People's Spring
60K subscribers
70.9K photos
1.23K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ထဲက ပဲခူးရိုးမအခြေမှာ စက်တင်ဘာလဆန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီးနှစ်ဦးပါဝင်တယ်လို့ သတင်းရရှိပါတယ်။ ပဲခူးရိုးမပေါ်ကို တက်ဖို့ ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)၊ PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတာပါ။ စက်တင်ဘာလဆန်းက တိုက်ပွဲမှာ တပ်မ(၅၅) လက်အောက်ခံတပ်ရင်းတွေထဲက တပ်ရင်းမှူးနှစ်ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ်နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် သေဆုံးတယ်လို့ နေပြည်တော်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ နယ်မြေမကျွမ်းကျင်တဲဲ့အပြင် စစ်မှုထမ်းဆင်း ပြည်သူ့စစ်တွေကလည်း စစ်မတိုက်တတ်ဘူးလို့ သတင်းရင်းမြစ်က ဆိုပါတယ်။ အရာရှိတွေကိုယ်တိုင်လည်း စိတ်မပါတော့ အကျိုးဆက်တွေ မကောင်းဘူးလို့ သူက ဆက်ပြောပါတယ်။

◾️မတ္တရာမြို့အရှေ့ခြမ်းက စစ်တပ်ပြန်ဆုတ်ပြီး မြို့တွင်းစုဖွဲ့မှု လုပ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းနဲ့ မြို့အနီးက စစ်တပ် အများစု ပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ်နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။ စက်တင်ဘာ ၉ ရက် ဒီနေ့ မနက်ပိုင်းကစပြီး မတ္တရာမြို့နယ်အရှေ့ခြမ်းက မြောင်းသစ်၊ သဖန်းကိုင်းတံတား၊ ကိုးလုံးပြွန်တံတား၊ ကိန္ဒရာ၊ ကျောက်ဆည်လေး၊ ကင်းရွာ၊ မတ္တရာမြို့အနောက်ဘက်က မြွေပုံကန် ပတ်လည်က တပ်တွေ တပ်ပြန်ဆုတ်တာတွေရှိတယ်လို့ သိရပါတယ်။ ဒီတကြိမ်တပ်တွေ ပြန်ဆုတ်တာက အရင်အကြိမ်တွေလို မဟုတ်ဘဲ ရုပ်ပျက်ဆင်းပျက်ကို ရုတ်သိမ်းသွားတာလို့ ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒီမနက် ၉နာရီလောက်မှာ ဗျူဟာမှူးညွှန်ကြားချက်နဲ့ အကုန်ပြန်ဆုတ်သွားတာလို့ သူက ဆိုပါတယ်။ တချို့ကျေးရွာတွေမှာတော့ ဒေသခံရွာသားတွေကို သူတို့ အင်အားအနည်းငယ်နဲ့ ကင်းစောင့်ခိုင်းထားခဲ့တာမျိုး ရှိတယ်လို့ သိရပါတယ်။

◾️ကရင်နီပြည်ကို စစ်တပ်က လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှု ပိုလုပ်လာ

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက ပြောပါတယ်။ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စစ်တပ်စခန်းကုန်းကို ကရင်နီပူးပေါင်းတပ်တွေသိမ်းပိုက်ပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးလုပ်လာတယ်လို့ ဆိုပါတယ်။ ဩဂုတ်နောက်ဆုံးပတ်က လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း တောင်ကုန်းစခန်းတစ်ခုကို ကရင်နီတပ်ပေါင်းစုက သိမ်းနိုင်ခဲ့ပြီး စစ်တပ်က သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ကာ လက်နက်ခဲယမ်းတချို့ကိုပါ သိမ်းဆည်းရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစလို့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိလာကာ စက်တင်ဘာ ၅ ရက်က လွိုင်ကော်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာက ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။

◾️ပလက်၀မှာ ရခိုင်စာနဲ့ မြန်မာစာ ကြိုက်ရာ ရွေးသင်နိုင်တယ်လို့ AA ထုတ်ပြန်

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။ လူမျိုးစုံနေထိုင်တဲ့ ပလက်၀ဒေသမှာ AA ပညာရေးဌာနက ဒေသခံချင်းပြည်သူတွေရဲ့ သဘောဆန္ဒမပါဘဲ ရခိုင်စာသင်ရိုးနဲ့ အတင်းအဓမ္မသင်ကြားနေကြောင်း ကမ္လာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း(GKO)ရဲ့ ကန့်ကွက်ထုတ်ပြန်ချက် ထွက်လာပြီးနောက် AA ပညာရေးဌာနက အခုလို တုံ့ပြန်လာတာပါ။ ချင်းပြည်နယ် ပလက်၀နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားတဲ့ AA က အခုပညာသင်နှစ်ကစပြီး ၁၂ တန်း မြန်မာစာနေရာမှာ ရခိုင်စာကို အစားထိုးသင်ကြားနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရခိုင်စာမသင်လိုတဲ့ ကျောင်းသား၊ ကျောင်းသားတွေအတွက် သင်ရိုးဟောင်း မြန်မာစာနဲ့ သင်ကြားပေးဖို့ စီစဉ်နေကြပြီဖြစ်တယ်လို့ ပလက်၀မြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

