“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(စက်တင်ဘာ ၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️လေးမျက်နှာမှာ နောက်ထပ်ရေကာတာ ၁ခု အိကျ
ငဝန်မြစ်ရေကာတာကျိုးကျလို့ လနဲချီပြီး ရေဘေးကြုံတွေ့နေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့မှာ နောက်ထပ်ရေကာတာ ၁ခု အိကျသွားလို့ သဲအိတ်တွေနဲ့ အရေးပေါ်ပိတ်ဆို့နေရပြီး ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ လေးမျက်နှာမြို့နယ် ထိန်ငူကျေးရွာအနီးရှိ ငဝန်ရေကာတာ မိုင် ၂၀အနီးမှာ ဒီနေ့ စက်တင်ဘာ ၃ရက် မနက်ပိုင်းက တာအိကျတာလို့ ဒေသခံတွေက ပြောပါတယ်။ ပထမတခါလိုပဲ၊ တာအခြေအနေမကောင်းတဲ့အကြောင်း ဌာနဆိုင်ရာတွေကို အကြောင်းကြားထားပေမယ့် လုံလောက်တဲ့ အကူအညီ ရောက်မလာဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်အိကျသွားတော့မှ သဲအိတ်တွေ အရေးပေါ်ကာနေကြတယ်လို့ သူက ရှင်းပြပါတယ်။ အိကျတဲ့တာနေရာကို ဟင်္သာတခရိုင်က မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဆည်မြောင်းဝန်ထမ်းတွေ သဲအိတ်ဖို့ခြင်း၊ ဝါးတုတ်ရိုက်ခြင်းလုပ်ငန်းတွေလုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်း၊ ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေကြီးနေပါတယ်။ ရေဘေးကြောင့် သေဆုံးသူဦးရေလည်း ၁၅ဦးထက်မနည်းရှိလာပြီဖြစ်ပါတယ်။
◾️ရေကြီးနေတဲ့ ရေကြည်မြို့မှာ မိချောင်းတွေ့လို့ ဖမ်းဆီးဖို့ ကြိုးပမ်းနေ
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးပြီး ရေကြီးနစ်မြုပ်မှုကြုံတွေ့နေတဲ့ ရေကြည်မြို့မှာ မိချောင်းတစ်ကောင် တွေ့ရှိတာကြောင့် ဒေသခံတွေဟာ ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ဖမ်းဆီးနိုင်ရေးကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ရေကြည်မြို့၊ သရက်ပင်လှရွာမှာ ဒီနေ့ စက်တင်ဘာ ၃ရက် ည၇နာရီခန့်က အရှည် ၁၀ ပေခန့်ရှိတဲ့ မ်ိချောင်းတစ်ကောင်ကို ဒေသခံတွေက တွေ့လိုက်တာကြောင့် နေအိမ်တွေမှာ မနေရဲတော့ပဲ နေရာရွှေ့ပြောင်းနေကြတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ရေဘေးကယ်ဆယ်ရေး အရပ်ဖက်အဖွဲ့ဝင်အချို့ကလည်း သရက်ပင်လှကျေးရွာမှာ မိကျောင်းတွေ့တယ်လို့ သတင်းရတဲ့အတွက် အဲဒီကျေးရွာကိုသွားရောက်နေကြတယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။
◾️ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ် ဗုံးကြဲ
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အာဏာသိမ်းစစ်တပ်ရဲ့ တခုတည်းသော ထိန်းချုပ်နယ်မြေ စစ်တွေနဲ့ ထိစပ်နေတဲ့ ပု ဏ္ဏားကျွန်းမြို့နယ်က နေရာအချို့ကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးပတ်ကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်၊ ပဒေသာကျေးစတဲ့ရွာတွေနဲ့ အနီးတဝိုက် နေရာတွေကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲနေတာလို့ သိရပါတယ်။ အခုဗုံးကြဲမှုကြောင့် အရပ်သားထိခိုက်၊ သေဆုံးမှုတွေ ရှိနိုင်ပြီး အခြေအနေမသိရသေးဘူးလို့ ပုဏ္ဏားကျွန်းမြို့နယ် လူငယ်တစ်ဦးက ပြောပါတယ်။ ပဒေသာဘက်မှာဆိုရင် လယ်လုပ်နေတဲ့သူတွေလည်း ရှိနေတာကြောင့် စိုးရိမ်ရတယ်လို့ သူက ဆက်ပြောပါတယ်။ အာရက္ခတပ်တော်(AA)ဟာ စစ်တွေမြို့နယ် ပတ်လည်မှာရှိတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး လက်ရှိမှာလည်း စစ်တွေမြို့နယ်အတွင်းက စစ်တပ်စခန်းတွေကို ဝန်းရံပိတ်ဆို့၊ တိုက်ခိုက်နေတာပါ။
