People's Spring
60K subscribers
70.9K photos
1.22K videos
9 files
3.04K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကျိုက်ထိုမှာ စစ်တပ်လက်နက်ကြီးပစ်လို့ ကလေးငယ် သေဆုံး၊ မိခင်ဖြစ်သူ ဒဏ်ရာရ

စက်တင်ဘာ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

KNU တပ်မဟာ(၁) နယ်မြေ သထုံခရိုင်မှာ ပါဝင်တဲ့ ကျိုက်ထိုမြို့နယ် အလူးလေးကျေးရွာအုပ်စု ညောင်ထောက်ရွာ ကွက်သစ်ပိုင်းကို စစ်တပ်က စက်တင်ဘာ ၆ရက်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

စစ်တပ်ရဲ့ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်က အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာဘက်သို့ အခုလို လက်နက်ကြီး ပစ်ခတ်ခဲ့လို့ ညောင်ထောက်ရွာ ကွက်သစ်ပိုင်းရှိ တံတားသစ်အနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀နှစ်အရွယ် ကလေးငယ် နေရာတွင် သေဆုံးကာ မိခင်ဖြစ်သူ ဒဏ်ရာရခဲပါတယ်။

မိခင်ဖြစ်သူ အသက် (၄၆)နှစ်အရွယ် အမျိုးသမီးရဲ့ အခြေအနေကလည်း စိုးရိမ်ရတယ်လို့ အသိပေးထားပါတယ်။

စစ်တပ်ဟာ ကျိုက်ထိုအပါအဝင် KNU အုပ်ချုပ်နယ်မြေအတွင်းက အရပ်သား ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ လက်နက်ကြီး ၊ ဒရုန်း တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ရှိခဲ့ပါတယ်။

စက်တင်ဘာ ၃ရက်ကလည်း KNU တပ်မဟာ(၄)နယ်မြေ မြိတ်ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ် မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ပြည်သူအချို့ထိခိုက်မှု ရှိခဲ့ပါတယ်။

စစ်တပ်ဟာ အရပ်သား ပြည်သူကို ပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုဆိုင်ရာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေကြောင်း KNUက ထုတ်ပြန်ထားပါတယ်။
🤬26👎42👏2🎉1
(စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်တဲ့နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻)
🤬28👎5👏2🎉1
ကချင် လာတဲ့ စစ်တပ်သင်္ဘောတွေ မြစ်ဘေးကရွာတွေကို ပစ်ခတ်တိုက်ခိုက်နေ

စက်တင်ဘာ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း၊ ကသာမြို့ကနေ ကချင်ပြည်နယ်ဘက်ကို ထွက်ခွာသွားတဲ့ စစ်သင်္ဘောတွေဟာ ဧရာ၀တီမြစ်ဘေးက ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ရဲ့ သင်္ဘော ၄စီးဟာ စက်တင်ဘာ ၈ရက်မနက်မှာ ကသာမြို့ကနေ ရွှေကူမြို့ဘက်ကို ဆန်တက်သွားတာဖြစ်ပြီး ကသာမြို့နယ်အတွင်းက မိုးတားလေးရွာ၊ ဗောဓိကုန်းရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လို့ ပြည်သူလူထုနေအိမ်အချို့ မီးလောင်ခဲ့ရကြောင်းလည်း သတင်းရင်းမြစ်အချို့က ဓာတ်ပုံမှတ်တမ်းဖော်ပြ အသိပေးပါတယ်။

စစ်သင်္ဘောတွေလာတိုင်း မြစ်ဘေးရွာတွေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လေ့ရှိလို့ ပြည်သူတွေ ဘေးကင်းရာတိမ်းရှောင်ကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးနှိုးဆော်ထားတာရှိပါတယ်။

စစ်တပ်ဟာ ကချင်ပြည်နယ်၊ ဗန်းမော်ကို ရေကြောင်းကနေ စစ်အင်အားဖြည့်ဖို့ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းပိုင်းမှာ ကြိုးပမ်းခဲ့ရာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့လို့ စစ်သင်္ဘောအုပ်စုအထိနာပြီး ဗန်းမော်မြို့ကို စစ်အင်အားတွေ ရည်မှန်းတဲ့အတိုင်း ဖြည့်တင်းနိုင်ခြင်းမရှိပါဘူး။

