People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
🔥13👍72🖕1
စက်တင်ဘာ ၁၁ ရက် ရန်ကုန်မြို့ကုန်​ဈေး
နှုန်း နဲ့ စစ်တပ်အာဏာမသိမ်းခင်​ဈေးနှုန်း

#ကုန်​ဈေးနှုန်း #ရန်ကုန် #Peoplesspring
👍285🔥3👏2
ဝဒေသမှာ ၃ နှစ်ကြာ ရပ်နားထားတဲ့ သံဖြူ သတ္တုတွင်းမှာထုတ်လုပ်မှု ပြန်စ

စက်တင်ဘာ-၁၁၊၂၀၂၆။People's Spring

ဝဒေသထဲမှာ တည်ရှိပြီး ကမ္ဘာ့အကြီးဆုံး စာရင်းဝင်သံဖြူသတ္တုတွင်းတစ်ခု နှစ်နဲ့ချီ ရပ်နားထားရာက လုပ်ငန်း ပြန်လည်ပတ်နေကြောင်း နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ ICG က​ဖော်ပြပါတယ်။

၂၀၂၃ တုန်းက ရပ်နားထားတဲ့ မန်းမော် သတ္တုတွင်းမှာ သံဖြူ တူးဖော် ထုတ်လုပ်မှုတွေ ပြန်လည်စတင်နေပြီး ဖြစ်သလို တရုတ်ဆီကို သတ္တုတွေ တင်ပို့နေတယ်လို့ နိုင်ငံ
တကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG)က စက်တင်ဘာ ၁၀ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

သံဖြူသတ္တုဟာဉာဏ်ရည်တုနည်းပညာ (AI)
အတွက် လိုအပ်တဲ့ ချစ်ပ်တွေ ထုတ်လုပ်ရာမှာအရေးပါတဲ့ကုန်ကြမ်းတစ်ခုလည်းဖြစ်ပါတယ်။မန်းမော်သတ္တုတွင်းဟာဝပြည်သွေး
စည်းညီညွတ်ရေးတပ် (UWSA) ထိန်းချုပ်နယ်မြေထဲမှာတည်ရှိနေပြီးကမ္ဘာ့သံဖြူ စျေးကွက်ကို အဓိကထောက်ပံ့ပေးနေတဲ့ရင်းမြစ် တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ AI နည်းပညာအရှိန်အဟုန်နဲ့ စတင်တိုးတက်လာချိန် ၂၀၂၃ မှာပဲ UWSAက အဲဒီသတ္တုတွင်းကို ရုတ်တရက် ပိတ်ထားလိုက်တာဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် စျေးကွက်ထဲမှာသံဖြူစျေးတွေလည်းမြင့်တက်လာခဲ့ပါတယ်။

အခုတော့ သတ္တုတွင်းမှာ လုပ်ငန်းလည်ပတ်မှုတွေ ဖြည်းဖြည်းနဲ့မှန်မှန် ပြန်စလာနေပြီဖြစ်
ကြောင်း၊ ဒါပေမဲ့ သတ္တုမိုင်းတွင်းမပိတ်သိမ်းခင် ကာလကထုတ်လုပ်နိုင်စွမ်းမျိုးကိုတော့ မမီသေးကြောင်း ICGက ဆိုပါတယ်။

အခုနှစ်ပထမနှစ်ဝက်အတွင်းမှာတင် တရုတ်ဟာ မြန်မာဖက်ကနေ သံဖြူတင်သွင်းဝယ်ယူမှုတန်ချိန်​လေးသောင်းနီးပါးရှိလာပြီးအဲဒီပမာ
ဏဟာမနှစ်ကတစ်နှစ်လုံးစာထက်ပိုများပါတယ်။

ဂြိုဟ်တု ဓာတ်ပုံတွေအရ မန်းမော် သတ္တု
တွင်းမှာ လှုပ်ရှားမှုတွေပြန်လည်နိုးကြား အသက်ဝင်နေတာကိုအတည်ပြုနိုင်ပြီး ည
အချိန်မှာလည်း မီးတွေ ထိန်လင်းနေတယ်လို့ ICG အစီရင်ခံစာမှာဖော်ပြထားပါတယ်။

၂၀၁၆ တုန်းက မြန်မာနိုင်ငံကနေသံဖြူစုစု
ပေါင်း တန်ချိန် ၅ သိန်းနီးပါး ထွက်ရှိခဲ့ပြီး ၉၉ ရာခိုင်နှုန်းလောက်ကိုတော့တရုတ်ဆီတင်ပို့ခဲ့ပါတယ်။

ထောက်ပံ့ရေးရင်းမြစ်တွေရဲ့ မတည်ငြိမ်မှုနဲ့ ဝယ်လိုအား မြင့်တက်မှုတွေကြောင့် အခုနှစ် ဇန်နဝါရီလတုန်းကကမ္ဘာ့သံဖြူစျေးဟာစံချိန်တင် အဆင့်မျိုးထိ မြင့်တက်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ မန်းမော်သတ္တုမိုင်း ရုတ်တ
ရက် ပိတ်သိမ်းခဲ့ရတာဟာ စစ်ရေး ပဋိပက္ခတွေကြောင့် မဟုတ်ဘဲ UWSA ခေါင်းဆောင်ပိုင်းကြား အကျိုးအမြတ် ခွဲဝေမှု အငြင်းပွားတဲ့ပြဿနာတွေကြောင့်ဖြစ်နိုင်ကြောင်း ICG
ကသုံးသပ်ထားပါတယ်။

ကိုးကား-Bangkok Post

#သံဖြူ #UWSA #ဝတပ်ဖွဲ့
#မန်းမော်သတ္တုတွင်း #Peoplesspring






ကျောက်ဖြူ ၊တောင်မော်ဦးတိုက်ပွဲမှာစစ်တပ်ဆီကလက်နက်ခဲယမ်းနဲ့ အလောင်း​တွေAA သိမ်းဆည်းရရှိ

စက်တင်ဘာ-၁၁၊၂၀၂၆။ခိုင်မြတ်/People's Spring

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

တောင်မော်ဦးရေတပ်စခန်းအ၀တောင်ရွာအ
နီးကနေ အင်အားဖြည့် ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ AA တို့ဟာစက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တို့မှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်တပ်က ​သေဆုံးထိခိုက်မှုများခဲ့တယ်လို့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

“အလောင်းတဆယ်ကျော်၊ နှစ်ဆယ်နီးပါး ရတယ်။ လက်နက်တွေတော့ သိပ်မများဘူး” လို့ မြေပြင်မှာရှိနေတဲ့ အာရက္ခတပ်​တော်နဲ့ နီးစပ်သူစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။ အဲဒီလို တိုက်ပွဲအတွင်း အကျအဆုံးများတဲ့အတွက် စစ်သင်္ဘောတွေကနေ လက်
နက်ကြီးတွေနဲ့ ပစ်ခတ်ပေးတာ၊ ဒရုန်း၊ လေ
ယာဉ်တွေနဲ့ ပစ်ကူပေးတာတွေရှိခဲ့ပြီး အရပ်
သား လူ နေရွာတွေထဲ ကျရောက်ကာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“စနဲမှာ အိမ်တွေ ပျက်သွားတယ် လက်နက်
ကြီးနဲ့ ပစ်လို့။ဒီနေ့တော့တိုက်ပွဲငြိမ်နေတယ်” လို့ ကျောက်ဖြူဒေသခံ လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က တောင်မော်ဦးရေတပ်စခန်းအနီး အ၀
တောင်စခန်းကနေရှေ့ကိုတိုးထိုးစင်ဆင်ဖို့ ကြိုးစားလာခဲ့ပြီး အဲဒီစစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာ အထိနာခဲ့တာကြောင့် နောက်ပြန် ဆုတ်ခဲ့ရပါတယ်။