◾️လေကြောင်း ရေကြောင်းရန် သတိပြုကြဖို့ AAအရေးပေါ် ထုတ်ပြန်
ရခိုင်ပြည်နယ် ဂွ၊ ကျိန္တလီနဲ့ ဂျိတ်တောမြို့အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြဖို့ AAက အရေးပေါ်သတိပေးချက်ထုတ်ပြန်ပါတယ်။ ဒီနေ့ စက်တင်ဘာ ၃ရက် မနက်ပိုင်းကစပြီး ပစ်ခတ်တိုက်ခိုက်နေတာလို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ စစ်တပ်က ဂွမြို့ကို တိုက်ခိုက်ဖို့အတွက် ရွှေသောင်ယံအပါအဝင် ဧရာဝတီတိုင်းကနယ်စပ်မြို့နယ်တွေကို အင်အားဖြည့်နေပါတယ်။ ပြီးခဲ့တဲ့သြဂုတ် ၂၇ရက်က ရွှေသောင်ယံမြို့ကို ဖြတ်သွားတဲ့ ရခိုင်-ဧရာဝတီကမ်းခြေပတ်လမ်းပေါ်ကနေ စစ်ကားအစီးရေ ၅၀ခန့်ဖြတ်သွားပြီး ရွှေသောင်ယံကမ်းခြေမှာလည်း စစ်သင်္ဘောဆယ်စီးကျော် တပ်စွဲခဲ့ပါတယ်။ အဲဒီသင်္ဘောတွေပေါ်ကနေ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေတာလို့ သိရပါတယ်။
◾️စစ်အာဏာသိမ်းမှုက ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် ဆိုးရွားစွာ သက်ရောက်

❤14👍4🤮2🖕2
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ဘက်ပေါင်းစုံ အကျပ်အတည်းတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိနေကြောင်း စိတ်ကျန်းမာရေးအထောက်အပံ့ပေးရေးအဖွဲ့ဖြစ်တဲ့ Narrative Powerက ဖော်ပြပါတယ်။ Narrative Powerဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအကျပ်အတည်းများနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် သက်ရောက်လာတဲ့ ထိခိုက်မှုတွေကို ကုစားလျှော့ချနိုင်ဖို့၊ ကူညီဖို့ စတင်တည်ထောင်ခဲ့တဲ့ စိတ်ကျန်းမာရေးအထောက်အပံ့ပေးရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ အဲဒီအဖွဲ့က ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်အထိ ၈ လအတွင်း မြန်မာနိုင်ငံအတွင်းနေထိုင်သူ ၈၁၄ ဦးရဲ့ စစ်တမ်းအချက်အလက်တွေကို အခြေခံပြီး နိုင်ငံရေးပဋိပက္ခ၊ စစ်အာဏာသိမ်းမှု၊ စစ်မှုထမ်းဥပဒေ၊ စီးပွားရေးအခက်အခဲ၊ ပညာရေးလက်လှမ်းမမီမှု၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်ခံရမှုနဲ့ သဘာဝဘေးအန္တရာယ်တို့က စိတ်ကျန်းမာရေးအပေါ် ဖြစ်ပေါ်စေတဲ့သက်ရောက်မှုတွေကို လေ့လာထားတာဖြစ်ပါတယ်။ လေ့လာချက်အရ နိုင်ငံရေးပဋိပက္ခနဲ့ စစ်အာဏာသိမ်းမှုဟာ ပျမ်းမျှ ရမှတ် ၄.၄၄မှတ်နဲ့ ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် အမြင့်ဆုံး သက်ရောက်မှုရှိတဲ့ဖိအားအဖြစ် ထွက်ပေါ်လာတယ်လို့ ဆိုပါတယ်။
◾️ဗန်းမော်ကို စစ်တပ်ရေယာဉ် ၆စီး ဝင်ရောက်
ကချင်ပြည်နယ် ဗန်းမော်မြို့ကို အာဏာသိမ်းစစ်တပ် ရေယာဉ် ၆စီး ဒီနေ့ စက်တင်ဘာ ၃ရက်မှာ ဝင်ရောက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၂ရက် မနေ့က ရွှေကူ-ဗန်းမော်ကြား ရေလမ်းကြောင်းမှာ စစ်သင်္ဘောတွေ အပါအဝင် ရေယာဉ်တွေကို KIAက တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျန်နေတဲ့အထဲက ရေယာဥ် ၆စီး ဗန်းမော်ကို ဝင်ရောက်နိုင်တာဖြစ်ပါတယ်။ စက်လှေအမြန်ယာဥ် ၆စီး ရောက်သွားတာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ စစ်သင်္ဘောတွေ အပါအဝင် ရေယာဉ် ၁၅စီးနဲ့ တက်လာခဲ့ပြီး လမ်းမှာ တိုက်ခိုက်ခံရမှုတွေကြောင့် ၆စီးသာ ဗန်းမော်ကို ဝင်ရောက်နိုင်တာဖြစ်ပါတယ်။ KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဩဂုတ် ၂၇ရက် ကသာ-ရွှေကူကြား စစ်သင်္ဘော ၁စီး၊ ဩဂုတ် ၂၉ရက် ရွှေကူ-ဗန်းမော်ကြား စစ်သင်္ဘောတစီး၊ စက်တင်ဘာ ၂ရက် ရွှေကူ-ဗန်းမော်ကြား စစ်သင်္ဘော ၃စီး ထိခိုက်ပျက်စီးနစ်မြုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
◾️ချင်းတွင်းမြစ်အတွင်းက မိချောင်းစစ်ဆင်ရေး စစ်သင်္ဘော ၁စီး နစ်မြုပ်၊ ၅စီး ပျက်စီးဟု မော်လိုက်ခရိုင်ရင်း(၃) ထုတ်ပြန်
ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ ‘မိချောင်းစစ်ဆင်ရေး’မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၊ မော်လိုက်ခရိုင်၊ အမှတ် (၃) တပ်ရင်း (ဖောင်းပြင်မြို့နယ်အခြေစိုက်) ကွပ်ကဲမှုနဲ့ ဇူလိုင်လအတွင်းက ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်ရေယာဉ်တန်းကို ရေကြောင်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ပါတယ်။ ချင်းတွင်းမြစ်အထက်ပိုင်း ပူးပေါင်းတပ်ဖွဲ့တွေက ရေကြောင်းစစ်ဆင်ရေးအနေနဲ့တိုက်ခိုက်ခဲ့မှုကြောင့် စစ်သင်္ဘော ၁စီး နစ်မြုပ်ခဲ့ပြီး ၅စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက အသိပေးပါတယ်။ စစ်တပ်က အရာရှိတွေ၊အခြားအဆင့်တွေနဲ့ အခြားဌာနဝန်ထမ်း၊ စစ်မှုထမ်းတပ်သားတွေ စုစုပေါင်း သေဆုံးထိခိုက်သူ ၂၃ ဦးကို အတည်ပြုနိုင်ခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ သေဆုံးနဲ့ထိခိုက်မှုအရေအတွက်ကို သီးခြားခွဲပြထားတာ မတွေ့ရပါဘူး။ ပစ်ခတ်ခံရပြီး နစ်မြုပ်ခဲ့တဲ့ ရေယာဉ်နဲ့ ပတ်သက်တဲ့အချက်အလက်တွေနဲ့ ရေအောက်နစ်မြုပ်သွားတဲ့ စစ်သားတွေရဲ့ ဖြစ်စဥ်တွေကို ဆက်လက်ထုတ်ပြန်မယ်လို့ မော်လိုက်ခရိုင် အမှတ် (၃) တပ်ရင်းက အသိပေးပါတယ်။
◾️မလှိုင်မြို့နယ်မှာ စစ်တပ်ရဲ့ အသေခံဒရုန်းကြောင့် အရပ်သားတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ

👍14🤮4❤3🖕3🔥1
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒရုန်းနဲ့ ကျေးရွာတွင်း ဗုံးကြဲခဲ့တာကြောင့် ဆည်ကွဲကျေးရွာက အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထမ္မကြီးရွာက ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူအပါအဝင် ပြည်သူ ၁၂ဦး သတ်ဖြတ်ခံရပြီးနောက် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ မနေ့က ယာကြီးကုန်းရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး ညပိုင်းမှာ ကာမီကာဇေအသေခံဒရုန်းတွေနဲ့ ဗုံးတွေ လိုက်ကြဲခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂ရက် မနေ့က ည၉နာရီမှာ အဲဒီစစ်ကြောင်းက ဆည်တိုအုပ်စု၊ ဆည်ကွဲကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဦးချစ်ကို သေဆုံးပြီး ဇနီးဖြစ်သူဒေါ်ဝိုင်း ထိမှန်ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။ စစ်တပ်ရဲ့ အဲဒီစစ်ကြောင်းဟာ ဒီနေ့ မနက်၄နာရီခွဲမှာ ဩဇာခြံကျေးရွာကို ဝင်ခဲ့ပြီး လက်ရှိ ဂွေးညိုဝင်းရွာကို ဝင်ရောက်သွားတယ်လို့ သိရပါတယ်။
◾️စစ်အုပ်စုသတ်ဖြတ်မှုများကြောင့် သြဂုတ်အတွင်း ကလေးငယ် ၂၅ ဦးအပါအဝင် ပြည်သူ ၂၀၀ ကျော် သေဆုံး
