■ဆောင်းပါး
ရဲမှူးအိမ်တံခါးဝ ရောက်လာတဲ့ မတရားမှု
ထွန်းညိုဦး/People's Spring
"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"
အဖြူရောင် Hyundai Accent အမျိုးအစား ယာဥ်တစ်စီးရဲ့ရှေ့မှာ အဖြူရောင် စတစ်ကော်လာအင်္ကျီနဲ့ ပုဆိုးကို သေသေသပ်သပ်ဝတ်ထားတဲ့ အမျိုးသားတစ်ယောက်က သူ့ကိုယ်သူ အထက်ပါအတိုင်း မိတ်ဆက်ပါတယ်။ သူ့နာမည် ကိုဝင်းပါတဲ့။ အငှားယာဥ်မောင်း ကိုဝင်းဟာ ဆံပင်ကို ခေါင်းလိမ်းဆီလိမ်းကာ သပ်သပ်ရပ်ရပ် ဘေးခွဲထားတယ်။ အဖြူရောင် စတစ်ကော်လာအင်္ကျီနဲ့ ပုဆိုးက သူ့ကို ယုံကြည်စိတ်ချရစေတယ်။
အာဏာသိမ်းကာလအတွင်း လုယက်မှုတွေ၊ လူဖမ်းရောင်းစားတာတွေ မကြာခဏ ဖြစ်ပွားနေချိန် ခရီးသည်တွေဟာလည်း ကားသမားကို သတိထားရွေးလာကြတယ်။ ရန်ကုန်မှာဆိုရင် ယာဉ်မောင်းရဲ့ အချက်အလက်တွေ၊ ယာဉ်အမှတ်နဲ့ ဓာတ်ပုံတွေကို ကြိုကြည့်လို့ရတဲ့ GPS စနစ်နဲ့ ခရီးစဉ်ကို ခြေရာခံလို့ရတဲ့ Grab လို အငှားယာဥ်စနစ်ကို ပိုသုံးလာကြတယ်။ ဒါကြောင့် ကိုဝင်းဟာ ခရီးသည် သူ့အပေါ် ယုံကြည်စိတ်ချရအောင် သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ထားပုံရတယ်။
ကိုဝင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာမှာနေပြီး ကားအငှားလိုက်ပါတယ်။ ကိုဝင်းဟာ အပြောအဆိုမွန်
ရည်တာ၊ လူမှုဆက်ဆံရေးကောင်းတာကြောင့် ရပ်ဝေးရပ်နီး ကားငှားကြသူ များပါတယ်။စက်တင်ဘာလဆန်းကဆိုရင် နေပြည်တော်ကနေ မန္တလေးမြို့အထိ စင်းလုံးငှားလို့ လိုက်
ပို့ပေးခဲ့ရတယ်။ သူ့ဝန်ဆောင်မှုသဘောကျပြီး မန္တလေးလက်ဆောင် လက်ဖက်တွေရော၊ ထိုးမုန့်တွေရော ဝယ်ထည့်ပေးလိုက်သေးတယ်လို့ သူက Tiktok ကနေ ဂုဏ်ယူစွာ ပြောပြခဲ့တယ်။ "ကျေးဇူးအများကြီးတင်ပါတယ်အမရေ။ ခုလို ကျွန်တော့်ကားလေးကို ယုံယုံကြည်ကြည်နဲ့ ငှားစီးပြီး လက်ဆောင်တွေပေးတဲ့အတွက်"လို့ ပြောဆိုခဲ့တယ်။
စက်တင်ဘာလ ၆ ရက်နေ့က ကိုဝင်း ကားအငှားလိုက်ဖို့ ဖြစ်လာပါတယ်။ ကားငှားသူက နေပြည်တော်ကပါပဲ။ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရဲတပ်သား ရဲရင့်အောင်တဲ့။ သွားမှာက မိတ္ထီလာမြို့ကိုပါ။ ကောင်မလေး သွားတွေ့မှာတဲ့။ ကားခ လေးသိန်းနဲ့ စျေးတည့်ပြီး နှစ်ယောက်သား မိတ္ထီလာ ထွက်လာခဲ့ကြတယ်။
ညနေ ၄ နာရီခွဲလောက်မှာ အငှားယာဥ်မောင်း ကိုဝင်းရဲ့ မိသားစုက ကိုဝင်းဆီ ဖုန်းဆက်တယ်။ ဖုန်းက ကိုင်တယ်။ ဒါပေမယ့် ဖုန်းဖြေတဲ့သူက ကိုဝင်းမဟုတ်ဘူး။ တခြားယောကျာ်းတစ်ယောက်။ ခုမိတ္ထီလာမှာ။ ကားဆရာ အပြင်ခဏသွားနေတယ်လို့ ပြောတယ်။ မိသားစုက စိုးရိမ်ပြီးနောက်ထပ် ထပ်ဆက်တော့ ဖုန်းက စက်ပိတ်သွားပြီ။
အဲဒီနေ့ညနေပိုင်းမှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၇၉/၁) အနီး၊ အမြန်လမ်းနဲ့ ပေ ၃၀၀ ခန့်အကွာ၊ မန္တလေးဘက်သွားတဲ့ လမ်း အရှေ့ဘက်ခြမ်းမှာ နွားကျောင်းပြန်လာတဲ့ ကလေးတစ်ယောက်က လူသေအလောင်းတစ်လောင်း တွေ့လိုက်ရတယ်။ အဲဒီရုပ်အလောင်းဟ အငှားယာဥ်မောင်း ကိုဝင်းအလောင်း ဖြစ်နေခဲ့တာပါ။ သူ့အနီးမှာ ကားကို မတွေ့ရပါဘူး။
နောက်ဆုံးတော့ ကိုဝင်းကို မိတ္ထီလာမှာ ကောင်မလေးသွားတွေ့ဖို့ ကားငှားခဲ့တဲ့ လူကုန်တား ရဲတပ်ဖွဲ့က ရဲကိုယ်တိုင် သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ပေါ်ပေါက်တယ်။ သူဟာ ကားလုယူဖို့ ကိုဝင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ သိရတယ်။ ရဲဟာ ကျွဲဂိမ်း အရမ်းဆော့တယ်လို့ သိရတယ်။စက်တင်ဘာ ၇ရက်မှာတော့ လုယက်သွားတဲ့ ကားနဲ့အတူ ဒုရဲအုပ်ရဲရင့်အောင်ကို ဖမ်းမိခဲ့ပါတယ်။