◾️စစ်တပ်ရဲ့ စုံ၊မ ကားစနစ် ၆လအကြာမှာ ပြန်ဖျက်သိမ်း

စက်သုံးဆီခြိုးခြံချွေတာဖို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ်၊ ယာဉ်ထိန်းရဲ နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေအတွက် ဝင်ငွေရလမ်းဖြစ်ခဲ့တဲ့ စုံ/မ ကားစနစ်ကို ဒီနေ့ စက်တင်ဘာ ၉ရက်မှာ ဖျက်သိမ်းလိုက်ပြီလို့ စစ်တပ်က ထုတ်ပြန်ပါတယ်။ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် စက်သုံးဆီချွေတာရေး အကြောင်းပြချက်နဲ့ စစ်တပ်က ပြီးခဲ့တဲ့ မတ်လ ဆန်းပိုင်းမှာ ‌ကားတွေကို နံပါတ်စဉ်အလိုက် စုံရက်၊ မရက်ခွဲပြီး အပြင်ထွက်ဖို့ ထုတ်ပြန်ခဲ့တာပါ။ ကားတွေကို ပုံမှန်အတိုင်း မောင်းနှင်ခွင့်ပေးပေမယ့် ဆီ‌ဆိုင်တွေမှာတော့ စုံ၊မ ရက်စနစ်နဲ့ QR Code သတ်မှတ်ချက်တွေနဲ့ ဆက်လက်ရောင်းချသွားမယ်လို့ ဆိုပါတယ်။

◾️ညောင်တုန်းရေကာတာပိတ်ဖို့ စစ်မှုထမ်းသင်တန်းဆင်းတွေ​​​ခေါ်လာပြီး ထွက်မ​ပြေး​​အောင် သေနတ်‌ထောက်ပြီး ခိုင်းနေ
👍20🖕31🤮1
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ရေကာတာပိတ်ဆို့တာမှာစစ်တပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်အများအပြားခေါ်လာပြီး ထွက်ပြေးမှာစိုးလို့ သေနတ်နဲ့ထောက်ပြီး ခိုင်းစေနေပါတယ်။ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်ဖျားကျေးရွာမှာရှိတဲ့ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းရေကာတာဟာ ဩဂုတ် ၂၅ရက် မနက်ပိုင်းမှာအိကျပြီး ကျိုးကျမယ့်အန္တရာယ်ကြောင့် လူအင်အားထောင်ချီသုံးပြီး အရေးပေါ် ပိတ်ဆို့နေကြတာဖြစ်ပါတယ်။ ကနဦးမှာ ဒေသခံတွေက လုပ်အားပေးကြ‌ရာကနေ အခြေအနေပိုဆိုးလာတဲ့နောက်ပိုင်း စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းစစ်သားတွေကို ကားတွေနဲ့ခေါ်လာပြီး ခိုင်းစေနေတာဖြစ်ပါတယ်။ စက်တင်ဘာ ၄ရက်က ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ထဲက အမှတ်(၉) ရဲလေ့ကျင့်ရေးတပ်ကနေ စစ်ကား အစီးရေ ၂၀ ကျော်နဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေခေါ်လာတာကို တွေ့ရပါတယ်။

◾️ရတနာပုံဆိုက်ဘာစီးတီးမှာ ကျောင်းသားချင်း ဓားထိုးပြီး တစ်ဦး သေဆုံး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာ စက်တင်ဘာ ၈ ရက် မနေ့က ညပိုင်း ၇ နာရီဝန်းကျင်မှာ ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားပါတယ်။ မနေ့ ညပိုင်းက ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်ကျောင်းရဲ့အမျိုးသားအဆောင်မှာ ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။ ရွှေကျွန်းသာအမျိုးသားအဆောင် တတိယထပ်မှာ ကျောင်းသားနှစ်ဦး ဆူညံနေတဲ့အတွက် အောက်ထပ်က ကျောင်းသားတစ်ဦးက မဆူဖို့ သွားပြောရာကနေ ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ ဒေသခံက ပြောပါတယ်။ ကျောင်သားနှစ်ဦးက သူတို့ကိုမဆူဖို့ လာပြောတဲ့ ကျောင်းသားကို ထိုးကြိတ်ရာမှာ အထိုးခံရတဲ့ကျောင်းသားက အဆောင်ဝရန်တာမှာရှိနေတဲ့ ကြက်သွန်လှီးဓားနဲ့ ထိုးရာမှာ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးလည်း ဓားဒဏ်ရာရကာ စိုးရိမ်ရတယ်လို့ သိရပါတယ်။

◾️နေပြည်တော်မှာ စစ်တပ်ပြည်ထဲရေးဝန်ကြီး PSO မောင်းတဲ့ကားတိုက်လို့ ဒုဗိုလ်မှူးကြီး ၁ဦး သေဆုံး

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝင်းနိုင်ထွန်းမောင်းလာတဲ့ကားက ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်က ဒုဗိုလ်မှူးကြီး အောင်ဟိန်းထွန်းနဲ့ ဒုအရာခံဗိုလ် ပြည့်ငြိမ်းမောင်းလာတဲ့ဆိုင်ကယ်ကို တိုက်မိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ယာဉ်တိုက်မှုက ပျဥ်းမနားမြို့နယ်က ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ် မှာ စက်တင်ဘာ ၈ ရက် ည ၁၁ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒုဗိုလ်မှူးကြီး အောင်ဟိန်းထွန်းက ဆေးရုံအရောက်မှာ သေဆုံးခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
👍23👏3🖕3🎉21🤮1
👍293🖕3🔥1💩1
စစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ စကခ (၂၁) အပါအဝင်တပ်
ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက်စစ်တပ်အတွင်းပြသာနာအကြီး​
အကျယ်တက်နေပါတယ် ။

