင့်နေပါတယ်။
NEDကို ၁၉၈၃ ခုနှစ်မှာ အမေရိကန် သမ္မတ ရော်နယ်လ်ရေဂန် အဆိုပြုတဲ့ ဒီမိုကရေစီ အားပေးရေး အစီအမံအရ နိုင်ငံရေး ပါတီကြီး နှစ်ခုလုံးရဲ့ အားပေး ထောက်ခံမှုနဲ့အတူ ထူထောင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့ပြည်သူတွေရဲ့ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ပြောဆိုခွင့် ယုံကြည်ကိုးကွယ်ခွင့်၊ နိုင်ငံရေးလုပ်ဆောင်ခွင့်၊မိသားစုတွေကို အကြောက်တရား မရှိဘဲ ကူညီထောက်ပံ့နိုင်ခွင့်တွေကို အားပေးဖို့ဖြစ်ကြောင်းလည်း သိရပါတယ်။
(ရုပ်သံ-Amara Zaw)

👍44❤9👏2🤮2🥰1💩1🤣1🖕1
■အတွေးအမြင်
၁၀၂၇ကို မော်မကြည့်ဝံ့တဲ့ ၄၉၂၆
ယောနသံ/People's Spring
ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အ
သုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။
ရန်သူကို ချေမှုန်းပစ်မယ်လို့ အမြဲတစေကြွေး
ကြော်တတ်ပြီးအမြဲတမ်းနီးပါးလည်းစစ်ရှုံးလေ့ရှိတဲ့ အာဏာသိမ်းစစ်တပ်ကိုယ်တိုင်အမည်မတပ်ဝံ့တဲ့ ပုန်းရှုံးကွယ်ရှိုးစစ်ဆင်ရေးတစ်ခုဖြစ်ပါတယ်။
၄ရက်၊၉လ၊၂၀၂၆ ခုနှစ်မှာ ကြည်း၊ရေ၊လေစုပေါင်းပြီး ရခိုင်ပြည်နယ်ကို စတင်ထိုးစစ်ဆင်တာမို့ ၄၉၂၆ စစ်ဆင်ရေးလို့စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေနဲ့ စစ်တပ်ထောက်ခံသူတွေက ပြောကြပါတယ်။ စစ်ဆင်ရေးအမည်ကိုအဂ္ဂမဟာသရေစည်သူအဂ္ဂမဟာသီရိသုဓမ္မလည်ဆွဲဝတ် ဧကာဒသမမြောက်သမ္မတဘွဲ့ခံဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကရော သူ့ငယ်ကျွန် တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးလည်း ထုတ်မပြောကြပါဘူး။
စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး အကောင့်တွေကလူမှုကွန်ယက်တွေမှာ အာပေါင်အာရင်း
သန်သန်ပြောကြတာကနေ ၄၉၂၆စစ်ဆင်ရေး
ဆိုပြီးအသံထွက်လာတာပါ။ ဒါဟာ၂၀၂၁ စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကမ္ဘာတဝန်းဖြစ်ခဲ့တဲ့ စစ်ပွဲတွေအနက် လူသိမခံဝံ့တဲ့ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးလို့ တော်လှန်ရေးရဲဘော်တွေနဲ့ လူထုတွေက လှောင်ပြောင်နေကြပါတယ်။
စစ်အာဏာရှင် အမြစ်ဖြတ်ရေး ကြွေးကြော်
သံတွေနဲ့အတူမြန်မာနိုင်ငံအနှံ့ တိုက်ပွဲတွေမြိုင်နေခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကမ္ဘာ့နိုင်ငံတချို့မှာလည်း စစ်မက်ထူပြောခဲ့ပါတယ်။ ရုရှနဲ့ ယူကရိန်းစစ်ပွဲ၊ အမေရိကန်၊ အစ္စရေးနဲ့အီရန် စစ်ပွဲ၊ ပါလက်စတိုင်းနဲ့ အစ္စရေးစစ်ပွဲတွေဟာ နည်းပညာခေတ်မှာ ပေါ်တင်စိန်ခေါ်ပြီး ချကြတဲ့ စစ်ပွဲတွေပါ။ ရခိုင်ပြည်နယ်ကို ဦးတည်တဲ့ ၄၉၂၆ ကတော့ လူသိမခံဝံ့တဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။
"စစ်ဆင်ရေးအမည်ကိုတောင် ပုန်းရှိုးကွယ်ရှိုးလုပ်ပြီး တိုက်နေရတဲ့အဖြစ်။ ရှက်စရာမကောင်းဘူးလား။ မရယ်ရဘူးလား" လို့ လက်ရှ်ိ အညာမြေကစစ်မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တစ်ဦးက ၄၉၂၆ အမည်ပေးစစ်ဆင်ရေးအပေါ်သူ့အမြင်ကို ပြောပါတယ်။
လုံးဝအထင်ကြီးစရာမရှိဘူးလို့လည်း သူက ဆိုပါတယ်။
