နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAA
က ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။
နေပြည်တော်ကိုဗဟိုပြုအာဏာတည်ထားတဲ့ အာဏာသိမ်းစစ်တပ်နဲ့အထူးဒေသ(၁)ရဲ့အဓိ
ပတိ MNDAA တို့ ဒီတကြိမ်ထိပ်တိုက်တွေ့တာက ရှမ်းစော်ဘွားတွေရဲ့ ဘူမိနက်သန် သီပေါနယ်မှာပါ။ရှီကျင့်ဖျင်ငြိုငြင်မှာစိုးကြတဲ့အတွက် နှစ်ဖက်စလုံးက သေနတ်ပြောင်းဝကနေ ကျည်မထွက်ရဲပေမယ့် နယ်မြေစိုးမိုးရေးကိုကျိတ်လုပ်ရင်း အသံတိတ်ဗုံးတစ်လုံးစီကိုင်ထားကြပါတယ်။
စစ်တပ် အရှက်ကွဲခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန် စစ်တပ်နဲ့ MNDAAကြားက ပြဿနာပေါင်းများစွာထဲက အခုနောက်ဆုံးတစ်ခုက ဩဂုတ်လဆန်းမှာ စတင်ပါတယ်။ သီပေါမြို့နယ်ထဲက စာသင်ကျောင်း ၁၇ ကျောင်းကို လုံခြုံရေး စိတ်မချရဘူးဆိုတဲ့အကြောင်းပြချက်နဲ့ သြဂုတ်လဆန်းပိုင်းမှာ စစ်အုပ်စုကပိတ်လိုက်ပါတယ်။အဲ့ဒီထဲမှာMNDAAထိန်း
ချုပ်ဒေသထဲက ကျောင်း ၁၀ကျောင်းပါဝင်ပါတယ်။
ဒီအမိန့်ဟာ တိုင်းမှူးအဆင့်ကမဟုတ်ဘဲ နေ
ပြည်တော်က တိုက်ရိုက်လာတာလို့ ကိုးကန့်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါကို MNDAA က အာခံလိုက်ပြီး ကျောင်းတွေကို ပြန်ဖွင့်ဖို့ စီစဉ်ပါတယ်။ အဲ့ဒီခြေအနေမှာပဲ စစ်တပ်ကသြဂုတ်လ၂၉ရက်နေ့မှာ ကျောင်းတွေလာဖွင့်ပြန်ပါတယ်။ ဒါတွေကို သီပေါမြို့က အမတ်ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။
သြဂုတ်လ၃၁ရက်နေ့မှာတော့ သီပေါမြို့နယ်ထဲကဆွတ်လန်း၊မြို့ဟောင်း၊ နမ့်ပျဉ်၊ကောင်းလန်း၊နားညု၊ပန်ညု၊ ဆောင်ကြဲ စတဲ့ အခြေ
ခံပညာအထက်တန်းကျောင်း (၇) ကျောင်းကို ဖွင့်လှစ်မယ်လို့ MNDAAက တရားဝင်ထုတ်ပြန်လာပါတယ်။အထူးဒေသ(၁) ပညာရေးဌာနကဒေသတွင်းပညာသင်ကြားမှုအဆက်
မပြတ်စေရေးအတွက် သိန္နီခရိုင်အတွင်းရှိ အခြေခံပညာကျောင်း တွေဆက်လက်ဖွင့်လှစ်နေတယ်လို့ ဆိုပါတယ်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာအလက(စံလောင်း)၊ အလက (ကုန်းသာ) နဲ့ အလက (နမ့်အွန်) ကျောင်းတွေ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ကုံးမုံ၊ ကွန်ခိုက်၊ မြို့ဟောင်း၊ ဆွတ်လန်းနှင့် ပန်ညု ဒေသရှိ အခြေခံပညာကျောင်းတွေကို ဆက်
လက်ဖွင့်လှစ်သွားမယ်လို့ ကြေညာပါတယ်။ အဲဒီကျောင်းတွေကို လက်ရှိသင်ရိုးညွှန်းတန်းအတိုင်းသင်ဖို့MNDAA ကစီစဉ်ထားပါတယ်။
“စစ်တပ်က ပြန်ဖွင့်လိုက်တဲ့ကျောင်းတွေကို မနေ့က ကိုးကန့်အရာရှိတွေ၊ ကျောင်းဆရာတွေရောက်လာတယ်။ ဒီကျောင်းတွေကို သူတို့ဆက်ဖွင့်မယ်လို့ပြောတယ်။ ကျတော်ထင်တယ်။ စစ်တပ်ဖက်က ပညာရေးဝန်ထမ်းတွေ ပြန်ထွက်ရလိမ့်မယ်”လို့ သီပေါမြို့ခံတဦးကပြောပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်
ပြိုင်ခဲ့တဲ့သီပေါအမတ်ကလည်း မနေ့က ကျောင်းတွေဖွင့်ခဲ့ပေမယ့် ဒီနေ့တော့အခက်အခဲတချို့ရှိနေပြီး ညှိနှိုင်းနေတယ်လို့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။ လက်
ရှိဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ ဒေသခံပြည်သူတွေအပေါ် စေတနာမဲ့တယ်လို့မြို့ခံတွေကဝေဖန်ပါတယ်။
“အဲဒီဒေသကကိုးကန့် ထိန်းချုပ်ထားတာဆိုပေမယ့် စစ်တပ်ကကျောင်းတွေဖွင့်ခွင့်ရထားတာကနေ လုံခြုံရေးအကြောင်းပြပြီးပိတ်လိုက်တာ။ ကလေးတွေအကုန်ဒုက္ခရောက်ကုန်တယ်။အဲ့ဒီတော့ ကိုးကန့်က ပြန်ဖွင့်မယ်လို့လုပ်ခါမှ စစ်တပ်က ရောက်လာပြန်တယ်။ စေတနာရှိလို့ ကျောင်းလာဖွင့်ပေးတာမဟုတ်ဘူး။ နယ်မြေတွေလက်လွှတ်ရမှာစိုးလို့ လာဖွင့်တာ”လို့ သီပေါဒေသခံတစ်ဦးကပြောပါတယ်။
ဒီဖြစ်ရပ်ကတရုတ်အစိုးရရဲ့ ဖိအားကြောင့် အပစ်ရပ်ပြီး နယ်မြေတွေကိုထိန်းချုပ်နိုင်ရေးအတွက် တိုးတိုးကြိတ်ကြိတ်ဆွေးနွေး နေတာကနေ နှစ်ဘက်ကြား ပြဿနာတွေရှိနေတာကို လူသိရှင်ကြားဖြစ်စေတဲ့ ဒုတိယမြောက် ဖြစ်
ရပ်ပါ။လူသိခဲ့တဲ့ပထမဖြစ်ရပ်ကသီပေါ
-လားရှိုးလမ်းပိုင်းမှာရှိတဲ့ ဒုဌဝတီတံတား နယ်မြေလုပွဲပါ။
