ရွှေကူမှာ အထိနာချိန် ဖားကန့်မှာ
စစ်တပ် စစ်ရေးပြန်လှုပ်ရှား
စက်တင်ဘာ-၄၊၂၀၂၆။ ဇော်ရမ်း/People's Spring
ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်
လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။
ရွှေကူမြို့နယ်၊ဧရာဝတီမြစ်ကြောင်းမှာတိုက်ပွဲတွေဖြစ်ခဲ့တဲ့ စက်တင်ဘာလဆန်းကစပြီး ဖားကန့်နေရာအချို့မှာ စစ်တပ်စစ်
ကြောင်းတွေရဲ့စစ်ရေးလှုပ်ရှားမှုပြန်လုပ်လာပြီးစက်တင်ဘာလ ၄ရက် မနက်ပိုင်းမှာတော့ လုံးခင်းနဲ့ မဆွတ်ယာန်ရွာဘက်ကို လက်နက်
ကြီးတွေ ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။
"စစ်တပ်နဲ့ ဝါရာဇွပ်အဖွဲ့တွေ ခြေပြန်ရှုပ်နေတာ။လမ်းတွေလည်း ပိတ်ထားတယ်။ ဒီရက်
ပိုင်း စစ်ရေးကို သတိထားကြဖို့ ကျမတို့ ဒေ
သခံချင်း သတိပေးနေတုန်းမှာပဲ လက်နက်
ကြီး စပစ်တာ"လို့ဖားကန့်ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လအတွင်းတိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ဖားကန့်မှာအခုရက်ပိုင်းတိုက်ပွဲမရှိပေမယ့် စစ်တပ်ကလေကြောင်း ကင်းထောက်ပျံသန်းမှုတွေရှိနေပါတယ်။ဖားကန့်ကိုရောက်ရှိနေတဲ့စစ်ကြောင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှမ်းနီတပ်၊ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီးပါဝင်ပါတယ်။အဲဒီစစ်ကြောင်းက အရပ်သားပြည်သူတွေကိုဖမ်းဆီးမှုတွေ၊သတ်ဖြတ်တာတွေလည်းကျူး
လွန်ကြားလို့ ဒေသခံတွေ ထွက်ပြေးတိမ်း
ရှောင်ခဲ့ကြရပါတယ်။
ဖားကန့်မှာ စစ်တပ်နဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ မှော်ဝမ်းလေး ကျေးရွာကို သြဂုတ်လ
၂၄ရက်မှာ ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅လောင်းကို မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။အဲ့ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။
လက်ရှိမှာ ကချင်ပြည်နယ်အတွင်း ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ စစ်ရေးအတင်းမာဆုံးဖြစ်နေပါတယ်။စစ်တပ်က တိုက်ခိုက်ရေးသင်္ဘော နှစ်စီးနဲ့ ကုန်တင် သင်္ဘောရှစ်စီးအပါအဝင် သင်္ဘော၁၅စီးနဲ့ မန္တလေးမြို့၊ ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဩဂုတ်လ ၂၁ ရက်နေ့က ထွက်လာစဉ် ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ KIA၊KPDFက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။
စက်တင်ဘာလ ၂ရက်က တိုက်ပွဲအပြင်းအ
ထန်ဖြစ်ခဲ့ပြီး စစ်သင်္ဘော ၈ စီးဖျက်ဆီးခံရတဲ့အပြင်စစ်သုံ့ပန်း ၁၉၀ ကျော်ကိုKIA၊KPDF
က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖားကန့်ဒေသခံတွအနေနဲ့ စစ်တပ်စစ်ကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်၊ လေကြောင်းအန္တရာယ်တွေ သတိ
ပြုကြဖို့ KIA က မကြာခဏသတိပေးထားပါတယ်။

👍27👎4😁4🤬4❤2👏2
ရန်ကုန်မှာ ၂ရက်အတွင်း လူငယ် ၁၃ဦး ဖမ်းဆီးခံရ
▪️ပုဇွန်တောင် ၅၇ လမ်းမှာ လူငယ် ၂ ဦးကို အရပ်ဝတ်တွေက ရိုက်နှက်ဖမ်းပြီး ကားပေါ်တင်သွား
စက်တင်ဘာ-၅၊၂၀၂၆။သတိုး/People's Spring
ရန်ကုန်မြို့က မြို့နယ်တစ်ချို့မှာ ပြီးခဲ့တဲ့ ၂ရက်အတွင်း စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရသူ ၁၃ ဦးရှိတယ်လို့ မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ Scout ချန်နယ်တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။
"စစ်မှုထမ်းသင်တန်း အမှတ်စဉ်သစ်စခါနီးမို့ သူတို့သတ်မှတ်လူဦးရေ ဖြည့်ဖို့လိုလို့ ဆွဲနေတာပါ။ လတိုင်း ခုလိုချိန်ဆို အဆွဲအရမ်းများပါတယ်ဗျ။ လူမပြည့်မချင်း နေရာအနှံ့ဆွဲနေကြမှာပါဗျ။ သင်တန်း စသွားပြီးရင်တော့ ခဏပြန်ငြိမ်သွားတတ်ပါတယ်။"လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
စက်တင်ဘာ ၂ ရက်မှာ မင်္ဂလာဝောာင်ညွန့် ၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၊ လှိုင်သာယာနဲ့ စမ်းချောင်းမြို့နယ်တွေမှာ စစ်တပ်ရဲ့ ဖမ်းဆီးခံရသူ ၈ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
စမ်းချောင်းမြို့နယ်မှာ စစ်သားနဲ့ ရဲတွေက လမ်းသွားလမ်းလာတွေရဲ့ ဖုန်းနဲ့ အိတ်ကို ယူစစ်ပြီးနောက် လူငယ် ၂ဦးကို ဖမ်းဆီးသွားတာလို့ RSN ကဖော်ပြထားပါတယ်။
လှိုင်သာယာမြို့နယ်မှာတော့ ရိုးလေးမှတ်တိုင်နားမှာ ရဲ ၁ဦးနဲ့ အရပ်ဝတ်တွေက လမ်းသွားလမ်းလာ လူငယ် ၁ဦးကို အဓမ္မဖမ်းဆီးသွားတာလို့ သိရပါတယ်။
မြောက်ဒဂုံမြို့နယ်မှာတော့ ဦးဝိစာရလမ်းပေါ်က အကြော်တဲမှတ်တိုင်မှာ ကားစောင့်နေတဲ့ ပန်းရံအလုပ်လုပ်ကိုင်တဲ့ အမျိုးသား ၃ဦးကို ရဲတွေက ကားပေါ်အတင်းဆွဲခေါ်ပြီး ဖမ်းဆီးသွားတာလို့ဆိုပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်မှာတော့ တော်ဝင်ပလာဇာနားမှာ လမ်းလျှောက်နေတဲ့ သက်လတ်ပိုင်း အမျိုးသား ၂ဦးကို အရပ်ဝတ်နဲ့ ၃ဦးက DV Van ကားပေါ်ကို ဆွဲတင်သွားတာလို့ သိရပါတယ်။
စက်တင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲလောက်က ပုဇွန်တောင်မြို့နယ်၊ ၅၇ လမ်းမှာ လူငယ် ၂ ဦးကို အရပ်ဝတ်လူ ၄ ဦးက လက်ထိပ်ခတ်ဖမ်းဆီးပြီး ကားပေါ် ဆွဲတင်သွားတယ်လို့ Scout Yangon ကဖော်ပြထားပါတယ်။
