People's Spring
60K subscribers
70.9K photos
1.23K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(သစ်ပင်လဲပြီး လူပိတ်မိနေလို့ သစ်ပင်အားဖယ်ရှားရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံံ-မီးသတ်)
👍25🔥3👎21😱1
“မင်းတို့ သားသမီးတွေကို အရည်အသွေးတစ်ခုခု ပေးနိုင်မယ်ဆိုရင် ဘာကို ရွေးမလဲ။”

ဉာဏ်ကောင်းတာလား၊ ကရုဏာစိတ်ရှိတာလား၊မိဘကိုအရမ်းရိုသေတာလား၊ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတကျ ထိန်းသိမ်းနိုင်တဲ့ အရည်အသွေးလား။

ဆစ်ဒနီတက္ကသိုလ်ကစီးပွားရေးပညာရှင်ဒကဘိုရာကော့ဘ်ကလတ်(Deborah Cobb-
Clark)ကတော့တခြားအဖြေတစ်ခု ပေးထားပါတယ်။အဲဒါကတော့ “Internal Locus of Control” လို့ခေါ်တဲ့ “မိမိဘဝနဲ့ ကံကြမ္မာကို မိမိကိုယ်တိုင် ပုံဖော်နိုင်တယ်၊ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ့်လုပ်ရပ်တွေက ကိုယ့်ဘဝကို အဓိက သက်ရောက်စေတယ်”လို့ယုံကြည်တဲ့ စိတ်
ဓာတ်ပါပဲ။ ဒီသဘောတရားကို ၁၉၆၀ ပြည့်နှစ်တွေမှာ စိတ်ပညာရှင်ဂျူလီယမ်ရော်တာ (Julian Rotter) က စတင်ဖော်ထုတ်ခဲ့ပြီး၊ အခုခေတ်မှာ ပြောလေ့ရှိတဲ့”ကိုယ်တိုင် ဆုံး
ဖြတ်လုပ်ကိုင်နိုင်စွမ်း” နဲ့လည်းနီးနီးကပ်ကပ် ဆက်စပ်နေပါတယ်။

ဒီစိတ်ဓာတ်ရှိတဲ့သူတွေကကိုယ့်ဘဝရဲ့ ရလဒ်အများစုဟာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့်ကြိုးစားမှုအပေါ် မူတည်တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီလိုမဟုတ်သူတွေ ပြင်ပအင်အားများက မိမိဘဝကို ဆုံးဖြတ်ပေးနေသည်ဟု ယုံကြည်သည့်စိတ် (External Locus of Control)ရှိသူတွေကတော့ကံတ
ရား၊ရေစက်၊

အခြေအနေတွေ၊ ဒါမှမဟုတ်တခြားလူတွေကပဲ သူတို့ဘဝကို ဆုံးဖြတ်ပေးနေတယ်လို့ ပိုယုံကြည်တတ်ကြပါတယ်။

ဒီလို “ကိုယ့်ဘဝကို ကိုယ်တိုင် ပြောင်းလဲနိုင်တယ်” လို့ ယုံကြည်တဲ့စိတ်ဟာ အလွန်အ
သုံးဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြိုး
စားချင်စိတ်ကို ပိုဖြစ်စေလို့ပါ။

ကော့ဘ်ကလတ်ရဲ့ သုတေသနမှာ ဂျာမနီက အလုပ်လက်မဲ့ ဖြစ်သွားသူတွေကို လေ့လာကြည့်တဲ့အခါ ကံတရားကိုသာ အပြစ်ပုံချတတ်သူတွေဟာ ကိုယ့်အားကိုယ်ကိုးစိတ်ရှိသူတွေလောက် အလုပ်မရှာ ကြတာကို တွေ့ရပါတယ်။ ကိုယ့်လုပ်ရပ်နဲ့ ရလဒ်ဟာ မဆိုင်ဘူးလို့ ယုံကြည်နေမယ်ဆိုရင် “ဘာလို့ အချိန်ကုန်ခံပြီး အလုပ်လိုက်ရှာရဦးမှာလဲ” လို့ တွေးပြီး ကံ သို့မဟုတ် တယောက်ယောက်ရဲ့ အကူ
အညီကိုသာ ထိုင် စောင့်‌နေကြလို့ပါပဲ။

ဒါ့အပြင် ဒီလိုစိတ်ဓာတ်ဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနဲ့ပါ ဆက်စပ်နေပါတယ်။ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်ရှိတဲ့အိမ်ထောင်
စုတွေဟာ စုဆောင်းငွေ ပိုများကြပါတယ်။

ရည်ရွယ်ချက်တွေကိုလည်းလက်တွေ့အ
ကောင်အထည် ဖော်နိုင်ကြပြီး စီးပွားရေးစတင်ဖို့ စိတ်ကူးရှိသူ တွေကိုလည်း လက်
တွေ့ ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်လာစေပါတယ်။ ဒီစိတ်ဓာတ်က ကိုယ့်ရဲ့ နောင်လာနောက်သားတွေ အထိတောင် အကျိုးသက်ရောက်ပါတယ်။

စပိန်နိုင်ငံကသုတေသနတစ်ခုအရကိုယ့်အား
ကိုယ်ကိုးစိတ်ရှိတဲ့ မိခင်တွေဟာ ကလေးကို ပြုစုပျိုးထောင်ရာမှာ ပိုပြီး အားစိုက်ကြိုးစားကြတယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့က “ကလေးအတွက်ဒီနေ့ ငါပေးလိုက်တဲ့ အချိန်နဲ့ ကြိုးစားမှုဟာ နောင်တစ်ချိန်မှ အသီးအပွင့်ဖြစ်လာမယ် အကျိုးပြန်ပေးမယ်” လို့ ယုံကြည်ကြလို့ပါ။



https://www.ludunwayoo.com/feature-mm/2026/09/04/167396/
24👍14🥰2🤮1🤣1
ပြင်သစ်နိုင်ငံသား တစ်ဦးကို နယ်နှင်ကြောင်း ထိုင်းအစိုးရ ကြေညာ

ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ပြီး လူထုတည်ငြိမ်မှုကို အနှောင့်အယှက် ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြင်သစ်နိုင်ငံသား တစ်ဦးကို အစိုးရက နယ်နှင်ကြောင်း ကြေညာခဲ့ပါတယ်။

ပြည်ထဲရေး ဝန်ကြီးလည်းဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြင်သစ် နိုင်ငံသား ကီဗင် ဒီမီနိုကို နိုင်ငံကနေ နှင်ထုတ်တဲ့ အမိန့်ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီမီနိုဟာ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးသူ၊ ရန်လိုသူ တစ်ဦးအဖြစ် စွပ်စွဲ ခံထားရပါတယ်။