အဲဒီလိုနောက်ပြန်ဆုတ်သွားခဲ့ပြီးနောက် ရက်
ပိုင်းအကြာမှာ ထပ်မံအင်အားဖြည့်ပြီးစစ်
ကြောင်းထိုးလာတာမှာ AAကဖြတ်​တောက် တိုက်ခိုက်လို့ထပ်မံအထိနာခဲ့တာဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA)ဟာ တောင်မော်ဦးရေတပ်စခန်းကာကင်း၊စစ်ကြောင်းတွေအပြင် ဓည၀တီရေတပ်စခန်းအ နီးဝန်းကျင်ရှိ ကာကင်းစခန်းတွေကိုလည်း မကြာခဏထိုးစစ်ဆင်တိုက်နေတယ်လို့ မြေပြင်သတင်းရင်း
မြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်တွင်းနဲ့ ရခိုင်ရိုးမအစပ်နေရာတွေကို အာဏာသိမ်းစစ်တပ် က ၄၉၂၆ စစ်ဆင်ရေးလို့နာမည်တပ်ပြီး ထိုးစစ်လုပ်နေတယ်ဆိုပေမယ့် လက်တွေ့မှာတော့ တပါတ်ကြာတဲ့ထိ AA စခန်းတခုကိုမှ သိမ်းနိုင်တာမရှိဘဲ စခန်းတွေ ထပ်မပါသွားဖို့သာ ခံစစ်လုပ်နေကြရတယ်လို့ မြေပြင်သတင်းရင်း မြစ်တွေ က ပြောကြပါတယ်။
👍278👎3🤣2🖕2🥰1👏1
စစ်တပ်ဟာစက်တင်ဘာလ ၄ ရက်ကစပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း မြို့နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေ၊ ကျောက်ဖြူမြို့နယ်အတွင်းက AA နယ်မြေတွေနဲ့ ရခိုင်အစပ် မကွေး တိုင်း
ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ရှိAAထိန်းချုပ်ဒေသတွေကိုအင်အားအ
လုံးအရင်းနဲ့ ထိုးစစ်လုပ်နေခဲ့တာပါ။

အဲဒီလိုထိုးစစ်ဆင်နေပေမယ့်ကျောက်ဖြူမြို့
နယ်အတွင်းက ရှေ့တန်းတိုက်ပွဲမှာ အထိနာနေသလို စစ်တွေမြို့နယ် မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို အင်အားရာချီပါတဲ့ စစ်ကြောင်းနှစ်ခုနဲ့ ထိုးစစ်စခဲ့ပြီး စစ်ကြောင်းတခုဟာ တိုက်ပွဲပထမနေ့မှာပဲ အကျအဆုံးများလို့ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။ကျန်စစ် ကြောင်းတခုကလည်း ရှေ့မတိုး နိုင်ဖြစ်နေပါတယ်။

ရခိုင်ပြည်ပြင်ပ ရိုးမအရှေ့ဘက်ခြမ်း မကွေး
တိုင်း မင်းတုန်း၊ ပဒါန်း၊ ပဲခူးတိုင်းပန်းတောင်မြို့နယ်တို့အတွင်း တိုက်ပွဲ တွေမှာလည်း ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို AA က ဖြတ်တိုက်တာကြောင့်တိုက်ပွဲပြင်းနေကာ စစ်တပ်ဘက်ကအထိနာနေတယ်လို့ သိရပါတယ်။

#တောင်မော်ဦးရေတပ် #အာရက္ခတပ်တော်
#AA #စစ်တပ် #peoplesspring
👍354🤣2👎1🥰1👏1🖕1
31👏9🖕4👍2👎1🥰1
ဝဒေသမှာ ၃ နှစ်ကြာ ရပ်နားထားတဲ့ သံဖြူ သတ္တုတွင်းမှာထုတ်လုပ်မှု ပြန်စ

စက်တင်ဘာ-၁၁၊၂၀၂၆။People's Spring

ဝဒေသထဲမှာ တည်ရှိပြီး ကမ္ဘာ့အကြီးဆုံး စာရင်းဝင်သံဖြူသတ္တုတွင်းတစ်ခု နှစ်နဲ့ချီ ရပ်နားထားရာက လုပ်ငန်း ပြန်လည်ပတ်နေကြောင်း နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ ICG က​ဖော်ပြပါတယ်။

၂၀၂၃ တုန်းက ရပ်နားထားတဲ့ မန်းမော် သတ္တုတွင်းမှာ သံဖြူ တူးဖော် ထုတ်လုပ်မှုတွေ ပြန်လည်စတင်နေပြီး ဖြစ်သလို တရုတ်ဆီကို သတ္တုတွေ တင်ပို့နေတယ်လို့ နိုင်ငံ
တကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG)က စက်တင်ဘာ ၁၀ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

သံဖြူသတ္တုဟာဉာဏ်ရည်တုနည်းပညာ (AI)
အတွက် လိုအပ်တဲ့ ချစ်ပ်တွေ ထုတ်လုပ်ရာမှာအရေးပါတဲ့ကုန်ကြမ်းတစ်ခုလည်းဖြစ်ပါတယ်။မန်းမော်သတ္တုတွင်းဟာဝပြည်သွေး
စည်းညီညွတ်ရေးတပ် (UWSA) ထိန်းချုပ်နယ်မြေထဲမှာတည်ရှိနေပြီးကမ္ဘာ့သံဖြူ စျေးကွက်ကို အဓိကထောက်ပံ့ပေးနေတဲ့ရင်းမြစ် တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ AI နည်းပညာအရှိန်အဟုန်နဲ့ စတင်တိုးတက်လာချိန် ၂၀၂၃ မှာပဲ UWSAက အဲဒီသတ္တုတွင်းကို ရုတ်တရက် ပိတ်ထားလိုက်တာဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် စျေးကွက်ထဲမှာသံဖြူစျေးတွေလည်းမြင့်တက်လာခဲ့ပါတယ်။

အခုတော့ သတ္တုတွင်းမှာ လုပ်ငန်းလည်ပတ်မှုတွေ ဖြည်းဖြည်းနဲ့မှန်မှန် ပြန်စလာနေပြီဖြစ်
ကြောင်း၊ ဒါပေမဲ့ သတ္တုမိုင်းတွင်းမပိတ်သိမ်းခင် ကာလကထုတ်လုပ်နိုင်စွမ်းမျိုးကိုတော့ မမီသေးကြောင်း ICGက ဆိုပါတယ်။

အခုနှစ်ပထမနှစ်ဝက်အတွင်းမှာတင် တရုတ်ဟာ မြန်မာဖက်ကနေ သံဖြူတင်သွင်းဝယ်ယူမှုတန်ချိန်​လေးသောင်းနီးပါးရှိလာပြီးအဲဒီပမာ
ဏဟာမနှစ်ကတစ်နှစ်လုံးစာထက်ပိုများပါတယ်။

ဂြိုဟ်တု ဓာတ်ပုံတွေအရ မန်းမော် သတ္တု
တွင်းမှာ လှုပ်ရှားမှုတွေပြန်လည်နိုးကြား အသက်ဝင်နေတာကိုအတည်ပြုနိုင်ပြီး ည
အချိန်မှာလည်း မီးတွေ ထိန်လင်းနေတယ်လို့ ICG အစီရင်ခံစာမှာဖော်ပြထားပါတယ်။

