People's Spring
60K subscribers
70.9K photos
1.22K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်ကိုင်း၊ မကွေး ဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့ကို အဖွဲ့ဝင်သစ်များအဖြစ် SCEF အတည်ပြု

စက်တင်ဘာ ၈၊ ၂၀၂၆။ထားမြတ်/People's Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၈ရက် ညနေမှာ အစည်းအဝေး ကျင်းပခဲ့တာဖြစ်ပြီး ‎SCEF မှာ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြဖို့ သဘောတူထားပြီးဖြစ်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ကို SCEFရဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် အောက်ရှိ အဖွဲ့ဝင်အသစ်များအဖြစ် အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

အစည်းအဝေးကို ‎SCEF အလှည့်ကျသဘာပတိ ခူဦးရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူးအဖွဲ့က လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့သလို ဖက်ဒရယ်ယူနစ်အသီးသီးမှ ကိုယ်စားလှယ်များက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြတယ် လို့ ဆိုပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ကောင်စီဝင်စာရင်းကို အတည်ပြုခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ ကနဦး ဖွဲ့စည်းထားတာပါ။

SCEF စုဖွဲ့မှုကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ မဏ္ဍိုင် ၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် စတဲ့ ထောက်တိုင်သုံးရပ် ဖွဲ့စည်းသွားမယ်လို့ အသိပေးထားပြီး အဖွဲ့ဝင်သစ်တွေ ပါဝင်လာရေး ဆောင်ရွက်မယ်လို့ စတင်ဖွဲ့စည်းချိန်ကတည်းက အသိပေးထားပါတယ်။

SCEF ဟာ စစ်ရေးနဲ့ပတ်သက်ပြီး ကော်မတီတရပ်ကို KNUနဲ့ KIO စစ်ရေးခေါင်းဆောင်တွေနဲ့ ဦးဆောင်ဖွဲ့စည်းထားသလို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။ စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း အသိပေးထားပါတယ်။
33👏12🤣2🥰1🖕1
33👍3🤣2🥰1👏1🥱1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဖာပွန်က လယ်မူပလောစစ်တပ်စခန်းကို KNU သိမ်းယူ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်(မူတြော်)ထဲမှာ တပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့ စက်တင်ဘာ ၈ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။ မူတြော်ခရိုင်မြောက်ပိုင်း၊ လူသောမြို့နယ်မှာရှိတဲ့ ဒေသအခေါ် ထော်မူပလဲမဲစခန်း(လယ်မူပလော)ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလကတည်းက KNU တပ်မဟာ(၅)က ဝန်းရံပိတ်ဆို့ထားတာပါ။ အဲဒီနောက်စစ်တပ်စခန်းကို ရိက္ခာဖြတ်တောက်တာ၊ မြေပြင်စစ်ကူမပို့နိုင်အောင် လမ်းကြောင်းဖြတ်တောက်တာနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ အဆက် မပြတ်လုပ်ဆောင်ခဲ့တာပါ။ အဲဒီလို ဝန်းရံပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ထားပြီးနောက် ဒီနေ့ မနက်ပိုင်းမှာတော့ စခန်းကနေ စစ်သားတွေ စွန့်ခွာ ထွက်ပြေးသွားတာကြောင့် KNU တပ်မဟာ (၅)က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တာလို့ သိရပါတယ်။

◾️ကုလမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်တာဝန်ထမ်းဆောင်ဖို့ ထောက်ခံတဲ့ လှုပ်ရှားမှုစတင်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ထောက်ခံကြောင်း ပြသတဲ့ Our Ambassador -Our Voice လှုပ်ရှားမှုမှာ ပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂအတွင်း ဆက်လက်ရှိနေခြင်းက မြန်မာပြည်သူတွေရဲ့ အမှန်တရားနဲ့ နာကျင်ခံစားရမှုများကို ကမ္ဘာက ကြားသိနိုင်ဖို့အတွက် အဓိကကျသော အခွင့်အရေးတစ်ရပ်ဖြစ်တယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု-GSCB က တိုက်တွန်း‌ရေးသားထားပါတယ်။ ဒီလှုပ်ရှားမှုမှာပါဝင်လိုသူတွေအနေနဲ့ https://our-ambassador-our-voice.vercel.app/ ကနေ ဝင်ရောက် ပြုလုပ်နိုင်တယ်လို့ ‌အသိပေးထားပါတယ်။

◾️သံတွဲနဲ့ ဂွမြို့ကို စစ်တပ်ဗုံးကြဲ၊ အဖွားအို ၁ဦး သေဆုံး

ရခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ အသက်(၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ သံတွဲမြို့ကို စစ်တပ်က စက်တင်ဘာ ၇ရက် မနက်မှာ ဗုံးကြဲခဲ့လို့ သံတွဲမြို့ အမှတ်(၈)ရပ်ကွက်က အဖွားအို နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ရသလို အမျိုးသမီး ၂ဦး၊ အမျိုးသား ၁ဦး ဒဏ်ရာရခဲ့ကြောင်း AAက အသိပေးပါတယ်။ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူနေအိမ် ၈လုံးပျက်စီးခဲ့ရကြောင်းလည်း မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြပါတယ်။ စစ်တပ်ဟာ ဂွနဲ့ သံတွဲ ပင်လယ်ပြင်မှာ ကျောက်ချရပ်နားထားတဲ့ စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြပါတယ်။ သံတွဲမြို့ကို လေကြောင်း တိုက်ခိုက်မှုအပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