ထိုင်းမှာ ပြဿနာရှာတဲ့ နိုင်ငံသားတွေကို မြန်မြန်ဆန်ဆန် အရေးယူပြီး နယ်နှင်နိုင်တဲ့ အမိန့်သစ်ကို အစိုးရက ထုတ်ပြန်ပြီးတဲ့နောက် လက်တွေ့စတင် ကျင့်သုံးလာနေတာပါ။ ခိုဆမွိုင် တရားရုံးက ဒီမီနိုဟာ ၁၉၇၉ ခုနှစ်၊ ပြည်တွင်း ကုန်းလမ်းသွားလာရေး ဥပဒေ ချိုးဖောက်မှုအတွက်လည်း အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ဒဏ်ငွေဘတ် ၁၀၀၀၀ တပ်ရိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီပြစ်ဒဏ်ကို ထက်ဝက်လျှော့ပြီး ဒဏ်ငွေ ဘတ် ၅၀၀၀ အဖြစ် ပြင်ဆင် သတ်မှတ်ပေးခဲ့ပါတယ်။

ဒီမီနိုဟာ ထိုင်းကိုရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေ ဖြစ်ပေါ်လာအောင် သွေးထိုးတာ၊ အများအန္တရာယ် ဖြစ်စေနိုင်လောက်တဲ့ ပေါ့ဆပြီး အန္တရာယ်များတဲ့ လုပ်ရပ်တွေကို ကျူးလွန်တာတွေ ရှိခဲ့ကြောင်းလည်း တရားရုံးကို ဆိုပါတယ်။

ဒီမီနို အနေနဲ့ စွပ်စွဲချက်တွေကို ၇ ရက်အတွင်း အယူခံဝင်ပြီး သူ့ကို ထိုင်းနိုင်ငံကနေ နှင်ထုတ်လို့ မရအောင် တုံ့ပြန် ချေပခွင့်တော့ ရှိပါတယ်။

ခိုဆမွိုင်မှာ ကိုယ်ပိုင် တိရစ္ဆာန်ရုံငယ်တစ်ခု ဖွင့်လှစ်ထားတဲ့ ဒီမီနိုဟာ လောလောဆယ်မှာတော့ ပျောက်ဆုံးနေပါတယ်။ သူ့ကို နယ်နှင်ဒဏ်ပေးတဲ့အမိန့် ထွက်လာပြီးတဲ့နောက် ဒီမီနို ဘယ်ကိုရောက်နေသလဲ ဆိုတာကို မသိရသေးကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။ သူ့ကို ဖမ်းဆီးထားတာ မဟုတ်ကြောင်းလည်း ထိုင်းအာဏာပိုင်တွေက အတည်ပြုထားပါတယ်။

ဒီမီနိုဟာ ပြီးခဲ့တဲ့လက စတင်သတ်မှတ်ခဲ့တဲ့ နယ်နှင်ခွင့် အမိန့်သစ်အောက်မှာ ဒုတိယမြောက် အရေးယူခံရတဲ့ နိုင်ငံခြားသား ဖြစ်လာပါတယ်။ စက်တင်ဘာ ၅ ရက်နေ့တုန်း အစ္စရေး နိုင်ငံသား ယာကော့ဗ် အိုဟာယွန်ကိုလည်း ထိုင်းအစိုးရက နယ်နှင်ကြောင်း ကြေညာခဲ့ပါတယ်။

ဒီမီနို နယ်နှင်ခံရတဲ့ ကိစ္စဟာ သူ့ရဲ့ တိရစ္ဆာန်ရုံထဲကို အစ္စရေး ကမ္ဘာလှည့် ခရီးသည်တွေ ဝင်ခွင့်မပြုခဲ့တဲ့ ပြဿနာနဲ့ တိုက်ရိုက် ဆက်စပ်ဖွယ်လည်း ရှိနေပါတယ်။ Samui Exotic Parkမှာ ဒီမီနိုနဲ့ သူ့ရဲ့ ထိုင်းနိုင်ငံသူ ဇနီးသည်ဟာ အစ္စရေး ဧည့်သည်တွေ လည်ပတ်ခွင့်ကို ငြင်းဆိုပြီး ပါလက်စတိုင်းအလံကို ပြသထားခဲ့တာကြောင့် တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ်ထိလက်ရောက် ရန်ဖြစ်တာ၊ ခြိမ်းခြောက်တာ၊ ရန်လိုတိုက်ခိုက်တာတွေ ပေါ်ပေါက်လာကြောင်း နှစ်ဖက်စလုံးက စွပ်စွဲထားကြပါတယ်။

ကိုးကား: Thai PBS
ဓာတ်ပုံ - Khaosod, Top News
#ထိုင်း
#ပြင်သစ်နိုင်ငံသား
#နယ်နှင်ဒဏ်
#ထိုင်းအစိုးရ
#နိုင်ငံခြားသားအရေးယူမှု
#ခိုဆမွိုင်
#တိရစ္ဆာန်ရုံ
#အစ္စရေး
#ပါလက်စတိုင်း
👍18🔥42👏1
👍24🔥2
ချင်းပြည်နယ်တောင်ပိုင်း စစ်ကူပို့မယ့် စစ်ကားတွေ ပကစ(၂၅)ရောက်နေ

စက်တင်ဘာ-၉၊၂၀၂၆။ဖိုးသား/People's Spring

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

ဆောမြို့နယ်နဲ့ လောင်းရှည်မြို့မှာရှိတဲ့ ကပစ (၂၅) က စစ်ယာဉ်တန်းတွေ အတိုက်မခံရရေးအတွက် ဆော -လောင်းရှည်လမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ‌မြေပြင်စစ်ကြောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။

"ပြီးခဲ့တဲ့တစ်ရက်(စက်တင်ဘာ ၇ ရက်)က ကပစ (၂၅)ကို စစ်ကား ၄စီးရောက်တယ်။အင်အား ၂၀၀ ၀န်းကျင်လောက်ပါမယ်လို့ ခန့်မှန်းတယ်။ဆိပ်ဖြူ ကပစ(၂၂)ကနေ ပို့တာ"လို့ ‌ဆောမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

ဆော-လောင်းရှည်လမ်းပိုင်း အလယ်ဗဟိုချက်မှာရှိတဲ့ သီးကုန်းကျေးရွာက စစ်ကြောင်းကလည်း လောင်းရှည်မြို့ကို မနေ့က(စက်တင်ဘာ ၈ ရက်)ညနေ ပိုင်းမှာ ရောက်ရှိလာတယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ အသိပေးထားပါတယ်။

လမ်းကြောပေါ်က ကျေးရွာတွေနဲ့ အနီးပတ်ဝန်းကျင်တလျှောက်မှာ အင်အားတချို့ချန်ထားခြင်းရှိ၊မရှိကို ဆက်လက်စုံစမ်းဆဲလို့ ဆိုပါတယ်။

