People's Spring
60K subscribers
71K photos
1.23K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့သည့် စိုင်းစိုင်းခမ်းလှိုင် စတိတ်ရှိုးအား တွေ့ရစဥ်။ ဓါတ်ပုံံ - Sai Sai Kham Leng)
👎23🖕12🤮83🔥1👏1💩1🤣1
တံတားဦးလေတပ်စခန်းဒရုန်းနဲ့တိုက်ခံရ

■​လေတပ်တိုက်ခိုက်ခံရပြီးနွားထိုးကြီးမြို့နယ်မှတိုက်ပွဲဖြစ်

စက်တင်ဘာ-၁၀၊၂၀၂၆။ကတ်သရင်း/People's Spring

အာဏာသိမ်းစစ်တပ်ရဲ့တံတားဦး လေတပ်ကို​တော်လှန်​ရေးတပ်​တွေက ဒီနေ့ မွန်းလွဲပိုင်းမှာ ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ရေးသ
တင်းအရင်းမြစ် တွေကပြောပါတယ်။

"ကာမီကာဆယ်အသေခံဒရုန်းတွေလို့ သိရတယ်။အထိခိုက် သေချာမသိရဘူး။အခုတတပ်လုံးအဝင်အထွက်ပိတ်ပြီးလုံခြုံရေးတွေထပ်ကြပ်နေတယ်"လို့ စစ်ရေး သတင်းအရင်းမြစ်တဦးက ပြောပါတယ်။

​လေတပ်တွင်းထိခိုက်ပျက်စီးမှုနဲ့ လေယာဉ်ပျက်စီးမှု ရှိ ၊မရှိ စတဲ့အသေးစိတ်အ​ခြေအ​နေ​တွေကိုတော့မသိရသေးပါဘူး။တံတားဦး​လေတပ်တိုက်ခိုက်ခံရပြီး​​နောက် တံတားဦး ခရီးသည်တင်​လေဆိပ်က ​လေယာဥ်ခရီးစဥ်​တွေကိုလည်းဖျက်သိမ်းခဲ့တယ်လို့သတင်းရရှိပါတယ်။ဒါ့အပြင် စစ်တပ်က တိုက်ခိုက်​ရေးရဟတ်ယာဥ်​တွေနဲ့ ​လေတပ်အနီးနဲ့ နွားထိုးကြီးမြို့နယ်ဘက်ကိုဆက်တိုက်ပျံတက်​နေတယ်လို့ ​စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ် ။

ဒီလိုတိုက်ခိုက်ခံရမှုမှာဒရုန်းတွေဟာနွားထိုးကြီး မြို့နယ်ဘက်က လာတယ်ဆိုပြီး လေ
တပ်ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာပဲစစ်တပ်က စစ်ကြောင်းထိုးတာကြောင့် နွားထိုးကြီးမြို့နယ်၊နွားခြံကြီးကုန်းရွာအနီးမှာတော်
လှန်ရေးတပ်တွေနဲ့စစ်အုပ်စု ကြားတိုက်ပွဲပြင်းထန် နေပြီး ယနေ့ည ၆နာရီ ကျော်အထိပစ်ခတ်သံ တွေကြား နေရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

"ဒီနေ့ နွားထိုး- တောင်သာဘက်တွေကိုကင်း ထောက်တွေလည်းဆက်တိုက်ဝဲတယ်။ဒီနေ့ ကင်းထောက်တော်တော်များများကိုပျံနေတာ"လို့ဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ယာဥ်တန်းကို ​တော်လှန်​ရေးတပ်​တွေက ဒရုန်းနဲ့ထပ်မံတိုက်ခိုက်တာမှာ​သေဆုံထိခိုက်မှု​​တွေများတယ်လို့ကနဦးသတင်းရရှိပါတယ် ။ဒါ​​ပေမယ့်အ​သေးစိပ်အ​ခြေအ​နေကိုမသိရ​သေးပါဘူး။

