People's Spring
60.1K subscribers
70.6K photos
1.21K videos
8 files
3.03K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မင်းတပ်မြို့နယ်ကို စစ်တပ်က ထပ်ဗုံးကြဲ

စက်တင်ဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

စက်တင်ဘာ ၃ရက် ညနေပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံး ၄လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်တဲ့နေရာဟာ ရှေ့တန်းနယ်မြေဖြစ်လို့ အထိအခိုက် သတင်းတွေ မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။

စစ်တပ်ဟာ ဩဂုတ် ၃၀ရက် ညနေပိုင်းကလည်း မင်းတပ်မြို့အနီးရှိကျေးရွာ ၁ရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

မင်းတပ်မြို့အပါအဝင် ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ရဲ့ ထုတ်ပြန်ချက်အရ ဩဂုတ် ၃၀ရက် ညနေ မင်းတပ်မြို့နယ် ဝုမ်းခုမ်ရွာ ဗုံးကြဲခံရမှုမှာ သေဆုံးခဲ့တဲ့ ပြည်သူ ၈ဦးအနက် မူလတန်းကျောင်းသား ၂ဦး၊ ၉တန်းကျောင်းသူ ၁ဦး နဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်းတိုက်ပွဲတွေမှာ အထိနာနေတာကြောင့် ရှုံးမဲမဲနေတာဖြစ်ပြီး လေကြောင်းဗုံးကြဲတာတွေ အချိန်မရွေး ပြုလုပ်နေလို့ ပြည်သူတွေ အနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ဖို့ CPU/CPAက တိုက်တွန်းထားပါတယ်။

စစ်တပ်ဟာ မင်းတပ်၊ ကန်ပက်လက် အပါအဝင် ချင်းတောင်ပိုင်းဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ၂၀၂၆ မေလက စတင်ထိုးစစ်ဆင်နေရာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး တိုက်ပွဲ ၃လကျော်ကြာနေပြီဖြစ်ပါတယ်။
🤬34👍2🔥21👏1
(မင်းတပ်မြို့နယ်က ကျေးရွာကို စစ်တပ်ကဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ချင်းပြည်သူ့တပ်မတော်)
🤬22👎12🤮31👏1
■​ဆောင်းပါး

အာဏာရှင်အတွက် အသက်ပေးမယ့်အစား အသက်ရှင်ဖို့ ရွေးချယ်လာသူများ

●အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

- ခါဂါဘို ရေးသားသည်။

စစ်သားတစ်ယောက်ဟာ “ငါဘာအတွက် တိုက်နေတာလဲ”ဆိုတဲ့ မေးခွန်းကို မိမိကိုယ်
တိုင် မေးလာတဲ့အချိန်မှာ အဲဒီစစ်တပ်ရဲ့ အင်
အားဟာ အပြင်က မြင်ရတာထက် ပိုမိုအား
နည်းလာနေပြီဖြစ်ပါတယ်။စစ်ပွဲတစ်ခုရဲ့ အ
နိုင်အရှုံးဟာ လက်နက်နဲ့ လူအင်အားပေါ်မှာသာ မတည်သလို၊ စစ်သားတစ်ယောက်ချင်းစီရဲ့ယုံကြည်ချက်နဲ့စိတ်ဓာတ်အပေါ်မှာလည်း များစွာ မူတည်နေပါတယ်။တိုက်ပွဲရဲ့ အဓိ
ပ္ပာယ်ကို စတင်သံသယဝင်လာတဲ့ အခိုက်အ
တန့်ဟာစစ်ပွဲရဲ့အလှည့်အပြောင်းကိုစတင်
စေတတ်ပါတယ်။
၂၀၂၆ ခုနှစ်စက်တင်ဘာ ၂ ရက်နေ့က ကချင်
ပြည်နယ် ရွှေကူ နဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်
ကြောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဟာ စစ်ပွဲတစ်ခုရဲ့ နောက်ကွယ်က အင်အားအစစ်အမှန်ကို ထင်ရှားစွာ သက်သေပြ နေပါတယ်။

ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် ပူးပေါင်းတပ်​တွေက ဧရာဝတီဒုတိယမြစ်ကျဉ်းအနီးမှာ တိုက်ခိုက်ခဲ့ပြီး စစ်သင်္ဘောများ ထိခိုက် ပျက်စီးခဲ့သလို၊ စစ်သင်္ဘော ၂ စီး‌ပေါ်မှ ရာချီတဲ့စစ်သားများ လက်နက်ချခဲ့ကြကြောင်း သတင်းများက ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်ကို နားလည်ဖို့ဆိုရင် စစ်တပ်တစ်ခုရဲ့ တိုက်ခိုက်နိုင်စွမ်းကို ဘာတွေကသတ်မှတ်ပေးသလဲဆိုတာကြည့်ဖို့လိုပါတယ်။

စစ်ပညာမှာတပ်တစ်တပ်ရဲ့တိုက်ခိုက်နိုင်စွမ်းကို လက်နက်နဲ့ လူအင်အားတင်မကဘဲ “Morale” လို့ခေါ်တဲ့ စိတ်ဓာတ်၊ “Unit Cohesion” လို့ခေါ်တဲ့ တပ်ဖွဲ့အတွင်း စည်းလုံးမှု၊ “Command Trust”လို့ခေါ်တဲ့ အထက်ကခေါင်းဆောင်မှုအပေါ် ယုံကြည်မှုတွေနဲ့ တိုင်း
တာကြပါတယ်။

စစ်သားတစ်ယောက်ဟာ အသက်အန္တရာယ်ကြားမှာဆက်တိုက်နိုင်ဖို့အတွက်သူ့မှာခိုင်မာတဲ့ယုံကြည်ချက်တစ်ခုရှိကိုရှိဖို့လိုအပ်ပါတယ်။

“ငါတို့တိုက်နေတာ မှန်တယ်”

“ငါတို့ခေါင်းဆောင်တွေက ငါတို့အသက်ကို တန်ဖိုးထားတယ်”

“ငါတို့ရဲ့ စွန့်လွှတ်မှုဟာ နိုင်ငံနဲ့ ပြည်သူ ကောင်းကျိုးအတွက်"

“ငါတို့ရဲ့ စွန့်လွှတ်မှုဟာအဓိပ္ပာယ်ရှိတယ်”ဆိုတဲ့ယုံကြည်ချက်တွေဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ် ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့နှစ်ပေါင်းများစွာနိုင်ငံရဲ့အင်အားအကြီးဆုံးအဖွဲ့အစည်းတစ်ခုအ
ဖြစ် အာဏာရှင်အဆက်ဆက်က မွေးမြူလာခဲ့တဲ့ မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် အင်အားသုံးတိုက်ခိုက်မှုတွေကိုကျယ်ကျယ်
ပြန့်ပြန့် ဆောင်ရွက်လာခဲ့တဲ့အတွက်ပြည်သူ
လူထုရဲ့မယုံကြည်မှု၊မုန်းတီးမှုနဲ့ ရွံရှာမှုကို ပိုမိုရင်ဆိုင်လာခဲ့ရပါတယ်။

တစ်ဖက်မှာအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူရဲ့ခုခံမှုတွေပေါ်ပေါက်လာခဲ့ပြီး၊ အ
ခြားတစ်ဖက်မှာလည်း တိုင်းရင်းသားလက်
နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဆယ်စုနှစ်များစွာ တည်ရှိခဲ့တဲ့ တပ်စခန်းအများအပြားကို ဆက်တိုက် သိမ်းပိုက်လာခဲ့ပါတယ်။

ရခိုင်မှာအာရက္ခတပ်တော်AA ရဲ့ထိုးစစ်တွေ၊ ကချင်မှာKIAနဲ့ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်
မှုတွေ၊ ကရင်ဒေသမှာ KNLA နဲ့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ လှုပ်ရှားမှုတွေ၊စစ်ကိုင်း-မ​ကွေး
-မန္တ​လေးတိုင်းက အညာPDF ​တွေရဲ့ခုခံတွန်း
လှန်မှု​တွေ ၊ KNDF နဲ့ကရင်နီတပ်​ပေါင်းစုရဲ့​တော်လှန်စစ် ၊ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်
ရေး နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေတွေဟာစစ်တပ်ကိုတစ်ချိန်တည်းမှာ စစ်မျက်
နှာများစွာ ရင်ဆိုင်ရစေခဲ့ပါတယ်။

