People's Spring
60K subscribers
70.7K photos
1.21K videos
9 files
3.03K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍41🔥2🕊2
စစ်သင်္ဘောအချို့ရောက်လာတဲ့ ဗန်းမော်မှာ တိုက်ပွဲတွေပြန်စနေဟု KIA ပြော

စင်းခန်းနဲ့ ဇင်းဘုံမှာ တိုက်ပွဲပြင်းထန်၊ အလံဖြူထောင်တဲ့ သင်္ဘောပေါ်က စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေသိမ်းရ

စက်တင်ဘာ ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ စက်တင်ဘာ ၄ရက်မနက်က စပြီးထိတွေ့တိုက်ပွဲတွေ ပြန်လည်စတင်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

KIA တပ်မဟာ(၃)နယ်မြေဖြစ်တဲ့ ဗန်းမော်မြို့ကို စစ်တပ်က လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ စစ်ကူအင်အားတွေတင်ဆောင်လာတဲ့ သင်္ဘောအချို့ဆိုက်ရောက်လာပြီးနောက် တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် KIA တပ်မဟာ(၁၁) တပ်ရင်း(၁၂)နယ်မြေ ရွှေကူမြို့နယ်ဘက်မှာလည်း စက်တင်ဘာ ၅ရက်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ဖော်ပြပါတယ်။

စက်တင်ဘာ ၅ရက်မှာ စင်းခန်းကျေးရွာအထက်ဘက် ဧရာ၀တီမြစ်ကြောင်းအတိုင်း စက်လှေတွေနဲ့တက်လာပြီး စင်းခန်းအနီး ခြေလျင် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့KIA ပူးပေါင်းတပ်တို့ဟာ စင်းခန်းဘုန်းကြီးကျောင်းနဲ့ စင်းခန်းတံတား အနီး တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ဘက်က KIA ပူးပေါင်းတပ်များ စိုးမိုးထားတဲ့ နယ်မြေဘက်ကို ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အပြင် ဒရုန်းများ၊ လေကြောင်းများကို အသုံးပြု ပြင်းထန်စွာ ထိုးစစ်ဆင်နေပေမဲ့ KIA ပူးပေါင်းတပ်များ ဘက်က အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိဟု အသိပေးပါတယ်။

ဒါ့အပြင် စစ်သင်္ဘောတွေ နောက်ထပ် မဝင်ရောက်လာစေနိုင်ဖို့အတွက် ရေကြောင်းလမ်းကြောင်းတွေ ပိတ်ဆို့တားဆီးတိုက်ခိုက်လျက်ရှိတယ်လို့ ဖော်ပြပါတယ်။

စက်တင်ဘာ ၄ရက်ကလည်း ရွှေကူမြို့နယ် ဇင်းဘုံဒေသမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ ခလရ(၅၆)၊ ခမရ(၆၀၂)နဲ့ တပ်မ (၈၈) လက်အောက်ခံ ခမရ(၃၇၈)၊ ခမရ(၄၁၆)တပ်ရင်း ပူးပေါင်းစစ်ကြောင်းတွေက ဇင်းဘုံကျေးရွာဘက် ခြေလျင်စစ်ကြောင်းထိုးလာလို့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် KIA ပူးပေါင်းတပ်က တိုက်ခိုက်လို့ ပျက်စီးခဲ့တဲ့ သင်္ဘောပေါ်က စစ်သားတွေဟာ စင်းခန်းကျေးရွာ အတွင်းဘက် ဝင်ရောက်လှုပ်ရှားလာလို့ စက်တင်ဘာ ၃ရက်မနက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း အသိပေးပါတယ်။

စက်တင်ဘာ ၂ရက်က အလံဖြူထောင်ဆန်တက်လာတဲ့ စစ်သင်္ဘောပေါ်က လက်နက်ခဲယမ်းများနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၅ဦး၊ ဝန်ထမ်းမိသားစုဝင် အမျိုးသမီး ၁၉ဦး၊ ကလေးငယ် ၅ဦး ဖမ်းမိထားကြောင်းလည်း ဖော်ပြပါတယ်။

စစ်တပ်ဟာ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်တင်းဖို့ ရွှေကူမြို့ကနေ စက်တင်ဘာ ၂ရက်မှာ သင်္ဘောအုပ်စု ဆက်လက်ထွက်ခွာလာစဉ် KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ သင်္ဘော အများအပြား ထိခိုက်ပျက်စီးမီးလောင်တာ၊အချို့ နစ်မြုပ်တာ ရှိခဲ့ပါတယ်။

အဲဒီလို ထိခိုက်ပျက်စီးမှုများပြီး အထိနာခဲ့တဲ့ စစ်တပ်ဟာ စက်တင်ဘာ ၅ရက်မှာ မန္တလေးမြို့ကနေ စစ်သင်္ဘော တွေအပါအဝင် သင်္ဘော၃၀ခန့်နဲ့ ဧရာ၀တီ မြစ်ကြောင်းအတိုင်းဆက်လက်ဆန်တက်လာ လျက်ရှိပါတယ်။

(KIA ပူးပေါင်းတပ်သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ − 7Stars News)

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ဗန်းမော်မြို့#KIA#စစ်တပ်
#ကချင်ပြည်နယ်
35👍15🤣3🖕2🔥1
👍38🔥3💩2🤣2👎1👏1🖕1
လွိုင်ကော်အရှေ့ဘက်ခြမ်း စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံး၊ ၈ဦး ဒဏ်ရာရ

စက်တင်ဘာ -၆၊၂၀၂၆။ဇော်၀င်း/People's Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

မနေ့က(စက်တင်ဘာ ၅)နေ့လယ် ၁၂ နာရီခွဲ၀န်းကျင်မှာ လွိုင်ကော်-ရှားတောလမ်းပိုင်းအနီးမှာရှိတဲ့
နောင်ပုလုကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဖြစ်စဉ်ကို သိရှိသူတွေက ‌ပြောပါတယ်။

"ပေါင် ၂၀၀ ဗုံး ၂လုံး ကြဲတယ်။ပြီးတော့ လေယာဉ်ပေါ်ကနေပါ ပစ်တာခတ်တာတွေပါလုပ်ခဲ့တယ်။ကလေး ၂ဦး အပါအ၀င် ၄ဦးသေဆုံးတယ်။၁၁ ဦး ဒဏ်ရာရတယ်။အဲဒီထဲက ၈ဦးက ဒဏ်ရာပြင်းထန် တယ်"လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ဦးဗညားက ဖြစ်စဉ်ကို ရှင်းပြပါတယ်။