ရာဇဝတ်မှုတွေကို တားဆီးကာကွယ်ရမယ့်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံစိတ်ချရအောင် စောင့်ရှောက်ရမယ့် ရဲတပ်ဖွဲ့ဝင်ကိုယ်တိုင်က ရာဇဝတ်မှုကို ကျုးလွန်လိုက်တာပါ။ ဇာတ်လမ်းဟာ ဒီမှာတင်မပြီးသေးပါဘူး။ အသတ်ခံလိုက်ရတဲ့ အငှားယာဥ်မောင်း ကိုဝင်းဟာ နေပြည်တော်က ရဲမှူးအောင်မျိုးလတ်ရဲ့ တူသားတစ်ယောက် ဖြစ်နေခြင်းပါ။ သတ်တဲ့သူကလည်း ရဲဖြစ်သလို အသတ်ခံရသူကလည်း ရဲမှူးရဲ့ သား ဖြစ်နေခဲ့တာပါ။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေး ယိုယွင်းပျက်ပြားလာပြီး လုယက်မှု၊ ဓားပြတိုက်မှုနဲ့ လူသတ်မှုစတဲ့ ရာဇဝတ်မှုတွေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေဟာလည်း စစ်ကောင်စီရဲ့ ကွပ်ကဲမှုအောက်ကနေ ဘီလူးဆိုင်းတီးခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ပြည်သူတွေကို ကျည်အစစ်သုံးပြီး ပစ်ခတ်ဖြိုခွင်းခဲ့လို့ ကလေးသူငယ်တွေ၊ ကျောင်းသားပြည်သူတွေ အပြစ်မဲ့ပြည်သူ အများအပြား အသက်ဆုံးရှုံးခဲ့ရတယ်။ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေသတင်းသမားတွေ၊ အနုပညာရှင်တွေအပါအဝင် ပြည်သူထောင်ပေါင်းများစွာကို ဝရမ်းမပါဘဲ ဖမ်းဆီးတာ၊ နေအိမ်တွေကို ညအချိန်မတော် ဝင်ရောက်စီးနင်းတာ၊အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်တာတွေကို ကျူးလွန်ခဲ့တယ်။ မတရားတဲ့ ဥပဒေတွေနဲ့ တရားစွဲဆိုတယ်။
နေအိမ်တွေနဲ့ ဆိုင်တွေကို ဝင်ရောက်စစ်ဆေးချိန်ငွေကြေး၊ လက်ဝတ်ရတနာတွေနဲ့ တန်ဖိုးရှိပစ္စည်းတွေကို အဓမ္မသိမ်းဆည်းယူဆောင်တာ၊ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်။ အပူစာတွေလည်း စားလို့ မြိန်ခဲ့တယ်။

👍23❤7🔥4🖕2
ရဲစခန်းတွေမှာ၊ စစ်ကြောရေးစခန်းတွေမှာ၊ အကျဉ်းထောင်တွေအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တယ်။ ထိန်းသိမ်းခံထားရစဉ်အတွင်း သေဆုံးမှုတွေပါ ရှိခဲ့တယ်။
ပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေအပြင် ဒုစရိုက်သမားတွေရဲ့ ရန်ကိုပါ ရင်ဆိုင်နေရပါတယ်။ ယခုအခါမှာတော့ မတရားမှုတွေဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အိမ်တံခါးဝကိုပါ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ နေပြည်တော်က ရဲမှူးရဲ့တူသား အငှားယာဥ်မောင်းတဲ့ ကိုဝင်းရဲ့ Tiktok မှာ သူ ခရီးသည်ကို ကျေးဇူးတင်စကားဆိုတဲ့ ဗွီဒီယို လူကြည့်များနေခဲ့တယ်။ "နောက်နောင်လည်း နေပြည်တော်ကို ရောက်ခဲ့လို့ရှိရင် ကျွန်တော့်ကားလေးကို ငှားစီးပေးပါဦးခင်ဗျာ။ ကျွန်တော်လည်း အကောင်းဆုံး အတက်နိုင်ဆုံး အမတို့ကို ဝန်ဆောင်မှုတွေ ပေးပါ့မယ်ခင်ဗျာ။ နောက်တခါ နေပြည်တော် လာလို့ရှိရင် ကျွန်တော်ထမင်းလိုက်ကျွေးပါရစေ။"လို့ နူတ်ဆက်သွားခဲ့ပါတယ်။
#ကားလုယက်သတ်ဖြတ်မှု
#အမြန်လမ်း #ဒုရဲအုပ် #ရဲမှူးတူ
#peoplesspring #ludunwayoo

🔥13❤5😢2🖕2
နေပြည်တော်မှာ စစ်တပ်ပြည်ထဲရေးဝန်ကြီး PSO မောင်းတဲ့ကားတိုက်လို့ ဒုဗိုလ်မှူးကြီး ၁ဦး သေဆုံး
စက်တင်ဘာ-၉၊၂၀၂၆။အိမ်သွင်/People's Spring
နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝင်းနိုင်ထွန်းမောင်းလာတဲ့ကားက ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်က ဒုဗိုလ်မှူးကြီး အောင်ဟိန်းထွန်းနဲ့ ဒုအရာခံဗိုလ် ပြည့်ငြိမ်းမောင်းလာတဲ့ဆိုင်ကယ်ကို တိုက်မိခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ ယာဉ်တိုက်မှုက ပျဥ်းမနားမြို့နယ်က ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ် မှာ စက်တင်ဘာ ၈ ရက် ည ၁၁ နာရီခန့်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဒုဗိုလ်မှူးကြီး အောင်ဟိန်းထွန်းက ဆေးရုံအရောက်မှာ သေဆုံးခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
