People's Spring
60K subscribers
70.7K photos
1.21K videos
9 files
3.03K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်ရေးတင်းမာနေတဲ့ ဗန်းမော်မြို့ကို
စစ်ရှောင်ဝန်ထမ်းတွေပြန်လာဖို့ စစ်တပ် ပြန်ခေါ်

စက်တင်ဘာ-၆၊၂၀၂၆။ဇော်ရမ်း/ People's Spring

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

ဗန်းမော်မြို့မှာ အုပ်ချုပ်ရေးယန္တရား ပြန်စတင်ဖို့အတွက် ပြန်လာကြဖို့ ညွှန်ကြားချက်ကို အခု စက်တင်ဘာလဆန်းမှာ ဖုန်းနဲ့ ဆက်သွယ်ပြီး အသိပေးတာလို့ ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

" ကျတော်တို့က ဗန်းမော်နားက မြို့တွေမှာပဲ ပတ်ပြီး မိသားစုလိုက် စစ်ရှောင်နေရတာ။ဒီရက်ထဲ တိုက်ပွဲတွေပိုပြင်းထန်လာကာမှ ဌာနနဲ့ ပြန်ပူးပေါင်းဖို့ ပြောနေတယ်။ ဘာကို ယုံစားပြီး ပြန်ရမှာလဲ။ ရူးနေတာမှမဟုတ်တာ"လို့ အဆိုပါ ဝန်ထမ်းက ပြောပါတယ်။

ရန်ကုန်မြို့ကို ရောက်နေတဲ့ ဗန်းမော်မြို့က ဝန်ထမ်းတစ်ဦးကလည်း အခုအချိန်မှာ ပြန်ဖို့လုံးဝမဖြစ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။

ခရိုင်အဆင့်မြို့ဖြစ်တဲ့ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ဌာနဆိုင်ရာရုံးပေါင်းစုံ အခြေစိုက်ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDF နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ဒီဇင်ဘာ ၄ရက်မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ကောင်စီဌာနဆိုင်ရာရုံးတွေအားလုံးပိတ်လိုက်ရပြီး ဝန်ထမ်းတွေလည်း ထွက်ပြေးခဲ့ရပါတယ်။ဒေသခံတွေလည်း စစ်ရှောင်နေရတာ ၂နှစ်ခန့်ရှိလာပြီဖြစ်ပါတယ်။

စကခ (၂၁)အပါအဝင် စစ်တပ် တပ်ရင်းတွေကို KIA၊KPDF ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားပြီး တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ စက်တင်ဘာလဆန်းမှာ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ လာတဲ့ စစ်သင်္ဘောတွေကို ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ထဲမှာ KIA၊KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်က တိုက်ခိုက်ရေးသင်္ဘော ၂စီး၊ ကုန်တင် သင်္ဘော ၈စီးအပါအဝင် သင်္ဘော၁၅စီးနဲ့ မန္တလေးမြို့၊ ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဩဂုတ် ၂၁ ရက်က ထွက်လာကို ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ KIA၊KPDFက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

စက်တင်ဘာ ၂ရက်က တိုက်ပွဲအပြင်းအထန်ဆုံးဖြစ်ခဲ့ပြီး စစ်သင်္ဘော ၈ စီးဖျက်ဆီးခံရတဲ့အပြင် စစ်သုံ့ပန်း ၁၉၀ ကျော်ဟာ KIA၊KPDFထံ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမော်မြို့က စစ်တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ကြေးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ အမြှောက်အပါအဝင်လက်နက်ခဲယမ်း‌ တွေလည်း ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဗန်းမော်မြို့နယ်အထိ ဆက်လက်ဆန်တက်သွားတဲ့ သင်္ဘော ၇စီးကို KIA၊KPDFက ဆက်လက်တိုက်ခိုက်နေလို့ ဒီနေ့ စက်တင်ဘာလ ၆ရက်မနက်အထိ ကမ်းကပ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။


(ဗန်းမော်မြို့ရှိ အငြိမ်းစားဝန်ထမ်းတွေကို စစ်ကောင်စီက ငွေပေးအပ်နေတာကို ၂၀၂၄က တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)
🤣30🔥3👏3👎1
👎23🔥32👏1😁1👻1
ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို စစ်တပ် ဗုံးကြဲဖျက်ဆီး

■မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

စက်တင်ဘာ-၆၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၆ရက်မှာ လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

"အရှေ့ဖက်တံတားသံဘောင်ကွေးသွားတယ်
။ကားတစီးစာလောက်ပေါက်သွားတယ်။ အ
နောက်ဖက်တံတားခြေရင်းအနည်းငယ်ထိပါတယ်”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

၂၀၂၄ ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ စင်းခန်းတံတားကို စစ်တပ်ကပြန်
လည်ရယူဖို့၊ ဗန်းမော်မြို့ကိုစင်အင်အားဖြည့်နိုင်ဖို့ ကြည်း၊ရေ၊လေထိုးစစ်ဆင် ကြိုးပမ်းခဲ့ပေမဲ့ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းတိုက်ပွဲတွေမှာ အထိနာတဲ့စစ်တပ်ဟာ မြစ်ကူးတံတားကိုဗုံးကြဲဖျက်ဆီးမှုပထမဆုံးအကြိမ် ပြုလုပ်လာတာလည်းဖြစ်ပါတယ်။

စက်တင်ဘာ ၂ရက်က ရွှေကူမြို့နယ် ဇင်းဘုံရွာနဲ့ စင်းခန်းတံတား ကြားရေကြောင်းတိုက်ပွဲမှာ စစ်တပ်က သင်္ဘောတွေ အများအပြားထိခိုက်ပျက်စီးခဲ့ပြီး အလံဖြူထောင်တဲ့သင်္ဘောအချို့က စစ်သုံ့ပန်းတွေနဲ့လက်
နက်ခဲယမ်းတွေကို KIA ပူးပေါင်းတပ်က သိမ်းရခဲ့ပါတယ်။

အခုရက်ပိုင်းမှာလည်း စင်းခန်းတံတားအနီးဝန်းကျင်မှာ KIAနဲ့စစ်တပ်ရဲ့ မြေပြင်စစ်
ကြောင်းတွေ တိုက်ပွဲပြင်းထန်နေကြောင်း KIAက အသိပေးထားပါတယ်။

စစ်တပ်က ဒရုန်း၊ လေကြောင်းအပါအဝင် လက်နက်မျိုးစုံနဲ့အပြင်းအထန်ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အပြင်း
အထန်ခုခံလျက်ရှိတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကလတ်တလော စင်းခန်းဒေသ တိုက်ပွဲအခြေအနေအသိပေးချက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၂ ရက်​နေ့ကတိုက်ပွဲမှာ စစ်တပ်​ရေယာဥ် ၂ စီး အလင်းဝင်ခဲ့ပြီး စစ်သုံ့ပန်း​တွေဟာ စင်းခန်းတံတား​အောက် ​ခေတ္တထားပြီး စစ်တပ်က ဗုံးကြဲမှာစိုးလို့​ KIA နဲ့ပူး​ပေါင်းတပ်​တွေက ရွေ့​ပြောင်း​​ပေးခဲ့ပါတယ် ။

