People's Spring
60K subscribers
70.8K photos
1.22K videos
9 files
3.04K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
KIAဒုဗိုလ်ချုပ်ကြီး Rခေါင်လွန်းအပါအဝင် ရဲဘော် ၁၇၉၂ဦး ကိုNUG အစိုးရရဲ့အမြင့်ဆုံး စစ်ဘက်ဆိုင်ရာသူရဲကောင်းဘွဲ့၊ဆုနဲ့တံဆိပ်တွေ ချီးမြှင့်

‎စက်တင်ဘာ-၇၊၂၀၂၆။ထားမြတ်/People's Spring

‎စစ်အာဏာရှင်တော်လှန်ရေးမှာစစ်ရေးတာဝန်တွေစွမ်းစွမ်းတမံထမ်း‌ဆောင်ခဲ့တဲ့ PDFနဲ့ မဟာမိတ်တပ်တွေထဲက တော်လှန်‌ရဲဘော် ၁၈၀၀ နီးပါးကို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ဂုဏ်ပြုချီးမြှင့်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။

စစ်ရေးတာဝန်တွေကို စွမ်းစွမ်းတမံ ထူးခြားကျေပွန် အောင်မြင်စွာထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ပေးဆပ်မှု၊စွန့်လွှတ်မှုနဲ့ အမှု
ထမ်းဆောင်မှုတို့ကို အလေးအမြတ်ပြုတဲ့အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တည်ထောင်ခြင်း(၅)နှစ်ပြည့် အထိမ်း
အမှတ်အဖြစ်ချီးမြှင့်တာလို့အမျိုးသားညီ
ညွတ်ရေးအစိုးရ(NUG)ကစက်တင်ဘာ
၇ ရက် မှာထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့တံဆိပ် ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ဒီနေ့မနက်မှာ ပြုလုပ်ခဲ့တာပါ။ အွန်လိုင်းကနေပြုလုပ်တဲ့အဲဒီအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ကာကွယ်​ရေးဝန်ကြီးဦးရည်မွန် နဲ့အတူ အစိုး
ရတာဝန်ရှိသူ‌တွေနဲ့ တော်လှန်ရေးအင်အားစုတွေ၊ မဟာမိတ်တပ်ဖွဲ့တွေလည်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်။

ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ (HPR) ချီးမြှင့်ခံရသူ (၁) ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (LPR) ချီးမြှင့်ခံရသူ (၂၁) ဦး၊ ပြည်သူ့ဇာနည်ဆု (PMNS) ချီးမြှင့်ခံရသူ (၁၆၄၇) ဦး၊ ပြည်သူ့သားကောင်းဆု (PMLS) ချီးမြှင့်ခံရသူ (၈၁) ဦး၊ တော်လှန်ရေးအမှု
ထမ်းကောင်းတံဆိပ် (BRS) ချီးမြှင့်ခံရသူ (၄၂) ဦးစသဖြင့် စုစုပေါင်း ၁၇၉၂ ဦးကို ဆုချီးမြှင့်တာလို့ ထုတ်ပြန်ပါတယ်။ ဒီဆုတံဆိပ် ငါးမျိုးဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမြင့်ဆုံး အသိအမှတ်ထား ဂုဏ်ပြုချီးမြှင့်မှုဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ HPR ဆုကိုအမှတ်(၁) စစ်ဒေသ၊ စစ်ဒေသမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွန်းကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွန်းဟာ ၂၀၂၄ ခုနှစ်၊မေလ ၁၃ ရက်နေ့တွင်အသည်းကင်ဆာ
ရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

