■ရသစာတမ်းငယ်
“သေ တူ ရှင် ဖက်”
◾အသက်
အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေ
ကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်
ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။
မတတ်နိုင်တော့... ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်
သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူ
ခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား မိဘများက ပံ့ပိုးကူညီနေသည်ကိုး။ မတတ်နိုင်... ငါတို့အလုပ်က လစာမရ၊ သူများလှူကမ်းတာစားပြီး ဘဝတခု၊ အသက်တခုနဲ့ ပြန်ဆပ်ထားသည်။
သူများလှူစာကမ်းစာတွေကို ဘယ်တော့မှမဖြုန်းတီး၊ ဖြုန်းတီးသော်ငြား တပ်စိပ်မှူးက ချလေသည်။ ထိုနေ့မှာ ဖင်က ခရမ်းပုတ်ရောင်
နှင့် တမူထူးနေတတ်၏။လေပြင်းပြင်းတိုက်
လာလို့ အရက်ဝိုင်းကိုသိမ်း၊ ကိုယ်စီအဆောင်သို့ပြေးဝင်၊ရီဝေဝေဖြင့်ယိုစိမ့်နေသောမေတ္တာ
မဟုတ်သောမိုးရေများကို စတီးပန်းကန်လုံးများဖြင့် လိုက်ခံသည်။ကော်ဖီပါကင်အခွံနဲ့ ဓနိကြားသို့ ထိုးသိပ်သူက သိပ်၊ တပ်စိပ်မှူးမသိအောင် အရက်ဘူးသိမ်းသူက သိမ်း။
ရုတ်တရက် တံခါးချပ်မရှိတဲ့ တံခါးပေါက်ကို လေကောရေကော ပြေးဝင်လာကြပါရော။ မုန်တိုင်းကမဝင်သေး ပုံမှန်မိုးရွာနှုန်းနဲ့ပင် ဒီလောက်လှန်ထွက်နေရင် သတင်းထဲက နှစ်
လုံးပြူးမုန်တိုင်းသာဆို ဒီအဆောင်လေး အမိုးမလှန်ပါစေနဲ့ပင် ဆုတောင်းရတော့မည်။ မဟုတ်ပါက သူမ မချစ်သည့်အကြောင်းထက် ပိုဆိုးရော့မည်။
"ဒီည တန်းစီရှိဦးမှာလား"
ဤသည်က ၂၁နာရီမထိုးခင် မိုးရွာပြီဆို ကြားနေကျမေးခွန်း။ ကျန်းမာရေးကြောင့် မိုးရွာသည့်အချိန်များတွင် ၂၁နာရီတန်းစီကို ရပ်နား
၏။ အဆောင်တွင်း၌ သတိစွဲလျက်သာ 'သေတူရှင်ဖက်’ အား ဆိုကြသည်။
"သေ တူ ရှင် ဖက်”
"သေတူရှင်ဘက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင် အခင်းကြီးငယ် ရှိကာဝယ်လည်း၊ မဖယ်မသွေ၊ ညီညာကုန်း၍၊ ရုန်းကြလေ။"
အဆောင်ထဲ၌ လူခြောက်ဦး အတူအိပ်၏။ လောလောလတ်လတ် အရက်သောက်ထားသည့်အတွက် ဝိုင်းမှစကားဆက်များက မပြတ်သေး။
"မင်းတို့ မနေ့က ရာဟု အိမ်ပြန်သွားတာသိကြပြီးပြီလား"
အမှောင်ထုထဲ ရီဝေဝေစိုက်ကြည့်ရင်း စဥ်းစားမိသည်။ ရဲဘော် ရာဟု အိမ်ပြန်သွားသည်။ သူနှင့်အတူ အခြားလူလေးဦးပါသွားသည်လည်း ကြားသည်။
"မနေ့ညက ရှေ့တန်းကကောင်တွေ ____စခန်းကိုကျားထိုးသေးတယ်တဲ့၊ အထိခိုက်တော့မကြားမိဘူး"