(စင်းခန်းတံတား ဗုံးကြဲခံရပြီး​နောက်အပျက်အစီး​တွေကို ​တွေ့ရစဥ်။
ဓါတ်ပုံ-Padang Nesn)

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #KIA #KPDF
🤬259👎3🥴2👏1🤣1🖕1
(စင်းခန်းတံတား ဗုံးကြဲခံရပြီး​နောက်အပျက်အစီး​တွေကို ​တွေ့ရစဥ်။
ဓါတ်ပုံ-Padang Nesn)
🤬40👎3🖕3🤣2👏1
မန္တလေးနဲ့ ရွှေဘိုမှာ ဝက်လက်ဒေသခံလူငယ်တွေကို စစ်တပ် ပေါ်တာဆွဲနေလို့ ကျောင်းသားသမဂ္ဂ သတိပေး

စက်တင်ဘာ ၆၊ ၂၀၂၆။ ဟာနာဆန်/People's Spring

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မန္တလေး ၊ ရွှေဘို မြို့ကြီးတွေမှာ ယခုရက်ပိုင်းအတွင်း ဝက်လက်မြို့နယ်အတွင်းမှ မြို့ပေါ်သို့ မိသားစုလုပ်ငန်းလုပ်နေတဲ့ လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်တာ၊ ခရီးသွားလာရင်း လမ်းကနေ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်တာ၊အဆောင်ငှားရမ်း‌နေထိုင်တဲ့ အမျိုးသမီးလူငယ်ပိုင်းတွေကို အဆောင်အတွင်းထိ ဝင်ရောက်ဖမ်းဆီးတာတွေကိုဆက်တိုက်ပြုလုပ်နေကြောင်း ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က အသိပေးပါတယ်။

ဒါ့ကြောင် ဝက်လက်မြို့‌နယ်အတွင်းကနေ မြို့ကြီးတွေမှာလုပ်ငန်းလုပ်နေကြတဲ့ လူငယ်တွေအနေနဲ့ သတိ ၊ အသိရှိစွာနေထိုင်ကြဖို့နဲ့ မိမိတို့နယ်မြေ ပရဝဏ်အတွင်း ရွှေ့ပြောင်းနေထိုင်သင့်ကြောင်း ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ထပ်မံအသိပေးပါတယ်။

"ဝက်လက်ကနေ ရွှေဘိုကိုသွားတဲ့လူငယ်တွေကို ဆွဲတာမျိုးရှိတယ်။ လမ်းကနေဆွဲတာပေါ့"လို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ရှုံးကာ ၎င်းတို့ စစ်အခြေစိုက်စခန်းတွေ၊ မြို့တွေကနေ ဆုတ်ခွာခဲ့ရပြီး ပြန်လည်သိမ်းပိုက်ဖို့ စစ်အင်အားပြန်လည်စုဆောင်းဖို့အတွက် အတင်းအဓမ္မစစ်မှုထမ်း ပေါ်တာဆွဲတာတွေ ပြုလုပ်နေကြောင်း ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ထပ်မံအသိပေးထားပါတယ်။

ယခု စက်တင်ဘာလဆန်းမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ စစ်မှုထမ်းပေါ်တာဆွဲတာ၊ အိမ်တိုင်ရာရောက်ဖမ်းဆီးတာတွေ ဖြစ်ပွားနေပြီး လူငယ်အများစု ဖမ်းဆီးခံထားရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာမှာ စစ်မှုထမ်း အပတ်စဥ်(၂၈)ကို စတင်ဖို့ ကြိုးစားနေပါတယ်။
👍252🤬2🤣2🔥1🥰1🤮1🖕1
👍21🔥4🖕3
ယောလွတ်မြောက်ရေးတပ်တော်ဖွဲ့စည်းမှု စစ်ရေးအရ ပိုမိုလွတ်လပ်စွာလှုပ်ရှားနိုင်ဖို့နဲ့ ကျယ်ပြန့်စွာ မဟာမိတ်ပြုနိုင်ဖို့ဟု ထုတ်ပြန်

စက်တင်ဘာ ၆၊၂၀၂၆။ ထားမြတ်/People’s Spring

ယောလွတ်မြောက်ရေးတပ်တော် (YLA)အဖြစ် သီးခြားရပ်တည်ရခြင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(NUG/MOD) ရဲ့ ဦးဆောင်မှုအား အယုံအကြည်မရှိခြင်း၊ သက်ဆိုင်ရာဌာနအသီးသီးရှိ ပုဂ္ဂိုလ်များနဲ့ ပဋိပက္ခဖြစ်ခြင်းတို့ကြောင့် လုံးဝမဟုတ်ကြောင်း YLA က ထုတ်ပြန်ခဲ့ပြီးစစ်ရေးအရပိုမိုလွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမှတ် (၁၊ ၁၈၊ ၁၉) တပ်ရင်းတို့မှရဲဘော်တွေဟာ ယောလွတ်မြောက်ရေးတပ်တော်ကို အခု၂၀၂၆ ဩဂုတ်၁ရက်မှာဖွဲ့စည်းခဲ့ပြီး အခုလိုဖွဲ့စည်းလိုက်ရတဲ့အခြေအနေကို စက်တင်ဘာ ၅ရက်မှာ ထုတ်ပြန်ရှင်းလင်းခဲ့တာပါ။

“ ယောလွတ်မြောက်ရေးတပ်တော် (YLA) အနေဖြင့် ယောဒေသအရေးကို မိမိတို့ကိုယ်တိုင် ပုံဖော်ထုဆစ်နိုင်ရေး၊ စစ်ရေးအရ ပိုမိုလွတ်လပ်စွာ လှုပ်ရှားနိုင်ရေး၊ အခြားသော လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ပိုမိုကျယ်ပြန့်စွာ မဟာမိတ်ပြုနိုင်ရေးတို့ကို ရည်ရွယ်၍ တည်ထောင်လိုက်ခြင်းဖြစ်သည်” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မေးမြန်းဖို့ ယောလွတ်မြောက်ရေးတပ်တော်ကို ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

YLA အဖြစ် ရပ်တည်ကြတဲ့ အင်အားစုတွေဟာ ဂန့်ဂေါ ခရိုင်စစ်ဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမှတ် (၁၊ ၁၈၊ ၁၉) တပ်ရင်းတို့မှ ရဲဘော်တွေ ဖြစ်ပြီး (၅) နှစ်တာလုံး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြ ကြောင်းလည်း အသိပေးပြီး အခုလို စုဖွဲ့လိုက်တာဟာ ယောဒေသတွင်း တော်လှန်ရေးလုပ်ငန်းစဉ်များကို ပိုမိုအာရုံစိုက် လုပ်ဆောင်လိုခြင်းကြောင့်သာဖြစ်တယ်လို့ ရှင်းပြပါတယ်။

