People's Spring
60.1K subscribers
70.6K photos
1.21K videos
8 files
3.03K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်ကိုင်းမှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

စက်တင်ဘာ-၄၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

စက်တင်ဘာ ၂ ရက် မနက် ၉ နာရီ မိနစ် ၄၀ ခန့်က မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကိုင်းတပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို သွားမယ့်ယာဥ်တန်းကို စစ်ကိုင်းမြို့နယ်၊ ကုန်းရွာ ရေမြောင်းဘောင်ရှေ့ ကင်းစောင့် ပေးနေတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းလင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ရဲ ၃ ဦးမှာ နေရာမှာတင် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

"ရဲတပ်ရင်း ၁၆ နဲ့အမှတ်၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းက လာတဲ့ကောင်တွေဗျ။ သေဆုံး ၃ ယောက်ထဲက တယောက်ကတစစီပဲ။ ခြေတခြား လက်တခြား ပြတ်ထွက်ပြီး သေဆုံးသွားတာ"လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုဟာ သေဆုံးရဲအလောင်းတွေကို လာရောက်သယ်ယူချိန် မုံရွာ-မန္တလေးလမ်းကို လမ်းပိတ်လိုက်ပြီး ခရီးသွားတွေကိုပါ စစ် ဆေးခဲ့တယ်လို့ သိရပါတယ်။ စစ်တပ် တပ်ဖွဲ့ဝင်တွေ သေဆုံးမှုကိုတော့ People’s Spring က သီးခြားအတည်မပြုနိုင်သေးပါဘူး။

လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်ကလည်း နမခကိုသွားတဲ့ စစ်ကောင်စီယာဉ်တန်းကို အမှတ် (၁၆) ရဲတပ်ရင်းအနီး လုံခြုံရေးယူပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
28👍15👏3🥰1🤣1🖕1
ဓာတ်ပုံ - Screen-grab
27👍14👻2🥰1👏1🤣1
စစ်တပ်ရေကြောင်း၊လေကြောင်း၊လက်နက်
ကြီးတိုက်ခိုက်မှုသတိထားဖို့၊ပြည်သူအချင်း
ချင်းသတိပေးကြဖို့ AAထပ်မံတိုက်တွန်း

■စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်
ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

စက်တင်ဘာ-၄၊၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ကလေကြောင်း၊လက်
နက်ကြီး ရေကြောင်းက တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အပြင် တိုက်ခိုက်မှုတွေ အချိန်မရွေး ဆက်လက် ပြုလုပ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အချိန်ပြည့် သ
တိရှိကြဖို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ မှာ သတိပေး တိုက်တွန်းချက် ထပ်မံ ထုတ်ပြန်ပါတယ်။

ဩဂုတ်အတွင်းစစ်တပ်ကအရပ်သားပြည်သူနေထိုင်ရာတွေကိုပစ်မှတ်ထားတဲ့ လေ
ကြောင်း၊ရေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်
နီးပါး ပြုလုပ်ခဲ့သလိုစက်တင်ဘာမှာလည်း လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်၊ နေ
ရာများစွာကနေ လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်လာတဲ့အပေါ် AAကစက်
တင်ဘာ ၄ရက်မှာ သတိပေးချက်ထပ်မံထုတ်ပြန်ခဲ့တာပါ။

စက်တင်ဘာ ၃ရက်က အာရက္ခဒေသရှိ သံတွဲခရိုင်၊ ဂွမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များ၊ ကျိန္တလီမြို့အတွင်းရှိ ပုန်းညှက်ကမ်းခြေနဲ့ စေတီကွင်းကမ်းခြေအကြားအပါအဝင် ဂွ၊ ကျိန္တလီ ကမ်းခြေတလျှောက်အား ပင်လယ်ရီကြောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောတွေက လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

