People's Spring
60K subscribers
70.9K photos
1.22K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကျားခေါင်းပါတီလို့ လူသိများတဲ့ SNLD နဲ့ ကျားခေါင်းပါတီရဲ့ နိုင်ငံရေးဂုဏ်သိက္ခာရေချိန်ကို ရှမ်းတိုင်းရင်းသူတစ်ဦးက "ကျားဖြူဆိုတာက ကျားခေါင်းမရှိမှနေရာရတဲ့အဖွဲ့" လို့ မှတ်ချက်ပြုပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်အများစုကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကထိန်းချုပ်ထားပါတယ်။ တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးလမ်းပေါ်မှာရှိတဲ့အဲဒီမြို့တွေကို စစ်တပ်က နည်းမျိုးစုံနဲ့ပြန်တောင်းနေပြီး စစ်ရေးအရလည်းခြိမ်းခြောက်နေပါတယ်။ဒေသ
ခံပြည်သူတွေဟာ စစ်တပ်ရဲ့လေကြောင်းအန္တရာယ်၊ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ တ‌ကျော့ပြန်တိုက်ပွဲတွေအချိန်မရွေးဖြစ်ပွားနိုင်တဲ့စိုး
ရိမ်မှုတွေ ရှိနေပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းကမြို့နယ်တွေမှာလည်း တရားဥပဒေစိုးမိုးမှုလျော့ရဲနေပြီး ကျားဖြန့်လိမ်လည်တဲ့လုပ်ငန်းတွေရှိနေတဲ့အတွက် အခြေခံလူတန်းစားတွေဟာနေ့စဉ်စားဝတ်နေရေးအတွက် အထွေထွေအကြပ်အတည်းကိုရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

"ဝေးလံခေါင်ဖျားဒေသတွေမှာဆိုရင် အစာ
ရေစာငတ်မွတ်မှုတွေ၊ ဆေးကုသဖို့ခက်ခဲတာတွေကြောင့် သေဆုံးရတဲ့သူတွေတောင်ရှိတယ်။ စာသင်ကျောင်းမရှိတဲ့ရွာတွေလည်းအများကြီးပဲ။ ကုန်စျေးနှုန်းဆိုရင်လည်း ပြည်မထက်ကြီးတယ်။မသေရုံတမယ်ပဲရုန်းကန်နေကြရတာ"လို့ဦးစိုင်းထွန်းလင်းရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ မိုးနဲမြို့ခံတစ်ဦးကပြောပါတယ်။

တစ်နိုင်ငံလုံးအ​​ခြေအ​နေကိုလည်းတချက်
ကြည့်ရ​​အောင်ပါ ။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း အခုအခါ မြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းနဲ့ စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှု တနည်းအားဖြင့် ငတ်မွတ်မှုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ကမ္ဘာ့​ပေါ်မှာ အငတ်​ဘေးကို အဆိုးဝါးဆုံးရင်ဆိုင်​နေရတဲ့ ၆ နိုင်ငံ​မြောက် ဖြစ်​နေပါတယ် ။ ၂၀၂၄ ခုနှစ်မှာဝမ်းရေးမဖူလုံသူ လူဦးရေ ၁၃ ဒဿမ ၃ သန်းကနေ သိသိသာသာ တိုးလာတာလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)ကဖော်ပြပါတယ်။

အဲဒီထဲကမှ လူဦးရေ ၂ ဒဿမ ၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတာဖြစ်ပါတယ် ။​ငွေ​ကြေး​ဖောင်းပွမှုကလည်း
ကမ္ဘာ့ဘဏ် အဆိုအရ ၂၀၂၆ တစ်နှစ်တည်း ၂၅ ရာခိုင်နှုန်းရှိပါတယ်။

အလုပ်အကိုင်​တွေရှားပါးတဲ့အပြင် လူငယ်​တွေကိုစစ်တပ်က ​ပေါ်တာဆွဲပြီး စစ်သင်တန်း​ပေး​ရှေ့တန်းပို့စစ်တိုက်ခိုင်း​နေလို့ သိန်းနဲ့ချီတဲ့ လူငယ်​တွေ နိုင်ငံက​နေထွက်​ပြေး​နေကြရတဲ့အချိန်ကာလဖြစ်ပါတယ် ။ဒီအ​ခြေအ​နေမှာ
ပြည်သူ့ကိုယ်စားလှယ်လို့ အမည်ခံထားသူက
သိန်း ၁၅၀ ​ကျော်တန်အရက်​သောက်ရတယ်ဆိုပြီး ကြွားလုံးထုတ်​နေတာဖြစ်ပါတယ် ။

