People's Spring
60K subscribers
70.7K photos
1.22K videos
9 files
3.03K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၆ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

■ပုဏ္ဏားကျွန်းဘက်ထိုးစစ်ဆင်တဲ့ စစ်တပ်အထိနာပြီးနောက်ပြန်ဆုတ်ရ

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ်က စစ်​​တွေမြို့ဘက်က​နေကြည်း၊ ရေ၊ လေသုံး ကာအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနှစ်ခုလုံး ​သေဆုံးဒဏ်ရာရသူများပြီး တပ်ပြန်ဆုတ်သွားခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။စစ်တပ်ဟာစက်တင်လ ၄ ရက်နေ့ မနက်အစောပိုင်းကနေစပြီးစစ်တွေမြို့နယ်ပတ်လည်နေရာတွေကို လေတပ်၊ ရေတပ်နဲ့ အခြေစိုက်တပ်ရင်းတွေကနေလက်နက်ကြီးပစ်ခတ်၊ ဗုံးကြဲတာတွေလုပ်ပြီးအမြင့်ကျွန်းရွာနားနဲ့ ရွှေမင်းဂံရေတပ်စခန်းနားကနေမြေပြင်ထိုးစစ်ဆင်လာခဲ့တာပါ။စစ်တပ်စစ်ကြောင်းတွေကို AA ကတိုက်ခိုက်တာကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွား
ပြီး စစ်တပ်ဘက်က ​သေဆုံးဒဏ်ရာရသူများပြီး နောက်ပြန်ဆုတ်သွားခဲ့ရတာလို့ စုံစမ်းသိရပါတယ်။“အမြင့်ကျွန်းကနေပြီးတော့ကွမ်းတောင်(ပုဏ္ဏားကျွန်းမြို့နယ်)နားထိကိုရောက်
လာသေးတယ်။ဆုတ်ပေးလိုက်၊ပြန်တိုက်လိုက်ပဲ၊ အခုတော့ အကုန်လုံးပြန်ဆုတ်သွားပြီ။ (အမြင့်ကျွန်း)တံတားပေါ်ကဘန်ကာတွေမှာတောင်​ခွေးတွေမရှိတော့ဘူး၊အကုန်ထွက်
ပြေးသွားပြီ” လို့ မြေပြင်သတင်းရင်းမြစ်တဦးကပြောပါတယ်။

ဒါ့အပြင်ရွှေမင်းဂံရေတပ်စခန်းဘက်ကနေ ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းဟာလည်း အထိနာပြီး တိုက်ပွဲဒုတိယရက်စက်တင်ဘာ ၅ ရက်နေ့မှာ​သေဆုံးထိခိုက်မှုအများအပြားနဲ့ ပြန်ဆုတ်သွားခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။နှစ်ရက်တာတိုက်ပွဲအတွင်းအာဏာ
သိမ်းစစ်တပ်ဘက်ကထိခိုက်၊ သေဆုံးသူ တရာနီးပါးရှိပြီး AA ဘက်ကလည်းအချို့ရှိတယ်လို့ AA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တဦးက ပြောပါတယ်။

■မြင်းခြံခရိုင်တပ်ရင်းတွေရဲ့အခြေခံစစ်ပ
ညာနဲ့ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာ
ကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁)စစ်ဒေသ လက်အောက်က မြင်းခြံခရိုင် တပ်ရင်းတွေဖြစ်တဲ့ အမှတ် (၄) တပ်ရင်းနဲ့ အမှတ် (၁၀) တပ်ရင်းတို့ရဲ့အခြေခံစစ်ပညာသင်တန်းအ
ပတ်စဉ် (၇)နဲ့ မွမ်းမံသင်တန်းဆင်းပွဲကိုစက်
တင်ဘာ ၅ ရက်မှာကျင်းပခဲ့ပါတယ်။​ဒီသင်တန်းမှာရဲဘော်သစ်တွေကို သုံးလနီးပါးကြာအောင် အခြေခံစစ်ပညာနဲ့ တိုက်ခိုက်ရေးပညာတွေ သင်ကြားပေးခဲ့သလို၊ မွမ်းမံသင်
တန်းဆင်းရဲဘော်တွေကိုလည်းတစ်လခန့် အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှုနဲ့ တိုက်ခိုက်ရေးစစ်ပညာရပ်တွေပြန်လည်မွမ်းမံသင်ကြားပေး
ခဲ့ပြီး လက်နက်နဲ့ ကျည်ကာအင်္ကျီ၊ ကျည်ကာ ဦးထုပ်တွေကိုပါ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(အမှတ်၄-၁၀)တပ်ရင်းက အသိပေးပါတယ်။အဲဒီရဲဘော်တွေဟာမြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်းက ရဲဘော်တွေဖြစ်ပြီးဆက်လက်တာဝန်ထမ်းဆောင်နေကြကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းတဲ့အထိ တော်လှန်ရေးစိတ်ဓာတ်နဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုထားပါတယ်။

■ပြည်ပရင်းနှီးမြှပ်နှံမှု​တွေလိုက်​ခေါ်​နေ​ပေ
မယ့်ရတနာပုံမြို့သစ်စီမံကိန်းမစနိုင်​​သေးဘဲသိမ်းထားတဲ့မြေတွေမှာဘောစကိုင်းပင်တွေလိုက်စိုက်


အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်က ရတနာပုံမြို့သစ်စီမံကိန်းမှာလာရင်းနှီးမြှပ် နှံကြဖို့ ​သွားတဲ့နိုင်ငံတိုင်းကို လိုက်​ခေါ်​နေ​ပေ
မယ့် စီမံကိန်းအတွက်မြေဧကရာ​ပေါင်းများစွာ ဆက်တိုက်သိမ်းယူထားပြီး​တော့ လုပ်ငန်းမစတင်နိုင်​သေးဘဲ သိမ်းဆည်းမြေတွေ​ကိုခြံခတ်​ဘောစကိုင်းပင်တွေလိုက်စိုက်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သားအောင်ပြည့်စုံရဲ့Sky One Construction ​ဆောက်လုပ်​ရေးကုမ္ပဏီကအ​ခြေခံအ
ဆောက်အအုံ​တွေကို အဓိက​ဆောက်လုပ်မယ့်
မြို့သစ်စီမံကိန်းဟာ မန္တ​လေးတိုင်း ၊ပြင်ဦးလွင်မြို့နယ်၊ သုံး​တောင်ရွာ နဲ့ ပြင်စာရွာကြား
မှာဖြစ်ပါတယ်။မြေဧက တစ်​သောင်း​ကျော် ပေါ်မှာလုပ်မယ့် ဒီစီမံကိန်းအတွက်ဆိုပြီး စစ်တပ်က သုံးထောင်ရွာက နေအိမ်နဲ့ဆိုင်ခန်း ပေါင်း ၁၀၀ ကျော်ကို ဇွန်လကတည်းကစတင်ဖျက်ခိုင်းခဲ့ပါတယ် ။ဒါအပြင်စက်တင်ဘာလဆန်းအထိမြေ နေရာတချို့ထပ်မံဖျက်ခိုင်းထားဆဲဖြစ်တယ်လို့ဒေသခံအချို့က​ပြောပါတယ်။

