စက်တင်ဘာ ၁၁ ရက် ရန်ကုန်မြို့ကုန်ဈေး
နှုန်း နဲ့ စစ်တပ်အာဏာမသိမ်းခင်ဈေးနှုန်း
#ကုန်ဈေးနှုန်း #ရန်ကုန် #Peoplesspring
နှုန်း နဲ့ စစ်တပ်အာဏာမသိမ်းခင်ဈေးနှုန်း
#ကုန်ဈေးနှုန်း #ရန်ကုန် #Peoplesspring
👍28❤5🔥3👏2
ဝဒေသမှာ ၃ နှစ်ကြာ ရပ်နားထားတဲ့ သံဖြူ သတ္တုတွင်းမှာထုတ်လုပ်မှု ပြန်စ
စက်တင်ဘာ-၁၁၊၂၀၂၆။People's Spring
ဝဒေသထဲမှာ တည်ရှိပြီး ကမ္ဘာ့အကြီးဆုံး စာရင်းဝင်သံဖြူသတ္တုတွင်းတစ်ခု နှစ်နဲ့ချီ ရပ်နားထားရာက လုပ်ငန်း ပြန်လည်ပတ်နေကြောင်း နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ ICG ကဖော်ပြပါတယ်။
၂၀၂၃ တုန်းက ရပ်နားထားတဲ့ မန်းမော် သတ္တုတွင်းမှာ သံဖြူ တူးဖော် ထုတ်လုပ်မှုတွေ ပြန်လည်စတင်နေပြီး ဖြစ်သလို တရုတ်ဆီကို သတ္တုတွေ တင်ပို့နေတယ်လို့ နိုင်ငံ
တကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG)က စက်တင်ဘာ ၁၀ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။
သံဖြူသတ္တုဟာဉာဏ်ရည်တုနည်းပညာ (AI)
အတွက် လိုအပ်တဲ့ ချစ်ပ်တွေ ထုတ်လုပ်ရာမှာအရေးပါတဲ့ကုန်ကြမ်းတစ်ခုလည်းဖြစ်ပါတယ်။မန်းမော်သတ္တုတွင်းဟာဝပြည်သွေး
စည်းညီညွတ်ရေးတပ် (UWSA) ထိန်းချုပ်နယ်မြေထဲမှာတည်ရှိနေပြီးကမ္ဘာ့သံဖြူ စျေးကွက်ကို အဓိကထောက်ပံ့ပေးနေတဲ့ရင်းမြစ် တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ AI နည်းပညာအရှိန်အဟုန်နဲ့ စတင်တိုးတက်လာချိန် ၂၀၂၃ မှာပဲ UWSAက အဲဒီသတ္တုတွင်းကို ရုတ်တရက် ပိတ်ထားလိုက်တာဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် စျေးကွက်ထဲမှာသံဖြူစျေးတွေလည်းမြင့်တက်လာခဲ့ပါတယ်။
အခုတော့ သတ္တုတွင်းမှာ လုပ်ငန်းလည်ပတ်မှုတွေ ဖြည်းဖြည်းနဲ့မှန်မှန် ပြန်စလာနေပြီဖြစ်
ကြောင်း၊ ဒါပေမဲ့ သတ္တုမိုင်းတွင်းမပိတ်သိမ်းခင် ကာလကထုတ်လုပ်နိုင်စွမ်းမျိုးကိုတော့ မမီသေးကြောင်း ICGက ဆိုပါတယ်။
အခုနှစ်ပထမနှစ်ဝက်အတွင်းမှာတင် တရုတ်ဟာ မြန်မာဖက်ကနေ သံဖြူတင်သွင်းဝယ်ယူမှုတန်ချိန်လေးသောင်းနီးပါးရှိလာပြီးအဲဒီပမာ
ဏဟာမနှစ်ကတစ်နှစ်လုံးစာထက်ပိုများပါတယ်။
ဂြိုဟ်တု ဓာတ်ပုံတွေအရ မန်းမော် သတ္တု
တွင်းမှာ လှုပ်ရှားမှုတွေပြန်လည်နိုးကြား အသက်ဝင်နေတာကိုအတည်ပြုနိုင်ပြီး ည
အချိန်မှာလည်း မီးတွေ ထိန်လင်းနေတယ်လို့ ICG အစီရင်ခံစာမှာဖော်ပြထားပါတယ်။
၂၀၁၆ တုန်းက မြန်မာနိုင်ငံကနေသံဖြူစုစု
ပေါင်း တန်ချိန် ၅ သိန်းနီးပါး ထွက်ရှိခဲ့ပြီး ၉၉ ရာခိုင်နှုန်းလောက်ကိုတော့တရုတ်ဆီတင်ပို့ခဲ့ပါတယ်။