◾️ကျိုက်ထိုမှာ စစ်တပ်လက်နက်ကြီးပစ်လို့ ကလေးငယ် သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦး သေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။ KNU တပ်မဟာ(၁) နယ်မြေ သထုံခရိုင်မှာ ပါဝင်တဲ့ ကျိုက်ထိုမြို့နယ် အလူးလေးကျေးရွာအုပ်စု ညောင်ထောက်ရွာ ကွက်သစ်ပိုင်းကို စစ်တပ်က စက်တင်ဘာ ၆ရက်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ စစ်တပ်ရဲ့ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်က အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာဘက်ကို အခုလို လက်နက်ကြီး ပစ်ခတ်ခဲ့လို့ ညောင်ထောက်ရွာ ကွက်သစ်ပိုင်းရှိ တံတားသစ်အနီးဝန်းကျင်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀နှစ်အရွယ် ကလေးငယ် နေရာမှာပဲ သေဆုံးကာ မိခင်ဖြစ်သူ ဒဏ်ရာရခဲပါတယ်။ မိခင်ဖြစ်သူ အသက် (၄၆)နှစ်အရွယ် အမျိုးသမီးရဲ့ အခြေအနေကလည်း စိုးရိမ်ရတယ်လို့ အသိပေးထားပါတယ်။

◾️ငါန်းဇွန်နယ်မှာ စစ်တပ် ဗုံးကြဲလို့ ဘုန်းကြီးတစ်ပါးအပါအဝင် လေးဦး သေဆုံး
👍172🔥1🤬1🖕1
မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၆ ရက်က ငါန်းဇွန်မြို့ပေါ်ကနေ စစ်အုပ်စုစစ်ကြောင်းထွက်လာပြီး နတ်သားတောရွာကို ဝင်ရောက်လာတာလို့ သိရပါတယ်။ အဲဒီရွာကနေ မြောက်ကျင်းရွာဘက်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြောက်‌ကျင်း ကျေးရွာအတွင်းနဲ့ ရွာရဲ့ မြောက်ဘက်က ရွာသစ်တော တောရဘုန်းကြီးကျောင်းအတွင်း ကျည်ကျပြီး ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ မြောက်ကျင်းရွာအတွင်း ဗုံးကြဲခံရမှုကြောင့် အသက်၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော် ဦးပညာဇောတ၊ ဂျိုကျေးရွာက စစ်ဘေးလာရှောင်တဲ့ အသက်၅၀ ကျော်ရွယ်အမျိုးသမီးနဲ့ မြေးဖြစ်သူ အသက် ၈နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။

◾️စစ်တပ်နဲ့ ဆက်ဆံရေးတွေအပေါ် ကုလမဟာမင်းကြီး သတိပေး

မြန်မာစစ်တပ်နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေဖို့ ကြိုးပမ်းမှုတွေ မလုပ်ဆောင်ကြဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၇ရက် မနေ့က ကျင်းပခဲ့တဲ့ ၆၃ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီပုံမှန်အစည်းအဝေးမှာ မဟာမင်းကြီး ဗိုကာတာ့ခ်က မြန်မာစစ်တပ်အနေနဲ့ နိုင်ငံတကာဥပဒေအရ သူရဲ့ တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်နေကြောင်း သက်သေအထောက်အထား မရှိဘဲ စစ်တပ်နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေဖို့ ကြိုးပမ်းမှုတွေ မပြုလုပ်ကြဖို့ တိုက်တွန်းသတိပေးခဲ့တာပါ။ နောက်ပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေး တောင်းဆိုမှုတွေမှာ ကမ္ဘာ့နိုင်ငံအားလုံးအနေနဲ့ နိုင်ငံရေးအရရော ငွေကြေးအရပါ ကူညီထောက်ပံ့ပေးကြဖို့လည်း ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက ပြောကြားပါတယ်။ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာ့အရေးအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကို လွှဲပြောင်းပေးဖို့လည်း ကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။ မနေ့က မြန်မာ့အရေးအပြန်အလှန်ဆွေးနွေးမှုအစီအစဥ်မှာ ဗြိတိန်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီး အယ်လီနောဆန်းဒါးကလည်း မိန့်ခွန်းပြောကြားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေက ကျောင်းများ၊​ ဆေးရုံများနဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံများကို ထိခိုက်ပျက်စီးစေသလို အရပ်သားပြည်သူ သေဆုံးမှုတွေရဲ့ အဓိက အကြောင်းအရင်းဖြစ်နေတယ်လို့ ပြောပါတယ်။ မြန်မာစစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ မတရားဖမ်းဆီးထိန်းသိမ်းမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေမှာ ၃ ဒသမ ၆ သန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်းလည်း ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။ ဗြိတိန်ဟာ မြန်မာပြည်သူအားလုံးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး ကတိကဝတ်ကို ဆက်လက်ကိုင်စွဲထားကြောင်းလည်း အယ်လီနောဆန်းဒါးက ပြောပါတယ်။ ဒါ့အပြင် မှတ်တမ်းတင်ထားတဲ့ ကျူးလွန်ချိုးဖောက်မှုတွေအတွက် ပြစ်မှုကျူးလွန်သူများကို တာဝန်ခံမှုရှိစေရမယ်လို့လည်း ဗြိတိန်သံအမတ်ကြီးက သတိပေးခဲ့ပါတယ်။

◾️စစ်ကိုင်း၊ မကွေး ဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့ကို အဖွဲ့ဝင်သစ်များအဖြစ် SCEF အတည်ပြု

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။ ‎စက်တင်ဘာ ၈ရက် ညနေမှာ အစည်းအဝေး ကျင်းပခဲ့တာဖြစ်ပြီး ‎SCEF မှာ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြဖို့ သဘောတူထားပြီးဖြစ်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ကို SCEFရဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် အောက်ရှိ အဖွဲ့ဝင်အသစ်များအဖြစ် အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ အစည်းအဝေးကို ‎SCEF အလှည့်ကျသဘာပတိ ခူဦးရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူးအဖွဲ့က လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့သလို ဖက်ဒရယ်ယူနစ်အသီးသီးမှ ကိုယ်စားလှယ်များက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြတယ် လို့ ဆိုပါတယ်။ ‎ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ကောင်စီဝင်စာရင်းကို အတည်ပြုခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

