People's Spring
60.1K subscribers
70.7K photos
1.21K videos
8 files
3.03K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
🤬27👎2🔥1👏1
ရခိုင်နဲ့ ဧရာဝတီအစပ်မှာတိုက်ပွဲပြင်းထန်နေ

စက်တင်ဘာ-၄၊၂၀၂၆။ဇော်ရမ်း/People's Spring

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်
ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

လေကြောင်းပျံသန်းမှုနဲ့ဗုံးကြဲမှု နေ့စဉ်ရှိနေ
ပေမယ့်စက်တင်ဘာလ၄ရက်မနက်ပိုင်းက
စပြီး တိုက်ပွဲတွေဖြစ်နေတဲ့အသံကို ကြားနေရတယ်လို့ ငါးသိုင်းချောင်းမြို့ခံတစ်ဦးကပြောပါတယ်။

ငါးသိုင်းချောင်း၊ ရေကြည်နဲ့ သာပေါင်းမြို့
နယ်တွေဟာရခိုင်ရိုးမနဲ့ ဆက်စပ်နေပါတယ်။ စစ်တပ်က ဧရာဝတီတိုင်းဘက်ကိုအင်အားတွေဖြည့်ပြီး အာရက္ခတပ်တော်(AA) ထိန်း
ချုပ်ထားတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်ကို စစ်ကြောင်းထိုးဖ်ို့ ကြိုးပမ်းနေလို့ တိုက်ပွဲတွေဖြစ်နေတာပါ။

"တိုက်ပွဲကတော်တော်လေးပြင်းထန်နေတာထင်တယ်။လေယာဉ်တွေဆက်တိုက်‌တက်
နေတယ်။ ရေဘေးက တစ်မျိုး၊ စစ်ဘေးက တစ်မျိုး။ မိုးကလည်းရွာနေတာ။ အရေးထဲ
မီးချောင်းကတစ်မျိုး"လို့ရေကြည်မြို့ခံတဦးကပြောပါတယ်။

‌ရေကြည်မြို့နယ်ထဲမှာ ရေဘေးကြုံတွေ့နေပြီးစက်တင်ဘာ ၃ ရက်ညကသရက်ပင်လှရွာမှာမီးချောင်းတစ်ကောင်တွေ့လို့ ဒေသခံတွေစိုးရိမ်နေကြတာပါ။ ငါးသိုင်းချောင်းမြို့က စားသောက်ဆိုင်တစ်ဆိုင်မှာမွေးမြူထားတဲ့မိချောင်းလွတ်သွားတာလို့ ‌ဒေသခံတွေက ပြောပါတယ်။ဒီအ​ခြေအ​နေမှာ တိုက်ပွဲ​တွေဖြစ်​နေပြီး ​ဒေသခံ​တွေက ပစ်ခတ်သံ​တွေကိုကြား​နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာရေကြည်မြို့နယ်၊မြောက်စမ်းရွာအနီးမှာရှိတဲ့ အမြောက်တပ် အမတ(၃၄၄) ပတ်ဝန်းကျင်မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါတယ်။ ဇွန်လက တိုက်ပွဲတွေထဲမှာ ရေကြည်မြို့နယ်ထဲက ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်နဲ့ပွိုင့် (၁၄၈) ကုန်းကို AAက သိမ်းယူပြီး ဇူလိုင်လ ၂ရက်နဲ့ ၃ရက်မှာ ၂၂၇ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းနှစ်ခုကိုထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ AAက သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်ကဂွမြို့ကိုတိုက်ခိုက်ဖို့အတွက် ရွှေသောင်ယံအပါအဝင် ဧရာဝတီတိုင်းကနယ်
စပ်မြို့နယ်တွေကို အင်အားဖြည့် နေပါတယ်။ပြီးခဲ့တဲ့သြဂုတ်လ၂၇ရက်ကရွှေသောင်ယံမြို့ကိုဖြတ်သွားတဲ့ရခိုင်-ဧရာဝတီကမ်းခြေပတ်
လမ်းပေါ်ကနေ စစ်ကား အစီးရေ ၅၀ နီးပါးဖြတ်သွားပြီး ရွှေသောင်ယံကမ်းခြေမှာလည်း စစ်သင်္ဘောဆယ်စီးကျော် တပ်စွဲခဲ့ပါတယ်။ အဲဒီသင်္ဘောတွေပေါ်ကနေ ဂွမြို့နယ်ဘက်ကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်နေပါတယ်။သြဂုတ်လ ၂၇ရက်နေ့မှာပဲ သာပေါင်းမြို့ဘက်ကို စစ်ကား အစီး ၄၀ ကျော် ဝင်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

"ကား ၁၀၀ လောက်လာတာ။ ၅၀ ကျော်က ရွှေသောင်ယံ၊၄၀ကျော်ကသာပေါင်း။ဒီရက်
ပိုင်း လေယာဉ်တွေ အရမ်းပျံတယ်"လို့သာပေါင်းမြို့ခံတစ်ဦးကပြောပါတယ်။

ရခိုင်ပြည်နယ်၊ဂွ၊ကျိန္တလီနဲ့ဂျိတ်တောမြို့အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက ပင်လယ်ပြင်မှာတပ်စွဲထားတဲ့စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေ လို့ ဒေသခံပြည်သူတွေအနေနဲ့လေကြောင်း၊ ရေကြောင်း
ရန်ကို အထူးသတိထားကြဖို့ AAက စက်တင်
ဘာလ ၃ရက်နေ့မှာအ​ရေး​ပေါ် သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ဒါအပြင် စစ်​တွေမြို့အနီးမှာလည်းစက်တင်ဘာ ၄ ရက်မှာတိုက်ပွဲ​တွေပြင်းထန်​နေတယ်လို့​ဒေသခံစစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ် ။
👍24👏124🔥1🥰1
👍24🔥1
အိန္ဒိယမှာဖမ်းဆီးခံရတဲ့ အ​မေရီကန်နဲ့ယူက
ရိန်း ၇ဦးကမြန်မာနိုင်ငံမှာအရပ်သားလေ
ယာဉ်ကိုဒရုန်းနဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်နေ
​ကြောင်းအိန္ဒိယ​ထောက်လှမ်း​ရေးစွပ်စွဲ

စက်တင်ဘာ-၄၊၂၀၂၆။People's Spring

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာ
နိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။

