People's Spring
60K subscribers
71K photos
1.23K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍217🔥1👏1🖕1
🔥14👍8😢1🤣1
■​ဆောင်းပါး

ကူရာမဲ့ ညငှက်ငယ်များ

​နေ့သစ်/People's Spring

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဆက်စပ်နိုင်ငံရေး အခြေအနေ တွေကြောင့်မြန်မာနိုင်ငံကအမျိုးသမီးငယ် တွေဟာ မိသားစု တာဝန်ကို တထောင့်တနေ
ရာက ဝင်ထမ်းလာရပါတယ်။

အာဏာသိမ်းမှု နောက်ဆက်တွဲ မြင့်တက်လာတဲ့ကုန်ဈေးနှုန်း တွေနဲ့ ရှားပါးလာတဲ့အလုပ်
အကိုင်တွေကြောင့်အခြေခံလူတန်းစား တွေဟာ ရရာအလုပ် လုပ်ကိုင်လာရတာပါ။

မန္တလေးမြို့ရဲ့ညခင်းမီးရောင်စုံအောက်မှာ အမျိုးသမီးငယ်လေးတွေဟာ စတိတ်စင် ပေါ်ဟို ၊ဒီယိမ်းလို့ လမ်းလျှောက်နေပါတယ်။
ဆေးဆိုးပန်းရိုက်မျက်နှာနဲ့ ဒေါက်ဖိနပ်အမြင့်ကြီး တွေကသူမတို့ကို ရှိရင်းစွဲရုပ်ထက် ပိုရင့် နေသလိုပါ။

အလည်မှာ တော့မြူးကြွစွာ သီချင်းသီဆို နေတဲ့ အမျိုးသမီးတဦးရှိပါတယ်။စင်အောက်မှာ များစွာ သော အမျိုးသားတွေပျော်ရွှင်အော်
ဟစ်နေကြပါတယ်။အများစုက​တော့ အသက်
၄၅ နှစ်က နေ ၆၀ နှစ်ဝန်းကျင်အမျိုးသာတွေ
ဖြစ်ပါတယ်။

ပန်းစည်း‌ တွေအပြုံလိုက်စုချနေသလိုစင်ပေါ်ကနေပိုက်ဆံတက်ကြဲနေပြီးပျော်စရာညကို ဖန်တီးယူ နေကြတာပါ။ဒီအပျော် တွေကြားထဲရင်ထိတ် နေရတဲ့အမျိုးသမီးငယ်လေး တွေရှိပါတယ်။

"စင်ပြတ်ဆုချရင်အဲဒီဝိုင်းကိုသွားထိုင်ပေးရတယ်။ဧည့်သည်ကအပြင်ခေါ်ရင်လည်း ငြင်းလို့မရဘူး။လိုက်ကိုလိုက်ရတယ်"လို့ မသဲနုကပြောပါတယ်။

မသဲနုဟာ ၂၀၀၇ခုနှစ်မှာ မွေးဖွားပြီး အသက်
၁၉နှစ်ပဲရှိပါသေးတယ်။ဒါပေမယ့် သူမ ဒီလောကထဲကို ရောက်လာတာ၃နှစ်ရှိပါပြီ။

မော်လမြိုင်မြို့ဇာတိဖြစ်တဲ့သူမက မိခင်ဖြစ်သူနဲ့ဖခင်ဖြစ်သူတို့အိမ်ထောင်ကွဲပြီးတဲ့ နောက်သူမ ၈နှစ်သမီးအရွယ်မှာဖခင်ရဲ့နောက်အိမ်ထောင်နဲ့ပါလာခဲ့ပါတယ်။မိထွေး
ဖြစ်သူကလည်း မောင်နှစ်မ နှစ်ယောက်ပါ
လာပြီး ရုပ်ရှင် တွေထဲကလို မတည့်တဲ့ ဇာတ်
လမ်း တွေဖြစ်လာခဲ့ပါတယ်။

အ​ခြေခံပညာကျောင်းတက်ဖို့ ကိုယ့်စရိတ်ကိုယ်ရှာရသလို မိထွေးဖြစ်သူပိုင် နေအိမ်မှာသူမဟာဝင်ငွေရဖို့ ရုန်းကန်လာရပါတယ်။
မိသားစုလိုက်ရန်ကုန်ကိုပြောင်းရွေ့လာရာကနေ မသဲနု တစ်​ယောက်ဆယ်တန်းကျကာ လှိုင်သာယာကစက်ရုံတခုမှာ အလုပ်လုပ်ခဲ့ရပါတယ်။

