People's Spring
60K subscribers
71K photos
1.23K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
လေးမျက်နှာရေကာတာပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီးနောက်တစ်ရက်မှာ ပြန်ပွင့်ကျ

စက်တင်ဘာ-၁၀၊၂၀၂၆။အိမ်သွင်/People's Spring

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေ
ပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာဟာ ဇူလိုင်လ ၃၀ ရက် ညမှာ ကျိုးကျခဲ့ပြီး သဲအိတ်တွေဖို့တာနဲ့ Steel Sheet Pile တွေရိုက်သွင်းပြီး တာကျိုးပေါက်ကို ပိတ်ဆို့နိုင်ဖို့ဩဂုတ်လ ၄ရက်ကစပြီးစစ်တပ်လက်
အောက်ခံဌာနဆိုင်ရာတွေကလုပ်ခဲ့ကြတာဖြစ်ပါတယ်။

စက်တင်ဘာလ၈ရက်နေ့ညမှာတော့ ရေဝင်
လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်အုပ်စုက ဝါဒဖြန့်ချီရေးစာမျက်နှာ​တွေကကြေညာခဲ့ပါတယ်။Jumbo Bags(သဲအိတ်)
တွေချတာ၊သံမဏိဒေါက်တိုင်တွေထပ်မံကျားကန် ထောက်ပေးခြင်းလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမယ့် စက်တင်ဘာ ၉ ညမှာပဲ ပြန်ပွင့်ပြီးရေတွေဝင်လာတဲ့အတွက် လူနဲ့ပစ္စည်းတွေ နေရာရွှေ့ပြောင်းနေရတယ်လို့ ဒေသခံ အချ်ို့ကပြောပါတယ်။

"စိုက်ထားတဲ့ သံတိုင်တွေက အတွင်းဘက်ကို ယိုင်လာပြီး ၆ချောင်း ပွင့်ကျတာ။ လေးမျက်
နှာ မြို့ထဲရေတိုက်ရိုက် ပြန်ဝင်နေပါပြီ။အဲ့ဒီနားက သဘ်ော‌တွေ၊ စက်လှေတွေပါ မျောပါမှာစိုးလို့ နေရာရွှေ့ရတယ်"လို့ ရေဘေးကယ်
ဆယ်ရေး လုပ်နေသူတစ်ဦးကပြောပါတယ်။

မြို့ခံတစ်ဦးကလည်း "ညတွင်းကြီးဆိုတော့ တော်တော်ဒုက္ခရောက်တယ်။ ပထမတစ်ခါလို တာကျိုးကျတာမဟုတ်တဲ့အတွက် အသက်လုပြီးတော့ မပြေးရဘူး။ဒါပေမယ့်ရေက အ
တွင်းဘက်ကို ဆက်ဝင်နေပြီ"လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ဇူလိုင်လ ၃၀ ရက်ညမှာတာကျိုးကျပြီးနောက်
ပိုင်း ဒေသခံတွေနဲ့တွေ့ဆုံစဉ်မှာ စစ်တပ်လက်​အောက်ခံဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က တာကို ရက်အနည်းငယ်အတွင်းပိတ်ဆို့နိုင်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ရေဘေးကာလ တစ်လကျော်မှပိတ်နိုင်ခဲ့သ
လိုအဲဒီနေရာကပဲပြန်ပွင့်ကျတာဖြစ်ပါတယ်။

ရေကာတာကျိုးကျမှုကြောင့် လေးမျက်နှာမြို့နယ်အပြင်ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်း၊ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ မြို့ပေါ်ရပ်ကွက်တွေနဲ့ကျေးရွာအချို့ ရေကြီးနစ်မြုပ်နေဆဲဖြစ်ပါတယ်။တစ်လကျော်ကြာရေမြုပ်နေလို့ ဒေသ
ခံတွေ ဒုက္ခရောက်နေပြီး လယ်ဧကများစွာပျက်စီးခဲ့ပါတယ်။ရေဘေးကြောင့် သေဆုံးသူဦးရေလည်း ၁၅ဦးထက်မနည်းရှိလာပြီဖြစ်ပါတယ်။

လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း ညောင်တုန်းမြို့နယ်၊ချောင်ဖျားကျေးရွာမှာရှိတဲ့ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းရေကာတာကလည်း ဩဂုတ်လ ၂၅ရက်နံနက်ပိုင်းမှာအိကျပြီးကျိုးကျမယ့်အန္တရာယ်ကြောင့် လူအင်အားထောင်ချီသုံးပြီး အရေးပေါ် ပိတ်ဆို့နေရပါတယ်။

