စစ်အာဏာသိမ်းမှုနဲ့ နိုင်ငံရေးပဋိပက္ခတွေရဲ့ ရမှတ်တွေ မြင့်မားနေတာဟာ ပြည်သူတွေရဲ့ လုံခြုံရေးစိုးရိမ်မှု၊ မိသားစုဝင်ဆွေအပေါ် စိုးရိမ်ရမှု၊ နေထိုင်ရေးမတည်ငြိမ်မှုနဲ့ အနာ
ဂတ်မသေချာမှုတို့ကြောင့် ဖြစ်နိုင်ကြောင်း Narrative Power က ဆိုပါတယ်။
ပညာရေးအခက်အခဲနဲ့ စီးပွားရေးအခက်အခဲတွေကလည်း လူငယ်တွေအတွက် ဘဝတိုး
တက်ရေးလမ်းကြောင်းတွေကိုကန့်သတ်သ
ကဲ့သို့ ခံစားရစေပြီး မျှော်လင့်ချက်ပျောက်
ဆုံးမှုကို ပိုမိုပြင်းထန်စေတယ်လို့ Narrative Power က အစီရင်ခံစာမှာ ရေးသားပါတယ်။
ဖြေဆိုသူအားလုံးက မျှော်လင့်ချက်ပျောက်
ဆုံးမှုကို အလွန် သို့မဟုတ်အလွန်အမင်းခံစားရတယ်လို့ ဖော်ပြထားတာဟာ အထူးစိုးရိမ်ဖွယ်ရာဖြစ်ကြောင်း၊ဤရလဒ်ကို စိတ်ကျန်း
မာရေးရောဂါအတည်ပြုချက်အဖြစ် မသတ်
မှတ်နိုင်သော်လည်း၊ လူထုအတွင်း စိတ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်ပင်ပန်းနွမ်းနယ်မှုနဲ့ အနာဂတ်အပေါ် အားလျော့မှုတို့ အလွန်ကျယ်ပြန့်နေကြောင်း ပြသတဲ့အရေးကြီးတဲ့ အချက်ပြတစ်ရပ်ဖြစ်ကြောင်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ဒါ့အပြင် စိတ်ကျန်းမာရေးအကူအညီကို မလုံလောက်ဟု ဖြေဆိုသူ ၈၅ ရာခိူင်နှုန်း ရှိနေတာဟာ စိတ်ကျန်းမာရေးဝန်ဆောင်မှုစနစ်ကို ချဲ့ထွင်ဖို့ အရေးကြီးလိုအပ်ကြောင်း ဖော်ပြနေကြောင်း၊ဝန်ဆောင်မှုတွေဟာ မြို့ပြဒေသတွေမှာ သာမက ဒေသအသီးသီးသို့ပါ ရောက်ရှိနိုင်ဖို့၊ကုန်ကျစရိတ်သက်သာဖို့၊ လျှို့ဝှက်မှုနဲ့လုံခြုံမှုရှိဖို့၊ဒေသဘာသာစကားနဲ့ယဉ်ကျေး
မှုအခြေအနေကိုနားလည်တဲ့ပုံစံနဲ့ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အစီရင်ခံစာမှာ အကြံပြုထားပါတယ်။
ယခုလေ့လာမှုဟာ ဖြေဆိုသူ ၈၁၄ ဦးရဲ့ စစ်
တမ်းဒေတာပေါ် အခြေခံပြီး မြန်မာနိုင်ငံရှိ လူငယ်နဲ့ အလုပ်လုပ်နိုင်သောအရွယ်အုပ်စုတွေမှာ စိတ်ကျန်းမာရေးဖိအားတွေကျယ်ပြန့်စွာရှိနေကြောင်း ဖော်ထုတ်ပြသခဲ့တာလို့ ဆိုပါတယ်။
နိုင်ငံရေးပဋိပက္ခနဲ့ စစ်အာဏာသိမ်းမှုဟာ အ
မြင့်ဆုံးသက်ရောက်မှုရှိတဲ့အကြောင်းရင်းတွေဖြစ်ပြီး၊ပညာရေးအခက်အခဲ၊စီးပွားရေးအခက်အခဲနဲ့ စစ်မှုထမ်းဥပဒေတို့လည်း ပြင်း
ထန်တဲ့ ဖိအားတွေအဖြစ် တွေ့ရှိရတယ်လို့ သိရပါတယ်။
မျှော်လင့်ချက်ပျောက်ဆုံးမှု မြင့်မားလာခြင်းနဲ့ စိတ်ကျန်းမာရေးအကူအညီမလုံလောက်ခြင်းတို့ဟာ အရေးပေါ်အာရုံစိုက်ရန်လိုအပ်တဲ့ အခြေအနေတွေဖြစ်ကြောင်း၊ ဒါ့ကြောင့် စိတ်ကျန်းမာရေးကို ကျန်းမာရေးကဏ္ဍတခုတည်းအဖြစ်မကြည့်ဘဲ လူမှုကာကွယ်စောင့်
ရှောက်ရေး၊ ပညာရေး၊ အလုပ်အကိုင်၊ လူ့အခွင့်အရေးနဲ့ လုံခြုံရေးဝါဒတွေနဲ့ ပေါင်းစပ်ပြီး ဖြေရှင်းဖို့ လိုအပ်နေကြောင်း Narrative Power အဖွဲ့ကက တိုက်တွန်းထားပါတယ်။
#စိတ်ကျန်းမာရေး #Narrativepower
#People'sspring #လူထုနွေဦး

👍25😢5❤3🔥1💯1🤣1
ရန်ကုန်မှာ အမျိုးသား ၁ဦး ကား ၁စီးနဲ့ အတူ ထပ်ပျောက်ပြန်
စက်တင်ဘာ ၃၊ ၂၀၂၆။ ဟာနာဆန်/People's Spring
ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့ ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်မှာ အမျိုးသား ၁ဦး ကား ၁စီးနဲ့အတူ ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
မကွေးကျောင်းဆရာတော်လို့ လူသိများတဲ့ မဘသခေါင်းဆောင် ဦးပါမောက္ခရဲ့ Tiktok အကောင့်မှာ မြောက်ဥက္ကလာပမြို့နယ်မှာ ကား ၁စီးနဲ့ အမျိုးသား ၁ဦး ပျောက်ဆုံးသွားတဲ့အကြောင်း မိသားစုဝင်တွေက လာရောက်အကူအညီတောင်းခဲ့တဲ့ရုပ်သံကို "နောက်တစ်ယောက်လာပြန်ပြီဟေ့"ဆိုတဲ့စာသားနဲ့ တင်ခဲ့ပါတယ်။
စက်တင်ဘာ ၁ ရက် ည ၉ နာရီဝန်းကျင်က မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီရပ်ကွက်နားမှာ အသက် ၃၇ နှစ်အရွယ် ကိုအောင်စိုးမင်းဆိုသူဟာ ကားနံပါတ် BGO 34Q 5624 Hi Jet အဖြူရောင်ကားနဲ့ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်ကြောင်း မိသားစုဝင်တွေက ဆရာတော်ကို လျှောက်ခဲ့ပါတယ်။
" မိဘတွေက အလွန်အင်မတန်စိတ်ပူနေပါတယ်။ မတရားဖမ်းဆီးထားတဲ့ ပုဂ္ဂိုလ်တွေလည်း သားသမီးချင်းကိုယ်ချင်းစာ၊ ညီအကိုမောင်နှမ မိသားစုချင်း ကိုယ်ချင်းစာပြီးတော့ မောင်အောင်စိုးမင်း မိမိတို့၏ ရောက်တဲ့အရပ်ကနေပြီးတော့ ...အမြန်ဆုံးပြန်လည်ဆက်သွယ်ပါ။ ဘုန်းကြီးက သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက်ိုလည်းပဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အမြန်ဆုံးပြန်လည်ပြီး ပို့ဆောင်ပေးဖို့ မေတ္တာရပ်ခံပါတယ်"လို့ ဦးပါမောက္ခက မိန့်ပါတယ်။
ပျောက်ဆုံးသူမှာ ငွေကျပ် ၁၅ သိန်းခန့်ပါသွားပြီး ဝေဘာဂီရဲစခန်းနဲ့ မင်္ဂလာဒုံရဲစခန်းကိုပါ တိုင်ကြားထားတယ်လို့ သိရပါတယ်။
မနေ့က စက်တင်ဘာ ၂ ရက် မနက်ပိုင်းကလည်း သာကေတမြို့နယ်၊ မြင်တော်သာလမ်းမကြီးပေါ်မှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေးကို လူတစ်စုက စက်ဘီးတားဆီးပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် ကျောင်းသားဟာ ထွက်ပြေးလွတ်မြောက်ခဲ့ပါသေးတယ်။
ရန်ကုန်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုဆိုးရွားလာနေပြီး စစ်တပ်ခန့်ရပ်ကွက်အုပ်ကြီးတွေကို ၁ရက် လူ ၅ ဦး ပေါ်တာဆွဲပေးရမယ်လို့ ဖိအားပေးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အင်းစိန်မြို့နယ်မှာလည်း အရံမီးသတ်အရာရှိ နေအိမ်မှာ အချုပ်ခန်းပြုလုပ်ပြီး လူငယ်တွေကို စစ်တပ်ထံ ရောင်းစားဖို့ ချုပ်နှောင်ထားတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Chinland FC အသင်းကဘောလုံးသမား ၁ဦး နေအိမ်ပြန်လာစဥ် မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တစ်ပတ်ကြာတဲ့အထိ အဆက်အသွယ်မရဘူးလို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။နောက်ပိုင်းမှာ အဆက်အသွယ်ရ ပြန်တွေ့ပြီလို့ အသင်းကထုတ်ပြန်ခဲ့ပေမယ့် ဘောလုံးသမားကိုလူတစ်စုကဖမ်းခေါ်သွားတာကြောင့် နေပြည်တော် အမြန််လမ်းဘက်ကို သွားခေါ်ခဲ့ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိသူအချို့ကပြောပါ