ထောက်ပံ့ရေးရင်းမြစ်တွေရဲ့ မတည်ငြိမ်မှုနဲ့ ဝယ်လိုအား မြင့်တက်မှုတွေကြောင့် အခုနှစ် ဇန်နဝါရီလတုန်းကကမ္ဘာ့သံဖြူစျေးဟာစံချိန်တင် အဆင့်မျိုးထိ မြင့်တက်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ မန်းမော်သတ္တုမိုင်း ရုတ်တ
ရက် ပိတ်သိမ်းခဲ့ရတာဟာ စစ်ရေး ပဋိပက္ခတွေကြောင့် မဟုတ်ဘဲ UWSA ခေါင်းဆောင်ပိုင်းကြား အကျိုးအမြတ် ခွဲဝေမှု အငြင်းပွားတဲ့ပြဿနာတွေကြောင့်ဖြစ်နိုင်ကြောင်း ICG
ကသုံးသပ်ထားပါတယ်။
ကိုးကား-Bangkok Post
#သံဖြူ #UWSA #ဝတပ်ဖွဲ့
#မန်းမော်သတ္တုတွင်း #Peoplesspring
ကျောက်ဖြူ ၊တောင်မော်ဦးတိုက်ပွဲမှာစစ်တပ်ဆီကလက်နက်ခဲယမ်းနဲ့ အလောင်းတွေAA သိမ်းဆည်းရရှိ
စက်တင်ဘာ-၁၁၊၂၀၂၆။ခိုင်မြတ်/People's Spring
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။
တောင်မော်ဦးရေတပ်စခန်းအ၀တောင်ရွာအ
နီးကနေ အင်အားဖြည့် ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ AA တို့ဟာစက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တို့မှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်တပ်က သေဆုံးထိခိုက်မှုများခဲ့တယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။
“အလောင်းတဆယ်ကျော်၊ နှစ်ဆယ်နီးပါး ရတယ်။ လက်နက်တွေတော့ သိပ်မများဘူး” လို့ မြေပြင်မှာရှိနေတဲ့ အာရက္ခတပ်တော်နဲ့ နီးစပ်သူစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။ အဲဒီလို တိုက်ပွဲအတွင်း အကျအဆုံးများတဲ့အတွက် စစ်သင်္ဘောတွေကနေ လက်
နက်ကြီးတွေနဲ့ ပစ်ခတ်ပေးတာ၊ ဒရုန်း၊ လေ
ယာဉ်တွေနဲ့ ပစ်ကူပေးတာတွေရှိခဲ့ပြီး အရပ်
သား လူ နေရွာတွေထဲ ကျရောက်ကာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“စနဲမှာ အိမ်တွေ ပျက်သွားတယ် လက်နက်
ကြီးနဲ့ ပစ်လို့။ဒီနေ့တော့တိုက်ပွဲငြိမ်နေတယ်” လို့ ကျောက်ဖြူဒေသခံ လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က တောင်မော်ဦးရေတပ်စခန်းအနီး အ၀
တောင်စခန်းကနေရှေ့ကိုတိုးထိုးစင်ဆင်ဖို့ ကြိုးစားလာခဲ့ပြီး အဲဒီစစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာ အထိနာခဲ့တာကြောင့် နောက်ပြန် ဆုတ်ခဲ့ရပါတယ်။
အဲဒီလိုနောက်ပြန်ဆုတ်သွားခဲ့ပြီးနောက် ရက်
ပိုင်းအကြာမှာ ထပ်မံအင်အားဖြည့်ပြီးစစ်
ကြောင်းထိုးလာတာမှာ AAကဖြတ်တောက် တိုက်ခိုက်လို့ထပ်မံအထိနာခဲ့တာဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA)ဟာ တောင်မော်ဦးရေတပ်စခန်းကာကင်း၊စစ်ကြောင်းတွေအပြင် ဓည၀တီရေတပ်စခန်းအ နီးဝန်းကျင်ရှိ ကာကင်းစခန်းတွေကိုလည်း မကြာခဏထိုးစစ်ဆင်တိုက်နေတယ်လို့ မြေပြင်သတင်းရင်း
မြစ်တွေက ပြောပါတယ်။