ရုပ်သံ-​CJ

#လေးမျက်နှာရေကာတာပြန်ပေါက်
#ငဝန်မြစ် #ဧရာဝတီရေဘေး
#peoplesspring #ludunwayoo
😁347👍5🤣3👎1
Media is too big
VIEW IN TELEGRAM
👍31🤣158🔥6🤬2👎1😁1
ရွှေကူမြို့ ဇင်းဘုံတိုက်ပွဲ စစ်တပ် သေဆုံးမှုများ၊ အညံ့ခံတာလည်းရှိဟု KIA ပြော

စက်တင်ဘာ ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုတွေရှိသလို လက်နက်ချ အညံ့ခံတာတွေလည်းရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း လတ်တလော မြေပြင်တိုက်ပွဲအခြေအနေတွေအကြောင်းမေးမြန်းရာ ရွှေကူမြို့နယ် ဇင်းဘုံရွာနဲ့ ဗန်းမော်မြို့နယ် စင်းခန်းရွာမှာ တိုက်ပွဲတွေ ဆက်ရှိနေတဲ့ အခြေအနေကို ပြောပါတယ်။

" မနေ့က ဇင်းဘုံဆိုတဲ့နေရာမှာ ပြင်းထန် တိုက်ခိုက်မှုရှိတယ်။ အဲဒီ စကစအဖွဲ့တွေ တော်တော်များများ ကျသွားတာ တချို့တွေ အညံ့ခံသွားတာ ပါတယ်တဲ့” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သေဆုံးနဲ့ အညံ့ခံတဲ့ စစ်သားတွေ စာရင်းဇယားအချက်အလက် အတိအကျ မသိရသေးပေမဲ့ စစ်တပ်ဘက်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ ပြောပါတယ်။

" သူတို့အတွက်လည်း အခက်အခဲတွေ အများကြီးရှိမှာပါ"လို့ ဒေသတွင်း စစ်ကောင်စီတပ်တွေရဲ့ အခြေအနေကို ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ရဲ့ ပြောပြချက်အရ ဇင်းဘုံတိုက်ပွဲမှာ စစ်တပ်ဘက်က တပ်ရင်းမှူးအဆင့် အရာရှိတွေပါ သေဆုံးခဲ့သလို လက်နက်တွေလည်း သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ကချင်ပြည်နယ်၊ ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ပထမအသုတ် စစ်သင်္ဘောတွေ တက်လာစဉ်ကတည်းက ဇင်းဘုံနဲ့ စင်းခန်းတကြောမှာ မြေပြင်တိုက်ပွဲတွေ ခဏခဏ ဖြစ်ကာ ပြင်းထန်ခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က စင်းခန်းတံတား သိမ်းနိုင်တယ်၊ စင်းခန်းတံတားကို KIA ဘက်က ဗုံးခွဲတယ်လို့ ဝါဒဖြန်တာတွေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက အခုလို ရှင်းပြပါတယ်။

“ဒါက လုံး၀ မှန်ကန်မှုမရှိဘူးလို့ ဦးစွာ ပြောလိုပါတယ်။ အဲဒီ စင်းခန်း တ၀ိုက်မှာလည်း ကျနော်တို့ ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ နောက် စင်းခန်းတံတားကို ဗုံးကြဲတာ ကျနော်တို့ မဟုတ်ပါဘူး။ လေကြောင်းကနေ ဗုံးကြဲတာ စကစကနေ ဗုံးကြဲတာ ဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်တပ်ဟာ ဧရာ၀တီမြစ်ကူးတံတားကို ဗုံးကြဲတိုက်ခိုက်တာဟာ အဲဒီဒေသကို KIAက ထိန်းချုပ်ထားတဲ့အပေါ် တုန့်ပြန်ခြင်းဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပါတယ်။

“သူတို့ရဲ့ သင်္ဘော သွားလာတဲ့ နေရာ အဲဒီလမ်းကြောမှာ စင်းခန်းက အရေးကြီးတာ။ ဒုတိယ အချက်ကတော့ အဲဒီ စင်းခန်းတံတားလည်း အင်မတန်ဗျူဟာမြောက်တဲ့ ကသာနဲ့ ဗန်းမော် တရုတ်ပြည်ဘက်ကို ဆက်သွယ်ထားတဲ့ တံတားကြီးဖြစ်နေတာ။ ကျနော်တို့က အဲဒီ စင်းခန်းတံတား ပတ်ဝန်းကျင်မှာ ခြေကုတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့က စင်းခန်းတံတားကို အခုလို မျိုး အကြီးအကျယ်ဗုံးကြဲတိုက်ခိုက်တာ ဖြစ်နိုင်ပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