၄၉၂၆က အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့တွေကို ဦးတည်တဲ့ တိုက်ခိုက်တဲ့ စစ်ဆင်ရေးကြီးလို့ စစ်တပ်အတွက်ဝါဒဖြန့်ပေးနေသူတွေ ဆက်တိုက် ပြောနေကြပါတယ်။ စစ်အုပ်စုက လပေါင်းများစွာကြာအောင် နည်းမျိုးစုံနဲ့အင်အားဖြည့်ပြီးတဲ့နောက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကစပြီး စစ်တွေနဲ့ကျောက်ဖြူမြို့နယ်အ
တွင်းက AA ထိန်းချုပ်နယ်မြေတွေ၊ရခိုင်ပြည်
နယ်အစပ် မကွေးတိုင်းထဲက ပဒါန်း၊ မင်းတုန်းမြို့နယ်၊ ပဲခူးတိုင်းထဲက ပန်းတောင်းမြို့နယ်၊ ဧရာ၀တီတိုင်းထဲက ရွှေသောင်ယံ၊ ရေကြည်၊ သာပေါင်းမြို့နယ်တွေထဲက AA ထိန်းချုပ်ဒေသတွေကိုအင်အားအများအပြား
သုံး ထိုးစစ်ဆင်လာတာပါ။
ဒါကိုပဲ ၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်နေကြတာပါ။ သူတို့ ဝါဒဖြန့် ကြွေးကြော်နေတဲ့အထဲမှာ အမုန်းတရားတွေ၊ ကြိတ်မနိုင်ခဲမရခံစားချက်တွေ၊လက်စားချေလိုခြင်းတွေ၊ လူမျိုးရေးအထိကရုဏ်းဆီ ဥတည်တဲ့ သွေး
ထိုးလှုံ့ဆော်မှုတွေဖုံးမနိုင် ဖိမရအောင်မြင်နေရပါတယ်။ စစ်အုပ်စုဘက်မှာဘာကြောင့် အခုလို ပုံပျက်ပန်းပျက်ဖြစ်နေပါသလဲ။
ဒီအဖြေအတွက် အာရက္ခတပ်တော်(AA) ရဲ့ စစ်အာဏာရှင်တော်လှန်ရေးခရီးအကြောင်း မျက်ခြေမပြတ်ဖို့လိုအပ်လာပါတယ်။
နိုင်ငံတကာစစ်ရေးနဲ့နိုင်ငံရေးသုံးသပ်ချက်တွေမှာသြဇာကြီးမားတဲ့ The Jamestown Foundationကပြီးခဲ့တဲ့ဇူလိုင်လမှာစာတမ်းထုတ်ပြန်ခဲ့ပါတယ်။ အာရက္ခတပ်တော် (AA)
ဟာ အာရှဒေသတွင်းအင်အားကြီးလက်နက်
ကိုင်အဖွဲ့ဖြစ်လာပြီးမြန်မာနိုင်ငံမှာတိုက်ရည်ခိုက်ရည်အထိရောက်ဆုံးအဖွဲ့ဖြစ်တယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။ရခိုင်တစ်ပြည်
နယ်လုံးနီးပါးကို အချိန်တိုအတွင်း သိမ်းယူနိုင်ခဲ့တဲ့ AAရဲ့ စစ်ရေး စွမ်းရည်ဟာ နိုင်ငံတ
ကာကပါ အာရုံစိုက်ရတဲ့အထိ ထင်သာမြင်သာရှိခဲ့ပါတယ်။ AAက စစ်ကောင်စီကို အကြိမ်ကြိမ်အရှက်ခွဲခဲ့ပါတယ်။
၄၉၂၆ လို မဟုတ်ဘဲ ကမ္ဘာသိကြွေးကြော်ပြီး တိုက်ခိုက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ AA က စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တွေကလွဲလို့ ရခိုင်ပြည်နယ်ကကျန်မြို့ပေါင်း ၁၄မြို့နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကို ၁၃လအတွင်း တစ်မြို့ပြီးတစ်မြို့ သိမ်းယူခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ်တွေနဲ့အတူ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၂၀၂၃၊ အောက်တိုဘာလ ၂၇ရက်နေ့က စတင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာတော့ အဲ့ဒီနှစ် နိုဝင်ဘာလ၁၃ရက်နေ့မှာ AAက စတင်ခဲ့တာပါ။
စစ်ဆင်းရေးစတင်ကြောင်း ကြေညာချက်နဲ့အတူ စစ်အုပ်စုအနေနဲ့ အချိန်မီလက်နက်ချကြဖို့နဲ့ လက်နက်မချရင် အမြစ်ဖြတ်တိုက်

🤣20❤15👍7🔥1🥰1👏1💩1🖕1
ခိုက်မယ်လို့ ပေါ်ပေါ်ထင်ထင် သတိပေးပြီး စစ်ဆင်ရေးဖော်ဆောင်ခဲ့ကြတာပါ။စစ်ဆင်
