People's Spring
60K subscribers
70.8K photos
1.22K videos
9 files
3.04K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
33👍7🖕2🥰1🤣1
ရေဦးမြို့နယ်ကိုစစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲအရပ်သား၇ဦးသေဆုံးဟု ကနဦးသ
တင်းရရှိ

စက်တင်ဘာ-၇၊၂၀၂၆။မိထက်/People's Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲ
ခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်လို့ကနဦးသတင်းရရှိပါတယ်။

စက်တင်ဘာလ၇ရက်၊ ညနေ ၅နာရီကျော်မှာ ဗုံးကြဲတာဖြစ်ပြီးထိခိုက်သေဆုံးတဲ့အရပ်
သားတွေကို ဆွဲထုတ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

"အရပ်သားတွေရှိတဲ့နေရာကိုဂျိုင်ရိုကော်ပတာနဲ့ တည့်တည့်ကြဲသွားတာ။ နောက်ထပ် လေကြောင်းအန္တရာယ်သတိပေးချက်လည်းရထားတယ်။ အဲဒီကြားထဲကနေဆွဲထုတ်နေ
ရတယ်"လို့အဆိုပါဒေသခံကပြောပါတယ်။

ကားအလုပ်ရုံကိုဗုံးကြဲတာဖြစ်ပြီးအမျိုးသမီး
တစ်ဦး၊ အမျိုးသားခြောက်ဦး သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

ရေဦးမြို့နယ်မှာစစ်တပ်ကမြို့ပေါ်ကိုသာထိန်းချုပ်ထားပြီး အနီးပတ်ဝန်းကျင်​ရှိကျေး
ရွာတွေကို ထိန်းချုပ်နိုင်ခြင်းမရှိပါဘူး။ မြို့
နယ်အတွင်း လက်ရှိတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊မြို့နယ်ပတ်ဝန်းကျင်ကိုလေကြောင်း
တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။
😡425👍3👏1🤬1🤣1
ဗုံးကြဲခံရပြီး​နောက်ကားအလုပ်ရုံမှာ အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့
🤬43😢84👏1🎉1
ရန်ကုန်-ပုသိမ်လမ်းပိုင်းမှာ အိမ်စီးကား ၁စီး လမ်းချော်ပြီး ကုက္ကိုပင် ဝင်တိုက်၊ လူ ၂ဦး သေဆုံး

စက်တင်ဘာ-၇၊၂၀၂၆။ရောင်နီ/People's Spring

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ် လမ်းပိုင်းမှာ အိမ်စီးကား ၁စီး လမ်းချော်ပြီး သစ်ပင်ကိုဝင်တိုက်လို့ ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၂ဦး သေဆုံးသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီနေ့(စက်တင်ဘာ၇) ညနေ ၆ နာရီခွဲလောက်မှာ ပုသိမ်ကနေ ရန်ကုန်မြို့ကို မောင်းနှင်လာတဲ့ Mark ll ကားက ရန်ကုန်-ပုသိမ်လမ်းမ မိုင်တိုင်အမှတ် (၃၄/၀) အနီးမှာ လမ်းချော်ပြီး ကုက္ကိုပင်ကို ကိုဝင်တိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယာဉ်တိုက်မှုကြောင့် ကားအရှေ့ပိုင်း ပျက်ဆီးသွားပြီးကားပေါ်မှာပါလာတဲ့ အမျိုးသား ၂ဦး အခင်းနေရာမှာသေဆုံးသွားတာကြောင့် သစ္စာရှင်လူမှုကယ်ဆယ်ရေးအသင်းက ညောင်တုန်းဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်-ပုသိမ် လမ်းမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း လမ်းအပျက်အစီးတွေရှိပေမယ့် ပြင်ဆင်ဆောင်ရွက်တာတွေ မရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
😢223😱2🔥1
ဓာတ်ပုံ - မီးသတ်
😢24👍3😱21
သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလမှာဆက်ရှိဖို့ တောင်ကိုရီးယားရောက်မြန်မာတွေ တောင်းဆို