လွိုင်ကော်အရှေ့ခြမ်းကို စစ်တပ်က ‌‌၂ရက်ဆက်လေကြောင်းတိုက်ခိုက်မှုလုပ်နေတယ်လို့လည်း သူက အသိပေးပါတယ်။

လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေမကျရေး စစ်‌တပ်က လေကြောင်းကနေ အပြင်းအထန်ခုခံတာမှာ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေထဲအထိ ‌ပစ်မှတ်ထားတိုက်ခိုက်မှုတစ်ခုလို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

ဒါ့အပြင် ယခုရက်ပိုင်းအတွင်း ကရင်နီ‌ပြည်နယ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်နေတာကြောင့် အရပ်သားပြည်သူတွေ အနေနဲ့ သတိပြုနေထိုင်ကြဖို့ သူက တိုက်တွန်းပါတယ်။

အခုစက်တင်ဘာ ၁ ရက်ကလည်း ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းက‌နေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအ၀င် ၁၅ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ရပါတယ်။

(လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ − CJ)


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ကရင်နီပြည်#လွိုင်ကော်#စစ်တပ်
#လေကြောင်းတိုက်ခိုက်
😢25🤬14👎5🤣21👏1🎉1
🤬29👎8😢3🎉2🤣2👏1
■​ဆောင်းပါး

သွေးစွန်းလမ်းတွေပေါ်က ဝင်ငွေရအောင် ဖန်တီးထားတဲ့ ခရီးသွားအကြောင်းအရာများ

-AKရေးသားသည်။

“You can’t have fun with people’s blood.”
လူတွေရဲ့ သွေးပေါ်မှာ အပျော်ခရီးထွက်လို့ မရဘူး။

ဒီစကားကို ပြောခဲ့သူက Daham Alassad ဆိုတဲ့ ဆီးရီးယားလူမျိုး ရုပ်သံမှတ်တမ်းရုပ်ရှင်ဖန်တီးသူ တစ်ယောက်ပါ။

Daham ဟာ ဆီးရီးယားနိုင်ငံ Homs ပြည်
နယ်ကရှေးဟောင်းမြို့ Palmyra အနီးမှာ မွေး
ဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။သူ့မိသားစုဟာလည်းစစ်မဖြစ်ခင်ကခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်ခဲ့ကြပြီး Daham ကိုယ်တိုင် ခရီး
သွားဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။၂၀၁၁ ခုနှစ်နောက်ပိုင်းဆီးရီးယားအ
ရေးအခင်းကစစ်ပွဲအဖြစ်ပြောင်းလဲသွားချိန်မှာသူလည်းနိုင်ငံကနေထွက်ပြေးခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ကိုယ့်မွေးရပ်မြေကို ကိုယ်
တိုင် လွတ်လွတ်လပ်လပ် ပြန်မသွားနိုင်သေးတဲ့အချိန်မှာ နိုင်ငံခြားက ခရီးသွားဘလော်ဂါတွေက ဆီးရီးယား အာဏာရှင်အစိုးရရဲ့ လုံ
ခြုံရေးခွင့်ပြုချက်နဲ့ ဗီဇာယူပြီး Damascus, Homs, Aleppo, Palmyra စတဲ့ နေရာတွေကို သွားရောက်ရိုက်ကူးနေကြတာကို သူမြင်ခဲ့ရပါတယ်။

သူ့အတွက် ဒီကိစ္စက “နိုင်ငံခြားသားတွေ ဆီးရီးယားကို ခရီးလာတာ မကြိုက်ဘူး” ဆိုတဲ့ ရိုးရိုးခံစားချက်မျိုး မဟုတ်ပါဘူး။

သူတို့ကကင်မရာကိုင်ပြီးလမ်းလျှောက်နေတဲ့ နေရာတချို့ဟာ သူ့သူငယ်ချင်းတွေ ဖမ်းဆီးခံခဲ့ရတဲ့ နေရာတွေ ဖြစ်နိုင်တယ်။လူတွေ
သတ်ဖြတ်ခံခဲ့ရတဲ့ လမ်းတွေ ဖြစ်နိုင်တယ်။
ဆန္ဒပြသူတွေ ပစ်ခတ်ခံခဲ့ရတဲ့ နေရာတွေ ဖြစ်နိုင်တယ်။

သူ့အတွက်နာကျင်မှုနဲ့ စိတ်ဒဏ်ရာချိတ်ဆက်
နေတဲ့နေရာတွေကို တခြားသူတစ်ယောက်က ခရီးသွားဗီဒီယိုရဲ့ နောက်ခံပုံလို သုံးနေတာကို မြင်ရတဲ့အခါ Daham က-

“These vloggers are just some kids playing in the blood of Syrians.”

“ဒီဘလော်ဂါတွေက ဆီးရီးယားပြည်သူတွေရဲ့ သွေးပေါ်မှာ ကစားနေတဲ့ ကလေးတွေလိုပဲ”လို့ ပြောခဲ့ပါတယ်။

နောက်ထပ် “ဆီးရီးယားကို ပျော်ဖို့ လာတာပါ၊ နိုင်ငံရေးနဲ့ မဆိုင်ပါဘူး” ဆိုတဲ့ သဘောမျိုး ပြောကြတဲ့ ခရီးသွားဘလော်ဂါတွေအပေါ်လည်း Daham က-

“They say they are going to Syria for fun, you can’t have fun with people’s blood.”
လို့ တုံ့ပြန်ခဲ့ပါတယ်။
အဓိပ္ပာယ်က-
“သူတို့က ဆီးရီးယားကို ပျော်ဖို့ လာတယ်လို့ ပြောကြတယ်။ ဒါပေမယ့် လူတွေရဲ့ သွေးပေါ်မှာ အပျော်ခရီးထွက်လို့ မရဘူး”ဆိုတာပါ။