ရေးအတွင်း မြို့တွေ သိမ်းတဲ့အပြင် စစ်တပ်ရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကိုပါ သိမ်းယူခဲ့တာပါ။၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့က တိုက်ပွဲတွေမှာ စစ်တတပ်တန်းအရာရှိတွေ အများဆုံးသေတာ၊အဖမ်းခံရတာ ၊ဒူးထောက်အညံခဲရတာတွေက အာရက္ခစစ်သည်တော်တွေဆီမှာပဲဖြစ်ပါတယ်။ဗိုလ်မှူးချုပ်အဆင့်တွေတောင် AA ရှေ့ ဒူးထောက်အရှုံးပေးခဲ့ရပါတယ်။
မောင်တောမြို့သိမ်းတိုက်ပွဲမှာ အမှတ် (၁၅)
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်း၊ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့သိမ်းတိုက်ပွဲတွေထဲမှာ စကခ (၉) စကခမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ နပခကို သိမ်းယူတဲ့တိုက်ပွဲမှာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို ဖမ်းဆီးခဲ့ပါတယ်။ စစ်တပ်ခေါင်း
ဆောင်တွေအနေနဲ့ AAကိုမယှဉ်ဖို့၊အသိတ
ရားရပြီးလက်နက်ချဖို့ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ရုပ်သံကတစ်ဆင့် တိုက်တွန်းခဲ့ဖူးပါတယ်။ ရခိုင်ပြည်နယ်ပြင်ပက တိုက်ပွဲဖြစ်တဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲမှာလည်း အမှတ်
(၉၉)ခြေမြန်တပ်မဌာနချုပ်၊ယာယီနည်း ဗျူ
ဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကို ဖမ်းဆီးခဲ့ပါတယ်။ သူကလည်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းလိုပဲ AAရဲ့ စစ်ရေးစွမ်းရည်ကိုချီးကျူးသွားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချကြဖို့ တိုက်တွန်းခဲ့ပါတယ်။
တိုက်ပွဲတွေအတွင်းတပ်မ(၂၂)တပ်မမှူး ဗိုလ်
မှူးကြီးအောင်နေမျိုး၊ တပ်မ(၁၁) တပ်မမှူးမင်းမင်းထွန်းနဲ့ ဗိုလ်မှူးကြီးသန်းစိုးဝင်း၊ ဒုဗိုလ်မှူးကြီး ဗညားပိုင်စိုးတို့ သေဆုံးခဲ့ပါတယ်။ပလက်ဝမြို့သိမ်းတိုက်ပွဲမှာက ဗိုလ်မှူး
ချုပ်ဇင်မျိုးဆွေ ပျောက်ဆုံးသွားခဲ့ပြီး သေ
ဆုံးတာလား၊ ထွက်ပြေးလွတ်မြောက်သွားတာလားဆိုတာရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ AA က ထုတ်ပြန်ခဲ့ပါတယ်။ မောင်တောမြို့သိမ်းတိုက်ပွဲ၊ ကျောက်တော်မြို့သိမ်းတိုက်ပွဲတွေမှာ AA ရဲ့ တရစပ်တိုက်ခိုက်မှုတွေနဲ့ စစ်ရေးဗျူဟာတွေကိုစစ်တပ်အသိုင်းအဝိုင်းတခုလုံး ကြောက်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။
ရခိုင်ပြည်နယ်ပြင်ပကတိုက်ပွဲတွေမှာလည်း AA ရဲ့ စစ်ရေးစွမ်းရည်ကို မဟာမိတ်တွေကိုယ်တိုင်လေးစားခဲ့ရပြီး စစ်အုပ်စုကို အ
ကြောက်တရားကြီးစေခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်
နယ်မြောက်ပိုင်းမြို့နယ်ထဲက၁၀၅ မိုင်ကုန်
သွယ်ရေးဇုန်ကိုသိမ်းယူတဲ့တိုက်ပွဲမှာ လူသိထင်ရှားမဖြစ်ခဲ့တဲ့ စိတ်ဝင်စားစရာဖြစ်ရပ်တွေရှိခဲ့ပါတယ်။MNDAA နဲ့ TNLA ကတိုက်
ခိုက်နေစဉ် မပြီးပြတ်သေးတဲ့အခြေအနေ
မှာ AA တပ်ဖွဲ့ဝင်တွေ ဝင်တိုက်ခိုက်တော့မှ သိမ်းယူနိုင်ခဲ့တာပါ။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ထုတ်ပြန်ချက်တွေမှာ အသေးစိတ်ဖော်ပြမထားပေမယ့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး စစ်တပ်ဗျူဟာကုန်းပေါ်မှာပထမဆုံးစိုက်ခဲ့တဲ့အလံက အာရက္ခတပ်တော်ရဲ့ အလံဖြစ်ပါတယ်။
