စင်းခန်းနဲ့ ဇင်းဘုံမှာ တိုက်ပွဲပြင်းထန်
▪️တပ်ရင်းမှူး အပါအဝင် စစ်တပ် အလောင်းတွေနဲ့ လက်နက်တွေ KIA ပူးပေါင်းတပ် သိမ်းရ
စက်တင်ဘာ ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စင်းခန်းဒေသနဲ့ ရွှေကူမြို့နယ်က ဇင်းဘုံဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က တပ်ရင်းမှူး အပါအဝင် သေဆုံးထိခိုက်သူများသလို လက်နက်တွေ သိမ်းရခဲ့ဟု ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။
စစ်တပ်က စင်းခန်းတံတား ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေသလို ဧရာ၀တီမြစ်ကြောင်း လုံခြုံရေး အရေးပါတဲ့ ဇင်းဘုံဒေသ အခြေချတပ်စွဲနိုင်ရေး ကြိုးပမ်းနေလို့ တိုက်ပွဲတွေ ပြင်းထန်နေတာ ရက်အတော်ကြာပြီဖြစ်ပါတယ်။
ဩဂုတ်နောက်ဆုံးပတ်နဲ့ စက်တင်ဘာ ပထမပတ်အတွင်း ရွှေကူ-ဗန်းမော် ဧရာ၀တီ မြစ် ဘေးပတ်ဝန်းကျင်မှာ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်တပ်က ဗန်းမော်ကိုလာတဲ့ စစ်သင်္ဘောတွေကိုလည်း KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ စစ်တပ် အထိနာခဲ့ပါတယ်။
“စင်းခန်းဘက်မှာ တိုက်ပွဲက နေ့တိုင်းရှိတယ်။ ဇင်းဘုံဘက်မှာ လည်း တော်တော်ပြင်းထန်တယ်။ မနေ့ကရော မနေ့ညကရော တညလုံးပဲ မိုးလင်းပေါက်တိုက်ပွဲပြင်းထန်တယ်။ ပြီးတော့ ဇင်းဘုံက ထိုးစစ်ဆင်နေတဲ့ စခတပ် တပ်မ (၃၃)က ခမရ(၁၂)က တပ်ရင်းမှူးက သေသွားတာ။ အလောင်းက ကျနော်တို့ ရထားတယ်။ ပြီးတော့ ခမရ(၁၁၉)က တပ်ရင်းမှူးလည်း ဒဏ်ရာရတယ်။ လက်နက်တွေလည်းအများကြီးရတယ် မနေ့ညက” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အခြား သတင်းရင်းမြစ်တစ်ဦးကလည်း စက်တင်ဘာ ၉ရက် စင်းခန်းတံတား ဝန်းကျင်တိုက်ပွဲမှာ စစ်တပ်က အထိနာခဲ့တယ်လို့ ပြောပါတယ်။
တံတားဝန်းကျင်ကို ချဉ်းကပ်လာတဲ့ စစ်တပ်ဟာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်များခဲ့ပြီး စစ်တပ်က ၁၈ဦးရဲ့ ရုပ်အလောင်းတွေနဲ့ လက်နက် ၉လက် သိမ်းရခဲ့တယ်လို့ အသိပေးပါတယ်။
စစ်တပ်စစ်ကြောင်း ဖရိုဖရဲ ဆုတ်ခွာသွားတယ်လို့လည်း သတင်းရင်းမြစ်က အသိပေးထားပါတယ်။
လက်ရှိ စင်းခန်းဒေသ မြေပြင်စစ်ရေး အခြေအနေဟာ ဆက်လက်တင်းမာနေဆဲ အနေအထားလို့လည်း သတင်းရင်းမြစ်က ပြောပြပါတယ်။
စစ်တပ်ဟာ စင်းခန်းတံတား ပြန်ရဖို့ နဲ့ ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး KIA ပူးပေါင်းတပ်ဘက်ကလည်း အပြင်းအထန် ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။
လက်ရှိမျာ စစ်တပ်ဝါဒဖြန့်သူအချို့က စင်းခန်းတံတားကို သိမ်းရထားတယ်လို့ ဝါဒဖြန့်နေပေမဲ့ ကချင်စစ်ရေး သတင်းရင်းမြစ်က မြေပြင်အခြေအနေဟာ စစ်တပ်ဝါဒဖြန့်သူတွေရဲ့ ပြောကြားချက်နဲ့ ပြောင်းပြန် အနေအထားဖြစ်တယ်လို့ ပြောပါတယ်။
စစ်တပ်ဟာ လက်ရှိမှာ ဗန်းမော်မြို့ကို ရေကြောင်းကနေ စစ်အင်အားဖြည့်ဖို့ ရွှေကူကို သင်္ဘော ၆စင်း ဆိုက်ကပ်ထားပါတယ်။ စစ်သင်္ဘောတွေအပါအဝင် စစ်သင်္ဘော ၆စီးဟာ စက်တင်ဘာ ၈ရက်မှာ ကသာကနေ ရွှေကူကို ရောက်လာတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၉ရက်မနက်မှာတော့ ရပ်ထားတဲ့ သင်္ဘောတွေထဲက ၂စီးကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ မီးလောင်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောကြားထားပါတယ်။

👏41❤11👍10🔥3🥰2🤣2👎1🖕1
ဗိုလ်တထောင်မြို့နယ်မှာ အဘွားအို ၁ဦး အသတ်ခံရ
စက်တင်ဘာ-၉၊၂၀၂၆။ရောင်နီ၊တာရာ/People's Spring
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်မှာ အသက် (၇၁)နှစ်အရွယ် အမျိုးသမီး ၁ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၇ ရက် ညက ၄၁ လမ်းအပေါ် ဘလောက်မှာနေထိုင်တဲ့ အဘွားအို ၁ဦးကို နေအိမ်မှာ အတူနေတဲ့ အိမ်အကူက သတ်ခဲ့တာလို့ ဗိုလ်တထောင်မြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
"အိမ်ဖော်တွေက ခေါင်းအုံးနဲ့ ဖိသတ်တာလို့ ကြားတယ်။ သတ်တဲ့သူက ထွက်ပြေးပေမယ့် မနေ့က ဖမ်းမိတယ်လို့ ကြားတယ်" လို့ အဆိုပါဒေသခံကပြောပါတယ်။