သူရဲကောင်း ဘွဲ့၊ ဆုနဲ့တံဆိပ် ချီးမြှင့်တာမှာပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)မှ (၁,၄၄၂)ဦး၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO)မှ (၃၂၄) ဦး၊ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းတွေက ၂၆ ဦးပါဝင်ပါတယ်။ ချီးမြှင့်ရာမှာ အဓိကအားဖြင့် ပြည်သူ့ကာ
ကွယ်ရေး တပ်မတော် စစ်ရုံးချုပ်ကို အချိန်မီရောက်ရှိလာတဲ့ အဆိုပြုလွှာများအပေါ်မှာ အခြေခံပြီး စိစစ်ရွေးချယ်ခဲ့တာဖြစ်ပြီး အ
ကြောင်းကြောင်းကြောင့် အဆိုပြုလွှာတွေ အချိန်မီမရောက်ရှိတဲ့အတွက်ဒီနှစ်သူရဲ
ကောင်း၊ ဘွဲ့၊ တံဆိပ် ချီးမြှင့်မှု အစီအစဉ်မှာ ကျန်ရစ်တဲ့ ရဲဘော်များလည်း ရှိနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောထားပါတယ်။ အဲ့ဒီရဲဘော်တွေကို လာမည့်နှစ် သူရဲကောင်းဘွဲ့၊ ဆု၊ တံဆိပ် ချီးမြှင့် အပ်နှင်းခြင်းအစီအစဉ်မှာ ထည့်သွင်း ချီးမြှင့် ပေးသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

"ဒီနေရာမှာ အထူးတလည် ပြောကြားလိုတာက ဒီနေ့အခမ်းအနားမှာ ဘွဲ့ဆုတံဆိပ်များ မရရှိခဲ့သော်လည်း တော်လှန်ရေး ၅ နှစ်တာ ကာလတလျှောက်လုံး မိမိတို့ကျရာ ကဏ္ဍအသီးသီးမှနေ၍ အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ ရွတ်ရွတ်ချွံချွံဖြင့် ခုခံတွန်းလှန်စစ်ကို ယနေ့တိုင် ဆက်လက်ပါဝင် ဆင်နွှဲနေကြတဲ့ တော်လှန်ရေး ရဲဘော်အားလုံးနှင့် တော်လှန်ပြည်သူတစ်ရပ်လုံးကိုလည်း အထူးပင် ဂုဏ်ယူလေးစား မှတ်တမ်းတင် အပ်ပါတယ်။ တော်လှန်ရေးခရီးကြမ်းမှာ ဆုတံဆိပ်များထက် ပြည်သူ့ လွတ်မြောက်ရေးကိုသာ ရှေးရှုပြီး တိုက်ပွဲဝင်နေ ကြတဲ့ ရဲဘော်တစ်ဦးချင်းစီရဲ့ ပေးဆပ်မှုများအတွက် အတိုင်းမသိ ကျေးဇူးတင် ဂုဏ်ယူပါကြောင်း ပြောလိုပါတယ်"လို့ ဒီနေ့အခမ်းအနားမှာ ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ ဦးရည်မွန်ကထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဘွဲ့၊ဆုနဲ့တံဆိပ်ချီးမြှင့်ရေးလုပ်ငန်းစဉ်မှာပထ
မအဆင့်အဖြစ် အဆိုပြုလွှာတွေကို ကွပ်ကဲမှုအဆင့်အလိုက်စိစစ်ခဲ့ပြီး ဒုတိယအဆင့်အ
ဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအတွင်း ကနဦး စိစစ်ရွေးချယ်မှုကို ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။တတိယအဆင့်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ “စစ်ဘက်ဆိုင်ရာသူရဲ
ကောင်းဘွဲ့၊ဆု၊တံဆိပ်စိစစ်ရွေးချယ်ရေးကော်မတီ” က ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကနဦး စိစစ်ရွေးချယ်မှုအပေါ် ထပ်ဆင့်စိစစ် အတည်ပြုရွေးချယ် ချီးမြှင့်ခဲ့ခြင်းဖြစ်
ကြောင်းထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်အောက်မှာ ပြည်သူတစ်ဦးက" ဒီထက်မကတောင် ဂုဏ်ပြုထိုက်တဲ့သူတွေပါ။ ပြည်သူတစ်ယောက်အနေနဲ့ လှိုက်လှိုက်လှဲလှဲ ထောက်ခံအပ်ပါတယ်" လို့မှတ်ချက်ပြုထားပါတယ်။

