People's Spring
60K subscribers
70.7K photos
1.21K videos
9 files
3.03K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
AAသိမ်းထားတဲ့ပုဏ္ဏားကျွန်းဘက်ထိုးစစ်ဆင်တဲ့ စစ်တပ်စစ်ကြောင်းနှစ်ခုလုံးအထိနာပြီးနောက်ပြန်ဆုတ်ရ

စက်တင်ဘာ-၆၊၂၀၂၆။ခိုင်မြတ်/People's Spring

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ်က စစ်​​တွေမြို့ဘက်က​နေကြည်း၊ ရေ၊ လေသုံး ကာအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနှစ်ခုလုံး ​သေဆုံးဒဏ်ရာရသူများပြီး တပ်ပြန်ဆုတ်သွားခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာဩဂုတ်လ ၄ ရက်နေ့ မနက်အ
စောပိုင်းကနေစပြီးစစ်တွေမြို့နယ်ပတ်လည်နေရာတွေကို လေတပ်၊ ရေတပ်နဲ့ အခြေစိုက်တပ်ရင်းတွေကနေလက်နက်ကြီးပစ်ခတ်၊ ဗုံး
ကြဲတာတွေလုပ်ပြီးအမြင့်ကျွန်းရွာနားနဲ့ ရွှေမင်းဂံရေတပ်စခန်းနားကနေမြေပြင်ထိုးစစ်ဆင်လာခဲ့တာပါ။

အဲဒီလိုထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို AA ကတိုက်ခိုက်တာကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်ဘက်က ​သေဆုံးဒဏ်ရာရသူများပြီး နောက်ပြန်ဆုတ်သွားခဲ့ရတာလို့ စုံစမ်းသိရပါတယ်။

“အမြင့်ကျွန်းကနေပြီးတော့ ကွမ်းတောင်
(ပုဏ္ဏားကျွန်းမြို့နယ်)နားထိကို ရောက်လာသေးတယ်။ဆုတ်ပေးလိုက်၊ပြန်တိုက်လိုက်ပဲ၊ အခုတော့ အကုန်လုံးပြန်ဆုတ်သွားပြီ။ (အမြင့်ကျွန်း)တံတားပေါ်ကဘန်ကာတွေမှာတောင်​ခွေးတွေမရှိတော့ဘူး၊အကုန်ထွက်
ပြေးသွားပြီ” လို့ မြေပြင်သတင်းရင်းမြစ်တဦးကပြောပါတယ်။

စစ်တပ်ဟာစစ်တွေမြို့နယ်ရဲ့ အဆုံး အမြင့်ကျွန်းတံတားပေါ်မှာဘန်ကာကြီးတွေအခိုင်
အမာဆောက်၊ စခန်းချနေ ခဲ့တာဖြစ်ပြီး အခုတိုက်ပွဲမှာတော့အဲဒီဘန်ကာတွေကနေပါ နောက်ပြန်ဆုတ်သွားခဲ့ရတာလို့ဆိုပါတယ်။ အမြင့်ကျွန်းဘက်ကနေ ထိုးစစ်ဆင်လာခဲ့တဲ့ စစ်တပ်ရဲ့အဲဒီစစ်ကြောင်းဟာ တိုက်ပွဲပထမရက် စက်တင်ဘာလ ၄ ရက်နေ့ မှာပဲ ပြန်ဆုတ်သွားခဲ့ရတာဖြစ်ပြီး တိုက်ပွဲသုံးရက်မြောက် စက်တင်ဘာ ၆ ရက်​​​နေ့အထိရှေ့တိုးလာနိုင်တာ မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင်ရွှေမင်းဂံရေတပ်စခန်းဘက်ကနေ ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းဟာလည်း အထိနာပြီး တိုက်ပွဲဒုတိယရက်စက်တင်ဘာ ၅ ရက်နေ့မှာ​သေဆုံးထိခိုက်မှုအများအပြားနဲ့ ပြန်ဆုတ်သွားခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

စစ်တပ်ဟာရွှေမင်းဂံရေတပ်စခန်းကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ရှိ ရဲရိုးပြင်၊ ဆားပို့တောင်၊ အောင် မြေကုန်းစတဲ့ ရွာတွေနားထိ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး AA က ဖြတ်တိုက်ချိန် တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ကြတာပါ။

“၄ ရက်နေ့ တရက်လုံးတိုက်ပွဲဖြစ်တယ်။ ၅ ရက်နေ့လည်းနေ့ခင်းပိုင်းလောက်ကနေ စဖြစ်တာညနေလောက်ထိဖြစ်တယ်။ ဒီနေ့ကတော့ တိုက်ပွဲမရှိဘူး။ ဒီကောင်တွေ ရှေ့တိုးမလာတော့ နည်းနည်းငြိမ်နေတယ်” လို့ မြေပြင်သ တင်းရင်းမြစ်က ပြောပါတယ်။