" ဖြစ်ပြီး မိနစ်အနည်းငယ်အကြာမှာ လူမှုရေးအဖွဲ့တွေသွားသယ်ခဲ့တာ။ စစ်တပ်ကနောက်ကလိုက်လာပြီး သတင်းမတင်ကြဖို့ ပြောတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒုအရာခံဗိုလ် ပြည့်ငြိမ်းလည်း ဆေးရုံမှာကုသနေရဆဲလို့ သိရပါတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ KTV ကနေ အပြန်မှာဖြစ်တာလို့ ဒေသခံအချို့ကပြောပေမယ့် သီးခြားအတည်ပြုလို့ မရသေးပါဘူး။
ဗိုလ်ကြီးဝင်းနိုင်ထွန်းကို စစ်တပ်က ညတွင်းချင်း ဖမ်းခေါ်သွားတယ်လို့လည်း သတင်းရရှိပါတယ်။

😁28👏17👍10❤7👎1🥰1👻1
စစ်တပ်ရဲ့ ရခိုင်ထိုးစစ် တစ်ပတ်နီးပါးကြားတဲ့ထိ AA စခန်းတခုမှမသိမ်းနိုင်
■စစ်ကြာင်းတွေတပ်ဆုတ်ပြေးနေရပြီး ဒေသအချို့မှာတိုက်စစ်ကနေ ခံစစ်ဖြစ်နေ
စက်တင်ဘာ-၉၊၂၀၂၆။ခိုင်မြတ်/People's Spring
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ရှိ ၁၄ မြို့နယ်ထဲက နေရာအချို့ကို အာဏာသိမ်းစစ်တပ် က ၄၉၂၆ စစ်ဆေးရေးလို့နာမည်တပ်ပြီး ထိုးစစ်ဆင်တယ်ဆိုပေမယ့် တစ်ပါတ်နီးပါးကြာတဲ့ထိ စခန်းတစ်ခုမှမသိမ်းနိုင်ဘဲ စစ်တပ်စခန်းတွေ ထပ်မပါသွားဖို့သာခံစစ်လုပ်နေကြရတယ်လို့မြေပြင်သတင်းရင်း မြစ်တွေနဲ့ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က စက်တင်ဘာလ ၄ ရက်မှစပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း မြို့နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေ၊ ကျောက်ဖြူမြို့နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေနဲ့ ရခိုင်အစပ် မကွေး တိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်းထဲက ပန်းတောင်း၊ဧရာ၀တီတိုင်း ထဲက ရေကြည်၊ သာပေါင်းစတဲ့မြို့နယ်တွေရှိ AA ထိန်းချုပ်ဒေသ တွေကို အင်အားအများအပြားသုံးတန်ပြန်ထိုးစစ်လုပ်နေပါတယ် ။စစ်တပ်ထောက်ခံသူတွေနဲ့ စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေက ဒီတန်ပြန်စစ်ဆင်ရေးကို ၄၉၂၆ စစ်ဆင်ရေးဆိုပြီး ပြောဆိုဝါဒဖြန့်နေတာကိုတွေ့ရပြီး အာဏာသိမ်းစစ်တပ်ကတော့တရားဝင်သတင်းမထုတ်ပြန်ပါဘူး။
“လော်ဘီတွေ လိုင်းပေါ်မှာပဲ ကြွားလုံးထုတ်နေတာ။ တကယ့်မြေပြင်မှာ ခွေးပြေးဝက်ပြေး၊ ပြေးနေရတာ။ ကျောက် ဖြူမှာဆိုရင် တော်မော်ဦးဘက်ကနေ သူတို့ထိုးစစ်ဆင်လာတယ်။ ပြေးရတာပဲ။ ပြေးရတဲ့အပြင် အခု ဓည၀တီ (ရေတပ်စခန်း)ကိုပါ သွားတိုက်နေပြီ ကိုယ့်ဘက်က” လို့ မြေပြင်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
စစ်တပ်ဟာ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်စခန်းကနေ အ၀တောင်စခန်းသို့ အင်အားဖြည့်ပြီး အဲဒီကနေ စနဲမြို့ဘက်ဆီ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေခဲ့ပေမယ့် AA ရဲ့ တိုက်ခိုက်မှုကြောင့် တပ်ဆုတ်ပြေးရကာ လက် ရှိမှာ အ၀တောင်ရွာအနီးမှာပဲ ခံစစ်အနေအထားနဲ့ ခုခံနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် AAက ကျောက်ဖြူမြို့နယ်ရှိ ဓည၀တီရေတပ်စခန်းကာကင်းတွေကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဒီနေ့(စက်တင်ဘာ ၉ )နေ့လယ်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
“ဓည၀တီရေတပ်စခန်းနားကသစ်ပုတ်တောင်
ကာကင်းတွေကို တိုက်နေတယ်။ ဒီကောင်တွေ ထိုးစစ်ဆင်တယ်လို့တောင် ပြောလို့မရပါဘူး။ကြည့်ရသလာက် အသည်းအသန် ခုခံနေရတာပဲ တွေ့တယ်” လို့ ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။
