People's Spring
60.1K subscribers
70.6K photos
1.21K videos
8 files
3.03K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ပြည်သူ​ထောက်ခံမှု နဲ့ စိတ်ဓါတ်ပြင်းပြမှု​တော်လှန်​​ရေးအတွက်အ​​ရေးကြီးကြောင်း ဒုဗိုလ်မှူးကြီးစောဒါ​ဘော​ပြော


■စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက်
၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး


စက်တင်ဘာ-၄၊၂၀၂၆။​နေ့သစ်/People's Spring

KNU/KNLA တပ်မဟာ(၆)၊တပ်ရင်း(၂၈)ဒု
တိယဗိုလ်မှူးကြီး စောဒါဘော က ဒီက​နေ့မှာ
စစ်တပ်ထံက အလင်းဝင်လာတဲ့စစ်သား ၊ဖမ်းမိတဲ့စစ်သုံ့ပန်း ၊​ပေါ်တာဆွဲခံရပြီးစစ်တပ်ထဲပါသွားရာကထွက်​ပြေးလွတ်​မြောက်လာတဲ့သူ စုစု​ပေါင်း ၂၅ ဦးနဲ့ စကားဝိုင်းပြုလုပ်ခဲ့ပါတယ်။

"သေချာတာကတော့ ဘယ်လိုနည်းနဲ့မှ အ
သက်မရှင်နိုင်ဘူး။ ဒါကျွန်တော်ရဲရဲကြီး ကျွန်တော့် ဘဝ အတွေ့အကြုံနဲ့ အာမခံပြီး‌ ပြောရဲတယ်။ ဒါကြောင့်မိုလို့ ခင်ဗျားအသက်ရှင်ချင်ရင် ခင်ဗျားမိသားစုနဲ့ တစ်ချိန်ချိန်ကျ နွေးနွေးထွေးထွေးပြန်နေချင်ရင် ခင်ဗျားရုန်းထွက် ၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ရုန်းထွက်။သေချာတာတစ်ခုကတော့တော်လှန်ရေးဘက်
ထဲရောက်လာရင်တော့ခင်ဗျားအတွက် အာမ
ခံချက်အပြည့်အဝပေးနိုင်တယ်ဆိုတာတော့ ကျွန်တော်ရဲရဲကြီး အာမခံတယ်" လို့ ဒုတိယ
ဗိုလ်မှူးကြီး စောဒါဘော ကစစ်သား​တွေအ​နေနဲ့ အလင်းမဝင်ရင် အသက်ဆက်မရှင်နိုင်ဘဲ
မိသားစုနဲ့သိုက်သိုက်ဝန်းဝန်းပြန်​နေချင်ရင်အလင်းဝင်ကြဖို့ စကားဝိုင်းကတဆင့်တိုက်တွန်းပါတယ် ။




အဓိကက ဒီလိုလေ။ ကျွန်တော်တို့က ဆိုရှယ်မီဒီယာမှာကြည့်မယ်ဆိုရင်လည်း ဝါဒဖြန့်တာတွေ အများကြီးတွေ့ရတယ်။ အထူးသဖြင့်က တပ်ထဲမှာရောက်လာတဲ့ ပစတိုင်း တပ်သားတိုင်း ၊ အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးတာပဲဖြစ်ဖြစ် ထွက်ပြေးလာတာပဲဖြစ်ဖြစ် ကျွန်တော်တို့က သူတို့နှုတ်မှာထွက်လာတဲ့ စကားတစ်ခွန်းအမြဲတမ်း ကြားရတယ်။ မင်းတို့က ဟိုကိုရောက်သွားရင် သတ်ပစ်မယ်။ သတ်တာတောင် ရိုးရိုးသတ်တာမဟုတ်ဘူး။ နှိပ်စက်ပြီးတော့မှသတ်မှာ ။ ဒါတွေက ကျွန်တော်အမြဲတမ်းကြားနေရတာ။