နှစ်ရက်တာတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်ကထိခိုက်၊ သေဆုံးသူ တရာနီးပါးရှိပြီး AA ဘက်ကလည်းအချို့ရှိတယ်လို့ AA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တဦးက ပြောပါတယ်။

“စစ်ကြောင်းလိုက်ထွက်လာတာကတည်းက လက်နက်ကြီးနဲ့လှမ်းပစ်တာမှာဒီကောင်တွေ အုပ်စုလိုက်ထိတယ်။ရင်ဆိုင်တိုက်ပွဲမှာလည်း ထိတယ်။အလောင်းတွေတောင်ကျန်ခဲ့သေးတယ်။ကိုယ့်လူတွေလည်းအထိအခိုက်တော့ ရှိတယ်။ဒါပေမယ့် နည်းပါတယ်” လို့ သူက ရှင်းပြပါတယ်။

စစ်တပ်ဟာ တိုက်ပွဲအပြင်းအထန်ဖြစ်နေခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နဲ့ ၅ ရက်နေ့တို့မှာ ပင်လယ်ပြင်ရှိ စစ်သင်္ဘောတွေ၊ အခြေစိုက်တပ်ရင်းတွေဆီကနေ နေ့ရာညပါ လက်နက်
ကြီးအလုံးပေါင်း ရာချီ ပစ်ခတ်နေခဲ့ပြီး တိုက်
လေယာဉ်တွေနဲ့လည်း ဗုံးအလုံးရေ ဆယ်ချီကြဲချတိုက်ခိုက်ခဲ့ပါတယ်။စစ်တပ်ဝါဒဖြန့်လူမှုကွန်ရက်​တွေက စက်တင်ဘာ ၄ ရက်မှာထိုးစစ်ဆင်တာ​ကြောင့် ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ဝါဒဖြန့်​နေကြတာလည်း​တွေ့ရပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းမှာလည်းစစ်တွေမြို့နယ်အတွင်းက တိုက်ပွဲဖြစ်ခဲ့တဲ့နေရာအနီးဝန်းကျင်ဝါဘိုကျွန်းရှိ ကျေး
ရွာတွေကို လေကြောင်းဗုံးကြဲခဲ့ပြီး လက်
နက်ကြီးပစ်ခတ်မှုအချို့လည်း ရှိနေသေးတယ်လို့ သိရပါ တယ်။

စစ်တပ်ရဲ့လေကြောင်း၊ လက်နက်ကြီးပစ်
ခတ်ဗုံးကြဲမှုကြောင့်တိုက်ပွဲဖြစ်နေခဲ့တဲ့နေရာနဲ့ မိုင် ၁၀ ကျော်ကွာဝေးတဲ့ ပုဏ္ဏားကျွန်းမြို့အနီးက ဂူ၀ရှေးဟောင်းဘုရားပုထိုးတော်တွေစက်တင်ဘာ ၄ ရက်မှာထိမှန်ပျက်စီးခဲ့ရပါတယ်။ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်တောင်ပိုင်း၊ရသေ့တောင်မြို့နယ် မူစဲကမ်းနဲ့ ပေါက်တောမြို့နယ် ကုလားတန်မြစ်အရှေ့ဘက်ခြမ်းဒေသတွေ မှ ပြည်သူတွေဟာလည်း ကြောက်လန့်ပြီးတိမ်းရှောင်နေကြပါတယ်။

“ဒီနေ့မှ နည်းနည်း အသက်ရှုရှောင်တယ်။ မနေ့ကနဲ့ အရင်နေ့ကဆိုရင် လက်နက်ငယ်သံတွေ၊ စက်သေနတ်သံတွေ အတိုင်းသားကြားနေရတာ။ ညဘက်လည်း လေယာဉ်နဲ့ လာကြဲတယ်။ အသက်ကို ဖက်နဲ့ ထုတ်ထားရသလို တွေ့ တယ်” လို့ ပေါက်တောမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

စစ်တွေမြို့နယ်ပတ်လည်ရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကို လက်လွှတ်ထားရကာ AA ရဲ့ ပတ်ပတ်လည်လည် ဝန်းရံပိတ်ဆို့တာခံနေရတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့ နယ်က ဒေသတွေကို အင်အားအလုံးအ
ရင်းသုံးပြီး ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာပါ။
👏7👎2🖕21
ကုလားတန်မြစ်ခြားပြီးစစ်တွေရဲ့အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပေါက်တောမြို့နယ်နဲ့ မယူမြစ်ခြားပြီး စစ်တွေရဲ့ အ နောက်ဘက်မှာရှိတဲ့ ရသေ့တောင်မြို့နယ်တို့ကိုတော့လေကြောင်း
၊လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက်ပစ်ခတ်တာ တွေသာ ရှိပြီး မြေပြင်ထိုးစစ်ဆင်ဖို့ ကြိုးစားတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ပုဏ္ဏားကျွန်းကိုစစ်ကူသွားတုန်းကလည်း ဒီအမြင့်ကျွန်းနားမှာပဲတင့်ကားတွေမီးရှို့ခံလိုက်ရတာ။ဒီတခေါက်လည်း တင့်ကားတွေနဲ့ တက်လာသေးတယ်ပြောတယ်။ အခြေအနေမဟန်လို့ ပြန်လှည့်သွားတာ။ထပ်တက်လာ ရင်ထပ်နာမှာပဲ။ ဘာလို့လဲဆိုတော့ AA လည်း အချိန်ယူပြီး အဆင့်သင့်လုပ်ထားပြီးသားဖြစ်မှာပဲလေ” လို့ ရခိုင်ဒေ သခံ စစ်ရေးလေ့လာ
သူတဦးက ပြောပါတယ်။

စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့နေရာတွေကိုလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်၊ ထိုးစစ်ဆင်ဖို့ ကြိုးစားနေသလို ရခိုင်ပြည်နယ် တောင်ပိုင်း ဂွကမ်းခြေနဲ့၊ သံတွဲ ငပလီကမ်းခြေတလျှောက်ကျေးရွာတွေကိုလည်း ပင်လယ်ပြင်ရှိ စစ်သင်္ဘောတွေက နေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံအဝှမ်း စစ်အရေးအရ အထိနာနေတဲ့စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့လက်လွှတ်ထားရတဲ့နယ်မြေ တွေကို တန်ပြန်
ထိုးစစ်ဆင်နိုင်ဖို့ ရခိုင်နဲ့အစပ် မကွေး၊ ပဲခူး၊ ဧရာ၀တီတိုင်းတို့ကနေ အင်အားအလုံးအရင်းနဲ့ စစ် ကြောင်းထိုးလာနေပြီး လေကြောင်းကနေလည်း ဗုံးကြဲတာတွေ ဆက်တိုက်လုပ်လာနေတာပါ။



#AA #ပုဏ္ဏားကျွန်း #စစ်တပ်
#Peoplesspring #လူထု​နွေဦး #PS
👏8👎2🖕21
၂၀၂၄ ခုနှစ်က စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ် အမြင့်ကျွန်းရွာအနီးတိုက်ပွဲမှာ မီးရှို့ခံခဲ့ရတဲ့ စစ်တပ်တင့်ကားကို​တွေ့ရစဥ်/ စစ်တပ်ကစက်တင်ဘာ ၄ ရက်မှာဗုံးကြဲတာ​ကြောင့်
ပုဏ္ဏားကျွန်းမြို့အနီးရှိဂူ၀ရှေးဟောင်းဘုရားပုထိုးတော်တွေထိမှန်ပျက်စီး​နေ
စဥ်။ဓါတ်ပုံ-AA Info Desk၊ Wai Hin Aung
🤬8👎3👍21🔥1🤣1
မြင်းခြံခရိုင်တပ်ရင်းတွေရဲ့အခြေခံစစ်ပညာနဲ့ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

■လက်နက်နဲ့ ကျည်ကာအင်္ကျီ၊ ကျည်ကာ ဦးထုပ်တွေကိုပါတပ်ဆင်

စက်တင်ဘာ-၅၊၂၀၂၆။​ဟာနာဆန်/People's Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာ
ကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁)စစ်ဒေသ လက်အောက်က မြင်းခြံခရိုင် တပ်ရင်းတွေဖြစ်တဲ့ အမှတ် (၄) တပ်ရင်းနဲ့ အမှတ် (၁၀) တပ်ရင်းတို့ရဲ့အခြေခံစစ်ပညာသင်တန်းအ
ပတ်စဉ် (၇)နဲ့ မွမ်းမံသင်တန်းဆင်းပွဲကိုစက်
တင်ဘာ ၅ ရက်မှာကျင်းပခဲ့ပါတယ်။

​ဒီသင်တန်းမှာရဲဘော်သစ်တွေကို သုံးလနီးပါးကြာအောင် အခြေခံစစ်ပညာနဲ့ တိုက်ခိုက်ရေးပညာတွေ သင်ကြားပေးခဲ့သလို၊ မွမ်းမံသင်
တန်းဆင်းရဲဘော်တွေကိုလည်းတစ်လခန့် အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှုနဲ့ တိုက်ခိုက်ရေးစစ်ပညာရပ်တွေပြန်လည်မွမ်းမံသင်ကြားပေး
ခဲ့ပြီး လက်နက်နဲ့ ကျည်ကာအင်္ကျီ၊ ကျည်ကာ ဦးထုပ်တွေကိုပါ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(အမှတ်၄-၁၀)တပ်ရင်းက အသိပေးပါတယ်။

