People's Spring
60K subscribers
71K photos
1.23K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
TaTarOo.mp4
47.8 MB
43👏16🤣5👍2😁2👎1🥰1
ရေစကြိုမှာ စစ်တပ်က ဆယ်ဘီးကား
နှစ်စီးနဲ့ ပေါ်တာဆွဲ

စက်တင်ဘာ-၁၁၊၂၀၂၆။ဟာနာဆန်/People's Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာ
သိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသ
တင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်၊မွန်းလွဲ ၁ နာရီခန့်က ရေစကြိုမြို့၊ အမှတ် ၂၅၆၊၂၅၇၊၂၅၈ ခြေ
လျင်တပ်ရင်း( ခလရ-၂၅၆၊၂၅၇၊၂၅၈) တွေထဲက အင်အား ၅ဝ ခန့်ပါတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဆယ်ဘီးကား ၂ စီးနဲ့ ပေကုန်းရွာ ဘောလုံးကွင်းအနီး ရောက်လာပြီး တွေ့သမျှပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"လူငယ်တွေကိုအဓိကထားပြီး ဖမ်းခေါ်သွားတာ။များတယ်လို့ပဲသိရပြီး အတိအကျတော့မသိရပါဘူး။ အရင်ကအဲလိုလုပ်တာ မရှိခဲ့ပါဘူး"လို့ အထက်ပါကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပေကုန်းရွာဟာခမရ (၂၅၆) ၊(၂၅၇)၊(၂၅၈) တွေနဲ့ ရေစကြိုမြို့ကြားမှာရှိပြီး အခြားရွာတွေကိုတော့ လက်တလော ပေါ်တာဝင်ဆွဲတာ မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်တပ်က ပေါ်တာလှည့်ဆွဲနေလို့ ပြည်သူတွေ သတိပြုသွားလာကြဖို့ ရေ
စကြိုသတင်းအချက်အလက်ကော်မတီက သတိပေးထားပါတယ်။

မကွေးတိုင်းထဲက ပခုက္ကူ၊ မကွေးအပါအဝင် စစ်တပ်အာဏာသက်ရောက်ရာ မြို့ပေါ်တွေမှာ စစ်မှုထမ်းပေါ်တာဆွဲတာတွေရှိနေပြီး လူငယ်တွေ ပျောက်ဆုံးနေကြောင်း ဒေသခံအချို့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာအခုစက်တင်ဘာလမှာ စစ်မှုထမ်း အပတ်စဥ် (၂၈) စတင်ပြုလုပ်နေပြီဖြစ်ပေမဲ့ ရန်ကုန်၊ မန္တလေးအပါအဝင် ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ဝမ်းတွင်း စတဲ့ဒေသတွေမှာပါ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်လုပ်​နေ
ပါတယ်။



#ရေစကြို #ပေါ်တာဆွဲ #ဆယ်ဘီကား
#peoplesspring #ludunwayoo
🤬37👍76👎2🔥1👏1😢1🎉1🤮1🤣1
၂၀၂၁ ဖေဖော်ဝါရီလက ရေစကြိုမြို့ပေါ်တွင် အေးချမ်းစွာ ဆန္ဒပြနေသူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)
🤬33👎5🖕4👏3🤮2🔥1😱1🎉1🤣1
ဖမ်းမိမူးယစ်ဆေးဝါးတွေကို KNU မီးရှို့ဖျက်ဆီး

စက်တင်ဘာ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၉ရက်မှာ ကျရောက်တဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပတဲ့ နေ့မှာပဲ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အစီအစဉ်ကို ထည့်သွင်း ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ဒူးပလာယာခရိုင် တရားသူကြီးမှ အမိန့်ပေးဖတ်ကြားခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးတွေကတော့ ဘိန်းဖြူ (၁၀၀) ဂရမ် (၂) ကဒ်၊ စိတ်ကြွရူးသွပ်ဆေးပြား ( ၁၁၆,၉၃၅) ပြားနဲ့ ဆေးခြောက် (၂) ထုတ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

KNU ရဲ့ ရဲတပ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF) ဖွဲ့စည်းမှု ၃၅နှစ်ပြည့် အခမ်းအနားကို KNU ခရိုင်နဲ့ တပ်မဟာ အသီးသီးနယ်မြေမှာ ကျင်းပခဲ့ပါတယ်။

KNU လက်အောက်ခံ လက်နက်ကိုင်တပ်တွေကတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နဲ့ KNPF ရဲတပ်ဖွဲ့တို့ ဖြစ်ပါတယ်။ အရင်က ရဲတပ်ဖွဲ့ လုပ်ငန်းတွေကို KNDOက ဆောင်ရွက်တာဖြစ်ပေမဲ့ စစ်ရေးဆိုင်ရာ သီးသန့် တာဝန်ထမ်းဆောင်နိုင်ဖို့ KNPF ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
👍38👏42🥰1😁1🤮1🤣1🖕1
👍43👏8🖕3🥰1👌1🤣1
"ဒရုန်းနည်းပညာမှာတော့ အခုလတ်တလောအားဖြင့် ကျွန်တော်တို့ သူတို့(စစ်အုပ်စု)ထက်သာနိုင်မယ့်နည်းလမ်းတွေ သာတဲ့ အပိုင်းတွေကိုရောက်ရှိနေတာကိုလည်းတွေ့ရပါတယ်"