ဒါကြောင့် စစ်တပ်က စစ်သင်္ဘောအချို့နဲ့ စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။ တပြိုင်တည်းမှာ ဧရာ၀တီမြစ်ကူးတံတား (စင်းခန်း)ကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ဖို့ မြေပြင်စစ်ကြောင်းထိုးနေလို့တိုက်ပွဲတွေဖြစ်နေတယ်လို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
🤬2513👎6🔥2👍1👏1🎉1🤣1
(စစ်သင်္ဘောတွေ ပစ်ခတ်တိုက်ခိုက်လို့ ကသာမြို့နယ်က ကျေးရွာတစ်ရွာ မီးလောင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N)
🤬26👍10👎42👏2🎉1🤮1🤣1
ငါန်းဇွန်နယ်မှာ စစ်တပ် ဗုံးကြဲလို့ ဘုန်းကြီးတစ်ပါးအပါအဝင် လေးဦး သေဆုံး
စက်တင်ဘာ-၈၊ ၂၀၂၆။ ကတ်သရင်း/People's Spring
မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၆ ရက်က ငါန်းဇွန်မြို့ပေါ်ကနေ စစ်အုပ်စုစစ်ကြောင်းထွက်လာပြီး နတ်သားတောရွာကို ဝင်ရောက် လာတာလို့ သိရပါတယ်။
အဲဒီရွာကနေ မြောက်ကျင်းရွာဘက်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြောက်‌ကျင်း ကျေးရွာအတွင်းနဲ့ ရွာရဲ့ မြောက်ဘက်က ရွာသစ်တော တောရဘုန်းကြီးကျောင်းအတွင်း ကျည်ကျပြီး ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မြောက်ကျင်းရွာအတွင်း ဗုံးကြဲခံရမှုကြောင့် အသက်၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော် ဦးပညာဇောတ၊ ဂျိုကျေးရွာက စစ်ဘေးလာရှောင်တဲ့ အသက်၅၀ ကျော်ရွယ်အမျိုးသမီးနဲ့ မြေးဖြစ်သူ အသက် ၈နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။
"ဗုံးက ၁၂၀မမ တပ်ပြီးချတာ ဆိုတော့ အားပြင်းတယ်ဗျ။ ဒဏ်ရာရတဲ့သူတွေမှာ တော်တော်ပြင်းထန်ဒဏ်ရာတွေပါတယ်။ ခြေ၊လက်ထိလိုက်မိတာတွေပေါ့။ အဓိက,က ဘုန်းကြီးကျောင်းက စစ်ဘေးရှောင်များတော့ အဲဒီမှာ ဒဏ်ရာရ တွေပါ များကြတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ လက်ရှိလည်း မြို့သာ-ငါန်းဇွန်လမ်းပိုင်းကို စစ်ကြောင်းထိုးနေပြီး ပြည်သူပိုင် နေအိမ်တွေက ပစ္စည်းတွေကို လုယက်ယူဆောင်နေတယ်လို့ သိရပါတယ်။
🤬357👎3👍2👏2🔥1🎉1
(စစ်တပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျံလွန်တော်မူခဲ့တဲ့ ကျောင်းထိုင်ဆရာတော်။ ဓာတ်ပုံ - ပေးပို့)
😢483👎2👏2🤬2🔥1🎉1
သံတွဲနဲ့ဂွမြို့ကို စစ်တပ်ဗုံးကြဲ၊ အဖွားအို ၁ဦး သေဆုံး

စက်တင်ဘာ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သံတွဲမြို့ကို စစ်တပ်က စက်တင်ဘာ ၇ရက် မနက်မှာ ဗုံးကြဲခဲ့လို့ သံတွဲမြို့ အမှတ်(၈)ရပ်ကွက်က အဖွားအို နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ရသလို အမျိုးသမီး ၂ဦး အမျိုးသား ၁ဦး ဒဏ်ရာရခဲ့ကြောင်း AAက အသိပေးပါတယ်။

စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူနေအိမ် ၈လုံးပျက်စီးခဲ့ရကြောင်းလည်း မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြပါတယ်။

စစ်တပ်ဟာ ဂွနဲ့ သံတွဲ ပင်လယ်ပြင်မှာ ကျောက်ချရပ်နားထားတဲ့ စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြပါတယ်။ သံတွဲမြို့ကို လေကြောင်း တိုက်ခိုက်မှုအပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၇ရက် နေ့လည်ပိုင်းမှာ သံတွဲမြို့နယ် ကျောက်ကြီးရွာနဲ့ စပါးကြီးရွာကို စစ်တပ်က ထပ်မံ ဗုံးကြဲခဲ့ရာ ပြည်သူထိခိုက်မှု မရှိပေမဲ့ နေအိမ် ၈လုံးပျက်စီးခဲ့ရကြောင်း အသိပေးပါတယ်။