အဲဒီရဲဘော်တွေဟာမြင်းခြံခရိုင်အမှတ် (၄)
တပ်ရင်း၊မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်းက ရဲဘော်တွေဖြစ်ပြီးဆက်လက်တာဝန်ထမ်းဆောင်နေကြကာ စစ်အာဏာရှင်စနစ် အပြီး
တိုင်ချုပ်ငြိမ်းတဲ့အထိ တော်လှန်ရေးစိတ်
ဓာတ်နဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုထားပါတယ်။

အဆိုပါတပ်ရင်း​တွေဟာ မန္တ​လေးတိုင်းအတွင်းစစ်တပ်နဲ့ မကြာခဏတိုက်ပွဲဝင်​နေတဲ့စစ်​ကြောင်း​တွေဖြစ်ပါတယ် ။စစ်တပ်ကလည်းစစ်​ကြောင်းထိုးသလို စစ်တပ်စစ်​ကြောင်း​တွေကိုအကြိမ်ကြိမ်တိုက်ခိုက်တဲ့တပ်ရင်း​တွေလည်းဖြစ်ပါတယ် ။



#မြင်းခြံခရိုင်တပ်ရင်း၄ #နွားထိုးကြီးPDF
#မြင်းခြံခရိုင်တပ်ရင်း၁၀
#Peoplesspring #PS
10👍3🤣1
ဓာတ်ပုံံ-နွားထိုးကြီးPDF
12👍6🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၆ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

■ပုဏ္ဏားကျွန်းဘက်ထိုးစစ်ဆင်တဲ့ စစ်တပ်အထိနာပြီးနောက်ပြန်ဆုတ်ရ

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ်က စစ်​​တွေမြို့ဘက်က​နေကြည်း၊ ရေ၊ လေသုံး ကာအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနှစ်ခုလုံး ​သေဆုံးဒဏ်ရာရသူများပြီး တပ်ပြန်ဆုတ်သွားခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။စစ်တပ်ဟာစက်တင်လ ၄ ရက်နေ့ မနက်အစောပိုင်းကနေစပြီးစစ်တွေမြို့နယ်ပတ်လည်နေရာတွေကို လေတပ်၊ ရေတပ်နဲ့ အခြေစိုက်တပ်ရင်းတွေကနေလက်နက်ကြီးပစ်ခတ်၊ ဗုံးကြဲတာတွေလုပ်ပြီးအမြင့်ကျွန်းရွာနားနဲ့ ရွှေမင်းဂံရေတပ်စခန်းနားကနေမြေပြင်ထိုးစစ်ဆင်လာခဲ့တာပါ။စစ်တပ်စစ်ကြောင်းတွေကို AA ကတိုက်ခိုက်တာကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွား
ပြီး စစ်တပ်ဘက်က ​သေဆုံးဒဏ်ရာရသူများပြီး နောက်ပြန်ဆုတ်သွားခဲ့ရတာလို့ စုံစမ်းသိရပါတယ်။“အမြင့်ကျွန်းကနေပြီးတော့ကွမ်းတောင်(ပုဏ္ဏားကျွန်းမြို့နယ်)နားထိကိုရောက်
လာသေးတယ်။ဆုတ်ပေးလိုက်၊ပြန်တိုက်လိုက်ပဲ၊ အခုတော့ အကုန်လုံးပြန်ဆုတ်သွားပြီ။ (အမြင့်ကျွန်း)တံတားပေါ်ကဘန်ကာတွေမှာတောင်​ခွေးတွေမရှိတော့ဘူး၊အကုန်ထွက်
ပြေးသွားပြီ” လို့ မြေပြင်သတင်းရင်းမြစ်တဦးကပြောပါတယ်။

ဒါ့အပြင်ရွှေမင်းဂံရေတပ်စခန်းဘက်ကနေ ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းဟာလည်း အထိနာပြီး တိုက်ပွဲဒုတိယရက်စက်တင်ဘာ ၅ ရက်နေ့မှာ​သေဆုံးထိခိုက်မှုအများအပြားနဲ့ ပြန်ဆုတ်သွားခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။နှစ်ရက်တာတိုက်ပွဲအတွင်းအာဏာ
သိမ်းစစ်တပ်ဘက်ကထိခိုက်၊ သေဆုံးသူ တရာနီးပါးရှိပြီး AA ဘက်ကလည်းအချို့ရှိတယ်လို့ AA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တဦးက ပြောပါတယ်။

