People's Spring
60K subscribers
70.8K photos
1.22K videos
9 files
3.03K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရခိုင်မှာအမျိုးသမီးနှစ်ဦးကို ပြည်ပအလုပ်
အကိုင်ဆိုင်ရာဥပဒေနဲ့AAရဲတပ်ဖွဲ့ကအမှုဖွင့်

စက်တင်ဘာ-၇၊ ၂၀၂၆ ၊ ခိုင်မြတ်/People’s Spring

အကျိုးဆောင်လိုင်စင်မရှိဘဲပြည်ပမှာအလုပ်လုပ်ကိုင်ဖို့အတွက် ပို့ဆောင်ပေးနေတဲ့ ရခိုင်
ပြည်နယ် မြောက်ဦးနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က အမျိုးသမီးနှစ်ဦးကိုပြည်ပအလုပ်
အကိုင်ဆိုင်ရာဥပဒေပုဒ်မ၂၆နဲ့အမှုဖွင့် အရေး
ယူ ထားတယ်လို့ အာရက္ခတပ်တော်(AA)
လက်အောက်ခံရဲတပ်ဖွဲ့က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အရေးယူခံရသူတွေဟာမြောက်ဦးမြို့နယ် အိုးထိမ်းကျေးရွာကမယဉ်ယဉ်ဝင်းနဲ့ ပလက်ဝမြို့နယ် ဟုန်းကျေးရွာက မခိုင်မြတ်မွန်တို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ပြည်ပကိုလူပို့တဲ့ အလုပ်လုပ်ဖို့ နှစ်ဦးသဘောတူပြီး မလေး ရှားနိုင်ငံနဲ့ ရန် ကုန်မြို့ဆီ သွားမယ့်သူတွေကို ရှာဖွေခဲ့ကြတယ်လို့ဆိုပါတယ်။

မလေးရှားကို သွားမယ့်သူနှစ်ဦးကိုတဦးစီအတွက် ပွဲစားခကျပ်သိန်း ငါးဆယ်စီ တောင်းခဲ့ပြီး ရန်ကုန်ကို သွားမယ့် သူနှစ်ဦးကိုတော့ ဆွေမျိုးတော်စပ်တာကြောင့် ပွဲစားခမယူဘဲ ပို့ဆောင်ပေးခဲ့တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန(DLEPS)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လိုင်စင်မရှိဘဲအဲဒီလိုပို့ဆောင်ခဲ့ကြတာကြောင့်AAလက်အောက်ခံထောက်လှမ်းရေး
ဌာနက မယဉ်ယဉ်ဝင်းကို မြောက်ဦးမြို့နယ်ရှိ သူမရဲ့ နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး မခိုင်မြတ်မွန်ကိုတော့ ချင်းပြည်နယ် ကျင်ဒွေးမြို့ရှိ နေအိမ်တ အိမ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ သူတို့နှစ်ဦးကို ပြည်ပအလုပ်အ
ကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆နဲ့ မြောက်ဦးမြို့မရဲစခန်းမှာ အမှုဖွင့်ပြီးအ​ရေးယူနေတယ်လို့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီပုဒ်မဟာ အကျိုးဆောင်လိုင်စင်မရှိဘဲ အကျိုး ဆောင်လုပ်ငန်းလုပ်ကိုင်ကြောင်းပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၇ နှစ်ထိချမှတ်နိုင်တဲ့အပြင် ငွေ
ဒဏ်လည်း ချမှတ် လို့ရတဲ့ ပုဒ်မဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာလူငယ်တွေဟာအလုပ်အ
ကိုင်ရှားပါးတာ၊စစ်မှုထမ်းဥပဒေစတာတွေကြောင့် ပြည်မနဲ့ပြည်ပနိုင်ငံတွေကို လူပို့​​ပေးတဲ့ပွဲစားတွေနဲ့ ထွက်ခွာနေကြပြီး လမ်းခုလတ်မှာ အာဏာသိမ်းစစ်တပ်ကဖမ်းဆီးတာနဲ့ပွဲစားတွေဆီ မှာ လိမ်လည်ခံရ ပြီး ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေဆီ ရောင်းစားခံကြရတာမျိုးတွေလည်းရှိနေတယ်လို့ဆိုပါတယ်။

AAလက်အောက်ခံရဲတပ်ဖွဲ့ဟာ အကျိုး
ဆောင်လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးနေ သလို ရခိုင်ကနေ ပြည်ပနဲ့ အခြားနေရာတွေဆီ လူပို့၊ လူကုန်ကူးနေသူတွေကိုလည်း ဖော်ထုတ်အရေးယူနေတယ် လို့ ဆိုပါတယ်။AA ရဲတပ်ဖွဲ့ဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ ခုနစ်လအတွင်း လူကုန်ကူးမှုအပါအဝင် ပြည်
ပအ လုပ်အကိုင် ဆိုင်ရာ ဥပဒေချိုးဖောက်မှုပုဒ်မတွေနဲ့ အမှုပေါင်း၃၅ မှုကိုဖမ်းဆီးအရေး
ယူခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။

စစ်တပ်ရဲ့ဖြတ်လေးဖြတ်ပိတ်ဆို့မှု၊ လက်
နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှု၊ အလုပ်
အကိုင်ရှားပါးမှု၊ စီးပွားရေးကြပ် တည်းမှုတွေနဲ့ ကြုံနေကြရတဲ့ ရခိုင်ဒေသခံတွေဟာ ပြည်ပမှာ အလုပ်အကိုင်ရမယ်ဆိုပြီးလိမ်လည်သွေး
ဆောင် ကာ ငွေကြေးအဆမတန်တောင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့ ပွဲစားတွေရဲ့လူကုန်ကူးမှုကိုပါခံနေကြရတာလို့ AA ရဲတပ်ဖွဲ့ကဆိုထားပါတယ်။


#AA #ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ
#ရခိုင်ပြည်နယ် #Peoplesspring #PS
20👍15🤣2🖕2🥰1💩1
ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနဲ့AAရဲ
တပ်ဖွဲ့ကအမှုဖွင့်ထားတဲ့အမျိုးသမီး ၂ဦး။
ဓါတ်ပုံ-DELEPS
👍294🤣3🥰2💩1🖕1
ရခိုင်ပြည်နယ်မှာ စစ်တပ်ထိုးစစ်အထိနာပြီး သံတွဲနဲ့ ပုဏ္ဏားကျွန်းကိုဗုံးကြဲ

■သံတွဲမြို့မှာ ​ဒေသခံပြည်သူ ၁ ဦး​သေပြီး ၄ဦးထက်မနည်းဒဏ်ရာရ

စက်တင်ဘာ-၇၊၂၀၂၆။ခိုင်မြတ်/People's Spring

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၇ ရက် မနက်ပိုင်းမှာ ဗုံးကြဲနေတယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ သံတွဲမြို့ပေါ်နဲ့ပင်လယ်ကမ်းခြေ
တလျှောက်ကျေးရွာတွေကိုဒီက​နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်ကနေ ဗုံးကြဲ နေတာလို့ဆိုပါတယ်။ “ကမ်းခြေရွာတွေမှာ လူနေလို့မရတော့ဘူး။တောက်လျှောက်ကြဲနေတယ်။နေဗီတွေလည်း အနားကပ်နေတယ်”လို့ သံတွဲဒေသခံတဦးက ပြောပါတယ်။