"အဲဒီအချိန်က တကယ်ခက်ခဲခဲ့တာ။အိမ်ကလည်းမိထွေးသမီးနဲ့ ရန်ဖြစ်။အဖေကသူ့မိန်း
မဘက်ကပဲပါတယ်။ကိုယ်ချည်းပဲအဆူခံရတာ"လို့မသဲနုကပြောပါတယ်။

အလုပ်လုပ်ရင်းသူငယ်ချင်းတယောက်က မန္တလေးမှာ အလုပ်ရှိတယ်။ပင်ပင်ပန်းပန်းမလုပ်ရဘူး။လစာလည်းကောင်းတယ်ဆိုတာနဲ့လိုက်လာခဲ့တာပါ။မန္တလေးရောက်တော့ မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ထဲတိုက်
ခန်းတခုမှာ နေပါတယ်။

"အဲဒီအချိန်မှာပြန်လို့လည်းမရတော့ဘူး။သ
မီးကိုပို့တဲ့သူ တွေကပိုက်ဆံထုတ်သွားပြီလို့ပြောတယ်။၃လသမီးကအလကားလုပ်ပေးရတယ်။အပြင်လည်းမထွက်ရဘူး"လို့ မသဲနုက ပြောပါတယ်။

အဲဒီတုန်းကမန္တလေးမြို့ ၊ကညနရုံးအနီးနာ
မည်ကြီး စင်တင်တခုမှာ သူမရှိုးလျှောက်ခဲ့ရတာပါ။အသက်ကြီးကြီး အမျိုးသမီးတွေနဲ့အားလုံးအတူ‌‌တူနေရပြီး ဝတ်လစ်စလစ်နေထိုင်သူ‌တွေ၊တနေ့လုံးဒီအကြောင်းကိုထ
မင်းစားရေ သောက်လို ပြောနေသူ တွေနဲ့ နေထိုင်ရပါတယ်။

နောက် တော့သူမလည်း ဒီလောကတည်းကျင့်သားရလာပြီး ဒီနေရာမှာတနှစ်ကျော်ကြာခဲ့ပါတယ်။

"၆ လလောက်က ဘာပိုက်ဆံမှရဘူး။အဲဒီနောက်မှာ ဘောနပ်စ် ပေးတာ။ဂျာကြီးလည်းကြောက်ရ။အဖိုးကြီးတွေ ခေါ်လည်းလိုက်ရ။၊KTVထပ်စင်တင်ကပိုဆိုးတယ်။မလိုက်ချင်လို့လည်းမရဘူး"လို့မသဲနုကပြောပါတယ်။

တခါကအုပ်စုဖွဲ့အဓမ္မပြုကျင့်ဖို့ကြိုးစားတာ ကြောင့် အော်ဟစ်အကူညီတောင်းခဲ့တာမို့ မန်နေဂျာကိုပြန်အတိုင်ခံရကာ ခြိမ်းခြောက်ခံရဖူးတယ်လို့ မသဲနုကပြောပါတယ်။

"နင်တို့ကို သတ်ပစ်လိုက်လည်း ဘယ်သူမှမသိဘူး။ကောင်မတွေ အာမကျယ်နဲ့ခိုင်းတဲ့အတိုင်းလုပ် ဆိုပြီးပဲပြောတာ"လို့ မသဲနုကအ​တွေ့အကြုံကိုပြန်ပြောပါတယ်။

အဲဒီနောက် KTVအထိုင်ဖက် ပြောင်းခဲ့ပြီး ဒီလောကမှာ ပြန်ကျင်လည်ခဲ့ပါတယ်။

"အဲဒီအချိန်ကတရုတ်တွေ ဟိုင်းခန်းစသွားကြပြီ။ညီမက အဲဒီက နေဟိုင်းမယ်ကိုပြန်စဝင်ခဲ့တာ။ပျော်လည်းပျော်ရတယ်။ပိုက်ဆံလည်းပိုရတယ်"လို့ မသဲနုကဆိုပါတယ်။

ဒီလိုလုပ်နေရင်း​ခြောက်လ လောက်အကြာမှာပဲ ရွယ်တူအမျိုးသားတဦးနဲ့ သမီးရည်းစားဖြစ်ခဲ့ပါတယ်။အဲဒီနောက် တိုက်ခန်းတခုမှာငှားနေရင်း KTVက နေထွက်လာခဲ့ပါတယ်။

"အခန်းထိုင်(KTVမယ်)လုပ်တုန်းကချိတ်တွေနဲ့ ဆေးပစ်တယ် (မူးယစ် ဆေးလက်လီ ရောင်းချခြင်း)။အဲဒီမှာတခါ အဖမ်းခံရသးတယ်။ခံဝန်နဲ့ပြန်လွတ်လာတာ"လို့မသဲနုက ပြောပါတယ်။