ဒီလို နိုင်ငံတစ်ဝန်း စစ်မျက်နှာများစွာ ဖွင့်ထားရတဲ့ အခြေအနေမှာ စစ်သားတွေအ
တွက် တိုက်ပွဲရဲ့ ရည်ရွယ်ချက်နဲ့ အနာဂတ်အပေါ် ယုံကြည်ချက်တွေဟာ တဖြည်းဖြည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ တကယ်တော့စစ်တပ်တစ်ခုရဲ့အင်အားလျော့နည်းလာမှုဟာစစ်မြေပြင်မှာသာမဟုတ်ဘဲစစ်သား
တွေရဲ့စိတ်ဓာတ်နဲ့ခေါင်းဆောင်မှုအပေါ် ယုံ
ကြည်မှု ယိမ်းယိုင်လာတဲ့ အချိန်မှာလည်း စတင် ပေါ်လွင်လာပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက် စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ရခိုင်မှာ အာရက္ခတပ်​တော်ရဲ့ထိုးစစ်​မှာ ဒီအခြေအနေကို ထင်ရှား
စွာ ပြသခဲ့တဲ့ ဖြစ်ရပ်များ ဖြစ်ခဲ့ပါတယ်။ ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့များရဲ့ ထိုးစစ်ကြောင့် တပ်စခန်း​တွေ ၊တပ်
ရင်း​တွေ၊ တပ်ရင်းဌာနချုပ်​တွေအ​မြောက်အ
များ ဆုံးရှုံးခဲ့ပြီး၊ရခိုင်မှာလည်းမြို့ရွာ​ပေါင်း
များစွာ စစ်စခန်းက​နေ တိုင်းစစ်ဌာနချုပ် အ
ထိအာရက္ခတပ်တော် AA က ထိုးစစ်ဆင် သိမ်းပိုက်ချိန် စစ်တပ်ရဲ့ အရာရှိအဆင့်ဆင့်မှ အောက်ခြေတပ်သားများအထိ တပ်ဖွဲ့ဝင်များ လက်နက်ချခြင်း၊ အဖမ်းခံရခြင်း၊ တပ်စွန့်ခွာခြင်း စတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်တွေဟာ စစ်ရေးအရသာမက စစ်တပ်အတွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ယိမ်း
ယိုင် လာမှုကိုလည်း ပြသခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုလက်နက်ချမှုတွေကို နားလည်ဖို့အတွက် “ဘယ်သူတွေ လက်နက်ချလာကြတာလဲ” ဆိုတာ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
26👍11🔥2🤣2
မြေပြင်မှာ တိုက်ခိုက်နေတဲ့ စစ်သားတိုင်းဟာ တူညီတဲ့ ရွေးချယ်မှုနဲ့ အဲဒီစစ်ပွဲထဲကို ရောက်
လာခဲ့တာ မဟုတ်ပါဘူး။ တချို့ဟာ အမိန့်ချမှတ်သူများ ဖြစ်သလို၊ တချို့ကတော့ အဲဒီအမိန့်များကို လိုက်နာပြီး အကောင်အထည်
ဖော်ရသူများ ဖြစ်ပါတယ်။ တချို့ဟာ ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေမှာ ကိုယ်တိုင် ပါဝင်ခဲ့သူတွေ ဖြစ်နိုင်သလို၊ တချို့ကတော့ အတင်းအကျပ် စစ်မှုထမ်း ခေါ်ယူခံရပြီးမရွေးချယ်ခဲ့တဲ့စစ်ပွဲထဲကို တွန်း
ပို့ခံလိုက်ရတဲ့ လူငယ်များ ဖြစ်ပါတယ်။

ဒါကြောင့် လက်နက်ချလာတဲ့ စစ်သားတစ်ယောက်ကို ကြည့်တဲ့အခါ အပြစ်ကင်းသူလို့လည်း မဆိုနိုင်သလို၊အသက်ရှင်ဖို့ နောက်ဆုံး
ကြိုးစားနေတဲ့ လူတစ်ယောက်ဆိုတဲ့ အချက်ကိုလည်း လျစ်လျူရှုထားလို့ မရပါဘူး။ တာ
ဝန်ယူရမယ့်သူက တာဝန်ယူရမှာ ဖြစ်သလို၊ အာဏာရှင်စနစ်အတွက်အဓိပ္ပာယ်မရှိတဲ့ သေ
ဆုံးမှုကို ငြင်းဆန်ပြီး အသက်ရှင်ဖို့ ရွေးချယ်လာသူရဲ့ ဆုံးဖြတ်ချက်ကိုလည်း သီးခြားမြင်ဖို့ လိုပါတယ်။

ဒီနေရာမှာ အောက်ခြေစစ်သားတွေ၊ အမိန့်ပေးကွပ်ကဲတဲ့ အရာရှိတွေ၊ ထိပ်ပိုင်းခေါင်း
ဆောင်တွေကို ခွဲခြားပြီး ကြည့်ဖို့ လိုပါတယ်။ အကြောင်းကတော့ စစ်တပ်ရဲ့ မူဝါဒနဲ့ အမိန့်တွေကို ချမှတ်တဲ့သူတွေနဲ့ အဲဒီအမိန့်တွေကို လက်တွေ့အကောင်အထည်ဖော်ရတဲ့သူတွေဟာ တာဝန်အဆင့် မတူကြလို့ပါ။ ဒါပေမယ့် အမိန့်ကို လိုက်နာခဲ့သူတစ်ဦးချင်းစီရဲ့ ကိုယ်
ပိုင်လုပ်ရပ်နဲ့ တာဝန်ယူမှုကိုတော့ သီးခြားစဉ်း
စားဖို့ လိုပါတယ်။

ဒီလို တာဝန်အဆင့်ကွာခြားမှုတွေ ရှိနေပေမယ့်လည်း၊ စစ်တပ်တစ်ခုရဲ့ အားနည်းချက်ဟာ အမိန့်ပေး စနစ်နဲ့ ခေါင်းဆောင်မှုအရည်
အသွေးမှာလည်း အဓိက သက်ရောက်မှုရှိပါတယ်။

အာဏာရှင်အဆက်ဆက်ရဲ့ အဓိကအင်အားတစ်ခုအဖြစ် ရပ်တည်ခဲ့တဲ့ မြန်မာစစ်တပ်အတွင်းက စစ်အရာရှိအများစုဟာ ရာထူး၊ အခွင့်ထူး၊ အာဏာနဲ့ အကျိုးအမြတ်တွေကို မျှော်ကိုးပြီး စစ်တပ်ထဲ ဝင်ရောက်လာသူများ ဖြစ်ကြပါတယ်။ အဲဒီလို ကိုယ်ပိုင်အကျိုး
စီးပွားနဲ့ ရာထူးတက်လမ်းကိုသာ အဓိကထားကြတဲ့ အရာရှိများအနေဖြင့် တကယ့်စစ်ပွဲမှာ လိုအပ်တဲ့ တာဝန်ယူမှု၊ စစ်ရေးကျွမ်းကျင်မှု၊ ခေါင်းဆောင်မှုအရည်အချင်းနဲ့ ဆုံးဖြတ်နိုင်စွမ်းတို့ကို မပြသနိုင်ကြပါဘူး။

အောက်ခြေတပ်သားအများစုမှာတော့ ၂၀၂၄ ခုနှစ်ကစပြီးပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေနောက်ပိုင်း မိမိတို့ဆန္ဒမပါဘဲအတင်းအဓမ္မ ခေါ်ဆောင်ခြင်းခံရတဲ့လူငယ်‌များ ပါဝင်ပါတယ်။