ဗုံးကြဲမှုကြောင့်သံတွဲမြို့ပေါ်မှ ​ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ‌ဒဏ်ရာရသွားခဲ့တယ်လို့ အခြားဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင်စစ်တွေမြို့နယ်တိုက်ပွဲအတွင်း အထိ
နာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကကျေးရွာ
တွေကိုလည်း ဒီနေ့မနက်ပိုင်း ၇ နာရီ ၄၅ မိနစ်ကနေ ၈ နာရီဝန်းကျင်ထိ ဗုံးကြဲနေခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဟာစစ်တွေမြို့နယ်ကနေ AA ထိန်း
ချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကစ ထိုးစစ်ဆင်နေခဲ့ပြီး AA ရဲ့တန်ပြန်တိုက်ခိုက်မှုကြောင့်အထိနာပြန်ဆုတ်ခဲ့ရပြီး​နောက် အခုလိုဗုံးကြဲနေတာပါ။

စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်လာလ ၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ်တောင်ပိုင်း ကမ်း
ခြေမြို့တွေဖြစ်တဲ့ ဂွ၊ ကျိန္တလီနဲ့ ဂျိတ္တော အနီးဝန်းကျင်တို့ကို ပင်လယ်ပြင်မှာ ရပ်နားတပ်စွဲထားတဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီး တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေခဲ့ပြီး ကမ်းတက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်​တွေက စက်တင်ဘာ ၄ ရက်စတယ်ဆိုပြီး ၄၉၂၆ စစ်ဆင်​ရေးစပြီလို့ ဝါဒဖြန့်​နေကြပါတယ်။ဒါ​ပေမယ့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ထိုးတဲ့စစ်​ကြောင်း ၂ ​ကြောင်းလုံးပြန်ဆုတ်​ပြေးခဲ့သလို
ဒီ​နေ့အထိ့ ဘယ်စခန်းမှသိမ်းနိုင်တာလည်းမရှိဘူးလို့ စစ်​ရေးရင်းမြစ်​တွေက​ပြောပါတယ်။ ​ဒါ့အပြင် မြေပြင်စစ်​ကြောင်း​တွေမှာာစစ်တပ်က စစ်သားသစ်​တွေဖြစ်တဲ့ ပြည်သူ့စစ်​တွေကိုအဓိကအသုံးပြု​နေပြီး ​စစ်တပ်ဘက်ကသေဆုံးဒဏ်ရာရသူများ​နေပြီး အာရက္ခတပ်ဖွဲ့ဝင်အချို့လည်းထိခိုက်မှုရှိတယ်လို့ ​ဒေသခံစစ်​ရေးရင်းမြစ်အချို့က​ပြောပါတယ် ။

နိုင်ငံအဝှမ်း စစ်အရေးအရ အထိနာနေတဲ့စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့လက်လွှတ်ထားရတဲ့နယ်မြေ တွေကို တန်ပြန်
ထိုးစစ်ဆင်နိုင်ဖို့ ရခိုင်နဲ့အစပ် မကွေး၊ ပဲခူး၊ ဧရာ၀တီတိုင်းတို့ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာမှာ အထိနာပြီး​နောက် လေကြောင်းကနေလည်း ဗုံးကြဲတာတွေ ဆက်တိုက်လုပ်လာနေတာပါ။

(စစ်တပ်ကစက်တင်ဘာ ၄ ရက်မှာဗုံးကြဲတာ​ကြောင့်ပုဏ္ဏားကျွန်းမြို့အနီးရှိဂူ၀ရှေးဟောင်းဘုရားပုထိုးတော်တွေထိမှန်ပျက်စီး​နေစဥ်။
ဓါတ်ပုံ- Wai Hin Aung)

#ရခိုင် #စစ်တပ် #ဗုံးကြဲ
#ပုဏ္ဏားကျွန်း #စစ်​တွေ #Peoplesspring
🤬23🤣5👎3👏21🔥1🤮1
စစ်တပ်ကစက်တင်ဘာ ၄ ရက်မှာဗုံးကြဲတာ​ကြောင့်ပုဏ္ဏားကျွန်းမြို့အနီးရှိဂူ၀ရှေးဟောင်းဘုရားပုထိုးတော်တွေထိမှန်ပျက်စီး​နေစဥ်။
ဓါတ်ပုံ- Wai Hin Aung
🤬26👍7👎2👏2🤮2🔥1🎉1🙏1
မူးယစ် တိုက်ဖျက်ရေးအတွက် မြန်မာနဲ့နယ်
စပ်ကိုလုံးဝပိတ်ပစ်ဖို့ စီစဉ်နေကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဆို

စက်တင်ဘာ-၇၊၂၀၂၆။People's Spring

မူးယစ်ဆေးဝါးတွေမှောင်ခိုတင်သွင်းမှုကို တားဆီးဖို့အတွက်မြန်မာနဲ့ နယ်စပ်ကို လုံးဝ ပိတ်ပစ်ဖို့ စီစဉ်နေကြောင်း အိန္ဒိယ ပြည်ထဲ
ရေး ဝန်ကြီးကပြောတယ်လို့ Times of India
သတင်းဌာနက​ဖော်ပြပါတယ်။

ပြည်ထဲရေးဝန်ကြီးအမစ်ရှားက အိန္ဒိယ အစိုး
ရဟာ နိုင်ငံကို လာမယ့် ၃ နှစ်အတွင်း မူးယစ်ကင်းစင်တဲ့အဆင့် ရောက်ရှိဖို့ ရည်ရွယ်ထားပြီးအဲဒီအစီအမံရဲ့အစိတ်အပိုင်းအဖြစ် မြန်
မာနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေနဲ့ ထိစပ်ရာအိန္ဒိယနယ်စပ်ကို ပိတ်ပစ်ဖို့ ရည်ရွယ်ထားကြောင်း စက်တင်ဘာ ၆ ရက်နေ့မှာ မှတ်ချက်ပေးသွားပါတယ်။

အိန္ဒိယရင်ဆိုင်နေရတဲ့ပြဿနာကမူးယစ်ဆေးဝါးထုတ်လုပ်မှုတစ်ခုတည်းမဟုတ်ဘဲ အဓိကထုတ်လုပ်တဲ့နိုင်ငံနှစ်ခုနဲ့ နယ်စပ်တွေ ထိကပ်နေတာဖြစ်ကြောင်း၊ အဲဒီတော့ မူးယစ်မှောင်ခို လုပ်ငန်းတွေဟာအိန္ဒိယပိုင်နက်ကိုကူးလူးသွားလာတာတွေရှိလာကြောင်း၊မြန်မာ
နဲ့ နယ်စပ်ကတော့ ပွင့်နေဆဲဖြစ်ပြီး အိန္ဒိယ အစိုးရကပိတ်ထားဖို့ကြိုးစားတဲ့တိုင် ရှုပ်
ထွေးတဲ့ အခြေအနေတွေ၊ အကြောင်းရင်းတွေ ရှိနေကြောင်းရှားကဆိုပါတယ်။

