■သရော်စာ
မရှိမဖြစ် အလံဖြူ
-သျှိသျှား ရေးသားသည်။
ဒီရက်ထဲ တစ်ဦးနဲ့တစ်ဦး တွေ့ကြ၊ ဆုံကြ၊ စကားပြောဖြစ်ကြတဲ့အခါ မပါမဖြစ်ပြောဖြစ်တဲ့အကြောင်းအရာတစ်ခု က ဘာဖြစ်မယ်လို့ မိတ်ဆွေထင်ပါသလဲ။
နီပေါသဘာဝဘေးအကြောင်းလား။ပတ္တယားရောက် အမေရိကန်တပ်ဖွဲ့ဝင်တွေ အကြောင်းလား။ထရမ့်ပုံပါတဲ့ တစ်ဒေါ်လာတန်ဒင်္ဂါး
စဖြန့်တဲ့ အကြောင်းလား။ အီရန် နဲ့ အမေရိကန်တို့ ထိပ်တိုက်ရင်ဆိုင်တွေ့နေတဲ့ ဟောမုဇ် အရေးလား။ အကျယ်အကျယ်မငြိမ်းဖွယ်ဖြစ်နေတဲ့ ရုရှားနဲ့ ယူကရိန်းအရေးလား။
စစ်တပ်မိသားစုဝင်ပါမကျန် ပေါ်တာဆွဲခံနေရတဲ့အကြောင်းလား။ ဒေါ်ကြူကြူလှရဲ့ လက်
ကိုင်အိတ်အကြောင်းလား။ ဒါမှမဟုတ် စိုင်းစိုင်းခမ်းလှိုင်ရဲ့ မန္တလေးရှိုးပွဲ မြို့အစွန်ရွှေ့လိုက်ရတဲ့အကြောင်းလား။
ဒါတွေတစ်ခုမှမဟုတ်ပါဘူး။အဲဒီအကြောင်း
အရာတွေထက်ရှေ့ရောက်ပြီး လူပြောများနေတာကတော့ ကချင်ဘက် ဆန်တက်သွားကြတဲ့ အာဏာသိမ်းစစ်တပ် သင်္ဘောအုပ်စု အလဲ
လဲအကွဲကွဲဖြစ်ရတဲ့အကြောင်းပါ။အဲဒီ ဖြစ်
စဉ်ထဲကမှ ရေထဲကနေအလံဖြူထောင် လက်
နက်ချသွားတဲ့ သင်္ဘောနှစ်စီးအကြောင်းက ဟိုက်လိုက်အဖြစ်ဆုံး အကြောင်းအရာပါ။
ပြီးတော့ပစ္စည်းတွေနဲ့အတူရေပုံးဖက်သူဖက်၊ ပီပါဖက်သူဖက်နဲ့ရေထဲမျှောပါနေကြတဲ့ စစ်
သားတွေရဲ့ရုပ်သံဖိုင်ကလည်းလူမှုကွန်ရက်မှာကြည့်သူအတော်များခဲ့ပါတယ်။ဧရာ၀တီ
မြစ်အတိုင်းအထက်ကိုဆန်တက်လာတဲ့ စစ်
သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်
မတော်(KIA)ပူးပေါင်းတပ်ကကြားဖြတ်တိုက်
ခိုက်ခဲ့တာကြောင့် တစ်ပတ်အတွင်း စစ်သ
င်္ဘော ၆ စီး သုံးမရအောင် ပျက်စီးခဲ့ သလို သင်္ဘောနှစ်စီးပေါ်က စစ်သား ၁၀၀ ကျော်ဟာလည်း ရွှေကူနဲ့ ဗန်းမော်ကြားမှာ အလံဖြူထောင် လက်နက်ချ အလင်းဝင်ခဲ့ကြပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ပြည်သူ
လူထုကြား ဒီရက်ထဲမှာ ဝမ်းပန်းတသာနဲ့ ပြန်လည် ဝေမျှပြောဆိုနေကြတာပါ။
တကယ်တော့ အာဏာသိမ်းစစ်တပ်ဘက်က အလံဖြူထောင်တယ်ဆိုတာထူးဆန်းဖွယ်ကိစ္စကြီးတစ်ခုတော့မဟုတ်ပါဘူး။တိုင်းပြည်အာဏာကို မင်းအောင်လှိုင် အဓမ္မရယူပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အဲဒီအာဏာသိမ်းစစ်တပ်ဘက်ကအလံဖြူထောင်ခဲ့ကြတဲ့ဖြစ်စဉ်တွေဟာ ရေတွက်လို့တောင်
မကုန်နိုင်ဘူး မဟုတ်လား။ တစ်ယောက်ချင်းကစလို့ ဆယ်စုလိုက်၊ ရာစုလိုက်၊ ထောင်စုလိုက်တွေအထိ အလံဖြူထောင်ခဲ့ကြတာပါ။
အတိတ်ကာလက အထင်ရှားဆုံးအလံဖြူထောင်ပွဲတွေကို မန်မိုရီပြန်ဖော်ကြည့်ရရင် ရှမ်းဘက်၊ ရခိုင်ဘက်၊ ကရင်နီဘက်၊ကရင်ဘက် ၊စစ်ကိုင်းဘက်တို့မှာထင်ထင်ရှားရှားရှိခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။
ရှမ်းဘက်ဆို အားလုံးသိကြတဲ့ ၁၀၂၇ စစ်
ဆင်ရေး ကာလအတွင်း အာဏာသိမ်းစစ်တပ် ခွက်ခွက်လန်အရှုံးသမိုင်းမှတ်တမ်းကြီးနဲ့အ
တူထောင်ခဲ့ကြတဲ့အလံဖြူတွေလည်းတလွင့်လွင့်ထင်ကျန်နေရစ်ခဲ့တာပေါ့။အလားတူပဲ ရခိုင်ဘက်ကိုကြည့်ဦးမလား။ အမ်းမြို့နယ် အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ထဲက စစ်သားရာနဲ့ချီ အလံဖြူထောင်ခဲ့ကြတာဟာလည်း သမိုင်းမှာ ဖျောက်ဖျက်မရတော့မယ့် မှတ်တမ်းတစ်ခုပါပဲ။ ကရင်နီဘက်မှာဆိုရင် ထင်ရှားတာကတော့ လွိုင်ကော်တက္ကသိုလ်ထဲက ဖြစ်စဉ်ပါ။စစ်သုံ့ပန်းတွေ အလံဖြူထောင်ပြီး စနစ်တကျလက်နက်ချဖို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီကိုယ်တိုင် အမိန့်ပေးနေတဲ့ရုပ်သံဖိုင်ဟာ အဲဒီကာလမှာ လူထုကြား နာမည်ကြီးခဲ့ပါတယ်။ ဒါတင်မက ကိုးကန့် ကုန်းကြမ်းဒေသမှာ ရှိတဲ့ ခလရ (၁၂၅) တပ်ရင်းက တပ်ရင်းမှူးဦးစီးပြီး အင်အားစုစုပေါင်း ၂၇၀ ကျော် အလံဖြူထောင် လက်