တယ် ။
ဒါ့အပြင် MFF Futsal League(1) မှာ ကစားနေတဲ့ Gold Dream FC အသင်းက ကစားသမား ၂ဦးလည်း ပျောက်ဆုံးနေတာ ၁၀ရက်ကျော်ကြာရှိပြီဖြစ်တယ်လို့ အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီးစက်တင်ဘာမှာလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်းပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ရန်ကုန်မြို့#ပေါ်တာဆွဲဖမ်းဆီး#လူပျောက်
#စစ်မှုထမ်း

🤬35❤7👍3🔥2👎1👏1
ဇင်းဘုံနဲ့ စင်းခန်းတံတားမှာ မြေပြင်တိုက်ပွဲ ပြင်ထန်နေ
စက်တင်ဘာ ၃၊၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးဝန်းကျင်နဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား အနီးတွေမှာ ဒီကနေ့ စက်တင်ဘာ ၃ရက်မနက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာ ၂ရက်က ရွှေကူ-ဗန်းမော်မြို့နယ်အကြား ရေကြောင်း တိုက်ပွဲမှာ စစ်သင်္ဘောတွေ ထိခိုက်ဆုံးရှုံးမှုများပြားပြီး သေဆုံး၊ ဒဏ်ရာရနဲ့ လက်နက်ချသူများခဲ့တဲ့ စစ်တပ်ဟာ ဒီကနေ့မှာ ဇင်းဘုံဘက်ကို မြေပြင်ထိုးစစ်ဆင်သလို စင်းခန်းတံတားနေရာကိုလည်း လက်ကျန်သင်္ဘောနဲ့ ကမ်းကပ်ပြီး ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။
“မြေပြင်ထိုးစစ်ကတော့ဇင်းဘုံမှာ။ ဇင်းဘုံမှာ မြေပြင်ထိုးစစ်ဆင်ပြီးတော့ အကြီးအကျယ် တိုက်ပွဲဖြစ်နေတယ်။ စင်းခန်းတံတားမှာတော့ လက်ကျန်သင်္ဘောက တံတားအောက် ကမ်းကပ်လာတာ။ ကမ်းကပ်လာတော့ ကျနော်တို့ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာ။” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
တဖက်မှာလည်း ဗန်းမော်မြို့အနီး ရေနီဒေသမှာ ကမ်းကပ်ရပ်နားခဲ့တဲ့ လက်ကျန် စစ်သင်္ဘောတွေဟာလည်း ဗန်းမော်မြို့ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ပြောပါတယ်။
စစ်တပ်ဟာ စင်းခန်းတံတားကို သိမ်းပိုက်ထိန်းချုပ်လိုပြီး စစ်ရေးလှုပ်ရှားမှုတွေ အရင်ကတည်းက လုပ်ဆောင်နေတာဖြစ်ပါတယ်။ အလားတူ သင်္ဘောလမ်းကြောင်း လုံခြုံရေး အရေးပါတဲ့ ဇင်းဘုံကိုလည်း စစ်တပ်ဟာ ရွှေကူမြို့ကနေ စက်လှေငယ်တွေအသုံးပြု ကမ်းကူကာ စစ်ရေးလှုပ်ရှားနေလို့ ပြီးခဲ့တဲ့ တပတ်အတွင်း KIAနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။
ကချင်ဒေသ စစ်ရေးအခြေအနေတွေ သိရနိုင်ဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်နေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#KIA#စစ်သင်္ဘောအုပ်စု#ကချင်
#စင်းခန်းတံတား

👏30👍9❤8🔥2👎1🥰1🤬1
စစ်အုပ်စုသတ်ဖြတ်မှုများကြောင့် သြဂုတ်အတွင်း ကလေးငယ် ၂၅ ဦးအပါအဝင် ပြည်သူ ၂၀၀ ကျော် သေဆုံး
စက်တင်ဘာ ၃၊ ၂၀၂၆။ ဟာနာဆန်/People's Spring
စစ်အုပ်စုရဲ့ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုများနဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဩဂုတ်အတွင်း ကလေးငယ် ၂၅ ဦးအပါအဝင် ပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ စက်တင်ဘာ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပြိးခဲ့တဲ့ ဩဂုတ် တစ်လအတွင်း စစ်အုပ်စုဟာ နိုင်ငံဒေသ အသီးသီးက အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုပေါင်းများစွာကို စနစ်တကျ ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့ပြီး စုစုပေါင်း လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် (၅၂၈) မှု ကျူးလွန်ခဲ့တာကို မှတ်တမ်းကောက်ယူထားရှိနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးပါတယ်။
စစ်အုပ်စုဟာ တရားလက်လွတ်သတ်ဖြတ်မှု၊ အတင်းအဓမ္မဖမ်းဆီးမှုနဲ့ ကိုယ်ပိုင်ပစ္စည်းတွေ ဖျက်ဆိးခံရခြင်းတို့ အပါအဝင် ချိုးဖောက်မှုပေါင်းများစွာ ကျူးလွန်ခဲ့ပြီး မန္တလေးဒေသဟာ (၁၁၀) မှုနဲ့ အများဆုံး ချိုးဖောက်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အုပ်စု ကျူးလွန်တဲ့ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်တွေဟာ ဒေသ (၄)ခုမှာ (၈) မှု ဖြစ်ပွားခဲ့ပြီး ပြည်သူ ၆၈ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၇ ဦး ပါဝင်ခဲ့ကြောင်း NUG ရဲ့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။
ဒါ့အပြင် ဒေသ (၁၃) ခုမှာလည်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၃၀ အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံခဲ့ရပြီး စစ်ကိုင်းဒေသဟာ အဆိုးရွားဆုံး ခံခဲ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၃၉ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၁၈ ဦး ပါဝင်ခဲ့ကြောင်း NUG က ထပ်မံ အသိပေးပါတယ်။
သြဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာက တရားစခန်းလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ဟာ အဆိုးရွားဆုံးထဲ ပါဝင်ပြီး ယနေ့အထိ သေဆုံးသူ ၁၆ ဦးအထိ ရှိနေပြီး ၂၆ ဦးထက်မနည်း ဆေးကုသမှုခံယူနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
