People's Spring
60K subscribers
70.9K photos
1.22K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
🔥8👍6🤬2👎1💩1🤣1
11🤬5👍2👏2🔥1
၂၀၂၂ခုနှစ် ဇူလိုင်လမှာကိုင‌‌တေရဲ့အသက်
၁၈နှစ်ပြည့်မွေး နေ့ပါ။အရွယ်​ရောက်ပြီး
လူငယ်ဘဝကိုစတင်လျှောက်လှမ်းရမယ့်နေ့ပေါ့။

အဲဒီနေ့မှာပဲ ကိုငတေဟာ သူ့ရဲ့အကိုအကြီးဆုံးဖြစ်သူ ကိုပေသီး ဆီကိုခွင့်တခုတောင်းခဲ့ပါတယ်။အဲတာကတော့ နေပြည်တော် (၈၀၅) PDFတပ်ရင်းကိုဝင်ရောက်ခွင့်ပြုဖို့ပါ။

ခွင့်တောင်းတယ်ဆိုပေမယ့်ကိုငတေ ဟာသူ့အချိတ်အဆက်နဲ့သူအကုန်စီစဉ်ပြီးပါပြီ။သူတောင်းဆိုတာက မိခင်ဖြစ်သူရဲ့ခွင့်ပြုချက်မရမှာစိုးလို့အကိုကြီးကအိမ်က နေသူ့ကို ခေါ်ထုတ်ပေးဖို့ပါ။

“သူ့အသက် ၁၈ပြည့်တဲ့ညမှာပဲ သူကျွန်တော့်ဆီခွင့်တောင်းခဲ့တာ”လို့ ကိုပေသီးကပြန်ပြောပြပါတယ်။

နောက်နေ့မှာပဲ ကိုပေသီးက ညီဖြစ်သူကိုအိမ်နောက်ဖေးကခိုးထွက်ခိုင်းပြီး သူကအိမ်​ရှေ့
ကနေဆိုင်ကယ်နဲ့ထွက်ကာ၈၀၅တပ်ရင်းဆီရောက်မယ့် ကားကွင်းဆီ ကိုငတေကိုလိုက်ပို့ခဲ့ပါတယ်။အဲဒီ နောက် အသက်၁၈နှစ် ပြည့်ပြီးစ ကိုငတေဟာ နေပြည်တော် (၈၀၅) တပ်ရင်းရဲ့ ရဲဘော်င တေဖြစ်လာခဲ့ပါတယ်။

တပ်ရင်းကို ရောက်ပြီးတဲ့နောက်စစ်သင်တန်းတစ်လတက်ရပါတယ်။အဲဒီနောက် ရဲဘော်င​တေ ဟာရှေ့တန်းတိုက်ပွဲ ပေါင်းများစွာကိုဖြတ်ကျော်ခဲ့ပါတယ်။

ရဲဘော်ငတေရဲ့ပထမဆုံးရှေ့တန်းတိုက်ပွဲဟာ ဖယ်ခုံမြို့နယ်တိုက်ပွဲဖြစ်ပါတယ်။အဲဒီနောက် ကရင်နီ၊ရှမ်းတောင်၊ကရင်ပြည်နယ်၊သံ
တောင်ကြီးနဲ့တခြားစစ်ဆင် ရေးတွေမှာပါဝင်ခဲ့ပါတယ်။

စခန်းသိမ်းတိုက်ပွဲကြီးတွေဖြစ်တဲ့မိုးဗြဲ ၊ရာထိုးရှမ်းပြည်နယ်တောင်ပိုင်းကလွိုင်လင်လေး စခန်းသိမ်းတိုက်ပွဲ တွေမှာလည်း ရဲဘော်ငတေဟာ ရှေ့တန်းကနေပါဝင်ဆင်
နွှဲခဲ့ပါတယ်။

“ကျွန် တော်တို့တပ်ရင်းရဲ့ စံပြရဲဘော်တယောက်လို့ ပြောရမှာ”လို့ နေပြည်တော်
(၈၀၅)တပ်ရင်းရဲ့ တပ်ရေးတာဝန်ခံ ရဲ‌ဘော်ကိုဦးကပြောပါတယ်။