ဒီစကားတွေကို Syria Direct သတင်းဌာနက ၂၀၂၂ ခုနှစ် ဩဂုတ် ၁၆ ရက်မှာ ထုတ်ဝေခဲ့တဲ့ “Syrians in exile respond to travel vloggers touring Syria”ဆိုတဲ့)ဆောင်းပါးထဲမှာဖော်ပြခဲ့ပါတယ်။အဲဒီဆောင်းပါးမှာကိုယ့်နိုင်ငံကိုကိုယ်ပြန်မဝင်နိုင်သေးတဲ့ပြည်ပရောက်ဆီးရီးယားနိုင်ငံသားတွေက“ဆီးရီးယားဟာလုံခြုံပြီးပုံမှန်ပါပဲ”လို့ ပြသနေတဲ့ နိုင်ငံခြားခရီးသွားဘလော်ဂါတွေအပေါ် ဘယ်လိုခံစားကြသလဲဆိုတာစုစည်းဖော်ပြထားပါတယ်။

ဒီနေရာမှာ အရေးကြီးဆုံး မေးခွန်းတစ်ခု ပေါ်လာပါတယ်။ခရီးသွားတစ်ယောက် မြင်ရတဲ့ နိုင်ငံနဲ့ အဲဒီနိုင်ငံသားတစ်ယောက် နေထိုင်နေရတဲ့ နိုင်ငံဟာတစ်နိုင်ငံတည်းပဲလား။

နေရာတစ်ခုတည်း ဖြစ်နိုင်ပါတယ်။ဒါပေမယ့်
အတွေ့အကြုံကတော့တူချင်မှတူပါလိမ့်မယ်။နိုင်ငံခြားသား ခရီးသွားတစ်ယောက်အတွက် လမ်းတစ်လမ်းက လှပတဲ့ နောက်ခံပုံ ဖြစ်နိုင်တယ်။နိုင်ငံသားတစ်ယောက်အတွက်တော့ အဲဒီလမ်းဟာ သူ့မိတ်ဆွေ ဖမ်းဆီးခံခဲ့ရတဲ့နေရာ၊ သူ့မိသားစုဝင် သေဆုံးခဲ့ရတဲ့နေရာ၊ သူကိုယ်တိုင် ပြန်မလျှောက်ရဲတော့တဲ့နေရာ ဖြစ်နေနိုင်ပါတယ်။

ခရီးသွားတစ်ယောက်အတွက်စည်းကမ်းတစ်
ခုက“နည်းနည်းအဆင်မပြေဘူး”လောက်ဖြစ်နိုင်တယ်။ဒါပေမယ့် အဲဒီနိုင်ငံသားတစ်ယောက်အတွက်တော့ အဲဒီစည်းကမ်းက သူ့ဘဝရဲ့ ရွေးချယ်ခွင့်၊ သွားလာခွင့်၊ ပညာသင်ခွင့်၊ အလုပ်လုပ်ခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ထိန်းချုပ်ထားတဲ့ စနစ်တစ်ခု ဖြစ်နေနိုင်ပါတယ်။

အဲဒါကြောင့်ခရီးသွားတစ်ယောက်ရဲ့ အတွေ့အကြုံဟာ နိုင်ငံသားတစ်ယောက်ရဲ့ အတွေ့အကြုံ မဟုတ်ပါဘူး။အထူးသဖြင့် အာဏာရှင်စနစ်၊ စစ်ပွဲ၊ လူ့အခွင့်အရေးဖိနှိပ်မှုတွေ ရှိနေတဲ့ နိုင်ငံတွေကို သွားတဲ့အခါ ဒီကွာခြားချက်ကို ပိုသတိထားဖို့ လိုပါတယ်။

ခရီးသွားတစ်ယောက်က အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဝင်လာတယ်။ သူ့ကို နိုင်ငံခြားဧည့်သည်အဖြစ် ဆက်ဆံနိုင်တယ်။ မကြိုက်ရင် ထွက်သွားနိုင်တယ်။ အန္တရာယ်ရှိလာရင် သံရုံး၊ နိုင်ငံကူးလက်မှတ်၊ လေယာဉ်လက်
မှတ်ဆိုတဲ့ ထွက်ပေါက်တွေ ရှိနိုင်တယ်။နိုင်ငံ
သားတစ်ယောက်အတွက်တော့ အဲဒီထွက်
ပေါက်တွေ မရှိနိုင်ပါဘူး။

ဒါကြောင့် ကိုယ်ခရီးသွားစဉ် မြင်တွေ့ခဲ့တဲ့ “အေးချမ်းမှု”၊ “လုံခြုံမှု”၊ “ပေါ့ပေါ့ပါးပါးဖြစ်မှု” ကို အဲဒီနိုင်ငံတစ်နိုင်ငံလုံးရဲ့အမှန်တရား
လိုပြောလိုက်တာဟာအလွန်သတိထားရမယ့် ကိစ္စပါ။

ဒီနေ့ခေတ်မှာခရီးသွားခြင်းဟာကိုယ်ပိုင်တွေ့အကြုံတစ်ခုတည်းမဟုတ်တော့ပါဘူး။ ခရီး
သွားအတွေ့အကြုံကို ဗီဒီယို၊ ဓာတ်ပုံ၊ စာသားအဖြစ် ပြောင်းလဲပြီးကြည့်ရှုသူများလာအောင်၊လူသိများလာအောင်၊ကြော်ငြာဝင်ငွေ၊ ပံ့ပိုးမှု၊ စီးပွားရေးအကျိုးအမြတ် ရအောင် ဖန်တီးတဲ့ အကြောင်းအရာတစ်မျိုးလည်း ဖြစ်လာပါတယ်။
👍184🤮3🖕1
ပြဿနာက ခရီးသွားအကြောင်းအရာ ဖန်တီးတာကိုယ်တိုင် မဟုတ်ပါဘူး။ပြဿနာက ကိုယ်ရောက်သွားတဲ့ နိုင်ငံရဲ့ နာကျင်မှုတွေကို နောက်ခံပုံတစ်ခုလို အသုံးချပြီး၊ အဲဒီနိုင်ငံ
သားတွေရဲ့ အတွေ့အကြုံကို လျစ်လျူရှုလိုက်တဲ့အခါ စတင်ပါတယ်။

အာဏာရှင်စနစ်အောက်မှာ နေထိုင်ရတဲ့ နိုင်ငံတစ်ခုကို သွားပြီး-
“ထင်သလောက် မဆိုးပါဘူး”
“ဒီမှာတော့ အေးအေးဆေးဆေးပါပဲ”
“သတင်းတွေမှာ ပြောသလို မဟုတ်ပါဘူး”
“လူတွေ ပျော်ပျော်ရွှင်ရွှင် နေနေကြတာပါပဲ”
ဆိုတဲ့ သတင်းစကားမျိုး ပေးလိုက်တာဟာ ခရီးသွားသူအနေနဲ့ ကိုယ့်အတွေ့အကြုံကို ပြောတာလောက်ပဲလို့ ထင်နိုင်ပါတယ်။