လက်ရှိအချိန်မှာ လည်းကောင်း၊ နောင်အနာဂတ်တွင် လည်းကောင်း NUG ကာကွယ်ရေးလက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ အခြားမဟာမိတ်တပ်ဖွဲ့များနဲ့ အတူ တိုက်ပွဲဝင်မယ်လို့လည်း YLAက ထုတ်ပြန်ပါတယ်။

ယောလွတ်မြောက်ရေးတပ်တော် (YLA) ရဲ့ အဓိက ရည်မှန်းချက် ပန်းတိုင်ဟာ စစ်အာဏာ ရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ဖြစ်တယ်လို့ဖော်ပြပါတယ်။
ဒါကြောင့် စစ်မှန်သော လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်မှ သွေဖယ်သော မည်သည့်လုပ်ငန်းကိုမျှ လုပ်ဆောင်မည်မဟုတ်သလို လက်ရှိမှာလည်း ချင်းပြည်တောင်ပိုင်း (မင်းတပ်နယ်)နဲ့ ယောဒေသ (ကျောက်ထုနယ်) တို့တွင် ဒေသခံတပ်များ(ယော)၊ MOD လက်အောက်ခံ တပ်ရင်းများ၊ မဟာမိတ်များနဲ့ တစ်သားတည်းရပ်တည်ကာ တိုက်ပွဲ ဝင်နေကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ယောလွတ်မြောက်ရေးတပ်တော် (YLA) အဖြစ် ရပ်တည်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ယောဒေသတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးတပ်များ တစ်စုတစ်စည်းတည်း ဖြစ်တည်လာရေးကို အဓိကထား ကြိုးစားလုပ်ဆောင်သွားမယ်လို့လည်း အသိပေးပါတယ်။

မြန်မာတစ်နိုင်ငံလုံး မလွတ်မြောက်မချင်း၊ ယောပြည်သူလူထုအပါအဝင် အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများနဲ့ တစ်သားတည်းရပ်တည် တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန် ကြေညာပါတယ်။


(ယောလွတ်မြောက်ရေးတပ်တော် (YLA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - YLA)
👍2514🖕3👏2🤮2👎1
👍31🖕3🤮21👎1
■ရုပ်ရှင်ခံစားမှု

မေတ္တာထွေးလို့ နွေးပါစေ
Her Love Boils Bathwater(၂၀၂၆)

-ဝဇီရာ/People's Spring

ဖူတာဘဟာ သမီးဖြစ်သူ အဇူမီနဲ့ ရုန်းကန်နေရတဲ့ တစ်ကိုယ်တည်း မိခင်တစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူက ဆုံးသွားတာတော့ မဟုတ်ဘူး။ လုံးဝအဆက်အသွယ်မရဘဲ ပျောက်ခြင်းမလှ ပျောက်သွားခဲ့တာ။ ဒါပေမယ့် ဖူတာဘဟာ စိတ်ဓါတ်ကြံ့ခိုင်လှပါတယ်။

​တစ်နေ့မှာ ဖူတာဘဟာ အလုပ်ထဲမှာ ရုတ်တရက်ကြီး မူးလဲသွားခဲ့တယ်။ ဆေးစစ်ချက်ရတော့ ဆရာဝန်ကပြောတယ်။ သူ့မှာ ကင်ဆာရောဂါ နောက်ဆုံးအဆင့်တဲ့။အသက်ရှင်ဖို့ လနည်းနည်းလေးပဲ ကျန်တော့တာကို သိလိုက်ရတယ်။

ဖူတာဘ ခေါင်းနပန်းကြီးသွားခဲ့တယ်။ သူမရှိတော့ရင် သမီးကလေးတစ်ယောက်တည်း လူ့လောကကြီးထဲ ဘယ်လိုဖြတ်သန်းမလဲလို့ စိတ်ပူသွားတယ်။သမီးကလေးကသူ့လိုမဟုတ်ဘူး။သူ့လောက်မသန်မာဘူး။ကျောင်း
မှာလည်း အတန်းတူကျောင်းသူတွေရဲ့ အနိုင်ကျင့်တာကိုလည်း ခံရတယ်။ ဖူတာဘဟာ သမီး​လေးကို သန်မာလာအောင် လေ့ကျင်ပေးတယ်။

သူဆုံးသွားပြီးနောက်ပိုင်း သမီးလေးတစ်
ယောက်တည်း မဖြစ်ရအောင် ခင်ပွန်းဖြစ်သူကို ရှာဖွေခဲ့တယ်။ ခင်ပွန်းဟာ နောက်ထပ်အိမ်ထောင်ကရတဲ့ သမီးကလေးနဲ့ ဒေသတခုမှာ နေနေခဲ့တာပါ။နောက်အိမ်ထောင်အမျိုး
သမီးကတော့ သူတို့ကိုချန်ထားပြီး အဝေးကိုထွက်သွားတာကြာပြီတဲ့။ ဖူတာဘဟာ ခင်
ပွန်းကိုကော နောက်အိမ်ထောင်ကရတဲ့ သမီးလေးကိုပါ အိမ်ပေါ်ခေါ်တင်ခဲ့တယ်။ မိသားစုအားလုံး စုစည်းပြီး ပိတ်ထားခဲ့ရတဲ့ ရေနွေးစိမ်ကန်လုပ်ငန်းကိုပြန်လည်လည်ပတ်ဖို့ ကြိုး
စားတယ်။

နောက်အိမ်ထောင်ကပါလာတဲ့ သမီးကလေးမှာလည်း စိတ်ဒဏ်ရာတွေနဲ့ပါ။ ဖူတာဘဟာ အဲဒီသမီးကလေးကိုလည်း သူ့သမီးရင်း​လိုပဲ သဘောထားပြီး နွေးထွေးမှုတွေ ပေးခဲ့တယ်။

သမီးကလေးနှစ်ယောက်နဲ့ ဖူတာဘ တစ်ညအိပ်ခရီး​လေး ထွက်ခဲ့တယ်။ လမ်းမှာလည်း စိတ်ဒဏ်ရာတွေနဲ့ လေလွင့်နေတဲ့ လူငယ်လေးတစ်ယောက်ကို လမ်းကြုံတင်ခဲ့သေးတယ်။ လူငယ်က ဘယ်ကိုသွားမယ်ဆိုတာ ဦးတည်ချက်မရှိဘူးဆိုလို့ မြောက်ပိုင်းဒေသကိုသွားဖို့ သူလမ်းညွှန်ခဲ့တယ်။ အဲဒီခရီးမှာပဲ သမီး​လေးရဲ့ ဘဝအစစ်အမှန်ကို အသိပေးလိုက်တယ်။ သူ့ရောဂါအခြေအနေကိုလည်း သမီးလေး သိသွားခဲ့တယ်။

