People's Spring
60K subscribers
71K photos
1.23K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၁၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️PDF​တွေက တံတားဦးလေတပ်ကို ဒရုန်းနဲ့တိုက်ခိုက်၊ တိုက်​လေယာဥ်​ ၄စီး ထိခိုက်ပျက်စီး

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းက တိုက်​လေယာဥ်​တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ရေးသတင်းရင်းမြစ် ၂ဦးရဲ့ ပြောပြချက်အရ စက်တင်ဘာ ၁၀ရက် မွန်းလွဲပိုင်းမှာ တံတားဦးလေတပ်က တိုက်​လေယာဥ်​တွေကို PDF​တွေက တိုက်ခိုက်ခဲ့တာလို့ အတည်ပြုပြီး လေယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုလည်း အတည်ပြုပါတယ်။ ထွက်ပေါ်လာတဲ့ တိုက်ခိုက်မှုရုပ်သံမှာ လေယာဥ် ၆စီးခန့် ထားရှိဖို့ ဆောက်လုပ်ထားတဲ့ လေယာဉ်ရုံရှိရာကို ပျံသန်းလာတဲ့ ဒရုန်းဟာ တိုက်လေယာဉ် တစီးရှိရာ ရှေ့တည့်တည့်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ လေယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ ရုပ်သံဖော်ပြထားသူ သတင်းရင်းမြစ်က တိုက်ခိုက်မှုကို ဒရုန်း ၆စီး အသုံးပြု စစ်ရေးဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ၄စီးထိခိုက်ခဲ့ပြီး ၂စီးကလုံး၀ပေါက်ကွဲသွားတာလို့ ပြောပါတယ်။ ဒီလိုတိုက်ခိုက်ခံရမှုမှာ ဒရုန်းတွေဟာ နွားထိုးကြီးမြို့နယ်ဘက်က လာတယ်ဆိုပြီး လေတပ်ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာပဲ စစ်တပ်က အဲဒီဒေသတွေဘက် စစ်ကြောင်းထိုးခဲ့ပါတယ်။ နွားထိုးကြီးမြို့နယ် နွားခြံကြီးကုန်းရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စု ကြားတိုက်ပွဲပြင်းထန်နေပြီး ညနေ ၆နာရီကျော်အထိ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်တပ်ရဲ့ယာဥ်တန်းကို ​တော်လှန်​ရေးတပ်​တွေက ဒရုန်းနဲ့ထပ်မံတိုက်ခိုက်တာမှာ​ သေဆုံးထိခိုက်မှု​​တွေ များတယ်လို့ ကနဦးသိရပါတယ်။

◾️ရွှေကူမြို့ ဇင်းဘုံတိုက်ပွဲ စစ်တပ် သေဆုံးမှုများ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာတိုက်ပွဲမှာ စစ်တပ်က သေဆုံးထိခိုက်မှုတွေရှိသလို လက်နက်ချ အညံ့ခံတာတွေလည်းရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ရွှေကူမြို့နယ် ဇင်းဘုံရွာနဲ့ ဗန်းမော်မြို့နယ် စင်းခန်းရွာမှာ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။ သေဆုံးနဲ့ အညံ့ခံတဲ့ စစ်သားတွေ စာရင်းဇယားအချက်အလက် အတိအကျ မသိရသေးပေမယ့် စစ်တပ်ဘက်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ရဲ့ ပြောပြချက်အရ ဇင်းဘုံတိုက်ပွဲမှာ စစ်တပ်ဘက်က တပ်ရင်းမှူးအဆင့် အရာရှိတွေပါ သေဆုံးခဲ့သလို လက်နက်တွေလည်း သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။

◾️စစ်သင်္ဘော ၆စီးကို တစ်ရက်တည်း KIA ထပ်မံဖျက်ဆီး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စက်တင်ဘာ ၉ရက် မနေ့ကတစ်ရက်တည်း စစ်တပ်ရဲ့ သင်္ဘော ၆စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။ ကချင်ပြည်နယ် ဗန်းမော်စစ်မြေပြင်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်တပ်သင်္ဘောတွေနဲ့ ဗန်းမော်က ပြန်ဆင်းလာတဲ့ သင်္ဘောတွေကို မနေ့က ဆက်လက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်ဟာ ဩဂုတ်လကုန်ပိုင်းမှာ သင်္ဘော ၁၅စီးနဲ့ ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းခဲ့ရာ KIA ရဲ့ တိုက်ခိုက်မှုကြောင့် သင်္ဘော ထက်ဝက်ကျော် ပျက်စီးခဲ့တာကြောင့် စက်တင်ဘာ ဒုတိယပတ်မှာ နောက်ထပ် သင်္ဘော ၆စီးနဲ့ ကချင်ပြည်နယ်ကို ထပ်မံ ဆန်တက်လာတာပါ။ အဲဒီ ဆန်တက်လာတဲ့ သင်္ဘော ၆စီးထဲက ၂စီးကို စက်တင်ဘာ ၉ရက် မနေ့က မနက်အစောမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သလို အရင်က ဗန်မော်မြို့ကို ရောက်ပြီး ပြန်ဆင်းလာတဲ့ သင်္ဘော ၄စီးကိုလည်း မနေ့က မွန်းလွဲပိုင်းမှာ ထပ်မံတိုက်ခိုက်ခဲ့တာပါ။ ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ သင်္ဘော ၄စီးဟာ မနေ့က မနက်ပိုင်းက KIAရဲ့ တိုက်ခိုက်မှုကြောင့် မီးလောင်သွားတဲ့ သင်္ဘောတွေကို လာကြိုတဲ့ သင်္ဘောတွေ ဖြစ်နိုင်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

