သထုံမှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာသူ သေဆုံး
စက်တင်ဘာ-၉၊၂၀၂၆။တေဇ/People's Spring
မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၁၀ ရက် မနက် ၉ နာရီခွဲလောက်မှာ ဆိုင်ကယ်မောင်းလာသူက သထုံမြို့အထွက်က Max ဆီဆိုင်မှာ ဆီထည့်ဖို့ ကွေ့အဝင်မှာ အဝေးပြေးကားနဲ့ တိုက်မိခဲ့တာလို့ ဆိုပါတယ်။
အသက် ၇၂ နှစ်အရွယ် ဆိုင်ကယ်မောင်းလာသူက မျက်ရိုးကွဲ၊ နောက်စေ့ပွင့် ၊ခါးစောင်းပွန်းပဲ့ ၊နံရိုးကျိုးခဲ့ဝာာကြောင့် အကြင်နာတွဲလက်အသင်းက သထုံဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပေမယ့် သေဆုံးသွားတယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်တဲ့လမ်းက အဝေးပြေးလမ်းဖြစ်တာကြောင့် ကွေ့မယ်ဆိုရင် လမ်းရှင်းမရှင်းကြည့်ပြီးမှ ကွေ့သင့်တယ်လို့ ဒေသခံတွေက အကြံပြုထားပါတယ်။
ဒီကနေ့ ၁၁ နာရီလောက်မှာလည်း ရန်ကုန်-သထုံအဝေးပြေးလမ်း သင်းထော်တံတားအနီးမှာ စက်ဘီးစီးလာတဲ့ အမျိုးသမီးကို Probox ကားက တိုက်ပြီးထွက်ပြေးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ယာဉ်တိုက်ခံရတဲ့ အမျိုးသမီး ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ကရင်ပြည်နယ်အသင်းက လူနာတင်ယာဉ်နဲ့ သထုံဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

👍14😢8🔥2👎1
PDFတွေက တံတားဦးလေတပ်ကို ဒရုန်းနဲ့တိုက်ခိုက် တိုက်လေယာဥ်လေးစီးထိခိုက်ပျက်စီးပြီး ၂ စီးမှာလုံးဝပေါက်ကွဲ
စက်တင်ဘာ-၁၀၊၂၀၂၆။ရွက်ဝါ/People’s Spring
အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်လေယာဥ်တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ရေးသတင်းရင်းမြစ် ၂ဦးရဲ့ ပြောပြချက်အရ စက်တင်ဘာ ၁၀ရက်မွန်းလွဲပိုင်းမှာ တံတားဦးလေတပ်ကတိုက်လေယာဥ်တွေကို PDFတွေကတိုက်ခိုက် ခဲ့တာလို့ အတည်ပြုပြီး လေယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုလည်း အတည်ပြုပါတယ်။
“အမှန်ပါ။” လို့ စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။
ထွက်ပေါ်လာတဲ့ တိုက်ခိုက်မှုရုပ်သံမှာ လေယာဥ် ၆စီးခန့် ထားရှိဖို့ ဆောက်လုပ်ထားတဲ့ လေယာဉ်ရုံရှိရာကို ပျံသန်းလာတဲ့ ဒရုန်းဟာ တိုက်လေယာဉ် တစီးရှိရာ ရှေ့တည့်တည့်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ လေယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ ရုပ်သံဖော်ပြထားသူ သတင်းရင်းမြစ်က တိုက်ခိုက်မှုကို ဒရုန်း ၆စီး အသုံးပြု စစ်ရေးဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
အခြားသတင်းရင်းမြစ်တဦးကလည်း “လေးစီးထိသွားတာဟုတ်တယ်။၂စီးကလုံး၀ပေါက်
ကွဲသွားတာ” လို့ ပြောပါတယ်။ စစ်ဆင်ရေးကို PDFက ဖော်ဆောင်တာလို့ သူက အသိ
ပေးပါတယ်။