ရဲဘော်ငတေဟာ တိုက်ပွဲတိုင်းမှာစွန့်လွှတ်၊စွန့်စားသလို အထက်ကပေးတဲ့အမိန့်ကို အ
မြဲတမ်းကျေပွန်အောင် ထမ်းဆောင်လေ့ရှိတယ်လို့သိရပါတယ်။တပ်ဖွဲ့မှာRPG နဲ့စက်
လက်ကြီးတွေကိုင်တဲ့ရဲဘော်ဖြစ်ပြီးလက်
နက်ကြီးကျွမ်းကျင်သူတစ် ယောက်ဖြစ်ပါတယ်။

တခြားရဲ ဘော်တွေအ ပေါ်ငဲ့ညှာတက်သူဖြစ်ပြီး အမိန့်နာခံတက်သူပါ။‌‌တိုက်ပွဲတိုင်းမှာ စစ်
ကြောင်းမှူးအဖြစ်ပါဝင်ခဲ့တဲ့သူ့ကို အသက် ၁၉ နှစ်အရွယ်မှာပဲ ၂၀၂၃ခုနှစ် ဒီဇင်ဘာလမှာ တပ်ရင်း (၁) ရဲ့ဒုတပ်ခွဲမှူးတာဝန်ပေးအပ်ခံခဲ့ရပါတယ်။

“သူ့မှာတော်လှန်ရေးမြန်မြန်အောင်ချင်ပြီး မိသားစု တွေ ပြန်ဆုံချင်တဲ့ မျှော်လင့်ချက်သေးသေးကလေးပဲရှိတာ”လို့ရဲဘော်ကိုဦးကပြောပြပါတယ်။

ရဲ‌​ဘော်င​တေတို့ရဲ့ မိသားစုဟာ အသက်၆၀
အရွယ်မိခင်၊ဖခင်နဲ့ ညီအကိုငါးယောက်၊ ညီမလေးတစ်ယောက်နဲ့စုစုပေါင်းမိသားစုဝင် ၈ ယောက်ရှိပါတယ်။

အကြီးဆုံးကတော့ အသက်၂၅နှစ်အရွယ်ကိုပေသီပါ။ သူ့အောက်က အသက်၂၄ နှစ်အရွယ်အကိုတဦးရှိပြီး အဲဒီနောက် ကိုငတေပါ့။ကိုင​​​တေအောက်မှာ ညီငယ်နှစ် ယောက်ရှိပါတယ်။အ​ထွေးဆုံး​လေးကတော့ညီမငယ်လေးပါ။

ရဲဘော်ငတေက မိသားစုထဲမှာ ပထမဆုံးလက်နက်ဆွဲကိုင်​တော်လှန်တဲ့ PDF ဖြစ်လာပြီး နောက် ၆လအကြာမှာ အကြီးဆုံး အကိုဖြစ်တဲ့ ကိုပေသီးကလည်း နေပြည်တော် (၈၀၅) တပ်ရင်းကိုဝင်ရောက်တာဝန်ထမ်းခဲ့ပါတယ်။အဲဒီနောက်သူတို့မြို့မှာစစ်​ကောင်စီရဲ့စစ်မှုမထမ်းမ​နေရ စနစ်နဲ့ စစ်သားသစ် အဓမ္မစု​ဆောင်းမှုတွေကပိုဆိုးလာပါတယ်။

ဒီအခြေအနေကို ရှောင်လွှဲဖို့အတွက် နေအိမ်မှာကျန်ခဲ့တဲ့ညီအကိုတွေကကြိုးစားရပြန်ပါတယ်။အဲဒီနောက်အကို တွေရှိတဲ့ (၈၀၅)တပ်
ရင်းကို လာဖို့ကြိုးစားခဲ့ပေမယ့် လမ်းကြော
မကောင်းတာမို့ နီးစပ်ရာတပ်ဖွဲ့ကို ချိတ်ဖို့ကိုပေသီးကအကြံ ပေးခဲ့ပါတယ်။

ဒီလိုနဲ့ကျန်တဲ့မိသားစုဝင် ၆ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တ​လေး(MDY PDF)နဲ့ချိတ်ဆက်ရောက်ရှိခဲ့ပါတယ်။

အဲဒီနောက် ရဲဘော်ငတေ ရဲ့အထက်ကအကို နဲ့ အောက်ကညီဖြစ်သူတို့ဟာ MDY PDF အဖြစ်ဝင် ရောက်ခဲ့ပြီး စုစုပေါင်း ညီအကိုလေးယောက်ဟာ တော်လှန်ရေးရဲဘော်တွေဖြစ်လာကြပါတယ်။စစ်အာဏာရှင်စနစ် ​တော်လှန်တဲ့ ​နွေဦး​တော်လှန်​ရေးမှာ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် (PDF )အဖြစ်မိသားစု တစ်စုတည်းကညီအစ်ကို​လေး​ယောက်က တာဝန်းထမ်းကြတာပါ။