စက်တင်ဘာ ၇ရက်ကလည်း စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြိုနယ်၊ ဖက်ကျကျေးရွားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထုနေအိမ် ၄လုံးပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ သံတွဲ၊ ဂွမြို့နယ်တွေအပါအဝင် အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို လေကြောင်း ဗုံးကြဲတိုက်တာတွေ ဆက်တိုက်အပြင်းအထန်ပြုလုပ်ခဲ့တာပါ။ အဲဒီလို လုပ်ဆောင်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်မှုတွေ မကြာခဏ ရှိခဲ့ပါတယ်။

စစ်တပ်က လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်တာတွေ နေ့စဉ် အရှိန်မြှင့်လုပ်ဆောင်နေလို့ ပြည်သူတွေအနေနဲ့ လေကြောင်းရန်၊ လက်နက်ကြီးရန် ပိုသတိရှိဖို့ AAက ထပ်ခါ ထပ်ခါ နှိုးဆော်ထားပါတယ်။ ဒါကြောင့် ဒီနောက်ပိုင်း ကျေးရွာအချို့ ဗုံးကြဲခံရမှုမှာ နေအိမ်ပျက်စီးမှု အများအပြားရှိခဲ့ပေမဲ့ အရပ်သားထိခိုက်မှု လျော့နည်းလာတာတွေ့ရပါတယ်။
🤬349👎4👏2🤣2👍1🎉1😡1
(စက်တင်ဘာ ၇ ရက်မှာ စစ်တပ်က သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပျက်စီးမှုများ။ ဓာတ်ပုံ - AA)
🤬394👎3🤣2👍1👏1🎉1🤮1😡1
ပြည်သူ့မေတ္တာနဲ့ယုံကြည်မှုဆုံးရှုံးရင် တော်လှန်ရေးအဓိပ္ပါယ်မဲ့သွားမှာဖြစ်လို့ အနိုင်ကျင့်၊ အာဏာပြတာ လုံး၀ ရှောင်ကြဉ်ဖို့ NUG ဝန်ကြီးချုပ်တိုက်တွန်း

စက်တင်ဘာ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

" အထူးသဖြင့် တော်လှန်ရေး ကာလအတွင်းမှာ အထက်အောက် အနိုင်ကျင့်တာမျိုးတွေ၊ လက်နက်အားကိုး၊ အဖွဲ့အစည်းအားကိုးနဲ့ အာဏာပြတာမျိုးတွေကို လုံးဝ ရှောင်ကြဉ်ကြဖို့ အလေးအနက် တိုက်တွန်းချင်ပါတယ်"လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

စက်တင်ဘာ ၇ရက်က ကျင်းပတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်များ ချီးမြှင့်ခြင်း အခမ်းအနားမှာ ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားရာမှာ အခုလို တိုက်တွန်းခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြည်သူကနေ ပေါက်ဖွားလာပြီး ပြည်သူ့အတွက် ပေးဆပ် တိုက်ပွဲဝင်နေတဲ့ တပ်မတော် ဖြစ်တာကြောင့် "ပြည်သူသာလျှင် အဓိက" ဆိုတဲ့ ခံယူချက်ကို လက်ကိုင်ထားပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ ဂုဏ်သိက္ခာနဲ့ အခြေခံလူ့အခွင့်အရေးတွေကို တန်ဖိုးထား ကာကွယ်ပေးကြရမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

“မတရားမှုကို တော်လှန်တဲ့နေရာမှာ ရဲရင့်ပြတ်သားရမှာ ဖြစ်သလို၊ ပြည်သူ့အပေါ်မှာ ကာကွယ်စောင့်ရှောက်တဲ့ အခါမှာလည်း နွေးထွေးကြင်နာပြီး စစ်စည်းကမ်း၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်၊ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ လူ့အခွင့်အရေးများကို အလေးအနက်ထားကြဖို့ အထူးအရေးကြီးပါတယ်။” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။