၂၀၁၆ တုန်းက မြန်မာနိုင်ငံကနေသံဖြူစုစု
ပေါင်း တန်ချိန် ၅ သိန်းနီးပါး ထွက်ရှိခဲ့ပြီး ၉၉ ရာခိုင်နှုန်းလောက်ကိုတော့တရုတ်ဆီတင်ပို့ခဲ့ပါတယ်။

ထောက်ပံ့ရေးရင်းမြစ်တွေရဲ့ မတည်ငြိမ်မှုနဲ့ ဝယ်လိုအား မြင့်တက်မှုတွေကြောင့် အခုနှစ် ဇန်နဝါရီလတုန်းကကမ္ဘာ့သံဖြူစျေးဟာစံချိန်တင် အဆင့်မျိုးထိ မြင့်တက်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ မန်းမော်သတ္တုမိုင်း ရုတ်တ
ရက် ပိတ်သိမ်းခဲ့ရတာဟာ စစ်ရေး ပဋိပက္ခတွေကြောင့် မဟုတ်ဘဲ UWSA ခေါင်းဆောင်ပိုင်းကြား အကျိုးအမြတ် ခွဲဝေမှု အငြင်းပွားတဲ့ပြဿနာတွေကြောင့်ဖြစ်နိုင်ကြောင်း ICG
ကသုံးသပ်ထားပါတယ်။

ကိုးကား-Bangkok Post

(သံဖြူကိုတွေ့ရစဥ်။ဓါတ်ပုံ-ICG )

#သံဖြူ #UWSA #ဝတပ်ဖွဲ့
#မန်းမော်သတ္တုတွင်း #Peoplesspring
😡30👍74🤣2👎1
😡33👎4🔥1🤣1
ရွှေကူမြို့နယ် ဇင်းဘုံတိုက်ပွဲအထိနာတဲ့ စစ်တပ်စစ်ကြောင်းတွေ တပ်လန်ဆုတ်ခွာ

စက်တင်ဘာ ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်အထိနာပြီး စစ်ကြောင်းတွေ ဆုတ်ခွာထွက်ပြေးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဩဂုတ်လနောက်ဆုံးပတ်က စစ်သင်္ဘောအုပ်စုဟာ ရွှေကူကနေ ဗန်းမော်မြို့ကို လာရောက်ဖို့ ကြိုးပမ်းစဉ်ကတည်းက မြစ်ကြောင်းလုံခြုံရေးအတွက် စစ်တပ်က ဇင်းဘုံဒေသတ၀ိုက်မှာ စစ်ကြောင်းထိုး လာတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စက်တင်ဘာဒုတိယပတ်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

အရာရှိတွေအပါအဝင် စစ်တပ်က ထိခိုက်သေဆုံးများခဲ့တာကြောင့် စစ်တပ်စစ်ကြောင်းဟာ စက်တင်ဘာ ၁၁ရက်မှာ တပ်လန်ဆုတ်ခွာသွားတာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြပါတယ်။

အဲဒီဒေသကို စစ်တပ်က တပ်ရင်း ၃ရင်းနဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်များကာ လက်နက်များသိမ်းရခဲ့တယ်လို့ အသိပေးပါတယ်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ဇင်းဘုံဒေသ တိုက်ပွဲမှာ စစ်တပ်က တပ်မ(၃၃) လက်အောက်ခံ တပ်ရင်းတွေက တပ်ရင်းမှူးအဆင့် အရာရှိတွေပါ သေဆုံးတာရှိခဲ့တယ်လို့ ပြောပါတယ်။

စစ်တပ်ဟာ ဇင်းဘုံဒေသကို ထိုးစစ်ဆင်လာတာဟာ ရွှေကူကနေ ဗန်းမော်မြို့ကို တက်မယ့် စစ်သင်္ဘောအုပ်စုအတွက် မြစ်ကြောင်းလုံခြုံရေး လုပ်ဆောင်လာတာဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်မြေပြင် စစ်ကြောင်းတွေဟာ ဒေသကို မထိန်းချုပ်နိုင်သလို ရွှေကူကနေ ဗန်းမော်မြို့ကို တက်တဲ့ သင်္ဘောတွေဟာလည်း KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်နစ်မြုပ် ပျက်စီး မီးလောင်တာတွေရှိခဲ့ပါတယ်။

ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၉ရက်အထိ နှစ်ပတ်တာအတွင်း ကသာ-ရွှေကူ-ဗန်းမော် မြစ်ကြောင်းမှာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတွေ အပါအဝင် သင်္ဘော ၁၄စီးထက်မနည်းထိခိုက်ပျက်စီးခဲ့ပါတယ်။

သင်္ဘောအများအစုဟာ ဇင်းဘုံရွာနဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား အကြားမှာ တိုက်ခိုက်ခံခဲ့ရ ထိခိုက်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ဇင်းဘုံအထက်က ဗန်းမော်မြို့နယ် စင်းခန်းဒေသကိုလည်း စစ်အင်အားတွေ အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။ ဒါကြောင့် စင်းခန်းဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

စစ်တပ်က တိုက်ပွဲဖြစ်ပွားရာနေရာတွေအပြင် ဧရာ၀တီမြစ်ဘေးကျေးရွာတွေကိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် စင်းခန်းမြစ်ကူးတံတားကိုပါ စစ်တပ်က စက်တင်ဘာ ပထမပတ်မှာ လေယာဉ်ဗုံးကြဲဖျက်ဆီးခဲ့လို့ တံတားပျက်စီးမှုရှိခဲ့ပါတယ်။

စစ်တပ်ဟာ စင်းခန်းဒေသက ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို ပြန်လည်ထိန်းချုပ်ဖို့ ကြည်း၊ရေ၊လေ ထိုးစစ်ဆင်ခဲ့ပေမဲ့ လက်ရှိ စက်တင်ဘာဒုတိယပတ်အထိ KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်သတင်းရင်းမြစ်အချို့နဲ့ KIA တာဝန်ရှိသူတွေက ပြောပါတယ်။
👍5012🥰3🤣3🖕2👎1👏1
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
🥰3517👍4🤣3🤮1🖕1
မုံရွာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို စည်ပင်ဖယ်ရှားနေ

စက်တင်ဘာ ၁၂၊ ၂၀၂၆။ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

မုံရွာမြို့မှာ ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်က ဗိုလ်ချုပ်လမ်း၊ ပြည်ထောင်စုလမ်း၊ ကျောက္ကာလမ်း၊ ကမ်းနားလမ်း၊ သာစည်လမ်းနဲ့ တခြားလမ်းမကြီးတွေမှာ လမ်းမကြီးတွေပေါ်နဲ့ ပလက်ဖောင်းတွေပေါ် စျေးရောင်းချတာတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေထောင်တာ၊ ပစ္စည်းတွေပုံထားတာတွေကို အရေးယူမယ်လို့ သတိပေးခဲ့ပါတယ်။

အဲဒီနောက် စက်တင်ဘာလဆန်းမှာ မုံရွာစည်ပင်ဝန်ထမ်းတွေက မြို့ပေါ် လမ်းဘေးဆိုင်တွေကိုလိုက်လံရှင်းလင်းဖယ်ရှားခဲ့ရာမှာ လိုင်းကြေးပေးတဲ့ဆိုင်တွေကိုတော့ ဖယ်ရှားခြင်းမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