​နေအိမ်​​တွေနဲ့ မြေနေရာတွေကို စစ်အုပ်စုကဆက်တိုက်ဖျက်ခိုင်းပြီးသိမ်းယူနေတာ ကြောင့် မိသားစု ၁၀၀ ကျော်အိမ်ယာမဲ့ဘဝ ရောက်ရှိခဲ့ပါတယ် ။​အဲဒီလို​မြေ​တွေကိုစစ်အုပ်စုကသိမ်းယူထား​ပေမယ့်ကြေညာထားသလိုစီမံကိန်း မလုပ်​သေးဘဲ မြေနေ​ရာတွေမှာ ဘော်စကိုင်းပင်တွေ စိုက်ပျိုး နေတာလို့ ဒေသခံတဦးက ပြောပါတယ်။"မြေတွေအ
ကုန်လုံးမှာတိုင်လေးတွေထောင်ပြီး ဘောစ
ကိုင်းပင်တွေစိုက်နေတာ။ဒါကသတင်းတွေ
ထွက်နေသေးလို့ရယ်။အေးသွားရင် အကွက်
ရိုက်ပြန် ရောင်းစားမှာပဲ"လို့ ဒေသခံတဦးကလည်းက ပြောပါတယ်။

◾️ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို စစ်
တပ် ဗုံးကြဲဖျက်ဆီး
11👍5🖕3😁2🤣1
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၆ရက်မှာ လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။၂၀၂၄ ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ စင်းခန်းတံတားကို စစ်တပ်ကပြန်
လည်ရယူဖို့၊ ဗန်းမော်မြို့ကိုစင်အင်အားဖြည့်နိုင်ဖို့ ကြည်း၊ရေ၊လေထိုးစစ်ဆင် ကြိုးပမ်းခဲ့ပေမဲ့ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းတိုက်ပွဲတွေမှာ အထိနာတဲ့စစ်တပ်ဟာ မြစ်ကူးတံတားကိုဗုံးကြဲဖျက်ဆီးမှုပထမဆုံးအကြိမ် ပြုလုပ်လာတာလည်းဖြစ်ပါတယ်။ စက်တင်ဘာ ၂ရက်က ရွှေကူမြို့နယ် ဇင်းဘုံရွာနဲ့ စင်းခန်းတံတား ကြားရေကြောင်းတိုက်
ပွဲမှာ စစ်တပ်က သင်္ဘောတွေ အများအပြားထိခိုက်ပျက်စီးခဲ့ပြီး အလံဖြူထောင်တဲ့သင်္ဘောအချို့က စစ်သုံ့ပန်းတွေနဲ့လက်နက်ခဲယမ်းတွေကို KIA ပူးပေါင်းတပ်က သိမ်းရခဲ့ပါတယ်။ အခုရက်ပိုင်းမှာလည်း စင်းခန်းတံ
တားအနီးဝန်းကျင်မှာKIAနဲ့စစ်တပ်ရဲ့ မြေပြင်
စစ်ကြောင်းတွေ တိုက်ပွဲပြင်းထန်နေကြောင်း KIAက အသိပေးထားပါတယ်။

◾️စစ်သင်္ဘောအချို့ရောက်လာတဲ့ ဗန်းမော်မှာ တိုက်ပွဲတွေပြန်စနေဟု KIA ပြော

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ စက်တင်
ဘာ ၄ရက်မနက်က စပြီးထိတွေ့တိုက်ပွဲတွေ ပြန်လည်စတင်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ KIA တပ်မဟာ(၃)နယ်မြေဖြစ်တဲ့ ဗန်းမော်မြို့ကို စစ်တပ်က လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ စစ်ကူအင်အားတွေတင်ဆောင်လာတဲ့ သင်္ဘောအချို့ဆိုက်ရောက်လာပြီးနောက် တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာလို့ ဆိုပါတယ်။ ဒါ့အ
ပြင် KIA တပ်မဟာ(၁၁)တပ်ရင်း(၁၂)နယ်
မြေ ရွှေကူမြို့နယ်ဘက်မှာလည်းစက်တင်
ဘာ ၅ရက်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ဖော်ပြပါတယ်။ စက်တင်ဘာ ၅ရက်မှာ စင်းခန်းကျေးရွာအထက်ဘက် ဧရာ၀တီမြစ်ကြောင်းအတိုင်း စက်လှေတွေနဲ့တက်လာပြီး စင်းခန်းအနီး ခြေလျင် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့KIA ပူးပေါင်းတပ်တို့ဟာစင်းခန်းဘုန်းကြီး
ကျောင်းနဲ့ စင်းခန်းတံတား အနီး တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။

■စစ်ရေးတင်းမာနေတဲ့ဗန်းမော်မြို့ကိုစစ်ရှောင်ဝန်ထမ်းတွေပြန်လာဖို့ စစ်တပ် ပြန်ခေါ်

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်
ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။ဗန်းမော်မြို့မှာ အုပ်ချုပ်ရေးယန္တရား ပြန်စတင်ဖို့အတွက် ပြန်လာကြဖို့ ညွှန်ကြား
ချက်ကို အခု စက်တင်ဘာလဆန်းမှာ ဖုန်းနဲ့ ဆက်သွယ်ပြီး အသိပေးတာလို့ ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ရန်ကုန်မြို့ကို ရောက်နေတဲ့ ဗန်းမော်မြို့က ဝန်ထမ်းတစ်ဦးကလည်း အခုအချိန်မှာ ပြန်ဖို့လုံးဝမဖြစ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။ ခရိုင်အဆင့်မြို့ဖြစ်တဲ့ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ဌာနဆိုင်ရာရုံးပေါင်းစုံ အခြေစိုက်ပါတယ်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDF နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ဒီဇင်
ဘာ ၄ရက်မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ကောင်စီဌာနဆိုင်ရာရုံးတွေအားလုံးပိတ်လိုက်ရပြီး ဝန်ထမ်းတွေလည်း ထွက်ပြေးခဲ့ရပါတယ်။ဒေသခံတွေလည်း စစ်ရှောင်နေရတာ ၂နှစ်ခန့်ရှိလာပြီဖြစ်ပါတယ်။

◾️ကရင်နီခေါင်းဆောင် ဦးအောင်ဆန်းမြင့် ဈာပန နယ်စပ်မှာကျင်းပ

ကရင်နီ တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်တဲံ့ ဦးအောင်ဆန်းမြင့်ရဲ့ ဈာပန အခမ်းအနားကို မြန်မာ-ထိုင်းနယ်စပ်ကရင်နီဒေသ တနေရာမှာစက်တင်ဘာ ၅ရက်က ကျင်းပခဲ့ပါတယ်။ကရင်နီအမျိုးသားတိုးတက်ရေးပါ
တီ(KNPP) အထွေထွေအတွင်းရေးမှူး၊ကရင်
နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ဥက္ကဋ္ဌနဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဆောင်ဆန်းမြင့်ဟာ ထိုင်းနိုင်ငံမှာ ဆေးကုသနေစဉ် ဩဂုတ် ၃၀ရက်မှာ ကွယ်လွန်ခဲ့တာပါ။ ကွယ်
လွန်ချိန်မှာ အသက် ၆၃နှစ်ရှိပြီဖြစ်တဲ့ ဦးအောင်ဆန်းမြင့်ဟာ ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေး၊ နိုင်ငံရေး တော်လှန်ရေး၊ တရားစီရင်ရေး ကဏ္ဍတွေမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သလို ကရင်နီပြည်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကေရစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဦးစီးပါဝင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ ဈာပန အခမ်းအနားကို တော်လှန်ရေး အင်အားစု အသီးသီးက မဟာမိတ်ခေါင်း
ဆောင်တွေ၊ကရင်နီလူထုတွေ တက်ရောက်ခဲ့ကြောင်း KNICက ဖော်ပြထားပါတယ်။

◾️ရန်ကုန်မှာ ပေါ်တာအဆွဲကြမ်း​​နေလို့ လူငယ်တွေ အလုပ်သွား၊အပြန်ကို​တောင်စိုးရိမ်​နေ