​နွေဦး​တော်လှန်​ရေးမှာ ​ကော်ဘရာစစ်​ကြောင်းနဲ့အတူ လူသိများလာတဲ့ ဗိုလ်ဒါ​ဘောက ဆက်လက်ပြီး "ကျွန်တော်တို့တော်လှန်
ရေးလုပ်တာကလူသတ်ဖို့တော်လှန်ရေးလုပ်
တာမဟုတ်ဘူး။ စနစ်ကိုမကြိုက်လို့ တော်လှန်‌တာ။ ကျွန်တော် ဒီကနေ့ ဒီအချိန်အထိ သစ္စာဆိုရဲတယ်။ ကျွန်တော်တိုက်ပွဲမှာ တိုက်ပွဲပေါင်းကို မရေတွက်နိုင်တော့ဘူး။ ငါးနှစ်အတွင်း တိုက်ပွဲတွေက အကြိမ်ကြိမ်မရေနိုင်တော့ဘူး။ ဒါပေမယ့် ကျွန်တော်ဖမ်းမိတဲ့ သုံ့ပန်းတိုင်း နောက်ဆုံး သုံ့ပန်းတောင်မဟုတ်ဘူးဗျာ၊ တိုက်ပွဲမှာ သူသေကိုယ်သေတိုက် ကျွန်​တော်လက်နဲ့ ကျွန်တော့်အမိန့်နဲ့ သတ်ခိုင်းတာတို့ နှိပ်စက်ခိုင်းတာတို့ မတရားချုပ်နှောင်ခိုင်းတာတို့ အခုချိန်အထိမရှိဘူး။ တိုက်
ပွဲမှာရှိနေတဲ့ တပ်မှုး တပ်ဗိုလ်တစ်ယောက်အနေနဲ့ကတိသစ္စာဆိုရဲတယ်"လို့​ပြောပါတယ်။

စကားဝိုင်းမှာ​ စစ်တပ်ကိုအနိုင်ယူပြီးတော်လှန်​ရေး​အောင်ပွဲဆင်နိုင်ဖို့အတွက် အ​ရေးကြီးဆုံးမှာ ​တော်လှန်​ရေးအဖွဲ့​တွေရဲ့ စည်းလုံးညီညွတ်စွာနဲ့ ဘုံရန်သူကိုအတူတိုက်ခိုက်နိုင်ကြဖို့ဖြစ်​ကြောင်းလည်း​ပြောပါတယ်။ စစ်အုပ်စုကိုနိုင်​အောင်တိုက်ရန်မှာ မခက်ခဲဘဲ ​တော်လှန်​ရေးတပ်​တွေစည်းလုံးဖို့က ပိုခက်ခဲခဲ့ပြီး အတိတ်ကို သင်ခန်းစာယူပြီး စည်းလုံးညိညွတ်ကြဖို့​တော်လှန်​ရေးတပ်​တွေကိုလည်းတိုက်တွန်းခဲ့ပါတယ် ။

ဒါ့အပြင် ဇူလိုင်လမှစပြီး တိုက်ပွဲ​တွေပြင်းထန်​နေတဲ့ ဖလူး၊မင်းလက်ပံ​ဒေသတိုက်ပွဲ​တွေနဲ့ပတ်သက်ပြီး​တော့လည်း​ပြောခဲ့ပါတယ် ။စစ်တပ်ရဲ့ အမှတ်(၁၃)စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) ​အောက်ကတပ်ရင်း​တွေအပါအဝင် တပ်ရင်း​ပေါင်း ၂၀ နဲ့စစ်တပ်ကထိုးစစ်ဆင်​ပေမယ့် ဒုဗိုလ်မှူးကြီး စောဒါဘော ဦး​ဆောင်တဲ့ စစ်​ကြောင်း​တွေကို မထိုး​ဖောက်နိုင်ခဲ့ဘူးလို့​ပြောပါတယ် ။ သူဦး​ဆောင်တဲ့တပ်ရင်း ၆ ရင်းကို စစ်တပ်ရဲ့ တပ်ရင်း ၂၀ က မထိုး​ဖောက်နိုင်​ကြောင်းရှင်းပြပါတယ် ။