အလားတူပဲ စစ်တွေမြို့နယ်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကိုအင်အားရာချီပါတဲ့စစ်
ကြောင်းနှစ်ခုနဲ့ ထိုးစစ်စ ခဲ့ပေမယ့် စစ်
ကြောင်းတခုဟာ တိုက်ပွဲပထမနေ့မှာပဲ အကျအဆုံးများပြီး နောက်ပြန်ဆုတ်ခဲ့ရပါတယ် ။ကျန်စစ်ကြောင်းတခုကလည်း ရှေ့မတိုးနိုင်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြရင်းမြစ်တွေကပြောပါတယ်။
စစ်တပ်ဟာ စက်တင်ဘာလ ၄ ရက်နေ့မှာပဲ စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားကနေ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်း တောင်ရွာဘက်ဆီ စစ်ကြောင်းတခု၊ရွှေမင်းဂံရေတပ်စခန်းကနေ
ပုဏ္ဏားကျွန်းမြို့နယ်ဘက် ရဲရိုးပြင်၊ ဆားပို့ တောင်၊ အောင်မြေကုန်းစတဲ့ ရွာတွေဘက်ထိစစ်ကြောင်းတခုထိုးစစ်ဆင်ခဲ့တာပါ။အမြင့်
ကျွန်းတံတားကတက်လာတဲ့စစ်ကြောင်းဟာ ကွမ်းတောင်ရွာနားအရောက်မှာ အကျအဆုံးများပြီး တပ်လန် ဆုတ်ပြေးခဲ့ရကာ အရင်က စခန်းချနေခဲ့တဲ့ အမြင့်ကျွန်းတံတားပေါ်ကနေပါ ဆုတ်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ရွှေမင်းဂံရေတပ်စခန်းကနေ ထွက်လာတဲ့စစ်ကြောင်းတခုပဲ ကျန်တော့ပြီး အဲဒီစစ်ကြောင်းဟာလည်း ရှေ့မတိုးနိုင်တော့ဘဲ လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေပေးကာ ဆားပို့တောင်ရွာဝန်းကျင်မှာပဲ တန့်နေတယ် လို့ မြေပြင်မှာရှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
“ပထမနှစ်ရက်လာက်ပဲ လူအားနဲ့ ထိုးနိုင်ခဲ့တာ။ အဲဒီရက်တွေမှာလည်း သေတာမနည်းဘူး၊ ထွက်ပြေးတဲ့ကောင် ပြေးဆိုတော့ ရှေ့လည်းမတိုးရဲကြဘူး။ AA ကသာ လိုက်တိုက်ရင် ဒီကောင်တွေ ရွှေမင်းဂံထိတောင် ပြန်ရောက်နေ လောက်ပြီ။ ဒါပေမယ့် မတိုက်ဘဲ ဆိုင်နေတာတွေ့တယ်။ လက်နက်ကြီးတွေနဲ့ပဲ ပစ်နေတယ်။ ရင်ဆိုင်တိုက်ပွဲ သိပ် မရှိတော့ဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တွေမှာတော့ စစ်တပ်ရဲ့ ကျောက်ဖြူနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ထိုးစစ် တွေမှာ AA စခန်းတွေ သိမ်းပိုက်ရရှိတယ်၊ အလောင်းတွေရတယ်၊လက်နက်တွေရတယ်လို့ ရေးသားပြောဆိုဖြန့်ဝေနေကြပေမယ့် လက်တွေ့ စစ်မြေမှာတော့ AA က လက်လွှတ်ထားရတဲ့ စခန်းမရှိသေးဘူးလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်ဟာ AA ထိန်းချုပ်ထားတဲ့ စစ်တွေမြို့နယ် ဝါဘိုကျွန်းရှိ ကျေးရွာတွေ၊ပုဏ္ဏားကျွန်းမြို့နယ်အစပ်ကျေးရွာ တွေနဲ့ ပုဏ္ဏားကျွန်းမြို့အနီးဝန်းကျင်က အရပ်သားလူနေကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဉ်ရက်ဆက်ပစ်ခတ်နေပြီး မြေပြင်ထိုးစစ် ဆက်လုပ်တာမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

👍38❤6🤣6👎1🥰1👏1🖕1
AA ဘက်ကလည်း စစ်တပ်အထိုင်စခန်းတွေနဲ့ တပ်ရင်းတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး စက်တင်ဘာ၉ မနက် ပိုင်းတိုက်ခိုက်မှုအတွင်း စစ်တပ်ရဲ့ ရွှေမင်းဂံရေတပ်စခန်းအပြင်ဘက်ကာကင်းစခန်းမှာ ကျရောက်ကာ တ ဆယ်ဝန်းကျင်သေဆုံးခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။
“ရွှေမင်းဂံကထွက်လာတဲ့ကောင်တွေ ရှေ့လည်း တိုးမရဘူး။ နောက်လည်း မဆုတ်ဘဲ နေ နေကြတယ်။ ကိုယ့်လူတွေကလည်းစ
နိုက်ပါနဲ့ရော လက်နက်ကြီးနဲ့ပါ အခွင့်အရေးရရင် ရသလို လိုက်ချနေတယ်။ မနက်ကတဆယ်လောက်ရလိုက်တယ်”လို့ဆိုပါတယ်။
ရခိုင်ပြည်ပြင်ပရိုးမအရှေ့ဘက်ခြမ်းမကွေး
တိုင်း မင်းတုန်း၊ ပဒါန်း၊ ပဲခူးတိုင်း ပန်းတောင်မြို့နယ်တို့အတွင်းတိုက်ပွဲတွေမှာလည်း ထိုး
စစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို AA က ဖြတ်တိုက်တာကြောင့် တိုက်ပွဲပြင်းနေကာ စစ် တပ်ဘက်က အထိနာနေတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၈ ရက်နဲ့ စက်တင်ဘာလ ၉ ရက်နေ့တွေမှာ ပန်းတောင်မြို့နယ် ညောင်ကျိုးနဲ့ ပွိုင့် ၆၆၆ ကုန်းအနီးဝန်းကျင်တို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး မကွေးတိုင်း ပဒါန်းမြို့နယ် နတ်ရေကန်ဗျူဟာကုန်းအနီး၊ ပဇီရွာဝန်း ကျင်တို့မှာ တိုက်ပွဲဖြစ်နေပါတယ်။
“နတ်ရေကန်ဘက်မှာ အခြေအနေကောင်းတယ်။ အသေးစိတ်တော့ ပြောလို့မရသေးဘူး။ ရလဒ်ကတော့ ကောင်း နေတယ်” လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်ကလူထုနွေဦးကို ပြောပါတယ်။
နိုင်ငံအဝှမ်း စစ်အရေးအရ အထိနာနေတဲ့စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့လက်လွှတ်ထားရတဲ့နယ်မြေ တွေကို တန်
ပြန်ထိုးစစ်ဆင်နိုင်ဖို့ ရခိုင်နဲ့အစပ် မကွေး၊ ပဲခူး၊ ဧရာ၀တီတိုင်းတို့ကနေ အင်အားအလုံး
အရင်းနဲ့ စစ် ကြောင်းထိုးလာနေပြီး လေ
ကြောင်းကနေလည်း ဗုံးကြဲတာတွေ ဆက်
တိုက်လုပ်လာနေတာပါ။ ဒါပေမယ့်မြေပြင်တိုက်ပွဲတွေမှာ စစ်မှုထမ်းစစ်သားသစ်အများစုသုံးထားပြီးသေဆုံး ဒဏ်ရာရသူ ၊ထွက်ပြေးသူ ၊အလင်းဝင်သူတွေဆက်တိုက်တိုးနေပြီး အထိနာကာ စစ်ကူတွေဆက်တိုက်ပို့နေရပါတယ်။
#စစ်တပ်တန်ပြန်ထိုးစစ်
#စစ်တွေ #ကျောက်ဖြူ #တောင်မော်ဦး
#ရွှေမင်းဂံ #Peoplesspring #ludunwayoo

👍41👏6🤣6👎1🥰1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(စက်တင်ဘာ ၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ကုလအထွေထွေညီလာခံဖွင့်ပွဲ သံအမတ်ကြီးဦးကျော်မိုးထွန်း တက်ရောက်
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးနဲ့ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ရက် မနေ့က မွန်းလွဲပိုင်းမှာ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့ရာ သံအမတ်ကြီးဦးကျော်မိုးထွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။ မနေ့က ကုလသမဂ္ဂဌာနချုပ် အထွေထွေညီလာခံမှာ (၈၀)ကြိမ်မြောက် အထွေထွေညီလာခံပိတ်ပွဲအခမ်းအနားနဲ့ (၈၁)ကြိမ်မြောက် အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားတွေ ပြုလုပ်ခဲ့တာပါ။ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း မျက်နှာစုံညီအစည်းအဝေးများနဲ့ ကုလသမဂ္ဂ ပင်မကော်မတီ(၆)ခုရဲ့အစည်းအဝေးများကို တက်ရောက်ခဲ့ပြီး မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။ နောက်ပြီး (၈၀) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးများအပါအဝင် ကုလသမဂ္ဂရဲ့ဆက်စပ်အစည်းအဝေးတွေမှာ တက်ရောက် မိန့်ခွန်းများ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ညီလာခံကာလတလျှောက်လုံး သံအမတ်ကြီးဦးကျော်မိုးထွန်းက မိန့်ခွန်းပေါင်း (၈၀) ကျော် ပြောကြားခဲ့ကြောင်း ဖော်ပြပါတယ်။ ပြောကြားခဲ့တဲ့မိန့်ခွန်းတွေမှာ သက်ဆိုင်ရာ ဘာသာရပ်များနဲ့ ဆက်စပ် ဆွေးနွေးခြင်းအပြင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုက တရားမဝင် စစ်အာဏာသိမ်းခဲ့တဲ့အချိန်ကစလို့ မြန်မာပြည်သူ လူထုတစ်ရပ်လုံးအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုများ၊ ချိုးဖောက်ခဲ့တဲ့ ကြီးလေးသော ရာဇဝတ်မှုများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမဆန်မှုများ၊ နိုင်ငံတကာရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ ရှောင်တိမ်းနေခြင်းများနဲ့ ပြည်သူအများ ကြုံတွေ့ခံစားနေရမှု စတာတွေ အလေးအနက်အထား