ဒါ​တောင် အသက်၆၀ ဝန်းကျင်ဖခင်ဖြစ်သူ နဲ့ ညီအငယ်ဆုံးကလည်း PDFထဲဝင်ဖို့ တောင်းဆိုခဲ့ပါ​သေးတယ် ။ဒါပေမယ့် မိသားစုထဲကညီအစ်ကို ၄ ယောက်က တော်လှန်ရေးတာဝန်ထမ်း​​နေပြီမို့တပ်ရင်းတာဝန်ရှိသူ တွေက နောက်ထပ်မိသားစုဝင် တွေကိုPDF အဖြစ် တာဝန်ထမ်းခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။

●မှတ်ချက်-၂၀၂၅ မတ်လ ၂၈ ရက်မှာ​ဖော်ပြခဲ့တဲ့​ဆောင်းပါးကို ပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ် ။အခု​ဆောင်းပါးထဲကရဲ​ဘော်င​တေ(​ခေါ်) မိုဟမ္မဒ်နို့အ်မာန် ဟာ အမျိုးသားညီညွတ်​ရေးအစိုးရ ၊ကာကွယ်​ရေးဝန်ကြီး
ဌာန ကစက်တင်ဘာ ၇ ရက်မှာ ​ပေးအပ်ချီးမြှင့်တဲ့ "ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့'' ရရှိခဲ့ပါတယ် ။ ဒါ​ကြောင့် ၂၀၂၅ ခုနှစ်မှာ လူထု​နွေဦးက ရဲ​ဘော်င​တေ အ​ကြောင်း​ရေး
သားထားတဲ့​ဆောင်းပါးကိုပြန်လည်​ဖော်ပြလိုက်ပါတယ်။



https://www.ludunwayoo.com/feature-mm/2025/03/28/115977/
44👍17🤣2🔥1🥰1🖕1
■​ဆောင်းပါး

အရက်ကို သိက္ခာချတဲ့
ခေတ်ပျက်ထဲက စစ်တပ်အမတ်

ယောနသံ/People's Spring

စစ်တပ်လက်​အောက်မှာ ကုန်ဈေးနှုန်းကြီး
မြင့်တာ ၊ ကုန်ပစ္စည်း​တွေရှားပါးပြတ်လပ်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ ၊ဖိနှိပ်မှု​ပေါင်းစုံကြား ဘယ်သူမှအသက်အာမခံချက်မရှိတာ စတဲ့ ပြည်သူ​​တွေအတွက် အထွေထွေအကျပ်အတည်းကြီး ရင်ဆိုင်နေ
ရချိန်မှာ စစ်တပ်ရွေးကောက်ခံလွှတ်တော်အမတ်နဲ့ ရှမ်းပါတီဥက္ကဌတို့က သိန်းရာချီတန်တဲ့အရက်သောက်ပြပြီးတစ်နိုင်ငံလုံးသိ​အောင် ကြွားလုံးထုတ်ပြလိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊မိုးနဲမြို့နယ်က စစ်တပ်​ရွေး​ကောက်ပွဲက ​ပေါ်လာတဲ့လွှတ်​တော်အမတ် ဦးစိုင်းထွန်းလင်းက သူရဲ့မိခင်ပါတီဖြစ်တဲ့ ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုင်ပေါင်း ဧည့်ခံတဲ့ ကျပ်သိန်း ၁၅၀ တန်ကြေးရှိအရက်ကိုသောက်ခွင့်ရကြောင်း စက်တင်ဘာလ၆ရက်နေ့မှာ လူမှုကွန်ရက်ပေါ် တင်ပြီး ကြွားလုံးထုတ်ခဲ့တာပါ။ လူထု​နွေဦးက အာဏာသိမ်းစစ်အုပ်စုကလုပ်တဲ့​ရွေး​ကောက်ပွဲ ၊လွှတ်​တော်​တွေကို စစ်တပ်​ရွေး​ကောက်ပွဲ ၊စစ်တပ်လွှတ်​တော် ​တွေလို့ပဲ ​​ရေးသားလို့ သူ့ကိုလည်း စစ်တပ်အမတ်လို့ပဲ​ရေးပါတယ် ။