ဒီလို မတူညီတဲ့ အခြေအနေတွေ ရှိနေတဲ့ တပ်
ဖွဲ့တစ်ခုမှာ စစ်ပွဲရဲ့အခက်ခဲဆုံး ဆုံးဖြတ်ချက်
ဟာ ဆက်လက်တိုက်ခိုက်ခြင်းက အဓိပ္ပာယ်
မရှိတော့တဲ့ အချိန်မှာ ရပ်တန့်ဖို့ ရွေးချယ်ရခြင်း ဖြစ်နိုင်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာတော့ မိခင်၊ ဖခင်၊ ဇနီး၊ သားသမီးတွေဆီ ပြန်ချင်တဲ့ ဆန္ဒ၊ မိမိအသက်၏ တန်ဖိုးကို ပြန်လည်နားလည်လာခြင်းနဲ့ ကိုယ်မရွေးချယ်ခဲ့တဲ့ စစ်
ပွဲတစ်ခုအတွက်ဆက်ပြီးအာဏာရှင်ရဲ့အသုံး
ချခံမနေလိုတော့ခြင်းတို့ ရှိနေနိုင်ပါတယ်။

လက်နက်ကိုင်ထားတဲ့လူတစ်ယောက်အ
တွက် လက်နက်ချခြင်းဟာလွယ်ကူတဲ့ ရွေး
ချယ်မှု မဟုတ်ပါဘူး။ အထူးသဖြင့် နှစ်ပေါင်းများစွာ စစ်တပ်အတွင်းတစ်သွေး၊ တစ်သံ၊ တစ်မိန့်အောက်မှာ “နောက်မဆုတ်ရ”၊ “အမိန့်ကို လိုက်နာရမယ်”ဆိုတဲ့စည်းမျဉ်းတွေနဲ့ ကြီး
ပြင်းလာသူတွေအတွက် ပိုခက်ခဲပါလိမ့်မယ်။

ဒါပေမယ့် လူတစ်ယောက်အတွက် အသက်ရှင်ခြင်း၊မိသားစုနဲ့ အနာဂတ်ကိုပြန်လည်ရွေး
ချယ်နိုင်ဖို့ နောက်ဆုံးအခွင့်အရေး ဖြစ်နေပြီဆိုတာ နားလည်လာတဲ့အခိုက်အတန့်မှာတော့ စစ်မြေပြင်ရဲ့ အဓိပ္ပာယ်ဟာ အနိုင်အရှုံးထက် ပိုမိုနက်ရှိုင်းတဲ့အသက်ရှင်မှုရဲ့တန်ဖိုးကိုနောက်ဆုံး ရွေးချယ်ခွင့်ရတဲ့ နေရာအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။

အထူးသဖြင့် အဲဒီစစ်ပွဲကြောင့် ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရ၊ နေအိမ်တွေ ပျက်စီးခဲ့ရ၊ မိသားစုတွေ ကွဲကွာခဲ့ရတဲ့ အခြေအနေမှာ “ဘယ်သူ့အတွက်၊ ဘာအတွက် တိုက်ခဲ့သလဲ” ဆိုတဲ့မေးခွန်းဟာပိုပြီးအရေးကြီးလာပါတယ်။

အာဏာရှင်တွေဟာ စစ်သားတွေကို သူတို့ရဲ့ အာဏာသက်တမ်းရှည်ဖို့ အသက်ပေးစေချင်ကြပါတယ်။ ဒါပေမယ့် စစ်သားတစ်ယောက်အတွက် အလံဖြူထောင်ဖို့ ဆုံးဖြတ်ခြင်းဟာ မိမိကိုယ်ကို ကယ်တင်နိုင်ဖို့ ရရှိလာတဲ့ နောက်
ဆုံးအခွင့်အရေးကို လက်မလွှတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီအခိုက်အတန့်မှာ "အလံဖြူဆိုတာ အာဏာရှင်အတွက်တိုက်ပေးရတဲ့ စစ်
ပွဲထဲမှာ ပျောက်ဆုံးနေခဲ့တဲ့ မိမိရဲ့ လူသားဘဝကို ပြန်လည်ရယူဖို့၊ မိသားစုနဲ့ အနာဂတ်ကို ကာကွယ်ဖို့၊ မိမိ ရွေးချယ်မှုတွေကို ပြန်လည်သုံးသပ်ဖို့ ရဲဝံ့စွာ ဆုံးဖြတ်နိုင်တဲ့ သတ္တိရဲ့ သင်္ကေတတစ်ခု"လည်းဖြစ်လာပါတယ်။ ။
👍34🥰3🤣3
👍23🤣10🥰1
ကျောက်ပန်းတောင်းနဲ့ တောင်သာမှာလည်း လူငယ်တွေကို ပေါ်တာဆွဲနေ

စက်တင်ဘာ ၄၊၂၀၂၆။ ဟာနာဆန်/People's Spring

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ပန်းတောင်းမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က နေ့ခင်းဘက်မှာတင် လူငယ်တွေကို စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးပေါ်တာဆွဲနေလို့ လူငယ်အများအပြား နေ့စဥ် ဖမ်းဆီးခံနေရကြောင်း ဒေသခံအချို့က ပြောပါတယ်။

"ပက်ကားတွေနဲ့ဆွဲနေတာမြို့ထဲကို။ ဘယ်မှကိုမသွားရဲဘူး"လို့ ကျောက်ပန်းတောင်းမြို့ခံ လူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ခရီးသွားယာဥ်တွေ၊ ကုန်တင်ယာဥ်တွေပေါ်က လူငယ်တွေ၊ ယာဥ်မောင်းသူနဲ့ ယာဥ်နောက်လိုက်တွေပါမကျန် ဖမ်းဆီးနေတာကြောင့် ယာဥ်အချို့ ရပ်တန့်ထားရတဲ့အထိ ဆိုးရွားနေကြောင်း မြို့ခံအချို့က ပြော​ပါတယ်။

အလားတူ တောင်သာမြို့နယ်အတွင်းရှိတဲ့ မြင်းခြံ-ညောင်ဥိးလမ်းပိုင်းက တမိုက်သာရွာ၊ ကျောဇိရွာ၊ မာလာရွာကျောက်ခွဲစက်အနိးရှိ စစ်ကောင်စီတပ်ဂိတ်တွေကလည်း အသက်၁၈နှစ်မှ၃၅နှစ်ကြား လူငယ်တွေပါလာရင် စစ်မူထမ်းဖို့ ကားပေါ်ကနေဆွဲချကာ ပေါ်တာဆွဲနေကြောင်း ဖြတ်သန်းသွားလာခဲ့သူအချို့က ပြောပါတယ်။ ဒါ့အပြင် အသက်၃၅နှစ်ကျော်ရင်လည်း စစ်မူထမ်းကြေး ကောက်ခံနေလို့ ခရီးသွားပြည်သူတွေ သတိပြုသွားလာကြဖို့ ဒေသခံတွေက အကြံပြုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခုလအတွင်း စတင်မယ့် စစ်မှုထမ်းအပတ်စဥ် (၂၈)အတွက် မန္တလေးမြို့ပေါ်မှာပါ စစ်မှုထမ်းမဲနှိုက်တာ၊ အဓမ္မဖမ်းဆီးတာတွေပါ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် မန္တလေးတိုင်းထဲက ဝမ်းတွင်းမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တောင်သာမြို့နယ်နဲ့ ညောင်ဦးမြို့နယ်တွေမှာပါ လဆန်းရက်နဲ့ လကုန်ရက်တွေတိုင်း ပေါ်တာဆွဲဖမ်းဆီးနေပါတယ်။





𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#စစ်မှုထမ်းပေါ်တာဆွဲ#တောင်သာ#ကျောက်ပန်းတောင်း
#စစ်တပ်
🤬199🔥3👎2🤔1
(ရန်ကုန်မြို့က တပ်ရင်းတစ်ခုတွင် စစ်မှုထမ်းသင်တန်းပို့ရန် လူစုထားသော လူငယ်များအား တွေ့ရစဥ် ဓာတ်ပုံံ-Screen Grab)
🤬23👎4👍31😁1
အိန္ဒိယနယ်စပ်တစ်လျှောက်ကိုကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်းဘက်မှာ တမူး–မိုးရေး နယ်စပ်ဂိတ်ကိုတော့စစ်ကောင်စီကဆက်ပြီး ထိန်းချုပ်ထားပေမယ့် အဲဒီလမ်းတစ်လျှောက်က ကျေးရွာတွေနဲ့ နယ်မြေအများစုကို တော်
လှန်ရေးတပ်ဖွဲ့တွေကပဲ စိုးမိုးထားတာ ဖြစ်ပါတယ်။ချင်းပြည်နယ်ဘက်မှာလည်း ရိခေါ်ဒါရ်၊ တွန်းဇံနဲ့ နယ်စပ်ဒေသအများစုကို ချင်းတော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့အဓိကကုလားတန် ဘက်စုံပို့ဆောင်ရေး စီမံကိန်း ဖြတ်သန်းရာ ရခိုင်–ပလက်ဝဒေသတစ်ခုလုံးကိုလည်း အာရက္ခတပ်တော်(AA)က စိုးမိုးထားသူ ဖြစ်ပြီး၊ ဒီဒေသတွေမှာတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအာဏာ သက်ရောက်မှု မရှိတော့ပါဘူး။