ဒေသခံရှမ်းတိုင်းရင်းသူတစ်ဦးက​
"ရှမ်းလူထုတွေကစီးပွားကရှာရခက်၊စစ်သားတွေကအဖွဲ့အသီးသီးကစုဆောင်းလို့သောကဝေ၊ကုန်စျေးနှုန်းကကြီး၊စစ်ရေးကမငြိမ်၊ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေကကောင်း
ကောင်းလုပ်ပေးတာမရှိ၊လူထုအတွက်ဘာ
တခုမှကောင်းတာမရှိနေတဲ့အချိန်မှာ ပြည်သူ့ကိုယ်စားပြုဆိုတဲ့လူတွေက တန်ဖိုးကြီးအရက်တွေသောက်ပြနေတာမြင်လို့ကြားလို့
မကောင်းပါဘူး။သူတို့ငွေချမ်းသာလို့သူတို့ငွေနဲ့ပဲဝယ်သောက်ဝယ်သောက်အခုလိုကြွားပြနေတာလုံးဝမဖြစ်သင့်ဘူး"လို့ သူမအမြင်ကိုပြောပါတယ်။

ဦးစိုင်းထွန်းလင်းအပါအဝင် စစ်တပ်အတွက်ပဲ အလုပ်လုပ်နေတဲ့အမတ်တွေဟာ နိုင်ငံရေးဂုဏ်သိက္ခာမရှိဘူးလို့ အိမ်ရှင်မတစ်ဦးဖြစ်တဲ့ အဲဒီရှမ်းတိုင်းရင်းသူက မှတ်ချက် ပြုပါတယ်။ ။
👍27🤣43🤮2🖕1
ငါးဦးမှာ အလယ်တည့်တည့်သူမှာ ဦးစိုင်းထွန်းလင်း ဖြစ်ပါတယ်။ ညာဘက်အစွန်ဆုံးမှာကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုင်ပေါင်းဖြစ်ပါတယ် ။ဓါတ်ပုံ-စိုင်းထွန်းလင်း​ဖေစ်ဘွခ်
💩28🖕12👍4🤮2😘21
၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲကို သံအမတ်ကြီးဦးကျော်မိုးထွန်းခေါင်းဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

▪️ပြီးခဲ့တဲ့နှစ် ညီလာခံကာလတလျှောက် မိန့်ခွန်း ၈၀ ကျော် ပြောကြားခဲ့ပြီး စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုများ၊ ပြည်သူအများ ကြုံတွေ့ခံစားနေရမှုများကို ဖော်ပြခဲ့

စက်တင်ဘာ-၉၊ ၂၀၂၆။ People’s Spring

(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ (81st Session of the United Nations General Assembly)ရဲ့ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးနဲ့ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ရက် မနေ့က မွန်းလွဲပိုင်းမှာ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့ရာ သံအမတ်ကြီးဦးကျော်မိုးထွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

မနေ့က ကုလသမဂ္ဂဌာနချုပ် အထွေထွေညီလာခံမှာ (၈၀)ကြိမ်မြောက် အထွေထွေညီလာခံပိတ်ပွဲအခမ်းအနားနဲ့ (၈၁)ကြိမ်မြောက် အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားတွေ ပြုလုပ်ခဲ့တာပါ။

မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း မျက်နှာစုံညီအစည်းအဝေးများနဲ့ ကုလသမဂ္ဂ ပင်မကော်မတီ(၆)ခုရဲ့အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

နောက်ပြီး (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးများအပါအဝင် ကုလသမဂ္ဂရဲ့ဆက်စပ်အစည်းအဝေးတွေမှာ တက်ရောက် မိန့်ခွန်းများ ပြောကြားခဲ့ကာ ပြီးခဲ့တဲ့ ညီလာခံကာလတလျှောက်လုံး သံအမတ်ကြီးဦးကျော်မိုးထွန်းက မိန့်ခွန်းပေါင်း (၈၀) ကျော် ပြောကြားခဲ့ကြောင်း ဖော်ပြပါတယ်။