ဒါပေမယ့် အဲဒီတိုင်းပြည်မှာ နေထိုင်နေရသူတွေအတွက်တော့ အဲဒီစကားတွေဟာ သူတို့ရဲ့ နာကျင်မှု၊ ကြောက်ရွံ့မှု၊ ဖိနှိပ်ခံရမှုနဲ့ ဆုံး
ရှုံးမှုတွေကိုပေါ့ပါးသွားစေနိုင်ပါတယ်။အထူး
သဖြင့်ကြည့်ရှုသူများလာဖို့၊လူစိတ်ဝင်စားစေမယ့် ခေါင်းစဉ်တပ်ဖို့၊ ပုံရိပ်ဆွဲဆောင်အောင်လုပ်ဖို့၊ “သတင်းမီဒီယာတွေ မပြတဲ့ အမှန်တရား” ဆိုတဲ့ပုံစံနဲ့ တင်ဆက်ဖို့ လူမှုကွန်ယက်စနစ်တွေက အားပေးတတ်ပါတယ်။

အဲဒီလိုတင်ဆက်မှုဟာ ရိုးရိုးခရီးသွားမှတ်တမ်းတစ်ခုကနေ-
“အပြင်မှာ ပြောနေသလောက် မဆိုးပါဘူး”
ဆိုတဲ့ နိုင်ငံရေးသတင်းစကားတစ်ခုအဖြစ် ပြောင်းသွားနိုင်ပါတယ်။ဖန်တီးသူကိုယ်တိုင်က အာဏာရှင်စနစ်ကို အားပေးဖို့ ရည်ရွယ်ထားစရာ မလိုပါဘူး။ရည်ရွယ်ချက်နဲ့ ထွက်လာတဲ့ သက်ရောက်မှုဟာ အမြဲတမ်း တူမနေပါဘူး။

စစ်ပွဲ၊ ဖိနှိပ်မှု၊ အာဏာရှင်စနစ်၊ လူ့အခွင့်အ
ရေးချိုးဖောက်မှုတွေ ရှိနေတဲ့ နေရာတစ်ခုကို သွားပြီးအကြောင်းအရာဖန်တီးတဲ့အခါ အ
ခြေအနေတစ်ခုလုံးရဲ့ နောက်ခံကို ဖယ်ထားလိုက်တာကိုယ်တိုင်ကလည်း ဘက်တစ်ဖက်ကိုရွေးပြီးပြသလိုက်တာမျိုးဖြစ်နိုင်ပါတယ်။
အာဏာရှင်စနစ်တစ်ခုအတွက်အကျိုးအရှိဆုံး ဝါဒဖြန့်မှုဟာ အမြဲတမ်း အစိုးရကြေ
ညာချက်၊ နိုင်ငံပိုင်ရုပ်သံ၊ စစ်တပ်ကြော်ငြာလိုတိုက်ရိုက်ဝါဒဖြန့်မှုမျိုးပဲ ဖြစ်နေဖို့မလိုပါဘူး။

တစ်ခါတလေ-
“ဒီမှာတော့ ပုံမှန်ပါပဲ”
“လူတွေ ပျော်နေကြတာပဲ”
“သတင်းတွေက လွန်လွန်းတာပါ”
ဆိုတဲ့အပြစ်ကင်းပုံရတဲ့ ခရီးသွားအကြောင်အရာ​တွေကပဲ အဲဒီစနစ်ကိုသာမန်အခြေ
အနေတစ်ခုလိုမြင်သွားစေနိုင်ပါတယ်။

ဒါကြောင့် အကြောင်းအရာဖန်တီးသူတစ်ယောက်အနေနဲ့ “ကိုယ်မြင်တာကို ပြောတာပဲ” ဆိုတာနဲ့ မပြီးသေးပါဘူး။ကိုယ်မမြင်ရတဲ့အရာတွေ ရှိနိုင်တယ်။ကိုယ်နဲ့ စကားမပြောရဲတဲ့လူတွေ ရှိနိုင်တယ်။ကိုယ်သွားခွင့်ရတဲ့နေရာတွေ ရှိသလို ကိုယ်မသွားခွင့်ရတဲ့နေရာတွေလည်း ရှိနိုင်တယ်။

ကိုယ်လုံခြုံနေတာက နိုင်ငံလုံခြုံလို့ မဟုတ်ဘဲ ကိုယ်က နိုင်ငံခြားသားဖြစ်နေလို့လည်း ဖြစ်နိုင်တယ်။ကိုယ့်အကြောင်းအရာကို အဲဒီနိုင်ငံသားတစ်ယောက် ဖတ်မယ်၊ ကြည့်မယ်ဆိုရင် ဘယ်လိုခံစားရမလဲဆိုတာလည်း စဉ်းစားဖို့ လိုပါတယ်။

အထူးသဖြင့် ဝင်ငွေရအောင် ဖန်တီးထားတဲ့ အကြောင်းအရာဆိုရင် ဒီကျင့်ဝတ်ဆိုင်ရာ တာဝန်က ပိုကြီးလာပါတယ်။ခရီးသွားအ
ကြောင်းအရာ ဖန်တီးလို့ ရပါတယ်။အဲဒီ
အကြောင်းအရာကနေ ဝင်ငွေရှာလို့လည်း ရပါတယ်။

ဒါပေမယ့်ကိုယ့်ကြည့်ရှုသူအရေအတွက်၊ နာမည်ကျော်ကြားမှုနဲ့ ဝင်ငွေအတွက် တခြားသူတွေရဲ့ နာကျင်မှုကို မဖျောက်သင့်ပါဘူး။
တစ်နေ့မှာ အခု အသံမထွက်နိုင်သေးတဲ့ နိုင်ငံသားတွေ ကိုယ်တိုင် လွတ်လပ်စွာ ပြောနိုင်တဲ့အချိန် ရောက်လာနိုင်ပါတယ်။