ဒီလို ဆုချီးမြှင့်ဝာာဟာ တော်လှန်ရေးရဲဘော်တွေကို စိတ်ခွန်အားဖြစ်စေပြီး မြေပြင်မှာလည်း ထိရောက်တဲ့ ပံ့ပိုးမှုတွေ လုပ်ဆောင်ပေးဖို့ PDF ရဲဘော်အချို့က တောင်းဆိုပါတယ်။
34👍10🥰2🤮2🤣1🖕1🫡1
"စစ်အာဏာရှင်ကို အဆုံးထိတိုက်မယ်ဆိုပြီး တော်လှန်ရေးထဲ မြှုပ်နှံထားတဲ့ ရဲဘော်တွေအများကြီးရှိတယ်။ သူတို့ရဲ့ ပေးဆပ်မှုတွေကို အသိအမှတ်ပြုပေးသလို သူတို့ရဲ့ မိသား
စုတွေ၊ ထိခိုက်ဆုံးရှုံးမှုတွေအတွက်လည်း အစိုးရရဲ့ ဦးစားပေးအစီအစဉ်အနေနဲ့ အထောပ်အပံ့တွေ ပေးစေချင်တယ်"လို့ ပခုက္ကူခရိုင်ထဲက ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဌ ဦးမြင့်ထွေးကလည်း တော်လှန်ရေးအတွက် စွန့်လွှတ်ထားတဲ့ ရဲဘော်တွေတစ်ဦးချင်းစီကို NUG အစိုးရက သေချာမှတ်တမ်းပြစုထားတယ်လို့ ပြောပါတယ်။

"ဒါကကျတော်တို့ အလေးအနက်ထားတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဂုဏ်ပြုအပ်သူတွေကိုမမေ့မလျော့ဖို့ လွှတ်တော်ကလည်း မှတ်
တမ်းတင်ထားပါတယ်"လို့ ဦးမြင့်ထွေးက ပြောပါတယ်။

စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ် ချီးမြှင့်ခြင်းအစီအစဉ်ကို နှစ်အလိုက် ဆောင်
ရွက်သွားမယ်လို့လည်း အမျိုးသားညီညွတ်
ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။

ဒီနေ့ စက်တင်ဘာလ ၇ ရက်နေ့ဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် ပြည်သူတစ်ရပ်လုံး တညီ တညွတ်တည်း ထကြွတွန်းလှန်ခဲ့ကြတဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် (၅) နှစ်ပြည့်မြောက်တဲ့ သမိုင်းဝင် နေ့ရက်ဖြစ်ပြီး လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း မိမိတို့၏ အသက်၊ ခန္ဓာနဲ့ကိုယ်ကျိုးစီးပွားတွေကို မငဲ့ကွက်ဘဲ စစ်ရေးတာဝန်တွေကို ရဲဝံ့စွာစွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြတဲ့ သူရဲကောင်းတွေရဲ့ ဂုဏ်ကျေးဇူးကို အမျိုး
သားညီညွတ်ရေးအစိုးရအနေနဲ့ လေးနက်စွာ အသိအမှတ်ထား ဂုဏ်ပြုတယ်လို့ ဝန်ကြီးဦးရည်မွန်က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါလ ၁ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူထုခုခံတော်လှန်စစ်စတင်ခဲ့တာ ၅နစ် ကျော်လာပြီဖြစ်ပါတယ်။ စစ်တပ်က နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်ကလွဲလို့ ကျန်တိုင်းနဲ့ ပြည်နယ်‌တွေမှာ နယ်မြေအများစုကို လက်လွှတ်ထားရပြီး လက်ရှိမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။အာဏာ
သိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအုပ်စုကို နိုင်ငံတကာကလည်း အသိအမှတ်ပြုမထားဘဲ စစ်အာဏာရှင်အပြီးသတ်ကျဆုံးတဲ့အထိ လူထုအားနဲ့ ဆက်လက်တိုက်ပွဲဝင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။

မှတ်ချက်-သတင်းကိုထပ်မံဖြည့်စွက်ထားပါတယ် ။



𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#NUG#ရဲဘော်၁၈၀၀ #ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)
#အမျိုးသားညီညွတ်ရေးအစိုးရ
👍2914🥰2🤮2🤣1🖕1🫡1
35🫡4🥰3🤮3😁1🤣1🖕1
အမျိုးသားညီညွတ်ရေးအစိုးရ စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နှင့် တံဆိပ်ချီးမြှင့်ပွဲအခမ်းအနားကျင်းပနေစဉ်။ ဓာတ်ပုံ - NUG
27👍6🥰4🤮3🤣1🖕1🫡1
■အ​တွေးအမြင်