◾️KIA ဖမ်းမိတဲ့ စစ်သုံ့ပန်း ၁၀၀ကျော်မှာ ဗိုလ်ကြီး ၂ဦး ပါ
👍238🔥2🤣2👏1🖕1
ကချင်ပြည်နယ် ရွှေကူ-ဗန်းမော်ရေကြောင်းတိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် စုစုပေါင်း ၁၅၁ ဦးထဲမှာ ဗိုလ်ကြီး ၂ဦး အပါအဝင် သန္ဓေတပ်ဖွဲ့ဝင်နဲ့ စစ်မှုထမ်း တပ်သားစုစုပေါင်း ၁၁၈ဦး ရှိတယ်လို့ လိုင်ဇာတီဗီက ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂ရက် မနက်အစောမှာ ရွှေကူကနေ ဗန်းမော်မြို့ဘက်ကို ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောအချို့ ကျည်ထိမှန်ပြီး ဆက်လက်ခရီးမဆက်နိုင်ဘဲ ရပ်တန့်သွားလို့ အဖမ်းခံခဲ့တာလို့​ ဖော်ပြပါတယ်။ အဖမ်းခံရသူ ၁၅၁ဦးထဲမှာ ဗိုလ်ကြီး ၂ဦး၊ အရာခံဗိုလ် ၅ဦး၊ တပ်ကြပ်ကြီး ၁၄ဦး၊ တပ်ကြပ် ၁၂ဦး၊ ဒုတပ်ကြပ် ၁၆ဦး၊ တပ်သား ၃၅ဦး စုစုပေါင်း စစ်သား ၈၄ဦးပါဝင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး စစ်မှုမထမ်းမနေရ ဥပဒေနဲ့ စစ်သားစုဆောင်းခံထားရတဲ့ လူငယ် ၃၄ဦး ပါဝင်ကြောင်း ဖော်ပြပါတယ်။ အဲဒီစစ်မှုထမ်း တပ်သားတွေထဲမှာ အသက်မပြည့်သေးတဲ့သူတွေလည်းပါဝင်​နေကြောင်း ​အသိ​ပေးပါတယ်။ ဒါ့အပြင် အမျိုးသမီး ရဲမေတာဝန်ထမ်းဆောင်နေတဲ့ စစ်တပ်မိသားစုဝင် ၁၇ဦးနဲ့ သူတို့ရဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ သင်္ဘောကြုံနဲ့လိုက်တဲ့ အရပ်သား ၈ဦးလည်း ပါဝင်ပြီး လတ်တလော သူတို့ကို ထိန်းသိမ်းထားကြောင်း ​ဖော်ပြပါတယ်။

◾️ILO အစည်းအ​​ဝေးတက်ခွင့်ရဖို့ စစ်အုပ်စု ကြိုးစား​နေ

မြန်မာ့အရေးဆုံးဖြတ်မယ့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်က ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၂၉) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးမှာ ILO အဖွဲ့ဝင်နိုင်ငံအဖြစ် အစည်းအဝေးကို ပြန်လည်တက်ရောက်ခွင့်ရရှိစေရေးအတွက် အာဆီယံနိုင်ငံတွေက အပြည့်အဝပံ့ပိုးပေးဖို့ စစ်တပ်ခန့် အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ILO ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံအပေါ် ILO က ပုဒ်မ ၃၃အရ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို ရှင်းလင်းခဲ့တယ်လို့ ​ဖော်ပြပါတယ်။ ဒါပေမဲ့ ILO ဟာ စစ်တပ်ကို အစိုးရအနေနဲ့ အသိအမှတ်မပြုထားဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ် အမှုဆောင် ဒေါ်ခိုင်ဇာအောင်က ​ပြောပါတယ်။ ILO ညီလာခံကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ် အဖွဲ့တွေ တက်ရကြောင်း သူက ရှင်းပြပါတယ်။ အာဏာသိမ်းစစ်တပ်က အလုပ်သမားရေးရာ ဥပဒေပါ ရပိုင်ခွင့်၊အကျိုးခံစားခွင့်နဲ့ အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လပ်စွာဖွဲ့စည်းမှုတွေ အပါအ၀င် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားတည်ထောင်ထားတဲ့အခြေအနေကို လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် ILO ရဲ့ ၃၅၈ ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးမှာ တင်သွင်းမယ်လို့ စစ်တပ်ရဲ့ အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက ဆိုပါတယ်။ အရေးယူပိတ်ဆို့မှုတွေ ပိုဖြစ်လာမယ့် အခြေအနေကို စစ်တပ်က ရှောင်လွှဲချင်တာမျိုးဖြစ်တယ်လို့ အလုပ်သမားအခွင့်အရေးနှစ် ၂၀ ကျော်ကြာ ဆောင်ရွက်နေသူတစ်ဦးက မှတ်ချက်ပြုပါတယ်။

◾️လေးမျက်နှာရေကာတာပိတ်နိုင်ပြီလို့ စစ်အုပ်စုက ကြေညာပြီး နောက်တစ်ရက်မှာ ပြန်ပွင့်ကျ

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုက ကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာ ၉ရက်ညမှာပဲ ပိတ်ထားတဲ့နေရာကနေ ပြန်ပွင့်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာဟာ ဇူလိုင် ၃၀ ရက် ညမှာ ကျိုးကျခဲ့ပြီး သဲအိတ်တွေဖို့တာနဲ့ Steel Sheet Pile တွေရိုက်သွင်းပြီး တာကျိုးပေါက်ကို ပိတ်ဆို့နိုင်ဖို့ ဩဂုတ် ၄ရက်ကစပြီး စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက လုပ်ခဲ့ကြတာဖြစ်ပါတယ်။ စက်တင်ဘာ ၈ရက် ညမှာတော့ ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်အုပ်စုက ဝါဒဖြန့်ချိရေး စာမျက်နှာ​တွေက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၉ ရက်ညမှာပဲ ပြန်ပွင့်ပြီး ရေတွေ ဝင်လာတဲ့အတွက် လူနဲ့ပစ္စည်းတွေ နေရာရွှေ့ပြောင်းနေရတယ်လို့ ဒေသခံအချ်ို့က ပြောပါတယ်။