https://www.ludunwayoo.com/feature-mm/2026/09/01/167147/

LuduNwayOo
MNDAA နဲ့ စစ်တပ်ရဲ့ အာဏာပြိုင်ပွဲ | LuduNwayOo
နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။
👍42❤9👏7😁4🤣2🔥1
မန္တလေးမြို့က ရပ်ကွက်ဓမ္မာရုံတစ်ခုမှာ လူ
လတ်ပိုင်းအမျိုးသမီးတွေနဲ့လူကြီးပိုင်း အမျိုး
သမီးကြီးတွေ စုဝေးကာ ထိုင်နေကြတယ်။ သူတို့ဘေးနားမှာတော့ အရွယ်ကောင်း သား
ယောကျာ်းလေးတချို့ကပ်ထိုင်နေတယ်။ စစ်
မှုထမ်းမဲနှိုက်ဖို့အတွက် သားအမိတွေ ရောက်
လာကြတာပါ။ သားတွေကော မိခင်တွေပါ မျက်နှာတွေ မကောင်းလှဘူး။
အသက် ငါးဆယ်ကျော်အရွယ် မိခင်တစ်ယောက်ဆိုရင် စကားတောင်မပြောနိုင်ဘူး။ သူ့သားကလေး နံပါတ်စဥ် စောစောမပေါက်ရအောင် ရသမျှ ဘုရားစာတွေ တတွတ်တွတ် ရွတ်ဆိုနေခဲ့တယ်။နာမည်ခေါ်လိုက် အမှတ်စဥ် အော်လိုက် အသံကြားထဲမှာ မိခင်တွေဟာ ရင်တွေ ဗလောင်ဆူနေခဲ့ပါတယ်။
မန္တလေးမြို့မှာ သားတွေ စစ်မှုထမ်းဖို့ မိခင်တွေကိုယ်တိုင် မဲနှိုက်ပေးနေရပြီး မိခင်တွေ စိတ်သောကရောက်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
“နံပါတ်စဥ် စောကျတဲ့သူတွေဆို မအေတွေ ငိုယိုနေကြတာ”လို့ မဲနှိုက်ခဲ့တဲ့ရပ်ကွက်တစ်ခုက မိခင်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ရောဂါအခံရှိတဲ့ မိခင်တွေဆိုရင် သွေးတိုးတာ၊ မူးလဲကျတာတွေပါ ဖြစ်ပွားနေတယ်လို့ ဒေသ
ခံတွေက ပြောပါတယ်။
သြဂုတ်လမှာ မန္တလေးမြို့က ချမ်းမြသာစည် နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်းနီး
ပါးစစ်မှုထမ်းဖို့ မဲနှိုက်နေရပြီးမိခင်တွေကိုယ်
တိုင် မဲနှိုက်ပေးနေရတဲ့အတွက် စိတ်သောကတွေရောက်နေရတာပါ။လာရောက်မဲနှိုက်ခြင်းမရှိတဲ့ မိဘတွေကိုတော့ ၎င်းတို့ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မဲနှိုက်သွားမယ်လို့ ကြေညာ ခြိမ်းခြောက်ပါတယ်။ မိခင်တွေလည်း သွားလည်းနားမထောင်ရဲသလို မသွားရင်လည်း ဖြစ်ချင်သလိုဖြစ်သွားမှာ စိုးရိမ်ကြတာကြောင့်အရဲစွန့်သွားခဲ့ကြရတယ်လို့ မိခင်တွေက ပြောပါတယ်။
မဲနှိုက်တဲ့အခါ ပြည်တွင်းမှာရှိတဲ့သားတွေအပြင် ပြည်ပရောက်နေတဲ့ သားတွေအတွက်ပါစစ်တပ်က ဖိအားပေး မဲနှိုက်ခိုင်းနေတာပါ။
အာဏာသိမ်းစစ်တပ်ဟာရပ်ကွက်တွေထဲ စစ်မှုထမ်း မဲနှိုက်တာအပြင် ပေါ်တာဆွဲတာကိုလည်း မရပ်ပါဘူး။ မန္တလေးမြို့ပေါ်မှာနေ့ရောညပါ စစ်မှုထမ်း (စမထ) ဆွဲဖမ်းဆီးမှုများပြားနေပြီးအရင်လိုငွေပေးရွေးရန်မလွယ်ကူတော့ဘူးလို့စုံစမ်းသိရပါတယ်။အိမ်စီကားတွေနဲ့ ပြန်ပေးဆွဲသလို ဖမ်းဆီးနေကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ မန္တလေးတိုင်းထဲက ဝမ်းတွင်း၊ ညောင်ဦး၊ကျောက်ပန်းတောင်းနဲ့ရန်ကုန်တိုင်း
ကမြို့နယ်တွေမှာလည်းပေါ်တာဆွဲမှုတွေဆက်တိုက်ပြုလုပ်နေတာပါ။
https://www.ludunwayoo.com/feature-mm/2026/09/02/167196/

သားတွေအတွက် စစ်မှုထမ်းမဲနှိုက်ပေးရတဲ့ မိခင်တွေရဲ့သောက | LuduNwayOo
မန္တလေးမြို့က ရပ်ကွက်ဓမ္မာရုံတစ်ခုမှာ လူလတ်ပိုင်းအမျိုးသမီးတွေနဲ့လူကြီးပိုင်း အမျိုးသမီးကြီးတွေ စုဝေးကာ ထိုင်နေကြတယ်။ သူတို့ဘေးနားမှာတော့ အရွယ်ကောင်း သားယောကျာ်းလေးတချို့ ကပ်ထိုင်နေတယ်။ စစ်မှုထမ်းမဲနှိုက်ဖို့အတွက် သားအမိတွေ ရောက်လာကြတာပါ။ သားတွေကော မိခင်တွေပါ…
😢32🔥3💔3❤2👍2👎2🤣1🖕1
ရုရှားအစိုးရကဆောင်ရွက်မယ့်ထားဝယ်အ
ထူးစီးပွားရေးဇုန် (Dawei Special Economic Zone-SEZ) စီမံကိန်းအနီးတစ်ဝိုက်မှာ စစ်ကောင်စီကအကြီးစားစစ်ဆင်ရေးတွေလုပ်နေပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေလို့ ဒေသခံထောင်ပေါင်းများစွာ ထွက်ပြေးနေကြရတယ်လို့ Fortify Rightsက ထုတ်ပြန်ပါတယ်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ အဲ့ဒီစီမံကိန်းနယ်မြေတစ်ဝိုက်မှာ အရပ်သားတွေကို ဖမ်း
ဆီးညှဉ်းပန်းနှိပ်စက်ခြင်း၊သတ်ဖြတ်ခြင်းနဲ့ ကျေးရွာတွေ၊ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့Fortify Rightsအဖွဲ့ကသက်သေအ