■မြင်းခြံခရိုင်တပ်ရင်းတွေရဲ့အခြေခံစစ်ပ
ညာနဲ့ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာ
ကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁)စစ်ဒေသ လက်အောက်က မြင်းခြံခရိုင် တပ်ရင်းတွေဖြစ်တဲ့ အမှတ် (၄) တပ်ရင်းနဲ့ အမှတ် (၁၀) တပ်ရင်းတို့ရဲ့အခြေခံစစ်ပညာသင်တန်းအ
ပတ်စဉ် (၇)နဲ့ မွမ်းမံသင်တန်းဆင်းပွဲကိုစက်
တင်ဘာ ၅ ရက်မှာကျင်းပခဲ့ပါတယ်။​ဒီသင်တန်းမှာရဲဘော်သစ်တွေကို သုံးလနီးပါးကြာအောင် အခြေခံစစ်ပညာနဲ့ တိုက်ခိုက်ရေးပညာတွေ သင်ကြားပေးခဲ့သလို၊ မွမ်းမံသင်
တန်းဆင်းရဲဘော်တွေကိုလည်းတစ်လခန့် အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှုနဲ့ တိုက်ခိုက်ရေးစစ်ပညာရပ်တွေပြန်လည်မွမ်းမံသင်ကြားပေး
ခဲ့ပြီး လက်နက်နဲ့ ကျည်ကာအင်္ကျီ၊ ကျည်ကာ ဦးထုပ်တွေကိုပါ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(အမှတ်၄-၁၀)တပ်ရင်းက အသိပေးပါတယ်။အဲဒီရဲဘော်တွေဟာမြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်းက ရဲဘော်တွေဖြစ်ပြီးဆက်လက်တာဝန်ထမ်းဆောင်နေကြကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းတဲ့အထိ တော်လှန်ရေးစိတ်ဓာတ်နဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုထားပါတယ်။

■ပြည်ပရင်းနှီးမြှပ်နှံမှု​တွေလိုက်​ခေါ်​နေ​ပေ
မယ့်ရတနာပုံမြို့သစ်စီမံကိန်းမစနိုင်​​သေးဘဲသိမ်းထားတဲ့မြေတွေမှာဘောစကိုင်းပင်တွေလိုက်စိုက်


အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်က ရတနာပုံမြို့သစ်စီမံကိန်းမှာလာရင်းနှီးမြှပ် နှံကြဖို့ ​သွားတဲ့နိုင်ငံတိုင်းကို လိုက်​ခေါ်​နေ​ပေ
မယ့် စီမံကိန်းအတွက်မြေဧကရာ​ပေါင်းများစွာ ဆက်တိုက်သိမ်းယူထားပြီး​တော့ လုပ်ငန်းမစတင်နိုင်​သေးဘဲ သိမ်းဆည်းမြေတွေ​ကိုခြံခတ်​ဘောစကိုင်းပင်တွေလိုက်စိုက်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သားအောင်ပြည့်စုံရဲ့Sky One Construction ​ဆောက်လုပ်​ရေးကုမ္ပဏီကအ​ခြေခံအ
ဆောက်အအုံ​တွေကို အဓိက​ဆောက်လုပ်မယ့်
မြို့သစ်စီမံကိန်းဟာ မန္တ​လေးတိုင်း ၊ပြင်ဦးလွင်မြို့နယ်၊ သုံး​တောင်ရွာ နဲ့ ပြင်စာရွာကြား
မှာဖြစ်ပါတယ်။မြေဧက တစ်​သောင်း​ကျော် ပေါ်မှာလုပ်မယ့် ဒီစီမံကိန်းအတွက်ဆိုပြီး စစ်တပ်က သုံးထောင်ရွာက နေအိမ်နဲ့ဆိုင်ခန်း ပေါင်း ၁၀၀ ကျော်ကို ဇွန်လကတည်းကစတင်ဖျက်ခိုင်းခဲ့ပါတယ် ။ဒါအပြင်စက်တင်ဘာလဆန်းအထိမြေ နေရာတချို့ထပ်မံဖျက်ခိုင်းထားဆဲဖြစ်တယ်လို့ဒေသခံအချို့က​ပြောပါတယ်။

​နေအိမ်​​တွေနဲ့ မြေနေရာတွေကို စစ်အုပ်စုကဆက်တိုက်ဖျက်ခိုင်းပြီးသိမ်းယူနေတာ ကြောင့် မိသားစု ၁၀၀ ကျော်အိမ်ယာမဲ့ဘဝ ရောက်ရှိခဲ့ပါတယ် ။​အဲဒီလို​မြေ​တွေကိုစစ်အုပ်စုကသိမ်းယူထား​ပေမယ့်ကြေညာထားသလိုစီမံကိန်း မလုပ်​သေးဘဲ မြေနေ​ရာတွေမှာ ဘော်စကိုင်းပင်တွေ စိုက်ပျိုး နေတာလို့ ဒေသခံတဦးက ပြောပါတယ်။"မြေတွေအ
ကုန်လုံးမှာတိုင်လေးတွေထောင်ပြီး ဘောစ
ကိုင်းပင်တွေစိုက်နေတာ။ဒါကသတင်းတွေ
ထွက်နေသေးလို့ရယ်။အေးသွားရင် အကွက်
ရိုက်ပြန် ရောင်းစားမှာပဲ"လို့ ဒေသခံတဦးကလည်းက ပြောပါတယ်။