"စကခ ၁၃ တက်လာတဲ့တစ်လအတွင်းထဲမှာသိမ်းဆည်းရမိတဲ့လက်နက်က ၅၀ ​ကျော်သွားပြီ ။အ​လောင်း​တွေဆိုရင်​တော့မ​ပြော​တော့နဲ့ ဗိုလ်မှူး​တွေ ၊အရာရှိ​တွေအတုန်းအရုန်းပဲ ။ဒီအ​ပေါ်မှာ ကျွန်​တော့ဆီကို​ပြေးလာတဲ့ ​ပြေးတယ်ဆိုတာ တိုက်ပွဲဖြစ်ပြီး​တော့မှလွတ်ရာကျွတ်ရာ​ပြေးပြီး​တော့ကျွန်​တော်တို့ဆီ​ရောက်လာတာ​တွေရှိတယ် ။တိုက်ပွဲမှာဖမ်းမိတာ​တွေရှိတယ် ။ဒီတစ်လအတွင်းမှာအ​မြောက်အများရှိပါတယ် ။ဒါ​တွေကျွန်​တော်ချပြဖို့ရှိပါတယ်"လို့ ဆက်​ပြောပါတယ် ။

စစ်တပ်ကိုအခုလို​တော်လှန်တိုက်ခိုက်နိုင်တာဟာ ပြည်သူ​တွေရဲ့​ထောက်ခံမှု နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​​တွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ​ကြောင့်ဖြစ်တယ်လို့လည်း ဒုဗိုလ်မှူးကြီးစောဒါ​ဘော​ပြောပါတယ် ။

စစ်တပ်က အခု​နောက်ပိုင်း အဓမ္မစု​ဆောင်းထားတဲ့ ပြည်သူ့စစ်(ပစ)​တွေကိုပဲအဓိကအားကိုး​နေရပြီး မတရားဖိနှိပ်စု​ဆောင်းထားတဲ့ ပြည်သူ့စစ်​တွေမှာ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေဆီမှာလို့ စိတ်ဓါတ်ပြင်းပြမှုမရှိဘူးလို့သူက​ပြောပါတယ် ။

ဒုဗိုလ်မှူးကြီးစောဒါ​ဘော​နဲ့ တွေ့ဆုံ​ဆွေး​နွေးခဲ့သူ ၂၅ ဦး ထဲက စစ်သားအချို့က KNU နဲ့ ပူးပေါင်းပြီးစစ်အုပ်စုကို အမြစ်ပြုတ်တဲ့အထိပြန်လည်တိုက်ခိုက်သွားမယ်လို့ ပြောကြပါတယ်။
👍184🥰1🤮1
ဒုဗိုလ်မှူးကြီးစောဒါ​ဘော​ကအခုလိုစကားဝိုင်းမျိုး​အရင်ကလည်းလုပ်ဖူးပြီး အခုထပ်မံလုပ်တာဖြစ်ကာ စစ်သားသစ်စု​ဆောင်းခံရတဲ့လူငယ်​တွေရဲ့အခက်အခဲ​တွေ ၊စစ်တပ်လက်​အောက်မှာ ကိုယ်ဘဝကိုယ်မပိုင်​တော့တာ​တွေပိုသိလာရတယ်လို့​ပြောပါတယ်။ အခုလို​ဆွေး​နွေးတာက​နေ လူငယ်​တွေရဲ့အခက်အခဲ​တွေပိုသိလာရသလို စကားဝိုင်းက​နေတဆင့်
စစ်သား​တွေ စစ်အာဏာရှင်လက်​အောက်ကလွတ်​အောင် ရုန်းထွက်ကြဖို့ နဲ့ ပြည်သူ​တွေထံကသတင်းစကား​တွေ မျှ​ဝေနိုင်လို့အကျိုးရှိတယ်လို့လည်း​ပြောပါတယ် ။