စစ်အုပ်စုရဲ့ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုများနဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဩဂုတ်အတွင်း ကလေးငယ် ၂၅ ဦးအပါအဝင် ပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ စက်တင်ဘာ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် တစ်လအတွင်း စစ်အုပ်စုဟာ နိုင်ငံဒေသ အသီးသီးက အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုပေါင်းများစွာကို စနစ်တကျ ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့ပြီး စုစုပေါင်း လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် (၅၂၈) မှု ကျူးလွန်ခဲ့တာကို မှတ်တမ်းကောက်ယူထားရှိနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးပါတယ်။ စစ်အုပ်စုဟာ တရားလက်လွတ်သတ်ဖြတ်မှု၊ အတင်းအဓမ္မဖမ်းဆီးမှုနဲ့ ကိုယ်ပိုင်ပစ္စည်းတွေ ဖျက်ဆိးခံရခြင်းတို့ အပါအဝင် ချိုးဖောက်မှုပေါင်းများစွာ ကျူးလွန်ခဲ့ပြီး မန္တလေးဒေသဟာ (၁၁၀) မှုနဲ့ အများဆုံး ချိုးဖောက်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်အုပ်စု ကျူးလွန်တဲ့ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်တွေဟာ ဒေသ (၄)ခုမှာ (၈) မှု ဖြစ်ပွားခဲ့ပြီး ပြည်သူ ၆၈ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၇ ဦး ပါဝင်ခဲ့ကြောင်း NUG ရဲ့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။
◾️မန္တလေးမှာ နေအိမ်တစ်လုံးကို ဝင်စီးပြီး တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၁၀ ဦးခန့်ကို စစ်တပ်ဖမ်းဆီး
မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်ထဲက နေအိမ်တစ်လုံးကို စက်တင်ဘာ ၂ရက်က အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းပြီး တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားတယ်လ်ို့ မြို့ခံတွေဆီက သိရပါတယ်။ ကျားဖြန့် ( အွန်လိိုင်းငွေလိမ်) လုပ်ငန်းလုပ်ကိုင်တယ်ဆိုပြီး မနေ့ မနက် ၁၀ နာရီခန့်က စစ်တပ် ၊ ရဲ နဲ့ ပြည်သူ့စစ်ခေါ် ပျုစောထီးတွေက အဲဒီနေအိမ်ကို ဝင်ဖမ်းသွားတာပါ။ ဖမ်းခံရသူ ၁၀ ဦးဝန်းကျင်မှာ တရုတ်နိုင်ငံသားအချို့ပါဝင်ပြီး မြန်မာနိုင်ငံသား အမျိုးသား၊အမျိုးသမီး လူငယ်ပိုင်းတွေ၊လူလတ်ပိုင်းတွေ လည်းပါကြတယ်လို့ သိရပါတယ်။ အဲဒီနေအိမ်မှာ ကျားဖြန့်လုပ်ကိုင်တယ်လို့ သတင်းတွေ ထွက်နေခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ ဖမ်းဆီးထားသူတွေကို ဘယ်ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာ မသိရသေးပါဘူး။
◾️ဇင်းဘုံနဲ့ စင်းခန်းတံတားမှာ မြေပြင်တိုက်ပွဲ ပြင်းထန်နေ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးဝန်းကျင်နဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား အနီးတွေမှာ ဒီနေ့ စက်တင်ဘာ ၃ရက် မနက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၂ရက်က ရွှေကူ-ဗန်းမော်မြို့နယ်အကြား ရေကြောင်း တိုက်ပွဲမှာ စစ်သင်္ဘောတွေ ထိခိုက်ဆုံးရှုံးမှုများပြားပြီး သေဆုံး၊ ဒဏ်ရာရနဲ့ လက်နက်ချသူများခဲ့တဲ့ စစ်တပ်ဟာ ဒီနေ့မှာ ဇင်းဘုံဘက်ကို မြေပြင်ထိုးစစ်ဆင်သလို စင်းခန်းတံတားနေရာကိုလည်း လက်ကျန်သင်္ဘောနဲ့ ကမ်းကပ်ပြီး ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။ တဖက်မှာလည်း ဗန်းမော်မြို့အနီး ရေနီဒေသမှာ ကမ်းကပ်ရပ်နားခဲ့တဲ့ လက်ကျန် စစ်သင်္ဘောတွေဟာလည်း ဗန်းမော်မြို့ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ပြောပါတယ်။ စစ်တပ်ဟာ စင်းခန်းတံတားကို သိမ်းပိုက်ထိန်းချုပ်လိုပြီး စစ်ရေးလှုပ်ရှားမှုတွေ အရင်ကတည်းက လုပ်ဆောင်နေတာဖြစ်ပါတယ်။