"မြစ်ကမ်းဘေးတလျှောက်လုံခြုံရေးလည်း မလုပ်နိုင်။လေ( လေတပ်)က ဗုံးကြဲတဲ့ကြားထဲက အထိအခိုက်များလို့ စစ်ဆင်ရေးကျရှူံးတယ်လို့ တပ်ချုပ်က မှတ်ချက်ပြုတယ်။ နောက်ပြီး ကုန်တွေအကုန်နီးပါး ဆုံးရှုံးတယ်။ ‌တာဝေးပစ် အမြောက်တွေ KIA ရသွားတယ်။ဒါတွေ စုံခုံစစ်ခံရမှာ" လို့ နေပြည်တော်ကစစ်​ရေး သတင်းရင်းမြစ်တဦးက လူထု​​နွေဦးကိုပြောပါတယ်။

စစ်သင်္ဘောအုပ်စုမှာပါတဲ့ကုန်တင်ရေယာဉ်တွေမှာ ဗန်းမော်မြို့နယ်ထဲကစကခ ၂၁၊ ခလရ(၂၃၆)၊ အမှတ်(၃၆၆) အမြောက်တပ်အပါအဝင် တပ်ရင်းတွေထဲက ပျက်စီးနေတဲ့ အဆောက်အဦတွေ ပြန်ပြင်ဖို့ သံထည်တွေနဲ့ ဘိလပ်မြေအိတ်တွေ အများအပြားသယ်
ဆောင်သွားတယ်လို့ စုံစမ်းသိရပါတယ်။

"စစ်တပ်နဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ထဲကလူတွေ သယ်လာတဲ့ အိမ်ဆောက်ပစ္စည်းတွေ အကုန် ကုန်တယ်။ လက်ရှိပေါက်ဈေးနဲ့ ဒေါ်လာသန်းချီတန်တယ်။တပ်ထဲမှာအဲ့ဒီပြ
ဿနာတော်တော်ကြီးနေတယ်"လို့ အထက်ပါ သတင်းရင်းမြစ်ကပြောပါတယ်။

စစ်သင်္ဘော တွေနှစ်မြုပ်ခံရတဲ့တိုက်ပွဲအ
တွင်း စစ်တပ်ရဲ့လေတပ်က လေယာဉ်အစီးရေများစွာနဲ့ ဗုံးရာချီကြဲခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ KIA၊KPDFကို ဟန့်တားနိုင်ခြင်းလုံးဝမရှိခဲ့ဘူးလို့ အာဏာသိမ်းစစ်တပ် တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးက စက်တင်ဘာလ ၂ ရက် တပ်တွင်းအစည်းအဝေးမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်
လပ်ရေးတပ်မတော်(KIA)၊ PDF နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၄ရက်နေ့မှာစတင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။​တော်လှန်​ရေးတပ်​တွေက စကခ (၂၁)အပါအဝင် စစ်တပ်ရင်းတွေကို ပိတ်ဆို့ထားပြီးအခုစစ်
သင်္ဘော​တွေ မ​ရောက်ခင် စစ်တပ်ဟာ ရိက္ခာပြတ်​​နေပြီလို့ စုံစမ်းသိရပါတယ်။ အထူးသ
ဖြင့် ဒရုန်းတပ်ဖွဲ့ နဲ့ ဒရုန်း​တွေသယ်သွားတဲ့စစ်​ရေယာဥ် ပျက်စီးဆုံးရှုံးခဲ့တာ​ကြောင့်စစ်တပ်အတွင်း ဂယက်ကြီးခဲ့ပါတယ် ။

ဒါ​ကြောင့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲ​တွေထဲမှာအခုအကြိမ်ကတော့ စစ်​ရေယာဥ်အုပ်စုပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပါတယ် ။



https://youtu.be/YyF1icHVHsA?si=eb-CHr6HsZ8ty0oX
👏5116👍10🤣4🔥3🍾2🖕2🥰1
လေးမျက်နှာရေကာတာပိတ်နိုင်ပြီလို့စစ်အုပ်
စုကကြေညာပြီးနောက်တစ်ရက်မှာပြန်ပွင့်ကျ

စက်တင်ဘာ-၁၀၊၂၀၂၆။အိမ်သွင်/People's Spring

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေ
ပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာဟာ ဇူလိုင်လ ၃၀ ရက် ညမှာ ကျိုးကျခဲ့ပြီး သဲအိတ်တွေဖို့တာနဲ့ Steel Sheet Pile တွေရိုက်သွင်းပြီး တာကျိုးပေါက်ကို ပိတ်ဆို့နိုင်ဖို့ဩဂုတ်လ ၄ရက်ကစပြီးစစ်တပ်လက်
အောက်ခံဌာနဆိုင်ရာတွေကလုပ်ခဲ့ကြတာဖြစ်ပါတယ်။