"စစ်တပ်ကအမြဲတမ်း ဒါ Lesson Learned လုပ်တယ်။ ပြန်သာအောင်ကြိုးစားနေတယ်။ ဒီဟာကိုသိထားဖို့လိုတယ်ပေါ့။ အဲဒိတော့ သူထပ်ပြီးမသာနိုင်အောင်လို့ ကျွန်‌တော်တို့ ဘက်ကလုပ်ဖို့လိုမယ်။ ထပ်ကြိုးစားဖို့လိုတာပေါ့။ တစ်ခုခု အားသာပြီးတဲ့အခါမှာ ထပ်ပြီးတော့ ထပ်ပြီးတော့ကို ကျွန်တော်တို့ကထပ်အားစိုက်ပြီးတော့ သူပြန်ပြီးတော့ ခေါင်းမထောင်နိုင်တဲ့အထိ တစ်ခါတည်း နောက်ကောက်ဖြစ်သွားတဲ့အထိကို ကျွန်တော်တို့ဘက်က ကြိုးစားဖို့လည်းလိုပါတယ်။"

︎ဦး​ကျော်နီ (NUGပြည်ထဲရေး နဲ့ လူဝန်မှုကြီးကြပ်ရေးဒုဝန်ကြီး )

(၂၀၂၆ ဇွန် ၁၇ ရက်မှာ NUGပြည်ထဲရေး နဲ့ လူဝန်မှုကြီးကြပ်ရေးဒုဝန်ကြီး ဦး​ကျော်နီ နဲ့ ​မေးမြန်းခန်းကို ပြန်လည်​ဖော်ပြထားတာဖြစ်ပါတယ် )


https://youtu.be/BOwRoSFgTog?si=ZUBin6rXZuya8epm
51👍29😁2🥰1🤮1👌1🤣1🖕1
တံတားဦးလေတပ်စခန်းတိုက်ခိုက်မှု ဗိုလ်မှူးကြီးအပါအဝင် ၅ဦးသေ၊ တော်လှန်ရေးရဲဘော် ၃ဦး ကျဆုံးဟု PDF ထုတ်ပြန်

▪️တိုက်လေယာဉ်ရပ်နားရာ ချဉ်းကပ်တိုက်ခိုက်နိုင်ဟုဆို

စက်တင်ဘာ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်တပ်ရဲ့ လေတပ်စခန်း(တံတားဦး)ကို တိုက်ခိုက်မှုအတွင်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ လစခ (၇)မှ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ YAK-130 တိုက်လေယာဉ်တွေ ရပ်နားထားတဲ့ နေရာတွေကို တိကျစွာ ချဉ်းကပ်တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

တံတားဦးမြို့နယ်က စစ်တပ်ရဲ့ လေတပ်စခန်းကို အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေး ရည်ရွယ်ချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ လေတပ်စခန်း (တံတားဦး)ဟာ ပြည်သူလူထုအပေါ် လေကြောင်းကတစ်ဆင့် ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်မှုများကို အဓိက ကျူးလွန်နေတဲ့ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ်တစ်ခု ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

စစ်ဆင်ရေးအတွင်း စစ်တပ်က ထိခိုက်သေဆုံးခဲ့သလို တော်လှန်ရေးရဲဘော် ၃ဦး ကျဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။

“စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် ၎င်းတို၏ အဓိက စစ်ဘက်သုံး လေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရမှုနှင့် ထိခိုက်ဆုံးရှုံးမှုများကို ဝန်ခံခြင်းမရှိဘဲ လေတပ်စခန်းနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိနေသော မန္တလေးအပြည်ပြည်ဆိုင်ရာ အရပ်ဘက်လေဆိပ် တိုက်ခိုက်ခံရသယောင် လှည့်စားဝါဒဖြန့်လျက် ရှိသည်” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ စစ်တပ်လေယာဉ်ထိခိုက်ပျက်စီးမှု အခြေအနေ ဖော်ပြမထားပေမဲ့ စစ်ရေးသတင်းရင်းမြစ်အချို့ကတော့ စစ်တပ်လေယာဉ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ပြောပြပါတယ်။ မနေ့က စစ်ဆင်ရေးမှာ ဒရုန်း ၆စီးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေယာဉ်တွေ ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် စစ်ရေးမဟာဗျူဟာနဲ့ အညီ လေတပ်စခန်းဌာနချုပ်များ အပါအဝင် စစ်တပ်ရဲ့ အဓိက ကျောရိုး စစ်ဘက် ဗဟိုချက်မများကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က ထုတ်ပြန်ပါတယ်။