◾️ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို စစ်
တပ် ဗုံးကြဲဖျက်ဆီး
2👍1🖕1
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၆ရက်မှာ လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။၂၀၂၄ ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ စင်းခန်းတံတားကို စစ်တပ်ကပြန်
လည်ရယူဖို့၊ ဗန်းမော်မြို့ကိုစင်အင်အားဖြည့်နိုင်ဖို့ ကြည်း၊ရေ၊လေထိုးစစ်ဆင် ကြိုးပမ်းခဲ့ပေမဲ့ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းတိုက်ပွဲတွေမှာ အထိနာတဲ့စစ်တပ်ဟာ မြစ်ကူးတံတားကိုဗုံးကြဲဖျက်ဆီးမှုပထမဆုံးအကြိမ် ပြုလုပ်လာတာလည်းဖြစ်ပါတယ်။ စက်တင်ဘာ ၂ရက်က ရွှေကူမြို့နယ် ဇင်းဘုံရွာနဲ့ စင်းခန်းတံတား ကြားရေကြောင်းတိုက်
ပွဲမှာ စစ်တပ်က သင်္ဘောတွေ အများအပြားထိခိုက်ပျက်စီးခဲ့ပြီး အလံဖြူထောင်တဲ့သင်္ဘောအချို့က စစ်သုံ့ပန်းတွေနဲ့လက်နက်ခဲယမ်းတွေကို KIA ပူးပေါင်းတပ်က သိမ်းရခဲ့ပါတယ်။ အခုရက်ပိုင်းမှာလည်း စင်းခန်းတံ
တားအနီးဝန်းကျင်မှာKIAနဲ့စစ်တပ်ရဲ့ မြေပြင်
စစ်ကြောင်းတွေ တိုက်ပွဲပြင်းထန်နေကြောင်း KIAက အသိပေးထားပါတယ်။

◾️စစ်သင်္ဘောအချို့ရောက်လာတဲ့ ဗန်းမော်မှာ တိုက်ပွဲတွေပြန်စနေဟု KIA ပြော

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ စက်တင်
ဘာ ၄ရက်မနက်က စပြီးထိတွေ့တိုက်ပွဲတွေ ပြန်လည်စတင်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ KIA တပ်မဟာ(၃)နယ်မြေဖြစ်တဲ့ ဗန်းမော်မြို့ကို စစ်တပ်က လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ စစ်ကူအင်အားတွေတင်ဆောင်လာတဲ့ သင်္ဘောအချို့ဆိုက်ရောက်လာပြီးနောက် တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာလို့ ဆိုပါတယ်။ ဒါ့အ
ပြင် KIA တပ်မဟာ(၁၁)တပ်ရင်း(၁၂)နယ်
မြေ ရွှေကူမြို့နယ်ဘက်မှာလည်းစက်တင်
ဘာ ၅ရက်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ဖော်ပြပါတယ်။ စက်တင်ဘာ ၅ရက်မှာ စင်းခန်းကျေးရွာအထက်ဘက် ဧရာ၀တီမြစ်ကြောင်းအတိုင်း စက်လှေတွေနဲ့တက်လာပြီး စင်းခန်းအနီး ခြေလျင် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့KIA ပူးပေါင်းတပ်တို့ဟာစင်းခန်းဘုန်းကြီး
ကျောင်းနဲ့ စင်းခန်းတံတား အနီး တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။

■စစ်ရေးတင်းမာနေတဲ့ဗန်းမော်မြို့ကိုစစ်ရှောင်ဝန်ထမ်းတွေပြန်လာဖို့ စစ်တပ် ပြန်ခေါ်

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်
ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။ဗန်းမော်မြို့မှာ အုပ်ချုပ်ရေးယန္တရား ပြန်စတင်ဖို့အတွက် ပြန်လာကြဖို့ ညွှန်ကြား
ချက်ကို အခု စက်တင်ဘာလဆန်းမှာ ဖုန်းနဲ့ ဆက်သွယ်ပြီး အသိပေးတာလို့ ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ရန်ကုန်မြို့ကို ရောက်နေတဲ့ ဗန်းမော်မြို့က ဝန်ထမ်းတစ်ဦးကလည်း အခုအချိန်မှာ ပြန်ဖို့လုံးဝမဖြစ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။ ခရိုင်အဆင့်မြို့ဖြစ်တဲ့ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ဌာနဆိုင်ရာရုံးပေါင်းစုံ အခြေစိုက်ပါတယ်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDF နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ဒီဇင်
ဘာ ၄ရက်မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ကောင်စီဌာနဆိုင်ရာရုံးတွေအားလုံးပိတ်လိုက်ရပြီး ဝန်ထမ်းတွေလည်း ထွက်ပြေးခဲ့ရပါတယ်။ဒေသခံတွေလည်း စစ်ရှောင်နေရတာ ၂နှစ်ခန့်ရှိလာပြီဖြစ်ပါတယ်။