"ဆော-လောင်းရှည် လမ်းကြောင်းကို ရှင်းပြီး ကပစ (၂၅)က ကားတွေ လောင်း ရှည်မြို့ကတဆင့် ဆောမြို့ကို၀င်မယ်။အဲဒီကနေ ကန်ပက်လက်ကို ထပ်ပို့မယ့်အခြေအနေမျိူပေါ့"လို့ မကွေးတိုင်းအထက်ပိုင်း စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

ဒါ့အပြင် လောင်းရှည်မြို့နဲ့ ကပ်လျက်ရှိနေတဲ့ ဆိပ်ဖြူ မြို့နယ်က ကပစ (၂၁)နဲ့ (၂၂)မှာလည်း အင်အား ၅၀၀ ၀န်းကျင်ကို စစ်တပ်က ထပ်မံဖြည့်တင်းထားတယ်လို့ အသိပေးပါတယ်။

လက်ရှိမှာ စစ်တပ်ဟာ ဆိပ်ဖြူနယ်က ပုသိမ်-မုံရွာ ၊ဆော-ဆိပ်ဖြူ နဲ့ ဆိပ်ဖြူ- ပေါက်လမ်းပိုင်းတွေကို ထိန်းချုပ်ဖို့ကြိုးပမ်းနေပါတယ်။

လက်ရှိ အာဏာသိမ်းစစ်တပ်က ဆောမြို့ကတဆင့် ကန်ပက်လက်၊ကျောက်ထုမြို့ကနေ မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသလို ထီးလင်းမြို့နယ်က ချင်းတောင်ပိုင်းနယ်စပ်ကုန်သွယ်ရေးရှိရာနေရာကို ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေတာရှိပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင် ထိုးစစ်ကို စစ်တပ်က တပ်မ ၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁ က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား နှစ်ထောင်၀န်းကျင်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။
💩2410🔥3🤬3👏2👎1😁1
(မင်းတပ်မှ မတူပီ ဦးတည်လာတဲ့ စစ်တပ် ယာဉ်တန်းကို ၂၀၂၂ ဇန်နဝါရီ ၁၁ရက်က တွေ့ရစဉ် ဓာတ်ပုံ-  CDF-Mindat)
💩20🔥6👎2👏2🫡1
စစ်တပ်လက်​အောက်မှာ ကုန်ဈေးနှုန်းကြီး
မြင့်တာ ၊ ကုန်ပစ္စည်း​တွေရှားပါးပြတ်လပ်တာ၊တရားဥပဒေစိုးမိုးမှုမရှိတာ၊ဖိနှိပ်မှု​ပေါင်း
စုံကြား ဘယ်သူမှအသက်အာမခံချက်မရှိတာ စတဲ့ ပြည်သူ​​တွေအတွက် အထွေထွေအကျပ်
အတည်းကြီး ရင်ဆိုင်နေရချိန်မှာ စစ်တပ်ရွေး
ကောက်ခံလွှတ်တော်အမတ်နဲ့ ရှမ်းပါတီဥက္ကဌတို့က သိန်းရာချီတန်တဲ့အရက်သောက်ပြပြီးတစ်နိုင်ငံလုံးသိ​အောင် ကြွားလုံးထုတ်ပြလိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊မိုးနဲမြို့နယ်က စစ်တပ်​ရွေး​ကောက်ပွဲက ​ပေါ်လာတဲ့လွှတ်​တော်အမတ် ဦးစိုင်းထွန်းလင်းက သူရဲ့မိခင်ပါတီဖြစ်တဲ့ ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုင်ပေါင်း ဧည့်ခံတဲ့ ကျပ်သိန်း ၁၅၀ တန်ကြေးရှိအရက်ကိုသောက်ခွင့်ရကြောင်း စက်
တင်ဘာလ၆ရက်နေ့မှာ လူမှုကွန်ရက်ပေါ် တင်ပြီး ကြွားလုံးထုတ်ခဲ့တာပါ။ လူထု​နွေဦးက အာဏာသိမ်းစစ်အုပ်စုကလုပ်တဲ့​ရွေး​ကောက်ပွဲ ၊လွှတ်​တော်​တွေကို စစ်တပ်​ရွေး​ကောက်ပွဲ ၊စစ်တပ်လွှတ်​တော် ​တွေလို့ပဲ ​​ရေး
သားလို့ သူ့ကိုလည်း စစ်တပ်အမတ်လို့ပဲ​ရေးပါတယ် ။

“ကျားဖြူပါတီဥက္ကဌကြီးက လွှတ်တော်မစခင်လွှတ်တော်ကိုယ်စားလှယ်ကိုသိန်း ၁၅၀ ကျပ်တန် ၁၃ မင်းဆက်မြောက်ပြင်သစ်ဘုရင်လူးဝစ်အမည်ရအရက် နဲ့ ဒီညမှာဧည့်ခံခဲ့ပါတယ်။ ကျားဖြူပါတီဥက္ကကြီးရဲ့ကျေးဇူးကြောင့်သိန်း၁၅၀ကျပ်တန်အရက်ကိုသောက်ဘူးခဲ့ပါပြီ”လို့ အရက်ပုလင်းပုံနဲ့ဓာတ်ပုံတွေနဲ့အတူ ရေးသားထားပါတယ်။

အခုလို အရက်တိုက်တဲ့အတွက်လည်း ကျားဖြူပါတီဥက္ကဌကြီးကိုအထူးကျေးဇူးတင်ရှိကြောင်း နဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်ဆောင်သွားမယ်လို့လည်း ရေးသားထားပါတယ်။

ကျပ်သိန်းရာချီ တန်ကြေးရှိတဲ့အရက်ကိုသောက်နေကြောင်းကြွားလုံးထုတ်ခဲ့တဲ့ ဦးစိုင်းထွန်းလင်းနဲ့ အပေါင်းအပါတွေကို ဒေ
သခံတွေအပြင်လူမှုကွန်ရက်သုံးစွဲသူတွေက အပြင်းအထန်ဝေဖန်နေကြပါတယ်။

အရှက်ကင်းမဲ့တဲ့ လုပ်ရပ်အဖြစ်ဝေဖန်နေကြသလို”သိန်း ၁၅၀ တန်အရက်သောက်ဖို့ကျားဖြူပါတီကို ဝင်ကြစို့”လို့လည်း လှောင်ပြောင်ကြသူ​တွေလည်းရှိပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်မြို့ခံလူ
ငယ်တစ်ဦးကတော့”အခုကာလ အမတ်ဖြစ်နေတဲ့ကောင် တွေတစ်ကောင်မှ × သုံးမကျဘူး။ သူတို့သောက်နေတဲ့ အရက်ပုလင်းလောက်တောင် တန်ဖိုးမရှိတဲ့ကောင်တွေ”လို့ ‌ပြောပါတယ်။