ဒီအခြေအနေကမြန်မာ-အိန္ဒိယနယ်စပ်တစ်လျှောက် မြေပြင်မှာ စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်မှု အလွန်ကန့်သတ်သွားပြီဆိုတာကို ပြသနေပါတယ်။

အိန္ဒိယအနေနဲ့ နယ်နိမိတ်ပြဿနာကိုအပြီး
သတ်ရှင်းလင်းဖို့ခိုင်မာတဲ့လုံခြုံရေးအ
ကြောင်းအရင်းတွေရှိတယ်လို့ဆိုထားပါတယ်။မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုတွေကြောင့် မီဇိုရမ်နဲ့ မဏိပူရ်ပြည်နယ်တွေကို စစ်ဘေးဒုက္ခသည်တွေ စီးဝင်လာစေခဲ့သလို၊ အိန္ဒိယ သောင်းကျန်းသူ အဖွဲ့အစည်းတွေအတွက်လည်းနယ်စပ်ကျော်လွန်ပြီးလှုပ်ရှားဖို့ အခွင့်
အရေးတွေ ရသွားစေတယ်လို့ ထောက်ပြထားပါတယ်။

ဒီအကြောင်းပြချက်တွေနဲ့အတူ ၂၀၂၄ ခုနှစ်မှာ နယူးဒေလီဟာမြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ရေး အစီအစဉ်တွေကို တိုးချဲ့လာခဲ့ပြီး၊ သမိုင်းအစဉ်အဆက် နယ်စပ်နေ ပြည်သူတွေကို လွတ်လပ်စွာ ကူးလူးသွားလာခွင့်ပြုထားတဲ့ Free Movement Regime – FMRကိုပါရုတ်သိမ်းခဲ့ပါတယ်။

အိန္ဒိယက၂၀၁၅ခုနှစ်မှာဘင်္ဂလားဒေ့ရှ်နဲ့ ချုပ်ဆိုခဲ့တဲ့ကုန်းဘက်နယ်နိမိတ်သဘောတူညီချက်ဟာ ပဋိပက္ခဖြစ်နေတဲ့ နယ်မြေပြဿနာတွေကို သံတမန်ရေးနည်းလမ်းနဲ့ ရေရှည်ဖြေရှင်းနိုင်ကြောင်း ပြသခဲ့တဲ့ နမူနာတစ်ခု ဖြစ်ပါတယ်။ဒါပေမယ့်မြန်မာနိုင်ငံအတွက်တော့ စိန်ခေါ်မှုက ပိုမိုရှုပ်ထွေးနေပြီး၊ နေပြည်တော်စစ်အစိုးရနဲ့ရရှိတဲ့သဘောတူညီချက်တစ်ခုတည်းနဲ့ ဒီနယ်စပ်မျဉ်းတစ်လျှောက်မှာ စာ
ချုပ်အတိုင်းလက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေ အလွန်နည်းပါးတယ်လို့ သုံးသပ်ကြပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အိန္ဒိယအနေနဲ့ မြန်မာပြည်သူများ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်း
အဝိုင်းက အသိအမှတ်မပြုထားတဲ့အပြင်ပြည်သူတွေအပေါ် နေ့စဉ်အကြမ်းဖက်သတ်
ဖြတ်မှုတွေ ကျူးလွန်နေတဲ့စစ်အစိုးရနဲ့ နယ်
နိမိတ်အလဲအလှယ်လို နိုင်ငံတစ်နိုင်ငံရဲ့ အနာ
ဂတ်အတွက် အလွန်အရေးကြီးတဲ့ ကိစ္စရပ်မျိုးမှာ သဘောတူညီချက်ရယူဖို့ ကြိုးပမ်းတာဟာ သင့်လျော်တဲ့ လုပ်ရပ်တစ်ခု မဟုတ်သလို၊ ဒီလို စာရွက်ပေါ်က သတ်မှတ်ချက်မျိုးကလည်း ရခိုင်နဲ့ ချင်းပြည်သူများသာမက ဒေသခံ‌ တော်လှန်ရေး အဖွဲ့အစည်းတွေအ
တွက် လက်ခံနိုင်ဖွယ် မရှိနိုင်ဘူးလို့ ဆိုကြပါတယ်။

မြေပြင်အာဏာစိုးမိုးမှုမရှိတဲ့စစ်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လက်တွေ့အခြေအနေမှာ အဓိပ္ပာယ်မရှိနိုင်သလို၊ အိန္ဒိယရဲ့ရေရှည် လုံခြုံရေးနဲ့ အကျိုးစီးပွားတွေကိုလည်း အမှန်တကယ် အာမခံပေးနိုင်မှာ မဟုတ်ပါဘူး။

ဒီအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအ
ညီတွေ၊အခြေခံအဆောက်အအုံနဲ့လုံခြုံရေးဆိုင်ရာကိစ္စတွေအတွက်မြေပြင်မှာတကယ်
တမ်း ဩဇာရှိတဲ့အဖွဲ့အစည်းတွေကို နိုင်ငံရေး
အရ တရားဝင် အသိအမှတ်ပြုမှု မပေးနိုင်သေးတောင် လက်တွေ့ကျကျ ထိတွေ့ဆက်
ဆံမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း The Interpreter က ထောက်ပြထားပါတယ်။


https://www.ludunwayoo.com/feature-mm/2026/09/03/167295/
👍159🔥2🤔2👎1
စစ်တပ်က ကပစ(၂၂)အခြေပြုပြီး ဆောနဲ့ ပေါက်မြို့နယ်ကို အင်အားနဲ့ လက်နက်ခဲယမ်း ပို့နေ

စက်တင်ဘာ -၄၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၂၂ )ကို အခြေပြုပြီး အာဏာသိမ်းစစ်တပ်က ဆောနဲ့ ပေါက်မြို့နယ်တွေကို အင်အားနဲ့ လက်နက်ခဲယမ်းတွေထောက်ပို့နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဆောမြို့နယ်၊ကျောက်ထုမြို့က စစ်တပ်စစ်ကြောင်းနဲ့ ပေါက်မြို့နယ်က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ရွာတွေအတွက် ကပစ (၂၂)ကနေ ထောက်ပံ့မှုတွေရောက်ရှိဖို့နဲ့ ဖြတ်တောက်မခံရစေဖို့ ထောက်ပို့ယာဥ်တွေ အတွက် မြေပြင်နဲ့ ဝေဟင်ကပါ နေ့စဥ် နီးပါး ကာကွယ်လျက်ရှိတယ်လို့ ဆိုပါတယ်။

"ချေမှုန်းနိုင်ရေးအတွက် နည်းပညာ၊ရန်ပုံငွေ၊စုစည်းညီညွတ်မှုများစွာလိုနေသေးတာကြောင့် မြေပြင် ထောက်ပို့ကားတွေကိုပါ မတားဆီးနိုင် ဖြစ်နေပါတယ်"လို့ ဆိပ်ဖြူမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းမှာ ကပစ (၂၂)ကနေ ထောက်ပို့ ယာဉ်တန်းတချို့ထွက်လာဖို့ရှိတာကြောင့် စစ်တပ်က မြေပြင်စစ်ကြောင်းတွေ နဲ့ ကင်းချတပ်စွဲထားတာတွေရှိနေတယ်လို့ အသိပေးပါတယ်။

"ပြီးခဲ့တဲ့နှစ်လကတည်းက ဆိပ်ဖြူကပစ (၂၂)ထဲကို အင်အား ၅၀၀ ၀န်းကျင်လောက်ရောက်နေတယ်။အဲဒီ အင်အားတွေနဲ့ ကင်းချတာ စစ်ကြောင်းထိုးတာ တွေလုပ်နေတယ်"လို့ ဆိပ်ဖြူမြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ဆိပ်ဖြူနယ်က ပုသိမ်-မုံရွာ ၊ဆော-ဆိပ်ဖြူ နဲ့ ဆိပ်ဖြူ- ပေါက် လမ်းပိုင်းတွေကို ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးပမ်းနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