ဂျန်ဘာ(ဒရုန်းဖျက်စက်)အများဆုံး တပ်ဆင်ထားတဲ့ လေတပ်အတွင်းကို တော်လှန်ရေး တပ်တွေကဒရုန်း​တွေနဲ့ ဖြတ်​ကျော်ဝင်​ရောက်
ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။စစ်တပ်ရဲ့တံတားဦး​လေတပ်ကို ဘယ်​တော်လှန်​ရေးအဖွဲ့ကတိုက်ခိုက်တယ်ဆိုတာကို​တော့မသိရ​သေးပါဘူး ။


#တံတားဦးလေတပ် #ဒရုန်းနဲ့တိုက်ခိုက်ခံရ
#Peoplesspring #လူထုနွေဦး
49👏18👍4🥰2🤣2🖕2👎1
တံတားဦး​လေတပ်ကို Google Earth ​မြေပုံမှာ​တွေ့ရစဥ်
👍4816👏14👌2👎1🥰1🤣1🖕1
မြန်မာ့အရေးဆုံးဖြတ်မယ့်ILO အစည်းအ​​​ဝေးမှာတက်ခွင့်ရဖို့ စစ်အုပ်စုကြိုးစား​နေ

စက်တင်ဘာ-၁၀၊၂၀၂၆။ဇော်၀င်း/People's Spring

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်
ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်း
အဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုး
ပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်
သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အ
မှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၁၀ ရက်)ထုတ် စစ်
တပ်၀ါဒဖြန့်သတင်းစာတွေမှာလည်း ဩဂုတ် ၂၆ ရက်က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ (၂၉) ကြိမ်မြောက်အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးမှာ ILO အဖွဲ့ဝင်နိုင်ငံအ
ဖြစ်အစည်း အဝေးကို ပြန်လည်တက်ရောက်ခွင့်ရရှိစေရေးအတွက် အာဆီယံနိုင်ငံတွေက အပြည့်အဝပံ့ပိုးပေးဖို့ စစ်တပ်ခန့် အလုပ်
သမားဝန်ကြီး ဦးခင်မောင်စိုးက ဆွေးနွေးခဲ့တယ်လို့ ‌ဖော်ပြထားပါတယ်။

ဒါ့အပြင် ILO ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံပြီးမြန်မာနိုင်ငံအပေါ် အာတီကယ် (33) အရဆုံးဖြတ်ချက်ချမှတ်ခဲ့တာကြောင့် မြန်မာနိုင်
ငံအတွက် ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ပုံမှန်အခြေအနေတွေအရILOညီလာခံကို အဖွဲ့၀င်နိုင်ငံတိုင်းရဲအစိုးရ၊အလုပ်ရှင်၊အ
လုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ် အဖွဲ့တွေက တက်ရတယ်ပေမယ့် ILO က မြန်မာစစ်တပ်ကိုအစိုးရအနေနဲ့ အသိအမှတ်မပြုတာကြောင့် ILO ညီလာခံ၊အစည်းအဝေးကို မြန်မာစစ်တပ်လက်အောက်ခံ အလုပ်သမား
၀န်ကြီးဌာနက တက်ရောက်ခွင့်မရတာဖြစ်ပါတယ်။

"စစ်တပ်ကဒီ ILO အစည်းအဝေးတွေမှာ ပြန်
လည်တက်ရောက်ခွင့်ရဖို့ ကြိုးစားနေတာက နိုင်ငံတကာမှာ ဒီတရားဝင်မှုနဲ့ အသိအမှတ်
ပြုမှုပေါ့နော် ပြန်လည်ရရှိဖို့အတွက် ကြိုးစားမှု တစိတ်တပိုင်းဖြစ်တယ်လို့ ကျွန်မတို့အနေနဲ့ မြင်တယ်။ အထူးသဖြင့် Article 33 ချမှတ်ပြီးတဲ့နောက်မှာအာဆီယံနိုင်ငံတွေရဲ့ ထောက်
ခံမှုကို ရယူပြီးတော့ဒီ ILOအစည်းအဝေးတွေကို ပြန်လည်တက်ရောက်ခွင့်ရဖို့ ကြိုးပမ်းနေတယ်ဆိုတာကိုလည်း သူတို့ကိုယ်တိုင်လည်း ထုတ်ဖော်ပြောဆိုထားတယ်"လို့ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