အခု လေတပ်စခန်းတိုက်ခိုက်တဲ့ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်စစ်ဌာနက ဦးဆောင်စုဖွဲ့ကာ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ၊ မန္တလေးခရိုင် အမှတ် (၃) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၄) တပ်ရင်း၊ တံတားဦးမြိုနယ် ပကဖ၊ စဉ့်ကိုင်မြိုနယ် ပကဖ၊ ငါန်းဇွန်မြိုနယ် ပကဖ၊ STF၊ အမှတ် (၁)နဲ့ အမှတ် (၂) ရွှေဘိုခရိုင်စစ်ဌာနများက ပူးပေါင်းအင်အားများဖြင့် ဟန်ချက်ညီ ဖော်ဆောင်ခဲ့တာလို့ အသိပေးထုတ်ပြန်ပါတယ်။
48👍21👏4🤣3🤮1👌1🖕1
43👍18🤣2👎1🥰1🙏1🖕1
တံတားဦးလေတပ်စခန်းတိုက်ခိုက်မှု ဗိုလ်
မှူးကြီးအပါအဝင် ၅ဦးသေ၊ တော်လှန်ရေးရဲဘော် ၃ဦး ကျဆုံး

■PDF ရဲ​ဘော်များနဲ့အတူ PDF ရဲ​​မေများပါစစ်ဆင်​ရေးမှာပါဝင်တိုက်ခိုက်ခဲ့

စက်တင်ဘာ-၁၁၊၂၀၂၆။ထားမြတ်/People’s Spring

စစ်တပ်ရဲ့ တံတားဦးလေတပ်စခန်းအားတိုက်
ခိုက်မှုအတွင်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ လစခ (၇)မှ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ YAK-130 တိုက်လေယာဉ်တွေ ရပ်နားထားတဲ့ နေရာတွေကို တိကျစွာ ချဉ်း
ကပ်တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

တံတားဦးမြို့နယ်က စစ်တပ်ရဲ့ လေတပ်စခန်းကို အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေး ရည်ရွယ်ချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မ
တော်က ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့တာလို့ အသိ​ပေးပါတယ်။

အဲဒီလေတပ်စခန်းဟာ ပြည်သူလူထုအပေါ် လေကြောင်းကတစ်ဆင့်ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်မှုများကို အဓိက ကျူးလွန်နေတဲ့ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ်တစ်ခု ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

စစ်ဆင်ရေးအတွင်း စစ်တပ်က ထိခိုက်သေ
ဆုံးခဲ့သလို တော်လှန်ရေးရဲဘော် ၃ဦး ကျဆုံးခဲ့တယ်လို့ အသိပေးပါတယ်။

“စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် ၎င်းတို၏ အဓိက စစ်ဘက်သုံး လေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရမှုနှင့် ထိခိုက်ဆုံးရှုံးမှုများကို ဝန်ခံခြင်းမရှိဘဲ လေတပ်စခန်းနှင့် မျက်နှာ
ချင်းဆိုင်တွင်တည်ရှိနေသောမန္တလေးအပြည်
ပြည်ဆိုင်ရာ အရပ်ဘက်လေဆိပ် တိုက်ခိုက်ခံရသယောင် လှည့်စားဝါဒဖြန့်လျက် ရှိသည်” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ စစ်တပ်လေယာဉ်ထိခိုက်ပျက်စီးမှု အခြေအနေ ဖော်ပြမထားပေမဲ့ မြင်းခြံခရိုင်PDF​တွေရဲ့ထုတ်ပြန်မှုမှာလေတပ်စခန်းအတွင်းက jet Fighter (၄)စီး ထိမှန်ခဲ့ပြီး
၂ စီးပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ဆင်ရေးမှာ ဒရုန်း ၆စီးနဲ့ တိုက်ခိုက်ခဲ့တာလို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါ တယ်။

စစ်ဆင်​ရေးမှာဝင်တဲ့ PDFတပ်ဖွဲ့ဝင်​တွေရဲ့ရုပ်သံမှတ်တမ်းကိုမြင်းခြံခရိုင်PDFတပ်ရင်းကထုတ်ပြန်ခဲ့ပြီး တပ်ဖွဲ့ဝင်​အများစုဟာ လူငယ်​တွေဖြစ်ကာPDFရဲ​မေ​တွေပါ စစ်ဆင်​ရေးမှာပါဝင်တာ​တွေ့ရပါတယ်။ပြည်သူတဦးက​တော့ပြည်သူ​တွေကို​နေ့စဥ်ဗုံးကြဲသတ်ဖြတ်​နေတဲ့ စစ်တပ်ရဲ့ ​လေတပ်ကို တိုက်ခိုက်တဲ့ PDF ရဲ​ဘော်​တွေဟာ ငယ်ရွယ်တဲ့ PDF တပ်ဖွဲ့ဝင်​တွေဖြစ်​နေပြီး စစ်အာဏာရှင်​​တော်လှန်​ရေးအတွက် လူငယ်​တွေရဲ့ကြိုးပမ်း​နေမှုကိုကြည့်ပြီး မျက်ရည်ပါဝဲရတယ်လို့​ပြောပါတယ်။


ဒါ့အပြင်စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် စစ်ရေးမဟာဗျူဟာနဲ့ အညီ လေတပ်စခန်းဌာနချုပ်များအပါအဝင် စစ်တပ်ရဲ့ အဓိက ကျောရိုး စစ်ဘက် ဗဟို
ချက်မများကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က ထုတ်ပြန်ပါတယ်။