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။ ရန်ကုန်မြို့မှာ သြဂုတ်လနဲ့ စက်တင်ဘာလဆန်းမှာ မြို့ထဲမှာတင်နေ့ခင်း
🖕11👍72🤣2
ကြောင်တောင်ပေါ်တာဆွဲလာတာတွေကြောင့် လူငယ်​​တွေဟာ စိတ်မလုံခြုံမှုကိုခံစား​နေကြရတာပါ။ အထက်ပါလူငယ်​ပြောသလိုပဲ ရန်ကုန်မြို့မှာ ​ပေါ်တာဆွဲတာ​တွေ ခပ်စိပ်စိပ်လုပ်လာတာကြောင့် ကုမ္ပဏီနဲ့ လုပ်ငန်းအချို့ကလည်း ရုံးစောဆင်းပေးတာမျိုး​တွေရှိလာတယ်လို့ကုမ္ပဏီဝန်ထမ်းအချို့က​ပြောပါတယ်။

◾️လွိုင်ကော်အရှေ့ဘက်ခြမ်း စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံး၊ ၈ဦး ဒဏ်ရာရ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။စက်တင်ဘာ ၅ရက် နေ့လယ် ၁၂ နာရီခွဲ၀န်းကျင်မှာ လွိုင်ကော်-ရှားတောလမ်းပိုင်းအနီးမှာရှိတဲ့ နောင်ပုလုကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဖြစ်စဉ်ကို သိရှိသူတွေက ‌ပြောပါတယ်။ လွိုင်ကော်အရှေ့ခြမ်းကို စစ်တပ်က ‌‌၂ရက်ဆက်​လေ
ကြောင်းတိုက်ခိုက်မှုလုပ်နေတယ်လို့လည်း သူက အသိပေးပါတယ်။လွိုင်ကော်မြို့အရှေ့
ဘက်ခြမ်းက စခန်းကုန်းတွေမကျရေး စစ်‌
တပ်ကလေကြောင်းကနေအပြင်းအထန်ခု
ခံတာမှာ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေထဲအထိ ‌ပစ်မှတ်ထားတိုက်ခိုက်မှုတစ်ခုလို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

◾️ပခုက္ကူနယ်မှာစက်တပ်လေထီးတိုက်ခိုက်မှုကြောင့်အရပ်သားလေးဦးသေဆုံး

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တောရွာက်ိုအာဏာသိမ်းစစ်
တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာစက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်း
အမြစ်အချို့ဆီက သိရပါတယ်။ အဲဒီရွာတွေဟာ မန္တလေးတိုင်းနဲ့ မကွေးတိုင်းအစပ်မှာတည်ရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်း စက်တင် ဘာလ ၄ ရက် ၊မနက်ပိုင်း ၁၁ နာရီဝန်းကျင် မှာ စက်တပ်လေထီးနှစ်စီးနဲ့ ဗုံးကြဲတာပါ။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့်အမျိုး
သားနှစ်ဦး၊အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ ဒါအပြင် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သလ်ို နေအိမ်အချို့လည်းထိခိုက်ပျက်ဆီးခဲ့ပါတယ်။စက်တပ်လေထီးတွေဟာမန္တလေး တိုင်း၊ညောင်ဦးလေ
ဆိပ်ကနေတက်လာတာလို့ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ယူဆကြပါတယ်။

◾️မန္တလေးမှာ စစ်မှုထမ်းမဲနှိုက်မှု အာဏာပိုင်တွေနဲ့ ငွေကြေးချမ်းသာသူတွေရဲ့သားတွေ ကင်းလွတ်ခွင့်ရနေကြောင်း ပျူစောထီး ၁ဦး ထုတ်ပြော

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာ
ပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူရွှေမူမူအောင်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ​အဆိုပါရပ်ကွက်အတွင်း စစ်မှုထမ်းမဲနှိုက်တဲ့ လုပ်ငန်းစဉ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေအပြင် ရပ်ကွက်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သားတွေဟာ မဲနှိုက်ရမယ့်စာရင်းမှာ လုံးဝပါဝင်ခြင်းမရှိဘဲ ကင်းလွတ်
ခွင့်ရနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဖြစ်တဲ့မန္တလေးပြည်သူ့စစ် သတင်းတပ်ဖွဲ့ကရွှေမူမူအောင်ကဖွင့်ချပြော
ဆိုခဲ့ပါတယ်။ ဒေါ်ရွှေမူမူအောင်၏ ပြောကြားချက်အရ မဲနှိုက်ခြင်းမပြုရဘဲ ကင်းလွတ်နေသူတွေထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနိုင်ဝင်းအောင်ရဲ့ စစ်မှုထမ်းအသက်အရွယ် အကျုံး
ဝင်တဲ့သားတစ်ဦး၊ သမက်တစ်ဦးနဲ့ တူတစ်ဦး၊ ရာအိမ်မှူးတွေဖြစ်တဲ့ မင်းအောင်ရဲ့ သား
တစ်ဦး၊ မအေးငြိမ်းရဲ့ သားတစ်ဦး၊ ညီညီရဲ့ သားနှစ်ဦးတို့လည်း မဲနှိုက်ရမယ့်စာရင်းမှာ မပါဘူးလို့ ရွှေမူမူအောင်က ပြောပါတယ်။

◾️မန္တလေးကဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်စု ကျောက်မြောင်းနဲ့ ရှိမ်းမကားအနီး ရောက်နေ

မန္တလေးမြို့ကနေဆန်တက်လာတဲ့ စစ်ရေယာဉ် အုပ်စုဟာ ကျောက်မြောင်းနဲ့ ရှိမ်းမကား ဒေသရောက်ရှိနေကြောင်း ဒေသတွင်း​ကင်း​ထောက်အဖွဲ့တွေက ပြော​ပါတယ်။ စက်တင်ဘာ ၄ရက် ညနေပိုင်းက မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာတဲ့ စစ်ရေယာဉ် အုပ်စု (၃၁) စီးဟာ စက်တင်ဘာ ၅ ရက် ညနေပိုင်းအထိ ခရီးဆက်လက် ဆန်တက်နေကြောင်း ဒေသတွင်း​ကင်း​ထောက်အဖွဲ့တွေက ပြော​ပါတယ်။ ပထမအသုတ် ရှေ့ပြေးရေယာဉ်အုပ်စုမှာ ရွှေဘိုမြို့နယ်အရှေ့ခြမ်း ကျောက်မြောင်းတံတားအနီးသို့ ရောက်ရှိပြီး အထက်ဘက်သို့ ဆက်လက်ဆန်တက်နေပါတယ် ။ ဒုတိယအသုတ် နောက်ဆုံးရေယာဉ်အုပ်စုရဲ့ ဦးဆောင်အစီးမှာလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း ရှိမ်းမကားရွာ အရှေ့ဘက် မြစ်ကြောင်းအတွင်းသို့ ရောက်ရှိကာ ဆက်လက်ချီတက်နေကြောင်း ကင်း
ထောက်အဖွဲ့တွေက ပြောပါတယ်။ သင်္ဘောအုပ်စုထဲက အချို့ဟာတ​ကောင်းနီကယ်စက်ရုံက နီကယ်​တွေကိုသွား​သယ်မှာဖြစ်ပြီး အချို့ က ဗန်း​မော်ကိုဆက်လက်ဆန်တက်နိုင်တယ်လို့ စုံစမ်းသိရပါတယ်။