အဲဒီနေ့မှာ သူတို့ရဲ့ သက်သေခံချက်တွေက တစ်ချိန်က “အဲ့လောက်ကြီး မဆိုးပါဘူး” လို့ ပြောခဲ့တဲ့ ခရီးသွားအကြောင်းအရာတွေနဲ့ ဆန့်ကျင်နေနိုင်ပါတယ်။ဒါကြောင့်အာဏာ
ရှင်စနစ်အောက်က နိုင်ငံတွေ၊ စစ်ပွဲဖြတ်သန်းနေတဲ့ နိုင်ငံတွေ၊ လူ့အခွင့်အရေးဖိနှိပ်မှု ပြင်း
ထန်တဲ့နေရာတွေကို ခရီးသွားပြီး အကြောင်း
အရာ ဖန်တီးတဲ့အခါကိုယ်မြင်တဲ့အရာကို ပြောလို့ရပါတယ်။

ဒါပေမယ့် ကိုယ်မမြင်ရတဲ့ နာကျင်မှုတွေ မရှိဘူးလို့တော့မပြောသင့်ပါဘူး။ခရီးသွားတစ်
ယောက်ရဲ့ အတွေ့အကြုံဟာ နိုင်ငံသားတစ်ယောက်ရဲ့ အတွေ့အကြုံ မဟုတ်ပါဘူး။ကိုယ်မြင်ရတာဟာ အမှန်တရားတစ်ခုလုံး မဟုတ်ပါဘူး။

ဝင်ငွေရှာဖို့ လိုအပ်တာက အခြေအနေအပြည့်အစုံကို ဖယ်ထားခွင့် မပေးပါဘူး။
Syria Direct က ဖော်ပြခဲ့တဲ့ ဆီးရီးယားပြည်သူတွေရဲ့အသံကို အဲဒီအတွက်ပဲ ပြန်အမှတ်
ရစေချင်ပါတယ်။ခရီးသွားအကြောင်းအရာဟာ လူတစ်ယောက်ရဲ့ စွန့်စားခန်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အဲဒီအကြောင်းအရာအောက်မှာ တစ်နိုင်ငံလုံးရဲ့ နာကျင်မှုကို ဖုံးမထားသင့်ပါဘူး။ပြီးတော့ Daham ပြောသလို-
လူတွေရဲ့ သွေးပေါ်မှာ အပျော်ခရီးထွက်လို့ မရပါဘူး။ ။

ကိုးကား-Syria Direct

မူးရင်း-Syrians in exile respond to travel vloggers touring Syria: “They are just some kids playing in the blood of Syrians"
(16 August 2022)
👍27💯2🤮1🖕1
👍26🔥3🖕2🥰1
ရန်ကုန်မှာ ပေါ်တာအဆွဲကြမ်း​​နေလို့လူငယ်
တွေအလုပ်သွား၊အပြန်ကို​တောင်စိုးရိမ်​နေ

စက်တင်ဘာ-၆၊၂၀၂၆။တာရာ/People's Spring

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။

ရန်ကုန်မြို့မှာ သြဂုတ်လနဲ့ စက်တင်ဘာလဆန်းမှာ မြို့ထဲမှာတင် နေ့ခင်းကြောင်တောင်ပေါ်တာဆွဲလာတာတွေကြောင့် လူငယ်​​တွေဟာ စိတ်မလုံခြုံမှုကိုခံစား​နေကြရတာပါ။

"ကျွန်တော်ရုံးကမြို့ထဲမှာ။ဆူးလေမှာပေါ့။ အလုပ်ချိန်ကလည်း မနက် ကိုးနာရီကနေ ခြောက်နာရီအထိ။အခုပေါ်တာတွေဆွဲနေလို့ ၅ နာရီလောက်ဆိုပေးဆင်းတယ်။အလုပ်သွားလည်းခပ်လန့်လန့်။ အလုပ်ဆင်းတော့လည်းခပ်လန့်လန့်။ ပြောရရင်နောက်ကြောင်းမအေးတော့ဘူး။ ကျွန်တော်တို့ဘဝတွေက ဒီလိုနဲ့ပဲ သွားရတော့မယ်ထင်တယ်။ တွေးလေဝမ်း
နည်းလေပဲ။တိုင်းပြည်ကသုံးစားလို့မရ
အောင်စုတ်ပြတ်သတ်သွားပြီ။လူငယ်တွေရဲ့အနာဂါတ်တွေကိုရိုက်ချိုးလိုက်ပြီ" လို့ ကုမ္ပ
ဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။

အထက်ပါလူငယ်​ပြောသလိုပဲ ရန်ကုန်မြို့မှာ ​ပေါ်တာဆွဲတာ​တွေ ခပ်စိပ်စိပ်လုပ်လာတာကြောင့် ကုမ္ပဏီနဲ့ လုပ်ငန်းအချို့ကလည်း ရုံးစောဆင်းပေးတာမျိုး​တွေရှိလာတယ်လို့ကုမ္ပ
ဏီဝန်ထမ်းအချို့က​ပြောပါတယ်။

ရန်ကုန်ရဲ့မြို့လယ်အချို့​နေရာ​တွေမှာ​ပျူစောထီးအဖွဲ့တွေ နဲ့ စစ်သားတွေကအရပ်ဝတ်တွေနဲ့ လိုက်လံဖမ်းဆီးနေတာမျိုး​တွေရှိလာပါတယ်။ ဆူးလေမှတ်တိုင်နဲ့ လူကူးခုံးကျော်တံ
တားမှာပင် အရပ်ဝတ်တွေနဲ့စောင့်ဆိုင်းနေတတ်ပြီး လူငယ်တွေကိုစောင့်ကြည့်ဖမ်းဆီးနေတာတွေရှိတယ်လို့ အနီးရှိစျေးသည်တွေကပြောပါတယ်။

စက်တင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲလောက်က ပုဇွန်တောင်မြို့နယ်၊ ၅၇ လမ်းမှာ လူငယ် ၂ ဦးကို အရပ်ဝတ်လူ ၄ ဦးက လက်ထိပ်ခတ်ဖမ်းဆီးပြီး ကားပေါ် ဆွဲတင်သွားတယ်လို့ Scout Yangon ကဖော်ပြထားပါတယ်။