"ထိခိုက်သေဆုံးသူတွေက ယောဂီတွေများပါတယ်။ မြောင်နယ်တဝိုက် ရွာတွေကနေ လာပြီး တရားစခန်းဝင်ကြတဲ့ ယောဂီတွေပါ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လေကြောင်းဗုံးကြဲမှုတွေကြောင့် အရပ်သားနေအိမ် ၁၂၆ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၇ ခု၊ စာသင်ကျောင်း ၁၀ ကျောင်းနဲ့ ဆေးဘက်ဆိုင်ရာအဆောက်အအုံ ၄ ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေကို စနစ်တကျ မှတ်တမ်းတင်ထားကာ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေး စတဲ့ ဦးတည်ချက်တွေ လက်ကိုင်ထားပြီး ကျူးလွန်သူတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ်ရရှိပြီး တာဝန်ခံလာစေရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#စစ်တပ်#စစ်အုပ်စု#အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု
#ပြည်သူတွေသေဆုံး

🤬28❤5👎3👍2👏2😢2🎉1
■ဆောင်းပါး
သားသမီးတွေအတွက် အလိုချင်ဆုံးဖြစ်သင့်သည့် စိတ်ဓာတ်အရည်အသွေး
• ကံကြမ္မာထက် ကိုယ့်လုပ်ရပ်အကျိုးကို ပိုယုံကြည်သူများ၏ အားသာချက်များ
- ဥဂ္ဂါ ရေးသားသည်။
"မင်းတို့ သားသမီးတွေကို အရည်အသွေးတစ်ခုခု ပေးနိုင်မယ်ဆိုရင် ဘာကို ရွေးမလဲ။"
ဉာဏ်ကောင်းတာလား၊ ကရုဏာစိတ်ရှိတာလား၊မိဘကိုအရမ်းရိုသေတာလား၊ဒါမှမ
ဟုတ် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတကျ ထိန်းသိမ်းနိုင်တဲ့ အရည်အသွေးလား။
ဆစ်ဒနီတက္ကသိုလ်က စီးပွားရေးပညာရှင်
ဒက်ဘိုရာကော့ဘ်ကလတ် (Deborah Cobb-Clark)ကတော့တခြားအဖြေတစ်ခု ပေးထားပါတယ်။အဲဒါကတော့ "Internal Locus of Control" လို့ခေါ်တဲ့ "မိမိဘဝနဲ့ ကံကြမ္မာကို မိမိကိုယ်တိုင် ပုံဖော်နိုင်တယ်၊ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ့်လုပ်ရပ်တွေက ကိုယ့်ဘဝကို အဓိက သက်ရောက်စေတယ်"လို့ယုံကြည်တဲ့ စိတ်
ဓာတ်ပါပဲ။ ဒီသဘောတရားကို ၁၉၆၀ ပြည့်နှစ်တွေမှာ စိတ်ပညာရှင်ဂျူလီယမ်ရော်တာ (Julian Rotter) က စတင်ဖော်ထုတ်ခဲ့ပြီး၊ အခုခေတ်မှာ ပြောလေ့ရှိတဲ့"ကိုယ်တိုင် ဆုံး
ဖြတ်လုပ်ကိုင်နိုင်စွမ်း" နဲ့လည်းနီးနီးကပ်ကပ် ဆက်စပ်နေပါတယ်။
ဒီစိတ်ဓာတ်ရှိတဲ့သူတွေကကိုယ့်ဘဝရဲ့ ရလဒ်အများစုဟာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့်ကြိုး
စားမှုအပေါ် မူတည်တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီလိုမဟုတ်သူတွေ ပြင်ပအင်အားများက မိမိဘဝကို ဆုံးဖြတ်ပေးနေသည်ဟု ယုံကြည်သည့်စိတ် (External Locus of Control)ရှိသူတွေကတော့ကံတရား၊ရေစက်၊
အခြေအနေတွေ၊ ဒါမှမဟုတ်တခြားလူတွေကပဲ သူတို့ဘဝကို ဆုံးဖြတ်ပေးနေတယ်လို့ ပိုယုံကြည်တတ်ကြပါတယ်။
ဒီလို "ကိုယ့်ဘဝကို ကိုယ်တိုင် ပြောင်းလဲနိုင်တယ်" လို့ ယုံကြည်တဲ့စိတ်ဟာ အလွန်အသုံး
ဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြိုးစားချင်စိတ်ကို ပိုဖြစ်စေလို့ပါ။
ကော့ဘ်ကလတ်ရဲ့ သုတေသနမှာ ဂျာမနီက အလုပ်လက်မဲ့ ဖြစ်သွားသူတွေကို လေ့လာကြည့်တဲ့အခါ ကံတရားကိုသာ အပြစ်ပုံချတတ်သူတွေဟာ ကိုယ့်အားကိုယ်ကိုးစိတ်ရှိသူတွေလောက် အလုပ်မရှာ ကြတာကို တွေ့ရပါတယ်။ ကိုယ့်လုပ်ရပ်နဲ့ ရလဒ်ဟာ မဆိုင်ဘူးလို့ ယုံကြည်နေမယ်ဆိုရင် "ဘာလို့ အချိန်ကုန်ခံပြီး အလုပ်လိုက်ရှာရဦးမှာလဲ" လို့ တွေးပြီး ကံ သို့မဟုတ် တယောက်ယောက်ရဲ့ အကူအ
ညီကိုသာ ထိုင် စောင့်နေကြလို့ပါပဲ။
ဒါ့အပြင် ဒီလိုစိတ်ဓာတ်ဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနဲ့ပါ ဆက်စပ်နေပါတယ်။ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ရှိတဲ့ အိမ်
ထောင်စုတွေဟာ စုဆောင်းငွေ ပိုများကြပါတယ်။
ရည်ရွယ်ချက်တွေကိုလည်းလက်တွေ့အ
ကောင်အထည် ဖော်နိုင်ကြပြီး စီးပွားရေးစတင်ဖို့ စိတ်ကူးရှိသူ တွေကိုလည်း လက်
တွေ့ ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်လာစေပါတယ်။ ဒီစိတ်ဓာတ်က ကိုယ့်ရဲ့ နောင်လာနောက်သားတွေ အထိတောင် အကျိုးသက်ရောက်ပါတယ်။
စပိန်နိုင်ငံကသုတေသနတစ်ခုအရကိုယ့်အား
ကိုယ်ကိုးစိတ်ရှိတဲ့ မိခင်တွေဟာ ကလေးကို ပြုစုပျိုးထောင်ရာမှာ ပိုပြီး အားစိုက်ကြိုးစားကြတယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့က "ကလေးအတွက်ဒီနေ့ ငါပေး
လိုက်တဲ့ အချိန်နဲ့ ကြိုးစားမှုဟာ နောင်တစ်ချိန်မှ အသီးအပွင့်ဖြစ်လာမယ် အကျိုးပြန်ပေးမယ်" လို့ ယုံကြည်ကြလို့ပါ။
ဒါပေမဲ့ကံတရားကိုသာပုံချတတ်တဲ့သူတွေကတော့"ကလေးတွေရဲ့ဘဝက ကံစီမံရာပဲ၊ ကလေးတွေကကံပါလာရင် ဘာမှလုပ်လို့ရတာမှ မဟုတ်တာ"လို့တွေးတတ်ကြပါတယ်။
ဒီလို စိတ်ဓာတ်မျိုးကလူတစ်ယောက်ချင်းစီမှာ ရှိနေတဲ့ပမာဏမတူညီကြပါဘူး။ ကော့ဘ်ကလတ် ကတော့ ကိုယ့်အားကိုယ်ကိုးစိတ် လုံးဝမရှိတဲ့သူ အနည်းငယ်အတွက် ပိုစိုးရိမ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန်အား
ဖြင့်မှာတောင် လူအများစုဟာ ကိုယ့်အခြေ
အနေကို ကိုယ်တိုင် ပြောင်းလဲနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတာကို လျှော့တွက်တတ်ကြလို့ပါ။
ကိတ်ဟောလ်(Cate Hall) ရေးသားတဲ့ စာအုပ်ထဲမှတေ့ာ ကိုလံဘီယာတက္ကသိုလ်ရဲ့ သုတေ
သန တစ်ခုကို ကိုးကားထားပါတယ်။ လူတွေဟာ တခြားသူဆီက အကူအညီတောင်းရင် ငြင်းခံရမယ်လို့ ထင်တတ်ကြပေမဲ့ လက်တွေ့မှာတော့မှန်းထားတာထက်အများကြီးပိုကူညီပေးကြပါတယ်။စမ်းသပ်ချက်ကလမ်းညွှန်မေးတာ၊ဖုန်းခဏငှားသုံးတာတွေကိုသွားအ
ကူညီတောင်းကြည့်တဲ့အခါ တကယ်ကူညီတဲ့သူ အရေအတွက်က မှန်းထားတာထက် အ
များကြီး ပိုများနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အကြောင်းကတော့လူတွေကအရမ်း သ
ဘောကောင်းလို့ မဟုတ်ဘဲ၊ တိုက်ရိုက်လာတောင်းတဲ့သူကို ငြင်းဖို့ အားနာကြလို့ ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုက သက်သေပြလိုက်တာကတော့ ကိုယ်တိုင် လက်တွေ့မလုပ်ကြည့်ခင် ကိုယ့်အခွင့်အရေးကိုကိုယ်တိုင်လျှော့မတွက်ဖို့ ပါပဲ။
နောက်ထပ် စမ်းသပ်မှုတစ်ခုမှာတော့ ချီကာဂိုတက္ကသိုလ်က စီးပွားရေးပညာရှင် စတီဗင်လီဗစ် (Steven Levitt) ဟာ အပြောင်းအလဲအ
တွက် ဆုံးဖြတ်ရခက်နေသူတွေကို အကြွေစေ့မြှောက်ပြီး ရလဒ်အတိုင်း ဆုံးဖြတ်ကြည့်ဖို့ စမ်းသပ်ခဲ့ပါတယ်။အကြွေစေ့ကျလို့ဆုံးဖြတ်