AAဟာလက်ရှိအချိန်အထိ ၁၀၅ မိုင်ကုန်
သွယ်ရေးဇုန်မှာခြေချတပ်စွဲထားပါတယ်။ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းထဲကတိုက်ပွဲတွေမှာလည်း AA တပ်ဖွဲ့ဝင်တွေရဲ့ရဲစွမ်းသတ္တိကို မဟာမိတ်ရဲဘော်တွေကိုယ်
တိုင် တခုတ်တရချီးကျူးကြပါတယ်။ အဲဒီလိုသတင်းမွှေးတဲ့AAအပေါ် စစ်အုပ်စုက အ
ကြောက်လွန်ခဲ့ပြီး ရခိုင်ပြည်နယ်ကို ပြောင်း
ရွှေ့ခံရသူတွေ ထွက်ပြေးတာ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တဲ့ဖြစ်ရပ်တွေ ရှိခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကိုယ်တိုင်က ဝန်ခံခဲ့ပါတယ်။
စစ်အုပ်စုဘက်ကအခုအခါမှာ ၄၉၂၆စစ်ဆင်
ရေးလို့အမည်တပ်ပြောနေပေမယ့် AA ထိန်း
ချုပ်ထားတဲ့မြို့နယ်တွေကို ၂၀၂၅ နှစ်ဆန်းပိုင်းကတည်းကစပြီး နည်းမျိုးစုံတိုက်ခိုက်နေခဲ့တာပါ။ ကြံ့ခိုင်ရေးပါတီဥက္ကဌဦးခင်ရီကို နောက်ကောက်ချပြီး ဧကာဒသမမြောက်သမ္မတဘွဲ့မခံခင်ဗိုလ်ချုပ်မှုးကြီးလက်ထက်ကလည်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က AA လက်ထဲကနေတစ်မြို့မှပြန်မယူနိုင်ခဲ့သလို ရုပ်သေးရုပ် တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာလည်း ရခိုင်မြေကိုခြေချလို့တောင်မရခဲ့ပါဘူး။ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက တပ်ချုပ်ရာထူးရအပြီး လအနည်းငယ်အကြာမှာကျောက်ဖြူမြို့တရုတ်စီမံကိန်းကိုအကာအကွယ်ယူပြီး စနဲမြို့ကို ပြန်သိမ်းယူဖို့ ကြည်း၊ရေ၊လေ စစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်ခဲ့ဖူးပါတယ်။ စစ်ဆင်ရေးဆယ်ရက်ခန့်အကြာမှာပဲ အထိနာပြီးစစ်ဦးကျိုးပြီး ပြန်ဆုတ်ပြေးခဲ့ရပါတယ်။ အဲဒီတုန်းကလည်းစစ်ဆင်ရေးအမည်ကို ထုတ်ပြောခွင့် မသာခဲ့ပါဘူး။
အခုလည်း စစ်အုပ်စု ကြိတ်လုပ်နေတဲ့ ၄၉၂၆ စစ်ဆင်ရေးအတွက် တပ်တွေနေရာချတာမှာတောင် ရယ်စရာဖြစ် နေပါယ်။ ပြီးခဲ့တဲ့သြဂုတ်လ၂၇ရက်နေ့က ပုသိမ်-ချောင်းသာ လမ်းကနေ စစ်ကားအစီးရေ ၁၀၀ ကျော်အင်အားဖြည့်ပါတယ်။ အဲဒီထဲကတစ်ဝက်က သာ
ပေါင်းကို သွားရမှာဖြစ်ပေမယ့်လမ်းမှားပြီး နောက်ကြောင်းပြန်လည့်သွားရပါတယ်။ မြို့ပေါ်ကလမ်းကိုတောင်မကျွမ်းချင်တဲ့ စစ်အုပ်
စုက ရခိုင်ရိုးမထဲကို ဘယ်လိုဝင်မယ်မသိဘူးလို့ သာပေါင်းမြို့ခံတစ်ဦးကပြောပါတယ်။

🤣18❤12👍7🖕2👎1🥰1💩1
မြေပြင်တိုက်ပွဲတွေမှာလည်း စခန်းတွေသိမ်းနိုင်နေပြီလို့ လူမှုကွန်ရက်ပေါ်မှာအကြီးအ
ကျယ်အောင်ပွဲခံပြပြီးဝါဒဖြန့်နေပါတယ်။ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကြားကစခန်းတစ်ခုကို စစ်မှုထမ်းသင်တန်းဆင်း(ပစ)နှစ်ဦးက ဦးဆောင်ပြီး တိုက်ခိုက်သိမ်းယူခဲ့လို့ AA တွေ ထွက်ပြေးနေကြပြီလို့လည်းဆိုကြပါတယ်။ ဗိုလ်မှူးချုပ်တွေကိုဖမ်းပြီး ဒူးထောက်စေခဲ့တဲ့ AA တပ်ဖွဲ့ဝင်တွေက ပစနှစ်ယောက်ပစ်လို့ ထွက်ပြေးတယ်ဆိုတဲ့ လုပ်ဇာတ်နဲ့ အသက်သွင်းထားတဲ့ ၄၉၂၆ စစ်ဆင်ရေးဟာ ၄၉၂၆ စစ်ဆင်ရေးက တရားဝင် ကင်မွန်းမတပ်ရသေးခင် တပ်လန်နေပြီလို့ သတင်းတွေထွက်ပေါ်နေပါပြီ။