ILO ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့စောင့်ကြည့်ရေးယန္တရား စုံစမ်းစစ်ဆေးရေးကော်မရှင် တိုက်တွန်းချက်တွေဖြစ်တဲ့အလုပ်သမားရေး
ရာဥပဒေပါရပိုင်ခွင့်၊အကျိုးခံစားခွင့်နဲ့အလုပ်
သမားအဖွဲ့အစည်းတွေလွတ်လပ်စွာဖွဲ့စည်း
မှုတွေ အပါအ၀င် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရားတည် ထောင်ထားတဲ့အခြေအနေကို လာမယ့်နို
ဝင်ဘာလမှာကျင်းပမယ့် ILO ၃၅၈ ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့ (Governing Body) အစည်းအဝေးမှာ တင်သွင်းမယ်လို့စစ်တပ်အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက ဆိုပါတယ်။

"အရေးယူပိတ်ဆို့မှုတွေပိုဖြစ်လာမယ့် အခြေ
အနေကို စစ်တပ်က ရှောင်လွှဲချင်တာမျိုးပေါ့။နောက်ပြီးဒါမြန်မာနိုင်ငံအပေါ်မှာပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတဲ့ ILO ရဲ့ သတ်
မှတ်ချက်တွေ ဖြစ်တယ်။ဒါကို စစ်တပ်ဘက်က လိုက်နာဆောင်ရွက်တယ်ဆိုရင် အရေး ယူမှုတွေကိုပြင်းပြင်းထန်ထန်မလုပ်ဘဲ တ
ဖြည်းဖြည်းဖြေလျော့တာတွေ ဖြစ်လာနိုင်တယ်။ပြင်းထန်တဲ့ချိုးဖောက်မှုတွေ ဆက်
လက်ဖြစ်ပွားနေတယ်ဆိုတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က တွေ့ရှိရင် မြန်မာအပေါ် ပြင်းထန်တဲ့အရေးယူပိတ်ဆို့မှုတွေထပ်ဖြစ်
လာလိမ့်မယ်"လို့ အလုပ်သမားအခွင့်အရေး နှစ် ၂၀ ကျော်ကြာဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

မြန်မာစစ်တပ်အနေ နဲ့ ILO စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြုချက်တွေ အပေါ် ဘယ် လို အကောင်အထည်ဖော် ဆောင်ရွက်ထားတယ်ဆိုတဲ့အချက် အလက် အပြည့်အစုံ ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့ ထက်နောက်မကျစေဘဲ ILO ညွှန်ကြားရေးမှူးချုပ်ထံတင်ပြရမှာဖြစ်ပါတယ်။

အဲဒီတင်ပြချက်တွေအပါအ၀င်လာမယ့် ၂၀၂၆ နိုဝင်ဘာလ မှာ ကျင်းပမယ့် (၃၅၈) ကြိမ်မြောက် ILO အုပ်ချုပ်ရေးအဖွဲ့အစည်း
အဝေးမှာ မြန်မာ့အရေးဆွေးနွေးမယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးအဓိကဆွေးနွေးမယ့်အချက်တွေအရပထမအချက်ကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့တိုက်တွန်းချက်တွေကို မြန်မာစစ်တပ်ဘက်က လိုက်နာအကောင်အထည်ဖော်မှုနဲ့ ၂၀၂၅ ခုနှစ် ILO ညီလာခံက ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ အရ ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ILO ဖွဲ့ဝင်နိုင်ငံတွေ၊ အလုပ်ရှင်အဖွဲ့အစည်းတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေ ရဲ့ လိုက်နာဆောင်ရွက်ထားမှုတွေကို သုံးသပ်မှာ ဖြစ်ပါတယ်။

အလုပ်သမားပြည်သူတွေကို တရားဖမ်းဆီးသတ်ဖြတ်တာ၊လုပ်ငန်းခွင်မှခြိမ်းခြောက်တာ နဲ့ စစ်မှုမထမ်းမနေရဥပဒေပြဌာန်းပြီးစစ်သားသစ်စုဆောင်းတာနဲ့ အလုပ်သမားအဖွဲ့အ
စည်းတွေကို မတရားအသင်းကြေညာခဲ့တာအပါအဝင် ဖိနှိပ်အကြမ်းဖက်မှုတွေ ကျူး
လွန်ခဲ့တဲ့အာဏာသိမ်းစစ်အုပ်စုကြောင့် ကု
လသမဂ္ဂ (UN)လက်အောက်ခံအပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILOက Article 33 ( ပုဒ်မ ၃၃) အသုံးပြုဖို့ ၂၀၂၅ ဇွန်လမှာ ဆုံးဖြတ်ခဲ့ပါတယ်။

