People's Spring
60.1K subscribers
70.7K photos
1.21K videos
8 files
3.03K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
■​ဆောင်းပါး

"ဟိမဝန္တာရဲ့ ရေကို ဘယ်သူ ထိန်းချုပ်မလဲ"

"နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်"

-နောင်နောင်​ရေးသားသည်။

ဩဂုတ်၂၆ ရက်၊မနက်ပိုင်းမှာနီပေါ-တရုတ်နယ်စပ်အနီး ဟိမဝန္တာတောင်တန်းပေါ်က ဖြစ်
ရပ်တစ်ခုကလူတွေကိုအံ့အားသင့်စေခဲ့ပါတယ်။လက်ရှိရရှိထားတဲ့ ဘူမိဗေဒနဲ့ ဂြိုဟ်တုအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာချက်အရ လန်တန်လီရုန်(Langtang Lirung)တောင်
အနီးမြင့်မားတဲ့နေရာမှာရေခဲနဲ့ကျောက်သားတွေအစုလိုက်အပြုံလိုက်ပြိုကျခဲ့ပြီး တောင်
ကြားထဲကိုအရှိန်ပြင်းပြင်းဆင်းလာခဲ့ပါတယ်။

အဲဒီနောက်ရေ၊ရွှံ့မြေ၊ကျောက်နဲ့အပျက်အ
စီးတွေရောနှောစီးဆင်းတဲ့မြေစီးဖြစ်စဉ်ဖြစ်ပေါ်ကာနောက်ဆုံးရုတ်တရက်ရေကြီးမှုဖြစ်
ပွားခဲ့တာပါ။တရုတ်သိပ္ပံပညာရှင်တွေရဲ့ အ
ဆိုအရ ဒီအစုလိုက်ပြိုကျဆင်းမှုဟာ ခန့်မှန်း
ခြေ ၂၂ ကီလိုမီတာအထိ ရောက်ရှိခဲ့ပြီး ကျီလုံ နယ်စပ်ကုန်သွယ်ရေးဂိတ်အထိ ထိခိုက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကဟိမဝန္တာဒေသမှာရာသီဥတုပူနွေးလာမှုနဲ့အတူရေခဲမြစ်တွေရဲ့မတည်ငြိမ်မှုနဲ့ ဆက်စပ်တဲ့သဘာဝဘေးအန္တရာယ်တွေဘယ်
လောက်မြန်မြန်တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်ပေါ်
လာနိုင်တယ်ဆိုတာ ပြသခဲ့ပါတယ်။အထူး
သဖြင့် တောင်ကြားကျဉ်းပြီး တောင်စောင်းတွေမတ်စောက်တဲ့ဒေသတွေမှာရေ၊ကျောက်နဲ့မြေသားတွေအစုလိုက်အပြုံလိုက်ဆင်းလာရင်ကြိုတင်သတိပေးပြီးလူတွေကိုရွှေ့ပြောင်း
ဖို့အချိန်အလွန်နည်းနိုင်ပါတယ်။တရုတ်ဘက်
ကလည်းဒီဖြစ်ရပ်မှာမြေစီးရဲ့အရှိန်ဟာတစ်စက္ကန့်ကို ၅၀မီတာခန့်အထိရှိနိုင်ခဲ့တာကြောင့်
တုံ့ပြန်ဖို့ အချိန်အလွန်နည်းခဲ့တယ်လို့ ပြော
ထားပါတယ်။

ရေ၊ ရွှံ့နဲ့ ကျောက်တုံးတွေဟာ ဘိုးတေးကိုရှီ (Bhote Koshi) မြစ်စနစ်ထဲကို ဆက်လက်ဝင်ရောက်သွားပြီးလူနေအိမ်တွေ၊လမ်းတွေ၊ တံ
တားတွေနဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးခဲ့ပါတယ်။နိပေါ အစိုးရဘက်ကလည်း ရေဘေးသင့်ဒေသတွေမှာ လူသေဆုံးမှုနဲ့ ပျောက်ဆုံးသူအရေအတွက် အလွန်မြင့်မားနေကြောင်း ထုတ်ပြန်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ တိဘက် ဘက်မှာလည်း အခြေအနေက မကောင်းပါဘူး။

အခု ရေဘေးမဖြစ်ခင် သုံးလခန့်အလို၊မေလ ၂၇ ရက်တုန်းက နိပေါ နဲ့ တရုတ်တာဝန်ရှိသူတွေတွေ့ဆုံပြီးရေခဲမြစ်နဲ့ဆက်စပ်တဲ့သဘာဝဘေးအန္တရာယ်တွေ၊ရေကြီးမှုနဲ့ အရေးပေါ် သ
တိပေးစနစ်တွေပိုကောင်းလာအောင် ဘယ်လိုပူးပေါင်းမလဲဆိုတာ ဆွေးနွေး ခဲ့ကြပါတယ်။ Reuters ရဲ့ ဖော်ပြချက်အရ နိပေါ ဘက်က ရေခဲမြစ်တွေရဲ့ရွေ့လျားမှုနဲ့ မြစ်ရေမျက်နှာ
ပြင်အမြင့်ပြောင်းလဲမှုဆိုင်ရာအချက်အလက်
တွေကိုအချိန်နှင့်တပြေးညီ ပိုမိုရရှိချင်တယ်လို့တောင်းဆိုခဲ့ပါတယ်။တရုတ်ဘက်က
တော့ မိုးရာသီခန့်မှန်းချက်နဲ့ ရေကန်စောင့်ကြည့်မှုဆိုင်ရာ အချက်အလက်တွေကို မျှဝေခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ကိုကြည့်ပြီးဟိမဝန္တာတောင်တန်းရဲ့ ရေကို ဘယ်သူက ထိန်းချုပ်မှာလဲဆိုတာက အရေးကြီးလာပါတယ်။အဲဒါကနိပေါမှာဖြစ်ခဲ့တဲ့ရေဘေးတခုတည်းအတွက်မဟုတ်ပါဘူး။တိဘက်ကုန်းပြင်မြင့်မှာတရုတ်က တည်
ဆောက်နေတဲ့ အလွန်ကြီးမားတဲ့ရေအားလျှပ်
စစ်စီမံကိန်း၊ အဲဒီအပေါ် အိန္ဒိယက တန်ပြန်ပြီး စီစဉ်နေတဲ့ဆည်စီမံကိန်းတွေနဲ့နောက်ဆုံး
မှာအဲဒီမြစ်တွေကို မှီခိုနေရတဲ့ ဘင်္ဂလားဒေ့ရှ်အထိဆက်စပ်နေတဲ့အရေးကိစ္စပဲဖြစ်ပါတယ်။နိပေါဖြစ်ရပ်ကပိုကြီးမားတဲ့ ပြဿနာတစ်ခုကိုရှင်းရှင်းလင်းလင်းပြလိုက်ပါတယ်။ ဟိမဝန္တာရဲ့သဘာဝရေစနစ်ဟာနိုင်ငံနယ်နိ
မိတ်ကိုမသိပါဘူး။တောင်ပေါ်မှာဖြစ်တဲ့ ရေ
ခဲမြစ်ပေါ်က ရေခဲထုကြီး ပြိုကျမှု တစ်ခုဟာ တစ်နိုင်ငံထဲမှာပဲ ရပ်မနေဘဲ မြစ်ကြောင်းအ
တိုင်း အောက်ဘက်ကို ဆက်ပြီး သက်ရောက်နိုင်ပါတယ်။

ဒါကြောင့် ဒီနေ့ ဟိမဝန္တာအတွက်အရေးကြီးတာက “အန္တရာယ်ကို ဘယ်လောက်စောစော သိနိုင်မလဲ၊ သိလာတဲ့သတင်းကို မြစ်အောက်ပိုင်းနိုင်ငံတွေဆီကိုဘယ်လောက်မြန်မြန်ပေးနိုင်မလဲ”ဆိုတာဖြစ်လာပါတယ်။ရေကို ထိန်း
ချုပ်နိုင်တဲ့နိုင်ငံထက်ရေအန္တရာယ်နဲ့ပတ်သက်
တဲ့ အချက်အလက်ကိုဘယ်သူကပိုကောင်း
ကောင်းထိန်းချုပ်ထားသလဲ။ဒါကအနာဂတ်
မှာပို ပိုပြီး အရေးကြီးလာနိုင်ပါတယ်။