အလားတူ စက်တင်ဘာ ၃ ရက်မှာပဲ အာရက္ခဒေသ ပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင် မြို့ (၃) မြို့ စပ်ကြား ပတ်ဝန်းကျင်ရှိ ရပ်ရွာများဖြစ်တဲ့ကွမ်းတောင်ရွာ၊ကုန်းတန်းကြိမ်ချောင်းရွာ၊ မက္ကလာကျရွာ၊ ညိုရောင်ရွာ၊ မင်းလှရွာနဲ့ မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာ၊ ညောင်ပင်ကြီး (မူဆလင်ရွာ) ၊ညောင်ပင်ကြီး (ရက္ခိုင်ရွာ)တွေကို စစ်ကောင်စီက တိုက်လေယာဉ် ၄စီးနဲ့ လှည့်ပတ်ဗုံးကြဲခဲ့ကြောင်း ဖော်ပြပါတယ်။

အဲဒီလိုတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးရှိ၊
မရှိ အခြေအနေတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။စက်တင်ဘာ ၄ရက်မှာလည်း စစ်တွေမြို့ရှိ စစ်တပ်ရဲ့လက်နက်
ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊သံချပ်
ကာတင့်ကား၂ စီးနဲ့ စစ်တွေမြို့နားပင်လယ်
ပြင်တွင်ကျောက်ချရပ်နားထားတဲ့ စစ်
သင်္ဘောအချို့ပေါ်မှ ပုဏ္ဏားကျွန်း-စစ်တွေ
-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာများ အတွင်း လက်နက်ကြီးများ တိုက်ခိုက်ခဲ့တယ်လို့ အ
သိပေးပါတယ်။ ဒါ့အပြင် ဂွကမ်းခြေနဲ့ ငပလီ
ကမ်းခြေကိုလည်းစစ်တပ်က လက်နက်ကြီး
တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့အသိ​ပေးပါတယ်။

အခုရက်တွေမှာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားနေပုံတွေကိုသုံးသပ်ချက်အရလေကြောင်း၊ရေ
ကြောင်း၊လက်နက်ကြီး​တွေအချိန်မရွေးဆက်
လက်ပစ်ခတ်နိုင်တာကြောင့်ကမ်းခြေ၊ချောင်း
ကမ်းနံဘေးအပါအဝင်မြို့၊ ရွာ အသီးသီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အထူးသ
တိထားဖို့ လေကြောင်းအချက်ပြမှုတွေ သတိ
ထားစောင့်ကြည့်ဖို့ နိုးနိုးကြားကြားနဲ့ အချင်း
ချင်း သတိပေးကြဖို့ AAက တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သံတွဲ၊ ဂွအပါအဝင် အာရက္ခဒေသ မြို့နယ်တွေကို ဇူလိုင်၊ ဩဂုတ်
လအတွင်း လေကြောင်း တိုက်ခိုက်မှုအပြင်း
အထန် ပြုလုပ်ခဲ့ရာ ကလေးငယ်တွေအပါ
အဝင်အရပ်သားပြည်သူအစုလိုက် အပြုံ
လိုက်သေဆုံးထိခိုက်ခဲ့ရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ပေါ်ပေါက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး
(HDCO)က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သြဂုတ်လအတွင်းရခိုင်နဲ့ ချင်းပြည်
နယ် ပလက်၀တို့မှာ စစ်တပ်က​လေ​ကြောင်းကဗုံးကြဲမှု​ကြောင့် ပြည်သူအနည်းဆုံး ၂၄ ဦး​သေဆုံးပြီး က​လေးငယ်​တွေအပါအဝင်ပြည်
သူအနည်းဆုံး ၄၃ ဦးဒဏ်ရာရခဲ့တယ်လို့ HDCO ထုတ်ပြန်ထားတဲ့အချက်အလက်​တွေအရသိရပါတယ် ။