အမေရိကန်နိုင်ငံသားမက်သရူးအေရွန်ဗန်ဒိုက်ခ် နဲ့ ယူကရိန်းနိုင်ငံသား၆ဦးတို့ဟာ ၂၀၂၆မတ်လတုန်းက အိန္ဒိယနိုင်ငံမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဩဂုတ် ၃၁ ရက်နေ့မှာတော့ ဗန်ဒိုက်ခ်နဲ့ ယူကရိန်း နိုင်ငံသား တစ်ဦးကို NIAက အကျဉ်းထောင်ထဲမှာ စုံစမ်း စစ်
ဆေးဖို့ကို ဒေလီ တရားရုံးက ခွင့်ပြုခဲ့ပါတယ်။ စစ်ဆေးခွင့် လျှောက်ထား တောင်းဆိုမှုအတွက် ဩဂုတ် ၁၉ ရက်မှာ NIAက တရား
ရုံးဆီ တင်သွင်းထားတဲ့ ရုံးစာထဲမှာတော့ အဲဒီ နိုင်ငံခြားသား ၇ ဦးဟာ မြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယုံကြည်ရလောက်တဲ့ အထောက်
အထားတွေ တွေ့ရှိထားတယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။

၂၀၂၆ ဖေဖော်ဝါရီ၂၄ ရက်နေ့တုန်းက ကချင်
ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှာ မြန်မာ့အမျိုးသားလေကြောင်း (MAI)ရဲ့ ခရီးသည်တင် လေယာဉ်တစ်စီး ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရကြောင်း အာဏာသိမ်း စစ်တပ်က ကြေညာပါတယ်။ NIAရဲ့ ဖော်ပြချက်မှာပါဝင်တဲ့ ဖြစ်စဉ်က အဲဒီကိစ္စကို ရည်ညွှန်းသလား ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။

အဆိုပါတိုက်ခိုက်မှုကို စစ်တပ်က KIA ကလုပ်တယ်လို့ စွပ်စွဲ​ဖော်ပြပါတယ် ။ ​တော်လှန်​ရေးအဖွဲ့​တွေက​တော့အရပ်ဘက်​လေယာဥ်ဆို​ပေမယ့်စစ်တပ်အတွက် လက်နက်ခဲယမ်း ရိက္ခာနဲ့ စစ်သား​တွေကိုသယ်​ဆောင်​​ပေးပြီး အပြန်မှ မြစ်ကြီးနားကခရီးသည်​တွေ ကိုပြန်သယ်​နေတာလို့​​ပြောထားပါတယ် ။အဲဒီ တိုက်ခိုက်မှုမှ ​လေယာဥ်​ပေါ်ပါသူ တစ်ဦးမှ​သေဆုံးခြင်းမရှိဘဲ ဒဏ်ရာရသူအနည်းငယ်ပဲရှိခဲ့ပါတယ်။ ဒါ့အပြင် ​စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းတော်လှန်​ရေးအဖွဲ့​တွေက စစ်တပ်ရဲ့​လေယာဥ်၊ရဟတ်ယာဥ်​​တွေကိုပဲပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး စစ်တပ်တိုက်​လေယာဥ် ၊ရဟတ်ယာဥ်စုစု​ပေါင်း ၁၄ စီးထိခိုက်ပျက်စီးခဲ့တာမှာ People's Spring စု​ဆောင်းထားတဲ့အချက်အလက်​တွေအရ အရပ်သား တစ်ဦးမှ မပါဝင်ပါဘူး ။

NIAရဲ့ ဖော်ပြချက်အရ ယူကရိန်း နိုင်ငံသား စုစုပေါင်း ၁၄ ဦးဟာ အိန္ဒိယနိုင်ငံကို မတူညီတဲ့ အချိန်တွေမှာ အလည်အပတ် ဗီဇာတွေနဲ့ ဝင်ရောက်ခဲ့ပြီး ဂူဝါဌာနီကို လေယာဉ်နဲ့ ခရီးဆက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အထူးခွင့်ပြုချက် မရှိဘဲ မီဇိုရမ် ပြည်နယ်ကနေတဆင့် မြန်မာဖက်ကို တရားမဝင် ဝင်ရောက်ခဲ့တယ်လို့ NIAက စွပ်စွဲထားပါတယ်။

အဲဒီ နိုင်ငံခြားသားတွေဟာနယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ကြိုတင် ညှိနှိုင်းထားတဲ့အတိုင်း ဒရုန်းစစ်
ဆင်ရေး၊ဒရုန်းကိုင်တွယ်ပုံ၊တပ်ဆင်ပုံ၊ ဆက်
သွယ်မှုလှိုင်း နှောင့်ယှက် (jammingလုပ်)ပုံတွေကို လေ့ကျင့် သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။ သင်တန်း လက်ခံတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေဟာ အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေး အင်အားစုတွေလို့လည်း သိရပါတယ်။

အဖမ်းခံထားရတဲ့ ယူကရိန်း ၆ ဦးနဲ့ ဗန်ဒိုက်ခ်ကတော့ မီဇိုရမ်ကနေတဆင့် မြန်မာဖက်ကို အရင်ကလည်း ခိုးဝင်ခဲ့ပြီး ဒရုန်းလေ့ကျင့်ရေး သင်တန်းပေးပို့မှုတွေ နှစ်ကြိမ် လုပ်ခဲ့ဖူးတယ်လို့ NIAက ဆိုပါတယ်။ သူတို့တွေ သင်
တန်းပေးထားတဲ့ထဲမှာ အိန္ဒိယရဲ့ အမျိုးသား လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်အောင် ကြံစည်နေပြီး အိန္ဒိယက အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အစုအဖွဲ့တွေလည်း ပါဝင်နေတယ်လို့ စွပ်စွဲထားပါတယ်။ ဒါကြောင့်လည်း နိုင်ငံခြားသား ၇ ဦးကို အိန္ဒိ
ယက အကြမ်းဖက် ပူးပေါင်းကြံစည်မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့တာပါ။

သံသယ တရားခံတွေကို ဖမ်းဆီးချိန်မှာ သိမ်း
ဆည်းရမိတဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကိုလည်းဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း၊ ဒါပေမဲ့ သိုလှောင်ထားတဲ့ အချက်အလက် ပမာဏတွေ အရမ်းများတာကြောင့် အသေး
စိတ် ခွဲခြမ်းစိတ်ဖြာဖို့ အချိန်လိုအပ်ကြောင်း NIAက တရားရုံးဆီ တင်ပြထားပါတယ်။