နက်ချခဲ့တဲ့ ဖြစ်စဉ်ဟာလည်း ထင်ရှားပါတယ်။ကရင်ပြည်နယ်မှာလည်း ပီနံအိတ်အခွံကို အလံဖြူလုပ်ပြီး စစ်သားသစ်တွေထွက်ပြေးကြတယ် ။
ဆိုခဲ့ပါအစုအဖွဲ့တွေက အလံဖြူထောင်နိုင်ခဲ့လို့ အသက်ချမ်းသာရာရခဲ့ပေမယ့် အလံဖြူပါမလာလို့ အသက်ဆုံးရှုံး သွားရတဲ့ ဒုအရာခံဗိုလ်တစ်ယောက်ရဲ့ ရင်နင့်ဖွယ်ဖြစ်စဉ်တစ်ခုဟာလည်း၂၀၂၃ ခုနှစ်ထဲမှာရှိခဲ့ပါတယ်။ ရှေ့
တန်း မှာ ဗိုလ်ကြီးဖြစ်သူ အလံဖြူထောင်သွားတော့ ဦးဆောင်တိုက်ပွဲဝင်ရမယ့်သူမရှိတော့တဲ့အခါနောက်တန်းမှာဇိမ်ကျ နေတဲ့ အဘတို့ကရှေ့တန်းတိုက်ပွဲအတွင်းက တပ်ကြပ်
ကြီးတစ်ဦးကို ဒုအရာခံဗိုလ်အဆင့်ချက်ချင်းတိုးပေးပြီး တိုက်ပွဲဝင်ခိုင်းခဲ့တဲ့ဖြစ်စဉ်ပါ။
ပြောရရင် အငှားဗိုက်ရှာပြီး ဓားထိုးခံခိုင်းတာပေါ့။အဲဒီဗိုလ်လေးဟာ ရာထူးတိုးပြီး နာရီ
ဝက်မကြာလိုက်ဘူး သူ့ အဘတွေဆီကနေ ဗုံးကြဲပေးမယ့် လေယာဉ်ကို အမျှော်ကြီးမျှော်နေရင်းရန်သူ့လက်ချက်နဲ့အသက်ထွက်သွားခဲ့ရပါတယ်။ တကယ်တော့ သူဟာ သူ့အထက်အရာရှိဗိုလ်ကြီးလို အလံဖြူပါမလာတာကြောင့် အခုလို အသေဆိုးနဲ့ သေသွားခဲ့ရတာပါ။သူ့လိုပဲ အလံဖြူပါမလာတာကြောင့် ရှေ့
တန်းမှာ အသေဆိုးနဲ့သေခဲ့ကြရတဲ့စစ်သား များစွာ လည်း ရှိနေပါတယ်။
ဒီတော့အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စေတနာရှေ့ထား အကြံတစ်ခုပေးလိုပါတယ်။ ကိုယ့် လက်နက် သူများဟာဖြစ်သွားစေမယ့် စစ်လက်နက်ပစ္စည်းတွေကို ကပစ စက်ရုံတွေကနေ အားကြီးတဲ့တွန်းထုတ် နေမယ့်အစား တကယ်ထိရောက် အ
သုံးဝင်မယ့် ထုတ်ကုန်တစ်ခုကို မဖြစ်မနေထုတ်လုပ်သွားနိုင်ဖို့ပါ။ ဘာထုတ် ကုန်လဲဆိုတော့ အလံဖြူအဖြစ်သုံးပြုနိုင်မယ့်ပိတ်ဖြူ
စတွေ အင်နဲ့အားနဲ့ ထုတ်လုပ်ပေးနိုင်မယ့် ချည်မျှင်နှင့် အထည်စက်ရုံတွေ တိုးချဲ့တည်ဆောက်သွားဖို့ အကြံပြုချင်တာပါ။

❤21👍6🤮2👏1🤣1🖕1
“လိုအပ်ချက်တွေပြည့်မီဖို့ အလံဖြူစက်ရုံတွေတည်ဆောက်စို့”ဆိုတဲ့ဆောင်ပုဒ်ကိုကိုင်
ဆွဲပြီး ပိတ်ဖြူစတွေ တိုးမြှင့် ထုတ်လုပ်ခြင်းက လက်တွေ့ကျ၊အကျိုးရှိစေတဲ့စီမံဆောင်
ရွက်မှုဖြစ်ပါတယ်။ ပြည်သူမထောက်ခံတဲ့ အာဏာသိမ်း စစ်တပ်ဘက်မှာ ရှေ့လျှောက် အလံဖြူတွေ ဆင့်ကာဆင့်ကာထောင်လာကြဦးမယ်ဆိုတာဘယ်ဗေဒင်ဆရာဆီမှသွားမေးနေစရာမလိုဘူး မဟုတ်လား။ ဒီတော့ အခုအကြံပြုချက်ကိုမြန်မြန်အကောင်အထည်
ဖော်လေ မြန်မြန် အကျိုးရှိလေဖြစ်ပါမယ်။ ကိုယ့်သားတပည့်စစ်သားတွေ ရှေ့တန်းမှာ အသေဆိုးနဲ့ မသေစေချင်ဘူးဆိုရင်ပေါ့။
ဟော...ပြောရင်းဆိုရင်း၊ဒီစာရေးနေရင်း သ
တင်းတစ်ပုဒ် ထပ်တက်လာပါတယ်။ ရွှေကူနဲ့ ဗန်းမော်ကြားမှာတိုက်ခိုက်ခံရတဲ့ စစ်သင်္ဘောတွေထဲကကျန်ရှိသင်္ဘောတွေအထက်ကိုဆက်
လက်ထွက်ခွာလာတာကြောင့် KIA ပူးပေါင်း တပ်ကထပ်မံတိုက်ခိုက်လိုက်တယ်ဆိုတဲ့ သ
တင်းပါ။ ဒါကြောင့်ပြောတာပေါ့။ တွေဝေမနေပါနဲ့ အလံဖြူစက်ရုံတွေ ခပ်မြန်မြန်သာတည်ဆောက်လိုက်ပါတော့လို့ အာဏာသိမ်းစစ် ခေါင်းဆောင် မင်းအောင်လှိုင်ကို စေတနာရှေ့ထား ထပ်ဆင့်အကြံပြုတိုက်တွန်းလိုက်ရပါတယ်။ ။

