အမျိုးသားညီညွတ်ရေးအစိုးရ စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နှင့် တံဆိပ်ချီးမြှင့်ပွဲအခမ်းအနားကျင်းပနေစဉ်။ ဓာတ်ပုံ - NUG
❤28👍7🥰4🤮3🤣1🖕1🫡1
■အတွေးအမြင်
မန္တလေးမြို့က ဝမ်းနည်းမှတ်တမ်း
ဝဇီရာ/People's Spring
မနေ့က မန္တလေးမြို့မှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရှိုးပွဲ လူနှစ်သောင်းကျော် လာရောက်အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ တချို့ဆို လူများလွန်းလို့ ရာသီဥတုကလည်း ပူနေတာကြောင့် မူးလဲတာတွေအထိ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ အတော်လေး အောင်မြင်ခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။
တကယ်တော့ စိုင်းစိုင်းခမ်းလှိုင် ရှိုးပွဲလာလုပ်ချိန် မန္တလေးမြို့မှာ လူငယ်တွေ အကြီးအ
ကျယ် ပေါ်တာဆွဲခံနေရတာပါ။ အလုပ်သွားအလုပ်ပြန် ဆေးသုတ်သမား၊ ပန်းရံသမားလေးတွေ၊ နေ့စားအလုပ်သမားလေးတွေ၊ ပုဂ္ဂလိကဝန်ထမ်းလေးတွေဟာ အိမ်ပြန်ရောက်မလာတော့ဘဲ စစ်သင်တန်းကျောင်းတွေဆီ ခေါ်ဆောင်သွားခြင်း ခံနေရတဲ့အချိန်ပါ။ ညတင်မဟုတ်။ နေ့ခင်းမှာတင် အဆွဲခံနေရတာပါ။ ညဘက်ထွက်ဖို့တောင် ခက်ခဲနေကြချိန် ညဘက်လုပ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲအောင်မြင်တာဟာ အံ့သြစရာပါ။
စစ်တပ်က လက်နက်အားကိုးနဲ့ ပြည်သူ့အစိုးရက အနိုင်ကျင့်ပြီး၂၀၂၁ အာဏာသိမ်းတော့ အနုပညာရှင်တွေလည်း ပြည်သူတွေရဲ့ရှေ့ကနေလက်သီးလက်မောင်းတန်းပြီး
ဆန္ဒပြခဲ့ကြတယ်။ အဲဒီအချိန်က Mask တပ်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုလည်း ဆန္ဒပြပွဲတစ်ခုမှာ မှုန်မှုန်ဝါးဝါး မြင်လိုက်ရပါသေးတယ်။ အနုပညာရှင် အနည်းစုက စိတ်ပါလက်ပါနဲ့ အာဏာရှင်ကို တကယ်ကို လက်မခံချင်တဲ့စိတ်နဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အများစုကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို ရ
အောင် လှိုင်းစီးခဲ့တာသာ ဖြစ်ပါတယ်။ ၅ နှစ်အကြာမှာ သူတို့ဘာတွေလုပ်နေလဲဆိုတာကိုကြည့်လိုက်တာနဲ့ အဖြေပေါ်ပါလိမ့်မယ်။
လက်ရှိ အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အတွင်းမှာ ပုံမှန်အခြေအနေဖြစ်နေပြီဆိုတာကို နိုင်ငံတကာနဲ့ ပြည်တွင်းလူထုကို ပြသချင်တဲ့အတွက် ဖျော်ဖြေပွဲတွေ၊ ပွဲလမ်းသဘင်တွေ၊ဘောလုံးပွဲအပါအဝင် အားကစားပြိုင်ပွဲတွေ ၊ဈေးပွဲတော်တွေကို မစည် စည်အောင်ဖိအားပေးပြီးတောင် လုပ်လေ့ပါတယ်။