ထောက်အထားတွေနဲ့အတူစုံစမ်းဖော်ထုတ်လိုက်တာပါ။
၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေတဲ့ The Ants အဖွဲ့ဝင် သုံးဦးအပါအဝင် အနည်း
ဆုံး အရပ်သား ငါးဦး သတ်ဖြတ်ခံရပြီး ဒေ
သခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်
ပြေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
The Ants (Humanitarian Aids Team-
Tanintharyi ) အဖွဲ့က အဖွဲ့တာဝန်ခံ ကိုအယ်သာ၊ ဘဏ္ဍာရေးမှူး ကိုလီယွန်၊ စီမံကိန်း ညှိ
နှိုင်းရေးမှူး ကိုသားငယ်နဲ့ ဒေသခံအမျိုးသားတစ်ဦးကို စစ်အုပ်စုက ဇူလိုင်လ ၉ ရက်မှာ ဖမ်းဆီးသွားပြီး သတ်ဖြတ်တာလို့ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်
သက်လို့ Fortify Rightsကလည်း သက်သေ
၄ ဦးကို တွေ့ဆုံမေးမြန်းပြီး စုံစမ်းဖော်ထုတ်အတည်ပြုထားပါတယ်။
The Antsအဖွဲ့ကိုဒေသခံလူငယ်တွေက ၂၀၂၄ ခုနှစ်အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ်ကူညီထောက်ပံ့ခြင်း၊ မြေမြှုပ်မိုင်းနဲ့ လေ
ကြောင်းတိုက်ခိုက်မှုအန္တရာယ်များအကြောင်း အသိပညာပေးခြင်းတွေ လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
“ကျွန်တော်ကိုယ်တိုင်အလောင်းတွေကို မြင်ခဲ့တာ။သူတို့လည်ပင်းတွေ လှီးခံထားရတယ်။ မျက်နှာတွေကလည်းရိုက်ခံထားရလို့ ကြေမွနေတာပဲ။သူတို့အမြဲဝတ်နေကျအဝတ်အစားတွေကိုကြည့်ပြီးတော့ပဲ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားနိုင်ခဲ့တာ” လို့ ကိုအယ်သာအပါ
အဝင်လေးဦးသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး CDM ကျောင်းဆရာတစ်ဦးဖြစ်သူလီယိုက Fortify Rightsကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အရပ်သားတစ်ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးလည်း ကိုလီယိုက “သူ့ကို တခြားရွာတစ်ရွာကနေ ဖမ်းလာပြီးPDFယူနီဖောင်းဝတ်ပေးထားတာ။သူက အနောက်ဆန်းချီရွာက ရွာသားပါ။ ခြံတစ်ခြံမှာ အလုပ်လုပ်တယ်။ သူ့ကို ကြိုးတုပ်ထားပြီး နားကို သေနတ်နဲ့ ပစ်သတ်ထားတာ” လို့ ထပ်မံပြောဆိုထားပါတယ်။
ဒီဖြစ်စဉ်မှာ The Ants အဖွဲ့ဝင် သုံးဦး ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ Fortify Rights က ဖော်ပြထားပါတယ်။ The Ants အဖွဲ့ဝင်တွေ ဖမ်းဆီးခံရချိန်က လက်ပ်တော့၊ ဖုန်းနဲ့ အလုပ်ဆိုင်ရာအချက်အလက်တွေ သိမ်းထားတဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေလည်းစစ်တပ်လက်ထဲပါသွားလို့နောက်
ဆက်တွဲလုံခြုံရေးအခြေအနေကိုစိုးရိမ်နေရတယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေကပြောထားပါတယ်။
https://www.ludunwayoo.com/feature-mm/2026/09/02/167234/

လူမိုက်ကမင်းအောင်လှိုင်၊ အဖော်က ပူတင် | LuduNwayOo
ထားဝယ်အထူးစီးပွားရေးဇုန်ထဲက စစ်ရာဇဝတ်မှုများ
💩17❤8🤬6🤮3🤣3👏2👎1🔥1🖕1
ရွှေကူ-ဗန်းမော်ကြားတိုက်ပွဲ စစ်သင်္ဘော ၃စီး တိုက်ခိုက်သိမ်းပိုက်ပြီး ၂စီး အလံဖြူထောင်၊ စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းမိဟု KIA ပြော
စက်တင်ဘာ ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရွှေကူမြို့ကနေ ဗန်းမော်မြို့ကိုဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောအချို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၂ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။
စစ်တင်ဘာ ၂ရက်က ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာ နဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား အကြားမှာ တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၁စီးရေထဲမြုပ်သွားပြီး ၁စီး မီးလောင်ပျက်စီးသွားကြောင်း ၊စင်းခန်း တံတားအောက်မှာ စစ်သင်္ဘော ၁စီးထပ်မံ တိုက်ခိုက်ခံရပြီး နောက်ထပ် သင်္ဘော ၂စီးကလည်း ကမ်းစပ်နားကပ်လာကာ အလံဖြူထောင် အဖမ်းခံလိုက်ရကြောင်း ဖော်ပြခဲ့တာပါ။