အခု လေတပ်စခန်းတိုက်ခိုက်တဲ့ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်စစ်ဌာနက ဦးဆောင်စုဖွဲ့ကာ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ၊ မန္တလေးခရိုင် အမှတ် (၃) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၄) တပ်ရင်း၊ တံတားဦးမြိုနယ် ပကဖ၊ စဉ့်ကိုင်မြိုနယ် ပကဖ၊ ငါန်းဇွန်မြိုနယ် ပကဖ၊ STF၊ အမှတ် (၁)နဲ့ အမှတ် (၂) ရွှေဘိုခရိုင်စစ်ဌာနများက ပူးပေါင်းအင်အားများဖြင့် ဟန်ချက်ညီ ဖော်ဆောင်ခဲ့တာလို့ အသိပေးထုတ်ပြန်ပါတယ်။



ရုပ်သံ-မြင်းခြံခရိုင်PDF ၊ Soe Aung Npdf
38👍19🔥3🤣3👎1🥰1🖕1
ပခုက္ကူခရိုင်က မီးဘေးသင့်ပြည်သူနေအိမ်တွေ ပြန်ဆောက်ဖို့ PDF ကူညီပေး

စက်တင်ဘာ ၁၁၊၂၀၂၆။သုည/People's Spring

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့မှု့ကြောင့် ပျက်စီးခဲ့တဲ့ ပြည်သူတွေရဲ့ နေအိမ်တွေ ပြည်လည်တည်ဆောက်ဖို့အတွက် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် အမှတ် (၆) တပ်ရင်းက ဒီကနေ့ (စက်တင်ဘာ ၁၁) ထုတ်ပြန်ပါတယ်။

မီးဘေးသင့်ကျေးရွာ ပြန်လည်ပြုပြင်ရေး စီမံချက်အဖြစ် ပြည်သူမှ ပြည်သူသို့ ထည့်ဝင်လှူဒါန်းငွေ ၈၄ သိန်းရခဲ့ပြီး၊ သစ်မာအများအပြားထွက်တဲ့ ကျေးရွာတစ်ရွာမှလည်း ပျဉ်း၊ ပျဉ်းကတိုး၊ သန်း၊ တည် စတဲ့ သစ်လုံးတိုင်တွေကို ကားနှစ်စီးအပြည့် အပြီးအစီး ကူညီလှူဒါန်းပေးခဲ့တယ်လို့ အသိပေးခဲ့ပါတယ်။

စစ်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့မှုအတွင်း တော်လှန်ရေး ရဲဘော်တွေရဲ့နေအိမ်နဲ့ ၎င်းတို့ရဲ့ မိဘနေအိမ်တွေ ပါဝင်ခဲ့ကာ ပြန်လည်ပြုပြင်ရေး စီမံချက်ကို အကောင်အထည်ဖော်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာကို ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာ ၊ ပြည်သူတွေကို သတ်ဖြတ်တာ ၊ မြေပြင်ကနေ စစ်ကြောင်း ထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကို နေ့စဉ်လုပ်ဆောင်နေပါတယ်။
34👍12🔥4🖕2🥰1🤣1
ဓာတ်ပုံ - ပခုက္ကူခရိုင် အမှတ် (၆)တပ်ရင်း
36👍11🥰5🔥2🖕2🤣1
တံတားဦးလေတပ်စခန်းတိုက်ခိုက်မှု ဗိုလ်
မှူးကြီးအပါအဝင် ၅ဦးသေ၊ တော်လှန်ရေးရဲဘော် ၃ဦး ကျဆုံး

■PDF ရဲ​ဘော်များနဲ့အတူ PDF ရဲ​​မေများပါစစ်ဆင်​ရေးမှာပါဝင်တိုက်ခိုက်ခဲ့

စက်တင်ဘာ-၁၁၊၂၀၂၆။ထားမြတ်/People’s Spring

စစ်တပ်ရဲ့ တံတားဦးလေတပ်စခန်းအားPDF နဲ့ ပကဖ တပ်ဖွဲ့​တွေကတိုက်ခိုက်မှုအတွင်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ လစခ (၇)မှ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်
မတော်(PDF)စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ YAK-130 တိုက်လေယာဉ်တွေ ရပ်နားထားတဲ့ နေရာတွေကို တိကျစွာ ချဉ်း
ကပ်တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

တံတားဦးမြို့နယ်က စစ်တပ်ရဲ့ လေတပ်စခန်းကို အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေး ရည်ရွယ်ချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မ
တော်က ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့တာလို့ အသိ​ပေးပါတယ်။

အဲဒီလေတပ်စခန်းဟာ ပြည်သူလူထုအပေါ် လေကြောင်းကတစ်ဆင့်ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်မှုများကို အဓိက ကျူးလွန်နေတဲ့ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ်တစ်ခု ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

စစ်ဆင်ရေးအတွင်း စစ်တပ်က ထိခိုက်သေ
ဆုံးခဲ့သလို တော်လှန်ရေးရဲဘော် ၃ဦး ကျဆုံးခဲ့တယ်လို့ အသိပေးပါတယ်။

“စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် ၎င်းတို၏ အဓိက စစ်ဘက်သုံး လေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရမှုနှင့် ထိခိုက်ဆုံးရှုံးမှုများကို ဝန်ခံခြင်းမရှိဘဲ လေတပ်စခန်းနှင့် မျက်နှာ
ချင်းဆိုင်တွင်တည်ရှိနေသောမန္တလေးအပြည်
ပြည်ဆိုင်ရာ အရပ်ဘက်လေဆိပ် တိုက်ခိုက်ခံရသယောင် လှည့်စားဝါဒဖြန့်လျက် ရှိသည်” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ NUG ကာကွယ်​ရေးဝန်ကြီးဌာနတို့ရဲ့ ထုတ်ပြန်ချက်မှာ စစ်တပ်လေယာဉ်ထိခိုက်ပျက်စီးမှု အခြေ
အနေ ဖော်ပြမထားပေမဲ့ မြင်းခြံခရိုင်PDF​တွေရဲ့ထုတ်ပြန်မှုမှာလေတပ်စခန်းအတွင်းက jet Fighter (၄)စီး ထိမှန်ခဲ့ပြီး၂ စီးပျက်စီးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။စစ်ဆင်ရေးမှာ ဒရုန်း ၆စီးနဲ့ တိုက်ခိုက်ခဲ့တာလို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါ တယ်။

စစ်ဆင်​ရေးမှာဝင်တဲ့ PDFတပ်ဖွဲ့ဝင်​တွေရဲ့ရုပ်သံမှတ်တမ်းကိုမြင်းခြံခရိုင်PDFတပ်ရင်း​တွေကထုတ်ပြန်ခဲ့ရာ တပ်ဖွဲ့ဝင်​အများစုဟာ လူငယ်​တွေဖြစ်ကာPDFရဲ​မေ​တွေပါ စစ်ဆင်​ရေးမှာပါဝင်တာ​တွေ့ရပါတယ်။

ပြည်သူတဦးက​တော့ပြည်သူ​တွေကို​နေ့စဥ်ဗုံးကြဲသတ်ဖြတ်​နေတဲ့ စစ်တပ်ရဲ့ ​လေတပ်ကို တိုက်ခိုက်တဲ့ PDF ရဲ​ဘော်​တွေဟာ ငယ်ရွယ်တဲ့ PDF တပ်ဖွဲ့ဝင်​တွေဖြစ်​နေပြီး စစ်အာဏာ
ရှင်​​တော်လှန်​ရေးအတွက် လူငယ်​တွေရဲ့ကြိုး
ပမ်း​နေမှုကိုကြည့်ပြီး မျက်ရည်ပါဝဲရတယ်လို့​ပြောပါတယ်။

ဒါ့အပြင်စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချုပ်
ငြိမ်းရေးအတွက် စစ်ရေးမဟာဗျူဟာနဲ့ အညီ လေတပ်စခန်းဌာနချုပ်များအပါအဝင် စစ်
တပ်ရဲ့ အဓိကကျောရိုးစစ်ဘက်ဗဟိုချက်မ
များကိုအရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင်ချေမှုန်းသွားမယ်လို့လည်းပြည်သူ့ကာ
ကွယ်ရေးတပ်မတော်ကထုတ်ပြန်ပါတယ်။

အခု လေတပ်စခန်းတိုက်ခိုက်တဲ့ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်စစ်ဌာနက ဦးဆောင်စုဖွဲ့ကာ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ၊ မန္တလေးခရိုင် အမှတ် (၃) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၄) တပ်ရင်း၊ တံတားဦးမြိုနယ် ပကဖ၊ စဉ့်ကိုင်မြိုနယ် ပကဖ၊ ငါန်းဇွန်မြိုနယ် ပကဖ၊ STF၊ အမှတ် (၁)နဲ့ အမှတ် (၂) ရွှေဘိုခရိုင်စစ်ဌာနများက ပူးပေါင်းအင်အားများဖြင့် ဟန်ချက်ညီ ဖော်ဆောင်ခဲ့တာလို့ အသိပေးထုတ်ပြန်ပါတယ်။
👍347🥰4🔥2👎1🤣1🖕1
Media is too big
VIEW IN TELEGRAM
ရုပ်သံ-မြင်းခြံခရိုင်PDF ၊ Soe Aung Npdf
🥰2315👍7🔥2🤣2👎1🖕1
Media is too big
VIEW IN TELEGRAM
39🥰5👏4👍3🤣2🖕2🔥1🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၁၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️တံတားဦးလေတပ်စခန်းတိုက်ခိုက်မှု ဗိုလ်မှူးကြီးအပါအဝင် ၅ဦး သေဆုံး

စစ်တပ်ရဲ့ တံတားဦးလေတပ်စခန်းကို တိုက်ခိုက်မှုအတွင်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ လစခ (၇)မှ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့ YAK-130 တိုက်လေယာဉ်တွေ ရပ်နားထားတဲ့ နေရာတွေကို တိကျစွာ ချဉ်းကပ်တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။ တံတားဦးမြို့နယ်က စစ်တပ်ရဲ့ လေတပ်စခန်းကို အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေး ရည်ရွယ်ချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလေတပ်စခန်းဟာ ပြည်သူလူထုအပေါ် လေကြောင်းကတစ်ဆင့် ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်မှုများကို အဓိက ကျူးလွန်နေတဲ့ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ်တစ်ခု ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ စစ်ဆင်ရေးအတွင်း စစ်တပ်က ထိခိုက်သေဆုံးခဲ့သလို တော်လှန်ရေးရဲဘော် ၃ဦး ကျဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် စစ်ရေးမဟာဗျူဟာနဲ့ အညီ လေတပ်စခန်းဌာနချုပ်များ အပါအဝင် စစ်တပ်ရဲ့ အဓိက ကျောရိုး စစ်ဘက် ဗဟိုချက်မများကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။