◾️လောင်းလုံးမြို့နယ်မှာ စစ်တပ်က အဘိုးအိုအပါအဝင် အရပ်သား ၅ဦး သတ်ဖြတ်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ နေအိမ်မီးမရှို့ဖို့တားတဲ့ အသက်(၉၀)ကျော်အရွယ်အဘိုးအို ၁ ဦးအပါအ၀င် အရပ်သား ၅ ဦးထက်မနည်းကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ လောင်းလုံးမြို့အရှေ့ဘက်ခြမ်းက ကုန်းဇရပ်ရွာကို စစ်တပ်စစ်ကြောင်း၀င်ရောက်ပြီး သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။ အဘိုးအိုက သူ့အိမ်ကို မီးမရှို့ဖို့ တားမြစ်ချိန် ပစ်သတ်ခံလိုက်ရပြီး စိတ်မကျန်းမာသူတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ အင်အား ၁၀၀ ၀န်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းက စက်တင်ဘာ ၈ ရက်က ပြင်းထိန်ကျေးရွာကနေ ဝေဒီကျေးရွာကို စစ်ကြောင်းထိုးခဲ့တာလို့ အသိပေးပါတယ်။

◾️ရန်ကုန်မှာ လူတစုက မစင်ထုပ်တွေ လမ်း​ပေါ်ပစ်ချသွား
🔥11🖕4🤣3
ရန်ကုန်မြို့မှာ ဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၉ ရက် မနေ့က ညဦးပိိုင်းမှာ ကားတစ်စီးနဲ့ လူတစ်စုက မစင်ထုပ်တွေကို လမ်းမပေါ်တွေ ပစ်ချသွားတယ်လို့ ​ဆိုပါတယ်။ အဲဒီမစင်ထုပ်တွေကို ညဘက်လမ်းသွားလမ်းလာကားတွေက တက်ကြိတ်မိတာကြောင့် အနံ့အသက်ဆိုးတွေ ပတ်ဝန်းကျင်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဆိုးရွားတဲ့အနံ့အသက်တွေနဲ့ မစင်တွေကို လူမှုကယ်ဆယ်ရေးကားတွေနဲ့ ရေတွေသုံးပြီး လိုက်လံဆေးကြောသန့်စင်ပေးခဲ့ကြရပါတယ်။ အများပြည်သူသွားလာနေတဲ့ လမ်းမပေါ်မှာ အညစ်အကြေးထုတ်တွေ စွန့်ပစ်တာက အလွန်ယုတ်ညံ့တဲ့ အလုပ်ဖြစ်ပြီး သက်ဆိုင်ရာဌာနတွေအနေနဲ့ အဲဒီကျူးလွန်သူတွေကို ရှာဖွေ အရေးယူသင့်တယ်လို့ ပြည်သူတွေက မှတ်ချက်ပြုထားကြပါတယ်။ CCTV က​နေ ဘယ်သူ​တွေလုပ်တယ်ဆိုတာ ရှာ​ဖွေသင့်တယ်လို့လည်း​ရေးသား​နေကြပါတယ်။ ဒါ့အပြင် ဝမ်းရောဂါတွေ ပြန့်နှံ့နေတဲ့ ကာလမှာ ဒီလိုလုပ်ရပ်ကို လုပ်ဆောင်တာက ရောဂါပိုးပြန့်ပွားစေလိုတဲ့ ရည်ရွယ်ချက်ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ ဒါကြောင့် စည်ပင်အနေနဲ့ အဲဒီ့နေရာကို ပိုးသတ်ဆေးဖြန်းတာတွေ ပြုလုပ်ဖို့ တိုက်တွန်း​နေကြပါတယ်။

◾️မန္တလေးမှာ ပုဂ္ဂလိက ဝန်ထမ်းစာရင်းကိုပါ စစ်တပ် တောင်း​ယူနေ

မန္တလေးမြို့မှာ ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းစာရင်းတွေကို အာဏာသိမ်းစစ်တပ်က တောင်း​ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်မှုထမ်းပေါ်တာဆွဲတာတွေ၊ မဲနှိုက်ခေါ်ယူတာတွေ ဆိုးဆိုးရွားရွားပြုလုပ်နေတဲ့ မန္တလေးမြို့မှာ ရပ်ကွက်တချို့က စားသောက်ဆိုင်၊ ဖုန်းဆိုင် အပါအဝင် အရောင်းဆိုင်အမျိုးမျိုးက ဝန်ထမ်းစာရင်းတွေကိုပါ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေက တောင်းယူနေတာလို့ သိရပါတယ်။ အရင်က ဧည့်စာရင်းပဲတိုင်ရပြီး လက်ရှိမှာတော့ ယောကျာ်းလေး၊ မိန်းကလေး စတဲ့ ဦးရေ စာရင်းတွေပါ ထပ်တောင်းလာတာလို့ မဟာအောင်မြေမြို့နယ်က အရောင်းဆိုင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းခေါ်ယူဖို့အတွက် ယောကျာ်းလေးစာရင်းတောင်းယူတာလို့ ယူဆရကြောင်း၊ ဒါ့ကြောင့် ဝန်ထမ်းအချို့ စိုးရိမ်ပြီး အလုပ်ထွက်ကာ နယ်ပြန်တာတွေ ရှိလာကြောင်း အရောင်းဆိုင်ရှင်အချို့က ပြောပါတယ်။

◾️မကွေးမှာလည်း (၁၉)နှစ်အရွယ် လူငယ် မုန့်စားသွားရင်း ပျောက်ဆုံးနေ

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။ စက်တင်ဘာ ၉ ရက် မနေ့ မနက် ၇ နာရီခန့်က မကွေးမြို့၊ မြသီတာလမ်း၊ သိင်္ဂါရပ်နေ အသက် ၁၉ နှစ်အရွယ်မောင်ကောင်းခန့်ကျော်ဆိုသူဟာ မနက်စာသွားစားမယ်ဆိုပြီး နေအိမ်ကနေ ထွက်ခွာသွားရာကနေ ပြန်မလာတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်ကြောင်း မကွေးမြို့အခြေစိုက် ပရဟိတသမား ကိုမိုးဆိုသူက လူမှုကွန်ရက် Tiktok ကနေ အကူအညီတောင်းခံကာ ပြောပြထားပါတယ်။ ပျောက်ဆုံးနေတဲ့ မောင်ကောင်းခန့်ကျော်ကို တွေ့တဲ့သူများရှိရင် ပရဟိတသမားဆီသို့မဟုတ် မိဘတွေဆီ အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ လတ်တလောမှာ ရန်ကုန်မြို့အပါအဝင် နေရာအများအပြားမှာ လူငယ်တွေ ပျောက်ဆုံးနေမှု မကြာခဏဖြစ်ပွားနေပါတယ်။