👍26🤮4👏1🤣1🖕1
စစ်သင်္ဘော ၄စီး ကသာက အပေါ်ဆန်တက်နေ၊ စင်းခန်းတံတားပြန်ရဖို့ စစ်တပ်က တပ်ရင်း ၃ရင်းနဲ့ ထိုးစစ်ဆင်
စက်တင်ဘာ ၈၊၂၀၂၆။ ထားမြတ်/People’s Spring
စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ရောက်နေတဲ့ စစ်ကောင်စီ တိုက်သင်္ဘောသုံးစီး အပါအဝင် သင်္ဘော ၄စီးဟာ ဒီကနေ့ စက်တင်ဘာ ၈ရက်မနက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဆီကို ဆက်လက် ဆန်တက်သွားပြီလို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
မန္တလေးမြို့ကတက်လာတဲ့ စစ်သင်္ဘော ၃၁စီးအနက် တိုက်သင်္ဘော ၃စီး နဲ့ သံခွန် ၁စီးဟာ စက်တင်ဘာ ၇ရက် ညနေပိုင်းမှာ ကသာမြို့ကို ရောက်ရှိခဲ့ပြီး အခြားသင်္ဘော ၂၇စီးဟာ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာမှာ ကမ်းကပ်ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ရေး သတင်းရင်းမြစ်က အခုလို ရှင်းပြတာပါ။
" မနက်စောစော ကသာကနေ ဆက်ထွက်လာပြီ။ ၄စီး။အခြား သင်္ဘော ၂၇စီးတော့မနေ့ကမောင်းကုန်းမှာ ကမ်းကပ်သွားတယ်။ ကုန်းပေါ်ကနေ ကားကြီးတွေနဲ့ အဲဒီပေါ်ကလူတွေလာသယ်သွားပြီလို့ သိရပါတယ်။ အဲဒီ ၂၇စီးမှာတင်တဲ့သူတွေက တကောင်း နီကယ် စက်ရုံလည်ပတ်ဖို့အတွက် အဲဒီမှာ လုပ်သားတွေနဲ့ပစ္စည်းတွေ လာပို့တယ်ဆိုတာ အခုမှ အတိပြုလို့ရပါတယ်။ တရက် နှစ်ရက်တုန်းက ကြိုတင်သတင်းရတာတော့ရှိပါတယ်"လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
တဖက်မှာ စစ်သင်္ဘောတွေ ကချင်ပြည်နယ်ဘက်ကို ဦးတည်ထွက်ခွာသွားသလို မြေပြင်မှာလည်း အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာအနီးက ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို ပြန်ရဖို့ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
“အဲဒီ စင်းခန်းတံတားကို စကစတွေက ပြန်ရဖို့အတွက် တပ်ရင်းသုံးရင်းနဲ့စစ်ဆင်ရေးလုပ်နေပါတယ်။ အဲဒါကို ကျနော်တို့က လည်း ခုခံကာကွယ် တိုက်ခိုက်နေပါတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
အခု စက်တင်ဘာ ပထမပတ်မှာ စစ်တပ်ဟာ မြေပြင်ထိုးစစ်နဲ့အတူ စစ်သင်္ဘောတွေနဲ့ ဗန်းမော်မြို့ကို အင်အားဖြည့်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ စက်တင်ဘာ ၂ရက်မှာ ရွှေကူကနေ ဗန်းမော်ကို တက်တဲ့ စစ်သင်္ဘောအုပ်စုဟာ ရွှေကူမြို့နယ် ဇင်းဘုံနဲ့ စင်းခန်းတံတား အကြားမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ စစ်သင်္ဘောတွေ နစ်မြုပ်တာ မီးလောင်တာ၊ ကမ်းကပ် လက်နက်ချတာတွေရှိခဲ့ပါတယ်။
အဲဒါကြောင့် စစ်သင်္ဘောအုပ်က သင်္ဘော ၇စီးသာ ဗန်းမော်ကို ကမ်းကပ်နိုင်ခဲ့တာပါ။ အဲဒီလို ကမ်းကပ်နိုင်ခဲ့ပေမဲ့ ဗန်းမော်မြို့ရောက်စစ်သင်္ဘောတွေမှာ လက်နက်ခဲယမ်းအများအပြား ပါဝင်တာမျိုးမရှိဘူးလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အထိနာတဲ့ စစ်တပ်ဟာ စင်းခန်း မြစ်ကူးတံတားကိုလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သလို မြေပြင်ထိုးစစ်တွေ လုပ်ဆောင်နေလို့ စက်တင်ဘာ ပထမပတ်မှာ စင်းခန်းဒေသနဲ့ ဇင်းဘုံဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#စစ်သင်္ဘောအုပ်စု#မန်းလေးမြို့ဂေါဝန်ဆိပ်ကမ်း#ကသာ
