ရန်ကုန်မှာနေ့ခင်းကြောင်တောင်လူငယ်တစ်ဦးကို အဓမ္မဖမ်းခေါ်တဲ့ရုပ်သံထွက်ပေါ်လာ
■ပေါ်တာဆွဲတာမဟုတ်ဘဲ ဖုန်းနဲ့ပိုက်ဆံပါတဲ့လွယ်အိတ်ယူပြေးသူကို လိုက်ဖမ်းတာဟုကာယကံရှင်ကရှင်းလင်း
စက်တင်ဘာ-၇၊ ၂၀၂၆။ဟာနာဆန်/People's Spring
ရန်ကုန်မြို့မှာ လူငယ်တစ်ဦးကိုနေ့ခင်းကြောင်တောင် အဓမ္မဖမ်းဆီးနေတဲ့ ရုပ်သံမှတ်တမ်းတစ်ခု လူမှုကွန်ရက်မှာဒီကနေ့ ထွက်ပေါ်လာပါတယ်။
အဆိုပါ ရုပ်သံမှာ ရန်ကုန်မြို့က တိုက်တန်းကြားတစ်ခုမှာ ဘောင်းဘီတိုအနက်၊ အပြာရောင်တီရှပ်ဝတ်ထားတဲ့ အသက် ၂၀ ကျော် ဝန်းကျင်လူငယ်တစ်ဦးကို အသားရောင်ဘောင်းဘီရှည်၊ အင်္ကျီအနက်ဝတ်ထားတဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ဖမ်းဆွဲခေါ်ဆောင်နေတာ တွေ့ရပါတယ်။
အဆွဲခံရတဲ့လူငယ်က "အကိုက ဘယ်သူလဲလို့။ ကျွန်တော်အကို့လည်း မသိဘဲနဲ့ ဘာလို့အဲလိုကြီး ဆွဲနေရတာလဲ။ တကယ်ကြောက်တယ်။ မလိုက်ရဲဘူး။ ကျွန်တော်ကြောက်တယ်။ အကိုခဏလေးပါအကို။...ကျွန်
တော်မယူသွားပါဘူးအကိုရယ်။ ကျွန်တော်ဖုန်းပြောနေတာပါအကိုရယ်။"လို့ ပြောနေပါတယ်။
"မင်းယူသွားတာ ဟိုအချိုးနားကနေ ငါတွေ့လိုက်တယ်"လို့ ဆွဲနေသူက ပြောဆိုနေတာကြားရပါတယ်။
သမိုင်း၊ အလယ်ဗဟိုလမ်းမှာ ပေါ်တာဆွဲတာလို့ လူမှုကွန်ယက်မှာမျှဝေနေသူတွေက ရေး
သားထားပါတယ်။ ဒါပေမယ့်ပေါ်တာဆွဲခံရခြင်းဟုတ်၊မဟုတ် လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။
လူငယ်ကို အမျိုးသားတဦးကဖမ်းဆီးတာဟာပေါ်တာဆွဲတာမဟုတ်ဘဲ အိတ်ယူပြေးသွားတဲ့အတွက်လိုက်ဖမ်းတာဖြစ်တယ် လို့ လိုက်
ဖမ်းတဲ့အမျိုးသားက စက်တင်ဘာ ၇ ရက်ညမှာဖေစ်ဘွခ်မှာ အောက်ပါအတိုင်းရေးသားရှင်းလင်းထားပါတယ်။
"ယခုလိုင်းပေါ်မှာဖစ်ပေါ်နေတဲ့ပေါ်တာဆွဲနေတယ်ဆိုတာ သတင်းအမှန် မဟုတ်ပါဘူးဗျာ အင်္ကျီအမဲနဲ့ဆွဲနေတဲ့လူက ကျွန်တော်ပါ
ဖြစ်စဥ်က- မရမ်းကုန်းမြို့နယ် ရွှေတဆုပ် လမ်း မြေညီ အိမ်ရှေ့မှ ကျွန်တော့်စက်ဘီး ရပ်ထားတာပါ စက်ဘီးရှေ့ခြင်းထဲက လွယ်အိပ် အစိမ်းရောင်ကို ခိုးသွားတာမို့ လိုက်ဖမ်းရခြင်းဖစ်ပါတယ်(အိတ်ထဲတွင်ဖုန်းနှင့်ပိုက်ဆံပါလို့ပါ) သူယူနှိုက်ပီးပြေးသွားတဲ့အချိန် ကွမ်းယာဆိုင်မှ အန်တီက သားရေနင့်အိတ်ပါသွားပီပြောလို့ အပြေးလိုက်ဖမ်းတာပါ ဖမ်းမိခဲ့တဲ့လမ်းကရွှေဝါထွန်းလမ်းပါ ခိုးသူက အိတ်ကို လမ်းမတစ်နေရာ ပစ်ထားခဲ့တာပါ ရပ်ကွက်မှ လူများ ကူညီပေးမှုကြောင့် အိတ်ရော ဖုန်းရော ပိုက်ဆံတွေပါ ပြန်ရခဲ့ခြင်းပါတယ်"လို့ လူငယ်ကိုလိုက်ဖမ်းခဲ့တယ်ဆိုတဲ့သူက AC Doctor Air-con technical services
ဖေစ်ဘွခ်ပေချ်မှာရေးသားထားပါတယ် ။
ထိုဖြစ်စဥ်မှာ လူမှုကွန်ယက်စာမျက်နှာတွင်တစ်နေကုန်ပျံ့နှံ့နေပါလျက် ဘာကြောင့် စောစောစီးစီး မဖြေရှင်းလဲ ဟု ဖေစ်ဘွခ်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုရာ အလုပ်များနေတဲ့အတွက် ယခုမှဖြေရှင်းခြင်းဖြစ်တယ်လို့အဆိုပါပေချ်က တုံ့ပြန်ထားပါတယ် ။