ဒီလိုနဲ့ ဒီအမျိုးသားနဲ့ပါလမ်းခွဲပြီး Date Girl
လုပ်လိုက်၊ငွေလိုရင်အခန်းထိုင်လိုက်နဲ့ဘဝကို ဖြေရှင်းခဲ့ရတယ်လို့ဆိုပါတယ်။၂၀၂၅၊
မတ်လ ၂၈ စစ်ကိုင်းငလျင်ကြီးမလှုပ်ခင်မှာ အမျိုးသားတယောက်နဲ့ ထပ်မံသမီးရည်းစားဖြစ်ပြီး သူ့အကူအညီနဲ့ နေထိုင်နေတာ တနှစ် ကျော်ခဲ့ပါပြီ။

အဲဒီ​နောက် ဒီလုပ်ငန်း တွေအားလုံးကိုလည်းသူမစွန့်ပစ်လိုက်ပြီလို့​ပြောပါတယ်။ဒါ​ပေမယ့်
လူကဒီအဝန်းဝိုင်းက နေရုန်းထွက်ခဲ့ပေမယ့်သူမ နောက်ကို အရိပ်လို‌‌လိုက် နေတဲ့ ကိစ္စတချို့လည်းရှိ နေပါတယ်။

အပြင်ဘဝမှာနေ ထိုင်ချိန်မှာတခြားအမျိုး
သမီးတွေက သူမကို KTVကလာမှန်းသိသာတယ်လို့ ဝေဖန်ကြသလို တချို့က မပေါင်းဘဲ ဖယ်ကျဉ်တာတွေလည်းခံရတယ်လို့ သူကဖွင့်ဟပါတယ်။
22👍9🤣3💔2😢1🖕1
"သူတို့ကပြောတာပဲ။သမီးပုံစံကမြင်တာနဲ့သိသာတယ်တဲ့။တက်တူးတွေကြောင့်ပဲလား‌‌
မသိဘူး"လို့မသဲနုကပြောပါတယ်။

မသဲနုလိုပဲ မနိုနိုဟာလည်း ဟိုင်းမယ်ဘဝကို ဖြတ်သန်း နေရတာပါ။သူမအသက်က ၁၈နှစ်ပဲရှိ သေးတာပါ။

မန္တလေးက ဟိုတယ်တခုမှာ အလုပ်တူ အမျိုး
သမီးတွေနဲ့ အတူတူစုနေကြတာပါ။မာမီလို့
ခေါ်တဲ့သူတို့ရဲ့ ခေါင်း ဆောင်နဲ့အတူ ဈေးအသင့်အတင့်ရှိတဲ့ ဟိုတယ်တခုမှာ ၇ယောက် ပေါင်းပြီးငှား နေကြတာပါ။

ရှမ်းပြည်နယ်ဇာတိဖြစ်တဲ့သူမကကျောက်မဲမြို့စစ်ဖြစ်ချိန်မှာ မိသားစုအတွက်ပိုပြီးရုန်း
ကန်ရတယ်လို့​ပြောပါတယ်။

"ကိုယ့်မိဘက ပြေးနေရပြီ လေ။ကိုယ်မှလုပ်မကျွေးဘယ်သူကကျွေးမလဲနော်။နိုနိုကမူဆယ်မှာအလုပ်လုပ်ရင်းနဲ့သူငယ်ချင်းက ခေါ်လို့ပါလာတာ"လို့ဆိုပါတယ်။

မနိုနိုက တော့ သူမ စပြီးဝင်လာကတည်းက တလကို အနည်းဆုံး ငွေကျပ် ၇သိန်းကနေ ၁၅သိန်း လောက်အထိ ရတယ်လို့ဆိုပါတယ်။
သူမက မိဘ တွေကို တလကို ငွေကျပ်၅သိန်း ထောက်ပံ့နေရပြီး တခါတရံမိဘ တွေကျန်း
မာရေး အရပိုပေးရတာမျိုးလည်းရှိတယ်လို့ဆိုပါတယ်။

မနိုနိုက ဟိုတယ်မှာနေ ပြီးတယ်လီဂရမ်ကနေ အဓိက ခေါ်တဲ့ date girlမျိုးမဟုတ်ဘဲ ချိတ်
ဆက်ထားတဲ့ KTV တွေမှာလိုအပ်ရင် အခန်းလိုက်ထိုင်ပေးသလိုဟိုင်းခန်းတွေမှာ ချိတ်
ဆက် ခေါ်ရင်လိုက်ထိုင် လေ့ရှိတယ်လို့ဆိုပါတယ်။