ဖြစ်စဉ်မှာ Hotel 57 အနီး၊ ဗိုလ်တထောင်ဈေးလမ်းထဲ ဝင်တဲ့အကွေ့နားမှာ ဖြစ်ခဲ့တာဖြစ်ပြီး အိမ်ကားအဖြူရောင်နဲ့ အရပ်ဝတ်နဲ့လူ ၄ ဦး ရောက်လာပြီး လူငယ် ၂ ဦးကို ရုတ်
တရက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၂ ဦးထဲက ၁ဦးဟာ အသက် ၂၀ ဝန်းကျင်၊ မျက်မှန်တပ်ထားပြီး အသားဖြူကာ ဘောင်းဘီတိုဝတ်ထားသူ ဖြစ်ပါတယ်။ ကျန်တစ်ဦးကတော့ အသက် ၂၅ နှစ်ဝန်းကျင်၊ အသားညိုပြီး ဘောင်းဘီရှည်ဝတ်ထားကာ ဘေးလွယ်အိတ်နဲ့ အပြာရောင်ထီး ကိုင်ထားသူဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးချိန်မှာ မျက်မှန်တပ်ထားတဲ့ လူငယ်က အော်ဟစ်အကူအညီတောင်းခဲ့တာကြောင့် အရပ်ဝတ်တွေက ရိုက်နှက်ပြီး ကားပေါ် ဆွဲတင်သွားတယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်အတွင်း အပြာရောင်ထီးတစ်ချောင်းလည်း လမ်းပေါ်မှာ ပြုတ်ကျကျန်ခဲ့တယ်လို့ သိရပါတယ်။

အရပ်ဝတ်လူ ၄ ဦးထဲမှာ အသက် ၃၀ ကျော်ဝန်းကျင် ခပ်ဝဝအမျိုးသား ၂ ဦးနဲ့ လူငယ်ပိုင်းအရွယ် အမျိုးသား ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။လူငယ် ၂ ဦးကို ဖမ်းဆီးပြီးနောက် အဆိုပါအရပ်ကားဟာ မဟာဗန္ဓုလလမ်းဘက်ကို မောင်းထွက်သွားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ ၂ ဦးရဲ့ နောက်ဆက်တွဲအခြေအနေကိုမသိရ​သေးပါဘူး။

အဆိုပါအနီးဝန်းကျင်က​​ဒေသခံ​တွေကိုမေး
မြန်းရာ ဖြစ်စဥ်မှာမှန်ကန်ပြီးသူတို့အနေဖြင် အသက်အန္တရာယ်ပြုခံရမှာစိုးတာကြောင့် မကူညီနိုင်ခဲ့ဘူးလို့ ပြောပါတယ်။

"လူညီရင်တော့တစ်မျိုးလေ။ ကိုယ်ကကူညီချင်တယ်။ တစ်ယောက်တည်းကပဲသွားကူလိုက်ရင်ကိုယ့်ပါရန်လုပ်မှာ။ ဘာမှမတတ်နိုင်ဘူး။ ရပ်ကြည့်နေရုံကလွဲပြီးမတတ်နိုင်ဘူး" လို့ ဖြစ်စဥ်ကိုမြင်​တွေ့ခဲ့သူတစ်ဦးကပြောပါတယ်။

ဒါ့အပြင်အပြင် စက်တင်ဘာ ၂ ရက်က သာကေတမြို့နယ်မှာ စက်ဘီးစီးလာတဲ့ ကိုးတန်းကျောင်းသား ၁ဦးကို အရပ်ဝတ်နဲ့ လူ ၄ဦးက ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီး ကျောင်းသားက ရုန်းထွက်ပြီးထွက်​ပြေးလို့လွတ်​မြောက်ခဲ့ပါတယ်လို့ မိသားစုကိုယ်တိုင်ကလူမှုကွန်ယက်က​နေ​ပြောထားပါတယ် ။

ရန်ကုန်မြို့က မြို့နယ်တစ်ချို့မှာစက်တင်ဘာ ၂ ရက် နဲ့ ၃ ရက်မှာပဲ စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရသူအနည်းဆုံး ၁၃ ဦးရှိတယ်လို့ မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ Scout ချန်နယ်တွေရဲ့အချက်အလက်တွေအရ သိရပါတယ်။

စက်တင်ဘာ ၂ ရက်မှာ မင်္ဂလာဝောာင်ညွန့် ၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၊ လှိုင်သာယာနဲ့ စမ်းချောင်းမြို့နယ်တွေမှာ​ပေါ်တာဆွဲခံရသူ ၈ ဦးရှိခဲ့တယ်လို့ ​ဖော်ပြပါတယ်။ဖမ်းဆီးတဲ့ပုံစံ​တွေက လမ်းသွားလမ်းလာ​တွေကို မသင်ကာလို့ စစ်​ဆေးသလို လုပ်ပြီးဖမ်းတာရှိသလို ၊တခါတ​လေ လူအုပ်စုနဲ့အဓမ္မဝိုင်းတာ ၊ကားနဲ့
ချဥ်းကပ်လာပြီး ဖမ်းပြီးကား​ပေါ် တင်တာစတဲ့ပုံစံအစုံနဲ့ ဖမ်းဆီး​​ပေါ်တာဆွဲ​နေတာ​တွေ့ရပါတယ် ။

ဒါ့အပြင် စက်တင်ဘာ၃ ရက်က တောင်ဥက္ကလာမြို့နယ်မှာ အလုပ်ကနေပြန်လာတဲ့လူငယ်တစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးသွားပြီး စစ်
သင်တန်းကျောင်းကိုတန်း ပို့ခဲ့တယ်လို့ အဖမ်းခံရတဲ့လူငယ်ရဲ့မိခင်ဖြစ်သူကပြောပါတယ်။

"သားလေးကိုအခုတလော အိမ်စောစောပြန်
လာဖို့မှာတယ်။ ဘာလို့ဆိုအခြေအနေတွေကမကောင်းဘူး။ လမ်းတွေမှာလည်းဟိုကောင်တွေကပတ်နေတာ။ ကလေးက ညအိုတီဆင်းရတော့ ၈ နာရီမြို့ထဲကနေ ၁၂ ကားစီးလာတယ်။ မာလာကွေ့ရောက်တော့ကလေးနဲ့ကအဆက်အသွယ်မရတော့ဘူး။ လိုက်တာပေါ့။ ရဲစခန်းသွားမေးတယ်။ ဘောလီဘောပုတ်တယ်။ နောက်တော့အုပ်ကြီးက စစ်သင်တန်းကျောင်းမှာလိုက်စုံစမ်းပေးမယ်။
👍17🔥32🤣2🤬1🖕1
ပိုက်ဆံတော့ကုန်မယ်ဆိုပြီးပြောတယ်။ ဒါဟာမဖြစ်သင့်ဘူး။ ကလေးလည်းခုချိန်ထိမတွေ့ရသေးဘူး" လို့ မိခင်ဖြစ်သူကပြောပါတယ်။