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်တွင်းနဲ့ ရခိုင်ရိုးမအစပ်နေရာတွေကို အာဏာသိမ်းစစ်တပ် က ၄၉၂၆ စစ်ဆင်ရေးလို့နာမည်တပ်ပြီး ထိုးစစ်လုပ်နေတယ်ဆိုပေမယ့် လက်တွေ့မှာတော့ တပါတ်ကြာတဲ့ထိ AA စခန်းတခုကိုမှ သိမ်းနိုင်တာမရှိဘဲ စခန်းတွေ ထပ်မပါသွားဖို့သာ ခံစစ်လုပ်နေကြရတယ်လို့ မြေပြင်သတင်းရင်း မြစ်တွေ က ပြောကြပါတယ်။

👍27❤8👎3🤣2🖕2🥰1👏1
စစ်တပ်ဟာစက်တင်ဘာလ ၄ ရက်ကစပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း မြို့နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေ၊ ကျောက်ဖြူမြို့နယ်အတွင်းက AA နယ်မြေတွေနဲ့ ရခိုင်အစပ် မကွေး တိုင်း
ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ရှိAAထိန်းချုပ်ဒေသတွေကိုအင်အားအ
လုံးအရင်းနဲ့ ထိုးစစ်လုပ်နေခဲ့တာပါ။
အဲဒီလိုထိုးစစ်ဆင်နေပေမယ့်ကျောက်ဖြူမြို့
နယ်အတွင်းက ရှေ့တန်းတိုက်ပွဲမှာ အထိနာနေသလို စစ်တွေမြို့နယ် မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို အင်အားရာချီပါတဲ့ စစ်ကြောင်းနှစ်ခုနဲ့ ထိုးစစ်စခဲ့ပြီး စစ်ကြောင်းတခုဟာ တိုက်ပွဲပထမနေ့မှာပဲ အကျအဆုံးများလို့ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။ကျန်စစ် ကြောင်းတခုကလည်း ရှေ့မတိုး နိုင်ဖြစ်နေပါတယ်။
ရခိုင်ပြည်ပြင်ပ ရိုးမအရှေ့ဘက်ခြမ်း မကွေး
တိုင်း မင်းတုန်း၊ ပဒါန်း၊ ပဲခူးတိုင်းပန်းတောင်မြို့နယ်တို့အတွင်း တိုက်ပွဲ တွေမှာလည်း ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို AA က ဖြတ်တိုက်တာကြောင့်တိုက်ပွဲပြင်းနေကာ စစ်တပ်ဘက်ကအထိနာနေတယ်လို့ သိရပါတယ်။
#တောင်မော်ဦးရေတပ် #အာရက္ခတပ်တော်
#AA #စစ်တပ် #peoplesspring

👍35❤4🤣2👎1🥰1👏1🖕1
ဝဒေသမှာ ၃ နှစ်ကြာ ရပ်နားထားတဲ့ သံဖြူ သတ္တုတွင်းမှာထုတ်လုပ်မှု ပြန်စ
စက်တင်ဘာ-၁၁၊၂၀၂၆။People's Spring
ဝဒေသထဲမှာ တည်ရှိပြီး ကမ္ဘာ့အကြီးဆုံး စာရင်းဝင်သံဖြူသတ္တုတွင်းတစ်ခု နှစ်နဲ့ချီ ရပ်နားထားရာက လုပ်ငန်း ပြန်လည်ပတ်နေကြောင်း နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ ICG ကဖော်ပြပါတယ်။
၂၀၂၃ တုန်းက ရပ်နားထားတဲ့ မန်းမော် သတ္တုတွင်းမှာ သံဖြူ တူးဖော် ထုတ်လုပ်မှုတွေ ပြန်လည်စတင်နေပြီး ဖြစ်သလို တရုတ်ဆီကို သတ္တုတွေ တင်ပို့နေတယ်လို့ နိုင်ငံ
တကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG)က စက်တင်ဘာ ၁၀ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။
သံဖြူသတ္တုဟာဉာဏ်ရည်တုနည်းပညာ (AI)
အတွက် လိုအပ်တဲ့ ချစ်ပ်တွေ ထုတ်လုပ်ရာမှာအရေးပါတဲ့ကုန်ကြမ်းတစ်ခုလည်းဖြစ်ပါတယ်။မန်းမော်သတ္တုတွင်းဟာဝပြည်သွေး