#Peoplesapring #လူထု​​​နွေဦး
#AA #စစ်​တွေ #ပြည်သူ​တွေကိုသတိ​ပေး
👍26👏76🥰1🤣1
စစ်တပ်ကအာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်မှာ လက်နက်ကြီးပစ်ခတ်​လေ့ကျင့်​နေစဥ်။
ဓါတ်ပုံ-စစ်​ကောင်စီ
👏18👎82🤣2
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပေးဖို့ အမေရိကန်နိုင်ငံရောက် မြန်မာတွေ ဆန္ဒထုတ်ဖော်

စက်တင်ဘာ ၃၊၂၀၂၆။သုည/People's Spring

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက် ကိုယ်စားပြုခွင့်ရအောင် ထိုင်းအစိုးရအနေနဲ့ ထောက်ခံပေးဖို့ စက်တင်ဘာ ၂ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ထိုင်းအစိုးရအနေနဲ့ မြန်မာပြည်သူတွေ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ဘက်က ရပ်ခံပေးခြင်းအားဖြင့် နှစ်နိုင်ငံအနာဂတ် ရေရှည်အကျိုးစီးပွားကို တည်ဆောက်နိုင်မှာဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပြသပြီး ထိုင်းဝန်ကြီးချုပ်ကို လိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာကိုလည်း ထိုင်းသံရုံးကို ပေးအပ်ခဲ့ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ နိုင်ငံတကာမှာ မြန်မာပြည်သူတွေရဲ့အသံကို တရားဝင်လမ်းကြောင်းကနေ ထုတ်ပြန်ပေးနိုင်တဲ့ တယောက်တည်းသောသူ ဖြစ်တဲ့အတွက် ထိုင်းအစိုးရကို မေတ္တာရပ်ခံတာဖြစ်ကြောင်း ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

စစ်အာဏာရှင်ရဲ့ မတရားအုပ်ချုပ်မှု၊ အတင်းအဓမ္မ စစ်သားစုဆောင်းတာနဲ့ ဖမ်းဆီးအကျဉ်းချ သတ်ဖြတ်တာတွေ ခံရနိုင်တဲ့အတွက် မြန်မာပြည်သူတွေကို နိုင်ငံအတွင်း ဖိအားပေးပြီး ပြန်မပို့ဖို့လည်း မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက မေတ္တာရပ်ခံပါတယ်။
34👍7🥰3👏2🖕2🤣1
ဓာတ်ပုံ - Anti Dictatorship in Burma - DC Metro Area
37👍3🥰2🖕2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်တပ်ရဲ့ ရေကြောင်း၊လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှုသတိထားဖို့ AA ထပ်မံတိုက်တွန်း

အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီး ရေကြောင်းက တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အပြင် တိုက်ခိုက်မှုတွေ အချိန်မရွေး ဆက်လက် ပြုလုပ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အချိန်ပြည့် သတိရှိကြဖို့ အာရက္ခတပ်တော်(AA)က သတိပေးတိုက်တွန်းချက် ဒီနေ့ ထပ်မံ ထုတ်ပြန်ပါတယ်။ ဩဂုတ်အတွင်း စစ်တပ်က အရပ်သားပြည်သူနေထိုင်ရာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး ပြုလုပ်ခဲ့သလို စက်တင်ဘာမှာလည်း လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်၊ နေရာများစွာကနေ လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်လာတဲ့အပေါ် AAက စက်တင်ဘာ ၄ရက်မှာ သတိပေးချက် ထပ်မံထုတ်ပြန်ခဲ့တာပါ။ စက်တင်ဘာ ၃ရက်က အာရက္ခဒေသရှိ သံတွဲခရိုင်၊ ဂွမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များ၊ ကျိန္တလီမြို့အတွင်းရှိ ပုန်းညှက်ကမ်းခြေနဲ့ စေတီကွင်းကမ်းခြေအကြားအပါအဝင် ဂွ၊ ကျိန္တလီ ကမ်းခြေတလျှောက် ပင်လယ်ရေကြောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောတွေက လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။ စက်တင်ဘာ ၃ ရက်မှာပဲ အာရက္ခဒေသ ပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင် မြို့ (၃) မြို့ စပ်ကြား ပတ်ဝန်းကျင်ရှိ ရပ်ရွာများဖြစ်တဲ့ကွမ်းတောင်ရွာ၊ကုန်းတန်းကြိမ်ချောင်းရွာ၊ မက္ကလာကျရွာ၊ ညိုရောင်ရွာ၊ မင်းလှရွာနဲ့ မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာ၊ ညောင်ပင်ကြီး (မူဆလင်ရွာ) ၊ညောင်ပင်ကြီး (ရက္ခိုင်ရွာ)တွေကို စစ်တပ်က တိုက်လေယာဉ် ၄စီးနဲ့ လှည့်ပတ်ဗုံးကြဲခဲ့ကြောင်း ဖော်ပြပါတယ်။