"ကျားဖြူပါတီဥက္ကဌကြီးက လွှတ်တော်မစခင်လွှတ်တော်ကိုယ်စားလှယ်ကိုသိန်း ၁၅၀
ကျပ်တန် ၁၃ မင်းဆက်မြောက်ပြင်သစ်ဘုရင်လူးဝစ်အမည်ရအရက် နဲ့ ဒီညမှာဧည့်ခံခဲ့ပါတယ်။ ကျားဖြူပါတီဥက္ကကြီးရဲ့ကျေးဇူးကြောင့်သိန်း၁၅၀ကျပ်တန်အရက်ကိုသောက်ဘူးခဲ့ပါပြီ"လို့ အရက်ပုလင်းပုံနဲ့ဓာတ်ပုံတွေနဲ့အတူ ရေးသားထားပါတယ်။

အခုလို အရက်တိုက်တဲ့အတွက်လည်း ကျားဖြူပါတီဥက္ကဌကြီးကိုအထူးကျေးဇူးတင်ရှိကြောင်း နဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်ဆောင်သွားမယ်လို့လည်း ရေးသားထားပါတယ်။

ကျပ်သိန်းရာချီ တန်ကြေးရှိတဲ့အရက်ကိုသောက်နေကြောင်းကြွားလုံးထုတ်ခဲ့တဲ့ ဦးစိုင်းထွန်းလင်းနဲ့ အပေါင်းအပါတွေကို ဒေသ
ခံတွေအပြင်လူမှုကွန်ရက်သုံးစွဲသူတွေက အပြင်းအထန်ဝေဖန်နေကြပါတယ်။

အရှက်ကင်းမဲ့တဲ့ လုပ်ရပ်အဖြစ်ဝေဖန်နေကြသလို"သိန်း ၁၅၀ တန်အရက်သောက်ဖို့ကျား
ဖြူပါတီကို ဝင်ကြစို့"လို့လည်း လှောင်ပြောင်ကြသူ​တွေလည်းရှိပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်မြို့ခံလူငယ်တစ်ဦးကတော့"အခုကာလ အမတ်ဖြစ်နေတဲ့ကောင် တွေတစ်ကောင်မှ × သုံးမကျဘူး။ သူတို့သောက်နေတဲ့ အရက်ပုလင်းလောက်တောင် တန်ဖိုးမရှိတဲ့ကောင်တွေ"လို့ ‌ပြောပါတယ်။

ဦးစိုင်းအိုက်ပေါင်းဦးဆောင်တဲ့ အရက်ဝိုင်းမှာ သောက်နေကြတာက ၁၇ရာစု အစောပိုင်းက ပြင်သစ်ဘုရင်LOUIS XIII ကို အစွဲပြုပြီး အမည်ပေးထားတဲ့ LOUIS XIII Cognac အရက်ပုလင်းဖြစ်ပါတယ်။ ကမ္ဘာတန်ဖိုးအမြင့်ဆုံး အရက်တွေထဲမှာပါဝင်ပါတယ်။ဦးစိုင်းထွန်းလင်း ပြောတဲ့ အရက်တစ်ပုလင်း ကျပ်သိန်း၁၅၀နဲ့တွက်ချက်ရင်တောင် အ
ထည်ချုပ်အလုပ်သမတစ်ဦး ၆နှစ်လောက် နေ့စဉ် အလုပ်လုပ်မှ ရမယ့် ငွေကြေးဖြစ်ပါတယ်။ လက်ရှိမှာ အခြေခံလုပ်စားတစ်ဦး တစ်နေ့လုပ်အားခက ၆၈၀၀ ကျပ်ပဲ ရတာပါ။

ဦးစိုင်းထွန်းလင်းဟာ ပြည်သူလူထု နဲ့ ဒီမိုက​ရေစီကိုတန်ဖိုးထားတဲ့နိုင်ငံတကာကအသိ
အမှတ်မပြုတဲ့ စစ်တပ်ရဲ့လုပ်ပွဲ- ၂၀၂၅ ရွေးကောက်ပွဲမှာ ကျားဖြူပါတီကိုကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ စစ်တပ်လွှတ်တော်မှာသူတင်ခဲ့တာတွေက ရေမြောင်းဖောက်၊ အမှိုက်ရှင်းကိစ္စတွေလောက်သာဖြစ်ပြီး ရှမ်းပြည်နယ်ကစစ်ဒဏ်သင့်ဒေသခံတွေရဲ့အခက်အခဲကို တစ်ခွန်းမှမဟခဲ့ဘူးလို့ ရှမ်းတိုင်းရင်းသားတွေကပြောပါတယ်။