"တံတားဦး လေဆိပ်မှာ မြန်မာလေတပ်ရဲ့ Yak-130 အပေါ့စားတိုက်လေယာဉ်/အမောင်းသင်လေယာဉ် တစ်စင်းတော့ FPV ဒရုန်းစာမိသွားတယ်လို့ ယူဆရတယ်။ ဗီဒီယိုထဲက aircraft shelter 6 လုံးတွဲက တံတားဦးလေဆိပ်က နေရာဖြစ်တယ်ဆိုတာကို satellite image နဲ့ တိုက်ဆိုင်စစ်ဆေးလို့ရပါတယ်။ဗီဒီယိုမှာမြင်ရတဲ့resolutionမကောင်းလှတာကြောင့်လေယာဉ်ကို IDလုပ်ရတာ ၁၀၀
ရာခိုင်နှုန်းတော့ မသေချာဘူး။ ဒါပေမယ့် Yak-130 တွေက တံတားဦးလေဆိပ်မှာ အခြေစိုက်တာလည်း ရှိထားတဲ့အတွက် အဖြစ်နိုင်ဆုံးပါ။ဒါက မြန်မာပြည်တွင်းအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် လေတပ်စခန်းမှာ ရပ်ထားတဲ့ fixed-wing military aircraft ကို ဒရုန်းနဲ့ တိုက်ခိုက်နိုင်တဲ့ ဗီဒီယိုလို့ မှတ်တမ်းဝင်သွားနိုင်ပါတယ်။" လို့ စစ်ရေး သတင်း၊ ရုပ်သံနဲ့ ဓာတ်ပုံ မှတ်တမ်းတွေ စိစစ်လေ့လာ ဖော်ပြနေတဲ့ Tactical Raptor
က တံတားဦးလေတပ်စခန်း တိုက်ခိုက်ခံရမှု ရုပ်သံအပေါ် သုံးသပ်ရေးသားထားပါတယ်။
ဒါ့အပြင် အခုလိုတံတားဦးလေတပ်ကို တိုက်
ခိုက်တဲ့ စစ်ဆင်ရေးနဲ့ အလားတူ စစ်ရေးဖော်ဆောင်မှုတွေ ဆက်လာမယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။
တံတားဦးလေတပ် တိုက်ခိုက်ခံရမှုနဲ့ပတ်
သက်ပြီး အာဏာသိမ်းစစ်တပ်က ဒီနေ့သတင်းထုတ်ပြန်တာမှာ PDF တွေက ခရီး
သည်တင်လေဆိပ်နဲ့ အနီးဝန်းကျင်ကို ဒရုန်း ၆ စီးဖြင့်တိုက်ခိုက်တာကို စစ်တပ်ဂျန်ဘာတွေက ဟားတားနိုင်ခဲ့ပြီးထိခိုက်မှုမရှိဘူးလို့ လိမ်လည်ထုတ်ပြန်ထားပါတယ်။ ဒရုန်းတိုက်
ခိုက်မှု ဗီဒီယိုမှတ်တမ်းမှာ လေတပ်အတွင်းကတိုက်လေယာဥ်ထားတဲ့နေရာနဲ့တိုက်လေယာဥ်ကိုတိုက်ခိုက်ခဲ့တာထင်ထင်ရှားရှားမြင်တွေ့ရပါတယ်။
သတင်းရင်းမြစ်တဦးကအခုစစ်ဆင်ရေးကို PDF တွေဖော်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး( PDF အထူးလှုပ်ရှားတပ်မ)လည်းပါဝင်တယ်လို့ပြောပါတယ်။ မန္တလေးPDFက စစ်ဆင်ရေးသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
PDFတွေစစ်ရေးဖော်ဆောင်ခဲ့တဲ့ တံတားဦးလေတပ်က စစ်လေယာဉ်တွေဟာ နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားရာဒေသနဲ့ အရပ်သား ပြည်သူနေထိုင်ရာတွေကိုလေကြောင်း တိုက်
ခိုက်မှုတွေ ဆက်တိုက်လုပ်နေတဲ့ အဓိက လေတပ်စခန်းတခုဖြစ်ပါတယ်။
တိုက်ခိုက်ခံရမှုမှာဒရုန်းတွေဟာနွားထိုးကြီး မြို့နယ်ဘက်က လာတယ်ဆိုပြီး လေ
တပ်ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာပဲစစ်တပ်က စစ်ကြောင်းထိုးတာကြောင့် နွားထိုးကြီးမြို့နယ်၊နွားခြံကြီးကုန်းရွာအနီးမှာတော်
လှန်ရေးတပ်တွေနဲ့စစ်အုပ်စု ကြားတိုက်ပွဲပြင်းထန်နေပြီး ယနေ့ည ၆နာရီ ကျော်အထိပစ်ခတ်သံ တွေကြား နေရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
"ဒီနေ့ နွားထိုး- တောင်သာဘက်တွေကိုကင်း ထောက်တွေလည်းဆက်တိုက်ဝဲတယ်။ဒီနေ့ ကင်းထောက်တော်တော်များများကိုပျံနေတာ"လို့ဒေသခံတဦးကပြောပါတယ်။
ဂျန်ဘာ(ဒရုန်းဖျက်စက်)အများဆုံး တပ်ဆင်ထားတဲ့ လေတပ်အတွင်းကို တော်လှန်ရေး တပ်တွေကဒရုန်းတွေနဲ့ ဖြတ်ကျော်ဝင်ရောက်
ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ရုပ်သံ-ပေးပို့