စက်တင်ဘာ-၇၊၂၀၂၆။သုည/People's Spring

တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ပြည်ပရောက် မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိနိုင်ဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ​စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

တောင်ကိုရီးယားရောက် မြန်မာတွေက ဘူဖျောင်းမြို့က မြန်မာစားသောက်ဆိုင်တွေမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်ထားရှိရေး ထောက်ခံရေးကမ်ပိန်း ပိုစတာတွေကို လိုက်လံကပ်ခဲ့ကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ နိုင်ငံတကာမှာ မြန်မာပြည်သူတွေရဲ့အသံကို တရားဝင်လမ်းကြောင်းကနေ ထုတ်ပြန်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်တဲ့အတွက် ထောက်ခံရခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားရောက် မြန်မာတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဗြိတိန်၊ အမေရိကန်၊ ဂျပန်စတဲ့ နိုင်ငံတွေမှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက် ကိုယ်စားပြုခွင့်ရအောင် ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
👍338🥰4🤮1🤣1🖕1
ဓာတ်ပုံ - MFDMC
39👍11🥰3🤮2🤣1🖕1😭1
ရန်ကုန်မြို့ရဲ့စက်တင်ဘာ ၇ ရက် အ​ခြေခံကုန်​ဈေးနှုန်း နဲ့ စစ်တပ်အာဏာမသိမ်းခင်က​ဈေးနှုန်း​တွေဖြစ်ပါတယ်။

#Peoplesspring #ရန်ကုန်ကုန်​ဈေးနှုန်း
#လူထု​နွေဦး #Ludunwayoo
👍32🔥41🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ရေဦးနယ်ကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲ၊ အရပ်သားတွေ သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ ၇ ဦး သေဆုံးခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။ စက်တင်ဘာ ၇ရက် ညနေ ၅နာရီကျော်မှာ ဗုံးကြဲခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးတဲ့ အရပ်သားတွေကို ဆွဲထုတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ကားအလုပ်ရုံကို ဗုံးကြဲတာဖြစ်ပြီး အမျိုးသမီးတစ်ဦး၊ အမျိုးသားခြောက်ဦး သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

◾️စစ်တပ်ထိုးစစ်အထိနာပြီး သံတွဲနဲ့ ပုဏ္ဏားကျွန်းကို ဗုံးကြဲ

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ဗုံးကြဲခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ သံတွဲမြို့ပေါ်နဲ့ ပင်လယ်ကမ်းခြေတလျှောက်ကျေးရွာတွေကို ဒီနေ့ မနက် ၁၀ နာရီခွဲဝန်းကျင်ကတည်းက ဗုံးကြဲနေခဲ့တာလို့ ဖော်ပြပါတယ်။ ကမ်းခြေရွာတွေမှာ လူနေလို့မရတော့ဘဲ စစ်တပ်က တောက်လျှောက် ဗုံးကြဲနေတယ်လို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။ စစ်တပ်ရဲ့ ရေတပ်တွေလည်း အနားကပ်နေတယ်လို့ ဒေသခံက ဆိုပါတယ်။ စစ်တပ်ရဲ့ ဒီနေ့ မနက်ပိုင်း ဗုံးကြဲမှုကြောင့် သံတွဲမြို့ပေါ်က ​ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ‌ဒဏ်ရာရသွားခဲ့တယ်လို့ အခြားဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် စစ်တွေမြို့နယ်တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာတွေကိုလည်း ဒီနေ့မနက်ပိုင်း ၇ နာရီ ၄၅ မိနစ်ကနေ ၈ နာရီဝန်းကျင်ထိ ဗုံးကြဲနေခဲ့တယ်လို့ သိရပါတယ်။

◾️မြန်မာမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေတယ်လို့ IIMM အကြီးအကဲပြော

မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားပါတယ်။ ဒီနေ့ ကျင်းပတဲ့ (၆၃)ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီပုံမှန်အစည်းအဝေးမှာ IIMM အကြီးအကဲက IIMM ရဲ့ အဋ္ဌမမြောက် နှစ်ပတ်လည်အစီရင်ခံစာကို တင်သွင်းရင်း မိန့်ခွန်းပြောကြားခဲ့တာပါ။ မြန်မာစစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးအားထားနေပြီး အရပ်သားတွေက အဓိက ထိခိုက်နစ်နာရသူတွေ ဖြစ်နေတယ်လို့ IIMM အကြီးအကဲက ကုလလူ့အခွင့်အရေးကောင်စီကို တင်ပြပါတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဆက်ပြီး ဆိုးရွားလာနေတာကို သူက ကောင်စီကို အစီရင်ခံပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်က စစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တရားစခန်း ဖွင့်နေတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုပေါင်း ၆၀၀ ကျော်ထဲက တစ်ခုဖြစ်တယ်လို့ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။ ဒါ့အပြင် စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေဟာ မကြာခဏ ပစ်မှတ်ထားခံနေရတယ်လို့ သူက ဆက်ပြောပါတယ်။ မြန်မာစစ်တပ်ဟာ လေယာဉ်တွေထက် ကြိုတင်သိရှိဖို့ ပိုခက်ခဲတဲ့ ပါရာမော်တာတွေနဲ့ ဒရုန်းတွေကို ပိုပြီးအသုံးပြုလာတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ခိုလှုံဖို့ အချိန်နည်းလာတယ်လို့ IIMM အကြီးအကဲက ပြောပါတယ်။ စစ်တပ်ဟာ ‘နှစ်ကြိမ်ဆင့်တိုက်ခိုက်မှု’ နည်းလမ်းကို ပိုသုံးလာတာကို IIMM က သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ ပထမအကြိမ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေကို ကူညီပေးတဲ့ ကယ်ဆယ်ရေးသမားတွေကို ထိခိုက်စေဖို့ ဒုတိယအကြိမ် ထပ်ဆင့်တိုက်ခိုက်တာမျိုး ကျူးလွန်နေတယ်လို့ ဆက်ပြောပါတယ်။

◾️ဆိပ်ဖြူမှာ စစ်တပ်ပါရာမော်တာတစ်စီး ပျက်ကျ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ပါရာမော်တာတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံအချို့က ‌ပြောပါတယ်။ ဆိပ်ဖြူအခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ- ၂၂)ကနေ တက်လာတဲ့ ပါရာမော်တာတစ်စီးဟာ စက်တင်ဘာ ၇ ရက် ဒီနေ့ မနက်၁၀ နာရီ ၁၆ မိနစ်၀န်းကျင်မှာ ရွှေဘိုကျွန်းရွာအနီး ပျက်ကျခဲ့တာလို့ ဆိုပါတယ်။ ကပစ ၂၂ ​​​အနီးတဝိုက်မှာပဲ ပျံသန်းဝဲနေချိန် ပျက်ကျခဲ့ပြီး စက်ချို့ယွင်းတာလို့ ယူဆကြောင်း ဆိပ်ဖြူမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်နယ်နိမိတ်ထဲပဲ ပျက်ကျတယ်လို့ သူက ဆိုပါတယ်။