ပြီးတော့ ဗန်ဒိုက်ခ်နဲ့အတူ ယူကရိန်းတွေထဲက တစ်ဦးဖြစ်တဲ့ဗစ်တာကာမင်စကီးတို့ကို အ
ကျဉ်းထောင်ထဲမှာအထူးစုံစမ်းစစ်ဆေးဖို့ လို
အပ်တဲ့အတွက်ခွင့်ပြုပေးဖို့NIAက လျှောက်
ထား တင်ပြခဲ့ပြီး တရားရုံးက ခွင့်ပြုပေးခဲ့ပါတယ်။

ဗန်ဒိုက်ခ်ကို မတ်လ ၁၃ ရက်နေ့တုန်းက ကိုလ်ကတ္တားလေဆိပ်မှာ ဖမ်းမိခဲ့ပြီး ယူကရိန်း ၆ ဦးကိုတော့ လက်ခ်နောင်းနဲ့ ဒေလီ လေဆိပ်တွေမှာဖမ်းမိခဲ့ပါတယ်။ဧပြီ ၆ ရက်နေ့ကစလို့ သူတို့အားလုံးဟာ အာရှတောင်ပိုင်းမှာ အကြီးဆုံး ထောင်လို့ သတ်မှတ်ခံရပြီး ဒေလီမြို့
တော် အနောက်ဖက်မှာရှိတဲ့ တီဟာထောင်ကြီးမှာ ဧပြီ ၆ ရက်နေ့ကတည်းက ထိန်းသိမ်း ခံထားရပါတယ်။
🤬145🔥5😢3👎1👏1🖕1😡1
ဗန်ဒိုက်ခ်နဲ့ ယူကရိန်းနိုင်ငံသားတွေဟာဥရော
ပ နိုင်ငံတွေဆီကနေ တင်သွင်းလာတဲ့ ဒရုန်းအမြောက်အမြားကို မီဇိုရမ် ပြည်နယ်ထဲက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတချို့ဆီချိတ်ဆက် ပို့ဆောင်ခဲ့တယ်လို့လည်း NIAက စွပ်စွဲထားပါတယ်။

အသက် ၄၆ နှစ်အရွယ် ဗန်ဒိုက်ခ်ရဲ့ မိသားစုကတော့ အမေရိကန်သားဟာ တီဟာထောင်ထဲမှာတစ်ဦးတည်းတိုက်ပိတ်ခံထားရတယ်လို့ပြောကြားခဲ့ပြီး သူလွတ်မြောက်နိုင်အောင် အမေရိကန် အစိုးရက သံတမန်ရေးအရ ကြားဝင်ဆောင်ရွက်ပေးစေလိုကြောင်း တောင်းဆိုထားပါတယ်။ မိသားစုကတော့ အိန္ဒိယအာ
ဏာပိုင်တွေရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဗန်ဒိုက်ခ်မှာ အမှန်တကယ် အပြစ်မရှိဘူးလို့လည်း သဘောထား ထုတ်ပြန်ထားပါတယ်။

ကိုးကား-Indian Express
🖕16🤬6👍3🔥21👎1👏1😡1
အိန္ဒိယမှာဖမ်းဆီးခံ​နေရတဲ့ အမေရိကန်နိုင်ငံသားမက်သရူးအေရွန်ဗန်ဒိုက်ခ် ။သူဟာ လစ်ဗျားအာဏာရှင် ကဒါဖီကို​ တော်လှန်တဲ့​တိုက်ပွဲ​တွေမှာ ​တော်လှန်သူ​တွေကိုပါဝင်ကူညီခဲ့သလို ၊ရုရှားရဲ့ ယူကရိန်းကျူး​ကျော်စစ်ပွဲမှာ ယူကရိန်းနိုင်ငံဘက်ကပါဝင်တိုက်
ခိုက်ခဲ့သူဖြစ်ပါတယ်။ ။ဓါတ်ပုံ-File
👍32😢106🖕4🤬1🤣1🫡1
ဧရာဝတီမြစ်ကြောင်းတိုက်ပွဲ စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေနဲ့ အိမ်ဆောက်ပစ္စည်းတွေ ‌ဒေါ်လာသန်းချီတန်ဖိုးဆုံးရှုံး

စက်တင်ဘာ-၄၊၂၀၂၆။ယောနသံ/ People's Spring

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာ
စစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်
လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

အာဏာသိမ်းစစ်တပ်ကတိုက်ခိုက်ရေးသင်္ဘော ၂ စီးနဲ့ ကုန်တင် သင်္ဘော ၈ စီးအပါ
အဝင် သင်္ဘော၁၅စီးနဲ့ မန္တလေးမြို့၊ ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဩဂုတ်လ ၂၁ ရက်နေ့က ထွက်လာကို ကသာနဲ့ ​ရွှေကူ ကြား ၊ ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ KIA၊PDF နဲ့မဟာမိတ်​တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

စက်တင်ဘာလ ၂ရက်က ​ရွှေကူနဲ့ ဗန်း​​မော်ကြားမှာတိုက်ပွဲအပြင်းအထန်ဆုံးဖြစ်ခဲ့ပြီး စစ်သင်္ဘော ၅ စီးခန့် ဖျက်ဆီးခံရတဲ့အပြင်
စစ်သင်္ဘော ၂ စီးဟာလက်နက်ချပြီးစစ်သုံ့ပန်း ၁၉၀ ကျော်ဟာ KIA၊KPDFထံ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

"မြစ်ကမ်းဘေးတလျှောက်လုံခြုံရေးလည်း မလုပ်နိုင်။ လေ( လေတပ်)က ဗုံးကြဲတဲ့ကြားထဲက အထိအခိုက်များလို့ စစ်ဆင်ရေးကျရှူံးတယ်လို့ တပ်ချုပ်က မှတ်ချက်ပြုတယ်။ နောက်ပြီး ကုန်တွေအကုန်နီးပါး ဆုံးရှုံးတယ်။ ‌တာဝေးပစ် အမြောက်တွေ KIA ရသွားတယ်။ဒါတွေ စုံခုံစစ်ခံရမှာ" လို့ နေပြည်တော်ကစစ်​ရေး သတင်းရင်းမြစ်တဦးကပြောပါတယ်။