သူဆေးရုံတက်နေချိန် သူ့ခင်ပွန်းကို ရှာပေးတဲ့ စုံထောက်ဆီကနေလည်း ဖူတာဘရဲ့ မိခင်သတင်းကြားခဲ့ရတယ်။ ဖူတာဘက အမေကို မမြင်ဖူးဘူး။ အမေ့ကို သူသိပ်မြင်ဖူးချင်ခဲ့တာ။ အမေ့သတင်းကြားတော့ အမေရှိတဲ့တိုကျိုကို လိုက်သွားကြတယ်။ ကားပေါ်ကဆင်းမယ်လုပ်တော့ သမီးဖြစ်သူက ဝှီးချဲယူပေးမယ်ပြောတယ်။ ဖူတာဘက နေပါစေ အမေစိတ်ပူသွားလိမ့်မယ်တဲ့။ အမေ့ရဲ့တုံံပြန်မှုကလည်း မျက်ရည်ကျစရာပါ။

တဖြည်းဖြည်းနဲ့ ဖူတာဘလည်း​ ဝေဒနာ ပြင်း
ထန်လာပြီးအခြေအနေပိုပိုဆိုးလာခဲ့တယ်။ ခင်ပွန်းဖြစ်သူကတော့ ဆေးလိပ်အသောက်မပျက်။ ပေါ့ပေါ့ပါးပါးပဲ။ ဆေးရုံကပြန်လာတဲ့သမီးကို အမေကဘာမှာလိုက်သေးလဲမေးတော့ "အရည်အချင်းမရှိတဲ့ ဖေဖေ့ဆီမှာ မိ
သားစုကို ထားခဲ့ရမှာကို တွေးမိလိုက်ရင် စိတ်မချနိုင်လွန်းလို့ အေးအေးဆေးဆေးတောင် သေလို့ရမှာ မဟုတ်ဘူးတဲ့"လို့ သမီးကဖြေတယ်။ ဖူတာဘရဲ့ နောက်ဆုံးအချိန်တွေ ရောက်လာတဲ့အခါမှာတော့....

ဘယ်လိုပဲ gender အရ တန်းတူသဘောထားပါတယ်ဆိုဆိုု အိမ်ထောင်မှုရေးရာမှာတော့ အမျိုးသမီးတွေဟာအမျိုးသားတွေထက် တာဝန်ယူမှု ပိုကိုပိုပါတယ်။

ဖူတာဘလို အရည်အချင်းမရှိတဲ့ ယောကျာ်းမျိုး ရလိုက်တဲ့ အမျိုးသမီးတွေအဖို့တော့ တစ်ဘဝလုံး ဝန်တွေပိတော့တာပါပဲ။

ဇာတ်ကားထဲမှာ အမျိုးသားဖြစ်သူဟာ အိမ်ထောင်သုံးဆက်ကျတဲ့သဘောပါ။ ဘာကြောင့် အိမ်ထောင်ဆက်များရတယ်ဆိုတာ မပြခဲ့ပေမဲ့ သူ့တာဝန်ကို အမျိုးသမီးကပါ ထမ်းခဲ့ရပါတယ်။ မိသားစုတွေမှာ တာဝန်သိသူတွေက တခြားသူတာဝန်​​တွေပါ ထမ်းရတဲ့အခါ ဝန်ပိုဖိစီးလှပါတယ်။

ဖူတာဘ မရှိတော့တဲ့ နောက်ပိုင်း ရေနွေးစိမ်ကန်လုပ်ငန်းလေးနဲ့ မိသားစုတွေ အဆင်ပြေပြေနေနိုင်ခဲ့တယ်။ ဖူတာဘ ပေးထားခဲ့တဲ့ မေတ္တာတွေနဲ့ မိသားစုတတွေ နွေးထွေးစေခဲ့တယ်။ တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ ချစ်ပါတယ် ချစ်ပါတယ်လို့ တဖွဖွပြောနေဖို့ မလိုပါဘူး။ သူ့အနား ကိုယ်မရှိတော့ရင်တောင်မှ သူအဆင်ပြေနေတာကို မြင်ချင်တာ။ သူ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေ
ထောက်ပေါ် မားမားမတ်မတ် ရပ်နိုင်တာကို မြင်ချင်တာ။ ဒါကိုပဲ မေတ္တာလို့ ခေါ်တာပါ။

​သေခြင်းတရားက ဘဝကို အဆုံးသတ်သွားစေနိုင်ပေမယ့်၊ စစ်မှန်တဲ့မေတ္တာကတော့ ကျန်ရစ်သူတွေရဲ့ ရင်ထဲမှာ အမြဲတမ်း အနွေးဓာတ်ပေးလို့ နေပါတယ်။ ဖူတာဘဟာ သူ့ရဲ့ ရေနွေးစိမ်ကန်လေးကို အပူချိန်ပြည့်ဝအောင် ထိန်းပေးခဲ့သလိုပဲ၊ သူ့ရဲ့ မေတ္တာကလည်း ပြိုကွဲလုနီးပါး ဖြစ်နေတဲ့ မိသားစုရဲ့ ဘဝတွေကို တစ်သက်တာစာ နွေးထွေးမှု ပေးသွားခဲ့ပါတော့တယ်။ ။

#ရုပ်ရှင်ခံစားမှု #ဝဇီရာ #လူထု​နွေဦး
#HerLoveBoilsBathwater
#Peoplesspring
11👍4🤮1🖕1
9👍3🤮1🖕1
၁၄နှစ်အရွယ်မိန်းကလေးငယ်ကိုအဓမ္မကျင့်ခဲ့သူကို AAတရားရုံးက ထောင်ဒဏ်နှစ် ၃၀ချ

စက်တင်ဘာ-၆၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ရမ်းချောင်းဒေသမှာအသက် ၁၄ နှစ်အရွယ် မိန်း
ကလေးငယ်ကိုအဓမ္မပြုကျင့်ခဲ့တဲ့အသက် ၅၅ နှစ်အရွယ် ဦးမောင်အေးလှကို အာရက္ခတပ်တော်(AA)လက်အောက်ခံ တရားရုံးက အလုပ် ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်တယ်လို့ဒီနေ့ထုတ်ပြန်ပါတယ်။

မုဒိမ်းမှုအပြင်ဓမ္မတာနဲ့ဆန့်ကျင်တဲ့ကာမစပ်
ယှက်ခြင်းတို့ကိုအတင်းအဓမ္မကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် တာကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆(မုဒိန်းမှု)နဲ့ ထောင်ဒဏ် နှစ် ၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇(ဓမ္မတာ နဲ့ဆန့်ကျင်တဲ့ကာမစပ်ယှက်မှု)နဲ့ထောင်ဒဏ် ၁၀ နှစ်စီမြောက်ဦးခရိုင်တရားရုံးက ချမှတ်ခဲ့တာလို့​ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၇ ရက်နေ့ကရမ်းချောင်းဒေသမှာ ခြံစောင့်အငှားလုပ်ကိုင်နေသူရဲ့သမီးကို ခြံပိုင်ရှင်ဖြစ်တဲ့ဦးမောင်အေးလှကအဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီးအဓမ္မပြုကျင့်ခံရတဲ့ မိန်း
ကလေးငယ်ရဲ့ ညီမဖြစ်သူကိုလည်း လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုလုပ်ခြိမ်းခြောက်ခဲ့ပါသေးတယ်။