◾️KIAဒုဗိုလ်ချုပ်ကြီး Rခေါင်လွန်းအပါအဝင် ရဲဘော် ၁၇၉၂ဦးကို NUG အစိုးရရဲ့အမြင့်ဆုံး စစ်ဘက်ဆိုင်ရာသူရဲကောင်းဘွဲ့၊ ဆုနဲ့တံဆိပ်တွေ ချီးမြှင့်
🔥86👍6🖕1
‌‎စစ်အာဏာရှင်တော်လှန်ရေးမှာ စစ်ရေးတာဝန်တွေ စွမ်းစွမ်းတမံထမ်း‌ဆောင်ခဲ့တဲ့ PDFနဲ့ မဟာမိတ်တပ်တွေထဲက တော်လှန်‌ရဲဘော် ၁၈၀၀ နီးပါးကို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ဂုဏ်ပြုချီးမြှင့်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။ စစ်ရေးတာဝန်တွေကို စွမ်းစွမ်းတမံ ထူးခြားကျေပွန် အောင်မြင်စွာထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ပေးဆပ်မှု၊ စွန့်လွှတ်မှုနဲ့ အမှုထမ်းဆောင်မှုတို့ကို အလေးအမြတ်ပြုတဲ့အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တည်ထောင်ခြင်း(၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ချီးမြှင့်တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စက်တင်ဘာ ၇ ရက် မှာထုတ်ပြန်ထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့တံဆိပ် ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ဒီနေ့မနက်မှာ ပြုလုပ်ခဲ့တာပါ။ အွန်လိုင်းကနေပြုလုပ်တဲ့အဲဒီအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကာကွယ်​ရေးဝန်ကြီးဦးရည်မွန် နဲ့အတူ အစိုးရတာဝန်ရှိသူ‌တွေနဲ့ တော်လှန်ရေးအင်အားစုတွေ၊ မဟာမိတ်တပ်ဖွဲ့တွေလည်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ (HPR) ချီးမြှင့်ခံရသူ (၁) ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (LPR) ချီးမြှင့်ခံရသူ (၂၁) ဦး၊ ပြည်သူ့ဇာနည်ဆု (PMNS) ချီးမြှင့်ခံရသူ (၁၆၄၇) ဦး၊ ပြည်သူ့သားကောင်းဆု (PMLS) ချီးမြှင့်ခံရသူ (၈၁) ဦး၊ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (BRS) ချီးမြှင့်ခံရသူ (၄၂) ဦးစသဖြင့် စုစုပေါင်း ၁၇၉၂ ဦးကို ဆုချီးမြှင့်တာလို့ ထုတ်ပြန်ပါတယ်။ ဒီဆုတံဆိပ် ငါးမျိုးဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမြင့်ဆုံး အသိအမှတ်ထား ဂုဏ်ပြုချီးမြှင့်မှုဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ HPR ဆုကိုအမှတ်(၁) စစ်ဒေသ၊ စစ်ဒေသမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွန်းကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွန်းဟာ ၂၀၂၄ ခုနှစ်၊မေလ ၁၃ ရက်နေ့တွင်အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူရဲကောင်း ဘွဲ့၊ ဆုနဲ့တံဆိပ် ချီးမြှင့်တာမှာပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)မှ (၁,၄၄၂)ဦး၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO)မှ (၃၂၄) ဦး၊ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းတွေက ၂၆ ဦးပါဝင်ပါတယ်။ ချီးမြှင့်ရာမှာ အဓိကအားဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ရုံးချုပ်ကို အချိန်မီရောက်ရှိလာတဲ့ အဆိုပြုလွှာများအပေါ်မှာ အခြေခံပြီး စိစစ်ရွေးချယ်ခဲ့တာဖြစ်ပြီး အကြောင်းကြောင်းကြောင့် အဆိုပြုလွှာတွေ အချိန်မီမရောက်ရှိတဲ့အတွက်ဒီနှစ်သူရဲကောင်း၊ ဘွဲ့၊ တံဆိပ် ချီးမြှင့်မှု အစီအစဉ်မှာ ကျန်ရစ်တဲ့ ရဲဘော်များလည်း ရှိနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောထားပါတယ်။ အဲ့ဒီရဲဘော်တွေကို လာမည့်နှစ် သူရဲကောင်းဘွဲ့၊ ဆု၊ တံဆိပ် ချီးမြှင့် အပ်နှင်းခြင်းအစီအစဉ်မှာ ထည့်သွင်း ချီးမြှင့် ပေးသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her လှုပ်ရှားမှုစတင်