အခင်းဖြစ်ပွားရာအနီး နေထိုင်သူတစ်ဦးကလည်း " အိမ်ဖော်က ခေါင်းအုံးနဲ့ဖိသတ်တာလို့ သိရတယ်။ ဘာကြောင့်သတ်သွားတာလဲဆိုတာတော့မသိဘူး။ ကောင်မလေးကို ရဲတွေက လိုက်ရှာနေကြတယ်။ ပစ္စည်းတွေလည်း ပါသွားတယ်လို့ ကြားတယ်" လို့ ပြောပါတယ်။
ခေတ်ကာလအခြေအနေအရ အသက်ကြီးပိုင်း မိဘတွေကို အိမ်အကူတွေနဲ့ စိတ်ချပြီးထားတာမျိုးထက် မိဘတွေရဲ့ အခြေအနေကို စောင့်ကြည့်ကင်မရာတွေနဲ့ပဲဖြစ်ဖြစ်စောင့်ကြည့်သင့်တယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက အကြံပြုထားပါတယ်။
ဩဂုတ် ၂၈ ရက်ကလည်း ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ စလော့ဂိမ်းကစားပြီးငွေလိုနေတဲ့ လူငယ် ၁ဦးက သူငယ်ချင်းရဲ့ မိခင်ကိုသတ်တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေတက်လာတာနဲ့အမျှ ရန်ကုန်မြို့မှာ လူသတ်မှူတွေ လုယက်မှု ခိုးမှုတွေ များပြားလာတာကြောင့် ပြည်သူလူထုတွေအနေနဲ့ မလုံခြုံမှုတွေ ခံစားနေရတယ်လို့ ရင်ဖွင့်ထားကြပါတယ်။
၂၀၂၅ မှာလည်း ရန်ကုန်မြို့လယ်ဖြစ်တဲ့ ပန်းပဲတန်းမြို့နယ်က Beauty Land Hotel အခန်းအမှတ် (၅၀၂၀ မှာ အမျိုးသမီး ၁ ဦး အပိုင်းပိုင်းခုတ်ထစ် အသတ်ခံရမှုဖြစ်ပွားခဲ့ပါတယ်။

👍21🔥7😢6❤4👎2🤬2🤣1
ဗန်းမော်က ပြန်ဆင်းလာတဲ့ စစ်သင်္ဘော ၃စီး KIA ပူးပေါင်းတပ် ထပ်မံတိုက်ခိုက်ဖျက်ဆီး
■တိုက်ခိုက်ရေးသင်္ဘော ၂စီး နစ်မြုပ်၊ ကုန်သင်္ဘော မီးလောင်၊
စက်တင်ဘာ ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူ၊လက်နက်ခဲယမ်းနဲ့ရိက္ခာတွေ ပို့ဆောင်ပြီး ပြန်
လာတဲ့ စစ်သင်္ဘော ၃စီးကို ကချင်လွတ်
လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ (စက်တင်ဘာ ၉ရက်)မှာထပ်မံ တိုက်
ခိုက်ဖျက်ဆီးခဲ့ကြောင်းကချင်စစ်ရေးသတင်း
ရင်းမြစ်တွေက ပြောပါတယ်။
စက်တင်ဘာ ၂ရက်မှာ ရွှေကူကနေ ဗန်းမော်မြို့ကို စစ်အင်အားခဲယမ်း ပို့ဆောင်တဲ့ စစ်သင်္ဘောအုပ်စုကို KIAက တိုက်ခိုက်ခဲ့ရာ သင်္ဘောအချို့သာ ဗန်းမော်မြို့ကို ရောက်ရှိခဲ့ပြီး အဲဒီကနေ ပြန်ဆင်းလာတဲ့ သင်္ဘောတွေကို KIAက ထပ်မံ တိုက်ခိုက်ခဲ့တာပါ။
“ ဗန်းမော်ကို လူအင်အားနဲ့ ရိက္ခာခဲယမ်းတွေ ပို့ပြီးမှ ပြန်ဆင်းလာတဲ့ သင်္ဘောတွေကို ကျနော်တို့ KIAနဲ့ ပူးပေါင်းတွေက ကြားမှာ စောင့်ကြိုပြီးမှ တိုက်ခိုက်တာ။ ကုန်တင်သင်္ဘော ၁ စီးက မြလယ်အထက်နားလေးမှာ အားလုံးမီးလောင်ပျက်စီးသွားတယ်။ပြီးတော့ တိုက်
သင်္ဘော ၂ စီးကတော့ဇင်းဘုံအောက်ဝဲမကြီးမှာ မြုပ်သွားပြီ။ တိုက်ခိုက်ရေးသင်္ဘော ၁စီးကလုံး၀ မြုပ်သွားတယ်။ နောက်၁ စီးက တဝက်မြုပ် တဝက်ပေါ် ဖြစ်နေပြီ။ ဒီနေ့ ဆင်းလာတဲ့ သင်္ဘော ၃စီးပေါ့ ။အဲဒီ ၃စီးကို တိုက်
ခိုက်နစ်မြုပ်နိုင်ခဲ့တယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်ကရှင်းပြပါတယ်။
အခု စစ်သင်္ဘော ၃စီးကို ထပ်မံတိုက်ခိုက်နစ်မြှုပ်နိုင်ခဲ့တာကြောင့် ကချင်ပြည်နယ် ဗန်းမော်ကို ပထမအသုတ် စစ်အင်အားဖြည့်လာတဲ့ စစ်တပ်ရဲ့ သင်္ဘောအုပ်စုက သင်္ဘော စုစုပေါင်း ၁၁ စီးအထိ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာဖြစ်တယ်လို့ အသိပေးပါတယ်။
KIA ပူးပေါင်းတပ် တိုက်ခိုက်ခဲ့လို့ ထိခိုက် မီးလောင်နေတဲ့ စစ်တပ်သင်္ဘောအချို့ရဲ့ အခြေအနေနဲ့ သင်္ဘောပေါ်ကသူတွေ ရေထဲခုန်ချ ရေထဲမျောပါနေတဲ့ ရုပ်သံအချို့ကိုလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ဒီမှာ ပေါက်ကွဲကုန်ပြီ။ လူတွေလည်း ရေပေါ် ခုန်ချကုန်ပြီ။ အဲဒီမှာကူးနေတယ်။ဟိုက ကောင်ကကြိုချင်နေတာ။အများကြီးပဲကွာ” လို့ ရုပ်သံမှာ တော်လှန်ရေးရဲဘော်အချို့ရဲ့ ပြောကြားသံကို ကြားရပါတယ်။
KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၉ရက်အထိ နှစ်ပတ်တာအတွင်း စစ်သင်္ဘော ၁၁စီး ထိခိုက်ပျက်စီး နစ်မြုပ်ခဲ့ရာအဲဒီအထဲမှာ စစ်တပ်ရဲ့ တိုက်ခိုက်ရေး သင်္ဘော ၃စီး၊ ကုန်တင်သင်္ဘော ၈စီး ပါဝင်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာ ဒုတိယပတ်မှာ က
ချင်ပြည်နယ်ကို ဒုတိယ အသုတ်အဖြစ်ထပ်တက်လာတဲ့ စစ်တပ်ရဲ့ သင်္ဘော ၆စင်းထဲက ၂စီးကိုလည်း KIA ပူးပေါင်းတပ်ကစက်တင်