ရွှေကူနဲ့ ဗန်းမော်ဒေသမှအပ ကျန် ကချင်ပြည်နယ်ဒေသတွေမှာတော့ တိုက်ပွဲပြင်းထန်တာတွေ လတ်တလော မရှိဘူးလို့လည်း ပြောပါတယ်။

စစ်တပ်ဟာ ၂၀၂၄ ဒီဇင်ဘာကတည်းက KIAက မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ ဗန်းမော်ကို ရေကြောင်းကနေ စစ်အင်အား၊ လက်နက်ခဲယမ်းဖြည့်တင်းဖို့ အခု ၂၀၂၆မှာ ထပ်မံကြိုးပမ်းလာတာပါ။

ဩဂုတ်လကုန်ပိုင်းမှာ ကချင်ပြည်နယ်ကို ပထမအသုတ်အဖြစ် သင်္ဘော ၁၅စီးပါ သင်္ဘောအုပ်စု ဝင်ရောက်လာရာ ကသာနဲ့ ရွှေကူအကြား သင်္ဘော ၁စီး၊ ရွှေကူနဲ့ ဗန်းမော်အကြား သင်္ဘော ၁၁စီး တိုက်ခိုက်ဖျက်စီးခဲ့ပါတယ်။ ဒါ့အပြင်စက်တင်ဘာ ဒုတိယပတ်မှာ သင်္ဘော ၆စီးပါ ဒုတိယ အသုတ်သင်္ဘောအုပ်စု ထပ်မံ ဝင်ရောက်လာရာ KIAက စက်တင်ဘာ ၉ရက်မှာ တိုက်ခိုက်ခဲ့လို့ သင်္ဘော ၂စီး ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါကြောင့် ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၉ရက်နေ့အထိ နှစ်ပတ်တာအတွင်း စစ်တပ်သင်္ဘောအုပ်စုက သင်္ဘော ၁၄စီးကို KIA ပူးပေါင်းတပ်က ဖျက်ဆီးခဲ့ပါတယ်။

KIA ပူးပေါင်းတပ် တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောအချို့ ရှေ့မဆက်နိုင်လို့ ကမ်းကပ်အလင်းဝင်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၂ဦးအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၁၈ဦး၊ တပ်မိသားစုဝင်နဲ့ အရပ်သားအချို့ စုစုပေါင်း ၁၅၀ ဦးကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပါတယ်။
👍5213🤣3👏2👎1🥰1🖕1
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
54🥰8👍3🤣3🫡3🤮1🖕1
မန္တလေးမှာ ပေါ်တာဆွဲကြမ်းနေချိန် ဇာတ်ပွဲနဲ့ စတိတ်ရှိုးတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေ

စက်တင်ဘာ ၁၀၊ ၂၀၂၆။ ဟာနာဆန်/People's Spring

မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေက ပေါ်တာဆွဲတာတွေ၊ ရပ်ကွက်တွေထဲ စစ်မှုထမ်းမဲနှိုက်ခေါ်ယူတာတွ ပြုလုပ်နေတဲ့အချိန် ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကပဲ စိုင်းစိုင်းခမ်းလှိုင် စတိတ်ရှိုးကို The First Mandalay Event Park မှာ ပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာ ၃ ရက်မှာလည်း အဆိုတော် ဘန်နီဖြိုးက စိုင်းစိုင်းခမ်းလှိုင် စတိတ်ရှိုးပြုလုပ်ခဲ့တဲ့နေရာမှာပဲ စတိတ်ရှိုး ပြုလုပ်မှာ ဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် လာမယ့် စက်တင်ဘာ ၁၃ ရက်မှာ စမ်းရေမိုးဇာတ်အဖွဲ့က အာဏာသိမ်းစစ်တပ်ရဲ့ ခန်းမကြီးတစ်ခုဖြစ်တဲ့ ၇၈ လမ်းနဲ့ ၃၈ လမ်းထောင့်က ရတနာပုံခန်းမမှာ ဖျော်ဖြေပွဲ ပြုလုပ်မှာ ဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ အဆိုပါခန်းမရှေ့မှာ စစ်တပ်အာဏာသိမ်းပြီး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ဖူးပြီး လူငယ်တွေ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခံခဲ့ရတဲ့နေရာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