◾️၁၄နှစ်အရွယ်မိန်းကလေးငယ်ကိုအဓမ္မကျင့်ခဲ့သူကို AAတရားရုံးက ထောင်ဒဏ်နှစ် ၃၀ ချ
👍13🖕4🤣21👏1
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ရမ်းချောင်းဒေသမှာအသက် ၁၄ နှစ်အရွယ် မိန်း
ကလေးငယ်ကိုအဓမ္မပြုကျင့်ခဲ့တဲ့အသက် ၅၅ နှစ်အရွယ် ဦးမောင်အေးလှကို အာရက္ခတပ်တော်(AA)လက်အောက်ခံ တရားရုံးက အလုပ် ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်တယ်လို့ဒီနေ့ထုတ်ပြန်ပါတယ်။ မုဒိမ်းမှုအပြင်ဓမ္မတာနဲ့ဆန့်ကျင်တဲ့ကာမစပ်ယှက်ခြင်းတို့ကိုအတင်းအဓမ္မကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် တာကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆(မုဒိန်းမှု)နဲ့ ထောင်ဒဏ် နှစ် ၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇(ဓမ္မတာ နဲ့ဆန့်ကျင်တဲ့ကာမစပ်ယှက်မှု)နဲ့ထောင်ဒဏ် ၁၀ နှစ်စီမြောက်ဦးခရိုင်တရားရုံးက ချမှတ်ခဲ့တာလို့​ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ၇ ရက်နေ့ကရမ်းချောင်းဒေသမှာ ခြံစောင့်အငှားလုပ်ကိုင်နေသူရဲ့သမီးကို ခြံပိုင်ရှင်ဖြစ်တဲ့ဦးမောင်အေးလှကအဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီးအဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးငယ်ရဲ့ ညီမဖြစ်သူကိုလည်း လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုလုပ်ခြိမ်းခြောက်ခဲ့ပါသေးတယ်။ အဲဒီလို ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီးနှစ်လကျော်အကြာ ဇူလိုင်လ ၃၀ ရက်နေ့မှာမှ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကာ မြောက်ဦးခရိုင်တရားရုံးမှာ တရားစွဲတင်ခဲ့တာပါ။ အဲဒီအမှုကို ခရိုင်တရားရုံးက တလ ကျော်ကြာစစ်
ဆေးပြီးနောက် အခုလို အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

#ဒီ​နေ့ဘာဖြစ်ခဲ့လဲ #Peoplesspring
#ludunwayoo #PS
👍13🖕5🤣2😁1
👍25🤣54👎1🖕1
FATF ဆိုတာ ငွေကြေးခဝါချမှု၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့မှုနဲ့ အစုလိုက်အပြုံလိုက် ဖျက်ဆီးရေးလက်နက်တွေ ပျံ့နှံ့ရေးအတွက် ငွေကြေးထောက်ပံ့မှု တွေကို တားဆီးဖို့ နိုင်ငံတကာက ဖွဲ့စည်းထားတဲ့ငွေကြေးစောင့်ကြည့်ရေးအဖွဲ့အစည်း တစ်ခုဖြစ်ပြီး သူတို့မှာ စစ်တပ်မရှိသလို အရေးယူပိုင်ခွင့်ကိုလည်း တိုက်ရိုက်အသုံးမပြုနိုင်ပေမယ့် သူတို့ရဲ့ ဆုံးဖြတ်ချက် တစ်ခုက ကမ္ဘာတစ်ဝန်း ဘဏ်တွေရဲ့လုပ်ဆောင်ပုံကို ပြောင်းလဲသွားစေနိုင်တဲ့ သြဇာရှိပါတယ်။

ရှောင်တာနဲလ်တို့ရဲ့ ဒီဆောင်းပါးက စစ်အစိုးရရဲ့ အကြီးမားဆုံး အားနည်းချက်တစ်ခုဟာ နိုင်ငံခြားငွေ လိုအပ်ချက် ဖြစ်ပြီး လက်ရှိအချိန်မှာ ဘဏ္ဍာငွေပြတ်လပ်မှု၊ငွေကြေးကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရပြီး ရုရှား၊ တရုတ် နဲ့ အီရန်နိုင်ငံတို့ထံမှ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့အတွက် နိုင်ငံခြားငွေ(အထူးသဖြင့် အမေရိကန်ဒေါ်လာ)ကိုမဖြစ်မနေလိုအပ်နေ‌ကြောင်းထောက်ပြထားပါတယ်။

စစ်အစိုးရအတွက် လက်ရှိအရေးယူမှု‌တွေကနေ ဆက်လက်ရပ်တည်နိုင်ဘို့ အရေးကြီးဆုံး ကတော့ နိုင်ငံခြားငွေကို စုဆောင်းထားနိုင်ဖို့ပါပဲ။ဒီအတွက်ပြည်ပရောက်မြန်မာလုပ်သားတွေ ဝင်ငွေရဲ့ ၂၅ရာခိုင်နှုန်းကို မဖြစ်မနေ အစိုးရသတ်မှတ်ထားတဲ့ မြန်မာဘဏ်များမှ တဆင့်သာ လွှဲခိုင်းတာ၊ ပို့ကုန်ရငွေရဲ့ တစ်စိတ်တစ်ပိုင်းကို မဖြစ်မနေ ကျပ်ငွေပြောင်းခိုင်းတာ၊ နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်က ထိန်းချုပ်နိုင်အောင် စည်းမျဉ်းတွေ ချမှတ်တာတွေဟာ နိုင်ငံခြားငွေ စုဆောင်းဖို့ ကြိုးစားနေတဲ့ နည်းလမ်းတွေလို့ ဆောင်းပါးကဆိုပါတယ်။

တရားဝင်ဘဏ်စနစ်ကိုမသုံးဘဲ ပြည်ပမှ ငွေလွှဲပေးတဲ့ အလွတ်သဘော ကွန်ရက်တစ်ခုဖြစ်တဲ့ ဟွန်ဒီငွေလွှဲစနစ် လုပ်ကိုင်နေသူတွေကို စစ်အစိုးရကဖမ်းဆီးအရေးယူနေတာဟာလည်း ငွေကြေးခဝါချမှုကို တိုက်ဖျက်တာထက် နိုင်ငံခြားငွေတွေကို အစိုးရထိန်းချုပ်တဲ့ ဘဏ်စနစ်ထဲ မဖြစ်မနေ ဝင်လာအောင် လုပ်ချင်တဲ့ ရည်ရွယ်ချက်က ပိုများတယ်လို့ စာရေးသူတွေက သုံးသပ်ထားပါတယ်။

ဒီလိုစစ်အစိုးရက နိုင်ငံခြားငွေစီးဆင်းမှုကို အလွန်အမင်း အားကိုးနေရတဲ့ အခြေအနေမှာပဲ FATF ရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါလာပါတယ်။ အထူးသဖြင့် FATF ရဲ့ ကောင်တာမက်ရှာ(Countermeasures)လို့ခေါ်တဲ့အပြင်းထန်ဆုံးအဆင့်အထိ သတ်မှတ်လိုက်မယ်ဆိုရင် ကမ္ဘာတစ်ဝန်းက ဘဏ်တွေဟာ အဲဒီနိုင်ငံနဲ့ ပတ်သက်တဲ့ ငွေပေးငွေယူတွေကို အန္တရာယ်မြင့်မား တယ်လို့ သတ်မှတ်ပြီး ငွေလွှဲတာကို ငြင်းပယ်တာ၊ အလွန်တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်တာ၊ ဝန်ဆောင်မှုပေးဖို့ ရှောင်ရှားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒီလိုဖြစ်လာရင် စစ်အစိုးရအတွက် နိုင်ငံခြားငွေ ရရှိဖို့ ပိုခက်လာမယ်၊ နိုင်ငံတကာ ငွေပေးချေမှုစနစ်ကို အသုံးပြုဖို့ အတားအဆီးတွေ များလာမယ်၊ လက်နက်ဝယ်ယူရေးနဲ့ စစ်ဆင်ရေးဆိုင်ရာ အသုံးစရိတ်တွေ ပိုမိုကြီးမားလာမယ်၊ နောက်ဆုံးမှာ စစ်အစိုးရရဲ့ အုပ်ချုပ်နိုင်စွမ်းကိုပါ ထိခိုက်ယိုင်နဲ့ လာစေမယ်လို့ သုံးသပ်ထားပါတယ်။