တိဘက်ဒေသမှာယာ လွန်းဆန်ပိုး(Yarlung Tsangpo)လို့ခေါ်တဲ့မြစ်ဟာအိန္ဒိယနိုင်ငံအာရုဏာချယ်လ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်ထဲကို ဝင်ရောက်ပြီးနောက်ပိုင်းမှာ စီယန်း/ဒီဟန်မြစ်(Siang/Dihang)လို့ခေါ်ဆိုပြီးနောက်ပိုင်းမှာဗြဟ္မပုတ္တရ(Brahmaputra)မြစ်
ဖြစ်လာပါတယ်။အဲဒီမြစ်ဟာတိဘက်အရှေ့
တောင်ပိုင်း၊နမ်ချာဘာဝါ(Namcha Barwa)
တောင်ပတ်လည်မှာမြင်းခွာပုံစံနီးပါး အကြီး
အကျယ်မဟာအကွေ့ကြီး(Great Bend) ကွေ့သွားပါတယ်။ မြစ်က အဲဒီအကွေ့ကြီး အနီး ယာလွန်း ဆန်ပိုးလျှို ကို ဖြတ်သန်းရာမှာ ကီ
လိုမီတာ ၅၀ ခန့်အတွင်းအမြင့်မီတာ ၂,၀၀၀ ခန့် ကျဆင်းသွားပါတယ်။ ဒီလို ရေစီးနှုန်းနဲ့ အမြင့်ကွာခြားမှု ကြီးမားတဲ့ အခြေအနေဟာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် အ
လွန်ကောင်းမွန်တဲ့ သဘာဝအခြေအနေတစ်ခု ဖြစ်ပါတယ်။ အဲဒီအခြေအနေကို အသုံးချဖို့ တရုတ်နိုင်ငံဟာ ယာလွန်းဆန်ပိုးရဲ့မြစ်အောက်ပိုင်းမဟာအကွေကြီးအနီးကတိဘက်ဒေသမှာ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းတွေထဲက တစ်ခုဖြစ်လာမယ့် မဟာရေအားလျှပ်စစ်စီမံကိန်းကို၂၀၂၅ခုနှစ် ဇူ
လိုင်လမှာစတင်တည်ဆောက်ခဲ့ပါတယ်။
👍183🤮1
အဲဒီနေရာဟာ အိန္ဒိယရဲ့အာရုဏာချယ်လ် ပရာဒေ့ရှ် ပြည်နယ်နဲ့ အလွန်နီးပါတယ်။ အချို့သတင်းတွေမှာဆည်တည်မယ့်နေရာကနယ်
စပ်နဲ့ ၅၀ km ဝန်းကျင် လောက်သာရှိတယ်လို့ ဖော်ပြပါတယ်။ပြီးတော့ဆည်တည်မယ့်နေရာအောက်မှာ ပိုင်ကျန် ပြတ်ရွေ့ကြောင်း (Paizhen Fault)ဆိုတဲ့တက်ကြွနေတဲ့ပြတ်ရွေ့ကြောင်းရှိနိုင်တယ်ဆိုတဲ့စိုးရိမ်ချက်လည်းရှိပါတယ်။ ဒီနေရာက ငလျင်လှုပ်ရှားမှုများတဲ့ ဟိမဝန္တာဒေသဖြစ်လို့ဆည်ရဲ့ခိုင်ခန့်လုံခြုံရေး
ကအခုနောက်ပိုင်းမှာပိုပြီးဆွေးနွေးလာတဲ့ အ
ကြောင်းအရာ ဖြစ်ပါတယ်။

မဟာဆည်ကလျှိုသုံးခုရေကာတာ(Three Gorges Dam)လိုတစ်နေရာတည်းမှာနံရံကြီးတစ်ခုတည်းပိတ်ပြီးဆောက်တာမျိုးမဟုတ်ပါဘူး။ ဒီ စီမံကိန်း က ရေအားလျှပ်စစ်စက်ရုံ ၅ ခုကို အဆင့်ဆင့် ပုံစံနဲ့ ဆောက်မှာဖြစ်ပြီး၊ နမ်ချာ ဘာဝါ တောင်တန်းအတွင်းက အလွန်ရှည်လျားတဲ့ ရေပြောင်းဥမင်တွေ အသုံးပြုပြီး မြစ်ရဲ့ အမြင့်ကျဆင်းမှုကို လျှပ်စစ်ထုတ်ဖို့အသုံးချမယ့်ဒီဇိုင်းပါ။မြစ်ရေ၊ရေဝင်ပေါက်
၊တောင်ထဲကရေပြောင်းဥမင်၊ရေအားလျှပ်
စစ်စက်ရုံ၊ မြစ်ထဲ ပြန်ဝင် ဆိုတဲ့ အဆင့်ဆင့်ပုံစံမျိုးဖြစ်ပါတယ်။မြစ်ကြောင်းတစ်
လျှောက်ရေအားလျှပ်စစ်စက်ရုံ၅ခုကို အပေါ်
ကနေ အောက်ဘက်အထိ အဆင့်ဆင့်တည်
ဆောက်ပြီးရေစီးအားကိုတစ်နေရာပြီးတစ်နေရာဆက်လက်အသုံးချမယ့်စီမံကိန်းဖြစ်ပါတယ်။စီမံကိန်းရဲ့ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းက ၆၀,၀၀၀ MW ဝန်းကျင် ရှိမယ်လို့ ဖော်ပြထားပါတယ်။ ဒါကို အခု လက်ရှိအကြီးဆုံး လျှိုသုံးခုဆည် နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လျှိုသုံးခုဆည် ရဲ့ ၂၂,၅၀၀ MW ထက် အကြမ်းဖျင်း ၂.၇ ဆလောက် ရှိပါတယ်။

တရုတ်အတွက် ဒီစီမံကိန်းဟာ တိဘက်ဒေသ ဖွံ့ဖြိုးရေး၊ ပြန်လည်ပြည့်ဖြိုးနိုင်သော စွမ်း
အင် ထုတ်လုပ်မှု တိုးချဲ့ရေးနဲ့ တရုတ်ပြည်အတွင်း လျှပ်စစ်လိုအပ်ချက် ဖြည့်ဆည်းရေးတို့နဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တိဘက်အရေး လှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ အတွက်တော့မတူပါဘူး။ ဒေသခံတွေရဲ့ သဘောတူညီမှု၊ မြေတွေ၊ ရွာတွေ၊ ယဉ်ကျေးမှုနေရာတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ရိုးရာအသက်မွေး
ဝမ်းကျောင်းတွေ ထိခိုက်လာမယ့်ဆုံးရှုံးမှု၊ တိဘက်အတွက် အရေးကြီးတာဟာ ဆည်ကြီးကနေ လျှပ်စစ်ဘယ်လောက်ထုတ်နိုင်မလဲဆိုတာတင်မဟုတ်ဘဲ၊အဲဒီစီမံကိန်းကြောင့်ဖြစ်
လာမယ့် အကျိုးကျေးဇူးတွေကို ဒေသခံတွေ ဘယ်လောက်အထိ ခံစားရမလဲနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝအပေါ် ထိခိုက်မှုတွေကို ဘယ်လို လျှော့ချမလဲ ဆိုတာလည်း ဖြစ်ပါတယ်။

တိဘက်ဒေသအတွင်းအခြားရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ ပတ်သက်ပြီးရွာတွေရွှေ့
ပြောင်းရတာ၊ဘာသာရေးနဲ့ ယဉ်ကျေးမှုနေရာတွေ ထိခိုက်တာတွေအပေါ် ဆန့်ကျင်မှုတွေ ရှိခဲ့ပါတယ်။၂၀၂၄ ခုနှစ်မှာ တိဘက်၊ ဒဲဂေး (Dege/Kamtok) ဒေသရှိ ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် ရွာတွေ ရွှေ့ပြောင်းရနိုင်မှု၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ထိခိုက်နိုင်မှုအပေါ် ဒေသခံတွေက ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။ဒါကြောင့်ယာလွန်း ဆန်ပိုး မြစ်ပေါ်က ဧရာမ ရေအားလျှပ် စစ်စီမံကိန်းကြီးကိုဆွေးနွေးတဲ့အခါလျှပ်စစ်ဘယ်
လောက်ထုတ်မလဲ ဆိုတာတစ်ခုတည်း ကြည့်လို့မရပါဘူး။ ဒေသခံတွေအတွက် လူမှုရေးကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ ဆိုတာကိုလည်းထည့်စဉ်းစားဖို့လိုပါတယ်။

တရုတ်အစိုးရဘက်ကဒီလိုအခြေခံ အ
ဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်း တွေကို ဖွံ့ဖြိုးရေး၊ သန့်ရှင်းသော စွမ်းအင် (clean energy) နဲ့ ဒေသစီးပွားရေးအတွက် အရေး
ကြီးတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် မြစ်အောက်ပိုင်းနိုင်ငံတွေအတွက်တော့ သက်
ရောက်ပုံခြင်းကမတူပါဘူး။ဒီလောက်ကြီး
မားတဲ့ စီမံကိန်းကြီးတစ်ခု တည်ဆောက်တဲ့အခါ မြစ်အောက်ပိုင်းနိုင်ငံတွေ ဘယ်လောက်သိခွင့်ရှိပြီး ဘာတွေသက်ရောက်နိုင်သလဲ
ဆိုတဲ့စိုးရိမ်စိတ်‌တွေပါပဲ။

တရုတ်က အထက်ပိုင်းမှာ ရေအရင်းအမြစ်ကို ပိုမိုထိန်းချုပ်လာနိုင်တဲ့အခြေအနေမှာ အိန္ဒိယကလည်းကိုယ့်ဘက်မှာရေသိုလှောင်နိုင်စွမ်း၊ရေစီးကြောင်းစီမံခန့်ခွဲမှုနဲ့ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်စွမ်းကိုမြှင့်တင်ပြီး မ
ဟာဗျူဟာအရ တန်ပြန်ဖို့ ကြိုးစားလာပါတယ်။အဓိကစီမံကိန်းကစီယန်မြစ်အထက်ပိုင်းဘက်စုံသုံးစီမံကိန်းပါ။လက်ရှိအဆိုပြုချက်တွေအရဒီစီမံကိန်းရဲ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းက ၁၁,၀၀၀ ကနေ ၁၁,၂၀၀ MW ဝန်းကျင် ရှိနိုင်ပြီး အကြီးစားရေလှောင်
ကန် ပါဝင်မယ့် စီမံကိန်း ဖြစ်ပါတယ်။ အိန္ဒိယမှာရှိတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေးရဲ့ အ
ကြီးဆုံးဆည် ဖြစ်လာမှာပါ။ အိန္ဒိယအစိုးရနဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အာရုဏာချယ်လ်ပရာဒေ့ရှ် ပြည်နယ်အစိုးရဘက်ကလည်းတရုတ်ရဲ့ယာလွန်းဆန်ပိုးစီမံကိန်းကြောင့်ဖြစ်လာနိုင်တဲ့ ရေအန္တရာယ်တွေအ
တွက် မဟာဗျူဟာအရ အရေးကြီးတယ်လို့ မြင်ထားပါတယ်။