ပြီးခဲ့တဲ့ (၅) နှစ်တာကာလအတွင်း ဖြတ်သန်းကျော်ဖြတ်ခဲ့ရတဲ့ ခရီးဟာ ခက်ခဲ ကြမ်းတမ်းခဲ့တာ ရဲဘော်တွေ အသိဆုံးဖြစ်ပြီး (၅) နှစ်တာအတွင်း အသက်သွေးချွေး ပေးဆပ်သွားခဲ့ကြတဲ့ မြင့်မြတ်သော သူရဲကောင်း ရဲဘော်များရဲ့ ဝိညာဉ်များကို လေးနက်စွာ ဂုဏ်ပြုလိုကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

“ ရဲဘော်တို့ရဲ့ နောက်ကွယ်ကနေ စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးပြီး စောင့်မျှော် နားလည်ပေးကြတဲ့ မိသားစုဝင်များရဲ့ အနစ်နာခံမှုကိုလည်း ထိုက်ထိုက်တန်တန် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။ယနေ့ ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ဆုတံဆိပ်တွေဟာ ရဲဘော်တို့ရဲ့ စွန့်လွှတ်စွန့်စား ထမ်းဆောင်ခဲ့မှုများကို အသိအမှတ်ပြုရုံတင် မကဘဲ၊ အနာဂတ်မှာ ဆက်လက်ထမ်းဆောင်ရမယ့် ပိုမိုကြီးမားတဲ့ ပြည်သူ့တာဝန်များကို ပိုမိုတာဝန်ယူမှုရှိရှိ ဆောင်ရွက်သွားကြဖို့ သတိပေးလိုက်တဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

(၅)နှစ်တာ ခရီးစဉ်ဆိုတာဟာ အချိန်ကာလတစ်ခုကို လွန်မြောက်ခဲ့ရုံတင်မကဘဲ အခက်အခဲများနဲ့ စိန်ခေါ်မှုများအပေါ် ဘယ်လို ရင်ဆိုင်ဖြတ်သန်းခဲ့ကြသလဲဆိုတာကိုပါ ပြန်လည် သုံးသပ်ပြီး လိုအပ်ချက်၊ အားနည်းချက်များကို ပြန်လည်ပြင်ဆင် သုံးသပ်ရမယ့် အချိန်အခါလည်း ဖြစ်ကြောင်း ပြောကြားပါတယ်။

" ရဲဘော်တို့အနေနဲ့ နွေဦးတော်လှန်ရေးခရီးကြမ်းမှာ တစ်ခါတလေ ပင်ပန်းတဲ့အချိန်၊ အားလျော့ချင်တဲ့အချိန်တွေ ရှိကောင်း ရှိလာနိုင်ပေမယ့် ငါတို့ ဘာကြောင့် ဒီလမ်းကို ရွေးချယ် လျှောက်လှမ်းခဲ့ကြသလဲ ဆိုတာကို သတိရပြီး ပြည်သူလူထု နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဘေးဒုက္ခအမျိုးမျိုးနဲ့ အနာဂတ်ဖက်ဒရယ်နိုင်ငံတော်သစ် မျှော်လင့်ချက်ကို မမေ့ကြဖို့ လိုပါတယ်။ ဒီတော်လှန်ရေးဟာ လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းရဲ့ ကြိုးပမ်းမှုနဲ့ ပြီးမြောက်နိုင်တာ မဟုတ်ဘဲ ပြည်သူလူထုရဲ့ ပါဝင်မှု၊ လူငယ်တွေရဲ့ အားမာန်နဲ့ အဖွဲ့အစည်းအသီးသီးရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ စုစည်းညီညွတ်မှု အင်အားများနဲ့သာ အောင်ပွဲခံနိုင်မှာ ဖြစ်ပါတယ်” လို့လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။
40👍13🤣5🥰2😁1🤮1🖕1
46👍12🤣3🖕2🥰1🤮1
စစ်တွေမြို့ထဲလက်နက်ကြီးကျည်ကျ

စက်တင်ဘာ-၈၊၂၀၂၆။ခိုင်မြတ်/People's Spring

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်
ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

စစ်​တွေမြို့၊အထက(၄)စာသင်ကျောင်းဝင်းအတွင်းရှိ ခရေပင်အနီးလက်နက်ကြီးကျရောက်ပေါက်ကွဲတာဖြစ်ပြီးကျောင်းပြတင်း
ပေါက်မှန်အချို့ထိခိုက်ပျက်စီးခဲ့ပေမယ့်လူ
အထိအခိုက်တော့မရှိဘူးလို့ဆိုပါတယ်။