ဘာ ၉ရက်မနက်မှာပဲရွှေကူမြို့နယ်မှာ ကမ်းကပ်ရပ်နားထားစဉ် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ သင်္ဘော ၂စီး မီးလောင်ခဲ့ကြောင်းလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါကြောင့် နှစ်ပတ်အတွင်း စစ်တပ်သင်္ဘော စုစုပေါင်း ၁၃စီးထက်မနည်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးထားတာဖြစ်ပါတယ်။စင်တင်ဘာ ၉ ရက်တစ်နေ့တည်း အခုညနေပိုင်းအထိ့စစ်စစ်သင်္ဘော ၅ စီးကိုတိုက်ခိုက်ဖျက်ဆီးထားနိုင်တာလည်းဖြစ်ပါတယ်။
ကချင်ပြည်နယ်ကို စစ်တပ်က အင်အားဖြည့်ဖို့ ကြိုးပမ်းလျက်ရှိရာ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလအတွင်းမှာ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ မြေပြင်တိုက်ပွဲနဲ့ ရေကြောင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ရွှေကူမြို့နယ် ဇင်းဘုံဒေသနဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား ဝန်းကျင်တိုက်ပွဲတွေဟာ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များကာ လက်နက်ခဲယမ်းတွေ အလောင်းတွေ သိမ်းရခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါအပြင် ရေကြောင်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးထိခိုက်များခဲ့ပြီး လက်နက်
ချ အလင်းဝင်ရောက်သူလည်း ရာချီရှိခဲ့ပါတယ်။
ရုပ်သံ - ကချင်စစ်ရေးသတင်းရင်းမြစ်
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #ဗန်းမော်စစ်သင်္ဘော #KIAပူးပေါင်းတပ် #စစ်သင်္ဘောတိုက်ခိုက်ခံရမှု #ကချင်စစ်ရေးသတင်း

❤36👍15👏9🤣3👎1🥰1👌1🖕1
စစ်တပ်ရဲ့ စုံ၊မ ကားစနစ် ၆လအကြာမှာ ပြန်ဖျက်သိမ်း
စက်တင်ဘာ-၉၊၂၀၂၆။သတိုး/People's Spring
စက်သုံးဆီခြိုးခြံချွေတာဖို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ် ၊ ယာဉ်ထိန်းရဲ နဲ့ အုပ်ချုပ်ရေး အဖွဲ့တွေအတွက် ဝင်ငွေရလမ်းဖြစ်ခဲ့တဲ့ စုံ/မ ကားစနစ်ကို ဒီနေ့(စက်တင်ဘာ၉)မှာ ဖျက်သိမ်းလိုက်ပြီလို့ စစ်တပ်က ထုတ်ပြန်ပါတယ်။
အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် စက်သုံးဆီချွေတာရေး အကြောင်းပြချက်နဲ့ စစ်တပ်က ပြီးခဲ့တဲ့ မတ်လ ဆန်းပိုင်းမှာ ကားတွေကို နံပါတ်စဉ်အလိုက် စုံရက်၊ မရက်ခွဲပြီး အပြင်ထွက်ဖို့ ထုတ်ပြန်ခဲ့တာပါ။
ကားတွေကို ပုံမှန်အတိုင်း မောင်းနှင်ခွင့်ပေးပေမယ့် ဆီဆိုင်တွေမှာတော့ စုံ၊မ ရက်စနစ်နဲ့ QR Code သတ်မှတ်ချက်တွေနဲ့ ဆက်လက်ရောင်းချသွားမယ်လို့ ဆိုပါတယ်။
"ထူးခြားပြီးဝမ်းသာမှုမရှိသလို ဘယ်သူ့ကိုမှလည်း ကျေးဇူးတင်စရာမရှိပါဘူး။လုပ်ပိုင်ခွင့်တခုရှိရင် လုပ်စားသွားကြတာတွေပဲ ပြည်သူ့မေတ္တာခံယူသွားကြရတာပါ" လို့ ယာဉ်မောင်းတစ်ဦးက စုံမ ကိစ္စဖျက်သိမ်းတဲ့အပေါ် မှတ်ချက်ပေးပါတယ်။
စစ်တပ်က စုံ ၊ မ စနစ် ပြဌာန်းဆိုတဲ့ကာလမှာ မလိုက်နာသူတွေကို ဒဏ်ကြေးငွေ ၊ ထောင်ဒဏ်စတာတွေနဲ့ ခြိမ်းခြောက်ခဲ့ပြီး စစ်တပ် ၊ ယာဉ်ထိန်းရဲ နဲ့ အုပ်ချုပ်ရေး အဖွဲ့တွေပါဝင်တဲ့ စုပေါင်းအဖွဲ့က စုံရက်မှာ ထွက်တဲ့ မကား ၊ မရက်မှာ ထွက်တဲ့ စုံကားတွေကို ငွေတောင်းတဲ့ ကိစ္စတွေရှိခဲ့ပါတယ်။
စုံ၊မ ဖမ်းဆီးတဲ့အဖွဲ့ကို ပြည်သူတွေက အသုတ်စုံလို့ နာမည်ပေးထားပြီး အဲဒီအဖွဲ့ရှိတဲ့နေရာကို ရှောင်ရှားသွားလာဖို့ အချင်းချင်းအကူအညီပေးခဲ့ကြတာတွေရှိပါတယ်။
စုံ၊မ စနစ်က အဆင်မပြေမှုတွေကြုံနေရတာကြောင့် ပြီးခဲ့တဲ့လတွေကတည်းက ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပေမယ့် စစ်တပ်က ၆လအကြာမှ ဖျက်သိမ်းပေးခဲ့တာဖြစ်ပါတယ်။

👍23🔥3🤣3❤1👏1
ရခိုင်ရိုးမအခြေ တိုက်ပွဲစစ်တပ်ဘက်ကဒုဗိုလ်မှူးကြီးနှစ်ဦးသေဆုံးဟုဆို
စက်တင်ဘာ-၉၊၂၀၂၆။ဇော်ရမ်း/People’s Spring
မကွေးတိုင်း ၊မင်းတုန်းမြို့နယ်ထဲက ပဲခူးရိုးမအခြေမှာ စက်တင်ဘာလဆန်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီးနှစ်ဦးပါဝင်တယ်လို့ သတင်းရရှိပါတယ်။
ရခိုင်ရိုးမပေါ်ကို တက်ဖို့ ကြိုးစားနေတဲ့ စစ်
တပ်စစ်ကြောင်းတွေကို အာရက္ခတပ်တော်
(AA)၊PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီးတိုက်ပွဲတွေအပြင်းအထန်