လူငယ်ကိုအဓမ္မဖမ်းဆီးဆွဲခေါ်တာကိုလမ်းသွားလမ်းလာအချို့နဲ့ အနီးရှိပြည်သူတွေက မကူညီဘဲ ဒီတိုင်းကြည့်နေကြတာကိုတွေ့ရပါတယ် ။အနီးဝန်းကျင်ကပြည်သူတွေကမကူ
ညီတဲ့အတွက်ရော၊လူငယ်ကိုယ်တိုင်ကရုန်းပြီးလွတ်အောင်မပြေးတဲ့အတွက်ရော လူမှုကွန်ယက်အသုံးပြုသူတွေက ဝေဖန်နေကြပါတယ် ။
ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ ပျူစောထီးတွေ၊ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတွေ၊စစ်သားနဲ့ရဲတွေက အရပ်ဝတ်တွေနဲ့ ပေါ်တာဆွဲတာတွေသောင်းကျန်းနေပါတယ်။ ပေါ်တာဆွဲတဲ့အခါ စစ်ဆေးစရာရှိလို့ ဖမ်းဆီးတာ ၊ဖုန်းကိုစစ်ပြီးဖမ်းဆီးတာ၊လူအုပ်စုနဲ့အင်အား
သုံးဝိုင်းဖမ်းတာ စတဲ့နည်းမျိုးစုံကိုသုံးဖမ်း
ဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စက်တင်ဘာ ၃ ရက်နေ့ကလည်း ရန်ကုန်မြို့
၅၇ လမ်းမှာ လူငယ်နှစ်ဦးကို လူတစ်စုက
လက်ထိပ်ခတ်ပြီး ကားပေါ်တင် ဖမ်းခေါ်သွားပါတယ် ။အနီးဝန်းကျင်ကပြည်သူတွေကို အော်ဟစ်အကူအညီတောင်းခဲ့ပေမယ့်
ရန်ပြုခံရမှာစိုးလို့ မကူညီခဲ့ကြဘူးလို့ အနီးဝန်းကျင်ကပြည်သူအချို့ကပြောပါတယ်။
ရန်ကုန်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုဆိုးရွားလာနေပြီး စစ်တပ်ခန့်ရပ်ကွက်အုပ်ကြီးတွေကို၁ရက် လူ ၅ယောက်ဆွဲပေးရမယ်လို့ ဖိအားပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်းစိန်မြို့နယ်မှာလည်း အရံမီးသတ်အရာရှိ နေအိမ်မှာ အချုပ်ခန်းပြုလုပ်ပြီး လူ
ငယ်တွေကိုစစ်တပ်ဆီရောင်းစားဖို့ချုပ်နှောင်
ထားတာတွေဖြစ်ပွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Chinland FC အသင်းကဘောလုံးသမား ၁ဦး နေအိမ်ပြန်လာစဥ် မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တစ်ပတ်ကြာ ပျောက်ဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ အဆက်အသွယ်ရ ပြန်တွေ့ပြီလို့ အသင်းကထုတ်ပြန်ခဲ့ပေမယ့် ဘောလုံးသမားကိုလူတစ်စုကဖမ်းခေါ်သွားတာကြောင့် နေပြည်တော် အမြန််လမ်းဘက်ကို သွားခေါ်ခဲ့ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိသူအချို့ကပြောပါတယ် ။
ဒါ့အပြင် MFF Futsal League(1) မှာ ကစားနေတဲ့ Gold Dream FC အသင်းက ကစား
သမား ၂ဦးလည်း ပျောက်ဆုံးနေကြောငိး လွန်ခဲ့တဲ့ နှစ်ပတ်နီးပါးက အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။

🤬28🤣3❤2🔥2👎1🖕1
This media is not supported in your browser
VIEW IN TELEGRAM
🤬40❤7👎2🔥2🤣2😭2🖕1
ဆိပ်ဖြူမှာ ပါရာမော်တာတစ်စီးပျက်ကျ
စက်တင်ဘာ-၇၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ ပါရာမော်တာတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
ဆိပ်ဖြူအခြေစိုက်အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၂)ကနေတက်လာတဲ့ ပါရာမော်တာက စက်တင်ဘာ ၇ ရက် မနက်
၁၀ နာရီ ၁၆ မိနစ်၀န်းကျင်မှာ ရွှေဘိုကျွန်းရွာအနီး ပျက်ကျခဲ့တာလို့ ဆိုပါတယ်။
"ကပစ ၂၂ ေးခြံအနီးတဝိုက်မှာဘဲပျံသန်းဝဲနေချိန်ပျက်ကျတာ။စက်ချို့ယွင်းတာလို့ ယူ