ကနဦးအရေးယူမှုအရမြန်မာနိုင်ငံနဲ့ပတ်သက်လို့ လေယာဥ်ဆီရောင်းတာ၊လက်နက်ပစ္စည်းတွေရောင်းတာနောက်နည်းပညာပိုင်းဆိုင်ရာအကူအညီပေးတာ၊နိုင်ငံတကာ ရန်ပုံငွေစီးဆင်းမှုနဲ့ ဘယ်လိုဆက်ဆံရေးကိုမဆို ILO အဖွဲ့ နိုင်ငံတိုင်းက ပြန်စိစစ်ရမှာဖြစ်ပါတယ်။
🤮22👍134🤣2👎1👏1😁1🎉1
"ILO ရဲ့ပုဒ်မ ၃၃အရ မြန်မာနိုင်ငံအပေါ် အ
ပြင်းထန်ဆုံး ပိတ်ဆို့မှုတွေ ချမှတ်နိုင်ပါသေးတယ်"ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

ဒါ့အပြင်အခုနှစ်ဇွန်လ ၆ ရက်ကအပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (ILC)ရဲ့ (၁၁၄) ကြိမ်မြောက်အစည်းအဝေးမှာ"မြန်မာနိုင်ငံဆိုင် ရာ အထူးအစည်း အဝေး"ပြုလုပ်ခဲ့ပြီး စစ်တပ်ရဲ့ ချိုးဖောက်မှုတွေ အပေါ် အနီးကပ်စောင့်ကြည့် အရေးယူမယ့် ဆုံး ဖြတ်ချက်တွေကိုအတည်ပြုခဲ့ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာအလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေအတွက် အ
ရေးယူရန် ILO ဖွဲ့စည်းပုံ အပိုဒ်-၃၃ (Article 33) ကို ထိရောက်စွာ အကောင် အထည်ဖော်မယ့် "လုပ်ငန်းကော်မတီပါဝင်သော စောင့်ကြည့်ရေးယန္တရား" (Monitoring Mechanism) တစ်ရပ်တည်ထောင်ဖို့ အရေး
ကြီးတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။
👍29🤣4👏31👎1😁1
ILO ညီလာခံကျင်းပ​နေစဥ်။ဓါတ်ပုံ-ILO
👎19👍12🔥31👏1🤣1
ပြည်သူ့ခုခံတွန်းလှန်စစ် (၅) နှစ်ပြည့်အဖြစ် ကျဆုံးရဲဘော်တွေ ရည်စူးပြီး ဆွမ်းကပ်လှူဒါန်း

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်

ပြည်သူ့ခုခံတွန်းလှန်စစ် (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျဆုံးတော်လှန်ရေးရဲဘော်တွေကို ရည်စူးကာ ဆွမ်းကပ်လှူဒါန်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ (စက်တင်ဘာ ၁၀) မှာ ထုတ်ပြန်ပါတယ်။

ခုခံစစ် (၅) နှစ်တာ ကာလအတွင်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် စစ်မျက်နှာအသီးသီးမှာ အသက်ပေးလှူသွားခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ မဟာမိတ်တော်လှန်ရေးရဲဘော်တွေကို ရည်စူးကာ ပင့်သံဃာတော်တွေကို နေ့ဆွမ်း၊ သင်္ကန်းနဲ့ နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့တာပါ။

ယင်းအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အုပ်ချုပ်ရေးနယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတွေ အပါအဝင် ဖိတ်ကြားထားသော အရပ်ဘက်တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

