People's Spring
60.1K subscribers
70.7K photos
1.21K videos
9 files
3.03K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဒီလို ဘဝကို ကံတရားဆီ ပုံချလိုက်တဲ့ စိတ်
ဓာတ်ဟာလူတစ်ယောက်ချင်းစီကိုတင် မ
ဟုတ်ဘဲ အဖွဲ့အစည်းတွေကိုပါ ထိခိုက်စေပါတယ်။ တရုတ်နိုင်ငံ ရှန်ကျန်းမြို့ ကစက်ရုံတွေကို လေ့လာကြည့်တဲ့အခါ ကိုယ့်အား
ကိုယ်ကိုးစိတ် ရှိတဲ့ ဝန်ထမ်းတွေဟာ AI နည်းပညာကို သင်ယူရမယ့် စွမ်းရည်တစ်ခုလို မြင်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို ဝေမျှဖို့ ဝံ့ရဲကြပါတယ်။ ဒါပေမဲ့ ကံတရားပုံချတဲ့သူတွေကတော့ AI ကို သူတို့အလုပ်ကို လာလုမယ့် ခြိမ်းခြောက်မှု လို့ မြင်ပြီး သတင်းအချက်
အလက်တွေကို လျှို့ဝှက်ထားတတ်ကြပါတယ်။

ဒါဆို မန်နေဂျာတွေ ဘာလုပ်သင့်သလဲ။

အလုပ်ခန့်ကတည်းကဒီစိတ်ဓာတ်ရှိ၊မရှိ စစ်
ဆေးလို့ ရပါတယ်။ AI သုတေသနပညာရှင် အန်ဒရေးကာပသီ (Andrej Karpathy) က "ရဲရင့်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းဟာ ဉာဏ်ရည်ထက်တောင် ပိုမိုအားကောင်းပြီး ရှားပါးသလို ပိုလည်း တန်ဖိုးလည်းရှိပါတယ်" လို့ ပြောဖူးပါတယ်။အဖွဲ့အစည်းတွေအနေနဲ့ လက်တွေ့အကောင်အထည် ဖော်နိုင်သူတွေကို ထိုက်ထိုက်တန်တန် ဆုချသင့်သလို၊ ဝန်
ထမ်းတွေကိုလည်း ကိုယ်တိုင် စဉ်းစားဆုံး
ဖြတ်ပြီး တာဝန်ယူလုပ်ဆောင်ရဲတဲ့ ယဉ်ကျေး
မှုကို ဖန်တီးပေးသင့်ပါတယ်။

ဒါပေမယ့် "ခွင့်ပြုချက်တောင်းမနေနဲ့၊ လွဲသွားမှ တောင်းပန်လိုက်"ဆိုတဲ့စိတ်ဓာတ်လို စည်း
ကမ်းနဲ့ တာဝန်ယူမှုမပါတဲ့ ရဲရင့်မှုမျိုးသက်
သက် ဆိုရင်တော့ မကောင်းတဲ့ ရလဒ်တွေ ထွက်လာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအယူအဆရဲ့နောက်ကွယ်က"ကိုယ့်ကံကြမ္မာကို ကိုယ်
တိုင် ဖန်တီးပါ" ဆိုတဲ့ ယုံကြည်ချက် ကတော့ လူတစ်ယောက်ရဲ့ဘဝကိုတိုးတက်ပြောင်းလဲ
စေနိုင်တဲ့ မှန်ကန်တဲ့ စိတ်ဓာတ်တစ်ခုပဲ ဖြစ်ပါတယ်။

"တကယ်တော့ လူတစ်ယောက်ရဲ့ အဖိုးတန်ဆုံး အရည်အသွေးဟာ အခြေအနေတွေက သတ်မှတ်ပေးတဲ့ဘဝကို ကံကြမ္မာအဖြစ်သာ လက်ခံမနေဘဲ၊ ကြုံတွေ့ရတဲ့ အခက်အခဲတွေကြားကနေ မိမိဘဝရဲ့ လမ်းကြောင်းကို ကိုယ်
တိုင်ရွေးချယ် ကြိုးပမ်းမှုများဖြင့် ပုံဖော်နိုင်ခြင်း"ပဲ ဖြစ်ပါတယ်။

ကိုးကား - The Economist
👍16🥰32🤮1🖕1
🥰10👍4🤮1🖕1
အမြန်လမ်းဘေး TikTok ရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရ

စက်တင်ဘာ-၃၊ ၂၀၂၆။ မိထက်/People's Spring

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

အဲ့ဒီအမျိုးသမီးဟာ သူ့ကလေးငယ်ကို ကျောင်းပို့ပြီးအပြန်မှာ ဖုန်းနဲ့ TikTokရိုက်နေစဉ် ကားတိုက်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ရန်ကုန်ဘက်ကနေ အလာမှာ ဖြစ်တာ။ သူက လမ်းမပေါ်တက်ပြီး တစ်တော့ဆော့‌နေတာလို့ အတိုက်ခံရတာ မြင်တဲ့သူတွေကပြောကြတယ်" လို့ ကားလမ်းအနီးမှာ ရှိနေသူတစ်ဦးက ပြောပါတယ်။

ကားတိုက်ခံရတဲ့ အမျိုးသမီးကို ဆေးရုံတင်ထားရတယ်လို့ သိရပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးပါဘူး။

ရန်ကုန်- နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးဝန်းကျင်ဟာ ယာဉ်တိုက်မှု မကြာခဏဖြစ်ပွားတဲ့နေရာလို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁ရက် မနက်ကလည်း အဲဒီနေရာအနီးမှာ လမ်းဖြတ်ကူးတဲ့အမျိုးသမီးကို ခရီးသည်တင်ကားတစ်စီးက တိုက်မိလို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

TikTokလူမှုကွန်ရက်သုံးစွဲမှုဟာ မြန်မာလူငယ်ထုကြားမှာ ပျံ့နှံ့နေပြီး အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ တစ်တော့ကစားကြလို့ မတော်တဆထိခိုက်မှုတွေဖြစ်တဲ့အပြင် နည်းပညာပိုင်းဆိုင်ရာလုံခြုံရေးအတွက်လည်း သတိပေးမှုတွေ ရှိနေပါတယ်။
👍196😱6🔥2🤣2
(ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းတနေရာ။ ဓာတ်ပုံ - စကစ)
👍21🔥2🤣1
စစ်တွေတိုက်ခိုက်ခံနေရချိန် ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ် ဗုံးကြဲ

စက်တင်ဘာ-၃၊၂၀၂၆။ခိုင်မြတ်/People's Spring

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိအာဏာသိမ်းစစ်တပ်ရဲ့ တခုတည်းသော ထိန်းချုပ်နယ်မြေ စစ်တွေနဲ့ ထိစပ်နေတဲ့ ပု ဏ္ဏားကျွန်းမြို့နယ်ကနေရာအချို့ကိုဒီနေ့ နေ့လယ်ပိုင်းမှာ စစ်
တပ်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးပတ်ကြဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ကွမ်းတောင်၊ ပဒေသာကျေးစတဲ့ရွာတွေနဲ့ အနီးတဝိုက် နေရာတွေကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲနေတာလို့သိရပါတယ်။

“ခြောက်ချက်လောက်ရှိပြီ ကြားရတာ။ အသံတော်တော်ကျယ်တယ်။ကြောက်စရာကြီး။ တနာရီခွဲလောက်ကနေ စကြားရတာ။ခုနကလည်း တလုံးကြားလိုက်သေးတယ်။ကွမ်းတောင်ဘက်တွေဖြစ်မယ်။ အဲဒီဘက်ကကြားတယ်” လို့ ကုလားတန်မြစ်အရှေ့ဘက်ကမ်း ပေါက်တောမြို့နယ်မှာနေထိုင်တဲ့အမျိုးသမီး
တဦးက စက်တင်ဘာလ ၃ ရက်မွန်းလွဲ၂ နာရီ
ဝန်းကျင်မှာပြောပါတယ်။

အခုဗုံးကြဲ မှုကြောင့် အရပ်သားထိခိုက်၊ သေ
ဆုံးမှုတွေရှိနိုင်ပြီး အခြေအနေမသိရသေးဘူးလို့ ပုဏ္ဏားကျွန်းမြို့နယ်မှ လူငယ်တ ဦးက ပြောပါတယ်။ “ပဒေသာဘက်မှာဆိုရင် လူတွေ ရှိသေးတယ်။ လယ်လုပ်နေတဲ့သူတွေလည်း ရှိတယ်။ စိုးရိမ်ရပါတယ်” လို့ သူက
​ပြောပါတယ်။

လက်ရှိမှာအာရက္ခတပ်တော်(AA)ဟာစစ်တွေမြို့နယ်ပတ်လည်မှာရှိတဲ့ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော မြို့နယ်တို့ကို သိမ်းပိုက်ထားပြီးစစ်တွေမြို့နယ်အတွင်းက စစ်တပ်စခန်းတွေကို ဝန်းရံပိတ်ဆို့၊ တိုက်ခိုက်နေတာပါ။