◾️မန္တလေးမှာ ပေါ်တာဆွဲကြမ်းနေချိန် ဇာတ်ပွဲနဲ့ စတိတ်ရှိုးတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေ

မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ မန္တလေးမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ သူ့လက်အောက်ခံ ပျူစောထီးတွေက ပေါ်တာဆွဲတာတွေ၊ ရပ်ကွက်တွေထဲ စစ်မှုထမ်းမဲနှိုက်ခေါ်ယူတာတွ ပြုလုပ်နေတဲ့အချိန် ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကပဲ စိုင်းစိုင်းခမ်းလှိုင် စတိတ်ရှိုးကို The First Mandalay Event Park မှာ ပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာ ၃ ရက်မှာလည်း အဆိုတော် ဘန်နီဖြိုးက စိုင်းစိုင်းခမ်းလှိုင် စတိတ်ရှိုးပြုလုပ်ခဲ့တဲ့နေရာမှာပဲ စတိတ်ရှိုး ပြုလုပ်မှာ ဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် လာမယ့် စက်တင်ဘာ ၁၃ ရက်မှာ စမ်းရေမိုးဇာတ်အဖွဲ့က အာဏာသိမ်းစစ်တပ်ရဲ့ ခန်းမကြီးတစ်ခုဖြစ်တဲ့ ၇၈ လမ်းနဲ့ ၃၈ လမ်းထောင့်က ရတနာပုံခန်းမမှာ ဖျော်ဖြေပွဲ ပြုလုပ်မှာ ဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ အဲဒီခန်းမရှေ့မှာ စစ်တပ်အာဏာသိမ်းပြီး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ဖူးပြီး လူငယ်တွေ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခံခဲ့ရတဲ့နေရာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ ဇာတ်မင်းသား အောင်ဇမ္ဗူကလည်း အမရပူရမြို့မှာ စက်တင်ဘာ ၁၆ ရက်ကနေ ၁၉ ရက်အထိ ဖျော်ဖြေပွဲပြုလုပ်မှာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် ဇာတ်မင်းသား သူရဝင်းထွဋ်ကလည်း အောင်ပင်လယ် ၅၁ လမ်းမှာ စက်တင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိ ဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဥ်ထားကြောင်း ကြေညာထားပါတယ်။
🔥15🖕4🤮2🤣2
👍217🔥1👏1🖕1
🔥14👍8😢1🤣1
■​ဆောင်းပါး

ကူရာမဲ့ ညငှက်ငယ်များ

​နေ့သစ်/People's Spring

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဆက်စပ်နိုင်ငံရေး အခြေအနေ တွေကြောင့်မြန်မာနိုင်ငံကအမျိုးသမီးငယ် တွေဟာ မိသားစု တာဝန်ကို တထောင့်တနေ
ရာက ဝင်ထမ်းလာရပါတယ်။

အာဏာသိမ်းမှု နောက်ဆက်တွဲ မြင့်တက်လာတဲ့ကုန်ဈေးနှုန်း တွေနဲ့ ရှားပါးလာတဲ့အလုပ်
အကိုင်တွေကြောင့်အခြေခံလူတန်းစား တွေဟာ ရရာအလုပ် လုပ်ကိုင်လာရတာပါ။

မန္တလေးမြို့ရဲ့ညခင်းမီးရောင်စုံအောက်မှာ အမျိုးသမီးငယ်လေးတွေဟာ စတိတ်စင် ပေါ်ဟို ၊ဒီယိမ်းလို့ လမ်းလျှောက်နေပါတယ်။
ဆေးဆိုးပန်းရိုက်မျက်နှာနဲ့ ဒေါက်ဖိနပ်အမြင့်ကြီး တွေကသူမတို့ကို ရှိရင်းစွဲရုပ်ထက် ပိုရင့် နေသလိုပါ။

အလည်မှာ တော့မြူးကြွစွာ သီချင်းသီဆို နေတဲ့ အမျိုးသမီးတဦးရှိပါတယ်။စင်အောက်မှာ များစွာ သော အမျိုးသားတွေပျော်ရွှင်အော်
ဟစ်နေကြပါတယ်။အများစုက​တော့ အသက်
၄၅ နှစ်က နေ ၆၀ နှစ်ဝန်းကျင်အမျိုးသာတွေ
ဖြစ်ပါတယ်။

ပန်းစည်း‌ တွေအပြုံလိုက်စုချနေသလိုစင်ပေါ်ကနေပိုက်ဆံတက်ကြဲနေပြီးပျော်စရာညကို ဖန်တီးယူ နေကြတာပါ။ဒီအပျော် တွေကြားထဲရင်ထိတ် နေရတဲ့အမျိုးသမီးငယ်လေး တွေရှိပါတယ်။

"စင်ပြတ်ဆုချရင်အဲဒီဝိုင်းကိုသွားထိုင်ပေးရတယ်။ဧည့်သည်ကအပြင်ခေါ်ရင်လည်း ငြင်းလို့မရဘူး။လိုက်ကိုလိုက်ရတယ်"လို့ မသဲနုကပြောပါတယ်။

မသဲနုဟာ ၂၀၀၇ခုနှစ်မှာ မွေးဖွားပြီး အသက်
၁၉နှစ်ပဲရှိပါသေးတယ်။ဒါပေမယ့် သူမ ဒီလောကထဲကို ရောက်လာတာ၃နှစ်ရှိပါပြီ။

မော်လမြိုင်မြို့ဇာတိဖြစ်တဲ့သူမက မိခင်ဖြစ်သူနဲ့ဖခင်ဖြစ်သူတို့အိမ်ထောင်ကွဲပြီးတဲ့ နောက်သူမ ၈နှစ်သမီးအရွယ်မှာဖခင်ရဲ့နောက်အိမ်ထောင်နဲ့ပါလာခဲ့ပါတယ်။မိထွေး
ဖြစ်သူကလည်း မောင်နှစ်မ နှစ်ယောက်ပါ
လာပြီး ရုပ်ရှင် တွေထဲကလို မတည့်တဲ့ ဇာတ်
လမ်း တွေဖြစ်လာခဲ့ပါတယ်။