ဇာတ်မင်းသား အောင်ဇမ္ဗူကလည်း အမရပူရမြို့မှာ စက်တင်ဘာ ၁၆ ရက်ကနေ ၁၉ ရက်အထိ ဖျော်ဖြေပွဲပြုလုပ်မှာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် ဇာတ်မင်းသား သူရဝင်းထွဋ်ကလည်း အောင်ပင်လယ် ၅၁ လမ်းမှာ စက်တင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိ ဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဥ်ထားကြောင်း ကြေညာထားပါတယ်။

အဲဒီဖျော်ဖြေပွဲတွေနဲ့ ပတ်သက်ပြီး မန္တလေးမြို့က မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က အဖွဲ့ဝင်တစ်ဦးက "ပွဲအကြီးအကျယ်လုပ်နေတဲ့အပေါ်မှာကျွန်တော့်တစ်ဦးတစ်ယောက်ထဲရဲ့အမြင်ကတော့ ဒါဟာစစ်တပ်ရဲ့ နည်းဗျူဟာတစ်ခုပါပဲ။ ဘာလို့အဲ့လိုပြောရလည်းဆိုတော့ ပွဲကပြန်လာမယ့်လူငယ်လူရွယ်တွေကိုအရိပ်ထဲကနေ ကြက်ကလေးငှက်ကလေးဖမ်းသလို လွယ်လွယ်ကူကူနဲ့ ဖမ်းလို့ရပါတယ်။ နောက်ပြီးပျော်ပွဲရွှင်ပွဲသွားလာကြသူတွေကိုပြောချင်တာကတော့ လူငယ်လူငယ်အရွယ်ချိန်မှာ ပျော်တာပါးတာလက်ခံပါတယ်။ ကျွန်တော်တို့လည်း၂၀ကျော်လူငယ်လေးတွေပါပဲ။ သို့ပေမယ့်အပျော်အပါးဆိုတာ အခြေနေအချိန်အခါ ကြည့်ပြီးပျော်ရမှာမို့ဆင်ဆင်ခြင်ခြင်ပျော်ပါ။ ဒီစကားလေးကိုတော့နားလည်ပေးစေချင်ပါတယ်။ ကိုယ့်အိမ်တံခါးမခေါက်သေးသရွေ့ ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ လုပ်ရပ်မျိုးရှောင်ကျဥ်ထားကြဖို့ မြို့ပေါ်ကလူငယ်တွေကိုပြောကြားချင်ပါတယ်"လို့
ပြောပါတယ်။

မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲတာ၊ စစ်မှုထမ်း မဲနှိုက်ခေါ်ယူတာတွေအပြင် ပုဂ္ဂလိက လုပ်ငန်းတွေက ဝန်ထမ်းစာရင်းတွေပါ တောင်းယူလာလို့ ဝန်ထမ်းအချို့ အလုပ်ကထွက်ပြီး နယ်ပြန်တာတွေပါ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

"ဝန်ထမ်းက ရှားနေတဲ့အချိန် ခုလိုလုပ်တော့ အလုပ်တွေရပ်ရခါနီးနေပြီ။ အကုန်လုံးငတ်အောင်လုပ်နေတာ"လို့ မန္တလေးမြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာလမှာ စစ်မှုထမ်း အပတ်စဥ် (၂၈) စတင်ပြုလုပ်နေပြီးဖြစ်ပေမဲ့ မန္တလေးမြို့အပါအဝင် ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ဝမ်းတွင်း စတဲ့ဒေသတွေမှာပါ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။
🖕319👎2🔥2👏1😁1🎉1🤮1🤣1
(စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့သည့် စိုင်းစိုင်းခမ်းလှိုင် စတိတ်ရှိုးအား တွေ့ရစဥ်။ ဓါတ်ပုံံ - Sai Sai Kham Leng)
👎23🖕12🤮83🔥1👏1💩1🤣1
တံတားဦးလေတပ်စခန်းဒရုန်းနဲ့တိုက်ခံရ

■​လေတပ်တိုက်ခိုက်ခံရပြီးနွားထိုးကြီးမြို့နယ်မှတိုက်ပွဲဖြစ်

စက်တင်ဘာ-၁၀၊၂၀၂၆။ကတ်သရင်း/People's Spring

အာဏာသိမ်းစစ်တပ်ရဲ့တံတားဦး လေတပ်ကို​တော်လှန်​ရေးတပ်​တွေက ဒီနေ့ မွန်းလွဲပိုင်းမှာ ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ရေးသ
တင်းအရင်းမြစ် တွေကပြောပါတယ်။