စည်းညီညွတ်ရေးတပ် (UWSA) ထိန်းချုပ်နယ်မြေထဲမှာတည်ရှိနေပြီးကမ္ဘာ့သံဖြူ စျေးကွက်ကို အဓိကထောက်ပံ့ပေးနေတဲ့ရင်းမြစ် တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ AI နည်းပညာအရှိန်အဟုန်နဲ့ စတင်တိုးတက်လာချိန် ၂၀၂၃ မှာပဲ UWSAက အဲဒီသတ္တုတွင်းကို ရုတ်တရက် ပိတ်ထားလိုက်တာဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် စျေးကွက်ထဲမှာသံဖြူစျေးတွေလည်းမြင့်တက်လာခဲ့ပါတယ်။
အခုတော့ သတ္တုတွင်းမှာ လုပ်ငန်းလည်ပတ်မှုတွေ ဖြည်းဖြည်းနဲ့မှန်မှန် ပြန်စလာနေပြီဖြစ်
ကြောင်း၊ ဒါပေမဲ့ သတ္တုမိုင်းတွင်းမပိတ်သိမ်းခင် ကာလကထုတ်လုပ်နိုင်စွမ်းမျိုးကိုတော့ မမီသေးကြောင်း ICGက ဆိုပါတယ်။
အခုနှစ်ပထမနှစ်ဝက်အတွင်းမှာတင် တရုတ်ဟာ မြန်မာဖက်ကနေ သံဖြူတင်သွင်းဝယ်ယူမှုတန်ချိန်လေးသောင်းနီးပါးရှိလာပြီးအဲဒီပမာ
ဏဟာမနှစ်ကတစ်နှစ်လုံးစာထက်ပိုများပါတယ်။
ဂြိုဟ်တု ဓာတ်ပုံတွေအရ မန်းမော် သတ္တု
တွင်းမှာ လှုပ်ရှားမှုတွေပြန်လည်နိုးကြား အသက်ဝင်နေတာကိုအတည်ပြုနိုင်ပြီး ည
အချိန်မှာလည်း မီးတွေ ထိန်လင်းနေတယ်လို့ ICG အစီရင်ခံစာမှာဖော်ပြထားပါတယ်။
၂၀၁၆ တုန်းက မြန်မာနိုင်ငံကနေသံဖြူစုစု
ပေါင်း တန်ချိန် ၅ သိန်းနီးပါး ထွက်ရှိခဲ့ပြီး ၉၉ ရာခိုင်နှုန်းလောက်ကိုတော့တရုတ်ဆီတင်ပို့ခဲ့ပါတယ်။
ထောက်ပံ့ရေးရင်းမြစ်တွေရဲ့ မတည်ငြိမ်မှုနဲ့ ဝယ်လိုအား မြင့်တက်မှုတွေကြောင့် အခုနှစ် ဇန်နဝါရီလတုန်းကကမ္ဘာ့သံဖြူစျေးဟာစံချိန်တင် အဆင့်မျိုးထိ မြင့်တက်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ မန်းမော်သတ္တုမိုင်း ရုတ်တ
ရက် ပိတ်သိမ်းခဲ့ရတာဟာ စစ်ရေး ပဋိပက္ခတွေကြောင့် မဟုတ်ဘဲ UWSA ခေါင်းဆောင်ပိုင်းကြား အကျိုးအမြတ် ခွဲဝေမှု အငြင်းပွားတဲ့ပြဿနာတွေကြောင့်ဖြစ်နိုင်ကြောင်း ICG
ကသုံးသပ်ထားပါတယ်။
ကိုးကား-Bangkok Post
(သံဖြူကိုတွေ့ရစဥ်။ဓါတ်ပုံ-ICG )

😡30👍7❤4🤣2👎1
ရွှေကူမြို့နယ် ဇင်းဘုံတိုက်ပွဲအထိနာတဲ့ စစ်တပ်စစ်ကြောင်းတွေ တပ်လန်ဆုတ်ခွာ
စက်တင်ဘာ ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်အထိနာပြီး စစ်ကြောင်းတွေ ဆုတ်ခွာထွက်ပြေးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဩဂုတ်လနောက်ဆုံးပတ်က စစ်သင်္ဘောအုပ်စုဟာ ရွှေကူကနေ ဗန်းမော်မြို့ကို လာရောက်ဖို့ ကြိုးပမ်းစဉ်ကတည်းက မြစ်ကြောင်းလုံခြုံရေးအတွက် စစ်တပ်က ဇင်းဘုံဒေသတ၀ိုက်မှာ စစ်ကြောင်းထိုး လာတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စက်တင်ဘာဒုတိယပတ်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