စစ်အာဏာရှင်တွေရဲ့ အဓိကသက်တမ်းရှည်ရေး မဟာဗျူဟာဖြစ်တဲ့ တိုင်းပြည်မှာ ပုံမှန်အခြေအနေပြန်ရောက်နေပြီဆိုတဲ့ ပုံရိပ်ကို ဖန်တီးပြဖို့အတွက် အခုလို လူနှစ်သောင်းကျော်နဲ့ အောင်မြင်တယ်ဆိုတဲ့ ရှိုးပွဲမျိုးတွေဟာ အဆိုပါ စစ်အုပ်စု လိုချင်တဲ့ ပုံရိပ်ကို အကောင်းဆုံး ဖန်တီးပေးလိုက်သလို ဖြစ်သွားပါတယ်။ တိုင်းပြည် မငြိမ်မသက်ဖြစ်နေချိန်၊ လူငယ်တွေ အဓမ္မစစ်မှုထမ်းခိုင်းခံနေရချိန်မှာ ပွဲကြီးလမ်းကြီးတွေ ကျင်းပခွင့်ပေးတယ်ဆိုတာက စစ်အုပ်စုရဲ့ ခွင့်ပြုချက်၊ လုံခြုံရေး အပြည့်အဝပေးမှု မပါဘဲ လုံးဝ မဖြစ်နိုင်ပါဘူး။ စိုင်းစိုင်းခမ်းလှိုင် ရှိုးပွဲလုပ်တဲ့ကွင်းရဲ့ အနီးက တိုက်တွေပေါ်မှာ လက်နက်
ကိုင်ထားပြီး စစ်အုပ်စုကလုံခြုံရေးယူပေးထားတယ်လို့လည်း စုံစမ်းသိရတယ်။
ဒါကြောင့် ဒီလိုပွဲမျိုးဟာ တစ်နည်းအားဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ ပုံရိပ်ဆိုးတွေကို ဖုံးကွယ်ပေးပြီး သာမန်အတိုင်း ရှိနေသယောင် ဝါဒဖြန့်ရာမှာ သွယ်ဝိုက်ပြီး ပုံဖော်ပေးသလို ဖြစ်သွားစေပါတယ်။စိုင်းစိုင်းခမ်းလှိုင်အပါအဝင် သဘင်၊ ဂီတ၊ ရုပ်ရှင်အနုပညာရှင်တွေကလည်း စစ်တပ်ရဲ့ ရည်မှန်းချက် ပြည့်ဝအောင် အင်တိုက်အားတိုက်ကို အားဖြည့်နေကြတာပါ။
ကျွန်တော်တို့တတွေဟာ နေ့စဥ် အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေ နိုင်ငံ
တကာကသိအောင် အော်နေကြပါတယ်။ ကူပါ ကယ်ပါဆိုတဲ့ အသံတွေဟာ အော်ရလွန်းလို့ လည်ချောင်းတွေလည်း နာလှပြီ။ ခက်တာက အဲဒီလို အကူအညီတောင်းသံတွေ ဖုံးလွှမ်းသွားအောင် ဇာတ်သဘင်ကလည်း ကူညီတယ်။ ရုပ်ရှင်ကလည်း ပံ့ပိုးတယ်။ ဂီတကလည်း အားဖြည့်တယ် ။ဘောလုံးပွဲတွေကလည်းကူညီနေကြပြန်ပါတယ်။
ဒါ့အပြင် အနုပညာဆိုတာ လူထုရဲ့ အကျပ်
အတည်းနဲ့ ခံစားချက်တွေအပေါ် ရပ်တည်ဖို့လိုပါတယ်။ ပြည်သူတွေ သွေးမြေကျနေချိန်၊ မျိုးဆက်သစ်လူငယ်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရချိန်၊ ဖမ်းဆီးခံနေရချိန်မှာ ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းနဲ့ငွေကြေးအကျိုး
အမြတ်အတွက် ဒီလိုပွဲမျိုးကို လက်ခံကျင်းပတဲ့ အနုပညာရှင်ဆိုသူတွေရဲ့ ကျင့်ဝတ်နဲ့ လူထုအပေါ် သစ္စာစောင့်သိမှုပိုင်းကို မေး
ခွန်းထုတ်ရတော့မှာ ဖြစ်ပါတယ်။
တကယ်တော့ ကျနော်တို့လည်း ခေတ်အခါကောင်းစဥ်က စိုင်းစိုင်းခမ်းလှိုင်သီချင်းတွေကို ကြိုက်နှစ်သက်အားပေးတဲ့သူတွေထဲမှာပါပါတယ်။ မျိုးကျော့မြိုင်ရေးပြီး စိုင်းစိုင်းခမ်းလှိုင်ဆိုခဲ့တဲ့ "မိန်းကလေးတစ်ယောက်ကို ချစ်မိရင်"ဆိုတဲ့ သီချင်းဟာ ကျွန်တော်တို့ လူငယ်ဘဝမှာ ခံစားလို့ကောင်းခဲ့တာပေါ့။
"အိမ်ပြန်ချိန်တွေ အတူလျှောက်လည်၊ နေဝင်ချိန်ဆို အတူရှိမယ်။ ကိုယ်တကယ်ချစ်သော မိန်းကလေးနဲ့ အတူရှိတဲ့ဘဝ ဘယ်လောက်ကောင်းလိုက်မလဲ"တဲ့။