"အဓိက က နိုကကျဆော့တာ။ရိုးရိုးခန်းသိပ်မထိုင်ဘူး။ဆော့တဲ့အခန်းကျ After ဆက်ရင် တောင်မနက်အထိကဆို နိုက တသိန်းခွဲလောက်ရတယ်။ကိုယ်ကလည်း ဆော့တော့အဆင်ပြေတယ်လေ"လို့မနိုနိုက ပြောပါတယ်။

ဆော့တယ်ဆိုတာ မူးယစ်စိတ်ကြွ ဆေးသုံးတာကို​ပြောတာပါ။ After ဆက်တယ်ဆိုတာ မူးယစ်စိတ်ကြွ​ဆေးသုံးပြီးအချိန်ပိုဆက်ကတယ်​ပြောတာပါ ။

၆တန်း(ဆဌမတန်း)နဲ့အတန်းပညာရပ်နားထားပြီး နယ်ကနေ လာရောက်အလုပ်လုပ်
ကိုင်သူတ ယောက်အတွက် နေထိုင်စရိတ်နဲ့ ရတဲ့လခက အိမ်ကိုပြန်ထောက်ပံ့ဖို့ အဆင်မ ပြေတာ ကြောင့် ဒီအလုပ်ကို လုပ်ကိုင်ခဲ့တာလို့ဆိုပါတယ်။

"နိုနိုအခြေ အနေနဲ့ မြို့ပေါ်မှာ ဒီဝင် ငွေရပြီး ဒီလိုနေနိုင်ဖို့ကကျားဖြန့်သွားလုပ်မှပဲရမယ်။နိုသူငယ်ချင်းတွေဆို ကျားဖြန့်သွားလုပ်ကြတယ်။အဲတာတောင်တရုတ်စာမတက်ရင် သိန်း၂၀ လောက်ပဲရတာ"လို့ မနိုနိုကပြောပါတယ်။

သူမက လတ်‌‌တလောမှာ ဒီအလုပ်က နေ
ထွက်ဖို့ စိတ်ကူးမရှိ သေးဘူးလို့ဆိုပါတယ်။
သူမ မိဘ တွေကလည်း နယ်မြေ ငြိမ်းချမ်းသွားပေမယ့် ဆက်ထောက်ပံ့ဖို့ လိုအပ် သေးပြီး ၇နှစ်အရွယ်မောင်အငယ်ဆုံး ကျောင်းစရိတ်လည်းရှိ သေးတယ်လို့ဆိုပါတယ်။

စစ်တပ်အာဏာ သိမ်းပြီး နောက် မန္တလေးမြို့မှာ Date Girl Agency တွေအထိ ပေါ်ပေါ်ထင်ထင်များလာပြီးဆယ်ကျော်သက်မိန်းက လေးများစွာ ဒီလောကထဲကို ရောက်ရှိလာပါတယ်။
မန္တလေးက Queen Date Girl Agency မှာဆိုရင် အသက် ၁၆နှစ်က ၁၈နှစ်အတွင်း အမျိုးသမီးငယ် လေး တွေပဲရှိတယ်လို့အမျိုးသမီးငယ်တဦးက ပြောပြပါတယ်။

မန္တလေးမြို့ကဟိုတယ်တချို့မှာဆိုရင် Telegram QR Scanတခု ချထားပြီး ဒါကို Scanဖတ်ပြီး Telegram မှာ ပြထားတဲ့အမျိုး
သမီးပုံ​တွေထဲက ကိုယ်ကြိုက်တဲ့ အမျိုးသမီးငယ်ကို ခေါ်လိုက်ရုံပါပဲ။

ဒီလိုခေါ်ယူရင် Agency တချို့ဟာ ခေါ်ယူသူအမျိုးသားဆီက နေ အမျိုးသမီးငယ်လုံခြုံ
ရေးအတွက်ကာကွယ်ပေးတဲ့ အနေနဲ့ အချက်
အလက်တချို့ဟိုတယ်နဲ့ချိတ်ဆက် တောင်းယူတဲ့ကုမ္ပဏီတွေ ရှိတယ်လို့ ဆိုပါတယ်။
လုံခြုံရေး အတွက် အာမှမခံတဲ့ ကုမ္ပဏီ တွေဆီမှာ အလုပ် လုပ်ကိုင်မိရင် ခေါ်ယူတဲ့ အ
မျိုးသား တွေက အချိန်ပိုပြန်မလွှတ်တာ တွေ၊သဘာဝနဲ့ ဆန်ကျင်တဲ့လိင်ဆက်ဆံဖို့ကြိုး
စားတာမျိုး တွေလည်းရှိတယ်လို့ဆိုပါတယ်။