ဒါပေမယ့်အိန္ဒိယရဲ့ဆည်ကိုလည်း ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။ဒေသခံတွေရဲ့ ဆန့်ကျင်မှုရှိနေတယ်။ စီယန်မြစ်အထက်ပိုင်းဒေသခံတွေအတွက်တော့တရုတ်ကို တန်
👍128🔥1🤮1
ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ သူတို့ရဲ့ မြေတွေ၊ ရွာတွေကို ရေအောက်ထည့်ဖို့ လက်ခံဖို့ မလွယ်ပါဘူး။ ၂၀၂၆ ဧပြီလမှာဖြစ်ရပ်မှန် စုံစမ်းဖော်ထုတ်ရေးအဖွဲ့ တစ်ခုက စီမံကိန်းကြောင့် ရွာ ၂၀ ကျော် အပြည့်အဝ ရေအောက်ရောက်နိုင်ပြီး ရွာ ၅၀ ကျော် တိုက်ရိုက်၊ သွယ်ဝိုက် ထိခိုက်နိုင်တယ်လို့ ဒေသခံတွေရဲ့ စိုးရိမ်ချက်တွေကို ဖော်ပြခဲ့ပါတယ်။

ဇွန်လမှာတော့ စီမံကိန်း အတွက် အကောင်
အထည် ဖော်နိုင်မနိုင် ပဏာမလေ့လာဆန်း
စစ်မှုကို ထောက်ခံတဲ့ MoU လက်မှတ်ရေးထိုးထားတဲ့ အိမ်ထောင်စုတွေနဲ့စီမံကိန်း ဆန့်ကျင်
သူတွေကြား တင်းမာမှုတွေ ဖြစ်လာပြီး အိမ်အများအပြား ဖျက်ဆီးခံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်က အရေးကြီးတဲ့ အချက်တစ်ခုကို ပြနေပါတယ်။ တရုတ်ကို တန်ပြန်ဖို့ အိန္ဒိယက ဆည်ဆောက်ချင်တယ်။ဒါပေမယ့် အိန္ဒိယပြည်တွင်းက ဒေသခံတချို့ကလည်း “ကျွန်တော်တို့ရဲ့ မြေကို မစတေးချင်ဘူး” လို့ ပြန်ပြောနေကြတယ်။

နောက်ဆုံးမှာ ဘင်္ဂလားဒေ့ရှ် ရောက်လာပါတယ်။မြစ်ရဲ့ ခရီးကို အပေါ်ကနေ အောက်ကို ကြည့်မယ်ဆိုရင် တိဘက်၊ အာရုဏာချယ်လ် ပရာဒေ့ရှ်၊ အာသံ (Assam)၊ ဘင်္ဂလားဒေ့ခ်ျ ဆိုတဲ့လမ်းကြောင်းကိုတွေ့ရပါတယ်။ တရုတ်
ကအထက်ပိုင်းမှာရေကိုစီမံပါတယ်။အိန္ဒိယ
က အလယ်ပိုင်းမှာ ရေကို စီမံပါတယ်။ နောက်ဆုံး ဘင်္ဂလားဒေ့ရှ်က အောက်ပိုင်းမှာ အဲဒီဆုံးဖြတ်ချက်တွေရဲ့ ရလဒ်ကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အတွက် က အထက်ပိုင်းနိုင်ငံတွေမှာ ရေကို အသုံးချခွင့်ရှိသလို အောက်ပိုင်းနိုင်ငံတွေရဲ့ ရေအ
ခွင့်အရေးကို ကာကွယ်ရမယ် ဆိုတာပါပဲ။ ရေစီးနှုန်း၊အနည်အနှစ်၊ ရေလွှတ်မှု၊ ရေကြီးမှုနဲ့ ခြောက်သွေ့ရာသီ ရေရှားပါးမှုတွေဟာ နယ်စပ်တစ်ခုမှာ ရပ်မနေပါဘူး။

ဒီလို ဧရာမဆည်ကြီးတစ်ခုပျက်စီးမှုကြီးများ ဖြစ်ခဲ့မယ်ဆိုရင်လည်းအထိခိုက်ဆုံးနေရာက ဆည်တည်ဆောက်ထားတဲ့တိဘက်ဒေသ ဖြစ်လာနိုင်ပါတယ်။ ဆည်အတွင်း စုဆောင်းထားတဲ့ ရေထုကြီး ရုတ်တရက် လွတ်ထွက်လာနိုင်တာကြောင့် အောက်ပိုင်းဒေသတွေမှာ ရုတ်တရက်ရေကြီးမှု၊ မြေပြိုမှုနဲ့ မြေသား၊ ကျောက်သား၊ အပျက်အစီးတွေ အစုလိုက်စီးဆင်းမှု ဖြစ်လာနိုင်ပါတယ်။ မြစ်ကမ်းနားက ကျေးရွာတွေ၊ လမ်းတွေ၊ တံတားတွေနဲ့ အ
ခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးနိုင်ပြီး လူအသေအပျောက်နဲ့ နေရာရွှေ့ပြောင်းရမှုတွေ ဖြစ်လာနိုင်ပါတယ်။

ရေစီးကြောင်းဟာယာလွန်းဆန်ပိုးမြစ်အ
တိုင်း အောက်ဘက်ကို ဆက်လက်စီးဆင်းပြီး အိန္ဒိယနိုင်ငံ အာရုဏာချယ်လ် ပရာဒေ့ရှ် ထဲကိုရောက်ရှိလာနိုင်ပါတယ်။ အဲဒီမှာလည်း ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့်လူနေအိမ်၊ လမ်း၊တံတားနဲ့လျှပ်စစ်ဆိုင်ရာအခြေခံအ
ဆောက်အအုံတွေအကြီးအကျယ်ထိခိုက်နိုင်ပါတယ်။ အဲဒီနောက် အာသံဒေသကို ဖြတ်
သန်းတဲ့ ဗြဟ္မပုတ္တရမြစ်ဝှမ်းမှာ ရေကြီးရေ
လွှမ်းမှု ပိုမိုပြင်းထန်လာနိုင်ပြီး စိုက်ပျိုးမြေတွေနဲ့ လူနေထူထပ်တဲ့ ဒေသတွေကို ထိခိုက် နိုင်ပါတယ်။ရေစီးကြောင်းကဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုရောက်ရှိလာနိုင်တာကြောင့်အဲဒီဒေသတွေမှာလည်းရေကြီးရေလွှမ်းမှုနဲ့လူမှုစီးပွားရေးထိခိုက်မှုတွေဖြစ်
လာနိုင်ပါတယ်။

အနာဂတ်အန္တရာယ်က ဆည်ပျက်တာတစ်ခုတည်း မဟုတ်ပါဘူး။ ယာလွန်း ဆန်ပိုး မဟာဆည် ကို ပြောတိုင်းလူတွေအများဆုံးစဉ်း
စားမိတာက“ဆည်ကြီးပျက်သွားရင် ဘာဖြစ်မလဲ” ဆိုတာပါ။ ဒါပေမယ့် ပိုပြီး လက်တွေ့ကျတာတွေ ရှိပါတယ်။ ဆည်ပုံမှန်လည်ပတ်နေတဲ့အချိန်မှာ ရေစီးပုံ ပြောင်းလဲသွားမှာ၊ မိုးရာသီမှာ ရေများလွန်းလာရင် စီမံနိုင်ဖို့၊ ခြောက်သွေ့ရာသီမှာ အောက်ပိုင်းရေစီးနှုန်း အ‌ခြေအနေ၊ အနည်အနှစ် စီးဆင်းမှု‌ပြောင်း
လဲသွားမှာ၊ ငလျင်၊ မြေပြိုမှု နဲ့ ရေခဲမြစ်ဆိုင်ရာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ရင် ဘယ်သူက ဘယ်သူ့ကို ဘယ်လောက်စော
စော သတိပေးမလဲ။ ဒါတွေကပိုပြီးလက်တွေ့ကျပါတယ်။

အခု နိပေါရေဘေးမှာအဓိကအကြောင်းရင်း
ဟာ ဆည်မဟုတ်ဘဲ သဘာဝဘေး တစ်ဆင့်ပြီးတစ်ဆင့် ဆက်တိုက်ဖြစ်ပေါ်ခြင်း ပါ။ ဒါပေမယ့် အဲဒီသဘာဝဘေးက တစ်ချိန်တည်းမှာပဲ နောက်ထပ် အရေးကြီးတဲ့ အားနည်း
ချက်တစ်ခုကိုလည်း ပြလိုက်ပါတယ်။ အဲဒါကတော့ နိုင်ငံဖြတ်ကျော် ကြိုတင်သတိပေးစနစ်ပါ။ နိပေါကတောင်အမြင့်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အန္တရာယ်ကိုအချိန်မီသိနိုင်ဖို့ တရုတ်ဘက်က အချိန်နဲ့တပြေးညီ အချက်အလက် ပိုမိုရရှိချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်သဘာဝဘေးက ရုတ်တရက်တကယ် ဖြစ်လာတဲ့အခါ နိုင်ငံတစ်နိုင်ငံရဲ့ သတိပေး
စနစ် တစ်ခုတည်းနဲ့ မလုံလောက်နိုင်ပါဘူး။