◾️တံတားဦး​လေတပ်ကို တိုက်ခိုက်တဲ့ ဒရုန်း မှတ်တမ်းရုပ်သံ ထပ်မံထုတ်ပြန်

PDF ​တွေက တံတားဦး​လေတပ်ကို ဒရုန်း ၆ စီးနဲ့ တိုက်ခိုက်မှုကို ဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့ စစ်တပ်က စက်တင်ဘာ ၁၀ရက် မနေ့ညမှာ ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF ​တွေက ​လေတပ်ရဲ့​လေယာဥ်​ပြေးလမ်း​ပေါ်မှာ​ လေတပ်က စစ်သား​တွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ထပ်မံထုတ်ပြန်လိုက်ပါတယ်။ အဲဒီရုပ်သံဟာ တံတားဦး​လေတပ်ကို မနေ့က မွန်းလွဲပိုင်းမှာ ဒရုန်း​တွေနဲ့ တိုက်ခိုက်မှု မှတ်တမ်းကို ဒုတိယအကြိမ်ထုတ်ပြန်တာဖြစ်ပါတယ်။ ပထမရုပ်သံအ​ထောက်အထားက ​လေတပ်ထဲ ရပ်နား​နေတဲ့ YAK-130 တိုက်​လေ​ယာဥ်အနီးကို FPV ဒရုန်းက ပျံသန်းသွားပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။​ အဲဒီ ရုပ်သံမှတ်တမ်းကို စက်တင်ဘာ ၁၀ ရက် မနေ့ညပိုင်းမှာ စစ်​ရေးသတင်းရင်းမြစ်အချို့က စတင် ဖြန့်​ဝေခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ကတော့ PDF ​တွေက တံတားဦး​လေတပ်ကို ဒရုန်း ၆ စီးနဲ့ တိုက်ခိုက်မှုကို ဟန့်တားဖျက်ဆီးနိုင်ခဲ့တယ်လို့ မနေ့က ညပိုင်းမှာပဲ လိမ်လည်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ​ကြောင့် PDF ​တွေရဲ့ဒရုန်းကို စစ်တပ်က ဟန့်တားဖျက်ဆီးနိုင်ခဲ့ပြီး ထိခိုက်မှုမရှိဘူးလို့ စစ်တပ်ထုတ်ပြန်ချက်ဟာ မှားယွင်း​ကြောင်းခိုင်မာတဲ့ အ​ထောက်အထား​တွေ ထပ်မံထွက်​ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒုတိယ​မြောက် ဗီဒီယိုဖိုင်မှာ PDF ​တွေရဲ့ဒရုန်းက ​လေတပ်ထဲ ပျံသန်းဝင်​ရောက်ပြီး ​လေယာဥ်​ပြေးလမ်း​ဘက်ပျံသန်းချိန်မှာ စစ်သား​တွေကမြင်​တွေ့သွားကြပြီး ထွက်​ပြေးကြပါတယ်။ စစ်သား​တွေ ဝရုန်းသုန်းကားထွက်​ပြေးကြချိန်မှာပဲ FPV ဒရုန်းက စစ်သားတချို့နဲ့ ရပ်ထားတဲ့ကားအနီး ​ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ သေဆုံးထိခိုက်ပျက်စီးမှုအ​ခြေအ​နေကို​တော့ မသိရ​​သေးပါဘူး။ စစ်တပ်အတွင်းကရတဲ့သတင်းအရ တံတားဦး​လေတပ်က တိုက်​လေယာဥ်တစ်စီးဗုံးသွားကြဲဖို့ ပျံသန်းဖို့ ပြင်ဆင်​နေချိန် ​လေတပ်စစ်သား​တွေ လေယာဥ်​ပြေးလမ်း​ပေါ်မှာရှိ​နေတုန်း ဒရုန်းက​​ ရောက်လာပြီး တိုက်ခိုက်ခံရတာလို့​ သိရပါတယ်။

◾️ဗန်းမော်မှာ ကမ်းကပ်ထားတဲ့ စစ်တပ်ရေယာဉ်ကို KIA ပူးပေါင်းတပ် ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကမ်းကပ်ရပ်နားထားတဲ့ စစ်တပ် ရေယာဉ်အချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မြစ်ကမ်းဘေးကပ်ထားတဲ့ သင်္ဘောတွေထဲက ၁စီးကို ဒရုန်းနဲ့ တိုက်ခိုက်မှု ရုပ်သံနဲ့ မြစ်အတွင်း မောင်းပြေးတဲ့ အမြန်ရေယာဉ်ငယ်ကို ဒရုန်းနဲ့ လိုက်လံတိုက်ခိုက်တဲ့ ရုပ်သံထွက်ပေါ်လာရာ မြစ်ကမ်းဘေး ကပ်ထားတဲ့ ရေယာဉ်ကို တိုက်ခိုက်မှုဟာ ဗန်းမော်ရောက်သင်္ဘောကို တိုက်ခိုက်တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။ မနေ့က တိုက်ခိုက်တာရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ဗန်းမော်ကမ်းကပ် စစ်သင်္ဘော တိုက်ခိုက်မှု ဖြစ်စဉ်အပေါ် အတည်ပြုပါတယ်။ မြစ်အတွင်း အရှိန်နဲ့ မောင်းနေတဲ့ အမြန်ရေယာဉ်ငယ်တိုက်ခိုက်မှု အခြေအနေကိုတော့ ဆက်လက် စုံစမ်းနေဆဲပါ။