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။ Proof Of Lifeက အစဖြစ်ပြီး အခုတော့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်မှုအတွက် တောင်းဆိုရပါမယ်လို့ ကိုထိန်လင်းက ပြောပါတယ်။ သူ့မိခင်ဖြစ်သူရဲ့ အခြေခံအခွင့်အရေးတွေ၊ မိသားစုနဲ့ဆက်သွယ်တွေ့ဆုံခွင့်နဲ့ခြွင်းချက်မရှိ လွတ်မြောက်‌ရေးအတွက်တောင်းဆိုမယ့် FREE HER လှုပ်ရှားမှုကိုစတင်နေပြီလို့ ဒီနေ့ စက်တင်ဘာ ၇ရက်မှာ ကြေညာပါတယ်။ ဒီနောက်တစ်ဆင့်မှာလည်း သူနဲ့အတူ ဆက်လက်ရပ်တည်ပြီး ပြည်သူတွေရဲ့ အသံကို ထပ်မံပါဝင်ပေးကြဖို့ မျှော်လင့်ကြောင်းလည်း ကိုထိန်လင်းက ပြောပါတယ်။

◾️သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလမှာဆက်ရှိဖို့ တောင်ကိုရီးယားရောက်မြန်မာတွေ တောင်းဆို

တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ပြည်ပရောက် မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိနိုင်ဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ​စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။ တောင်ကိုရီးယားရောက် မြန်မာတွေက ဘူဖျောင်းမြို့က မြန်မာစားသောက်ဆိုင်တွေမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်ထားရှိရေး ထောက်ခံရေးကမ်ပိန်း ပိုစတာတွေကို လိုက်လံကပ်ခဲ့ကြပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ နိုင်ငံတကာမှာ မြန်မာပြည်သူတွေရဲ့အသံကို တရားဝင်လမ်းကြောင်းကနေ ထုတ်ပြန်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်တဲ့အတွက် ထောက်ခံရခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားရောက် မြန်မာတွေက ဆိုပါတယ်။

◾️ဘားအံနဲ့ မော်လမြိုင်မှာ ထိုင်းကုန်စည်ကားတွေကို ကြားဖြတ်ဖမ်းဆီးနေ
15👍5🔥2🖕1
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေ ပိုမိုလုပ်ဆောင်လာနေပါတယ်။ ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူနယ်စပ်ဂိတ်ကနေ ဝင်ရောက်လာတဲ့ ထိုင်းကုန်စည်တင် ကားအစီးရေဆယ်ချီကို ပြီးခဲ့တဲ့ရက်ိုင်း စက်တင်ဘာ ၅ ရက် က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပေါ် ကြက်သွန်ကုန်းနဲ့ နတ်စမ်းရွာအနီးမှာ ဖမ်းဆီးလိုက်တယ်လို့ ကုန်သည်သတင်းရင်းမြစ်က ပြောပါတယ်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ရောက်ရှိလာတဲ့ နေပြည်တော်က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့က ဦးစီးဦးဆောင်ဖမ်းဆီးတာဖြစ်ပြီး ကုန်ပစ္စည်းတန်ဖိုး အများအပြား ဆုံးရှုံးခဲ့တယ်လို့ ကုန်သည်သတင်းရင်းမြစ်က ပြောပါတယ်။ ဖမ်းဆီးသိမ်းဆည်းသွားတဲ့ ထိုင်းကုန်စည်တွေကို မော်လမြိုင်မှာ စစ်တပ်က လေလံတင်ပြီး ပြန်လည်ရောင်းချနေတယ်လို့လည်း အသိပေးပါတယ်။

◾️မင်းတုန်းအနောက်ခြမ်းတိုက်ပွဲ စစ်တပ် ​သေဆုံးထိခိုက်သူများလို့ ဗုံးကြဲ

မကွေးတိုင်း၊ မင်းတုန်းအနောက်ခြမ်းတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က စစ်သားတွေ ထိခိုက်သေဆုံးမှုများနေတာကြောင့် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ မင်းတုန်းအနောက်ခြမ်းကနေ ရခိုင်ရိုးမပေါ် တက်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးစားနေတာကြောင့် နေ့စဉ်နီးပါးတိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ရခိုင်ရိုးမအခြေအနီးမှာရှိတဲ့ ရွာတွေကတဆင့် ရိုးခြေ တောတွင်းထဲကို စစ်တပ် စစ်ကြောင်းတွေ ဖြန့်ကျက်၀င်ရောက်နေတယ်လို့ မင်းတုန်းမြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးက ‌အသိပေးပါတယ်။ ရိုးခြေတစ်လျှောက်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အနည်းဆုံး စစ်ကြောင်းသုံးခု ရှိနေတယ်လို့ သိရပါတယ်။