ရေကိုထိန်းချုပ်ဖို့ဆည်တွေချည်းလိုတာမ
ဟုတ်ပါဘူး။ အန္တရာယ်ကို အတူတကွ စောင့်ကြည့်ဖို့စနစ်တစ်ခုလည်းလိုပါတယ်။ တရုတ်
နဲ့ အိန္ဒိယ ကြားမှာ ဗြဟ္မပုတ္တရ/ယာလွန်း ဆန်ပိုး အပေါ် ရေမဟာဗျူဟာပြိုင်ဆိုင်မှုကလည်း ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စကို “ရေစစ်ပွဲ” လို့ပဲ မြင်လိုက်ရင် ပြဿနာရဲ့ တစ်
ဝက်ကိုပဲမြင်ရပါလိမ့်မယ်။“ရေစစ်ပွဲထက်ရေ
အရင်းအမြစ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု
က ပိုအရေးကြီးလာပါပြီ ။
👍74🤮2🔥1
တကယ်လိုအပ်တာကတော့ အချိန်နှင့်တပြေးညီ ရေအခြေအနေဆိုင်ရာ အချက်အလက်တွေကို မျှဝေခြင်း၊ ရေခဲမြစ်တွေရဲ့ အခြေ
အနေကို စောင့်ကြည့်၊ရရှိတဲ့ အချက်အလက်တွေကို မျှဝေခြင်း၊သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးစနစ်တွေကို အချင်းချင်း ချိတ်ဆက်ခြင်း၊ ဆည်တွေရဲ့ ရေထိန်းချုပ်လည်ပတ်မှုဆိုင်ရာ အချက်အလက်တွေကို ပိုမိုပွင့်လင်းစွာ မျှဝေခြင်း၊ ငလျင်နဲ့ မြေပြိုမှုအန္တရာယ်တွေကို ကြိုတင်အကဲဖြတ်ခြင်း၊ မြစ်အောက်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံလူထုတွေကို ဆုံးဖြတ်ချက်ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးခြင်း၊ စီမံကိန်းကြောင့် ထိခိုက်နစ်နာရတဲ့ ဒေသခံတွေအတွက် ထိရောက်တဲ့ နစ်နာကြေးပေးခြင်းနဲ့ နေရာပြန်
လည်ချထားပေးခြင်း၊ နိုင်ငံနယ်နိမိတ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ပူးတွဲအကဲဖြတ်မှုတွေ ပြုလုပ်ခြင်းတို့ ဖြစ်ပါတယ်။ဒီအရာတွေမရှိဘဲဆည်ကြီးတွေတည်
ဆောက်လာမယ်ဆိုရင်လျှပ်စစ်ပိုရနိုင်ပေမယ့်
ယုံကြည်မှုက ပိုနည်းလာနိုင်ပါတယ်။

ဟိမဝန္တာဟာ တစ်နိုင်ငံတည်းပိုင်တဲ့ တောင်
တန်းမဟုတ်ပါဘူး။ တောင်ပေါ်မှာ ရေခဲကျတာက တစ်နိုင်ငံရဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီရေက မြစ်ကြောင်းအတိုင်း အောက်ကို ဆင်းလာပြီဆိုရင် နိုင်ငံအများအပြားရဲ့ ပြဿနာ ဖြစ်လာပါတယ်။ တိဘက်မှာ တရုတ်က ဆုံးဖြတ်ပါတယ်။အာရုဏာချယ်လ် ပရာဒေ့ရှ် မှာ အိန္ဒိယက ဆုံးဖြတ်ပါတယ်။အောက်ပိုင်းမှာဘင်္ဂလားဒေ့ရှ်ကခံစားရပါတယ်။

နိပေါ ရေဘေးကနေ နောက်ထပ် မြင်နိုင်ခဲ့တာတခုကတော့ သဘာဝဘေးက နယ်စပ်ကို မသိသလို ရေကလည်း နိုင်ငံရေးနယ်နိမိတ်ကို မလိုက်ပါဘူး။ ဒါကြောင့် အနာဂတ် ဟိမဝန္တာအတွက် အရေးကြီးဆုံးက “ဟိမဝန္တာရဲ့ ရေကို ဘယ်သူပိုင်တယ်” ဆိုတာ မဟုတ်တော့ဘဲ “ဟိမဝန္တာရဲ့ ရေကို ဘယ်သူတွေ အတူတကွ စီမံနိုင်မလဲ”ဆိုတာဖြစ်လာနေပါပြီ။

နိပေါ ရေဘေးက လူထောင်ဂဏန်း သေဆုံး၊ ထောင်နဲ့ချီ ပျောက်ဆုံးနေတဲ့ အဖြစ်ဆိုးတစ်ခုတည်း မဟုတ်ပါဘူး။ ရာသီဥတုပြောင်းလဲမှု၊ ရေခဲမြစ်တွေရဲ့ မတည်ငြိမ်မှုနဲ့ ဧရာမဆည်ကြီးတွေ တည်ဆောက်ဖော်ဆောင်မှု၊ ဒေသခံအခွင့်အရေးနဲ့ နိုင်ငံဖြတ်ကျော်ရေစီမံခန့်ခွဲမှုတွေ တစ်နေရာတည်းမှာ ဆုံလာပြီဆိုတဲ့ သ
တိပေးချက်တစ်ခုလည်း ဖြစ်ပါတယ်။ ဟိမ
ဝန္တာရဲ့ ရေကတော့ အောက်ကို ဆက်စီးနေဦးမှာပါ။ အဲဒီရေနောက်ကို လူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကပါ လိုက်နိုင်မလားဆိုတာပဲ ဖြစ်ပါတယ်။ ။

ဓါတ်ပုံ-CKGSB

ကိုးကား - Reuters၊ Xinhua၊ The Indian Express၊ Government of China / State Council — Yarlung Zangbo hydropower project groundbreaking, July 19, 2025.

#လွန်းဆန်ပိုးမြစ် #YarlungTsangpo
#တရုတ် #အန္ဒိယ #ဘင်္ဂလားဒေ့ရှ်
👍148🔥1🤮1
👍12🤔4🔥1🤣1
လွိုင်ကော်အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေမကျရေး စစ်‌တပ် လေကြောင်းကခုခံနေ

စက်တင်ဘာ -၅၊၂၀၂၆။ဇော်၀င်း/People's Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

လွိုင်ကော်-လွိုင်လင်လေးလမ်းပိုင်းအနီးက တပ်စခန်းကုန်းတွေကို ဩဂုတ်လနောက်ဆုံးပတ်ကစပြီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

အဲဒီထိုးစစ်ဆင်မှုအရ လွယ်ထွယ်ရွာအနီးတဝိုက်က စခန်းကုန်းကို ဩဂုတ် ၂၆ ရက်မှာ ကရင်နီပူးပေါင်းတပ်တွေ ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လွယ်ထွယ်ကျေးရွာရဲ့ တောင်ဘက်ခြမ်းက စစ်တပ်စခန်းကုန်းတွေ မကျရေးအတွက် မနေ့က(စက်တင်ဘာ ၄ ရက်)တစ်ရက်တည်းမှာပဲ လေကြောင်းကနေ ၃ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်က အသိပေးပါတယ်။

"နောက်ထပ်စခန်းကုန်းတစ်ခု ထပ်ရတယ်ဆိုတာတော့ ကြားတယ်။ဒါပေမယ့် အတည်ပြုနိုင်ဖို့ လိုသေးတယ်။ လေ‌ယာဉ်ကတော့ မနေ့က တောက်လျှောက်ကြဲတယ်"လို့ သူက ပြောပါတယ်။

အဲဒီစခန်းကုန်းတွေဟာ အာဏာသိမ်းစစ်တပ်က ပြန်ဖွင့်ဖို့ကြိုးပမ်းနေတဲ့ လွိုင်ကော်မြို့လေဆိပ်အတွက် အရေးပါတဲ့နေရာတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

"အကြောင်းကုန်စင် သတင်းမရသေးပါဘူး"လို့ လွိုင်ကော်အရှေ့ဘက်ခြမ်းစခန်းကုန်းတွေထိုးစစ်ဆင်မှုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာ၀န်ရှိသူက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်နယ်မှာ ဒီးမော့ဆို၊ဖရူဆို မြို့နယ်နဲ့ ကရင်နီနဲ့ ရှမ်းတောင်အစပ်က မိုးဗြဲမြို့တွေမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေလို့ မကြာခဏ တိုက်ပွဲဖြစ်နေပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့နဲ့ဒီးမော့ဆိုမြို့ ဒေါငံခါးရွာကတဆင့် ကရင်နီတပ်ပေါင်းစု ထိန်းချုပ်ထားတဲ့နန်းမယ်ခုံမြို့ကို ရယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်က အခြေစိုက်တပ်တွေ ချိတ်ဆက်နိုင်ဖို့ အဓိက လမ်းပိုင်းတွေမှာလည်း စစ်တပ်က အင်အားဖြန့်ထားတယ်လို့ သိရပါတယ်။



𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ကရင်နီပြည်#လွိုင်ကော်မြို့#စစ်တပ်စခန်းကုန်း
#စစ်တပ်
👍2210🤮4👎2👏2🥰1
(ကရင်နီပြည်မှာ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်တပ်လေယာဉ်ကို တွေ့ရစဉ်။ ဓာတ်ပုံ − KNDF)
🤬167🤮7👎4🖕4👏1
မင်းဘူးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မသန်စွမ်းအမျိုးသမီး နဲ့ ကလေးငယ်ကို သတ်ဖြတ်

စက်တင်ဘာ -၅၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မုတ္တောကြီးကျေးရွာက မသန်စွမ်းအမျိုးသမီး ၁ဦး နဲ့ ကလေးငယ် ၁ဦးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

ဒီကနေ့(စက်တင်ဘာ ၅ရက်)မနက် ၆နာရီ၀န်းကျင်မှာ အင်အား ၈၀နီးပါးပါတဲ့ စစ်တပ်စစ်ကြောင်းက မုတ္တောကြီးကျေးရွာ ၀င်ရောက်စီးနင်းပစ်ခတ်ခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။

အဲဒီဖြစ်စဉ်မှာ စကားမပြောနိုင်တဲ့ မသန်စွမ်း အမျိုးသမီး မဝေဝေဌေး (၂၀)နှစ် နဲ့ (၁၃)နှစ်အရွယ် မောင်ဝိုင်းလမင်းအောင်တို့ဟာ ဝမ်းဗိုက်၊ ရင်အုံ၊ လည်ပင်းနဲ့ ခြေထောက်တွေမှာ ကျည်ဆံဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် (၇)နှစ် အရွယ် မအိသီရိအောင်လည်း စိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အသိပေးပါတယ်။