“ကျောင်းရှေ့မှာတွင်းဖြစ်ကျန်ခဲ့တယ်။လူ တွေတော့ဘာမှမဖြစ်ဘူး။ကလေးတွေကိုတော့ကျောင်းလွှတ်လိုက်ပြီ”လို့စစ်တွေမြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင်အနောက်စံပြရပ်ကွက်ဘက်ကိုလည်းလက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီးအရပ်သားထိခိုက်မှု
ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

"အနောက်စံပြဘက်မှာတလုံးကျတယ်။ဘယ်
နားကျလဲတော့မသိသေးဘူး”လို့ပြောပါတယ်။

အဲဒီလက်နက်ကြီးကျည်တွေဟာ ဘယ်အဖွဲ့က ပစ်တဲ့ ကျည်ဖြစ်တယ်ဆိုတာကိုတော့
မသိရပေမယ့် အာဏာသိမ်း စစ်တပ်ရဲ့ ပင်
လယ်၀ရှိစစ်သင်္ဘောတွေကနေပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“လက်နက်ကြီးတွေ မြို့ပတ်ပတ်လည်ကပစ်နေတာတော့ဘယ်ဘက်ကလာလဲသတိမထား
မိဘူး။ အမှတ် ၁၂ ရဲ တပ်ရင်းကရော၊ ဒကစထဲကရော၊ရေတပ်ကရောပဲဆိုတော့လေ။ဖြစ်နိုင်တာကတော့ Navy(​ရေတပ်သ​ဘော်)ကပစ်တာဖြစ်နိုင်တယ်။ပွိုင့်နားမှာရပ်ထားတဲ့
Navyကမနက်ကတည်းက လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတာပါ”လို့ စစ်တွေမြို့ ရွှေပြားရပ်ကွက်မှာနေထိုင်တဲ့နောက်ထပ်မြို့ခံတဦးကပြောပါတယ်။

လက်ရှိမှာစစ်တွေမြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့
နယ်အစပ်ရွှေမင်းဂံရေတပ်စခန်းအနီးဝန်း
ကျင်မှာစစ်တပ်နဲ့ အာရက္ခ တပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က အထိနာနေကာမြို့ပေါ်တပ်ရင်းတွေက​နေလက်နက်ကြီးပစ်ခတ်တာတွေဆက်တိုက်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

စစ်တပ်ဟာပြီးခဲ့တဲ့၂၀၂၄ခုနှစ်ဖေဖော်ဝါရီ
လ၂၉ ရက်နေ့ကလည်းစစ်တွေမြို့၊ကိုးရီးယားဆိပ်ကမ်းရှိ မြို့မစျေး ကြီးဝင်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်
သားပြည်သူ ၁၂ ဦး သေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရခဲ့ပါ သေးတယ်။
👍245🔥5🖕2👎1👏1🤬1🤣1
စစ်တွေမြို့ရှိအထက(၄)ကျောင်း။
(ပုံဟောင်းဖြစ်ပါတယ်)။ဓါတ်ပုံ-​ဒေသခံ
👍21😢7🔥2👎1
ကုလမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်တာဝန်ထမ်းဆောင်ဖို့ ထောက်ခံတဲ့ Our Ambassador-Our Voice လှုပ်ရှားမှုစတင်

စက်တင်ဘာ-၈၊၂၀၂၆။သတိုး/People's Spring

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ထောက်ခံကြောင်း ပြသတဲ့ Our Ambassador -Our Voice လှုပ်ရှားမှုမှာ ပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

"သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂအတွင်း ဆက်လက်ရှိနေခြင်းသည် မြန်မာပြည်သူများ၏ အမှန်တရားနှင့် နာကျင်ခံစားရမှုများကို ကမ္ဘာက ကြားသိနိုင်ရန်အတွက် အဓိကကျသော အခွင့်အရေးတစ်ရပ်ဖြစ်သည်" လို့အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု-GSCB က တိုက်တွန်း‌ရေးသားထားပါတယ်။

ဒီလှုပ်ရှားမှုမှာပါဝင်လိုသူတွေအနေနဲ့ https://our-ambassador-our-voice.vercel.app/ ကနေ ဝင်ရောက် ပြုလုပ်နိုင်တယ်လို့ ‌အသိပေးထားပါတယ်။