ဒီနေရာမှာ တရုတ်နဲ့ ရုရှားတို့ရဲ့အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တရုတ်က FATF အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ ရုရှားရဲ့ FATF အဖွဲ့ဝင်အခွင့်အရေးကတော့ ၂၀၂၃ ခုနှစ်ကတည်းက ဆိုင်းငံ့ခံထားရပါတယ်။

တရုတ်နဲ့ ရုရှားဟာ မြန်မာစစ်အစိုးရရဲ့ အရေးပါဆုံး နိုင်ငံရေးနဲ့ မဟာဗျူဟာမိတ်ဖက်တွေ ဖြစ်နေပေမယ့်၊ နိုင်ငံတကာဘဏ္ဍာရေးစနစ်အပေါ် မိမိတို့ရဲ့ အကျိုးစီးပွားနဲ့ သက်ရောက်မှုတွေကို ချိန်ဆရမယ့်အချိန် ရောက်လာရင် မြန်မာစစ်အစိုးရဘက်မှာ အမြဲတမ်း မပြောင်းမလဲ ရပ်တည်ပေးမယ်လို့ အာမခံနိုင်မှာ မဟုတ်ပါ။ အထူးသဖြင့် FATF လို နိုင်ငံတ
ကာ ဘဏ္ဍာရေးစံနှုန်း တွေကို ထိန်းသိမ်းတဲ့ ယန္တရားအတွင်းမှာတော့ မဟာဗျူဟာမိတ်ဖက်ဖြစ်ခြင်းတစ်ခုတည်းနဲ့ ဆုံးဖြတ်လေ့မရှိဘဲ ကိုယ်ပိုင်နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားကိုသာ ဦးစားပေးတွက်ချက်နိုင်ခြေ ပိုများပါတယ်။

စစ်အစိုးရကလည်း အခြားငွေပေးချေမှုလမ်းကြောင်းများရှာဖွေခြင်းနဲ့ မိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ရေး ပိုမိုတိုးမြှင့်ခြင်းတို့မှတစ်ဆင့် ဘဏ္ဍာရေးဖိအားများကို လျှော့ချဖို့ ကြိုးပမ်းလာနိုင်ပါတယ်။

https://www.ludunwayoo.com/feature-mm/2026/09/02/167179/
👍206🤣3🥰2🖕2
ရန်ကုန်မြို့ရဲ့ လမ်းဘေးတစ်နေရာမှာ ဆိုက္ကားပေါ် ငူငူငိုင်ငိုင်နဲ့ထိုင်နေတဲ့ ဆိုက္ကားဆရာကို အမျိုးသားတစ်ယောက်ဟာ သူ့လက်မောင်းက အင်္ကျီကို မ တင်ရင်း “ဇရှိလား”လို့ သွားမေးတယ်။ ဆိုက္ကားဆရာက “သွားစမ်းပါကွာ ဆိုက္ကားဆွဲမကောင်းလို့ စိတ်ညစ်နေရတဲ့ကြားထဲ”လို့ ပြန်ပြောတယ်။ ဒါကို အဲဒီအမျိုးသားက “ဇရှိလား”လို့ ထပ်မေးတော့ ဆိုက္ကားဆရာက ဆိုက္ကားပေါ်ကဆင်းပြီး တုတ်ရှာဖို့ပြင်တယ်။ အဲဒီအခါကျမှ သွားစတဲ့ အမျိုးသားက “ဇ ရှိလို့ရှိရင် လက်မောင်းလေးလှဲချင်လို့ ဗွီဒီယိုရိုက်နေတာ”လို့ ပြောလိုက်တယ်။

အဲဒီ Prank ရိုက်တဲ့ အမျိုးသားပဲ နောက်ထပ်ဗွီဒီယိုတစ်ခု ရှိပါသေးတယ်။ ရေကန်ဘေးမှာ လက်တစ်ဖက်ထောက်ရင်း၊ ကန်ရေပြင်ကိုငေးရင်း ဆေးလိပ်သောက်နေတဲ့ အမျိုးသားတစ်ယောက်ဘေးနားကို သွားထိုင်တယ်။ ထိုင်ပြီး ​အေးနေမှာစိုးလို့ဆိုပြီး စောင်ခြုံပေးတော့ ဆေးလိပ်သောက်နေတဲ့အမျိုးသား ဒေါသထွက်သွားတယ်။ “လူက ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘူး။ နေစမ်းပါကွာ”တဲ့။

ဗွီဒီယိုရိုက်နေတာပါလို့ ပြောတော့လည်း သူဟာပိုတောင်စိတ်ဆိုးသွားတယ်။ အစခံရတဲ့သူက video ရိုက်ထားတာကို စိတ်ဆိုးသွားတာတောင် Prank ရိုက်ကူးသူဟာ သူ့ Video ကို လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ အစခံရသူ စိတ်ဆိုးဒေါသထွက်နေတာတောင် အွန်လိုင်းပေါ် ဗီဒီယိုတင်တာဟာ အခြေခံကျတဲ့ လူ့အခွင့်အရေးနဲ့ တစ်ကိုယ်ရေလွတ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်ပါတယ်။

သူတစ်ယောက်တည်းတင်မကပါဘူး။ ရန်ကုန်မြို့မှာ Prank ရိုက်ကူးသူတွေဟာ စစ်တပ်အာဏာသိမ်းကာလထဲမှာပဲ ပုံစံအမျိုးမျိုးနဲ့ ရိုက်ကူးနေကြပါတယ်။ ဖုန်းမပါလို့ ဖုန်းလေးဆက်ပါရစေပြောပြီး ဖုန်းလုပြေးသလို Prank တွေ၊ ဖုန်းကိုရိုက်ခွဲတာတွေ စုံနေတာပါပဲ။ အဲဒီ Prank တွေဟာ အစခံရသူတွေကော တကယ်ပျော်ကြပါရဲ့လား။

Prank (ပရန့်ခ်)Video တွေဟာ လူတစ်ဦး သို့မဟုတ် အဖွဲ့တစ်ဖွဲ့ကို အပျော်သဘော ရယ်မောစေဖို့ ရည်ရွယ်ပြီး

လှည့်စားတာ၊ အံ့အားသင့်စေတာ သို့မဟုတ် စနောက်ကျီစယ်တာတွေကို ဗွီဒီယိုရိုက်ကူးထားကြတာပါ။အစခံရတဲ့ ကာယကံရှင်ဟာ အံ့အားသင့်သွားတာသို့မဟုတ် တစ်ခုခု တုံ့ပြန်လာပြီဆိုရင် “ဒါဟာ prank လုပ်တာပါ (စနောက်တာပါ)”လို့ ပြန်လည်ရှင်းပြရပြီး အားလုံးအတူတကွ ရယ်မောစေတာပါ။ အစခံရသူပါ ရယ်မောရမှ prank လုပ်တာ အောင်မြင်တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် လူတန်းစားမျိုးစုံ အထူးသဖြင့် အခြေခံလူတန်းစားတွေဟာ အင်မတန်မှ ပင်ပန်းကြီးစွာ ရုန်းကန်နေကြရပါတယ်။ လက်ရှိ မြန်မာနိုင်ငံလို နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအရ ဘက်ပေါင်းစုံ အကျပ်အတည်းကြုံနေရချိန်မှာ ဆိုက္ကားဆရာအပါအဝင်အခြေခံလူတန်းစားတွေကို ဒေါသထွက်အောင် စနောက်တာ (Prank လုပ်တာ) ဟာ အပျော်သဘောထက် ကျော်လွန်ပြီး ကိုယ်ချင်းစာတရား ကင်းမဲ့ရာ ရောက်ပါတယ်။ အစခံရသူ ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ မြင်ရတွေ့ရတာ ဘယ်လိုမှ အဆင်မပြေပါဘူး။



https://www.ludunwayoo.com/opinion-mm/2026/08/20/166145/
👍29🤬65🔥2🤮1🤣1🖕1
“You can’t have fun with people’s blood.”