အိန္ဒိယဟာ၂၀၂၆ ဇူလိုင်ကနေ ၂၀၂၉ ဇူလိုင်ထိကာလအတွင်းမူးယစ်ကင်းစင်နိုင်ငံအဖြစ် ပြောင်းလဲသွားမယ့်စီမံကိန်းကိုစတင်အ
ကောင်အထည် ဖော်နေတယ်လို့လည်း ရှားက ဆက်ပြောပါတယ်။မူးယစ်ဆေးဝါးတစ်ဂရမ်
တောင်မှအိန္ဒိယကိုအဝင်မခံချင်သလို အိန္ဒိယရဲ့ လမ်းကြောင်းတွေကို သုံးပြီး တစ်ဂရမ်တောင်မှသယ်ယူပို့ဆောင်သွားတာမျိုး အဖြစ်
မခံချင်ဘူးလို့လည်း ရှားကဆိုပါတယ်။

မြန်မာ-လာအို-ထိုင်းဖက်ကလမ်းကြောင်းရော
၊အာဖဂန်နစ္စတန်-အီရန်-ပါကစ္စတန်ဖက် လမ်း
ကြောင်းကပါ မူးယစ်ဆေးဝါးတွေ ဝင်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားမယ့်မဟာ
ဗျူဟာ အစီအစဉ်တွေ အစိုးရက ရေးဆွဲ အ
ကောင်အထည် ဖော်နေတယ်လို့လည်း ရှားက မှတ်ချက်ပေးသွားပါတယ်။

မြန်မာနဲ့ အိန္ဒိယနယ်စပ်ရဲ့တချို့အပိုင်းတွေမှာ နယ်စပ်စည်းရိုးတွေမရှိဘဲအလွယ်တကူ ဖြတ်
သန်းဝင်ရောက်လို့ ရနေတာက အိန္ဒိယ အစိုးရရဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစီအမံတွေမှာစိန်ခေါ်မှုတွေ ကြုံစေတယ်လို့တော့သူက ဝန်ခံသွားပါတယ်။

နယ်စပ်ကိုထိထိရောက်ရောက်ပိတ်ထားဖို့ ဆိုတာဟာအစိုးရရဲ့မူးယစ်တိုက်ဖျက်ရေးနဲ့ အ
မျိုးသားလုံခြုံရေး အစီအမံတွေ တင်းကျပ်မှုမှာ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့လည်းဝန်ကြီးကပြောကြားသွားပါတယ်။

ကိုးကား- Times of India

#အိန္ဒိယပြည်ထဲ​ရေးဝန်ကြီး #အမစ်ရှား
#မြန်မာအိန္ဒိယနယ်စပ် #မူးယစ်​ဆေးဝါး
#Peoplesapring
😁27👍32👏2🤣2🔥1🤬1🎉1🖕1
အိန္ဒိယပြည်ထဲရေးဝန်ကြီးအမစ်ရှား။
ဓါတ်ပုံ-PTI
😁28👍4👏2🖕2🔥1😘1
ဗန်းမော်နဲ့ ရွှေကူကို စစ်ကူပို့နေတဲ့ စစ်တပ်က မိုးမိတ်မှာ အတင်းအဓမ္မလူသစ်စုဆောင်းနေ

စက်တင်ဘာ-၇၊ ၂၀၂၆။ ဇော်ရမ်း/People's Spring

ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူမှာ စစ်ရေးတင်းမာနေချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ စစ်တပ်က စစ်မှုထမ်းစေခိုင်းဖို့အတွက် အတင်းအဓမ္မလူသစ်စုဆောင်းမှုနဲ့ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးမိတ်မြို့မှာ ဒီလဆန်းကစတင်ပြီး ‌ဒေသခံအမျိုးသားတွေကို ဖမ်းဆီးနေသလို တအိမ်တယောက် မဖြစ်မနေ စစ်မှုထမ်းဖို့လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးကတဆင့် အကြောင်းကြားလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ဗန်းမော်နဲ့ ရွှေကူကို မိုးမိတ်ကနေ ထောက်ပို့လွှတ်နေတာ ပထမလူဟောင်းတွေ ကုန်သွားလို့ ဒေသခံတွေကို ပစ်မှတ်ထားလာတာဖြစ်မယ်။ အခု အိမ်မှာတောင် မနေရဲဘူး။ ညဘက်ဆို တောထဲမှာ သွားအိပ်ရတယ်။ ပြောရရင် နေ့ရောညရော ရှောင်နေရတော့တာပါ"လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပြီး တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်ကောင်စီတပ်ဆီ ၂၀၂၅ အောက်တိုဘာမှာ ပြန်ပေးခဲ့တာပါ။ အဲဒီနောက်ပိုင်း ဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၉ ရက်မှာဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။ ၂၀၂၆ ခုနှစ် မတ်လဆန်းထဲမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီးတဲ့နောက်ပိုင်း PDFပူးပေါင်းတပ်တွေ ဆုတ်ခွာခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်း စစ်ကောင်စီတပ်က မြို့ထဲမှာ တပ်စွဲထားပြီး ကျေးရွာတွေဘက်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော်( KIA)၊ PDFနဲ့ ပူးပေါင်းတပ်တွေအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)လည်း တပ်စွဲထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လလယ်မှာ မိုးမိတ်မြို့နဲ့ နှစ်မိုင်ခန့်အကွာက ညောင်နီရွာမှာ စစ်‌ကောင်စီတပ်နဲ့ SSPPတို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က မြို့ထဲမှာ အတင်းအဓမ္မလူသစ်စုဆောင်းမှုနဲ့ ဖမ်းဆီးမှုတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

"ဗန်းမော်ကို သူတ်ို့(စစ်တပ်) စစ်ကူ မပို့နိုင်တော့ဘူး။ အခု လူဆွဲတာတွေကလည်း မြို့မှာပဲ စစ်သင်တန်းပေးမယ်လို့ ကြားတယ်။ လူငယ်တွေလည်း မရှိတော့ပါဘူး။ မြို့မှာ အခြေအနေ ပိုဆိုးလာရင် တော်လှန်ရေးတပ်တွေဘက် သွားရှောင်ဖို့ပဲရှိတော့တယ်"လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ရေးတင်းမာနေတဲ့ ‌ဗန်းမော်နဲ့ ရွှေကူမြို့ကို မိုးမိတ်-မဘိမ်းလမ်းကတဆင့် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းခဲ့ပါတယ်။

စက်တင်ဘာလဆန်းမှာ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ လာတဲ့ စစ်သင်္ဘောတွေကို ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ထဲမှာ KIA၊KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကူးတံတားဖြစ်တဲ့ စင်းခန်းတံတားကိုလည်း စစ်ကောင်စီက စက်တင်ဘာ ၆ရက်မှာ လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။
🤬275👎5🖕4👏1🎉1🤣1
13🤬7👍2👎2👏1🤮1
CDM စစ်သား​တွေယူလာ​ပေးတဲ့​သေနတ်၂၀
လက်ဝန်းကျင်ရထားပြီလို့ဖယ်ခုံPDFအမှတ်
(၁၀၀၆)တပ်ရင်းတာဝန်ရှိသူ​ပြော