စစ်သင်္ဘောအုပ်စုမှာပါတဲ့ကုန်တင်ရေယာဉ်တွေမှာ ဗန်းမော်မြို့နယ်ထဲကစကခ ၂၁၊ ခလရ(၂၃၆)၊ အမှတ်(၃၆၆) အမြောက်တပ်အပါအဝင် တပ်ရင်းတွေထဲက ပျက်စီးနေတဲ့ အဆောက်အဦတွေ ပြန်ပြင်ဖို့ သံထည်တွေနဲ့ ဘိလပ်မြေအိတ်တွေ အများအပြားသယ်
ဆောင်သွားတယ်လို့ စုံစမ်းသိရပါတယ်။

"စစ်တပ်နဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ထဲကလူတွေ သယ်လာတဲ့ အိမ်ဆောက်ပစ္စည်းတွေ အကုန် ကုန်တယ်။ လက်ရှိပေါက်ဈေးနဲ့ ဒေါ်လာသန်းချီတန်တယ်။တပ်ထဲမှာအဲ့ဒီပြ
ဿနာတော်တော်ကြီးနေတယ်"လို့ အထက်ပါ သတင်းရင်းမြစ်ကပြောပါတယ်။

စစ်သင်္ဘော တွေနှစ်မြုပ်ခံရတဲ့တိုက်ပွဲအ
တွင်း စစ်တပ်ရဲ့လေတပ်က လေယာဉ်အစီးရေများစွာနဲ့ ဗုံးရာချီကြဲခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ KIA၊KPDFကို ဟန့်တားနိုင်ခြင်းလုံးဝမရှိခဲ့ဘူးလို့ စစ်ကောင်စီတပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက စက်တင်ဘာလ ၂ရက် တပ်တွင်းအစည်းအဝေးမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်
လပ်ရေးတပ်မတော်(KIA)၊ PDF နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၄ရက်နေ့မှာစတင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။​တော်လှန်​ရေးတပ်​တွေက စကခ ၂၁အပါအဝင် စစ်တပ်ရင်းတွေကို ပိတ်ဆို့ထားပြီးအခုစစ်
သင်္ဘော​တွေ မ​ရောက်ခင် စစ်တပ်ဟာ ရိက္ခာပြတ်​​နေပြီလို့ စုံစမ်းသိရပါတယ်။

စစ်တပ်ကဗန်း​မော်အတွက် လေကြောင်းကနေ စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာ​တွေကိုအင်အားဖြည့်သလို မိုးတွင်းကာလရောက်ရင်ဧရာဝတီမြစ်ကြောင်းကတစ်ဆင့် အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့နေပါတယ်။ ၂၀၂၅ ခုနှစ် မိုးရာသီမှာလည်း ဧရာဝတီမြစ်
ကြောင်းကတက်လာတဲ့ စစ်သင်္ဘောတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာ​ကြောင့်​ရေးယာဥ်အချို့ပျက်စီးခဲ့ပါတယ်။အခုအကြိမ်မှာ​တော့ စစ်​ရေယာဥ်အုပ်စုပျက်
စီးဆုံးရှုံးမှု ပိုများခဲ့တာဖြစ်ပါတယ် ။

ဗန်း​​မော်ကိုစစ်​ရေယာဥ်အချို့​ရောက်လို့တိုက်ပွဲ​တွေပိုပြင်းထန်လာနိုင်သလားလို့ လူထု​နွေဦးရဲ့မေးခွန်းအ​ပေါ် KIO/KIA သတင်းပြန်ကြား​ရေး ဌာနတာဝန်ခံဗိုလ်မှူးကြီး​နော်ဘူက"ဗန်းမော်မှာသူတို့ထင်သလောက် သင်္ဘောတွေအားလုံးဝင်နိုင်ပြီးမှ စစ်အင်အားတွေ လက်နက်ခဲယမ်းတွေ အဲဒါတွေ ဖြည့်နိုင်လို့ရှိရင်တော့ တိုက်ပွဲကတော့ ပိုပြီးမှ ပြင်းထန်လာနိုင်တယ်လို့ဒါကကျနော်သုံးသပ်တာပေါ့နော်။ဒါပေမဲ့အခုတော့သူတို့ ထင်သလောက် မဟုတ်လောက်ဘူးထင်တယ်" လို့ ​စက်တင်ဘာ ၄ ရက်မှာပြောပါတယ် ။



#ဧရာဝတီ #KIA #စစ်သင်္ဘော
#တိုက်ခိုက်နစ်မြှပ် #Peoplesspring
🥰2818👏15👍3🖕2🤣1
စစ်တပ်ရဲ့ ​ရေယာဥ်​တွေကို KIA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်က ဧရာဝတီမြစ်အတွင်းတိုက်ခိုက်ဖျက်ဆီးစဥ်။ဓါတ်ပုံ-File
👍33👏104🥰4🖕2🤣1
စစ်ကိုင်းမှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

စက်တင်ဘာ-၄၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

စက်တင်ဘာ ၂ ရက် မနက် ၉ နာရီ မိနစ် ၄၀ ခန့်က မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကိုင်းတပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို သွားမယ့်ယာဥ်တန်းကို စစ်ကိုင်းမြို့နယ်၊ ကုန်းရွာ ရေမြောင်းဘောင်ရှေ့ ကင်းစောင့် ပေးနေတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းလင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ရဲ ၃ ဦးမှာ နေရာမှာတင် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

"ရဲတပ်ရင်း ၁၆ နဲ့အမှတ်၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းက လာတဲ့ကောင်တွေဗျ။ သေဆုံး ၃ ယောက်ထဲက တယောက်ကတစစီပဲ။ ခြေတခြား လက်တခြား ပြတ်ထွက်ပြီး သေဆုံးသွားတာ"လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုဟာ သေဆုံးရဲအလောင်းတွေကို လာရောက်သယ်ယူချိန် မုံရွာ-မန္တလေးလမ်းကို လမ်းပိတ်လိုက်ပြီး ခရီးသွားတွေကိုပါ စစ် ဆေးခဲ့တယ်လို့ သိရပါတယ်။ စစ်တပ် တပ်ဖွဲ့ဝင်တွေ သေဆုံးမှုကိုတော့ People’s Spring က သီးခြားအတည်မပြုနိုင်သေးပါဘူး။

လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်ကလည်း နမခကိုသွားတဲ့ စစ်ကောင်စီယာဉ်တန်းကို အမှတ် (၁၆) ရဲတပ်ရင်းအနီး လုံခြုံရေးယူပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
28👍15👏3🥰1🤣1🖕1
ဓာတ်ပုံ - Screen-grab
27👍14👻2🥰1👏1🤣1
စစ်တပ်ရေကြောင်း၊လေကြောင်း၊လက်နက်
ကြီးတိုက်ခိုက်မှုသတိထားဖို့၊ပြည်သူအချင်း
ချင်းသတိပေးကြဖို့ AAထပ်မံတိုက်တွန်း

■စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်
ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

စက်တင်ဘာ-၄၊၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ကလေကြောင်း၊လက်
နက်ကြီး ရေကြောင်းက တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အပြင် တိုက်ခိုက်မှုတွေ အချိန်မရွေး ဆက်လက် ပြုလုပ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အချိန်ပြည့် သ
တိရှိကြဖို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ မှာ သတိပေး တိုက်တွန်းချက် ထပ်မံ ထုတ်ပြန်ပါတယ်။

ဩဂုတ်အတွင်းစစ်တပ်ကအရပ်သားပြည်သူနေထိုင်ရာတွေကိုပစ်မှတ်ထားတဲ့ လေ
ကြောင်း၊ရေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်
နီးပါး ပြုလုပ်ခဲ့သလိုစက်တင်ဘာမှာလည်း လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်၊ နေ
ရာများစွာကနေ လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်လာတဲ့အပေါ် AAကစက်
တင်ဘာ ၄ရက်မှာ သတိပေးချက်ထပ်မံထုတ်ပြန်ခဲ့တာပါ။

စက်တင်ဘာ ၃ရက်က အာရက္ခဒေသရှိ သံတွဲခရိုင်၊ ဂွမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များ၊ ကျိန္တလီမြို့အတွင်းရှိ ပုန်းညှက်ကမ်းခြေနဲ့ စေတီကွင်းကမ်းခြေအကြားအပါအဝင် ဂွ၊ ကျိန္တလီ ကမ်းခြေတလျှောက်အား ပင်လယ်ရီကြောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောတွေက လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

အလားတူ စက်တင်ဘာ ၃ ရက်မှာပဲ အာရက္ခဒေသ ပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင် မြို့ (၃) မြို့ စပ်ကြား ပတ်ဝန်းကျင်ရှိ ရပ်ရွာများဖြစ်တဲ့ကွမ်းတောင်ရွာ၊ကုန်းတန်းကြိမ်ချောင်းရွာ၊ မက္ကလာကျရွာ၊ ညိုရောင်ရွာ၊ မင်းလှရွာနဲ့ မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာ၊ ညောင်ပင်ကြီး (မူဆလင်ရွာ) ၊ညောင်ပင်ကြီး (ရက္ခိုင်ရွာ)တွေကို စစ်ကောင်စီက တိုက်လေယာဉ် ၄စီးနဲ့ လှည့်ပတ်ဗုံးကြဲခဲ့ကြောင်း ဖော်ပြပါတယ်။

အဲဒီလိုတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးရှိ၊
မရှိ အခြေအနေတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။စက်တင်ဘာ ၄ရက်မှာလည်း စစ်တွေမြို့ရှိ စစ်တပ်ရဲ့လက်နက်
ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊သံချပ်
ကာတင့်ကား၂ စီးနဲ့ စစ်တွေမြို့နားပင်လယ်
ပြင်တွင်ကျောက်ချရပ်နားထားတဲ့ စစ်
သင်္ဘောအချို့ပေါ်မှ ပုဏ္ဏားကျွန်း-စစ်တွေ
-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာများ အတွင်း လက်နက်ကြီးများ တိုက်ခိုက်ခဲ့တယ်လို့ အ
သိပေးပါတယ်။ ဒါ့အပြင် ဂွကမ်းခြေနဲ့ ငပလီ
ကမ်းခြေကိုလည်းစစ်တပ်က လက်နက်ကြီး
တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့အသိ​ပေးပါတယ်။

အခုရက်တွေမှာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားနေပုံတွေကိုသုံးသပ်ချက်အရလေကြောင်း၊ရေ
ကြောင်း၊လက်နက်ကြီး​တွေအချိန်မရွေးဆက်
လက်ပစ်ခတ်နိုင်တာကြောင့်ကမ်းခြေ၊ချောင်း
ကမ်းနံဘေးအပါအဝင်မြို့၊ ရွာ အသီးသီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အထူးသ
တိထားဖို့ လေကြောင်းအချက်ပြမှုတွေ သတိ
ထားစောင့်ကြည့်ဖို့ နိုးနိုးကြားကြားနဲ့ အချင်း
ချင်း သတိပေးကြဖို့ AAက တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သံတွဲ၊ ဂွအပါအဝင် အာရက္ခဒေသ မြို့နယ်တွေကို ဇူလိုင်၊ ဩဂုတ်
လအတွင်း လေကြောင်း တိုက်ခိုက်မှုအပြင်း
အထန် ပြုလုပ်ခဲ့ရာ ကလေးငယ်တွေအပါ
အဝင်အရပ်သားပြည်သူအစုလိုက် အပြုံ
လိုက်သေဆုံးထိခိုက်ခဲ့ရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ပေါ်ပေါက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး
(HDCO)က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သြဂုတ်လအတွင်းရခိုင်နဲ့ ချင်းပြည်
နယ် ပလက်၀တို့မှာ စစ်တပ်က​လေ​ကြောင်းကဗုံးကြဲမှု​ကြောင့် ပြည်သူအနည်းဆုံး ၂၄ ဦး​သေဆုံးပြီး က​လေးငယ်​တွေအပါအဝင်ပြည်
သူအနည်းဆုံး ၄၃ ဦးဒဏ်ရာရခဲ့တယ်လို့ HDCO ထုတ်ပြန်ထားတဲ့အချက်အလက်​တွေအရသိရပါတယ် ။


#Peoplesapring #လူထု​​​နွေဦး
#AA #စစ်​တွေ #ပြည်သူ​တွေကိုသတိ​ပေး
👍27👏76🥰1🤣1
စစ်တပ်ကအာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်မှာ လက်နက်ကြီးပစ်ခတ်​လေ့ကျင့်​နေစဥ်။
ဓါတ်ပုံ-စစ်​ကောင်စီ
👏18👎82🤣2
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပေးဖို့ အမေရိကန်နိုင်ငံရောက် မြန်မာတွေ ဆန္ဒထုတ်ဖော်

