ရန်ကုန်မြို့မှာ ဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၉ ရက် မနေ့က ညဦးပိိုင်းမှာ ကားတစ်စီးနဲ့ လူတစ်စုက မစင်ထုပ်တွေကို လမ်းမပေါ်တွေ ပစ်ချသွားတယ်လို့ ဆိုပါတယ်။ အဲဒီမစင်ထုပ်တွေကို ညဘက်လမ်းသွားလမ်းလာကားတွေက တက်ကြိတ်မိတာကြောင့် အနံ့အသက်ဆိုးတွေ ပတ်ဝန်းကျင်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဆိုးရွားတဲ့အနံ့အသက်တွေနဲ့ မစင်တွေကို လူမှုကယ်ဆယ်ရေးကားတွေနဲ့ ရေတွေသုံးပြီး လိုက်လံဆေးကြောသန့်စင်ပေးခဲ့ကြရပါတယ်။ အများပြည်သူသွားလာနေတဲ့ လမ်းမပေါ်မှာ အညစ်အကြေးထုတ်တွေ စွန့်ပစ်တာက အလွန်ယုတ်ညံ့တဲ့ အလုပ်ဖြစ်ပြီး သက်ဆိုင်ရာဌာနတွေအနေနဲ့ အဲဒီကျူးလွန်သူတွေကို ရှာဖွေ အရေးယူသင့်တယ်လို့ ပြည်သူတွေက မှတ်ချက်ပြုထားကြပါတယ်။ CCTV ကနေ ဘယ်သူတွေလုပ်တယ်ဆိုတာ ရှာဖွေသင့်တယ်လို့လည်းရေးသားနေကြပါတယ်။ ဒါ့အပြင် ဝမ်းရောဂါတွေ ပြန့်နှံ့နေတဲ့ ကာလမှာ ဒီလိုလုပ်ရပ်ကို လုပ်ဆောင်တာက ရောဂါပိုးပြန့်ပွားစေလိုတဲ့ ရည်ရွယ်ချက်ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ ဒါကြောင့် စည်ပင်အနေနဲ့ အဲဒီ့နေရာကို ပိုးသတ်ဆေးဖြန်းတာတွေ ပြုလုပ်ဖို့ တိုက်တွန်းနေကြပါတယ်။
◾️မန္တလေးမှာ ပုဂ္ဂလိက ဝန်ထမ်းစာရင်းကိုပါ စစ်တပ် တောင်းယူနေ
မန္တလေးမြို့မှာ ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းစာရင်းတွေကို အာဏာသိမ်းစစ်တပ်က တောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်မှုထမ်းပေါ်တာဆွဲတာတွေ၊ မဲနှိုက်ခေါ်ယူတာတွေ ဆိုးဆိုးရွားရွားပြုလုပ်နေတဲ့ မန္တလေးမြို့မှာ ရပ်ကွက်တချို့က စားသောက်ဆိုင်၊ ဖုန်းဆိုင် အပါအဝင် အရောင်းဆိုင်အမျိုးမျိုးက ဝန်ထမ်းစာရင်းတွေကိုပါ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေက တောင်းယူနေတာလို့ သိရပါတယ်။ အရင်က ဧည့်စာရင်းပဲတိုင်ရပြီး လက်ရှိမှာတော့ ယောကျာ်းလေး၊ မိန်းကလေး စတဲ့ ဦးရေ စာရင်းတွေပါ ထပ်တောင်းလာတာလို့ မဟာအောင်မြေမြို့နယ်က အရောင်းဆိုင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းခေါ်ယူဖို့အတွက် ယောကျာ်းလေးစာရင်းတောင်းယူတာလို့ ယူဆရကြောင်း၊ ဒါ့ကြောင့် ဝန်ထမ်းအချို့ စိုးရိမ်ပြီး အလုပ်ထွက်ကာ နယ်ပြန်တာတွေ ရှိလာကြောင်း အရောင်းဆိုင်ရှင်အချို့က ပြောပါတယ်။
◾️မကွေးမှာလည်း (၁၉)နှစ်အရွယ် လူငယ် မုန့်စားသွားရင်း ပျောက်ဆုံးနေ
မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။ စက်တင်ဘာ ၉ ရက် မနေ့ မနက် ၇ နာရီခန့်က မကွေးမြို့၊ မြသီတာလမ်း၊ သိင်္ဂါရပ်နေ အသက် ၁၉ နှစ်အရွယ်မောင်ကောင်းခန့်ကျော်ဆိုသူဟာ မနက်စာသွားစားမယ်ဆိုပြီး နေအိမ်ကနေ ထွက်ခွာသွားရာကနေ ပြန်မလာတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်ကြောင်း မကွေးမြို့အခြေစိုက် ပရဟိတသမား ကိုမိုးဆိုသူက လူမှုကွန်ရက် Tiktok ကနေ အကူအညီတောင်းခံကာ ပြောပြထားပါတယ်။ ပျောက်ဆုံးနေတဲ့ မောင်ကောင်းခန့်ကျော်ကို တွေ့တဲ့သူများရှိရင် ပရဟိတသမားဆီသို့မဟုတ် မိဘတွေဆီ အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ လတ်တလောမှာ ရန်ကုန်မြို့အပါအဝင် နေရာအများအပြားမှာ လူငယ်တွေ ပျောက်ဆုံးနေမှု မကြာခဏဖြစ်ပွားနေပါတယ်။
◾️မန္တလေးမှာ ပေါ်တာဆွဲကြမ်းနေချိန် ဇာတ်ပွဲနဲ့ စတိတ်ရှိုးတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေ
မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ မန္တလေးမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ သူ့လက်အောက်ခံ ပျူစောထီးတွေက ပေါ်တာဆွဲတာတွေ၊ ရပ်ကွက်တွေထဲ စစ်မှုထမ်းမဲနှိုက်ခေါ်ယူတာတွ ပြုလုပ်နေတဲ့အချိန် ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကပဲ စိုင်းစိုင်းခမ်းလှိုင် စတိတ်ရှိုးကို The First Mandalay Event Park မှာ ပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာ ၃ ရက်မှာလည်း အဆိုတော် ဘန်နီဖြိုးက စိုင်းစိုင်းခမ်းလှိုင် စတိတ်ရှိုးပြုလုပ်ခဲ့တဲ့နေရာမှာပဲ စတိတ်ရှိုး ပြုလုပ်မှာ ဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် လာမယ့် စက်တင်ဘာ ၁၃ ရက်မှာ စမ်းရေမိုးဇာတ်အဖွဲ့က အာဏာသိမ်းစစ်တပ်ရဲ့ ခန်းမကြီးတစ်ခုဖြစ်တဲ့ ၇၈ လမ်းနဲ့ ၃၈ လမ်းထောင့်က ရတနာပုံခန်းမမှာ ဖျော်ဖြေပွဲ ပြုလုပ်မှာ ဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ အဲဒီခန်းမရှေ့မှာ စစ်တပ်အာဏာသိမ်းပြီး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ဖူးပြီး လူငယ်တွေ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခံခဲ့ရတဲ့နေရာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ ဇာတ်မင်းသား အောင်ဇမ္ဗူကလည်း အမရပူရမြို့မှာ စက်တင်ဘာ ၁၆ ရက်ကနေ ၁၉ ရက်အထိ ဖျော်ဖြေပွဲပြုလုပ်မှာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် ဇာတ်မင်းသား သူရဝင်းထွဋ်ကလည်း အောင်ပင်လယ် ၅၁ လမ်းမှာ စက်တင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိ ဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဥ်ထားကြောင်း ကြေညာထားပါတယ်။

🔥15🖕4🤮2🤣2
■ဆောင်းပါး
ကူရာမဲ့ ညငှက်ငယ်များ
နေ့သစ်/People's Spring
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဆက်စပ်နိုင်ငံရေး အခြေအနေ တွေကြောင့်မြန်မာနိုင်ငံကအမျိုးသမီးငယ် တွေဟာ မိသားစု တာဝန်ကို တထောင့်တနေ