ဒ့ါအပြင် လုံခြုံရေးယူပေးတဲ့ စစ်တပ်ရဲ့ စပိဘုတ် ၂ စီးကိုလည်း KIA ပူးပေါင်းတပ်များက စင်းခန်းတံတားအထက် မြလယ်နားမှာ လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်သင်္ဘောမှာ လိုက်ပါလာတဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ကိုလည်း KIA ပူးပေါင်းတပ်များက ဖမ်းဆီးရမိထားတယ်လို့ အတည်ပြုပါတယ်။
ရွှေကူနဲ့ စင်းခန်းတံတားအကြား ဇင်းဘုံကျေးရွာမှာ နေရာယူထားတဲ့ စစ်တပ်ကို KIA ပူးပေါင်းတပ်က ဩဂုတ် ၂၉ရက်နဲ့ ၃၀ရက်မှာ တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့ကြောင်းဖော်ပြပါတယ်။
ဇင်းဘုံကျေးရွာက ဒုတိယမြစ်ကျဉ်း အရှေ့ဘက်ကမ်းမှာ တည်ရှိပြီး စစ်တပ်ရဲ့ အမြဲတမ်း အခြေစိုက်စခန်းမဟုတ်ဘဲ မြစ်ကြောင်းအတိုင်း ဆန်တက်လာမယ့် စစ်သင်္ဘောတွေ လုံခြုံရေးအတွက် ရွှေကူမြို့ဘက်ကနေ စက်လှေငယ်တွေနဲ့ အင်အားဖြည့်တင်းကာ အခိုင်အမာနေရာယူထားတဲ့ စခန်း ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ သင်္ဘောလမ်းကြောင်းပွင့်ရေးအတွက် ဩဂုတ် ၃၀ရက် တရက်တည်းမှာ ဒုတိယမြစ်ကျဉ်း အရှေ့ဘက်နဲ့ အနောက်ဘက် မြစ်ကမ်းဘေးတလျှောက်ကို လေကြောင်းက ဗုံး ၂၈ကြိမ် ကြဲချတိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြပါတယ်။
KIA ပူးပေါင်းတပ်ဟာ ကချင်ပြည်နယ်ကို ရေကြောင်းအတိုင်း အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သင်္ဘောအုပ်စုကို အခုနှစ်မှာ မနှစ်ကထက် ပိုမိုအထိနာအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ KIA စစ်ရေးသတင်းတွေ ဖော်ပြနေတဲ့ 7Stars News ရဲ့စက်တင်ဘာ ၂ရက် အသိပေးထားပါတယ်။
၂၀၂၅မှာ စစ်တပ်က ဗန်းမော်စစ်မျက်နှာကို စစ်ကူရိက္ခာများပို့ဆောင်စဉ် စစ်သင်္ဘော ၅စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီး အခု ၂၀၂၆ မှာတော့ စစ်တပ်သင်္ဘော ၉စီးအထိ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#စစ်သင်္ဘောအုပ်စု#KIA#စစ်သုံ့ပန်း

👍26❤7👏3🤣2🥰1👌1🖕1
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအထွေထွေအကျပ်အတည်းတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် ဆိုးရွားစွာ သက်ရောက်
■ပြည်တွင်းနေထိုင်သူ ၈၀၀ကျော်မေးထားတဲ့စစ်တမ်းရဲ့အစိုးရိမ်ရဆုံးတွေ့ရှိချက်မှာဖြေဆိုသူအားလုံးနီးပါးမျှော်လင့်ချက်ပျောက်ဆုံးဟုခံစားနေကြရ
စက်တင်ဘာ-၂၊၂၀၂၆။ဇေအောင်/People's Spring
မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက်
ပိုင်း ဖြစ်ပေါ်လာတဲ့ ဘက်ပေါင်းစုံ အကျပ်
အတည်းတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိနေကြောင်းစိတ်ကျန်းမာရေးအထောက်အ
ပံ့ပေးရေးအဖွဲ့ဖြစ်တဲ့“Narrative Power”အဖွဲ့အစည်းရဲ့ စစ်တမ်းမှာဖော်ပြထားပါတယ်။
Narrative Powerဟာမြန်မာနိုင်ငံမှာစစ်အာ
ဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာခဲ့တဲ့ နိုင်
ငံရေး၊လူမှုရေး၊စီးပွားရေးအကျပ်အတည်း
များနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် သက်
ရောက်လာတဲ့ ထိခိုက်မှုတွေကို ကုစားလျှော့
ချနိုင်ဖို့၊ ကူညီဖို့ စတင်တည်ထောင်ခဲ့တဲ့ စိတ်
ကျန်းမာရေးအထောက်အပံ့ပေးရေးအဖွဲ့အ
စည်းတစ်ခုဖြစ်ပါတယ်။
၎င်းအဖွဲ့က ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်အထိ ၈ လအတွင်း မြန်မာနိုင်ငံအတွင်းနေထိုင်သူ ၈၁၄ ဦးရဲ့ စစ်
တမ်းအချက်အလက်တွေကို အခြေခံပြီး နိုင်
ငံရေးပဋိပက္ခ၊ စစ်အာဏာသိမ်းမှု၊ စစ်မှုထမ်းဥပဒေ၊စီးပွားရေးအခက်အခဲ၊ပညာရေးလက်
လှမ်းမမီမှု၊လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်ခံရမှု နဲ့သဘာဝဘေးအန္တရာယ်တို့
က စိတ်ကျန်းမာရေးပေါ် ဖြစ်ပေါ်စေတဲ့သက်
ရောက်မှုတွေကိုလေ့လာထားတာဖြစ်ပါတယ်။
လေ့လာချက်အရနိုင်ငံရေးပဋိပက္ခနဲ့ စစ်အာ