"ကာမီကာဆယ်အသေခံဒရုန်းတွေလို့ သိရတယ်။အထိခိုက် သေချာမသိရဘူး။အခုတတပ်လုံးအဝင်အထွက်ပိတ်ပြီးလုံခြုံရေးတွေထပ်ကြပ်နေတယ်"လို့ စစ်ရေး သတင်းအရင်းမြစ်တဦးက ပြောပါတယ်။

​လေတပ်တွင်းထိခိုက်ပျက်စီးမှုနဲ့ လေယာဉ်ပျက်စီးမှု ရှိ ၊မရှိ စတဲ့အသေးစိတ်အ​ခြေအ​နေ​တွေကိုတော့မသိရသေးပါဘူး။တံတားဦး​လေတပ်တိုက်ခိုက်ခံရပြီး​​နောက် တံတားဦး ခရီးသည်တင်​လေဆိပ်က ​လေယာဥ်ခရီးစဥ်​တွေကိုလည်းဖျက်သိမ်းခဲ့တယ်လို့သတင်းရရှိပါတယ်။ဒါ့အပြင် စစ်တပ်က တိုက်ခိုက်​ရေးရဟတ်ယာဥ်​တွေနဲ့ ​လေတပ်အနီးနဲ့ နွားထိုးကြီးမြို့နယ်ဘက်ကိုဆက်တိုက်ပျံတက်​နေတယ်လို့ ​စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ် ။

ဒီလိုတိုက်ခိုက်ခံရမှုမှာဒရုန်းတွေဟာနွားထိုးကြီး မြို့နယ်ဘက်က လာတယ်ဆိုပြီး လေ
တပ်ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာပဲစစ်တပ်က စစ်ကြောင်းထိုးတာကြောင့် နွားထိုးကြီးမြို့နယ်၊နွားခြံကြီးကုန်းရွာအနီးမှာတော်
လှန်ရေးတပ်တွေနဲ့စစ်အုပ်စု ကြားတိုက်ပွဲပြင်းထန် နေပြီး ယနေ့ည ၆နာရီ ကျော်အထိပစ်ခတ်သံ တွေကြား နေရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

"ဒီနေ့ နွားထိုး- တောင်သာဘက်တွေကိုကင်း ထောက်တွေလည်းဆက်တိုက်ဝဲတယ်။ဒီနေ့ ကင်းထောက်တော်တော်များများကိုပျံနေတာ"လို့ဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ယာဥ်တန်းကို ​တော်လှန်​ရေးတပ်​တွေက ဒရုန်းနဲ့ထပ်မံတိုက်ခိုက်တာမှာ​သေဆုံထိခိုက်မှု​​တွေများတယ်လို့ကနဦးသတင်းရရှိပါတယ် ။ဒါ​​ပေမယ့်အ​သေးစိပ်အ​ခြေအ​နေကိုမသိရ​သေးပါဘူး။

ဂျန်ဘာ(ဒရုန်းဖျက်စက်)အများဆုံး တပ်ဆင်ထားတဲ့ လေတပ်အတွင်းကို တော်လှန်ရေး တပ်တွေကဒရုန်း​တွေနဲ့ ဖြတ်​ကျော်ဝင်​ရောက်
ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။စစ်တပ်ရဲ့တံတားဦး​လေတပ်ကို ဘယ်​တော်လှန်​ရေးအဖွဲ့ကတိုက်ခိုက်တယ်ဆိုတာကို​တော့မသိရ​သေးပါဘူး ။


#တံတားဦးလေတပ် #ဒရုန်းနဲ့တိုက်ခိုက်ခံရ
#Peoplesspring #လူထုနွေဦး
49👏18👍4🥰2🤣2🖕2👎1
တံတားဦး​လေတပ်ကို Google Earth ​မြေပုံမှာ​တွေ့ရစဥ်
👍4816👏14👌2👎1🥰1🤣1🖕1
မြန်မာ့အရေးဆုံးဖြတ်မယ့်ILO အစည်းအ​​​ဝေးမှာတက်ခွင့်ရဖို့ စစ်အုပ်စုကြိုးစား​နေ