စက်တင်ဘာ-၇၊၂၀၂၆။ဇော်၀င်း/People's Spring

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခို
လှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်းလက်နက်တွေယူလာပြီးခိုလှုံလာသူ ၂၀ နီးပါးကရှမ်းပြည်အခြေ
စိုက် စစ်တပ်ရဲ့ ခမရ (၄၂၂) ၊ ခမရ( ၅၁၈)
စတဲ့တပ်ရင်းတွေကလို့ သိရပါတယ်။

" ၄၂၂တပ် CDM ၁၀ လက်ကျော် စုစုပေါင်း CDMသီးသန့်တောင်အလက်၂၀လောက်ရခဲ့တယ်"လို့ အထက်ပါတာ၀န်ရှိသူကပြောပါတယ်။

ဒါ့အပြင်ဖယ်ခုံ၊မိုးဗြဲနဲ့ ညောင်ရွှေတိုက်ပွဲတွေအတွင်း စစ်တပ်နဲ့ PNO ပြည်သူ့စစ် ဆီကနေသိမ်းဆည်းရမိတဲ့လက်နက်တွေအများအ
ပြားရှိတယ်လို့ သူကဆက်​ပြောပါတယ်။

တဖက်မှာလည်း အမှတ်(၁၀၀၆)တပ်ရင်းရဲ့ ရဲဘော် ၃၀ ကျော်ကျဆုံးထားပြီးကိုယ်လက်အဂါ်ထိခိုက်ခဲ့သူ ၂၀ ဦးနီးပါးရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ မိုး‌ဗြဲမြို့အနီး မကြာခဏ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တပ်ရင်း-၂၊ အမှတ်
(၁၀၀၆)တပ်ရင်းဟာ ရှမ်းတောင် -ကရင်နီ တပ်ဖွဲ့တွေနဲ့အတူ ခုခံကာကွယ်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတပ်ရင်းရဲဘော်တွေရဲ့
အပါတ်စဥ်(၃)မွမ်းမံစစ်သင်တန်းဆင်းပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့လည်းအ
မှတ်(၁၀၀၆) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။



#ဖယ်ခုံPDFအမှတ်၁၀၀၆တပ်ရင်း
#CDMစစ်သား #အလင်းဝင်
#Peoplesspring #လူထု​နွေဦး
29👍12🥰4🤣3👎1👏1🖕1
CDMလုပ်လာတဲ့စစ်သားတွေဆီက နဲ့ တိုက်ပွဲတွေက ရခဲ့တဲ့ လက်နက်​တွေ။​
ဓါတ်ပုံ-ဖယ်ခုံPDF အမှတ် ၁၀၀၆ တပ်ရင်း
👏30🥰53🤣3👎1🖕1
မင်းတုန်းအနောက်ခြမ်းတိုက်ပွဲစစ်တပ်
​သေဆုံးထိခိုက်သူများလို့ ဗုံးကြဲ

စက်တင်ဘာ-၇၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်က စစ်သားတွေ ထိ
ခိုက်သေဆုံးမှုများနေတာကြောင့်လေ
ကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

မင်းတုန်းအနောက်ခြမ်းကနေ ရခိုင်ရိုးမပေါ် တက်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးစားနေတာကြောင့် နေ့စဉ်နီးပါးတိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

"တိုက်ပွဲတွေတော့ဖြစ်နေဆဲပဲ။မနေ့က ၁၂
နာရီလောက်မှာ ဂျက်၂စီးနဲ့ တိုက်ပွဲဖြစ်ရာနေရာတွေကို ဗုံးလာကြဲတယ်"လို့ မင်းတုန်းမြို့နယ်ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ရခိုင်ရိုးမအခြေအနီးမှာရှိတဲ့ ရွာတွေကတဆင့် ရိုးခြေ တောတွင်းထဲကို စစ်တပ် စစ်ကြောင်းတွေ ဖြန့်ကျက်၀င်ရောက်နေတယ်လို့ မင်းတုန်းမြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးက ‌အသိပေးပါတယ်။ရိုးခြေတစ်လျှောက်မှာ အာ
ဏာသိမ်းစစ်တပ်ရဲ့ အနည်းဆုံး စစ်ကြောင်း
သုံးခု ရှိနေတယ်လို့ သိရပါတယ်။

"ပစ(စစ်မှုထမ်း)တွေသုံးပြီး စစ်တပ်က ကျား
ထိုးတက်နေတာ။ပြောရရင်အသေခံတက်ခိုင်းနေတာ။သေတာလည်းမနည်းဘူးကြားတယ်"
လို့ မင်းတုန်းမြို့နယ်ကာကွယ် ရေးတပ်တွေနဲ့ နီးစပ်သူတစ်ဦးက လက်ရှိ တိုက်ပွဲ အခြေ
အနေကို ရှင်းပြပါတယ်။

ဒါ့အပြင်ဩဂုတ်လနောက်ဆုံးပတ်ကမင်းတုန်းမြို့အနောက်ခြမ်းကို ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းတခုကို သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်း ငါးဦး ဖမ်းမိကာ လက်နက်ခဲယမ်းနဲ့အလောင်းတချို့ သိမ်းဆည်းရရှိတယ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က အဓမ္မစု​ဆောင်းထား
တဲ့စစ်မှုထမ်း(ပစ) အများအပြားကို အသုံးချထားတယ်လို့ သိရပါတယ်။စစ်တပ်က စစ်ရေး အသာစီးရယူဖို့အတွက် လေကြောင်း လက်နက်ကြီး နဲ့ ဒရုန်းတွေကို အသုံးပြုနေတဲ့ အပြင် စစ်မှုထမ်း(ပစ) အားတွေအသုံးပြုနေပေမယ့် စစ်မြေပြင်မှာအထိနာနေတယ်လို့ အသိပေးပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင် ပြည်နယ်တောင်ကုတ်မြို့ကို ပြန်သိမ်းဖို့ အနီးစပ်ဆုံးနေရာဖြစ်တဲ့ မင်းတုန်းမြို့နယ်အနောက်ဘက်ကနေတဆင့် အာဏာသိမ်းစစ်
တပ်က ၀င်ရောက်ဖို့ ဒုတိယအကြိမ် အင်အားအလုံးအရင်းနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမ နဲ့ အနီးစပ်ဆုံးနေရာတွေ ဆီ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင် အား ၁,၅၀၀ ၀န်းကျင်ရောက်ရှိပြီး ရခိုင်ရိုးခြေရွာတွေ ဖြစ်တဲ့ ပြောင်းကျေးရွာ၊ထန်းပင်ကုန်းကျေးရွာ၊ဖြူကန်ကျေး ရွာ၊ထိန်ကိုင်း နဲ့ တမာ ကျေးရွာတွေမှာ ကနဦးတပ်စွဲခဲ့ပါတယ်။