"လိုင်းကြေးပေးတဲ့ ဆိုင်တွေကိုတော့မဖယ်ခိုင်းဘူး။နာမည်ကြီးကွမ်းယာဆိုင်တွေဆို ၅သောင်းကနေ ၁သိန်းထိလစဥ်ကြေးပေးသွင်းခိုင်းနေတယ်။ ရုံးရန်ပုံငွေဆိုပြီးတောင်းတာ"လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ စည်းကမ်းမဲ့ရောင်းချတဲ့ လမ်းဘေးစျေးသည်တချို့ကြောင့် ယာဥ်ကြောပိတ်ဆို့တာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း၊ လမ်းဘေးစျေးသည်တွေအနေနဲ့လည်း ယာဥ်ကြောမပိတ်အောင် စည်းကမ်းတကျ ရောင်းချဖို့လိုအပ်ပြီး ယခုလို ငွေမပေးနိုင်တဲ့ လမ်းဘေးစျေးသည်တွေကိုပဲ ဖယ်ရှားနေတာတွေ မဖြစ်သင့်ကြောင်း ဒေသခံတွေက ပြောပါတယ်။

စည်ပင်ကို လိုင်းကြေး မပေးနိုင်တဲ့ သာမန် လမ်းဘေး စျေးသည်တွေဟာ လက်ရှိမှာ အလုပ်အကိုင် မရှိတော့ဘဲ စားဝတ်နေရေး ပိုမို ကြပ်တည်းလာနေကြောင်း သိရပါတယ်။
🤬404👎3👏1😴1
(မုံရွာစည်ပင်ဝန်ထမ်းများ လမ်းဘေးဆိုင်များအား လိုက်လံဖယ်ရှားနေစဥ်။ ဓာတ်ပုံံ-Screengrab)
🤬352👎2🤮2🔥1👏1🤣1
မင်းတုန်းမြို့ကနေ ရခိုင်ရိုးမပေါ်တက်ဖို့ကြိုးပမ်းနေတဲ့ စစ်တပ် ထိခိုက်မှုများနေ

စက်တင်ဘာ-၁၂၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ မင်းတုန်းမြို့ကနေ ရခိုင်ရိုးမပေါ်တက်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်စစ်ကြောင်းဟာ အရာရှိတွေ အပါအ၀င် သေဆုံးသူများနေပြီး စစ်တပ်က တိုက်ပွဲနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေကူပေးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

မင်းတုန်းမြို့အနောက်ခြမ်း ကျေးရွာတွေကနေ ရခိုင်ရိုးခြေမှာ တပ်ဖြန့်ပြီး တောင်ပေါ်တက်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေ နေ့စဉ်တိုက်ပွဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

"တိုက်ပွဲတွေကတော့ နေ့စဥ်လို ဖြစ်နေတာပါ။ရန်သူ့ ဘက်ကတော့ အမြဲလို အထိနာနေတာပါပဲ။ ဒီထဲ မှာ အရာရှိအဆင့်တွေပါ ကျတာရှိပါတယ်"လို့ မင်းတုန်းမြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အထိနာနေတဲ့စစ်တပ်က တိုက်ပွဲဖြစ်ရာနေရာကို ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲနေတယ်လို့ အသိပေးပါတယ်။

စစ်တပ်စစ်ကြောင်းတွေထံက စစ်သုံ့ပန်း၊ ရုပ်အလောင်းနဲ့ လက်နက်တွေလည်း ရရှိထားတယ်လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

"ရထားတာ များတယ်ကြားတယ်"လို့ သူက ပြောပါတယ်။

ရခိုင်ရိုးမပေါ်ကို တက်ဖို့ ကြိုးစားနေတဲ့ စစ်တပ် စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)၊ PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

အခုလဆန်းကတိုက်ပွဲမှာ တပ်မ(၅၅)လက်အောက်ခံ တပ်ရင်းတွေက တပ်ရင်းမှူး ၂ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ်နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် သေဆုံးတယ်လို့ နေပြည်တော်ကစစ်ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။

ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ် နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော်တို့ တိုက်ပွဲမှာ သေဆုံးတဲ့သတင်းကို စစ်တပ်မိသားစုတချို့က လူမှုကွန်ရက်မှာရေးသားထားကြပါတယ်။

အာရက္ခတပ်တော် (AA)သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို ဦးတည်ပြီး မင်းတုန်းမြို့နယ်အနောက်ဘက်ရခိုင်ရိုးမကတဆင့် စစ်တပ်စစ်ကြောင်းတွေကဝင်ရောက်ဖို့ကြိုးပမ်းနေတာပါ။

အဲဒီစစ်ကြောင်းတွေကို တပ်မ(၅၅)က ဗျူဟာမှူးဗိုလ်မှူးကြီးအောင်ဇော်မင်းဦးစီးတယ်လို့ သတင်းရင်းမြစ်ကပြောပေမဲ့ အသေးစိတ်မသိရသေးပါဘူး။ အင်အား ၁၀၀၀ ကျော်နဲ့ ဝင်ရောက်လာလို့ ဇွန်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတွေသေဆုံး ဒဏ်ရာရသူများပြီး ရှေ့မတိုးနိုင်ဘဲလန်ကျနေတာဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်က မင်းတုန်းမြို့အနောက်ခြမ်းကို ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၅ဦး ဖမ်းမိကာ လက်နက်ခဲယမ်းနဲ့အလောင်းတချို့ သိမ်းဆည်းရရှိတယ်ခဲ့လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်တပ်က ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်ကနေ ရခိုင်ပြည်နယ်ထဲကိုဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး အဲဒီဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။

စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ယက်တွေက ၄၉၂၆ စစ်ဆင်ရေး စစ်တပ်အသာရနေပြီလို့ ပြောဆိုရေးသားနေကြပေမယ့် မြေပြင်မှာ စစ်သားတွေ ထိခိုက်သေဆုံးမှုများပြားနေတယ်လို့ စစ်ရေးသတင်းရင်မြစ်တွေက ပြောပါတယ်။
👍4012🤣3👎1🥰1🖕1
(မင်းတုန်းမြို့တိုက်ပွဲ တနေရာမှာ တွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ရဲဘော်တွေ။ ဓာတ်ပုံ - သရက်ခရိုင်အမှတ်(၄)တပ်ရင်း)
👍368🤣3🥰1🤮1💩1🖕1
NEDရဲ့ဒီမိုကရေစီဆု"နွေဦးတော်လှန်ရေးပြည်သူအခြေပြုစည်းရုံးလှုံ့ဆော်သူများ" ကိုယ်စား သပိတ်ခေါင်းဆောင်ကိုနန်းလင်း ဆုလက်ခံယူ

■မြန်မာပြည်သူတွေရဲ့ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက်ရုန်းကန် တိုက်ပွဲဝင်မှုအပေါ်မှာမျှော်လင့်ချက်ခိုင်ခိုင်မာမာထားရှိကြဖို့နဲ့ အတူရပ်တည်ပေးကြဖို့ ကိုနန်းလင်းတိုက်တွန်း

စက်တင်ဘာ-၁၂၊၂၀၂၆။ရောင်နီ/People's Spring

အမေရိကန် အခြေစိုက်အမျိုးသား ဒီမိုကရေစီထောက်ပံ့ရေးအဖွဲ့ (NED)ရဲ့၂၀၂၆ အတွက် ဒီမိုကရေစီဆုကို "နွေဦးတော်လှန်ရေးပြည်သူအခြေပြုစည်းရုံးလှုံ့ဆော်သူများ"ကရရှိပြီးသပိတ်ခေါင်းဆောင်ကိုနန်းလင်း ကကိုယ်စားဆုလက်ခံခဲ့ပါတယ်။