◾️လောင်းလုံမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်
21👍7🔥2🤣2👏1👌1🖕1
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၈ရက်မှာ လောင်းလုံမြို့ကနေ ပြင်းထိန်ကျေးရွာကို ထွက်ခွာလာတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းဗုံးသီး ၉လုံးကြဲချတိုက်ခိုက်ခဲ့သလို စက်တင်ဘာ ၉ရက်မှာလည်း အဲဒီစစ်ကြောင်းကို ဒရုန်း ဗုံးသီး ၂၇လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၉ရက်မှာ ပြင်းထိန်ကျေးရွာကနေ ဝေဒီကျေးရွာဘက်ကို ထွက်ခွာလာတဲ့ စစ်ကြောင်းကို လမ်းပိုင်းတနေရာမှာ တိုက်ခိုက်ခဲ့ရာ ၁၅မိနစ်ခန့် အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ကြောင်း အသိပေးပါတယ်။ စက်တင်ဘာ ၁၀ရက်မှာလည်း ဝေဒီရွာကနေ ၀ဗျောကျေးရွာကို ထွက်လာချိန် ၅မိနစ်ခန့် အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၂ဦး ဒဏ်ရာရခဲ့သလို စစ်တပ်ဘက်ကလည်း ထိခိုက်သေဆုံးများပြားခဲ့ကြောင်း ဖော်ပြပါတယ်။ တိုက်ပွဲသတင်းမှာ ရုပ်အလောင်းတစ်လောင်းရဲ့ ဓာတ်ပုံကို ဖော်ပြကာ ဒုဗိုလ်မှူးကြီးကျော်ဖြိုးအောင်လို့ ရေးသားထားပါတယ်။

◾️ရန်ကုန်မှာ လျှပ်စစ်မီးပြတ်တောက်မှု ဆက်တိုက်ဖြစ်

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီနေ့ စက်တင်ဘာ ၁၁ရက်မှာလျှပ်စစ်မီး ပြတ်တောက်မှုတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ‌ပြည်သူတွေက ပြောပါတယ်။ ရန်ကုန်မြို့မှာ ဒီနေ့ မနက် ၆နာရီလောက်ကတည်းက မီးတွေပြတ်တောက်သွားခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။ မနက်အစောမှာ မီးပြတ်သွားတာကြောင့် CNG နဲ့ပြေးဆွဲရတဲ့ YBS တွေ ပုံမှန်ထက် အ​ရေအတွက်နည်းသွားတယ်လို့လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ မီးပျက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက သပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdownဖြစ်တာဖြစ်ပြီး ပြင်ဆင်ချိန် နှစ်နာရီကြာမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ငါးနာရီကျော်ကြာမီးပြတ်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ မနက် ၁၁ နာရီ ကျော်မှာ ပြန်လာတဲ့လျှပ်စစ်မီးက နေ့လယ် ၁ နာရီခွဲလောက်မှာ ထပ်မံ ပြတ်တောက်ခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့နယ်တချို့မှာတော့ မနက်အစော မီးပျက်တဲ့ အချိန်ကတည်းက ည​နေပိုင်းအထိ မီးပြန်မလာသေးဘူးလို့ ဒေသခံတွေက ပြောထားပါတယ်။ မီးထပ်မံပြတ်ရတဲ့အကြောင်းအရင်းနဲ့ပတ်သက်လို့ လျှပ်စစ်ဝန်ကြီးဌာနဘက်က System Breakdown လို့ ထုတ်ပြန်ထားပြီး ဓာတ်အားရရှိ‌ရေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

◾️ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်က ရိုဟင်ဂျာတွေ သုံးတိုက်ခိုင်းနေ

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ အာရက္ခတပ်တော်(AA)နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီး၊ စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေကို အသုံးပြုတိုက်ခိုင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ စစ်တွေမြို့နယ်အတွင်း ရိုဟင်ဂျာကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေမှ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာရာချီကို အခြေခံ စစ်သင်တန်းပေးထားပြီး အခုဖြစ်နေတဲ့ ရှေ့တန်းတိုက်ပွဲတွေမှာ အသုံးပြုနေတာလို့ ဆိုပါတယ်။ ရှေ့တန်းမှာ မူဆလင်တွေကို မျက်မြင်တွေ့ရတယ်ပြောကြပြီး မူဆလင်အလောင်းတွေ ရတာတော့ မရှိသေးဘူးလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ရဲ့ စစ်ကြောင်းတိုင်းမှာ မူဆလင်တွေပါပြီး မိုင်းရှိနိုင်တဲ့နေရာတွေဆိုရင် သူတို့တွေကို အရှေ့ကသွားခိုင်းတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ လက်ရှိမှာ စစ်တွေမြို့နယ်ဘက်ကနေ AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်နေရာတွေကို စစ်တပ်က အင်အားအလုံးအရင်းသုံးကာ ထိုးစစ်ဆင်ဖို့ကြိုးစားနေတာဖြစ်ပြီး မြေပြင်မှာတော့ စစ်တပ်က အထိနာကာ ပြန်ဆုတ်နေရတယ်လို့ သိရပါတယ်။