ဖြစ်စဉ်မှာ Hotel 57 အနီး၊ ဗိုလ်တထောင်ဈေးလမ်းထဲ ဝင်တဲ့အကွေ့နားမှာ ဖြစ်ခဲ့တာဖြစ်ပြီး အိမ်ကားအဖြူရောင်နဲ့ အရပ်ဝတ်နဲ့လူ ၄ ဦး ရောက်လာပြီး လူငယ် ၂ ဦးကို ရုတ်တရက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ် ၂ ဦးထဲက ၁ဦးဟာ အသက် ၂၀ ဝန်းကျင်၊ မျက်မှန်တပ်ထားပြီး အသားဖြူကာ ဘောင်းဘီတိုဝတ်ထားသူ ဖြစ်ပါတယ်။ နောက်တစ်ဦးကတော့ အသက် ၂၅ နှစ်ဝန်းကျင်၊ အသားညိုပြီး ဘောင်းဘီရှည်ဝတ်ထားကာ ဘေးလွယ်အိတ်နဲ့ အပြာရောင်ထီး ကိုင်ထားသူဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးချိန်မှာ မျက်မှန်တပ်ထားတဲ့ လူငယ်က အော်ဟစ်အကူအညီတောင်းခဲ့တာကြောင့် အရပ်ဝတ်တွေက ရိုက်နှက်ပြီး ကားပေါ် ဆွဲတင်သွားတယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်အတွင်း အပြာရောင်ထီးတစ်ချောင်းလည်း လမ်းပေါ်မှာ ပြုတ်ကျကျန်ခဲ့တယ်လို့ သိရပါတယ်။
အရပ်ဝတ်လူ ၄ ဦးထဲမှာ အသက် ၃၀ ကျော်ဝန်းကျင် ခပ်ဝဝအမျိုးသား ၂ ဦးနဲ့ လူငယ်ပိုင်းအရွယ် အမျိုးသား ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။
လူငယ် ၂ ဦးကို ဖမ်းဆီးပြီးနောက် အဆိုပါအရပ်ကားဟာ မဟာဗန္ဓုလလမ်းဘက်ကို မောင်းထွက်သွားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ ၂ ဦးရဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ဆိုပါတယ်။
အဆိုပါအနီးပတ်ဝန်းကျင်ကို သွားရောက်မေးမြန်းရာမှာတော့ ဖြစ်စဥ်မှာမှန်ကန်ပြီး ၎င်းတို့အနေဖြင် အသက်အန္တရာယ်ပြုခံရမှာစိုးတာကြောင့် မကူညီနိုင်ခဲ့ဘူးလို့ ပြောပါတယ်။
" လူညီရင်တော့တစ်မျိုးလေ။ ကိုယ်ကကူညီချင်တယ်။ တစ်ယောက်တည်းကပဲသွားကူလိုက်ရင်ကိုယ့်ပါရန်လုပ်မှာ။ ဘာမှမတတ်နိုင်ဘူး။ ရပ်ကြည့်နေရုံကလွဲပြီးမတတ်နိုင်ဘူး" လို့ ဖြစ်စဥ်အနီးရှိနေသူတစ်ဦးကပြောပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်ရဲ့ နေရာသုံးခုမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး လမ်းမပေါ်မှာသွားလာနေသူတွေလို့ ဆိုပါတယ်။ ပုဇွန်တောင်မြို့နယ်မှာတော့ Hotel 57 အနီးမှာ လမ်းလျှောက်နေသူ ၂ဦးကို အရပ်ဝတ်တွေက လက်ထိပ်ခတ်ဖမ်းဆီးသွားတာလို့ RSN ကဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်တွေအပြင် စက်တင်ဘာ ၂ ရက်က သာကေတမြို့နယ်မှာ စက်ဘီးစီးလာတဲ့ ကိုးတန်းကျောင်းသား ၁ဦးကို အရပ်ဝတ်နဲ့ လူ ၄ဦးက ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီး ကျောင်းသားလို့သိချိန်မှာ ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။
ရန်ကုန်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုဆိုးရွားလာနေပြီး စစ်တပ်ခန့်ရပ်ကွက်အုပ်ကြီးတွေကို၁ရက် လူ ၅ယောက်ဆွဲပေးရမယ်လို့ ဖိအားပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်းစိန်မြို့နယ်မှာလည်း အရံမီးသတ်အရာရှိ နေအိမ်မှာ အချုပ်ခန်းပြုလုပ်ပြီး လူငယ်တွေကို စစ်တပ်ဆီ ရောင်းစားဖို့ ချုပ်နှောင်ထားတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Chinland FC အသင်းကဘောလုံးသမား ၁ဦး နေအိမ်ပြန်လာစဥ် မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တစ်ပတ်ကြာ ပျောက်ဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ အဆက်အသွယ်ရ ပြန်တွေ့ပြီလို့ အသင်းကထုတ်ပြန်ခဲ့ပေမယ့် ဘောလုံးသမားကိုလူတစ်စုကဖမ်းခေါ်သွားတာကြောင့် နေပြည်တော် အမြန််လမ်းဘက်ကို သွားခေါ်ခဲ့ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိသူအချို့က ပြောပါတယ်။

🤬25❤8👎3👏2
ဒါ့အပြင် MFF Futsal League(1) မှာ ကစားနေတဲ့ Gold Dream FC အသင်းက ကစား
သမား ၂ဦးလည်း ပျောက်ဆုံးနေကြောင်း လွန်ခဲ့တဲ့ ၂ပတ်နီးပါးက အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာမှာလုပ်မယ့်စစ်မှုထမ်းအပတ်စဥ်(၂၈)အ
တွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်းပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ရန်ကုန်မြို့#လူပျောက်#စစ်မှုထမ်းပေါ်တာဆွဲ
#ပေါ်တာဆွဲ

🤬22👍4👎2❤1👏1
မြစ်ခြေမြို့မှာ စစ်တပ်ဗုံးကြဲလို့ အရပ်သား ၁၀ဦးထက်မနည်း ထိခိုက်သေဆုံး
စက်တင်ဘာ -၅၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ မြစ်ခြေမြို့မှာ လေကြောင်းကနေ စစ်တပ်ဗုံးကြဲတာကြောင့် အရပ်သား ၁၀ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။
မနေ့က(စက်တင်ဘာ ၄ ရက်)မနက်ပိုင်းမှာ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က အမှတ်(၁) တိရစ္ဆာန်မွေးမြူရေးနဲ့ လေ့ကျင့်ရေးတပ်ကို မကွေးယူနစ်စစ်ကြောင်း ၁ (တော်လှန်ရေးတပ်) ထိုးစစ်ဆင်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းကနေ နေရာအနှံ့ဗုံးကြဲခဲ့တာကြောင့်လို့ ဆိုပါတယ်။
" လေကြောင်းထိလို့ ပေါက်တောရွာက နှစ်ဦး၊အိုင်ကြီးရွာက သုံးဦး သေတယ်။ကျန်တဲ့ဒဏ်ရာရသူတွေကလည်း များတယ်"လို့ မြစ်ခြေဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ရေးအချက်အလက်တွေအရ စစ်တပ်ဟာ မြစ်ခြေမြို့ကို ဂျိုင်ရိုကော်ပတာ ၅ စီး နဲ့ Mi35 ရဟတ်ယာဉ် ၁ စီး နဲ့ တိုက်ခိုက်ခဲ့ပါတယ်။