စက်တင်ဘာလ၈ရက်နေ့ညမှာတော့ ရေဝင်
လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်အုပ်စုက ဝါဒဖြန့်ချီရေးစာမျက်နှာ​တွေကကြေညာခဲ့ပါတယ်။Jumbo Bags(သဲအိတ်)
တွေချတာ၊သံမဏိဒေါက်တိုင်တွေထပ်မံကျားကန် ထောက်ပေးခြင်းလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမယ့် စက်တင်ဘာ ၉ ညမှာပဲ ပြန်ပွင့်ပြီးရေတွေဝင်လာတဲ့အတွက် လူနဲ့ပစ္စည်းတွေ နေရာရွှေ့ပြောင်းနေရတယ်လို့ ဒေသခံ အချ်ို့ကပြောပါတယ်။

"စိုက်ထားတဲ့ သံတိုင်တွေက အတွင်းဘက်ကို ယိုင်လာပြီး ၆ချောင်း ပွင့်ကျတာ။ လေးမျက်
နှာ မြို့ထဲရေတိုက်ရိုက် ပြန်ဝင်နေပါပြီ။အဲ့ဒီနားက သဘ်ော‌တွေ၊ စက်လှေတွေပါ မျောပါမှာစိုးလို့ နေရာရွှေ့ရတယ်"လို့ ရေဘေးကယ်
ဆယ်ရေး လုပ်နေသူတစ်ဦးကပြောပါတယ်။

မြို့ခံတစ်ဦးကလည်း "ညတွင်းကြီးဆိုတော့ တော်တော်ဒုက္ခရောက်တယ်။ ပထမတစ်ခါလို တာကျိုးကျတာမဟုတ်တဲ့အတွက် အသက်လုပြီးတော့ မပြေးရဘူး။ဒါပေမယ့်ရေက အ
တွင်းဘက်ကို ဆက်ဝင်နေပြီ"လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ဇူလိုင်လ ၃၀ ရက်ညမှာတာကျိုးကျပြီးနောက်
ပိုင်း ဒေသခံတွေနဲ့တွေ့ဆုံစဉ်မှာ စစ်တပ်လက်​အောက်ခံဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က တာကို ရက်အနည်းငယ်အတွင်းပိတ်ဆို့နိုင်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ရေဘေးကာလ တစ်လကျော်မှပိတ်နိုင်ခဲ့သ
လိုအဲဒီနေရာကပဲပြန်ပွင့်ကျတာဖြစ်ပါတယ်။

ရေကာတာကျိုးကျမှုကြောင့် လေးမျက်နှာမြို့နယ်အပြင်ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်း၊ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ မြို့ပေါ်ရပ်ကွက်တွေနဲ့ကျေးရွာအချို့ ရေကြီးနစ်မြုပ်နေဆဲဖြစ်ပါတယ်။တစ်လကျော်ကြာရေမြုပ်နေလို့ ဒေသ
ခံတွေ ဒုက္ခရောက်နေပြီး လယ်ဧကများစွာပျက်စီးခဲ့ပါတယ်။ရေဘေးကြောင့် သေဆုံးသူဦးရေလည်း ၁၅ဦးထက်မနည်းရှိလာပြီဖြစ်ပါတယ်။

လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း ညောင်တုန်းမြို့နယ်၊ချောင်ဖျားကျေးရွာမှာရှိတဲ့ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းရေကာတာကလည်း ဩဂုတ်လ ၂၅ရက်နံနက်ပိုင်းမှာအိကျပြီးကျိုးကျမယ့်အန္တရာယ်ကြောင့် လူအင်အားထောင်ချီသုံးပြီး အရေးပေါ် ပိတ်ဆို့နေရပါတယ်။



#လေးမျက်နှာရေကာတာပြန်ပေါက်
#ငဝန်မြစ် #ဧရာဝတီရေဘေး
#peoplesspring #ludunwayoo
😁27🤣10🤬41👎1🔥1💩1
လေးမျက်နှာ​ရေကာတာကိုပိတ်ဖို့ ကြိုးစား​နေကြစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ
🔥18👍62🤮1🫡1
မန္တလေးမှာ စစ်တပ်က ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းစာရင်း တောင်း​ယူနေ

စက်တင်ဘာ ၁၀၊ ၂၀၂၆။ ဟာနာဆန်/People's Spring

မန္တလေးမြို့မှာ ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းစာရင်းတွေကို အာဏာသိမ်းစစ်တပ်က တောင်း​ယူလာကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်မှုထမ်းပေါ်တာဆွဲတာတွေ၊ မဲနှိုက်ခေါ်ယူတာတွေ ဆိုးဆိုးရွားရွားပြုလုပ်နေတဲ့ မန္တလေးမြို့မှာ ယခုအခါ ရပ်ကွက်တချို့က စားသောက်ဆိုင်၊ ဖုန်းဆိုင် အပါအဝင် အရောင်းဆိုင်အမျိုးမျိုးက ဝန်ထမ်းစာရင်းတွေကိုပါ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေက တောင်းယူနေကြောင်း ဒေသခံအချို့က ပြောပါတယ်။