လက်ရှိ ဤလူခြောက်ဦးသည်လည်း ____စခန်းကိုသိမ်းရန် ကြိုးပမ်းရင်း ဒဏ်ရာရ၍ နောက်တန်းဌာနချုပ်တွင် ဆေးနားနေကြသူများဖြစ်သည်။ လက်နက်အစလေးများမှန်၍ မျက်နှာပျက်စီးနေသူတဦး၊ စနိုက်ပါထိ၍ လက်မောင်းရိုး ကြေမွသွားသူတဦး၊ မိုင်းထိ၍ ခြေတဖက်ပြတ်နေသူတဦး၊ ပေါင်တဖက်ထဲသို့ အစဝင်နေသူတဦး၊ မကြာသေးခင်ရက်ပိုင်းမှ ရောက်လာသော ခန္ဓာကိုယ်သို့ လက်နက်ကြီးအစပိုင်းလေးများမှန်၍ ရောက်လာသူ နှစ်ဦး။
လူတိုင်းက အချစ်နဲ့မကင်းသလို၊ လက်နက်စများကိုလည်း ရှောင်လွှဲလို့မရနိုင်ပေ။
"ငါလည်း ချစ်ပါတယ် အတုံလေးရဲ့။ စိတ်ချ နင့်ကိုပြန်မတွေ့ရသေးဘဲ ငါမသေဘူး။ နင်သာ ငါ့ကိုစောင့်နေ"
စနိုက်ပါထိ၍ လက်မောင်းရိုးကြေမွနေသူ ဖြစ်သည်။ လောလောဆယ်ကား ကျန်လက်တဖက်အကောင်းနှင့် အတုံံဟူသော မိန်းမပျိုလေးနှင့် ကျီဆယ်နေသည်။
ဖုန်းလိုင်းမရ၊ ကြယ်တာရာချိတ်ဆက်မှုဖြင့် ဆက်သွယ်နေရသည့်အတွက်လိုင်းမကောင်း၊ ထို့နှင့် ထိုကျူရှင်တက်နေသော အမျိုးသားကောင်းလေးခဗျာ အပြင်သို့ အသဲသန်ပြေး၊ ကြယ်တာရာမီနူးအပြားကြီးရှိရာသို့ ပြေးရ၏။
ကျန်သူများမှာ မိဘရှိသော တကောင်ကြွက်များ။ အချစ်နှင့်တော့ ကင်း၊ ဒုက္ခများကတော့ ဟင်း...။
ဒူးဆစ်အဆက်ပျောက်နေသောနေရာမှယား
၍ လှမ်းကုပ်ရသေးသည်။ မိုးတွင်း၊ ယားနာဖြစ်လျှင် ဘဝသေတာထက်ဆိုးသည်။ ဆေး
ဆရာများက မကုပ်ဖို့မှာသည်။ သို့သော် ယားနာ၏ယားယံမှုကား သူမ၏မျက်ဝန်းဝိုင်းဝိုင်းလေးများလိုပင် မျက်ကွယ်ပြုလို့်မရနိုင်ပေ။
ထို့ကြောင့် ကုပ်သည်။
ထို့အတွက် ယားနာများ အနာဖြစ်လာသည်။
ထို့နောက် ပြည်များတည်လာသည်။နောက်
ဆုံးတွင် ယား၍ ကုပ်ပြန်သည်။တဖက်ကု
တင်တွင်လည်း ကုပ်သံများ ကြားသည်။
လိုက်ဖ်ဘွိုင်က 99.9% ဘတ်တီးရီးယားတွေကို ကာကွယ်ပေးသည်ပြော၏။ ကျန် 1% မှာ ငါဖြစ်နေတဲ့ယားနာ ဖြစ်ပုံံရ၏။
တပ်ထဲတွင် ငါးနီတူနှင့် ပဲက main dish ၊ အသီးရွက်များက စျေးကြီးသည့်အတွက် တလ နှစ်ခါစားရ၏။ အမဲသား၊ ဝက်သားများကို တလတခါ ပွဲတည်ရ၏။
ကြုံတုန်း၍ပြောပြရလျှင်တော့ ဆီသပ်ထားသည့်ထဲ ပြုတ်ထားသည့်ပဲထည့်၊ လုံး၊ ရေထည့်၊ ပွတ်ပွတ်ဆူလျှင် ရှောက်ရွက်အနည်းငယ်ညှပ်ထည့်ပါက ထူးကဲသောတုံယမ်းအရသားမျိုးရနိုင်သည်။ ဘာမှတော့မဆိုင်... စစ်မေတဦးက သူမကောင်လေးနှင့် ထိုအကြောင်း
စကားနိုင်လုနေသည်ကိုကြား၍ ပြန်ပြောပြခြင်းဖြစ်သည်။
မကြာမှီ ကျူရှင်သွားတတ်သောအမျိုးသားကောင်းလေး ပြန်ရောက်လာ၏။ ထပ်၍မကြာမှီ မီးခြစ် ခြစ်သံနှင့်အတူ ဆေးလိပ်တလိပ် မီးညှိ၍ ကမ်းလာသည်။
နိဗ္ဗာန်ဘုံသို့မသွားဘဲ နိဗ္ဗာန်ရောက်သည်ဆိုတာ ဒါမျိုး။
ဒဏ်ရာရဆေးနားသည်လေ။ ဆေးလိပ်ကား အထူးကန့်သတ်ထားသော တားမြစ်ပစ္စည်း။
ကျွန်တော့်အချစ်က သူမအတွက်တားမြစ်စရာဖြစ်နေတာမျိုးပေါ့ဗျာ။ ။