◾️ဧရာဝတီမြစ်ဘေးက ရွာတွေကို စစ်သင်္ဘောအုပ်စု ပစ်ခတ်တိုက်ခိုက်နေ
👍181🔥1🤬1🖕1
စစ်ကိုင်းတိုင်း၊ ကသာမြို့ကနေ ကချင်ပြည်နယ်ဘက်ကို ထွက်ခွာသွားတဲ့ စစ်သင်္ဘောတွေဟာ ဧရာ၀တီမြစ်ဘေးက ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ရဲ့ သင်္ဘော ၄စီးဟာ စက်တင်ဘာ ၈ရက် ဒီနေ့ မနက်မှာ ကသာမြို့ကနေ ရွှေကူမြို့ဘက် ဆန်တက်သွားတာဖြစ်ပြီး ကသာမြို့နယ်အတွင်းက မိုးတားလေးရွာ၊ ဗောဓိကုန်းရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လို့ ပြည်သူလူထုနေအိမ်အချို့ မီးလောင်ခဲ့ရကြောင်းလည်း သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။ တပြိုင်တည်းမှာ ဧရာ၀တီမြစ်ကူးတံတား စင်းခန်းကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ဖို့ မြေပြင်စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေဖြစ်နေကြောင်းလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ စင်းခန်းတံတားကို ပြန်ရဖို့ တပ်ရင်းသုံးရင်းနဲ့ စစ်ဆင်ရေးလုပ်နေပြီး KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ကလည်း ခုခံကာကွယ် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အထိနာတဲ့ စစ်တပ်ဟာ စင်းခန်းတံတားကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သလို မြေပြင်ထိုးစစ်တွေ လုပ်ဆောင်နေလို့ စက်တင်ဘာ ပထမပတ်မှာ စင်းခန်းဒေသနဲ့ ဇင်းဘုံဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

◾️မြစ်ခြေက ကြောင်ပန်းခုံရွာ စစ်တပ် ဝင်စီးပြီး နေအိမ်တွေ မီးရှို့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။ စက်တင်ဘာ ၇ရက် နေ့လယ် ၂နာရီက ရှစ်မျက်နှာဘုရားမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကြောင်ပန်းခုံကျေးရွာက နေအိမ်တွေ ဝင်ရောက်မီးရှို့ခဲ့တာလို့ သိရပါတယ်။ ဒေသခံပြည်သူတွေက နေအိမ်တွေ မီးဝင်ငြှိမ်းချိန်မှာ သေနတ်နဲ့လိုက်လံပစ်တာလို့ မီးမငြှိမ်းနိုင်ဘဲ နေအိမ် ၁၂ လုံး မီး လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

◾️ပြည်သူတွေအပေါ် အနိုင်ကျင့်၊ အာဏာပြတာ လုံး၀ ရှောင်ကြဉ်ဖို့ NUG ဝန်ကြီးချုပ်တိုက်တွန်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။ အထူးသဖြင့် တော်လှန်ရေး ကာလအတွင်းမှာ အထက်အောက် အနိုင်ကျင့်တာမျိုးတွေ၊ လက်နက်အားကိုး၊ အဖွဲ့အစည်းအားကိုးနဲ့ အာဏာပြတာမျိုးတွေကို လုံးဝ ရှောင်ကြဉ်ကြဖို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အလေးအနက် တိုက်တွန်းခဲ့တာပါ။ စက်တင်ဘာ ၇ရက်က ကျင်းပတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်များ ချီးမြှင့်ခြင်း အခမ်းအနားမှာ ဝန်ကြီးချုပ်က အခုလို တိုက်တွန်းခဲ့တာပါ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြည်သူကနေ ပေါက်ဖွားလာပြီး ပြည်သူ့အတွက် ပေးဆပ် တိုက်ပွဲဝင်နေတဲ့ တပ်မတော် ဖြစ်တာကြောင့် ‘ပြည်သူသာလျှင် အဓိက’ ဆိုတဲ့ ခံယူချက်ကို လက်ကိုင်ထားပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ ဂုဏ်သိက္ခာနဲ့ အခြေခံလူ့အခွင့်အရေးတွေကို တန်ဖိုးထား ကာကွယ်ပေးကြရမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

◾️ကလေးနေမကောင်းလို့ သွားတွေ့တဲ့ ဖခင် ပေါ်တာဆွဲခံရ

ကလေးနေမကောင်းလို့ ပြန်သွားတွေ့တဲ့ ဖခင်တစ်ဦး ရန်ကုန်-မန္တလေးလမ်းဟောင်းပိုင်းမှာ ပေါ်တာဆွဲခံလိုက်ရကြောင်း သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်က ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ မြစ်သားလမ်းဆုံ(ဒေသအခေါ် လက်ညှိုးထိုး)နေရာမှာ မန္တလေးမြို့ကနေ မိတ္ထီလာမြို့ကို သွားတဲ့ လိုင်းကားပေါ်ကနေ ကိုမိုးနှင်းဦးဆိုသူ အမျိုးသားတစ်ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ၎င်းရဲ့အမျိုးသမီးဖြစ်သူက ငြိမ်းချမ်းရေးကွန်ရက်ဆိုတဲ့ Tiktok စာမျက်နှာကနေ ပြောထားပါတယ်။ သူတို့ဟာ မန္တလေးမြို့က လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေတာဖြစ်ပြီး အမျိုးသားဖြစ်သူ ကိုမိုးနှင်းဦးဟာ အမျိုးသမီးရဲ့ မိဘတွေ နေအိမ်မှာ ထားထားတဲ့ သူတို့ရဲ့ (၄)လသမီးလေး ကျန်းမာရေး အရေး​ပေါ်ဖြစ်လို့ သွားတွေ့တဲ့အချိန် ပေါ်တာဆွဲခံလိုက်ရတာလို့ သိရပါတယ်။ ပေါ်တာဆွဲခံရကြောင်း မြစ်သားမြို့နယ် ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို သွားရောက်သတင်းပို့ခဲ့ပြီး အသနားခံစာတင်ပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