စက်တင်ဘာ ၄ ရက်မှာစတယ်ဆိုပေမယ့် စက်တင်ဘာ၁၁ ရက်အထိ စခန်းတစ်ခုမှမသိမ်းနိုင်ပဲ ထိုးတဲ့စစ်ကြောင်းအများစုသေဆုံးဒဏ်ရာရသူများလို့ ပြန်ဆုတ်ခဲ့ရပြီလို့
ရခိုင်ပြည်နယ်ကစစ်ရေးရင်းမြစ်တွေကပြောပါတယ် ။ စစ်တပ်စစ်ကြောင်းအများစုက ထိုးစစ်ကနေ အထိနာတာကြောင့် ခံစစ်ဖြစ်နေပြီး AAစခန်းတွေသိမ်းနိုင်ဖို့ထက် စစ်စခန်းတွေအသိမ်းမခံဖို့ ခုခံနေရတဲ့အဆင့်ရောက်နေပြီလို့ AA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက လူထုနွေဦးကိုပြောပါတယ် ။
နိုင်ငံရေးအကဲခတ်တစ်ဦးကတော့ အကယ်၍ ရလဒ်ကောင်းရင် ၄၉၂၆ စစ်ဆင်ရေးလို့ တရားဝင်ကြေငြာဖို့ အားခဲထားတဲ့ ဒီစစ်ဆင်
ရေးဟာ မကြာခင် အသံတိတ်သွားမှာဖြစ်ပြီး စစ်တပ်ရဲ့ ရခိုင်ပြည်နယ်ကို ပြန်လည်ထိန်း
ချုပ်ရေးမျှော်လင့်ချက်လည်း နောက်တကြိမ်ဦးကျိုးသွားပြီလို့ ဆိုပါတယ်။ ။
#အာရက္ခတပ်တော် #AA #ကျောက်ဖြူ
#စစ်တွေ #စစ်တပ်၄၉၂၆
#peoplesspring #လူထုနွေဦး

👍41❤4👏3🤣3🖕3🔥1🥰1💩1
၄၉၂၆ စစ်ဆင်ရေးအမည်နဲ့ထိုးစစ်မှာသေဆုံးခဲ့တဲ့စစ်သားတွေနဲ့လက်နက်ခဲယမ်းတွေ/ ၂၀၂၄ နှစ်ကုန်ပိုင်းက ဂွမြို့သိမ်းတိုက်ပွဲက AAတပ်ဖွဲ့ဝင်တွေ။ဓါတ်ပုံ-AA Info desk
🤣23👏17❤11👻3👍2👎1🥰1🖕1
လက်ပံတန်းအရှေ့ခြမ်းက စစ်ရှောင်ပြည်သူတွေနေထိုင်ရာကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်နေ
စက်တင်ဘာ -၁၂၊၂၀၂၆။မိုမို/People's Spring
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။
လက်ပံတန်းမြို့နယ် အရှေ့ခြမ်းက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ သတိပြုနေထိုင်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။
"လက်ပံတန်းမြို့နယ်အရှေ့ခြမ်းကို ပစ်နေတာ။ အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရထားတယ်။ စစ်ဘေးရှောင်ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာ"လို့ လက်ရှိ လက်ပံတန်းမြို့နယ်အခြေအနေကို အထက်ပါတာ၀န်ရှိသူက ရှင်းပြပါတယ်။
လက်ပံတန်းမြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ထန်းပင်ချောင်ကျေးရွာ စစ်တပ်အထိုင်စခန်းကလက်နက်ကြီး(ဟောင်ဝှစ်ဇာ)နဲ့ ရေငံကျေးရွာအထိုင်ချစခန်းကနေ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာလို့ လက်ပံတန်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
"စစ်ကြောင်းတွေ ဝင်ရောက်လာနိုင်ခြေလည်းရှိတယ်"လို့ သူက ပြောပါတယ်။
ဩဂုတ်တတိယပတ်က ထန်းပင်ချောင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ သိမ်းပြီးနောက် စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ပစ်ခတ်တိုက်ခိုက်မှုပိုလုပ်လာတာလို့ အသိပေးပါတယ်။
တော်လှန်ရေးအားကောင်းတဲ့ ပဲခူးရိုးမအနောက်ခြမ်းက လက်ပံတန်း၊မင်းလှ၊အုတ်ဖို၊နတ်တလင်း မြို့နယ်ကို နယ်မြေ အသာစီးရယူဖို့ အာဏာသိမ်းစစ်တပ် နဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်ကြိုးစားနေတာပါတယ်။
ဒါကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပြီး ရန်ကုန်-ပြည် ကားလမ်းဘေးက စစ်တပ် ဂိတ်စခန်းတွေ၊ ကျေးရွာအချို့က တပ်စခန်းတွေနဲ့ စစ်တပ်ဂိတ်စခန်းတွေ အပါအ၀င် လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်တပ် အထိုင်စခန်းကြီးတစ်ခုကို ပြီးခဲ့တဲ့နှစ်ကုန် ပိုင်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ဖူးပါတယ်။
လက်ပံတန်းမြို့နယ်မှာ စစ်တပ်က တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတွေ နဲ့ ပြည်သူ့စစ်အင်အား အမှီပြုပြီး တော်လှန်ရေးတပ်တွေကို ခုခံတာနဲ့ တန်ပြန်ထိုးစစ်ဆင်တာတွေ လုပ်နေတာဖြစ်ပါတယ်။

😡26🤬12❤2👏2👍1👎1🎉1
ဖားကန့်မှာ တိုက်ပွဲဖြစ်
စက်တင်ဘာ-၁၂၊၂၀၂၆။ဇော်ရမ်း/People's Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ် ၊ပြည်သူ့စစ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး စစ်တပ်က ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
" စစ်ရေးသတင်းက သိုးသိုးသန့်သန့်ကြားနေရတာ။ စစ်တပ်ကလည်း စစ်ကြောင်းတွေ ဝင်လာတယ်လေ။အခုညနေတော့ ချတာ"လို့ ဖားကန့်ဒေသခံတစ်ဦးက မနေ့ ညနေပိုင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်ကစပြီး တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ဖားကန့်ဒေသမှာ ယခုရက်ပိုင်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမရှိပေမယ့် စစ်တပ်ရဲ့လေကြောင်း ကင်းထောက်ပျံသန်းမှုတွေရှိနေပါတယ်။
လက်ရှိမှာ ကချင်ပြည်နယ်အတွင်း ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ စစ်ရေးအတင်းမာဆုံးဖြစ်နေပါတယ်။
စစ်တပ်က တိုက်ခိုက်ရေးသင်္ဘော ၂စီးနဲ့ ကုန်တင် သင်္ဘော ၈စီးအပါအဝင် သင်္ဘော၁၅စီးကို ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ KIA၊KPDFက တိုက်ခိုက်ခဲ့တာပါ။စက်တင်ဘာ၂ရက်က တိုက်ပွဲအပြင်းအထန်ဆုံးဖြစ်ခဲ့ပြီး စစ်သင်္ဘော ၈ စီးဖျက်ဆီးခံရတဲ့အပြင် စစ်သုံ့ပန်း ၁၉၀ ကျော်ကို KIA၊KPDFက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ နောက်ထပ်လည်း စစ်ရေယာဉ်အချို့ထပ်မံရောက်ရှိလာလို့ KIA၊KPDFက ဆက်လက်တိုက်ခိုက်နေပါတယ်။
ရွှေကူမြို့နယ်က ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDF တိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာဘဲ စစ်တပ်က ဖားကန့်ဒေသမှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာလို့ စစ်ရေးသတိပြုနေထိုင်ကြဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းမှာ KIA၊KPDF သတင်းရင်းမြစ်တွေက သတိပေးခဲ့ပါတယ်။
ဒါ့အပြင် လေကြောင်းရန်သတိပြုကြဖို့လည်း ဒေသခံအချင်းချင်း သတိပေးနေကြပါတယ်။

👍41❤7🔥2🥰1👏1
ဆိုက်ဘာတိုက်ခိုက်မှုကြောင့် လုံခြုံရေးမြှင့်တင်ထားတဲ့ Our Ambassador - Our Voice လှုပ်ရှားမှု
စက်တင်ဘာ-၁၂၊၂၀၂၆။သတိုး/People's Spring
ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်တာဝန်ထမ်းဆောင်နိုင်ဖို့ ထောက်ခံကြောင်းပြသတဲ့ Our Ambassador - Our Voice လှုပ်ရှားမှု စာမျက်နှာကို ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် လုံခြုံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်ထားတယ်လို့ People Movement Platform-Myanmar က အသိပေးထားပါတယ်။
"အကြမ်းဖက်စစ်တပ်ဘက်က (သို့မဟုတ်) မလိုလားသူအချို့က မနေ့ညက ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ဖို့ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ IP address တွေပြောင်းပြီး Vote ဝင်ပေးတဲ့အပြင် Negative Comment တွေ အများအပြားဝင်ရေးတဲ့ တိုက်ခိုက်မှုမျိုးဖြစ်ပါတယ်။
ဒါ့ကြောင့် ဝပ်ဘ်ဆိုက်ကို ခေတ္တရပ်ဆိုင်းပြီး ပိုမိုကောင်းမွန်တဲ့ လုံခြုံရေးစနစ်တွေ ပြင်ဆင်လုပ်ဆောင်ခဲ့ရပါတယ်။" လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီလှုပ်ရှားမှုမှာ လက်ရှိအချိန်အထိ ပြည်သူငါးသောင်းကျော် ပါဝင်ထားပြီး လုံခြုံရေးစနစ်တွေ မြှင့်တင်ထားတာကြောင့် ပြည်သူတွေအနေနဲ့ စိတ်ချလုံခြုံစွာ ပါဝင်နိုင်တယ်လို့ အသိပေးထားပါတယ်။
"အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့အားကို ဘယ်လောက်ကြောက်ရွံ့တယ်ဆိုတာ သက်သေထပ်ပြလိုက်ခြင်းဖြစ်တာကြောင့် ငါတို့တွေဟာ နည်းပေါင်းစုံနဲ့တားဆီးနှောက်ယှက်လေ ပိုအားကောင်းလေဆိုတာကို ဆတိုးအားနဲ့ ကြိုးစားပြကြရင်း Campaign ကို Full Speed နဲ့ အရှိန်မြှင့်ကြရအောင်ပါ။" လို့ တိုက်တွန်းထားပါတယ်။
ပါဝင်လိုသူတွေ အနေနဲ့ https://our-ambassador-our-voice.vercel.app/ ၊ https://www.ourvoiceformyanmar.org လင့်ခ်တွေကနေ ဝင်ရောက်ပြီး ထောက်ခံကြောင်းပြသပေးနိုင်တယ်လို့ အသိပေးထားပါတယ်။
"I SUPPORT ကိုနှိပ်ပါ။ အစိမ်းနုရောင်ဖြစ်သွားပါလိမ့်မည်။ သင်ဘာ့ကြောင့်ထောက်ခံတယ်ဆိုတာနဲ့ အမည်ကို ရေးပါ။ (မရေးချင်လည်းရပါတယ်)Add My Support ကိုတစ်ချက်နှိပ်ပြီး ခဏစောင့်ပါ။Thank You. Your support has been counted. ဟူသည့် စာတမ်းကို မြင်ရပါက သင်၏ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်မှု အောင်မြင်ပြီဖြစ်ပါတယ်။" လို့ အပေါ်ကပေးထားတဲ့ လင့်ခ်ကို ဝင်ရောက်ပြီးချိန်မှာ ပြုလုပ်ရမယ့် လုပ်ငန်းစဉ်ကိုလည်း ဖော်ပြထားပါတယ်။
"အချိန်တမိနစ်လောက်ပေးပြီး ငါတို့သံအမတ်အတွက် ငါတို့အသံတဦးတယောက်ချင်းစီတာဝန်ကိုယ်စီထမ်းလိုက်ကြရအောင်" လို့ မနီလာသိန်းက တိုက်တွန်းထားပါတယ်။

👍49❤9👏3🔥1🥰1😁1🤣1🖕1
နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို နတ်မောက်ပကဖ ဖမ်းမိ
စက်တင်ဘာ-၁၂၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။
နတ်မောက်မြို့နယ်၊ သရက်ချဉ်ကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် ကရေ(ခ) စောခိုင်လေးထူးကို နတ်မောက်အရှေ့ခြမ်းမှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ နတ်မောက်အရှေ့ခြမ်းက သစ်လှကျင်း၊ ဝင်အူ ၊ကျောက်ချေား ၊ထနောင်းကုန်း သမှုံးကုံး ၊ ဖက်တောရေ စတဲ့ ကျေးရွာတွေမှာ သူတောင်းစား၊ ဈေးဝယ်၊ ဈေးရောင်း၊ သစ်ဆွဲသမား(ချိန်းဆွဲသူလွှသမား ) ပုံဏ္ဌန်အမျိုးမျိုးနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့အကြောင်းကို စုံစမ်းခဲ့ပြီ