#စစ်တပ်

❤23👍16👎2😁2👏1🤬1🎉1
(၇၈)နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ ကျင်းပ
စက်တင်ဘာ -၈၊၂၀၂၆။ဇော်၀င်း/People's Spring
(၇၈)နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
KNPP/KA ထိန်းချုပ်ရာနယ်မြေမှာ ဒီကနေ့ (စက်တင်ဘာ ၈ရက်) ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီကခေါင်းဆောင်တွေ၊ကရင်နီပြည်အစိုးရ တာဝန်ရှိသူတွေ ၊တပ်ဗိုလ် တပ်မှူး၊ ရဲဘော် ရဲမေတွေ၊ဌာနဆိုင်ရာတာဝန်ခံတွေ ၊ကျောင်းသူကျောင်းသား၊ လူငယ်အမျိုးသမီးနဲ့ ပြည်သူလူထု အင်အား ၂၀၀ ကျော် တက်ရောက်ခဲ့တယ်ပါတယ်။
အခမ်းအနားမှာ နိုင်ငံတော်အလံအလေးပြုတာ၊ နိုင်ငံတော်သီချင်းသီဆိုဂုဏ်ပြုတာ၊ကျဆုံးခဲ့တဲ့အာဇာနည်တွေကို အလေးပြုတာနဲ့ ကရင်နီအမျိုးသားအာဇာနည်နေ့ မိန့်ခွန်းပြောတာနဲ့ ပေးပို့လာတဲ့ သဝဏ် လွှာတွေကို ဖတ်ကြားတာတွေလုပ်ခဲ့တယ်လို့ KNPP ရဲ့ သတင်းပြန်ကြားရေးဌာန KnIC က အသိပေးပါတယ်။
ဖဆပလအစိုးရက ကရင်နီအမျိုးသားအစည်းအရုံး ဥက္ကဌဖြစ်သူ ဂိုဘီတူရီ (ကရင်နီခုခံတော်လှန်ရေးခေါင်းဆောင်)ကို ရက်စက်ယုတ်မာစွာသတ်ဖြတ်ခဲ့သတဲ့ ၁၉၄၈ စက်တင်ဘာ ၈ ရက်ကို ဂုဏ်ပြုပြီးကရင်နီအမျိုးသားအာဇာနည်နေ့ကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ဂိုဘီတူရီက အစပြုပြီး သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ရဲ့တွန်းလှန်တိုက်ပွဲတွေနဲ့ ဒီကနေ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး၊တန်းတူရေး၊ဒီမိုကရေစီအရေး၊ စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှ လက်အောက်က လွတ်မြောက်ရေးထိသမိုင်းတလျှောက် အသက်သွေးချွေးတွေ ပေးဆပ်အနစ်နာခံခဲ့တဲ့ ကရင်နီအာဇာနည်သူရဲကောင်းတွေ ၊ရဲဘော်တွေနဲ့ ပြည်သူလူထုကို အောက်မေ့သတိရဂုဏ်ပြုတာလို့လည်း KnIC က ဆိုပါတယ်။
ဒါ့အပြင် ကရင်နီပြည်သူတွေဟာ အခက်အခဲတွေကြားကနေ လူမှုအသိုင်းအဝိုင်းကို ပြန်လည် တည်ဆောက်နေပြီး အကျပ်အတည်းတွေကြားက အကူအညီလိုအပ်သူတွေကို စောင့်ရှောက်တာ လူမှုအဖွဲ့အစည်းတွေ ပြန်လည်ထူထောင်တာနဲ့ အနာဂတ် နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးစနစ်အတွက် ပါဝင် ဆောင်ရွက်ပြီး အာဇာနည်တို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နေတယ်လို့ KNPP ရဲ့ သ၀ဏ်လွှာမှာဖော်ပြပါတယ်။
ရည်မှန်းချက်က အာဏာကို လူနည်းစု လက်ထဲတွင် စုစည်းထားတဲ့ စနစ်တစ်ခုမဟုတ်ဘဲ လူထု ဆန္ဒနဲ့အခွင့်အရေးတွေကို အခြေခံတဲ့၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံပေးနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရေးလို့ အသိပေးပါတယ်။
အဲဒီအနာဂတ်ကို တည်ဆောက်ခြင်းက အာဇာနည်တို့ရဲ့ မြင့်မြတ်တဲ့ ပေးဆပ်မှုကို အဓိပ္ပာယ်ရှိစေမယ့် အကောင်းဆုံး နည်းလမ်း ဖြစ်တယ်လို့လည်း KNPP က ပြောပါတယ်။
လွတ်မြောက်ရေးခရီးက ရှည်လျားကြမ်းတမ်းမှုတွေရှိနေပေမယ့် စည်းလုံးညီညွတ်မှုနဲ့ ဆက်လက် လျှောက်လှမ်းကြရင် တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တည်ဆောင်နိုင်မယ်လို့ တိုက်တွန်းထားပါတယ်။

👍26❤3🥰2🖕2🤮1
MNDAAထိန်းချုပ်ဒေသ သိန္နီမြို့မှာ
ပေါက်ကွဲမှုဖြစ်
စက်တင်ဘာ-၈၊၂၀၂၆။ရွှေပြည်စိုး/People's Spring