ဒါ့အပြင်ဒီနေ့ နံနက် ၁၁ နာရီလောက်မှာလည်း ရခိုင်ပြည်နယ်တောင်ပိုင်း ကမ်းခြေမြို့တွေဖြစ်တဲ့ ဂွ၊ ကျိန္တလီနဲ့ ဂျိ တ္တော အနီးဝန်းကျင်တို့ကို ပင်လယ်ပြင်မှာ ရပ်နားတပ်စွဲထားတဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ သတိထားနေထိုင်ကြဖို့ AA က အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားပါတယ်။

နိုင်ငံအဝှမ်းစစ်အရေးအရအထိနာနေတဲ့စစ်
တပ်ဟာရခိုင်ပြည်နယ်အတွင်းကသူတို့လက်
လွှတ်ထားရတဲ့နယ်မြေ တွေကို တန်ပြန်ထိုး
စစ်ဆင်နိုင်ဖို့ ရခိုင်နဲ့အစပ်မကွေး၊ ပဲခူး၊ ဧရာ၀
တီတိုင်းတို့ကနေ အင်အားအလုံးအရင်းနဲ့ စစ် ကြောင်းထိုးလာမှာပြီးလေကြောင်းကနေလည်းဗုံးကြဲတာတွေဆက်တိုက်လုပ်နေတာပါ။
🤬327👏3🎉1
၂၀၂၆ ၊ဖေဖော်ဝါရီ ၂၄ ရက်နေ့ကပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာကို စစ်တပ်ကဗုံးကြဲ
ခဲ့စဥ်။ ။ဓါတ်ပုံ - Wai Hun Aung
😡22👎11😢6👏43🤬2🎉1
စိုင်းစိုင်းခမ်းလှိုင် မန္တလေးရှိုးပွဲ မြို့အစွန်ရွှေ့လိုက်လို့ မသွားရဲတဲ့ပရိသတ်အချို့ လက်မှတ်တွေစျေးလျှော့ပြန်ရောင်း

စက်တင်ဘာ ၃၊ ၂၀၂၆။ မေရီ/People's Spring

ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးရွားနေတဲ့ မန္တလေးမြို့မှာ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ ပြုလုပ်ဖို့ စီစဥ်နေပြီး ရှိုးပွဲကို မြို့အစွန်ရွှေ့လိုက်တာကြောင့် လက်မှတ်ဝယ်ထားတဲ့ ပရိသတ်အချို့မသွားရဲတော့ဘဲ လက်မှတ်တွေစျေးလျှော့ပြီး ပြန်ရောင်းနေရကြောင်း မြို့ခံအချို့က ပြောပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ဘက်က ရပ်တည်ခြင်းမရှိဘဲ အနုပညာလှုပ်ရှားမှုတွေ ဆက်လုပ်နေလို့ Boycott လုပ်ဖို့ တိုက်တွန်းခံရတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ မန္တလေးရှိုးပွဲကို စက်တင်ဘာ ၆ ရက်မှာ မန္တ​လေးမြို့၊ ချမ်းမြသာစည်မြို့နယ်က မန္တလာသီရိ အားကစားကွင်းမှာ ပြုလုပ်ဖို့ စီစဥ်ထားခဲ့တယ်လို့ သိရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲကြည့်ပြီး တည်းခိုဖို့အတွက် မန္တလာသီရိ အားကစားကွင်းအနီးက ဟိုတယ်တွေပါ Booking တွေ ပြည့်ခဲ့တယ်လို့ ပရိသတ်အချို့က ပြောပါတယ်။

ဒါပေမယ့် ပွဲရောက်ဖို့ တစ်ပတ်ခန့် အလိုမှာတော့ ကျင်းပတဲ့နေရာကို ပြောင်းရွှေ့လိုက်ရကြောင်း စိုင်းစိုင်းခမ်းလှိုင်က အသိပေးခဲ့ပါတယ်။

ထပ်မံ​ပြောင်းရွေ့လိုက်တဲ့နေရာဟာ ချမ်းအေးသာစံမြို့နယ်၊ ၂၈ လမ်းနဲ့ ၂၉ လမ်းကြား၊ ၅၃ လမ်းမှာရှိတဲ့ The First Mandalay Event Park ဖြစ်ပါတယ်။ ကျင်းပမယ့်နေရာဟာ မြို့အစွန်ကျပြီး ၎င်းနေရာတဝိုက်ဟာ နေ့ခင်းမှာတင် မကြာခဏ လုယက်မှုတွေ ဖြစ်ပွားလေ့ရှိတာကြောင့် သွားဖို့စီစဥ်ထားသူအချို့ မသွားရဲတော့လို့ ကျပ်ငါးသောင်းတန်လက်မှတ်တွေကို လေးသောင်းခွဲကျပ်နဲ့ စျေးလျှော့ကာ ပြန်ရောင်းနေရကြောင်း မန္တလေးမြို့ခံအချို့က ပြောပါတယ်။