ရာက ဝင်ထမ်းလာရပါတယ်။
အာဏာသိမ်းမှု နောက်ဆက်တွဲ မြင့်တက်လာတဲ့ကုန်ဈေးနှုန်း တွေနဲ့ ရှားပါးလာတဲ့အလုပ်
အကိုင်တွေကြောင့်အခြေခံလူတန်းစား တွေဟာ ရရာအလုပ် လုပ်ကိုင်လာရတာပါ။
မန္တလေးမြို့ရဲ့ညခင်းမီးရောင်စုံအောက်မှာ အမျိုးသမီးငယ်လေးတွေဟာ စတိတ်စင် ပေါ်ဟို ၊ဒီယိမ်းလို့ လမ်းလျှောက်နေပါတယ်။
ဆေးဆိုးပန်းရိုက်မျက်နှာနဲ့ ဒေါက်ဖိနပ်အမြင့်ကြီး တွေကသူမတို့ကို ရှိရင်းစွဲရုပ်ထက် ပိုရင့် နေသလိုပါ။
အလည်မှာ တော့မြူးကြွစွာ သီချင်းသီဆို နေတဲ့ အမျိုးသမီးတဦးရှိပါတယ်။စင်အောက်မှာ များစွာ သော အမျိုးသားတွေပျော်ရွှင်အော်
ဟစ်နေကြပါတယ်။အများစုကတော့ အသက်
၄၅ နှစ်က နေ ၆၀ နှစ်ဝန်းကျင်အမျိုးသာတွေ
ဖြစ်ပါတယ်။
ပန်းစည်း တွေအပြုံလိုက်စုချနေသလိုစင်ပေါ်ကနေပိုက်ဆံတက်ကြဲနေပြီးပျော်စရာညကို ဖန်တီးယူ နေကြတာပါ။ဒီအပျော် တွေကြားထဲရင်ထိတ် နေရတဲ့အမျိုးသမီးငယ်လေး တွေရှိပါတယ်။
"စင်ပြတ်ဆုချရင်အဲဒီဝိုင်းကိုသွားထိုင်ပေးရတယ်။ဧည့်သည်ကအပြင်ခေါ်ရင်လည်း ငြင်းလို့မရဘူး။လိုက်ကိုလိုက်ရတယ်"လို့ မသဲနုကပြောပါတယ်။
မသဲနုဟာ ၂၀၀၇ခုနှစ်မှာ မွေးဖွားပြီး အသက်
၁၉နှစ်ပဲရှိပါသေးတယ်။ဒါပေမယ့် သူမ ဒီလောကထဲကို ရောက်လာတာ၃နှစ်ရှိပါပြီ။
မော်လမြိုင်မြို့ဇာတိဖြစ်တဲ့သူမက မိခင်ဖြစ်သူနဲ့ဖခင်ဖြစ်သူတို့အိမ်ထောင်ကွဲပြီးတဲ့ နောက်သူမ ၈နှစ်သမီးအရွယ်မှာဖခင်ရဲ့နောက်အိမ်ထောင်နဲ့ပါလာခဲ့ပါတယ်။မိထွေး
ဖြစ်သူကလည်း မောင်နှစ်မ နှစ်ယောက်ပါ
လာပြီး ရုပ်ရှင် တွေထဲကလို မတည့်တဲ့ ဇာတ်
လမ်း တွေဖြစ်လာခဲ့ပါတယ်။
အခြေခံပညာကျောင်းတက်ဖို့ ကိုယ့်စရိတ်ကိုယ်ရှာရသလို မိထွေးဖြစ်သူပိုင် နေအိမ်မှာသူမဟာဝင်ငွေရဖို့ ရုန်းကန်လာရပါတယ်။
မိသားစုလိုက်ရန်ကုန်ကိုပြောင်းရွေ့လာရာကနေ မသဲနု တစ်ယောက်ဆယ်တန်းကျကာ လှိုင်သာယာကစက်ရုံတခုမှာ အလုပ်လုပ်ခဲ့ရပါတယ်။
"အဲဒီအချိန်က တကယ်ခက်ခဲခဲ့တာ။အိမ်ကလည်းမိထွေးသမီးနဲ့ ရန်ဖြစ်။အဖေကသူ့မိန်း
မဘက်ကပဲပါတယ်။ကိုယ်ချည်းပဲအဆူခံရတာ"လို့မသဲနုကပြောပါတယ်။
အလုပ်လုပ်ရင်းသူငယ်ချင်းတယောက်က မန္တလေးမှာ အလုပ်ရှိတယ်။ပင်ပင်ပန်းပန်းမလုပ်ရဘူး။လစာလည်းကောင်းတယ်ဆိုတာနဲ့လိုက်လာခဲ့တာပါ။မန္တလေးရောက်တော့ မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ထဲတိုက်
ခန်းတခုမှာ နေပါတယ်။
"အဲဒီအချိန်မှာပြန်လို့လည်းမရတော့ဘူး။သ
မီးကိုပို့တဲ့သူ တွေကပိုက်ဆံထုတ်သွားပြီလို့ပြောတယ်။၃လသမီးကအလကားလုပ်ပေးရတယ်။အပြင်လည်းမထွက်ရဘူး"လို့ မသဲနုက ပြောပါတယ်။
အဲဒီတုန်းကမန္တလေးမြို့ ၊ကညနရုံးအနီးနာ