နတ်မောက်အရှေ့ခြမ်း စစ်တပ်စစ်ကြောင်းတွေမှာ လိုက်ပါခဲ့တယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် စမ်းကုန်းကျေးရွာက ဦးစံမောင်တို့သားအဖ မီးရှို့သတ်ဖြတ်ချိန်မှာ သူပါဝင်ခဲ့ကြောင်းနဲ့ ပွင့်ဖြူစစ်ကြောင်းနဲ့လည်း လိုက်ပါကာ ပြည်သူတွေဆီက ရွှေငွေပစ္စည်း ရသမျှဝေယူစနစ်နဲ့ လိုက်ပါခဲ့တယ်ဆိုတာ ဝန်ခံခဲ့တယ်လို့ ဖော်ပြပါတယ်။
၂၀၂၆ ဇန်နဝါရီလ ၂၅ ရက်က နတ်မောက်မြို့နယ်၊ စမ်းကုန်းကျေးရွာ အနောက်ဘက် ထန်းတောတိုက် မှာ အသက် ၅၀ ကျော်အရွယ် ဦးစံမောင်နဲ့ သားဖြစ်သူ အသက် ၂၁ နှစ်အရွယ် ကိုနိုင်လင်းမောင်တို့ သားအဖ ၂ဦးကို စစ်တပ်စစ်ကြောင်းက မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
"သူ့ကို၅ရက်နေ့က ဖမ်းမိတာပါ"လို့ နတ်မောက် ပကဖ တာ၀န်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။
အခု ဖမ်းမိသူဟာ နတ်မောက်မြို့နယ်ရွာတော်ဂိတ်မှာလည်းဂိတ်ထိုင်ပြီး ခရီးသွားပြည်သူတွေ အပေါ်အနိုင်ကျင့်ဗိုလ်ကျနေသူတစ်ဦးလို့ ဆိုပါတယ်။
ဖမ်းမိသူကို ဥပဒေနဲ့ အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း အခုလိုလျှို့ဝှက်ဝင်လာသူတွေကို အထူးဂရုစိုက်ကြပါဖို့ နတ်မောက် ပကဖ က သတိပေးပါတယ်။
လက်ရှိ နတ်မောက်အရှေ့ခြမ်းမှာ စစ်တပ်စစ်ကြောင်းတွေက နဘူးကွဲကျေးရွာ၊ကမ်းပြိုရွာနဲ့ကုလားရှင်ကျေးရွာတွေမှာရှိနေတယ်လို့ နတ်မောက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
နတ်မောက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ၂၀၂၆ ဧပြီကတည်းက မကြာခဏစစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
ဖတ်တောရေ၊ကျီးကန်၊ ကန်ဦးကုန်း၊ ရုံးပင်ကွက် ကျေးရွာတွေက နေအိမ်တွေကို ဖောက်ထွင်းပြီး မီးရှို့တဲ့အပြင်အရပ်သား ၃ဦးထက်မနည်းကို သတ်ဖြတ်ထားပါတယ်။
အလယ်ရိုးမနဲ့ဆက်စပ်နေပြီး သစ်တောကြိုးဝိုင်းတွေရှိနေတဲ့ နတ်မောက်မြို့အရှေ့ခြမ်းက တော်လှန်ရေးတပ်စခန်းတွေ ရှင်းလင်းရေးနဲ့ နယ်မြေစိုးမိုးရေးကို စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။
နေပြည်တော်-မကွေး-မန္တလေးတိုင်း သုံးခုဆုံမှတ် သဏ္ဍန်ရှိနေတဲ့ နတ်မောက်မြို့နယ်မှာ စစ်တပ်ရဲ့ ရွာမွန် ပင်မစစ်လက်နက်ပစ္စည်းတပ်(ပပနတပ်)နဲ့ ဒန့်ဒလွန်ပင် ဆက်သွယ်ရေးတပ် အခြေစိုက်ထားပါတယ်။
ရုပ်သံ - People's Defense Organization - Natmauk

👍42❤6👏3👎1🥰1🤮1🤣1🖕1
“အောင်စိတ်နဲ့နင်းတဲ့မြေဟာအောင်မြေဖြစ်တယ်”
-ပစအရေး၊ စစ်ရေး၊ တော်လှန်ရေး အပြန်အလှန်စကားစုစည်းမှု-
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ စကားဖလှယ်ထားတဲ့ဦးမင်းကိုနိုင်တို့ နှစ်ဦး မျက်မှောက်ကာလ ပစတွေရဲ့ အခြေအနေ၊ စစ်ရေးအခြေအနေနဲ့ တော်လှန်ရေး ရဲ့ ရှေ့အလားအလာ ပြောစကားတွေကို ကြည့်ရှုနားဆင်ကြရမှာဖြစ်ပါတယ်။
#SpringRevolutionMyanmar

🥰32❤10👍7💩3👎1🖕1