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်း
ပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
သိန္နီမြို့နယ်၊ စယ်အူရွာမှာ စက်တင်ဘာလ ၈ရက် မနက် ၅နာရီကျော်က ပေါက်ကွဲတာဖြစ်ပြီး လက်ရှိမှာ MNDAA တပ်ဖွဲ့ဝင်တွေ လာစစ်ဆေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
"လေယာဉ်ပစ်တယ် စစချင်းပြောပေမယ့် အခုကယမ်းသိုလှောင်ရုံပေါက်ကွဲတယ်လို့ ပြောကြတယ်။အပျက်အစီးတော့ရှိတယ်။ ကိုးကန့်တွေ( MNDAAတပ်ဖွဲ့ဝင်များ)ကပိတ်ထားတော့ ဘာမှ ထပ်မသိရဘူး"လို့ သိန္နီမြို့ခံတဦးကပြောပါတယ်။
သိန္နီမြို့ဟာ ၂၀၂၃အောက်တိုဘာလ ၂၇ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ MNDAAက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပါတယ်။MNDAAဟာအာရက္ခတပ်တော်
(AA)၊TNLA တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖော်ဆောင်ခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးနဲ့အတူ လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သိန္နီ၊ တာမိုးညဲ၊ပန်ဆိုင်း မြို့တွေကိုသိမ်းပိုက်ထားပါတယ်။
တရုတ်အစိုးရရဲ့ဖိအားကြောင့် လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလမှာစစ်ကောင်စီထံကျည်
၁ ချက်မဖောက်ဘဲ ပြန်လွှဲပေးခဲ့ရပြီး အပစ်ရပ်ထားပါတယ်။ သိန္နီမြို့နဲ့ TNLA ဆီကနေ ပြန်ယူထားတဲ့ကွတ်ခိုင်မြို့ကိုလည်းပြန်ပေးဖို့ စစ်ကောင်စီက ဖိအားပေးနေပါတယ်။
MNDAAကတော့ထိန်းချုပ်မြို့နယ်တွေမှာ အုပ်ချုပ်ရေး ယန္တရားအခိုင်အမာပြင်ဆင်ပါတယ်။ကိုးကန့်ဒေသကို အထူးဒေသ(၁) အ
ဖြစ်သတ်မှတ်ထားပြီးမြို့တော်အဖြစ်လောက်
ကိုင်နဲ့ ကွတ်ခိုင်၊ သိန္နီ၊လောက်ကိုင်၊ မုံးကိုးခရိုင်ဆိုပြီးခရိုင် (၄) ခု၊ မြို့တော် (၁) ခုအဖြစ် ဖွဲ့စည်းထားပါတယ်။
ဒီနေ့ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး MNDAA က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး ။

👍19🔥5❤2👏2🎉1
KIA ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ရရှိမှု ဝမ်းမြောက်ကြောင်း စစ်ဒေသ(၁) ထုတ်ပြန်
အမှတ်(၁) စစ်ဒေသစတင်ထူထောင်ခဲ့သူဖြစ်သလို အသဲရောဂါ ခံစားရသည့်တိုင် မြို့ပေါ် ဆေးကုမသွားဘဲ တော်လှန်ရေးတာဝန်ထမ်းဆောင်ခဲ့
စက်တင်ဘာ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမှတ်(၁) စစ်ဒေသစတင်တည်ထောင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဒုတိယဗိုလ်ချုပ်ကြီး ခရောင်ခေါင်လွမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့အပေါ် ဝမ်းမြောက်ကြောင်း အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ပါတယ်။
ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းအပါအဝင် PDF ရဲဘော်တွေ မဟာမိတ်တွေ စုစုပေါင်း ၁၈၀၀ ဦးနီးပါးကို အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၇ရက်နေ့မှာ ဘွဲ့၊ တံဆိပ်တွေ ပေးအပ်ခဲ့တာပါ။ အဲဒီ အထဲမှာ ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ ချီးမြှင့်ခံရသူ ၁ဦး သာပါဝင်ပြီး အဲဒီဆုကို ၂၀၂၄ခုနှစ်က ကွယ်လွန်သွားတဲ့ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းက ရရှိခဲ့တာပါ။
ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ ဗဟိုကွပ်ကဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C) ရဲ့ ကွပ်ကဲမှုဖြင့် PDF တိုင်းတာဝန်ခံများဦးစီးတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့ပါဝင်တဲ့ အမှတ် (၁) စစ်ဒေသအား ၂၀၂၁ စက်တင်ဘာ ၁၇ ရက်မှာ စတင်ဖွဲ့စည်းစဉ် စစ်ဒေသကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
အမှတ် (၁) စစ်ဒေသအနေနဲ့ ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းရဲ့ ဦးဆောင်မှုအောက်မှာ မဟာမိတ်တပ်များနဲ့ ပူးပါင်းတိုက်ပွဲဝင်ကာ အောင်ပွဲများစွာရရှိကာ နယ်မြေစိုးမိုးမှုများ ရယူလာနိုင်ခဲ့ကြောင်းလည်း ဖော်ပြပါတယ်။
“တစ်ဘက်တွင်လည်း ဒုဗိုလ်ချုပ်ကြီး ရုတ်ခရောင် ခေါင်လွမ်း သည် ၂၀၂၃ ခုနှစ်တွင် အသည်းရောဂါဝေဒနာအား စတင်ခံစားလာရပြီဖြစ်သော်လည်း မြို့ပေါ်သို့ ဆေးကုသရန်မသွားဘဲ တပ်မဟာ-၈ ထဲ၌ PDF ရဲဘော်များဖြင့် အတူတကွ ရုန်းကန်နေထိုင်ခဲ့ပြီး တော်လှန်ရေး တာဝန်များထမ်းဆောင်ရင်း ၂၀၂၄ ခုနှစ်၊ မေလ (၁၃) ရက်နေ့တွင် ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ကွယ်လွန်ချိန်အထိ စစ်အာဏာရှင်တော်လှန်ရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့သည့် ဒူကဘာ့ကြီး ခေါင်လွမ်း အား ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ ချီးမြှင့်ခြင်းအပေါ် မိမိတို့ အမှတ် (၁) စစ်ဒေသအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်ရပါသည်” လို့ စစ်ဒေသ(၁)ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
စစ်ဒေသမှ ရဲဘော်များအနေနဲ့လည်း ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းလို စစ်အာဏာရှင်တော်လှန်ရေးကို မဆုတ်မနစ်သော စိတ်ဓာတ်ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သစ္စာပြုကြောင်းလည်း အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ပါတယ်။
အခု NUGက ဆု၊တံဆိပ်တွေ ပေးအပ်ရာမှာ အမှတ် (၁) စစ်ဒေသက ဆုတံဆိပ် ၅၀နီးပါး ရရှိခဲပါတယ်။ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (၁) ဆု၊ တပ်ရင်းများနဲ့ ရဲဘော် တစ်ဦးချင်းအနေဖြင့် ပြည်သူ့သားကောင်းဆု (၂၅) ဆု၊ ပြည်သူ့ဇာနည်ဆု (၁၉) ဆု၊ တော်လှန်ရေး အမှုထမ်းကောင်းတံဆိပ် (၂) ဆု ဖြစ်ပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ် (၅) နှစ်ပြည့်မှာ အမှတ် (၁) စစ်ဒေသအတွင်း အမျိုးမျိုးသော စွန့်လွှတ်အနစ်နာခံမှုများဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တစ်ဦးချင်းကို အမှတ် (၁) စစ်ဒေသရဲ့ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့နဲ့အတူ ချီးကျူးဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ပါတယ်။
NUG က စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ၊ ဆုနဲ့ တံဆိပ်တွေချီးမြှင့် အပ်နှင်းခံရသူ စုစုပေါင်း ၁၇၉၂ ဦးရှိရာ PDFတပ်ဖွဲ့မှ ၁၄၄၂ဦး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ၃၂၄ဦး၊ မဟာမိတ်တော်လှန်ရေးအဖွဲ့များက ၂၆ဦး ပါဝင်ပါတယ်။

👏26❤9🫡7👍3🥰3😁1🤮1🤣1🖕1
အမြန်လမ်းမှာ စစ်ကောင်စီလူကုန်တားဒုရဲအုပ်က ယာဉ်မောင်းကိုသတ်ပြီး ကားလုယက်
လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို
စက်တင်ဘာ -၈၊၂၀၂၆။ရွှေပြည်စိုး၊မိုမို/People's Spring
နေပြည်တော်မှာ ကားအငှားဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီလက်အောက်ခံလူကုန်တား ရဲတပ်ဖွဲ့က အရာရှိက သေနတ်နဲ့ ပတ်သတ်ပြီး ကားလုယူမှုဖြစ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာမှာ ကားအငှားဝန်ဆောင်မှုလုပ်ကိုင်နေတဲ့ ကိုဝင်းကို ဆိုသူကို နေပြည်တော်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲအုပ်ရဲရင့်အောင်က သတ်ဖြတ်ခဲ့တာလို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
" ဒုရဲအုပ်ရဲရင့်အောင်က ကျွဲဂိမ်းအရမ်းဆော့တယ်လို့ သိရတယ်။ ရဲအရာရှိအဖြစ် ကားငှားပြီး ကျူးလွန်တာဗျ။ ဒီကိစ္စက လူကုန်တားတပ်ဖွဲ့မှူးအထိ ဂယက်ရိုက်နေတယ်။ ဒါပေမယ့် တိုးတိုးကျိတ်ကျိတ်တဲ့ ပြီးသွားမှာပါပဲ"လို့ ဒုရဲမှူးအဆင့်ရှိ နေပြည်တော်ရဲသတင်းရင်းမြစ်ကပြောပါတယ်။
ဖြစ်စဉ်က စက်တင်ဘာ ၆ရက်မှာ ဖြစ်ခဲ့တာပါ။ ဒုရဲအုပ်ရဲရင့်အောင်က ကိုဝင်းကိုဆီ ချိတ်ဆက်ပြီး မိတ္တိလာမြို့ကို ကားငှားပါတယ်။ ကိုဝင်းကိုက မောင်းပို့ပေးဖို့နဲ့ ကားငှားခအတွက် ကျပ် ၄သိန်း ပေးဖို့ သဘောတူကြပါတယ်။
မိတ္ထိလာမြို့ကို သွားရောက်စဉ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၇၉အနီးမှာ ဒုရဲအုပ်ရဲရင့်အောင်က ကိုဝင်းကို ကို သေနတ်နဲ့ ပစ်သတ်ပြီး လမ်းမဘေး ယာခင်းထဲမှာ အလောင်းစွန့်ပစ်တာလို့ သိရပါတယ်။
ကိုဝင်းကိုရဲ့ ရုပ်အလောင်းကို စက်တင်ဘာ ၆ရက် ညနေမှာ နွားကျောင်းသားကတွေ့ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှုးကတဆင့် ရဲတပ်ဖွဲ့နဲ့ မိသားစုဝင်တွေက သိရတာပါ။
စက်တင်ဘာ ၇ရက်မှာတော့ လုယက်သွားတဲ့ ကားနဲ့အတူ ဒုရဲအုပ်ရဲရင့်အောင်ကို ဖမ်းမိပြီး ဆက်လက်စစ်ဆေးနေတယ်လို့ သတင်းရရှိပါတယ်။
" မိတ္ထိလာလို စစ်တပ်မြို့မှာ ရဲက ပြန်ပြီး လူသတ်ဓားပြတိုက်နေတာဆိုတော့ ဘာမှ မလုံခြုံဘူး။ ပြောဖို့စကားတောင်မရှ်ိဘူး"လို့ မိတ္ထီလာမြို့ခံတစ်ဦးကပြောပါတယ်။
"ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၇၉/၁ ။ရန်ကုန်ကနေ မန္တလေးသွားလမ်းဘက်ခြမ်းလမ်းဘေးမှာ သေဆုံးခဲ့တာ။ဘော်ဒီကို သွားသယ်ပြီး မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးကို ပို့ခဲ့တယ်"လို့မေတ္တာပါရမီ ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။
လူသတ်မှုနဲ့ အမှုဖွင့်ခံထားရတဲ့ ဒုရဲအုပ်နဲ့ပတ်သက်လို့ နေပြည်တော် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲဌာနကို လူထုနွေဦးက ဒီကနေ့ နေ့လယ်အထိ သုံးကြိမ်ထက်မနည်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေကြားတာမရှိပါဘူး။

🤬25❤6🔥4👍3👎1
စစ်တပ်နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေဖို့ ကြိုးပမ်းမှုတွေ မလုပ်ဆောင်ကြဖို့ ကုလမဟာမင်းကြီးပြော
▪️မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကို လွှဲပြောင်းပေးဖို့ ထပ်မံတိုက်တွန်း
စက်တင်ဘာ-၈၊ ၂၀၂၆။ People’s Spring