ဖြစ်ပွားနေတာပါ။ စက်တင်ဘာလဆန်းကတိုက်ပွဲမှာတပ်မ(၅၅)လက်အောက်ခံ
တပ်ရင်းတွေထဲက တပ်ရင်းမှူးနှစ်ဦးဖြစ်
တဲ့ ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ်နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် သေဆုံးတယ်လို့ နေပြည်
တော်ကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်
"တပ်မ(၅၅)ကို မင်းတုန်းရော ၊စစ်တွေရော ပို့ထားတာ။မင်းတုန်းဂွင်မှာက ဩဂုတ်လလယ်ကစပြီးထိတာ။နယ်မြေမကျွမ်းကျင်တဲ့အ
ပိုင်းတွေပါတယ်။ပစတွေကလည်း စစ်မတိုက်တတ်ဘူး။ အရာရှိတွေကိုယ်တိုင်လည်း စိတ်မပါတော့ အကျိုးဆက်တွေ မကောင်းဘူး"လို့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။
ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ် နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် တိုက်ပွဲမှာ သေဆုံးတဲ့ သတင်းကို စစ်တပ်မိသားစုတချို့က လူမှုကွန်ရက်မှာရေးသားထားကြပါတယ်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်တောင်ကုတ်မြို့ကို ဦးတည်ပြီး မင်းတုန်းမြို့နယ်အနောက်ဘက်ရခိုင်ရိုးမကတဆင့် စစ်တပ်စစ်ကြောင်းတွေကဝင်ရောက်ဖို့ကြိုးပမ်းနေတာပါ။ အဲဒီစစ်ကြောင်းတွေကို တပ်မ(၅၅)က ဗျူဟာမှူးဗိုလ်မှူးကြီးအောင်ဇော်မင်းဦးစီးတယ်လို့ သတင်းရင်းမြစ်ကပြောပေမဲ့ အသေးစိတ်မသိရသေးပါဘူး။ အင်အား ၁၀၀၀ ကျော်နဲ့ ဝင်ရောက်လာလို့ ဇွန်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတွေသေဆုံး ဒဏ်ရာရသူများပြီး ရှေ့မတိုးနိုင်ဘဲလန်ကျနေတာဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်က မင်းတုန်းမြို့အနောက်ခြမ်းကို ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ငါးဦး ဖမ်းမိကာ လက်နက်ခဲယမ်းနဲ့အလောင်းတချို့ သိမ်း
ဆည်းရရှိတယ်ခဲ့လို့ သရက်ခရိုင်အမှတ်(၄)
တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေလည်းဆက်လက်ပြင်း
ထန်နေပြီး စစ်တပ်ကလေကြောင်းကနေဗုံး
ကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့သတင်းရရှိပါတယ်။
လက်ရှိမှာ စစ်တပ်က ဧရာဝတီတိုင်း၊ ပဲခူး
တိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်ကနေ ရခိုင်ပြည်နယ်ထဲကိုဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး အဲဒီဒေသတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ယက်တွေက ၄၉၂၆ စစ်ဆင်ရေး စစ်တပ်အသာရနေပြီလို့ ပြောဆိုရေးသားနေကြပေ
မယ့် မြေပြင်မှာ စစ်သားတွေထိခိုက်သေဆုံးမှုများပြားနေတယ်လို့ စစ်ရေးသတင်းရင်မြစ်တွေကပြောပါတယ်။
#ရခိုင်ရိုးမ #စစ်တပ်စစ်ကြောင်းလန်ကျ
#AA #PDF #မင်းတုန်းမြို့နယ်
#peoplesspring

👍31👏15❤4🤣2🖕2👎1🥰1👌1🌚1
ပလက်၀မှာ ရခိုင်စာနဲ့ မြန်မာစာ ကြိုက်ရာရွေးသင်နိုင်တယ်လို့ AA ထုတ်ပြန်
စက်တင်ဘာ-၉၊၂၀၂၆။ခိုင်မြတ်/People's Spring
အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။
လူမျိုးစုံနေထိုင်တဲ့ ပလက်၀ဒေသမှာ AA ပညာရေးဌာနက ဒေသခံချင်းပြည်သူတွေရဲ့ သဘောဆန္ဒမပါဘဲ ရခိုင်စာသင်ရိုးနဲ့ အတင်းအဓမ္မသင်ကြားနေကြောင်း ကမ္လာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း(GKO)ရဲ့ ကန့်ကွက်ထုတ်ပြန်ချက် ထွက်လာပြီးနောက် AA ပညာရေးဌာနက အခုလို တုံ့ပြန်လာတာပါ။
" အသစ်ရေးဆွဲထားသော ၁၂ တန်း ရက္ခိုင်စာသင်ရိုးသစ်ကို မြန်မာစာနေရာတွင် အစားထိုးထားပါသော်လည်း ကျောင်းသား၊ ကျောင်းသူတိုင်းအား မသင်မနေရ အတင်းအဓမ္မသင်ယူခိုင်းခြင်းမျိုး မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများသည် မြန်မာစာနှင့် ရက္ခိုင်စာနှစ်ခုထဲမှ တဘာသာကို ၎င်းတို့ ကြိုက်နှစ်သက်ရာ ဘာသာအဖြစ် ရွေးချယ်သင်ကြားနိုင်သော မူဝါဒကို ကျင့်သုံးသွားမည်” လို့ ဒီနေ့ထုတ်ပြန်တဲ့ AA ပညာရေးဌာနထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ချင်းပြည်နယ် ပလက်၀နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားတဲ့ AA က အခုပညာသင်နှစ်ကစ ပြီး ၁၂ တန်းမြန်မာစာနေရာမှာ ရခိုင်စာကို အစားထိုးသင်ကြားနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရခိုင်စာမသင်လိုတဲ့ ကျောင်းသား၊ ကျောင်းသားတွေအတွက် သင်ရိုးဟောင်း မြန်မာစာနဲ့ သင်ကြားပေးဖို့ စီစဉ်နေကြပြီဖြစ်တယ် လို့ ပလက်၀မြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