ကိုစိုင်းရေ။ ခင်ဗျားသီချင်းထဲကလို လူငယ်တွေဟာ နေဝင်ချိန်၊ အိမ်ပြန်ချိန်တွေမှာ ကိုယ်ချစ်ရတဲ့သူနဲ့ ကြည်ကြည်နူးနူး လျှောက်လည်ခွင့်လည်း ဒီခေတ်မှာ သိပ်မရကြတော့ပါဘူး။ မကောင်းဆိုးရွားတွေ သောင်းကျန်းနေလို့ လူငယ်တွေဟာ နေမဝင်ခင် အိမ်ပြန်ပြေးရတဲ့ခေတ်ကို ရောက်နေတာ။ဒါပေမယ့် ပြသာနာက ခင်ဗျားတို့ကို သေနတ်တွေနဲ့စောင့်ရှောက်ပေးတဲ့ စစ်အုပ်စုက ပြည်သူတွေဆိုရင် နေ့မရှောင် ညမရှောင် ပေါ်တာဆွဲပြီး ရက်တိုသင်

👍28❤8🤣3🖕3😢1💩1
တန်းပေးရှေ့တန်းပို့လို့ နေစဥ်နဲ့အမျှ လူငယ်တွေ ပုရွက်ဆိတ်ကလေးတွေလို စစ်အာဏာ
ရှင်အတွက်သေပေးနေရပါတယ်။
ဒီတခါ ရှိုးပွဲဆိုရင် စင်အောင်က လူငယ်တွေရဲ့ မျက်လုံးတွေကို သေချာကြည့်လိုက်စမ်းပါ။ သူတို့မျက်လုံးထဲ အနာဂတ်တွေ တွေ့ရဲ့လားလို့။ ။

👍36🖕3🤣2🔥1🤯1🤮1💩1
မုံရွာမှာ ဒုရဲအုပ်လင်မယားပစ်ခတ်ခံရပြီး သေဆုံး
စက်တင်ဘာ-၇၊ ၂၀၂၆။ ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက် မနက် ၁၀ နာရီခွဲခန့်က မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနီးရှိ ဆောက်လက်စ အကျဥ်းထောင်ဂိတ်က ဒုရဲအုပ်ထွန်းကိုကိုနဲ့ ၎င်းရဲ့ဇနီးကို ပစ်ခတ်ခဲ့ရာ ၂ဦးလုံး သေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
"လုံခြုံရေးအရ ဘယ်လိုရှင်းလင်းခဲ့တာကို အသေးစိတ် ပြောပြလို့မရလို့ပါ။ လမ်းကနေ ဖြတ်ရှင်းခဲ့တာပါ"လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။
ဒုရဲအုပ်ကိုင်ဆောင်တဲ့ ပစ္စတို ၁လက်နဲ့ စကားပြောစက် သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ပြောပါတယ်။
၎င်းဒုရဲအုပ်လင်မယားဟာ အကျဉ်းထောင် ဂိတ်ကနေအနီးအနားရှိ လယ်ယာလုပ်သားတွေ၊ ဆိတ်ကျောင်း ၊ နွားကျောင်းတဲ့ ပြည်သူတွေကို ဖမ်းဆီး ငွေညှစ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Titans Force -Monywa LPDF ( မုံရွာမြို့နယ်၊ တိုက်နယ် (၂) ပကဖ တိုက်ခိုက်ရေးအဖွဲ့)က ပြုလုပ်ခဲ့တာလို့ အသိပေးထားပါတယ်။
မုံရွာမြို့နယ်ဟာ တော်လှန်ရေးအားကောင်းတဲ့ဒေသဖြစ်ပြီး လက်ရှိမှာ အာဏာသိမ်းစစ်တပ်က နေ့စဥ် အိမ်စီးကားတွေနဲ့ပတ်ကာ မြို့ပေါ်က လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေပြီး လူငယ်အများအပြား ဖမ်းဆီးခံနေရပါတယ်။

👏30👍7❤1👎1🤣1🖕1
မြန်မာမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေတယ်လို့ IIMM အကြီးအကဲပြော
စက်တင်ဘာ-၇၊ ၂၀၂၆။ People’s Spring
မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားပါတယ်။
ဒီနေ့ ကျင်းပတဲ့ (၆၃)ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီပုံမှန်အစည်းအဝေးမှာ IIMM အကြီးအကဲက IIMM ရဲ့ အဋ္ဌမမြောက် နှစ်ပတ်လည်အစီရင်ခံစာကို တင်သွင်းရင်း မိန့်ခွန်းပြောကြားခဲ့တာပါ။