ရုပ်သံ-​အောင်
👍225🥰1🤮1
ရွှေကူမှာ အထိနာချိန် ဖားကန့်မှာ
စစ်တပ် စစ်ရေးပြန်လှုပ်ရှား

စက်တင်ဘာ-၄၊၂၀၂၆။ ဇော်ရမ်း/People's Spring

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်
လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

ရွှေကူမြို့နယ်၊ဧရာဝတီမြစ်ကြောင်းမှာတိုက်ပွဲတွေဖြစ်ခဲ့တဲ့ စက်တင်ဘာလဆန်းကစပြီး ဖားကန့်နေရာအချို့မှာ စစ်‌တပ်စစ်
ကြောင်းတွေရဲ့စစ်​ရေးလှုပ်ရှားမှုပြန်လုပ်လာပြီးစက်တင်ဘာလ ၄ရက် မနက်ပိုင်းမှာတော့ လုံးခင်းနဲ့ မဆွတ်ယာန်ရွာဘက်ကို လက်နက်
ကြီးတွေ ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။

"စစ်တပ်နဲ့ ဝါရာဇွပ်အဖွဲ့တွေ ခြေပြန်ရှုပ်နေတာ။လမ်းတွေလည်း ပိတ်ထားတယ်။ ဒီရက်
ပိုင်း စစ်ရေးကို သတိထားကြဖို့ ကျမတို့ ဒေ
သခံချင်း သတိပေးနေတုန်းမှာပဲ လက်နက်
ကြီး စပစ်တာ"လို့ဖားကန့်ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လအတွင်းတိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ဖားကန့်မှာအခုရက်ပိုင်းတိုက်ပွဲမရှိပေမယ့် စစ်တပ်ကလေကြောင်း ကင်း‌ထောက်ပျံသန်းမှုတွေရှိနေပါတယ်။ဖားကန့်ကိုရောက်ရှိနေတဲ့စစ်ကြောင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှမ်းနီတပ်၊ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီးပါဝင်ပါတယ်။အဲဒီစစ်ကြောင်းက အရပ်သားပြည်သူတွေကိုဖမ်းဆီးမှုတွေ၊သတ်ဖြတ်တာတွေလည်းကျူး
လွန်ကြားလို့ ဒေသခံတွေ ထွက်ပြေးတိမ်း
ရှောင်ခဲ့ကြရပါတယ်။

ဖားကန့်မှာ စစ်တပ်နဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ မှော်ဝမ်းလေး ကျေးရွာကို သြဂုတ်လ
၂၄ရက်မှာ ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅လောင်းကို မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။အဲ့ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။

လက်ရှိမှာ ကချင်ပြည်နယ်အတွင်း ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ စစ်ရေးအတင်းမာဆုံးဖြစ်နေပါတယ်။စစ်တပ်က တိုက်ခိုက်ရေးသင်္ဘော နှစ်စီးနဲ့ ကုန်တင် သင်္ဘောရှစ်စီးအပါအဝင် သင်္ဘော၁၅စီးနဲ့ မန္တလေးမြို့၊ ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဩဂုတ်လ ၂၁ ရက်နေ့က ထွက်လာစဉ် ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ KIA၊KPDFက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

စက်တင်ဘာလ ၂ရက်က တိုက်ပွဲအပြင်းအ
ထန်ဖြစ်ခဲ့ပြီး စစ်သင်္ဘော ၈ စီးဖျက်ဆီးခံရတဲ့အပြင်စစ်သုံ့ပန်း ၁၉၀ ကျော်ကိုKIA၊KPDF
က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖားကန့်ဒေသခံတွအနေနဲ့ စစ်တပ်စစ်ကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်၊ လေကြောင်းအန္တရာယ်တွေ သတိ
ပြုကြဖို့ KIA က မကြာခဏသတိပေးထားပါတယ်။
👍17👎3😁2🤬21
၂၀၂၅ မိုးရာသီမှ ဖားကန့်ကို စစ်​ကူပို့ဖို့ စစ်တပ်ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-CJ
👎16😁4🤬2🖕2