အဲဒီလို ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီးနှစ်လကျော်အကြာ ဇူလိုင်
လ ၃၀ ရက်နေ့မှာမှ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကာ မြောက်ဦးခရိုင်တရားရုံးမှာ တရားစွဲတင်ခဲ့တာပါ။ အဲဒီအမှုကို ခရိုင်တရားရုံးက တလ ကျော်ကြာစစ်ဆေးပြီးနောက် အခုလို အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

“ဒီလိုလက်ခံလို့မရတဲ့မုဒိန်းမှုတွေကိုမြန်မြန်
ဆန်ဆန်စီရင်ချက်ချလာနိုင်တာကို ကြိုဆိုရမှာဖြစ်တယ်။ ဒါပေမယ့် လည်း တရားခံလွတ်သွားတာတို့၊ ဖမ်းမမိတာတို့ မဖြစ်ဖို့လိုတယ်။ ပြည်သူ့မျက်နှာမူပြီးတော့ ဒီလိုအမှုတွေကို ထိ ရောက်တဲ့ပြစ်ဒဏ်မှုကို ပေးဖို့ တောင်းဆိုချင်ပါတယ်”လို့မြောက်ဦးမြို့နယ်မှလူငယ်အမျိုးသမီးတဦးကပြောပါတယ်။

ကျူးလွန်ခံရသူ မိန်းကလေးရဲ့မိသားစုဟာ ကျောက်တော်မြို့နယ် ကျောက်တလုံးရွာ ဇာတိဖြစ်ပြီး ၂၀၂၆ ခု မတ်လ ကုန်လောက်ကစပြီး ဦးမောင်အေးလှပိုင်ဆိုင်တဲ့ ကျောက်တော်မြို့နယ် ဇီးချောင်းဆည်မြောက်ဖက် ၈ မိုင်ခန့်အ ကွာ ရမ်းချောင်းတောထဲမှာရှိတဲ့ ဥယျာဉ်ခြံမှာခြံစောင့် ၊နွားကျောင်းစတဲ့အ
လုပ်တွေကိုတနှစ်စာလုပ်အားခကျပ်၁၈သိန်း
နဲ့ မိသားစုလိုက်လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဧပြီလ ၅ ရက်နေ့မှာ မိန်းကလေးရဲ့ မိခင်ဖြစ်သူက ပိုင်ရှင်ဦးမောင်အေးလှကို တဲမှာ မီးမရှိလို့ ဆိုလာပြားတချပ်လို အပ်ကြောင်းပြောရာ သိန်းတန်ရွာမှာရှိတဲ့သူ့ရဲ့နေအိမ်မှာဆိုလာပြား
လိုက်ယူဖို့လူတဦးထည့်ပေးစေလိုကြောင်း ပြောတာကြောင့်သမီးဖြစ်သူကိုအတူထည့်ပေးလိုက်ပါတယ်။

နောက်နေ့မှာ ဦးမောင်အေးလှဟာမိန်းကလေး
ငယ်ကို ရမ်းချောင်းရှိဥယျာဉ်ခြံသို့ ပြန်ပို့ချိန် လမ်းခုလတ်မှာညအိပ်စေပြီး နှစ်ကြိမ်တိုင်အဓမ္မပြုကျင့်ခဲ့တာလို့ ရဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ဦးမောင်အေးလှဟာအဓမ္မပြုကျင့်ခံရ သူရဲ့ ၈ နှစ်အရွယ်ညီမကို လည်း ငွေကျပ်လေးထောင်နဲ့ အချိုရည်တစ်ဗူးပေးပြီး မဖွယ်မရာပြုလုပ်ခိုင်းခဲ့ကာ ဘယ်သူ့ကိုမှ ပြန်မပြောဖို့ ခြိမ်းခြောက်ခဲ့သေးတယ်လို့ ရဲထုတ်ပြန်ချက်မှာဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာအခြားလွတ်မြောက်
နေတဲ့မုဒိန်းမှုကျူးလွန်သူတွေ ရှိနေသေးပြီး အဲဒီလွတ်မြောက်နေသူ တွေကိုလည်း အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် အသည်းအသန်၊ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ AA ရဲတပ်ဖွဲ့ကဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းကမြို့နယ်တွေမှာသက်
ငယ်မုဒိမ်းမှုအပါအဝင် အဓမ္မပြုကျင့်ခဲ့ရတဲ့ဖြစ်စဉ်တွေ ဆယ်ကျော် ထိ ရှိနေပြီး အချို့အမှုတွေမှာ တရားခံဖမ်းဆီးမရဘဲ လွတ်နေကာ တရားခံဖမ်းဆီးရမိတဲ့အမှုတွေမှာလည်း ထိထိ ရောက်ရောက်အရေးမယူတာ၊ အမိန့်ချဖို့ နှောင့်နှေးနေတာ​တွေကို ပြည်သူ​တွေက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ချင်း
ပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်အုပ်ချုပ်နေတဲ့ AA ဟာ ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအတွက် DLEPS လို့ခေါ်တဲ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး လက်ရှိမှာ ရဲတပ်ဖွဲ့ဝင် သုံး ထောင်နီးပါးနဲ့ လည်ပတ်နေရကာ ရဲအင်အားလိုအပ်ချက်နဲ့ အရည်အချင်းပြည့်မီမှုအားနည်းနေသေးတယ်လို့ ရဲဌာန တာဝန်ရှိသူတွေက ဝန်ခံထားပါတယ်။
👍22🤮3🤣1
ကျူးလွန်သူကို​တွေ့ရစဥ်။ ဓါတ်ပုံ-DLEPS
🤮26👏5👍3🖕3🔥1🤣1
ပြည်ပရင်းနှီးမြှပ်နှံမှု​တွေလိုက်​ခေါ်​နေ​ပေမယ့်ရတနာပုံမြို့သစ်စီမံကိန်းမစနိုင်​​သေးဘဲသိမ်း
ထားတဲ့မြေတွေမှာဘောစကိုင်းပင်တွေလိုက်စိုက်

စက်တင်ဘာ၆၊၂၀၂၆၊ရှိန်း/ People's Spring

အာဏာသိမ်းစစ်တပ်က ရတနာပုံမြို့သစ်စီမံကိန်းဆိုပြီးပြန်အ​ကောင်အထည်​ဖော်​နေတဲ့ စီမံကိန်းအတွက်မြေဧကရာ​ပေါင်းများစွာ ဆက်တိုက်သိမ်းယူနေပေမယ့် လုပ်ငန်းမစတင်နိုင်ဘဲ သိမ်းဆည်းမြေတွေကို ခြံခတ်ကာ သစ်ပင်တွေလိုက်စိုက်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သားအောင်ပြည့်စုံရဲ့Sky One Construction ​ဆောက်လုပ်​ရေးကုမ္ပဏီကအ​ခြေခံအ
ဆောက်အအုံ​တွေကို အဓိက​ဆောက်လုပ်မယ့်
မြို့သစ်စီမံကိန်းဟာ မန္တ​လေးတိုင်း ၊ပြင်ဦးလွင်မြို့နယ်၊ သုံး​တောင်ရွာ နဲ့ ပြင်စာရွာကြား
မှာဖြစ်ပါတယ်။မြေဧက တစ်​သောင်း​ကျော် ပေါ်မှာလုပ်မယ့် ဒီစီမံကိန်းအတွက်ဆိုပြီး စစ်တပ်က သုံးထောင်ရွာက နေအိမ်နဲ့ဆိုင်ခန်း ပေါင်း၁၀၀ ကျော်ကို ဇွန်လကတည်းကစတင်ဖျက်ခိုင်းခဲ့ပါတယ် ။ဒါအပြင်စက်တင်ဘာလဆန်းအထိမြေ နေရာတချို့ထပ်မံဖျက်ခိုင်းထားဆဲဖြစ်တယ်လို့ဒေသခံအချို့က​ပြောပါတယ်။