လက်ရှိ အာဏာသိမ်းစစ်တပ်က ဆောမြို့နယ်၊ကျောက်ထု မြို့ကနေ ချင်းပြည်နယ် မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသလို ထီးလင်းမြို့နယ်က ချင်းတောင်ပိုင်းနယ်စပ်ကုန်သွယ်ရေးရှိရာနေရာကို ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေတာရှိပါတယ်။

မကွေးတိုင်းမှာ မကွေးမြို့အခြေစိုက် တပ်မ(၈၈)နဲ့ ပခုက္ကူမြို့က တပ်မ(၁၀၁)တပ်တွေရှိပေမယ့် စစ်တပ်ရဲ့သီးသန့်တိုင်းစစ်ဌာနချုပ်တွေမရှိဘဲ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)က ခွဲဝေ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဆိပ်ဖြူမြို့နယ်မှာက စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းရုံး ကပစ (၂၁၊ ၂၂) နဲ့ အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ) တို့ရှိပါတယ်။

အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)က လေတပ်သုံးဗုံးတွေထုတ်ပြီး အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ−၂၂ )မှာ လက်နက်တွေ ထုတ်နေတာဖြစ်ပါတယ်။




𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ကပစ(၂၂)#ဆိပ်ဖြုူမြို့#စစ်တပ်စစ်ကြောင်း
#စစ်တပ်
👎225🔥3👍1👏1🤬1
(ဆိပ်ဖြူမြို့နယ်က အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၂၂ )ကို ပစ္စည်းပို့တဲ့ စစ်တပ် ကား၁စီးကို တွေ့ရစဉ်။ ဓာတ်ပုံ − Seikphyu Media)
🔥19👎64👍1👏1
မင်းတုန်းမြို့နယ်အနောက်ခြမ်းမှာ တိုက်ပွဲဆက်ဖြစ်နေ

စက်တင်ဘာ−၄၊၂၀၂၆။ဖိုးသား/People's Spring

ရခိုင်ရိုးမပေါ်တက်မယ့် မင်းတုန်းမြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

စစ်ကြောင်းတွေက ရိုးအခြေကျေးရွာတွေကတဆင့် စစ်ကြောင်းထိုးတက်နိုင်ဖို့ ကြိုးစားနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ခရိုင်တပ်ရင်းတွေနဲ့ ပကဖ ရဲဘော်တွေက ခုခံ၊ကြားဖြတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

"စခ တွေဘက်ကလည်း မင်းတုန်းမြို့ဘောလုံးကွင်းမှာ ထိုင်ထားတဲ့ လက်နက်ကြီးနဲ့ ပစ်နေတာတွေရှိတယ်"လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ရိုးခြေတစ်လျှောက်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်း ၃ခု ဖြန့်ခွဲပြီးထိုးနေတယ်လို့ သူက အသိပေးပါတယ်။

ဩဂုတ် နောက်ဆုံးပတ်က မင်းတုန်းမြို့အနောက်ခြမ်းကို ရောက်လာတဲ့ စစ်တပ်စစ်ကြောင်း ၁ခုကို သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်း ၅ဦး ဖမ်းမိကာ လက်နက်ခဲယမ်းနဲ့အလောင်းတချို့ သိမ်းဆည်းရရှိတယ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က မတရားပေါ် တာဆွဲထားတဲ့ စစ်မှုထမ်း(ပစ)အများအပြားကို အသုံးချထားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က စစ်ရေးအသာစီးရယူဖို့အတွက် လေကြောင်း၊ လက်နက်ကြီး နဲ့ ဒရုန်းတွေကို အသုံးပြုနေတဲ့အပြင် စစ်မှုထမ်း(ပစ) အားတွေအသုံးပြုနေပေမယ့် လက်တွေ့စစ်မြေပြင်တွင် အမြဲအထိနာကျရှူံးနေတယ်လို့ အသိပေးပါတယ်။

"ပစ တွေ အရမ်းများတယ်။စစ်တပ်က အသုံးချနေတာပေါ့။နေတိုင်းထွက်ပြေးလာတဲ့သူတွေရှိသလို ဖမ်းမိတဲ့သူတွေလည်းရှိတယ်"လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ဩဂုတ် ၃၀ ရက်က ပြောထားပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို ပြန်ထိန်းချုပ်ဖို့ အနီးစပ်ဆုံးနေရာဖြစ်တဲ့ မင်းတုန်းမြို့နယ်အနောက်ဘက်ကနေတဆင့် စစ်တပ်က ၀င်ရောက်ဖို့ ဒုတိယအကြိမ် အင်အားအလုံးအရင်းနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးစပ်ဆုံးနေရာတွေဆီ စစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ၀န်းကျင်ရောက်ရှိပြီး ရခိုင်ရိုးခြေရွာတွေဖြစ်တဲ့ ပြောင်းကျေးရွာ၊ထန်းပင်ကုန်းကျေးရွာ၊ဖြူကန်ကျေးရွာ၊ထိန်ကိုင်းနဲ့ တမာကျေးရွာတွေမှာ တပ်စွဲထားပါတယ်။

စစ်တပ်က ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီး အောင်ဇော်မင်းဦးစီးပြီး အင်အား ၁၀၀၀ ခန့်နဲ့ ရခိုင်ရိုးမကို ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်ခဲ့ပါတယ်။

ဒါပေမယ့် ရိုးမပေါ်တက်တဲ့တိုက်ပွဲတွေမှာ အသေများနေတာကြောင့် ရိုးခြေက ကျေးရွာတွေထဲမှာပဲ ပြန်ပြီး တပ်စွဲနေခဲ့ရပါတယ်။

နောက်ထပ်စစ်ကူအင်အားတွေက အောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အခြေစိုက် အမှတ် (၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၁၂ )ကို ပို့ဆောင်ပြီးနောက် ဩဂုတ် ၂၂ ရက် မှာ မင်းတုန်းမြို့ကို ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။




𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ကပစ(၁၂)#ရခိုင်ရိုးမ#စစ်တပ်စစ်ကြောင်း
#မင်းတုန်းမြို့နယ်အနောက်ခြမ်း
👍294🤣2🥰1
(မင်းတုန်းမြို့နယ်တနေရာမှာ တွေ့ရတဲ့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − သရက်ခရိုင်အမှတ်(၄)တပ်ရင်း)
👍2611🥰2🖕2
■​မေးမြန်းခန်း

"ဖမ်းထားတဲ့ စစ်သုံ့ပမ်းတွေအားလုံးကတော့ လုံလုံခြုံခြုံ ဖြစ်တဲ့နေရာမှာ အားလုံးကတော့ ရောက်သွားပါပြီ"

■KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနဲ့ မေးမြန်းခန်း

အာဏာသိမ်းစစ်တပ်ကဗန်း​မော်မြို့ရှိစစ်တပ်အတွက် စစ်ကူ၊လက်နက်ခဲယမ်း၊ရိက္ခာ​တွေဖြည့်တင်းနိုင်ဖို့ မန္တ​လေးမြို့ ​ဂေါ်ဝိန်ဆိပ်ကမ်းက​နေ ကချင်ပြည်နယ်ကို ဧရာဝတီမြစ်
ကြောင်းအတိုင်း စစ်သင်္ဘောအုပ်စုနဲ့ သြဂုတ်လမှဆန်တက်ခဲ့ပါတယ် ။စုစု​ပေါင်း ၁၅ စီးပါတဲ့ စစ်သင်္ဘောအုပ်စုကို စစ်ကိုင်းတိုင်း
ကသာကနေ ကချင်ပြည်နယ်ရွှေကူကြား၊ ရွှေကူနဲ့ ဗန်းမော်အကြား ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦး​ဆောင်တဲ့ ပူးပေါင်းတပ်တွေကအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။အဲဒီလိုတိုက်ခိုက်မှု​
ကြောင့် ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၂ ရက်အတွင်း စစ်ကောင်စီသင်္ဘော၇စီထက်
မနည်း ထိခိုက်ပျက်စီးခဲ့သလိုကမ်းကပ် လက်
နက်ချတဲ့ သင်္ဘော၂စီးရှိခဲ့ပါတယ်။စစ်တပ်ရဲ့ ​ရေယာဥ်အုပ်စုကို ​တော်လှန်​ရေးတပ်​တွေတိုက်ခိုက်ခဲ့တဲ့အခြေအနေ​တွေကို KIA သ
တင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီး
နော်ဘူကို စက်တင်ဘာ ၄ရက်မနက်ပိုင်းမှာ People's Spring ကဆက်သွယ်မေးမြန်းထားပါတယ်။ KIA ဟာ စစ်​ရေးသတင်း​တွေကို
အ​​တော်​လေးသတိထား လျှိုဝှက်​လေ့ ရှိတဲ့ တိုင်းရင်းသား​တော်လှန်​ရေးအဖွဲ့ဖြစ်ပါတယ်။