ပြောကြားခဲ့တယ်လို့ အသိပေးပါတယ်။ လက်ရှိမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပက မြန်မာပြည်သူတွေ စတင်လှုပ်ရှားကြိုးပမ်းမှုတွေ ရှိနေပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ထောက်ခံကြောင်း ပြသတဲ့ Our Ambassador -Our Voice လှုပ်ရှားမှုမှာ ပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပြီး အဲဒီလှုပ်ရှားမှုမှာ ပါဝင်လိုသူတွေအနေနဲ့ https://our-ambassador-our-voice.vercel.app/ ကနေ ဝင်ရောက် ပြုလုပ်နိုင်တယ်လို့ အသိပေးထားပါတယ်။
◾️စင်းခန်းနဲ့ ဇင်းဘုံမှာ KIAနဲ့ စစ်တပ် တိုက်ပွဲပြင်းထန်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စင်းခန်းဒေသနဲ့ ရွှေကူမြို့နယ်က ဇင်းဘုံဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က တပ်ရင်းမှူး အပါအဝင် သေဆုံးထိခိုက်သူများသလို လက်နက်တွေ သိမ်းရခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က စင်းခန်းတံတား ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေသလို ဧရာ၀တီမြစ်ကြောင်း လုံခြုံရေး အရေးပါတဲ့ ဇင်းဘုံဒေသ အခြေချတပ်စွဲနိုင်ရေး ကြိုးပမ်းနေလို့ တိုက်ပွဲတွေ ပြင်းထန်နေတာ ရက်အတော်ကြာပြီဖြစ်ပါတယ်။ စင်းခန်းဘက်မှာ နေ့တိုင်းနီးပါးတိုက်ပွဲရှိပြီး ဇင်းဘုံဘက်မှာလည်း မနေ့ညက တညလုံးတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဇင်းဘုံမှာ ထိုးစစ်ဆင်နေတဲ့ စစ်တပ်ရဲ့ ခမရ-၁၂ တပ်ရင်းမှူး သေဆုံးကာ သူ့အလောင်းကို KIA ဘက်က ရထားတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း လက်နက် အများအပြားသိမ်းရရှိတယ်လို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။ ရွှေကူမြို့နယ်မှာ ကမ်းကပ်နားနေတဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က စက်တင်ဘာ ၉ရက် ဒီနေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့လို့ သင်္ဘော ၂စီး မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့ကို စစ်ကူ၊လက်နက်ခဲယမ်းနဲ့ရိက္ခာတွေ ပို့ဆောင်ပြီး ပြန်လာတဲ့ စစ်သင်္ဘော ၃စီးကို KIA ပူးပေါင်းတပ်က ဒီနေ့ ထပ်မံ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ဆင်းလာတဲ့ သင်္ဘော ၃စီးကို တိုက်ခိုက်နစ်မြုပ်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြပါတယ်။
◾️ရခိုင်ရိုးမတောင်ခြေ တိုက်ပွဲ စစ်တပ်ရဲ့ ဒုဗိုလ်မှူးကြီးနှစ်ဦး သေဆုံး

👍25🖕3❤2🤮1
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ထဲက ပဲခူးရိုးမအခြေမှာ စက်တင်ဘာလဆန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီးနှစ်ဦးပါဝင်တယ်လို့ သတင်းရရှိပါတယ်။ ပဲခူးရိုးမပေါ်ကို တက်ဖို့ ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)၊ PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတာပါ။ စက်တင်ဘာလဆန်းက တိုက်ပွဲမှာ တပ်မ(၅၅) လက်အောက်ခံတပ်ရင်းတွေထဲက တပ်ရင်းမှူးနှစ်ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ်နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် သေဆုံးတယ်လို့ နေပြည်တော်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ နယ်မြေမကျွမ်းကျင်တဲဲ့အပြင် စစ်မှုထမ်းဆင်း ပြည်သူ့စစ်တွေကလည်း စစ်မတိုက်တတ်ဘူးလို့ သတင်းရင်းမြစ်က ဆိုပါတယ်။ အရာရှိတွေကိုယ်တိုင်လည်း စိတ်မပါတော့ အကျိုးဆက်တွေ မကောင်းဘူးလို့ သူက ဆက်ပြောပါတယ်။