ရန်ကုန်ရဲ့ မြို့တွင်းခြောက်မြို့နယ်အပါအဝင် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ သာကေတတို့မှာ ပေါ်တာဆွဲအဆိုးဆုံးနေရာတွေဖြစ်တာကြောင့်သတိထားသွားလာဖို့ ​​ဒေသခံ​ပြည်သူတွေကအချင်းချင်း တိုက်တွန်းထားကြပါတယ်။

စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာအများစုဖြစ်ပြီး စစ်သားစုဆောင်းရေးတပ်ကို တစ်ယောက် သိန်း ၈၀ က​နေ သိန်းရာဂဏန်းနဲ့ပြန်ရောင်းစားတာဖြစ်တယ်လို့ စစ်တပ်ခန့်အုပ်
ချုပ်​ရေးမှူးအချို့က​ပြောပါတယ်။

စစ်တပ်ကနိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ အဓမ္မစု​ဆောင်းထားတဲ့စစ်သားသစ်​တွေနဲ့အဓိက​စေလွှတ်တိုက်ခိုက်​နေပြီး ​သေဆုံးဒဏ်ရာရတာ ၊ ထွက်​ပြေးတာ ၊​တော်လှန်​ရေးတပ်​တွေထံအလင်းဝင်သွားတာ​တွေများ​နေသလို ၊စစ်သားသစ်စု​ဆောင်းဖို့ ပိုခက်ခဲလာတဲ့အတွက် ​နည်းမျိုးစုံနဲ့ ​ပေါ်တာဆွဲတာ​တွေကိုပိုလုပ်လာတာဖြစ်တယ်လို့ ​တော်လှန်​ရေးအင်အားစု​တွေက​ပြောပါတယ်။ဒါ​ကြောင့်လူငယ်​တွေ ၊ပြည်သူ​တွေအ​နေနဲ့​ပေါ်တာဆွဲမခံရ​​အောင်ပါးနပ်စွာ​နေထိုင်ကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေကတိုက်တွန်း​ထားပါတယ်။



#ရန်ကုန် #ပေါ်တာဆွဲ #Peoplesspring
#လူထု​​​နွေဦး #Ludunweoo
👎19👍4🖕2🔥1🤬1🤣1
ရန်ကုန်မြို့လယ် ဆူ​လေဘုရားအနီးဝန်းကျင်ကို အခုရက်ပိုင်းအတွင်း​တွေ့
ရစဥ်။ဓါတ်ပုံ-TR
🤬24🔥4🤣3🖕2👍1
ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို စစ်တပ် ဗုံးကြဲဖျက်ဆီး

မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

စက်တင်ဘာ ၆ရက်၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၆ရက်မှာ လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

" အရှေ့ဖက်တံတား သံဘောင်ကွေးသွားတယ်။ ကားတစီးစာလောက်ပေါက်သွားတယ်။ အနောက်ဖက်တံတား ခြေရင်းအနည်းငယ်ထိပါတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

၂၀၂၄ ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ စင်းခန်းတံတားကို စစ်တပ်ကပြန်လည်ရယူဖို့၊ ဗန်းမော်မြို့ကိုစင်အင်အားဖြည့်နိုင်ဖို့ ကြည်း၊ရေ၊လေထိုးစစ်ဆင် ကြိုးပမ်းခဲ့ပေမဲ့ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းတိုက်ပွဲတွေမှာ အထိနာတဲ့စစ်တပ်ဟာ မြစ်ကူးတံတားကိုဗုံးကြဲဖျက်ဆီးမှုပထမဆုံးအကြိမ် ပြုလုပ်လာတာလည်းဖြစ်ပါတယ်။

စက်တင်ဘာ ၂ရက်က ရွှေကူမြို့နယ် ဇင်းဘုံရွာနဲ့ စင်းခန်းတံတား ကြားရေကြောင်းတိုက်ပွဲမှာ စစ်တပ်က သင်္ဘောတွေ အများအပြားထိခိုက်ပျက်စီးခဲ့ပြီး အလံဖြူထောင်တဲ့သင်္ဘောအချို့က စစ်သုံ့ပန်းတွေနဲ့လက်နက်ခဲယမ်းတွေကို KIA ပူးပေါင်းတပ်က သိမ်းရခဲ့ပါတယ်။

အခုရက်ပိုင်းမှာလည်း စင်းခန်းတံတားအနီးဝန်းကျင်မှာ KIAနဲ့စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ တိုက်ပွဲပြင်းထန်နေကြောင်း KIAက အသိပေးထားပါတယ်။

စစ်တပ်က ဒရုန်း၊ လေကြောင်းအပါအဝင် လက်နက်မျိုးစုံနဲ့အပြင်းအထန်ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အပြင်းအထန်ခုခံလျက်ရှိတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကလတ်တလော စင်းခန်းဒေသ တိုက်ပွဲအခြေအနေအသိပေးချက်မှာ ဖော်ပြထားပါတယ်။


(စက်တင်ဘာ ၂ရက် တိုက်ပွဲမှာ KIA ပူးပေါင်းတပ် တိုက်ခိုက်လို့ စင်းခန်းတံတားအနီး စစ်တပ်သ‌င်္ဘော ၁စီး မီးလောင်ပေါက်ကွဲနေစဉ်။ ရုပ်သံ − CJ)
21👍12👎4🤬3👏2🤣1
Square.mp4
107.6 MB
12👍9🤬2👎1🤣1
ကရင်နီ ခေါင်းဆောင် ဦးအောင်ဆန်းမြင့် ဈာပန နယ်စပ်မှာကျင်းပ

စက်တင်ဘာ-၆၊၂၀၂၆။ထားမြတ်/People’s Spring

ကရင်နီ တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်တဲံ့ ဦးအောင်ဆန်းမြင့်ရဲ့ ဈာပန အခမ်းအနားကို မြန်မာ-ထိုင်းနယ်စပ်ကရင်နီဒေသ တနေ
ရာမှာစက်တင်ဘာ ၅ရက်က ကျင်းပခဲ့ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အထွေထွေအတွင်းရေးမှူး၊ကရင်နီပြည်အ
တိုင်ပင်ခံကောင်စီ(KSCC) ဥက္ကဋ္ဌနဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦး
ဆောင်ကောင်စီ(SCEF) အတွင်းရေးမှူး အ
ဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဆောင်ဆန်းမြင့်ဟာ ထိုင်းနိုင်ငံမှာ ဆေးကုသနေစဉ် ဩ
ဂုတ် ၃၀ရက်မှာ ကွယ်လွန်ခဲ့တာပါ။