"အရင်က ဧည့်စာရင်းပဲတိုင်ရတာ။ အခု ယောကျာ်းလေး၊ မိန်းကလေး ဘယ်နှစ်ဦးရှိလဲဆိုပြီး စာရင်းတွေပါ ထပ်တောင်းလာတာ"လို့ မဟာအောင်မြေမြို့နယ်က အရောင်းဆိုင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းခေါ်ယူဖို့အတွက် ယောကျာ်းလေးစာရင်းတောင်းယူတာလို့ ယူဆရကြောင်း၊ ဒါ့ကြောင့် ဝန်ထမ်းအချို့ စိုးရိမ်ပြီး အလုပ်ထွက်ကာ နယ်ပြန်တာတွေ ရှိလာကြောင်း အရောင်းဆိုင်ရှင်အချို့က ပြောပါတယ်။ "ဆိုင်မှာ နေစားငြိမ်းမထားရဲတော့ဘူး။ စစ်မှုထမ်းခေါ်မှာစိုးလို့"လို့ ချမ်းအေးသာစံမြို့နယ်က လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

မန္တလေးမြို့မှာ ဝက်လက်မြို့နယ်ဘက်ကနေ ရွှေ့ပြောင်းပြီး အလုပ်လုပ်နေတဲ့ လူငယ်တွေကို စစ်တပ်က ပေါ်တာဆွဲပြီး အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူတာတွေရှိနေလို့ ဝက်လက်ဒေသခံ လူငယ်တွေအနေနဲ့ သတိကြီးကြီးထားကြဖို့နဲ့ ဖြစ်နိုင်ရင် ကိုယ့်ရပ်ရွာဘက်ကို ပြန်ပြီး ရွှေ့ပြောင်းနေထိုင်ကြဖို့ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က သတိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အခုစက်တင်ဘာမှာ စစ်မှုထမ်း အပတ်စဥ် (၂၈) စတင်ပြုလုပ်နေပြီးဖြစ်ပေမဲ့ မန္တလေးမြို့အပါအဝင် ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ဝမ်းတွင်း စတဲ့ဒေသတွေမှာပါ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။
🔥21🤬165👎3🥰1👏1🤣1
(မန္တလေးမြို့တွင်း တနေရာကို တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
👍26🔥7🤮4👏2👎1🤣1
■ရသစာတမ်းငယ်

"ဂျိတ္တောဒိုင်ယာရီ"

- အေးခိုင်ဦး ရေးသားသည်။

ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီ
ကမ်းခြေတလျှောက် လာလိုက်ရင် ငပလီ
ကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့
ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်
ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်
ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ "ဂျိတ္တောတံငါရွာလေး" လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။

ချစ်စနိုးနဲ့ ရွာလေးလို့ခေါ်တဲ့ဂျိတ္တောကတ
ကယ်တော့ မသေးလှပါဘူး။အိမ်ခြေသုံးထောင်ကျော် ရှိတယ်လေ။ ရပ်ကွက်ကြီး ဒါမှမဟုတ် ရွာကြီးပေါ့။ငပလီရဲ့ အိမ်ခြေအများဆုံးရွာကြီး။စီးပွားရေးလည်း ဖြစ်ထွန်းတယ်။

ဂျိ‌တ္တောက ငပလီကမ်း‌ခြေ ရဲ့ တခြားရွာတွေလို ဟိုတယ်လုပ်ငန်း၊ အမှတ်တရပစ္စည်းဆိုင်လုပ်ငန်း‌တွေနဲ့ခရီးသွားလုပ်ငန်းကိုအမှီပြုတာမဟုတ်ဘူး။ရေလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ ဂျိတ္တောအတွက် ပင်လယ်ကြီးရှိရင်ငွေရှိပြီလေ။ကျော့ပိုက်လုပ်ငန်းကိုအဓိကလုပ်ကြတယ်။ကမ်းနီး ငါးဖမ်းလုပ်ငန်းပေါ့။တခြာငါး
ဖမ်းပိုက်လုပ်ငန်းလုပ်တဲ့သူတွေလည်း ရှိပါတယ်။ ဟိုတယ်တွေမှာ လုပ်တဲ့သူတွေလည်း ရှိတာပေါ့လေ။တခြားနိုင်ငံမှာအလုပ် သွားလုပ်ကြတယ်ဆိုတာကတော့ တော်တော်ကို ရှားတာပါ။ ဂျိတ္တောမှာမှ မဟုတ်ပါဘူး ဇီးဖြူကုန်း၊ မဇင်၊ငပလီ၊ဝါးတောင်ကွင်း၊လင်းသာ၊ မြပြင် ငပလီကမ်း‌ခြေတလျှောက် အားလုံးပါပဲ နိုင်ငံခြားထွက် အလုပ် လုပ်သူဆိုတာ တော်
တော်ကို နည်းတာပါ။ကိုယ့်ဒေသမှာတင်ကိုယ် အလုပ်အကိုင်အဆင်ပြေနေတာဆိုတော့ပေါ့။
ရေလုပ်ငန်းနဲ့အသက်မွေးတဲ့ဂျိတ္တောဟာပညာ
တတ်လူငယ်တွေအများကြီးကို မွေးထုတ်ပေးခဲ့တာ ကလည်း ဂျိတ္တောရဲ့ ဂုဏ်ယူစရာတခု။