"အဲဘက်တွေက နေ့ခင်းဘက်တောင် လုယက်နေတဲ့နေရာတွေ။ ညဆို ပိုတောင်မသွားသင့်တဲ့နေရာမျ်ိုးတွေ။ ပွဲပြီး ပြန်လာမယ့်သူတွေ အရမ်း အန္တရာယ်များတယ် "လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ လက်မှတ်ဝယ်ယူထားပြီး နေရာပြောင်းရွှေ့လိုက်ရလို့ မလာနိုင်တဲ့သူတွေကို ဒီကနေ့ စက်တင်ဘာ ၃ ရက် နောက်ဆုံးထားပြီး ပွဲစီစဥ်တဲ့ကုမ္ပဏီကို ဆက်သွယ်ကာ ငွေပြန်ထုတ်နိုင်တယ်လို့ ထပ်မံ အသိပေးပါတယ်။

ဒါပေမယ့် ပွဲစီစဥ်တဲ့ လုပ်ငန်းဟာ အကြောင်းပြန်တာ နှောင့်နှေးနေတာကြောင့် မသွားဖြစ်တဲ့သူအချို့ဟာ လက်မှတ်တွေကို ကိုယ့်အစီအစဥ်နဲ့ကို ပြန်လည်ရောင်းချနေရကြောင်း ပရိသတ်အချို့က ပြောပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ သွားကြည့်မယ်လို့ ဆိုတဲ့ ပရိသတ်တွေလည်း အများအပြား ရှိနေပြီး ကျင်းပမယ့်နေရာတဝိုက်က ဟိုတယ်တွေ ပြည့်နေတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ယခုလက်ရှိ စစ်မှုထမ်းပေါ်တာဆွဲတာတွေ နေ့ရောညပါ ပြုလုပ်နေပြီး အသွားအလာဆင်ခြင်နေရကြောင်း မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် ညဘက်မှာ ပျူစောထီးတွေ လက်နက်ကိုင်ဆောင်သောင်းကျန်းပြီး လုယက်တာတွေပါ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
👍15😁158🤣2🖕2👎1🔥1
(ရှိူးပွဲကျင်းပမည့် The First Mandalay Event Park က စတိတ်စင်အား တွေ့ရစဥ်။ ဓာတ်ပုံံ-ဒေသခံ)
🖕355🤮3👎1🔥1😁1🎉1
ရခိုင်ပြည်နယ် အ​ခြေခံကုန်​ဈေးနှုန်းများ

-People's Spring

ရခိုင်ပြည်နယ်အတွင်း အ​ခြေခံကုန်စည်​တွေနဲ့ အ​ရေးကြီးကုန်စည်​တွေရဲ့ စစ်တပ်အာဏာမသိမ်းခင် ​ဈေးနှုန်း နဲ့ စစ်တပ်အာဏာသိမ်းပြီး​​နောက် ဒီ​နေ့ဈေးနှုန်း​တွေကို ​ဖော်ပြ​​ပေးထားပါတယ်။ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတာမှာ အာရက္ခတပ်​တော် (AA)က ၁၄ မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ဒါ​ကြောင့် စစ်တပ်ထိန်းချုပ်နိုင်တာ စစ်​တွေ ၊​ကျောက်ဖြူ ၊
မာန်​အောင်သုံးမြို့နယ်ပဲကျန်ပါတယ် ။ AA ထိန်းချုပ်​ဒေသ​တွေနဲ့ စစ်တပ် ထိန်းချုပ်​ဒေ
သ​တွေရဲ့ ​ဈေးနှုန်း​တွေကိုလည်း နှိုင်းယှဥ်​ဖော်ပြထားပြီး AA ထိန်းချုပ်​ဒေသ​တွေက ကုန်စည်အများစုမှာ ​ဈေးပိုသင်သာတာကို​တွေ့ရပါတယ် ။

#လူထု​​နွေဦး #People'sspring
#ရခိုင်ပြည်နယ် #ကုန်​ဈေးနှုန်း #AA
👍256🖕2🔥1👏1
■အ​တွေးအမြင်


ဝမ်းနည်းစရာ ကင်ဆာသတင်းကောင်း

-ငြိမ်း ရေးသားသည်။

ကင်ဆာနဲ့ပတ်သက်ရင်ကျွန်တော်တို့ဆီ ရောက်လာတတ်တာက သတင်းဆိုးချည်းဖြစ်ပါတယ်။ ဘယ်သူကတော့ ဘယ်ကင်ဆာအမျိုးအစားနဲ့ ဘာဖြစ်နေပြီဆိုတာမျိုးပေါ့။ အဲဒီထက်ဆိုးတဲ့သတင်းဆိုရင်တော့ လပိုင်းပဲခံတော့မယ်၊ ရက်ပိုင်းပဲခံတော့မယ်၊ သေသွားပြီဆိုတဲ့သတင်းမျိုးကြားကြရပါမယ်။