◾️မတ္တရာမြို့အရှေ့ခြမ်းက စစ်တပ်ပြန်ဆုတ်ပြီး မြို့တွင်းစုဖွဲ့မှု လုပ်နေ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းနဲ့ မြို့အနီးက စစ်တပ် အများစု ပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ်နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။ စက်တင်ဘာ ၉ ရက် ဒီနေ့ မနက်ပိုင်းကစပြီး မတ္တရာမြို့နယ်အရှေ့ခြမ်းက မြောင်းသစ်၊ သဖန်းကိုင်းတံတား၊ ကိုးလုံးပြွန်တံတား၊ ကိန္ဒရာ၊ ကျောက်ဆည်လေး၊ ကင်းရွာ၊ မတ္တရာမြို့အနောက်ဘက်က မြွေပုံကန် ပတ်လည်က တပ်တွေ တပ်ပြန်ဆုတ်တာတွေရှိတယ်လို့ သိရပါတယ်။ ဒီတကြိမ်တပ်တွေ ပြန်ဆုတ်တာက အရင်အကြိမ်တွေလို မဟုတ်ဘဲ ရုပ်ပျက်ဆင်းပျက်ကို ရုတ်သိမ်းသွားတာလို့ ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒီမနက် ၉နာရီလောက်မှာ ဗျူဟာမှူးညွှန်ကြားချက်နဲ့ အကုန်ပြန်ဆုတ်သွားတာလို့ သူက ဆိုပါတယ်။ တချို့ကျေးရွာတွေမှာတော့ ဒေသခံရွာသားတွေကို သူတို့ အင်အားအနည်းငယ်နဲ့ ကင်းစောင့်ခိုင်းထားခဲ့တာမျိုး ရှိတယ်လို့ သိရပါတယ်။
◾️ကရင်နီပြည်ကို စစ်တပ်က လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှု ပိုလုပ်လာ
ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက ပြောပါတယ်။ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စစ်တပ်စခန်းကုန်းကို ကရင်နီပူးပေါင်းတပ်တွေသိမ်းပိုက်ပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးလုပ်လာတယ်လို့ ဆိုပါတယ်။ ဩဂုတ်နောက်ဆုံးပတ်က လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း တောင်ကုန်းစခန်းတစ်ခုကို ကရင်နီတပ်ပေါင်းစုက သိမ်းနိုင်ခဲ့ပြီး စစ်တပ်က သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ကာ လက်နက်ခဲယမ်းတချို့ကိုပါ သိမ်းဆည်းရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစလို့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိလာကာ စက်တင်ဘာ ၅ ရက်က လွိုင်ကော်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာက ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။
◾️ပလက်၀မှာ ရခိုင်စာနဲ့ မြန်မာစာ ကြိုက်ရာ ရွေးသင်နိုင်တယ်လို့ AA ထုတ်ပြန်
အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။ လူမျိုးစုံနေထိုင်တဲ့ ပလက်၀ဒေသမှာ AA ပညာရေးဌာနက ဒေသခံချင်းပြည်သူတွေရဲ့ သဘောဆန္ဒမပါဘဲ ရခိုင်စာသင်ရိုးနဲ့ အတင်းအဓမ္မသင်ကြားနေကြောင်း ကမ္လာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း(GKO)ရဲ့ ကန့်ကွက်ထုတ်ပြန်ချက် ထွက်လာပြီးနောက် AA ပညာရေးဌာနက အခုလို တုံ့ပြန်လာတာပါ။ ချင်းပြည်နယ် ပလက်၀နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားတဲ့ AA က အခုပညာသင်နှစ်ကစပြီး ၁၂ တန်း မြန်မာစာနေရာမှာ ရခိုင်စာကို အစားထိုးသင်ကြားနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရခိုင်စာမသင်လိုတဲ့ ကျောင်းသား၊ ကျောင်းသားတွေအတွက် သင်ရိုးဟောင်း မြန်မာစာနဲ့ သင်ကြားပေးဖို့ စီစဉ်နေကြပြီဖြစ်တယ်လို့ ပလက်၀မြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
◾️စစ်တပ်ရဲ့ စုံ၊မ ကားစနစ် ၆လအကြာမှာ ပြန်ဖျက်သိမ်း