◾️စစ်တွေမြို့နယ်တိုက်ပွဲ ပြင်းထန်နေ

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်တွေအခြေစိုက် စစ်တပ် တပ်ရင်းတွေနဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေနဲ့ မြေ
ပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ စက်တင်ဘာ ၄ ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်တွေ ရွှေမင်းဂံရေတပ်စခန်း အနီးဝန်းကျင်နဲ့ အမြင့်ကျွန်းအနီးဝန်းကျင်တို့မှာ အာရက္ခတပ်တော်(AA)နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေခဲ့တာဖြစ်ပြီး စစ်တပ်က အထိနာနေတာကြောင့် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတာလို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်က တိုက်ပွဲမှာ အထိနာလို့ မြေပြင်ကလည်း အင်အားဖြည့်ပြီး တိုးလာသလို လက်နက်ကြီးနဲ့လည်း အလုံးရေ ရာချီ လျှောက်ပစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

◾️ရခိုင်နဲ့ ဧရာဝတီအစပ် တိုက်ပွဲပြင်းထန်နေ

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်အစပ်ဒေသတွေဖြစ်တဲ့ ငါးသိုင်းချောင်း၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေ ကြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းပျံသန်းမှုနဲ့ ဗုံးကြဲမှု နေ့စဉ်ရှိနေပေမယ့် စက်တင်ဘာ ၄ရက် ဒီနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်နေတဲ့အသံကို ကြားနေရတယ်လို့ ငါးသိုင်းချောင်းမြို့ခံတစ်ဦးက ပြောပါတယ်။ ငါးသိုင်းချောင်း၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်တွေဟာ ရခိုင်ရိုးမနဲ့ ဆက်စပ်နေပါတယ်။ စစ်တပ်က ဧရာဝတီတိုင်းဘက်ကို အင်အားတွေဖြည့်ပြီး အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်ကို စစ်ကြောင်းထိုးဖ်ို့ ကြိုးပမ်းနေလို့ တိုက်ပွဲတွေဖြစ်နေတာပါ။ တိုက်ပွဲက တော်တော်လေးပြင်းထန်နေပြီး လေယာဉ်တွေဆက်တိုက်‌တက်နေတယ်လို့ ရေကြည်မြို့ခံတစ်ဦးက ပြောပါတယ်။

◾️မြန်မာပြည်သူတွေဆီက ချီးကျူးတဲ့စာတွေ ရခဲ့တယ်လို့ မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့သူ ထိုင်းအမတ်ပြော