ဏာသိမ်းမှုဟာပျမ်းမျှရမှတ်၄.၄၄မှတ်နဲ့ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် အမြင့်ဆုံး သက်ရောက်မှုရှိတဲ့ဖိအားအဖြစ်ထွက်ပေါ်လာတယ်လို့အစီရင်ခံစာအရသိရပါတယ်။ဒါ့အ
ပြင်ပညာရေးလက်လှမ်းမမီမှုနဲ့စစ်မှုထမ်းဥ
ပဒေတို့ဟာ ၄.၁ မှတ်နဲ့ တတိယအမြင့်ဆုံးဖြစ်နေခြင်းကလူငယ်တွေရဲ့ပညာရေးဆက်လက်သင်ယူခွင့်၊ အနာဂတ်အလုပ်အကိုင်အခွင့်အ
လမ်းတွေအပေါ် စိုးရိမ်မှု ကြီးမားနေကြောင်းနဲ့ မတရားစစ်မှုထမ်းခိုင်းမှုကြောင့် စိတ်ကျန်း
မာရေး မြင့်မားစွာထိခိုက်နေကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဤရလဒ်ဟာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ပဋိပက္ခ အခြေအနေတွေကလူထုရဲ့လုံခြုံရေး၊ စီးပွား
ရေး၊ လူမှုဆက်ဆံရေးနဲ့ အနာဂတ်မျှော်မှန်းချက်တွေကို ကျယ်ပြန့်စွာထိခိုက်စေကြောင်း ပြသနေတယ်လို့အစီရင်ခံစာမှာဖော်ပြပါတယ်။
ကျား/မ အုပ်စုများအလိုက် နှိုင်းယှဉ်ချက်အရ နိုင်ငံရေးနဲ့ စစ်ဖက်ဆိုင်ရာ ပဋိပက္ခတွေမှာ အမျိုးသားတွေရဲ့ ထိခိုက်မှုပျမ်းမျှရမှတ် (၄.၆၄)ဟာ အမျိုးသမီးများ (၄.၂၂) ထက် ပိုမိုမြင့်မားနေပြီး စီးပွားရေးနဲ့ စစ်မှုထမ်းဥပ
ဒေဆိုင်ရာ ဖိအားတွေမှာလည်းအမျိုးသားများက ပိုမိုခံစားနေရကြောင်း တွေ့ရှိရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဖြေဆိုသူတွေထဲမှာအမျိုးသမီး၅၄ရာခိုင်နှုန်း၊
အမျိုးသား ၄၄ ရာခိုင်နှုန်းနဲ့ အခြားအုပ်စု ၂ ရာခိုင်နှုန်း ပါဝင်ပြီး အများစုမှာ အသက် ၂၆ မှ ၃၅ နှစ်ကြား လူငယ်နဲ့ အလုပ်လုပ်နိုင်တဲ့ အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
စစ်တမ်းရဲ့အထင်ရှားဆုံးနဲ့အစိုးရိမ်ရဆုံး တွေ့ရှိချက်မှာ ဖြေဆိုသူအားလုံးနီးပါး မျှော်လင့်
ချက်ပျောက်ဆုံးမှုကို အလွန်အမင်း သို့မ
ဟုတ် အလွန်အကျွံ ခံစားနေရကြောင်း Narrative Power ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မျှော်လင့်ချက်ပျောက်ဆုံးခြင်းဟာ စစ်တမ်းရဲ့ အထင်ရှားဆုံး တွေ့ရှိချက်ဖြစ်ကြောင်း၊ ဖြေဆိုသူ ၄၄၅ ဦး (၅၅%) ဟာ “အလွန်အမင်းခံစားရသည်”လို့ ဖော်ပြခဲ့ပြီး၊ ၃၆၉ ဦး (၄၅%) ဟာ “အလွန်ခံစားရသည်”လို့ ဖြေဆိုကြောင်း၊တစ်နည်းအားဖြင့် ဖြေဆိုသူအားလုံးဟာမျှော်လင့်ချက်ပျောက်ဆုံးမှုကို အနည်းဆုံး “အလွန်ခံစားနေရသည်”လို့ ဆိုနိုင်ကြောင်း အစီရင်ခံက အသိပေးပါတယ်။
ဒါ့အပြင်ဖြေဆိုသူတွေရဲ့ ၄၃ ရာခိုင်နှုန်းမှာ စိုး
ရိမ်စိတ်ကိုမကြာခဏသို့မဟုတ်ဆက်တိုက်
ခံစားနေရပြီး ၃၅ ရာခိုင်နှုန်းမှာ စိတ်ကျရောဂါလက္ခဏာတွေကို ထပ်ခါတလဲလဲ ကြုံ
တွေ့နေရကာ ၂၉ ရာခိုင်နှုန်းမှာအိပ်စက်မှုပြဿနာများ ရှိနေတယ်လို့ ဆိုပါတယ်။
ပြည်သူအများစုဟာ စိတ်ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကို လုံလောက်စွာ ရရှိနိုင်ခြင်း မရှိကြောင်း၊ စစ်တမ်းမှာ ဖြေဆိုသူတွေရဲ့ ၈၅ ရာခိုင်နှုန်း (အနည်းငယ်သာရရှိနိုင်သူ ၅၃% နှင့် လုံးဝမရရှိနိုင်သူ ၃၂%) က စိတ်ကျန်းမာရေးအကူအညီ လုံလောက်စွာ မရရှိကြောင်း ဖော်ပြထားပါတယ်။
ဤအချက်ဟာ စိတ်ကျန်းမာရေးကူညီထောက်ပံ့မှုလိုအပ်ချက်မြင့်မားနေချိန်မှာ လုံ
ခြုံစိတ်ချရတဲ့ဝန်ဆောင်မှုတွေ၊အကြံပေးဆွေးနွေးမှုတွေ၊အကူအညီတွေနဲ့ရပ်ရွာအခြေ
ပြုထောက်ပံ့ရေးစနစ်တွေမလုံလောက်သေး
ကြောင်း ညွှန်ပြနေတယ်လို့ အစီရင်ခံစာမှာ ထောက်ပြပါတယ်။
ယခုလေ့လာတွေ့ရှိချက်အရစိတ်ကျန်းမာရေးပြဿနာဟာ တစ်ဦးချင်းရဲ့ သီးခြားပြဿနာမဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအ
နေတွေ ပေါင်းစပ်ဖြစ်ပေါ်စေတဲ့လူမှုကျန်းမာ
ရေးအကျပ်အတည်းတစ်ခုဖြစ်ကြောင်း ထင်
ရှားစေတယ်လို့Narrative Power ကထောက်ပြပါတယ်။

👍20😢7🔥1💯1🤣1
စစ်အာဏာသိမ်းမှုနဲ့ နိုင်ငံရေးပဋိပက္ခတွေရဲ့ ရမှတ်တွေ မြင့်မားနေတာဟာ ပြည်သူတွေရဲ့ လုံခြုံရေးစိုးရိမ်မှု၊ မိသားစုဝင်ဆွေအပေါ် စိုးရိမ်ရမှု၊ နေထိုင်ရေးမတည်ငြိမ်မှုနဲ့ အနာ