"အခုကသုံးတောင်ရွာနဲ့ဇီးပင်ကြီးကြားမှာစိုက်ပျိုးမြေတွေလည်းရှိသေးတယ်။အဲဒီဘက် တွေကိုလည်းတဲလေးတွေရှိတာသွားဖျက်ခိုင်းတယ်။ရွာရဲ့အနောက်ဘက်က ရေ
စင်ကအိမ်တွေကိုလည်း ထပ်ဖျက်ခိုင်းထားတယ်။လာတော့မသိ‌‌မ်းသေးဘူး။ဒါတွေရောဆို ဧကကမနည်း တော့ဘူး"လို့​ဒေသခံတဦးက​ပြောပါတယ် ။ အဆိုပါ​ဒေသခံကိုယ်တိုင်အိမ်​တွေနဲ့​မြေကွက်​တွေ အသိမ်းခံခဲ့ရတာဖြစ်ပါတယ် ။

​နေအိမ်​​တွေနဲ့ မြေနေရာတွေကို စစ်အုပ်စုကဆက်တိုက်ဖျက်ခိုင်းပြီးသိမ်းယူနေတာ ကြောင့် မိသားစု ၁၀၀ ကျော်အိမ်ယာမဲ့ဘဝ ရောက်ရှိခဲ့ပါတယ် ။​အဲဒီလို​မြေ​တွေကိုစစ်အုပ်စုကသိမ်းယူထား​ပေမယ့်ကြေညာထားသလိုစီမံကိန်း မလုပ်​သေးဘဲ မြေနေ​ရာတွေမှာ ဘော်စကိုင်းပင်တွေ စိုက်ပျိုး နေတာလို့ ဒေသခံတဦးက ပြောပါတယ်။

"မြေတွေအကုန်လုံးမှာတိုင်လေးတွေထောင်ပြီး ဘောစကိုင်းပင်တွေစိုက်နေတာ။ဒါကသ
တင်းတွေထွက်နေသေးလို့ရယ်။အေးသွားရင် အကွက်ရိုက်ပြန် ရောင်းစားမှာပဲ"လို့ ဒေသခံတဦးကလည်းက ပြောပါတယ်။

လက်ရှိသိမ်းယူလိုက်တဲ့ မြေနေရာ တွေဟာ ပေ၄၀×၆၀ တကွက်ကို လမ်းမပေါ်တင်ဆို ကျပ်သိန်း၁၀,၀၀၀အထိ ပေါက်ပြီး လမ်း
ကြားဆိုကျပ်သိန်း၅၀၀ ဝန်းကျင်အထိ​ဈေး
ပေါက်တယ်လို့ သိရပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်က ရတနာပုံမြို့သစ်စီမံကိန်းကို လာ​ရောက်ရင်းနှီးမြှပ်နှံကြဖို့ အိန္ဒိယ ၊တရုတ်၊ထိုင်း ၊ရုရှား စတဲ့ပြည်ပခရီးစဥ်​တွေမှာ ဆက်တိုက်ဖိတ်​ခေါ်ခဲ့တာ​တွေ့ရပါတယ် ။ ပြည်ပရင်းနှီးမြှပ်နှံမှု​တွေ ဆက်တိုက်ဖိတ်​ခေါ်​နေ​ပေမယ့် စီမံကိန်းကို ​မြေ​တွေသိမ်းထား​ပေမယ့် မစနိုင်​သေးတာဖြစ်တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

ဒီစီမံကိန်းကို ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေရဲ့ စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်မှာ ရတနာပုံစီမံကိန်းအဖြစ်စတင်ခဲ့တာပါ ။နိုင်ငံတကာရဲ့ပိတ်ဆို့အ​ရေးယူမှု​တွေ​ကြောင့် မ​အောင်မြင်ခဲ့ပါဘူး ။၂၀၁၀ ခုနှစ်မှာဖွင့်လှစ်ခဲ့တဲ့ ရတနာပုံနည်းပညာတက္ကသိုလ်နဲ့ကပ်လျက်ဖြစ်ပါတယ်။

၂၀၁၅-၂၀၂၀​ရွေး​ကောက်ခံအရပ်သားအစိုးရ လက်ထက်မှာ စီမံကိန်းကို ပြန်လည်စိစစ်ဖို့နဲ့ အပန်းဖြေမြို့အဖြစ် လုပ်ကိုင်ဖို့ဆွေး​နွေးခဲ့ပါတယ်။ ဒါ​ပေမယ့် ကမ္ဘာ့ကပ်​ရောဂါကိုဗစ်​ကြောင့် စီမကိန်းရပ်တန့်ခဲ့ပါတယ် ။

စစ်တပ်အာဏာသိမ်းပြီး၂၀၂၅ခုနှစ်၊ဒီဇင်
ဘာလ၅ ရက်မှာမင်းအောင်လှိုင်က ပြင်စာရွာကိုသွားပြီး AIနည်းပညာ တိုးတက်ရေးရည်
ရွယ်ပြီးအီလက် ထရောနစ် ပစ္စည်း တွေထုတ်လုပ်ဖို့ဆိုကာ စီမံကိန်းပြန်လည်ဆောင်
ရွက်မယ်လို့ဆိုခဲ့ပါတယ်။၂၀၂၆၊ဖေဖော်ဝါ
ရီလမှာအာဏာသိမ်းခေါင်းဆောင်မင်းအောင်
လှိုင်တက်ပြီး ရတနာပုံမြို့သစ်စီမံကိန်းပြန်စတင်ပွဲလုပ်ပြီး စီမံကိန်းလုပ်မယ့်ပြည်တွင်း၊ပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေကိုမြေနေရာ ပေးကာ ပြုလုပ်ခွင့်ပေးမယ်လို့ ဆိုခဲ့ပါတယ်။

ဒါ​ပေမယ့် စီမံကိန်းရဲ့ အ​ခြေခံအ​ဆောက်အ
အုံ​တွေကို မင်း​အောင်လှိုင်သားအောင်ပြည့်
စုံရဲ့ Sky One ​ဆောက်လုပ်​ရေးကအဓိက​
ဆောက်လုပ်မှာဖြစ်ပါတယ်။စီမံကိန်းအတွက်
လိုအပ်တဲ့လျှပ်စစ်ကို ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ ရယူသုံးစွဲခွင့်ကိုစစ်ခေါင်း ဆောင်အမိန့်နဲ့ခွင့်ပြုထားတယ်လို့ သိရပါတယ်။