ပြောကြားခဲ့တဲ့မိန့်ခွန်းတွေမှာ သက်ဆိုင်ရာ ဘာသာရပ်များနဲ့ ဆက်စပ်၍ ဆွေးနွေးခြင်းအပြင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုက တရားမဝင် စစ်အာဏာသိမ်းခဲ့တဲ့အချိန်မှ စတင်၍ မြန်မာပြည်သူ လူထုတစ်ရပ်လုံးအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုများ၊ ချိုးဖောက်ခဲ့တဲ့ ကြီးလေးသော ရာဇဝတ်မှုများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမဆန်မှုများ၊ နိုင်ငံတကာရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ ရှောင်တိမ်းနေခြင်းများနဲ့ ပြည်သူအများ ကြုံတွေ့ခံစားနေရမှု စသည်တို့ကို အလေးအနက်အထား ပြောကြားခဲ့တယ်လို့ အသိပေးပါတယ်။

အလားတူ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းစေဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တော်လှန်ရေးဒီမိုကရေစီအင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မိတ်ဖက်ဒီမိုကရေစီအင်အားစုများအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)အောက်မှ ညှိနှိုင်းဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေမှုများကိုလည်း ထင်ဟပ်ပြောကြားခဲ့တယ်လို့ အသိပေးပါတယ်။

(၈၁)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာ အဖွဲ့ဝင်နိုင်ငံများရဲ့ ကိုယ်စားလှယ်များကို စိစစ်မယ့် Credentials Committee ကိုလည်း မနေ့ကပဲ ဖွဲ့စည်းခဲ့ရာ ကော်မတီအဖွဲ့ဝင် ၉ နိုင်ငံမှာ ဘဟားမားစ်၊ ဘယ်လ်ဂျီယံ၊ ဘီနင်၊ တရုတ်၊ ဂျမေကာ၊ ရုရှား၊ ဗန်ဝါးတူး၊ ယူဂန်ဒါနဲ့ အမေရိကန်တို့ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ၂၀၂၁ ကတည်းက လက်ရှိအချိန်အထိ ၅ နှစ်ကျော်ကြာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် ရရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ ပြည်သူလူထုတရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခက်ခဲကြပ်တည်းမှုအခြေအနေတွေကို သံအမတ်ကြီးဦးကျော်မိုးထွန်းက နိုင်ငံတကာသိရှိကြောင်း နှစ်စဥ် မိန့်ခွန်းများပြောကြား အသိပေးခဲ့ပါတယ်။

ဒါ့ကြောင့်လည်း လက်ရှိမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပက မြန်မာပြည်သူတွေ စတင်လှုပ်ရှားကြိုးပမ်းမှုတွေ ရှိနေပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ထောက်ခံကြောင်း ပြသတဲ့ Our Ambassador -Our Voice လှုပ်ရှားမှုမှာ ပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပြီး အဲဒီလှုပ်ရှားမှုမှာ ပါဝင်လိုသူတွေအနေနဲ့ https://our-ambassador-our-voice.vercel.app/ ကနေ ဝင်ရောက် ပြုလုပ်နိုင်တယ်လို့ ‌အသိပေးထားပါတယ်။
39👍13👏4👎2🥰1🤮1🤣1🖕1
ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး
51👍14👏2🤣2🥰1😁1🤮1🖕1
မန္တ​လေးမှာ သစ်ပင်လဲပြီး ကား ၁ စီးပေါ် ပိမိပြီး လူ၁ ဦးပိတ်မိလို့ ကယ်ဆယ်နေ

စက်တင်ဘာ ၉၊ ၂၀၂၆။ မေရီ/People's Spring

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဒီနေ့စက်တင်ဘာ ၉ရက် မနက်က သစ်ပင်လဲပြီး ကား၁စီးပေါ်ပိမိပြီး လူ ၁ဦးပိ​တ်မိနေလို့ ကယ်ဆယ်နေရပါတယ်။

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၄လမ်း ၈၅လမ်းနဲ့ ၈၆လမ်းကြားမှာ သစ်ပင်လဲရာကနေ ရပ်ထားတဲ့ Light Truck ကားရှေ့ခန်းပေါ် ပိမိခဲ့ကြောင်း၊ အဲဒီ ကား​​ခေါင်းခန်းထဲမှာ ရှိနေတဲ့ အမျိုးသား ၁ဦးလည်း သစ်ပင်ပိကာ ကယ်ဆယ်နေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