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။ ဩဂုတ်လဆန်းပိုင်းက မင်းအောင်လှိုင်ကို ထိုင်းလွှတ်တော် ဥက္ကဋ္ဌက ကြိုဆိုတဲ့ အခမ်းအနား တစ်ခုမှာ ဆန္ဒပြခဲ့တာကြောင့် အနူဆွမ် သွမ်ချိုင်ဟာ မြန်မာပြည်သူတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အနူဆွမ်က သူ့ရဲ့ လုပ်ရပ်ဟာ အိမ်နီးချင်း နိုင်ငံမှာ စစ်တပ်ရဲ့ အုပ်စိုးမှုကို ဆန့်ကျင်ကြောင်း ပြသခြင်းလည်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုင်းလွှတ်တော်ထဲမှာ ဒုတိယ အင်အား အတောင့်ဆုံးနဲ့ အဓိက အတိုက်အခံ အင်အားစုဖြစ်တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ်တစ်ဦးဖြစ်သူ အနူဆွမ်က သူ့ရဲ့ ဆန္ဒပြမှုဟာ လွှတ်တော်အမတ် တစ်ယောက်အနေနဲ့ မဟုတ်ဘဲ လူသားတစ်ယောက် အနေနဲ့ လုပ်သင့်တာကို လုပ်ခဲ့တာလို့ မကြာသေးခင်က ဂျပန် သတင်းဌာန Kyodo Newsနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ရန်လိုမှုတွေ ရပ်တန့်စေဖို့ အခုလို ဆန္ဒပြမှုမျိုး လိုအပ်တယ်လို့ သူယုံကြည်ကြောင်းလည်း အနူဆွမ်က ဆိုပါတယ်။

◾️ရန်ကုန်မြို့မှာ အမျိုးသမီးငယ် ၁ဦး ပျောက်ဆုံးနေပြန်
15👍4🖕3
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံးသွားမှု စက်တင်ဘာ ၂ရက်က ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။ စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီခန့်က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ကနေ ရွှေပြည်သာမြို့နယ်ကိုသွားဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီးငယ်ဟာ အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်ကြောင်း နီးစပ်သူတစ်ဦးက Facebook လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ အလားတူ ရွှေပြည်သာမြို့နယ်မှာလည်း LGBT ၁ဦးကို အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ဦးက သုံးဘီးဆိုက်တွဲယာဥ်ပေါ်တင်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြောင်း Tiktok လူမှုကွန်ရက်မှာ ဖမ်းဆီးခံရတဲ့ LGBT ကိုယ်တိုင် ပြောပြထားပါတယ်။ သူကတော့ အတင်းထွက်ပြေးမြန်လို့ အိမ်ပြန်ရောက်လာခဲ့တယ်လို့ ပြောပါတယ်။

◾️နေပြည်တော်မှာ တပ်မိသားစုဝင် ပေါ်တာဆွဲခံရ

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။ လယ်ဝေးမြို့၊ နယ်မြေ(၁၀)၊ အမှတ် (၁) ရပ်ကွက်နေ စစ်သား ၂ဦးရဲ့မိခင်စျေးသည် ဒေါ်ခင်ဌေးမြင့်(ခ)ဒေါ်ဌေးဟာ သူ့ရဲ့သားဖြစ်သူ မောင်ငြိမ်းချမ်းဝင်းကို ၂၀၃၀ တပ်ရင်းက ဗိုလ်မှူးအောင်မင်းကိုယ်တိုင် ပေါ်တာဆွဲသွားလို့ ကူညီပေးကြဖို့ Tiktok လူမှုကွန်ရက်ကနေ အကူအညီတောင်းခံလိုက်တာပါ။ သူမဟာ သား ၃ယောက်ရှိပြီး နှစ်ယောက်က အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်သားတစ်ယောက်က သူမကို ပြုစုစောင့်ရှောက်နေတယ်လို့ ပြောပါတယ်။ အဲဒီသားကို ပြည်သူ့စစ်ထဲ ထည့်၊ ပေါ်တာဆွဲသွားတယ်လို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် ဗိုလ်မှူးအောင်မင်းဟာ သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ဒေါ်ဌေးက ပြောပါတယ်။ သားသမီးရှိတဲ့လူတွေ၊ သားတွေ မွေးထားတဲ့ အမျိုးသမီးတွေ ကိုယ့်ရဲ့သားတွေကို ဖွက်ထားကြဖို့လည်း ဒေါ်ဌေးက တိုက်တွန်းထားပါတယ်။ စစ်တပ်က မတရားပေါ်တာဆွဲနေတယ်လို့ ပြောဆိုထားပါတယ်။ ပေါ်တာဆွဲဲခံရတဲ့ မောင်ငြိမ်းချမ်းဝင်းဟာ အိမ်ထောင်သည်ဖြစ်ပြီး သူ့ဇနီးမှာလည်း ကိုယ်ဝန်​ဆောင်ထားရတယ်လို့ သိရပါတယ်။