စက်တင်ဘာ-၁၀၊၂၀၂၆။ဇော်၀င်း/People's Spring

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်
ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်း
အဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုး
ပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်
သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အ
မှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၁၀ ရက်)ထုတ် စစ်
တပ်၀ါဒဖြန့်သတင်းစာတွေမှာလည်း ဩဂုတ် ၂၆ ရက်က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ (၂၉) ကြိမ်မြောက်အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးမှာ ILO အဖွဲ့ဝင်နိုင်ငံအ
ဖြစ်အစည်း အဝေးကို ပြန်လည်တက်ရောက်ခွင့်ရရှိစေရေးအတွက် အာဆီယံနိုင်ငံတွေက အပြည့်အဝပံ့ပိုးပေးဖို့ စစ်တပ်ခန့် အလုပ်
သမားဝန်ကြီး ဦးခင်မောင်စိုးက ဆွေးနွေးခဲ့တယ်လို့ ‌ဖော်ပြထားပါတယ်။

ဒါ့အပြင် ILO ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံပြီးမြန်မာနိုင်ငံအပေါ် အာတီကယ် (33) အရဆုံးဖြတ်ချက်ချမှတ်ခဲ့တာကြောင့် မြန်မာနိုင်
ငံအတွက် ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ပုံမှန်အခြေအနေတွေအရILOညီလာခံကို အဖွဲ့၀င်နိုင်ငံတိုင်းရဲအစိုးရ၊အလုပ်ရှင်၊အ
လုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ် အဖွဲ့တွေက တက်ရတယ်ပေမယ့် ILO က မြန်မာစစ်တပ်ကိုအစိုးရအနေနဲ့ အသိအမှတ်မပြုတာကြောင့် ILO ညီလာခံ၊အစည်းအဝေးကို မြန်မာစစ်တပ်လက်အောက်ခံ အလုပ်သမား
၀န်ကြီးဌာနက တက်ရောက်ခွင့်မရတာဖြစ်ပါတယ်။

"စစ်တပ်ကဒီ ILO အစည်းအဝေးတွေမှာ ပြန်
လည်တက်ရောက်ခွင့်ရဖို့ ကြိုးစားနေတာက နိုင်ငံတကာမှာ ဒီတရားဝင်မှုနဲ့ အသိအမှတ်
ပြုမှုပေါ့နော် ပြန်လည်ရရှိဖို့အတွက် ကြိုးစားမှု တစိတ်တပိုင်းဖြစ်တယ်လို့ ကျွန်မတို့အနေနဲ့ မြင်တယ်။ အထူးသဖြင့် Article 33 ချမှတ်ပြီးတဲ့နောက်မှာအာဆီယံနိုင်ငံတွေရဲ့ ထောက်
ခံမှုကို ရယူပြီးတော့ဒီ ILOအစည်းအဝေးတွေကို ပြန်လည်တက်ရောက်ခွင့်ရဖို့ ကြိုးပမ်းနေတယ်ဆိုတာကိုလည်း သူတို့ကိုယ်တိုင်လည်း ထုတ်ဖော်ပြောဆိုထားတယ်"လို့ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

ILO ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့စောင့်ကြည့်ရေးယန္တရား စုံစမ်းစစ်ဆေးရေးကော်မရှင် တိုက်တွန်းချက်တွေဖြစ်တဲ့အလုပ်သမားရေး
ရာဥပဒေပါရပိုင်ခွင့်၊အကျိုးခံစားခွင့်နဲ့အလုပ်
သမားအဖွဲ့အစည်းတွေလွတ်လပ်စွာဖွဲ့စည်း
မှုတွေ အပါအ၀င် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရားတည် ထောင်ထားတဲ့အခြေအနေကို လာမယ့်နို
ဝင်ဘာလမှာကျင်းပမယ့် ILO ၃၅၈ ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့ (Governing Body) အစည်းအဝေးမှာ တင်သွင်းမယ်လို့စစ်တပ်အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက ဆိုပါတယ်။

"အရေးယူပိတ်ဆို့မှုတွေပိုဖြစ်လာမယ့် အခြေ
အနေကို စစ်တပ်က ရှောင်လွှဲချင်တာမျိုးပေါ့။နောက်ပြီးဒါမြန်မာနိုင်ငံအပေါ်မှာပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတဲ့ ILO ရဲ့ သတ်
မှတ်ချက်တွေ ဖြစ်တယ်။ဒါကို စစ်တပ်ဘက်က လိုက်နာဆောင်ရွက်တယ်ဆိုရင် အရေး ယူမှုတွေကိုပြင်းပြင်းထန်ထန်မလုပ်ဘဲ တ
ဖြည်းဖြည်းဖြေလျော့တာတွေ ဖြစ်လာနိုင်တယ်။ပြင်းထန်တဲ့ချိုးဖောက်မှုတွေ ဆက်
လက်ဖြစ်ပွားနေတယ်ဆိုတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က တွေ့ရှိရင် မြန်မာအပေါ် ပြင်းထန်တဲ့အရေးယူပိတ်ဆို့မှုတွေထပ်ဖြစ်
လာလိမ့်မယ်"လို့ အလုပ်သမားအခွင့်အရေး နှစ် ၂၀ ကျော်ကြာဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