အ​ခြေခံပညာကျောင်းတက်ဖို့ ကိုယ့်စရိတ်ကိုယ်ရှာရသလို မိထွေးဖြစ်သူပိုင် နေအိမ်မှာသူမဟာဝင်ငွေရဖို့ ရုန်းကန်လာရပါတယ်။
မိသားစုလိုက်ရန်ကုန်ကိုပြောင်းရွေ့လာရာကနေ မသဲနု တစ်​ယောက်ဆယ်တန်းကျကာ လှိုင်သာယာကစက်ရုံတခုမှာ အလုပ်လုပ်ခဲ့ရပါတယ်။

"အဲဒီအချိန်က တကယ်ခက်ခဲခဲ့တာ။အိမ်ကလည်းမိထွေးသမီးနဲ့ ရန်ဖြစ်။အဖေကသူ့မိန်း
မဘက်ကပဲပါတယ်။ကိုယ်ချည်းပဲအဆူခံရတာ"လို့မသဲနုကပြောပါတယ်။

အလုပ်လုပ်ရင်းသူငယ်ချင်းတယောက်က မန္တလေးမှာ အလုပ်ရှိတယ်။ပင်ပင်ပန်းပန်းမလုပ်ရဘူး။လစာလည်းကောင်းတယ်ဆိုတာနဲ့လိုက်လာခဲ့တာပါ။မန္တလေးရောက်တော့ မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ထဲတိုက်
ခန်းတခုမှာ နေပါတယ်။

"အဲဒီအချိန်မှာပြန်လို့လည်းမရတော့ဘူး။သ
မီးကိုပို့တဲ့သူ တွေကပိုက်ဆံထုတ်သွားပြီလို့ပြောတယ်။၃လသမီးကအလကားလုပ်ပေးရတယ်။အပြင်လည်းမထွက်ရဘူး"လို့ မသဲနုက ပြောပါတယ်။

အဲဒီတုန်းကမန္တလေးမြို့ ၊ကညနရုံးအနီးနာ
မည်ကြီး စင်တင်တခုမှာ သူမရှိုးလျှောက်ခဲ့ရတာပါ။အသက်ကြီးကြီး အမျိုးသမီးတွေနဲ့အားလုံးအတူ‌‌တူနေရပြီး ဝတ်လစ်စလစ်နေထိုင်သူ‌တွေ၊တနေ့လုံးဒီအကြောင်းကိုထ
မင်းစားရေ သောက်လို ပြောနေသူ တွေနဲ့ နေထိုင်ရပါတယ်။

နောက် တော့သူမလည်း ဒီလောကတည်းကျင့်သားရလာပြီး ဒီနေရာမှာတနှစ်ကျော်ကြာခဲ့ပါတယ်။

"၆ လလောက်က ဘာပိုက်ဆံမှရဘူး။အဲဒီနောက်မှာ ဘောနပ်စ် ပေးတာ။ဂျာကြီးလည်းကြောက်ရ။အဖိုးကြီးတွေ ခေါ်လည်းလိုက်ရ။၊KTVထပ်စင်တင်ကပိုဆိုးတယ်။မလိုက်ချင်လို့လည်းမရဘူး"လို့မသဲနုကပြောပါတယ်။

တခါကအုပ်စုဖွဲ့အဓမ္မပြုကျင့်ဖို့ကြိုးစားတာ ကြောင့် အော်ဟစ်အကူညီတောင်းခဲ့တာမို့ မန်နေဂျာကိုပြန်အတိုင်ခံရကာ ခြိမ်းခြောက်ခံရဖူးတယ်လို့ မသဲနုကပြောပါတယ်။

"နင်တို့ကို သတ်ပစ်လိုက်လည်း ဘယ်သူမှမသိဘူး။ကောင်မတွေ အာမကျယ်နဲ့ခိုင်းတဲ့အတိုင်းလုပ် ဆိုပြီးပဲပြောတာ"လို့ မသဲနုကအ​တွေ့အကြုံကိုပြန်ပြောပါတယ်။

အဲဒီနောက် KTVအထိုင်ဖက် ပြောင်းခဲ့ပြီး ဒီလောကမှာ ပြန်ကျင်လည်ခဲ့ပါတယ်။

"အဲဒီအချိန်ကတရုတ်တွေ ဟိုင်းခန်းစသွားကြပြီ။ညီမက အဲဒီက နေဟိုင်းမယ်ကိုပြန်စဝင်ခဲ့တာ။ပျော်လည်းပျော်ရတယ်။ပိုက်ဆံလည်းပိုရတယ်"လို့ မသဲနုကဆိုပါတယ်။

ဒီလိုလုပ်နေရင်း​ခြောက်လ လောက်အကြာမှာပဲ ရွယ်တူအမျိုးသားတဦးနဲ့ သမီးရည်းစားဖြစ်ခဲ့ပါတယ်။အဲဒီနောက် တိုက်ခန်းတခုမှာငှားနေရင်း KTVက နေထွက်လာခဲ့ပါတယ်။

"အခန်းထိုင်(KTVမယ်)လုပ်တုန်းကချိတ်တွေနဲ့ ဆေးပစ်တယ် (မူးယစ် ဆေးလက်လီ ရောင်းချခြင်း)။အဲဒီမှာတခါ အဖမ်းခံရသးတယ်။ခံဝန်နဲ့ပြန်လွတ်လာတာ"လို့မသဲနုက ပြောပါတယ်။

ဒီလိုနဲ့ ဒီအမျိုးသားနဲ့ပါလမ်းခွဲပြီး Date Girl
လုပ်လိုက်၊ငွေလိုရင်အခန်းထိုင်လိုက်နဲ့ဘဝကို ဖြေရှင်းခဲ့ရတယ်လို့ဆိုပါတယ်။၂၀၂၅၊
မတ်လ ၂၈ စစ်ကိုင်းငလျင်ကြီးမလှုပ်ခင်မှာ အမျိုးသားတယောက်နဲ့ ထပ်မံသမီးရည်းစားဖြစ်ပြီး သူ့အကူအညီနဲ့ နေထိုင်နေတာ တနှစ် ကျော်ခဲ့ပါပြီ။