အရာရှိတွေအပါအဝင် စစ်တပ်က ထိခိုက်သေဆုံးများခဲ့တာကြောင့် စစ်တပ်စစ်ကြောင်းဟာ စက်တင်ဘာ ၁၁ရက်မှာ တပ်လန်ဆုတ်ခွာသွားတာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြပါတယ်။
အဲဒီဒေသကို စစ်တပ်က တပ်ရင်း ၃ရင်းနဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်များကာ လက်နက်များသိမ်းရခဲ့တယ်လို့ အသိပေးပါတယ်။
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ဇင်းဘုံဒေသ တိုက်ပွဲမှာ စစ်တပ်က တပ်မ(၃၃) လက်အောက်ခံ တပ်ရင်းတွေက တပ်ရင်းမှူးအဆင့် အရာရှိတွေပါ သေဆုံးတာရှိခဲ့တယ်လို့ ပြောပါတယ်။
စစ်တပ်ဟာ ဇင်းဘုံဒေသကို ထိုးစစ်ဆင်လာတာဟာ ရွှေကူကနေ ဗန်းမော်မြို့ကို တက်မယ့် စစ်သင်္ဘောအုပ်စုအတွက် မြစ်ကြောင်းလုံခြုံရေး လုပ်ဆောင်လာတာဖြစ်ပါတယ်။
ဒါပေမဲ့ စစ်တပ်မြေပြင် စစ်ကြောင်းတွေဟာ ဒေသကို မထိန်းချုပ်နိုင်သလို ရွှေကူကနေ ဗန်းမော်မြို့ကို တက်တဲ့ သင်္ဘောတွေဟာလည်း KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်နစ်မြုပ် ပျက်စီး မီးလောင်တာတွေရှိခဲ့ပါတယ်။
ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၉ရက်အထိ နှစ်ပတ်တာအတွင်း ကသာ-ရွှေကူ-ဗန်းမော် မြစ်ကြောင်းမှာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတွေ အပါအဝင် သင်္ဘော ၁၄စီးထက်မနည်းထိခိုက်ပျက်စီးခဲ့ပါတယ်။
သင်္ဘောအများအစုဟာ ဇင်းဘုံရွာနဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား အကြားမှာ တိုက်ခိုက်ခံခဲ့ရ ထိခိုက်ခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ ဇင်းဘုံအထက်က ဗန်းမော်မြို့နယ် စင်းခန်းဒေသကိုလည်း စစ်အင်အားတွေ အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။ ဒါကြောင့် စင်းခန်းဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
စစ်တပ်က တိုက်ပွဲဖြစ်ပွားရာနေရာတွေအပြင် ဧရာ၀တီမြစ်ဘေးကျေးရွာတွေကိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် စင်းခန်းမြစ်ကူးတံတားကိုပါ စစ်တပ်က စက်တင်ဘာ ပထမပတ်မှာ လေယာဉ်ဗုံးကြဲဖျက်ဆီးခဲ့လို့ တံတားပျက်စီးမှုရှိခဲ့ပါတယ်။
စစ်တပ်ဟာ စင်းခန်းဒေသက ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို ပြန်လည်ထိန်းချုပ်ဖို့ ကြည်း၊ရေ၊လေ ထိုးစစ်ဆင်ခဲ့ပေမဲ့ လက်ရှိ စက်တင်ဘာဒုတိယပတ်အထိ KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်သတင်းရင်းမြစ်အချို့နဲ့ KIA တာဝန်ရှိသူတွေက ပြောပါတယ်။

👍50❤12🥰3🤣3🖕2👎1👏1
မုံရွာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို စည်ပင်ဖယ်ရှားနေ