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,300 likes · 422 talking about this. News & media website
❤13👍3🤮1
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'အသက်' ရဲ့ "သေ တူ ရှင် ဖက်” ရသစာတမ်းငယ်ကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
'အသက်' ရဲ့ "သေ တူ ရှင် ဖက်” ရသစာတမ်းငယ်ကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,300 likes · 422 talking about this. News & media website
❤16👍4🤮2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(စက်တင်ဘာ ၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်သင်္ဘောတွေ တိုက်ခိုက်ခံရမှု ဒရုန်းတပ်ဖွဲ့က အရာရှိနဲ့ စစ်သားတွေ ပိုမို သေဆုံး
မန္တလေးကနေ ဗန်းမော်မြို့ကိုသွားတဲ့ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရမှုအတွင်း စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့အရာရှိနဲ့ အခြားအဆင့်တွေ အများအပြားသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။ ဗန်းမော်မြို့ကိုတက်သွားတဲ့ စစ်သင်္ဘောတွေ ရွှေကူမြို့အနီးမှာ အကြိမ်ကြိမ်တိုက်ခိုက်ခံရပြီး စစ်တပ်ရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဒရုန်းတပ်သားတွေ အများဆုံး သေဆုံးခဲ့တာလို့ သိရပါတယ်။ သေဆုံးတဲ့ ဒရုန်းတပ်ဖွဲ့တွေဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်အောင်ပြည့်ဖြိုး၊ တပ်ကြပ် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ အင်ဂျင်နီယာ ကျောင်း(MCTI)၂၄က တပ်သားတွေအပါအဝင် မကြာခင်ကမှ မိတ္ထီလာဒရုန်းသင်တန်းက နေဆင်းထားတဲ့ ဒရုန်းတပ်သားအများအပြား သေဆုံးခဲ့တာလို့ သိရပါတယ်။ စင်းခန်းတံတားအနီး စစ်သင်္ဘောတွေကို KIAနဲ့ တော်လှန်ရေး ပူးပေါင်းတပ် တိုက်ခိုက်ချိန်မှာ လက်နက်ကြီးထိမှန် သေဆုံးခဲ့တာလို့ သိရပါတယ်။
◾️မန္တလေးမြို့ကနေ စစ်သင်္ဘောအုပ်စု ထပ်တက်
မန္တလေးမြို့ကနေ အာဏာသိမ်းစစ်တပ်ရဲ့ သင်္ဘောအုပ်စု အစီးရေ ၃၀ ခန့် ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်ဆီ စက်တင်ဘာလ ၄ ရက် မနေ့က ညပိုင်းမှာ ထပ်မံ ဆန်တက်သွားပါတယ်။ မနေ့က ည ၉ နာရီခွဲလောက်မှာ မန္တလေးမြို့ ဧရာဝတီဆိပ်ကမ်းကနေ သင်္ဘော ၉စီးဝန်းကျင်စတင်ထွက်ခွာခဲ့ပြီး ဒီမနက်ပိုင်းမှာတော့ မတ္တရာမြို့နယ်အတွင်းဖြတ်သန်းခဲ့ပါတယ်။ ဒီမနက် ၇ နာရီလောက်မှာလည်း မန္တလေးမြို့ ပေပင်ဆိပ်ကမ်းကနေ နောက်ထပ် သင်္ဘောအစီး ၂၀ ဝန်းကျင်ဟာ ဒုတိယအသုတ်အနေနဲ့ ထပ်မံထွက်ခွာသွားတယ်လို့ သိရပါတယ်။ အဲဒီ သင်္ဘောအုပ်စု ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်ဆီ ဆန်တက်ကာ ကချင်ပြည်နယ် ဗန်းမော်မြို့ဆီ ဦးတည်နိုင်တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ယူဆထားပါတယ်။