" အစကတော့ ရခိုင်စာကိုပဲ အားလုံးတပြေးညီ သင်ကြတာ။ အပေါ်က ဒါကိုပဲ သင်ရမယ်လို့ ညွန်ကြားထားခဲ့တာ တော့ မဟုတ်ဘူး။ အောက်ခြေက ဆရာ၊ ဆရာမတွေက သူတို့အဆင်ပြေသလို သင်ကြတာ။ ရခိုင်မဟုတ်တဲ့ ကျောင်းသားတွေကလည်း နည်းတာကိုး" လို့ ပလက်၀မြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဒေသခံပြည်သူအများစုရဲ့ သဘောဆန္ဒမပါဘဲ မြို့နယ်အတွင်း လူနည်းစုတစ်ခုရဲ့ ဘာသာစကားတစ်ခုဖြစ်တဲ့ ရခိုင်ဘာသာစာ(စကား)နဲ့ သင်ကြားစေခြင်းဟာ ပလက်၀မြို့နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ ခူမီချင်းလူမျိုးတွေနဲ့ အခြားတိုင်းရင်းသားတွေအပေါ် မထီမဲ့မြင်ပြုရာရောက်သလို ဒေသခံတိုင်းရင်းသားလူမျိုးတွေအချင်းချင်း စိတ်ဝမ်းကွဲ ပြားမှုကိုလည်း ဖြစ်စေတယ်လို့ GKO ရဲ့ စက်တင်ဘာ ၆ ရက် ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အဲဒီလို ဒေသခံတွေရဲ့ဆန္ဒမပါဘဲ အတင်းအဓမ္မလုပ်ဆောင်ခြင်းဟာ ကုလသမဂ္ဂရဲ့ ဌာနေတိုင်းရင်းသားများဆိုင် ရာ အခွင့်အရေးကြေငြာစာတမ်းကို ချိုးဖောက်ရာတဲ့အတွက် ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပလက်၀မြို့နယ်အတွင်းမှာ အခုပညာသင်နှစ် ၁၂ တန်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၅၈ ဦးရှိပြီး အဲဒီထဲမှာ ခူမီးလူမျိုး ၁၆ ဦး၊ ဒိုင်းနက်လူမျိုး ၃ ဦး၊ မြို့လူမျိုး ၁ ဦးနဲ့ ရခိုင်လူမျိုး ၁၃၈ ဦး ရှိကြောင်း AA ပညာရေးဌာနက ဆိုပါတယ်။
AA ပညာရေးဌာနဟာ ၁၂တန်း မြန်မာစာ တဘာသာတည်းကိုပဲ ရခိုင်စာအဖြစ် သင်ရိုးပြောင်းလိုက်တာဖြစ်ပြီး ကျန်အတန်းတွေအားလုံးရဲ့ သင်ရိုးတွေကတော့ အရင်သင်ရိုးတွေအတိုင်းပဲဖြစ်ပါတယ်။ ၁၂ တန်း ရခိုင်စာဘာသာ သင်ရိုးသစ်မှာ ရခိုင်က စာရေးဆရာတွေရဲ့ ကဗျာ၊ ၀တ္ထုတိုတွေနဲ့ ရခိုင်စကားအသုံးအနှုန်း၊ ဝေါဟာရတွေကို ထည့်သွင်း ပြဌာန်းထားပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ပလက်၀မြို့နယ်မှာ ချင်းလူမျိုးနဲ့ ချင်းမျိုးနွယ်စုဝင် ၈၈၅၇၇ ဦး၊ ရခိုင်လူမျိုးနဲ့ ရခိုင်မျိုးနွယ်စုဝင် ၁၈၂၃၄ ဦး၊ ဗမာ ၁၄၉ ဦး၊ မွန် ၄ ဦး၊ ရှမ်း ၄ ဦး နေထိုင်ကြပါတယ်။ AA ဟာ ရခိုင်ပြည်နယ်နဲ့ ထိ စပ်နေတဲ့ ပလက်၀မြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းမှာ အလုံးစုံသိမ်းယူခဲ့ပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားတွေအပြင် ပညာရေး၊ကျန်းမာရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေပါ ဆောင်ရွက်တောပါ။

👍35❤14🖕3🤣2🥰1
လားရှိူးမှာ ပေါက်ကွဲမှုဖြစ်
စက်တင်ဘာ-၉၊၂၀၂၆။အိမ်သွင်/People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့၊ရပ်ကွက်(၄)မှာ ပေါက်ကွဲမှုဖြစ်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
" တစ်ချက်တည်း။ အသံကျယ်တယ်။ ရှော့တိုက်ဒုန်းတော့ မဟုတ်ဘူးထင်တယ်။ ဟုတ်ရင် အုတ်အော်သောင်းနင်းဖြစ်နေမှာ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့ဟာ လက်ရှိမှာ စစ်တပ်က ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပါတယ်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နဲ့ PDF ပါဝင်တဲ့ပူးပေါင်းတပ်တွေက ၂၀၂၄ ဩဂုတ်မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လားရှိုးမြို့ကို သိမ်းယူခဲ့ပြီး MNDAAက ထိန်းချုပ်ခဲ့ပါတယ်။
ဒါပေမယ့် တရုတ်အစိုးရအကူအညီနဲ့ စစ်တပ်ကပြီးခဲ့တဲ့ ၂၀၂၅ ဧပြီမှာ ပြန်လည်တောင်းယူခဲ့တာပါ။
စစ်တပ်က မြို့ပေါ်ကိုသာထိန်းချုပ်ခွင့်ရထားပြီး ဘေးပတ်ဝန်းကျင်နေရာတွေကို MNDAAက ဆက်လက်ထိန်းချုပ်ထားပါတယ်။