"မနေ့က တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိတယ်။ဒီကနေ့ အထိလည်း စစ်ရေးက မငြိမ်သေးဘူး"လို့ ပခုက္ကူခရိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြစ်ခြေမြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ အမှတ်(၁)တိရစ္ဆာန်မွေးမြူရေးနဲ့ လေ့ကျင့်ရေးတပ်မှာ စစ်တပ်က အင်အား ၃၀၀ ၀န်းကျင်နဲ့ တပ်စွဲထားတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် ရဲစခန်းအနီးနဲ့ မြစ်ခြေမြို့ အတွင်းရှစ်မျက်နှာဘုရားထဲမှာလည်း စစ်တပ်က အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။
မြစ်ခြေရဲစခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကလည်း ပြည်သူကာကွယ်ရေးတပ်မတော်-PDF တပ်ရင်းတွေက စီးနင်းတိုက်ခိုက်ရာ စစ်တပ် သေဆုံးမှုများသလို သုံ့ပန်းတွေလည်း ဖမ်းမိပြီး ရဲစခန်းကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။
စစ်တပ်ဟာ မေလ ၁၀ရက်ကနေ ဇွန်လ ၂ရက်အထိ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့က ပြည်သူ့နေအိမ် (၁၀၀၀) ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူ (၂၄)ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#မြစ်ခြေမြို့#လေကြောင်းတိုက်ခိုက်#ဗုံးကြဲ
#စစ်တပ်

🤬26👎3👏3❤2💔2
■ဆောင်းပါး
"ဟိမဝန္တာရဲ့ ရေကို ဘယ်သူ ထိန်းချုပ်မလဲ"
"နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်"
-နောင်နောင်ရေးသားသည်။
ဩဂုတ်၂၆ ရက်၊မနက်ပိုင်းမှာနီပေါ-တရုတ်နယ်စပ်အနီး ဟိမဝန္တာတောင်တန်းပေါ်က ဖြစ်
ရပ်တစ်ခုကလူတွေကိုအံ့အားသင့်စေခဲ့ပါတယ်။လက်ရှိရရှိထားတဲ့ ဘူမိဗေဒနဲ့ ဂြိုဟ်တုအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာချက်အရ လန်တန်လီရုန်(Langtang Lirung)တောင်
အနီးမြင့်မားတဲ့နေရာမှာရေခဲနဲ့ကျောက်သားတွေအစုလိုက်အပြုံလိုက်ပြိုကျခဲ့ပြီး တောင်
ကြားထဲကိုအရှိန်ပြင်းပြင်းဆင်းလာခဲ့ပါတယ်။
အဲဒီနောက်ရေ၊ရွှံ့မြေ၊ကျောက်နဲ့အပျက်အ
စီးတွေရောနှောစီးဆင်းတဲ့မြေစီးဖြစ်စဉ်ဖြစ်ပေါ်ကာနောက်ဆုံးရုတ်တရက်ရေကြီးမှုဖြစ်
ပွားခဲ့တာပါ။တရုတ်သိပ္ပံပညာရှင်တွေရဲ့ အ
ဆိုအရ ဒီအစုလိုက်ပြိုကျဆင်းမှုဟာ ခန့်မှန်း
ခြေ ၂၂ ကီလိုမီတာအထိ ရောက်ရှိခဲ့ပြီး ကျီလုံ နယ်စပ်ကုန်သွယ်ရေးဂိတ်အထိ ထိခိုက်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကဟိမဝန္တာဒေသမှာရာသီဥတုပူနွေးလာမှုနဲ့အတူရေခဲမြစ်တွေရဲ့မတည်ငြိမ်မှုနဲ့ ဆက်စပ်တဲ့သဘာဝဘေးအန္တရာယ်တွေဘယ်
လောက်မြန်မြန်တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်ပေါ်
လာနိုင်တယ်ဆိုတာ ပြသခဲ့ပါတယ်။အထူး
သဖြင့် တောင်ကြားကျဉ်းပြီး တောင်စောင်းတွေမတ်စောက်တဲ့ဒေသတွေမှာရေ၊ကျောက်နဲ့မြေသားတွေအစုလိုက်အပြုံလိုက်ဆင်းလာရင်ကြိုတင်သတိပေးပြီးလူတွေကိုရွှေ့ပြောင်း
ဖို့အချိန်အလွန်နည်းနိုင်ပါတယ်။တရုတ်ဘက်
ကလည်းဒီဖြစ်ရပ်မှာမြေစီးရဲ့အရှိန်ဟာတစ်စက္ကန့်ကို ၅၀မီတာခန့်အထိရှိနိုင်ခဲ့တာကြောင့်
တုံ့ပြန်ဖို့ အချိန်အလွန်နည်းခဲ့တယ်လို့ ပြော
ထားပါတယ်။
ရေ၊ ရွှံ့နဲ့ ကျောက်တုံးတွေဟာ ဘိုးတေးကိုရှီ (Bhote Koshi) မြစ်စနစ်ထဲကို ဆက်လက်ဝင်ရောက်သွားပြီးလူနေအိမ်တွေ၊လမ်းတွေ၊ တံ
တားတွေနဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးခဲ့ပါတယ်။နိပေါ အစိုးရဘက်ကလည်း ရေဘေးသင့်ဒေသတွေမှာ လူသေဆုံးမှုနဲ့ ပျောက်ဆုံးသူအရေအတွက် အလွန်မြင့်မားနေကြောင်း ထုတ်ပြန်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ တိဘက် ဘက်မှာလည်း အခြေအနေက မကောင်းပါဘူး။
အခု ရေဘေးမဖြစ်ခင် သုံးလခန့်အလို၊မေလ ၂၇ ရက်တုန်းက နိပေါ နဲ့ တရုတ်တာဝန်ရှိသူတွေတွေ့ဆုံပြီးရေခဲမြစ်နဲ့ဆက်စပ်တဲ့သဘာဝဘေးအန္တရာယ်တွေ၊ရေကြီးမှုနဲ့ အရေးပေါ် သ
တိပေးစနစ်တွေပိုကောင်းလာအောင် ဘယ်လိုပူးပေါင်းမလဲဆိုတာ ဆွေးနွေး ခဲ့ကြပါတယ်။ Reuters ရဲ့ ဖော်ပြချက်အရ နိပေါ ဘက်က ရေခဲမြစ်တွေရဲ့ရွေ့လျားမှုနဲ့ မြစ်ရေမျက်နှာ
ပြင်အမြင့်ပြောင်းလဲမှုဆိုင်ရာအချက်အလက်
တွေကိုအချိန်နှင့်တပြေးညီ ပိုမိုရရှိချင်တယ်လို့တောင်းဆိုခဲ့ပါတယ်။တရုတ်ဘက်က
တော့ မိုးရာသီခန့်မှန်းချက်နဲ့ ရေကန်စောင့်ကြည့်မှုဆိုင်ရာ အချက်အလက်တွေကို မျှဝေခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ကိုကြည့်ပြီးဟိမဝန္တာတောင်တန်းရဲ့ ရေကို ဘယ်သူက ထိန်းချုပ်မှာလဲဆိုတာက အရေးကြီးလာပါတယ်။အဲဒါကနိပေါမှာဖြစ်ခဲ့တဲ့ရေဘေးတခုတည်းအတွက်မဟုတ်ပါဘူး။တိဘက်ကုန်းပြင်မြင့်မှာတရုတ်က တည်
ဆောက်နေတဲ့ အလွန်ကြီးမားတဲ့ရေအားလျှပ်
စစ်စီမံကိန်း၊ အဲဒီအပေါ် အိန္ဒိယက တန်ပြန်ပြီး စီစဉ်နေတဲ့ဆည်စီမံကိန်းတွေနဲ့နောက်ဆုံး
မှာအဲဒီမြစ်တွေကို မှီခိုနေရတဲ့ ဘင်္ဂလားဒေ့ရှ်အထိဆက်စပ်နေတဲ့အရေးကိစ္စပဲဖြစ်ပါတယ်။နိပေါဖြစ်ရပ်ကပိုကြီးမားတဲ့ ပြဿနာတစ်ခုကိုရှင်းရှင်းလင်းလင်းပြလိုက်ပါတယ်။ ဟိမဝန္တာရဲ့သဘာဝရေစနစ်ဟာနိုင်ငံနယ်နိ
မိတ်ကိုမသိပါဘူး။တောင်ပေါ်မှာဖြစ်တဲ့ ရေ
ခဲမြစ်ပေါ်က ရေခဲထုကြီး ပြိုကျမှု တစ်ခုဟာ တစ်နိုင်ငံထဲမှာပဲ ရပ်မနေဘဲ မြစ်ကြောင်းအ