စက်တင်ဘာ ၃၊၂၀၂၆။သုည/People's Spring

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက် ကိုယ်စားပြုခွင့်ရအောင် ထိုင်းအစိုးရအနေနဲ့ ထောက်ခံပေးဖို့ စက်တင်ဘာ ၂ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ထိုင်းအစိုးရအနေနဲ့ မြန်မာပြည်သူတွေ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ဘက်က ရပ်ခံပေးခြင်းအားဖြင့် နှစ်နိုင်ငံအနာဂတ် ရေရှည်အကျိုးစီးပွားကို တည်ဆောက်နိုင်မှာဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပြသပြီး ထိုင်းဝန်ကြီးချုပ်ကို လိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာကိုလည်း ထိုင်းသံရုံးကို ပေးအပ်ခဲ့ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ နိုင်ငံတကာမှာ မြန်မာပြည်သူတွေရဲ့အသံကို တရားဝင်လမ်းကြောင်းကနေ ထုတ်ပြန်ပေးနိုင်တဲ့ တယောက်တည်းသောသူ ဖြစ်တဲ့အတွက် ထိုင်းအစိုးရကို မေတ္တာရပ်ခံတာဖြစ်ကြောင်း ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

စစ်အာဏာရှင်ရဲ့ မတရားအုပ်ချုပ်မှု၊ အတင်းအဓမ္မ စစ်သားစုဆောင်းတာနဲ့ ဖမ်းဆီးအကျဉ်းချ သတ်ဖြတ်တာတွေ ခံရနိုင်တဲ့အတွက် မြန်မာပြည်သူတွေကို နိုင်ငံအတွင်း ဖိအားပေးပြီး ပြန်မပို့ဖို့လည်း မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက မေတ္တာရပ်ခံပါတယ်။
36👍7🥰3👏2🖕2🤣1
ဓာတ်ပုံ - Anti Dictatorship in Burma - DC Metro Area
38👍3🥰3🖕2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်တပ်ရဲ့ ရေကြောင်း၊လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှုသတိထားဖို့ AA ထပ်မံတိုက်တွန်း

အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီး ရေကြောင်းက တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အပြင် တိုက်ခိုက်မှုတွေ အချိန်မရွေး ဆက်လက် ပြုလုပ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အချိန်ပြည့် သတိရှိကြဖို့ အာရက္ခတပ်တော်(AA)က သတိပေးတိုက်တွန်းချက် ဒီနေ့ ထပ်မံ ထုတ်ပြန်ပါတယ်။ ဩဂုတ်အတွင်း စစ်တပ်က အရပ်သားပြည်သူနေထိုင်ရာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး ပြုလုပ်ခဲ့သလို စက်တင်ဘာမှာလည်း လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်၊ နေရာများစွာကနေ လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်လာတဲ့အပေါ် AAက စက်တင်ဘာ ၄ရက်မှာ သတိပေးချက် ထပ်မံထုတ်ပြန်ခဲ့တာပါ။ စက်တင်ဘာ ၃ရက်က အာရက္ခဒေသရှိ သံတွဲခရိုင်၊ ဂွမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များ၊ ကျိန္တလီမြို့အတွင်းရှိ ပုန်းညှက်ကမ်းခြေနဲ့ စေတီကွင်းကမ်းခြေအကြားအပါအဝင် ဂွ၊ ကျိန္တလီ ကမ်းခြေတလျှောက် ပင်လယ်ရေကြောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောတွေက လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။ စက်တင်ဘာ ၃ ရက်မှာပဲ အာရက္ခဒေသ ပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင် မြို့ (၃) မြို့ စပ်ကြား ပတ်ဝန်းကျင်ရှိ ရပ်ရွာများဖြစ်တဲ့ကွမ်းတောင်ရွာ၊ကုန်းတန်းကြိမ်ချောင်းရွာ၊ မက္ကလာကျရွာ၊ ညိုရောင်ရွာ၊ မင်းလှရွာနဲ့ မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာ၊ ညောင်ပင်ကြီး (မူဆလင်ရွာ) ၊ညောင်ပင်ကြီး (ရက္ခိုင်ရွာ)တွေကို စစ်တပ်က တိုက်လေယာဉ် ၄စီးနဲ့ လှည့်ပတ်ဗုံးကြဲခဲ့ကြောင်း ဖော်ပြပါတယ်။

◾️စစ်တွေမြို့နယ်တိုက်ပွဲ ပြင်းထန်နေ

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်တွေအခြေစိုက် စစ်တပ် တပ်ရင်းတွေနဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေနဲ့ မြေ
ပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ စက်တင်ဘာ ၄ ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်တွေ ရွှေမင်းဂံရေတပ်စခန်း အနီးဝန်းကျင်နဲ့ အမြင့်ကျွန်းအနီးဝန်းကျင်တို့မှာ အာရက္ခတပ်တော်(AA)နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေခဲ့တာဖြစ်ပြီး စစ်တပ်က အထိနာနေတာကြောင့် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတာလို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်က တိုက်ပွဲမှာ အထိနာလို့ မြေပြင်ကလည်း အင်အားဖြည့်ပြီး တိုးလာသလို လက်နက်ကြီးနဲ့လည်း အလုံးရေ ရာချီ လျှောက်ပစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

◾️ရခိုင်နဲ့ ဧရာဝတီအစပ် တိုက်ပွဲပြင်းထန်နေ

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်အစပ်ဒေသတွေဖြစ်တဲ့ ငါးသိုင်းချောင်း၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေ ကြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းပျံသန်းမှုနဲ့ ဗုံးကြဲမှု နေ့စဉ်ရှိနေပေမယ့် စက်တင်ဘာ ၄ရက် ဒီနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်နေတဲ့အသံကို ကြားနေရတယ်လို့ ငါးသိုင်းချောင်းမြို့ခံတစ်ဦးက ပြောပါတယ်။ ငါးသိုင်းချောင်း၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်တွေဟာ ရခိုင်ရိုးမနဲ့ ဆက်စပ်နေပါတယ်။ စစ်တပ်က ဧရာဝတီတိုင်းဘက်ကို အင်အားတွေဖြည့်ပြီး အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်ကို စစ်ကြောင်းထိုးဖ်ို့ ကြိုးပမ်းနေလို့ တိုက်ပွဲတွေဖြစ်နေတာပါ။ တိုက်ပွဲက တော်တော်လေးပြင်းထန်နေပြီး လေယာဉ်တွေဆက်တိုက်‌တက်နေတယ်လို့ ရေကြည်မြို့ခံတစ်ဦးက ပြောပါတယ်။