ဦးစိုင်းထွန်းလင်းကို အရက်တိုက်တဲ့ ကျားဖြူပါတီ(ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းဟာ စစ်တပ်နဲ့နီးစပ်သူဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရှမ်းပြည်နယ်၊သယံဇာတနဲ့ သစ်တောဝန်ကြီးဖြစ်ခဲ့ဖူးပါတယ်။ အသက် ၈၀ အရွယ်ဦးစိုင်းအိုက်ပေါင်းက စစ်တပ်အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါဝင်နေသလို အာဏာ
သိမ်းစစ်အုပ်စုကပေးအပ်ထားတဲ့ သီရိပျံချီဘွဲ့လည်း လက်ခံရယူထားပါတယ်။

ရှမ်းပြည်နယ်မှာ တိုင်းရင်းသားကိုယ်စားပြုအင်အားကြီးပါတီအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)ရှိပါတယ်။ SNLD ပါတီက စစ်တပ်​ရွေး​ကောက်ပွဲကို မယှဥ်ပြိုင်ပါဘူး ။

ဦးစိုင်းအိုင်ပေါင်းဦးဆောင်တဲ့ ကျားဖြူပါတီ ဟာ စစ်တပ်လုပ်ခဲ့တဲ့ ၂၀၁၀ ​ရွေး​​ကောက်ပွဲကြိုကာလမှ​ပေါ်လာဖြစ်ပြီး စစ်တပ်ဦး​ဆောင်လုပ်တဲ့​ရွေး​ကောက်ပွဲ​တွေမှာပဲ ​လွှတ်​တော်​နေရာ ပိုရ​လေ့ရှိပါတယ် ။ တနည်းအားဖြင့် စစ်တပ်​ရွေး​ကောက်ပွဲ​တွေကို SNLD ၊NLD
စတဲ့ ပြည်သူ​​တွေ​ထောက်ခံအား​ပေးမှုများတဲ့ပါတီကြီး​တွေ မယှဥ်ပြိုင်မှ နေရာပိုရ​လေ့ရှိတာပါ ။

လူထုထောက်ခံမှုရှိပြီးနိုင်ငံရေးပါတီကြီးဖြစ်တဲ့ SNLD က စစ်ကောင်စီရွေးကောက်ပွဲကိုငြင်းပယ်ခဲ့လို့ ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကနေ စစ်ကောင်စီထိန်းချုပ်ထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့ပါတယ်။ စစ်အာဏာရှင်သက်
ဆိုးရှည်ဖို့လုပ်တဲ့ရွေးကောက်ပွဲကို လူထုက
ငြင်းဆန်နေချိန်မှာပဲ ကျားဖြူပါတီက​တော့ စစ်တပ်အလိုကြ ပြည်ထောင်စုအဆင့် ဝင်ပြိုင်ခဲ့ပြီး ရနိုင်သမျှနေရာတွေ ယူခဲ့ပါတယ်။
👍18🤣53🖕1
ကျားခေါင်းပါတီလို့ လူသိများတဲ့ SNLD နဲ့ ကျားခေါင်းပါတီရဲ့ နိုင်ငံရေးဂုဏ်သိက္ခာရေချိန်ကို ရှမ်းတိုင်းရင်းသူတစ်ဦးက "ကျားဖြူဆိုတာက ကျားခေါင်းမရှိမှနေရာရတဲ့အဖွဲ့" လို့ မှတ်ချက်ပြုပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်အများစုကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကထိန်းချုပ်ထားပါတယ်။ တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးလမ်းပေါ်မှာရှိတဲ့အဲဒီမြို့တွေကို စစ်တပ်က နည်းမျိုးစုံနဲ့ပြန်တောင်းနေပြီး စစ်ရေးအရလည်းခြိမ်းခြောက်နေပါတယ်။ဒေသ
ခံပြည်သူတွေဟာ စစ်တပ်ရဲ့လေကြောင်းအန္တရာယ်၊ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ တ‌ကျော့ပြန်တိုက်ပွဲတွေအချိန်မရွေးဖြစ်ပွားနိုင်တဲ့စိုး
ရိမ်မှုတွေ ရှိနေပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းကမြို့နယ်တွေမှာလည်း တရားဥပဒေစိုးမိုးမှုလျော့ရဲနေပြီး ကျားဖြန့်လိမ်လည်တဲ့လုပ်ငန်းတွေရှိနေတဲ့အတွက် အခြေခံလူတန်းစားတွေဟာနေ့စဉ်စားဝတ်နေရေးအတွက် အထွေထွေအကြပ်အတည်းကိုရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