"မိုးများပြီး အပင်က လဲကျတာ။ အပင်လုံးပတ်က တော်တော်ကြီးတယ်။ ကရိန်းတွေနဲ့ဆွဲတင်နေတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပိတ်မိနေတဲ့ ကားပေါ်က အမျိုးသားဟာ အသက်သေဆုံးခြင်းမရှိဘဲ စကားပြန်လည်ပြောဆိုနိုင်တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းပြီး ရပ်ကွက်အချို့ ရေကြီးရေလျှံတာတွေပါ ဖြစ်ပွားနေပါတယ်။ တိုင်းနဲ့ပြည်နယ်အများစုမှာ မိုးဆက်ကြီးနိုင်တဲ့အတွက် ရေဘေးသတိပြုနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGလူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၇ရက်ကနေ စက်တင်ဘာ ၁၃ရက်အတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ MoSLHAက သတိ‌ပေးထားပါတယ်။
👍283🔥2👎1🤯1😱1
(သစ်ပင်လဲပြီး လူပိတ်မိနေလို့ သစ်ပင်အားဖယ်ရှားရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံံ-မီးသတ်)
👍25🔥3👎21😱1
“မင်းတို့ သားသမီးတွေကို အရည်အသွေးတစ်ခုခု ပေးနိုင်မယ်ဆိုရင် ဘာကို ရွေးမလဲ။”

ဉာဏ်ကောင်းတာလား၊ ကရုဏာစိတ်ရှိတာလား၊မိဘကိုအရမ်းရိုသေတာလား၊ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတကျ ထိန်းသိမ်းနိုင်တဲ့ အရည်အသွေးလား။

ဆစ်ဒနီတက္ကသိုလ်ကစီးပွားရေးပညာရှင်ဒကဘိုရာကော့ဘ်ကလတ်(Deborah Cobb-
Clark)ကတော့တခြားအဖြေတစ်ခု ပေးထားပါတယ်။အဲဒါကတော့ “Internal Locus of Control” လို့ခေါ်တဲ့ “မိမိဘဝနဲ့ ကံကြမ္မာကို မိမိကိုယ်တိုင် ပုံဖော်နိုင်တယ်၊ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ့်လုပ်ရပ်တွေက ကိုယ့်ဘဝကို အဓိက သက်ရောက်စေတယ်”လို့ယုံကြည်တဲ့ စိတ်
ဓာတ်ပါပဲ။ ဒီသဘောတရားကို ၁၉၆၀ ပြည့်နှစ်တွေမှာ စိတ်ပညာရှင်ဂျူလီယမ်ရော်တာ (Julian Rotter) က စတင်ဖော်ထုတ်ခဲ့ပြီး၊ အခုခေတ်မှာ ပြောလေ့ရှိတဲ့”ကိုယ်တိုင် ဆုံး
ဖြတ်လုပ်ကိုင်နိုင်စွမ်း” နဲ့လည်းနီးနီးကပ်ကပ် ဆက်စပ်နေပါတယ်။

ဒီစိတ်ဓာတ်ရှိတဲ့သူတွေကကိုယ့်ဘဝရဲ့ ရလဒ်အများစုဟာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့်ကြိုးစားမှုအပေါ် မူတည်တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီလိုမဟုတ်သူတွေ ပြင်ပအင်အားများက မိမိဘဝကို ဆုံးဖြတ်ပေးနေသည်ဟု ယုံကြည်သည့်စိတ် (External Locus of Control)ရှိသူတွေကတော့ကံတ
ရား၊ရေစက်၊

အခြေအနေတွေ၊ ဒါမှမဟုတ်တခြားလူတွေကပဲ သူတို့ဘဝကို ဆုံးဖြတ်ပေးနေတယ်လို့ ပိုယုံကြည်တတ်ကြပါတယ်။

ဒီလို “ကိုယ့်ဘဝကို ကိုယ်တိုင် ပြောင်းလဲနိုင်တယ်” လို့ ယုံကြည်တဲ့စိတ်ဟာ အလွန်အ
သုံးဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြိုး
စားချင်စိတ်ကို ပိုဖြစ်စေလို့ပါ။