-ထားမြတ်/People’s Spring

မေး- ကချင်ပြည်နယ်ကို စစ်သင်္ဘောတွေ ဝင်လာတဲ့ အချိန်ကနေ အခုအချိန်ထိ အခြေအတွေရှင်းပြပေးပါလား။

ဖြေ- ကချင်ပြည်နယ်ဘက်ကို တက်သွားတဲ့ သင်္ဘောတွေကတော့ တချို့သင်္ဘောတွေ ၇စီးလောက် ဗန်းမော်ကို ဝင်တယ်လို့ ပြောတာပေါ့။ ၇စီးဆိုတဲ့နေရာမှာ ၂စီးကတော့ သူတို့ပြောတာပေါ့ကွာ သူတို့ လုံခြုံရေးယူတဲ့ စပိဘုတ်ပုံစံမျိုးတွေပေါ့ အဲဒါမျိုးတွေ။ နောက် ကုန်တင်တဲ့သင်္ဘောတစီးလောက်ပါတယ်လို့ပြောတယ်။ တိုက်သင်္ဘောတစီးလောက် ပါတယ်လို့ပြောတယ်။ ကျန်တာတော့ ဘယ်လိုလည်းမသိဘူး တိတိကျကျတော့ကျနော်တို့လည်း သူတို့ဆီက သတင်းရဖို့ အခက်အခဲတွေရှိလို့ပါ။

မေး-ကသာ ကနေ ရွှေကူဝင်လာတယ် ရွှေကူကနေ ဗန်းမော်သွားတယ်။အဲဒီမှာစစ်သ
င်္ဘောတွေ တိုက်ခိုက်ခံရတဲ့ အခြေအနေတွေ ရှင်းပြပေးပါလား

ဖြေ-ကသာနဲ့ရွှေကူကြားမှာတိုက်ခိုက်ခံရတာပေါ့။တိုက်ခိုက်ခံရပြီးမှသင်္ဘော ၁စီးလား အဲ
ဒီမှာရပ်နေတယ်လို့ပြောတယ်။နောက်ရွှေကူကနေ ဆက်ပြီးမှ ဇင်းဘုံ စင်းခန်းတ၀ိုက်မှာလည်း တိုက်ခိုက်ခံရတယ်။ အဲဒီနေရာမှာ သင်္ဘောဘယ်နှစ်စီးလဲမသိဘူး အနည်းဆုံးကတော့ ၄စီး၊ ၅စီးလောက်တော့ အဲဒီမှာ ရပ်သွားတာထင်တယ်။ နောက်တခုရှိတာကတော့ ရွှေကူကနေ ဗန်းမော်ဘက်ကို တက်တဲ့အချိန်မှာ ရွှေကူကပြည်သူလူထုတွေရဲ့သင်္ဘောငယ်လေးတွေပေါ့ တွန်းသင်္ဘောတို့ သူတို့ သုံးနေတဲ့ ဇက်တွေပေါ့ အဲဒါတွေလည်း ပါတယ်လို့ပြောတယ်။ အဲဒါကြောင့် ထိခိုက်တဲ့နေရာမှာ ဒါမျိုးတွေလည်းပါကောင်းပါနိုင်တာပေါ့။ တိ
တိကျကျ ရဖို့တော့အခက်အခဲတွေရှိပါတယ်။

မေး-ဒီတခေါက်မှာ ထူးခြားတာကစစ်တပ် သင်္ဘောတွေ အလံဖြူထောင်တယ်လို့ ကြားရပါတယ်။အဲဒီဖြစ်စဉ်ကို ရှင်းပြပေးပါလား။

ဖြေ- အဲဒါကတော့အလံဖြူထောင်တယ်ဆိုတာကတော့ အဲဒီလောက်ထိတော့မဟုတ်ပါဘူး။သင်္ဘောတွေ ပစ်ခတ်ခံရလို့ ရှေ့ဆက်မရနိုင်တဲ့အခါကျတော့ ကမ်းကပ်သွားတာ။အဲဒီပုံစံပဲဖြစ်တယ်လို့ပြောတယ်။ အလံဖြူထောင်တယ်ဆိုတာကတော့ကွန်ဖန်းတော့မဖြစ်ဘူး။ စစ်သုံ့ပန်းတွေလည်း အဲဒီနေရာမှာ ဖမ်းထားတာ ၁၀၀ ကျော်ဖြစ်ပါတယ်။အဲဒီ၁၀၀ကျော်
ထဲမှာ စိစစ်နေတုန်းပဲဖြစ်ပါတယ်။အဲဒီစိစစ်တာကတော့ကျနော်တို့ မရသေးဘူး။စိစစ်တယ်ဆိုတာကအားလုံးစစ်သားတွေလား အ
ရပ်သားတွေလည်းပါတာလား ။ဒါကတော့ စစ်ရုံးချုပ်ကကိုင်တာကျနော်တို့ဆီ(သတင်းပြန်ကြားရေးဌာန)အဲဒါကမရသေးဘူး။ဒါပေ
မဲ့ အဲဒီဖမ်းထားတဲ့ စစ်သုံ့ပန်းတွေအားလုံးက
တော့လုံလုံခြုံခြုံ ဖြစ်တဲ့နေရာမှာအားလုံးက
တော့ ရောက်သွားပါပြီ။

မေး-ရုပ်သံတွေမှာတွေ့ရတာ စစ်သင်္ဘောတွေနဲ့အတူ အန္တရာယ်များတဲ့လမ်းကြောင်းမှာ ကလေးတွေရော အမျိုးသမီးတွေရော သူတို့ ခေါ်လာကြတာတွေ့ရပါတယ်။ ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ-အမျိုးသားတွေ၊အမျိုးသမီးတွေ၊ကလေးတွေကအစပါတာပေါ့။ဒါကတပ်ကမိသားစုတွေလား မသိသေးဘူးလေ။ဒါကတော့စစ်ရုံးချုပ်ကသူတို့စစ်ဆေးတဲ့နေရာမှာပဲခွဲခြားလို့ရမှာပါ။ကျနော်တို့ သတင်းဌာနကို သူတို့ မပြောတဲ့အခါကျတော့ ကျနော်လည်း အဲဒီကိစ္စ ဘာမှ မသိရဘူး။

မေး- ၂၀၂၅တုန်းကလည်းအခုလိုပဲဗန်းမော်ကို စစ်တပ်က စစ်ရေယာဉ်တွေတက်တယ်။ စစ်​ရေယာဥ်​တွေထိခိုက်မှုက အရင်နှစ် နဲ့ အခု နှစ် ဘယ်လိုကွာသွားလဲ။

ဖြေ-ဘယ်လိုကွာတယ်ဆိုတာက မနှစ်တုန်းကထက်ဒီနှစ်ကတော့သူတို့အထိအခိုက်ကပိုများတယ်လို့ ကျနော်မြင်ပါတယ်။

မေး-စစ်သင်္ဘောတွေရော အခြားရေယာဉ်တွေရော ၉စီးလောက်ပျက်စီးတယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ- အဲဒါကခုနကကျနော်ပြောသလိုပေါ့ ရွှေကူကနေ တက်လာတဲ့နေရာမှာ အရပ်ဘက်က သင်္ဘောငယ်လေးတွေလည်း ပါကောင်းပါနိုင်တာပေါ့။ အဲဒါကြောင့်စစ်သင်္ဘောတွေသူတို့ မန္တလေးကနေတက်လာတဲ့သင်္ဘောတွေ အား
လုံးထဲက ဘယ်နှစ်စီးပျက်စီးတယ်ဆိုတာ ကျနော်တို့ သတင်းဌာနအနေနဲ့ အတည်ပြုပြောလို့မရသေးဘူး