နွေဦးတော်လှန်ရေး အပါအဝင် ခေတ်အဆက်ဆက် ပြည်သူ့တော်လှန်ရေးအတွင်း အသက်ပေးလှူသွားခဲ့ကြတဲ့ ရဟန်းရှင်လူ၊ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်အားလုံး ကောင်းရာသုဂတိသို့ ရောက်ရှိစံစားနိုင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မေတ္တာပို့သ၊ အမျှပေးဝေခဲ့ပါတယ်။
37🙏7🫡4👍3🤣2🖕2🤮1
ဓာတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
41👍9🫡6🤣2🥰1🤮1🖕1
စစ်ကိုင်းတိုင်းမှာ အမျိုးသမီးမဟာမိတ်အင်အားစု (၅)နှစ်ပြည့် အထိမ်းအမှတ်လှုပ်ရှားမှု ပြုလုပ်

စက်တင်ဘာ ၁၀၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

အမျိုးသမီးမဟာမိတ်အင်အားစု(WAB) ရဲဘော်တွေက အမျိုးသား၊ အမျိုးသမီး၊ LGBT စတဲ့ ဂျန်ဒါခွဲခြားမှု ပပျောက်ရေး၊ တန်းတူအခွင့်အရေးပေး ဆက်ဆံရေး တို့ကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။

တန်းတူရေးဆိုတာက အမျိုးသမီးတွေကို နေရာတစ်နေရာပေးထားရုံ၊ အရေအတွက်တစ်ခုအဖြစ် ထည့်သွင်းထားရုံနဲ့ ပြည့်စုံတာမဟုတ်ကြောင်း၊ သူတို့ရဲ့အသံကို ကြားရဖို့၊ ဆုံးဖြတ်ချက်တွေမှာ အမှန်တကယ် ပါဝင်နိုင်ဖို့နဲ့ အမျိုးသမီးဖြစ်ခြင်းကြောင့် နောက်တစ်လှမ်းဆုတ်နေရစရာမလိုတဲ့ နိုင်ငံရေးပတ်ဝန်းကျင်တစ်ခု ဖြစ်လာအောင် ဖန်တီးပေးနိုင်ဖို့ဖြစ်ကြောင်း WAB က ဆိုပါတယ်။
👍20🥰62🤮2😁1🤣1🖕1
ဓာတ်ပုံ - Women Alliance Burma
👍29🥰5🤮3🖕2😁1🤣1
သထုံမှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာသူ သေဆုံး

စက်တင်ဘာ-၉၊၂၀၂၆။တေဇ/People's Spring

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက် မနက် ၉ နာရီခွဲလောက်မှာ ဆိုင်ကယ်မောင်းလာသူက သထုံမြို့အထွက်က Max ဆီ‌ဆိုင်မှာ ဆီထည့်ဖို့ ကွေ့အဝင်မှာ အဝေးပြေးကားနဲ့ တိုက်မိခဲ့တာလို့ ဆိုပါတယ်။

အသက် ၇၂ နှစ်အရွယ် ဆိုင်ကယ်မောင်းလာသူက မျက်ရိုးကွဲ၊ နောက်စေ့ပွင့် ၊ခါးစောင်းပွန်းပဲ့ ၊နံရိုးကျိုးခဲ့ဝာာကြောင့် အကြင်နာတွဲလက်အသင်းက သထုံဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပေမယ့် သေဆုံးသွားတယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်တဲ့လမ်းက အဝေးပြေးလမ်းဖြစ်တာကြောင့် ကွေ့မယ်ဆိုရင် လမ်းရှင်းမရှင်းကြည့်ပြီးမှ ကွေ့သင့်တယ်လို့ ဒေသခံတွေက အကြံပြုထားပါတယ်။

ဒီကနေ့ ၁၁ နာရီလောက်မှာလည်း ရန်ကုန်-သထုံအဝေးပြေးလမ်း သင်းထော်တံတားအနီးမှာ စက်ဘီးစီးလာတဲ့ အမျိုးသမီးကို Probox ကားက တိုက်ပြီးထွက်ပြေးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ယာဉ်တိုက်ခံရတဲ့ အမျိုးသမီး ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ကရင်ပြည်နယ်အသင်းက လူနာတင်ယာဉ်နဲ့ သထုံဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
👍14😢8🔥2👎1