အဲဒီ​နောက် ဒီလုပ်ငန်း တွေအားလုံးကိုလည်းသူမစွန့်ပစ်လိုက်ပြီလို့​ပြောပါတယ်။ဒါ​ပေမယ့်
လူကဒီအဝန်းဝိုင်းက နေရုန်းထွက်ခဲ့ပေမယ့်သူမ နောက်ကို အရိပ်လို‌‌လိုက် နေတဲ့ ကိစ္စတချို့လည်းရှိ နေပါတယ်။

အပြင်ဘဝမှာနေ ထိုင်ချိန်မှာတခြားအမျိုး
သမီးတွေက သူမကို KTVကလာမှန်းသိသာတယ်လို့ ဝေဖန်ကြသလို တချို့က မပေါင်းဘဲ ဖယ်ကျဉ်တာတွေလည်းခံရတယ်လို့ သူကဖွင့်ဟပါတယ်။
22👍9🤣3💔2😢1🖕1
"သူတို့ကပြောတာပဲ။သမီးပုံစံကမြင်တာနဲ့သိသာတယ်တဲ့။တက်တူးတွေကြောင့်ပဲလား‌‌
မသိဘူး"လို့မသဲနုကပြောပါတယ်။

မသဲနုလိုပဲ မနိုနိုဟာလည်း ဟိုင်းမယ်ဘဝကို ဖြတ်သန်း နေရတာပါ။သူမအသက်က ၁၈နှစ်ပဲရှိ သေးတာပါ။

မန္တလေးက ဟိုတယ်တခုမှာ အလုပ်တူ အမျိုး
သမီးတွေနဲ့ အတူတူစုနေကြတာပါ။မာမီလို့
ခေါ်တဲ့သူတို့ရဲ့ ခေါင်း ဆောင်နဲ့အတူ ဈေးအသင့်အတင့်ရှိတဲ့ ဟိုတယ်တခုမှာ ၇ယောက် ပေါင်းပြီးငှား နေကြတာပါ။

ရှမ်းပြည်နယ်ဇာတိဖြစ်တဲ့သူမကကျောက်မဲမြို့စစ်ဖြစ်ချိန်မှာ မိသားစုအတွက်ပိုပြီးရုန်း
ကန်ရတယ်လို့​ပြောပါတယ်။

"ကိုယ့်မိဘက ပြေးနေရပြီ လေ။ကိုယ်မှလုပ်မကျွေးဘယ်သူကကျွေးမလဲနော်။နိုနိုကမူဆယ်မှာအလုပ်လုပ်ရင်းနဲ့သူငယ်ချင်းက ခေါ်လို့ပါလာတာ"လို့ဆိုပါတယ်။

မနိုနိုက တော့ သူမ စပြီးဝင်လာကတည်းက တလကို အနည်းဆုံး ငွေကျပ် ၇သိန်းကနေ ၁၅သိန်း လောက်အထိ ရတယ်လို့ဆိုပါတယ်။
သူမက မိဘ တွေကို တလကို ငွေကျပ်၅သိန်း ထောက်ပံ့နေရပြီး တခါတရံမိဘ တွေကျန်း
မာရေး အရပိုပေးရတာမျိုးလည်းရှိတယ်လို့ဆိုပါတယ်။

မနိုနိုက ဟိုတယ်မှာနေ ပြီးတယ်လီဂရမ်ကနေ အဓိက ခေါ်တဲ့ date girlမျိုးမဟုတ်ဘဲ ချိတ်
ဆက်ထားတဲ့ KTV တွေမှာလိုအပ်ရင် အခန်းလိုက်ထိုင်ပေးသလိုဟိုင်းခန်းတွေမှာ ချိတ်
ဆက် ခေါ်ရင်လိုက်ထိုင် လေ့ရှိတယ်လို့ဆိုပါတယ်။

"အဓိက က နိုကကျဆော့တာ။ရိုးရိုးခန်းသိပ်မထိုင်ဘူး။ဆော့တဲ့အခန်းကျ After ဆက်ရင် တောင်မနက်အထိကဆို နိုက တသိန်းခွဲလောက်ရတယ်။ကိုယ်ကလည်း ဆော့တော့အဆင်ပြေတယ်လေ"လို့မနိုနိုက ပြောပါတယ်။

ဆော့တယ်ဆိုတာ မူးယစ်စိတ်ကြွ ဆေးသုံးတာကို​ပြောတာပါ။ After ဆက်တယ်ဆိုတာ မူးယစ်စိတ်ကြွ​ဆေးသုံးပြီးအချိန်ပိုဆက်ကတယ်​ပြောတာပါ ။

၆တန်း(ဆဌမတန်း)နဲ့အတန်းပညာရပ်နားထားပြီး နယ်ကနေ လာရောက်အလုပ်လုပ်
ကိုင်သူတ ယောက်အတွက် နေထိုင်စရိတ်နဲ့ ရတဲ့လခက အိမ်ကိုပြန်ထောက်ပံ့ဖို့ အဆင်မ ပြေတာ ကြောင့် ဒီအလုပ်ကို လုပ်ကိုင်ခဲ့တာလို့ဆိုပါတယ်။

"နိုနိုအခြေ အနေနဲ့ မြို့ပေါ်မှာ ဒီဝင် ငွေရပြီး ဒီလိုနေနိုင်ဖို့ကကျားဖြန့်သွားလုပ်မှပဲရမယ်။နိုသူငယ်ချင်းတွေဆို ကျားဖြန့်သွားလုပ်ကြတယ်။အဲတာတောင်တရုတ်စာမတက်ရင် သိန်း၂၀ လောက်ပဲရတာ"လို့ မနိုနိုကပြောပါတယ်။

သူမက လတ်‌‌တလောမှာ ဒီအလုပ်က နေ
ထွက်ဖို့ စိတ်ကူးမရှိ သေးဘူးလို့ဆိုပါတယ်။
သူမ မိဘ တွေကလည်း နယ်မြေ ငြိမ်းချမ်းသွားပေမယ့် ဆက်ထောက်ပံ့ဖို့ လိုအပ် သေးပြီး ၇နှစ်အရွယ်မောင်အငယ်ဆုံး ကျောင်းစရိတ်လည်းရှိ သေးတယ်လို့ဆိုပါတယ်။