မည်ကြီး စင်တင်တခုမှာ သူမရှိုးလျှောက်ခဲ့ရတာပါ။အသက်ကြီးကြီး အမျိုးသမီးတွေနဲ့အားလုံးအတူတူနေရပြီး ဝတ်လစ်စလစ်နေထိုင်သူတွေ၊တနေ့လုံးဒီအကြောင်းကိုထ
မင်းစားရေ သောက်လို ပြောနေသူ တွေနဲ့ နေထိုင်ရပါတယ်။
နောက် တော့သူမလည်း ဒီလောကတည်းကျင့်သားရလာပြီး ဒီနေရာမှာတနှစ်ကျော်ကြာခဲ့ပါတယ်။
"၆ လလောက်က ဘာပိုက်ဆံမှရဘူး။အဲဒီနောက်မှာ ဘောနပ်စ် ပေးတာ။ဂျာကြီးလည်းကြောက်ရ။အဖိုးကြီးတွေ ခေါ်လည်းလိုက်ရ။၊KTVထပ်စင်တင်ကပိုဆိုးတယ်။မလိုက်ချင်လို့လည်းမရဘူး"လို့မသဲနုကပြောပါတယ်။
တခါကအုပ်စုဖွဲ့အဓမ္မပြုကျင့်ဖို့ကြိုးစားတာ ကြောင့် အော်ဟစ်အကူညီတောင်းခဲ့တာမို့ မန်နေဂျာကိုပြန်အတိုင်ခံရကာ ခြိမ်းခြောက်ခံရဖူးတယ်လို့ မသဲနုကပြောပါတယ်။
"နင်တို့ကို သတ်ပစ်လိုက်လည်း ဘယ်သူမှမသိဘူး။ကောင်မတွေ အာမကျယ်နဲ့ခိုင်းတဲ့အတိုင်းလုပ် ဆိုပြီးပဲပြောတာ"လို့ မသဲနုကအတွေ့အကြုံကိုပြန်ပြောပါတယ်။
အဲဒီနောက် KTVအထိုင်ဖက် ပြောင်းခဲ့ပြီး ဒီလောကမှာ ပြန်ကျင်လည်ခဲ့ပါတယ်။
"အဲဒီအချိန်ကတရုတ်တွေ ဟိုင်းခန်းစသွားကြပြီ။ညီမက အဲဒီက နေဟိုင်းမယ်ကိုပြန်စဝင်ခဲ့တာ။ပျော်လည်းပျော်ရတယ်။ပိုက်ဆံလည်းပိုရတယ်"လို့ မသဲနုကဆိုပါတယ်။
ဒီလိုလုပ်နေရင်းခြောက်လ လောက်အကြာမှာပဲ ရွယ်တူအမျိုးသားတဦးနဲ့ သမီးရည်းစားဖြစ်ခဲ့ပါတယ်။အဲဒီနောက် တိုက်ခန်းတခုမှာငှားနေရင်း KTVက နေထွက်လာခဲ့ပါတယ်။
"အခန်းထိုင်(KTVမယ်)လုပ်တုန်းကချိတ်တွေနဲ့ ဆေးပစ်တယ် (မူးယစ် ဆေးလက်လီ ရောင်းချခြင်း)။အဲဒီမှာတခါ အဖမ်းခံရသးတယ်။ခံဝန်နဲ့ပြန်လွတ်လာတာ"လို့မသဲနုက ပြောပါတယ်။
ဒီလိုနဲ့ ဒီအမျိုးသားနဲ့ပါလမ်းခွဲပြီး Date Girl
လုပ်လိုက်၊ငွေလိုရင်အခန်းထိုင်လိုက်နဲ့ဘဝကို ဖြေရှင်းခဲ့ရတယ်လို့ဆိုပါတယ်။၂၀၂၅၊
မတ်လ ၂၈ စစ်ကိုင်းငလျင်ကြီးမလှုပ်ခင်မှာ အမျိုးသားတယောက်နဲ့ ထပ်မံသမီးရည်းစားဖြစ်ပြီး သူ့အကူအညီနဲ့ နေထိုင်နေတာ တနှစ် ကျော်ခဲ့ပါပြီ။
အဲဒီနောက် ဒီလုပ်ငန်း တွေအားလုံးကိုလည်းသူမစွန့်ပစ်လိုက်ပြီလို့ပြောပါတယ်။ဒါပေမယ့်
လူကဒီအဝန်းဝိုင်းက နေရုန်းထွက်ခဲ့ပေမယ့်သူမ နောက်ကို အရိပ်လိုလိုက် နေတဲ့ ကိစ္စတချို့လည်းရှိ နေပါတယ်။
အပြင်ဘဝမှာနေ ထိုင်ချိန်မှာတခြားအမျိုး
သမီးတွေက သူမကို KTVကလာမှန်းသိသာတယ်လို့ ဝေဖန်ကြသလို တချို့က မပေါင်းဘဲ ဖယ်ကျဉ်တာတွေလည်းခံရတယ်လို့ သူကဖွင့်ဟပါတယ်။

❤22👍9🤣3💔2😢1🖕1
"သူတို့ကပြောတာပဲ။သမီးပုံစံကမြင်တာနဲ့သိသာတယ်တဲ့။တက်တူးတွေကြောင့်ပဲလား
မသိဘူး"လို့မသဲနုကပြောပါတယ်။
မသဲနုလိုပဲ မနိုနိုဟာလည်း ဟိုင်းမယ်ဘဝကို ဖြတ်သန်း နေရတာပါ။သူမအသက်က ၁၈နှစ်ပဲရှိ သေးတာပါ။
မန္တလေးက ဟိုတယ်တခုမှာ အလုပ်တူ အမျိုး
သမီးတွေနဲ့ အတူတူစုနေကြတာပါ။မာမီလို့