"ဝေးလံခေါင်ဖျားဒေသတွေမှာဆိုရင် အစာ
ရေစာငတ်မွတ်မှုတွေ၊ ဆေးကုသဖို့ခက်ခဲတာတွေကြောင့် သေဆုံးရတဲ့သူတွေတောင်ရှိတယ်။ စာသင်ကျောင်းမရှိတဲ့ရွာတွေလည်းအများကြီးပဲ။ ကုန်စျေးနှုန်းဆိုရင်လည်း ပြည်မထက်ကြီးတယ်။မသေရုံတမယ်ပဲရုန်းကန်နေကြရတာ"လို့ဦးစိုင်းထွန်းလင်းရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ မိုးနဲမြို့ခံတစ်ဦးကပြောပါတယ်။

တစ်နိုင်ငံလုံးအ​​ခြေအ​နေကိုလည်းတချက်
ကြည့်ရ​​အောင်ပါ ။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း အခုအခါ မြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းနဲ့ စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှု တနည်းအားဖြင့် ငတ်မွတ်မှုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ကမ္ဘာ့​ပေါ်မှာ အငတ်​ဘေးကို အဆိုးဝါးဆုံးရင်ဆိုင်​နေရတဲ့ ၆ နိုင်ငံ​မြောက် ဖြစ်​နေပါတယ် ။ ၂၀၂၄ ခုနှစ်မှာဝမ်းရေးမဖူလုံသူ လူဦးရေ ၁၃ ဒဿမ ၃ သန်းကနေ သိသိသာသာ တိုးလာတာလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)ကဖော်ပြပါတယ်။

အဲဒီထဲကမှ လူဦးရေ ၂ ဒဿမ ၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတာဖြစ်ပါတယ် ။​ငွေ​ကြေး​ဖောင်းပွမှုကလည်း
ကမ္ဘာ့ဘဏ် အဆိုအရ ၂၀၂၆ တစ်နှစ်တည်း ၂၅ ရာခိုင်နှုန်းရှိပါတယ်။

အလုပ်အကိုင်​တွေရှားပါးတဲ့အပြင် လူငယ်​တွေကိုစစ်တပ်က ​ပေါ်တာဆွဲပြီး စစ်သင်တန်း​ပေး​ရှေ့တန်းပို့စစ်တိုက်ခိုင်း​နေလို့ သိန်းနဲ့ချီတဲ့ လူငယ်​တွေ နိုင်ငံက​နေထွက်​ပြေး​နေကြရတဲ့အချိန်ကာလဖြစ်ပါတယ် ။ဒီအ​ခြေအ​နေမှာ
ပြည်သူ့ကိုယ်စားလှယ်လို့ အမည်ခံထားသူက
သိန်း ၁၅၀ ​ကျော်တန်အရက်​သောက်ရတယ်ဆိုပြီး ကြွားလုံးထုတ်​နေတာဖြစ်ပါတယ် ။

ဒေသခံရှမ်းတိုင်းရင်းသူတစ်ဦးက​
"ရှမ်းလူထုတွေကစီးပွားကရှာရခက်၊စစ်သားတွေကအဖွဲ့အသီးသီးကစုဆောင်းလို့သောကဝေ၊ကုန်စျေးနှုန်းကကြီး၊စစ်ရေးကမငြိမ်၊ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေကကောင်း
ကောင်းလုပ်ပေးတာမရှိ၊လူထုအတွက်ဘာ
တခုမှကောင်းတာမရှိနေတဲ့အချိန်မှာ ပြည်သူ့ကိုယ်စားပြုဆိုတဲ့လူတွေက တန်ဖိုးကြီးအရက်တွေသောက်ပြနေတာမြင်လို့ကြားလို့
မကောင်းပါဘူး။သူတို့ငွေချမ်းသာလို့သူတို့ငွေနဲ့ပဲဝယ်သောက်ဝယ်သောက်အခုလိုကြွားပြနေတာလုံးဝမဖြစ်သင့်ဘူး"လို့ သူမအမြင်ကိုပြောပါတယ်။