မန္တလေးမြို့က ဝမ်းနည်းမှတ်တမ်း

ဝဇီရာ/People's Spring

မနေ့က မန္တလေးမြို့မှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရှိုးပွဲ လူနှစ်သောင်းကျော် လာရောက်အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ တချို့ဆို လူများလွန်းလို့ ရာသီဥတုကလည်း ပူနေတာကြောင့် မူးလဲတာတွေအထိ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ အတော်​လေး အောင်မြင်ခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။

တကယ်တော့ စိုင်းစိုင်းခမ်းလှိုင် ရှိုးပွဲလာလုပ်ချိန် မန္တလေးမြို့မှာ လူငယ်တွေ အကြီးအ
ကျယ် ပေါ်တာဆွဲခံနေရတာပါ။ အလုပ်သွားအလုပ်ပြန် ဆေးသုတ်သမား၊ ပန်းရံသမားလေးတွေ၊ နေ့စားအလုပ်သမားလေးတွေ၊ ပုဂ္ဂလိကဝန်ထမ်းလေးတွေဟာ အိမ်ပြန်ရောက်မလာတော့ဘဲ စစ်သင်တန်းကျောင်းတွေဆီ ခေါ်ဆောင်သွားခြင်း ခံနေရတဲ့အချိန်ပါ။ ညတင်မဟုတ်။ နေ့ခင်းမှာတင် အဆွဲခံနေရတာပါ။ ညဘက်ထွက်ဖို့တောင် ခက်ခဲနေကြချိန် ညဘက်လုပ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲအောင်မြင်တာဟာ အံ့သြစရာပါ။

စစ်တပ်က လက်နက်အားကိုးနဲ့ ပြည်သူ့အစိုးရက အနိုင်ကျင့်ပြီး၂၀၂၁ အာဏာသိမ်းတော့ အနုပညာရှင်တွေလည်း ပြည်သူတွေရဲ့ရှေ့ကနေလက်သီးလက်မောင်းတန်းပြီး
ဆန္ဒပြခဲ့ကြတယ်။ အဲဒီအချိန်က Mask တပ်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုလည်း ဆန္ဒပြပွဲတစ်ခုမှာ မှုန်မှုန်ဝါးဝါး မြင်လိုက်ရပါသေးတယ်။ အနုပညာရှင် အနည်းစုက စိတ်ပါလက်ပါနဲ့ အာဏာရှင်ကို တကယ်ကို လက်မခံချင်တဲ့စိတ်နဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အများစုကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို ရ
အောင် လှိုင်းစီးခဲ့တာသာ ဖြစ်ပါတယ်။ ၅ နှစ်အကြာမှာ သူတို့ဘာတွေလုပ်နေလဲဆိုတာကိုကြည့်လိုက်တာနဲ့ အဖြေပေါ်ပါလိမ့်မယ်။

လက်ရှိ အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အတွင်းမှာ ပုံမှန်အခြေအနေဖြစ်နေပြီဆိုတာကို နိုင်ငံတကာနဲ့ ပြည်တွင်းလူထုကို ပြသချင်တဲ့အတွက် ဖျော်ဖြေပွဲတွေ၊ ပွဲလမ်းသဘင်တွေ၊​ဘောလုံးပွဲအပါအဝင် အားကစားပြိုင်ပွဲ​တွေ ၊​ဈေးပွဲ​တော်တွေကို မစည် စည်​အောင်ဖိအား​ပေးပြီး​တောင် လုပ်​လေ့ပါတယ်။