◾️စစ်တပ်က ပုဏ္ဏားကျွန်းကို ဗုံးကြဲ၊ အမျိုးသမီးတစ်ဦးသေဆုံး

စစ်တွေတိုက်ပွဲမှာ အထိနာပြန်ဆုတ်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၁ ရက် မနက်အစောပိုင်းအချိန်မှာ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ မနက်အာရုံတက်အချိန်မျာ FPV Drone နဲ့ လူနေရွာထဲ ဗုံးကြဲခဲ့တာဖြစ်ပြီး အသက် ၆၃ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီး ဒေါ်လှသန်းရီရဲ့ ဘယ်ဖက်ရင်အုံမှာ ထိမှန်၊ သေဆုံးခဲ့ရတာပါ။ ဗုံးကြဲခံရတဲ့ ကျောက်ဆိပ်ရွာဟာ စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာနဲ့ ဆယ်မိုင်ကျော်ကွာဝေးပြီး ပုဏ္ဏားကျွန်းမြို့အနီး ဂူ၀ဘုရားတောင်ခြေရင်းက ကျေးရွာတခုဖြစ်ပါတယ်။ အဲဒီရွာမှာ ဒေသခံ ရွာသားတွေအပြင် စစ်ဘေးရှောင်ပြည်သူတွေလည်း အများအပြားနေထိုင်ကြတာပါ။ စစ်တပ်ဟာ စက်တင်ဘာ ၁၀ ရက် ညမှာလည်း ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့ကို ဗုံးကြဲခဲ့ပြီး ထိခိုက်၊ သေဆုံးမှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။
👍22🔥32🤬2🤣2🖕2😢1
◾️မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ ICCက ဖမ်းခိုင်းရင် ဖမ်းပေးဖို့ ကမ္ဘောဒီးယားကို Fortify Rights တောင်းဆို

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ အတုအယောင် ရွေးကောက်ပွဲ တစ်ခုကို အသုံးချပြီး သမ္မတ ရာထူးကို ရယူခဲ့တဲ့နောက် မင်းအောင်လှိုင်ဟာ နိုင်ငံတကာ တရားဝင် အသိအမှတ်ပြုမှုကို ရရှိဖို့ ရည်ရွယ်ပြီး ပြည်ပ ခရီးစဉ်တွေ သွားရောက်နေပါတယ်။ ကမ္ဘောဒီးယားကိုလည်း စက်တင်ဘာ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ စစ်ခေါင်းဆောင်က ခရီးစဥ်သွားရောက်နေပါတယ်။ Fortify Rightsရဲ့ လူထုဆက်ဆံရေး အရာရှိ ဝင်းတား ဘယ်ရီက ကမ္ဘောဒီးယား အစိုးရဟာ မင်းအောင်လှိုင်ကို ကော်ဇောနီခင်းပြီး ကြိုမယ့်အစား သူကျူးလွန်ခဲ့သမျှ တာဝန်ခံစေဖို့ ဆောင်ရွက်သင့်ကြောင်း ပြောပါတယ်။

◾️ရေစကြိုမှာ စစ်တပ်က ဆယ်ဘီးကား ၂စီးနဲ့ ပေါ်တာဆွဲ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။ စက်တင်ဘာ ၁၁ ရက်၊မွန်းလွဲ ၁ နာရီခန့်က ရေစကြိုမြို့၊ အမှတ် ၂၅၆၊၂၅၇၊၂၅၈ ခြေလျင်တပ်ရင်း( ခလရ-၂၅၆၊၂၅၇၊၂၅၈) တွေထဲက အင်အား ၅ဝ ခန့်ပါတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဆယ်ဘီးကား ၂ စီးနဲ့ ပေကုန်းရွာ ဘောလုံးကွင်းအနီး ရောက်လာပြီး တွေ့သမျှပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ပေါ်တာလှည့်ဆွဲနေလို့ ပြည်သူတွေ သတိပြုသွားလာကြဖို့ ရေစကြိုသတင်းအချက်အလက်ကော်မတီက သတိပေးထားပါတယ်။

◾️ဖမ်းမိမူးယစ်ဆေးဝါးတွေကို KNU မီးရှို့ဖျက်ဆီး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၉ရက်မှာ ကျရောက်တဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပတဲ့ နေ့မှာပဲ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အစီအစဉ်ကို ထည့်သွင်း ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ဒူးပလာယာခရိုင် တရားသူကြီးမှ အမိန့်ပေးဖတ်ကြားခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးတွေကတော့ ဘိန်းဖြူ (၁၀၀) ဂရမ် (၂) ကဒ်၊ စိတ်ကြွရူးသွပ်ဆေးပြား ( ၁၁၆,၉၃၅) ပြားနဲ့ ဆေးခြောက် (၂) ထုတ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
👍31👏2🖕2🔥1🤮1🤣1
🔥13👍72🖕1