"Link ကို နှိပ်လိုက်ပါ။ "I Support" ဆိုတာကို နှိပ်ပါ။ လေးထောင့် အကွက်ထဲမှာ ဦးကျော်မိုးထွန်းကို ဘာကြောင့် ထောက်ခံသလဲရေးပြီး "Add My Support" ကို နှိပ်ခဲ့နိုင်ပါတယ်။" လို့ ပြုလုပ်ရမယ့် အသေးစိတ်အချက်အလက်တွေကို ရေးသားထားပါတယ်။

လက်ရှိအချိန်အထိ ဒီလှုပ်ရှားမှုမှာ ပါဝင်ထားသူ ၆၀၀၀ ကျော်ရှိတာကိုတွေ့ရပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်ကိုယ်စားပြုခွင့်ရဖို့ ဗြိတိန်၊ အမေရိကန်၊ ဂျပန် ၊ ကိုရီးယား နိုင်ငံရောက် မြန်မာ‌တွေက ဒီရက်ပိုင်းမှာ ဆန္ဒထုတ်ဖော်တာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
👍4111🤮2🥰1🤣1
👍3610🤮2🥰1🖕1
စစ်ကိုင်း၊ မကွေး ဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့ကို အဖွဲ့ဝင်သစ်များအဖြစ် SCEF အတည်ပြု

စက်တင်ဘာ ၈၊ ၂၀၂၆။ထားမြတ်/People's Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၈ရက် ညနေမှာ အစည်းအဝေး ကျင်းပခဲ့တာဖြစ်ပြီး ‎SCEF မှာ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြဖို့ သဘောတူထားပြီးဖြစ်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ကို SCEFရဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် အောက်ရှိ အဖွဲ့ဝင်အသစ်များအဖြစ် အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

အစည်းအဝေးကို ‎SCEF အလှည့်ကျသဘာပတိ ခူဦးရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူးအဖွဲ့က လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့သလို ဖက်ဒရယ်ယူနစ်အသီးသီးမှ ကိုယ်စားလှယ်များက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြတယ် လို့ ဆိုပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ကောင်စီဝင်စာရင်းကို အတည်ပြုခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ ကနဦး ဖွဲ့စည်းထားတာပါ။

SCEF စုဖွဲ့မှုကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ မဏ္ဍိုင် ၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် စတဲ့ ထောက်တိုင်သုံးရပ် ဖွဲ့စည်းသွားမယ်လို့ အသိပေးထားပြီး အဖွဲ့ဝင်သစ်တွေ ပါဝင်လာရေး ဆောင်ရွက်မယ်လို့ စတင်ဖွဲ့စည်းချိန်ကတည်းက အသိပေးထားပါတယ်။

SCEF ဟာ စစ်ရေးနဲ့ပတ်သက်ပြီး ကော်မတီတရပ်ကို KNUနဲ့ KIO စစ်ရေးခေါင်းဆောင်တွေနဲ့ ဦးဆောင်ဖွဲ့စည်းထားသလို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။ စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း အသိပေးထားပါတယ်။
32👏12🤣2🥰1🖕1
33👍3🤣2🥰1👏1🥱1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဖာပွန်က လယ်မူပလောစစ်တပ်စခန်းကို KNU သိမ်းယူ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်(မူတြော်)ထဲမှာ တပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့ စက်တင်ဘာ ၈ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။ မူတြော်ခရိုင်မြောက်ပိုင်း၊ လူသောမြို့နယ်မှာရှိတဲ့ ဒေသအခေါ် ထော်မူပလဲမဲစခန်း(လယ်မူပလော)ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလကတည်းက KNU တပ်မဟာ(၅)က ဝန်းရံပိတ်ဆို့ထားတာပါ။ အဲဒီနောက်စစ်တပ်စခန်းကို ရိက္ခာဖြတ်တောက်တာ၊ မြေပြင်စစ်ကူမပို့နိုင်အောင် လမ်းကြောင်းဖြတ်တောက်တာနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ အဆက် မပြတ်လုပ်ဆောင်ခဲ့တာပါ။ အဲဒီလို ဝန်းရံပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ထားပြီးနောက် ဒီနေ့ မနက်ပိုင်းမှာတော့ စခန်းကနေ စစ်သားတွေ စွန့်ခွာ ထွက်ပြေးသွားတာကြောင့် KNU တပ်မဟာ (၅)က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တာလို့ သိရပါတယ်။