ဂျိတ္တောဆိုတာ ဂျိတ္တောသားတွေသာပဲ မဟုတ်ပါဘူး။ဘူးသီးတောင် မောင်တောအထိ
မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ စစ်တွေ တို့က ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ပါ အလုပ် အကိုင်တွေ ပေးနိုင်စွမ်းခဲ့တာလေ။ငပလီရဲ့ လှိုင်သာယာ၊ ငပလီရဲ့ဖားကန့်လို့‌‌တောင် တင်စားခေါ်နိုင်ခဲ့တာ မဟုတ်လား။ ဂျိတ္တောရဲ့ မနက်ခင်းတွေဟာ ခွန်အားတွေအပြည့်နဲ့ နိုးထ‌ခဲ့ကြစမြဲ။ မိုးလင်းစ ဝင် လာတဲ့ ငါးလှေတွေက ငါးတွေကို ပုံစံအမျိုးမျိုးနဲ့ သယ်ယူကြတဲ့ လုပ်သားတွေ၊ ရေလှိုင်းတွေထဲထိ ဆင်းပြီးငါးတွေကို သယ်ယူကြတဲ့ နွားလှည်းတွေ၊ထော်လာဂျီတွေ၊ ဂျိတ္တောသောင်ပြင်မှာ တမျှော်တခေါ် လှန်းထားတဲ့ ငါးမျိုးစုံတွေ၊ ဒီရှုခင်းတွေကို မြင်ရဖို့ရောက်
လာကြတဲ့ ခရီးသွားတွေ။ ဒါတွေဟာ ဘယ်
တော့မှ မမေ့ပျောက်မယ့် နံနက်ခင်းတွေ။

ရပ်ဝေးကသူတွေအတွက်တော့ ဂျိတ္တောသောင်ပြင်ဟာ ငါးနံ့တွေနဲ့ ခက်ခဲချင်လည်း ခက်ခဲလိမ့်မှာပေါ့။ ဂျိတ္တောသားတို့အတွက်ကတော့ ဒါဟာပဲ ဂျိတ္တောပဲလေ။ ဒီလိုမှသာ
ဒို့ ရွာလေးနဲ့ ပြည့်စုံတော့လိမ့် မှာပေါ့။ ကောင်းကင်ပြာကြီးအောက်က လှေအရောင်စုံလေးတွေ နဲ့ ဂျိတ္တောချိုင်။ မဒေးတောင်ပေါ်က မြင်ရတဲ့ ကွေး ကွေးလေးနဲ့ အပြာရောင်
ဂျိတ္တောချိုင်။ လှခဲ့လိုက်တဲ့ မနက်ခင်းတွေပဲလေ။

ဂျိတ္တောဖောင်ဆိပ်ရဲ့ လှေတွေဆိုက်ကပ်တဲ့ ဆိပ်ခံကျောက်တန်းလေးအခြေက လှိုင်းသံတွေ၊ ဟိုးအဝေးပင်လယ်ပြာကြီးထဲက မှိုင်းပြပြ ကျွန်းတွေ။ ရာသီဥတုသာယာချိန်တွေမှာ ခရီးသွားတို့ရဲ့အပန်းဖြေလှေခရီးတွေ၊အမှတ်
တရဓါတ်ပုံရိုက်ကြချိန်တွေ၊ ဒါတွေဟာ ဂျိတ္တော‌ဖောင်ဆိပ် ရဲ့ သာယာခဲ့ချိန်တွေပေါ့။

၂၀၂၄ ဇူလိုင်မှာတော့ ဂျိတ္တောဟာ စစ်မြေ
ပြင်။ တိုက်ပွဲဟာရောက်လာတော့မှာဆိုတော့ စစ်ကိုကြိုတင် ရှောင်ကြသူတွေ နေရပ်စွန့်ခွာကြသူတွေဟာ သံတွဲနဲ့ ငပလီတလျှောက်က ထွက်ကြရပြီ။ စစ်ကို ရှောင်တာမှာ ပြည်မကိုမရှောင် အပြင်ကိုမထွက် အတွင်းထဲကိုသာရှောင်တဲ့ သူတယောက်ရဲ့စကား။ "ရန်ကုန်ကိုမရှောင်တာ စစ်မှုထမ်းကိုကြောက်လို့မဟုတ်၊ ရန်ကုန်မှာစာသင်စားရင်လည်း ထမင်းမငတ်။ ဒါပေမယ့် သူပါဝင်မှ ရခိုင်ပြည်ရဲ့ ပညာရေးဟာပိုပြီးတိုးတက်မှာလို့ ဘယ်သူမှ ဖိတ်ခေါ်တာ မျိုးမဟုတ်ပေမယ့် ကိုယ်ရှိတဲ့ခွန်အားနဲ့ နိုင်ရာတာဝန်ကို ထမ်းဆောင်မယ်"ဆိုတဲ့ အ
မျိုးကိုချစ်စိတ်နဲ့ ရခိုင်မြောက်ပိုင်းကိုသာ ရှောင်ခဲ့တဲ့စာသင်တဲ့လူငယ်ဆရာလေး။

ပြီးတော့ စစ်ကိုမရှောင် စစ်ကိုစောင့်ကြိုတဲ့သူတယောက်။"အားလုံးထွက်ပြေးသွားလို့ ဘယ်ဖြစ်မလဲ။ အာရက္ခတပ်တော်ဝင်လာရင် ဘယ်သူမှမရှိတော့လို့ မဖြစ်ဘူးလေ။ကိုယ်တိုင် စစ်ဝင်မတိုက် နိုင်ရင်တောင် ထမင်းချက်ကျွေးဖို့လိုရင်ချက်ကျွေးရမယ်။အနည်းဆုံးရေပဲဖြစ်
ဖြစ် စောင့်ကြိုတိုက်ဖို့ လူရှိဦးမှပေါ့" ဆိုတဲ့ သူတ‌ယောက်။