◾️စစ်သင်္ဘောတွေတိုက်ခိုက်ခံရမှု စစ်သားတွေ ရေစီးနဲ့ မျောပါနေ

👍18❤3🤮2🖕2
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။ စက်တင်ဘာ ၂ရက် ရွှေကူမြို့နယ်၊ ဇင်းဘုံရွာနဲ့ ဗန်းမော်မြို့ စင်းခန်းတံတားကြားမှာ KIA တိုက်ခိုက်လို့ စစ်သင်္ဘော ၃စီး နစ်မြုပ်ပျက်စီးခဲ့ပြီး ၂စီး အလံဖြူထောင်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ ထိခိုက်ပျက်စီး မီးလောင်တဲ့သင်္ဘောတွေက စစ်သားတွေဟာ ရေထဲခုန်ချခဲ့ကြပြီး အချို့တွေက ရေပုံးတွေ ပေပါတွေအသုံးပြု ရေစီးနဲ့မျောလာလို့ ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပြပါတယ်။ ဒီနေ့ ထွက်ပေါ်လာတဲ့ ရုပ်သံမှာ စစ်သားတွေ ရေစီးနဲ့ မျောလာတာ ကူးလာတာကို KIA ပူးပေါင်းတပ်က ကမ်းကိုကပ်ဖို့ အော်ပြောနေတာ ကြားရပါတယ်။ ရေစီးနဲ့အတူ မျောလာတဲ့ ပစ္စည်းအများအပြားကိုလည်း ရုပ်သံမှာ တွေ့ရပါတယ်။
◾️KIA က စစ်သင်္ဘော ၃စီးကို တိုက်ခိုက်သိမ်းပိုက်ပြီး ၂စီး အလံဖြူထောင်
ရွှေကူမြို့ကနေ ဗန်းမော်မြို့ကိုဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောအချို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၂ရက် မနေ့ ညပိုင်းမှာ သတင်းဖော်ပြပါတယ်။ စက်တင်ဘာ ၂ရက်က ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာ နဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား အကြားမှာ တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၁စီးရေထဲမြုပ်သွားပြီး ၁စီး မီးလောင်ပျက်စီးသွားတယ်လို့ ဖော်ပြပါတယ်။ နောက်ပြီး စင်းခန်းတံတားအောက်မှာ စစ်သင်္ဘော ၁စီးထပ်မံ တိုက်ခိုက်ခံရပြီး နောက်ထပ် သင်္ဘော ၂စီးကလည်း ကမ်းစပ်နားကပ်လာကာ အလံဖြူထောင် အဖမ်းခံလိုက်ရကြောင်း ဖော်ပြခဲ့တာပါ။ ဒ့ါအပြင် လုံခြုံရေးယူပေးတဲ့ စစ်တပ်ရဲ့ စပိဘုတ် ၂ စီးကိုလည်း KIA ပူးပေါင်းတပ်များက စင်းခန်းတံတားအထက် မြလယ်နားမှာ လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်သင်္ဘောမှာ လိုက်ပါလာတဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ကိုလည်း KIA ပူးပေါင်းတပ်များက ဖမ်းဆီးရမိထားတယ်လို့ အတည်ပြုပါတယ်။
◾️ရန်ကုန်မှာ အမျိုးသား ၁ဦး ကား ၁စီးနဲ့ အတူ ထပ်ပျောက်ပြန်
ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့ ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်မှာ အမျိုးသား ၁ဦး ကား ၁စီးနဲ့အတူ ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ မကွေးကျောင်းဆရာတော်လို့ လူသိများတဲ့ မဘသခေါင်းဆောင် ဦးပါမောက္ခရဲ့ Tiktok အကောင့်မှာ မြောက်ဥက္ကလာပမြို့နယ်မှာ ကား ၁စီးနဲ့ အမျိုးသား ၁ဦး ပျောက်ဆုံးသွားတဲ့အကြောင်း မိသားစုဝင်တွေက လာရောက်အကူအညီတောင်းခဲ့တဲ့ရုပ်သံကို တင်ခဲ့ပါတယ်။ စက်တင်ဘာ ၁ ရက် ည ၉ နာရီဝန်းကျင်က မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီရပ်ကွက်နားမှာ အသက် ၃၇ နှစ်အရွယ် ကိုအောင်စိုးမင်းဆိုသူဟာ ကားနံပါတ် BGO 34Q 5624 Hi Jet အဖြူရောင်ကားနဲ့ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်ကြောင်း မိသားစုဝင်တွေက ဆရာတော်ကို လျှောက်ခဲ့ပါတယ်။