စစ်တပ်ကဗျူဟာမှူးအဆင့်(ဗိုလ်မှူးကြီးအောင်ဇော်မင်း)ဦးစီးပြီး အင်အား ၁၀၀၀ ၀န်းကျင်နဲ့ ရခိုင်ရိုးမ ကို ဇွန်လဆန်းပိုင်းကတည်း
က ထိုးစစ်ဆင်ခဲ့ပါတယ်။ဒါပေမယ့် ရိုးမပေါ်တက်တဲ့ တိုက်ပွဲတွေမှာ အသေများနေတာကြောင့် ထိုးစစ်လန်ကျပြီးရိုးခြေက ကျေးရွာတွေထဲမှာပဲ ပြန်ပြီး တပ်စွဲနေခဲ့ရပါတယ်။

နောက်ထပ်စစ်ကူအင်အားတွေကအောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အ
ခြေစိုက် အမှတ်(၁၂ )ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၁၂ )ကို ပို့ဆောင်ပြီးနောက် ဩဂုတ် ၂၂ ရက် မှာ မင်းတုန်းမြို့ကို ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။



#မင်းတုန်းတိုက်ပွဲ #ရခိုင်ရိုးမ
#AA #PDF #Peoplesspring
🤬275👏4🤣2👎1💩1🖕1
မင်းတုန်းမြို့နယ်အတွင်း သြဂုတ်လတိုက်ပွဲမှာဖမ်းမိတဲ့ စစ်သုံ့ပန်းနဲ့ PDF ​တွေ။
ဓါတ်ပုံ-သရက်ခရိုင်အမှတ် ၄ တပ်ရင်း
👍29🥰3🤣2🤮1🖕1
ရန်ကုန်မှာ​နေ့ခင်း​ကြောင်​တောင်လူငယ်တစ်ဦးကို အဓမ္မဖမ်းခေါ်တဲ့ရုပ်သံထွက်ပေါ်လာ

■​ပေါ်တာဆွဲတာမဟုတ်ဘဲ ဖုန်းနဲ့ပိုက်ဆံပါတဲ့လွယ်အိတ်ယူ​ပြေးသူကို လိုက်ဖမ်းတာဟုကာယကံရှင်ကရှင်းလင်း

စက်တင်ဘာ-၇၊ ၂၀၂၆။ဟာနာဆန်/People's Spring

ရန်ကုန်မြို့မှာ လူငယ်တစ်ဦးကို​နေ့ခင်း​ကြောင်​တောင် အဓမ္မဖမ်းဆီးနေတဲ့ ရုပ်သံမှတ်တမ်းတစ်ခု လူမှုကွန်ရက်မှာဒီက​နေ့ ထွက်ပေါ်လာပါတယ်။

အဆိုပါ ရုပ်သံမှာ ရန်ကုန်မြို့က တိုက်တန်းကြားတစ်ခုမှာ ဘောင်းဘီတိုအနက်၊ အပြာရောင်တီရှပ်ဝတ်ထားတဲ့ အသက် ၂၀ ကျော် ဝန်းကျင်လူငယ်တစ်ဦးကို အသားရောင်ဘောင်းဘီရှည်၊ အင်္ကျီအနက်ဝတ်ထားတဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ဖမ်းဆွဲခေါ်ဆောင်နေတာ တွေ့ရပါတယ်။

အဆွဲခံရတဲ့လူငယ်က "အကိုက ဘယ်သူလဲလို့။ ကျွန်တော်အကို့လည်း မသိဘဲနဲ့ ဘာလို့အဲလိုကြီး ဆွဲနေရတာလဲ။ တကယ်ကြောက်တယ်။ မလိုက်ရဲဘူး။ ကျွန်တော်ကြောက်တယ်။ အကိုခဏလေးပါအကို။...ကျွန်
တော်မယူသွားပါဘူးအကိုရယ်။ ကျွန်တော်ဖုန်းပြောနေတာပါအကိုရယ်။"လို့ ပြောနေပါတယ်။

"မင်းယူသွားတာ ဟိုအချိုးနားကနေ ငါတွေ့လိုက်တယ်"လို့ ဆွဲနေသူက ပြောဆိုနေတာကြားရပါတယ်။

သမိုင်း၊ အလယ်ဗဟိုလမ်းမှာ ​ပေါ်တာဆွဲတာလို့ လူမှုကွန်ယက်မှာမျှ​ဝေ​နေသူ​တွေက ရေး
သားထားပါတယ်။ ဒါ​ပေမယ့်ပေါ်တာဆွဲခံရခြင်းဟုတ်၊မဟုတ် လူထု​နွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

လူငယ်ကို အမျိုးသားတဦးကဖမ်းဆီးတာဟာ​​​​ပေါ်တာဆွဲတာမဟုတ်ဘဲ အိတ်ယူ​ပြေးသွားတဲ့အတွက်လိုက်ဖမ်းတာဖြစ်တယ် လို့ လိုက်
ဖမ်းတဲ့အမျိုးသားက စက်တင်ဘာ ၇ ရက်ညမှာ​ဖေစ်ဘွခ်မှာ​ ​အောက်ပါအတိုင်းရေးသားရှင်းလင်းထားပါတယ်။

"ယခုလိုင်းပေါ်မှာဖစ်ပေါ်နေတဲ့ပေါ်တာဆွဲနေတယ်ဆိုတာ သတင်းအမှန် မဟုတ်ပါဘူးဗျာ အင်္ကျီအမဲနဲ့ဆွဲနေတဲ့လူက ကျွန်တော်ပါ
ဖြစ်စဥ်က- မရမ်းကုန်းမြို့နယ် ရွှေတဆုပ် လမ်း မြေညီ အိမ်ရှေ့မှ ကျွန်တော့်စက်ဘီး ရပ်ထားတာပါ စက်ဘီးရှေ့ခြင်းထဲက လွယ်အိပ် အစိမ်းရောင်ကို ခိုးသွားတာမို့ လိုက်ဖမ်းရခြင်းဖစ်ပါတယ်(အိတ်ထဲတွင်ဖုန်းနှင့်ပိုက်ဆံပါလို့ပါ) သူယူနှိုက်ပီးပြေးသွားတဲ့အချိန် ကွမ်းယာဆိုင်မှ အန်တီက သားရေနင့်အိတ်ပါသွားပီပြောလို့ အပြေးလိုက်ဖမ်းတာပါ ဖမ်းမိခဲ့တဲ့လမ်းကရွှေဝါထွန်းလမ်းပါ ခိုးသူက အိတ်ကို လမ်းမတစ်နေရာ ပစ်ထားခဲ့တာပါ ရပ်ကွက်မှ လူများ ကူညီပေးမှုကြောင့် အိတ်ရော ဖုန်းရော ပိုက်ဆံတွေပါ ပြန်ရခဲ့ခြင်းပါတယ်"လို့ လူငယ်ကိုလိုက်ဖမ်းခဲ့တယ်ဆိုတဲ့သူက AC Doctor Air-con technical services
​ဖေစ်ဘွခ်​ပေချ်မှာ​ရေးသားထားပါတယ် ။