ဂတ်မသေချာမှုတို့ကြောင့် ဖြစ်နိုင်ကြောင်း Narrative Power က ဆိုပါတယ်။
ပညာရေးအခက်အခဲနဲ့ စီးပွားရေးအခက်အခဲတွေကလည်း လူငယ်တွေအတွက် ဘဝတိုး
တက်ရေးလမ်းကြောင်းတွေကိုကန့်သတ်သ
ကဲ့သို့ ခံစားရစေပြီး မျှော်လင့်ချက်ပျောက်
ဆုံးမှုကို ပိုမိုပြင်းထန်စေတယ်လို့ Narrative Power က အစီရင်ခံစာမှာ ရေးသားပါတယ်။
ဖြေဆိုသူအားလုံးက မျှော်လင့်ချက်ပျောက်
ဆုံးမှုကို အလွန် သို့မဟုတ်အလွန်အမင်းခံစားရတယ်လို့ ဖော်ပြထားတာဟာ အထူးစိုးရိမ်ဖွယ်ရာဖြစ်ကြောင်း၊ဤရလဒ်ကို စိတ်ကျန်း
မာရေးရောဂါအတည်ပြုချက်အဖြစ် မသတ်
မှတ်နိုင်သော်လည်း၊ လူထုအတွင်း စိတ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်ပင်ပန်းနွမ်းနယ်မှုနဲ့ အနာဂတ်အပေါ် အားလျော့မှုတို့ အလွန်ကျယ်ပြန့်နေကြောင်း ပြသတဲ့အရေးကြီးတဲ့ အချက်ပြတစ်ရပ်ဖြစ်ကြောင်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ဒါ့အပြင် စိတ်ကျန်းမာရေးအကူအညီကို မလုံလောက်ဟု ဖြေဆိုသူ ၈၅ ရာခိူင်နှုန်း ရှိနေတာဟာ စိတ်ကျန်းမာရေးဝန်ဆောင်မှုစနစ်ကို ချဲ့ထွင်ဖို့ အရေးကြီးလိုအပ်ကြောင်း ဖော်ပြနေကြောင်း၊ဝန်ဆောင်မှုတွေဟာ မြို့ပြဒေသတွေမှာ သာမက ဒေသအသီးသီးသို့ပါ ရောက်ရှိနိုင်ဖို့၊ကုန်ကျစရိတ်သက်သာဖို့၊ လျှို့ဝှက်မှုနဲ့လုံခြုံမှုရှိဖို့၊ဒေသဘာသာစကားနဲ့ယဉ်ကျေး
မှုအခြေအနေကိုနားလည်တဲ့ပုံစံနဲ့ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အစီရင်ခံစာမှာ အကြံပြုထားပါတယ်။
ယခုလေ့လာမှုဟာ ဖြေဆိုသူ ၈၁၄ ဦးရဲ့ စစ်
တမ်းဒေတာပေါ် အခြေခံပြီး မြန်မာနိုင်ငံရှိ လူငယ်နဲ့ အလုပ်လုပ်နိုင်သောအရွယ်အုပ်စုတွေမှာ စိတ်ကျန်းမာရေးဖိအားတွေကျယ်ပြန့်စွာရှိနေကြောင်း ဖော်ထုတ်ပြသခဲ့တာလို့ ဆိုပါတယ်။
နိုင်ငံရေးပဋိပက္ခနဲ့ စစ်အာဏာသိမ်းမှုဟာ အ
မြင့်ဆုံးသက်ရောက်မှုရှိတဲ့အကြောင်းရင်းတွေဖြစ်ပြီး၊ပညာရေးအခက်အခဲ၊စီးပွားရေးအခက်အခဲနဲ့ စစ်မှုထမ်းဥပဒေတို့လည်း ပြင်း
ထန်တဲ့ ဖိအားတွေအဖြစ် တွေ့ရှိရတယ်လို့ သိရပါတယ်။
မျှော်လင့်ချက်ပျောက်ဆုံးမှု မြင့်မားလာခြင်းနဲ့ စိတ်ကျန်းမာရေးအကူအညီမလုံလောက်ခြင်းတို့ဟာ အရေးပေါ်အာရုံစိုက်ရန်လိုအပ်တဲ့ အခြေအနေတွေဖြစ်ကြောင်း၊ ဒါ့ကြောင့် စိတ်ကျန်းမာရေးကို ကျန်းမာရေးကဏ္ဍတခုတည်းအဖြစ်မကြည့်ဘဲ လူမှုကာကွယ်စောင့်
ရှောက်ရေး၊ ပညာရေး၊ အလုပ်အကိုင်၊ လူ့အခွင့်အရေးနဲ့ လုံခြုံရေးဝါဒတွေနဲ့ ပေါင်းစပ်ပြီး ဖြေရှင်းဖို့ လိုအပ်နေကြောင်း Narrative Power အဖွဲ့ကက တိုက်တွန်းထားပါတယ်။
#စိတ်ကျန်းမာရေး #Narrativepower
#People'sspring #လူထုနွေဦး

👍25😢5❤3🔥1💯1🤣1
ရန်ကုန်မှာ အမျိုးသား ၁ဦး ကား ၁စီးနဲ့ အတူ ထပ်ပျောက်ပြန်
စက်တင်ဘာ ၃၊ ၂၀၂၆။ ဟာနာဆန်/People's Spring
ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့ ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်မှာ အမျိုးသား ၁ဦး ကား ၁စီးနဲ့အတူ ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
မကွေးကျောင်းဆရာတော်လို့ လူသိများတဲ့ မဘသခေါင်းဆောင် ဦးပါမောက္ခရဲ့ Tiktok အကောင့်မှာ မြောက်ဥက္ကလာပမြို့နယ်မှာ ကား ၁စီးနဲ့ အမျိုးသား ၁ဦး ပျောက်ဆုံးသွားတဲ့အကြောင်း မိသားစုဝင်တွေက လာရောက်အကူအညီတောင်းခဲ့တဲ့ရုပ်သံကို "နောက်တစ်ယောက်လာပြန်ပြီဟေ့"ဆိုတဲ့စာသားနဲ့ တင်ခဲ့ပါတယ်။
စက်တင်ဘာ ၁ ရက် ည ၉ နာရီဝန်းကျင်က မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီရပ်ကွက်နားမှာ အသက် ၃၇ နှစ်အရွယ် ကိုအောင်စိုးမင်းဆိုသူဟာ ကားနံပါတ် BGO 34Q 5624 Hi Jet အဖြူရောင်ကားနဲ့ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်ကြောင်း မိသားစုဝင်တွေက ဆရာတော်ကို လျှောက်ခဲ့ပါတယ်။