စက်သုံးဆီခြိုးခြံချွေတာဖို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ်၊ ယာဉ်ထိန်းရဲ နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေအတွက် ဝင်ငွေရလမ်းဖြစ်ခဲ့တဲ့ စုံ/မ ကားစနစ်ကို ဒီနေ့ စက်တင်ဘာ ၉ရက်မှာ ဖျက်သိမ်းလိုက်ပြီလို့ စစ်တပ်က ထုတ်ပြန်ပါတယ်။ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် စက်သုံးဆီချွေတာရေး အကြောင်းပြချက်နဲ့ စစ်တပ်က ပြီးခဲ့တဲ့ မတ်လ ဆန်းပိုင်းမှာ ကားတွေကို နံပါတ်စဉ်အလိုက် စုံရက်၊ မရက်ခွဲပြီး အပြင်ထွက်ဖို့ ထုတ်ပြန်ခဲ့တာပါ။ ကားတွေကို ပုံမှန်အတိုင်း မောင်းနှင်ခွင့်ပေးပေမယ့် ဆီဆိုင်တွေမှာတော့ စုံ၊မ ရက်စနစ်နဲ့ QR Code သတ်မှတ်ချက်တွေနဲ့ ဆက်လက်ရောင်းချသွားမယ်လို့ ဆိုပါတယ်။
◾️ညောင်တုန်းရေကာတာပိတ်ဖို့ စစ်မှုထမ်းသင်တန်းဆင်းတွေခေါ်လာပြီး ထွက်မပြေးအောင် သေနတ်ထောက်ပြီး ခိုင်းနေ

👍20🖕3❤1🤮1
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ရေကာတာပိတ်ဆို့တာမှာစစ်တပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်အများအပြားခေါ်လာပြီး ထွက်ပြေးမှာစိုးလို့ သေနတ်နဲ့ထောက်ပြီး ခိုင်းစေနေပါတယ်။ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်ဖျားကျေးရွာမှာရှိတဲ့ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းရေကာတာဟာ ဩဂုတ် ၂၅ရက် မနက်ပိုင်းမှာအိကျပြီး ကျိုးကျမယ့်အန္တရာယ်ကြောင့် လူအင်အားထောင်ချီသုံးပြီး အရေးပေါ် ပိတ်ဆို့နေကြတာဖြစ်ပါတယ်။ ကနဦးမှာ ဒေသခံတွေက လုပ်အားပေးကြရာကနေ အခြေအနေပိုဆိုးလာတဲ့နောက်ပိုင်း စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းစစ်သားတွေကို ကားတွေနဲ့ခေါ်လာပြီး ခိုင်းစေနေတာဖြစ်ပါတယ်။ စက်တင်ဘာ ၄ရက်က ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ထဲက အမှတ်(၉) ရဲလေ့ကျင့်ရေးတပ်ကနေ စစ်ကား အစီးရေ ၂၀ ကျော်နဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေခေါ်လာတာကို တွေ့ရပါတယ်။
◾️ရတနာပုံဆိုက်ဘာစီးတီးမှာ ကျောင်းသားချင်း ဓားထိုးပြီး တစ်ဦး သေဆုံး
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာ စက်တင်ဘာ ၈ ရက် မနေ့က ညပိုင်း ၇ နာရီဝန်းကျင်မှာ ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားပါတယ်။ မနေ့ ညပိုင်းက ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်ကျောင်းရဲ့အမျိုးသားအဆောင်မှာ ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။ ရွှေကျွန်းသာအမျိုးသားအဆောင် တတိယထပ်မှာ ကျောင်းသားနှစ်ဦး ဆူညံနေတဲ့အတွက် အောက်ထပ်က ကျောင်းသားတစ်ဦးက မဆူဖို့ သွားပြောရာကနေ ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ ဒေသခံက ပြောပါတယ်။ ကျောင်သားနှစ်ဦးက သူတို့ကိုမဆူဖို့ လာပြောတဲ့ ကျောင်းသားကို ထိုးကြိတ်ရာမှာ အထိုးခံရတဲ့ကျောင်းသားက အဆောင်ဝရန်တာမှာရှိနေတဲ့ ကြက်သွန်လှီးဓားနဲ့ ထိုးရာမှာ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးလည်း ဓားဒဏ်ရာရကာ စိုးရိမ်ရတယ်လို့ သိရပါတယ်။
◾️နေပြည်တော်မှာ စစ်တပ်ပြည်ထဲရေးဝန်ကြီး PSO မောင်းတဲ့ကားတိုက်လို့ ဒုဗိုလ်မှူးကြီး ၁ဦး သေဆုံး
နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝင်းနိုင်ထွန်းမောင်းလာတဲ့ကားက ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်က ဒုဗိုလ်မှူးကြီး အောင်ဟိန်းထွန်းနဲ့ ဒုအရာခံဗိုလ် ပြည့်ငြိမ်းမောင်းလာတဲ့ဆိုင်ကယ်ကို တိုက်မိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ယာဉ်တိုက်မှုက ပျဥ်းမနားမြို့နယ်က ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ် မှာ စက်တင်ဘာ ၈ ရက် ည ၁၁ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒုဗိုလ်မှူးကြီး အောင်ဟိန်းထွန်းက ဆေးရုံအရောက်မှာ သေဆုံးခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

👍23👏3🖕3🎉2❤1🤮1