◾️ဧရာဝတီမြစ်ကြောင်းတိုက်ပွဲ ‌ဒေါ်လာသန်းချီတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ စစ်တပ် ဆုံးရှုံး

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာ စစ်သင်္ဘော​​တွေ နစ်မြုပ်ခဲ့တာ​ကြောင့် ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ လက်နက်ခဲယမ်း‌တွေ ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို ဗန်း​မော်မြို့ရှိ အမှတ်-၂၁ စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့ သယ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ရေးသင်္ဘော ၂ စီးနဲ့ ကုန်တင် သင်္ဘော ၈ စီးအပါအဝင် သင်္ဘော ၁၅စီးနဲ့ မန္တလေးမြို့ ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဩဂုတ် ၂၁ ရက်မှာ ထွက်လာခဲ့ပါတယ်။ အဲဒီစစ်တပ် သင်္ဘောအုပ်စုကို ကသာနဲ့ ​ရွှေကူ ကြား ၊ ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ KIA၊ PDF နဲ့ မဟာမိတ်​တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

◾️ဖလူးလေးရွာအနီး စစ်တပ်ဒရုန်းနဲ့ ဗုံးချလို့ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်း ဖလူးလေးရွာအနီး ကျွန်းတောကို ဒီနေ့ စက်တင်ဘာ ၄ရက် နေ့ခင်းပိုင်းမှာ အာဏာသိမ်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ သွားတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ ဖလူးလေးရွာအနီးရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်စောဆန်းအောင်ရဲ့ ခြံဝင်းရှေ့ခြမ်းကို နေ့ခင်းပိုင်း ၂ နာရီအချိန်ခန့်က စစ်တပ်ရဲ့ ဒရုန်းတစ်စီး လာရောက်ပျံဝဲလာပြီး ဗုံးတစ်လုံးကြဲချခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် အဲဒီနေရာမှာ ရှိနေတဲ့ အရပ်သား လေးဦး ထိခိုက်မှုရှိခဲ့ပါတယ်။

◾️ဝက်လက်မြို့နယ်ကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကံပေါက်ရွာကို စစ်တပ်က အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၃ ရက် မနေ့ ညနေ ၆နာရီခွဲကျော်မှာ ရွှေဘိုမြို့ရှိ စစ်အုပ်စုရဲ့ လေ့ကျင့်ရေး ၈ ကနေ တက်လာတဲ့ ဒရုန်းဟာ ဝက်လက်မြို့ရဲ့ အ ရှေ့ဘက် ကံပေါက်ရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီး လူလတ်ပိုင်း အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နေအိမ်လည်း ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

◾️မင်းတပ်မှာ စစ်တပ်လက်နက်ကြီးထိမှန်ပြီး သက်ကြီးလင်မယား သေဆုံး
🖕12👍32
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။ ချင်တောင်ပိုင်းမှာ စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ပုံမှန်ရေးသားဖော်ပြနေတဲ့ ဒေသခံရဲ့ အသိပေးချက်အရ စက်တင်ဘာ ၄ရက် မနက် ၉နာရီခွဲလောက်မှာ စစ်တပ်ဟာ မင်းတပ်မြို့ပေါ် နေရာတွေနဲ့ မြို့အနီးနေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ ချင်း-မကွေးအစပ် ဆောမြို့နယ် ကျောက်ထုနဲ့ မင်းတပ်နယ်ခြား နေရာတွေကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အကြိမ်များစွာ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဥယျာဉ်ခြံမှာနေထိုင်တဲ့ သက်ကြီး လင်မယား သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။ စစ်တပ်ဟာ စက်တင်ဘာ ၃ရက်ညကတည်းက လက်နက်ကြီးတွေနဲ့ မင်းတပ်မြို့ကို တိုက်ခိုက်နေတာလို့ဆိုပါတယ်။