ကော့ဘ်ကလတ်ရဲ့ သုတေသနမှာ ဂျာမနီက အလုပ်လက်မဲ့ ဖြစ်သွားသူတွေကို လေ့လာကြည့်တဲ့အခါ ကံတရားကိုသာ အပြစ်ပုံချတတ်သူတွေဟာ ကိုယ့်အားကိုယ်ကိုးစိတ်ရှိသူတွေလောက် အလုပ်မရှာ ကြတာကို တွေ့ရပါတယ်။ ကိုယ့်လုပ်ရပ်နဲ့ ရလဒ်ဟာ မဆိုင်ဘူးလို့ ယုံကြည်နေမယ်ဆိုရင် “ဘာလို့ အချိန်ကုန်ခံပြီး အလုပ်လိုက်ရှာရဦးမှာလဲ” လို့ တွေးပြီး ကံ သို့မဟုတ် တယောက်ယောက်ရဲ့ အကူ
အညီကိုသာ ထိုင် စောင့်‌နေကြလို့ပါပဲ။

ဒါ့အပြင် ဒီလိုစိတ်ဓာတ်ဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနဲ့ပါ ဆက်စပ်နေပါတယ်။ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်ရှိတဲ့အိမ်ထောင်
စုတွေဟာ စုဆောင်းငွေ ပိုများကြပါတယ်။

ရည်ရွယ်ချက်တွေကိုလည်းလက်တွေ့အ
ကောင်အထည် ဖော်နိုင်ကြပြီး စီးပွားရေးစတင်ဖို့ စိတ်ကူးရှိသူ တွေကိုလည်း လက်
တွေ့ ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်လာစေပါတယ်။ ဒီစိတ်ဓာတ်က ကိုယ့်ရဲ့ နောင်လာနောက်သားတွေ အထိတောင် အကျိုးသက်ရောက်ပါတယ်။

စပိန်နိုင်ငံကသုတေသနတစ်ခုအရကိုယ့်အား
ကိုယ်ကိုးစိတ်ရှိတဲ့ မိခင်တွေဟာ ကလေးကို ပြုစုပျိုးထောင်ရာမှာ ပိုပြီး အားစိုက်ကြိုးစားကြတယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့က “ကလေးအတွက်ဒီနေ့ ငါပေးလိုက်တဲ့ အချိန်နဲ့ ကြိုးစားမှုဟာ နောင်တစ်ချိန်မှ အသီးအပွင့်ဖြစ်လာမယ် အကျိုးပြန်ပေးမယ်” လို့ ယုံကြည်ကြလို့ပါ။



https://www.ludunwayoo.com/feature-mm/2026/09/04/167396/
24👍14🥰2🤮1🤣1
ပြင်သစ်နိုင်ငံသား တစ်ဦးကို နယ်နှင်ကြောင်း ထိုင်းအစိုးရ ကြေညာ

ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ပြီး လူထုတည်ငြိမ်မှုကို အနှောင့်အယှက် ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြင်သစ်နိုင်ငံသား တစ်ဦးကို အစိုးရက နယ်နှင်ကြောင်း ကြေညာခဲ့ပါတယ်။

ပြည်ထဲရေး ဝန်ကြီးလည်းဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြင်သစ် နိုင်ငံသား ကီဗင် ဒီမီနိုကို နိုင်ငံကနေ နှင်ထုတ်တဲ့ အမိန့်ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီမီနိုဟာ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးသူ၊ ရန်လိုသူ တစ်ဦးအဖြစ် စွပ်စွဲ ခံထားရပါတယ်။

ထိုင်းမှာ ပြဿနာရှာတဲ့ နိုင်ငံသားတွေကို မြန်မြန်ဆန်ဆန် အရေးယူပြီး နယ်နှင်နိုင်တဲ့ အမိန့်သစ်ကို အစိုးရက ထုတ်ပြန်ပြီးတဲ့နောက် လက်တွေ့စတင် ကျင့်သုံးလာနေတာပါ။ ခိုဆမွိုင် တရားရုံးက ဒီမီနိုဟာ ၁၉၇၉ ခုနှစ်၊ ပြည်တွင်း ကုန်းလမ်းသွားလာရေး ဥပဒေ ချိုးဖောက်မှုအတွက်လည်း အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ဒဏ်ငွေဘတ် ၁၀၀၀၀ တပ်ရိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီပြစ်ဒဏ်ကို ထက်ဝက်လျှော့ပြီး ဒဏ်ငွေ ဘတ် ၅၀၀၀ အဖြစ် ပြင်ဆင် သတ်မှတ်ပေးခဲ့ပါတယ်။