#တံတားဦးလေတပ် #ဒရုန်းနဲ့တိုက်ခိုက်ခံရ
#Peoplesspring #လူထုနွေဦး
#တိုက်လေယာဥ်

❤46👍15👏5🤣3👎1🥰1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(စက်တင်ဘာ ၁၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️PDFတွေက တံတားဦးလေတပ်ကို ဒရုန်းနဲ့တိုက်ခိုက်၊ တိုက်လေယာဥ် ၄စီး ထိခိုက်ပျက်စီး
အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းက တိုက်လေယာဥ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ရေးသတင်းရင်းမြစ် ၂ဦးရဲ့ ပြောပြချက်အရ စက်တင်ဘာ ၁၀ရက် မွန်းလွဲပိုင်းမှာ တံတားဦးလေတပ်က တိုက်လေယာဥ်တွေကို PDFတွေက တိုက်ခိုက်ခဲ့တာလို့ အတည်ပြုပြီး လေယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုလည်း အတည်ပြုပါတယ်။ ထွက်ပေါ်လာတဲ့ တိုက်ခိုက်မှုရုပ်သံမှာ လေယာဥ် ၆စီးခန့် ထားရှိဖို့ ဆောက်လုပ်ထားတဲ့ လေယာဉ်ရုံရှိရာကို ပျံသန်းလာတဲ့ ဒရုန်းဟာ တိုက်လေယာဉ် တစီးရှိရာ ရှေ့တည့်တည့်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ လေယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ ရုပ်သံဖော်ပြထားသူ သတင်းရင်းမြစ်က တိုက်ခိုက်မှုကို ဒရုန်း ၆စီး အသုံးပြု စစ်ရေးဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ၄စီးထိခိုက်ခဲ့ပြီး ၂စီးကလုံး၀ပေါက်ကွဲသွားတာလို့ ပြောပါတယ်။ ဒီလိုတိုက်ခိုက်ခံရမှုမှာ ဒရုန်းတွေဟာ နွားထိုးကြီးမြို့နယ်ဘက်က လာတယ်ဆိုပြီး လေတပ်ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာပဲ စစ်တပ်က အဲဒီဒေသတွေဘက် စစ်ကြောင်းထိုးခဲ့ပါတယ်။ နွားထိုးကြီးမြို့နယ် နွားခြံကြီးကုန်းရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စု ကြားတိုက်ပွဲပြင်းထန်နေပြီး ညနေ ၆နာရီကျော်အထိ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်တပ်ရဲ့ယာဥ်တန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ထပ်မံတိုက်ခိုက်တာမှာ သေဆုံးထိခိုက်မှုတွေ များတယ်လို့ ကနဦးသိရပါတယ်။
◾️ရွှေကူမြို့ ဇင်းဘုံတိုက်ပွဲ စစ်တပ် သေဆုံးမှုများ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာတိုက်ပွဲမှာ စစ်တပ်က သေဆုံးထိခိုက်မှုတွေရှိသလို လက်နက်ချ အညံ့ခံတာတွေလည်းရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ရွှေကူမြို့နယ် ဇင်းဘုံရွာနဲ့ ဗန်းမော်မြို့နယ် စင်းခန်းရွာမှာ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။ သေဆုံးနဲ့ အညံ့ခံတဲ့ စစ်သားတွေ စာရင်းဇယားအချက်အလက် အတိအကျ မသိရသေးပေမယ့် စစ်တပ်ဘက်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ရဲ့ ပြောပြချက်အရ ဇင်းဘုံတိုက်ပွဲမှာ စစ်တပ်ဘက်က တပ်ရင်းမှူးအဆင့် အရာရှိတွေပါ သေဆုံးခဲ့သလို လက်နက်တွေလည်း သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။
◾️စစ်သင်္ဘော ၆စီးကို တစ်ရက်တည်း KIA ထပ်မံဖျက်ဆီး