" မိဘတွေက အလွန်အင်မတန်စိတ်ပူနေပါတယ်။ မတရားဖမ်းဆီးထားတဲ့ ပုဂ္ဂိုလ်တွေလည်း သားသမီးချင်းကိုယ်ချင်းစာ၊ ညီအကိုမောင်နှမ မိသားစုချင်း ကိုယ်ချင်းစာပြီးတော့ မောင်အောင်စိုးမင်း မိမိတို့၏ ရောက်တဲ့အရပ်ကနေပြီးတော့ ...အမြန်ဆုံးပြန်လည်ဆက်သွယ်ပါ။ ဘုန်းကြီးက သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက်ိုလည်းပဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အမြန်ဆုံးပြန်လည်ပြီး ပို့ဆောင်ပေးဖို့ မေတ္တာရပ်ခံပါတယ်"လို့ ဦးပါမောက္ခက မိန့်ပါတယ်။
ပျောက်ဆုံးသူမှာ ငွေကျပ် ၁၅ သိန်းခန့်ပါသွားပြီး ဝေဘာဂီရဲစခန်းနဲ့ မင်္ဂလာဒုံရဲစခန်းကိုပါ တိုင်ကြားထားတယ်လို့ သိရပါတယ်။
မနေ့က စက်တင်ဘာ ၂ ရက် မနက်ပိုင်းကလည်း သာကေတမြို့နယ်၊ မြင်တော်သာလမ်းမကြီးပေါ်မှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေးကို လူတစ်စုက စက်ဘီးတားဆီးပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် ကျောင်းသားဟာ ထွက်ပြေးလွတ်မြောက်ခဲ့ပါသေးတယ်။
ရန်ကုန်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုဆိုးရွားလာနေပြီး စစ်တပ်ခန့်ရပ်ကွက်အုပ်ကြီးတွေကို ၁ရက် လူ ၅ ဦး ပေါ်တာဆွဲပေးရမယ်လို့ ဖိအားပေးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အင်းစိန်မြို့နယ်မှာလည်း အရံမီးသတ်အရာရှိ နေအိမ်မှာ အချုပ်ခန်းပြုလုပ်ပြီး လူငယ်တွေကို စစ်တပ်ထံ ရောင်းစားဖို့ ချုပ်နှောင်ထားတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Chinland FC အသင်းကဘောလုံးသမား ၁ဦး နေအိမ်ပြန်လာစဥ် မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တစ်ပတ်ကြာတဲ့အထိ အဆက်အသွယ်မရဘူးလို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။နောက်ပိုင်းမှာ အဆက်အသွယ်ရ ပြန်တွေ့ပြီလို့ အသင်းကထုတ်ပြန်ခဲ့ပေမယ့် ဘောလုံးသမားကိုလူတစ်စုကဖမ်းခေါ်သွားတာကြောင့် နေပြည်တော် အမြန််လမ်းဘက်ကို သွားခေါ်ခဲ့ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိသူအချို့ကပြောပါ
တယ် ။
ဒါ့အပြင် MFF Futsal League(1) မှာ ကစားနေတဲ့ Gold Dream FC အသင်းက ကစားသမား ၂ဦးလည်း ပျောက်ဆုံးနေတာ ၁၀ရက်ကျော်ကြာရှိပြီဖြစ်တယ်လို့ အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီးစက်တင်ဘာမှာလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်းပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ရန်ကုန်မြို့#ပေါ်တာဆွဲဖမ်းဆီး#လူပျောက်
#စစ်မှုထမ်း

🤬35❤7👍3🔥2👎1👏1
ဇင်းဘုံနဲ့ စင်းခန်းတံတားမှာ မြေပြင်တိုက်ပွဲ ပြင်ထန်နေ
စက်တင်ဘာ ၃၊၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးဝန်းကျင်နဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား အနီးတွေမှာ ဒီကနေ့ စက်တင်ဘာ ၃ရက်မနက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာ ၂ရက်က ရွှေကူ-ဗန်းမော်မြို့နယ်အကြား ရေကြောင်း တိုက်ပွဲမှာ စစ်သင်္ဘောတွေ ထိခိုက်ဆုံးရှုံးမှုများပြားပြီး သေဆုံး၊ ဒဏ်ရာရနဲ့ လက်နက်ချသူများခဲ့တဲ့ စစ်တပ်ဟာ ဒီကနေ့မှာ ဇင်းဘုံဘက်ကို မြေပြင်ထိုးစစ်ဆင်သလို စင်းခန်းတံတားနေရာကိုလည်း လက်ကျန်သင်္ဘောနဲ့ ကမ်းကပ်ပြီး ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။
“မြေပြင်ထိုးစစ်ကတော့ဇင်းဘုံမှာ။ ဇင်းဘုံမှာ မြေပြင်ထိုးစစ်ဆင်ပြီးတော့ အကြီးအကျယ် တိုက်ပွဲဖြစ်နေတယ်။ စင်းခန်းတံတားမှာတော့ လက်ကျန်သင်္ဘောက တံတားအောက် ကမ်းကပ်လာတာ။ ကမ်းကပ်လာတော့ ကျနော်တို့ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာ။” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
တဖက်မှာလည်း ဗန်းမော်မြို့အနီး ရေနီဒေသမှာ ကမ်းကပ်ရပ်နားခဲ့တဲ့ လက်ကျန် စစ်သင်္ဘောတွေဟာလည်း ဗန်းမော်မြို့ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ပြောပါတယ်။