​စစ်အာဏာရှင်​တွေရဲ့ အဓိကသက်တမ်းရှည်ရေး မဟာဗျူဟာဖြစ်တဲ့ တိုင်းပြည်မှာ ပုံမှန်အခြေအနေပြန်ရောက်နေပြီဆိုတဲ့ ပုံရိပ်ကို ဖန်တီးပြဖို့အတွက် အခုလို လူနှစ်သောင်းကျော်နဲ့ အောင်မြင်တယ်ဆိုတဲ့ ရှိုးပွဲမျိုးတွေဟာ အဆိုပါ စစ်အုပ်စု လိုချင်တဲ့ ပုံရိပ်ကို အကောင်းဆုံး ဖန်တီးပေးလိုက်သလို ဖြစ်သွားပါတယ်။ တိုင်းပြည် မငြိမ်မသက်ဖြစ်နေချိန်၊ လူငယ်တွေ အဓမ္မစစ်မှုထမ်းခိုင်းခံနေရချိန်မှာ ပွဲကြီးလမ်းကြီးတွေ ကျင်းပခွင့်ပေးတယ်ဆိုတာက စစ်အုပ်စုရဲ့ ခွင့်ပြုချက်၊ လုံခြုံရေး အပြည့်အဝပေးမှု မပါဘဲ လုံးဝ မဖြစ်နိုင်ပါဘူး။ စိုင်းစိုင်းခမ်းလှိုင် ရှိုးပွဲလုပ်တဲ့ကွင်းရဲ့ အနီးက တိုက်တွေပေါ်မှာ လက်နက်
ကိုင်ထားပြီး စစ်အုပ်စုကလုံခြုံရေးယူပေးထားတယ်လို့လည်း စုံစမ်းသိရတယ်။

ဒါကြောင့် ဒီလိုပွဲမျိုးဟာ တစ်နည်းအားဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ ပုံရိပ်ဆိုးတွေကို ဖုံးကွယ်ပေးပြီး သာမန်အတိုင်း ရှိနေသယောင် ဝါဒဖြန့်ရာမှာ သွယ်ဝိုက်ပြီး ပုံဖော်ပေးသလို ဖြစ်သွားစေပါတယ်။စိုင်းစိုင်းခမ်းလှိုင်အပါအဝင် သဘင်၊ ဂီတ၊ ရုပ်ရှင်အနုပညာရှင်တွေကလည်း စစ်တပ်ရဲ့ ရည်မှန်းချက် ပြည့်ဝအောင် အင်တိုက်အားတိုက်ကို အားဖြည့်နေကြတာပါ။

ကျွန်တော်တို့တတွေဟာ နေ့စဥ် အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေ နိုင်ငံ
တကာကသိအောင် အော်နေကြပါတယ်။ ကူပါ ကယ်ပါဆိုတဲ့ အသံတွေဟာ အော်ရလွန်းလို့ လည်ချောင်းတွေလည်း နာလှပြီ။ ခက်တာက အဲဒီလို အကူအညီတောင်းသံတွေ ဖုံးလွှမ်းသွားအောင် ဇာတ်သဘင်ကလည်း ကူညီတယ်။ ရုပ်ရှင်ကလည်း ပံ့ပိုးတယ်။ ဂီတကလည်း အားဖြည့်တယ် ။​ဘောလုံးပွဲ​တွေကလည်းကူညီ​နေကြပြန်ပါတယ်။

ဒါ့အပြင် အနုပညာဆိုတာ လူထုရဲ့ အကျပ်
အတည်းနဲ့ ခံစားချက်တွေအပေါ် ရပ်တည်ဖို့လိုပါတယ်။ ပြည်သူတွေ ​သွေးမြေကျနေချိန်၊ မျိုးဆက်သစ်လူငယ်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရချိန်၊ ဖမ်းဆီးခံနေရချိန်မှာ ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းနဲ့ငွေကြေးအကျိုး
အမြတ်အတွက် ဒီလိုပွဲမျိုးကို လက်ခံကျင်းပတဲ့ အနုပညာရှင်ဆိုသူတွေရဲ့ ကျင့်ဝတ်နဲ့ လူထုအပေါ် သစ္စာစောင့်သိမှုပိုင်းကို မေး
ခွန်းထုတ်ရတော့မှာ ဖြစ်ပါတယ်။

တကယ်တော့ ကျနော်တို့လည်း ခေတ်အခါကောင်းစဥ်က စိုင်းစိုင်းခမ်းလှိုင်သီချင်းတွေကို ကြိုက်နှစ်သက်အားပေးတဲ့သူတွေထဲမှာပါပါတယ်။ မျိုးကျော့မြိုင်ရေးပြီး စိုင်းစိုင်းခမ်းလှိုင်ဆိုခဲ့တဲ့ "မိန်းကလေးတစ်ယောက်ကို ချစ်မိရင်"ဆိုတဲ့ သီချင်းဟာ ကျွန်တော်တို့ လူငယ်ဘဝမှာ ခံစားလို့ကောင်းခဲ့တာပေါ့။