ဒေသခံပြည်သူတွေဟာစစ်တပ်ရဲ့လေ
ကြောင်းအန္တရာယ်၊ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ တ‌ကျော့ပြန်တိုက်ပွဲတွေအချိန်မရွေးဖြစ်ပွားနိုင်တဲ့စိုးရိမ်မှုတွေ ရှိနေပါတယ်။ ရှမ်းပြည်
နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းကမြို့နယ်တွေမှာလည်း တရားဥပဒေစိုးမိုးမှုလျော့ရဲနေပြီး ကျားဖြန့်လိမ်လည်တဲ့လုပ်ငန်းတွေရှိနေတဲ့အတွက် အခြေခံလူတန်းစားတွေဟာနေ့စဉ်စားဝတ်နေရေးအတွက် အထွေထွေအကြပ်အတည်းကိုရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဝေးလံခေါင်ဖျားဒေသတွေမှာဆိုရင် အစာ
ရေစာငတ်မွတ်မှုတွေ၊ ဆေးကုသဖို့ခက်ခဲတာတွေကြောင့်သေဆုံးရတဲ့သူတွေတောင်ရှိတယ်။ စာသင်ကျောင်းမရှိတဲ့ရွာတွေလည်းအများကြီးပဲ။ ကုန်စျေးနှုန်းဆိုရင်လည်း ပြည်မထက်ကြီးတယ်။မသေရုံတမယ်ပဲရုန်း
ကန်နေကြရတာ”လို့ဦးစိုင်းထွန်းလင်းရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ မိုးနဲမြို့ခံတစ်ဦးကပြောပါတယ်။

တစ်နိုင်ငံလုံးအ​​ခြေအ​နေကိုလည်းတချက်ကြည့်ရ​​အောင်ပါ ။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း အခုအခါ မြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းနဲ့ စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှု တနည်းအားဖြင့် ငတ်မွတ်မှုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ကမ္ဘာ့​ပေါ်မှာ အငတ်​ဘေးကို အဆိုးဝါးဆုံးရင်ဆိုင်​နေရတဲ့ ၆ နိုင်ငံ​မြောက် ဖြစ်​နေပါတယ် ။ ၂၀၂၄ ခုနှစ်မှာဝမ်းရေးမဖူလုံသူ လူဦးရေ ၁၃ ဒဿမ ၃ သန်းကနေ သိသိသာသာ တိုးလာတာလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)ကဖော်ပြပါတယ်။ငွေ​ကြေး​ဖောင်းပွမှုကလည်းကမ္ဘာဘဏ်ရဲ့အဆိုအရ ၂၀၂၆ တစ်နှစ်တည်း ၂၅ ရာခိုင်နှုန်းရှိပါတယ်။

အလုပ်အကိုင်​တွေရှားပါးတဲ့အပြင် လူငယ်​တွေကိုစစ်တပ်က ​ပေါ်တာဆွဲပြီး စစ်သင်တန်း​ပေး​ရှေ့တန်းပို့စစ်တိုက်ခိုင်း​နေလို့ သိန်းနဲ့ချီတဲ့ လူငယ်​တွေ နိုင်ငံက​နေထွက်​ပြေး​နေကြရတဲ့အချိန်ကာလဖြစ်ပါတယ် ။ဒီအ​ခြေအ​နေမှာပြည်သူ့ကိုယ်စားလှယ်လို့ အမည်ခံထားသူက သိန်း ၁၅၀ ​ကျော်တန်အရက်​သောက်ရတယ်ဆိုပြီး ကြွားလုံးထုတ်​နေတာဖြစ်ပါတယ် ။

ဒေသခံရှမ်းတိုင်းရင်းသူတစ်ဦးက​
“ရှမ်းလူထုတွေကစီးပွားကရှာရခက်၊စစ်သားတွေကအဖွဲ့အသီးသီးကစုဆောင်းလို့သောကဝေ၊ကုန်စျေးနှုန်းကကြီး၊စစ်ရေးကမငြိမ်၊ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေကကောင်း
ကောင်းလုပ်ပေးတာမရှိ၊လူထုအတွက်ဘာတခုမှကောင်းတာမရှိနေတဲ့အချိန်မှာ ပြည်သူ့ကိုယ်စားပြုဆိုတဲ့လူတွေက တန်ဖိုးကြီးအ
ရက်တွေသောက်ပြနေတာမြင်လို့ကြားလို့မကောင်းပါဘူး။သူတို့ငွေချမ်းသာလို့သူတို့ငွေနဲ့ပဲဝယ်သောက်ဝယ်သောက်အခုလိုကြွားပြနေတာလုံးဝမဖြစ်သင့်ဘူး”လို့ သူမအမြင်ကိုပြောပါတယ်။



https://www.ludunwayoo.com/feature-mm/2026/09/09/167829/
🤮24👍107👎5🖕3🔥1🥰1🤣1
ရွှေကူမှာ ကမ်းကပ်နားနေတဲ့ စစ်သင်္ဘောတွေ KIA ပူးပေါင်းတပ် တိုက်ခိုက်၊ သင်္ဘော ၂စီး မီးလောင်

စက်တင်ဘာ ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ကမ်းကပ်နားနေတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ စက်တင်ဘာ ၉ရက်မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂စီး မီးလောင်ပျက်စီးခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ ထပ်မံ ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ စက်တင်ဘာ ၈ရက်မှာ ကသာကနေ ရွှေကူမြို့ကို ထွက်ခွာလာပြီး ညပိုင်းမှာ ရွှေကူမြို့နယ်မှာ ကမ်းကပ်ရပ်နားထားတာပါ။ ကသာကနေ ရွှေကူမြို့ကို ထွက်လာစဉ် တိုက်ခိုက်ခံရခြင်းမရှိပေမဲ့ ရွှေကူမှာ ကမ်းကပ်ထားချိန် တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

“ဒီမနက်စောစောစီးစီး ကျနော်တို့ ဒရုန်းတွေနဲ့ တိုက်ခိုက်လိုက်တော့ သင်္ဘော ၂စီး မီးလောင်နေပြီ။ နှစ်စီးလုံး မီးလောင်ပျက်စီးသွားပြီ။” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မီးလောင်ပျက်စီးနေတဲ့ စစ်သင်္ဘောတွေရဲ့ မှတ်တမ်းကိုလည်း ပြသပါတယ်။ စစ်တပ်ဟာ မနေ့က စစ်သင်္ဘောတွေအပါအဝင် ရေယာဉ် ၆စီး ကသာမြို့ကနေ ထွက်ခွာလာတာပါ။