◾️ဗန်းမော်မရောက်သေးတဲ့ လက်ကျန်သင်္ဘောတွေကို KIA ပူးပေါင်းတပ် ထပ်မံတိုက်ခိုက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်သွားတဲ့ စစ်သင်္ဘောအုပ်စုက ကျန်နေတဲ့ သင်္ဘောအချို့ဟာ စက်တင်ဘာ ၄ရက်မှာ စင်းခန်းဒေသကနေ အထက်ကို ဆက်လက်ထွက်ခွာရာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထပ်မံ တိုက်ခိုက်ခဲ့လို့ ပျက်စီးမှုတွေရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်သင်္ဘောအုပ်စုဟာ စက်တင်ဘာ ၂ရက်မှာ ရွှေကူကနေ ဗန်းမော်မြို့ကို ထွက်ခွာစဉ် KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ သင်္ဘော ၅စီးထက်မနည်းထိခိုက်ပျက်စီးကာ အဲဒီအထဲက အချို့က နစ်မြုပ်တာ၊ မီးလောင်ပေါက်ကွဲတာတွေဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၄ရက် မနေ့ကလည်း KIA ပူးပေါင်းတပ်က စစ် သင်္ဘော ၃စီးထပ်မံ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း ဗန်းမော်မြို့နယ် စင်းခန်းတံတား နဲ့ ဗန်းမော်မြို့ကြားမှာ စစ်တပ်သင်္ဘော ၁စီးကို KIA ပူးပေါင်းတပ်က ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
◾️မင်းဘူးနယ်မှာ မသန်စွမ်းအမျိုးသမီးနဲ့ ကလေးငယ်ကို စစ်တပ် သတ်ဖြတ်
မကွေးတိုင်း၊ မင်းဘူးမြို့နယ် မုတ္တောကြီးကျေးရွာက မသန်စွမ်းအမျိုးသမီး ၁ဦး နဲ့ ကလေးငယ် ၁ဦးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။ ဒီနေ့ စက်တင်ဘာ ၅ရက် မနက် ၆နာရီ၀န်းကျင်မှာ အင်အား ၈၀နီးပါးပါတဲ့ စစ်တပ်စစ်ကြောင်းက မုတ္တောကြီးကျေးရွာကို ၀င်ရောက်စီးနင်းပစ်ခတ်ခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။ အဲဒီဖြစ်စဉ်မှာ စကားမပြောနိုင်တဲ့ အသက် ၂၀ အရွယ် မသန်စွမ်း အမျိုးသမီး မဝေဝေဌေး နဲ့ (၁၃)နှစ်အရွယ် မောင်ဝိုင်းလမင်းအောင်တို့ဟာ ဝမ်းဗိုက်၊ ရင်အုံ၊ လည်ပင်းနဲ့ ခြေထောက်တွေမှာ ကျည်ဆံဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် (၇)နှစ်အရွယ် ကလေးငယ် မအိသီရိအောင်လည်း စိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
◾️မြစ်ခြေမှာ စစ်တပ်ဗုံးကြဲလို့ အရပ်သား ၁၀ဦးထက်မနည်း ထိခိုက်သေဆုံး