"ရွာထဲကို ၀င်ပစ်ကြတာ။လက်ရှိစစ်ကြောင်းက ပေါင်းရွာဘက်ကိုပြန်ဆုတ်တယ်။စကုမြို့ဘက်ကို တချို့တ၀က်ပြန်ဆုတ်သွားကြတယ်"လို့ မင်းဘူးမြို့ခံတစ်ဦးက ပြောပါတယ်။

မုတ္တောကြီး ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို တော်လှန်ရေးတပ်တွေလည်းမရှိပဲ စစ်တပ်က အကြောင်း မဲ့၀င်ရောင်ပစ်ခတ်ခဲ့တာလို့ မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

"စစ်ကြောင်းက စကုနဲ့ ပေါင်းရွာမှာ အထိုင်ချထားတဲ့စစ်ကြောင်းပေါင်းပြီးတော့ သူတို့လူပြောင်း‌လူရွှေ့လုပ်တာလို့ယူဆတယ်။အဲဒီအချိန် မုတ္တောရွာကို၀င်ပြီးစီးတာ"လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း မင်းဘူးမြို့နယ် မန်းချောင်းတစ်လျှောက်က ကျေးရွာတွေကို စစ်တပ်စစ် ကြောင်းထိုးခဲ့ပြီး အရပ်သား ၃ဦးကိုသတ်ဖြတ်တာ ဒေသခံတွေရဲ့ နေအိမ်တွေဖျက်ဆီးတာနဲ့ ရွှေ၊ ငွေ၊ ကျွဲ၊နွား၊ လယ်ယာသုံး စက်ပစ္စည်းနဲ့ အိမ်ကြမ်းခင်းထားတဲ့ ပျဉ်ကအစ ခိုးယူသွားတယ်လို့ သိရပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#မင်းဘူးမြို့နယ်#စစ်တပ်စစ်ကြောင်း#မသန်စွမ်းအမျိုးသမီး
#စစ်တပ်သတ်ဖြတ်
🤬295😢4👎3
🤬26😢154👎1
ရခိုင်ပြည်နယ် အ​ခြေခံကုန်​ဈေးနှုန်းများ

-People's Spring

ရခိုင်ပြည်နယ်အတွင်း အ​ခြေခံကုန်စည်​တွေနဲ့ အ​ရေးကြီးကုန်စည်​တွေရဲ့ စစ်တပ်အာဏာမသိမ်းခင် ​ဈေးနှုန်း နဲ့ စစ်တပ်အာဏာသိမ်းပြီး​​နောက် ဒီ​နေ့ဈေးနှုန်း​တွေကို ​ဖော်ပြ​​ပေးထားပါတယ်။ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတာမှာ အာရက္ခတပ်​တော် (AA)က ၁၄ မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ဒါ​ကြောင့် စစ်တပ်ထိန်းချုပ်နိုင်တာစစ်​တွေ၊​ကျောက်ဖြူ ၊မာန်​အောင်သုံးမြို့နယ်ပဲကျန်ပါတယ် ။ AA ထိန်းချုပ်​ဒေသ​တွေနဲ့ စစ်တပ် ထိန်းချုပ်​ဒေ
သ​တွေရဲ့ ​ဈေးနှုန်း​တွေကိုလည်း နှိုင်းယှဥ်​ဖော်ပြထားပြီး AA ထိန်းချုပ်​ဒေသ​တွေက ကုန်စည်အများစုမှာ ​ဈေးပိုသက်သာတာကို​တွေ့ရပါတယ် ။

#လူထု​​နွေဦး #People'sspring
#ရခိုင်ပြည်နယ် #ကုန်​ဈေးနှုန်း #AA
👍112👎2🔥2🖕1
😢18👍4🔥2
H&M အဝတ်အထည်တွေချုပ်တဲ့ ထန်းတပင်မြို့နယ်က သိုးမွေးစက်ရုံ စက်တင်ဘာလကုန်မှာ ပိတ်သိမ်းမယ်

စက်တင်ဘာ−၅၊၂၀၂၆။မိုမို/People's Spring

ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ H&M အဝတ်အထည်တွေ ချုပ်တဲ့ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်က Teng Hui Myanmar သိုးမွေးစက်ရုံ စက်တင်ဘာလကုန်မှာ ပိတ်သိမ်းတော့မယ်လို့ သိရပါတယ်။

၂၀၁၃ ကတည်းက စတင်ချုပ်ခဲ့တဲ့ Teng Hui Myanmar သိုးမွေးအထည်ချုပ်စက်ရုံဟာ H&M ကုမ္ပဏီရဲ့အ၀တ်အထည်တွေအတွက် ကုန်ကြမ်းနဲ့ အမှာစာမရတော့တာကြောင့် စက်ရုံပိတ်သိမ်းဖို့ ဖြစ်လာတာလို့ ဆိုပါတယ်။ လက်ရှိမှာ စက်ရုံလုပ်သား ၂၀၀၀ ကျော် ရှိပါတယ်။

လာမယ့်အောက်တိုဘာ ၁ ရက်မှာ အပြီးပိတ်သိမ်းမှာဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်ကစတင်ကာ စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်ရပ်နားရမယ့် အလုပ်သမားတွေကို လုပ်သက်အလိုက် နစ်နာကြေးပေးသွားမယ်လို့ စက်ရုံက တရားဝင် ကြေညာပါတယ်။

လွန်ခဲ့တဲ့ ၄လခန့်ကလည်း H&M အ၀တ်အထည်တွေချုပ်နေရတဲ့ ရွှေပြည်သာမြို့နယ်က King Rich Fishion အထည်ချုပ်စက်ရုံဟာလည်း အမှာမရတော့တာကြောင့် ပိတ်သိမ်းခဲ့ရပါတယ်။

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုကို အာဏာသိမ်း စစ်တပ်က အခုနှစ် ဇွန်လမှာ ကန့်သတ်လိုက်ပါတယ်။

"လုပ်ငန်းစဉ်က စနေပြီး ။စက်ပစ္စည်း အပိုမှာရင်အော်ဒါအသစ် ရှိကြောင်းပြရမယ်။ ပို့ကုန်ဒေါ်လာအားလုံး နိုင်ငံခြား‌ ငွေရင်းနှီးမြုပ်နှံမှုထံက‌နေတဆင့်ငွေအားလုံးကို ဗဟိုဘဏ်ထံစာရင်းသွင်းပေးရတယ်။ လိုအပ်တဲ့ကစ္စည်းဒေါ်လာနဲ့ ၀ယ်ဖို့ဆိုရင် ကုန်သယ်ကြီးများအသင်းထံတင်ပြခွင့်ပြုချက်ရယူဖို့ ဒေါ်လာငွေပြရမယ်။အပ်ချုပ်စက်လို ပစ္စည်းတွေက ပြည် တွင်းမှာမရှိတဲ့ဟာလေ။CMP တွေရဲ့ဒုက္ခ မသေးတော့ဘူး"လို့ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ကျွမ်းကျင် အလုပ်သမားရှားပါးမှု၊ အလုပ်အပ်နှံရေး စိန်ခေါ်မှု၊ လျှပ်စစ်မီးရရှိရေး စိန်ခေါ်မှုတွေအပြင် ကုန်ကြမ်းပြတ်တောက်မှု မရှိစေဖို့အတွက် အထည်ချုပ်လုပ်ငန်းတွေ ရုန်းကန်ရမယ့် နောက်ထပ်စိန်ခေါ်မှုလို့ သူက ဆိုပါတယ်။

နှစ်စဉ် ပြည်ပတင်ပို့မှုကနေ ဒေါ်လာ ၄ ဘီလီယံ နဲ့ ၅ ဘီလီယံကြားရရှိတဲ့ အထည်ချုပ်လုပ်ငန်းကနေ ကုန်ကြမ်းပြန်လည်တင်သွင်းမှုအရ ဒေါ်လာ ၃ ဘီလီယံ ၀န်ကျင်ရှိတယ်လို့ သိရပါတယ်။

"ကန့်သတ်ချက်က ကုန်သွယ်မှုလိုငွေပြတာကြောင့်လဲ ပါကောင်းပါနိုင်ပေမယ့် ဒီပုံစံအတိုင်းဆို အထည် ချုပ်လုပ်ငန်းတွေ အသက်ရှုကြပ်ကြတော့မယ်။တဆက်တည်းမှာပဲ လုပ်ငန်းခွင်က အလုပ်သမားထုပါ အနည်းနဲ့အများသက်ရောက်လိမ့်မယ်"လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၅နှစ်အတွင်း အထည်ချုပ်ကဏ္ဍကနေ ထွက်ခွာသွားတဲ့ လုပ်ငန်း ၂၀၀ ကျော်ရှိခဲ့ပြီး လက်ရှိမှာ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံတဲ့ အထည်ချုပ်စက်ရုံ ၆၀၈ ခုရှိပြီး တရုတ်နိုင်ငံသားပိုင်စက်ရုံ ၃၆၇ ခုရှိတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကုမ္ပဏီတွေထွက်ခွာသွားတာ၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မလာတော့တာကြောင့် နိုင်ငံခြားငွေရရှိဖို့ ဗိုလ်ချုပ်ကြီးအဆင့်ရှိသူတွေ စစ်တပ်ခန့်အပ်ထားတဲ့ ၀န်ကြီးတွေနဲ့ ၂၀၂၂ မှာ FESC ကို ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ပြည်ပကုန်သွယ်မှုကနေရတဲ့ ဒေါ်လာငွေတွေနဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ခဲ့ပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တွေရတဲ့ ဒေါ်လာငွေကို ရည်ညွှန်းစျေး(တစ်ဒေါ်လာကို ကျပ် ၂၁၀၀)လဲလှယ်ပြီး ဗဟိုဘဏ်ကို ပြန်အပ်ဖို့ စစ်ကောင်စီက ဖိအားပေးခဲ့ပါတယ်။