စစ်တပ် ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း မြို့ပေါ်ကို ရှော့တိုက်ဒုန်းနဲ့ လေးကြိမ်တိုက်ခိုက်ခံထားရပါတယ်။ဖေဖော်ဝါရီ ၇ရက်၊ ဖေဖော်ဝါရီ ၁၁ရက်၊ဧပြီ ၂၃ရက်နဲ့ ဇူလိုင် ၉ရက်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဇူလိုင် ၉ရက်က ဖြစ်စဉ်မှာ ရပ်ကွက်(၆)က အရပ်သားအမျိုးသမီး ၁ဦးသေဆုံးပြီး ရပ်ကွက်(၁၀)က ၁ဦး ဒဏ်ရာရသွားပါတယ်။
ဒီကနေ့ ညနေ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အသေးစိတ် မေးမြန်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်တတိယလပတ်ကစပြီး လားရှိုးမြု့မှာ စစ်တပ်ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

👍20🔥9❤7👎2
ကရင်နီပြည်ကို စစ်တပ်က လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှု ပိုလုပ်လာဟု KA တပ်ရင်း-၅ တာ၀န်ရှိသူ ပြော
စက်တင်ဘာ -၉၊၂၀၂၆။ဇော်၀င်း/People's Spring
ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စစ်တပ်စခန်းကုန်းကို ကရင်နီပူးပေါင်းတပ်တွေသိမ်းပိုက်ပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးလုပ်လာတယ်လို့ ဆိုပါတယ်။
"သူ့ဖက်ကိုယ့်ဖက် ကာတာမျိုးရှိမယ်။အရင် လွိုင်ကော်ရှေ့ဖက်ခြမ်းမှာ တနေရာလုပ်တာရှိမယ်။ရန်သူ (စစ်တပ်)ဘက်ကတော့ ဒရုန်းတွေနဲ့ရော လေယာဉ်နဲ့ပါ ခပ်စိပ်စိပ်ပိုလုပ်လာတာ ရှိတယ်။အရင်တခါမှ မကြဲတဲ့နေရာတွေပါ ဒရုန်းတွေ ကြဲတာမျိုးတွေ အခုနောက်ပိုင်းတွေ့ရတယ်"လို့ အထက်ပါတာ၀န်ရှိသူက လက်ရှိကရင်နီ ဒေသတွင်းစစ်ရေးအခြေအနေကို ရှင်းပြပါတယ်။
ဩဂုတ်လနောက်ဆုံးပတ်က လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း တောင်ကုန်းစခန်းတစ်ခုကို ကရင်နီတပ်ပေါင်းစုက သိမ်းနိုင်ခဲ့ပြီး စစ်တပ်က သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ကာ လက်နက်ခဲယမ်းတချို့ကိုပါ သိမ်းဆည်းရရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်းကစလို့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိလာကာ စက်တင်ဘာ ၅ ရက်က လွိုင်ကော်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာက ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။
မနေ့က(စက်တင်ဘာ ၈ ရက်) လွိုင်ကော်အရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်ခု လေကြောင်းတိုက်ခိုက်ခံရတာကြောင်း အနည်းဆုံး စစ်ရှောင် ၂ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် အခုစက်တင်ဘာ ၁ရက်က ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအ၀င် ၁၅ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ရတာရှိပါတယ်။
ဒါကြောင့် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ဖြစ်နေတာကြောင့် အရပ်သားပြည်သူတွေ အနေနဲ့ သတိပြုနေထိုင်ကြဖို့ ကရင်နီအရပ်ဘက်နဲ့ စစ်ရေးတာ၀န်ရှိသူတွေက တိုက်တွန်းထားပါတယ်။
"အဓိကတော့ လွိုင်ကော်အရှေ့ခြမ်းကို မဲနေတာ။ဒါပေမယ့် တားဆီးဖို့ခက်တဲ့ လေကြောင်း အခြေအနေအရ အကုန်ဂရုစိုက်နေကြရတယ်"လို့ အသက်(၄၀)အရွယ် ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။
လက်ရှိ ကရင်နီပြည်နယ်မှာ ဒီးမော့ဆို၊ဖရူဆိုမြို့နယ်နဲ့ ကရင်နီနဲ့ ရှမ်းတောင်အစပ်က မိုးဗြဲမြို့တွေမှာ အာဏာသိမ်းစစ်တပ်က မကြာခဏ စစ်ကြောင်းတွေ ထိုးနေပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နန်းမယ်ခုံမြို့ကို ပြန်လည်ထိန်းချုပ်ရေးအပါအ၀င် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်က အခြေစိုက်တပ်တွေ ချိတ်ဆက်နိုင်ဖို့ အဓိက လမ်းပိုင်းတွေကို ထိန်းချုပ်ရေးစစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

🤬29👍6🔥3😁2❤1👏1🎉1
မတ္တရာအရှေ့ခြမ်းက စစ်စခန်းတွေ
အရေး ပေါ်ပြန်ဆုတ်ပြီး မြို့တွင်းမှာစုဖွဲ့နေ
စက်တင်ဘာ၉၊၂၀၁၆၊ကတ်သရင်း/ People's Spring
မတ္တရာမြို့နယ်အရှေ့ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာနေရာ အများစုကနေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။
စက်တင်ဘာလ ၉ ရက်မနက်ပိုင်း ကစပြီး မတ္တရာမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ မြောင်းသစ်၊သဖန်းကိုင်းတံတား၊ကိုးလုံးပြွန်တံတား၊ကိန္ဒိရာ၊ ကျောက်ဆည်လေး၊ကင်းရွာတို့နဲ့