ဒီလို ရုန်းကန် နေရတဲ့ အမျိုးသမီးငယ် တွေအတွက် လက်ရှိနိုင်ငံ ရေးအ ခြေအနေမှာ အကာကွယ်မဲ့နေပါတယ်။ဒီလို အမျိုးသမီးတွေ အတွက် အန္တရယ်ဟာ လက်တကမ်းမှာပဲရှိ နေပါတယ်။

ကူးစက်ကာလသား ရောဂါ တွေထပ် မူးယစ် ဆေးလွန် သေဆုံးမှုတွေ၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်သတ်ဖြတ်မှု၊ဆေး ကြောင်ပြီး သတ်
ဖြတ်ခံရတာ တွေရှိပါတယ် ။၂၀၂၄ခုနှစ်မှာဆိုရင် KTVအများဆုံးရှိတဲ့ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်နဲ့ မြို့ပတ်လမ်း တွေမှာ အမျိုးသမီးငယ် တွေ အသက်ခံရပြီး စွန့်ပစ်ထားတဲ့ ရုပ် အလောင်း တွေ တွေ့ရပါတယ်။

၂၀၂၄ခုနှစ်မေလမှာ ၅၈လမ်း ၁၃၉လမ်း ထောင့်က မြောင်းအတွင်းမှာ အဝတ်စလစ်နဲ့ အသက်၂၀အရွယ် အမျိုးသမီးငယ်ဟာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ဇူလိုင်လ
မှာလည်း ချမ်းမြသာစည်မြို့နယ်၊၅၆လမ်းနဲ့ ၁၀၇လမ်းထောင့် မှာ အမျိုးသမီးငယ်တဦးရဲ့ ဒဏ်ရာ တွေနဲ့ ရုပ်အ လောင်း ကိုတွေ့ခဲ့ပါတယ်။

အောက်တိုဘာလမှာလည်း သေဆုံးအမျိုး
သမီးငယ်တဦးကို ပုသိမ်ကြီးမြို့နယ်မှာ တွေ့ခဲ့ပါတယ်။၂၀၂၄ခုနှစ်အတွင်းမှာ ဟိုင်းမယ်လို့ ခေါ်တဲ့ KTVအခန်းထိုင် မိန်းက လေး တွေ မူးယစ် ဆေးလွန်ကာ သေဆုံးမှု တွေအများအပြားရှိခဲ့တယ်လို့ အဲဒီတုန်းက KTV မန်
နေဂျာတဦးက ဖြေကြားခဲ့ဖူးပါတယ်။

စစ်အာဏာသိမ်းမှု ကြောင့် ပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံအနှံ့တိုက်ပွဲတွေရဲ့ နောက်ဆကတွဲ အနေနဲ့ အမျိုးသားတွေဟာ တော်လှန်ရေး တပ်တွေအတွင်းဝင် ရောက်တာ တွေရှိသလို စစ်တပ်ရဲ့ ပေါ်တာဆွဲမှုတွေနောက်မှာ အမျိုသမီး တွေဟာ မိသားစု တာဝန်ကို တထောင့်တနေရာကထမ်းဆောင်နေကြရပါတယ်။
26🥴3🖕2👍1😢1💔1
နယ်မြေ မတည်ငြိမ်မှု တွေကြောင့် စစ်ရှောင်ဘဝက နေ မြိုပေါ် တက် နေရတဲ့အမျိုးသမီးငယ် တွေလည်း ကြုံရာ၊လုပ်ကိုင်ရင်းဘဝကို ဖြတ်သန်း နေကြရတာပါ။ခေတ်ပြန်ကောင်းခဲ့ရင်တော့ ဒီအလုပ်ကိုသူတို့ဆက်မလုပ်ချင်ကြပါဘူး ။

"ဒီအလုပ်ကြီးတော့ဘယ်သူကလုပ်ချင်မှာလဲ။ဒီအလုပ်က အသက်အရွယ်လည်းရှိတယ်လေ။အဲဒီအချိန်ကျရင်တော့ နိုနိုက ကိုယ်ပိုင် အင်္ကျီဆိုင် လေးဖွင့်ချင်တယ်"လို့ နိုနိုကသူဆန္ဒကိုဖွင့်ဟပါတယ်။ ။