ဒီမီနိုဟာ ထိုင်းကိုရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေ ဖြစ်ပေါ်လာအောင် သွေးထိုးတာ၊ အများအန္တရာယ် ဖြစ်စေနိုင်လောက်တဲ့ ပေါ့ဆပြီး အန္တရာယ်များတဲ့ လုပ်ရပ်တွေကို ကျူးလွန်တာတွေ ရှိခဲ့ကြောင်းလည်း တရားရုံးကို ဆိုပါတယ်။

ဒီမီနို အနေနဲ့ စွပ်စွဲချက်တွေကို ၇ ရက်အတွင်း အယူခံဝင်ပြီး သူ့ကို ထိုင်းနိုင်ငံကနေ နှင်ထုတ်လို့ မရအောင် တုံ့ပြန် ချေပခွင့်တော့ ရှိပါတယ်။

ခိုဆမွိုင်မှာ ကိုယ်ပိုင် တိရစ္ဆာန်ရုံငယ်တစ်ခု ဖွင့်လှစ်ထားတဲ့ ဒီမီနိုဟာ လောလောဆယ်မှာတော့ ပျောက်ဆုံးနေပါတယ်။ သူ့ကို နယ်နှင်ဒဏ်ပေးတဲ့အမိန့် ထွက်လာပြီးတဲ့နောက် ဒီမီနို ဘယ်ကိုရောက်နေသလဲ ဆိုတာကို မသိရသေးကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။ သူ့ကို ဖမ်းဆီးထားတာ မဟုတ်ကြောင်းလည်း ထိုင်းအာဏာပိုင်တွေက အတည်ပြုထားပါတယ်။

ဒီမီနိုဟာ ပြီးခဲ့တဲ့လက စတင်သတ်မှတ်ခဲ့တဲ့ နယ်နှင်ခွင့် အမိန့်သစ်အောက်မှာ ဒုတိယမြောက် အရေးယူခံရတဲ့ နိုင်ငံခြားသား ဖြစ်လာပါတယ်။ စက်တင်ဘာ ၅ ရက်နေ့တုန်း အစ္စရေး နိုင်ငံသား ယာကော့ဗ် အိုဟာယွန်ကိုလည်း ထိုင်းအစိုးရက နယ်နှင်ကြောင်း ကြေညာခဲ့ပါတယ်။

ဒီမီနို နယ်နှင်ခံရတဲ့ ကိစ္စဟာ သူ့ရဲ့ တိရစ္ဆာန်ရုံထဲကို အစ္စရေး ကမ္ဘာလှည့် ခရီးသည်တွေ ဝင်ခွင့်မပြုခဲ့တဲ့ ပြဿနာနဲ့ တိုက်ရိုက် ဆက်စပ်ဖွယ်လည်း ရှိနေပါတယ်။ Samui Exotic Parkမှာ ဒီမီနိုနဲ့ သူ့ရဲ့ ထိုင်းနိုင်ငံသူ ဇနီးသည်ဟာ အစ္စရေး ဧည့်သည်တွေ လည်ပတ်ခွင့်ကို ငြင်းဆိုပြီး ပါလက်စတိုင်းအလံကို ပြသထားခဲ့တာကြောင့် တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ်ထိလက်ရောက် ရန်ဖြစ်တာ၊ ခြိမ်းခြောက်တာ၊ ရန်လိုတိုက်ခိုက်တာတွေ ပေါ်ပေါက်လာကြောင်း နှစ်ဖက်စလုံးက စွပ်စွဲထားကြပါတယ်။