“ကမ်းကပ်နားနေတဲ့အချိန် မနေ့ညက နားတာ ဒီမနက် ကျနော်တို့ ဒရုန်းတွေနဲ့ သွားတိုက်ခိုက်တာ။သင်္ဘောက အားလုံး ၅စီး၊ စက်လှေ ၁စီးနဲ့ဆို ၆စီးပေါ့ မနေ့က ကသာက တက်လာတာ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ စက်တင်ဘာလဆန်းမှာလည်း ရွှေကူကနေ ဗန်းမော်မြို့ကို ဆန်တက်လာစဉ် သင်္ဘောတွေ တိုက်ခိုက်ခံရပြီး နစ်မြုပ်တာ၊ အချို့ မီးလောင်တာ၊ အချို့ ကမ်းကပ်လက်နက်ချတာရှိခဲ့ပါတယ်။ စစ်သင်္ဘောအုပ်စုက အလံဖြူထောင်လက်နက်ချလို့ စစ်သုံ့ပမ်း ၁၀၀ ကျော်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့ကြောင်း KIAက အသိပေးထားပါတယ်။ အဲဒီလို အထိနာခဲ့တာကြောင့် စစ်တပ်ဟာ ဗန်းမော်ကို စစ်အင်အားထပ်ဖြည့်ဖို့ သင်္ဘောတွေ ထပ်မံ ဆန်တက်လာစဉ် ထပ်မံ တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။
39👏19👍5🖕4🤣3🥰2
(ရွှေကူမှာ ကမ်းကပ်ထားတဲ့ သ‌င်္ဘောတွေ KIA တိုက်ခိုက်ခဲ့လို့ မီးလောင်နေစဉ်။ ဓာတ်ပုံ - ကချင်စစ်ရေးသတင်းရင်းမြစ်)
30👍19👏6🖕4🤣3🔥2🥰1
စင်းခန်းတံတားရပြီလို့ စစ်တပ်ဝါဒဖြန့်မှု ပြောင်းပြန်အခြေအနေဟု ကချင်စစ်ရေးသတင်းရင်းမြစ်ပြော
စက်တင်ဘာ-၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ စက်တင်ဘာ ပထမပတ်မှာ မြေပြင်စစ်ကြောင်းတွေနဲ့ စင်းခန်းတံတားကို ထိုးစစ်ဆင်တာ၊ ရေကြောင်းက စစ်အင်အားတွေဖြည့်တင်းတာ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့လို့ စင်းခန်း အပါအဝင် ဒေသတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ စက်တင်ဘာ ၅ရက်မှာ စစ်တပ်ဟာ စင်းခန်းတံတားကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခဲ့လို့ တံတား ပျက်စီးမှုတွေ ဖြစ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါပေမဲ့ စစ်တပ်ဝါဒဖြန့်သူအချို့က စင်းခန်းတံတားကို KIAက မိုင်းခွဲဖျက်ဆီးပြီး ထွက်ပြေးသွားလို့ စစ်တပ်က တံတားကို သိမ်းထားနိုင်ပြီလို့ စက်တင်ဘာ ၈ရက်မှာ ဝါဒဖြန့် ပြောဆိုမှုတွေရှိခဲ့ပါတယ်။
အဲဒီလို စစ်တပ်ဝါဒဖြန့်သူတွေရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်က “ပြောင်းပြန်” အခြေအနေဟု ပြောပါတယ်။
လက်ရှိမှာ စစ်တပ်က ဗန်းမော်ကို စစ်အင်အားဖြည့်တင်းဖို့ ဆက်လက်ကြိုးပမ်းနေပြီး မန္တလေးက ထပ်မံ ထွက်ခွာလာတဲ့ သင်္ဘော ၄စီး၊ တွန်းသင်္ဘော ၂စီးဟာ စက်တင်ဘာ ၈ရက်က ရွှေကူမြို့အကျော်မှာ ရပ်နားခဲ့တယ်လို့ အသိပေးပါတယ်။
အဲဒီ စစ်သင်္ဘောတွေ ဗန်းမော်မြို့ဘက်ကို ဆက်လက်ထွက်ခွာခြင်းမရှိသေးဘူးလို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်ဟာ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ စက်တင်ဘာ ၂ရက်က ရွှေကူမြို့ကနေ သင်္ဘောတွေ ထွက်ခွာခဲ့ရာ KIA ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတွေ နစ်မြုပ်တာ မီးလောင်တာ၊ ပျက်စီးတာတွေရှိခဲ့ပါတယ်။
အဲဒီတုန်းက သင်္ဘော ၇စီး ဗန်းမော်မြို့ကို ဆိုက်ကပ်နိုင်ခဲ့ပေမဲ့ စစ်တပ်က နောက်ထပ်သင်္ဘောတွေ စေလွှတ်လွှတ်ပြီး ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်ဖို့ ထပ်မံ ကြိုးစားနေတာဖြစ်ပါတယ်။မြေပြင်မှာလည်း စစ်တပ်က တပ်ရင်း ၃ခုနဲ့ စင်းခန်းတံတားကို ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေလို့ စက်တင်ဘာအတွင်း တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
စင်းခန်းတံတားကို KIA ပူးပေါင်းတပ်က ၂၀၂၄ မေလကတည်းက သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဝါဒဖြန့်သူတွေကတော့ စင်းခန်းတံတား ပြန်ရပြီဖြစ်ကြောင်း မကြာခဏ ဝါဒဖြန့်တာတွေရှိခဲ့ပါတယ်။
ရုပ်သံ - Lung Jung LA N
👍379🤣7🖕2🤬1🤮1
ရန်ကုန်မှာ လူငယ်တွေကို ဖမ်းဆီးနေတဲ့အဖွဲ့တွေ လာဖမ်းရင်ခုခံကြဖို့ စစ်တပ်ခန့်အုပ်ကြီး ပြော
စက်တင်ဘာ-၉၊ ၂၀၂၆။ဟာနာဆန်/People's Spring
ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။
ရွှေပြည်သာမြို့နယ်၊ သာဓုကန် ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်(ခ) အငြိမ်းစားတပ်ကြပ်ကြီး လှမြင့်ဦးဆိုသူဟာ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ လူဖမ်းပြီး စစ်မှုထမ်းရောင်းစားသူတွေ ဆိုးရွားနေပြီး စက်တင်ဘာ ၄ ရက်ကပဲ ၎င်းရပ်ကွက်ထဲက လူငယ် ၁ဦး ဖမ်းဆီးခံလိုက်​ရကြောင်း ၎င်းက ပြောပါတယ်။
" ၄ ရက်နေ့က ကျွန်တော့်ဘေးနားက အဆောင်မှာနေတဲ့ ကလေးလေးပေါ့နော်။ သူ့မိန်းမလေးက မွေးပြီးခါစလေး ရှိသေးတယ်။ အဲဒါကို အလုပ်အပြန်မှာ အတင်းကားပေါ် ဆွဲတင်သွားတယ်တဲ့။ ကလေးလေးက နေပြည်တော်ရောက်သွားပြီလို့ ကြားတယ်။ မနေ့က သူ့မိသားစုက ဖုန်းဆက်ပြီး လာပြောတယ်။ အလုပ်အပြန်မှာ လာပြီးတော့ဆွဲတင်သွားတယ်"လို့ ၎င်း စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
လူဖမ်း​တဲ့အဖွဲ့တွေဟာ လူပြန်ပေးဆွဲဂိုဏ်းပုံစံဖြစ်လာနေပြီး တဖြည်းဖြည်းနဲ့ ဖောင်းပွပြီးတော့ လွန်လာပြီလို့ ၎င်းက ပြောပါတယ်။ ဒါ့ကြောင့် လူငယ်တွေအနေနဲ့ လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ၎င်းအုပ်ချုပ်ရေးမှူးက ရုပ်သံနဲ့တကွ နှစ်ကြိမ်တိုင် ပြောကြားထားပါတယ်။
"ငါ့ရပ်ကွက်ထဲ လူငယ်တွေ အကုန်မှာထားတယ်။ ခုခံ ချ"လို့ ပြောဆိုထားပြီး အခြားရုပ်သံတစ်ခုမှာလည်း "ဖမ်းဆီးလို့ရှိရင် အဖမ်းမခံနဲ့။..တက်နိုင်ရင် ခုခံပြေး"လို့ ၎င်းက ထပ်မံပြောထားပါတယ်။
အဲဒီလိုဖမ်းဆီးမှုတွေဟာ စစ်တပ်နဲ့ အောက်ခြေက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့စစ်ခေါ် ပျူစောထီးတွေ မသိဘူးလို့ ၎င်း အုပ်ချုပ်ရေးမှူးက ငြင်းဆိုပါတယ်။
ဒါပေမယ့် အင်းစိန်မြို့နယ်မှာ အရံမီးသတ်အရာရှိ နေအိမ်မှာ အချုပ်ခန်းပြုလုပ်ပြီး လူငယ်တွေကို စစ်တပ်ဆီ ရောင်းစားဖို့ ချုပ်နှောင်ထားမှု ထွက်ပေါ်လာပြီး ဖမ်းဆီးခံလိုက်ရပါတယ်။ အောက်ခြေမှာ အုပ်ချုပ်ရေးမှူးနဲ့ ၎င်းတို့ အဝေမတည့်ရာက အချင်းချင်းပြန်တိုင်ရာကနေ ပေါ်ပေါ်လာတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
"မင်းကတော့ မလုပ်ဘူး ပြောတာပဲ။ တချို့အုပ်ချူပ်ရေးမှူးတွေက ဇိုးတွေနဲ့ ပေါင်းပြီး လုပ်စားနေတာရော မင်းသိလား"လို့ Tiktok သုံးစွဲသူတစ်ဦးက ၎င်းအုပ်ကြီးရဲ့ ဗွီဒီယိုအောက်မှာ မှတ်ချက်ပြုပါတယ်။
အလားတူ အခြား Tiktok သုံးစွဲသူတစ်ဦးကလည်း ၎င်းဗွီဒီယို အောက်မှာပဲ "လျှောက်ပြောမနေနဲ့ ထွေအုပ် ပလကဖ ပသစ တွေလုပ်နေတာ ခရိုင်မြို့နယ် ဒကစ ကစသိတယ်။ ရူးချင်ယောင်ဆောင်နေကြ"လို့ မှတ်ချက်ပြုထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာမှာ စစ်မှုထမ်း အပတ်စဥ် (၂၈) စတင်ပြုလုပ်နေပြီးဖြစ်ပေမဲ့ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေ၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ဝမ်းတွင်း စတဲ့ဒေသတွေမှာပါ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။ ရန်ကုန်မြို့မှာလည်း နေ့စဥ်ပေါ်တာဆွဲနေလို့ အသွားအလာနည်းပါးနေတယ်လို့ သိရပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #ရန်ကုန်စစ်တပ်အုပ်ကြီး #လူငယ်ဖမ်းဆီးမှု #ပြန်လည်ခုခံဖို့ပြောဆိုချက် #ရန်ကုန်သတင်း
👍33🤣85👏1🤮1🖕1
ထိုင်းမူကြိုကျောင်းမှာ ပစ်ခတ်မှုဖြစ်၊ ရဲတစ်ဦးက ဇနီးကို ပစ်သတ်ခဲ့တာလို့ဆို