◾️ဗန်းမော်နဲ့ ရွှေကူကို စစ်ကူပို့နေတဲ့ စစ်တပ်က မိုးမိတ်မှာ အတင်းအဓမ္မလူသစ်စုဆောင်းနေ

ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူမှာ စစ်ရေးတင်းမာနေချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ စစ်တပ်က စစ်မှုထမ်းစေခိုင်းဖို့အတွက် အတင်းအဓမ္မလူသစ်စုဆောင်းမှုနဲ့ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က မိုးမိတ်မြို့မှာ ဒီလဆန်းကစတင်ပြီး ‌ဒေသခံအမျိုးသားတွေကို ဖမ်းဆီးနေသလို တအိမ်တယောက် မဖြစ်မနေ စစ်မှုထမ်းဖို့လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးကတဆင့် အကြောင်းကြားလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပြီး တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်ကောင်စီတပ်ဆီ ၂၀၂၅ အောက်တိုဘာမှာ ပြန်ပေးခဲ့တာပါ။

◾️မန္တလေးမှာ ပျူစောထီးတွေ သောင်းကြမ်းနေကြောင်းဝေဖန်ခံရပြီးနောက် အချင်းချင်းအရေးယူမယ်လို့ ရဲမွန်တောင်ပျူခေါင်းဆောင် ဆို

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။ မန္တလေးမြို့တွင်းမှာ ပေါ်တာဆွဲမှု၊ ရိုက်နှက်လုယက်မှုနဲ့ဓားပြမှု၊ လမ်းပေါ်မှာ ကိုယ့်သဘောနဲ့ကိုယ်စစ် ဆေးမှုတွေကြောင့် နာမည်ဆိုးတွေ ဆက်တိုက်ထွက်လာပြီးတဲ့နောက် စစ်တပ်ထောက်ခံသူတွေက အချင်းချင်းဝေဖန်မှုတွေဖြစ်လာတာလို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော်က မန္တလေးမြို့မှာ ပျူစောထီးတွေ သောင်းကြမ်းနေတယ်လို့ ဝေဖန်ထားတာပါ။ မန္တလေးမြို့မှာ တိုင်းကနေ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အမည်ခံ ပျူစောထီး ၁၀ ဖွဲ့ရှိပြီး ရဲအရာရှိတွေရဲ့သား၊ G1ပိုင်တဲ့ ပျူအုပ်စု၊ ပေါက်ကိုယ်တော်ရဲ့ ပျူအုပ်စုတွေ ဆိုပြီး အများအပြားရှိတယ်လို့ သိရပါတယ်။ အဲဒီပျူစောထီးတွေဟာ ရပ်ကွက်လူမိုက်တွေနဲ့ဖွဲ့စည်းထားတာကိုလည်း ရဲမွန်တောင်ပြည်သူ့စစ်တည်ထောင်သူနေမျိုးကျော်က ဝန်ခံထားပါတယ်။

◾️မုံရွာမှာ ဒုရဲအုပ်လင်မယားပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက် မနက် ၁၀ နာရီခွဲခန့်က မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနီးရှိ ဆောက်လက်စ အကျဥ်းထောင်ဂိတ်က ဒုရဲအုပ်ထွန်းကိုကိုနဲ့ ၎င်းရဲ့ဇနီးကို ပစ်ခတ်ခဲ့ရာ ၂ဦးလုံး သေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ လုံခြုံရေးအရ ဘယ်လိုရှင်းလင်းခဲ့တာကို အသေးစိတ် ပြောပြလို့မရဘဲ လမ်းကနေ ဖြတ်ရှင်းခဲ့တာလို့ မုံရွာပကဖတာဝန်ရှိသူက ပြောပါတယ်။ ဒုရဲအုပ်ကိုင်ဆောင်တဲ့ ပစ္စတို ၁လက်နဲ့ စကားပြောစက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
👍242🔥1🖕1
👍18🔥1🖕1