တိုင်း အောက်ဘက်ကို ဆက်ပြီး သက်ရောက်နိုင်ပါတယ်။
ဒါကြောင့် ဒီနေ့ ဟိမဝန္တာအတွက်အရေးကြီးတာက “အန္တရာယ်ကို ဘယ်လောက်စောစော သိနိုင်မလဲ၊ သိလာတဲ့သတင်းကို မြစ်အောက်ပိုင်းနိုင်ငံတွေဆီကိုဘယ်လောက်မြန်မြန်ပေးနိုင်မလဲ”ဆိုတာဖြစ်လာပါတယ်။ရေကို ထိန်း
ချုပ်နိုင်တဲ့နိုင်ငံထက်ရေအန္တရာယ်နဲ့ပတ်သက်
တဲ့ အချက်အလက်ကိုဘယ်သူကပိုကောင်း
ကောင်းထိန်းချုပ်ထားသလဲ။ဒါကအနာဂတ်
မှာပို ပိုပြီး အရေးကြီးလာနိုင်ပါတယ်။
တိဘက်ဒေသမှာယာ လွန်းဆန်ပိုး(Yarlung Tsangpo)လို့ခေါ်တဲ့မြစ်ဟာအိန္ဒိယနိုင်ငံအာရုဏာချယ်လ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်ထဲကို ဝင်ရောက်ပြီးနောက်ပိုင်းမှာ စီယန်း/ဒီဟန်မြစ်(Siang/Dihang)လို့ခေါ်ဆိုပြီးနောက်ပိုင်းမှာဗြဟ္မပုတ္တရ(Brahmaputra)မြစ်
ဖြစ်လာပါတယ်။အဲဒီမြစ်ဟာတိဘက်အရှေ့
တောင်ပိုင်း၊နမ်ချာဘာဝါ(Namcha Barwa)
တောင်ပတ်လည်မှာမြင်းခွာပုံစံနီးပါး အကြီး
အကျယ်မဟာအကွေ့ကြီး(Great Bend) ကွေ့သွားပါတယ်။ မြစ်က အဲဒီအကွေ့ကြီး အနီး ယာလွန်း ဆန်ပိုးလျှို ကို ဖြတ်သန်းရာမှာ ကီ
လိုမီတာ ၅၀ ခန့်အတွင်းအမြင့်မီတာ ၂,၀၀၀ ခန့် ကျဆင်းသွားပါတယ်။ ဒီလို ရေစီးနှုန်းနဲ့ အမြင့်ကွာခြားမှု ကြီးမားတဲ့ အခြေအနေဟာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် အ
လွန်ကောင်းမွန်တဲ့ သဘာဝအခြေအနေတစ်ခု ဖြစ်ပါတယ်။ အဲဒီအခြေအနေကို အသုံးချဖို့ တရုတ်နိုင်ငံဟာ ယာလွန်းဆန်ပိုးရဲ့မြစ်အောက်ပိုင်းမဟာအကွေကြီးအနီးကတိဘက်ဒေသမှာ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းတွေထဲက တစ်ခုဖြစ်လာမယ့် မဟာရေအားလျှပ်စစ်စီမံကိန်းကို၂၀၂၅ခုနှစ် ဇူ
လိုင်လမှာစတင်တည်ဆောက်ခဲ့ပါတယ်။

👍18❤3🤮1
အဲဒီနေရာဟာ အိန္ဒိယရဲ့အာရုဏာချယ်လ် ပရာဒေ့ရှ် ပြည်နယ်နဲ့ အလွန်နီးပါတယ်။ အချို့သတင်းတွေမှာဆည်တည်မယ့်နေရာကနယ်
စပ်နဲ့ ၅၀ km ဝန်းကျင် လောက်သာရှိတယ်လို့ ဖော်ပြပါတယ်။ပြီးတော့ဆည်တည်မယ့်နေရာအောက်မှာ ပိုင်ကျန် ပြတ်ရွေ့ကြောင်း (Paizhen Fault)ဆိုတဲ့တက်ကြွနေတဲ့ပြတ်ရွေ့ကြောင်းရှိနိုင်တယ်ဆိုတဲ့စိုးရိမ်ချက်လည်းရှိပါတယ်။ ဒီနေရာက ငလျင်လှုပ်ရှားမှုများတဲ့ ဟိမဝန္တာဒေသဖြစ်လို့ဆည်ရဲ့ခိုင်ခန့်လုံခြုံရေး
ကအခုနောက်ပိုင်းမှာပိုပြီးဆွေးနွေးလာတဲ့ အ
ကြောင်းအရာ ဖြစ်ပါတယ်။
မဟာဆည်ကလျှိုသုံးခုရေကာတာ(Three Gorges Dam)လိုတစ်နေရာတည်းမှာနံရံကြီးတစ်ခုတည်းပိတ်ပြီးဆောက်တာမျိုးမဟုတ်ပါဘူး။ ဒီ စီမံကိန်း က ရေအားလျှပ်စစ်စက်ရုံ ၅ ခုကို အဆင့်ဆင့် ပုံစံနဲ့ ဆောက်မှာဖြစ်ပြီး၊ နမ်ချာ ဘာဝါ တောင်တန်းအတွင်းက အလွန်ရှည်လျားတဲ့ ရေပြောင်းဥမင်တွေ အသုံးပြုပြီး မြစ်ရဲ့ အမြင့်ကျဆင်းမှုကို လျှပ်စစ်ထုတ်ဖို့အသုံးချမယ့်ဒီဇိုင်းပါ။မြစ်ရေ၊ရေဝင်ပေါက်
၊တောင်ထဲကရေပြောင်းဥမင်၊ရေအားလျှပ်
စစ်စက်ရုံ၊ မြစ်ထဲ ပြန်ဝင် ဆိုတဲ့ အဆင့်ဆင့်ပုံစံမျိုးဖြစ်ပါတယ်။မြစ်ကြောင်းတစ်
လျှောက်ရေအားလျှပ်စစ်စက်ရုံ၅ခုကို အပေါ်
ကနေ အောက်ဘက်အထိ အဆင့်ဆင့်တည်
ဆောက်ပြီးရေစီးအားကိုတစ်နေရာပြီးတစ်နေရာဆက်လက်အသုံးချမယ့်စီမံကိန်းဖြစ်ပါတယ်။စီမံကိန်းရဲ့ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းက ၆၀,၀၀၀ MW ဝန်းကျင် ရှိမယ်လို့ ဖော်ပြထားပါတယ်။ ဒါကို အခု လက်ရှိအကြီးဆုံး လျှိုသုံးခုဆည် နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လျှိုသုံးခုဆည် ရဲ့ ၂၂,၅၀၀ MW ထက် အကြမ်းဖျင်း ၂.၇ ဆလောက် ရှိပါတယ်။
တရုတ်အတွက် ဒီစီမံကိန်းဟာ တိဘက်ဒေသ ဖွံ့ဖြိုးရေး၊ ပြန်လည်ပြည့်ဖြိုးနိုင်သော စွမ်း
အင် ထုတ်လုပ်မှု တိုးချဲ့ရေးနဲ့ တရုတ်ပြည်အတွင်း လျှပ်စစ်လိုအပ်ချက် ဖြည့်ဆည်းရေးတို့နဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တိဘက်အရေး လှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ အတွက်တော့မတူပါဘူး။ ဒေသခံတွေရဲ့ သဘောတူညီမှု၊ မြေတွေ၊ ရွာတွေ၊ ယဉ်ကျေးမှုနေရာတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ရိုးရာအသက်မွေး
ဝမ်းကျောင်းတွေ ထိခိုက်လာမယ့်ဆုံးရှုံးမှု၊ တိဘက်အတွက် အရေးကြီးတာဟာ ဆည်ကြီးကနေ လျှပ်စစ်ဘယ်လောက်ထုတ်နိုင်မလဲဆိုတာတင်မဟုတ်ဘဲ၊အဲဒီစီမံကိန်းကြောင့်ဖြစ်
လာမယ့် အကျိုးကျေးဇူးတွေကို ဒေသခံတွေ ဘယ်လောက်အထိ ခံစားရမလဲနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝအပေါ် ထိခိုက်မှုတွေကို ဘယ်လို လျှော့ချမလဲ ဆိုတာလည်း ဖြစ်ပါတယ်။
တိဘက်ဒေသအတွင်းအခြားရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ ပတ်သက်ပြီးရွာတွေရွှေ့
ပြောင်းရတာ၊ဘာသာရေးနဲ့ ယဉ်ကျေးမှုနေရာတွေ ထိခိုက်တာတွေအပေါ် ဆန့်ကျင်မှုတွေ ရှိခဲ့ပါတယ်။၂၀၂၄ ခုနှစ်မှာ တိဘက်၊ ဒဲဂေး (Dege/Kamtok) ဒေသရှိ ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် ရွာတွေ ရွှေ့ပြောင်းရနိုင်မှု၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ထိခိုက်နိုင်မှုအပေါ် ဒေသခံတွေက ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။ဒါကြောင့်ယာလွန်း ဆန်ပိုး မြစ်ပေါ်က ဧရာမ ရေအားလျှပ် စစ်စီမံကိန်းကြီးကိုဆွေးနွေးတဲ့အခါလျှပ်စစ်ဘယ်