စက်တင်ဘာ - ၉ ၊၂၀၂၆

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ချွန်ဘူရီမှာရှိတဲ့ ဘန်လာမွန် ခရိုင်ထဲက မြူနီစီပယ် မူကြိုတစ်ခုမှာ စက်တင်ဘာ ၉ ရက် မွန်းမတည့်ခင် အချိန်လောက်က ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ထိုင်းမီဒီယာတွေက ကျူးလွန်သူဟာ ရဲအရာရှိ တစ်ဦးလို့ ယုံကြည်ရပြီး ဇနီးဖြစ်သူ ကျောင်းဆရာမကို ပစ်သတ်ပြီးတဲ့နောက် အခင်းဖြစ်တဲ့ နေရာကနေ ထွက်ပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။

သံသယ တရားခံဖြစ်တဲ့ ဒုရဲအုပ် တက်ဆာပေါင် သွန်သက်ချ် ပုန်းအောင်းနေတဲ့ အိမ်ကို ရဲတွေက ရှာတွေ့ထားပြီး သူ့ကို လက်နက်ချဖို့ စည်းရုံးနားချနေဆဲလို့လည်း သိရပါတယ်။

မူကြိုကျောင်းက ကလေးတွေနဲ့ တခြား ဆရာဆရာမတွေ အားလုံးကတော့ ဘေးကင်းကြတယ်လို့လည်း ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ ကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွားကြောင်း သတင်းကြောင့် ရဲတွေက အလျင်အမြန် သွားရောက်ခဲ့တဲ့နောက် အသက် ၄၈ နှစ်အရွယ် ပိုင်လင် သွန်သက်ချ်ရဲ့ ရုပ်အလောင်းကို မုန့်စျေးတန်းထဲမှာ ရှာတွေ့ခဲ့ပါတယ်။

အမျိုးသမီးဟာ ဘယ်ဖက်နားထင်နားမှာ ကျည်ထိမှန် သေဆုံးထားပြီး အလောင်းနားမှာတော့ ၉ မမ ပစ္စတို ကျည်ခွံတစ်ခုကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် ကလေးတချို့ကတော့ ကြောက်လန့်ပြီး ငိုယိုနေခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျောင်းမှာရှိတဲ့ ကလေး ၄၄ ဦးစလုံးကို ဘေးကင်းတာ သေချာအောင် ရဲတွေက စီမံပေးပြီးတဲ့နောက် မိဘတွေဆီ ဆက်သွယ်ပြီး လာရောက် ခေါ်ဆောင်ခိုင်းခဲ့ပါတယ်။ ပြီးတော့ Honda ဆီဒင်ကား တစ်စီးကို မောင်းနှင်ပြီး ကျောင်းကနေ ထွက်ပြေးသွားတဲ့ သေနတ်သမားကို ရဲတွေက လိုက်ရှာခဲ့ကြပါတယ်။