◾️ကုလမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်တာဝန်ထမ်းဆောင်ဖို့ ထောက်ခံတဲ့ လှုပ်ရှားမှုစတင်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ထောက်ခံကြောင်း ပြသတဲ့ Our Ambassador -Our Voice လှုပ်ရှားမှုမှာ ပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂအတွင်း ဆက်လက်ရှိနေခြင်းက မြန်မာပြည်သူတွေရဲ့ အမှန်တရားနဲ့ နာကျင်ခံစားရမှုများကို ကမ္ဘာက ကြားသိနိုင်ဖို့အတွက် အဓိကကျသော အခွင့်အရေးတစ်ရပ်ဖြစ်တယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု-GSCB က တိုက်တွန်း‌ရေးသားထားပါတယ်။ ဒီလှုပ်ရှားမှုမှာပါဝင်လိုသူတွေအနေနဲ့ https://our-ambassador-our-voice.vercel.app/ ကနေ ဝင်ရောက် ပြုလုပ်နိုင်တယ်လို့ ‌အသိပေးထားပါတယ်။

◾️သံတွဲနဲ့ ဂွမြို့ကို စစ်တပ်ဗုံးကြဲ၊ အဖွားအို ၁ဦး သေဆုံး

ရခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ အသက်(၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ သံတွဲမြို့ကို စစ်တပ်က စက်တင်ဘာ ၇ရက် မနက်မှာ ဗုံးကြဲခဲ့လို့ သံတွဲမြို့ အမှတ်(၈)ရပ်ကွက်က အဖွားအို နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ရသလို အမျိုးသမီး ၂ဦး၊ အမျိုးသား ၁ဦး ဒဏ်ရာရခဲ့ကြောင်း AAက အသိပေးပါတယ်။ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူနေအိမ် ၈လုံးပျက်စီးခဲ့ရကြောင်းလည်း မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြပါတယ်။ စစ်တပ်ဟာ ဂွနဲ့ သံတွဲ ပင်လယ်ပြင်မှာ ကျောက်ချရပ်နားထားတဲ့ စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြပါတယ်။ သံတွဲမြို့ကို လေကြောင်း တိုက်ခိုက်မှုအပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

◾️ကျိုက်ထိုမှာ စစ်တပ်လက်နက်ကြီးပစ်လို့ ကလေးငယ် သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦး သေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။ KNU တပ်မဟာ(၁) နယ်မြေ သထုံခရိုင်မှာ ပါဝင်တဲ့ ကျိုက်ထိုမြို့နယ် အလူးလေးကျေးရွာအုပ်စု ညောင်ထောက်ရွာ ကွက်သစ်ပိုင်းကို စစ်တပ်က စက်တင်ဘာ ၆ရက်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ စစ်တပ်ရဲ့ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်က အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာဘက်ကို အခုလို လက်နက်ကြီး ပစ်ခတ်ခဲ့လို့ ညောင်ထောက်ရွာ ကွက်သစ်ပိုင်းရှိ တံတားသစ်အနီးဝန်းကျင်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀နှစ်အရွယ် ကလေးငယ် နေရာမှာပဲ သေဆုံးကာ မိခင်ဖြစ်သူ ဒဏ်ရာရခဲပါတယ်။ မိခင်ဖြစ်သူ အသက် (၄၆)နှစ်အရွယ် အမျိုးသမီးရဲ့ အခြေအနေကလည်း စိုးရိမ်ရတယ်လို့ အသိပေးထားပါတယ်။

◾️ငါန်းဇွန်နယ်မှာ စစ်တပ် ဗုံးကြဲလို့ ဘုန်းကြီးတစ်ပါးအပါအဝင် လေးဦး သေဆုံး
👍172🔥1🤬1🖕1
မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၆ ရက်က ငါန်းဇွန်မြို့ပေါ်ကနေ စစ်အုပ်စုစစ်ကြောင်းထွက်လာပြီး နတ်သားတောရွာကို ဝင်ရောက်လာတာလို့ သိရပါတယ်။ အဲဒီရွာကနေ မြောက်ကျင်းရွာဘက်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြောက်‌ကျင်း ကျေးရွာအတွင်းနဲ့ ရွာရဲ့ မြောက်ဘက်က ရွာသစ်တော တောရဘုန်းကြီးကျောင်းအတွင်း ကျည်ကျပြီး ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ မြောက်ကျင်းရွာအတွင်း ဗုံးကြဲခံရမှုကြောင့် အသက်၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော် ဦးပညာဇောတ၊ ဂျိုကျေးရွာက စစ်ဘေးလာရှောင်တဲ့ အသက်၅၀ ကျော်ရွယ်အမျိုးသမီးနဲ့ မြေးဖြစ်သူ အသက် ၈နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။