သပိတ်ခေါင်းဆောင်ကိုနန်းလင်းက မြန်မာပြည်သူတွေရဲ့ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက်ရုန်းကန် တိုက်ပွဲဝင်မှုအပေါ်မှာမျှော်လင့်ချက် ခိုင်ခိုင်မာမာထားရှိကြဖို့နဲ့ အတူတူရပ်တည်ပေးကြဖို့ဆုလက်ခံယူစကားပြောကြားရင်းတိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင်စစ်တပ်ရဲ့မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံ‌ရေးခေါင်းဆောင်တွေအပါအဝင်ပြည်သူနှစ်သောင်းကျော်ကိုအမြန်ဆုံးလွှတ်ပေးဖို့
ကိုလည်းတိုက်တွန်းခဲ့ပါတယ်။

အမေရီကန်နိုင်ငံမှာစက်တင်ဘာ ၁၀ (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၁) ရက်မှာကျင်းပတဲ့ ဒီမိုကရေစီဆုပေးပွဲအခမ်းအနားမှာကိုနန်းလင်းက"နွေဦးတော်လှန်ရေးပြည်သူအခြေပြုစည်းရုံးလှုံ့ဆော်သူများ"ကိုယ်စား ဆုလက်ခံ စကားပြောခဲ့တာဖြစ်ပါတယ်။ ဆုပေးပွဲကို ကိုယ်တိုင်မတက်ရောက်နိုင်ပေမယ့်လွတ်မြောက်နယ်မြေတစ်နေရာကနေ ကိုယ်စားဆုလက်ခံယူရင်းကျေးဇူးတင်စကားပြောကြားခဲ့တာပါ။

"ဒီဆုဟာပြည်သူတွေရဲ့လွတ်လပ်ခွင့်အတွက် အသက်ကို ပဓာနမထားပဲ တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီးတွေ လူငယ်တွေနဲ့ လူနည်းစုရဲဘော်အပေါင်းတို့ကို လေးလေးနက်နက်အသိအမှတ်ပြုတယ်လို့ ကျွန်တော်ပြောလိုပါတယ်" လို့ ကိုနန်းလင်းကပြောကြားခဲ့ပါတယ်။

ဒီနေ့ရရှိတဲ့ ခွန်အားနဲ့ အသိအမှတ်ပြုမှုတွေကို အကျဉ်းထောင်တွေထဲက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူနှစ်သောင်းကျော်ကိုလည်း မျှဝေလိုတယ်လို့ ပြောခဲ့ပါတယ်။

"မတရားအကျဉ်းကျခံနေရသူမှန်သမျှအမြန်ဆုံးနဲ့ ချွင်းချက်မရှိ လွှတ်ပေးဖို့ကိုလည်း ဒီနေရာကနေ ပြတ်ပြတ်သားသား တောင်းဆိုလိုက်ပါတယ်။" လို့ ကိုနန်းလင်းကတောင်းဆိုခဲ့တာပါ။

ဒီဆုကို လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှု အတွက် တိုက်ပွဲ ဝင်နေကြတဲ့ ရဲဘော် ရဲဘက်တွေနဲ့ မြန်မာပြည်သူ တွေရဲ့ ကိုယ်စား ဂုဏ်ယူဝင့်ကြွားစွာလက်ခံခဲ့တာဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက်ရုန်းကန် တိုက်ပွဲဝင်မှုအပေါ်မှာလည်းမျှော်လင့်ချက်ခိုင်ခိုင်မာမာထားရှိကြဖို့နဲ့အတူတူရပ်တည်ပေးကြဖို့ ကိုနန်းလင်းကနိုင်ငံတကာကိုတိုက်တွန်းခဲ့ပါတယ်။

"မြိုပြတွေမှာလျှိုဝှက်ပြီး ဆန်းသစ်တဲ့ လှုပ်ရှားမှုတွေ ဆက်ရှိနေမှာဖြစ်သလို စစ်အုပ်စုရဲ့ ဆင်ဆာနဲ့ အင်တာနက်ဖြတ်တောက်မှုတွေကြားကပဲ ဒီမိုကရေစီ မျှော်လင့်ချက်ဆိုင်ရာ သတင်းစကားတွေကို ဆက်ပြီးတော့ ဖြန့်ဝေနေမှာဖြစ်ပါတယ်။စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကြားကနေ ကျွန်တော်တို့လို လူထုလှုပ်ရှားမှု အဖွဲ့အစည်းတွေဟာ လူထုကြားမှာ ယနေ့တိုင် စည်းရုံးလှုပ်ရှားနေဆဲဖြစ်ပါတယ်။" လို့ ကိုနန်းလင်းက ပြောပါတယ်။

ဒီနှစ်မှာ NED ရဲ့ ဒီမိုကရေစီဆုတွေကို မြန်မာနိုင်ငံ နဲ့အပါအဝင် ရုရှား၊ ကျူးဘား၊ ဆီးရီးယားနဲ့ အီသီယိုးပီးယား နိုင်ငံတွေကလူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေလည်းရရှိခဲ့တာပါ။

ဒီနှစ်ကအမေရိကန်လွတ်လပ်ရေး နှစ် ၂၅၀ ပြည့်နဲ့ တိုက်ဆိုင်နေတာကြောင့် အမေရိကန် ဒီမိုကရေစီရဲ့အခြေခံစံနှုန်းတွေဖြစ်တဲ့ လွတ်
လပ်စွာ ကိုးကွယ်ခွင့်၊ ပြောဆိုခွင့်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ တင်ပြ တောင်းဆိုခွင့်တွေအတွက် ရွပ်ရွပ်
ချွံချွံ အားထုတ် ကြိုးပမ်းနေသူတွေကို ဆုအတွက် ရွေးချယ်ခဲ့တယ်လို့ NEDရဲ့ ဘုတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီဆုပေးပွဲကို အမေရိကန်ရဲ့ပထမဆုံး သမ္မတ ဂျော့ဂျ်ဝါရှင်တန် နေထိုင်ခဲ့တဲ့ မောင့်ဗာနွန်အိမ်တော်မှာကျင်းပခဲ့တာပါ။

NEDရဲ့ ဒီမိုကရေစီဆုကိုတော့ ၁၉၈၉ ခုနှစ်၊ တရုတ်နိုင်ငံရဲ့ ဒီမိုကရေစီ အုံကြွမှုကြီးအတွင်း တျန်နန်မန် ရင်ပြင်မှာ ထုလုပ်ခဲ့တဲ့ ဒီမိုကရေစီ နတ်ဘုရားမ ရုပ်တုရဲ့ ပုံစံတူအဖြစ် သွန်းလုပ်ထားပါတယ်။ အဲဒီဆုကို ကမ္ဘာ့တလွှားက လူသားတွေရဲ့ လွတ်လပ်ခွင့်ကို ကြိုးစား မြှင့်တင်ပေးနေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို နှစ်စဉ် ချီးမြှင့်နေပါတယ်။