ခေါ်တဲ့သူတို့ရဲ့ ခေါင်း ဆောင်နဲ့အတူ ဈေးအသင့်အတင့်ရှိတဲ့ ဟိုတယ်တခုမှာ ၇ယောက် ပေါင်းပြီးငှား နေကြတာပါ။
ရှမ်းပြည်နယ်ဇာတိဖြစ်တဲ့သူမကကျောက်မဲမြို့စစ်ဖြစ်ချိန်မှာ မိသားစုအတွက်ပိုပြီးရုန်း
ကန်ရတယ်လို့ပြောပါတယ်။
"ကိုယ့်မိဘက ပြေးနေရပြီ လေ။ကိုယ်မှလုပ်မကျွေးဘယ်သူကကျွေးမလဲနော်။နိုနိုကမူဆယ်မှာအလုပ်လုပ်ရင်းနဲ့သူငယ်ချင်းက ခေါ်လို့ပါလာတာ"လို့ဆိုပါတယ်။
မနိုနိုက တော့ သူမ စပြီးဝင်လာကတည်းက တလကို အနည်းဆုံး ငွေကျပ် ၇သိန်းကနေ ၁၅သိန်း လောက်အထိ ရတယ်လို့ဆိုပါတယ်။
သူမက မိဘ တွေကို တလကို ငွေကျပ်၅သိန်း ထောက်ပံ့နေရပြီး တခါတရံမိဘ တွေကျန်း
မာရေး အရပိုပေးရတာမျိုးလည်းရှိတယ်လို့ဆိုပါတယ်။
မနိုနိုက ဟိုတယ်မှာနေ ပြီးတယ်လီဂရမ်ကနေ အဓိက ခေါ်တဲ့ date girlမျိုးမဟုတ်ဘဲ ချိတ်
ဆက်ထားတဲ့ KTV တွေမှာလိုအပ်ရင် အခန်းလိုက်ထိုင်ပေးသလိုဟိုင်းခန်းတွေမှာ ချိတ်
ဆက် ခေါ်ရင်လိုက်ထိုင် လေ့ရှိတယ်လို့ဆိုပါတယ်။
"အဓိက က နိုကကျဆော့တာ။ရိုးရိုးခန်းသိပ်မထိုင်ဘူး။ဆော့တဲ့အခန်းကျ After ဆက်ရင် တောင်မနက်အထိကဆို နိုက တသိန်းခွဲလောက်ရတယ်။ကိုယ်ကလည်း ဆော့တော့အဆင်ပြေတယ်လေ"လို့မနိုနိုက ပြောပါတယ်။
ဆော့တယ်ဆိုတာ မူးယစ်စိတ်ကြွ ဆေးသုံးတာကိုပြောတာပါ။ After ဆက်တယ်ဆိုတာ မူးယစ်စိတ်ကြွဆေးသုံးပြီးအချိန်ပိုဆက်ကတယ်ပြောတာပါ ။
၆တန်း(ဆဌမတန်း)နဲ့အတန်းပညာရပ်နားထားပြီး နယ်ကနေ လာရောက်အလုပ်လုပ်
ကိုင်သူတ ယောက်အတွက် နေထိုင်စရိတ်နဲ့ ရတဲ့လခက အိမ်ကိုပြန်ထောက်ပံ့ဖို့ အဆင်မ ပြေတာ ကြောင့် ဒီအလုပ်ကို လုပ်ကိုင်ခဲ့တာလို့ဆိုပါတယ်။
"နိုနိုအခြေ အနေနဲ့ မြို့ပေါ်မှာ ဒီဝင် ငွေရပြီး ဒီလိုနေနိုင်ဖို့ကကျားဖြန့်သွားလုပ်မှပဲရမယ်။နိုသူငယ်ချင်းတွေဆို ကျားဖြန့်သွားလုပ်ကြတယ်။အဲတာတောင်တရုတ်စာမတက်ရင် သိန်း၂၀ လောက်ပဲရတာ"လို့ မနိုနိုကပြောပါတယ်။
သူမက လတ်တလောမှာ ဒီအလုပ်က နေ
ထွက်ဖို့ စိတ်ကူးမရှိ သေးဘူးလို့ဆိုပါတယ်။
သူမ မိဘ တွေကလည်း နယ်မြေ ငြိမ်းချမ်းသွားပေမယ့် ဆက်ထောက်ပံ့ဖို့ လိုအပ် သေးပြီး ၇နှစ်အရွယ်မောင်အငယ်ဆုံး ကျောင်းစရိတ်လည်းရှိ သေးတယ်လို့ဆိုပါတယ်။
စစ်တပ်အာဏာ သိမ်းပြီး နောက် မန္တလေးမြို့မှာ Date Girl Agency တွေအထိ ပေါ်ပေါ်ထင်ထင်များလာပြီးဆယ်ကျော်သက်မိန်းက လေးများစွာ ဒီလောကထဲကို ရောက်ရှိလာပါတယ်။
မန္တလေးက Queen Date Girl Agency မှာဆိုရင် အသက် ၁၆နှစ်က ၁၈နှစ်အတွင်း အမျိုးသမီးငယ် လေး တွေပဲရှိတယ်လို့အမျိုးသမီးငယ်တဦးက ပြောပြပါတယ်။
မန္တလေးမြို့ကဟိုတယ်တချို့မှာဆိုရင် Telegram QR Scanတခု ချထားပြီး ဒါကို Scanဖတ်ပြီး Telegram မှာ ပြထားတဲ့အမျိုး