“မြန်မာစစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးအားထားနေပြီး အရပ်သားတွေက အဓိက ထိခိုက်နစ်နာရသူတွေ ဖြစ်နေပါတယ်”လို့ IIMM အကြီးအကဲက ကုလလူ့အခွင့်အရေးကောင်စီကို တင်ပြပါတယ်။
မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဆက်ပြီး ဆိုးရွားလာနေတာကို သူက ကောင်စီကို အစီရင်ခံပါတယ်။
လွန်ခဲ့တဲ့နှစ်ပတ်လောက်က စစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တရားစခန်း ဖွင့်နေတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုပေါင်း ၆၀၀ ကျော်ထဲက တစ်ခုဖြစ်တယ်လို့ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။
“ဒါ့အပြင် စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေဟာ မကြာခဏ ပစ်မှတ်ထားခံနေရပါတယ်”လို့ သူက ဆက်ပြောပါတယ်။
မြန်မာစစ်တပ်ဟာ လေယာဉ်တွေထက် ကြိုတင်သိရှိဖို့ ပိုခက်ခဲတဲ့ ပါရာမော်တာတွေနဲ့ ဒရုန်းတွေကို ပိုပြီးအသုံးပြုလာတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ခိုလှုံဖို့ အချိန်နည်းလာတယ်လို့ IIMM အကြီးအကဲက ပြောပါတယ်။ စစ်တပ်ဟာ ‘နှစ်ကြိမ်ဆင့်တိုက်ခိုက်မှု’ နည်းလမ်းကို ပိုသုံးလာတာကို IIMM က သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ ပထမအကြိမ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေကို ကူညီပေးတဲ့ ကယ်ဆယ်ရေးသမားတွေကို ထိခိုက်စေဖို့ ဒုတိယအကြိမ် ထပ်ဆင့်တိုက်ခိုက်တာမျိုး ကျူးလွန်နေတယ်လို့ ဆက်ပြောပါတယ်။
IIMMရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ တိုးတက်မှုတွေရှိနေပြီး ဒီတိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့ တပ်ဖွဲ့အများအပြားနဲ့ သူတို့ အခြေစိုက်ရာ လေတပ်စခန်းတွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာလည်း ပဋိပက္ခတွေ သိသိသာသာ ပြင်းထန်နေပြီး လက်နက်ကိုင်အဖွဲ့ အမျိုးမျိုးက ကျူးလွန်တယ်ဆိုတဲ့ လူသတ်မှု၊ ဥပဒေမဲ့ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အင်အားသုံးပြီး နယ်မြေမှ ဖယ်ရှားမှုနဲ့ဆိုင်တဲ့ စွပ်စွဲချက်တွေကို IIMMက စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
IIMMဟာ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ ဂြိုဟ်တုပုံရိပ်တွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေ၊ ဘဏ်ငွေလွှဲ ပြောင်းမှုတွေနဲ့ လက်နက်ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အချက်အလက်တွေ အပါအဝင် ရင်းမြစ် ပေါင်း ၁,၆၀၀ ကျော်ကနေ အထောက်အထားအများအပြားကို စုဆောင်းရရှိထားပါတယ်။ နောက်ပြီး သက်သေထွက်ဆိုချက်ပေါင်း ၇၅၀ ကျော်ကိုလည်း စုဆောင်းထားတယ်လို့ အသိပေးပါတယ်။