ဆတယ်။သူတို့(စစ်တပ်)နယ်နမိတ်ထဲပဲ ပျက်ကျတယ်ပြောရမယ်"လို့ ဆိပ်ဖြူမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဖြစ်စဉ်အသေးစိတ်နဲ့ ထိခိုက်မှုအခြေအနေတွေကို ဆက်လက်စောင့်ကြည့်ပြီး ထပ်မံအသိပေးမယ်လို့ သူက ဆက်ပြောပါတယ်။
"လေထီးလန်ပြီးစက်ကိုအုပ်ပြီးပြုတ်ကျတယ်လို့ သိရတယ်"လို့ဆိပ်ဖြူမြို့နယ်ကာကွယ်
ရေးတပ်တွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။
ပါရာမော်တာပျက်ကျမှုနဲ့ပတ်သက်လို့ အာ
ဏာသိမ်း စစ်တပ်ကထုတ်ပြန်တာမရှိသေးပါဘူး။
မကွေးတိုင်းထဲက ပခုက္ကူနဲ့ ပေါက်မြို့နယ်တွေမှာ စစ်တပ်ရဲ့ ပါရာမော်တာတွေကို တော်
လှန်ရေးတပ်တွေက ပစ်ချဖျက်ဆီးနိုင်ခဲ့တာရှိပါတယ်။ဒါ့အပြင် ပဲခူး၊မုံရွာ ၊ ကရင်နဲ့ ရခိုင်
ပြည်နယ်က တိုက်ပွဲတွေမှာပါရာမော်တာတွေ ပျက်ကျခဲ့တာရှိတယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။
၂၀၂၅ ခုနှစ်ကစပြီး စက်တပ်လေထီးတွေကို အာဏာသိမ်းစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေပြီး အထူးသဖြင့် ကျေးရွာတွေကို ဗုံးကြဲမှုကြောင့် အရပ်သားသေဆုံးမှုရာနဲ့ချီရှိနေပါတယ်။
#ပါရာမော်တာ #စက်တပ်လေထီး
#ဆိပ်ဖြူမြို့နယ် #Peoplesspring

👍23👏9❤7🥰2😁2👎1
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her လှုပ်ရှားမှုစတင်
စက်တင်ဘာ-၇၊၂၀၂၆။တေဇ/People's Spring
Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။
"Proof of lifeကအစပဲဖြစ်ပါတယ်။ အခုတော့အမေ့ရဲ့လွတ်လပ်မှုအတွက် ကျနော်တောင်းဆိုရပါမယ်။ အမေရဲ့အခြေခံအခွင့်အရေးတွေ၊ မိသားစုနဲ့ဆက်သွယ်တွေ့ဆုံခွင့်နဲ့ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက်တောင်းဆိုမယ့် FREE HER လှုပ်ရှားမှုကိုစတင်နေပါတယ်။ဒီနောက်တစ်ဆင့်မှာလည်း ကျွန်တော်နဲ့အတူ ဆက်လက်ရပ်တည်ပြီး ခင်ဗျားတို့ရဲ့ အသံကို ထပ်မံပါဝင်ပေးကြဖို့ မျှော်လင့်ပါတယ် "လို့ ကင်မ်က ဒီနေ့(စက်တင်ဘာ၇)မှာ All in One Movement ရဲ့ ပေ့ခ်ျကနေ ထုတ်ပြန်ထားတာပါ။
ကင်မ်က မိခင်ဖြစ်သူ သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ Proof Of Life ကမ်ပိန်းကိုပြုလုပ် တောင်းဆို ခဲ့ပြီး ပြည်တွင်းပြည်ပက ပြည်သူတွေ တစ်ခဲနက် ပါဝင်တောင်းဆိုပေးခဲ့တာကြောင့် စစ်တပ်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်းမှာ ICRC နဲ့ ပထမဆုံးအကြိမ် တွေ့ ဆုံခွင့်ပေးခဲ့ပါတယ်။
Proof Of Life ကမ်ပိန်းမှာပါဝင်ပြီး အသံထွက်ပေးခဲ့ကြသူတွေကို ဘယ်တော့မှ မမေ့ဘူးလို့ ကင်မ်ကပြောပါတယ်။
"မကြာသေးခင်က ICRC နဲ့တွေ့ဆုံခွင့်ရခဲ့တာက စိတ်သက်သာရာအနည်းငယ် ရခဲ့ပေမယ့် မေမေက လွတ်လပ်မှုမရသေးပါဘူး။ မေမေက အခုအသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးသလို ကျွန်တော်လည်း အမေနဲ့တွေ့ခွင့် ၊ စကားပြောခွင့် မရသေးပါဘူး" လို့ ကင်မ်ကရင်ဖွင့်ထားပါတယ်။
ဒါကြောင့် Free Her ကမ်ပိန်းကို စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကမ်ပိန်းမှာပါဝင်နိုင်မယ့် အချက်အလက်တွေကိုတော့ သီးသန့် ထုတ်ပြန်ထားတာမရှိသေးပါဘူး။
လူထုခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက စစ်တပ်ရဲ့ မတရားဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အကျဉ်းကျခံနေရတာ ၂၀၄၅ ရက်ရှိပြီဖြစ်ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ဒေါ်အောင်ဆန်းစုကြည်#လွတ်မြောက်ရေး#တောင်းဆိုဆန္ဒပြ
#ကင်မ်အဲရစ်

🥰26❤9👍4👏2🤮2🤣1🖕1
စစ်ရေးတာဝန်များ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော် ၁၈၀၀ နီးပါးကို NUG က စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုတံဆိပ်တွေ ချီးမြှင့်
စက်တင်ဘာ ၇၊ ၂၀၂၆။ ထားမြတ်/People's Spring
ပြည်သူ့တော်လှန်ရေးတွင် စစ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထူးခြားကျေပွန် အောင်မြင်စွာ ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်များရဲ့ ပေးဆပ်မှု၊ စွန့်လွှတ်မှုနဲ့ အမှုထမ်းဆောင်မှုတို့ကို အလေးအမြတ် ပြုလျက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်များ ခခခချချီးမြှင့်အပ်နှင်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က စက်တင်ဘာလ (၇) ရက် မှာထုတ်ပြန်ပါတယ်။
အခု စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်များဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမြင့်ဆုံး အသိအမှတ်ထား ဂုဏ်ပြုချီးမြှင့်မှုဖြစ်ပြီး ဘွဲ့၊ ဆုနဲ့ တံဆိပ် (၅)မျိုးကို ချီးမြှင့်ပေးအပ်ခဲ့ဟု အသိပေးပါတယ်။
ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ (HPR) ချီးမြှင့်ခံရသူ (၁) ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (LPR) ချီးမြှင့်ခံရသူ (၂၁) ဦး၊ ပြည်သူ့ဇာနည်ဆု (PMNS) ချီးမြှင့်ခံရသူ (၁၆၄၇) ဦး၊ ပြည်သူ့သားကောင်းဆု (PMLS) ချီးမြှင့်ခံရသူ (၈၁) ဦး၊ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (BRS) ချီးမြှင့်ခံရသူ (၄၂) ဦး စုစုပေါင်း ဘွဲ့ နဲ့ ဆုတံဆိပ်ချီးမြှင့်ဂုဏ်ပြုခံရသူ (၁၇၉၂) ဦး ရှိဟု ဖော်ပြပါတယ်။
ဘွဲ့၊ ဆု နဲ့ တံဆိပ်ချီးမြှင့်ရေးလုပ်ငန်းစဉ်rSm ပထမအဆင့်အဖြစ် အဆိုပြုလွှာများကို ကွပ်ကဲမှု အဆင့်အလိုက် စိစစ်တင်ပြခဲ့တာ ဖြစ်ပြီး ဒုတိယအဆင့်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန အတွင်း ကနဦး စိစစ်ရွေးချယ်မှုကို ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် တတိယအဆင့်အဖြစ် အမျိုးသားညီညွတ် ရေးအစိုးရ “စစ်ဘက်ဆိုင်ရာသူရဲကောင်းဘွဲ့၊ဆု၊တံဆိပ်စိစစ်ရွေးချယ်ရေးကော်မတီ” က ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကနဦး စိစစ်ရွေးချယ်မှုအပေါ် ထပ်ဆင့်စိစစ် အတည်ပြုရွေးချယ် ချီးမြှင့်ခဲ့ခြင်း ဖြစ် ကြောင်း ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ် ချီးမြှင့်ခြင်းအစီအစဉ်ကို နှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၆ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်ချီးမြှင့်အပ်နှင်းခံရသူ စာရင်း ကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ အသိပေးပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#NUG#ရဲဘော်၁၈၀၀ #ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)