ရင်းနှီးမြှုပ်နှံသူ တွေကို ဆွဲ​ဆောင်နိုင်ဖို့အနီးစခန်းလေဆိပ်ရဲ့လေယာဉ်ကွင်းကိုလည်း မြေနေရာတွေထပ်သိမ်းကာနိုင်ငံတကာ လေဆိပ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။လမ်းချဲ့ဖို့အ
တွက်ဆိုပြီး လေဆိပ်အပြင်ဘက်က အောင်ချမ်းသာရွာဈေးဆိုင်ခန်းတွေကိုပါဖျက်ခိုင်းပြီးသိမ်းယူခဲ့ပါတယ်။

ဒါ​ပေမယ်လက်​တွေ့မှာစီမံကိန်းမြေနေရာတွေမှာဆောက်လုပ်မယ့် အရိပ်အခြေ မတွေ့ရဘဲ သွပ်ပြားအပြာတွေ ကာ ပြီး သစ်ပင်စိုက် နေတာကိုသာ တွေ့ရတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။
😁10🤣4🔥1👏1
၂၀၂၆ ​ဖေ​ဖောဝါရီလမှာ ရတနာပုံမြို့သစ်စီမံကိန်းစတင်ပွဲဆိုပြီးမင်း​အောင်လှိုင်လုပ်ခဲ့စဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ
😁12🖕3👎1👏1🤮1
AAသိမ်းထားတဲ့ပုဏ္ဏားကျွန်းဘက်ထိုးစစ်ဆင်တဲ့ စစ်တပ်စစ်ကြောင်းနှစ်ခုလုံးအထိနာပြီးနောက်ပြန်ဆုတ်ရ

စက်တင်ဘာ-၆၊၂၀၂၆။ခိုင်မြတ်/People's Spring

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ်က စစ်​​တွေမြို့ဘက်က​နေကြည်း၊ ရေ၊ လေသုံး ကာအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနှစ်ခုလုံး ​သေဆုံးဒဏ်ရာရသူများပြီး တပ်ပြန်ဆုတ်သွားခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာဩဂုတ်လ ၄ ရက်နေ့ မနက်အ
စောပိုင်းကနေစပြီးစစ်တွေမြို့နယ်ပတ်လည်နေရာတွေကို လေတပ်၊ ရေတပ်နဲ့ အခြေစိုက်တပ်ရင်းတွေကနေလက်နက်ကြီးပစ်ခတ်၊ ဗုံး
ကြဲတာတွေလုပ်ပြီးအမြင့်ကျွန်းရွာနားနဲ့ ရွှေမင်းဂံရေတပ်စခန်းနားကနေမြေပြင်ထိုးစစ်ဆင်လာခဲ့တာပါ။

အဲဒီလိုထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို AA ကတိုက်ခိုက်တာကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်ဘက်က ​သေဆုံးဒဏ်ရာရသူများပြီး နောက်ပြန်ဆုတ်သွားခဲ့ရတာလို့ စုံစမ်းသိရပါတယ်။

“အမြင့်ကျွန်းကနေပြီးတော့ ကွမ်းတောင်
(ပုဏ္ဏားကျွန်းမြို့နယ်)နားထိကို ရောက်လာသေးတယ်။ဆုတ်ပေးလိုက်၊ပြန်တိုက်လိုက်ပဲ၊ အခုတော့ အကုန်လုံးပြန်ဆုတ်သွားပြီ။ (အမြင့်ကျွန်း)တံတားပေါ်ကဘန်ကာတွေမှာတောင်​ခွေးတွေမရှိတော့ဘူး၊အကုန်ထွက်
ပြေးသွားပြီ” လို့ မြေပြင်သတင်းရင်းမြစ်တဦးကပြောပါတယ်။

စစ်တပ်ဟာစစ်တွေမြို့နယ်ရဲ့ အဆုံး အမြင့်ကျွန်းတံတားပေါ်မှာဘန်ကာကြီးတွေအခိုင်
အမာဆောက်၊ စခန်းချနေ ခဲ့တာဖြစ်ပြီး အခုတိုက်ပွဲမှာတော့အဲဒီဘန်ကာတွေကနေပါ နောက်ပြန်ဆုတ်သွားခဲ့ရတာလို့ဆိုပါတယ်။ အမြင့်ကျွန်းဘက်ကနေ ထိုးစစ်ဆင်လာခဲ့တဲ့ စစ်တပ်ရဲ့အဲဒီစစ်ကြောင်းဟာ တိုက်ပွဲပထမရက် စက်တင်ဘာလ ၄ ရက်နေ့ မှာပဲ ပြန်ဆုတ်သွားခဲ့ရတာဖြစ်ပြီး တိုက်ပွဲသုံးရက်မြောက် စက်တင်ဘာ ၆ ရက်​​​နေ့အထိရှေ့တိုးလာနိုင်တာ မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင်ရွှေမင်းဂံရေတပ်စခန်းဘက်ကနေ ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းဟာလည်း အထိနာပြီး တိုက်ပွဲဒုတိယရက်စက်တင်ဘာ ၅ ရက်နေ့မှာ​သေဆုံးထိခိုက်မှုအများအပြားနဲ့ ပြန်ဆုတ်သွားခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

စစ်တပ်ဟာရွှေမင်းဂံရေတပ်စခန်းကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ရှိ ရဲရိုးပြင်၊ ဆားပို့တောင်၊ အောင် မြေကုန်းစတဲ့ ရွာတွေနားထိ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး AA က ဖြတ်တိုက်ချိန် တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ကြတာပါ။

“၄ ရက်နေ့ တရက်လုံးတိုက်ပွဲဖြစ်တယ်။ ၅ ရက်နေ့လည်းနေ့ခင်းပိုင်းလောက်ကနေ စဖြစ်တာညနေလောက်ထိဖြစ်တယ်။ ဒီနေ့ကတော့ တိုက်ပွဲမရှိဘူး။ ဒီကောင်တွေ ရှေ့တိုးမလာတော့ နည်းနည်းငြိမ်နေတယ်” လို့ မြေပြင်သ တင်းရင်းမြစ်က ပြောပါတယ်။

နှစ်ရက်တာတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်ကထိခိုက်၊ သေဆုံးသူ တရာနီးပါးရှိပြီး AA ဘက်ကလည်းအချို့ရှိတယ်လို့ AA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တဦးက ပြောပါတယ်။

“စစ်ကြောင်းလိုက်ထွက်လာတာကတည်းက လက်နက်ကြီးနဲ့လှမ်းပစ်တာမှာဒီကောင်တွေ အုပ်စုလိုက်ထိတယ်။ရင်ဆိုင်တိုက်ပွဲမှာလည်း ထိတယ်။အလောင်းတွေတောင်ကျန်ခဲ့သေးတယ်။ကိုယ့်လူတွေလည်းအထိအခိုက်တော့ ရှိတယ်။ဒါပေမယ့် နည်းပါတယ်” လို့ သူက ရှင်းပြပါတယ်။