NEDကို ၁၉၈၃ ခုနှစ်မှာ အမေရိကန် သမ္မတ ရော်နယ်လ်ရေဂန် အဆိုပြုတဲ့ ဒီမိုကရေစီ အားပေးရေး အစီအမံအရ နိုင်ငံရေး ပါတီကြီး နှစ်ခုလုံးရဲ့ အားပေး ထောက်ခံမှုနဲ့အတူ ထူထောင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့ပြည်သူတွေရဲ့ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ပြောဆိုခွင့် ယုံကြည်ကိုးကွယ်ခွင့်၊ နိုင်ငံရေးလုပ်ဆောင်ခွင့်၊မိသားစုတွေကို အကြောက်တရား မရှိဘဲ ကူညီထောက်ပံ့နိုင်ခွင့်တွေကို အားပေးဖို့ဖြစ်ကြောင်းလည်း သိရပါတယ်။

(ရုပ်သံ-Amara Zaw)
👍449👏2🤮2🥰1💩1🤣1🖕1
Media is too big
VIEW IN TELEGRAM
👍519🤮2🥰1👏1💩1🤣1🖕1
■အ​တွေးအမြင်

၁၀၂၇ကို မော်မကြည့်ဝံ့တဲ့ ၄၉၂၆

ယောနသံ/People's Spring

ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အ
သုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။

ရန်သူကို ချေမှုန်းပစ်မယ်လို့ အမြဲတစေကြွေး
ကြော်တတ်ပြီးအမြဲတမ်းနီးပါးလည်းစစ်ရှုံး​လေ့ရှိတဲ့ အာဏာသိမ်းစစ်တပ်ကိုယ်တိုင်အမည်မတပ်ဝံ့တဲ့ ပုန်းရှုံးကွယ်ရှိုးစစ်ဆင်ရေးတစ်ခုဖြစ်ပါတယ်။

၄ရက်၊၉လ၊‌၂၀၂၆ ခုနှစ်မှာ ကြည်း၊ရေ၊လေစုပေါင်းပြီး ရခိုင်ပြည်နယ်ကို စတင်ထိုးစစ်ဆင်တာမို့ ၄၉၂၆ စစ်ဆင်ရေးလို့စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်​တွေနဲ့ စစ်တပ်​ထောက်ခံသူ​တွေက ‌ပြောကြပါတယ်။ စစ်ဆင်ရေးအမည်ကိုအဂ္ဂမဟာသရေစည်သူအဂ္ဂမဟာသီရိသုဓမ္မလည်ဆွဲဝတ် ဧကာဒသမမြောက်သမ္မတဘွဲ့ခံဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကရော သူ့ငယ်ကျွန် တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးလည်း ထုတ်မပြောကြပါဘူး။

စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး အကောင့်တွေကလူမှုကွန်ယက်​တွေမှာ အာပေါင်အာရင်း
သန်သန်ပြောကြတာကနေ ၄၉၂၆စစ်ဆင်ရေး
ဆိုပြီးအသံထွက်လာတာပါ။ ဒါဟာ၂၀၂၁ စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကမ္ဘာတဝန်းဖြစ်ခဲ့တဲ့ စစ်ပွဲတွေအနက် လူသိမခံဝံ့တဲ့ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးလို့ တော်လှန်ရေးရဲဘော်တွေနဲ့ လူထုတွေက လှောင်‌ပြောင်နေကြပါတယ်။

စစ်အာဏာရှင် အမြစ်ဖြတ်ရေး ကြွေးကြော်
သံတွေနဲ့အတူမြန်မာနိုင်ငံအနှံ့ တိုက်ပွဲတွေမြိုင်နေခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကမ္ဘာ့နိုင်ငံတချို့မှာလည်း စစ်မက်ထူပြောခဲ့ပါတယ်။ ရုရှနဲ့ ယူကရိန်းစစ်ပွဲ၊ အမေရိကန်၊ အစ္စရေးနဲ့အီရန် စစ်ပွဲ၊ ပါလက်စတိုင်းနဲ့ အစ္စရေးစစ်ပွဲတွေဟာ နည်းပညာခေတ်မှာ ပေါ်တင်စိန်ခေါ်ပြီး ချကြတဲ့ စစ်ပွဲတွေပါ။ ရခိုင်ပြည်နယ်ကို ဦးတည်တဲ့ ၄၉၂၆ ကတော့ လူသိမခံဝံ့တဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။

"စစ်ဆင်ရေးအမည်ကိုတောင် ပုန်းရှိုးကွယ်ရှိုးလုပ်ပြီး တိုက်နေရတဲ့အဖြစ်။ ရှက်စရာမကောင်းဘူးလား။ မရယ်ရဘူးလား" လို့ လက်ရှ်ိ အညာမြေကစစ်မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တစ်ဦးက ၄၉၂၆ အမည်ပေးစစ်ဆင်ရေးအပေါ်သူ့အမြင်ကို ပြောပါတယ်။
လုံးဝအထင်ကြီးစရာမရှိဘူးလို့လည်း သူက ဆိုပါတယ်။

၄၉၂၆က အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့တွေကို ဦးတည်တဲ့ တိုက်ခိုက်တဲ့ စစ်ဆင်ရေးကြီးလို့ စစ်တပ်အတွက်ဝါဒဖြန့်ပေးနေသူတွေ ဆက်တိုက် ပြောနေကြပါတယ်။ စစ်အုပ်စုက လပေါင်းများစွာကြာအောင် နည်းမျိုးစုံနဲ့အင်အားဖြည့်ပြီးတဲ့နောက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကစပြီး စစ်တွေနဲ့ကျောက်ဖြူမြို့နယ်အ
တွင်းက AA ထိန်းချုပ်နယ်မြေတွေ၊ရခိုင်ပြည်
နယ်အစပ် မကွေးတိုင်းထဲက ပဒါန်း၊ မင်းတုန်းမြို့နယ်၊ ပဲခူးတိုင်းထဲက ပန်းတောင်းမြို့နယ်၊ ဧရာ၀တီတိုင်းထဲက ရွှေသောင်ယံ၊ ရေကြည်၊ သာပေါင်းမြို့နယ်တွေထဲက AA ထိန်းချုပ်ဒေသတွေကိုအင်အားအများအပြား
သုံး ထိုးစစ်ဆင်လာတာပါ။

ဒါကိုပဲ ၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်နေကြတာပါ။ သူတို့ ဝါဒဖြန့် ကြွေးကြော်နေတဲ့အထဲမှာ အမုန်းတရားတွေ၊ ကြိတ်မနိုင်ခဲမရခံစားချက်တွေ၊လက်စားချေလိုခြင်းတွေ၊ လူမျိုးရေးအထိကရုဏ်းဆီ ဥတည်တဲ့ သွေး
ထိုးလှုံ့ဆော်မှုတွေဖုံးမနိုင် ဖိမရအောင်မြင်နေရပါတယ်။ စစ်အုပ်စုဘက်မှာဘာကြောင့် အခုလို ပုံပျက်ပန်းပျက်ဖြစ်နေပါသလဲ။

ဒီအဖြေအတွက် အာရက္ခတပ်တော်(AA) ရဲ့ စစ်အာဏာရှင်တော်လှန်ရေးခရီးအကြောင်း မျက်ခြေမပြတ်ဖို့လိုအပ်လာပါတယ်။