မကွေးတိုင်း၊ မြစ်ခြေမြို့မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သား ၁၀ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ စက်တင်ဘာ ၄ ရက် မနေ့ မနက်ပိုင်းမှာ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က အမှတ်(၁) တိရစ္ဆာန်မွေးမြူရေးနဲ့ လေ့ကျင့်ရေးတပ်ကို မကွေးယူနစ်စစ်ကြောင်း-၁ တော်လှန်ရေးတပ်က ထိုးစစ်ဆင်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းကနေ နေရာအနှံ့ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်တောရွာက နှစ်ဦး၊ အိုင်ကြီးရွာက သုံးဦး သေဆုံးပြီး ကျန်တဲ့ဒဏ်ရာရသူတွေလည်း များတယ်လို့ မြစ်ခြေဒေသခံတစ်ဦးက ပြောပါတယ်။ စစ်တပ်ဟာ မြစ်ခြေမြို့ကို ဂျိုင်ရိုကော်ပတာ ၅ စီး နဲ့ Mi35 ရဟတ်ယာဉ် ၁ စီးတို့နဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ မနေ့က တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိပြီး ဒီနေ့ စက်တင်ဘာ ၅ရက်အထိလည်း စစ်ရေးက မငြိမ်သေးဘူးလို့ ပခုက္ကူခရိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

👍10❤2😢1
◾️လွိုင်ကော်အရှေ့ခြမ်း စခန်းကုန်းတွေ မကျရေး စစ်တပ် လေကြောင်းသုံး
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်တပ်က လေကြောင်းသုံးပြီး အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ လွိုင်ကော်-လွိုင်လင်လေးလမ်းပိုင်းအနီးက တပ်စခန်းကုန်းတွေကို ဩဂုတ်နောက်ဆုံးပတ်ကစပြီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ အဲဒီထိုးစစ်ဆင်မှုအတွင်း လွယ်ထွယ်ရွာအနီးတဝိုက်က စခန်းကုန်းကို ဩဂုတ် ၂၆ ရက်မှာ ကရင်နီပူးပေါင်းတပ်တွေ ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လွယ်ထွယ်ကျေးရွာရဲ့ တောင်ဘက်ခြမ်းက စစ်တပ်စခန်းကုန်းတွေ မကျရေးအတွက် စက်တင်ဘာ ၄ ရက် မနေ့က တစ်ရက်တည်းမှာပဲ လေကြောင်းကနေ ၃ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်က အသိပေးပါတယ်။ နောက်ထပ်စခန်းကုန်းတစ်ခု ထပ်ရတယ်ဆိုတာတော့ ကြားသိရပေမယ့် အတည်ပြုနိုင်ဖို့ လိုသေးတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ် လေယာဉ်ကတော့ မနေ့က တောက်လျှောက်ကြဲတယ်လို့ သူက ဆိုပါတယ်။
◾️H&M အပ်ထည်တွေချုပ်တဲ့ အထည်ချုပ်စက်ရုံ ဒီလကုန် ပိတ်သိမ်းမယ်
ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ H&M အဝတ်အထည်တွေ ချုပ်တဲ့ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်က Teng Hui Myanmar သိုးမွေးစက်ရုံ စက်တင်ဘာလကုန်မှာ ပိတ်သိမ်းတော့မယ်လို့ သိရပါတယ်။ ၂၀၁၃ ကတည်းက စတင်ချုပ်ခဲ့တဲ့ Teng Hui Myanmar သိုးမွေးအထည်ချုပ်စက်ရုံဟာ H&M ကုမ္ပဏီရဲ့အ၀တ်အထည်တွေအတွက် ကုန်ကြမ်းနဲ့ အမှာစာမရတော့တာကြောင့် စက်ရုံပိတ်သိမ်းဖို့ ဖြစ်လာတာလို့ ဆိုပါတယ်။ လက်ရှိမှာ စက်ရုံလုပ်သား ၂,၀၀၀ ကျော် ရှိပါတယ်။ လာမယ့်အောက်တိုဘာ ၁ ရက်မှာ အပြီးပိတ်သိမ်းမှာဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်ကစတင်ကာ စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်ရပ်နားရမယ့် အလုပ်သမားတွေကို လုပ်သက်အလိုက် နစ်နာကြေးပေးသွားမယ်လို့ စက်ရုံက တရားဝင် ကြေညာပါတယ်။ ပြီးခဲ့တဲ့ မေလက H&M အ၀တ်အထည်တွေချုပ်နေရတဲ့ ရွှေပြည်သာမြို့နယ်က King Rich Fashion အထည်ချုပ်စက်ရုံလည်း အမှာမရတော့တာကြောင့် ပိတ်သိမ်းခဲ့ရပါတယ်။
◾️ဒီပဲယင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံး၊ သေနတ် ၁လက် သိမ်းရ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ စက်တင်ဘာ ၂ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ဒီပဲယင်းမြို့ပေါ်ကနေ ရိက္ခာရှာ ထွက်လာတဲ့ အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တိုက်နယ် (၁)၊ တိုက်နယ် (၂) တို့ ထိပ်တိုက်တွေ့ကာ ၁၅ မိနစ်ခန့် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်က တပ်ကြပ်အဆင့်ရှိသူတစ်ဦး သေဆုံးပြီး နောက်ထပ်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီနောက် ဒီနေ့ စက်တင်ဘာ ၅ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သွားရောက် နယ်မြေရှင်းလင်းရာ သေဆုံးသွားတဲ့ တပ်ကြပ်ရဲ့ ရုပ်အလောင်းအပြင် MA-1 သေနတ် တစ်လက်ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။
◾️စစ်သားတွေ အလင်းဝင်ကြဖို့ ပြည်သူ့ပန်းတိုင် တိုက်တွန်း
အာဏာသိမ်းစစ်တပ်ရဲ့ ပြန်ကြားရေးနဲ့ စစ်လော်ဘီတွေ ပြောသမျှ မယုံကြဘဲ စစ်သားတွေ အလင်းဝင်လက်နက်ချကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။ ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေတဲ့ စစ်တပ်ရဲ့ ပြေးဟပရောဂျက် ယခုတပတ် အစီအစဉ်ကို ဒီကနေ့ စက်တင်ဘာ ၅ရက်မှာ ဖော်ပြခဲ့ရာ ဩဂုတ်နောက်ဆုံးပတ်အတွင်း စစ်တပ်က အလင်းဝင်၊ ပူးပေါင်း လက်နက်ချ အခြေအနေကို အသိပေးရင် အခုလို တိုက်တွန်းလိုက်တာပါ။ ဩဂုတ်လ စတုတ္ထပတ်အတွင်း အလင်းဝင် ၊ လက်နက်ချသူ စစ်သား ၆ဦး အပါအဝင် ၂၀၂၅ ဇန်နဝါရီကနေ အခုနှစ် ဩဂုတ် စတုတ္ထပတ်အထိ အလင်းဝင် လက်နက်ချနဲ့ စစ်သုံ့ပန်း စုစုပေါင်း ၃၈၂၁ ဦး ရှိကြောင်း ပြည်သူ့ပန်းတိုင်က အသိပေးထားပါတယ်။

👍17