#အမျိုးသားညီညွတ်ရေးအစိုးရ

❤41👍5🥰5💩3🤣1🖕1
မန္တလေးမှာ ပျူစောထီးတွေသောင်းကြမ်းနေကြောင်းဝေဖန်ခံရပြီးနောက် အချင်းချင်းအရေးယူမယ်လို့ ရဲမွန်တောင်ပျူခေါင်းဆောင် ဆို
စက်တင်ဘာ-၇၊၂၀၂၆၊ရှိန်း/People's Spring
မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။
မန္တလေးမြို့တွင်းမှာ ပေါ်တာဆွဲမှု၊ရိုက်နှက်လုယက်မှုနဲ့ဓားပြမှု၊လမ်းပေါ်မှာ ကိုယ့်သဘောနဲ့ကိုယ်စစ် ဆေးမှုတွေကြောင့် နာမည်ဆိုးတွေ ဆက်တိုက်ထွက်လာပြီးတဲ့နောက် စစ်တပ်ထောက်ခံသူတွေက အချင်းချင်းဝေဖန်မှုတွေဖြစ်လာတာလို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော်က မန်တလေးမြို့မှာ ပျူစောထီးတွေ သောင်းကြမ်းနေတယ်လို့ ဝေဖန်ထားတာပါ။
စစ်တပ်ထောက်ခံသူ ကျော်စိုးဦးကလည်း "မန္တလေးမြို့မှာ ယူနီဖောင်းဝတ်ပြီး မြို့ထဲပွိုင့်ကားဖွင့် မောင်း နေတဲ့ကောင်တွေ မြင်းခြံဘက်သွားတိုက်လေ"လို့ ပြောဆိုခဲ့ပြီး ပေါက်ကိုယ်ရင်ကပါ ထပ်မံ ဝေဖန် ပြောဆိုခဲ့တာပါ။
မြေယာအမှု ၊ကျောက်ဝိုင်းလုယက်မှုနဲ့ စင်တင်တွေအများအပြားဖွင့်ကာ နာမည်ဆိုးထွက်နေတဲ့ ပြည်ကြီးတံခွန်က ပျူစောထီးတွေကို ပေါက်ကိုယ်တော်က ပြောဆိုခဲ့တာပါ။
"လမင်းကဗျာ( DJ)ခေါ်ပြီး မွေးနေ့လုပ်၊စင်တင်တွေဖွင့်ထားပြီး အဖေလုပ် နေတဲ့ကတုံးက ဝေဖန်တာ တော့ ရယ်ချင်တာပေါ့"လို့ ပျူစောထီးလူငယ်တစ်ဦးကလည်း မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။
အဲဒီနောက် ရဲမွန်တောင်ပြည်သူ့စစ်တည်ထောင်သူနေမျိုးကျော်က "အမှန်တကယ် ရှေ့တန်းမှာ တိုက်ပွဲဝင် နေတာမဟုတ်ဘဲနဲ့ ပြည်သူ့စစ်အယောင်ပြပြီး လုပ်စားနေတာဖြစ်တယ်။အဲတော့အဲဲဒီလိုဟာမျိုးတွေကိုလည်းဒီနေ့ ဒီအချိန်ကစပြီး မန္တလေးပြည်သူ့စစ်တွေသိက္ခာကျတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ စုံစမ်းမယ်၊စစ်ဆေးမယ်၊မေးမြန်းမယ်။ဖမ်းဆီးပြီး သက်ဆိုင်ရာကို ဖမ်းနိုင်ဖို့အတွက်လည်း ကျွန်တော်တို့စီမံမှာဖြစ်တယ်"လို့ ဆိုပါတယ်။
မန္တလေးမြို့မှာ တိုင်းကနေ ဖွဲ့စည်းထားတဲ့ပြည်သူ့စစ်အမည်ခံ ပျူစောထီး ၁၀ ဖွဲ့ရှိပြီး ရဲအရာရှိတွေရဲ့သား၊ G1ပိုင်တဲ့ ပျူအုပ်စု ၊ပေါက်ကိုယ်တော်ရဲ့ ပျူအုပ်စုတွေ ဆိုပြီး အများအပြားရှိတယ်လို့ သိရပါတယ်။
အဲဒီပျူစောထီးတွေဟာ ရပ်ကွက်လူမိုက်တွေနဲ့ဖွဲ့စည်းထားတာကိုလည်းနေမျိုးကျော်က ဝန်ခံထားပါတယ်။
"အမှန်တကယ် တိုက်ပွဲဝင်ဖို့ဆို သေချာတယ်။ဘယ်လူကြီးသားသမီး ရှေ့တန်းလိုက်မှာတုံး။ဘယ်လူကြီး သားသမီးပြည်သူ့စစ်ဆိုပြီး တရားဝင်ပြည်သူ့စစ်မဟုတ်ဘဲ နိုင်ငံတော်က နေပြီးမှ သေသွားရင် ဘာမှလုပ်ဆောင် ပေးမှာမဟုတ်ဘဲနဲ့ လိုက်ပြီး တိုက်မယ့်ကောင်ဘယ်လူကြီးသားသမီးတိုက်မှာလဲ။ဘယ်သူဌေးသားသမီးတိုက်မှာလဲ။ဒီဇိုးတွေပဲတိုက်မှာပဲလို့"ထပ်မံ ပြောဆိုထားပါတယ်။