သမီးပုံတွေထဲက ကိုယ်ကြိုက်တဲ့ အမျိုးသမီးငယ်ကို ခေါ်လိုက်ရုံပါပဲ။
ဒီလိုခေါ်ယူရင် Agency တချို့ဟာ ခေါ်ယူသူအမျိုးသားဆီက နေ အမျိုးသမီးငယ်လုံခြုံ
ရေးအတွက်ကာကွယ်ပေးတဲ့ အနေနဲ့ အချက်
အလက်တချို့ဟိုတယ်နဲ့ချိတ်ဆက် တောင်းယူတဲ့ကုမ္ပဏီတွေ ရှိတယ်လို့ ဆိုပါတယ်။
လုံခြုံရေး အတွက် အာမှမခံတဲ့ ကုမ္ပဏီ တွေဆီမှာ အလုပ် လုပ်ကိုင်မိရင် ခေါ်ယူတဲ့ အ
မျိုးသား တွေက အချိန်ပိုပြန်မလွှတ်တာ တွေ၊သဘာဝနဲ့ ဆန်ကျင်တဲ့လိင်ဆက်ဆံဖို့ကြိုး
စားတာမျိုး တွေလည်းရှိတယ်လို့ဆိုပါတယ်။
ဒီလို ရုန်းကန် နေရတဲ့ အမျိုးသမီးငယ် တွေအတွက် လက်ရှိနိုင်ငံ ရေးအ ခြေအနေမှာ အကာကွယ်မဲ့နေပါတယ်။ဒီလို အမျိုးသမီးတွေ အတွက် အန္တရယ်ဟာ လက်တကမ်းမှာပဲရှိ နေပါတယ်။
ကူးစက်ကာလသား ရောဂါ တွေထပ် မူးယစ် ဆေးလွန် သေဆုံးမှုတွေ၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်သတ်ဖြတ်မှု၊ဆေး ကြောင်ပြီး သတ်
ဖြတ်ခံရတာ တွေရှိပါတယ် ။၂၀၂၄ခုနှစ်မှာဆိုရင် KTVအများဆုံးရှိတဲ့ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်နဲ့ မြို့ပတ်လမ်း တွေမှာ အမျိုးသမီးငယ် တွေ အသက်ခံရပြီး စွန့်ပစ်ထားတဲ့ ရုပ် အလောင်း တွေ တွေ့ရပါတယ်။
၂၀၂၄ခုနှစ်မေလမှာ ၅၈လမ်း ၁၃၉လမ်း ထောင့်က မြောင်းအတွင်းမှာ အဝတ်စလစ်နဲ့ အသက်၂၀အရွယ် အမျိုးသမီးငယ်ဟာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ဇူလိုင်လ
မှာလည်း ချမ်းမြသာစည်မြို့နယ်၊၅၆လမ်းနဲ့ ၁၀၇လမ်းထောင့် မှာ အမျိုးသမီးငယ်တဦးရဲ့ ဒဏ်ရာ တွေနဲ့ ရုပ်အ လောင်း ကိုတွေ့ခဲ့ပါတယ်။
အောက်တိုဘာလမှာလည်း သေဆုံးအမျိုး
သမီးငယ်တဦးကို ပုသိမ်ကြီးမြို့နယ်မှာ တွေ့ခဲ့ပါတယ်။၂၀၂၄ခုနှစ်အတွင်းမှာ ဟိုင်းမယ်လို့ ခေါ်တဲ့ KTVအခန်းထိုင် မိန်းက လေး တွေ မူးယစ် ဆေးလွန်ကာ သေဆုံးမှု တွေအများအပြားရှိခဲ့တယ်လို့ အဲဒီတုန်းက KTV မန်
နေဂျာတဦးက ဖြေကြားခဲ့ဖူးပါတယ်။
စစ်အာဏာသိမ်းမှု ကြောင့် ပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံအနှံ့တိုက်ပွဲတွေရဲ့ နောက်ဆကတွဲ အနေနဲ့ အမျိုးသားတွေဟာ တော်လှန်ရေး တပ်တွေအတွင်းဝင် ရောက်တာ တွေရှိသလို စစ်တပ်ရဲ့ ပေါ်တာဆွဲမှုတွေနောက်မှာ အမျိုသမီး တွေဟာ မိသားစု တာဝန်ကို တထောင့်တနေရာကထမ်းဆောင်နေကြရပါတယ်။

❤26🥴3🖕2👍1😢1💔1
နယ်မြေ မတည်ငြိမ်မှု တွေကြောင့် စစ်ရှောင်ဘဝက နေ မြိုပေါ် တက် နေရတဲ့အမျိုးသမီးငယ် တွေလည်း ကြုံရာ၊လုပ်ကိုင်ရင်းဘဝကို ဖြတ်သန်း နေကြရတာပါ။ခေတ်ပြန်ကောင်းခဲ့ရင်တော့ ဒီအလုပ်ကိုသူတို့ဆက်မလုပ်ချင်ကြပါဘူး ။
"ဒီအလုပ်ကြီးတော့ဘယ်သူကလုပ်ချင်မှာလဲ။ဒီအလုပ်က အသက်အရွယ်လည်းရှိတယ်လေ။အဲဒီအချိန်ကျရင်တော့ နိုနိုက ကိုယ်ပိုင် အင်္ကျီဆိုင် လေးဖွင့်ချင်တယ်"လို့ နိုနိုကသူဆန္ဒကိုဖွင့်ဟပါတယ်။ ။