စစ်တပ်ဟာ စင်းခန်းတံတားကို သိမ်းပိုက်ထိန်းချုပ်လိုပြီး စစ်ရေးလှုပ်ရှားမှုတွေ အရင်ကတည်းက လုပ်ဆောင်နေတာဖြစ်ပါတယ်။ အလားတူ သင်္ဘောလမ်းကြောင်း လုံခြုံရေး အရေးပါတဲ့ ဇင်းဘုံကိုလည်း စစ်တပ်ဟာ ရွှေကူမြို့ကနေ စက်လှေငယ်တွေအသုံးပြု ကမ်းကူကာ စစ်ရေးလှုပ်ရှားနေလို့ ပြီးခဲ့တဲ့ တပတ်အတွင်း KIAနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။
ကချင်ဒေသ စစ်ရေးအခြေအနေတွေ သိရနိုင်ဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်နေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#KIA#စစ်သင်္ဘောအုပ်စု#ကချင်
#စင်းခန်းတံတား

👏30👍9❤8🔥2👎1🥰1🤬1
စစ်အုပ်စုသတ်ဖြတ်မှုများကြောင့် သြဂုတ်အတွင်း ကလေးငယ် ၂၅ ဦးအပါအဝင် ပြည်သူ ၂၀၀ ကျော် သေဆုံး
စက်တင်ဘာ ၃၊ ၂၀၂၆။ ဟာနာဆန်/People's Spring
စစ်အုပ်စုရဲ့ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုများနဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဩဂုတ်အတွင်း ကလေးငယ် ၂၅ ဦးအပါအဝင် ပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ စက်တင်ဘာ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပြိးခဲ့တဲ့ ဩဂုတ် တစ်လအတွင်း စစ်အုပ်စုဟာ နိုင်ငံဒေသ အသီးသီးက အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုပေါင်းများစွာကို စနစ်တကျ ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့ပြီး စုစုပေါင်း လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် (၅၂၈) မှု ကျူးလွန်ခဲ့တာကို မှတ်တမ်းကောက်ယူထားရှိနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးပါတယ်။
စစ်အုပ်စုဟာ တရားလက်လွတ်သတ်ဖြတ်မှု၊ အတင်းအဓမ္မဖမ်းဆီးမှုနဲ့ ကိုယ်ပိုင်ပစ္စည်းတွေ ဖျက်ဆိးခံရခြင်းတို့ အပါအဝင် ချိုးဖောက်မှုပေါင်းများစွာ ကျူးလွန်ခဲ့ပြီး မန္တလေးဒေသဟာ (၁၁၀) မှုနဲ့ အများဆုံး ချိုးဖောက်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အုပ်စု ကျူးလွန်တဲ့ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်တွေဟာ ဒေသ (၄)ခုမှာ (၈) မှု ဖြစ်ပွားခဲ့ပြီး ပြည်သူ ၆၈ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၇ ဦး ပါဝင်ခဲ့ကြောင်း NUG ရဲ့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။
ဒါ့အပြင် ဒေသ (၁၃) ခုမှာလည်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၃၀ အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံခဲ့ရပြီး စစ်ကိုင်းဒေသဟာ အဆိုးရွားဆုံး ခံခဲ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၃၉ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၁၈ ဦး ပါဝင်ခဲ့ကြောင်း NUG က ထပ်မံ အသိပေးပါတယ်။
သြဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာက တရားစခန်းလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ဟာ အဆိုးရွားဆုံးထဲ ပါဝင်ပြီး ယနေ့အထိ သေဆုံးသူ ၁၆ ဦးအထိ ရှိနေပြီး ၂၆ ဦးထက်မနည်း ဆေးကုသမှုခံယူနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
"ထိခိုက်သေဆုံးသူတွေက ယောဂီတွေများပါတယ်။ မြောင်နယ်တဝိုက် ရွာတွေကနေ လာပြီး တရားစခန်းဝင်ကြတဲ့ ယောဂီတွေပါ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လေကြောင်းဗုံးကြဲမှုတွေကြောင့် အရပ်သားနေအိမ် ၁၂၆ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၇ ခု၊ စာသင်ကျောင်း ၁၀ ကျောင်းနဲ့ ဆေးဘက်ဆိုင်ရာအဆောက်အအုံ ၄ ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေကို စနစ်တကျ မှတ်တမ်းတင်ထားကာ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေး စတဲ့ ဦးတည်ချက်တွေ လက်ကိုင်ထားပြီး ကျူးလွန်သူတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ်ရရှိပြီး တာဝန်ခံလာစေရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#စစ်တပ်#စစ်အုပ်စု#အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု
#ပြည်သူတွေသေဆုံး

🤬28❤5👎3👍2👏2😢2🎉1