လောက်ထုတ်မလဲ ဆိုတာတစ်ခုတည်း ကြည့်လို့မရပါဘူး။ ဒေသခံတွေအတွက် လူမှုရေးကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ ဆိုတာကိုလည်းထည့်စဉ်းစားဖို့လိုပါတယ်။
တရုတ်အစိုးရဘက်ကဒီလိုအခြေခံ အ
ဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်း တွေကို ဖွံ့ဖြိုးရေး၊ သန့်ရှင်းသော စွမ်းအင် (clean energy) နဲ့ ဒေသစီးပွားရေးအတွက် အရေး
ကြီးတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် မြစ်အောက်ပိုင်းနိုင်ငံတွေအတွက်တော့ သက်
ရောက်ပုံခြင်းကမတူပါဘူး။ဒီလောက်ကြီး
မားတဲ့ စီမံကိန်းကြီးတစ်ခု တည်ဆောက်တဲ့အခါ မြစ်အောက်ပိုင်းနိုင်ငံတွေ ဘယ်လောက်သိခွင့်ရှိပြီး ဘာတွေသက်ရောက်နိုင်သလဲ
ဆိုတဲ့စိုးရိမ်စိတ်တွေပါပဲ။
တရုတ်က အထက်ပိုင်းမှာ ရေအရင်းအမြစ်ကို ပိုမိုထိန်းချုပ်လာနိုင်တဲ့အခြေအနေမှာ အိန္ဒိယကလည်းကိုယ့်ဘက်မှာရေသိုလှောင်နိုင်စွမ်း၊ရေစီးကြောင်းစီမံခန့်ခွဲမှုနဲ့ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်စွမ်းကိုမြှင့်တင်ပြီး မ
ဟာဗျူဟာအရ တန်ပြန်ဖို့ ကြိုးစားလာပါတယ်။အဓိကစီမံကိန်းကစီယန်မြစ်အထက်ပိုင်းဘက်စုံသုံးစီမံကိန်းပါ။လက်ရှိအဆိုပြုချက်တွေအရဒီစီမံကိန်းရဲ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းက ၁၁,၀၀၀ ကနေ ၁၁,၂၀၀ MW ဝန်းကျင် ရှိနိုင်ပြီး အကြီးစားရေလှောင်
ကန် ပါဝင်မယ့် စီမံကိန်း ဖြစ်ပါတယ်။ အိန္ဒိယမှာရှိတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေးရဲ့ အ
ကြီးဆုံးဆည် ဖြစ်လာမှာပါ။ အိန္ဒိယအစိုးရနဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အာရုဏာချယ်လ်ပရာဒေ့ရှ် ပြည်နယ်အစိုးရဘက်ကလည်းတရုတ်ရဲ့ယာလွန်းဆန်ပိုးစီမံကိန်းကြောင့်ဖြစ်လာနိုင်တဲ့ ရေအန္တရာယ်တွေအ
တွက် မဟာဗျူဟာအရ အရေးကြီးတယ်လို့ မြင်ထားပါတယ်။
ဒါပေမယ့်အိန္ဒိယရဲ့ဆည်ကိုလည်း ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။ဒေသခံတွေရဲ့ ဆန့်ကျင်မှုရှိနေတယ်။ စီယန်မြစ်အထက်ပိုင်းဒေသခံတွေအတွက်တော့တရုတ်ကို တန်

👍12❤8🔥1🤮1
ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ သူတို့ရဲ့ မြေတွေ၊ ရွာတွေကို ရေအောက်ထည့်ဖို့ လက်ခံဖို့ မလွယ်ပါဘူး။ ၂၀၂၆ ဧပြီလမှာဖြစ်ရပ်မှန် စုံစမ်းဖော်ထုတ်ရေးအဖွဲ့ တစ်ခုက စီမံကိန်းကြောင့် ရွာ ၂၀ ကျော် အပြည့်အဝ ရေအောက်ရောက်နိုင်ပြီး ရွာ ၅၀ ကျော် တိုက်ရိုက်၊ သွယ်ဝိုက် ထိခိုက်နိုင်တယ်လို့ ဒေသခံတွေရဲ့ စိုးရိမ်ချက်တွေကို ဖော်ပြခဲ့ပါတယ်။
ဇွန်လမှာတော့ စီမံကိန်း အတွက် အကောင်
အထည် ဖော်နိုင်မနိုင် ပဏာမလေ့လာဆန်း
စစ်မှုကို ထောက်ခံတဲ့ MoU လက်မှတ်ရေးထိုးထားတဲ့ အိမ်ထောင်စုတွေနဲ့စီမံကိန်း ဆန့်ကျင်
သူတွေကြား တင်းမာမှုတွေ ဖြစ်လာပြီး အိမ်အများအပြား ဖျက်ဆီးခံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်က အရေးကြီးတဲ့ အချက်တစ်ခုကို ပြနေပါတယ်။ တရုတ်ကို တန်ပြန်ဖို့ အိန္ဒိယက ဆည်ဆောက်ချင်တယ်။ဒါပေမယ့် အိန္ဒိယပြည်တွင်းက ဒေသခံတချို့ကလည်း “ကျွန်တော်တို့ရဲ့ မြေကို မစတေးချင်ဘူး” လို့ ပြန်ပြောနေကြတယ်။
နောက်ဆုံးမှာ ဘင်္ဂလားဒေ့ရှ် ရောက်လာပါတယ်။မြစ်ရဲ့ ခရီးကို အပေါ်ကနေ အောက်ကို ကြည့်မယ်ဆိုရင် တိဘက်၊ အာရုဏာချယ်လ် ပရာဒေ့ရှ်၊ အာသံ (Assam)၊ ဘင်္ဂလားဒေ့ခ်ျ ဆိုတဲ့လမ်းကြောင်းကိုတွေ့ရပါတယ်။ တရုတ်
ကအထက်ပိုင်းမှာရေကိုစီမံပါတယ်။အိန္ဒိယ
က အလယ်ပိုင်းမှာ ရေကို စီမံပါတယ်။ နောက်ဆုံး ဘင်္ဂလားဒေ့ရှ်က အောက်ပိုင်းမှာ အဲဒီဆုံးဖြတ်ချက်တွေရဲ့ ရလဒ်ကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အတွက် က အထက်ပိုင်းနိုင်ငံတွေမှာ ရေကို အသုံးချခွင့်ရှိသလို အောက်ပိုင်းနိုင်ငံတွေရဲ့ ရေအ
ခွင့်အရေးကို ကာကွယ်ရမယ် ဆိုတာပါပဲ။ ရေစီးနှုန်း၊အနည်အနှစ်၊ ရေလွှတ်မှု၊ ရေကြီးမှုနဲ့ ခြောက်သွေ့ရာသီ ရေရှားပါးမှုတွေဟာ နယ်စပ်တစ်ခုမှာ ရပ်မနေပါဘူး။
ဒီလို ဧရာမဆည်ကြီးတစ်ခုပျက်စီးမှုကြီးများ ဖြစ်ခဲ့မယ်ဆိုရင်လည်းအထိခိုက်ဆုံးနေရာက ဆည်တည်ဆောက်ထားတဲ့တိဘက်ဒေသ ဖြစ်လာနိုင်ပါတယ်။ ဆည်အတွင်း စုဆောင်းထားတဲ့ ရေထုကြီး ရုတ်တရက် လွတ်ထွက်လာနိုင်တာကြောင့် အောက်ပိုင်းဒေသတွေမှာ ရုတ်တရက်ရေကြီးမှု၊ မြေပြိုမှုနဲ့ မြေသား၊ ကျောက်သား၊ အပျက်အစီးတွေ အစုလိုက်စီးဆင်းမှု ဖြစ်လာနိုင်ပါတယ်။ မြစ်ကမ်းနားက ကျေးရွာတွေ၊ လမ်းတွေ၊ တံတားတွေနဲ့ အ
ခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးနိုင်ပြီး လူအသေအပျောက်နဲ့ နေရာရွှေ့ပြောင်းရမှုတွေ ဖြစ်လာနိုင်ပါတယ်။
ရေစီးကြောင်းဟာယာလွန်းဆန်ပိုးမြစ်အ
တိုင်း အောက်ဘက်ကို ဆက်လက်စီးဆင်းပြီး အိန္ဒိယနိုင်ငံ အာရုဏာချယ်လ် ပရာဒေ့ရှ် ထဲကိုရောက်ရှိလာနိုင်ပါတယ်။ အဲဒီမှာလည်း ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့်လူနေအိမ်၊ လမ်း၊တံတားနဲ့လျှပ်စစ်ဆိုင်ရာအခြေခံအ
ဆောက်အအုံတွေအကြီးအကျယ်ထိခိုက်နိုင်ပါတယ်။ အဲဒီနောက် အာသံဒေသကို ဖြတ်
သန်းတဲ့ ဗြဟ္မပုတ္တရမြစ်ဝှမ်းမှာ ရေကြီးရေ