ချက်အသစ်ချဖို့ ထွက်လာတဲ့သူတွေဟာ အရင်အတိုင်း ပုံမှန်ပဲ ဆက်နေတဲ့သူတွေထက် ပိုပြီး ပျော်ရွှင်ကြတာကို တွေ့ရပါတယ်။ ဒါက လူအများစုဟာ အပြောင်းအလဲက အကျိုးရှိနိုင်တာကို သိနေပေမယ့် ကံကြမ္မာရဲ့ အချက်
ပေးမှုတစ်ခုလို ခံစားရတဲ့ တွန်းအားတစ်ခု မရမချင်း မိမိကံကြမ္မာကို မိမိကိုယ်တိုင် ဖန်တီးဖို့ သတ္တိနည်းနေကြတာပါ။

👍17❤7🤮1🖕1
ဒီလို ဘဝကို ကံတရားဆီ ပုံချလိုက်တဲ့ စိတ်
ဓာတ်ဟာလူတစ်ယောက်ချင်းစီကိုတင် မ
ဟုတ်ဘဲ အဖွဲ့အစည်းတွေကိုပါ ထိခိုက်စေပါတယ်။ တရုတ်နိုင်ငံ ရှန်ကျန်းမြို့ ကစက်ရုံတွေကို လေ့လာကြည့်တဲ့အခါ ကိုယ့်အား
ကိုယ်ကိုးစိတ် ရှိတဲ့ ဝန်ထမ်းတွေဟာ AI နည်းပညာကို သင်ယူရမယ့် စွမ်းရည်တစ်ခုလို မြင်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို ဝေမျှဖို့ ဝံ့ရဲကြပါတယ်။ ဒါပေမဲ့ ကံတရားပုံချတဲ့သူတွေကတော့ AI ကို သူတို့အလုပ်ကို လာလုမယ့် ခြိမ်းခြောက်မှု လို့ မြင်ပြီး သတင်းအချက်
အလက်တွေကို လျှို့ဝှက်ထားတတ်ကြပါတယ်။
ဒါဆို မန်နေဂျာတွေ ဘာလုပ်သင့်သလဲ။
အလုပ်ခန့်ကတည်းကဒီစိတ်ဓာတ်ရှိ၊မရှိ စစ်
ဆေးလို့ ရပါတယ်။ AI သုတေသနပညာရှင် အန်ဒရေးကာပသီ (Andrej Karpathy) က "ရဲရင့်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းဟာ ဉာဏ်ရည်ထက်တောင် ပိုမိုအားကောင်းပြီး ရှားပါးသလို ပိုလည်း တန်ဖိုးလည်းရှိပါတယ်" လို့ ပြောဖူးပါတယ်။အဖွဲ့အစည်းတွေအနေနဲ့ လက်တွေ့အကောင်အထည် ဖော်နိုင်သူတွေကို ထိုက်ထိုက်တန်တန် ဆုချသင့်သလို၊ ဝန်
ထမ်းတွေကိုလည်း ကိုယ်တိုင် စဉ်းစားဆုံး
ဖြတ်ပြီး တာဝန်ယူလုပ်ဆောင်ရဲတဲ့ ယဉ်ကျေး
မှုကို ဖန်တီးပေးသင့်ပါတယ်။
ဒါပေမယ့် "ခွင့်ပြုချက်တောင်းမနေနဲ့၊ လွဲသွားမှ တောင်းပန်လိုက်"ဆိုတဲ့စိတ်ဓာတ်လို စည်း
ကမ်းနဲ့ တာဝန်ယူမှုမပါတဲ့ ရဲရင့်မှုမျိုးသက်
သက် ဆိုရင်တော့ မကောင်းတဲ့ ရလဒ်တွေ ထွက်လာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအယူအဆရဲ့နောက်ကွယ်က"ကိုယ့်ကံကြမ္မာကို ကိုယ်
တိုင် ဖန်တီးပါ" ဆိုတဲ့ ယုံကြည်ချက် ကတော့ လူတစ်ယောက်ရဲ့ဘဝကိုတိုးတက်ပြောင်းလဲ
စေနိုင်တဲ့ မှန်ကန်တဲ့ စိတ်ဓာတ်တစ်ခုပဲ ဖြစ်ပါတယ်။
"တကယ်တော့ လူတစ်ယောက်ရဲ့ အဖိုးတန်ဆုံး အရည်အသွေးဟာ အခြေအနေတွေက သတ်မှတ်ပေးတဲ့ဘဝကို ကံကြမ္မာအဖြစ်သာ လက်ခံမနေဘဲ၊ ကြုံတွေ့ရတဲ့ အခက်အခဲတွေကြားကနေ မိမိဘဝရဲ့ လမ်းကြောင်းကို ကိုယ်
တိုင်ရွေးချယ် ကြိုးပမ်းမှုများဖြင့် ပုံဖော်နိုင်ခြင်း"ပဲ ဖြစ်ပါတယ်။
ကိုးကား - The Economist

👍23❤4🤮1🖕1
လေးမျက်နှာမြို့မှာ နောက်ထပ်ရေကာတာ ၁ခု အိကျ၊ အရေးပေါ်ပိတ်ဆို့နေရပြီး ဒေသခံတွေ စိုးရိမ်နေ
စက်တင်ဘာ−၃၊၂၀၂၆။ဇော်ရမ်း/People's Spring
ငဝန်မြစ်ရေကာတာကျိုးကျလို့ လနဲချီပြီး ရေဘေးကြုံတွေ့နေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့မှာ နောက်ထပ်ရေကာတာ ၁ခု အိကျသွားလို့ သဲအိတ်တွေနဲ့အရေးပေါ်ပိတ်ဆို့နေရပြီး ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
လေးမျက်နှာမြို့နယ်၊ ထိန်ငူကျေးရွာအနီးရှိ ငဝန်ရေကာတာ မိုင် ၂၀အနီးမှာ ဒီကနေ့ စက်တင်ဘာ ၃ရက် မနက်ပိုင်းက တာအိကျတာလို့ ဒေသခံတွေက ပြောပါတယ်။
" ပထမတခါလိုပဲ။ တာအခြေနေမကောင်းတဲ့အကြောင်း ဌာနဆိုင်ရာတွေကိုအကြောင်းကြားထားပေမယ့် လုံလောက်တဲ့ အကူအညီ ရောက်မလာဘူး။ ဒီနေ့မနက်အိကျသွားတော့မှ သဲအိတ်တွေအရေးပေါ်ကာနေကြတယ်"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အိကျတဲ့တာနေရာကို ဟင်္သာတခရိုင်က မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဆည်မြောင်းဝန်ထမ်းတွေ သဲအိတ်ဖို့ခြင်း၊ တွေဝါးတုတ်ရိုက်ခြင်းလုပ်ငန်းတွေလုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။
လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လ၃၀ရက်နေ့က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်း၊ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေကြီး နေပါတယ်။ ရေ ဘေးကြောင့် သေဆုံးသူဦးရေလည်း ၁၅ဦးထက်မနည်းရှိလာပြီဖြစ်ပါတယ်။ ရေဘေးကာလ တစ်လကျော်လာတဲ့အထိ တာကျိုးပေါက်ကို မပိတ်နိုင်သေးသလို နောက်ထပ်တစ်နေရာကပါ တာကျိုးမယ့်အန္တရာယ်ကိုရင်ဆိုင်နေရတာလို့ ဒေသခံတွေကပြောပါတယ်။
ထိန်ငူတာဟာ ၁၉၉၁ ဇူလိုင် ၂၈ ရက်ကလည်း ကျိုးကျခဲ့ဖူးပြီး လက်ရှိရေကြီးနေတဲ့ မြို့နယ်တွေအပါအဝင် မြို့နယ်အများအပြား ကာလရှည်ရေ ဘေးကြုံတွေ့ခဲ့ဖူးပါတယ်။
" မကြာခင် အထက်က ရေတွေဆင်းလာမှာ။ ဒီတစ်ခါထပ်ဖြစ်ရင်တော့ ဘာမှကယ်နိုင်လို့မှမဟုတ်ဘူး"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း လက်ရှိမှာ ညောင်တုန်းမြို့နယ်က ရေကာတာအိကျနေလို့ အရေးပေါ် ပိတ်ဆို့နေရပါတယ်။ပြီးခဲ့တဲ့ ဩဂုတ်လလယ်ကလည်း မြန်အောင်နဲ့ ဇလွန်မြို့က ရေကာတာ ယိုစိမ့်လို့ ဒေသခံတွေလုပ်အားပေးပြီး ပိတ်ဆို့ခဲ့ရပါတယ်။ အဲဒီနေရာတွေကလည်းစောင့်ကြည့်ဆဲအခြေအနေ ဖြစ်ပါတယ်။။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တာတမံတွေကြံ့ခိုင်ရေးကို လုပ်ဆောင်ခြင်းမရှိခဲ့တဲ့အတွက် နေရာအများစုမှာ ရေယိုစိမ့်နေတဲ့ အခြေအနေဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာ တာတမံတွေကြံ့ခိုင်ရေးကို လုပ်ဆောင်ခြင်းမရှိသလို ဒေသခံပြည်သူတွေ အခက်အခဲကြုံနေအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတယ်လို့ ယူဆကြောင်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်မတ်အချို့က ဝေဖန်ထားကြပါတယ်။
ရေကာတာတွေ ရေယိုစိမ့်တာကို လူမှုကွန်ရက်ပေါ်တင်ရင် အရေးယူမယ်လို့လည်း စစ်တပ် လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။