◾️စစ်တွေမြို့ထဲ လက်နက်ကြီးကျည်ကျ
👍202🔥2🤬2👎1🥰1🖕1
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်​တွေမြို့၊ အထက(၄)စာသင်ကျောင်းဝင်းအတွင်းရှိ ခရေပင်အနီး လက်နက်ကြီးကျရောက်ပေါက်ကွဲတာဖြစ်ပြီး ကျောင်းပြတင်းပေါက်မှန်အချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါပေမဲ့ လူအထိအခိုက်တော့မရှိဘူးလို့ဆိုပါတယ်။ အဲဒီလက်နက်ကြီးကျည်တွေဟာ ဘယ်အဖွဲ့က ပစ်တဲ့ ကျည်ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘဲ ပင်လယ်၀ရှိ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေကနေ ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

◾️အမြန်လမ်းမှာ ဒုရဲအုပ်က ယာဉ်မောင်းကို သတ်ပြီး ကားလုယက်

နေပြည်တော်မှာ ကားအငှားဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးကို စစ်တပ်လက်အောက်ခံ လူကုန်တား ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက သေနတ်နဲ့ ပစ်သတ်ပြီး ကားလုယူမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာမှာ ကားအငှားဝန်ဆောင်မှုလုပ်ကိုင်နေတဲ့ ကိုဝင်းကို ဆိုသူကို နေပြည်တော် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုရဲအုပ်ရဲရင့်အောင်က သတ်ဖြတ်ခဲ့တာလို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီ ဒုရဲအုပ်ရဲရင့်အောင်က အွန်လိုင်းလောင်းကစားတစ်ခုဖြစ်တဲ့ ကျွဲဂိမ်းအရမ်းဆော့တယ်လို့ သိရပြီး ရဲအရာရှိအနေနဲ့ ကားငှားပြီး ကျူးလွန်ခဲ့တာလို့ ဒုရဲမှူးအဆင့်ရှိ နေပြည်တော်ရဲသတင်းရင်းမြစ်ကပြောပါတယ်။ လုယက်သွားတဲ့ ကားနဲ့အတူ ဒုရဲအုပ်ရဲရင့်အောင်ကို ဖမ်းမိပြီး ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
👍21👏3🔥1🖕1
11🤬5👍2👏2🔥1
🔥8👍6🤬2👎1💩1🤣1
၂၀၂၂ခုနှစ် ဇူလိုင်လမှာကိုင‌‌တေရဲ့အသက်
၁၈နှစ်ပြည့်မွေး နေ့ပါ။အရွယ်​ရောက်ပြီး
လူငယ်ဘဝကိုစတင်လျှောက်လှမ်းရမယ့်နေ့ပေါ့။

အဲဒီနေ့မှာပဲ ကိုငတေဟာ သူ့ရဲ့အကိုအကြီးဆုံးဖြစ်သူ ကိုပေသီး ဆီကိုခွင့်တခုတောင်းခဲ့ပါတယ်။အဲတာကတော့ နေပြည်တော် (၈၀၅) PDFတပ်ရင်းကိုဝင်ရောက်ခွင့်ပြုဖို့ပါ။

ခွင့်တောင်းတယ်ဆိုပေမယ့်ကိုငတေ ဟာသူ့အချိတ်အဆက်နဲ့သူအကုန်စီစဉ်ပြီးပါပြီ။သူတောင်းဆိုတာက မိခင်ဖြစ်သူရဲ့ခွင့်ပြုချက်မရမှာစိုးလို့အကိုကြီးကအိမ်က နေသူ့ကို ခေါ်ထုတ်ပေးဖို့ပါ။

“သူ့အသက် ၁၈ပြည့်တဲ့ညမှာပဲ သူကျွန်တော့်ဆီခွင့်တောင်းခဲ့တာ”လို့ ကိုပေသီးကပြန်ပြောပြပါတယ်။

နောက်နေ့မှာပဲ ကိုပေသီးက ညီဖြစ်သူကိုအိမ်နောက်ဖေးကခိုးထွက်ခိုင်းပြီး သူကအိမ်​ရှေ့
ကနေဆိုင်ကယ်နဲ့ထွက်ကာ၈၀၅တပ်ရင်းဆီရောက်မယ့် ကားကွင်းဆီ ကိုငတေကိုလိုက်ပို့ခဲ့ပါတယ်။အဲဒီ နောက် အသက်၁၈နှစ် ပြည့်ပြီးစ ကိုငတေဟာ နေပြည်တော် (၈၀၅) တပ်ရင်းရဲ့ ရဲဘော်င တေဖြစ်လာခဲ့ပါတယ်။

တပ်ရင်းကို ရောက်ပြီးတဲ့နောက်စစ်သင်တန်းတစ်လတက်ရပါတယ်။အဲဒီနောက် ရဲဘော်င​တေ ဟာရှေ့တန်းတိုက်ပွဲ ပေါင်းများစွာကိုဖြတ်ကျော်ခဲ့ပါတယ်။

ရဲဘော်ငတေရဲ့ပထမဆုံးရှေ့တန်းတိုက်ပွဲဟာ ဖယ်ခုံမြို့နယ်တိုက်ပွဲဖြစ်ပါတယ်။အဲဒီနောက် ကရင်နီ၊ရှမ်းတောင်၊ကရင်ပြည်နယ်၊သံ
တောင်ကြီးနဲ့တခြားစစ်ဆင် ရေးတွေမှာပါဝင်ခဲ့ပါတယ်။