"အိမ်ပြန်ချိန်တွေ အတူလျှောက်လည်၊ နေဝင်ချိန်ဆို အတူရှိမယ်။ ကိုယ်တကယ်ချစ်သော မိန်းကလေးနဲ့ အတူရှိတဲ့ဘဝ ဘယ်လောက်ကောင်းလိုက်မလဲ"တဲ့။

ကိုစိုင်းရေ။ ခင်ဗျားသီချင်းထဲကလို လူငယ်တွေဟာ နေဝင်ချိန်၊ အိမ်ပြန်ချိန်တွေမှာ ကိုယ်ချစ်ရတဲ့သူနဲ့ ကြည်ကြည်နူးနူး လျှောက်လည်ခွင့်လည်း ဒီခေတ်မှာ သိပ်မရကြတော့ပါဘူး။ မကောင်းဆိုးရွားတွေ သောင်းကျန်းနေလို့ လူငယ်တွေဟာ နေမဝင်ခင် အိမ်ပြန်ပြေးရတဲ့ခေတ်ကို ရောက်နေတာ။ဒါ​ပေမယ့် ပြသာနာက ခင်ဗျားတို့ကို ​​သေနတ်​တွေနဲ့​စောင့်​ရှောက်​ပေးတဲ့ စစ်အုပ်စုက ပြည်သူ​တွေဆိုရင် ​နေ့မ​ရှောင် ညမ​ရှောင် ​ပေါ်တာဆွဲပြီး ရက်တိုသင်
👍287🤣3🖕3😢1💩1
တန်း​ပေး​ရှေ့တန်းပို့လို့ ​နေစဥ်နဲ့အမျှ လူငယ်​တွေ ပုရွက်ဆိတ်က​လေး​တွေလို စစ်အာဏာ
ရှင်အတွက်​သေ​​ပေးနေရပါတယ်။

ဒီတခါ ရှိုးပွဲဆိုရင် စင်အောင်က လူငယ်တွေရဲ့ မျက်လုံးတွေကို သေချာကြည့်လိုက်စမ်းပါ။ သူတို့မျက်လုံးထဲ အနာဂတ်တွေ တွေ့ရဲ့လားလို့။ ။
👍36🖕3🤣2🔥1🤯1🤮1💩1
🤣20😢7🖕4👎1🔥1🤮1
မုံရွာမှာ ဒုရဲအုပ်လင်မယားပစ်ခတ်ခံရပြီး သေဆုံး

​စက်တင်ဘာ-၇၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက် မနက် ၁၀ နာရီခွဲခန့်က မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနီးရှိ ဆောက်လက်စ အကျဥ်းထောင်ဂိတ်က ဒုရဲအုပ်ထွန်းကိုကိုနဲ့ ၎င်းရဲ့ဇနီးကို ပစ်ခတ်ခဲ့ရာ ၂ဦးလုံး သေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"လုံခြုံရေးအရ ဘယ်လိုရှင်းလင်းခဲ့တာကို အသေးစိတ် ပြောပြလို့မရလို့ပါ။ လမ်းကနေ ဖြတ်ရှင်းခဲ့တာပါ"လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

ဒုရဲအုပ်ကိုင်ဆောင်တဲ့ ပစ္စတို ၁လက်နဲ့ စကားပြောစက် သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ပြောပါတယ်။

၎င်းဒုရဲအုပ်လင်မယားဟာ အကျဉ်းထောင် ဂိတ်ကနေအနီးအနားရှိ လယ်ယာလုပ်သားတွေ၊ ဆိတ်ကျောင်း ၊ နွားကျောင်းတဲ့ ပြည်သူတွေကို ဖမ်းဆီး ငွေညှစ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Titans Force -Monywa LPDF ( မုံရွာမြို့နယ်၊ တိုက်နယ် (၂) ပကဖ တိုက်ခိုက်ရေးအဖွဲ့)က ပြုလုပ်ခဲ့တာလို့ အသိပေးထားပါတယ်။