ယခုရက်ပိုင်း ဧရာဝတီတိုင်းမှာ မိုးကြီးနေသလို နိုင်ငံထက်ပိုင်းဒေသတွေနဲ့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းမှာလည်း မိုးကြီးပြီးရေဘေးကြုံတွေ့နေပါတယ်။ အထက်ပိုင်းကနေဧရာဝတီ မြစ်ကြောင်းအတိုင်းဆင်းလာမယ့်ရေတွေကြောင့် ရေကာတာတွေရဲ့ ကြံ့ခိုင်ရေးကိုစိုးရိမ်နေရသလို လေးမျက်နှာတာကြိုးပေါက်ကို ဝင်တာကြောင့် ရေဘေးအခြေအနေ ပိုဆိုးနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#လေးမျက်နှာမြို့ရေဘေး#ရေကာတာပြိုကျ#ရေကြီး
#ဧရာဝတီတိုင်း

👍24😢4🔥3❤2👎1💩1
မလှိုင်မြို့နယ်မှာ စစ်တပ်ရဲ့ အသေခံဒရုန်းကြောင့် အရပ်သားတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ
စက်တင်ဘာ-၃၊ ၂၀၂၆။ ကတ်သရင်း/People's Spring
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒရုန်းနဲ့ ကျေးရွာတွင်း ဗုံးကြဲခဲ့တာကြောင့် ဆည်ကွဲကျေးရွာက အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထမ္မကြီးရွာက ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူအပါအဝင် ပြည်သူ ၁၂ဦး သတ်ဖြတ်ခံရပြီးနောက် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ မနေ့က ယာကြီးကုန်းရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး ညပိုင်းမှာ ကာမီကာဇေအသေခံဒရုန်းတွေနဲ့ ဗုံးတွေ လိုက်ကြဲခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂ရက် မနေ့က ည၉နာရီမှာ အဲဒီစစ်ကြောင်းက ဆည်တိုအုပ်စု၊ ဆည်ကွဲကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဦးချစ်ကို သေဆုံးပြီး ဇနီးဖြစ်သူဒေါ်ဝိုင်း ထိမှန်ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။
"လင်မယားနှစ်ယောက်က သူတို့ အိမ်ထဲမှာ နေတာ ဒရုန်းက အိမ်ရှေ့မန်ကျီးပင်ပေါ်ကျတာ။ ပေါက်ကွဲတော့ ဗုံးစတွေက သွပ်ပြားတွေပေါက်ပြီး အိမ်ထဲက လူတွေထိတာ။ ဦးချစ်ကိုက ဆေးကုရင်း ပြင်းထန်ဒဏ်ရာနဲ့ ဆုံးသွားတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီနေ့ မနက်၄နာရီခွဲမှာ ဩဇာခြံကျေးရွာကို ဝင်ခဲ့ပြီး လက်ရှိ ဂွေးညိုဝင်းရွာကို ဝင်ရောက်သွားတယ်လို့ သိရပါတယ်။
ဩဂုတ် ၃၁ရက်က ထမ္မကြီးရွာရဲ့ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး စိုးလင်းထိုက်အပါအဝင် ပျူအဖွဲ့ဝင်ဆိုသူ ဒေသခံ ၁၂ဦး သတ်ဖြတ်ခံရပြီးနောက် စစ်တပ်က အင်အား၂၀၀ကျော်နဲ့ စစ်ကြောင်းထိုးကာ ကျေးရွာတွေကို ပတ်သွားပြီး ဒရုန်းနဲ့ဗုံးတွေကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

🤬23👎1🔥1👏1🎉1
ဂွ၊ကျိန္တလီနဲ့ဂျိတ်တောဘက်ကိုစစ်သင်္ဘော
တွေနဲ့ပစ်ခတ် ၊ ဒေသခံပြည်သူတွေလုံခြုံရေးသတိပြုကြဖို့ AAအရေးပေါ်သတိပေး
စက်တင်ဘာ-၃၊၂၀၂၆။ဇော်ရမ်း/People's Spring
ရခိုင်ပြည်နယ်၊ဂွ၊ကျိန္တလီနဲ့ဂျိတ်တောမြို့အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ပင်
လယ်ပြင်မှာတပ်စွဲထားတဲ့စစ်သင်္ဘောတွေပေါ်ကနေ ဒီနေ့မှာလက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ဒေသခံပြည်သူတွေအနေနဲ့ လေ
ကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြဖို့ AAက အရေးပေါ်သတိပေးချက်ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ(၃) ရက်၊နံနက်(၁၁)နာရီ (၀၂) မိနစ်ခန့်ကစပြီးစတင်ပစ်ခတ်တိုက်ခိုက်နေတာလို့ အာရက္ခတပ်တော်(AA) ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
"ပစ်ခတ်သံတွေလည်းကြားနေရတယ်။ လေ
ယာဉ်တွေလည်းပျံနေတယ်။ ရခိုင်ဘက်ကို ဦး
တည်ပြီးသွားနေကြတာ"လို့ ဂွမြို့နဲ့ ရေလမ်းဆက်စပ်နေတဲ့ ဧရာဝတီတိုင်း၊ ရွှေ သောင်ယံမြို့နယ်မှဒေသခံဦးကဒီနေ့မနက်ပိုင်းအခြေ
အနေကို ပြောပါတယ်။
စစ်တပ်က ဂွမြို့ကိုတိုက်ခိုက်ဖို့အတွက်ရွှေသောင်ယံအပါအဝင် ဧရာဝတီတိုင်းကနယ်
စပ်မြို့နယ်တွေကိုအင်အားဖြည့်နေပါတယ်။ပြီးခဲ့တဲ့သြဂုတ်လ ၂၇ရက်နေ့က ရွှေသောင်ယံမြို့ကိုဖြတ်သွားတဲ့ရခိုင်-ဧရာဝတီကမ်းခြေပတ်လမ်းပေါ်ကနေစစ်ကားအစီးရေ ၅၀ခန့်ဖြတ်သွားပြီး ရွှေသောင်ယံကမ်းခြေမှာလည်း စစ်သင်္ဘောဆယ်စီးကျော် တပ်စွဲခဲ့ပါတယ်။ အဲဒီသင်္ဘောတွေပေါ်ကနေတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်နေတာလို့ သိရပါတယ်။
AAက ဂွမြို့နယ်အပြင်ဆက်စပ်မြို့နယ်တွေဖြစ်တဲ့ကျိန္တလီနဲ့ဂျိတ်တောမြို့ကို ၂၀၂၄ခုနှစ်ထဲမှာ သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။
ဂွဒေသခံတဦးက တော့ သြဂုတ်လကုန်ပိုင်းမှာ
“သူတို့က ကမ်းတက်ဖို့ကြိုးစားနေတာထင်တယ်။ ဂွနဲ့ သံတွဲမှာ ဗုံးကြဲတဲ့နေရာတွေကို ကြည့်လိုက်ရင် တော်တော် များများက ကမ်းခြေရွာတွေ၊ ငပလီကမ်းခြေတလျှောက်ကိုဆိုလည်း ဗုံးကြဲတာ ဆက်တိုက်ပဲ၊ အဲဒီကနေ ကမ်းတက် ဖို့ ကြိုးစားနေတာ”လို့ပြောပါတယ်။
စစ်တပ်ဟာ ဂွ၊ သံတွဲမြို့နယ်အတွင်းကရွာတွေကို လေကြောင်းဗုံးကြဲသလို ပင်လယ်ပြင်ရှိ စစ်သင်္ဘောတွေက နေလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာပါ။ ဒါပေမယ့် စစ်သ
င်္ဘောတွေကတော့ ကမ်းခြေအနီး မကပ်ရဲကြ ဘူးလို့ သိရပါတယ်။
“ကမ်းခြေနဲ့ နီးနီးကပ်ကပ်မနေရဲဘူး။ ကပ်လာရင်လည်း AA က လက်နက်ကြီးနဲ့ လှမ်းပစ်မှာပဲ၊ ကမ်းတက်ဖို့ဆိုတာ ဖြစ်နိုင်မယ်မထင်ဘူး။ လေကြောင်းကနေပဲဖျက်ဆီးလို့ ရချင်ရမယ်”
လို့ အထက်ပါ ဂွဒေသခံက သြဂုတ်လကုန်ပိုင်းမှာပြောပါတယ်။
စစ်တပ်စစ်ကြောင်းတွေဟာဂွမြို့နယ်အတွင်း
ကိုဝင်ရောက်နိုင်ဖို့ လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး ကုန်းလမ်း၊ ရေလမ်းတွေကနေ နည်းအမျိုးမျိုးနဲ့ထိုးဖောက်ဖို့ကြိုးစားနေတာကြောင့် ရခိုင်-ဧရာဝတီ အစပ် နေရာတွေမှာတိုက်ပွဲတွေ နေ့စဉ်ပြင်းထန်နေတယ်လို့ AAက ပြီးခဲ့တဲ့ ဇွန်လကုန်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစတင်ပြီး ဂွမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်ထဲကမြို့နယ်တွေကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပိုမိုဆိုးရွားလာသလို ကလေးငယ်နှင့်သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်
သားထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။

🤬26👍5👏2❤1🎉1
■ဆောင်းပါး
သားသမီးတွေအတွက် အလိုချင်ဆုံးဖြစ်သင့်သည့် စိတ်ဓာတ်အရည်အသွေး
• ကံကြမ္မာထက် ကိုယ့်လုပ်ရပ်အကျိုးကို ပိုယုံကြည်သူများ၏ အားသာချက်များ
- ဥဂ္ဂါ ရေးသားသည်။
"မင်းတို့ သားသမီးတွေကို အရည်အသွေးတစ်ခုခု ပေးနိုင်မယ်ဆိုရင် ဘာကို ရွေးမလဲ။"
ဉာဏ်ကောင်းတာလား၊ ကရုဏာစိတ်ရှိတာလား၊မိဘကိုအရမ်းရိုသေတာလား၊ဒါမှမ
ဟုတ် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတကျ ထိန်းသိမ်းနိုင်တဲ့ အရည်အသွေးလား။
ဆစ်ဒနီတက္ကသိုလ်က စီးပွားရေးပညာရှင်
ဒက်ဘိုရာကော့ဘ်ကလတ် (Deborah Cobb-Clark)ကတော့တခြားအဖြေတစ်ခု ပေးထားပါတယ်။အဲဒါကတော့ "Internal Locus of Control" လို့ခေါ်တဲ့ "မိမိဘဝနဲ့ ကံကြမ္မာကို မိမိကိုယ်တိုင် ပုံဖော်နိုင်တယ်၊ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ့်လုပ်ရပ်တွေက ကိုယ့်ဘဝကို အဓိက သက်ရောက်စေတယ်"လို့ယုံကြည်တဲ့ စိတ်
ဓာတ်ပါပဲ။ ဒီသဘောတရားကို ၁၉၆၀ ပြည့်နှစ်တွေမှာ စိတ်ပညာရှင်ဂျူလီယမ်ရော်တာ (Julian Rotter) က စတင်ဖော်ထုတ်ခဲ့ပြီး၊ အခုခေတ်မှာ ပြောလေ့ရှိတဲ့"ကိုယ်တိုင် ဆုံး
ဖြတ်လုပ်ကိုင်နိုင်စွမ်း" နဲ့လည်းနီးနီးကပ်ကပ် ဆက်စပ်နေပါတယ်။
ဒီစိတ်ဓာတ်ရှိတဲ့သူတွေကကိုယ့်ဘဝရဲ့ ရလဒ်အများစုဟာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့်ကြိုး
စားမှုအပေါ် မူတည်တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီလိုမဟုတ်သူတွေ ပြင်ပအင်အားများက မိမိဘဝကို ဆုံးဖြတ်ပေးနေသည်ဟု ယုံကြည်သည့်စိတ် (External Locus of Control)ရှိသူတွေကတော့ကံတရား၊ရေစက်၊
အခြေအနေတွေ၊ ဒါမှမဟုတ်တခြားလူတွေကပဲ သူတို့ဘဝကို ဆုံးဖြတ်ပေးနေတယ်လို့ ပိုယုံကြည်တတ်ကြပါတယ်။
ဒီလို "ကိုယ့်ဘဝကို ကိုယ်တိုင် ပြောင်းလဲနိုင်တယ်" လို့ ယုံကြည်တဲ့စိတ်ဟာ အလွန်အသုံး
ဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြိုးစားချင်စိတ်ကို ပိုဖြစ်စေလို့ပါ။
ကော့ဘ်ကလတ်ရဲ့ သုတေသနမှာ ဂျာမနီက အလုပ်လက်မဲ့ ဖြစ်သွားသူတွေကို လေ့လာကြည့်တဲ့အခါ ကံတရားကိုသာ အပြစ်ပုံချတတ်သူတွေဟာ ကိုယ့်အားကိုယ်ကိုးစိတ်ရှိသူတွေလောက် အလုပ်မရှာ ကြတာကို တွေ့ရပါတယ်။ ကိုယ့်လုပ်ရပ်နဲ့ ရလဒ်ဟာ မဆိုင်ဘူးလို့ ယုံကြည်နေမယ်ဆိုရင် "ဘာလို့ အချိန်ကုန်ခံပြီး အလုပ်လိုက်ရှာရဦးမှာလဲ" လို့ တွေးပြီး ကံ သို့မဟုတ် တယောက်ယောက်ရဲ့ အကူအ
ညီကိုသာ ထိုင် စောင့်နေကြလို့ပါပဲ။
ဒါ့အပြင် ဒီလိုစိတ်ဓာတ်ဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနဲ့ပါ ဆက်စပ်နေပါတယ်။ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ရှိတဲ့ အိမ်
ထောင်စုတွေဟာ စုဆောင်းငွေ ပိုများကြပါတယ်။
ရည်ရွယ်ချက်တွေကိုလည်းလက်တွေ့အ
ကောင်အထည် ဖော်နိုင်ကြပြီး စီးပွားရေးစတင်ဖို့ စိတ်ကူးရှိသူ တွေကိုလည်း လက်
တွေ့ ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်လာစေပါတယ်။ ဒီစိတ်ဓာတ်က ကိုယ့်ရဲ့ နောင်လာနောက်သားတွေ အထိတောင် အကျိုးသက်ရောက်ပါတယ်။
စပိန်နိုင်ငံကသုတေသနတစ်ခုအရကိုယ့်အား
ကိုယ်ကိုးစိတ်ရှိတဲ့ မိခင်တွေဟာ ကလေးကို ပြုစုပျိုးထောင်ရာမှာ ပိုပြီး အားစိုက်ကြိုးစားကြတယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့က "ကလေးအတွက်ဒီနေ့ ငါပေး
လိုက်တဲ့ အချိန်နဲ့ ကြိုးစားမှုဟာ နောင်တစ်ချိန်မှ အသီးအပွင့်ဖြစ်လာမယ် အကျိုးပြန်ပေးမယ်" လို့ ယုံကြည်ကြလို့ပါ။
ဒါပေမဲ့ကံတရားကိုသာပုံချတတ်တဲ့သူတွေကတော့"ကလေးတွေရဲ့ဘဝက ကံစီမံရာပဲ၊ ကလေးတွေကကံပါလာရင် ဘာမှလုပ်လို့ရတာမှ မဟုတ်တာ"လို့တွေးတတ်ကြပါတယ်။
ဒီလို စိတ်ဓာတ်မျိုးကလူတစ်ယောက်ချင်းစီမှာ ရှိနေတဲ့ပမာဏမတူညီကြပါဘူး။ ကော့ဘ်ကလတ် ကတော့ ကိုယ့်အားကိုယ်ကိုးစိတ် လုံးဝမရှိတဲ့သူ အနည်းငယ်အတွက် ပိုစိုးရိမ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန်အား
ဖြင့်မှာတောင် လူအများစုဟာ ကိုယ့်အခြေ
အနေကို ကိုယ်တိုင် ပြောင်းလဲနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတာကို လျှော့တွက်တတ်ကြလို့ပါ။
ကိတ်ဟောလ်(Cate Hall) ရေးသားတဲ့ စာအုပ်ထဲမှတေ့ာ ကိုလံဘီယာတက္ကသိုလ်ရဲ့ သုတေ
သန တစ်ခုကို ကိုးကားထားပါတယ်။ လူတွေဟာ တခြားသူဆီက အကူအညီတောင်းရင် ငြင်းခံရမယ်လို့ ထင်တတ်ကြပေမဲ့ လက်တွေ့မှာတော့မှန်းထားတာထက်အများကြီးပိုကူညီပေးကြပါတယ်။စမ်းသပ်ချက်ကလမ်းညွှန်မေးတာ၊ဖုန်းခဏငှားသုံးတာတွေကိုသွားအ
ကူညီတောင်းကြည့်တဲ့အခါ တကယ်ကူညီတဲ့သူ အရေအတွက်က မှန်းထားတာထက် အ
များကြီး ပိုများနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အကြောင်းကတော့လူတွေကအရမ်း သ
ဘောကောင်းလို့ မဟုတ်ဘဲ၊ တိုက်ရိုက်လာတောင်းတဲ့သူကို ငြင်းဖို့ အားနာကြလို့ ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုက သက်သေပြလိုက်တာကတော့ ကိုယ်တိုင် လက်တွေ့မလုပ်ကြည့်ခင် ကိုယ့်အခွင့်အရေးကိုကိုယ်တိုင်လျှော့မတွက်ဖို့ ပါပဲ။
နောက်ထပ် စမ်းသပ်မှုတစ်ခုမှာတော့ ချီကာဂိုတက္ကသိုလ်က စီးပွားရေးပညာရှင် စတီဗင်လီဗစ် (Steven Levitt) ဟာ အပြောင်းအလဲအ
တွက် ဆုံးဖြတ်ရခက်နေသူတွေကို အကြွေစေ့မြှောက်ပြီး ရလဒ်အတိုင်း ဆုံးဖြတ်ကြည့်ဖို့ စမ်းသပ်ခဲ့ပါတယ်။အကြွေစေ့ကျလို့ဆုံးဖြတ်
ချက်အသစ်ချဖို့ ထွက်လာတဲ့သူတွေဟာ အရင်အတိုင်း ပုံမှန်ပဲ ဆက်နေတဲ့သူတွေထက် ပိုပြီး ပျော်ရွှင်ကြတာကို တွေ့ရပါတယ်။ ဒါက လူအများစုဟာ အပြောင်းအလဲက အကျိုးရှိနိုင်တာကို သိနေပေမယ့် ကံကြမ္မာရဲ့ အချက်