အဲဒီဒီအထောက်အထားတွေက ဘယ်လိုရာဇဝတ်မှုတွေ ဖြစ်ပျက်ခဲ့တယ်၊ ဘယ်သူတွေမှာ တာဝန်ရှိတယ်၊ ဒီရာဇဝတ်မှုတွေအတွက် ဘယ်သူတွေက ငွေကြေးထောက်ပံ့ခဲ့တယ်၊ ပံ့ပိုးကူညီခဲ့တယ် ဒါမှမဟုတ် အကျိုးအမြတ်ရရှိခဲ့တယ် ဆိုတာတွေကို နားလည်နိုင်ဖို့ အထောက်အကူပြုတယ်လို့ နီကိုလတ်စ်ခွန်ဂျန်က ရှင်းပြပါတယ်။
IIMMဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရရှိရေး ကြိုးပမ်းနေတဲ့ သက်ဆိုင်ရာ တရားရေးအာဏာပိုင်တွေထံကို အထောက်အထားနဲ့ စိစစ်သုံးသပ်ချက် အများ အပြား မျှဝေပေးထားပြီး ဒီအထဲမှာ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)နဲ့ အာဂျင်တီးနားနိုင်ငံ တို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင်၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ကုလလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့က တရားရေးအာဏာပိုင်တွေထံ မျှဝေထားပြီး ဖြစ်တယ်လို့ IIMMအကြီးအကဲက ပြောပါတယ်။
IIMMဟာ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်းနဲ့ ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာကို သက်သေပြနိုင်မယ့် အထောက်အထားတွေကို ဆက်လက်စုဆောင်းသွားမှာဖြစ်ကြောင်းနဲ့ ဒီအထောက်အထားတွေကို အသုံးပြုပြီး တရားမျှတမှုရရှိရေးအတွက် နိုင်ငံတွင်းနဲ့ နိုင်ငံတကာ တရားရေးအာဏာပိုင်တွေကိုလည်း ဆက်လက်ကူညီသွားမှာ ဖြစ်ကြောင်း နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။

🥰24👍20❤9🤣2💩1🖕1
ရေဦးမြို့နယ်ကိုစစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲအရပ်သား၇ဦးသေဆုံးဟု ကနဦးသ
တင်းရရှိ
စက်တင်ဘာ-၇၊၂၀၂၆။မိထက်/People's Spring
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲ
ခဲ့တာကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်လို့ကနဦးသတင်းရရှိပါတယ်။
စက်တင်ဘာလ၇ရက်၊ ညနေ ၅နာရီကျော်မှာ ဗုံးကြဲတာဖြစ်ပြီးထိခိုက်သေဆုံးတဲ့အရပ်
သားတွေကို ဆွဲထုတ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
"အရပ်သားတွေရှိတဲ့နေရာကိုဂျိုင်ရိုကော်ပတာနဲ့ တည့်တည့်ကြဲသွားတာ။ နောက်ထပ် လေကြောင်းအန္တရာယ်သတိပေးချက်လည်းရထားတယ်။ အဲဒီကြားထဲကနေဆွဲထုတ်နေ
ရတယ်"လို့အဆိုပါဒေသခံကပြောပါတယ်။
ကားအလုပ်ရုံကိုဗုံးကြဲတာဖြစ်ပြီးအမျိုးသမီး
တစ်ဦး၊ အမျိုးသားခြောက်ဦး သေဆုံးတယ်လို့ သတင်းရရှိပါတယ်။
ရေဦးမြို့နယ်မှာစစ်တပ်ကမြို့ပေါ်ကိုသာထိန်းချုပ်ထားပြီး အနီးပတ်ဝန်းကျင်ရှိကျေး
ရွာတွေကို ထိန်းချုပ်နိုင်ခြင်းမရှိပါဘူး။ မြို့
နယ်အတွင်း လက်ရှိတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊မြို့နယ်ပတ်ဝန်းကျင်ကိုလေကြောင်း
တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။

😡42❤5👍3👏1🤬1🤣1
ရန်ကုန်-ပုသိမ်လမ်းပိုင်းမှာ အိမ်စီးကား ၁စီး လမ်းချော်ပြီး ကုက္ကိုပင် ဝင်တိုက်၊ လူ ၂ဦး သေဆုံး
စက်တင်ဘာ-၇၊၂၀၂၆။ရောင်နီ/People's Spring
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ် လမ်းပိုင်းမှာ အိမ်စီးကား ၁စီး လမ်းချော်ပြီး သစ်ပင်ကိုဝင်တိုက်လို့ ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၂ဦး သေဆုံးသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီနေ့(စက်တင်ဘာ၇) ညနေ ၆ နာရီခွဲလောက်မှာ ပုသိမ်ကနေ ရန်ကုန်မြို့ကို မောင်းနှင်လာတဲ့ Mark ll ကားက ရန်ကုန်-ပုသိမ်လမ်းမ မိုင်တိုင်အမှတ် (၃၄/၀) အနီးမှာ လမ်းချော်ပြီး ကုက္ကိုပင်ကို ကိုဝင်တိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယာဉ်တိုက်မှုကြောင့် ကားအရှေ့ပိုင်း ပျက်ဆီးသွားပြီးကားပေါ်မှာပါလာတဲ့ အမျိုးသား ၂ဦး အခင်းနေရာမှာသေဆုံးသွားတာကြောင့် သစ္စာရှင်လူမှုကယ်ဆယ်ရေးအသင်းက ညောင်တုန်းဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်-ပုသိမ် လမ်းမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း လမ်းအပျက်အစီးတွေရှိပေမယ့် ပြင်ဆင်ဆောင်ရွက်တာတွေ မရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

😢22❤3😱2🔥1
သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလမှာဆက်ရှိဖို့ တောင်ကိုရီးယားရောက်မြန်မာတွေ တောင်းဆို
စက်တင်ဘာ-၇၊၂၀၂၆။သုည/People's Spring
တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ပြည်ပရောက် မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိနိုင်ဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။
တောင်ကိုရီးယားရောက် မြန်မာတွေက ဘူဖျောင်းမြို့က မြန်မာစားသောက်ဆိုင်တွေမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်ထားရှိရေး ထောက်ခံရေးကမ်ပိန်း ပိုစတာတွေကို လိုက်လံကပ်ခဲ့ကြပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ နိုင်ငံတကာမှာ မြန်မာပြည်သူတွေရဲ့အသံကို တရားဝင်လမ်းကြောင်းကနေ ထုတ်ပြန်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်တဲ့အတွက် ထောက်ခံရခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားရောက် မြန်မာတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဗြိတိန်၊ အမေရိကန်၊ ဂျပန်စတဲ့ နိုင်ငံတွေမှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက် ကိုယ်စားပြုခွင့်ရအောင် ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

👍33❤8🥰4🤮1🤣1🖕1