ထိုဖြစ်စဥ်မှာ လူမှုကွန်ယက်စာမျက်နှာတွင်တစ်​နေကုန်ပျံ့နှံ့​နေပါလျက် ဘာ​ကြောင့် ​စော​​စောစီးစီး မ​ဖြေရှင်းလဲ ဟု ​ဖေစ်ဘွခ်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုရာ အလုပ်များ​နေတဲ့အတွက် ယခုမှ​ဖြေရှင်းခြင်းဖြစ်တယ်လို့အဆိုပါ​ပေချ်က ​တုံ့ပြန်ထားပါတယ် ။

လူငယ်ကိုအဓမ္မဖမ်းဆီးဆွဲ​ခေါ်တာကိုလမ်းသွားလမ်းလာအချို့နဲ့ အနီးရှိပြည်သူ​တွေက မကူညီဘဲ ဒီတိုင်းကြည့်​နေကြတာကို​တွေ့ရပါတယ် ။အနီးဝန်းကျင်ကပြည်သူ​တွေကမကူ
ညီတဲ့အတွက်​ရော၊လူငယ်ကိုယ်တိုင်ကရုန်းပြီးလွတ်​အောင်မ​ပြေးတဲ့အတွက်​ရော လူမှုကွန်ယက်အသုံးပြုသူ​တွေက ​ဝေဖန်​နေကြပါတယ် ။

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ ပျူစောထီးတွေ၊ စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး​တွေ၊စစ်သားနဲ့ရဲ​တွေက အရပ်ဝတ်​တွေနဲ့ ပေါ်တာဆွဲတာတွေသောင်းကျန်းနေပါတယ်။ ​ပေါ်တာဆွဲတဲ့အခါ စစ်​ဆေးစရာရှိလို့ ဖမ်းဆီးတာ ၊ဖုန်းကိုစစ်ပြီးဖမ်းဆီးတာ၊လူအုပ်စုနဲ့အင်အား
သုံးဝိုင်းဖမ်းတာ စတဲ့နည်းမျိုးစုံကိုသုံးဖမ်း
ဆီး​နေတယ်လို့ ​​ဒေသခံ​တွေက​ပြောပါတယ်။

စက်တင်ဘာ ၃ ရက်​နေ့ကလည်း ရန်ကုန်မြို့
၅၇ လမ်းမှာ လူငယ်နှစ်ဦးကို လူတစ်စုက
လက်ထိပ်ခတ်ပြီး ကား​ပေါ်တင် ဖမ်း​ခေါ်သွားပါတယ် ။အနီးဝန်းကျင်ကပြည်သူ​တွေကို ​အော်ဟစ်အကူအညီ​တောင်းခဲ့​ပေမယ့်
ရန်ပြုခံရမှာစိုးလို့ မကူညီခဲ့ကြဘူးလို့ အနီးဝန်းကျင်ကပြည်သူအချို့က​ပြောပါတယ်။

ရန်ကုန်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုဆိုးရွားလာနေပြီး စစ်တပ်ခန့်ရပ်ကွက်အုပ်ကြီး​တွေကို၁ရက် လူ ၅​ယောက်ဆွဲ​​ပေးရမယ်လို့ ဖိအား​ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်းစိန်မြို့နယ်မှာလည်း အရံမီးသတ်အရာရှိ နေအိမ်မှာ အချုပ်ခန်းပြုလုပ်ပြီး လူ
ငယ်တွေကိုစစ်တပ်ဆီရောင်းစားဖို့ချုပ်နှောင်
ထားတာတွေဖြစ်ပွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Chinland FC အသင်းကဘောလုံးသမား ၁ဦး နေအိမ်ပြန်လာစဥ် မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တစ်ပတ်ကြာ ပျောက်ဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ အဆက်အသွယ်ရ ပြန်တွေ့ပြီလို့ အသင်းကထုတ်ပြန်ခဲ့ပေမယ့် ဘောလုံးသမားကိုလူတစ်စုကဖမ်း​ခေါ်သွားတာ​ကြောင့် ​နေပြည်​တော် အမြန််လမ်းဘက်ကို သွား​​ခေါ်ခဲ့ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိသူအချို့က​ပြောပါတယ် ။

ဒါ့အပြင် MFF Futsal League(1) မှာ ကစားနေတဲ့ Gold Dream FC အသင်းက ကစား
သမား ၂ဦးလည်း ပျောက်ဆုံးနေကြောငိး လွန်ခဲ့တဲ့ နှစ်ပတ်နီးပါးက အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။
🤬28🤣32🔥2👎1🖕1
ဆိပ်ဖြူမှာ ပါရာမော်တာတစ်စီးပျက်ကျ

စက်တင်ဘာ-၇၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ ပါရာမော်တာတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံအချို့က ‌ပြောပါတယ်။

ဆိပ်ဖြူအခြေစိုက်အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၂)ကနေတက်လာတဲ့ ပါရာမော်တာက စက်တင်ဘာ ၇ ရက် မနက်
၁၀ နာရီ ၁၆ မိနစ်၀န်းကျင်မှာ ရွှေဘိုကျွန်းရွာအနီး ပျက်ကျခဲ့တာလို့ ဆိုပါတယ်။

"ကပစ ၂၂ ​​​​ေးခြံအနီးတဝိုက်မှာဘဲပျံသန်းဝဲနေချိန်ပျက်ကျတာ။စက်ချို့ယွင်းတာလို့ ယူ
ဆတယ်။သူတို့(စစ်တပ်)နယ်နမိတ်ထဲပဲ ပျက်ကျတယ်ပြောရမယ်"လို့ ဆိပ်ဖြူမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

ဖြစ်စဉ်အသေးစိတ်နဲ့ ထိခိုက်မှုအခြေအနေတွေကို ဆက်လက်စောင့်ကြည့်ပြီး ထပ်မံအသိပေးမယ်လို့ သူက ဆက်ပြောပါတယ်။

"လေထီးလန်ပြီးစက်ကိုအုပ်ပြီးပြုတ်ကျတယ်လို့ သိရတယ်"လို့ဆိပ်ဖြူမြို့နယ်ကာကွယ်
ရေးတပ်တွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

ပါရာမော်တာပျက်ကျမှုနဲ့ပတ်သက်လို့ အာ
ဏာသိမ်း စစ်တပ်ကထုတ်ပြန်တာမရှိသေးပါဘူး။

မကွေးတိုင်းထဲက ပခုက္ကူနဲ့ ပေါက်မြို့နယ်တွေမှာ စစ်တပ်ရဲ့ ပါရာမော်တာတွေကို တော်
လှန်ရေးတပ်တွေက ပစ်ချဖျက်ဆီးနိုင်ခဲ့တာရှိပါတယ်။ဒါ့အပြင် ပဲခူး၊မုံရွာ ၊ ကရင်နဲ့ ရခိုင်
ပြည်နယ်က တိုက်ပွဲတွေမှာပါရာမော်တာတွေ ပျက်ကျခဲ့တာရှိတယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။

၂၀၂၅ ခုနှစ်ကစပြီး စက်တပ်လေထီးတွေကို အာဏာသိမ်းစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေပြီး အထူးသဖြင့် ကျေးရွာတွေကို ဗုံးကြဲမှုကြောင့် အရပ်သားသေဆုံးမှုရာနဲ့ချီရှိနေပါတယ်။