မန္တလေးမှာ ပျူစောထီးအဖွဲ့အစည်းအများအပြားရှိကာ စစ်တပ်နဲ့ပေါင်း လောင်းကစားဝိုင်းအများအပြားဖွင့်ထားပြီး လူသတ်မှု တွေမကြာခဏ ကျူးလွန်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်ကြီးမြို့မပျူစောထီးခေါင်းဆောင်ကိုလည်း ပေါက်ကိုယ်တော်တပည့် စံရှားအဖွဲ့က သတ်ဖြတ်လိုက်ပြီး လက်ရှိမှာ မြေယာအမှုကြောင့် စံရှားကိုစစ်တပ်က ဖမ်းဆီးထားပါတယ်။

❤21😁18👏7🤣3🔥2🎉1
KIAဒုဗိုလ်ချုပ်ကြီး Rခေါင်လွန်းအပါအဝင် ရဲဘော် ၁၇၉၂ဦး ကိုNUG အစိုးရရဲ့အမြင့်ဆုံး စစ်ဘက်ဆိုင်ရာသူရဲကောင်းဘွဲ့၊ဆုနဲ့တံဆိပ်တွေ ချီးမြှင့်
စက်တင်ဘာ-၇၊၂၀၂၆။ထားမြတ်/People's Spring
စစ်အာဏာရှင်တော်လှန်ရေးမှာစစ်ရေးတာဝန်တွေစွမ်းစွမ်းတမံထမ်းဆောင်ခဲ့တဲ့ PDFနဲ့ မဟာမိတ်တပ်တွေထဲက တော်လှန်ရဲဘော် ၁၈၀၀ နီးပါးကို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ဂုဏ်ပြုချီးမြှင့်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။
စစ်ရေးတာဝန်တွေကို စွမ်းစွမ်းတမံ ထူးခြားကျေပွန် အောင်မြင်စွာထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ပေးဆပ်မှု၊စွန့်လွှတ်မှုနဲ့ အမှု
ထမ်းဆောင်မှုတို့ကို အလေးအမြတ်ပြုတဲ့အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တည်ထောင်ခြင်း(၅)နှစ်ပြည့် အထိမ်း
အမှတ်အဖြစ်ချီးမြှင့်တာလို့အမျိုးသားညီ
ညွတ်ရေးအစိုးရ(NUG)ကစက်တင်ဘာ
၇ ရက် မှာထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့တံဆိပ် ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ဒီနေ့မနက်မှာ ပြုလုပ်ခဲ့တာပါ။ အွန်လိုင်းကနေပြုလုပ်တဲ့အဲဒီအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ကာကွယ်ရေးဝန်ကြီးဦးရည်မွန် နဲ့အတူ အစိုး
ရတာဝန်ရှိသူတွေနဲ့ တော်လှန်ရေးအင်အားစုတွေ၊ မဟာမိတ်တပ်ဖွဲ့တွေလည်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်။
ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ (HPR) ချီးမြှင့်ခံရသူ (၁) ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (LPR) ချီးမြှင့်ခံရသူ (၂၁) ဦး၊ ပြည်သူ့ဇာနည်ဆု (PMNS) ချီးမြှင့်ခံရသူ (၁၆၄၇) ဦး၊ ပြည်သူ့သားကောင်းဆု (PMLS) ချီးမြှင့်ခံရသူ (၈၁) ဦး၊ တော်လှန်ရေးအမှု
ထမ်းကောင်းတံဆိပ် (BRS) ချီးမြှင့်ခံရသူ (၄၂) ဦးစသဖြင့် စုစုပေါင်း ၁၇၉၂ ဦးကို ဆုချီးမြှင့်တာလို့ ထုတ်ပြန်ပါတယ်။ ဒီဆုတံဆိပ် ငါးမျိုးဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမြင့်ဆုံး အသိအမှတ်ထား ဂုဏ်ပြုချီးမြှင့်မှုဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ HPR ဆုကိုအမှတ်(၁) စစ်ဒေသ၊ စစ်ဒေသမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွန်းကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွန်းဟာ ၂၀၂၄ ခုနှစ်၊မေလ ၁၃ ရက်နေ့တွင်အသည်းကင်ဆာ
ရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
သူရဲကောင်း ဘွဲ့၊ ဆုနဲ့တံဆိပ် ချီးမြှင့်တာမှာပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)မှ (၁,၄၄၂)ဦး၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO)မှ (၃၂၄) ဦး၊ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းတွေက ၂၆ ဦးပါဝင်ပါတယ်။ ချီးမြှင့်ရာမှာ အဓိကအားဖြင့် ပြည်သူ့ကာ
ကွယ်ရေး တပ်မတော် စစ်ရုံးချုပ်ကို အချိန်မီရောက်ရှိလာတဲ့ အဆိုပြုလွှာများအပေါ်မှာ အခြေခံပြီး စိစစ်ရွေးချယ်ခဲ့တာဖြစ်ပြီး အ
ကြောင်းကြောင်းကြောင့် အဆိုပြုလွှာတွေ အချိန်မီမရောက်ရှိတဲ့အတွက်ဒီနှစ်သူရဲ
ကောင်း၊ ဘွဲ့၊ တံဆိပ် ချီးမြှင့်မှု အစီအစဉ်မှာ ကျန်ရစ်တဲ့ ရဲဘော်များလည်း ရှိနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောထားပါတယ်။ အဲ့ဒီရဲဘော်တွေကို လာမည့်နှစ် သူရဲကောင်းဘွဲ့၊ ဆု၊ တံဆိပ် ချီးမြှင့် အပ်နှင်းခြင်းအစီအစဉ်မှာ ထည့်သွင်း ချီးမြှင့် ပေးသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
"ဒီနေရာမှာ အထူးတလည် ပြောကြားလိုတာက ဒီနေ့အခမ်းအနားမှာ ဘွဲ့ဆုတံဆိပ်များ မရရှိခဲ့သော်လည်း တော်လှန်ရေး ၅ နှစ်တာ ကာလတလျှောက်လုံး မိမိတို့ကျရာ ကဏ္ဍအသီးသီးမှနေ၍ အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ ရွတ်ရွတ်ချွံချွံဖြင့် ခုခံတွန်းလှန်စစ်ကို ယနေ့တိုင် ဆက်လက်ပါဝင် ဆင်နွှဲနေကြတဲ့ တော်လှန်ရေး ရဲဘော်အားလုံးနှင့် တော်လှန်ပြည်သူတစ်ရပ်လုံးကိုလည်း အထူးပင် ဂုဏ်ယူလေးစား မှတ်တမ်းတင် အပ်ပါတယ်။ တော်လှန်ရေးခရီးကြမ်းမှာ ဆုတံဆိပ်များထက် ပြည်သူ့ လွတ်မြောက်ရေးကိုသာ ရှေးရှုပြီး တိုက်ပွဲဝင်နေ ကြတဲ့ ရဲဘော်တစ်ဦးချင်းစီရဲ့ ပေးဆပ်မှုများအတွက် အတိုင်းမသိ ကျေးဇူးတင် ဂုဏ်ယူပါကြောင်း ပြောလိုပါတယ်"လို့ ဒီနေ့အခမ်းအနားမှာ ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ ဦးရည်မွန်ကထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဘွဲ့၊ဆုနဲ့တံဆိပ်ချီးမြှင့်ရေးလုပ်ငန်းစဉ်မှာပထ
မအဆင့်အဖြစ် အဆိုပြုလွှာတွေကို ကွပ်ကဲမှုအဆင့်အလိုက်စိစစ်ခဲ့ပြီး ဒုတိယအဆင့်အ
ဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအတွင်း ကနဦး စိစစ်ရွေးချယ်မှုကို ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။တတိယအဆင့်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ “စစ်ဘက်ဆိုင်ရာသူရဲ
ကောင်းဘွဲ့၊ဆု၊တံဆိပ်စိစစ်ရွေးချယ်ရေးကော်မတီ” က ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကနဦး စိစစ်ရွေးချယ်မှုအပေါ် ထပ်ဆင့်စိစစ် အတည်ပြုရွေးချယ် ချီးမြှင့်ခဲ့ခြင်းဖြစ်
ကြောင်းထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်အောက်မှာ ပြည်သူတစ်ဦးက" ဒီထက်မကတောင် ဂုဏ်ပြုထိုက်တဲ့သူတွေပါ။ ပြည်သူတစ်ယောက်အနေနဲ့ လှိုက်လှိုက်လှဲလှဲ ထောက်ခံအပ်ပါတယ်" လို့မှတ်ချက်ပြုထားပါတယ်။