မုံရွာမြို့နယ်ဟာ တော်လှန်ရေးအားကောင်းတဲ့ဒေသဖြစ်ပြီး လက်ရှိမှာ အာဏာသိမ်းစစ်တပ်က နေ့စဥ် အိမ်စီးကားတွေနဲ့ပတ်ကာ မြို့ပေါ်က လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေပြီး လူငယ်အများအပြား ဖမ်းဆီးခံနေရပါတယ်။
👏30👍71👎1🤣1🖕1
(သိမ်းဆည်းရမိတဲ့ ပစ္စတိုနဲ့ စကားပြောစက်။ ဓါတ်ပုံ - မုံရွာပကဖ)
👏39👍7🥰3👎1🤣1
မြန်မာမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေတယ်လို့ IIMM အကြီးအကဲပြော

စက်တင်ဘာ-၇၊ ၂၀၂၆။ People’s Spring

မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားပါတယ်။

ဒီနေ့ ကျင်းပတဲ့ (၆၃)ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီပုံမှန်အစည်းအဝေးမှာ IIMM အကြီးအကဲက IIMM ရဲ့ အဋ္ဌမမြောက် နှစ်ပတ်လည်အစီရင်ခံစာကို တင်သွင်းရင်း မိန့်ခွန်းပြောကြားခဲ့တာပါ။

“မြန်မာစစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးအားထားနေပြီး အရပ်သားတွေက အဓိက ထိခိုက်နစ်နာရသူတွေ ဖြစ်နေပါတယ်”လို့ IIMM အကြီးအကဲက ကုလလူ့အခွင့်အရေးကောင်စီကို တင်ပြပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဆက်ပြီး ဆိုးရွားလာနေတာကို သူက ကောင်စီကို အစီရင်ခံပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်လောက်က စစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တရားစခန်း ဖွင့်နေတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုပေါင်း ၆၀၀ ကျော်ထဲက တစ်ခုဖြစ်တယ်လို့ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။

“ဒါ့အပြင် စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေဟာ မကြာခဏ ပစ်မှတ်ထားခံနေရပါတယ်”လို့ သူက ဆက်ပြောပါတယ်။

မြန်မာစစ်တပ်ဟာ လေယာဉ်တွေထက် ကြိုတင်သိရှိဖို့ ပိုခက်ခဲတဲ့ ပါရာမော်တာတွေနဲ့ ဒရုန်းတွေကို ပိုပြီးအသုံးပြုလာတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ခိုလှုံဖို့ အချိန်နည်းလာတယ်လို့ IIMM အကြီးအကဲက ပြောပါတယ်။ စစ်တပ်ဟာ ‘နှစ်ကြိမ်ဆင့်တိုက်ခိုက်မှု’ နည်းလမ်းကို ပိုသုံးလာတာကို IIMM က သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ ပထမအကြိမ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေကို ကူညီပေးတဲ့ ကယ်ဆယ်ရေးသမားတွေကို ထိခိုက်စေဖို့ ဒုတိယအကြိမ် ထပ်ဆင့်တိုက်ခိုက်တာမျိုး ကျူးလွန်နေတယ်လို့ ဆက်ပြောပါတယ်။

IIMMရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ တိုးတက်မှုတွေရှိနေပြီး ဒီတိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့ တပ်ဖွဲ့အများအပြားနဲ့ သူတို့ အခြေစိုက်ရာ လေတပ်စခန်းတွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာလည်း ပဋိပက္ခတွေ သိသိသာသာ ပြင်းထန်နေပြီး လက်နက်ကိုင်အဖွဲ့ အမျိုးမျိုးက ကျူးလွန်တယ်ဆိုတဲ့ လူသတ်မှု၊ ဥပဒေမဲ့ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အင်အားသုံးပြီး နယ်မြေမှ ဖယ်ရှားမှုနဲ့ဆိုင်တဲ့ စွပ်စွဲချက်တွေကို IIMMက စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

IIMMဟာ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ ဂြိုဟ်တုပုံရိပ်တွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေ၊ ဘဏ်ငွေလွှဲ ပြောင်းမှုတွေနဲ့ လက်နက်ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အချက်အလက်တွေ အပါအဝင် ရင်းမြစ် ပေါင်း ၁,၆၀၀ ကျော်ကနေ အထောက်အထားအများအပြားကို စုဆောင်းရရှိထားပါတယ်။ နောက်ပြီး သက်သေထွက်ဆိုချက်ပေါင်း ၇၅၀ ကျော်ကိုလည်း စုဆောင်းထားတယ်လို့ အသိပေးပါတယ်။