ဦးစိုင်းထွန်းလင်းအပါအဝင် စစ်တပ်အတွက်ပဲ အလုပ်လုပ်နေတဲ့အမတ်တွေဟာ နိုင်ငံရေးဂုဏ်သိက္ခာမရှိဘူးလို့ အိမ်ရှင်မတစ်ဦးဖြစ်တဲ့ အဲဒီရှမ်းတိုင်းရင်းသူက မှတ်ချက် ပြုပါတယ်။ ။
👍27🤣43🤮2🖕1
ငါးဦးမှာ အလယ်တည့်တည့်သူမှာ ဦးစိုင်းထွန်းလင်း ဖြစ်ပါတယ်။ ညာဘက်အစွန်ဆုံးမှာကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုင်ပေါင်းဖြစ်ပါတယ် ။ဓါတ်ပုံ-စိုင်းထွန်းလင်း​ဖေစ်ဘွခ်
💩28🖕12👍4🤮2😘21
၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲကို သံအမတ်ကြီးဦးကျော်မိုးထွန်းခေါင်းဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

▪️ပြီးခဲ့တဲ့နှစ် ညီလာခံကာလတလျှောက် မိန့်ခွန်း ၈၀ ကျော် ပြောကြားခဲ့ပြီး စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုများ၊ ပြည်သူအများ ကြုံတွေ့ခံစားနေရမှုများကို ဖော်ပြခဲ့

စက်တင်ဘာ-၉၊ ၂၀၂၆။ People’s Spring

(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ (81st Session of the United Nations General Assembly)ရဲ့ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးနဲ့ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ရက် မနေ့က မွန်းလွဲပိုင်းမှာ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့ရာ သံအမတ်ကြီးဦးကျော်မိုးထွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

မနေ့က ကုလသမဂ္ဂဌာနချုပ် အထွေထွေညီလာခံမှာ (၈၀)ကြိမ်မြောက် အထွေထွေညီလာခံပိတ်ပွဲအခမ်းအနားနဲ့ (၈၁)ကြိမ်မြောက် အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားတွေ ပြုလုပ်ခဲ့တာပါ။

မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း မျက်နှာစုံညီအစည်းအဝေးများနဲ့ ကုလသမဂ္ဂ ပင်မကော်မတီ(၆)ခုရဲ့အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

နောက်ပြီး (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးများအပါအဝင် ကုလသမဂ္ဂရဲ့ဆက်စပ်အစည်းအဝေးတွေမှာ တက်ရောက် မိန့်ခွန်းများ ပြောကြားခဲ့ကာ ပြီးခဲ့တဲ့ ညီလာခံကာလတလျှောက်လုံး သံအမတ်ကြီးဦးကျော်မိုးထွန်းက မိန့်ခွန်းပေါင်း (၈၀) ကျော် ပြောကြားခဲ့ကြောင်း ဖော်ပြပါတယ်။

ပြောကြားခဲ့တဲ့မိန့်ခွန်းတွေမှာ သက်ဆိုင်ရာ ဘာသာရပ်များနဲ့ ဆက်စပ်၍ ဆွေးနွေးခြင်းအပြင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုက တရားမဝင် စစ်အာဏာသိမ်းခဲ့တဲ့အချိန်မှ စတင်၍ မြန်မာပြည်သူ လူထုတစ်ရပ်လုံးအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုများ၊ ချိုးဖောက်ခဲ့တဲ့ ကြီးလေးသော ရာဇဝတ်မှုများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမဆန်မှုများ၊ နိုင်ငံတကာရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ ရှောင်တိမ်းနေခြင်းများနဲ့ ပြည်သူအများ ကြုံတွေ့ခံစားနေရမှု စသည်တို့ကို အလေးအနက်အထား ပြောကြားခဲ့တယ်လို့ အသိပေးပါတယ်။

အလားတူ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းစေဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တော်လှန်ရေးဒီမိုကရေစီအင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မိတ်ဖက်ဒီမိုကရေစီအင်အားစုများအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)အောက်မှ ညှိနှိုင်းဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေမှုများကိုလည်း ထင်ဟပ်ပြောကြားခဲ့တယ်လို့ အသိပေးပါတယ်။