◾️ဆောနဲ့ ပေါက်နယ်ကို စစ်တပ်က အင်အားနဲ့ လက်နက်ခဲယမ်း ပို့နေ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၂၂ )ကို အခြေပြုပြီး အာဏာသိမ်းစစ်တပ်က ဆောနဲ့ ပေါက်မြို့နယ်တွေကို အင်အားနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဆောမြို့နယ် ကျောက်ထုမြို့က စစ်တပ်စစ်ကြောင်းနဲ့ ပေါက်မြို့နယ်က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ရွာတွေအတွက် ကပစ-၂၂ကနေ ထောက်ပံ့မှုတွေ ရောက်ရှိဖို့နဲ့ ဖြတ်တောက်မခံရစေဖို့ ထောက်ပို့ယာဥ်တွေ အတွက် မြေပြင်နဲ့ ဝေဟင်ကပါ နေ့စဥ် နီးပါး ကာကွယ်လျက်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအခြေအနေမှာ တော်လှန်ရေးဘက်က နည်းပညာ၊ ရန်ပုံငွေ၊ စုစည်းညီညွတ်မှုများစွာလိုနေသေးတာကြောင့် မြေပြင် ထောက်ပို့ကားတွေကိုပါ မတားဆီးနိုင် ဖြစ်နေတယ်လို့ ဆိပ်ဖြူမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် အခုရက်ပိုင်းမှာ ကပစ-၂၂ကနေ ထောက်ပို့ ယာဉ်တန်းတချို့ထွက်လာဖို့ရှိတာကြောင့် စစ်တပ်က မြေပြင်စစ်ကြောင်းတွေ နဲ့ ကင်းချတပ်စွဲထားတာတွေ ရှိနေတယ်လို့ အသိပေးပါတယ်။

◾️မင်းတုန်းနယ်အနောက်ခြမ်းမှာ တိုက်ပွဲဆက်ဖြစ်နေ

ရခိုင်ရိုးမပေါ်တက်မယ့် မင်းတုန်းမြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။ စစ်ကြောင်းတွေက ရိုးအခြေကျေးရွာတွေကတဆင့် စစ်ကြောင်းထိုးတက်နိုင်ဖို့ ကြိုးစားနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ခရိုင်တပ်ရင်းတွေနဲ့ ပကဖ ရဲဘော်တွေက ခုခံ၊ကြားဖြတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ နောက်ပြီး စစ်တပ်က မင်းတုန်းမြို့ဘောလုံးကွင်းမှာ ထိုင်ထားတဲ့ လက်နက်ကြီးနဲ့ ပစ်နေတာတွေရှိတယ်လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် ရိုးခြေတလျှောက်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်း ၃ခု ဖြန့်ခွဲပြီးထိုးနေတယ်လို့ သူက အသိပေးပါတယ်။

◾️စစ်ကိုင်းမှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ စက်တင်ဘာ ၂ ရက် မနက် ၉ နာရီ မိနစ် ၄၀ ခန့်က မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကိုင်းတပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို သွားမယ့်ယာဥ်တန်းကို စစ်ကိုင်းမြို့နယ်၊ ကုန်းရွာ ရေမြောင်းဘောင်ရှေ့ ကင်းစောင့်​ပေးနေတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းလင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ​အဲဒီတိုက်ခိုက်မှုကြောင့် ရဲ ၃ ဦးမှာ နေရာမှာတင် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
👍20🖕31👏1
14👍6🔥2