#ပါရာ​​မော်တာ #စက်တပ်​လေထီး
#ဆိပ်ဖြူမြို့နယ် #Peoplesspring
👍23👏97🥰2😁2👎1
၂၀၂၅ဧပြီလက ‌ပခုက္ကူမြို့နယ်မှာ တော်
လှန်ရေးတပ်တွေ ပစ်ချခဲ့တဲ့ ပါရာမော်တာကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-မြိုင်ပကဖ
👍3311🔥3🥰2👏2👎1
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her လှုပ်ရှားမှုစတင်

စက်တင်ဘာ-၇၊၂၀၂၆။တေဇ/People's Spring

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

"Proof of lifeကအစပဲဖြစ်ပါတယ်။ အခုတော့အမေ့ရဲ့လွတ်လပ်မှုအတွက် ကျနော်တောင်းဆိုရပါမယ်။ အမေရဲ့အခြေခံအခွင့်အရေးတွေ၊ မိသားစုနဲ့ဆက်သွယ်တွေ့ဆုံခွင့်နဲ့ခြွင်းချက်မရှိ လွတ်မြောက်‌ရေးအတွက်တောင်းဆိုမယ့် FREE HER လှုပ်ရှားမှုကိုစတင်နေပါတယ်။ဒီနောက်တစ်ဆင့်မှာလည်း ကျွန်တော်နဲ့အတူ ဆက်လက်ရပ်တည်ပြီး ခင်ဗျားတို့ရဲ့ အသံကို ထပ်မံပါဝင်ပေးကြဖို့ မျှော်လင့်ပါတယ် "လို့ ကင်မ်က ဒီနေ့(စက်တင်ဘာ၇)မှာ All in One Movement ရဲ့ ပေ့ခ်ျကနေ ထုတ်ပြန်ထားတာပါ။

ကင်မ်က မိခင်ဖြစ်သူ သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ Proof Of Life ကမ်ပိန်းကိုပြုလုပ် တောင်းဆို ခဲ့ပြီး ပြည်တွင်းပြည်ပက ပြည်သူတွေ တစ်ခဲနက် ပါဝင်တောင်းဆိုပေးခဲ့တာကြောင့် စစ်တပ်က ‌အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်းမှာ ICRC နဲ့ ပထမဆုံးအကြိမ် တွေ့ ဆုံခွင့်ပေးခဲ့ပါတယ်။

Proof Of Life ကမ်ပိန်းမှာပါဝင်ပြီး အသံထွက်ပေးခဲ့ကြသူတွေကို ဘယ်တော့မှ ‌မမေ့ဘူးလို့ ကင်မ်ကပြောပါတယ်။

"မကြာသေးခင်က ICRC နဲ့တွေ့ဆုံခွင့်ရခဲ့တာက စိတ်သက်သာရာအနည်းငယ် ရခဲ့ပေမယ့် မေမေက လွတ်လပ်မှုမရသေးပါဘူး။ မေမေက အခုအသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးသလို ကျွန်တော်လည်း အမေနဲ့တွေ့ခွင့် ၊ စကားပြောခွင့် မရသေးပါဘူး" လို့ ကင်မ်ကရင်ဖွင့်ထားပါတယ်။

ဒါကြောင့် Free Her ကမ်ပိန်းကို စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကမ်ပိန်းမှာပါဝင်နိုင်မယ့် အချက်အလက်တွေကိုတော့ သီးသန့် ထုတ်ပြန်ထားတာမရှိသေးပါဘူး။

လူထုခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက စစ်တပ်ရဲ့ မတရားဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အကျဉ်းကျခံနေရတာ ၂၀၄၅ ရက်ရှိပြီဖြစ်ပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ဒေါ်အောင်ဆန်းစုကြည်#လွတ်မြောက်ရေး#တောင်းဆိုဆန္ဒပြ
#ကင်မ်အဲရစ်
🥰269👍4👏2🤮2🤣1🖕1
(ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြနေစဉ်။ ဓာတ်ပုံ - All In One Piece Movement)
🥰359👍4🤮2🤣1🖕1
‎စစ်ရေးတာဝန်များ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော် ၁၈၀၀ နီးပါးကို NUG က စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုတံဆိပ်တွေ ချီးမြှင့်

‎စက်တင်ဘာ ၇၊ ၂၀၂၆။ ထားမြတ်/People's Spring

‌‎ပြည်သူ့တော်လှန်ရေးတွင် စစ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထူးခြားကျေပွန် အောင်မြင်စွာ ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်များရဲ့ ပေးဆပ်မှု၊ စွန့်လွှတ်မှုနဲ့  အမှုထမ်းဆောင်မှုတို့ကို အလေးအမြတ် ပြုလျက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်များ ခခခချချီးမြှင့်အပ်နှင်းခဲ့‎ကြောင်း ‎အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ‎စက်တင်ဘာလ (၇) ရက် မှာထုတ်ပြန်ပါတယ်။

‎အခု စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့  တံဆိပ်များဟာ  အမျိုးသားညီညွတ်ရေးအစိုးရရဲ့  အမြင့်ဆုံး အသိအမှတ်ထား ဂုဏ်ပြုချီးမြှင့်မှုဖြစ်ပြီး  ဘွဲ့၊  ဆုနဲ့ တံဆိပ် (၅)မျိုးကို ချီးမြှင့်ပေးအပ်ခဲ့ဟု အသိပေးပါတယ်။

‎ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ (HPR) ချီးမြှင့်ခံရသူ (၁) ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (LPR) ချီးမြှင့်ခံရသူ (၂၁) ဦး၊ ပြည်သူ့ဇာနည်ဆု (PMNS) ချီးမြှင့်ခံရသူ (၁၆၄၇) ဦး၊ ပြည်သူ့သားကောင်းဆု (PMLS) ချီးမြှင့်ခံရသူ (၈၁) ဦး၊ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (BRS) ချီးမြှင့်ခံရသူ (၄၂) ဦး စုစုပေါင်း ဘွဲ့ နဲ့ ဆုတံဆိပ်ချီးမြှင့်ဂုဏ်ပြုခံရသူ (၁၇၉၂) ဦး ရှိဟု ဖော်ပြပါတယ်။

‎ဘွဲ့၊ ဆု နဲ့  တံဆိပ်ချီးမြှင့်ရေးလုပ်ငန်းစဉ်rSm ပထမအဆင့်အဖြစ် အဆိုပြုလွှာများကို ကွပ်ကဲမှု အဆင့်အလိုက်  စိစစ်တင်ပြခဲ့တာ ဖြစ်ပြီး ဒုတိယအဆင့်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန အတွင်း ကနဦး စိစစ်ရွေးချယ်မှုကို ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် တတိယ‎အဆင့်အဖြစ် အမျိုးသားညီညွတ် ရေးအစိုးရ “စစ်ဘက်ဆိုင်ရာသူရဲကောင်းဘွဲ့၊ဆု၊တံဆိပ်စိစစ်ရွေးချယ်ရေးကော်မတီ” က ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကနဦး စိစစ်ရွေးချယ်မှုအပေါ် ထပ်ဆင့်စိစစ်  အတည်ပြုရွေးချယ် ချီးမြှင့်ခဲ့ခြင်း ဖြစ် ကြောင်း ထုတ်ပြန်ပါတယ်။