(၈၁)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာ အဖွဲ့ဝင်နိုင်ငံများရဲ့ ကိုယ်စားလှယ်များကို စိစစ်မယ့် Credentials Committee ကိုလည်း မနေ့ကပဲ ဖွဲ့စည်းခဲ့ရာ ကော်မတီအဖွဲ့ဝင် ၉ နိုင်ငံမှာ ဘဟားမားစ်၊ ဘယ်လ်ဂျီယံ၊ ဘီနင်၊ တရုတ်၊ ဂျမေကာ၊ ရုရှား၊ ဗန်ဝါးတူး၊ ယူဂန်ဒါနဲ့ အမေရိကန်တို့ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ၂၀၂၁ ကတည်းက လက်ရှိအချိန်အထိ ၅ နှစ်ကျော်ကြာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် ရရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ ပြည်သူလူထုတရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခက်ခဲကြပ်တည်းမှုအခြေအနေတွေကို သံအမတ်ကြီးဦးကျော်မိုးထွန်းက နိုင်ငံတကာသိရှိကြောင်း နှစ်စဥ် မိန့်ခွန်းများပြောကြား အသိပေးခဲ့ပါတယ်။

ဒါ့ကြောင့်လည်း လက်ရှိမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပက မြန်မာပြည်သူတွေ စတင်လှုပ်ရှားကြိုးပမ်းမှုတွေ ရှိနေပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ထောက်ခံကြောင်း ပြသတဲ့ Our Ambassador -Our Voice လှုပ်ရှားမှုမှာ ပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပြီး အဲဒီလှုပ်ရှားမှုမှာ ပါဝင်လိုသူတွေအနေနဲ့ https://our-ambassador-our-voice.vercel.app/ ကနေ ဝင်ရောက် ပြုလုပ်နိုင်တယ်လို့ ‌အသိပေးထားပါတယ်။
39👍13👏4👎2🥰1🤮1🤣1🖕1
ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး
51👍14👏2🤣2🥰1😁1🤮1🖕1
မန္တ​လေးမှာ သစ်ပင်လဲပြီး ကား ၁ စီးပေါ် ပိမိပြီး လူ၁ ဦးပိတ်မိလို့ ကယ်ဆယ်နေ

စက်တင်ဘာ ၉၊ ၂၀၂၆။ မေရီ/People's Spring

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဒီနေ့စက်တင်ဘာ ၉ရက် မနက်က သစ်ပင်လဲပြီး ကား၁စီးပေါ်ပိမိပြီး လူ ၁ဦးပိ​တ်မိနေလို့ ကယ်ဆယ်နေရပါတယ်။

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၄လမ်း ၈၅လမ်းနဲ့ ၈၆လမ်းကြားမှာ သစ်ပင်လဲရာကနေ ရပ်ထားတဲ့ Light Truck ကားရှေ့ခန်းပေါ် ပိမိခဲ့ကြောင်း၊ အဲဒီ ကား​​ခေါင်းခန်းထဲမှာ ရှိနေတဲ့ အမျိုးသား ၁ဦးလည်း သစ်ပင်ပိကာ ကယ်ဆယ်နေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

"မိုးများပြီး အပင်က လဲကျတာ။ အပင်လုံးပတ်က တော်တော်ကြီးတယ်။ ကရိန်းတွေနဲ့ဆွဲတင်နေတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပိတ်မိနေတဲ့ ကားပေါ်က အမျိုးသားဟာ အသက်သေဆုံးခြင်းမရှိဘဲ စကားပြန်လည်ပြောဆိုနိုင်တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းပြီး ရပ်ကွက်အချို့ ရေကြီးရေလျှံတာတွေပါ ဖြစ်ပွားနေပါတယ်။ တိုင်းနဲ့ပြည်နယ်အများစုမှာ မိုးဆက်ကြီးနိုင်တဲ့အတွက် ရေဘေးသတိပြုနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGလူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၇ရက်ကနေ စက်တင်ဘာ ၁၃ရက်အတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ MoSLHAက သတိ‌ပေးထားပါတယ်။
👍283🔥2👎1🤯1😱1
(သစ်ပင်လဲပြီး လူပိတ်မိနေလို့ သစ်ပင်အားဖယ်ရှားရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံံ-မီးသတ်)
👍25🔥3👎21😱1