မြန်မာစစ်တပ်အနေ နဲ့ ILO စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြုချက်တွေ အပေါ် ဘယ် လို အကောင်အထည်ဖော် ဆောင်ရွက်ထားတယ်ဆိုတဲ့အချက် အလက် အပြည့်အစုံ ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့ ထက်နောက်မကျစေဘဲ ILO ညွှန်ကြားရေးမှူးချုပ်ထံတင်ပြရမှာဖြစ်ပါတယ်။

အဲဒီတင်ပြချက်တွေအပါအ၀င်လာမယ့် ၂၀၂၆ နိုဝင်ဘာလ မှာ ကျင်းပမယ့် (၃၅၈) ကြိမ်မြောက် ILO အုပ်ချုပ်ရေးအဖွဲ့အစည်း
အဝေးမှာ မြန်မာ့အရေးဆွေးနွေးမယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးအဓိကဆွေးနွေးမယ့်အချက်တွေအရပထမအချက်ကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့တိုက်တွန်းချက်တွေကို မြန်မာစစ်တပ်ဘက်က လိုက်နာအကောင်အထည်ဖော်မှုနဲ့ ၂၀၂၅ ခုနှစ် ILO ညီလာခံက ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ အရ ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ILO ဖွဲ့ဝင်နိုင်ငံတွေ၊ အလုပ်ရှင်အဖွဲ့အစည်းတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေ ရဲ့ လိုက်နာဆောင်ရွက်ထားမှုတွေကို သုံးသပ်မှာ ဖြစ်ပါတယ်။

အလုပ်သမားပြည်သူတွေကို တရားဖမ်းဆီးသတ်ဖြတ်တာ၊လုပ်ငန်းခွင်မှခြိမ်းခြောက်တာ နဲ့ စစ်မှုမထမ်းမနေရဥပဒေပြဌာန်းပြီးစစ်သားသစ်စုဆောင်းတာနဲ့ အလုပ်သမားအဖွဲ့အ
စည်းတွေကို မတရားအသင်းကြေညာခဲ့တာအပါအဝင် ဖိနှိပ်အကြမ်းဖက်မှုတွေ ကျူး
လွန်ခဲ့တဲ့အာဏာသိမ်းစစ်အုပ်စုကြောင့် ကု
လသမဂ္ဂ (UN)လက်အောက်ခံအပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILOက Article 33 ( ပုဒ်မ ၃၃) အသုံးပြုဖို့ ၂၀၂၅ ဇွန်လမှာ ဆုံးဖြတ်ခဲ့ပါတယ်။

ကနဦးအရေးယူမှုအရမြန်မာနိုင်ငံနဲ့ပတ်သက်လို့ လေယာဥ်ဆီရောင်းတာ၊လက်နက်ပစ္စည်းတွေရောင်းတာနောက်နည်းပညာပိုင်းဆိုင်ရာအကူအညီပေးတာ၊နိုင်ငံတကာ ရန်ပုံငွေစီးဆင်းမှုနဲ့ ဘယ်လိုဆက်ဆံရေးကိုမဆို ILO အဖွဲ့ နိုင်ငံတိုင်းက ပြန်စိစစ်ရမှာဖြစ်ပါတယ်။
🤮22👍134🤣2👎1👏1😁1🎉1
"ILO ရဲ့ပုဒ်မ ၃၃အရ မြန်မာနိုင်ငံအပေါ် အ
ပြင်းထန်ဆုံး ပိတ်ဆို့မှုတွေ ချမှတ်နိုင်ပါသေးတယ်"ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