စက်တင်ဘာ ၁၂၊ ၂၀၂၆။ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။
မုံရွာမြို့မှာ ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်က ဗိုလ်ချုပ်လမ်း၊ ပြည်ထောင်စုလမ်း၊ ကျောက္ကာလမ်း၊ ကမ်းနားလမ်း၊ သာစည်လမ်းနဲ့ တခြားလမ်းမကြီးတွေမှာ လမ်းမကြီးတွေပေါ်နဲ့ ပလက်ဖောင်းတွေပေါ် စျေးရောင်းချတာတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေထောင်တာ၊ ပစ္စည်းတွေပုံထားတာတွေကို အရေးယူမယ်လို့ သတိပေးခဲ့ပါတယ်။
အဲဒီနောက် စက်တင်ဘာလဆန်းမှာ မုံရွာစည်ပင်ဝန်ထမ်းတွေက မြို့ပေါ် လမ်းဘေးဆိုင်တွေကိုလိုက်လံရှင်းလင်းဖယ်ရှားခဲ့ရာမှာ လိုင်းကြေးပေးတဲ့ဆိုင်တွေကိုတော့ ဖယ်ရှားခြင်းမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။
"လိုင်းကြေးပေးတဲ့ ဆိုင်တွေကိုတော့မဖယ်ခိုင်းဘူး။နာမည်ကြီးကွမ်းယာဆိုင်တွေဆို ၅သောင်းကနေ ၁သိန်းထိလစဥ်ကြေးပေးသွင်းခိုင်းနေတယ်။ ရုံးရန်ပုံငွေဆိုပြီးတောင်းတာ"လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
မုံရွာမြို့ပေါ်မှာ စည်းကမ်းမဲ့ရောင်းချတဲ့ လမ်းဘေးစျေးသည်တချို့ကြောင့် ယာဥ်ကြောပိတ်ဆို့တာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း၊ လမ်းဘေးစျေးသည်တွေအနေနဲ့လည်း ယာဥ်ကြောမပိတ်အောင် စည်းကမ်းတကျ ရောင်းချဖို့လိုအပ်ပြီး ယခုလို ငွေမပေးနိုင်တဲ့ လမ်းဘေးစျေးသည်တွေကိုပဲ ဖယ်ရှားနေတာတွေ မဖြစ်သင့်ကြောင်း ဒေသခံတွေက ပြောပါတယ်။
စည်ပင်ကို လိုင်းကြေး မပေးနိုင်တဲ့ သာမန် လမ်းဘေး စျေးသည်တွေဟာ လက်ရှိမှာ အလုပ်အကိုင် မရှိတော့ဘဲ စားဝတ်နေရေး ပိုမို ကြပ်တည်းလာနေကြောင်း သိရပါတယ်။

🤬40❤4👎3👏1😴1
မင်းတုန်းမြို့ကနေ ရခိုင်ရိုးမပေါ်တက်ဖို့ကြိုးပမ်းနေတဲ့ စစ်တပ် ထိခိုက်မှုများနေ
စက်တင်ဘာ-၁၂၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ မင်းတုန်းမြို့ကနေ ရခိုင်ရိုးမပေါ်တက်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်စစ်ကြောင်းဟာ အရာရှိတွေ အပါအ၀င် သေဆုံးသူများနေပြီး စစ်တပ်က တိုက်ပွဲနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေကူပေးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
မင်းတုန်းမြို့အနောက်ခြမ်း ကျေးရွာတွေကနေ ရခိုင်ရိုးခြေမှာ တပ်ဖြန့်ပြီး တောင်ပေါ်တက်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေ နေ့စဉ်တိုက်ပွဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