◾️မြန်မာပြည်သူတွေဆီက ချီးကျူးတဲ့စာတွေ ရခဲ့တယ်လို့ မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့သူ ထိုင်းအမတ်ပြော

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။ ဩဂုတ်လဆန်းပိုင်းက မင်းအောင်လှိုင်ကို ထိုင်းလွှတ်တော် ဥက္ကဋ္ဌက ကြိုဆိုတဲ့ အခမ်းအနား တစ်ခုမှာ ဆန္ဒပြခဲ့တာကြောင့် အနူဆွမ် သွမ်ချိုင်ဟာ မြန်မာပြည်သူတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အနူဆွမ်က သူ့ရဲ့ လုပ်ရပ်ဟာ အိမ်နီးချင်း နိုင်ငံမှာ စစ်တပ်ရဲ့ အုပ်စိုးမှုကို ဆန့်ကျင်ကြောင်း ပြသခြင်းလည်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုင်းလွှတ်တော်ထဲမှာ ဒုတိယ အင်အား အတောင့်ဆုံးနဲ့ အဓိက အတိုက်အခံ အင်အားစုဖြစ်တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ်တစ်ဦးဖြစ်သူ အနူဆွမ်က သူ့ရဲ့ ဆန္ဒပြမှုဟာ လွှတ်တော်အမတ် တစ်ယောက်အနေနဲ့ မဟုတ်ဘဲ လူသားတစ်ယောက် အနေနဲ့ လုပ်သင့်တာကို လုပ်ခဲ့တာလို့ မကြာသေးခင်က ဂျပန် သတင်းဌာန Kyodo Newsနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ရန်လိုမှုတွေ ရပ်တန့်စေဖို့ အခုလို ဆန္ဒပြမှုမျိုး လိုအပ်တယ်လို့ သူယုံကြည်ကြောင်းလည်း အနူဆွမ်က ဆိုပါတယ်။

◾️ရန်ကုန်မြို့မှာ အမျိုးသမီးငယ် ၁ဦး ပျောက်ဆုံးနေပြန်
15👍4🖕3
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံးသွားမှု စက်တင်ဘာ ၂ရက်က ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။ စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီခန့်က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ကနေ ရွှေပြည်သာမြို့နယ်ကိုသွားဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီးငယ်ဟာ အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်ကြောင်း နီးစပ်သူတစ်ဦးက Facebook လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ အလားတူ ရွှေပြည်သာမြို့နယ်မှာလည်း LGBT ၁ဦးကို အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ဦးက သုံးဘီးဆိုက်တွဲယာဥ်ပေါ်တင်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြောင်း Tiktok လူမှုကွန်ရက်မှာ ဖမ်းဆီးခံရတဲ့ LGBT ကိုယ်တိုင် ပြောပြထားပါတယ်။ သူကတော့ အတင်းထွက်ပြေးမြန်လို့ အိမ်ပြန်ရောက်လာခဲ့တယ်လို့ ပြောပါတယ်။

◾️နေပြည်တော်မှာ တပ်မိသားစုဝင် ပေါ်တာဆွဲခံရ

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။ လယ်ဝေးမြို့၊ နယ်မြေ(၁၀)၊ အမှတ် (၁) ရပ်ကွက်နေ စစ်သား ၂ဦးရဲ့မိခင်စျေးသည် ဒေါ်ခင်ဌေးမြင့်(ခ)ဒေါ်ဌေးဟာ သူ့ရဲ့သားဖြစ်သူ မောင်ငြိမ်းချမ်းဝင်းကို ၂၀၃၀ တပ်ရင်းက ဗိုလ်မှူးအောင်မင်းကိုယ်တိုင် ပေါ်တာဆွဲသွားလို့ ကူညီပေးကြဖို့ Tiktok လူမှုကွန်ရက်ကနေ အကူအညီတောင်းခံလိုက်တာပါ။ သူမဟာ သား ၃ယောက်ရှိပြီး နှစ်ယောက်က အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်သားတစ်ယောက်က သူမကို ပြုစုစောင့်ရှောက်နေတယ်လို့ ပြောပါတယ်။ အဲဒီသားကို ပြည်သူ့စစ်ထဲ ထည့်၊ ပေါ်တာဆွဲသွားတယ်လို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် ဗိုလ်မှူးအောင်မင်းဟာ သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ဒေါ်ဌေးက ပြောပါတယ်။ သားသမီးရှိတဲ့လူတွေ၊ သားတွေ မွေးထားတဲ့ အမျိုးသမီးတွေ ကိုယ့်ရဲ့သားတွေကို ဖွက်ထားကြဖို့လည်း ဒေါ်ဌေးက တိုက်တွန်းထားပါတယ်။ စစ်တပ်က မတရားပေါ်တာဆွဲနေတယ်လို့ ပြောဆိုထားပါတယ်။ ပေါ်တာဆွဲဲခံရတဲ့ မောင်ငြိမ်းချမ်းဝင်းဟာ အိမ်ထောင်သည်ဖြစ်ပြီး သူ့ဇနီးမှာလည်း ကိုယ်ဝန်​ဆောင်ထားရတယ်လို့ သိရပါတယ်။

◾️ဧရာဝတီမြစ်ကြောင်းတိုက်ပွဲ ‌ဒေါ်လာသန်းချီတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ စစ်တပ် ဆုံးရှုံး

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာ စစ်သင်္ဘော​​တွေ နစ်မြုပ်ခဲ့တာ​ကြောင့် ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ လက်နက်ခဲယမ်း‌တွေ ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို ဗန်း​မော်မြို့ရှိ အမှတ်-၂၁ စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့ သယ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ရေးသင်္ဘော ၂ စီးနဲ့ ကုန်တင် သင်္ဘော ၈ စီးအပါအဝင် သင်္ဘော ၁၅စီးနဲ့ မန္တလေးမြို့ ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဩဂုတ် ၂၁ ရက်မှာ ထွက်လာခဲ့ပါတယ်။ အဲဒီစစ်တပ် သင်္ဘောအုပ်စုကို ကသာနဲ့ ​ရွှေကူ ကြား ၊ ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ KIA၊ PDF နဲ့ မဟာမိတ်​တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