လွှမ်းမှု ပိုမိုပြင်းထန်လာနိုင်ပြီး စိုက်ပျိုးမြေတွေနဲ့ လူနေထူထပ်တဲ့ ဒေသတွေကို ထိခိုက် နိုင်ပါတယ်။ရေစီးကြောင်းကဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုရောက်ရှိလာနိုင်တာကြောင့်အဲဒီဒေသတွေမှာလည်းရေကြီးရေလွှမ်းမှုနဲ့လူမှုစီးပွားရေးထိခိုက်မှုတွေဖြစ်
လာနိုင်ပါတယ်။
အနာဂတ်အန္တရာယ်က ဆည်ပျက်တာတစ်ခုတည်း မဟုတ်ပါဘူး။ ယာလွန်း ဆန်ပိုး မဟာဆည် ကို ပြောတိုင်းလူတွေအများဆုံးစဉ်း
စားမိတာက“ဆည်ကြီးပျက်သွားရင် ဘာဖြစ်မလဲ” ဆိုတာပါ။ ဒါပေမယ့် ပိုပြီး လက်တွေ့ကျတာတွေ ရှိပါတယ်။ ဆည်ပုံမှန်လည်ပတ်နေတဲ့အချိန်မှာ ရေစီးပုံ ပြောင်းလဲသွားမှာ၊ မိုးရာသီမှာ ရေများလွန်းလာရင် စီမံနိုင်ဖို့၊ ခြောက်သွေ့ရာသီမှာ အောက်ပိုင်းရေစီးနှုန်း အခြေအနေ၊ အနည်အနှစ် စီးဆင်းမှုပြောင်း
လဲသွားမှာ၊ ငလျင်၊ မြေပြိုမှု နဲ့ ရေခဲမြစ်ဆိုင်ရာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ရင် ဘယ်သူက ဘယ်သူ့ကို ဘယ်လောက်စော
စော သတိပေးမလဲ။ ဒါတွေကပိုပြီးလက်တွေ့ကျပါတယ်။
အခု နိပေါရေဘေးမှာအဓိကအကြောင်းရင်း
ဟာ ဆည်မဟုတ်ဘဲ သဘာဝဘေး တစ်ဆင့်ပြီးတစ်ဆင့် ဆက်တိုက်ဖြစ်ပေါ်ခြင်း ပါ။ ဒါပေမယ့် အဲဒီသဘာဝဘေးက တစ်ချိန်တည်းမှာပဲ နောက်ထပ် အရေးကြီးတဲ့ အားနည်း
ချက်တစ်ခုကိုလည်း ပြလိုက်ပါတယ်။ အဲဒါကတော့ နိုင်ငံဖြတ်ကျော် ကြိုတင်သတိပေးစနစ်ပါ။ နိပေါကတောင်အမြင့်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အန္တရာယ်ကိုအချိန်မီသိနိုင်ဖို့ တရုတ်ဘက်က အချိန်နဲ့တပြေးညီ အချက်အလက် ပိုမိုရရှိချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်သဘာဝဘေးက ရုတ်တရက်တကယ် ဖြစ်လာတဲ့အခါ နိုင်ငံတစ်နိုင်ငံရဲ့ သတိပေး
စနစ် တစ်ခုတည်းနဲ့ မလုံလောက်နိုင်ပါဘူး။
ရေကိုထိန်းချုပ်ဖို့ဆည်တွေချည်းလိုတာမ
ဟုတ်ပါဘူး။ အန္တရာယ်ကို အတူတကွ စောင့်ကြည့်ဖို့စနစ်တစ်ခုလည်းလိုပါတယ်။ တရုတ်
နဲ့ အိန္ဒိယ ကြားမှာ ဗြဟ္မပုတ္တရ/ယာလွန်း ဆန်ပိုး အပေါ် ရေမဟာဗျူဟာပြိုင်ဆိုင်မှုကလည်း ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စကို “ရေစစ်ပွဲ” လို့ပဲ မြင်လိုက်ရင် ပြဿနာရဲ့ တစ်
ဝက်ကိုပဲမြင်ရပါလိမ့်မယ်။“ရေစစ်ပွဲထက်ရေ
အရင်းအမြစ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု
က ပိုအရေးကြီးလာပါပြီ ။

👍7❤4🤮2🔥1
တကယ်လိုအပ်တာကတော့ အချိန်နှင့်တပြေးညီ ရေအခြေအနေဆိုင်ရာ အချက်အလက်တွေကို မျှဝေခြင်း၊ ရေခဲမြစ်တွေရဲ့ အခြေ
အနေကို စောင့်ကြည့်၊ရရှိတဲ့ အချက်အလက်တွေကို မျှဝေခြင်း၊သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးစနစ်တွေကို အချင်းချင်း ချိတ်ဆက်ခြင်း၊ ဆည်တွေရဲ့ ရေထိန်းချုပ်လည်ပတ်မှုဆိုင်ရာ အချက်အလက်တွေကို ပိုမိုပွင့်လင်းစွာ မျှဝေခြင်း၊ ငလျင်နဲ့ မြေပြိုမှုအန္တရာယ်တွေကို ကြိုတင်အကဲဖြတ်ခြင်း၊ မြစ်အောက်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံလူထုတွေကို ဆုံးဖြတ်ချက်ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးခြင်း၊ စီမံကိန်းကြောင့် ထိခိုက်နစ်နာရတဲ့ ဒေသခံတွေအတွက် ထိရောက်တဲ့ နစ်နာကြေးပေးခြင်းနဲ့ နေရာပြန်
လည်ချထားပေးခြင်း၊ နိုင်ငံနယ်နိမိတ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ပူးတွဲအကဲဖြတ်မှုတွေ ပြုလုပ်ခြင်းတို့ ဖြစ်ပါတယ်။ဒီအရာတွေမရှိဘဲဆည်ကြီးတွေတည်
ဆောက်လာမယ်ဆိုရင်လျှပ်စစ်ပိုရနိုင်ပေမယ့်
ယုံကြည်မှုက ပိုနည်းလာနိုင်ပါတယ်။
ဟိမဝန္တာဟာ တစ်နိုင်ငံတည်းပိုင်တဲ့ တောင်
တန်းမဟုတ်ပါဘူး။ တောင်ပေါ်မှာ ရေခဲကျတာက တစ်နိုင်ငံရဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီရေက မြစ်ကြောင်းအတိုင်း အောက်ကို ဆင်းလာပြီဆိုရင် နိုင်ငံအများအပြားရဲ့ ပြဿနာ ဖြစ်လာပါတယ်။ တိဘက်မှာ တရုတ်က ဆုံးဖြတ်ပါတယ်။အာရုဏာချယ်လ် ပရာဒေ့ရှ် မှာ အိန္ဒိယက ဆုံးဖြတ်ပါတယ်။အောက်ပိုင်းမှာဘင်္ဂလားဒေ့ရှ်ကခံစားရပါတယ်။
နိပေါ ရေဘေးကနေ နောက်ထပ် မြင်နိုင်ခဲ့တာတခုကတော့ သဘာဝဘေးက နယ်စပ်ကို မသိသလို ရေကလည်း နိုင်ငံရေးနယ်နိမိတ်ကို မလိုက်ပါဘူး။ ဒါကြောင့် အနာဂတ် ဟိမဝန္တာအတွက် အရေးကြီးဆုံးက “ဟိမဝန္တာရဲ့ ရေကို ဘယ်သူပိုင်တယ်” ဆိုတာ မဟုတ်တော့ဘဲ “ဟိမဝန္တာရဲ့ ရေကို ဘယ်သူတွေ အတူတကွ စီမံနိုင်မလဲ”ဆိုတာဖြစ်လာနေပါပြီ။
နိပေါ ရေဘေးက လူထောင်ဂဏန်း သေဆုံး၊ ထောင်နဲ့ချီ ပျောက်ဆုံးနေတဲ့ အဖြစ်ဆိုးတစ်ခုတည်း မဟုတ်ပါဘူး။ ရာသီဥတုပြောင်းလဲမှု၊ ရေခဲမြစ်တွေရဲ့ မတည်ငြိမ်မှုနဲ့ ဧရာမဆည်ကြီးတွေ တည်ဆောက်ဖော်ဆောင်မှု၊ ဒေသခံအခွင့်အရေးနဲ့ နိုင်ငံဖြတ်ကျော်ရေစီမံခန့်ခွဲမှုတွေ တစ်နေရာတည်းမှာ ဆုံလာပြီဆိုတဲ့ သ
တိပေးချက်တစ်ခုလည်း ဖြစ်ပါတယ်။ ဟိမ
ဝန္တာရဲ့ ရေကတော့ အောက်ကို ဆက်စီးနေဦးမှာပါ။ အဲဒီရေနောက်ကို လူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကပါ လိုက်နိုင်မလားဆိုတာပဲ ဖြစ်ပါတယ်။ ။
ဓါတ်ပုံ-CKGSB
ကိုးကား - Reuters၊ Xinhua၊ The Indian Express၊ Government of China / State Council — Yarlung Zangbo hydropower project groundbreaking, July 19, 2025.