စစ်တပ်ဟာ တိုက်ပွဲအပြင်းအထန်ဖြစ်နေခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နဲ့ ၅ ရက်နေ့တို့မှာ ပင်လယ်ပြင်ရှိ စစ်သင်္ဘောတွေ၊ အခြေစိုက်တပ်ရင်းတွေဆီကနေ နေ့ရာညပါ လက်နက်
ကြီးအလုံးပေါင်း ရာချီ ပစ်ခတ်နေခဲ့ပြီး တိုက်
လေယာဉ်တွေနဲ့လည်း ဗုံးအလုံးရေ ဆယ်ချီကြဲချတိုက်ခိုက်ခဲ့ပါတယ်။စစ်တပ်ဝါဒဖြန့်လူမှုကွန်ရက်​တွေက စက်တင်ဘာ ၄ ရက်မှာထိုးစစ်ဆင်တာ​ကြောင့် ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ဝါဒဖြန့်​နေကြတာလည်း​တွေ့ရပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းမှာလည်းစစ်တွေမြို့နယ်အတွင်းက တိုက်ပွဲဖြစ်ခဲ့တဲ့နေရာအနီးဝန်းကျင်ဝါဘိုကျွန်းရှိ ကျေး
ရွာတွေကို လေကြောင်းဗုံးကြဲခဲ့ပြီး လက်
နက်ကြီးပစ်ခတ်မှုအချို့လည်း ရှိနေသေးတယ်လို့ သိရပါ တယ်။

စစ်တပ်ရဲ့လေကြောင်း၊ လက်နက်ကြီးပစ်
ခတ်ဗုံးကြဲမှုကြောင့်တိုက်ပွဲဖြစ်နေခဲ့တဲ့နေရာနဲ့ မိုင် ၁၀ ကျော်ကွာဝေးတဲ့ ပုဏ္ဏားကျွန်းမြို့အနီးက ဂူ၀ရှေးဟောင်းဘုရားပုထိုးတော်တွေစက်တင်ဘာ ၄ ရက်မှာထိမှန်ပျက်စီးခဲ့ရပါတယ်။ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်တောင်ပိုင်း၊ရသေ့တောင်မြို့နယ် မူစဲကမ်းနဲ့ ပေါက်တောမြို့နယ် ကုလားတန်မြစ်အရှေ့ဘက်ခြမ်းဒေသတွေ မှ ပြည်သူတွေဟာလည်း ကြောက်လန့်ပြီးတိမ်းရှောင်နေကြပါတယ်။

“ဒီနေ့မှ နည်းနည်း အသက်ရှုရှောင်တယ်။ မနေ့ကနဲ့ အရင်နေ့ကဆိုရင် လက်နက်ငယ်သံတွေ၊ စက်သေနတ်သံတွေ အတိုင်းသားကြားနေရတာ။ ညဘက်လည်း လေယာဉ်နဲ့ လာကြဲတယ်။ အသက်ကို ဖက်နဲ့ ထုတ်ထားရသလို တွေ့ တယ်” လို့ ပေါက်တောမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

စစ်တွေမြို့နယ်ပတ်လည်ရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကို လက်လွှတ်ထားရကာ AA ရဲ့ ပတ်ပတ်လည်လည် ဝန်းရံပိတ်ဆို့တာခံနေရတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့ နယ်က ဒေသတွေကို အင်အားအလုံးအ
ရင်းသုံးပြီး ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာပါ။
👏5👎2🖕21
ကုလားတန်မြစ်ခြားပြီးစစ်တွေရဲ့အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပေါက်တောမြို့နယ်နဲ့ မယူမြစ်ခြားပြီး စစ်တွေရဲ့ အ နောက်ဘက်မှာရှိတဲ့ ရသေ့တောင်မြို့နယ်တို့ကိုတော့လေကြောင်း
၊လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက်ပစ်ခတ်တာ တွေသာ ရှိပြီး မြေပြင်ထိုးစစ်ဆင်ဖို့ ကြိုးစားတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ပုဏ္ဏားကျွန်းကိုစစ်ကူသွားတုန်းကလည်း ဒီအမြင့်ကျွန်းနားမှာပဲတင့်ကားတွေမီးရှို့ခံလိုက်ရတာ။ဒီတခေါက်လည်း တင့်ကားတွေနဲ့ တက်လာသေးတယ်ပြောတယ်။ အခြေအနေမဟန်လို့ ပြန်လှည့်သွားတာ။ထပ်တက်လာ ရင်ထပ်နာမှာပဲ။ ဘာလို့လဲဆိုတော့ AA လည်း အချိန်ယူပြီး အဆင့်သင့်လုပ်ထားပြီးသားဖြစ်မှာပဲလေ” လို့ ရခိုင်ဒေ သခံ စစ်ရေးလေ့လာ
သူတဦးက ပြောပါတယ်။

စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့နေရာတွေကိုလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်၊ ထိုးစစ်ဆင်ဖို့ ကြိုးစားနေသလို ရခိုင်ပြည်နယ် တောင်ပိုင်း ဂွကမ်းခြေနဲ့၊ သံတွဲ ငပလီကမ်းခြေတလျှောက်ကျေးရွာတွေကိုလည်း ပင်လယ်ပြင်ရှိ စစ်သင်္ဘောတွေက နေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံအဝှမ်း စစ်အရေးအရ အထိနာနေတဲ့စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့လက်လွှတ်ထားရတဲ့နယ်မြေ တွေကို တန်ပြန်
ထိုးစစ်ဆင်နိုင်ဖို့ ရခိုင်နဲ့အစပ် မကွေး၊ ပဲခူး၊ ဧရာ၀တီတိုင်းတို့ကနေ အင်အားအလုံးအရင်းနဲ့ စစ် ကြောင်းထိုးလာနေပြီး လေကြောင်းကနေလည်း ဗုံးကြဲတာတွေ ဆက်တိုက်လုပ်လာနေတာပါ။



#AA #ပုဏ္ဏားကျွန်း #စစ်တပ်
#Peoplesspring #လူထု​နွေဦး #PS
👏6👎2🖕21
၂၀၂၄ ခုနှစ်က စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ် အမြင့်ကျွန်းရွာအနီးတိုက်ပွဲမှာ မီးရှို့ခံခဲ့ရတဲ့ စစ်တပ်တင့်ကားကို​တွေ့ရစဥ်/ စစ်တပ်ကစက်တင်ဘာ ၄ ရက်မှာဗုံးကြဲတာ​ကြောင့်
ပုဏ္ဏားကျွန်းမြို့အနီးရှိဂူ၀ရှေးဟောင်းဘုရားပုထိုးတော်တွေထိမှန်ပျက်စီး​နေ
စဥ်။ဓါတ်ပုံ-AA Info Desk၊ Wai Hin Aung
🤬6👎3👍2🔥1🤣1