စစ်တပ်အာဏာ သိမ်းပြီး နောက် မန္တလေးမြို့မှာ Date Girl Agency တွေအထိ ပေါ်ပေါ်ထင်ထင်များလာပြီးဆယ်ကျော်သက်မိန်းက လေးများစွာ ဒီလောကထဲကို ရောက်ရှိလာပါတယ်။
မန္တလေးက Queen Date Girl Agency မှာဆိုရင် အသက် ၁၆နှစ်က ၁၈နှစ်အတွင်း အမျိုးသမီးငယ် လေး တွေပဲရှိတယ်လို့အမျိုးသမီးငယ်တဦးက ပြောပြပါတယ်။

မန္တလေးမြို့ကဟိုတယ်တချို့မှာဆိုရင် Telegram QR Scanတခု ချထားပြီး ဒါကို Scanဖတ်ပြီး Telegram မှာ ပြထားတဲ့အမျိုး
သမီးပုံ​တွေထဲက ကိုယ်ကြိုက်တဲ့ အမျိုးသမီးငယ်ကို ခေါ်လိုက်ရုံပါပဲ။

ဒီလိုခေါ်ယူရင် Agency တချို့ဟာ ခေါ်ယူသူအမျိုးသားဆီက နေ အမျိုးသမီးငယ်လုံခြုံ
ရေးအတွက်ကာကွယ်ပေးတဲ့ အနေနဲ့ အချက်
အလက်တချို့ဟိုတယ်နဲ့ချိတ်ဆက် တောင်းယူတဲ့ကုမ္ပဏီတွေ ရှိတယ်လို့ ဆိုပါတယ်။
လုံခြုံရေး အတွက် အာမှမခံတဲ့ ကုမ္ပဏီ တွေဆီမှာ အလုပ် လုပ်ကိုင်မိရင် ခေါ်ယူတဲ့ အ
မျိုးသား တွေက အချိန်ပိုပြန်မလွှတ်တာ တွေ၊သဘာဝနဲ့ ဆန်ကျင်တဲ့လိင်ဆက်ဆံဖို့ကြိုး
စားတာမျိုး တွေလည်းရှိတယ်လို့ဆိုပါတယ်။

ဒီလို ရုန်းကန် နေရတဲ့ အမျိုးသမီးငယ် တွေအတွက် လက်ရှိနိုင်ငံ ရေးအ ခြေအနေမှာ အကာကွယ်မဲ့နေပါတယ်။ဒီလို အမျိုးသမီးတွေ အတွက် အန္တရယ်ဟာ လက်တကမ်းမှာပဲရှိ နေပါတယ်။

ကူးစက်ကာလသား ရောဂါ တွေထပ် မူးယစ် ဆေးလွန် သေဆုံးမှုတွေ၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်သတ်ဖြတ်မှု၊ဆေး ကြောင်ပြီး သတ်
ဖြတ်ခံရတာ တွေရှိပါတယ် ။၂၀၂၄ခုနှစ်မှာဆိုရင် KTVအများဆုံးရှိတဲ့ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်နဲ့ မြို့ပတ်လမ်း တွေမှာ အမျိုးသမီးငယ် တွေ အသက်ခံရပြီး စွန့်ပစ်ထားတဲ့ ရုပ် အလောင်း တွေ တွေ့ရပါတယ်။

၂၀၂၄ခုနှစ်မေလမှာ ၅၈လမ်း ၁၃၉လမ်း ထောင့်က မြောင်းအတွင်းမှာ အဝတ်စလစ်နဲ့ အသက်၂၀အရွယ် အမျိုးသမီးငယ်ဟာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ဇူလိုင်လ
မှာလည်း ချမ်းမြသာစည်မြို့နယ်၊၅၆လမ်းနဲ့ ၁၀၇လမ်းထောင့် မှာ အမျိုးသမီးငယ်တဦးရဲ့ ဒဏ်ရာ တွေနဲ့ ရုပ်အ လောင်း ကိုတွေ့ခဲ့ပါတယ်။

အောက်တိုဘာလမှာလည်း သေဆုံးအမျိုး
သမီးငယ်တဦးကို ပုသိမ်ကြီးမြို့နယ်မှာ တွေ့ခဲ့ပါတယ်။၂၀၂၄ခုနှစ်အတွင်းမှာ ဟိုင်းမယ်လို့ ခေါ်တဲ့ KTVအခန်းထိုင် မိန်းက လေး တွေ မူးယစ် ဆေးလွန်ကာ သေဆုံးမှု တွေအများအပြားရှိခဲ့တယ်လို့ အဲဒီတုန်းက KTV မန်
နေဂျာတဦးက ဖြေကြားခဲ့ဖူးပါတယ်။

စစ်အာဏာသိမ်းမှု ကြောင့် ပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံအနှံ့တိုက်ပွဲတွေရဲ့ နောက်ဆကတွဲ အနေနဲ့ အမျိုးသားတွေဟာ တော်လှန်ရေး တပ်တွေအတွင်းဝင် ရောက်တာ တွေရှိသလို စစ်တပ်ရဲ့ ပေါ်တာဆွဲမှုတွေနောက်မှာ အမျိုသမီး တွေဟာ မိသားစု တာဝန်ကို တထောင့်တနေရာကထမ်းဆောင်နေကြရပါတယ်။
26🥴3🖕2👍1😢1💔1
နယ်မြေ မတည်ငြိမ်မှု တွေကြောင့် စစ်ရှောင်ဘဝက နေ မြိုပေါ် တက် နေရတဲ့အမျိုးသမီးငယ် တွေလည်း ကြုံရာ၊လုပ်ကိုင်ရင်းဘဝကို ဖြတ်သန်း နေကြရတာပါ။ခေတ်ပြန်ကောင်းခဲ့ရင်တော့ ဒီအလုပ်ကိုသူတို့ဆက်မလုပ်ချင်ကြပါဘူး ။