ဒီကနေ့ကာလမှာ ကင်ဆာနဲ့ပတ်သက်တဲ့ သ
တင်းတွေ၊ အကြောင်းအရာတွေဟာ နေ့စဉ်နီးပါး မကြားချင်လဲ ကြားရ၊ မသိချင်လည်း သိနေရ၊ မကြုံချင်လည်း ကြုံနေရတဲ့ အခြေ
အနေတစ်ရပ်အထိ ရောက်လာပါတယ်။

ကင်ဆာရောဂါ နဲ့ ဆုံးပါးသွားကြရတဲ့ ထင်
ရှားကျော်ကြားသူတွေရဲ့ နာရေးသတင်းတွေဟာလည်း ဆက်တိုက်ဆိုသလိုပါပဲ။နောက်
ကြောင်းပြန်ကြည့်လို့ မှတ်မိသလောက်ဆို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုတိယဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းဦးဦးလှစော၊ စာရေးဆရာအကြည်တော်၊ စာရေးဆရာငြိမ်းအေးအိမ်၊ စာရေးဆရာမောင်သာချို၊ဒါရိုက်တာ မင်းထင်ကိုကိုကြီး စတဲ့သူ​တွေဟာကင်ဆာနဲ့ပဲ ဘဝကို ဇာတ်သိမ်းသွားကြရတာပါ။

နိုင်ငံ့ခေါင်းဆောင်တွေထဲကဆိုရင် ဗြိတိန်ရဲ့တတိယမြောက်ချားလ်စ်ဘုရင်၊ အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်တို့ဟာလည်း ကင်
ဆာရောဂါကို ခံစားနေကြရပါတယ်။ ဒီကနေ့ကာလမှာဆိုရင် ထင်မှတ်မထားတဲ့ အသက်အပိုင်းအခြား တွေဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေမှာလည်း ကင်ဆာဖြစ်ပွားမှုက အ
တော်လေးများလာတာကို လေ့လာချက် တွေကနေ သိရသလို ကလေးငယ်တွေကိုတောင် အဲဒီကင်ဆာကခြိမ်းခြောက်လာနေပါတယ်။

အခုဆိုမိသားစုတွေထဲမှာတောင် ကင်ဆာနဲ့ကင်းကွာတဲ့ မိသားစုရယ်လို့ခပ်ရှားရှားအခြေ
အနေဖြစ်လာပါပြီ။စာရေးသူတို့မိသားစုအ
ဝန်းအဝိုင်းထဲကို ကြည့်မယ်ဆိုရင်လည်း ကင်ဆာနဲ့သေဆုံးခဲ့ရတဲ့ ဆွေမျိုးတွေ မနည်းတော့ ပါဘူး။ ရင်သားကင်ဆာ၊ အူမကြီးကင်
ဆာ၊ အဆုပ်ကင်ဆာစတဲ့ ကင်ဆာအမျိုးအစားလည်း စုံပါတယ်။ ကင်ဆာကြောင့်ပဲ မျက်စိအောက်တင် ပျောက်ကွယ်သွားကြရတဲ့ အသိမိတ်ဆွေ၊သူငယ်ချင်းတွေမနည်းတော့ပါဘူး။ပတ်ဝန်းကျင်မိသားစုတွေထဲမှာလည်း ကင်ဆာကြောင့် စိတ်ဒုက္ခရောက်ရသူ၊ ကင်ဆာကြောင့် ဝေဒနာခံစား နေရသူ များစွာကို တွေ့မြင်နေရပါတယ်။

ဒီကင်ဆာရဲ့ခြိမ်းခြောက်မှု၊ကင်ဆာရဲ့အန္တ
ရာယ်တွေနဲ့ပတ်သက်ပြီးလည်းမကြာသေးခင်ကမှ သတင်းမီဒီယာတွေ ကနေ ဆောင်းပါးတွေ၊ သတင်းတွေ တွင်တွင်ကျယ်ကျယ်ထုတ်
လုပ်ဖော်ပြခဲ့ကြပါသေးတယ်။ကမ္ဘာ့ကျန်းမာ
ရေး အဖွဲ့(WHO)နဲ့အပြည်ပြည်ဆိုင်ရာကင်
ဆာသုတေသနအေဂျင်စီ(IARC)တို့က ဇူလိုင် ၈ ရက်နေ့မှာ ပူးပေါင်းထုတ် ပြန်လိုက်တဲ့ အစီ
ရင်ခံစာနဲ့ပတ်သက်ပြီး ကင်ဆာရဲ့ ခြိမ်း
ခြောက်လာမှုတွေကို ရေးခဲ့ကြတာပါ။

"၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာကင်ဆာရောဂါအခြေအနေအစီရင်ခံစာ"ခေါင်းစဉ်နဲ့ထုတ်ပြန်လိုက်တဲ့ WHO နဲ့ IARC တို့ရဲ့ အစီရင်ခံစာထဲမှာ ကင်ဆာဟာ ကမ္ဘာကို ဘယ်လောက်အထိ ခြိမ်းခြောက်လာနေသလဲဆိုတာကို မြင်ရမယ့် ကိန်းဂဏန်းအချက်အလက်တွေပါဝင်ပါတယ်။ ဒီဆောင်းပါးမှာ အဓိကပြောချင်တဲ့ ကင်ဆာသတင်းကောင်းတစ်ခု ကို မပြောပြခင် သတင်းဆိုးတချို့ကို ဦးစွာအရင် ပြောပြချင်ပါတယ်။

ကမ္ဘာတစ်ဝန်းနှစ်စဉ်ကင်ဆာလူနာသစ် ၂၀ ဒသမ ၆ သန်းလောက်တွေ့ရှိရပြီးသေဆုံးသူ ၁၀ သန်းခန့်ရှိကြောင်း၊ကင်ဆာကြောင့် နေ့စဉ်လူပေါင်း ၂၆,၀၀၀ ကျော် အသက်ဆုံးရှုံးနေပြီး ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာဟာ အဲဒီရောဂါကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေကို ရင်ဆိုင်နေကြရကြောင်း၊ မြန်မာမှာဆိုရင်လည်း နှစ်စဉ်ကင်ဆာလူနာသစ် ၈၀,၀၀၀ ကနေ ၉၀,၀၀၀ ဝန်းကျင်ကြားတွေ့ရှိနေရပြီး သေဆုံးသူက ၆၀၀၀၀ ဝန်းကျင်ရှိကြောင်းဆိုတဲ့ ကြောက်မက်ဖွယ်ကိန်းဂဏန်းအချက်
အလက်တွေကို WHO နဲ့ IARC တို့ရဲ့ အစီရင်
ခံစာထဲမှာ တွေ့ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့်၂၀၅၀ ခုနှစ်ဆိုရင် ကင်ဆာ
လူနာသစ် ၃၅ သန်းနီးပါးအထိ မြင့်တက်လာမယ်၊ ကမ္ဘာ့လူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းခန့်ဟာ မိမိကိုယ်တိုင်ကင်ဆာဖြစ်ခြင်း ဒါမှမဟုတ် မိမိနဲ့နီးစပ်တဲ့ မိသားစုဝင်တစ်ဦးဦး ကင်ဆာဖြစ်ခြင်း ကနေတစ်ဆင့် ဒီရောဂါရဲ့ သက်
ရောက်မှုကို ကြုံတွေ့ခံစားရမယ်ဆိုတဲ့ အစီ
ရင်ခံစာထဲက ကိန်းဂဏန်းတွေဟာ လည်း ဝေဒနာကို ထပ်ဆင့်တိုးစေပါတယ်။

ကင်ဆာနဲ့ပတ်သက်တဲ့ သတင်းဆိုးတွေ ပြောပြီးပြီဆိုတော့ အခုသတင်းကောင်းဘက်ကို လှည့်လိုက်ချင်ပါတယ်။ WHO နဲ့ IARC တို့ ပူးတွဲအစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၄၂ ရက်အကြာမှာ ထုတ်ပြန်လာတဲ့သတင်းကတော့ ကင်ဆာရောဂါကာကွယ်ဆေး စမ်း
သပ်မှုနောက်ဆုံးအဆင့်အောင်မြင်ပြီဆိုတဲ့ သတင်းပါပဲ။

ကင်ဆာကာကွယ်ဆေးဆိုတာကအခုမှ စမ်း
သပ်အောင်မြင်တာတော့မဟုတ်ပါဘူး။ သူ့ရဲ့ ရှေ့မှာလည်းအောင်မြင်ခဲ့တဲ့ကြိုတင်ကာကွယ်ဆေးတွေ၊ ကုသကာကွယ်ဆေးတွေရှိခဲ့ပေမယ့် အခုပြောမယ့်ဆေးက ထုတ်လုပ်
မှုကုန်ကျ စရိတ်ပိုင်းမှာ ရှေ့ကဆေးတွေထက် အတော်လေးသက်သာနိုင်ပြီး ထုတ်လုပ်ရေးပိုင်းမှာလည်း မြန်မြန်နဲ့ များများ ထုတ်လုပ်နိုင်မှာမို့ လူတိုင်းလက်လှမ်းမီလာနိုင်တဲ့အခြေ
👍11🤮2🖕2
အနေမှာရှိနေတဲ့အတွက် ဝမ်းသာစရာသတင်း
ကောင်း အဖြစ် ရပ်တည်လာခဲ့တာပါပဲ။