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စက်တင်ဘာ ၉ရက် မနေ့ကတစ်ရက်တည်း စစ်တပ်ရဲ့ သင်္ဘော ၆စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။ ကချင်ပြည်နယ် ဗန်းမော်စစ်မြေပြင်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်တပ်သင်္ဘောတွေနဲ့ ဗန်းမော်က ပြန်ဆင်းလာတဲ့ သင်္ဘောတွေကို မနေ့က ဆက်လက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်ဟာ ဩဂုတ်လကုန်ပိုင်းမှာ သင်္ဘော ၁၅စီးနဲ့ ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းခဲ့ရာ KIA ရဲ့ တိုက်ခိုက်မှုကြောင့် သင်္ဘော ထက်ဝက်ကျော် ပျက်စီးခဲ့တာကြောင့် စက်တင်ဘာ ဒုတိယပတ်မှာ နောက်ထပ် သင်္ဘော ၆စီးနဲ့ ကချင်ပြည်နယ်ကို ထပ်မံ ဆန်တက်လာတာပါ။ အဲဒီ ဆန်တက်လာတဲ့ သင်္ဘော ၆စီးထဲက ၂စီးကို စက်တင်ဘာ ၉ရက် မနေ့က မနက်အစောမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သလို အရင်က ဗန်မော်မြို့ကို ရောက်ပြီး ပြန်ဆင်းလာတဲ့ သင်္ဘော ၄စီးကိုလည်း မနေ့က မွန်းလွဲပိုင်းမှာ ထပ်မံတိုက်ခိုက်ခဲ့တာပါ။ ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ သင်္ဘော ၄စီးဟာ မနေ့က မနက်ပိုင်းက KIAရဲ့ တိုက်ခိုက်မှုကြောင့် မီးလောင်သွားတဲ့ သင်္ဘောတွေကို လာကြိုတဲ့ သင်္ဘောတွေ ဖြစ်နိုင်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
◾️KIA ဖမ်းမိတဲ့ စစ်သုံ့ပန်း ၁၀၀ကျော်မှာ ဗိုလ်ကြီး ၂ဦး ပါ

👍23❤8🔥2🤣2👏1🖕1
ကချင်ပြည်နယ် ရွှေကူ-ဗန်းမော်ရေကြောင်းတိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် စုစုပေါင်း ၁၅၁ ဦးထဲမှာ ဗိုလ်ကြီး ၂ဦး အပါအဝင် သန္ဓေတပ်ဖွဲ့ဝင်နဲ့ စစ်မှုထမ်း တပ်သားစုစုပေါင်း ၁၁၈ဦး ရှိတယ်လို့ လိုင်ဇာတီဗီက ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂ရက် မနက်အစောမှာ ရွှေကူကနေ ဗန်းမော်မြို့ဘက်ကို ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောအချို့ ကျည်ထိမှန်ပြီး ဆက်လက်ခရီးမဆက်နိုင်ဘဲ ရပ်တန့်သွားလို့ အဖမ်းခံခဲ့တာလို့ ဖော်ပြပါတယ်။ အဖမ်းခံရသူ ၁၅၁ဦးထဲမှာ ဗိုလ်ကြီး ၂ဦး၊ အရာခံဗိုလ် ၅ဦး၊ တပ်ကြပ်ကြီး ၁၄ဦး၊ တပ်ကြပ် ၁၂ဦး၊ ဒုတပ်ကြပ် ၁၆ဦး၊ တပ်သား ၃၅ဦး စုစုပေါင်း စစ်သား ၈၄ဦးပါဝင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး စစ်မှုမထမ်းမနေရ ဥပဒေနဲ့ စစ်သားစုဆောင်းခံထားရတဲ့ လူငယ် ၃၄ဦး ပါဝင်ကြောင်း ဖော်ပြပါတယ်။ အဲဒီစစ်မှုထမ်း တပ်သားတွေထဲမှာ အသက်မပြည့်သေးတဲ့သူတွေလည်းပါဝင်နေကြောင်း အသိပေးပါတယ်။ ဒါ့အပြင် အမျိုးသမီး ရဲမေတာဝန်ထမ်းဆောင်နေတဲ့ စစ်တပ်မိသားစုဝင် ၁၇ဦးနဲ့ သူတို့ရဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ သင်္ဘောကြုံနဲ့လိုက်တဲ့ အရပ်သား ၈ဦးလည်း ပါဝင်ပြီး လတ်တလော သူတို့ကို ထိန်းသိမ်းထားကြောင်း ဖော်ပြပါတယ်။
◾️ILO အစည်းအဝေးတက်ခွင့်ရဖို့ စစ်အုပ်စု ကြိုးစားနေ