စခန်းသိမ်းတိုက်ပွဲကြီးတွေဖြစ်တဲ့မိုးဗြဲ ၊ရာထိုးရှမ်းပြည်နယ်တောင်ပိုင်းကလွိုင်လင်လေး စခန်းသိမ်းတိုက်ပွဲ တွေမှာလည်း ရဲဘော်ငတေဟာ ရှေ့တန်းကနေပါဝင်ဆင်
နွှဲခဲ့ပါတယ်။

“ကျွန် တော်တို့တပ်ရင်းရဲ့ စံပြရဲဘော်တယောက်လို့ ပြောရမှာ”လို့ နေပြည်တော်
(၈၀၅)တပ်ရင်းရဲ့ တပ်ရေးတာဝန်ခံ ရဲ‌ဘော်ကိုဦးကပြောပါတယ်။

ရဲဘော်ငတေဟာ တိုက်ပွဲတိုင်းမှာစွန့်လွှတ်၊စွန့်စားသလို အထက်ကပေးတဲ့အမိန့်ကို အ
မြဲတမ်းကျေပွန်အောင် ထမ်းဆောင်လေ့ရှိတယ်လို့သိရပါတယ်။တပ်ဖွဲ့မှာRPG နဲ့စက်
လက်ကြီးတွေကိုင်တဲ့ရဲဘော်ဖြစ်ပြီးလက်
နက်ကြီးကျွမ်းကျင်သူတစ် ယောက်ဖြစ်ပါတယ်။

တခြားရဲ ဘော်တွေအ ပေါ်ငဲ့ညှာတက်သူဖြစ်ပြီး အမိန့်နာခံတက်သူပါ။‌‌တိုက်ပွဲတိုင်းမှာ စစ်
ကြောင်းမှူးအဖြစ်ပါဝင်ခဲ့တဲ့သူ့ကို အသက် ၁၉ နှစ်အရွယ်မှာပဲ ၂၀၂၃ခုနှစ် ဒီဇင်ဘာလမှာ တပ်ရင်း (၁) ရဲ့ဒုတပ်ခွဲမှူးတာဝန်ပေးအပ်ခံခဲ့ရပါတယ်။

“သူ့မှာတော်လှန်ရေးမြန်မြန်အောင်ချင်ပြီး မိသားစု တွေ ပြန်ဆုံချင်တဲ့ မျှော်လင့်ချက်သေးသေးကလေးပဲရှိတာ”လို့ရဲဘော်ကိုဦးကပြောပြပါတယ်။

ရဲ‌​ဘော်င​တေတို့ရဲ့ မိသားစုဟာ အသက်၆၀
အရွယ်မိခင်၊ဖခင်နဲ့ ညီအကိုငါးယောက်၊ ညီမလေးတစ်ယောက်နဲ့စုစုပေါင်းမိသားစုဝင် ၈ ယောက်ရှိပါတယ်။

အကြီးဆုံးကတော့ အသက်၂၅နှစ်အရွယ်ကိုပေသီပါ။ သူ့အောက်က အသက်၂၄ နှစ်အရွယ်အကိုတဦးရှိပြီး အဲဒီနောက် ကိုငတေပါ့။ကိုင​​​တေအောက်မှာ ညီငယ်နှစ် ယောက်ရှိပါတယ်။အ​ထွေးဆုံး​လေးကတော့ညီမငယ်လေးပါ။

ရဲဘော်ငတေက မိသားစုထဲမှာ ပထမဆုံးလက်နက်ဆွဲကိုင်​တော်လှန်တဲ့ PDF ဖြစ်လာပြီး နောက် ၆လအကြာမှာ အကြီးဆုံး အကိုဖြစ်တဲ့ ကိုပေသီးကလည်း နေပြည်တော် (၈၀၅) တပ်ရင်းကိုဝင်ရောက်တာဝန်ထမ်းခဲ့ပါတယ်။အဲဒီနောက်သူတို့မြို့မှာစစ်​ကောင်စီရဲ့စစ်မှုမထမ်းမ​နေရ စနစ်နဲ့ စစ်သားသစ် အဓမ္မစု​ဆောင်းမှုတွေကပိုဆိုးလာပါတယ်။

ဒီအခြေအနေကို ရှောင်လွှဲဖို့အတွက် နေအိမ်မှာကျန်ခဲ့တဲ့ညီအကိုတွေကကြိုးစားရပြန်ပါတယ်။အဲဒီနောက်အကို တွေရှိတဲ့ (၈၀၅)တပ်
ရင်းကို လာဖို့ကြိုးစားခဲ့ပေမယ့် လမ်းကြော
မကောင်းတာမို့ နီးစပ်ရာတပ်ဖွဲ့ကို ချိတ်ဖို့ကိုပေသီးကအကြံ ပေးခဲ့ပါတယ်။

ဒီလိုနဲ့ကျန်တဲ့မိသားစုဝင် ၆ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တ​လေး(MDY PDF)နဲ့ချိတ်ဆက်ရောက်ရှိခဲ့ပါတယ်။

အဲဒီနောက် ရဲဘော်ငတေ ရဲ့အထက်ကအကို နဲ့ အောက်ကညီဖြစ်သူတို့ဟာ MDY PDF အဖြစ်ဝင် ရောက်ခဲ့ပြီး စုစုပေါင်း ညီအကိုလေးယောက်ဟာ တော်လှန်ရေးရဲဘော်တွေဖြစ်လာကြပါတယ်။စစ်အာဏာရှင်စနစ် ​တော်လှန်တဲ့ ​နွေဦး​တော်လှန်​ရေးမှာ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် (PDF )အဖြစ်မိသားစု တစ်စုတည်းကညီအစ်ကို​လေး​ယောက်က တာဝန်းထမ်းကြတာပါ။