မတ္တရာမြို့နယ်အနောက်ဘက်ခြမ်းက မြွေပုံကန် အနီးဝန်းကျန်မှာ စစ်တပ် တပ်စွဲထားရာနေရာတွေကနေ တပ်ပြန်ဆုတ်တာ တွေရှိတယ်လို့ရှိတယ်လို့ စုံစမ်းသိရပါတယ်။
"ခါတိုင်းလိုမဟုတ်ဘူး။တော်တော်ကိုရုပ်ပျက်
ဆင်းပျက်ကိုရုတ်သွားတာ။ မနက်၉နာရီလောက်က ဗျူဟာမှူးကနေ အကုန်ပြန်ရုတ်တာ"လို့ ဒေသတွင်း တော်လှန် ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တချို့ကျေးရွာ တွေမှာ ဒေသခံရွာသားတွေကို စစ်သားအနည်းငယ်နဲ့အတူကင်း စောင့်ခိုင်းထားတယ်လို့ သိရပါတယ်။
ဒါပေမယ့် မြေပြင်ကစစ်သားတွေတပ် ရုတ်သိမ်းမှုမှာ မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ဧရာဝတီ မြစ်ကမ်းဘေး ကျေးရွာမှာတပ်စွဲထားတဲ့ စစ်သားတွေတော့ မပါဝင်ဘူးလို့ စုံစမ်းသိရပါတယ်။
"တနေရာကို အင်အားပို့မယ့်အနေအထားတော့ရှိတယ်။လက်ရှိအချိန်အထိတော့ မြို့
တွင်းမှာပဲရှိနေတုန်းပဲလို့သိရတယ်"လို့ တော်
လှန်ရေး သတင်းအရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လ၁၃ ရက်နေ့၊မနက်၃နာရီခွဲအချိန်မှာ မတ္တရာမြို့နယ်အနောက်ခြမ်းက ကြိမ်တောနဲ့ ကုန်းတန်းကြီးရွာတို့က စစ်စခန်း တွေကို PDF နဲ့ ပကဖ ပူးပေါင်းတပ်တွေက
တိုက်ခိုက်ခဲ့ပြီး စစ်သား၆ဦးထက်မနည်းသေဆုံးကာ စစ်သားအချို့ကိုစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခဲ့ပါတယ်။
(မတ္တရာမြို့နယ်ကို ၂၀၂၅ ခုနှစ်မှာစစ်တပ်ကပြန်ထိန်းချုပ်ပြီးနောက်တွေ့ရစဥ်။
ဓါတ်ပုံ-စစ်ကောင်စီ )
#မတ္တရာမြို့နယ် #မြို့တွင်းပြန်စုဖွဲ့
#စစ်တပ်အရေးပေါ်ပြန်ဆုတ်
#Peoplesspring

❤26👍20🔥3🤣2👎1
■ဆောင်းပါး
ရဲမှူးအိမ်တံခါးဝ ရောက်လာတဲ့ မတရားမှု
ထွန်းညိုဦး/People's Spring
"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"
အဖြူရောင် Hyundai Accent အမျိုးအစား ယာဥ်တစ်စီးရဲ့ရှေ့မှာ အဖြူရောင် စတစ်ကော်လာအင်္ကျီနဲ့ ပုဆိုးကို သေသေသပ်သပ်ဝတ်ထားတဲ့ အမျိုးသားတစ်ယောက်က သူ့ကိုယ်သူ အထက်ပါအတိုင်း မိတ်ဆက်ပါတယ်။ သူ့နာမည် ကိုဝင်းပါတဲ့။ အငှားယာဥ်မောင်း ကိုဝင်းဟာ ဆံပင်ကို ခေါင်းလိမ်းဆီလိမ်းကာ သပ်သပ်ရပ်ရပ် ဘေးခွဲထားတယ်။ အဖြူရောင် စတစ်ကော်လာအင်္ကျီနဲ့ ပုဆိုးက သူ့ကို ယုံကြည်စိတ်ချရစေတယ်။
အာဏာသိမ်းကာလအတွင်း လုယက်မှုတွေ၊ လူဖမ်းရောင်းစားတာတွေ မကြာခဏ ဖြစ်ပွားနေချိန် ခရီးသည်တွေဟာလည်း ကားသမားကို သတိထားရွေးလာကြတယ်။ ရန်ကုန်မှာဆိုရင် ယာဉ်မောင်းရဲ့ အချက်အလက်တွေ၊ ယာဉ်အမှတ်နဲ့ ဓာတ်ပုံတွေကို ကြိုကြည့်လို့ရတဲ့ GPS စနစ်နဲ့ ခရီးစဉ်ကို ခြေရာခံလို့ရတဲ့ Grab လို အငှားယာဥ်စနစ်ကို ပိုသုံးလာကြတယ်။ ဒါကြောင့် ကိုဝင်းဟာ ခရီးသည် သူ့အပေါ် ယုံကြည်စိတ်ချရအောင် သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ထားပုံရတယ်။
ကိုဝင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာမှာနေပြီး ကားအငှားလိုက်ပါတယ်။ ကိုဝင်းဟာ အပြောအဆိုမွန်
ရည်တာ၊ လူမှုဆက်ဆံရေးကောင်းတာကြောင့် ရပ်ဝေးရပ်နီး ကားငှားကြသူ များပါတယ်။စက်တင်ဘာလဆန်းကဆိုရင် နေပြည်တော်ကနေ မန္တလေးမြို့အထိ စင်းလုံးငှားလို့ လိုက်
ပို့ပေးခဲ့ရတယ်။ သူ့ဝန်ဆောင်မှုသဘောကျပြီး မန္တလေးလက်ဆောင် လက်ဖက်တွေရော၊ ထိုးမုန့်တွေရော ဝယ်ထည့်ပေးလိုက်သေးတယ်လို့ သူက Tiktok ကနေ ဂုဏ်ယူစွာ ပြောပြခဲ့တယ်။ "ကျေးဇူးအများကြီးတင်ပါတယ်အမရေ။ ခုလို ကျွန်တော့်ကားလေးကို ယုံယုံကြည်ကြည်နဲ့ ငှားစီးပြီး လက်ဆောင်တွေပေးတဲ့အတွက်"လို့ ပြောဆိုခဲ့တယ်။
စက်တင်ဘာလ ၆ ရက်နေ့က ကိုဝင်း ကားအငှားလိုက်ဖို့ ဖြစ်လာပါတယ်။ ကားငှားသူက နေပြည်တော်ကပါပဲ။ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရဲတပ်သား ရဲရင့်အောင်တဲ့။ သွားမှာက မိတ္ထီလာမြို့ကိုပါ။ ကောင်မလေး သွားတွေ့မှာတဲ့။ ကားခ လေးသိန်းနဲ့ စျေးတည့်ပြီး နှစ်ယောက်သား မိတ္ထီလာ ထွက်လာခဲ့ကြတယ်။