ပေးမှုတစ်ခုလို ခံစားရတဲ့ တွန်းအားတစ်ခု မရမချင်း မိမိကံကြမ္မာကို မိမိကိုယ်တိုင် ဖန်တီးဖို့ သတ္တိနည်းနေကြတာပါ။
သားသမီးတွေအတွက် အလိုချင်ဆုံးဖြစ်သင့်သည့် စိတ်ဓာတ်အရည်အသွေး
• ကံကြမ္မာထက် ကိုယ့်လုပ်ရပ်အကျိုးကို ပိုယုံကြည်သူများ၏ အားသာချက်များ
- ဥဂ္ဂါ ရေးသားသည်။
"မင်းတို့ သားသမီးတွေကို အရည်အသွေးတစ်ခုခု ပေးနိုင်မယ်ဆိုရင် ဘာကို ရွေးမလဲ။"
ဉာဏ်ကောင်းတာလား၊ ကရုဏာစိတ်ရှိတာလား၊မိဘကိုအရမ်းရိုသေတာလား၊ဒါမှမ
ဟုတ် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတကျ ထိန်းသိမ်းနိုင်တဲ့ အရည်အသွေးလား။
ဆစ်ဒနီတက္ကသိုလ်က စီးပွားရေးပညာရှင်
ဒက်ဘိုရာကော့ဘ်ကလတ် (Deborah Cobb-Clark)ကတော့တခြားအဖြေတစ်ခု ပေးထားပါတယ်။အဲဒါကတော့ "Internal Locus of Control" လို့ခေါ်တဲ့ "မိမိဘဝနဲ့ ကံကြမ္မာကို မိမိကိုယ်တိုင် ပုံဖော်နိုင်တယ်၊ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ့်လုပ်ရပ်တွေက ကိုယ့်ဘဝကို အဓိက သက်ရောက်စေတယ်"လို့ယုံကြည်တဲ့ စိတ်
ဓာတ်ပါပဲ။ ဒီသဘောတရားကို ၁၉၆၀ ပြည့်နှစ်တွေမှာ စိတ်ပညာရှင်ဂျူလီယမ်ရော်တာ (Julian Rotter) က စတင်ဖော်ထုတ်ခဲ့ပြီး၊ အခုခေတ်မှာ ပြောလေ့ရှိတဲ့"ကိုယ်တိုင် ဆုံး
ဖြတ်လုပ်ကိုင်နိုင်စွမ်း" နဲ့လည်းနီးနီးကပ်ကပ် ဆက်စပ်နေပါတယ်။
ဒီစိတ်ဓာတ်ရှိတဲ့သူတွေကကိုယ့်ဘဝရဲ့ ရလဒ်အများစုဟာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့်ကြိုး
စားမှုအပေါ် မူတည်တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီလိုမဟုတ်သူတွေ ပြင်ပအင်အားများက မိမိဘဝကို ဆုံးဖြတ်ပေးနေသည်ဟု ယုံကြည်သည့်စိတ် (External Locus of Control)ရှိသူတွေကတော့ကံတရား၊ရေစက်၊
အခြေအနေတွေ၊ ဒါမှမဟုတ်တခြားလူတွေကပဲ သူတို့ဘဝကို ဆုံးဖြတ်ပေးနေတယ်လို့ ပိုယုံကြည်တတ်ကြပါတယ်။
ဒီလို "ကိုယ့်ဘဝကို ကိုယ်တိုင် ပြောင်းလဲနိုင်တယ်" လို့ ယုံကြည်တဲ့စိတ်ဟာ အလွန်အသုံး
ဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြိုးစားချင်စိတ်ကို ပိုဖြစ်စေလို့ပါ။
ကော့ဘ်ကလတ်ရဲ့ သုတေသနမှာ ဂျာမနီက အလုပ်လက်မဲ့ ဖြစ်သွားသူတွေကို လေ့လာကြည့်တဲ့အခါ ကံတရားကိုသာ အပြစ်ပုံချတတ်သူတွေဟာ ကိုယ့်အားကိုယ်ကိုးစိတ်ရှိသူတွေလောက် အလုပ်မရှာ ကြတာကို တွေ့ရပါတယ်။ ကိုယ့်လုပ်ရပ်နဲ့ ရလဒ်ဟာ မဆိုင်ဘူးလို့ ယုံကြည်နေမယ်ဆိုရင် "ဘာလို့ အချိန်ကုန်ခံပြီး အလုပ်လိုက်ရှာရဦးမှာလဲ" လို့ တွေးပြီး ကံ သို့မဟုတ် တယောက်ယောက်ရဲ့ အကူအ
ညီကိုသာ ထိုင် စောင့်နေကြလို့ပါပဲ။
ဒါ့အပြင် ဒီလိုစိတ်ဓာတ်ဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနဲ့ပါ ဆက်စပ်နေပါတယ်။ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ရှိတဲ့ အိမ်
ထောင်စုတွေဟာ စုဆောင်းငွေ ပိုများကြပါတယ်။
ရည်ရွယ်ချက်တွေကိုလည်းလက်တွေ့အ
ကောင်အထည် ဖော်နိုင်ကြပြီး စီးပွားရေးစတင်ဖို့ စိတ်ကူးရှိသူ တွေကိုလည်း လက်
တွေ့ ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်လာစေပါတယ်။ ဒီစိတ်ဓာတ်က ကိုယ့်ရဲ့ နောင်လာနောက်သားတွေ အထိတောင် အကျိုးသက်ရောက်ပါတယ်။
စပိန်နိုင်ငံကသုတေသနတစ်ခုအရကိုယ့်အား
ကိုယ်ကိုးစိတ်ရှိတဲ့ မိခင်တွေဟာ ကလေးကို ပြုစုပျိုးထောင်ရာမှာ ပိုပြီး အားစိုက်ကြိုးစားကြတယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့က "ကလေးအတွက်ဒီနေ့ ငါပေး
လိုက်တဲ့ အချိန်နဲ့ ကြိုးစားမှုဟာ နောင်တစ်ချိန်မှ အသီးအပွင့်ဖြစ်လာမယ် အကျိုးပြန်ပေးမယ်" လို့ ယုံကြည်ကြလို့ပါ။
ဒါပေမဲ့ကံတရားကိုသာပုံချတတ်တဲ့သူတွေကတော့"ကလေးတွေရဲ့ဘဝက ကံစီမံရာပဲ၊ ကလေးတွေကကံပါလာရင် ဘာမှလုပ်လို့ရတာမှ မဟုတ်တာ"လို့တွေးတတ်ကြပါတယ်။
ဒီလို စိတ်ဓာတ်မျိုးကလူတစ်ယောက်ချင်းစီမှာ ရှိနေတဲ့ပမာဏမတူညီကြပါဘူး။ ကော့ဘ်ကလတ် ကတော့ ကိုယ့်အားကိုယ်ကိုးစိတ် လုံးဝမရှိတဲ့သူ အနည်းငယ်အတွက် ပိုစိုးရိမ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန်အား
ဖြင့်မှာတောင် လူအများစုဟာ ကိုယ့်အခြေ
အနေကို ကိုယ်တိုင် ပြောင်းလဲနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတာကို လျှော့တွက်တတ်ကြလို့ပါ။
ကိတ်ဟောလ်(Cate Hall) ရေးသားတဲ့ စာအုပ်ထဲမှတေ့ာ ကိုလံဘီယာတက္ကသိုလ်ရဲ့ သုတေ
သန တစ်ခုကို ကိုးကားထားပါတယ်။ လူတွေဟာ တခြားသူဆီက အကူအညီတောင်းရင် ငြင်းခံရမယ်လို့ ထင်တတ်ကြပေမဲ့ လက်တွေ့မှာတော့မှန်းထားတာထက်အများကြီးပိုကူညီပေးကြပါတယ်။စမ်းသပ်ချက်ကလမ်းညွှန်မေးတာ၊ဖုန်းခဏငှားသုံးတာတွေကိုသွားအ
ကူညီတောင်းကြည့်တဲ့အခါ တကယ်ကူညီတဲ့သူ အရေအတွက်က မှန်းထားတာထက် အ
များကြီး ပိုများနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အကြောင်းကတော့လူတွေကအရမ်း သ
ဘောကောင်းလို့ မဟုတ်ဘဲ၊ တိုက်ရိုက်လာတောင်းတဲ့သူကို ငြင်းဖို့ အားနာကြလို့ ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုက သက်သေပြလိုက်တာကတော့ ကိုယ်တိုင် လက်တွေ့မလုပ်ကြည့်ခင် ကိုယ့်အခွင့်အရေးကိုကိုယ်တိုင်လျှော့မတွက်ဖို့ ပါပဲ။
နောက်ထပ် စမ်းသပ်မှုတစ်ခုမှာတော့ ချီကာဂိုတက္ကသိုလ်က စီးပွားရေးပညာရှင် စတီဗင်လီဗစ် (Steven Levitt) ဟာ အပြောင်းအလဲအ
တွက် ဆုံးဖြတ်ရခက်နေသူတွေကို အကြွေစေ့မြှောက်ပြီး ရလဒ်အတိုင်း ဆုံးဖြတ်ကြည့်ဖို့ စမ်းသပ်ခဲ့ပါတယ်။အကြွေစေ့ကျလို့ဆုံးဖြတ်
ချက်အသစ်ချဖို့ ထွက်လာတဲ့သူတွေဟာ အရင်အတိုင်း ပုံမှန်ပဲ ဆက်နေတဲ့သူတွေထက် ပိုပြီး ပျော်ရွှင်ကြတာကို တွေ့ရပါတယ်။ ဒါက လူအများစုဟာ အပြောင်းအလဲက အကျိုးရှိနိုင်တာကို သိနေပေမယ့် ကံကြမ္မာရဲ့ အချက်
ပေးမှုတစ်ခုလို ခံစားရတဲ့ တွန်းအားတစ်ခု မရမချင်း မိမိကံကြမ္မာကို မိမိကိုယ်တိုင် ဖန်တီးဖို့ သတ္တိနည်းနေကြတာပါ။