မြန်မာစစ်တပ်နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေဖို့ ကြိုးပမ်းမှုတွေ မလုပ်ဆောင်ကြဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၇ရက် မနေ့က ကျင်းပခဲ့တဲ့ ၆၃ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီပုံမှန်အစည်းအဝေးမှာ မဟာမင်းကြီး ဗိုကာတာ့ခ်က မြန်မာစစ်တပ်အနေနဲ့ နိုင်ငံတကာဥပဒေအရ သူရဲ့ တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်နေကြောင်း သက်သေအထောက်အထား မရှိဘဲ စစ်တပ်နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေဖို့ ကြိုးပမ်းမှုတွေ မပြုလုပ်ကြဖို့ တိုက်တွန်းသတိပေးခဲ့တာပါ။
“နောက်ပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေး တောင်းဆိုမှုတွေမှာ ကမ္ဘာ့နိုင်ငံအားလုံးအနေနဲ့ နိုင်ငံရေးအရရော ငွေကြေးအရပါ ကူညီထောက်ပံ့ပေးကြဖို့ ကျွန်တော် တိုက်တွန်းတောင်းဆိုပါတယ်”လို့ ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက ပြောကြားပါတယ်။
မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးရွားလာနေတဲ့ လူ့အခွင့်အရေး အကျပ်အတည်းကို ဖြေရှင်းဖို့ နှစ်ပေါင်းများစွာကြာတဲ့တိုင်း နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေ မအောင်မြင်ခဲ့ဘူးလို့ ဗိုကာတာ့ခ်က ပြောပါတယ်။
ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာ့အရေးအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကို လွှဲပြောင်းပေးဖို့လည်း ကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနဲ့ အရပ်ဘက်ရော စစ်ဘက်ပါ အသုံးပြုနိုင်တဲ့ ကုန်စည်များ(dual-use items)လွှဲပြောင်းရောင်းချပေးပို့မှုများကို ရပ်တန့်ကြဖို့လည်း အဖွဲ့ဝင်နိုင်ငံတွေကို မဟာမင်းကြီးက ထပ်မံတိုက်တွန်းခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက အရပ်သားပြည်သူ သေဆုံးမှုတွေရဲ့ အဓိက အကြောင်းအရင်းအဖြစ် ဆက်ရှိနေဆဲလို့ ဗိုကာတာ့ခ်က ပြောပါတယ်။
ယုံကြည်ရတဲ့ရင်းမြစ်တွေရဲ့ အဆိုအရ အစီရင်ခံနေစဥ်ကာလအတွင်း အရပ်သား ၁,၂၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး တကယ့်မြေပြင်သေဆုံးမှုအရေအတွက်က ၃,၀၀၀ ကျော်နိုင်တယ်လို့ ဆိုပါတယ်။
မနေ့က မြန်မာ့အရေးအပြန်အလှန်ဆွေးနွေးမှုအစီအစဥ်မှာ ဗြိတိန်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီး အယ်လီနောဆန်းဒါးကလည်း မိန့်ခွန်းပြောကြားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေက ကျောင်းများ၊ ဆေးရုံများနဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံများကို ထိခိုက်ပျက်စီးစေသလို အရပ်သားပြည်သူ သေဆုံးမှုတွေရဲ့ အဓိက အကြောင်းအရင်းဖြစ်နေတယ်လို့ ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ မတရားဖမ်းဆီးထိန်းသိမ်းမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေမှာ ၃ ဒသမ ၆ သန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်းလည်း ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။
ဗြိတိန်ဟာ မြန်မာပြည်သူအားလုံးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး ကတိကဝတ်ကို ဆက်လက်ကိုင်စွဲထားကြောင်းလည်း အယ်လီနောဆန်းဒါးက ပြောပါတယ်။
ဒါ့အပြင် မှတ်တမ်းတင်ထားတဲ့ ကျူးလွန်ချိုးဖောက်မှုတွေအတွက် ပြစ်မှုကျူးလွန်သူများကို တာဝန်ခံမှုရှိစေရမယ်လို့လည်း ဗြိတိန်သံအမတ်ကြီးက သတိပေးခဲ့ပါတယ်။

👍30❤8🥰2🤮1🤣1🖕1