မျက်မြင်တစ်ဦးရဲ့ အဆိုအရ အမျိုးသားတစ်ဦးဟာ ကျောင်းကို ကားမောင်းလာပြီး ပါကင်ထိုးခဲ့ကြောင်း၊ နောက်ပြီး အမျိုးသမီးနားကို ချဉ်းကပ်သွားပြီး စကားပြောဆိုခဲ့တဲ့နောက် သေနတ်သံ ထွက်ပေါ်လာကြောင်း သိရပါတယ်။ နောက်ပိုင်းမှာတော့ ရဲတွေက သေနတ်သမားနဲ့ သေဆုံးသူဟာ ဇနီးမောင်နှံတွေလို့ အတည်ပြုခဲ့ပါတယ်။

လောလောဆယ်မှာတော့ တရားခံကို ထိန်းသိမ်းနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်နေပြီး အမှုနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကိုတော့ ရဲတွေက မထုတ်ပြန်သေးပါဘူး။

ကိုးကား - Thai PBS ၊ဓာတ်ပုံ -Thai Enquirer
20👍13😱5🔥3😢2😁1
👍23😱43🔥3👏2🤬2
ညောင်တုန်းရေကာတာပိတ်ဖို့ စစ်မှုထမ်းသင်တန်းဆင်းတွေ​​​ခေါ်လာပြီး ထွက်မ​ပြေး​​အောင် သေနတ်‌ထောက်ပြီးခိုင်းနေ

စက်တင်ဘာ-၉၊၂၀၂၆။မိထက်/People's Spring

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ကရေကာ
တာပိတ်ဆို့တာမှာစစ်တပ်က စစ်မှုထမ်းသင်
တန်းဆင်း စစ်သားသစ်အများအပြားခေါ်လာပြီး ထွက်ပြေးမှာစိုးလို့ သေနတ်နဲ့ထောက်
ပြီး ခိုင်းစေနေတယ်ပါတယ်။

မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်ဖျားကျေးရွာမှာရှိတဲ့ ညောင်တုန်းကျွန်းတာ
(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းရေကာတာဟာ ဩဂုတ်လ ၂၅ရက်နံနက်ပိုင်းမှာအိကျပြီး ကျိုးကျမယ့်အန္တရာယ်ကြောင့် လူအင်အားထောင်ချီသုံးပြီး အရေးပေါ် ပိတ်ဆို့နေကြတာဖြစ်ပါတယ်။

ကနဦးမှာ ဒေသခံတွေက လုပ်အားပေးကြ‌ရာကနေ အခြေအနေပိုဆိုးလာတဲ့နောက်ပိုင်း စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းစစ်သားတွေကို ကားတွေနဲ့ခေါ်လာပြီး ခိုင်းစေနေတာဖြစ်ပါတယ်။ စက်တင်ဘာလ ၄ရက်နေ့က ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ထဲက အမှတ်(၉) ရဲလေ့ကျင့်ရေးတပ်ကနေ စစ်ကား အစီးရေ ၂၀ ကျော်နဲ့ စစ်မှုထမ်းသင်တန်း
ဆင်းတွေခေါ်လာတာကို People's Spring က တွေ့ခဲ့ရပါတယ်။

"စစ်ကားတစ်ချို့ကို ညောင်တုန်းတာကိုပို့တယ်။တစ်ချို့က ဧရာဝတီတိုင်းထဲကတိုက်ပွဲဖြစ်တဲ့ဘက်တွေကိုဆက်ထွက်သွားတယ်"လို့ ရန်ကုန်-ညောင်တုန်းလမ်းပိုင်းပေါ်က ဆားမလောက်လမ်းဆုံမှာနေထိုင်တဲ့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

ညောင်တုန်းမြို့မှာထားခဲ့တဲ့စစ်မှုထမ်းသင်
တန်းဆင်းတွေကို ရေကာတာပိတ်ဆို့ရေးမှာ သေနတ်ထောက်ပြီးခိုင်းစေနေတာဖြစ်ပါတယ်။

"စိတ်မကောင်းစရာတွေပါဗျာ။စစ်သားတွေက သေနတ်တကားကားနဲ့။ လုပ်အားပေးရတာတောင် စိတ်မဖြောင့်ဘူး။စစ်မှုထမ်းဖို့ခေါ်ထားတဲ့ ကလေးတွေကိုလည်း မာန်မဲခိုင်းစေနေတာ။ ထွက်ပြေးမှာစိုးလို့လည်း လုံခြုံရေးတော်တော်တင်းကျပ်တယ်"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ညောင်တုန်းရေကာတာဟာစတင်အိကျစဉ်က အလျားပေ ၁၀၀ ခန့်ရှိပြီး လက်ရှိစက်တင်
ဘာလပထမလပတ်ထဲမှာ အလျားပေ ၃၀၀
ခန့်အထိ အိကျသွားပြီလို့သိရပါတယ်။မြစ်
ကမ်းပါးရေတိုက်စားမှုကြောင့်တာရဲ့ သုံးပုံနှစ်ပုံခန့် အိကျပြိုကျမှု ဖြစ်ပေါ်ခဲ့ပြီး အရေးပေါ်ပြင်ဆင်ရေးတွေလုပ်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံဧရာဝတီတိုင်းအစိုးရကထုတ်ပြန်ထားပါတယ်။

လက်ရှိ အိကျနေတဲ့ တာကျိုးပေါက်ခဲ့ရင် ညောင်တုန်းမြို့နယ်၊ မအူပင်မြို့နယ်နဲ့ ရန်
ကုန်တိုင်း လှိုင်သာယာမြို့နယ်အထိ ရေဝင်ရောက်နိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။ ရန်ကုန်- ဧရာဝတီတိုင်း ဆက်သွယ်ရေးကားလမ်းပေါ်လည်း ရေဝင်နိုင်ပါတယ်။

"တာအတွင်းမှာငါမွေးကန်တွေအများကြီးပဲ။ တာကျိုးကျရင်တော့ ဘဝပျက်သွားမယ့်ကန်ပိုင်ရှင်တွေ ရှိတယ်။ ရင်တမမနဲ့စောင့်ကြည့်နေကြရတယ်"လို့ ငါမွေးကန်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီး အတင်းအကြပ်ခေါ်ဆောင်ထားတဲ့ သင်
တန်းဆင်းတွေကို ရှေ့တန်းစစ်မြေပြင်တွေကိုပို့ပြီးစစ်တိုက်ခိုင်းနေလို့ သေဆုံးဒဏ်ရာရသူ၊ထွက်​ပြေးသူ ၊​တော်လှန်​ရေးတပ်ထံအ
လင်းဝင်သူဆက်တိုက်များပြားနေပါတယ်။စစ်မှုထမ်းအပတ်စဉ်တစ်ခုကို လူ၅၀၀၀ နှုန်းစုဆောင်းခဲ့​ပေမယ့် စစ်တပ်လိုတဲ့အ​ရေအ
တွက်မရတာ​ကြောင့် ​ပေါ်တာဆွဲတာ​တွေပိုဆိုးလာပါတယ်။