❤9👍7🤮1🖕1
ဒီလို ဘဝကို ကံတရားဆီ ပုံချလိုက်တဲ့ စိတ်
ဓာတ်ဟာလူတစ်ယောက်ချင်းစီကိုတင် မ
ဟုတ်ဘဲ အဖွဲ့အစည်းတွေကိုပါ ထိခိုက်စေပါတယ်။ တရုတ်နိုင်ငံ ရှန်ကျန်းမြို့ ကစက်ရုံတွေကို လေ့လာကြည့်တဲ့အခါ ကိုယ့်အား
ကိုယ်ကိုးစိတ် ရှိတဲ့ ဝန်ထမ်းတွေဟာ AI နည်းပညာကို သင်ယူရမယ့် စွမ်းရည်တစ်ခုလို မြင်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို ဝေမျှဖို့ ဝံ့ရဲကြပါတယ်။ ဒါပေမဲ့ ကံတရားပုံချတဲ့သူတွေကတော့ AI ကို သူတို့အလုပ်ကို လာလုမယ့် ခြိမ်းခြောက်မှု လို့ မြင်ပြီး သတင်းအချက်
အလက်တွေကို လျှို့ဝှက်ထားတတ်ကြပါတယ်။
ဒါဆို မန်နေဂျာတွေ ဘာလုပ်သင့်သလဲ။
အလုပ်ခန့်ကတည်းကဒီစိတ်ဓာတ်ရှိ၊မရှိ စစ်
ဆေးလို့ ရပါတယ်။ AI သုတေသနပညာရှင် အန်ဒရေးကာပသီ (Andrej Karpathy) က "ရဲရင့်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းဟာ ဉာဏ်ရည်ထက်တောင် ပိုမိုအားကောင်းပြီး ရှားပါးသလို ပိုလည်း တန်ဖိုးလည်းရှိပါတယ်" လို့ ပြောဖူးပါတယ်။အဖွဲ့အစည်းတွေအနေနဲ့ လက်တွေ့အကောင်အထည် ဖော်နိုင်သူတွေကို ထိုက်ထိုက်တန်တန် ဆုချသင့်သလို၊ ဝန်
ထမ်းတွေကိုလည်း ကိုယ်တိုင် စဉ်းစားဆုံး
ဖြတ်ပြီး တာဝန်ယူလုပ်ဆောင်ရဲတဲ့ ယဉ်ကျေး
မှုကို ဖန်တီးပေးသင့်ပါတယ်။
ဒါပေမယ့် "ခွင့်ပြုချက်တောင်းမနေနဲ့၊ လွဲသွားမှ တောင်းပန်လိုက်"ဆိုတဲ့စိတ်ဓာတ်လို စည်း
ကမ်းနဲ့ တာဝန်ယူမှုမပါတဲ့ ရဲရင့်မှုမျိုးသက်
သက် ဆိုရင်တော့ မကောင်းတဲ့ ရလဒ်တွေ ထွက်လာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအယူအဆရဲ့နောက်ကွယ်က"ကိုယ့်ကံကြမ္မာကို ကိုယ်
တိုင် ဖန်တီးပါ" ဆိုတဲ့ ယုံကြည်ချက် ကတော့ လူတစ်ယောက်ရဲ့ဘဝကိုတိုးတက်ပြောင်းလဲ
စေနိုင်တဲ့ မှန်ကန်တဲ့ စိတ်ဓာတ်တစ်ခုပဲ ဖြစ်ပါတယ်။
"တကယ်တော့ လူတစ်ယောက်ရဲ့ အဖိုးတန်ဆုံး အရည်အသွေးဟာ အခြေအနေတွေက သတ်မှတ်ပေးတဲ့ဘဝကို ကံကြမ္မာအဖြစ်သာ လက်ခံမနေဘဲ၊ ကြုံတွေ့ရတဲ့ အခက်အခဲတွေကြားကနေ မိမိဘဝရဲ့ လမ်းကြောင်းကို ကိုယ်
တိုင်ရွေးချယ် ကြိုးပမ်းမှုများဖြင့် ပုံဖော်နိုင်ခြင်း"ပဲ ဖြစ်ပါတယ်။
ကိုးကား - The Economist
ဓာတ်ဟာလူတစ်ယောက်ချင်းစီကိုတင် မ
ဟုတ်ဘဲ အဖွဲ့အစည်းတွေကိုပါ ထိခိုက်စေပါတယ်။ တရုတ်နိုင်ငံ ရှန်ကျန်းမြို့ ကစက်ရုံတွေကို လေ့လာကြည့်တဲ့အခါ ကိုယ့်အား
ကိုယ်ကိုးစိတ် ရှိတဲ့ ဝန်ထမ်းတွေဟာ AI နည်းပညာကို သင်ယူရမယ့် စွမ်းရည်တစ်ခုလို မြင်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို ဝေမျှဖို့ ဝံ့ရဲကြပါတယ်။ ဒါပေမဲ့ ကံတရားပုံချတဲ့သူတွေကတော့ AI ကို သူတို့အလုပ်ကို လာလုမယ့် ခြိမ်းခြောက်မှု လို့ မြင်ပြီး သတင်းအချက်
အလက်တွေကို လျှို့ဝှက်ထားတတ်ကြပါတယ်။
ဒါဆို မန်နေဂျာတွေ ဘာလုပ်သင့်သလဲ။
အလုပ်ခန့်ကတည်းကဒီစိတ်ဓာတ်ရှိ၊မရှိ စစ်
ဆေးလို့ ရပါတယ်။ AI သုတေသနပညာရှင် အန်ဒရေးကာပသီ (Andrej Karpathy) က "ရဲရင့်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းဟာ ဉာဏ်ရည်ထက်တောင် ပိုမိုအားကောင်းပြီး ရှားပါးသလို ပိုလည်း တန်ဖိုးလည်းရှိပါတယ်" လို့ ပြောဖူးပါတယ်။အဖွဲ့အစည်းတွေအနေနဲ့ လက်တွေ့အကောင်အထည် ဖော်နိုင်သူတွေကို ထိုက်ထိုက်တန်တန် ဆုချသင့်သလို၊ ဝန်
ထမ်းတွေကိုလည်း ကိုယ်တိုင် စဉ်းစားဆုံး
ဖြတ်ပြီး တာဝန်ယူလုပ်ဆောင်ရဲတဲ့ ယဉ်ကျေး
မှုကို ဖန်တီးပေးသင့်ပါတယ်။
ဒါပေမယ့် "ခွင့်ပြုချက်တောင်းမနေနဲ့၊ လွဲသွားမှ တောင်းပန်လိုက်"ဆိုတဲ့စိတ်ဓာတ်လို စည်း
ကမ်းနဲ့ တာဝန်ယူမှုမပါတဲ့ ရဲရင့်မှုမျိုးသက်
သက် ဆိုရင်တော့ မကောင်းတဲ့ ရလဒ်တွေ ထွက်လာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအယူအဆရဲ့နောက်ကွယ်က"ကိုယ့်ကံကြမ္မာကို ကိုယ်
တိုင် ဖန်တီးပါ" ဆိုတဲ့ ယုံကြည်ချက် ကတော့ လူတစ်ယောက်ရဲ့ဘဝကိုတိုးတက်ပြောင်းလဲ
စေနိုင်တဲ့ မှန်ကန်တဲ့ စိတ်ဓာတ်တစ်ခုပဲ ဖြစ်ပါတယ်။
"တကယ်တော့ လူတစ်ယောက်ရဲ့ အဖိုးတန်ဆုံး အရည်အသွေးဟာ အခြေအနေတွေက သတ်မှတ်ပေးတဲ့ဘဝကို ကံကြမ္မာအဖြစ်သာ လက်ခံမနေဘဲ၊ ကြုံတွေ့ရတဲ့ အခက်အခဲတွေကြားကနေ မိမိဘဝရဲ့ လမ်းကြောင်းကို ကိုယ်
တိုင်ရွေးချယ် ကြိုးပမ်းမှုများဖြင့် ပုံဖော်နိုင်ခြင်း"ပဲ ဖြစ်ပါတယ်။
ကိုးကား - The Economist
👍16🥰3❤2🤮1🖕1
အမြန်လမ်းဘေး TikTok ရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရ
စက်တင်ဘာ-၃၊ ၂၀၂၆။ မိထက်/People's Spring
ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။
အဲ့ဒီအမျိုးသမီးဟာ သူ့ကလေးငယ်ကို ကျောင်းပို့ပြီးအပြန်မှာ ဖုန်းနဲ့ TikTokရိုက်နေစဉ် ကားတိုက်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရန်ကုန်ဘက်ကနေ အလာမှာ ဖြစ်တာ။ သူက လမ်းမပေါ်တက်ပြီး တစ်တော့ဆော့နေတာလို့ အတိုက်ခံရတာ မြင်တဲ့သူတွေကပြောကြတယ်" လို့ ကားလမ်းအနီးမှာ ရှိနေသူတစ်ဦးက ပြောပါတယ်။
ကားတိုက်ခံရတဲ့ အမျိုးသမီးကို ဆေးရုံတင်ထားရတယ်လို့ သိရပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးပါဘူး။
ရန်ကုန်- နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးဝန်းကျင်ဟာ ယာဉ်တိုက်မှု မကြာခဏဖြစ်ပွားတဲ့နေရာလို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁ရက် မနက်ကလည်း အဲဒီနေရာအနီးမှာ လမ်းဖြတ်ကူးတဲ့အမျိုးသမီးကို ခရီးသည်တင်ကားတစ်စီးက တိုက်မိလို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
TikTokလူမှုကွန်ရက်သုံးစွဲမှုဟာ မြန်မာလူငယ်ထုကြားမှာ ပျံ့နှံ့နေပြီး အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ တစ်တော့ကစားကြလို့ မတော်တဆထိခိုက်မှုတွေဖြစ်တဲ့အပြင် နည်းပညာပိုင်းဆိုင်ရာလုံခြုံရေးအတွက်လည်း သတိပေးမှုတွေ ရှိနေပါတယ်။

👍19❤6😱6🔥2🤣2