လူတွေရဲ့ သွေးပေါ်မှာ အပျော်ခရီးထွက်လို့ မရဘူး။

ဒီစကားကို ပြောခဲ့သူက Daham Alassad ဆိုတဲ့ ဆီးရီးယားလူမျိုး ရုပ်သံမှတ်တမ်းရုပ်ရှင်ဖန်တီးသူ တစ်ယောက်ပါ။Daham ဟာ ဆီးရီးယားနိုင်ငံ Homs ပြည်နယ်ကရှေးဟောင်းမြို့ Palmyra အနီးမှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။သူ့မိသားစုဟာလည်းစစ်မဖြစ်ခင်ကခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်ခဲ့ကြပြီး Daham ကိုယ်တိုင် ခရီးသွားဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။၂၀၁၁ ခုနှစ်နောက်ပိုင်းဆီးရီးယားအရေးအခင်းကစစ်ပွဲအဖြစ်ပြောင်းလဲသွားချိန်မှာသူလည်းနိုင်ငံကနေထွက်ပြေးခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ကိုယ့်မွေးရပ်မြေကို ကိုယ်
တိုင် လွတ်လွတ်လပ်လပ် ပြန်မသွားနိုင်သေးတဲ့အချိန်မှာ နိုင်ငံခြားက ခရီးသွားဘလော်ဂါတွေက ဆီးရီးယား အာဏာရှင်အစိုးရရဲ့ လုံ
ခြုံရေးခွင့်ပြုချက်နဲ့ ဗီဇာယူပြီး Damascus, Homs, Aleppo, Palmyra စတဲ့ နေရာတွေကို သွားရောက်ရိုက်ကူးနေကြတာကို သူမြင်ခဲ့ရပါတယ်။

သူ့အတွက် ဒီကိစ္စက “နိုင်ငံခြားသားတွေ ဆီးရီးယားကို ခရီးလာတာ မကြိုက်ဘူး” ဆိုတဲ့ ရိုးရိုးခံစားချက်မျိုး မဟုတ်ပါဘူး။

သူတို့ကကင်မရာကိုင်ပြီးလမ်းလျှောက်နေတဲ့ နေရာတချို့ဟာ သူ့သူငယ်ချင်းတွေ ဖမ်းဆီးခံခဲ့ရတဲ့ နေရာတွေ ဖြစ်နိုင်တယ်။လူတွေသတ်ဖြတ်ခံခဲ့ရတဲ့ လမ်းတွေ ဖြစ်နိုင်တယ်။

ဆန္ဒပြသူတွေ ပစ်ခတ်ခံခဲ့ရတဲ့ နေရာတွေ ဖြစ်နိုင်တယ်။

သူ့အတွက်နာကျင်မှုနဲ့ စိတ်ဒဏ်ရာချိတ်ဆက်နေတဲ့နေရာတွေကို တခြားသူတစ်ယောက်က ခရီးသွားဗီဒီယိုရဲ့ နောက်ခံပုံလို သုံးနေတာကို မြင်ရတဲ့အခါ Daham က-

“These vloggers are just some kids playing in the blood of Syrians.”

“ဒီဘလော်ဂါတွေက ဆီးရီးယားပြည်သူတွေရဲ့ သွေးပေါ်မှာ ကစားနေတဲ့ ကလေးတွေလိုပဲ”လို့ ပြောခဲ့ပါတယ်။

နောက်ထပ် “ဆီးရီးယားကို ပျော်ဖို့ လာတာပါ၊ နိုင်ငံရေးနဲ့ မဆိုင်ပါဘူး” ဆိုတဲ့ သဘောမျိုး ပြောကြတဲ့ ခရီးသွားဘလော်ဂါတွေအပေါ်လည်း Daham က-

“They say they are going to Syria for fun, you can’t have fun with people’s blood.”လို့ တုံ့ပြန်ခဲ့ပါတယ်။

အဓိပ္ပာယ်က-

“သူတို့က ဆီးရီးယားကို ပျော်ဖို့ လာတယ်လို့ ပြောကြတယ်။ ဒါပေမယ့် လူတွေရဲ့ သွေးပေါ်မှာ အပျော်ခရီးထွက်လို့ မရဘူး”ဆိုတာပါ။

ဒီစကားတွေကို Syria Direct သတင်းဌာနက ၂၀၂၂ ခုနှစ် ဩဂုတ် ၁၆ ရက်မှာ ထုတ်ဝေခဲ့တဲ့ “Syrians in exile respond to travel vloggers touring Syria”ဆိုတဲ့)ဆောင်းပါးထဲမှာဖော်ပြခဲ့ပါတယ်။အဲဒီဆောင်းပါးမှာကိုယ့်နိုင်ငံကိုကိုယ်ပြန်မဝင်နိုင်သေးတဲ့ပြည်ပရောက်ဆီးရီးယားနိုင်ငံသားတွေက“ဆီးရီးယားဟာလုံခြုံပြီးပုံမှန်ပါပဲ”လို့ ပြသနေတဲ့ နိုင်ငံခြားခရီးသွားဘလော်ဂါတွေအပေါ် ဘယ်လိုခံစားကြသလဲဆိုတာစုစည်းဖော်ပြထားပါတယ်။

ဒီနေရာမှာ အရေးကြီးဆုံး မေးခွန်းတစ်ခု ပေါ်လာပါတယ်။ခရီးသွားတစ်ယောက် မြင်ရတဲ့ နိုင်ငံနဲ့ အဲဒီနိုင်ငံသားတစ်ယောက် နေထိုင်နေရတဲ့ နိုင်ငံဟာတစ်နိုင်ငံတည်းပဲလား။

နေရာတစ်ခုတည်း ဖြစ်နိုင်ပါတယ်။ဒါပေမယ့် အတွေ့အကြုံကတော့တူချင်မှတူပါလိမ့်မယ်။နိုင်ငံခြားသား ခရီးသွားတစ်ယောက်အတွက် လမ်းတစ်လမ်းက လှပတဲ့ နောက်ခံပုံ ဖြစ်နိုင်တယ်။နိုင်ငံသားတစ်ယောက်အတွက်တော့ အဲဒီလမ်းဟာ သူ့မိတ်ဆွေ ဖမ်းဆီးခံခဲ့ရတဲ့နေရာ၊ သူ့မိသားစုဝင် သေဆုံးခဲ့ရတဲ့နေရာ၊ သူကိုယ်တိုင် ပြန်မလျှောက်ရဲတော့တဲ့နေရာ ဖြစ်နေနိုင်ပါတယ်။