ဂျိတ္တောဟာ စစ်ရှုံးလာတဲ့ခလရ (၅၅)က စကစတပ်သားတွေရဲ့ ခံစစ်ပြင်ရာနေရာ။ စကစရဲ့ ဗုံးဆံတွေ လက်နက်ကြီးတွေအောက်မှာ ကလေး လေးတွေ၊ အသက်အရွယ်ကြီးသူတွေ ဂျိ‌တ္တောသားတို့ အသက်စွန့်ခဲ့ကြရပြီ။ ဒါပေမယ့် ဂျိတ္တောဟာ စကစ ရဲ့ စစ်ရှုံးရာမြေ၊ ဂျိတ္တောဖောင်ဆိပ်ဟာသပြုချိုင် နဲ့ မောင်ရွှေလေးရေတပ်ကို ဆုတ်ခွာပြေးခဲ့ရတဲ့ စကစ ရဲ့စစ်ရှုံးဆိပ်ကမ်း။ အဖိုးတန်လှတဲ့ ငပလီကမ်း
ခြေကို စကစ လက်လွှတ်ရပြီ။
👍217🤮6👎1🤣1🖕1
အခုနှစ်ဩဂုတ်လဆန်းကစစ်ကောင်စီလေ
ယာဉ်နဲ့ ဗုံးကြဲတာခံရတဲ့ဂျိတ္တော၊ မဒေးတောင်ပေါ်ကနေ ကြည့်ရင် အင်မတန်လှတဲ့ ဂျိတ္တောဟာမီးဟုန်းဟုန်းတောက်လောင်နေခဲ့တဲ့ မြင်
ကွင်း။ပင်လယ်ပြင်ကနေစကစလက်နက်ကြီး
တွေနဲ့ပစ်တာခံနေရတဲ့ ပငလီကမ်းခြေတလျှောက်ရဲ့ မကြာခင်ကသတင်းတွေ။ဒီကြားထဲက စားဝတ်နေရေးအတွက် ထမင်းမငတ်ရုံတမယ် ခက်ခဲရုန်းကန်နေကြရတဲ့ ဂျိတ္တော
သားတို့။ လက်ရှိအခြေအနေမှာ ပင်လယ်ပြင်ကိုလည်း ငါးဖမ်းမထွက်နိုင် ငါးဈေးလည်းမရှိတဲ့ ဂျိတ္တောအပါအဝင် ငပလီကမ်းခြေတလျှောက်က ဒေသခံတွေ။

စစ်ဘေးရှောင်ရင်းတခြားဒေသတွေကိုရောက်နေကြတဲ့ ဂျိတ္တောသားတို့မှာလည်း ငွေကြေးပြည့်စုံသူ တွေအတွက် တော်သေးနိုင်ပေမယ့် မပြည့်စုံသူတို့မှာ အစစအရာရာရုန်းကန်နေကြရဆဲ။အလုပ်အကိုင် ရှားပါး ခက်ခဲ၊ ဧည့်စာရင်းတိုင်တာက အစနဲ့ အိမ်ငှားဖို့မလွယ်ကူ၊ သားသမီးတွေကျောင်းထားဖို့ ထောက်ခံစာမရှိ။ စစ်မှုထမ်းကို ကြောက်ရ။ ဒီကြားထဲကပဲ ကိုယ့်ဒေသမှာ ကျန်ခဲ့သူတွေကို ကူညီနေတဲ့ ဒေသခံပရဟိတအဖွဲ့တွေကို ကူ
ညီထောက်ပံ့နိုင်ဖို့ ဆော်ဩကြိုးပမ်းကြတာတွေ။

အိမ်ပြန်ရမယ့်နေ့၊ စစ်နိုင်မယ့်နေ့ဟာ တနေ့တော့ ရောက်လာမှာပါ။ အဲဒီနေ့ကျရင် ဂျိတ္တောသားတို့ ဌာနေမှာ အားလုံးပြန်ဆုံကြမယ်။ငါးကုန်းညို၊ငါးဂုံး၊ငါးကညင်း၊ငါးမိုး
သီး၊ ကျောက်ရေမျောက်၊ ရေကြက်၊ ဂုံး တို့ဟာ အရင်လိုပဲ လတ်ဆတ်နေဦးမှာ။ ငါးတွေအများကြီး၊ ငရုတ်ကောင်းအများကြီးနဲ့ ပဒဲကောမပါတဲ့ ရခိုင်မုန့်တီရဲ့ ဟင်းရည်တွေက အရင်လို အရသာရှိနေဦးမှာ။ကြံထန်းလျက်နဲ့လုပ်တဲ့ ရိုးရာမုန့်တွေဟာလည်း အရင်လိုပဲ ချိုနေဦးမှာ။ "အနာဂတ်လမ်း စာပေပရဟိတ" မှာလည်း စာဖတ်တဲ့ ကလေးတွေ ပြန်ရောက်လာကြမှာ။ အဲဒီနေ့မှာ အရင်အတိုင်းပဲ ပြာလွင်နေတဲ့ကောင်းကင်ကြီးအောက်မှာ အပြာရောင်ပင်လယ်ပြင်ကြီးဟာ အားလုံးကို စောင့်ကြိုနေလိမ့်မှာပေါ့။