‎အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့  တံဆိပ် ချီးမြှင့်ခြင်းအစီအစဉ်ကို နှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ‎၂၀၂၆ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့  တံဆိပ်ချီးမြှင့်အပ်နှင်းခံရသူ စာရင်း ကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ အသိပေးပါတယ်။


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#NUG#ရဲဘော်၁၈၀၀ #ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)
#အမျိုးသားညီညွတ်ရေးအစိုးရ
40👍5🥰4💩3🤣1🖕1
(အမျိုးသားညီညွတ်ရေးအစိုးရ စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နှင့် တံဆိပ်ချီးမြှင့်ပွဲအခမ်းအနားကျင်းပနေစဉ်။ ဓာတ်ပုံ - NUG)
48🥰7👍5😁3💩3👏1🤮1🖕1
မန္တလေးမှာ ပျူစောထီးတွေသောင်းကြမ်းနေကြောင်းဝေဖန်ခံရပြီးနောက် အချင်းချင်းအရေးယူမယ်လို့ ရဲမွန်တောင်ပျူခေါင်းဆောင် ဆို

စက်တင်ဘာ-၇၊၂၀၂၆၊ရှိန်း/People's Spring

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

မန္တလေးမြို့တွင်းမှာ ပေါ်တာဆွဲမှု၊ရိုက်နှက်လုယက်မှုနဲ့ဓားပြမှု၊လမ်းပေါ်မှာ ကိုယ့်သဘောနဲ့ကိုယ်စစ် ဆေးမှုတွေကြောင့် နာမည်ဆိုးတွေ ဆက်တိုက်ထွက်လာပြီးတဲ့နောက် စစ်တပ်ထောက်ခံသူတွေက အချင်းချင်းဝေဖန်မှုတွေဖြစ်လာတာလို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော်က မန်တလေးမြို့မှာ ပျူစောထီးတွေ သောင်းကြမ်းနေတယ်လို့ ဝေဖန်ထားတာပါ။

စစ်တပ်ထောက်ခံသူ ကျော်စိုးဦးကလည်း "မန္တလေးမြို့မှာ ယူနီဖောင်းဝတ်ပြီး မြို့ထဲပွိုင့်ကားဖွင့် မောင်း နေတဲ့ကောင်တွေ မြင်းခြံဘက်သွားတိုက်လေ"လို့ ပြောဆိုခဲ့ပြီး ပေါက်ကိုယ်ရင်ကပါ ထပ်မံ ဝေဖန် ပြောဆိုခဲ့တာပါ။

မြေယာအမှု ၊ကျောက်ဝိုင်းလုယက်မှုနဲ့ စင်တင်တွေအများအပြားဖွင့်ကာ နာမည်ဆိုးထွက်နေတဲ့ ပြည်ကြီးတံခွန်က ပျူစောထီးတွေကို ပေါက်ကိုယ်တော်က ပြောဆိုခဲ့တာပါ။

"လမင်းက‌ဗျာ( DJ)ခေါ်ပြီး မွေးနေ့လုပ်၊စင်တင်တွေဖွင့်ထားပြီး အဖေလုပ် နေတဲ့ကတုံးက ဝေဖန်တာ တော့ ရယ်ချင်တာပေါ့"လို့ ပျူစောထီးလူငယ်တစ်ဦးကလည်း မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။

အဲဒီနောက် ရဲမွန်တောင်ပြည်သူ့စစ်တည်ထောင်သူနေမျိုးကျော်က "အမှန်တကယ် ရှေ့တန်းမှာ တိုက်ပွဲဝင် နေတာမဟုတ်ဘဲနဲ့ ပြည်သူ့စစ်အ‌ယောင်ပြပြီး လုပ်စားနေတာဖြစ်တယ်။အဲတော့အဲဲဒီလိုဟာမျိုးတွေကိုလည်းဒီနေ့ ဒီအချိန်ကစပြီး မန္တလေးပြည်သူ့စစ်တွေသိက္ခာကျတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ စုံစမ်းမယ်၊စစ်ဆေးမယ်၊မေးမြန်းမယ်။ဖမ်းဆီးပြီး သက်ဆိုင်ရာကို ဖမ်းနိုင်ဖို့အတွက်လည်း ကျွန်တော်တို့စီမံမှာဖြစ်တယ်"လို့ ဆိုပါတယ်။

မန္တလေးမြို့မှာ တိုင်းကနေ ဖွဲ့စည်းထားတဲ့ပြည်သူ့စစ်အမည်ခံ ပျူစောထီး ၁၀ ဖွဲ့ရှိပြီး ရဲအရာရှိတွေရဲ့သား၊ G1ပိုင်တဲ့ ပျူအုပ်စု ၊ပေါက်ကိုယ်တော်ရဲ့ ပျူအုပ်စုတွေ ဆိုပြီး အများအပြားရှိတယ်လို့ သိရပါတယ်။

အဲဒီပျူစောထီးတွေဟာ ရပ်ကွက်လူမိုက်တွေနဲ့ဖွဲ့စည်းထားတာကိုလည်းနေမျိုးကျော်က ဝန်ခံထားပါတယ်။

"အမှန်တကယ် တိုက်ပွဲဝင်ဖို့ဆို သေချာတယ်။ဘယ်လူကြီးသားသမီး‌‌‌ ရှေ့တန်းလိုက်မှာတုံး။ဘယ်လူကြီး သားသမီးပြည်သူ့စစ်ဆိုပြီး တရားဝင်ပြည်သူ့စစ်မဟုတ်ဘဲ နိုင်ငံတော်က နေပြီးမှ သေသွားရင် ဘာမှလုပ်ဆောင် ပေးမှာမဟုတ်ဘဲနဲ့ လိုက်ပြီး တိုက်မယ့်ကောင်ဘယ်လူကြီးသားသမီးတိုက်မှာလဲ။ဘယ်သူဌေးသားသမီးတိုက်မှာလဲ။ဒီဇိုးတွေပဲတိုက်မှာပဲလို့"ထပ်မံ ပြောဆိုထားပါတယ်။

မန္တလေးမှာ ပျူစောထီးအဖွဲ့အစည်းအများအပြားရှိကာ စစ်တပ်နဲ့ပေါင်း လောင်းကစားဝိုင်းအများအပြားဖွင့်ထားပြီး လူသတ်မှု တွေမကြာခဏ ကျူးလွန်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်ကြီးမြို့မပျူစောထီးခေါင်းဆောင်ကိုလည်း ပေါက်ကိုယ်တော်တပည့် စံရှားအဖွဲ့က သတ်ဖြတ်လိုက်ပြီး လက်ရှိမှာ မြေယာအမှုကြောင့် စံရှားကိုစစ်တပ်က ဖမ်းဆီးထားပါတယ်။
21😁18👏7🤣3🔥2🎉1