#ညငှက်ငယ် #KTV #ဟိုင်းခန်း
#dategirl #စစ်တပ်အာဏာသိမ်း
#peoplesspring
😢274🖕4👍3💔2
👍20🤣3😢1💔1
စစ်တပ်အာဏာသိမ်းမှု​​ကြောင့် အမျိုးသမီးငယ်​တွေရဲ့ဘဝ​တွေကိုပိုမိုခက်ခဲကြပ်တည်း​စေခဲ့သလို အကာ
အကွယ်လည်းကင်းမဲ့​စေခဲ့ပါတယ်)
👍25🤣2😢1
မြို့သာအနီးတိုက်ပွဲစစ်တပ်လေကြောင်းရန် ကာကွယ်ရေးတပ်ကဗျူဟာမှူး​သေဆုံး

စက်တင်ဘာ-၁၀၊၂၀၂၆။​ဇော်ဝင်း/People's Spring

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊
ငါန်းဇွန်မြို့နယ်၊မြို့သာမြို့အနီးတိုက်ပွဲမှာ စစ်တပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်က ဗျူဟာမှူး သေဆုံးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၁၀ ရက်)မွန်းလွဲ ၂နာ
ရီ၀န်းကျင်မှာ လေကြောင်းရန် ကာကွယ်ရေးတပ်ဗျူဟာမှူး ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သာမြို့အနီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဗျူဟာမှူး ကျဆုံးတယ်။နန်းတွင်းထဲကို ည
နေကသယ်သွားတယ်"လို့ တံတားဦးခရိုင်
စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

အခြားစစ်​ရေးသတင်းရင်းမြစ်တဦးကလည်း PDFတွေက စစ်တပ်ကားတန်းကို​စောင့်ပြီးတိုက်ခိုက်တာမှာ ဗျူဟာမှူးကားကို အဓိက ထားပစ်တာကြောင့် ဗျူဟာမှူးထသွားပြီးဆေးရုံပို့စဥ်လမ်းမှာ သေဆုံးတယ်လို့​ပြောပါတယ်။

ဒါ့အပြင် တံတားဦးလေဆိပ်ကို ပိတ်ထားပြီး တံတားဦးနဲ့ နွားထိုးကြီးကြားမှာဒီကနေ့ (စက်
တင်ဘာ ၁၀ ရက်)ညပိုင်းအထိ တိုက်ပွဲဖြစ်နေပါတယ်။ ​စစ်တပ်ဘက်က ဗျူဟာမှူးအပါ
အဝင်​သေဆုံး ဒဏ်ရာရသူ​တွေရှိသလိုတော်
လှန်​ရေးတပ်ဖွဲ့ဝင်အချို့လည်းထိခိုက်ကျ
ဆုံးမှုရှိတယ်လို့စုံစမ်းသိရပါတယ်။

"တံတားဦးနဲ့ နွားထိုးကြီးကြားကိုစစ်ကား အစီး ၇၀ လောက်နဲ့ဆင်းလာတယ်"လို့ တံ
တားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့နီးစပ်သူကပြောပါတယ်။

သေဆုံးသွားတဲ့ လေကြောင်းရန် ကာကွယ်
ရေးတပ်ဗျူဟာမှူးနဲ့ နောက်ဆက်တွဲ အသေး စိတ်အချက် အလက်ကို လူထုနွေဦးက ဆက်
လက်စုံစမ်း​​နေဆဲ ဖြစ်ပါတယ်။

စစ်ရေးအချက်အလက်တွေအရတံတားဦးမြို့နယ်မှာအမှတ် (၃၀၂၇) လေကြောင်းရန်ကာကွယ်ရေးတပ်(လကတ-၃၀၂၇) အခြေ
စိုက်ထားပါတယ်။

အဓိကအားဖြင့် အနီးဝန်းကျင်ရှိ တံတားဦးလေတပ်စခန်းဌာနချုပ်နဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို လေကြောင်းရန်အန္တရာယ်တွေက ကာကွယ်ဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဒီက​နေ့ မွန်းလွဲပိုင်းမှာ တံတားဦး​လေတပ်က
တိုက်​လေယာဥ်​​တွေ ထားတဲ့​နေရာကို PDF ​တွေက ဒရုန်းနဲ့တိုက်တာ​ကြောင့် တိုက်​လေယာဥ် ၄ စီးထိခိုက်ပျက်စီးခဲ့ပြီး ၂ စီးကလုံးဝပျက်စီးခဲ့တယ်လို့ ​တော်လှန်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ် ။ စစ်တပ်က​တော့ တံတားဦးခရီးသည်တင်​လေဆိပ်နဲ့အနီးဝန်းကျင်ကို PDF ​တွေကဒရုန်း ၆ စင်းနဲ့တိုက်ခိုက်​ပေမယ့် ဒရုန်း​တွေကိုတားဆီးဖျက်ဆီးနိုင်ခဲ့တယ်လို့လိမ်လည်ထုတ်ပြန်ပါတယ်။YAK-130 တိုက်​လေယာဥ်ကို FPV ဒရုန်းနဲ့ဖျက်ဆီးခဲ့တဲ့ရုပ်သံမှတ်တမ်းကိုလည်း စစ်​ရေးသတင်းရင်းမြစ်အချို့က ​ပေးပို့ပြီး တိုက်​လေယာဥ်ရပ်ထားတဲ့​နေရာကို ဒရုန်းကအနီးကပ်ပျံသန်းတိုက်ခိုက်​ဖောက်ခွဲတာကို
ထင်ထင်ရှားရှားမြင်​တွေ့ရပါတယ် ။
52👏13👍11🤣3👎1🥰1👌1🖕1
45👏13🤣7👍4🔥2💩2👎1🥰1🖕1👻1
မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေ

စက်တင်ဘာ ၁၁၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၁ရက် မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ် မုံရွာမြို့နယ်၊ မုံရွေးရွာရှိ တိုးဂိတ်ကနေ ကြေးမုံရွာထိပ်အထိ လမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေပြီး ခရီးသွားယာဥ်တွေပေါ်က ပြည်သူတွေကို ဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

"တန်ပိုဂိတ်က စစ်တပ်က မုံရွေးစျေးထိပ် ကြေးမုံရွာထိပ်ထိ သွားလာတဲ့သူ ပြည်သူတွေကို မိုင်းတွေ ရှင်းခိုင်းနေတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မုံရွာ–ချောင်းဦးလမ်းပိုင်းရှိ မအူရွာ၊ မြေနဲရွာ၊ အောင်သာရွာနဲ့ မုံရွေး–ကြေးမုံရွာထိပ်တွေမှာ စစ်ကောင်စီတပ်တွေ ရောက်ရှိနေကြောင်း၊ အဆိုပါလမ်းပိုင်းကို ဖြတ်သန်းသွားလာသူတွေ သတိပြုသွားလာဖို့လိုကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးပါတယ်။

စစ်တပ်ဟာ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင် က ကြေးနီတွေ သယ်ဆောင်ချိန်နဲ့ လက်နက်နဲ့ရိက္ခာတွေ၊ စစ်အင်အားတွေ သယ်ဆောင်ချိန် လုံခြုံရေးတင်းကျပ်လေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၇၊ ရက်ကလည်း မုံရွာ-မန္တလေးလမ်းမှာ ဝမ်ပေါင်က ကြေးနီတွေ သယ်လာတဲ့ စစ်ကောင်စီယာဥ်တွေ စုစုပေါင်း (၂၆)စီးဟာ စစ်ကိုင်းတပ်မ(၃၃)ဘက် ဦးတည် ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကျပ်ခဲ့ပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်ယာဥ်တွေဟာ မုံရွာ-မန္တလေးလမ်းဖြတ်သန်းတိုင်း ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်ခံရမှုကြောင့် ခရီးသွားပြည်သူတွေရဲ့ကားကို တားဆီးပြီး ပြည်သူတွေကို မိုင်းဆင်းရှာခိုင်းတာ၊ လူသားဒိုင်းလုပ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
🤬41👍53👎1🔥1👏1🤮1🤣1🖕1
(မုံရွာ-မန္တလေးလမ်း အုန်းတောလမ်းဆုံတွင် ဖြတ်သန်းသွားလာနေသော ယာဥ်များအား ပြီးခဲ့သည့် နှစ်အတွင်းက တွေ့ရစဥ်။ ဓါတ်ပုံံ-CJ)
🤬393🔥3👎1😁1🤣1
ကိုဝင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာမှာနေပြီး ကားအငှားလိုက်ပါတယ်။ ကိုဝင်းဟာ အပြောအဆိုမွန်ရည်တာ၊ လူမှုဆက်ဆံရေးကောင်းတာကြောင့် ရပ်ဝေးရပ်နီး ကားငှားကြသူ များပါတယ်။စက်တင်ဘာလဆန်းကဆိုရင် နေပြည်တော်ကနေ မန္တလေးမြို့အထိ စင်းလုံးငှားလို့ လိုက်ပို့ပေးခဲ့ရတယ်။ သူ့ဝန်ဆောင်မှုသဘောကျပြီး မန္တလေးလက်ဆောင် လက်ဖက်တွေရော၊ ထိုးမုန့်တွေရော ဝယ်ထည့်ပေးလိုက်သေးတယ်လို့ သူက Tiktok ကနေ ဂုဏ်ယူစွာ ပြောပြခဲ့တယ်။ “ကျေးဇူးအများကြီးတင်ပါတယ်အမရေ။ ခုလို ကျွန်တော့်ကားလေးကို ယုံယုံကြည်ကြည်နဲ့ ငှားစီးပြီး လက်ဆောင်တွေပေးတဲ့အတွက်”လို့ ပြောဆိုခဲ့တယ်။