◾️စစ်တပ်နဲ့ ဆက်ဆံရေးတွေအပေါ် ကုလမဟာမင်းကြီး သတိပေး

မြန်မာစစ်တပ်နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေဖို့ ကြိုးပမ်းမှုတွေ မလုပ်ဆောင်ကြဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၇ရက် မနေ့က ကျင်းပခဲ့တဲ့ ၆၃ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီပုံမှန်အစည်းအဝေးမှာ မဟာမင်းကြီး ဗိုကာတာ့ခ်က မြန်မာစစ်တပ်အနေနဲ့ နိုင်ငံတကာဥပဒေအရ သူရဲ့ တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်နေကြောင်း သက်သေအထောက်အထား မရှိဘဲ စစ်တပ်နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေဖို့ ကြိုးပမ်းမှုတွေ မပြုလုပ်ကြဖို့ တိုက်တွန်းသတိပေးခဲ့တာပါ။ နောက်ပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေး တောင်းဆိုမှုတွေမှာ ကမ္ဘာ့နိုင်ငံအားလုံးအနေနဲ့ နိုင်ငံရေးအရရော ငွေကြေးအရပါ ကူညီထောက်ပံ့ပေးကြဖို့လည်း ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက ပြောကြားပါတယ်။ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာ့အရေးအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကို လွှဲပြောင်းပေးဖို့လည်း ကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။ မနေ့က မြန်မာ့အရေးအပြန်အလှန်ဆွေးနွေးမှုအစီအစဥ်မှာ ဗြိတိန်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီး အယ်လီနောဆန်းဒါးကလည်း မိန့်ခွန်းပြောကြားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေက ကျောင်းများ၊​ ဆေးရုံများနဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံများကို ထိခိုက်ပျက်စီးစေသလို အရပ်သားပြည်သူ သေဆုံးမှုတွေရဲ့ အဓိက အကြောင်းအရင်းဖြစ်နေတယ်လို့ ပြောပါတယ်။ မြန်မာစစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ မတရားဖမ်းဆီးထိန်းသိမ်းမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေမှာ ၃ ဒသမ ၆ သန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်းလည်း ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။ ဗြိတိန်ဟာ မြန်မာပြည်သူအားလုံးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး ကတိကဝတ်ကို ဆက်လက်ကိုင်စွဲထားကြောင်းလည်း အယ်လီနောဆန်းဒါးက ပြောပါတယ်။ ဒါ့အပြင် မှတ်တမ်းတင်ထားတဲ့ ကျူးလွန်ချိုးဖောက်မှုတွေအတွက် ပြစ်မှုကျူးလွန်သူများကို တာဝန်ခံမှုရှိစေရမယ်လို့လည်း ဗြိတိန်သံအမတ်ကြီးက သတိပေးခဲ့ပါတယ်။

◾️စစ်ကိုင်း၊ မကွေး ဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့ကို အဖွဲ့ဝင်သစ်များအဖြစ် SCEF အတည်ပြု

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။ ‎စက်တင်ဘာ ၈ရက် ညနေမှာ အစည်းအဝေး ကျင်းပခဲ့တာဖြစ်ပြီး ‎SCEF မှာ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြဖို့ သဘောတူထားပြီးဖြစ်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ကို SCEFရဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် အောက်ရှိ အဖွဲ့ဝင်အသစ်များအဖြစ် အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ အစည်းအဝေးကို ‎SCEF အလှည့်ကျသဘာပတိ ခူဦးရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူးအဖွဲ့က လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့သလို ဖက်ဒရယ်ယူနစ်အသီးသီးမှ ကိုယ်စားလှယ်များက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြတယ် လို့ ဆိုပါတယ်။ ‎ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ကောင်စီဝင်စာရင်းကို အတည်ပြုခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

◾️ဧရာဝတီမြစ်ဘေးက ရွာတွေကို စစ်သင်္ဘောအုပ်စု ပစ်ခတ်တိုက်ခိုက်နေ
👍171🔥1🤬1🖕1