"နင့်ကိုမတွေ့တာ ကြာပြီပါးဝေး" လို့ ငါတို့ နှုတ်ဆက်ကြမယ်လေ . . နော်။ ။
👍39🥰4🤮21🤣1🖕1
🤮12👍98🤣1🖕1
ဝမ်းရောဂါဖြစ်ပွားနေချိန် ပုဇွန်တောင်မှာ လူတစုက မစင်ထုပ်တွေ လမ်း​ပေါ်ပစ်ချသွား

စက်တင်ဘာ-၁၀၊၂၀၂၆။တာရာ/People's Spring

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာ ၉ ရက်ညဦးပိိုင်းမှာကားတစ်စီးနဲ့ လူတစ်စုကမစင်ထုပ်တွေကို လမ်းမပေါ်တွေမှာ ပစ်ချသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

အဆိုပါမစင်ထုပ်တွေကို ညဘက်လမ်းသွားလမ်းလာကားတွေက တတ်ကြိတ်မိတာ
ကြောင့် အနံ့အသက်ဆိုးတွေကို ပတ်ဝန်းကျင်မှာပျံ့နှံ့သွားပါတယ်။

" ဒီလိုလုပ်ရပ်လုပ်တာဟာလူတွေမဟုတ်ဘူး။ ခွေးတွေ။ ဘယ်လောက်ဆိုးတဲ့အခြေအနေလဲ။ မနေ့ကနေလို့တောင်မရဘူး။ နံစော်နေတာ။ပရဟိတကအသင်းကားတွေနဲ့လိုက်ဆေးပေးတာ။ တခြားမြို့နယ်ကအသင်းကားတွေလည်းလာတယ်။ ဒီလုပ်ရပ်က အရမ်းကိုမိုက်ရိုင်းလွန်းတယ်" လို့ပုဇွန်တောင်မြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

ဘောက်ဆာနဲ့ရေဖြန်းပေးချိန်မှာလမ်းထဲကို ရေထဲဝင်မှာစိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ရပ်ကွက်ဥက္ကဌကလာရောက်တားမြစ်တာလည်း ကြုံခဲ့ရတယ်လို့သိရပါတယ်။

အများပြည်သူသွားလာနေတဲ့ လမ်းမပေါ်မှာ အညစ်အကြေးထုတ်တွေစွန့်ပစ်တာကအလွန်
ယုတ်ညံ့တဲ့ အလုပ်ဖြစ်ပြီး သက်ဆိုင်ရာဌာနတွေ အနေနဲ့ လုပ်သူကို ရှာဖွေ အရေးယူသင့်တယ်လို့ ပြည်သူတွေက မှတ်ချက်ပြုထားကြပါတယ်။ CCTV က​နေ ဘယ်သူ​တွေလုပ်တယ်ဆိုတာ ရှာ​ဖွေသင့်တယ်လို့လည်း​ရေးသား​နေကြပါတယ်။

ဒါ့အပြင် ဝမ်းရောဂါတွေ ပြန့်နှံ့နေတဲ့ ကာလမှာ ဒီလိုလုပ်ရပ်ကို လုပ်ဆောင်တာက ရော
ဂါပိုးပြန့်ပွားစေလိုတဲ့ ရည်ရွယ်ချက်ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ဒါကြောင့် စည်ပင်အနေနဲ့ အဲဒီ့နေရာကို ပိုးသတ်ဆေးဖြန်းတာတွေ ပြုလုပ်ဖို့ တိုက်တွန်းထားကြပါတယ်။


ဆိုးရွားတဲ့အနံ့အသက်တွေနဲ့ မစင်တွေကို လူမှုကယ်ဆယ်ရေးကားတွေနဲ့ ရေတွေသုံးပြီး လိုက်လံဆေးကြောသန့်စင်ပေးခဲ့ကြရပါတယ်။

ပုဇွန်တောင်မြို့နယ်မှာဝမ်းရောဂါနဲ့သေဆုံးသူတစ်ဦးရှိခဲ့သလို သြဂုတ်လမှာ ဝမ်း​ရောဂါဖြစ်ပွားတဲ့မြို့နယ်​တွေထဲလည်းပါဝင်ပါတယ်။

ဝမ်းရောဂါဖြစ်ပွားနေချိန် အခုလိုလုပ်ရပ်ဟာ ရောဂါကူးစက်အောင် ဝမ်းပိုးကို ရည်ရွယ်
ချက်ရှိရှိ ဖြန့်နေတာဖြစ်နိုင်တယ်လို့ အနီးနေထိုင်သူတွေကပြောပါတယ်။

ရန်ကုန်မှာ ဝမ်းရောဂါဖြစ်ပွားသူဦးရေဟာ ၂၀၀၀ နီးပါးရှိနေပြီး သေဆုံးသူကလည်း ၁၀ ဦးထက်မနည်းရှိနေတယ်လို့ ​အမည်မဖော်လိုသူကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

စစ်ကောင်စီအောက်ကျန်းမာရေးဝန်ကြီးဌာနကတော့ သတင်း​တွေကိုထိန်းချန်ထားပြီးဝမ်းရောဂါကို ထိန်းချုပ်နိုင်ပြီလို့ ပြောဆိုထားပါတယ်။

#ပုဇွန်တောင်မြို့နယ် #မစင်ထုပ်ပစ်ချမှု #ဝမ်းရောဂါသတိပြုရေး #ရန်ကုန်သတင်း #ပတ်ဝန်းကျင်သန့်ရှင်းရေး
🤬33🖕6🔥53👍1😡1