မေး-စစ်တပ်က ဗန်းမော်ကို အခုလိုစစ်အင်
အားဖြည့်လာလာဆိုတော့ ဗန်း​မော်မှာတိုက်ပွဲတွေပိုပြင်းထန်မယ့်အ​ခြေအ​နေလား။ ဘယ်လိုမြင်ပါသလဲ။
👍248🥰1🤣1🖕1
ဖြေ-ဗန်းမော်မှာသူတို့ထင်သလောက် သင်္ဘော
တွေအားလုံးဝင်နိုင်ပြီးမှ စစ်အင်အားတွေ လက်နက်ခဲယမ်းတွေ အဲဒါတွေ ဖြည့်နိုင်လို့ရှိရင်တော့ တိုက်ပွဲကတော့ ပိုပြီးမှ ပြင်းထန်လာနိုင်တယ်လို့ဒါကကျနော်သုံးသပ်တာပေါ့နော်။ဒါပေမဲ့အခုတော့သူတို့ ထင်သလောက် မဟုတ်လောက်ဘူးထင်တယ်။

People's Spring -ကျေးဇူးတင်ပါတယ်။ ။
👍25👏4🖕2🥰1🤣1
24👍8🥰3👏2🤣1🖕1
မင်းတပ်မှာ စစ်တပ်လက်နက်ကြီးထိမှန်ပြီး သက်ကြီးလင်မယား သေဆုံး

စက်တင်ဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

ချင်တောင်ပိုင်းမှာ စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ပုံမှန်ရေးသားဖော်ပြနေတဲ့ ဒေသခံရဲ့ အသိပေးချက်အရ စက်တင်ဘာ ၄ရက် မနက် ၉နာရီခွဲလောက်မှာ စစ်တပ်ဟာ မင်းတပ်မြို့ပေါ် နေရာတွေနဲ့ မြို့အနီးနေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

ချင်း − မကွေးအစပ် ဆောမြို့နယ် ကျောက်ထုနဲ့ မင်းတပ်နယ်ခြား နေရာတွေကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အကြိမ်များစွာ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဥယျာဉ်ခြံမှာနေထိုင်တဲ့ သက်ကြီး လင်မယား သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

စစ်တပ်ဟာ စက်တင်ဘာ ၃ရက်ညကတည်းက လက်နက်ကြီးတွေနဲ့ မင်းတပ်မြို့ကို တိုက်ခိုက်နေတာလို့ဆိုပါတယ်။ ဒါကြောင့် မြို့အနီး နေထိုင်သူတွေ အထူးဂရုစိုက်ကြဖို့လည်း ဒေသခံက တိုက်တွန်းထားပါတယ်။

စစ်တပ်ဟာ စက်တင်ဘာ ၃ရက် ညနေပိုင်းက မင်းတပ်မြို့နယ် အရှေ့ခြမ်းတနေရာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သလို ဩဂုတ် ၃၀ရက် ညနေပိုင်းကလည်း မင်းတပ်မြို့အနီး က ကျေးရွာကို လေကြောင်းဗုံးကြဲခဲ့ပါတယ်။ ဩဂုတ် ၃၀ရက် လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်မှာ ကလေးငယ် ၃ဦး အပါအဝင် အရပ်သား ၈ဦးသေဆုံးခဲ့ရသလို ၁၅ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်းထိုးစစ်မှာ ထိခိုက်သေဆုံးမှုများပြီး ရှုံးမဲမဲကာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေလို့ ပြည်သူတွေ လေကြောင်းရန် ပိုဂရုစိုက်ကြဖို့လည်း ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဟာ မေလကတည်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတာဖြစ်ပြီး တိုက်ပွဲ ၃လကျော်ကြာတဲ့အထိ ထိုးစစ်ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေကာ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိနေပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#မင်းတပ်#စစ်တပ်လက်နက်ကြီးပစ်ခတ်#သေဆုံး
#ချင်းပြည်နယ်တောင်ပိုင်း
🤬292🤮2👎1👏1
(ပြီးခဲ့တဲ့ ဩဂုတ် ၃၁ရက်က မင်းတပ်မြို့နယ် တနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − Ĥkl Mindat)
😢25🤬8🤮2👎1👏1
စစ်တွေမှာတိုက်ပွဲပြင်းထန်နေ၊ စစ်တပ်က လက်နက်ကြီး ရာချီပစ်ခတ်

■ရွှေမင်းဂံရေတပ်စခန်း နဲ့ အမြင့်ကျွန်း အနီးတိုက်ပွဲဖြစ်ပြီး စစ်တပ်အထိနာ​နေ

စက်တင်ဘာ-၄၊၂၀၂၆။ခိုင်မြတ်/People's Spring

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိစစ်တွေမြို့နယ်အတွင်းမှာတိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်တွေအခြေစိုက်စစ်တပ် တပ်ရင်းတွေနဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီး ဆက်
တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေနဲ့ မြေ
ပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာလ ၄ ရက် မနက်ပိုင်းအစောပိုင်းမှာစစ်တွေရွှေမင်းဂံရေတပ်စခန်းအနီးဝန်း
ကျင်နဲ့ အမြင့်ကျွန်း အနီးဝန်းကျင်တို့မှာအာရက္ခတပ်တော်(AA) နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်
ပွားနေခဲ့တာဖြစ်ပြီး စစ်တပ်က အထိနာနေ တာကြောင့် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတာလို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်နေတာ။တိုက်ပွဲမှာနာလို့မြေပြင်ကလည်းအင်အားဖြည့်ပြီးတိုးလာတယ်။လက်နက်ကြီးနဲ့လည်း ရမ်း ပြီး လျှောက်ပစ်နေတယ်။ အလုံး ရာချီပြီ။ အရပ်သားအထိ
အခိုက်တွေ ရှိတယ်။အခုတိုက်ပွဲပြင်းနေတုန်း၊ လက်နက်ကြီးလည်းပစ်တုန်းဆိုတော့ ဘာမှ သေချာမသိရသေးဘူး” လို့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

မနက် ၆ နာရီကျော်အချိန်ကနေ အခုနေ့လယ်ပိုင်းထိ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့စစ်တွေမြို့နယ်နဲ့ထိစပ်နေတဲ့ပေါက်
တောမြို့နယ်မှ ဒေသခံတဦးကပြောပါတယ်။

“မနက် ၆ နာရီလောက်ကဂျက်နှစ်စီးပျံသွားတယ်။အဲဒါပြီးတော့ သိပ်မကြာဘူး။ ၆ နာရီ မိနစ် ၄၀ လောက်မှာ လက်နက်ကြီးတွေ စပစ်တယ်၊ အခုထိ ကြားတုန်း၊ တလုံးနဲ့ တလုံး မိနစ်ပိုင်းပဲခြားတယ်။ အတွဲလိုက်တွေလည်း ပစ်တယ်။လက်နက်ငယ်သံတွေပါ ကြားရတယ်”လို့ စက်တင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မြို့ပေါ်တပ်ရင်းတွေနဲ့ ကုလားတန်မြစ်၀မှာ နေရာယူထားတဲ့ စစ်သင်္ဘောတွေကနေ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်ဘက်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာဖြစ်ပြီး အာရက္ခတပ်တော်(AA)ကလည်း လက်နက်ကြီး နဲ့ပစ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

AA ဟာစစ်တွေမြို့ပတ်လည်ကရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ပေါက်တောမြို့နယ်တို့ကို သိမ်း
ပိုက်ထားပြီးပတ်ပတ်လည်ကဝန်းရံကာအာ
ဏာသိမ်းစစ်တပ်ရဲ့ စစ်တွေအခြေစိုက်စစ်
တပ်တပ်ရင်း၊ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