ပို့ကုန်ရငွေ ဒေါ်လာ သန်း ၁၀၀ ရှိပါက ၆၅ သန်းကို မြန်မာကျပ်ငွေ လဲလှယ်ဖို့သတ်မှတ်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ရငွေရဲ့ တစ်ဝက် နဲ့ ၂၀၂၅မှာ ၂၅ ရာခိုင်နှုန်းနဲ့ အခုနှစ်မှာ ၁၅ ရာခိုင်နှုန်းကို မဖြစ်မနေ ပြန်သွင်းရပါတယ်။

လက်ရှိ ပြည်ပက စက်သုံးဆီ၊ဆေးဝါး နဲ့ ကုန်ချောပစ္စည်းအများစုဟာ အထည်ချုပ်လုပ်ငန်းရဲ့ပို့ကုန်၀င်ငွေ ကို စစ်တပ်က အသုံးပြုနေတာဖြစ်ပါတယ်။




𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#အထည်ချုပ်စက်ရုံပိတ်သိမ်း#Teng Hui Myanmar#H&M
#ထန်းတပင်မြို့
14👍8😢5🔥2🖕1
(ပိတ်သိမ်းတော့မယ့် ထန်းတပင်မြို့နယ်က Teng Hui Myanmar သိုးမွေးစက်ရုံ လုပ်သားတွေ။ ဓာတ်ပုံ − MSSK/FB)
👍17😢4🔥2
စစ်တပ်ပြန်ကြားရေးနဲ့ စစ်လော်ဘီတွေပြောတာမယုံဘဲ စစ်သားတွေ အလင်းဝင်ကြဖို့ ပြည်သူ့ပန်းတိုင် တိုက်တွန်း

စက်တင်ဘာ ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ ပြန်ကြားရေးနဲ့ စစ်လော်ဘီတွေ ပြောသမျှ မယုံကြဘဲ စစ်သားတွေ အလင်းဝင်လက်နက်ချကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေတဲ့ စစ်တပ်ရဲ့ ပြေးဟပရောဂျက် ယခုတပတ် အစီအစဉ်ကို ဒီကနေ့ စက်တင်ဘာ ၅ရက်မှာ ဖော်ပြခဲ့ရာ ဩဂုတ်နောက်ဆုံးပတ်အတွင်း စစ်တပ်က အလင်းဝင်၊ ပူးပေါင်း လက်နက်ချ အခြေအနေကို အသိပေးရင် အခုလို တိုက်တွန်းလိုက်တာပါ။

“လူမှုကွန်ယက်ပေါ်က သတင်းတု၊ သတင်းမှားတွေကို မယုံကြည်ကြဖို့ တပ်ချုပ် ရဲဝင်းဦးက ပြောပါတယ်။ဟုတ်ပါတယ်၊ မယုံကြပါနဲ့။စစ်တပ်စိုးမိုးထားတယ်"ဆိုတဲ့ စစ်လော်ဘီချန်နယ်က တင်တဲ့သတင်းတွေကို ယုံပြီး လမ်းသလားမိလို့ PDF တွေဆီမှာ အဖမ်းခံလိုက်ရတဲ့ အရာရှိတွေ၊ ရဲတွေ၊ စစ်သားတွေ မနည်းတော့ပါဘူး။ အခုလည်း ဗန်းမော်သွားတဲ့ စစ်သင်္ဘောတွေ ဘာမှ မဖြစ်ပါဘူးဆိုပြီး စစ်လော်ဘီတွေ ပြောနေကြချိန်မှာ စင်းခန်းနား အတိုက်ခံရလို့ စစ်သင်္ဘောတွေ နစ်မြုပ်ပြီး စစ်သားတွေ ဧရာဝတီမြစ်ထဲ မျောနေကြပါတယ်။ ဉာဏ်ကူပြီး အလံဖြူထောင်သူတွေကတော့ အသက်ရှင်သန်ခွင့် ရသွားကြပါပြီ။ဟုတ်ပါတယ်၊ စစ်တပ်ပြန်ကြားရေးနဲ့ စစ်လော်ဘီတွေ ပြောသမျှ မယုံကြပါနဲ့။ စစ်သည်တွေ အလင်းဝင်ကြပါ၊ လက်နက်ချကြပါ။” လို့ ပြည်သူ့ပန်းတိုင်က ရေးသားထားပါတယ်။

ဩဂုတ်လ စတုတ္ထပတ်အတွင်း အလင်းဝင် ၊ လက်နက်ချသူ စစ်သား ၆ဦး အပါအဝင် ၂၀၂၅ ဇန်နဝါရီကနေ အခုနှစ် ဩဂုတ် စတုတ္ထပတ်အထိ အလင်းဝင် လက်နက်ချနဲ့ စစ်သုံ့ပန်း စုစုပေါင်း ၃၈၂၁ ဦး ရှိကြောင်း ပြည်သူ့ပန်းတိုင်က အသိပေးထားပါတယ်။

ပြည်သူ့ပန်းတိုင်က ဖော်ပြတဲ့ ဗန်းမော်မြို့ကို သွားတဲ့ စစ်သင်္ဘောတွေက အလံဖြူထောင် လက်နက်ချမှု ဖြစ်စဉ်ဟာ စက်တင်ဘာ ၂ရက်နေ့မှာ ဖြစ်ပွားခဲ့တာပါ။

စက်တင်ဘာ ၂ရက်မှာ ရွှေကူကနေ ဗန်းမော်မြို့ကို သွားတဲ့ စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘော ၂စီးဟာ ကမ်းကပ် အလံဖြူထောင်လက်နက်ချခဲ့တာလို့ဆိုပါတယ်။

သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ စစ်သား ၁၅၀ ကျော်နဲ့ ရဲတွေ အပါအဝင် စစ်သုံ့ပန်း ၁၉၀ ခန့် ရှိပြီး လုံခြုံရာ ပြောင်းရွှေ့ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်သင်္ဘောတွေ ထိခိုက်နစ်မြှုပ်စဉ် ရေထဲခုန်ချ ရေထဲမျောပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း KIA ပူးပေါင်းတပ်က ကမ်းကပ်စေပြီး ဖမ်းဆီးရမိတာတွေလည်းရှိပါတယ်။
👍29🥰43🤣2👏1🖕1
(ကရင်ပြည်နယ်မှာ ကော်ဘရာစစ်ကြောင်းဆီ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဗိုလ်မှူးစောဒါဘောနဲ့အတူ စက်တင်ဘာ ၄ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − CJ)
27👍8🥰4🤣1🖕1
■​ဆောင်းပါး

Tiktok ပေါ်က ကျားဖြန့်ဗိုလ်မှူးများ

-ထွန်းညိုဦး/People's Spring

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာ
သိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်
ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH တဲ့။တခြားတခြား အကောင့်တွေလည်း အများကြီး ရှိပါသေးတယ်။

အဲဒီဗိုလ်မှူးဆိုသူတွေက ဝန်ဆောင်မှုပေးပါတယ်တဲ့။ ဘာဝန်ဆောင်မှုလဲဆိုတော့ စစ်မှု
ထမ်းပေါ်တာဆွဲခံရသူတွေကို ပြန်ထုတ်ပေးပါသတဲ့။ယုံကြည်မှ စကားလာပြောဆိုတာလည်း ပါ ပါသေးတယ်။

​သူတို့အကောင့်တွေကို သွားကြည့်လိုက်ရင်တော့ တကယ့် စစ်တပ်က အရာရှိဗိုလ်မှူးတွေရဲ့အကောင့်အစစ်အတိုင်းထင်မှတ်ရလောက်အောင် ဖန်တီးထားကြပါတယ်။ စစ်မှုထမ်းသင်တန်းကျောင်းထဲက ဗီဒီယိုတွေ၊ စစ်မှု
ထမ်း လေ့ကျင့်ရေးဆင်းနေတဲ့ ဗီဒီယိုတွေ၊ စစ်မှုထမ်းဥပဒေအကြောင်း ရေးသားထားတာတွေကို ဝေဝေဆာဆာ တင်ထားတာ တွေ့ရပါလိမ့်မယ်။ "သင်တန်းတက်နေတုန်းဆိုရင် တစ်ပတ်အတွင်း ပြန်ထုတ်ပေးပါတယ်" လို့လည်း စည်းရုံးတတ်ကြပါတယ်။

​အဲဒီအကောင့်တွေဟာ စစ်ကောင်စီတပ်သားတွေနဲ့ အရာရှိတွေရဲ့ TikTok အကောင့်တွေမှာ တင်ထားတဲ့ ယူနီဖောင်းဝတ် ဗီဒီယိုတွေ၊ ဌာနရုံးခန်းဗီဒီယိုတွေကို ဒေါင်းလုပ်လုပ်ပြီး ပြန်တင်ကြပါတယ်။ ဒါ့အပြင် စစ်မှုထမ်းပြီး ပြန်လာသူ တစ်ဦးတလေရဲ့ မိသားစုနဲ့အတူ ရိုက်ကူးပြီး တင်ထားတဲ့ ဗီဒီယိုဟောင်းတွေကိုလည်း ခိုးယူအသုံးပြုကြပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး အချက်အလက်တွေကိုလည်း ကျွမ်းကျင်သူတစ်ယောက်လို နှံ့စပ်ပုံစံမျိုး ရေးသားပြီး ဥပဒေအကိုးအကားတွေကိုပါ မကြာခဏ ထည့်သွင်းလေ့ရှိပါတယ်။