#ညငှက်ငယ် #KTV #ဟိုင်းခန်း
#dategirl #စစ်တပ်အာဏာသိမ်း
#peoplesspring

😢27❤4🖕4👍3💔2
စစ်တပ်အာဏာသိမ်းမှုကြောင့် အမျိုးသမီးငယ်တွေရဲ့ဘဝတွေကိုပိုမိုခက်ခဲကြပ်တည်းစေခဲ့သလို အကာ
အကွယ်လည်းကင်းမဲ့စေခဲ့ပါတယ်)
အကွယ်လည်းကင်းမဲ့စေခဲ့ပါတယ်)
👍26🤣2😢1
မြို့သာအနီးတိုက်ပွဲစစ်တပ်လေကြောင်းရန် ကာကွယ်ရေးတပ်ကဗျူဟာမှူးသေဆုံး
စက်တင်ဘာ-၁၀၊၂၀၂၆။ဇော်ဝင်း/People's Spring
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊
ငါန်းဇွန်မြို့နယ်၊မြို့သာမြို့အနီးတိုက်ပွဲမှာ စစ်တပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်က ဗျူဟာမှူး သေဆုံးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒီကနေ့(စက်တင်ဘာ ၁၀ ရက်)မွန်းလွဲ ၂နာ
ရီ၀န်းကျင်မှာ လေကြောင်းရန် ကာကွယ်ရေးတပ်ဗျူဟာမှူး ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သာမြို့အနီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"ဗျူဟာမှူး ကျဆုံးတယ်။နန်းတွင်းထဲကို ည
နေကသယ်သွားတယ်"လို့ တံတားဦးခရိုင်
စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။
အခြားစစ်ရေးသတင်းရင်းမြစ်တဦးကလည်း PDFတွေက စစ်တပ်ကားတန်းကိုစောင့်ပြီးတိုက်ခိုက်တာမှာ ဗျူဟာမှူးကားကို အဓိက ထားပစ်တာကြောင့် ဗျူဟာမှူးထသွားပြီးဆေးရုံပို့စဥ်လမ်းမှာ သေဆုံးတယ်လို့ပြောပါတယ်။
ဒါ့အပြင် တံတားဦးလေဆိပ်ကို ပိတ်ထားပြီး တံတားဦးနဲ့ နွားထိုးကြီးကြားမှာဒီကနေ့ (စက်
တင်ဘာ ၁၀ ရက်)ညပိုင်းအထိ တိုက်ပွဲဖြစ်နေပါတယ်။ စစ်တပ်ဘက်က ဗျူဟာမှူးအပါ
အဝင်သေဆုံး ဒဏ်ရာရသူတွေရှိသလိုတော်
လှန်ရေးတပ်ဖွဲ့ဝင်အချို့လည်းထိခိုက်ကျ
ဆုံးမှုရှိတယ်လို့စုံစမ်းသိရပါတယ်။
"တံတားဦးနဲ့ နွားထိုးကြီးကြားကိုစစ်ကား အစီး ၇၀ လောက်နဲ့ဆင်းလာတယ်"လို့ တံ
တားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့နီးစပ်သူကပြောပါတယ်။
သေဆုံးသွားတဲ့ လေကြောင်းရန် ကာကွယ်
ရေးတပ်ဗျူဟာမှူးနဲ့ နောက်ဆက်တွဲ အသေး စိတ်အချက် အလက်ကို လူထုနွေဦးက ဆက်
လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ရေးအချက်အလက်တွေအရတံတားဦးမြို့နယ်မှာအမှတ် (၃၀၂၇) လေကြောင်းရန်ကာကွယ်ရေးတပ်(လကတ-၃၀၂၇) အခြေ
စိုက်ထားပါတယ်။
အဓိကအားဖြင့် အနီးဝန်းကျင်ရှိ တံတားဦးလေတပ်စခန်းဌာနချုပ်နဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို လေကြောင်းရန်အန္တရာယ်တွေက ကာကွယ်ဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းမှာ တံတားဦးလေတပ်က