ဒါ​တောင် အသက်၆၀ ဝန်းကျင်ဖခင်ဖြစ်သူ နဲ့ ညီအငယ်ဆုံးကလည်း PDFထဲဝင်ဖို့ တောင်းဆိုခဲ့ပါ​သေးတယ် ။ဒါပေမယ့် မိသားစုထဲကညီအစ်ကို ၄ ယောက်က တော်လှန်ရေးတာဝန်ထမ်း​​နေပြီမို့တပ်ရင်းတာဝန်ရှိသူ တွေက နောက်ထပ်မိသားစုဝင် တွေကိုPDF အဖြစ် တာဝန်ထမ်းခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။

●မှတ်ချက်-၂၀၂၅ မတ်လ ၂၈ ရက်မှာ​ဖော်ပြခဲ့တဲ့​ဆောင်းပါးကို ပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ် ။အခု​ဆောင်းပါးထဲကရဲ​ဘော်င​တေ(​ခေါ်) မိုဟမ္မဒ်နို့အ်မာန် ဟာ အမျိုးသားညီညွတ်​ရေးအစိုးရ ၊ကာကွယ်​ရေးဝန်ကြီး
ဌာန ကစက်တင်ဘာ ၇ ရက်မှာ ​ပေးအပ်ချီးမြှင့်တဲ့ "ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့'' ရရှိခဲ့ပါတယ် ။ ဒါ​ကြောင့် ၂၀၂၅ ခုနှစ်မှာ လူထု​နွေဦးက ရဲ​ဘော်င​တေ အ​ကြောင်း​ရေး
သားထားတဲ့​ဆောင်းပါးကိုပြန်လည်​ဖော်ပြလိုက်ပါတယ်။



https://www.ludunwayoo.com/feature-mm/2025/03/28/115977/
44👍17🤣2🔥1🥰1🖕1
■​ဆောင်းပါး

အရက်ကို သိက္ခာချတဲ့
ခေတ်ပျက်ထဲက စစ်တပ်အမတ်

ယောနသံ/People's Spring

စစ်တပ်လက်​အောက်မှာ ကုန်ဈေးနှုန်းကြီး
မြင့်တာ ၊ ကုန်ပစ္စည်း​တွေရှားပါးပြတ်လပ်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ ၊ဖိနှိပ်မှု​ပေါင်းစုံကြား ဘယ်သူမှအသက်အာမခံချက်မရှိတာ စတဲ့ ပြည်သူ​​တွေအတွက် အထွေထွေအကျပ်အတည်းကြီး ရင်ဆိုင်နေ
ရချိန်မှာ စစ်တပ်ရွေးကောက်ခံလွှတ်တော်အမတ်နဲ့ ရှမ်းပါတီဥက္ကဌတို့က သိန်းရာချီတန်တဲ့အရက်သောက်ပြပြီးတစ်နိုင်ငံလုံးသိ​အောင် ကြွားလုံးထုတ်ပြလိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊မိုးနဲမြို့နယ်က စစ်တပ်​ရွေး​ကောက်ပွဲက ​ပေါ်လာတဲ့လွှတ်​တော်အမတ် ဦးစိုင်းထွန်းလင်းက သူရဲ့မိခင်ပါတီဖြစ်တဲ့ ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုင်ပေါင်း ဧည့်ခံတဲ့ ကျပ်သိန်း ၁၅၀ တန်ကြေးရှိအရက်ကိုသောက်ခွင့်ရကြောင်း စက်တင်ဘာလ၆ရက်နေ့မှာ လူမှုကွန်ရက်ပေါ် တင်ပြီး ကြွားလုံးထုတ်ခဲ့တာပါ။ လူထု​နွေဦးက အာဏာသိမ်းစစ်အုပ်စုကလုပ်တဲ့​ရွေး​ကောက်ပွဲ ၊လွှတ်​တော်​တွေကို စစ်တပ်​ရွေး​ကောက်ပွဲ ၊စစ်တပ်လွှတ်​တော် ​တွေလို့ပဲ ​​ရေးသားလို့ သူ့ကိုလည်း စစ်တပ်အမတ်လို့ပဲ​ရေးပါတယ် ။

"ကျားဖြူပါတီဥက္ကဌကြီးက လွှတ်တော်မစခင်လွှတ်တော်ကိုယ်စားလှယ်ကိုသိန်း ၁၅၀
ကျပ်တန် ၁၃ မင်းဆက်မြောက်ပြင်သစ်ဘုရင်လူးဝစ်အမည်ရအရက် နဲ့ ဒီညမှာဧည့်ခံခဲ့ပါတယ်။ ကျားဖြူပါတီဥက္ကကြီးရဲ့ကျေးဇူးကြောင့်သိန်း၁၅၀ကျပ်တန်အရက်ကိုသောက်ဘူးခဲ့ပါပြီ"လို့ အရက်ပုလင်းပုံနဲ့ဓာတ်ပုံတွေနဲ့အတူ ရေးသားထားပါတယ်။

အခုလို အရက်တိုက်တဲ့အတွက်လည်း ကျားဖြူပါတီဥက္ကဌကြီးကိုအထူးကျေးဇူးတင်ရှိကြောင်း နဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်ဆောင်သွားမယ်လို့လည်း ရေးသားထားပါတယ်။

ကျပ်သိန်းရာချီ တန်ကြေးရှိတဲ့အရက်ကိုသောက်နေကြောင်းကြွားလုံးထုတ်ခဲ့တဲ့ ဦးစိုင်းထွန်းလင်းနဲ့ အပေါင်းအပါတွေကို ဒေသ
ခံတွေအပြင်လူမှုကွန်ရက်သုံးစွဲသူတွေက အပြင်းအထန်ဝေဖန်နေကြပါတယ်။