◾️ကရင်နီခေါင်းဆောင် ဦးအောင်ဆန်းမြင့် ဈာပန နယ်စပ်မှာကျင်းပ

ကရင်နီ တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်တဲံ့ ဦးအောင်ဆန်းမြင့်ရဲ့ ဈာပန အခမ်းအနားကို မြန်မာ-ထိုင်းနယ်စပ်ကရင်နီဒေသ တနေရာမှာစက်တင်ဘာ ၅ရက်က ကျင်းပခဲ့ပါတယ်။ကရင်နီအမျိုးသားတိုးတက်ရေးပါ
တီ(KNPP) အထွေထွေအတွင်းရေးမှူး၊ကရင်
နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ဥက္ကဋ္ဌနဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဆောင်ဆန်းမြင့်ဟာ ထိုင်းနိုင်ငံမှာ ဆေးကုသနေစဉ် ဩဂုတ် ၃၀ရက်မှာ ကွယ်လွန်ခဲ့တာပါ။ ကွယ်
လွန်ချိန်မှာ အသက် ၆၃နှစ်ရှိပြီဖြစ်တဲ့ ဦးအောင်ဆန်းမြင့်ဟာ ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေး၊ နိုင်ငံရေး တော်လှန်ရေး၊ တရားစီရင်ရေး ကဏ္ဍတွေမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သလို ကရင်နီပြည်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကေရစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဦးစီးပါဝင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ ဈာပန အခမ်းအနားကို တော်လှန်ရေး အင်အားစု အသီးသီးက မဟာမိတ်ခေါင်း
ဆောင်တွေ၊ကရင်နီလူထုတွေ တက်ရောက်ခဲ့ကြောင်း KNICက ဖော်ပြထားပါတယ်။

◾️ရန်ကုန်မှာ ပေါ်တာအဆွဲကြမ်း​​နေလို့ လူငယ်တွေ အလုပ်သွား၊အပြန်ကို​တောင်စိုးရိမ်​နေ

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။ ရန်ကုန်မြို့မှာ သြဂုတ်လနဲ့ စက်တင်ဘာလဆန်းမှာ မြို့ထဲမှာတင်နေ့ခင်း
🖕31👍1
ကြောင်တောင်ပေါ်တာဆွဲလာတာတွေကြောင့် လူငယ်​​တွေဟာ စိတ်မလုံခြုံမှုကိုခံစား​နေကြရတာပါ။ အထက်ပါလူငယ်​ပြောသလိုပဲ ရန်ကုန်မြို့မှာ ​ပေါ်တာဆွဲတာ​တွေ ခပ်စိပ်စိပ်လုပ်လာတာကြောင့် ကုမ္ပဏီနဲ့ လုပ်ငန်းအချို့ကလည်း ရုံးစောဆင်းပေးတာမျိုး​တွေရှိလာတယ်လို့ကုမ္ပဏီဝန်ထမ်းအချို့က​ပြောပါတယ်။

◾️လွိုင်ကော်အရှေ့ဘက်ခြမ်း စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံး၊ ၈ဦး ဒဏ်ရာရ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။စက်တင်ဘာ ၅ရက် နေ့လယ် ၁၂ နာရီခွဲ၀န်းကျင်မှာ လွိုင်ကော်-ရှားတောလမ်းပိုင်းအနီးမှာရှိတဲ့ နောင်ပုလုကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဖြစ်စဉ်ကို သိရှိသူတွေက ‌ပြောပါတယ်။ လွိုင်ကော်အရှေ့ခြမ်းကို စစ်တပ်က ‌‌၂ရက်ဆက်​လေ
ကြောင်းတိုက်ခိုက်မှုလုပ်နေတယ်လို့လည်း သူက အသိပေးပါတယ်။လွိုင်ကော်မြို့အရှေ့
ဘက်ခြမ်းက စခန်းကုန်းတွေမကျရေး စစ်‌
တပ်ကလေကြောင်းကနေအပြင်းအထန်ခု
ခံတာမှာ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေထဲအထိ ‌ပစ်မှတ်ထားတိုက်ခိုက်မှုတစ်ခုလို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

◾️ပခုက္ကူနယ်မှာစက်တပ်လေထီးတိုက်ခိုက်မှုကြောင့်အရပ်သားလေးဦးသေဆုံး

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တောရွာက်ိုအာဏာသိမ်းစစ်
တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာစက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်း
အမြစ်အချို့ဆီက သိရပါတယ်။ အဲဒီရွာတွေဟာ မန္တလေးတိုင်းနဲ့ မကွေးတိုင်းအစပ်မှာတည်ရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်း စက်တင် ဘာလ ၄ ရက် ၊မနက်ပိုင်း ၁၁ နာရီဝန်းကျင် မှာ စက်တပ်လေထီးနှစ်စီးနဲ့ ဗုံးကြဲတာပါ။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့်အမျိုး
သားနှစ်ဦး၊အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ ဒါအပြင် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သလ်ို နေအိမ်အချို့လည်းထိခိုက်ပျက်ဆီးခဲ့ပါတယ်။စက်တပ်လေထီးတွေဟာမန္တလေး တိုင်း၊ညောင်ဦးလေ
ဆိပ်ကနေတက်လာတာလို့ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ယူဆကြပါတယ်။