"ဒီအလုပ်ကြီးတော့ဘယ်သူကလုပ်ချင်မှာလဲ။ဒီအလုပ်က အသက်အရွယ်လည်းရှိတယ်လေ။အဲဒီအချိန်ကျရင်တော့ နိုနိုက ကိုယ်ပိုင် အင်္ကျီဆိုင် လေးဖွင့်ချင်တယ်"လို့ နိုနိုကသူဆန္ဒကိုဖွင့်ဟပါတယ်။ ။



#ညငှက်ငယ် #KTV #ဟိုင်းခန်း
#dategirl #စစ်တပ်အာဏာသိမ်း
#peoplesspring
😢274🖕4👍3💔2
👍20🤣3😢1💔1
စစ်တပ်အာဏာသိမ်းမှု​​ကြောင့် အမျိုးသမီးငယ်​တွေရဲ့ဘဝ​တွေကိုပိုမိုခက်ခဲကြပ်တည်း​စေခဲ့သလို အကာ
အကွယ်လည်းကင်းမဲ့​စေခဲ့ပါတယ်)
👍25🤣2😢1
မြို့သာအနီးတိုက်ပွဲစစ်တပ်လေကြောင်းရန် ကာကွယ်ရေးတပ်ကဗျူဟာမှူး​သေဆုံး

စက်တင်ဘာ-၁၀၊၂၀၂၆။​ဇော်ဝင်း/People's Spring

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊
ငါန်းဇွန်မြို့နယ်၊မြို့သာမြို့အနီးတိုက်ပွဲမှာ စစ်တပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်က ဗျူဟာမှူး သေဆုံးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၁၀ ရက်)မွန်းလွဲ ၂နာ
ရီ၀န်းကျင်မှာ လေကြောင်းရန် ကာကွယ်ရေးတပ်ဗျူဟာမှူး ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သာမြို့အနီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဗျူဟာမှူး ကျဆုံးတယ်။နန်းတွင်းထဲကို ည
နေကသယ်သွားတယ်"လို့ တံတားဦးခရိုင်
စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

အခြားစစ်​ရေးသတင်းရင်းမြစ်တဦးကလည်း PDFတွေက စစ်တပ်ကားတန်းကို​စောင့်ပြီးတိုက်ခိုက်တာမှာ ဗျူဟာမှူးကားကို အဓိက ထားပစ်တာကြောင့် ဗျူဟာမှူးထသွားပြီးဆေးရုံပို့စဥ်လမ်းမှာ သေဆုံးတယ်လို့​ပြောပါတယ်။

ဒါ့အပြင် တံတားဦးလေဆိပ်ကို ပိတ်ထားပြီး တံတားဦးနဲ့ နွားထိုးကြီးကြားမှာဒီကနေ့ (စက်
တင်ဘာ ၁၀ ရက်)ညပိုင်းအထိ တိုက်ပွဲဖြစ်နေပါတယ်။ ​စစ်တပ်ဘက်က ဗျူဟာမှူးအပါ
အဝင်​သေဆုံး ဒဏ်ရာရသူ​တွေရှိသလိုတော်
လှန်​ရေးတပ်ဖွဲ့ဝင်အချို့လည်းထိခိုက်ကျ
ဆုံးမှုရှိတယ်လို့စုံစမ်းသိရပါတယ်။

"တံတားဦးနဲ့ နွားထိုးကြီးကြားကိုစစ်ကား အစီး ၇၀ လောက်နဲ့ဆင်းလာတယ်"လို့ တံ
တားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့နီးစပ်သူကပြောပါတယ်။

သေဆုံးသွားတဲ့ လေကြောင်းရန် ကာကွယ်
ရေးတပ်ဗျူဟာမှူးနဲ့ နောက်ဆက်တွဲ အသေး စိတ်အချက် အလက်ကို လူထုနွေဦးက ဆက်
လက်စုံစမ်း​​နေဆဲ ဖြစ်ပါတယ်။

စစ်ရေးအချက်အလက်တွေအရတံတားဦးမြို့နယ်မှာအမှတ် (၃၀၂၇) လေကြောင်းရန်ကာကွယ်ရေးတပ်(လကတ-၃၀၂၇) အခြေ
စိုက်ထားပါတယ်။

အဓိကအားဖြင့် အနီးဝန်းကျင်ရှိ တံတားဦးလေတပ်စခန်းဌာနချုပ်နဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို လေကြောင်းရန်အန္တရာယ်တွေက ကာကွယ်ဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဒီက​နေ့ မွန်းလွဲပိုင်းမှာ တံတားဦး​လေတပ်က
တိုက်​လေယာဥ်​​တွေ ထားတဲ့​နေရာကို PDF ​တွေက ဒရုန်းနဲ့တိုက်တာ​ကြောင့် တိုက်​လေယာဥ် ၄ စီးထိခိုက်ပျက်စီးခဲ့ပြီး ၂ စီးကလုံးဝပျက်စီးခဲ့တယ်လို့ ​တော်လှန်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ် ။ စစ်တပ်က​တော့ တံတားဦးခရီးသည်တင်​လေဆိပ်နဲ့အနီးဝန်းကျင်ကို PDF ​တွေကဒရုန်း ၆ စင်းနဲ့တိုက်ခိုက်​ပေမယ့် ဒရုန်း​တွေကိုတားဆီးဖျက်ဆီးနိုင်ခဲ့တယ်လို့လိမ်လည်ထုတ်ပြန်ပါတယ်။YAK-130 တိုက်​လေယာဥ်ကို FPV ဒရုန်းနဲ့ဖျက်ဆီးခဲ့တဲ့ရုပ်သံမှတ်တမ်းကိုလည်း စစ်​ရေးသတင်းရင်းမြစ်အချို့က ​ပေးပို့ပြီး တိုက်​လေယာဥ်ရပ်ထားတဲ့​နေရာကို ဒရုန်းကအနီးကပ်ပျံသန်းတိုက်ခိုက်​ဖောက်ခွဲတာကို
ထင်ထင်ရှားရှားမြင်​တွေ့ရပါတယ် ။
52👏13👍11🤣3👎1🥰1👌1🖕1
45👏13🤣7👍4🔥2💩2👎1🥰1🖕1👻1