#လွန်းဆန်ပိုးမြစ် #YarlungTsangpo
#တရုတ် #အန္ဒိယ #ဘင်္ဂလားဒေ့ရှ်

👍14❤8🔥1🤮1
လွိုင်ကော်အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေမကျရေး စစ်တပ် လေကြောင်းကခုခံနေ
စက်တင်ဘာ -၅၊၂၀၂၆။ဇော်၀င်း/People's Spring
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
လွိုင်ကော်-လွိုင်လင်လေးလမ်းပိုင်းအနီးက တပ်စခန်းကုန်းတွေကို ဩဂုတ်လနောက်ဆုံးပတ်ကစပြီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
အဲဒီထိုးစစ်ဆင်မှုအရ လွယ်ထွယ်ရွာအနီးတဝိုက်က စခန်းကုန်းကို ဩဂုတ် ၂၆ ရက်မှာ ကရင်နီပူးပေါင်းတပ်တွေ ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လွယ်ထွယ်ကျေးရွာရဲ့ တောင်ဘက်ခြမ်းက စစ်တပ်စခန်းကုန်းတွေ မကျရေးအတွက် မနေ့က(စက်တင်ဘာ ၄ ရက်)တစ်ရက်တည်းမှာပဲ လေကြောင်းကနေ ၃ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်က အသိပေးပါတယ်။
"နောက်ထပ်စခန်းကုန်းတစ်ခု ထပ်ရတယ်ဆိုတာတော့ ကြားတယ်။ဒါပေမယ့် အတည်ပြုနိုင်ဖို့ လိုသေးတယ်။ လေယာဉ်ကတော့ မနေ့က တောက်လျှောက်ကြဲတယ်"လို့ သူက ပြောပါတယ်။
အဲဒီစခန်းကုန်းတွေဟာ အာဏာသိမ်းစစ်တပ်က ပြန်ဖွင့်ဖို့ကြိုးပမ်းနေတဲ့ လွိုင်ကော်မြို့လေဆိပ်အတွက် အရေးပါတဲ့နေရာတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
"အကြောင်းကုန်စင် သတင်းမရသေးပါဘူး"လို့ လွိုင်ကော်အရှေ့ဘက်ခြမ်းစခန်းကုန်းတွေထိုးစစ်ဆင်မှုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာ၀န်ရှိသူက ပြောပါတယ်။
လက်ရှိ ကရင်နီပြည်နယ်မှာ ဒီးမော့ဆို၊ဖရူဆို မြို့နယ်နဲ့ ကရင်နီနဲ့ ရှမ်းတောင်အစပ်က မိုးဗြဲမြို့တွေမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေလို့ မကြာခဏ တိုက်ပွဲဖြစ်နေပါတယ်။
အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့နဲ့ဒီးမော့ဆိုမြို့ ဒေါငံခါးရွာကတဆင့် ကရင်နီတပ်ပေါင်းစု ထိန်းချုပ်ထားတဲ့နန်းမယ်ခုံမြို့ကို ရယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်က အခြေစိုက်တပ်တွေ ချိတ်ဆက်နိုင်ဖို့ အဓိက လမ်းပိုင်းတွေမှာလည်း စစ်တပ်က အင်အားဖြန့်ထားတယ်လို့ သိရပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ကရင်နီပြည်#လွိုင်ကော်မြို့#စစ်တပ်စခန်းကုန်း

👍22❤10🤮4👎2👏2🥰1
မင်းဘူးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မသန်စွမ်းအမျိုးသမီး နဲ့ ကလေးငယ်ကို သတ်ဖြတ်
စက်တင်ဘာ -၅၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မုတ္တောကြီးကျေးရွာက မသန်စွမ်းအမျိုးသမီး ၁ဦး နဲ့ ကလေးငယ် ၁ဦးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
ဒီကနေ့(စက်တင်ဘာ ၅ရက်)မနက် ၆နာရီ၀န်းကျင်မှာ အင်အား ၈၀နီးပါးပါတဲ့ စစ်တပ်စစ်ကြောင်းက မုတ္တောကြီးကျေးရွာ ၀င်ရောက်စီးနင်းပစ်ခတ်ခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။
အဲဒီဖြစ်စဉ်မှာ စကားမပြောနိုင်တဲ့ မသန်စွမ်း အမျိုးသမီး မဝေဝေဌေး (၂၀)နှစ် နဲ့ (၁၃)နှစ်အရွယ် မောင်ဝိုင်းလမင်းအောင်တို့ဟာ ဝမ်းဗိုက်၊ ရင်အုံ၊ လည်ပင်းနဲ့ ခြေထောက်တွေမှာ ကျည်ဆံဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် (၇)နှစ် အရွယ် မအိသီရိအောင်လည်း စိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အသိပေးပါတယ်။
"ရွာထဲကို ၀င်ပစ်ကြတာ။လက်ရှိစစ်ကြောင်းက ပေါင်းရွာဘက်ကိုပြန်ဆုတ်တယ်။စကုမြို့ဘက်ကို တချို့တ၀က်ပြန်ဆုတ်သွားကြတယ်"လို့ မင်းဘူးမြို့ခံတစ်ဦးက ပြောပါတယ်။
မုတ္တောကြီး ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို တော်လှန်ရေးတပ်တွေလည်းမရှိပဲ စစ်တပ်က အကြောင်း မဲ့၀င်ရောင်ပစ်ခတ်ခဲ့တာလို့ မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။
"စစ်ကြောင်းက စကုနဲ့ ပေါင်းရွာမှာ အထိုင်ချထားတဲ့စစ်ကြောင်းပေါင်းပြီးတော့ သူတို့လူပြောင်းလူရွှေ့လုပ်တာလို့ယူဆတယ်။အဲဒီအချိန် မုတ္တောရွာကို၀င်ပြီးစီးတာ"လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းကလည်း မင်းဘူးမြို့နယ် မန်းချောင်းတစ်လျှောက်က ကျေးရွာတွေကို စစ်တပ်စစ် ကြောင်းထိုးခဲ့ပြီး အရပ်သား ၃ဦးကိုသတ်ဖြတ်တာ ဒေသခံတွေရဲ့ နေအိမ်တွေဖျက်ဆီးတာနဲ့ ရွှေ၊ ငွေ၊ ကျွဲ၊နွား၊ လယ်ယာသုံး စက်ပစ္စည်းနဲ့ အိမ်ကြမ်းခင်းထားတဲ့ ပျဉ်ကအစ ခိုးယူသွားတယ်လို့ သိရပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#မင်းဘူးမြို့နယ်#စစ်တပ်စစ်ကြောင်း#မသန်စွမ်းအမျိုးသမီး
#စစ်တပ်သတ်ဖြတ်

🤬29❤5😢4👎3
ရခိုင်ပြည်နယ် အခြေခံကုန်ဈေးနှုန်းများ
-People's Spring
ရခိုင်ပြည်နယ်အတွင်း အခြေခံကုန်စည်တွေနဲ့ အရေးကြီးကုန်စည်တွေရဲ့ စစ်တပ်အာဏာမသိမ်းခင် ဈေးနှုန်း နဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် ဒီနေ့ဈေးနှုန်းတွေကို ဖော်ပြပေးထားပါတယ်။ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတာမှာ အာရက္ခတပ်တော် (AA)က ၁၄ မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ဒါကြောင့် စစ်တပ်ထိန်းချုပ်နိုင်တာစစ်တွေ၊ကျောက်ဖြူ ၊မာန်အောင်သုံးမြို့နယ်ပဲကျန်ပါတယ် ။ AA ထိန်းချုပ်ဒေသတွေနဲ့ စစ်တပ် ထိန်းချုပ်ဒေ