တိုက်လေယာဥ်တွေ ထားတဲ့နေရာကို PDF တွေက ဒရုန်းနဲ့တိုက်တာကြောင့် တိုက်လေယာဥ် ၄ စီးထိခိုက်ပျက်စီးခဲ့ပြီး ၂ စီးကလုံးဝပျက်စီးခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ် ။ စစ်တပ်ကတော့ တံတားဦးခရီးသည်တင်လေဆိပ်နဲ့အနီးဝန်းကျင်ကို PDF တွေကဒရုန်း ၆ စင်းနဲ့တိုက်ခိုက်ပေမယ့် ဒရုန်းတွေကိုတားဆီးဖျက်ဆီးနိုင်ခဲ့တယ်လို့လိမ်လည်ထုတ်ပြန်ပါတယ်။YAK-130 တိုက်လေယာဥ်ကို FPV ဒရုန်းနဲ့ဖျက်ဆီးခဲ့တဲ့ရုပ်သံမှတ်တမ်းကိုလည်း စစ်ရေးသတင်းရင်းမြစ်အချို့က ပေးပို့ပြီး တိုက်လေယာဥ်ရပ်ထားတဲ့နေရာကို ဒရုန်းကအနီးကပ်ပျံသန်းတိုက်ခိုက်ဖောက်ခွဲတာကို
ထင်ထင်ရှားရှားမြင်တွေ့ရပါတယ် ။

❤52👏13👍11🤣3👎1🥰1👌1🖕1
မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေ
စက်တင်ဘာ ၁၁၊ ၂၀၂၆။ ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၁ရက် မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ် မုံရွာမြို့နယ်၊ မုံရွေးရွာရှိ တိုးဂိတ်ကနေ ကြေးမုံရွာထိပ်အထိ လမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေပြီး ခရီးသွားယာဥ်တွေပေါ်က ပြည်သူတွေကို ဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။
"တန်ပိုဂိတ်က စစ်တပ်က မုံရွေးစျေးထိပ် ကြေးမုံရွာထိပ်ထိ သွားလာတဲ့သူ ပြည်သူတွေကို မိုင်းတွေ ရှင်းခိုင်းနေတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ မုံရွာ–ချောင်းဦးလမ်းပိုင်းရှိ မအူရွာ၊ မြေနဲရွာ၊ အောင်သာရွာနဲ့ မုံရွေး–ကြေးမုံရွာထိပ်တွေမှာ စစ်ကောင်စီတပ်တွေ ရောက်ရှိနေကြောင်း၊ အဆိုပါလမ်းပိုင်းကို ဖြတ်သန်းသွားလာသူတွေ သတိပြုသွားလာဖို့လိုကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးပါတယ်။
စစ်တပ်ဟာ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင် က ကြေးနီတွေ သယ်ဆောင်ချိန်နဲ့ လက်နက်နဲ့ရိက္ခာတွေ၊ စစ်အင်အားတွေ သယ်ဆောင်ချိန် လုံခြုံရေးတင်းကျပ်လေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၇၊ ရက်ကလည်း မုံရွာ-မန္တလေးလမ်းမှာ ဝမ်ပေါင်က ကြေးနီတွေ သယ်လာတဲ့ စစ်ကောင်စီယာဥ်တွေ စုစုပေါင်း (၂၆)စီးဟာ စစ်ကိုင်းတပ်မ(၃၃)ဘက် ဦးတည် ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကျပ်ခဲ့ပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်ယာဥ်တွေဟာ မုံရွာ-မန္တလေးလမ်းဖြတ်သန်းတိုင်း ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်ခံရမှုကြောင့် ခရီးသွားပြည်သူတွေရဲ့ကားကို တားဆီးပြီး ပြည်သူတွေကို မိုင်းဆင်းရှာခိုင်းတာ၊ လူသားဒိုင်းလုပ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

🤬41👍5❤3👎1🔥1👏1🤮1🤣1🖕1