ခရီးသွားတစ်ယောက်အတွက်စည်းကမ်းတစ်ခုက“နည်းနည်းအဆင်မပြေဘူး”လောက်ဖြစ်နိုင်တယ်။ဒါပေမယ့် အဲဒီနိုင်ငံသားတစ်ယောက်အတွက်တော့ အဲဒီစည်းကမ်းက သူ့ဘဝရဲ့ ရွေးချယ်ခွင့်၊ သွားလာခွင့်၊ ပညာသင်ခွင့်၊ အလုပ်လုပ်ခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ထိန်းချုပ်ထားတဲ့ စနစ်တစ်ခု ဖြစ်နေနိုင်ပါတယ်။

အဲဒါကြောင့်ခရီးသွားတစ်ယောက်ရဲ့ အတွေ့အကြုံဟာ နိုင်ငံသားတစ်ယောက်ရဲ့ အတွေ့အကြုံ မဟုတ်ပါဘူး။အထူးသဖြင့် အာဏာရှင်စနစ်၊ စစ်ပွဲ၊ လူ့အခွင့်အရေးဖိနှိပ်မှုတွေ ရှိနေတဲ့ နိုင်ငံတွေကို သွားတဲ့အခါ ဒီကွာခြားချက်ကို ပိုသတိထားဖို့ လိုပါတယ်။

ခရီးသွားတစ်ယောက်က အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဝင်လာတယ်။ သူ့ကို နိုင်ငံခြားဧည့်သည်အဖြစ် ဆက်ဆံနိုင်တယ်။ မကြိုက်ရင် ထွက်သွားနိုင်တယ်။ အန္တရာယ်ရှိလာရင် သံရုံး၊ နိုင်ငံကူးလက်မှတ်၊ လေယာဉ်လက်မှတ်ဆိုတဲ့ ထွက်ပေါက်တွေ ရှိနိုင်တယ်။နိုင်ငံသားတစ်ယောက်အတွက်တော့ အဲဒီထွက်ပေါက်တွေ မရှိနိုင်ပါဘူး။

ဒါကြောင့် ကိုယ်ခရီးသွားစဉ် မြင်တွေ့ခဲ့တဲ့ “အေးချမ်းမှု”၊ “လုံခြုံမှု”၊ “ပေါ့ပေါ့ပါးပါးဖြစ်မှု” ကို အဲဒီနိုင်ငံတစ်နိုင်ငံလုံးရဲ့အမှန်တရား
လိုပြောလိုက်တာဟာအလွန်သတိထားရမယ့် ကိစ္စပါ။

ဒီနေ့ခေတ်မှာခရီးသွားခြင်းဟာကိုယ်ပိုင်တွေ့အကြုံတစ်ခုတည်းမဟုတ်တော့ပါဘူး။ ခရီးသွားအတွေ့အကြုံကို ဗီဒီယို၊ ဓာတ်ပုံ၊ စာသားအဖြစ် ပြောင်းလဲပြီးကြည့်ရှုသူများလာအောင်၊လူသိများလာအောင်၊ကြော်ငြာဝင်ငွေ၊ ပံ့ပိုးမှု၊ စီးပွားရေးအကျိုးအမြတ် ရအောင် ဖန်တီးတဲ့ အကြောင်းအရာတစ်မျိုးလည်း ဖြစ်လာပါတယ်။
👍22🔥32🖕1
ပြဿနာက ခရီးသွားအကြောင်းအရာ ဖန်တီးတာကိုယ်တိုင် မဟုတ်ပါဘူး။ပြဿနာက ကိုယ်ရောက်သွားတဲ့ နိုင်ငံရဲ့ နာကျင်မှုတွေကို နောက်ခံပုံတစ်ခုလို အသုံးချပြီး၊ အဲဒီနိုင်ငံ
သားတွေရဲ့အတွေ့အကြုံကိုလျစ်လျူရှုလိုက်တဲ့အခါ စတင်ပါတယ်။


https://www.ludunwayoo.com/feature-mm/2026/09/07/167626/
👍16🖕3🤬2🌚1
ရခိုင်မှာအမျိုးသမီးနှစ်ဦးကို ပြည်ပအလုပ်
အကိုင်ဆိုင်ရာဥပဒေနဲ့AAရဲတပ်ဖွဲ့ကအမှုဖွင့်

စက်တင်ဘာ-၇၊ ၂၀၂၆ ၊ ခိုင်မြတ်/People’s Spring

အကျိုးဆောင်လိုင်စင်မရှိဘဲပြည်ပမှာအလုပ်လုပ်ကိုင်ဖို့အတွက် ပို့ဆောင်ပေးနေတဲ့ ရခိုင်
ပြည်နယ် မြောက်ဦးနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က အမျိုးသမီးနှစ်ဦးကိုပြည်ပအလုပ်
အကိုင်ဆိုင်ရာဥပဒေပုဒ်မ၂၆နဲ့အမှုဖွင့် အရေး
ယူ ထားတယ်လို့ အာရက္ခတပ်တော်(AA)
လက်အောက်ခံရဲတပ်ဖွဲ့က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အရေးယူခံရသူတွေဟာမြောက်ဦးမြို့နယ် အိုးထိမ်းကျေးရွာကမယဉ်ယဉ်ဝင်းနဲ့ ပလက်ဝမြို့နယ် ဟုန်းကျေးရွာက မခိုင်မြတ်မွန်တို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ပြည်ပကိုလူပို့တဲ့ အလုပ်လုပ်ဖို့ နှစ်ဦးသဘောတူပြီး မလေး ရှားနိုင်ငံနဲ့ ရန် ကုန်မြို့ဆီ သွားမယ့်သူတွေကို ရှာဖွေခဲ့ကြတယ်လို့ဆိုပါတယ်။

မလေးရှားကို သွားမယ့်သူနှစ်ဦးကိုတဦးစီအတွက် ပွဲစားခကျပ်သိန်း ငါးဆယ်စီ တောင်းခဲ့ပြီး ရန်ကုန်ကို သွားမယ့် သူနှစ်ဦးကိုတော့ ဆွေမျိုးတော်စပ်တာကြောင့် ပွဲစားခမယူဘဲ ပို့ဆောင်ပေးခဲ့တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန(DLEPS)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လိုင်စင်မရှိဘဲအဲဒီလိုပို့ဆောင်ခဲ့ကြတာကြောင့်AAလက်အောက်ခံထောက်လှမ်းရေး
ဌာနက မယဉ်ယဉ်ဝင်းကို မြောက်ဦးမြို့နယ်ရှိ သူမရဲ့ နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး မခိုင်မြတ်မွန်ကိုတော့ ချင်းပြည်နယ် ကျင်ဒွေးမြို့ရှိ နေအိမ်တ အိမ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ သူတို့နှစ်ဦးကို ပြည်ပအလုပ်အ
ကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆နဲ့ မြောက်ဦးမြို့မရဲစခန်းမှာ အမှုဖွင့်ပြီးအ​ရေးယူနေတယ်လို့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီပုဒ်မဟာ အကျိုးဆောင်လိုင်စင်မရှိဘဲ အကျိုး ဆောင်လုပ်ငန်းလုပ်ကိုင်ကြောင်းပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၇ နှစ်ထိချမှတ်နိုင်တဲ့အပြင် ငွေ
ဒဏ်လည်း ချမှတ် လို့ရတဲ့ ပုဒ်မဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာလူငယ်တွေဟာအလုပ်အ
ကိုင်ရှားပါးတာ၊စစ်မှုထမ်းဥပဒေစတာတွေကြောင့် ပြည်မနဲ့ပြည်ပနိုင်ငံတွေကို လူပို့​​ပေးတဲ့ပွဲစားတွေနဲ့ ထွက်ခွာနေကြပြီး လမ်းခုလတ်မှာ အာဏာသိမ်းစစ်တပ်ကဖမ်းဆီးတာနဲ့ပွဲစားတွေဆီ မှာ လိမ်လည်ခံရ ပြီး ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေဆီ ရောင်းစားခံကြရတာမျိုးတွေလည်းရှိနေတယ်လို့ဆိုပါတယ်။