ဒါ့အပြင်အခုနှစ်ဇွန်လ ၆ ရက်ကအပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (ILC)ရဲ့ (၁၁၄) ကြိမ်မြောက်အစည်းအဝေးမှာ"မြန်မာနိုင်ငံဆိုင် ရာ အထူးအစည်း အဝေး"ပြုလုပ်ခဲ့ပြီး စစ်တပ်ရဲ့ ချိုးဖောက်မှုတွေ အပေါ် အနီးကပ်စောင့်ကြည့် အရေးယူမယ့် ဆုံး ဖြတ်ချက်တွေကိုအတည်ပြုခဲ့ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာအလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေအတွက် အ
ရေးယူရန် ILO ဖွဲ့စည်းပုံ အပိုဒ်-၃၃ (Article 33) ကို ထိရောက်စွာ အကောင် အထည်ဖော်မယ့် "လုပ်ငန်းကော်မတီပါဝင်သော စောင့်ကြည့်ရေးယန္တရား" (Monitoring Mechanism) တစ်ရပ်တည်ထောင်ဖို့ အရေး
ကြီးတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။
👍29🤣4👏31👎1😁1
ILO ညီလာခံကျင်းပ​နေစဥ်။ဓါတ်ပုံ-ILO
👎19👍12🔥31👏1🤣1
ပြည်သူ့ခုခံတွန်းလှန်စစ် (၅) နှစ်ပြည့်အဖြစ် ကျဆုံးရဲဘော်တွေ ရည်စူးပြီး ဆွမ်းကပ်လှူဒါန်း

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်

ပြည်သူ့ခုခံတွန်းလှန်စစ် (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျဆုံးတော်လှန်ရေးရဲဘော်တွေကို ရည်စူးကာ ဆွမ်းကပ်လှူဒါန်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ (စက်တင်ဘာ ၁၀) မှာ ထုတ်ပြန်ပါတယ်။

ခုခံစစ် (၅) နှစ်တာ ကာလအတွင်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် စစ်မျက်နှာအသီးသီးမှာ အသက်ပေးလှူသွားခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ မဟာမိတ်တော်လှန်ရေးရဲဘော်တွေကို ရည်စူးကာ ပင့်သံဃာတော်တွေကို နေ့ဆွမ်း၊ သင်္ကန်းနဲ့ နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့တာပါ။

ယင်းအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အုပ်ချုပ်ရေးနယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတွေ အပါအဝင် ဖိတ်ကြားထားသော အရပ်ဘက်တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

နွေဦးတော်လှန်ရေး အပါအဝင် ခေတ်အဆက်ဆက် ပြည်သူ့တော်လှန်ရေးအတွင်း အသက်ပေးလှူသွားခဲ့ကြတဲ့ ရဟန်းရှင်လူ၊ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်အားလုံး ကောင်းရာသုဂတိသို့ ရောက်ရှိစံစားနိုင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မေတ္တာပို့သ၊ အမျှပေးဝေခဲ့ပါတယ်။
37🙏7🫡4👍3🤣2🖕2🤮1
ဓာတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
41👍9🫡6🤣2🥰1🤮1🖕1
စစ်ကိုင်းတိုင်းမှာ အမျိုးသမီးမဟာမိတ်အင်အားစု (၅)နှစ်ပြည့် အထိမ်းအမှတ်လှုပ်ရှားမှု ပြုလုပ်

စက်တင်ဘာ ၁၀၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

အမျိုးသမီးမဟာမိတ်အင်အားစု(WAB) ရဲဘော်တွေက အမျိုးသား၊ အမျိုးသမီး၊ LGBT စတဲ့ ဂျန်ဒါခွဲခြားမှု ပပျောက်ရေး၊ တန်းတူအခွင့်အရေးပေး ဆက်ဆံရေး တို့ကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။

တန်းတူရေးဆိုတာက အမျိုးသမီးတွေကို နေရာတစ်နေရာပေးထားရုံ၊ အရေအတွက်တစ်ခုအဖြစ် ထည့်သွင်းထားရုံနဲ့ ပြည့်စုံတာမဟုတ်ကြောင်း၊ သူတို့ရဲ့အသံကို ကြားရဖို့၊ ဆုံးဖြတ်ချက်တွေမှာ အမှန်တကယ် ပါဝင်နိုင်ဖို့နဲ့ အမျိုးသမီးဖြစ်ခြင်းကြောင့် နောက်တစ်လှမ်းဆုတ်နေရစရာမလိုတဲ့ နိုင်ငံရေးပတ်ဝန်းကျင်တစ်ခု ဖြစ်လာအောင် ဖန်တီးပေးနိုင်ဖို့ဖြစ်ကြောင်း WAB က ဆိုပါတယ်။
👍20🥰62🤮2😁1🤣1🖕1