ကိုးကား: Thai PBS
ဓာတ်ပုံ - Khaosod, Top News
#ထိုင်း
#ပြင်သစ်နိုင်ငံသား
#နယ်နှင်ဒဏ်
#ထိုင်းအစိုးရ
#နိုင်ငံခြားသားအရေးယူမှု
#ခိုဆမွိုင်
#တိရစ္ဆာန်ရုံ
#အစ္စရေး
#ပါလက်စတိုင်း
👍18🔥42👏1
👍24🔥2
ချင်းပြည်နယ်တောင်ပိုင်း စစ်ကူပို့မယ့် စစ်ကားတွေ ပကစ(၂၅)ရောက်နေ

စက်တင်ဘာ-၉၊၂၀၂၆။ဖိုးသား/People's Spring

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

ဆောမြို့နယ်နဲ့ လောင်းရှည်မြို့မှာရှိတဲ့ ကပစ (၂၅) က စစ်ယာဉ်တန်းတွေ အတိုက်မခံရရေးအတွက် ဆော -လောင်းရှည်လမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ‌မြေပြင်စစ်ကြောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။

"ပြီးခဲ့တဲ့တစ်ရက်(စက်တင်ဘာ ၇ ရက်)က ကပစ (၂၅)ကို စစ်ကား ၄စီးရောက်တယ်။အင်အား ၂၀၀ ၀န်းကျင်လောက်ပါမယ်လို့ ခန့်မှန်းတယ်။ဆိပ်ဖြူ ကပစ(၂၂)ကနေ ပို့တာ"လို့ ‌ဆောမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

ဆော-လောင်းရှည်လမ်းပိုင်း အလယ်ဗဟိုချက်မှာရှိတဲ့ သီးကုန်းကျေးရွာက စစ်ကြောင်းကလည်း လောင်းရှည်မြို့ကို မနေ့က(စက်တင်ဘာ ၈ ရက်)ညနေ ပိုင်းမှာ ရောက်ရှိလာတယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ အသိပေးထားပါတယ်။

လမ်းကြောပေါ်က ကျေးရွာတွေနဲ့ အနီးပတ်ဝန်းကျင်တလျှောက်မှာ အင်အားတချို့ချန်ထားခြင်းရှိ၊မရှိကို ဆက်လက်စုံစမ်းဆဲလို့ ဆိုပါတယ်။

"ဆော-လောင်းရှည် လမ်းကြောင်းကို ရှင်းပြီး ကပစ (၂၅)က ကားတွေ လောင်း ရှည်မြို့ကတဆင့် ဆောမြို့ကို၀င်မယ်။အဲဒီကနေ ကန်ပက်လက်ကို ထပ်ပို့မယ့်အခြေအနေမျိူပေါ့"လို့ မကွေးတိုင်းအထက်ပိုင်း စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

ဒါ့အပြင် လောင်းရှည်မြို့နဲ့ ကပ်လျက်ရှိနေတဲ့ ဆိပ်ဖြူ မြို့နယ်က ကပစ (၂၁)နဲ့ (၂၂)မှာလည်း အင်အား ၅၀၀ ၀န်းကျင်ကို စစ်တပ်က ထပ်မံဖြည့်တင်းထားတယ်လို့ အသိပေးပါတယ်။

လက်ရှိမှာ စစ်တပ်ဟာ ဆိပ်ဖြူနယ်က ပုသိမ်-မုံရွာ ၊ဆော-ဆိပ်ဖြူ နဲ့ ဆိပ်ဖြူ- ပေါက်လမ်းပိုင်းတွေကို ထိန်းချုပ်ဖို့ကြိုးပမ်းနေပါတယ်။

လက်ရှိ အာဏာသိမ်းစစ်တပ်က ဆောမြို့ကတဆင့် ကန်ပက်လက်၊ကျောက်ထုမြို့ကနေ မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသလို ထီးလင်းမြို့နယ်က ချင်းတောင်ပိုင်းနယ်စပ်ကုန်သွယ်ရေးရှိရာနေရာကို ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေတာရှိပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင် ထိုးစစ်ကို စစ်တပ်က တပ်မ ၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁ က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား နှစ်ထောင်၀န်းကျင်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။
💩2410🔥3🤬3👏2👎1😁1
(မင်းတပ်မှ မတူပီ ဦးတည်လာတဲ့ စစ်တပ် ယာဉ်တန်းကို ၂၀၂၂ ဇန်နဝါရီ ၁၁ရက်က တွေ့ရစဉ် ဓာတ်ပုံ-  CDF-Mindat)
💩20🔥6👎2👏2🫡1