ကွယ်လွန်ချိန်မှာ အသက် ၆၃နှစ်ရှိပြီဖြစ်တဲ့ ဦးအောင်ဆန်းမြင့်ဟာ ကရင်နီပြည်ရဲ့ အုပ်
ချုပ်ရေး၊ နိုင်ငံရေး တော်လှန်ရေး၊ တရား
စီရင်ရေး ကဏ္ဍတွေမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သလို ကရင်နီပြည်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကေရစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဦးစီးပါဝင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ ဈာပန အခမ်းအနားကို တော်လှန်ရေး အင်အားစု အသီးသီးက မဟာမိတ်ခေါင်းဆောင်တွေ၊ကရင်နီလူထုတွေ တက်ရောက်ခဲ့ကြောင်း KNICက ဖော်ပြထားပါတယ်။

ဦးအောင်ဆန်းမြင့်ကွယ်လွန်တဲ့အပေါ် SCEF ၊NUG၊KNUအပါအဝင်တော်လှန်ရေးအင်အား
စုတွေခေါင်းဆောင်တွေကဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။

ရဲဘော်အောင်ဆန်းမြင့်ဟာအောက်ခြေမှအ
ထက်သို့တည်ဆောက်တဲ့ဖက်ဒရယ်စနစ်ကိုအစဉ်တစိုက်ရပ်တည်ထောက်ခံပြီးကရင်နီပြည်ရှင်သန်ရပ်တည်ရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးလှုပ်ရှားမှုကိုလက်တွေ့ဦးဆောင်အကောင်အထည်ဖော်နေတဲ့နိုင်ငံရေးခေါင်း
ဆောင်ဖြစ်ကြောင်းKNUရဲ့ဝမ်းနည်းကြောင်းသဝဏ်လွှာမှာဖော်ပြထားပြီးကရင်နီလူထုတရပ်လုံးအတွက်သာမကဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်မှုလုပ်ငန်းစဉ်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ဖော်ပြပါတယ်။
👍19😢132🤮2🖕1
ဦးအောင်ဆန်းမြင့် ဈာပနကိုကျင်းပ​နေစဥ်။ ။ဓါတ်ပုံ-KNIC
😢2712👍6🤮2👏1
စစ်ရေးတင်းမာနေတဲ့ ဗန်းမော်မြို့ကို
စစ်ရှောင်ဝန်ထမ်းတွေပြန်လာဖို့ စစ်တပ် ပြန်ခေါ်

စက်တင်ဘာ-၆၊၂၀၂၆။ဇော်ရမ်း/ People's Spring

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

ဗန်းမော်မြို့မှာ အုပ်ချုပ်ရေးယန္တရား ပြန်စတင်ဖို့အတွက် ပြန်လာကြဖို့ ညွှန်ကြားချက်ကို အခု စက်တင်ဘာလဆန်းမှာ ဖုန်းနဲ့ ဆက်သွယ်ပြီး အသိပေးတာလို့ ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

" ကျတော်တို့က ဗန်းမော်နားက မြို့တွေမှာပဲ ပတ်ပြီး မိသားစုလိုက် စစ်ရှောင်နေရတာ။ဒီရက်ထဲ တိုက်ပွဲတွေပိုပြင်းထန်လာကာမှ ဌာနနဲ့ ပြန်ပူးပေါင်းဖို့ ပြောနေတယ်။ ဘာကို ယုံစားပြီး ပြန်ရမှာလဲ။ ရူးနေတာမှမဟုတ်တာ"လို့ အဆိုပါ ဝန်ထမ်းက ပြောပါတယ်။

ရန်ကုန်မြို့ကို ရောက်နေတဲ့ ဗန်းမော်မြို့က ဝန်ထမ်းတစ်ဦးကလည်း အခုအချိန်မှာ ပြန်ဖို့လုံးဝမဖြစ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။

ခရိုင်အဆင့်မြို့ဖြစ်တဲ့ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ဌာနဆိုင်ရာရုံးပေါင်းစုံ အခြေစိုက်ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDF နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ဒီဇင်ဘာ ၄ရက်မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ကောင်စီဌာနဆိုင်ရာရုံးတွေအားလုံးပိတ်လိုက်ရပြီး ဝန်ထမ်းတွေလည်း ထွက်ပြေးခဲ့ရပါတယ်။ဒေသခံတွေလည်း စစ်ရှောင်နေရတာ ၂နှစ်ခန့်ရှိလာပြီဖြစ်ပါတယ်။

စကခ (၂၁)အပါအဝင် စစ်တပ် တပ်ရင်းတွေကို KIA၊KPDF ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားပြီး တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ စက်တင်ဘာလဆန်းမှာ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ လာတဲ့ စစ်သင်္ဘောတွေကို ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ထဲမှာ KIA၊KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်က တိုက်ခိုက်ရေးသင်္ဘော ၂စီး၊ ကုန်တင် သင်္ဘော ၈စီးအပါအဝင် သင်္ဘော၁၅စီးနဲ့ မန္တလေးမြို့၊ ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဩဂုတ် ၂၁ ရက်က ထွက်လာကို ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ KIA၊KPDFက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

စက်တင်ဘာ ၂ရက်က တိုက်ပွဲအပြင်းအထန်ဆုံးဖြစ်ခဲ့ပြီး စစ်သင်္ဘော ၈ စီးဖျက်ဆီးခံရတဲ့အပြင် စစ်သုံ့ပန်း ၁၉၀ ကျော်ဟာ KIA၊KPDFထံ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမော်မြို့က စစ်တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ကြေးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ အမြှောက်အပါအဝင်လက်နက်ခဲယမ်း‌ တွေလည်း ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဗန်းမော်မြို့နယ်အထိ ဆက်လက်ဆန်တက်သွားတဲ့ သင်္ဘော ၇စီးကို KIA၊KPDFက ဆက်လက်တိုက်ခိုက်နေလို့ ဒီနေ့ စက်တင်ဘာလ ၆ရက်မနက်အထိ ကမ်းကပ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။


(ဗန်းမော်မြို့ရှိ အငြိမ်းစားဝန်ထမ်းတွေကို စစ်ကောင်စီက ငွေပေးအပ်နေတာကို ၂၀၂၄က တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)
🤣30🔥3👏3👎1