◾️မန္တလေးမှာ စစ်မှုထမ်းမဲနှိုက်မှု အာဏာပိုင်တွေနဲ့ ငွေကြေးချမ်းသာသူတွေရဲ့သားတွေ ကင်းလွတ်ခွင့်ရနေကြောင်း ပျူစောထီး ၁ဦး ထုတ်ပြော

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာ
ပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူရွှေမူမူအောင်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ​အဆိုပါရပ်ကွက်အတွင်း စစ်မှုထမ်းမဲနှိုက်တဲ့ လုပ်ငန်းစဉ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေအပြင် ရပ်ကွက်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သားတွေဟာ မဲနှိုက်ရမယ့်စာရင်းမှာ လုံးဝပါဝင်ခြင်းမရှိဘဲ ကင်းလွတ်
ခွင့်ရနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဖြစ်တဲ့မန္တလေးပြည်သူ့စစ် သတင်းတပ်ဖွဲ့ကရွှေမူမူအောင်ကဖွင့်ချပြော
ဆိုခဲ့ပါတယ်။ ဒေါ်ရွှေမူမူအောင်၏ ပြောကြားချက်အရ မဲနှိုက်ခြင်းမပြုရဘဲ ကင်းလွတ်နေသူတွေထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနိုင်ဝင်းအောင်ရဲ့ စစ်မှုထမ်းအသက်အရွယ် အကျုံး
ဝင်တဲ့သားတစ်ဦး၊ သမက်တစ်ဦးနဲ့ တူတစ်ဦး၊ ရာအိမ်မှူးတွေဖြစ်တဲ့ မင်းအောင်ရဲ့ သား
တစ်ဦး၊ မအေးငြိမ်းရဲ့ သားတစ်ဦး၊ ညီညီရဲ့ သားနှစ်ဦးတို့လည်း မဲနှိုက်ရမယ့်စာရင်းမှာ မပါဘူးလို့ ရွှေမူမူအောင်က ပြောပါတယ်။

◾️မန္တလေးကဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်စု ကျောက်မြောင်းနဲ့ ရှိမ်းမကားအနီး ရောက်နေ

မန္တလေးမြို့ကနေဆန်တက်လာတဲ့ စစ်ရေယာဉ် အုပ်စုဟာ ကျောက်မြောင်းနဲ့ ရှိမ်းမကား ဒေသရောက်ရှိနေကြောင်း ဒေသတွင်း​ကင်း​ထောက်အဖွဲ့တွေက ပြော​ပါတယ်။ စက်တင်ဘာ ၄ရက် ညနေပိုင်းက မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာတဲ့ စစ်ရေယာဉ် အုပ်စု (၃၁) စီးဟာ စက်တင်ဘာ ၅ ရက် ညနေပိုင်းအထိ ခရီးဆက်လက် ဆန်တက်နေကြောင်း ဒေသတွင်း​ကင်း​ထောက်အဖွဲ့တွေက ပြော​ပါတယ်။ ပထမအသုတ် ရှေ့ပြေးရေယာဉ်အုပ်စုမှာ ရွှေဘိုမြို့နယ်အရှေ့ခြမ်း ကျောက်မြောင်းတံတားအနီးသို့ ရောက်ရှိပြီး အထက်ဘက်သို့ ဆက်လက်ဆန်တက်နေပါတယ် ။ ဒုတိယအသုတ် နောက်ဆုံးရေယာဉ်အုပ်စုရဲ့ ဦးဆောင်အစီးမှာလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း ရှိမ်းမကားရွာ အရှေ့ဘက် မြစ်ကြောင်းအတွင်းသို့ ရောက်ရှိကာ ဆက်လက်ချီတက်နေကြောင်း ကင်း
ထောက်အဖွဲ့တွေက ပြောပါတယ်။ သင်္ဘောအုပ်စုထဲက အချို့ဟာတ​ကောင်းနီကယ်စက်ရုံက နီကယ်​တွေကိုသွား​သယ်မှာဖြစ်ပြီး အချို့ က ဗန်း​မော်ကိုဆက်လက်ဆန်တက်နိုင်တယ်လို့ စုံစမ်းသိရပါတယ်။

◾️၁၄နှစ်အရွယ်မိန်းကလေးငယ်ကိုအဓမ္မကျင့်ခဲ့သူကို AAတရားရုံးက ထောင်ဒဏ်နှစ် ၃၀ ချ
👍2🖕1