မြန်မာ့အရေးဆုံးဖြတ်မယ့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်က ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၂၉) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးမှာ ILO အဖွဲ့ဝင်နိုင်ငံအဖြစ် အစည်းအဝေးကို ပြန်လည်တက်ရောက်ခွင့်ရရှိစေရေးအတွက် အာဆီယံနိုင်ငံတွေက အပြည့်အဝပံ့ပိုးပေးဖို့ စစ်တပ်ခန့် အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ILO ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံအပေါ် ILO က ပုဒ်မ ၃၃အရ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို ရှင်းလင်းခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့ ILO ဟာ စစ်တပ်ကို အစိုးရအနေနဲ့ အသိအမှတ်မပြုထားဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ် အမှုဆောင် ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။ ILO ညီလာခံကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ် အဖွဲ့တွေ တက်ရကြောင်း သူက ရှင်းပြပါတယ်။ အာဏာသိမ်းစစ်တပ်က အလုပ်သမားရေးရာ ဥပဒေပါ ရပိုင်ခွင့်၊အကျိုးခံစားခွင့်နဲ့ အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လပ်စွာဖွဲ့စည်းမှုတွေ အပါအ၀င် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားတည်ထောင်ထားတဲ့အခြေအနေကို လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် ILO ရဲ့ ၃၅၈ ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးမှာ တင်သွင်းမယ်လို့ စစ်တပ်ရဲ့ အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက ဆိုပါတယ်။ အရေးယူပိတ်ဆို့မှုတွေ ပိုဖြစ်လာမယ့် အခြေအနေကို စစ်တပ်က ရှောင်လွှဲချင်တာမျိုးဖြစ်တယ်လို့ အလုပ်သမားအခွင့်အရေးနှစ် ၂၀ ကျော်ကြာ ဆောင်ရွက်နေသူတစ်ဦးက မှတ်ချက်ပြုပါတယ်။
◾️လေးမျက်နှာရေကာတာပိတ်နိုင်ပြီလို့ စစ်အုပ်စုက ကြေညာပြီး နောက်တစ်ရက်မှာ ပြန်ပွင့်ကျ
ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုက ကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာ ၉ရက်ညမှာပဲ ပိတ်ထားတဲ့နေရာကနေ ပြန်ပွင့်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာဟာ ဇူလိုင် ၃၀ ရက် ညမှာ ကျိုးကျခဲ့ပြီး သဲအိတ်တွေဖို့တာနဲ့ Steel Sheet Pile တွေရိုက်သွင်းပြီး တာကျိုးပေါက်ကို ပိတ်ဆို့နိုင်ဖို့ ဩဂုတ် ၄ရက်ကစပြီး စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက လုပ်ခဲ့ကြတာဖြစ်ပါတယ်။ စက်တင်ဘာ ၈ရက် ညမှာတော့ ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်အုပ်စုက ဝါဒဖြန့်ချိရေး စာမျက်နှာတွေက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၉ ရက်ညမှာပဲ ပြန်ပွင့်ပြီး ရေတွေ ဝင်လာတဲ့အတွက် လူနဲ့ပစ္စည်းတွေ နေရာရွှေ့ပြောင်းနေရတယ်လို့ ဒေသခံအချ်ို့က ပြောပါတယ်။
◾️လောင်းလုံးမြို့နယ်မှာ စစ်တပ်က အဘိုးအိုအပါအဝင် အရပ်သား ၅ဦး သတ်ဖြတ်