လက်ရှိမှာ စစ်မှုထမ်းအပတ်စဉ်၂၈အထိရောက်ရှိလာပြီဖြစ်ပါတယ်။ဒါ့အပြင် ရန်ကုန်နဲ့မန္တလေးမြို့အပါအဝင်မြို့ကြီးတွေမှာ လူ
ငယ်နဲ့လူလတ်ပိုင်းအမျိုးသားတွေကို အတင်း
အကြပ်ဖမ်းဆီးပြီး စစ်သင်တန်းကိုပို့ဆောင်နေတာတွေရှိလို့ သတိပြုနေထိုင်သွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။



#ညောင်တုန်းရေကာတာ #စစ်မှုထမ်း
#သေနတ်ထောက်စေခိုင်း
#Peoplesspring #ludunwayoo
👍22🤬8🖕76👏1
(​​​​ညောင်တုန်း​ရေကာတာပိတ်ဖို့ ​စစ်တပ်ကဒေသခံ​တွေကို​​​ခေါ်လာပြီး ခိုင်း​စေခဲ့စဥ်။
ဓါတ်ပုံ-CJ
🤮17🖕7🤬65👏1
စင်းခန်းနဲ့ ဇင်းဘုံမှာ တိုက်ပွဲပြင်းထန်

▪️တပ်ရင်းမှူး အပါအဝင် စစ်တပ် အလောင်းတွေနဲ့ လက်နက်တွေ KIA ပူးပေါင်းတပ် သိမ်းရ

စက်တင်ဘာ ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စင်းခန်းဒေသနဲ့ ရွှေကူမြို့နယ်က ဇင်းဘုံဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က တပ်ရင်းမှူး အပါအဝင် သေဆုံးထိခိုက်သူများသလို လက်နက်တွေ သိမ်းရခဲ့ဟု ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

စစ်တပ်က စင်းခန်းတံတား ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေသလို ဧရာ၀တီမြစ်ကြောင်း လုံခြုံရေး အရေးပါတဲ့ ဇင်းဘုံဒေသ အခြေချတပ်စွဲနိုင်ရေး ကြိုးပမ်းနေလို့ တိုက်ပွဲတွေ ပြင်းထန်နေတာ ရက်အတော်ကြာပြီဖြစ်ပါတယ်။

ဩဂုတ်နောက်ဆုံးပတ်နဲ့ စက်တင်ဘာ ပထမပတ်အတွင်း ရွှေကူ-ဗန်းမော် ဧရာ၀တီ မြစ် ဘေးပတ်ဝန်းကျင်မှာ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်တပ်က ဗန်းမော်ကိုလာတဲ့ စစ်သင်္ဘောတွေကိုလည်း KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ စစ်တပ် အထိနာခဲ့ပါတယ်။

“စင်းခန်းဘက်မှာ တိုက်ပွဲက နေ့တိုင်းရှိတယ်။ ဇင်းဘုံဘက်မှာ လည်း တော်တော်ပြင်းထန်တယ်။ မနေ့ကရော မနေ့ညကရော တညလုံးပဲ မိုးလင်းပေါက်တိုက်ပွဲပြင်းထန်တယ်။ ပြီးတော့ ဇင်းဘုံက ထိုးစစ်ဆင်နေတဲ့ စခတပ် တပ်မ (၃၃)က ခမရ(၁၂)က တပ်ရင်းမှူးက သေသွားတာ။ အလောင်းက ကျနော်တို့ ရထားတယ်။ ပြီးတော့ ခမရ(၁၁၉)က တပ်ရင်းမှူးလည်း ဒဏ်ရာရတယ်။ လက်နက်တွေလည်းအများကြီးရတယ် မနေ့ညက” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အခြား သတင်းရင်းမြစ်တစ်ဦးကလည်း စက်တင်ဘာ ၉ရက် စင်းခန်းတံတား ဝန်းကျင်တိုက်ပွဲမှာ စစ်တပ်က အထိနာခဲ့တယ်လို့ ပြောပါတယ်။

တံတားဝန်းကျင်ကို ချဉ်းကပ်လာတဲ့ စစ်တပ်ဟာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်များခဲ့ပြီး စစ်တပ်က ၁၈ဦးရဲ့ ရုပ်အလောင်းတွေနဲ့ လက်နက် ၉လက် သိမ်းရခဲ့တယ်လို့ အသိပေးပါတယ်။

စစ်တပ်စစ်ကြောင်း ဖရိုဖရဲ ဆုတ်ခွာသွားတယ်လို့လည်း သတင်းရင်းမြစ်က အသိပေးထားပါတယ်။

လက်ရှိ စင်းခန်းဒေသ မြေပြင်စစ်ရေး အခြေအနေဟာ ဆက်လက်တင်းမာနေဆဲ အနေအထားလို့လည်း သတင်းရင်းမြစ်က ပြောပြပါတယ်။

စစ်တပ်ဟာ စင်းခန်းတံတား ပြန်ရဖို့ နဲ့ ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး KIA ပူးပေါင်းတပ်ဘက်ကလည်း အပြင်းအထန် ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

လက်ရှိမျာ စစ်တပ်ဝါဒဖြန့်သူအချို့က စင်းခန်းတံတားကို သိမ်းရထားတယ်လို့ ဝါဒဖြန့်နေပေမဲ့ ကချင်စစ်ရေး သတင်းရင်းမြစ်က မြေပြင်အခြေအနေဟာ စစ်တပ်ဝါဒဖြန့်သူတွေရဲ့ ပြောကြားချက်နဲ့ ပြောင်းပြန် အနေအထားဖြစ်တယ်လို့ ပြောပါတယ်။

စစ်တပ်ဟာ လက်ရှိမှာ ဗန်းမော်မြို့ကို ရေကြောင်းကနေ စစ်အင်အားဖြည့်ဖို့ ရွှေကူကို သင်္ဘော ၆စင်း ဆိုက်ကပ်ထားပါတယ်။ စစ်သင်္ဘောတွေအပါအဝင် စစ်သင်္ဘော ၆စီးဟာ စက်တင်ဘာ ၈ရက်မှာ ကသာကနေ ရွှေကူကို ရောက်လာတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၉ရက်မနက်မှာတော့ ရပ်ထားတဲ့ သင်္ဘောတွေထဲက ၂စီးကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ မီးလောင်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောကြားထားပါတယ်။
👏4111👍10🔥3🥰2🤣2👎1🖕1
(စစ်တပ် ဗုံးကြဲဖျက်ဆီးခဲ့တဲ့ ဗန်းမော်မြို့နယ်က စင်းခန်းတံတား။ ဓာတ်ပုံ - Screengrab)
👍245🤬4🔥3👏3👎2🤣2🖕1