အရှက်ကင်းမဲ့တဲ့ လုပ်ရပ်အဖြစ်ဝေဖန်နေကြသလို"သိန်း ၁၅၀ တန်အရက်သောက်ဖို့ကျား
ဖြူပါတီကို ဝင်ကြစို့"လို့လည်း လှောင်ပြောင်ကြသူ​တွေလည်းရှိပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်မြို့ခံလူငယ်တစ်ဦးကတော့"အခုကာလ အမတ်ဖြစ်နေတဲ့ကောင် တွေတစ်ကောင်မှ × သုံးမကျဘူး။ သူတို့သောက်နေတဲ့ အရက်ပုလင်းလောက်တောင် တန်ဖိုးမရှိတဲ့ကောင်တွေ"လို့ ‌ပြောပါတယ်။

ဦးစိုင်းအိုက်ပေါင်းဦးဆောင်တဲ့ အရက်ဝိုင်းမှာ သောက်နေကြတာက ၁၇ရာစု အစောပိုင်းက ပြင်သစ်ဘုရင်LOUIS XIII ကို အစွဲပြုပြီး အမည်ပေးထားတဲ့ LOUIS XIII Cognac အရက်ပုလင်းဖြစ်ပါတယ်။ ကမ္ဘာတန်ဖိုးအမြင့်ဆုံး အရက်တွေထဲမှာပါဝင်ပါတယ်။ဦးစိုင်းထွန်းလင်း ပြောတဲ့ အရက်တစ်ပုလင်း ကျပ်သိန်း၁၅၀နဲ့တွက်ချက်ရင်တောင် အ
ထည်ချုပ်အလုပ်သမတစ်ဦး ၆နှစ်လောက် နေ့စဉ် အလုပ်လုပ်မှ ရမယ့် ငွေကြေးဖြစ်ပါတယ်။ လက်ရှိမှာ အခြေခံလုပ်စားတစ်ဦး တစ်နေ့လုပ်အားခက ၆၈၀၀ ကျပ်ပဲ ရတာပါ။

ဦးစိုင်းထွန်းလင်းဟာ ပြည်သူလူထု နဲ့ ဒီမိုက​ရေစီကိုတန်ဖိုးထားတဲ့နိုင်ငံတကာကအသိ
အမှတ်မပြုတဲ့ စစ်တပ်ရဲ့လုပ်ပွဲ- ၂၀၂၅ ရွေးကောက်ပွဲမှာ ကျားဖြူပါတီကိုကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ စစ်တပ်လွှတ်တော်မှာသူတင်ခဲ့တာတွေက ရေမြောင်းဖောက်၊ အမှိုက်ရှင်းကိစ္စတွေလောက်သာဖြစ်ပြီး ရှမ်းပြည်နယ်ကစစ်ဒဏ်သင့်ဒေသခံတွေရဲ့အခက်အခဲကို တစ်ခွန်းမှမဟခဲ့ဘူးလို့ ရှမ်းတိုင်းရင်းသားတွေကပြောပါတယ်။

ဦးစိုင်းထွန်းလင်းကို အရက်တိုက်တဲ့ ကျားဖြူပါတီ(ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းဟာ စစ်တပ်နဲ့နီးစပ်သူဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရှမ်းပြည်နယ်၊သယံဇာတနဲ့ သစ်တောဝန်ကြီးဖြစ်ခဲ့ဖူးပါတယ်။ အသက် ၈၀ အရွယ်ဦးစိုင်းအိုက်ပေါင်းက စစ်တပ်အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါဝင်နေသလို အာဏာ
သိမ်းစစ်အုပ်စုကပေးအပ်ထားတဲ့ သီရိပျံချီဘွဲ့လည်း လက်ခံရယူထားပါတယ်။

ရှမ်းပြည်နယ်မှာ တိုင်းရင်းသားကိုယ်စားပြုအင်အားကြီးပါတီအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)ရှိပါတယ်။ SNLD ပါတီက စစ်တပ်​ရွေး​ကောက်ပွဲကို မယှဥ်ပြိုင်ပါဘူး ။

ဦးစိုင်းအိုင်ပေါင်းဦးဆောင်တဲ့ ကျားဖြူပါတီ ဟာ စစ်တပ်လုပ်ခဲ့တဲ့ ၂၀၁၀ ​ရွေး​​ကောက်ပွဲကြိုကာလမှ​ပေါ်လာဖြစ်ပြီး စစ်တပ်ဦး​ဆောင်လုပ်တဲ့​ရွေး​ကောက်ပွဲ​တွေမှာပဲ ​လွှတ်​တော်​နေရာ ပိုရ​လေ့ရှိပါတယ် ။ တနည်းအားဖြင့် စစ်တပ်​ရွေး​ကောက်ပွဲ​တွေကို SNLD ၊NLD
စတဲ့ ပြည်သူ​​တွေ​ထောက်ခံအား​ပေးမှုများတဲ့ပါတီကြီး​တွေ မယှဥ်ပြိုင်မှ နေရာပိုရ​လေ့ရှိတာပါ ။