အဲဒီဒီအထောက်အထားတွေက ဘယ်လိုရာဇဝတ်မှုတွေ ဖြစ်ပျက်ခဲ့တယ်၊ ဘယ်သူတွေမှာ တာဝန်ရှိတယ်၊ ဒီရာဇဝတ်မှုတွေအတွက် ဘယ်သူတွေက ငွေကြေးထောက်ပံ့ခဲ့တယ်၊ ပံ့ပိုးကူညီခဲ့တယ် ဒါမှမဟုတ် အကျိုးအမြတ်ရရှိခဲ့တယ် ဆိုတာတွေကို နားလည်နိုင်ဖို့ အထောက်အကူပြုတယ်လို့ နီကိုလတ်စ်ခွန်ဂျန်က ရှင်းပြပါတယ်။

IIMMဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရရှိရေး ကြိုးပမ်းနေတဲ့ သက်ဆိုင်ရာ တရားရေးအာဏာပိုင်တွေထံကို အထောက်အထားနဲ့ စိစစ်သုံးသပ်ချက် အများ အပြား မျှဝေပေးထားပြီး ဒီအထဲမှာ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)နဲ့ အာဂျင်တီးနားနိုင်ငံ တို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင်၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ကုလလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့က တရားရေးအာဏာပိုင်တွေထံ မျှဝေထားပြီး ဖြစ်တယ်လို့ IIMMအကြီးအကဲက ပြောပါတယ်။

IIMMဟာ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်းနဲ့ ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာကို သက်သေပြနိုင်မယ့် အထောက်အထားတွေကို ဆက်လက်စုဆောင်းသွားမှာဖြစ်ကြောင်းနဲ့ ဒီအထောက်အထားတွေကို အသုံးပြုပြီး တရားမျှတမှုရရှိရေးအတွက် နိုင်ငံတွင်းနဲ့ နိုင်ငံတကာ တရားရေးအာဏာပိုင်တွေကိုလည်း ဆက်လက်ကူညီသွားမှာ ဖြစ်ကြောင်း နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။
🥰24👍208🤣2💩1🖕1
33👍7🖕2🥰1🤣1
ရေဦးမြို့နယ်ကိုစစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲအရပ်သား၇ဦးသေဆုံးဟု ကနဦးသ
တင်းရရှိ

စက်တင်ဘာ-၇၊၂၀၂၆။မိထက်/People's Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲ
ခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်လို့ကနဦးသတင်းရရှိပါတယ်။

စက်တင်ဘာလ၇ရက်၊ ညနေ ၅နာရီကျော်မှာ ဗုံးကြဲတာဖြစ်ပြီးထိခိုက်သေဆုံးတဲ့အရပ်
သားတွေကို ဆွဲထုတ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

"အရပ်သားတွေရှိတဲ့နေရာကိုဂျိုင်ရိုကော်ပတာနဲ့ တည့်တည့်ကြဲသွားတာ။ နောက်ထပ် လေကြောင်းအန္တရာယ်သတိပေးချက်လည်းရထားတယ်။ အဲဒီကြားထဲကနေဆွဲထုတ်နေ
ရတယ်"လို့အဆိုပါဒေသခံကပြောပါတယ်။

ကားအလုပ်ရုံကိုဗုံးကြဲတာဖြစ်ပြီးအမျိုးသမီး
တစ်ဦး၊ အမျိုးသားခြောက်ဦး သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

ရေဦးမြို့နယ်မှာစစ်တပ်ကမြို့ပေါ်ကိုသာထိန်းချုပ်ထားပြီး အနီးပတ်ဝန်းကျင်​ရှိကျေး
ရွာတွေကို ထိန်းချုပ်နိုင်ခြင်းမရှိပါဘူး။ မြို့
နယ်အတွင်း လက်ရှိတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊မြို့နယ်ပတ်ဝန်းကျင်ကိုလေကြောင်း
တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။
😡425👍3👏1🤬1🤣1
ဗုံးကြဲခံရပြီး​နောက်ကားအလုပ်ရုံမှာ အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့
🤬43😢74👏1🎉1