ဒီဆေးက ကင်ဆာမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ဆေးမဟုတ်ဘဲကင်ဆာဖြစ်ပွားပြီးနောက်ကုသတဲ့နေရာ၊ပျံ့ပွားမှုမဖြစ်အောင်၊ ပိုမိုဆိုးဝါးမလာအောင်ကာကွယ်တားဆီးတဲ့နေရာမှာ သုံးတဲ့ဆေးဖြစ်ပါတယ်။ ဒီဆေးက ကင်ဆာပြန်လည်ဖြစ်ပွားမှုကို လျှော့ချနိုင်သလို ကင်ဆာကျိတ်ပျံ့နှံ့မှုကိုလည်း တားဆီးပေးတဲ့ စွမ်းရည်တွေနဲ့ ပြည့်မီတယ်လို့ ဆိုပါတယ်။

ဒီဆေးကို Moderna နဲ့ Merck ကုမ္ပဏီတို့က mRNA နည်းပညာကိုအခြေပြုထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ mRNA နည်းပညာအသုံး
ပြုကင်ဆာကာကွယ်ဆေးတွေထဲ Phase 3 ကိုပထမဆုံးစမ်းသပ်အောင်မြင်သွားတဲ့ဆေး၊ လူထောင်နဲ့ချီကိုစမ်းသပ်ထားတဲ့ဆေးလို့လည်းဆိုပါတယ်။ ဒီအဆင့်ဟာစမ်းသပ်မှုနောက်ဆုံးအဆင့်ဖြစ်ပြီး ထုတ်လုပ်မှုအပိုင်းမှာ ခွင့်ပြုချက်ရဖို့ဆိုတဲ့အဆင့်သာကျန်ပါတယ်။

ဒီကာကွယ်ဆေးနဲ့ပတ်သက်ပြီးကင်ဆာကိုအောင်နိုင်တော့မယ်လို့မျှော်လင့်တာက mRNA နည်းပညာကို အသုံးပြု ပြီး ကာကွယ်
ဆေးထုတ်လုပ်နိုင်တော့မယ့်ပထမဆုံး ကင်
ဆာကာကွယ်ဆေးဖြစ်ပြီး မြန်မြန်ဆန်ဆန် ထုတ်လုပ် နိုင်တဲ့ အတွက်ကြောင့် ကင်ဆာကိုကာကွယ်ကုသရာမှာ လူတိုင်းလက်လှမ်းမီနိုင်မယ့် အနေအထားကိုဖြစ်လာတာ၊ အနာဂတ်မှာ လူတွေကင်ဆာကို အနိုင်ယူလာနိုင်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲလို့ ကျန်းမာရေးဗဟုသုတတွေကို မျှဝေပေးနေတဲ့ ဒေါက်တာသူရိန်လှိုင်ဝင်းကလည်း ဒီကင်ဆာကာကွယ်
ဆေးနဲ့ပတ်သက်ပြီး သူ့ရဲ့ Facebook စာမျက်
နှာကနေတစ်ဆင့် ပို့စ်တင်ပြီး အသိပေးထားပါတယ်။

“mRNA နည်းပညာဆိုတာက ကိုဗစ်ကာကွယ်
ဆေးထုတ်တဲ့နည်းပညာလိုမျိုးပါ။Phase 3 စမ်းသပ်မှုအတွင်း ဒီနည်းပညာကိုအသုံးပြုပြီး အရေပြားကင်ဆာဖြတ်တောက်ထားပြီးသား လူနာတွေမှာ ကာကွယ်ဆေးဖော်တယ်။ ရလာတဲ့ ကာကွယ်ဆေးကို အဲဒီကင်ဆာလူနာတွေမှာ ထိုးပေးတယ်။ ဒီလူတွေ အရေပြားကင်ဆာ ပြန်မဖြစ်လာတော့အောင် ကာကွယ်နိုင်သွားတယ်”လို့လည်း သူက ဆိုထားပါတယ်။

အဆုတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာနဲ့ ကျောက်
ကပ်ကင်ဆာတွေမှာပါ ဒီဆေးကို ဆက်လက်စမ်းသပ်နေပြီးနောက် ၁၀ နှစ်လောက်အတွင်းမှာ လူသားတွေကင်ဆာကို အောင်နိုင်တော့မှာပါ။ လူတိုင်း လက်လှမ်းမီတဲ့အနေအထားမှာ ကင်ဆာကုသခွင့်ရနိုင်တော့မှာပါလို့လည်း ဒေါက်တာသူရိန်လှိုင်ဝင်းက သုံးသပ်ပြထားပါသေးတယ်။

ကင်ဆာနဲ့ပတ်သက်ပြီး သတင်းဆိုးတွေထွက်လာပြီးနောက် မကြာမီမှာပဲအခုလို သတင်း
ကောင်းတစ်ခုကလည်း ကျွန်တော်တို့ဆီ ရောက်ရှိလာတာပဲဖြစ်ပါတယ်။ဒါဟာအ
ထက်မှာပြောခဲ့သလိုပဲ နေ့စဉ်နီးပါး ကင်ဆာကပေးတဲ့ သတင်းဆိုးတွေကြားဖြတ်သန်းနေရသူတို့အတွက်အသက်ရှူချောင်စေတဲ့ သ
တင်းကောင်းတစ်ခုဖြစ်ပါတယ်။ကင်ဆာနဲ့
ပတ်သက်ပြီး သတင်းကောင်းလည်း မဟုတ်သလို သတင်းဆိုးလည်းမဟုတ်တဲ့ ဝမ်းနည်းစရာသတင်း တစ်ခုနဲ့ ဒီစာကို အဆုံးသတ်ချင်ပါတယ်။

အဲဒါကတော့ WHO နဲ့ IARC တို့ရဲ့ပူးတွဲထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာကင်ဆာအတွက် သတင်းဆိုးတွေ ဘယ်လောက်ပါနေနေ။ Moderna နဲ့ Merck တို့ဆီကနေ ထုတ်ပြန်လာတဲ့ ကင်ဆာနဲ့ပတ်သက်တဲ့ သတင်းက ဘယ်
လောက်ကောင်းနေနေ ဒီကိုလ်ဂျင်တို့၊ air-x တို့ကိုတောင်အလျင်မီအောင်မရနိုင်တဲ့ အာ
ဏာရှင်လက်အောက်က ကျွန်တော်တို့ မြန်
မာနိုင်ငံသားတွေအတွက်တော့ ဝမ်းနည်းစရာသတင်းပဲ ဖြစ်ပါလိမ့်မယ်။ ။
👍253🤮2🖕2😢1💯1
👍18😢2🤮1🖕1
ရွှေဘိုမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုက ကျန်းမာရေးစောင့်ရှောက်မှု ပေး

စက်တင်ဘာ ၂၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။

စစ်ကိုင်းဒေသသပိတ်အင်အားစု နဲ့ ရွှေဘိုမြို့နယ်သပိတ်အင်အားစု Mobile Medical Team တို့ပူးပေါင်းပြီး ရေဘေးသင့်စစ်ရှောင်ပြည်သူတွေကို လိုအပ်တဲ့ ဆေးဝါးထောက်ပံ့တာ ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေကို ပြုလုပ်ခဲ့ကြတာပါ။

ဒါ့အပြင် စက်တင်ဘာ ၁ ရက်ကလည်း BTS JUNGKOOK ရဲ့ (၂၉) နှစ်ပြည့် မွေးနေ့အလှူအဖြစ် TaeKook World MM page မှ စုပေါင်းလှူဒါန်းသော ကူညီထောက်ပံ့မှုတွေကို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုနဲ့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုတို့ ပူးပေါင်း လှူဒါန်းပေးခဲ့ပါတယ်။

ရွှေဘိုမြို့နယ်မှ ရေဘေးသင့် ပြည်သူတွေကို စားနပ်ရိက္ခာ၊ ငါးသေတ္တာဗူး၊ ဆီ၊ ကြက်ဥ၊ ရိက္ခာခြောက်၊ ရေသန့်နဲ့ ဓာတ်ဆားတွေကို ကူညီထောက်ပံ့ခဲ့ကြပါတယ်။

ရေဘေးသင့် စစ်ရှောင်တွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေဆဲ ဖြစ်တဲ့အတွက် ဝိုင်းဝန်းကူညီကြဖို့အတွက်လည်း ရွှေဘိုမြို့နယ် သပိတ်အင်အားစုက တိုက်တွန်းနှိုးဆော်ထားပါတယ်။
23🥰3👍2🖕2🤮1🤣1
ဓာတ်ပုံ - ရွှေဘိုမြို့နယ်သပိတ်အင်အားစု
🥰289👍2🖕2😁1🤮1