အဲဒီလိုတိုက်ခိုက်ခံနေရချိန် စစ်တပ်ဘက်ကလည်း တပ်ရင်းတွေနဲ့ ရှေ့တန်းစခန်းတွေဆီ အင်အားအလုံးအရင်း ဖြည့်ထားတာ ရိုဟင်ဂျာတွေကိုလည်း စစ်သင်တန်းပေး ရှေ့တန်းပို့ထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာစက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းကလည်း စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့
နယ်အတွင်းက နေရာ ခြောက်ခုထက်မနည်းကိုဗုံးအလုံးရေသုံးဆယ်ဝန်းကျင်ကြဲခဲ့ပါသေးတယ်။

လက်ရှိစစ်တွေမြို့နယ်အတွင်းက တိုက်ပွဲအခြေအနေအသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ရခိုင်ပြည်နယ် တောင်ပိုင်း ဂွကမ်းခြေနဲ့၊ သံတွဲ ငပလီကမ်းခြေတလျှောက်ကျေးရွာတွေကိုလည်း ပင်လယ်ပြင်ရှိ စစ်
သင်္ဘောတွေက နေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

“မနေ့ကလည်း ပစ်တယ်။ ဒီနေ့မှာလည်း ပစ်နေတယ်။ နေ့ခင်း ၁၂ နာရီလောက်ကနေ ပစ်နေတာ အခုထိ၊ ကမ်းခြေ ရွာတွေ အကုန်ရှောင်နေကြရတယ်”လို့သံတွဲဒေသခံတဦးက ပြောပါတယ်။

နိုင်ငံအဝှမ်းစစ်အရေးအရ အထိနာနေတဲ့စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့လက်လွှတ်ထားရတဲ့နယ်မြေ တွေကို တန်
ပြန်ထိုးစစ်ဆင်နိုင်ဖို့ ရခိုင်နဲ့အစပ် မကွေး၊ ပဲခူး၊ ဧရာ၀တီတိုင်းတို့ကနေ အင်အားအလုံး
အရင်းနဲ့ စစ် ကြောင်းထိုးလာနေပြီး လေ
ကြောင်းကနေလည်း ဗုံးကြဲတာတွေ ဆက်
တိုက်လုပ်နေတာပါ။
👍307👎3🔥2👏1🤬1
စစ်​တွေမြို့အဝင်ဆိုင်းဘုတ်/အမ်းရှိ စစ်တပ်ရဲ့အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AAတပ်ဖွဲ့ဝင်​တွေ ထိုး​ဖောက်တိုက်စစ်ဆင်သိမ်းပိုက်ခဲ့စဥ်။
ဓါတ်ပုံ-AA Infodesk၊ CJ
👍429🔥2🖕1
ရန်ကုန်မြို့မှာ အမျိုးသမီးငယ် ၁ဦး ပျောက်ဆုံးနေပြန်

▪️LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

စက်တင်ဘာ ၄၊ ၂ဝ၂၆။ မေရီ/People's Spring

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံးသွားမှု စက်တင်ဘာ ၂ရက်က ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီခန့်က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ကနေ ရွှေပြည်သာမြို့နယ်ကိုသွားဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီးငယ်ဟာ အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်ကြောင်း နီးစပ်သူတစ်ဦးက Facebook လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

"ဂျပန်သွားခါနီးမှ ပျောက်သွားတယ်။ မနှင်းစန္ဒာသည် ၂ ရက်နေ့ညနေ ၅ နာရီလောက်က စမ်းချောင်းကနေရွှေပြည်သာကိုလာဖို့ ကားငှားနေတယ်လို့ အဆတ်အသွယ်ရပြီးနောက်ပိုင်းမှာ ဖုန်းလည်းအခုထိဆတ်သွယ်မရတော့လို့ပါ။ ကလေးကလည်း ရွှေပြည်သာကိုရောက်မလာပါဘူး။ ဂျပန်သွားခါနီး အဝေးကမိဘတွေကလည်းရောက်နေပေမယ့် ကလေးကပျောက်နေလို့ပါရှင့်"ဆိုပြီး ၎င်းနဲ့နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်မှာ အကူအညီတောင်းခဲ့တာပါ။

ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်ဟာ ဂျပန်နိုင်ငံကို သွားဖို့ပြင်ဆင်နေသူလို့ သိရပါတယ်။

အလားတူ ရွှေပြည်သာမြို့နယ်မှာ အမျိုးသမီးအသွင်ဝတ်စားဆင်ယင်တဲ့ မိန်းမလျာ ၁ဦးကို အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ဦးက သုံးဘီးဆိုက်တွဲယာဥ်ပေါ်တင်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြောင်း Tiktok လူမှုကွန်ရက်မှာ ဖမ်းဆီးခံရတဲ့ မိန်းမလျာကိုယ်တိုင် ပြောပြထားပါတယ်။

"ယောကျာ်း ၃ ယောက်နဲ့ မိန်းမတစ်ယောက်က အမှောင်ထဲကနေထိုင်စောင့်ပြီးတော့ ကျွန်မကိုဆွဲတာ။ ပါးစပ်ကို အတင်းပိတ်ပြီး လက်တွေကို ကြိုးတွေနဲ့ ဝိုင်းတုပ်ကြတာ။ အတင်းထွက်ပြေးမြန်လို့ အိမ်ပြန်ရောက်လာတာ။ ဖိနပ်တွေတောင် ကျွတ်တယ်။ ဘောင်းဘီတွေတောင် ပြဲတယ်"လို့ ၎င်းမိန်းမလျာက ပြောပါတယ်။

ရန်ကုန်မြို့မှာ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေပြီး လူငယ်တွေလည်း မကြာခဏ ပျောက်ဆုံးနေပါတယ်။ စက်တင်ဘာ ၁ ရက် ညကလည်း မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီရပ်ကွက်နားမှာ အသက် ၃၇ နှစ်အရွယ် အမျိုးသား ၁ဦး ကားတစ်စီးနဲ့ ပျောက်ဆုံးနေလို့ မိသားစုဝင်တွေက အကူအညီတောင်းနေပါတယ်။

စက်တင်ဘာ ၂ ရက် မနက်ပိုင်းကလည်း သာကေတမြို့နယ်၊ မြင်တော်သာလမ်းမကြီးပေါ်မှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေးကို လူတစ်စုက စက်ဘီးကိုကန်ထည့်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီး ကျောင်းသားဟာ ထွက်ပြေးလွတ်မြောက်ခဲ့ပါသေးတယ်။

ရန်ကုန်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုဆိုးရွားလာနေပြီး စစ်တပ်ခန့်ရပ်ကွက်အုပ်ကြီး​တွေကို၁ရက် လူ ၅​ယောက်ဆွဲ​​ပေးရမယ်လို့ ဖိအား​ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်းစိန်မြို့နယ်မှာလည်း အရံမီးသတ်အရာရှိ နေအိမ်မှာ အချုပ်ခန်းပြုလုပ်ပြီး လူငယ်တွေကို စစ်တပ်ဆီ ရောင်းစားဖို့ ချုပ်နှောင်ထားတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Chinland FC အသင်းကဘောလုံးသမား ၁ဦး နေအိမ်ပြန်လာစဥ် မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တစ်ပတ်ကြာ ပျောက်ဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ အဆက်အသွယ်ရ ပြန်တွေ့ပြီလို့ အသင်းကထုတ်ပြန်ခဲ့ပေမယ့် ဘောလုံးသမားကိုလူတစ်စုကဖမ်း​ခေါ်သွားတာ​ကြောင့် ​နေပြည်​တော် အမြန််လမ်းဘက်ကို သွား​​ခေါ်ခဲ့ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိသူအချို့က​ပြောပါတယ် ။

ဒါ့အပြင် MFF Futsal League(1) မှာ ကစားနေတဲ့ Gold Dream FC အသင်းက ကစား
သမား ၂ဦးလည်း ပျောက်ဆုံးနေကြောငိး လွန်ခဲ့တဲ့ နှစ်ပတ်နီးပါးက အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာမှာလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှု
ထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်းပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ရန်ကုန်မြို့#လူပျောက်#စစ်မှုထမ်းပေါ်တာဆွဲ
#ပေါ်တာဆွဲ
🔥17😡1210👎1
(ပျောက်ဆုံးနေသော အမျိုးသမီးငယ်ရဲ့ ရုပ်ပုံ ။ ဓာတ်ပုံံ-လူမှုကွန်ရက်)
😢35👎2🔥1🙏1