စစ်မှုထမ်းအဖြစ် အဖမ်းခံရတဲ့အဆင့်ကနေ စစ်သင်တန်းကျောင်းရောက်နေဆဲ အဆင့်ထိ ငွေနဲ့ပြန်ထုတ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ကျန်းမာရေးမကောင်းလို့ ဆေးကျတဲ့ကင်း
လွတ်ခွင့်ပုံစံနဲ့ တရားဝင် ပြန်ထုတ်ပေးမယ်ဆိုပြီး လိမ်လည်ကြေညာကြတာ ဖြစ်ပါတယ်။

​တကယ်တော့ အဲဒီအကောင့်တွေဟာ ပေါ်တာဆွဲခံရလို့ စိုးရိမ်ပူပန်နေကြတဲ့ မိသားစုဝင်တွေရဲ့ အခက်အခဲကို အခွင့်ကောင်းယူပြီး ငွေကြေးလိမ်လည်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေရဲ့ လက်ချက်သာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အဲဒီလို လိမ်လည်ခံရသူတွေ အများအပြားရှိနေပြီး ကျပ်သိန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိ လိမ်လည်ဆုံးရှုံးသွားခဲ့ရသူတွေ ရှိနေတယ်လို့ သိရပါတယ်။

​တကယ်တမ်းမှာလည်း စစ်မှုထမ်းပေါ်တာဆွဲခံရလို့မိသားစုတွေအနေနဲ့ နီးစပ်ရာအဆက်
အသွယ်တွေ၊ ငွေကြေးအမြောက်အမြားအ
သုံးပြုပြီး ပြန်ရွေးတဲ့ ဖြစ်စဉ်ဆိုးကြီးတွေက မြေပြင်မှာ အမှန်တကယ် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။အဲဒီလိုနာကျင်စရာကောင်းတဲ့ လက်
တွေ့ဖြစ်ရပ်တွေကို အခွင့်ကောင်းယူပြီး စစ်
မှုထမ်း မိသားစုဝင်တွေရဲ့ စိုးရိမ်ပူပန်မှုကို ငွေရှာလမ်းအဖြစ် အသုံးချကာ TikTok ပေါ်ကနေ တစ်ဆင့် လိမ်လည်လှည့်ဖြားမှုတွေ ပိုမိုကြီးထွားလာနေပြီ ဖြစ်ပါတယ်။

နောက်တစ်ခုက မိမိ မိသားစုဝင်တစ်ယောက် ပေါ်တာဆွဲခံရလို့၊ ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်တွေပေါ် တင်တဲ့အခါ မိသားစုဆီဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေပါ တင်တတ်ကြပါတယ်။ အဲဒီအချိန်မှာမသမာသူတွေက ဆက်သွယ်ငွေညှစ်တာတွေ ကြုံရပါတော့တယ်။

TikTok၊ Facebook စတဲ့ လူမှုကွန်ရက်တွေပေါ်ကနေဖြစ်ဖြစ်၊ ပျောက်ဆုံးနေတဲ့ ကိုယ့်မိသားစုဝင် ပြန်တွေ့ပြီဆိုပြိး ဆက်သွယ်ရင်ဖြစ်ဖြစ် ငွေကြေးယူပြီး စစ်မှုထမ်းသင်တန်းကျောင်းထဲကနေ လူထုတ်ပေးမယ်၊ ဆေးကျခွင့်တင်ပေးမယ်ဆိုတဲ့ ဘယ်လိုအကောင့်၊ ဘယ်လိုပုဂ္ဂိုလ်ရဲ့ စကားကိုမှ လုံးဝမယုံကြည်ဖို့ လိုပါတယ်။ ၎င်းတို့ဟာ ငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေ သက်သက်သာ ဖြစ်ပါတယ်။

လိမ်လည်သူတွေဟာ မိသားစုဝင်တွေရဲ့ စိုး
ရိမ်ပူပန်မှုကို အသုံးချပြီး ငွေကြေးကို KPay၊ Wave Money ဒါမှမဟုတ် ဘဏ်အကောင့်တွေကတစ်ဆင့် ကြိုတင်လွှဲခိုင်းတတ်ပါတယ်။ လူကိုယ်တိုင် သေချာမတွေ့ရဘဲ ဘယ်
တော့မှ ငွေကြေးလွှဲပြောင်းပေးအပ်တာမျိုး လုံးဝ မပြုလုပ်သင့်ပါဘူး။

ပေါ်တာဆွဲခံရသူရဲ့ အချက်အလက်တွေ၊ မိသားစုရဲ့ ဖုန်းနံပါတ်၊နေရပ်လိပ်စာနဲ့ အ
ကျပ်အတည်းဖြစ်နေတဲ့ အခြေအနေတွေကို အွန်လိုင်းပေါ်မှာ အလွယ်တကူ မတင်ပြမိဖို့ သတိပြုရပါမယ်။ အဲဒီအချက်အလက်တွေကို လိမ်လည်သူတွေက နောက်ထပ် ခြိမ်း
ခြောက်ငွေတောင်းဖို့အတွက် ပြန်လည်အ
သုံးချတတ်ကြပါတယ်။

​လက်ရှိဖြစ်ပျက်နေတဲ့ မိသားစုတွေရဲ့ နာကျင်မှုကို အခွင့်ကောင်းယူပြီး ထပ်မံသွေးစုပ်နေတဲ့ အွန်လိုင်းလိမ်လည်မှုတွေအပေါ် ပြည်သူတစ်ဦးချင်းစီက အထူးသတိပြုဆင်ခြင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ။



#စစ်မှုထမ်း #ကျားဖြန့် #စစ်သားဗိုလ်မှူး
#လူထု​နွေဦး #Ludunwayoo #Peoplesspring
18👍9🤬2🥴2🔥1
Tiktok ​ပေါ်က​ငွေ​ကြေးလိမ်လည်​နေတဲ့
အ​ကောင့်​တွေ
13👍10🥴3👎2🔥1😁1🤬1
■ရုပ်ရှင်ခံစားမှု

မေတ္တာထွေးလို့ နွေးပါစေ
Her Love Boils Bathwater(၂၀၂၆)

-ဝဇီရာ/People's Spring

ဖူတာဘဟာ သမီးဖြစ်သူ အဇူမီနဲ့ ရုန်းကန်နေရတဲ့ တစ်ကိုယ်တည်း မိခင်တစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူက ဆုံးသွားတာတော့ မဟုတ်ဘူး။ လုံးဝအဆက်အသွယ်မရဘဲ ပျောက်ခြင်းမလှ ပျောက်သွားခဲ့တာ။ ဒါပေမယ့် ဖူတာဘဟာ စိတ်ဓါတ်ကြံ့ခိုင်လှပါတယ်။

​တစ်နေ့မှာ ဖူတာဘဟာ အလုပ်ထဲမှာ ရုတ်တရက်ကြီး မူးလဲသွားခဲ့တယ်။ ဆေးစစ်ချက်ရတော့ ဆရာဝန်ကပြောတယ်။ သူ့မှာ ကင်ဆာရောဂါ နောက်ဆုံးအဆင့်တဲ့။အသက်ရှင်ဖို့ လနည်းနည်းလေးပဲ ကျန်တော့တာကို သိလိုက်ရတယ်။

ဖူတာဘ ခေါင်းနပန်းကြီးသွားခဲ့တယ်။ သူမရှိတော့ရင် သမီးကလေးတစ်ယောက်တည်း လူ့လောကကြီးထဲ ဘယ်လိုဖြတ်သန်းမလဲလို့ စိတ်ပူသွားတယ်။သမီးကလေးကသူ့လိုမဟုတ်ဘူး။သူ့လောက်မသန်မာဘူး။ကျောင်း
မှာလည်း အတန်းတူကျောင်းသူတွေရဲ့ အနိုင်ကျင့်တာကိုလည်း ခံရတယ်။ ဖူတာဘဟာ သမီး​လေးကို သန်မာလာအောင် လေ့ကျင်ပေးတယ်။

သူဆုံးသွားပြီးနောက်ပိုင်း သမီးလေးတစ်
ယောက်တည်း မဖြစ်ရအောင် ခင်ပွန်းဖြစ်သူကို ရှာဖွေခဲ့တယ်။ ခင်ပွန်းဟာ နောက်ထပ်အိမ်ထောင်ကရတဲ့ သမီးကလေးနဲ့ ဒေသတခုမှာ နေနေခဲ့တာပါ။နောက်အိမ်ထောင်အမျိုး
သမီးကတော့ သူတို့ကိုချန်ထားပြီး အဝေးကိုထွက်သွားတာကြာပြီတဲ့။ ဖူတာဘဟာ ခင်
ပွန်းကိုကော နောက်အိမ်ထောင်ကရတဲ့ သမီးလေးကိုပါ အိမ်ပေါ်ခေါ်တင်ခဲ့တယ်။ မိသားစုအားလုံး စုစည်းပြီး ပိတ်ထားခဲ့ရတဲ့ ရေနွေးစိမ်ကန်လုပ်ငန်းကိုပြန်လည်လည်ပတ်ဖို့ ကြိုး
စားတယ်။

နောက်အိမ်ထောင်ကပါလာတဲ့ သမီးကလေးမှာလည်း စိတ်ဒဏ်ရာတွေနဲ့ပါ။ ဖူတာဘဟာ အဲဒီသမီးကလေးကိုလည်း သူ့သမီးရင်း​လိုပဲ သဘောထားပြီး နွေးထွေးမှုတွေ ပေးခဲ့တယ်။