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ နေအိမ်မီးမရှို့ဖို့တားတဲ့ အသက်(၉၀)ကျော်အရွယ်အဘိုးအို ၁ ဦးအပါအ၀င် အရပ်သား ၅ ဦးထက်မနည်းကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ လောင်းလုံးမြို့အရှေ့ဘက်ခြမ်းက ကုန်းဇရပ်ရွာကို စစ်တပ်စစ်ကြောင်း၀င်ရောက်ပြီး သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။ အဘိုးအိုက သူ့အိမ်ကို မီးမရှို့ဖို့ တားမြစ်ချိန် ပစ်သတ်ခံလိုက်ရပြီး စိတ်မကျန်းမာသူတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ အင်အား ၁၀၀ ၀န်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းက စက်တင်ဘာ ၈ ရက်က ပြင်းထိန်ကျေးရွာကနေ ဝေဒီကျေးရွာကို စစ်ကြောင်းထိုးခဲ့တာလို့ အသိပေးပါတယ်။
◾️ရန်ကုန်မှာ လူတစုက မစင်ထုပ်တွေ လမ်းပေါ်ပစ်ချသွား

🔥11🖕4🤣3
ရန်ကုန်မြို့မှာ ဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၉ ရက် မနေ့က ညဦးပိိုင်းမှာ ကားတစ်စီးနဲ့ လူတစ်စုက မစင်ထုပ်တွေကို လမ်းမပေါ်တွေ ပစ်ချသွားတယ်လို့ ဆိုပါတယ်။ အဲဒီမစင်ထုပ်တွေကို ညဘက်လမ်းသွားလမ်းလာကားတွေက တက်ကြိတ်မိတာကြောင့် အနံ့အသက်ဆိုးတွေ ပတ်ဝန်းကျင်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဆိုးရွားတဲ့အနံ့အသက်တွေနဲ့ မစင်တွေကို လူမှုကယ်ဆယ်ရေးကားတွေနဲ့ ရေတွေသုံးပြီး လိုက်လံဆေးကြောသန့်စင်ပေးခဲ့ကြရပါတယ်။ အများပြည်သူသွားလာနေတဲ့ လမ်းမပေါ်မှာ အညစ်အကြေးထုတ်တွေ စွန့်ပစ်တာက အလွန်ယုတ်ညံ့တဲ့ အလုပ်ဖြစ်ပြီး သက်ဆိုင်ရာဌာနတွေအနေနဲ့ အဲဒီကျူးလွန်သူတွေကို ရှာဖွေ အရေးယူသင့်တယ်လို့ ပြည်သူတွေက မှတ်ချက်ပြုထားကြပါတယ်။ CCTV ကနေ ဘယ်သူတွေလုပ်တယ်ဆိုတာ ရှာဖွေသင့်တယ်လို့လည်းရေးသားနေကြပါတယ်။ ဒါ့အပြင် ဝမ်းရောဂါတွေ ပြန့်နှံ့နေတဲ့ ကာလမှာ ဒီလိုလုပ်ရပ်ကို လုပ်ဆောင်တာက ရောဂါပိုးပြန့်ပွားစေလိုတဲ့ ရည်ရွယ်ချက်ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ ဒါကြောင့် စည်ပင်အနေနဲ့ အဲဒီ့နေရာကို ပိုးသတ်ဆေးဖြန်းတာတွေ ပြုလုပ်ဖို့ တိုက်တွန်းနေကြပါတယ်။
◾️မန္တလေးမှာ ပုဂ္ဂလိက ဝန်ထမ်းစာရင်းကိုပါ စစ်တပ် တောင်းယူနေ
မန္တလေးမြို့မှာ ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းစာရင်းတွေကို အာဏာသိမ်းစစ်တပ်က တောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်မှုထမ်းပေါ်တာဆွဲတာတွေ၊ မဲနှိုက်ခေါ်ယူတာတွေ ဆိုးဆိုးရွားရွားပြုလုပ်နေတဲ့ မန္တလေးမြို့မှာ ရပ်ကွက်တချို့က စားသောက်ဆိုင်၊ ဖုန်းဆိုင် အပါအဝင် အရောင်းဆိုင်အမျိုးမျိုးက ဝန်ထမ်းစာရင်းတွေကိုပါ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေက တောင်းယူနေတာလို့ သိရပါတယ်။ အရင်က ဧည့်စာရင်းပဲတိုင်ရပြီး လက်ရှိမှာတော့ ယောကျာ်းလေး၊ မိန်းကလေး စတဲ့ ဦးရေ စာရင်းတွေပါ ထပ်တောင်းလာတာလို့ မဟာအောင်မြေမြို့နယ်က အရောင်းဆိုင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းခေါ်ယူဖို့အတွက် ယောကျာ်းလေးစာရင်းတောင်းယူတာလို့ ယူဆရကြောင်း၊ ဒါ့ကြောင့် ဝန်ထမ်းအချို့ စိုးရိမ်ပြီး အလုပ်ထွက်ကာ နယ်ပြန်တာတွေ ရှိလာကြောင်း အရောင်းဆိုင်ရှင်အချို့က ပြောပါတယ်။