AAလက်အောက်ခံရဲတပ်ဖွဲ့ဟာ အကျိုး
ဆောင်လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးနေ သလို ရခိုင်ကနေ ပြည်ပနဲ့ အခြားနေရာတွေဆီ လူပို့၊ လူကုန်ကူးနေသူတွေကိုလည်း ဖော်ထုတ်အရေးယူနေတယ် လို့ ဆိုပါတယ်။AA ရဲတပ်ဖွဲ့ဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ ခုနစ်လအတွင်း လူကုန်ကူးမှုအပါအဝင် ပြည်
ပအ လုပ်အကိုင် ဆိုင်ရာ ဥပဒေချိုးဖောက်မှုပုဒ်မတွေနဲ့ အမှုပေါင်း၃၅ မှုကိုဖမ်းဆီးအရေး
ယူခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။

စစ်တပ်ရဲ့ဖြတ်လေးဖြတ်ပိတ်ဆို့မှု၊ လက်
နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှု၊ အလုပ်
အကိုင်ရှားပါးမှု၊ စီးပွားရေးကြပ် တည်းမှုတွေနဲ့ ကြုံနေကြရတဲ့ ရခိုင်ဒေသခံတွေဟာ ပြည်ပမှာ အလုပ်အကိုင်ရမယ်ဆိုပြီးလိမ်လည်သွေး
ဆောင် ကာ ငွေကြေးအဆမတန်တောင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့ ပွဲစားတွေရဲ့လူကုန်ကူးမှုကိုပါခံနေကြရတာလို့ AA ရဲတပ်ဖွဲ့ကဆိုထားပါတယ်။


#AA #ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ
#ရခိုင်ပြည်နယ် #Peoplesspring #PS
14👍12🤣2🖕2🥰1💩1
ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနဲ့AAရဲ
တပ်ဖွဲ့ကအမှုဖွင့်ထားတဲ့အမျိုးသမီး ၂ဦး။
ဓါတ်ပုံ-DELEPS
👍223🤣3🥰2💩1🖕1
ရခိုင်ပြည်နယ်မှာ စစ်တပ်ထိုးစစ်အထိနာပြီး သံတွဲနဲ့ ပုဏ္ဏားကျွန်းကိုဗုံးကြဲ

■သံတွဲမြို့မှာ ​ဒေသခံပြည်သူ ၁ ဦး​သေပြီး ၄ဦးထက်မနည်းဒဏ်ရာရ

စက်တင်ဘာ-၇၊၂၀၂၆။ခိုင်မြတ်/People's Spring

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၇ ရက် မနက်ပိုင်းမှာ ဗုံးကြဲနေတယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ သံတွဲမြို့ပေါ်နဲ့ပင်လယ်ကမ်းခြေ
တလျှောက်ကျေးရွာတွေကိုဒီက​နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်ကနေ ဗုံးကြဲ နေတာလို့ဆိုပါတယ်။ “ကမ်းခြေရွာတွေမှာ လူနေလို့မရတော့ဘူး။တောက်လျှောက်ကြဲနေတယ်။နေဗီတွေလည်း အနားကပ်နေတယ်”လို့ သံတွဲဒေသခံတဦးက ပြောပါတယ်။

ဗုံးကြဲမှုကြောင့်သံတွဲမြို့ပေါ်မှ ​ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ‌ဒဏ်ရာရသွားခဲ့တယ်လို့ အခြားဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင်စစ်တွေမြို့နယ်တိုက်ပွဲအတွင်း အထိ
နာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကကျေးရွာ
တွေကိုလည်း ဒီနေ့မနက်ပိုင်း ၇ နာရီ ၄၅ မိနစ်ကနေ ၈ နာရီဝန်းကျင်ထိ ဗုံးကြဲနေခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဟာစစ်တွေမြို့နယ်ကနေ AA ထိန်း
ချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကစ ထိုးစစ်ဆင်နေခဲ့ပြီး AA ရဲ့တန်ပြန်တိုက်ခိုက်မှုကြောင့်အထိနာပြန်ဆုတ်ခဲ့ရပြီး​နောက် အခုလိုဗုံးကြဲနေတာပါ။

စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်လာလ ၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ်တောင်ပိုင်း ကမ်း
ခြေမြို့တွေဖြစ်တဲ့ ဂွ၊ ကျိန္တလီနဲ့ ဂျိတ္တော အနီးဝန်းကျင်တို့ကို ပင်လယ်ပြင်မှာ ရပ်နားတပ်စွဲထားတဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီး တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေခဲ့ပြီး ကမ်းတက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်​တွေက စက်တင်ဘာ ၄ ရက်စတယ်ဆိုပြီး ၄၉၂၆ စစ်ဆင်​ရေးစပြီလို့ ဝါဒဖြန့်​နေကြပါတယ်။ဒါ​ပေမယ့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ထိုးတဲ့စစ်​ကြောင်း ၂ ​ကြောင်းလုံးပြန်ဆုတ်​ပြေးခဲ့သလို
ဒီ​နေ့အထိ့ ဘယ်စခန်းမှသိမ်းနိုင်တာလည်းမရှိဘူးလို့ စစ်​ရေးရင်းမြစ်​တွေက​ပြောပါတယ်။ ​ဒါ့အပြင် မြေပြင်စစ်​ကြောင်း​တွေမှာာစစ်တပ်က စစ်သားသစ်​တွေဖြစ်တဲ့ ပြည်သူ့စစ်​တွေကိုအဓိကအသုံးပြု​နေပြီး ​စစ်တပ်ဘက်ကသေဆုံးဒဏ်ရာရသူများ​နေပြီး အာရက္ခတပ်ဖွဲ့ဝင်အချို့လည်းထိခိုက်မှုရှိတယ်လို့ ​ဒေသခံစစ်​ရေးရင်းမြစ်အချို့က​ပြောပါတယ် ။

နိုင်ငံအဝှမ်း စစ်အရေးအရ အထိနာနေတဲ့စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့လက်လွှတ်ထားရတဲ့နယ်မြေ တွေကို တန်ပြန်
ထိုးစစ်ဆင်နိုင်ဖို့ ရခိုင်နဲ့အစပ် မကွေး၊ ပဲခူး၊ ဧရာ၀တီတိုင်းတို့ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာမှာ အထိနာပြီး​နောက် လေကြောင်းကနေလည်း ဗုံးကြဲတာတွေ ဆက်တိုက်လုပ်လာနေတာပါ။

(စစ်တပ်ကစက်တင်ဘာ ၄ ရက်မှာဗုံးကြဲတာ​ကြောင့်ပုဏ္ဏားကျွန်းမြို့အနီးရှိဂူ၀ရှေးဟောင်းဘုရားပုထိုးတော်တွေထိမှန်ပျက်စီး​နေစဥ်။
ဓါတ်ပုံ- Wai Hin Aung)

#ရခိုင် #စစ်တပ် #ဗုံးကြဲ
#ပုဏ္ဏားကျွန်း #စစ်​တွေ #Peoplesspring
🤬11🤣4👎3👏2🔥1🤮1