◾️ဖလူးလေးရွာအနီး စစ်တပ်ဒရုန်းနဲ့ ဗုံးချလို့ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်း ဖလူးလေးရွာအနီး ကျွန်းတောကို ဒီနေ့ စက်တင်ဘာ ၄ရက် နေ့ခင်းပိုင်းမှာ အာဏာသိမ်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ သွားတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ ဖလူးလေးရွာအနီးရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်စောဆန်းအောင်ရဲ့ ခြံဝင်းရှေ့ခြမ်းကို နေ့ခင်းပိုင်း ၂ နာရီအချိန်ခန့်က စစ်တပ်ရဲ့ ဒရုန်းတစ်စီး လာရောက်ပျံဝဲလာပြီး ဗုံးတစ်လုံးကြဲချခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် အဲဒီနေရာမှာ ရှိနေတဲ့ အရပ်သား လေးဦး ထိခိုက်မှုရှိခဲ့ပါတယ်။

◾️ဝက်လက်မြို့နယ်ကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကံပေါက်ရွာကို စစ်တပ်က အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၃ ရက် မနေ့ ညနေ ၆နာရီခွဲကျော်မှာ ရွှေဘိုမြို့ရှိ စစ်အုပ်စုရဲ့ လေ့ကျင့်ရေး ၈ ကနေ တက်လာတဲ့ ဒရုန်းဟာ ဝက်လက်မြို့ရဲ့ အ ရှေ့ဘက် ကံပေါက်ရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီး လူလတ်ပိုင်း အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နေအိမ်လည်း ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

◾️မင်းတပ်မှာ စစ်တပ်လက်နက်ကြီးထိမှန်ပြီး သက်ကြီးလင်မယား သေဆုံး
🖕12👍32
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။ ချင်တောင်ပိုင်းမှာ စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ပုံမှန်ရေးသားဖော်ပြနေတဲ့ ဒေသခံရဲ့ အသိပေးချက်အရ စက်တင်ဘာ ၄ရက် မနက် ၉နာရီခွဲလောက်မှာ စစ်တပ်ဟာ မင်းတပ်မြို့ပေါ် နေရာတွေနဲ့ မြို့အနီးနေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ ချင်း-မကွေးအစပ် ဆောမြို့နယ် ကျောက်ထုနဲ့ မင်းတပ်နယ်ခြား နေရာတွေကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အကြိမ်များစွာ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဥယျာဉ်ခြံမှာနေထိုင်တဲ့ သက်ကြီး လင်မယား သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။ စစ်တပ်ဟာ စက်တင်ဘာ ၃ရက်ညကတည်းက လက်နက်ကြီးတွေနဲ့ မင်းတပ်မြို့ကို တိုက်ခိုက်နေတာလို့ဆိုပါတယ်။

◾️ဆောနဲ့ ပေါက်နယ်ကို စစ်တပ်က အင်အားနဲ့ လက်နက်ခဲယမ်း ပို့နေ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၂၂ )ကို အခြေပြုပြီး အာဏာသိမ်းစစ်တပ်က ဆောနဲ့ ပေါက်မြို့နယ်တွေကို အင်အားနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဆောမြို့နယ် ကျောက်ထုမြို့က စစ်တပ်စစ်ကြောင်းနဲ့ ပေါက်မြို့နယ်က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ရွာတွေအတွက် ကပစ-၂၂ကနေ ထောက်ပံ့မှုတွေ ရောက်ရှိဖို့နဲ့ ဖြတ်တောက်မခံရစေဖို့ ထောက်ပို့ယာဥ်တွေ အတွက် မြေပြင်နဲ့ ဝေဟင်ကပါ နေ့စဥ် နီးပါး ကာကွယ်လျက်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအခြေအနေမှာ တော်လှန်ရေးဘက်က နည်းပညာ၊ ရန်ပုံငွေ၊ စုစည်းညီညွတ်မှုများစွာလိုနေသေးတာကြောင့် မြေပြင် ထောက်ပို့ကားတွေကိုပါ မတားဆီးနိုင် ဖြစ်နေတယ်လို့ ဆိပ်ဖြူမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် အခုရက်ပိုင်းမှာ ကပစ-၂၂ကနေ ထောက်ပို့ ယာဉ်တန်းတချို့ထွက်လာဖို့ရှိတာကြောင့် စစ်တပ်က မြေပြင်စစ်ကြောင်းတွေ နဲ့ ကင်းချတပ်စွဲထားတာတွေ ရှိနေတယ်လို့ အသိပေးပါတယ်။

◾️မင်းတုန်းနယ်အနောက်ခြမ်းမှာ တိုက်ပွဲဆက်ဖြစ်နေ

ရခိုင်ရိုးမပေါ်တက်မယ့် မင်းတုန်းမြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။ စစ်ကြောင်းတွေက ရိုးအခြေကျေးရွာတွေကတဆင့် စစ်ကြောင်းထိုးတက်နိုင်ဖို့ ကြိုးစားနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ခရိုင်တပ်ရင်းတွေနဲ့ ပကဖ ရဲဘော်တွေက ခုခံ၊ကြားဖြတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ နောက်ပြီး စစ်တပ်က မင်းတုန်းမြို့ဘောလုံးကွင်းမှာ ထိုင်ထားတဲ့ လက်နက်ကြီးနဲ့ ပစ်နေတာတွေရှိတယ်လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် ရိုးခြေတလျှောက်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်း ၃ခု ဖြန့်ခွဲပြီးထိုးနေတယ်လို့ သူက အသိပေးပါတယ်။

◾️စစ်ကိုင်းမှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ စက်တင်ဘာ ၂ ရက် မနက် ၉ နာရီ မိနစ် ၄၀ ခန့်က မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကိုင်းတပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို သွားမယ့်ယာဥ်တန်းကို စစ်ကိုင်းမြို့နယ်၊ ကုန်းရွာ ရေမြောင်းဘောင်ရှေ့ ကင်းစောင့်​ပေးနေတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းလင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ​အဲဒီတိုက်ခိုက်မှုကြောင့် ရဲ ၃ ဦးမှာ နေရာမှာတင် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
👍20🖕31👏1