စက်တင်ဘာလ ၆ ရက်နေ့က ကိုဝင်း ကားအငှားလိုက်ဖို့ ဖြစ်လာပါတယ်။ ကားငှားသူက နေပြည်တော်ကပါပဲ။ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရဲတပ်သား ရဲရင့်အောင်တဲ့။ သွားမှာက မိတ္ထီလာမြို့ကိုပါ။ ကောင်မ​​​လေး သွားတွေ့မှာတဲ့။ ကားခ လေးသိန်းနဲ့ စျေးတည့်ပြီး နှစ်ယောက်သား မိတ္ထီလာ ထွက်လာခဲ့ကြတယ်။

ညနေ ၄ နာရီခွဲလောက်မှာ အငှားယာဥ်မောင်း ကိုဝင်းရဲ့ မိသားစုက ကိုဝင်းဆီ ဖုန်းဆက်တယ်။ ဖုန်းက ကိုင်တယ်။ ဒါပေမယ့် ဖုန်းဖြေတဲ့သူက ကိုဝင်းမဟုတ်ဘူး။ တခြားယောကျာ်းတစ်ယောက်။ ခုမိတ္ထီလာမှာ။ ကားဆရာ အပြင်ခဏသွားနေတယ်လို့ ပြောတယ်။ မိသားစုက စိုးရိမ်ပြီးနောက်ထပ် ထပ်ဆက်တော့ ဖုန်းက စက်ပိတ်သွားပြီ။

အဲဒီနေ့ညနေပိုင်းမှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၇၉/၁) အနီး၊ အမြန်လမ်းနဲ့ ပေ ၃၀၀ ခန့်အကွာ၊ မန္တလေးဘက်သွားတဲ့ လမ်း အရှေ့ဘက်ခြမ်းမှာ နွားကျောင်းပြန်လာတဲ့ ​ကလေးတစ်ယောက်က လူသေအလောင်းတစ်လောင်း တွေ့လိုက်ရတယ်။ အဲဒီရုပ်အလောင်းဟ အငှားယာဥ်မောင်း ကိုဝင်းအလောင်း ဖြစ်နေခဲ့တာပါ။ သူ့အနီးမှာ ကားကို မတွေ့ရပါဘူး။

နောက်ဆုံးတော့ ကိုဝင်းကို မိတ္ထီလာမှာ ကောင်မလေးသွားတွေ့ဖို့ ကားငှားခဲ့တဲ့ လူကုန်တား ရဲတပ်ဖွဲ့က ရဲကိုယ်တိုင် သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ပေါ်ပေါက်တယ်။ သူဟာ ကားလုယူဖို့ ကိုဝင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ သိရတယ်။ ရဲဟာ ကျွဲဂိမ်း အရမ်းဆော့တယ်လို့ သိရတယ်။စက်တင်ဘာ ၇ရက်မှာတော့ လုယက်သွားတဲ့ ကားနဲ့အတူ ဒုရဲအုပ်ရဲရင့်အောင်ကို ဖမ်းမိခဲ့ပါတယ်။

ရာဇဝတ်မှုတွေကို တားဆီးကာကွယ်ရမယ့်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံစိတ်ချရအောင် စောင့်ရှောက်ရမယ့် ရဲတပ်ဖွဲ့ဝင်ကိုယ်တိုင်က ရာဇဝတ်မှုကို ကျုးလွန်လိုက်တာပါ။ ဇာတ်လမ်းဟာ ဒီမှာတင်မပြီးသေးပါဘူး။ အသတ်ခံလိုက်ရတဲ့ အငှားယာဥ်မောင်း ကိုဝင်းဟာ နေပြည်တော်က ရဲမှူးအောင်မျိုးလတ်ရဲ့ တူသားတစ်ယောက် ဖြစ်နေခြင်းပါ။ သတ်တဲ့သူကလည်း ရဲဖြစ်သလို အသတ်ခံရသူကလည်း ရဲမှူးရဲ့ သား ဖြစ်နေခဲ့တာပါ။


https://www.ludunwayoo.com/feature-mm/2026/09/10/167938/
👍28💩4👎2🔥2🤣21