ညနေ ၄ နာရီခွဲလောက်မှာ အငှားယာဥ်မောင်း ကိုဝင်းရဲ့ မိသားစုက ကိုဝင်းဆီ ဖုန်းဆက်တယ်။ ဖုန်းက ကိုင်တယ်။ ဒါပေမယ့် ဖုန်းဖြေတဲ့သူက ကိုဝင်းမဟုတ်ဘူး။ တခြားယောကျာ်းတစ်ယောက်။ ခုမိတ္ထီလာမှာ။ ကားဆရာ အပြင်ခဏသွားနေတယ်လို့ ပြောတယ်။ မိသားစုက စိုးရိမ်ပြီးနောက်ထပ် ထပ်ဆက်တော့ ဖုန်းက စက်ပိတ်သွားပြီ။
အဲဒီနေ့ညနေပိုင်းမှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၇၉/၁) အနီး၊ အမြန်လမ်းနဲ့ ပေ ၃၀၀ ခန့်အကွာ၊ မန္တလေးဘက်သွားတဲ့ လမ်း အရှေ့ဘက်ခြမ်းမှာ နွားကျောင်းပြန်လာတဲ့ ကလေးတစ်ယောက်က လူသေအလောင်းတစ်လောင်း တွေ့လိုက်ရတယ်။ အဲဒီရုပ်အလောင်းဟ အငှားယာဥ်မောင်း ကိုဝင်းအလောင်း ဖြစ်နေခဲ့တာပါ။ သူ့အနီးမှာ ကားကို မတွေ့ရပါဘူး။
နောက်ဆုံးတော့ ကိုဝင်းကို မိတ္ထီလာမှာ ကောင်မလေးသွားတွေ့ဖို့ ကားငှားခဲ့တဲ့ လူကုန်တား ရဲတပ်ဖွဲ့က ရဲကိုယ်တိုင် သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ပေါ်ပေါက်တယ်။ သူဟာ ကားလုယူဖို့ ကိုဝင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ သိရတယ်။ ရဲဟာ ကျွဲဂိမ်း အရမ်းဆော့တယ်လို့ သိရတယ်။စက်တင်ဘာ ၇ရက်မှာတော့ လုယက်သွားတဲ့ ကားနဲ့အတူ ဒုရဲအုပ်ရဲရင့်အောင်ကို ဖမ်းမိခဲ့ပါတယ်။
ရာဇဝတ်မှုတွေကို တားဆီးကာကွယ်ရမယ့်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံစိတ်ချရအောင် စောင့်ရှောက်ရမယ့် ရဲတပ်ဖွဲ့ဝင်ကိုယ်တိုင်က ရာဇဝတ်မှုကို ကျုးလွန်လိုက်တာပါ။ ဇာတ်လမ်းဟာ ဒီမှာတင်မပြီးသေးပါဘူး။ အသတ်ခံလိုက်ရတဲ့ အငှားယာဥ်မောင်း ကိုဝင်းဟာ နေပြည်တော်က ရဲမှူးအောင်မျိုးလတ်ရဲ့ တူသားတစ်ယောက် ဖြစ်နေခြင်းပါ။ သတ်တဲ့သူကလည်း ရဲဖြစ်သလို အသတ်ခံရသူကလည်း ရဲမှူးရဲ့ သား ဖြစ်နေခဲ့တာပါ။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေး ယိုယွင်းပျက်ပြားလာပြီး လုယက်မှု၊ ဓားပြတိုက်မှုနဲ့ လူသတ်မှုစတဲ့ ရာဇဝတ်မှုတွေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေဟာလည်း စစ်ကောင်စီရဲ့ ကွပ်ကဲမှုအောက်ကနေ ဘီလူးဆိုင်းတီးခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ပြည်သူတွေကို ကျည်အစစ်သုံးပြီး ပစ်ခတ်ဖြိုခွင်းခဲ့လို့ ကလေးသူငယ်တွေ၊ ကျောင်းသားပြည်သူတွေ အပြစ်မဲ့ပြည်သူ အများအပြား အသက်ဆုံးရှုံးခဲ့ရတယ်။ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေသတင်းသမားတွေ၊ အနုပညာရှင်တွေအပါအဝင် ပြည်သူထောင်ပေါင်းများစွာကို ဝရမ်းမပါဘဲ ဖမ်းဆီးတာ၊ နေအိမ်တွေကို ညအချိန်မတော် ဝင်ရောက်စီးနင်းတာ၊အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်တာတွေကို ကျူးလွန်ခဲ့တယ်။ မတရားတဲ့ ဥပဒေတွေနဲ့ တရားစွဲဆိုတယ်။
နေအိမ်တွေနဲ့ ဆိုင်တွေကို ဝင်ရောက်စစ်ဆေးချိန်ငွေကြေး၊ လက်ဝတ်ရတနာတွေနဲ့ တန်ဖိုးရှိပစ္စည်းတွေကို အဓမ္မသိမ်းဆည်းယူဆောင်တာ၊ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်။ အပူစာတွေလည်း စားလို့ မြိန်ခဲ့တယ်။

👍23❤7🔥4🖕2
ရဲစခန်းတွေမှာ၊ စစ်ကြောရေးစခန်းတွေမှာ၊ အကျဉ်းထောင်တွေအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တယ်။ ထိန်းသိမ်းခံထားရစဉ်အတွင်း သေဆုံးမှုတွေပါ ရှိခဲ့တယ်။
ပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေအပြင် ဒုစရိုက်သမားတွေရဲ့ ရန်ကိုပါ ရင်ဆိုင်နေရပါတယ်။ ယခုအခါမှာတော့ မတရားမှုတွေဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အိမ်တံခါးဝကိုပါ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ နေပြည်တော်က ရဲမှူးရဲ့တူသား အငှားယာဥ်မောင်းတဲ့ ကိုဝင်းရဲ့ Tiktok မှာ သူ ခရီးသည်ကို ကျေးဇူးတင်စကားဆိုတဲ့ ဗွီဒီယို လူကြည့်များနေခဲ့တယ်။ "နောက်နောင်လည်း နေပြည်တော်ကို ရောက်ခဲ့လို့ရှိရင် ကျွန်တော့်ကားလေးကို ငှားစီးပေးပါဦးခင်ဗျာ။ ကျွန်တော်လည်း အကောင်းဆုံး အတက်နိုင်ဆုံး အမတို့ကို ဝန်ဆောင်မှုတွေ ပေးပါ့မယ်ခင်ဗျာ။ နောက်တခါ နေပြည်တော် လာလို့ရှိရင် ကျွန်တော်ထမင်းလိုက်ကျွေးပါရစေ။"လို့ နူတ်ဆက်သွားခဲ့ပါတယ်။
#ကားလုယက်သတ်ဖြတ်မှု
#အမြန်လမ်း #ဒုရဲအုပ် #ရဲမှူးတူ
#peoplesspring #ludunwayoo

🔥13❤5😢2🖕2