လူထုထောက်ခံမှုရှိပြီးနိုင်ငံရေးပါတီကြီးဖြစ်တဲ့ SNLD က စစ်ကောင်စီရွေးကောက်ပွဲကိုငြင်းပယ်ခဲ့လို့ ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကနေ စစ်ကောင်စီထိန်းချုပ်ထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့ပါတယ်။ စစ်အာဏာရှင်သက်
ဆိုးရှည်ဖို့လုပ်တဲ့ရွေးကောက်ပွဲကို လူထုက
ငြင်းဆန်နေချိန်မှာပဲ ကျားဖြူပါတီက​တော့ စစ်တပ်အလိုကြ ပြည်ထောင်စုအဆင့် ဝင်ပြိုင်ခဲ့ပြီး ရနိုင်သမျှနေရာတွေ ယူခဲ့ပါတယ်။
👍18🤣53🖕1
ကျားခေါင်းပါတီလို့ လူသိများတဲ့ SNLD နဲ့ ကျားခေါင်းပါတီရဲ့ နိုင်ငံရေးဂုဏ်သိက္ခာရေချိန်ကို ရှမ်းတိုင်းရင်းသူတစ်ဦးက "ကျားဖြူဆိုတာက ကျားခေါင်းမရှိမှနေရာရတဲ့အဖွဲ့" လို့ မှတ်ချက်ပြုပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်အများစုကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကထိန်းချုပ်ထားပါတယ်။ တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးလမ်းပေါ်မှာရှိတဲ့အဲဒီမြို့တွေကို စစ်တပ်က နည်းမျိုးစုံနဲ့ပြန်တောင်းနေပြီး စစ်ရေးအရလည်းခြိမ်းခြောက်နေပါတယ်။ဒေသ
ခံပြည်သူတွေဟာ စစ်တပ်ရဲ့လေကြောင်းအန္တရာယ်၊ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ တ‌ကျော့ပြန်တိုက်ပွဲတွေအချိန်မရွေးဖြစ်ပွားနိုင်တဲ့စိုး
ရိမ်မှုတွေ ရှိနေပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းကမြို့နယ်တွေမှာလည်း တရားဥပဒေစိုးမိုးမှုလျော့ရဲနေပြီး ကျားဖြန့်လိမ်လည်တဲ့လုပ်ငန်းတွေရှိနေတဲ့အတွက် အခြေခံလူတန်းစားတွေဟာနေ့စဉ်စားဝတ်နေရေးအတွက် အထွေထွေအကြပ်အတည်းကိုရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

"ဝေးလံခေါင်ဖျားဒေသတွေမှာဆိုရင် အစာ
ရေစာငတ်မွတ်မှုတွေ၊ ဆေးကုသဖို့ခက်ခဲတာတွေကြောင့် သေဆုံးရတဲ့သူတွေတောင်ရှိတယ်။ စာသင်ကျောင်းမရှိတဲ့ရွာတွေလည်းအများကြီးပဲ။ ကုန်စျေးနှုန်းဆိုရင်လည်း ပြည်မထက်ကြီးတယ်။မသေရုံတမယ်ပဲရုန်းကန်နေကြရတာ"လို့ဦးစိုင်းထွန်းလင်းရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ မိုးနဲမြို့ခံတစ်ဦးကပြောပါတယ်။

တစ်နိုင်ငံလုံးအ​​ခြေအ​နေကိုလည်းတချက်
ကြည့်ရ​​အောင်ပါ ။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း အခုအခါ မြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းနဲ့ စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှု တနည်းအားဖြင့် ငတ်မွတ်မှုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ကမ္ဘာ့​ပေါ်မှာ အငတ်​ဘေးကို အဆိုးဝါးဆုံးရင်ဆိုင်​နေရတဲ့ ၆ နိုင်ငံ​မြောက် ဖြစ်​နေပါတယ် ။ ၂၀၂၄ ခုနှစ်မှာဝမ်းရေးမဖူလုံသူ လူဦးရေ ၁၃ ဒဿမ ၃ သန်းကနေ သိသိသာသာ တိုးလာတာလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)ကဖော်ပြပါတယ်။

အဲဒီထဲကမှ လူဦးရေ ၂ ဒဿမ ၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတာဖြစ်ပါတယ် ။​ငွေ​ကြေး​ဖောင်းပွမှုကလည်း
ကမ္ဘာ့ဘဏ် အဆိုအရ ၂၀၂၆ တစ်နှစ်တည်း ၂၅ ရာခိုင်နှုန်းရှိပါတယ်။

အလုပ်အကိုင်​တွေရှားပါးတဲ့အပြင် လူငယ်​တွေကိုစစ်တပ်က ​ပေါ်တာဆွဲပြီး စစ်သင်တန်း​ပေး​ရှေ့တန်းပို့စစ်တိုက်ခိုင်း​နေလို့ သိန်းနဲ့ချီတဲ့ လူငယ်​တွေ နိုင်ငံက​နေထွက်​ပြေး​နေကြရတဲ့အချိန်ကာလဖြစ်ပါတယ် ။ဒီအ​ခြေအ​နေမှာ
ပြည်သူ့ကိုယ်စားလှယ်လို့ အမည်ခံထားသူက
သိန်း ၁၅၀ ​ကျော်တန်အရက်​သောက်ရတယ်ဆိုပြီး ကြွားလုံးထုတ်​နေတာဖြစ်ပါတယ် ။

ဒေသခံရှမ်းတိုင်းရင်းသူတစ်ဦးက​
"ရှမ်းလူထုတွေကစီးပွားကရှာရခက်၊စစ်သားတွေကအဖွဲ့အသီးသီးကစုဆောင်းလို့သောကဝေ၊ကုန်စျေးနှုန်းကကြီး၊စစ်ရေးကမငြိမ်၊ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေကကောင်း
ကောင်းလုပ်ပေးတာမရှိ၊လူထုအတွက်ဘာ
တခုမှကောင်းတာမရှိနေတဲ့အချိန်မှာ ပြည်သူ့ကိုယ်စားပြုဆိုတဲ့လူတွေက တန်ဖိုးကြီးအရက်တွေသောက်ပြနေတာမြင်လို့ကြားလို့
မကောင်းပါဘူး။သူတို့ငွေချမ်းသာလို့သူတို့ငွေနဲ့ပဲဝယ်သောက်ဝယ်သောက်အခုလိုကြွားပြနေတာလုံးဝမဖြစ်သင့်ဘူး"လို့ သူမအမြင်ကိုပြောပါတယ်။

ဦးစိုင်းထွန်းလင်းအပါအဝင် စစ်တပ်အတွက်ပဲ အလုပ်လုပ်နေတဲ့အမတ်တွေဟာ နိုင်ငံရေးဂုဏ်သိက္ခာမရှိဘူးလို့ အိမ်ရှင်မတစ်ဦးဖြစ်တဲ့ အဲဒီရှမ်းတိုင်းရင်းသူက မှတ်ချက် ပြုပါတယ်။ ။
👍27🤣43🤮2🖕1