သတွေရဲ့ ဈေးနှုန်းတွေကိုလည်း နှိုင်းယှဥ်ဖော်ပြထားပြီး AA ထိန်းချုပ်ဒေသတွေက ကုန်စည်အများစုမှာ ဈေးပိုသက်သာတာကိုတွေ့ရပါတယ် ။
#လူထုနွေဦး #People'sspring
#ရခိုင်ပြည်နယ် #ကုန်ဈေးနှုန်း #AA

👍11❤2👎2🔥2🖕1
H&M အဝတ်အထည်တွေချုပ်တဲ့ ထန်းတပင်မြို့နယ်က သိုးမွေးစက်ရုံ စက်တင်ဘာလကုန်မှာ ပိတ်သိမ်းမယ်
စက်တင်ဘာ−၅၊၂၀၂၆။မိုမို/People's Spring
ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ H&M အဝတ်အထည်တွေ ချုပ်တဲ့ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်က Teng Hui Myanmar သိုးမွေးစက်ရုံ စက်တင်ဘာလကုန်မှာ ပိတ်သိမ်းတော့မယ်လို့ သိရပါတယ်။
၂၀၁၃ ကတည်းက စတင်ချုပ်ခဲ့တဲ့ Teng Hui Myanmar သိုးမွေးအထည်ချုပ်စက်ရုံဟာ H&M ကုမ္ပဏီရဲ့အ၀တ်အထည်တွေအတွက် ကုန်ကြမ်းနဲ့ အမှာစာမရတော့တာကြောင့် စက်ရုံပိတ်သိမ်းဖို့ ဖြစ်လာတာလို့ ဆိုပါတယ်။ လက်ရှိမှာ စက်ရုံလုပ်သား ၂၀၀၀ ကျော် ရှိပါတယ်။
လာမယ့်အောက်တိုဘာ ၁ ရက်မှာ အပြီးပိတ်သိမ်းမှာဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်ကစတင်ကာ စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်ရပ်နားရမယ့် အလုပ်သမားတွေကို လုပ်သက်အလိုက် နစ်နာကြေးပေးသွားမယ်လို့ စက်ရုံက တရားဝင် ကြေညာပါတယ်။
လွန်ခဲ့တဲ့ ၄လခန့်ကလည်း H&M အ၀တ်အထည်တွေချုပ်နေရတဲ့ ရွှေပြည်သာမြို့နယ်က King Rich Fishion အထည်ချုပ်စက်ရုံဟာလည်း အမှာမရတော့တာကြောင့် ပိတ်သိမ်းခဲ့ရပါတယ်။
ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုကို အာဏာသိမ်း စစ်တပ်က အခုနှစ် ဇွန်လမှာ ကန့်သတ်လိုက်ပါတယ်။
"လုပ်ငန်းစဉ်က စနေပြီး ။စက်ပစ္စည်း အပိုမှာရင်အော်ဒါအသစ် ရှိကြောင်းပြရမယ်။ ပို့ကုန်ဒေါ်လာအားလုံး နိုင်ငံခြား ငွေရင်းနှီးမြုပ်နှံမှုထံကနေတဆင့်ငွေအားလုံးကို ဗဟိုဘဏ်ထံစာရင်းသွင်းပေးရတယ်။ လိုအပ်တဲ့ကစ္စည်းဒေါ်လာနဲ့ ၀ယ်ဖို့ဆိုရင် ကုန်သယ်ကြီးများအသင်းထံတင်ပြခွင့်ပြုချက်ရယူဖို့ ဒေါ်လာငွေပြရမယ်။အပ်ချုပ်စက်လို ပစ္စည်းတွေက ပြည် တွင်းမှာမရှိတဲ့ဟာလေ။CMP တွေရဲ့ဒုက္ခ မသေးတော့ဘူး"လို့ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ကျွမ်းကျင် အလုပ်သမားရှားပါးမှု၊ အလုပ်အပ်နှံရေး စိန်ခေါ်မှု၊ လျှပ်စစ်မီးရရှိရေး စိန်ခေါ်မှုတွေအပြင် ကုန်ကြမ်းပြတ်တောက်မှု မရှိစေဖို့အတွက် အထည်ချုပ်လုပ်ငန်းတွေ ရုန်းကန်ရမယ့် နောက်ထပ်စိန်ခေါ်မှုလို့ သူက ဆိုပါတယ်။
နှစ်စဉ် ပြည်ပတင်ပို့မှုကနေ ဒေါ်လာ ၄ ဘီလီယံ နဲ့ ၅ ဘီလီယံကြားရရှိတဲ့ အထည်ချုပ်လုပ်ငန်းကနေ ကုန်ကြမ်းပြန်လည်တင်သွင်းမှုအရ ဒေါ်လာ ၃ ဘီလီယံ ၀န်ကျင်ရှိတယ်လို့ သိရပါတယ်။
"ကန့်သတ်ချက်က ကုန်သွယ်မှုလိုငွေပြတာကြောင့်လဲ ပါကောင်းပါနိုင်ပေမယ့် ဒီပုံစံအတိုင်းဆို အထည် ချုပ်လုပ်ငန်းတွေ အသက်ရှုကြပ်ကြတော့မယ်။တဆက်တည်းမှာပဲ လုပ်ငန်းခွင်က အလုပ်သမားထုပါ အနည်းနဲ့အများသက်ရောက်လိမ့်မယ်"လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၅နှစ်အတွင်း အထည်ချုပ်ကဏ္ဍကနေ ထွက်ခွာသွားတဲ့ လုပ်ငန်း ၂၀၀ ကျော်ရှိခဲ့ပြီး လက်ရှိမှာ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံတဲ့ အထည်ချုပ်စက်ရုံ ၆၀၈ ခုရှိပြီး တရုတ်နိုင်ငံသားပိုင်စက်ရုံ ၃၆၇ ခုရှိတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကုမ္ပဏီတွေထွက်ခွာသွားတာ၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မလာတော့တာကြောင့် နိုင်ငံခြားငွေရရှိဖို့ ဗိုလ်ချုပ်ကြီးအဆင့်ရှိသူတွေ စစ်တပ်ခန့်အပ်ထားတဲ့ ၀န်ကြီးတွေနဲ့ ၂၀၂၂ မှာ FESC ကို ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ပြည်ပကုန်သွယ်မှုကနေရတဲ့ ဒေါ်လာငွေတွေနဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ခဲ့ပါတယ်။
ပို့ကုန်လုပ်ငန်းရှင်တွေရတဲ့ ဒေါ်လာငွေကို ရည်ညွှန်းစျေး(တစ်ဒေါ်လာကို ကျပ် ၂၁၀၀)လဲလှယ်ပြီး ဗဟိုဘဏ်ကို ပြန်အပ်ဖို့ စစ်ကောင်စီက ဖိအားပေးခဲ့ပါတယ်။
ပို့ကုန်ရငွေ ဒေါ်လာ သန်း ၁၀၀ ရှိပါက ၆၅ သန်းကို မြန်မာကျပ်ငွေ လဲလှယ်ဖို့သတ်မှတ်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ရငွေရဲ့ တစ်ဝက် နဲ့ ၂၀၂၅မှာ ၂၅ ရာခိုင်နှုန်းနဲ့ အခုနှစ်မှာ ၁၅ ရာခိုင်နှုန်းကို မဖြစ်မနေ ပြန်သွင်းရပါတယ်။
လက်ရှိ ပြည်ပက စက်သုံးဆီ၊ဆေးဝါး နဲ့ ကုန်ချောပစ္စည်းအများစုဟာ အထည်ချုပ်လုပ်ငန်းရဲ့ပို့ကုန်၀င်ငွေ ကို စစ်တပ်က အသုံးပြုနေတာဖြစ်ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#အထည်ချုပ်စက်ရုံပိတ်သိမ်း#Teng Hui Myanmar#H&M
#ထန်းတပင်မြို့

❤14👍8😢5🔥2🖕1