နိုင်ငံတကာ‌စစ်ရေးနဲ့နိုင်ငံရေးသုံးသပ်ချက်တွေမှာသြဇာကြီးမားတဲ့ The Jamestown Foundationကပြီးခဲ့တဲ့ဇူလိုင်လမှာစာတမ်းထုတ်ပြန်ခဲ့ပါတယ်။ အာရက္ခတပ်တော် (AA)
ဟာ အာရှဒေသတွင်းအင်အားကြီးလက်နက်
ကိုင်အဖွဲ့ဖြစ်လာပြီးမြန်မာနိုင်ငံမှာတိုက်ရည်ခိုက်ရည်အထိရောက်ဆုံးအဖွဲ့ဖြစ်တယ်လို့ သုံးသပ်​​ဖော်ပြထားပါတယ်။ရခိုင်တစ်ပြည်
နယ်လုံးနီးပါးကို အချိန်တိုအတွင်း သိမ်းယူနိုင်ခဲ့တဲ့ AAရဲ့ စစ်ရေး စွမ်းရည်ဟာ နိုင်ငံတ
ကာကပါ အာရုံစိုက်ရတဲ့အထိ ထင်သာမြင်သာရှိခဲ့ပါတယ်။ AAက စစ်ကောင်စီကို အကြိမ်ကြိမ်အရှက်ခွဲခဲ့ပါတယ်။

၄၉၂၆ လို မဟုတ်ဘဲ ကမ္ဘာသိကြွေးကြော်ပြီး တိုက်ခိုက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ AA က စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တွေကလွဲလို့ ရခိုင်ပြည်နယ်ကကျန်မြို့ပေါင်း ၁၄မြို့နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကို ၁၃လအတွင်း တစ်မြို့ပြီးတစ်မြို့ သိမ်းယူခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ်တွေနဲ့အတူ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၂၀၂၃၊ အောက်တိုဘာလ ၂၇ရက်နေ့က စတင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာတော့ အဲ့ဒီနှစ် နိုဝင်ဘာလ၁၃ရက်နေ့မှာ AAက စတင်ခဲ့တာပါ။

စစ်ဆင်းရေးစတင်ကြောင်း ကြေညာချက်နဲ့အတူ စစ်အုပ်စုအနေနဲ့ အချိန်မီလက်နက်ချကြဖို့နဲ့ လက်နက်မချရင် အမြစ်ဖြတ်တိုက်
🤣2015👍7🔥1🥰1👏1💩1🖕1
ခိုက်မယ်လို့ ပေါ်ပေါ်ထင်ထင် သတိပေးပြီး စစ်ဆင်ရေးဖော်ဆောင်ခဲ့ကြတာပါ။စစ်ဆင်
ရေးအတွင်း မြို့တွေ သိမ်းတဲ့အပြင် စစ်တပ်ရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကိုပါ သိမ်းယူခဲ့တာပါ။၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့က တိုက်ပွဲတွေမှာ စစ်တတပ်တန်းအရာရှိတွေ အများဆုံး​သေတာ၊အဖမ်းခံရတာ ၊ဒူး​ထောက်အညံခဲရတာ​တွေက အာရက္ခစစ်သည်​တော်​တွေ​​ဆီမှာပဲဖြစ်ပါတယ်။ဗိုလ်မှူးချုပ်အဆင့်တွေတောင် AA ရှေ့ ဒူးထောက်အရှုံးပေးခဲ့ရပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲမှာ အမှတ် (၁၅)
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်း၊ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့သိမ်းတိုက်ပွဲတွေထဲမှာ စကခ (၉) စကခမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ နပခကို သိမ်းယူတဲ့တိုက်ပွဲမှာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို ဖမ်းဆီးခဲ့ပါတယ်။ စစ်တပ်ခေါင်း
ဆောင်‌တွေအနေနဲ့ AAကိုမယှဉ်ဖို့၊အသိတ
ရားရပြီးလက်နက်ချဖို့ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ရုပ်သံကတစ်ဆင့် တိုက်တွန်းခဲ့ဖူးပါတယ်။ ရခိုင်ပြည်နယ်ပြင်ပက တိုက်ပွဲဖြစ်တဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲမှာလည်း အမှတ်
(၉၉)ခြေမြန်တပ်မဌာနချုပ်၊ယာယီနည်း ဗျူ
ဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကို ဖမ်းဆီးခဲ့ပါတယ်။ သူကလည်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းလိုပဲ AAရဲ့ စစ်ရေးစွမ်းရည်ကိုချီးကျူးသွားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချကြဖို့ တိုက်တွန်းခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်းတပ်မ(၂၂)တပ်မမှူး ဗိုလ်
မှူးကြီးအောင်နေမျိုး၊ တပ်မ(၁၁) တပ်မမှူးမင်းမင်းထွန်းနဲ့ ဗိုလ်မှူးကြီးသန်းစိုးဝင်း၊ ဒုဗိုလ်မှူးကြီး ဗညားပိုင်စိုးတို့ သေဆုံးခဲ့ပါတယ်။ပလက်ဝမြို့သိမ်းတိုက်ပွဲမှာက ဗိုလ်မှူး
ချုပ်ဇင်မျိုးဆွေ ပျောက်ဆုံးသွားခဲ့ပြီး သေ
ဆုံးတာလား၊ ထွက်ပြေးလွတ်မြောက်သွားတာလားဆိုတာရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ AA က ထုတ်ပြန်ခဲ့ပါတယ်။ မောင်တောမြို့သိမ်းတိုက်ပွဲ၊ ကျောက်တော်မြို့သိမ်းတိုက်ပွဲတွေမှာ AA ရဲ့ တရစပ်တိုက်ခိုက်မှုတွေနဲ့ စစ်ရေးဗျူဟာတွေကိုစစ်တပ်အသိုင်းအဝိုင်းတခုလုံး ကြောက်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။

ရခိုင်ပြည်နယ်ပြင်ပကတိုက်ပွဲတွေမှာလည်း AA ရဲ့ စစ်ရေးစွမ်းရည်ကို မဟာမိတ်တွေကိုယ်တိုင်လေးစားခဲ့ရပြီး စစ်အုပ်စုကို အ
ကြောက်တရားကြီးစေခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်
နယ်မြောက်ပိုင်းမြို့နယ်ထဲက၁၀၅ မိုင်ကုန်
သွယ်ရေးဇုန်ကိုသိမ်းယူတဲ့တိုက်ပွဲမှာ လူသိထင်ရှားမဖြစ်ခဲ့တဲ့ စိတ်ဝင်စားစရာဖြစ်ရပ်တွေရှိခဲ့ပါတယ်။MNDAA နဲ့ TNLA ကတိုက်
ခိုက်နေစဉ် မပြီးပြတ်သေးတဲ့အခြေအနေ
မှာ AA တပ်ဖွဲ့ဝင်တွေ ဝင်တိုက်ခိုက်တော့မှ သိမ်းယူနိုင်ခဲ့တာပါ။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ထုတ်ပြန်ချက်တွေမှာ အသေးစိတ်ဖော်ပြမထားပေမယ့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး စစ်တပ်ဗျူဟာကုန်းပေါ်မှာပထမဆုံးစိုက်ခဲ့တဲ့အလံက အာရက္ခတပ်တော်ရဲ့ အလံဖြစ်ပါတယ်။