သမီးကလေးနှစ်ယောက်နဲ့ ဖူတာဘ တစ်ညအိပ်ခရီး​လေး ထွက်ခဲ့တယ်။ လမ်းမှာလည်း စိတ်ဒဏ်ရာတွေနဲ့ လေလွင့်နေတဲ့ လူငယ်လေးတစ်ယောက်ကို လမ်းကြုံတင်ခဲ့သေးတယ်။ လူငယ်က ဘယ်ကိုသွားမယ်ဆိုတာ ဦးတည်ချက်မရှိဘူးဆိုလို့ မြောက်ပိုင်းဒေသကိုသွားဖို့ သူလမ်းညွှန်ခဲ့တယ်။ အဲဒီခရီးမှာပဲ သမီး​လေးရဲ့ ဘဝအစစ်အမှန်ကို အသိပေးလိုက်တယ်။ သူ့ရောဂါအခြေအနေကိုလည်း သမီးလေး သိသွားခဲ့တယ်။

သူဆေးရုံတက်နေချိန် သူ့ခင်ပွန်းကို ရှာပေးတဲ့ စုံထောက်ဆီကနေလည်း ဖူတာဘရဲ့ မိခင်သတင်းကြားခဲ့ရတယ်။ ဖူတာဘက အမေကို မမြင်ဖူးဘူး။ အမေ့ကို သူသိပ်မြင်ဖူးချင်ခဲ့တာ။ အမေ့သတင်းကြားတော့ အမေရှိတဲ့တိုကျိုကို လိုက်သွားကြတယ်။ ကားပေါ်ကဆင်းမယ်လုပ်တော့ သမီးဖြစ်သူက ဝှီးချဲယူပေးမယ်ပြောတယ်။ ဖူတာဘက နေပါစေ အမေစိတ်ပူသွားလိမ့်မယ်တဲ့။ အမေ့ရဲ့တုံံပြန်မှုကလည်း မျက်ရည်ကျစရာပါ။

တဖြည်းဖြည်းနဲ့ ဖူတာဘလည်း​ ဝေဒနာ ပြင်း
ထန်လာပြီးအခြေအနေပိုပိုဆိုးလာခဲ့တယ်။ ခင်ပွန်းဖြစ်သူကတော့ ဆေးလိပ်အသောက်မပျက်။ ပေါ့ပေါ့ပါးပါးပဲ။ ဆေးရုံကပြန်လာတဲ့သမီးကို အမေကဘာမှာလိုက်သေးလဲမေးတော့ "အရည်အချင်းမရှိတဲ့ ဖေဖေ့ဆီမှာ မိ
သားစုကို ထားခဲ့ရမှာကို တွေးမိလိုက်ရင် စိတ်မချနိုင်လွန်းလို့ အေးအေးဆေးဆေးတောင် သေလို့ရမှာ မဟုတ်ဘူးတဲ့"လို့ သမီးကဖြေတယ်။ ဖူတာဘရဲ့ နောက်ဆုံးအချိန်တွေ ရောက်လာတဲ့အခါမှာတော့....

ဘယ်လိုပဲ gender အရ တန်းတူသဘောထားပါတယ်ဆိုဆိုု အိမ်ထောင်မှုရေးရာမှာတော့ အမျိုးသမီးတွေဟာအမျိုးသားတွေထက် တာဝန်ယူမှု ပိုကိုပိုပါတယ်။

ဖူတာဘလို အရည်အချင်းမရှိတဲ့ ယောကျာ်းမျိုး ရလိုက်တဲ့ အမျိုးသမီးတွေအဖို့တော့ တစ်ဘဝလုံး ဝန်တွေပိတော့တာပါပဲ။

ဇာတ်ကားထဲမှာ အမျိုးသားဖြစ်သူဟာ အိမ်ထောင်သုံးဆက်ကျတဲ့သဘောပါ။ ဘာကြောင့် အိမ်ထောင်ဆက်များရတယ်ဆိုတာ မပြခဲ့ပေမဲ့ သူ့တာဝန်ကို အမျိုးသမီးကပါ ထမ်းခဲ့ရပါတယ်။ မိသားစုတွေမှာ တာဝန်သိသူတွေက တခြားသူတာဝန်​​တွေပါ ထမ်းရတဲ့အခါ ဝန်ပိုဖိစီးလှပါတယ်။

ဖူတာဘ မရှိတော့တဲ့ နောက်ပိုင်း ရေနွေးစိမ်ကန်လုပ်ငန်းလေးနဲ့ မိသားစုတွေ အဆင်ပြေပြေနေနိုင်ခဲ့တယ်။ ဖူတာဘ ပေးထားခဲ့တဲ့ မေတ္တာတွေနဲ့ မိသားစုတတွေ နွေးထွေးစေခဲ့တယ်။ တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ ချစ်ပါတယ် ချစ်ပါတယ်လို့ တဖွဖွပြောနေဖို့ မလိုပါဘူး။ သူ့အနား ကိုယ်မရှိတော့ရင်တောင်မှ သူအဆင်ပြေနေတာကို မြင်ချင်တာ။ သူ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေ
ထောက်ပေါ် မားမားမတ်မတ် ရပ်နိုင်တာကို မြင်ချင်တာ။ ဒါကိုပဲ မေတ္တာလို့ ခေါ်တာပါ။

​သေခြင်းတရားက ဘဝကို အဆုံးသတ်သွားစေနိုင်ပေမယ့်၊ စစ်မှန်တဲ့မေတ္တာကတော့ ကျန်ရစ်သူတွေရဲ့ ရင်ထဲမှာ အမြဲတမ်း အနွေးဓာတ်ပေးလို့ နေပါတယ်။ ဖူတာဘဟာ သူ့ရဲ့ ရေနွေးစိမ်ကန်လေးကို အပူချိန်ပြည့်ဝအောင် ထိန်းပေးခဲ့သလိုပဲ၊ သူ့ရဲ့ မေတ္တာကလည်း ပြိုကွဲလုနီးပါး ဖြစ်နေတဲ့ မိသားစုရဲ့ ဘဝတွေကို တစ်သက်တာစာ နွေးထွေးမှု ပေးသွားခဲ့ပါတော့တယ်။ ။

#ရုပ်ရှင်ခံစားမှု #ဝဇီရာ #လူထု​နွေဦး
#Her Love Boils Bathwater
#Peoplesspring
👍175🥰2🤮1
14👍7🔥1🤮1
ဗန်းမော်စစ်ကူပို့တဲ့ စစ်သင်္ဘောတွေတိုက်ခိုက်ခံရမှု ဒရုန်းတပ်ဖွဲ့ကအရာရှိနဲ့ စစ်သားတွေပိုမို သေဆုံး

စက်တင်ဘာ၅၊၂၀၂၆၊ကတ်သရင်း/ People's Spring

မန္တလေးကနေ ဗန်းမော်မြို့ကိုသွားတဲ့ စစ်သ င်္ဘောတွေတိုက်ခိုက်ခံရမှုအတွင်း စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့အရာရှိနဲ့အခြားအဆင့်တွေ အများအပြားသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

ဗန်းမော်မြို့ကိုတက်သွားတဲ့ စစ်သင်္ဘောတွေ ရွှေကူမြို့အနီးမှာ အကြိမ်ကြိမ်တိုက်ခိုက်ခံရပြီး စစ်တပ်ရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဒရုန်းတပ်သားတွေ အများဆုံး သေဆုံးခဲ့တာလို့ သိရပါတယ်။

သေဆုံးတဲ့ ဒရုန်းတပ်ဖွဲ့တွေဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်အောင်ပြည့်ဖြိုး ၊တပ်ကြပ် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ အင်ဂျင်နီယာ ကျောင်း(MCTI)၂၄က တပ်သား တွေအပါအဝင် မကြာခင်ကမှ မိတ္ထီလာဒရုန်းသင်တန်းက နေဆင်းထားတဲ့ ဒရုန်းတပ်သားအများအပြား သေဆုံးခဲ့တာလို့ သိရပါတယ်။

စင်းခန်းတံတားအနီး စစ်သင်္ဘောတွေကို
KIAနဲ့ တော်လှန်ရေး ပူးပေါင်းတပ် တိုက်ခိုက်ချိန်မှာ လက်နက်ကြီးထိမှန် သေဆုံးခဲ့တာလို့ သိရပါတယ်။

"အရာရှိအလောင်းလည်းမရဘူးလို့ သိရတယ်။အိမ်ကပဲ သက်ပျောက်ဆွမ်းကပ်လိုက်ပြီ။ဒရုန်းတပ်ဖွဲ့ တွေလိုက်တဲ့ သင်္ဘောကအထိခိုက်အများဆုံးပဲလို့ သိရတယ်။နည်းပညာကျောင်းဆင်းနဲ့ DSA ဆင်းအရာရှိ တွေအကျပိုများတယ်"လို့ စစ်ရေး သတင်းအရင်းမြစ်တဦးက ပြောပါတယ်။

ဒရုန်းတပ်သားတွေ သေဆုံးမှုများပြီးတဲ့နောက် စစ်အုပ်စုက မန္တလေးမြို့ကနေ သင်္ဘောတွေနဲ့ အင်အားထပ်ပို့ဖို့ပြုလုပ်နေတာလို့ သိရပါတယ်။

ဩဂုတ် ၂၁ရက်က မန္တလေးမြို့၊ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဗန်းမော်မြို့ကို စစ်သ�င်္ဘော ၁၇စီး ဆန်တက်ခဲ့ပြီး ရွှေကူမြို့အနီးမှာ KIA နဲ့PDFတွေနဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခံရပြီး စက်တင်ဘာ၂ရက် နေ့မှ ရွှေကူမြို့ကနေ စစ်သင်္ဘော၆စီး ဆန်တက် နိုင်ခဲ့ပြီး စက်တင်ဘာ ၃ရက်မှာ ဗန်းမော် ဆိပ်ကမ်းကို ရောက်ရှိခဲ့တာလို့ သိရပါတယ်။
👍26👏10🥰3🤣21🖕1
👏28👍106🤣1