👍18🤮2🖕2❤1😁1
နေပြည်တော်ကငလျင်ဘေးသင့်ယာယီတည်း
ခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့
စက်တင်ဘာ-၃၊၂၀၂၆။သတိုး/People's Spring
နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီနေ့(စက်တင်ဘာ၃) ညနေ ၄နာရီခွဲလောက်မှာ ဇမ္ဗူသီရိမြို့နယ်၊ဗလသိဒ္ဓိဘောလုံးကွင်းအတွင်းမှာ ဖွင့်ထားတဲ့ငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တော
ကြီးမြွေဟောက်တွေ့တာကြောင့်သွားရောက်ကူညီခဲ့တာကို မီးသတ်တပ်ဖွဲ့က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားတာပါ။
ဒီဖြစ်စဉ်ကို ဗလသိဒ္ဓိနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဗဟိုမီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးပေးခဲ့တာလို့ဆိုပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်ကျော် ၂၀၂၅ မတ်လက စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးမှာ နေပြည်တော်ကပျက်စီးဆုံးရှူံးမှုတွေကြီးကြီးမားမားကြုံခဲ့ရတာပါ။ဒါပေမယ့် စစ်တပ်ရုံးစိုက်တဲ့မြို့ဖြစ်တာနဲ့အညီ သတင်းထိန်းချုပ်ထားတာတွေကြောင့် သေ
ဆုံးထိခိုက်ပျက်စီးမှုအခြေအနေမှန်တွေကို အတိအကျမသိခဲ့ရပါဘူး။
အဲဒီ့အချိန်ကတည်းက ငလျင်ဘေးသင့် ပြည်သူတွေအတွက် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပေးခဲ့ရတာဖြစ်ပြီး ငလျင်အတွက် ပြည်ပက အလှူငွေတွေရခဲ့ပေမယ့် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ပြည်သူတွေကယာယီကယ်ဆယ်ရေးစခန်းနေရာမှာ လက်ရှိအချိန်အထိ နေထိုင်နေရတာဖြစ်တယ်လို့ဒေသခံအချို့ကပြောပါတယ်။

👏27❤6🔥3👎1🤣1
စလော့ဂိမ်းရှုံးရာမှ လူငယ်တစ်ဦး
လူသတ်မှုကျူးလွန်
စက်တင်ဘာ-၃၊၂၀၂၆။တာရာ/People's Spring
စလော့ဂိမ်းကစားပြီးငွေလိုနေတဲ့လူငယ်တစ်ဦးက သူငယ်ချင်းရဲ့မိခင်ဖြစ်သူကို သတ်
ဖြတ်ပြီး ရွှေငွေနဲ့အဖိုးတန် ပစ္စည်းတွေကိုခိုးယူမှု ရန်ကုန်မြို့မှာဖြစ်ပွားခဲ့ပါတယ် ။
ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက ဒေါ်သန်းသန်းနုက ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်
ကွက်၊မင်္ဂလာသိဒ္ဓိလမ်း နဲ့ ဓမ္မပါလလမ်း
ထောင့်ရှိ တိုက်အမှတ် (၄၅)၊ ပထမထပ်နေတဲ့ သူငယ်ချင်းဖြစ်သူ အသက် ၅၄ နှစ်အရွယ် ဒေါ်ခင်မိုးကြည်နေအိမ်သို့သွားရောက်ခဲ့ပါတယ်။ဒေါ်ခင်မိုးကြည်ကို ခေါ်ရာ ခေါ်မရသဖြင့် အိမ်နီးချင်းတွေနဲ့အတူ အခန်းရဲ့ သံပန်းတံခါးအားဖျက်ပြီး ဝင်ရောက်ကြည့်ရှုခဲ့ရာ အခန်းဝမှာပဲ သွေးအိုင်ထဲမှောက်ခုံအနေအ
ထားနဲ့ စောင်ခြုံလျက်ဒဏ်ရာ တွေနဲ့ သေဆုံးနေတဲ့ ဒေါ်ခင်မိုးကြည်အလောင်းကိုတွေ့ရတာလို့သိရပါတယ် ။
ဒေါ်ခင်မိုးကြည်ကို သတ်သူဟာ တောင်ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက်နေ အသက် ၂၀ နှစ်အရွယ် ဉာဏ်စိုး ဖြစ်ပြီး ပြင်ဦးလွင်မြို့
နယ်၊(၆)ရပ်ကွက်ရှိ The Waiting Lodge
ဟိုတယ်မှာ စက်တင်ဘာ ၁ ရက်ကဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ စစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ် ။