AAဟာလက်ရှိအချိန်အထိ ၁၀၅ မိုင်ကုန်
သွယ်ရေးဇုန်မှာခြေချတပ်စွဲထားပါတယ်။ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းထဲကတိုက်ပွဲတွေမှာလည်း AA တပ်ဖွဲ့ဝင်တွေရဲ့ရဲစွမ်းသတ္တိကို မဟာမိတ်ရဲဘော်တွေကိုယ်
တိုင် တခုတ်တရချီးကျူးကြပါတယ်။ အဲဒီလိုသတင်းမွှေးတဲ့AAအပေါ် စစ်အုပ်စုက အ
ကြောက်လွန်ခဲ့ပြီး ရခိုင်ပြည်နယ်ကို ပြောင်း
ရွှေ့ခံရသူတွေ ထွက်ပြေးတာ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တဲ့ဖြစ်ရပ်တွေ ရှိခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကိုယ်တိုင်က ဝန်ခံခဲ့ပါတယ်။

စစ်အုပ်စုဘက်ကအခုအခါမှာ ၄၉၂၆စစ်ဆင်
ရေးလို့အမည်တပ်ပြောနေပေမယ့် AA ထိန်း
ချုပ်ထားတဲ့မြို့နယ်တွေကို ‌၂၀၂၅ နှစ်ဆန်းပိုင်းကတည်းကစပြီး နည်းမျိုးစုံတိုက်ခိုက်နေခဲ့တာပါ။ ‌ကြံ့ခိုင်ရေးပါတီဥက္ကဌဦးခင်ရီကို နောက်ကောက်ချပြီး ဧကာဒသမမြောက်သမ္မတဘွဲ့မခံခင်ဗိုလ်ချုပ်မှုးကြီးလက်ထက်ကလည်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က AA လက်ထဲကနေတစ်မြို့မှပြန်မယူနိုင်ခဲ့သလို ရုပ်သေးရုပ် တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာလည်း ရခိုင်မြေကိုခြေချလို့တောင်မရခဲ့ပါဘူး။ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက တပ်ချုပ်ရာထူးရအပြီး လအနည်းငယ်အကြာမှာကျောက်ဖြူမြို့တရုတ်စီမံကိန်းကိုအကာအကွယ်ယူပြီး စနဲမြို့ကို ပြန်သိမ်းယူဖို့ ကြည်း၊ရေ၊လေ စစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်ခဲ့ဖူးပါတယ်။ စစ်ဆင်ရေးဆယ်ရက်ခန့်အကြာမှာပဲ အထိနာပြီးစစ်ဦးကျိုးပြီး ပြန်ဆုတ်​ပြေးခဲ့ရပါတယ်။ အဲဒီတုန်းကလည်းစစ်ဆင်ရေးအမည်ကို ထုတ်ပြောခွင့် မသာခဲ့ပါဘူး။

အခုလည်း စစ်အုပ်စု ကြိတ်လုပ်နေတဲ့ ၄၉၂၆ စစ်ဆင်ရေးအတွက် တပ်တွေနေရာချတာမှာတောင် ရယ်စရာဖြစ်‌ နေပါယ်။ ပြီးခဲ့တဲ့သြဂုတ်လ၂၇ရက်နေ့က ပုသိမ်-ချောင်းသာ လမ်းကနေ စစ်ကားအစီးရေ ‌၁၀၀ ကျော်အင်အားဖြည့်ပါတယ်။ အဲဒီထဲကတစ်ဝက်က သာ‌
ပေါင်းကို သွားရမှာဖြစ်ပေမယ့်လမ်းမှားပြီး နောက်ကြောင်းပြန်လည့်သွားရပါတယ်။ မြို့ပေါ်ကလမ်းကိုတောင်မကျွမ်းချင်တဲ့ စစ်အုပ်
စုက ရခိုင်ရိုးမထဲကို ဘယ်လိုဝင်မယ်မသိဘူးလို့ သာပေါင်းမြို့ခံတစ်ဦးကပြောပါတယ်။
🤣1812👍7🖕2👎1🥰1💩1
မြေပြင်တိုက်ပွဲတွေမှာလည်း စခန်းတွေသိမ်းနိုင်နေပြီလို့ ‌လူမှုကွန်ရက်ပေါ်မှာအကြီးအ
ကျယ်အောင်ပွဲခံပြပြီးဝါဒဖြန့်နေပါတယ်။ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကြားကစခန်းတစ်ခုကို စစ်မှုထမ်းသင်တန်းဆင်း(ပစ)နှစ်ဦးက ဦးဆောင်ပြီး တိုက်ခိုက်သိမ်းယူခဲ့လို့ AA တွေ ထွက်ပြေးနေကြပြီလို့လည်းဆိုကြပါတယ်။ ဗိုလ်မှူးချုပ်တွေကိုဖမ်းပြီး ဒူးထောက်စေခဲ့တဲ့ AA တပ်ဖွဲ့ဝင်တွေက ပစနှစ်ယောက်ပစ်လို့ ထွက်ပြေးတယ်ဆိုတဲ့ လုပ်ဇာတ်နဲ့ အသက်သွင်းထားတဲ့ ၄၉၂၆ စစ်ဆင်ရေးဟာ ၄၉၂၆ စစ်ဆင်ရေးက တရားဝင် ကင်မွန်းမတပ်ရသေးခင် တပ်လန်နေပြီလို့ သတင်းတွေထွက်ပေါ်နေပါပြီ။

စက်တင်ဘာ ၄ ရက်မှာစတယ်ဆို​ပေမယ့် စက်တင်ဘာ၁၁ ရက်အထိ စခန်းတစ်ခုမှမသိမ်းနိုင်ပဲ ထိုးတဲ့စစ်​ကြောင်းအများစု​သေဆုံးဒဏ်ရာရသူများလို့ ပြန်ဆုတ်​ခဲ့ရပြီလို့
ရခိုင်ပြည်နယ်ကစစ်​ရေးရင်းမြစ်​တွေက​ပြောပါတယ် ။ စစ်တပ်စစ်​ကြောင်းအများစုက ထိုးစစ်က​နေ အထိနာတာ​ကြောင့် ခံစစ်ဖြစ်​နေပြီး AAစခန်း​တွေသိမ်းနိုင်ဖို့ထက် စစ်စခန်း​တွေအသိမ်းမခံဖို့ ခုခံ​နေရတဲ့အဆင့်​ရောက်​နေပြီလို့ AA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက လူထု​​နွေဦးကို​ပြောပါတယ် ။

နိုင်ငံရေးအကဲခတ်တစ်ဦးကတော့ အကယ်၍ ရလဒ်ကောင်းရင် ၄၉၂၆ စစ်ဆင်ရေးလို့ တရားဝင်ကြေငြာဖို့ အားခဲထားတဲ့ ဒီစစ်ဆင်
ရေးဟာ မကြာခင် အသံတိတ်သွားမှာဖြစ်ပြီး စစ်တပ်ရဲ့ ရခိုင်ပြည်နယ်ကို ပြန်လည်ထိန်း
ချုပ်ရေးမျှော်လင့်ချက်လည်း နောက်တကြိမ်ဦးကျိုးသွားပြီလို့ ဆိုပါတယ်။ ။

#အာရက္ခတပ်တော် #AA #ကျောက်ဖြူ
#စစ်တွေ #စစ်တပ်၄၉၂၆
#peoplesspring #လူထုနွေဦး
👍414👏3🤣3🖕3🔥1🥰1💩1
၄၉၂၆ စစ်ဆင်​ရေးအမည်နဲ့ထိုးစစ်မှာ​သေဆုံးခဲ့တဲ့စစ်သား​တွေနဲ့လက်နက်ခဲယမ်း​တွေ/ ၂၀၂၄ နှစ်ကုန်ပိုင်းက ဂွမြို့သိမ်းတိုက်ပွဲက AAတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-AA Info desk
🤣23👏1711👻3👍2👎1🥰1🖕1