ဒီလို ဆုချီးမြှင့်ဝာာဟာ တော်လှန်ရေးရဲဘော်တွေကို စိတ်ခွန်အားဖြစ်စေပြီး မြေပြင်မှာလည်း ထိရောက်တဲ့ ပံ့ပိုးမှုတွေ လုပ်ဆောင်ပေးဖို့ PDF ရဲဘော်အချို့က တောင်းဆိုပါတယ်။

❤33👍10🥰2🤮2🤣1🖕1🫡1
"စစ်အာဏာရှင်ကို အဆုံးထိတိုက်မယ်ဆိုပြီး တော်လှန်ရေးထဲ မြှုပ်နှံထားတဲ့ ရဲဘော်တွေအများကြီးရှိတယ်။ သူတို့ရဲ့ ပေးဆပ်မှုတွေကို အသိအမှတ်ပြုပေးသလို သူတို့ရဲ့ မိသား
စုတွေ၊ ထိခိုက်ဆုံးရှုံးမှုတွေအတွက်လည်း အစိုးရရဲ့ ဦးစားပေးအစီအစဉ်အနေနဲ့ အထောပ်အပံ့တွေ ပေးစေချင်တယ်"လို့ ပခုက္ကူခရိုင်ထဲက ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဌ ဦးမြင့်ထွေးကလည်း တော်လှန်ရေးအတွက် စွန့်လွှတ်ထားတဲ့ ရဲဘော်တွေတစ်ဦးချင်းစီကို NUG အစိုးရက သေချာမှတ်တမ်းပြစုထားတယ်လို့ ပြောပါတယ်။
"ဒါကကျတော်တို့ အလေးအနက်ထားတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဂုဏ်ပြုအပ်သူတွေကိုမမေ့မလျော့ဖို့ လွှတ်တော်ကလည်း မှတ်
တမ်းတင်ထားပါတယ်"လို့ ဦးမြင့်ထွေးက ပြောပါတယ်။
စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ် ချီးမြှင့်ခြင်းအစီအစဉ်ကို နှစ်အလိုက် ဆောင်
ရွက်သွားမယ်လို့လည်း အမျိုးသားညီညွတ်
ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
ဒီနေ့ စက်တင်ဘာလ ၇ ရက်နေ့ဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် ပြည်သူတစ်ရပ်လုံး တညီ တညွတ်တည်း ထကြွတွန်းလှန်ခဲ့ကြတဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် (၅) နှစ်ပြည့်မြောက်တဲ့ သမိုင်းဝင် နေ့ရက်ဖြစ်ပြီး လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း မိမိတို့၏ အသက်၊ ခန္ဓာနဲ့ကိုယ်ကျိုးစီးပွားတွေကို မငဲ့ကွက်ဘဲ စစ်ရေးတာဝန်တွေကို ရဲဝံ့စွာစွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြတဲ့ သူရဲကောင်းတွေရဲ့ ဂုဏ်ကျေးဇူးကို အမျိုး
သားညီညွတ်ရေးအစိုးရအနေနဲ့ လေးနက်စွာ အသိအမှတ်ထား ဂုဏ်ပြုတယ်လို့ ဝန်ကြီးဦးရည်မွန်က ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါလ ၁ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူထုခုခံတော်လှန်စစ်စတင်ခဲ့တာ ၅နစ် ကျော်လာပြီဖြစ်ပါတယ်။ စစ်တပ်က နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်ကလွဲလို့ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေအများစုကို လက်လွှတ်ထားရပြီး လက်ရှိမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။အာဏာ
သိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအုပ်စုကို နိုင်ငံတကာကလည်း အသိအမှတ်ပြုမထားဘဲ စစ်အာဏာရှင်အပြီးသတ်ကျဆုံးတဲ့အထိ လူထုအားနဲ့ ဆက်လက်တိုက်ပွဲဝင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။
မှတ်ချက်-သတင်းကိုထပ်မံဖြည့်စွက်ထားပါတယ် ။

👍29❤14🥰2🤮2🤣1🖕1🫡1