◾️မကွေးမှာလည်း (၁၉)နှစ်အရွယ် လူငယ် မုန့်စားသွားရင်း ပျောက်ဆုံးနေ
မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။ စက်တင်ဘာ ၉ ရက် မနေ့ မနက် ၇ နာရီခန့်က မကွေးမြို့၊ မြသီတာလမ်း၊ သိင်္ဂါရပ်နေ အသက် ၁၉ နှစ်အရွယ်မောင်ကောင်းခန့်ကျော်ဆိုသူဟာ မနက်စာသွားစားမယ်ဆိုပြီး နေအိမ်ကနေ ထွက်ခွာသွားရာကနေ ပြန်မလာတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်ကြောင်း မကွေးမြို့အခြေစိုက် ပရဟိတသမား ကိုမိုးဆိုသူက လူမှုကွန်ရက် Tiktok ကနေ အကူအညီတောင်းခံကာ ပြောပြထားပါတယ်။ ပျောက်ဆုံးနေတဲ့ မောင်ကောင်းခန့်ကျော်ကို တွေ့တဲ့သူများရှိရင် ပရဟိတသမားဆီသို့မဟုတ် မိဘတွေဆီ အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ လတ်တလောမှာ ရန်ကုန်မြို့အပါအဝင် နေရာအများအပြားမှာ လူငယ်တွေ ပျောက်ဆုံးနေမှု မကြာခဏဖြစ်ပွားနေပါတယ်။
◾️မန္တလေးမှာ ပေါ်တာဆွဲကြမ်းနေချိန် ဇာတ်ပွဲနဲ့ စတိတ်ရှိုးတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေ
မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ မန္တလေးမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ သူ့လက်အောက်ခံ ပျူစောထီးတွေက ပေါ်တာဆွဲတာတွေ၊ ရပ်ကွက်တွေထဲ စစ်မှုထမ်းမဲနှိုက်ခေါ်ယူတာတွ ပြုလုပ်နေတဲ့အချိန် ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကပဲ စိုင်းစိုင်းခမ်းလှိုင် စတိတ်ရှိုးကို The First Mandalay Event Park မှာ ပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာ ၃ ရက်မှာလည်း အဆိုတော် ဘန်နီဖြိုးက စိုင်းစိုင်းခမ်းလှိုင် စတိတ်ရှိုးပြုလုပ်ခဲ့တဲ့နေရာမှာပဲ စတိတ်ရှိုး ပြုလုပ်မှာ ဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် လာမယ့် စက်တင်ဘာ ၁၃ ရက်မှာ စမ်းရေမိုးဇာတ်အဖွဲ့က အာဏာသိမ်းစစ်တပ်ရဲ့ ခန်းမကြီးတစ်ခုဖြစ်တဲ့ ၇၈ လမ်းနဲ့ ၃၈ လမ်းထောင့်က ရတနာပုံခန်းမမှာ ဖျော်ဖြေပွဲ ပြုလုပ်မှာ ဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ အဲဒီခန်းမရှေ့မှာ စစ်တပ်အာဏာသိမ်းပြီး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ဖူးပြီး လူငယ်တွေ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခံခဲ့ရတဲ့နေရာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ ဇာတ်မင်းသား အောင်ဇမ္ဗူကလည်း အမရပူရမြို့မှာ စက်တင်ဘာ ၁၆ ရက်ကနေ ၁၉ ရက်အထိ ဖျော်ဖြေပွဲပြုလုပ်မှာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် ဇာတ်မင်းသား သူရဝင်းထွဋ်ကလည်း အောင်ပင်လယ် ၅၁ လမ်းမှာ စက်တင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိ ဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဥ်ထားကြောင်း ကြေညာထားပါတယ်။

🔥15🖕4🤮2🤣2