ဥာဏ်စိုးဟာ ဒေါ်ခင်မိုးကြည်ရဲ့သားဖြစ်သူနဲ့သူငယ်ချင်းဖြစ်ပြီးသားဖြစ်သူရှိစဥ်ကအိမ်ကိုလာဖူးသူဖြစ်တယ်လို့ဆိုပါတယ် ။ ဒေါ်ခင်မိုးကြည်ခင်ပွန်းဖြစ်သူဟာ ကွယ်လွန်သွားပြီး
သားဖြစ်သူဟာမလေးရှားနိုင်ငံကိုသွားရောက်
အလုပ်လုပ်နေတာကြောင့်တစ်ယောက်တည်း
ရှိနေစဥ် အသတ်ခံခဲ့ရတာပါ ။ဒေါ်ခင်မိုးကြည်ဟာ ရခိုင်တိုင်းရင်းသူဖြစ်ပါတယ်။
သူ့ကိုစစ်ဆေးမေးမြန်းရာအွန်လိုင်းစလော့
ဂိမ်းရှုံး၍ ငွေလိုနေတာကြောင့် သူငယ်ချင်း
မိခင်ထံမှလုယက်ရန်ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက အခင်းဖြစ်နေအိမ်သို့ သွားခဲ့ကြောင်း၊ နေအိမ်သို့ရောက်ရှိပြီး ဒေါ်ခင်မိုးကြည်မှ တံခါးဖွင့်ပေးစဉ် အသင့်ယူလာတဲ့ ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ထွက်ဆိုတယ်လို့ဆိုပါတယ် ။အဲဒီနောက်အခန်းအတွင်းရှိ စားပွဲပေါ်မှ သော့နဲ့ဗီရိုအားဖွင့်ကာ အတွင်းမှ ရွှေထည်ပစ္စည်းတွေကို လုယက်ယူဆောင်သွားခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။
"အဲဒီစလော့ဂိမ်းက လူငယ်တွေတင်မကဘူး မိသားစုပေါင်းများစွာရဲ့ဘဝတွေကိုပါ ဖျက်
ဆီးနေတာ။အယောက် ၁၀၀ မှာ ၉၉ ယောက်လောက်ကစလော့ဂိမ်းကိုဆော့နေတာ။ တချို့ဆိုကုန်းကောက်စရာမရှိလောက်အောင်ကို မွဲသွားကြတယ်။ သတ်သေသွားတဲ့သူတွေတောင်ရှိတယ်။ ဒီဟာကို ထိန်းချုပ်ဖို့လိုနေပြီ။ မဟုတ်ရင်အကုန်ဘဝတွေပျက်တော့မှာ"လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်း-ကျားဖြန့်ဖြစ်တဲ့ ဆလော့ဂိမ်းကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကစားသူများလာတာဖြစ်သလို
စစ်အုပ်စုကလည်းကျားဖြန့်တွေကိုအယောင်ပြသာနှမ်နင်းဟန်ပြုပြီး စစ်အုပ်စုကိုယ်တိုင်ပါဝင်ပတ်သက်နေတာကြောင့်ကျားဖြန့်လုပ်ငန်းတွေပိုမိုကြီးထွား ပျံ့နှံ့လာနေတယ်လို့ ကျားဖြန့်လုပ်ငန်းတွေမှာလုပ်ဖူးသူအချို့ကပြောပါတယ် ။

👎18❤12🤬3😢3🤮3🥰1🤣1
အာဏာသိမ်းခေါင်းဆောင်ကိုဖိတ်ကြားတဲ့ ဗီယက်နမ်အစိုးရရဲ့ လုပ်ရပ်ကို JFM ရှုတ်ချ
■စစ်အုပ်စုကို ကူညီနေတဲ့ ကုမ္ပဏီနဲ့ ပုဂ္ဂိုလ်တွေဟာ စစ်ရာဇဝတ်မှုအားပေးသူတွေဖြစ်တာကြောင့်အရေးယူပေးဖို့တိုက်တွန်း
စက်တင်ဘာ-၃၊၂၀၂၆။တေဇ/People's Spring
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်ဖိတ်ကြားခဲ့တဲ့ ဗီယက်နမ်အစိုးရရဲ့လုပ်ရပ်ကို ရှုတ်ချကြောင်း Justice For Myanmar-JFM ကထုတ်ပြန်ပါတယ်။
“တရားမဝင် စစ်အုပ်စုကို မှားယွင်းတဲ့ တရား
ဝင်မှုပေးအပ်ဖို့ဗီယက်နမ်နိုင်ငံရဲ့ဆုံးဖြတ်
ချက်နဲ့ စီးပွားရေးပတ်သက်မှုတွေကတဆင့် စစ်အုပ်စုနဲ့ ကြံရာပါပတ်သက်နေမှုကို ပိုမိုနက်နက်ရှိုင်းလာအောင် လုပ်ဆောင်နေမှုတွေအပေါ် Justice For Myanmar က ရှုတ်ချပါတယ်။" လို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောပါတယ်။
ဗီယက်နမ်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်ကို စစ်ရေးသုံးပစ္စည်းကိရိယာတွေ၊နည်းပညာနဲ့ ဘဏ္ဍာငွေတွေ လွှဲပြောင်းပေးနေမှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့နဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေမှုတွေကို အဆုံးသတ်ဖို့ JFM က တိုက်တွန်းထားပါတယ်။
ဒီခရီးစဉ်ကစက်တင်ဘာ ၄ ကနေ ၆ ရက်အ