"တိုက်ပွဲတွေကတော့ နေ့စဥ်လို ဖြစ်နေတာပါ။ရန်သူ့ ဘက်ကတော့ အမြဲလို အထိနာနေတာပါပဲ။ ဒီထဲ မှာ အရာရှိအဆင့်တွေပါ ကျတာရှိပါတယ်"လို့ မင်းတုန်းမြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အထိနာနေတဲ့စစ်တပ်က တိုက်ပွဲဖြစ်ရာနေရာကို ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲနေတယ်လို့ အသိပေးပါတယ်။
စစ်တပ်စစ်ကြောင်းတွေထံက စစ်သုံ့ပန်း၊ ရုပ်အလောင်းနဲ့ လက်နက်တွေလည်း ရရှိထားတယ်လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
"ရထားတာ များတယ်ကြားတယ်"လို့ သူက ပြောပါတယ်။
ရခိုင်ရိုးမပေါ်ကို တက်ဖို့ ကြိုးစားနေတဲ့ စစ်တပ် စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)၊ PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။
အခုလဆန်းကတိုက်ပွဲမှာ တပ်မ(၅၅)လက်အောက်ခံ တပ်ရင်းတွေက တပ်ရင်းမှူး ၂ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ်နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် သေဆုံးတယ်လို့ နေပြည်တော်ကစစ်ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။
ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ် နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော်တို့ တိုက်ပွဲမှာ သေဆုံးတဲ့သတင်းကို စစ်တပ်မိသားစုတချို့က လူမှုကွန်ရက်မှာရေးသားထားကြပါတယ်။
အာရက္ခတပ်တော် (AA)သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို ဦးတည်ပြီး မင်းတုန်းမြို့နယ်အနောက်ဘက်ရခိုင်ရိုးမကတဆင့် စစ်တပ်စစ်ကြောင်းတွေကဝင်ရောက်ဖို့ကြိုးပမ်းနေတာပါ။
အဲဒီစစ်ကြောင်းတွေကို တပ်မ(၅၅)က ဗျူဟာမှူးဗိုလ်မှူးကြီးအောင်ဇော်မင်းဦးစီးတယ်လို့ သတင်းရင်းမြစ်ကပြောပေမဲ့ အသေးစိတ်မသိရသေးပါဘူး။ အင်အား ၁၀၀၀ ကျော်နဲ့ ဝင်ရောက်လာလို့ ဇွန်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတွေသေဆုံး ဒဏ်ရာရသူများပြီး ရှေ့မတိုးနိုင်ဘဲလန်ကျနေတာဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်က မင်းတုန်းမြို့အနောက်ခြမ်းကို ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၅ဦး ဖမ်းမိကာ လက်နက်ခဲယမ်းနဲ့အလောင်းတချို့ သိမ်းဆည်းရရှိတယ်ခဲ့လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်တပ်က ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်ကနေ ရခိုင်ပြည်နယ်ထဲကိုဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး အဲဒီဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ယက်တွေက ၄၉၂၆ စစ်ဆင်ရေး စစ်တပ်အသာရနေပြီလို့ ပြောဆိုရေးသားနေကြပေမယ့် မြေပြင်မှာ စစ်သားတွေ ထိခိုက်သေဆုံးမှုများပြားနေတယ်လို့ စစ်ရေးသတင်းရင်မြစ်တွေက ပြောပါတယ်။

👍40❤12🤣3👎1🥰1🖕1