ထိ စီစဉ်ထားတာဖြစ်ပြီး မင်းအောင်လှိုင်က မြန်မာ-ဗီယက်နမ် စီးပွားရေး ဖိုရမ်ကိုတတ်ရောက်မယ်လို့ဆိုပါတယ်။ ဒီဖိုရမ်က ဗီယက်
နမ်စီးပွားရေးလုပ်ငန်းတွေနဲ့ စစ်အုပ်စု ကြားက ပတ်သတ်မှုကို ပိုမိုနက်ရှိုင်းစေဖို့လို့ ဆိုပါတယ်။
ခရီးစဉ်မှာဆက်သွယ်ရေးလုပ်ငန်း၊လေယာဉ်
ဆီ၊ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ထောက်ပံ့တာနဲ့ စစ်ရေးလေ့ကျင့်မှု တွေအပါအဝင် ဗီ
ယက်နမ်နဲ့ မြန်မာစစ်တပ်ကြားက ကာလရှည်တည်ရှိလာတဲ့ စီးပွားရေးနဲ့ ကာကွယ်ရေးဆိုင်
ရာ ဆက်ဆံရေးတွေကို ဆက်လက်ခိုင်မာစေဖို့ဖြစ်နိုင်တယ်လို့ JFM က သုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဗီယက်နမ်ရဲ့ အကြီးဆုံးရင်း
နှီးမြှုပ်နှံမှုကစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Mytel မှာဖြစ်ပါတယ်။ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment နဲ့ မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာခရိုနီတွေကြားက ဖက်စပ်စီမံကိန်းဖြစ်ပါတယ်။
"Mytel မှတစ်ဆင့် ဗီယက်နမ်က ပေးအပ်နေတဲ့ ဝင်ငွေတွေ၊ နည်းပညာနဲ့ စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ အထောက်အပံ့တွေက မြန်မာစစ်တပ် လက်ရှိကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူး
လွန်တဲ့ ရာဇဝတ်မှုတွေကို ကူညီပေးနေတာ ဖြစ်ပါတယ်။"လို့မရတနာမောင်ကပြောပါတယ်။
ဒါ့အပြင် အရပ်သားပြည်သူတွေကို သတ်
ဖြတ်တာတွေ၊ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပမ်းတာတွေ ၊လူအစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ နဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကတစ်ဆင့် ဒေသတွင်းမတည်ငြိမ်မှုကို ဖြစ်ပေါ်စေတဲ့ စစ်အုပ်စုကို ဗီယက်နမ်အနေနဲ့ ထောက်
ပံ့နေတာတွေကို ရပ်တန့်ဖို့ မရတနာမောင်က တိုက်တွန်းထားပါတယ်။
"ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့အနေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ဆက်လက်လုပ်ဆောင်နိုင်အောင် ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ် ကွန်ရက်တစ်ခုလုံးအပေါ် ဒဏ်ခတ်ပိတ် ဆို့မှုတွေ ချမှတ်ခြင်းဖြင့် အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇ
ဝတ်မှုတွေမှာဗီယက်နမ်ရဲ့ကြံရာပါနေမှုအ
ပေါ် တုန့်ပြန်အရေးယူဆောင်ရွက်ရပါမယ်" လို့မရတနာမောင်က နိုင်ငံတကာအစိုးရတွေကို တောင်းဆိုထားပါတယ်။
ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ စစ်တပ်အတွက် ဗီယက်
နမ် နိုင်ငံ အခြေစိုက်ကုမ္ပဏီတွေက လေယာဉ်ဆီတွေရောင်းချပေးနေတာကြောင့်အဲဒီ့ကုမ္ပ
ဏီတွေနဲ့ သက်ဆိုင်သူတွေကိုလည်း အရေးယူမှူတွေလုပ်ဆောင်ဖို့ JFM ကတောင်းဆိုထားပါတာ်။
Telecom International Myanmar၊ Viettel Global Investment၊ Hai Linh၊ Allsea Management၊ Legendsea၊ OSB Investment and Technology တို့နဲ့အဆိုပါကုမ္ပဏီတွေရဲ့အဓိကတာဝန်ရှိသူတွေအပါ
အဝင် စစ်အုပ်စုကို ဘဏ္ဍာငွေ၊ စစ်ရေးသုံးပစ္စည်းကိရိယာများနဲ့လေယာဉ်ဆီတွေထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်တဲ့ကွန်ရက်တစ်ခုလုံးအပေါ် ဒဏ်
ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် Justice For Myanmar က ဆက်လက်တောင်းဆိုထားပါတယ်။

👍39❤5🤣3🤬1