People's Spring
60K subscribers
70.7K photos
1.21K videos
9 files
3.03K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ကနီမြို့နယ်၊ မုံရွာ-ချောင်းမ-ယာကြီး-ကလေးဝကားလမ်းမှာ ဧပြီ ၂၈ ရက်ကစပြီး စစ်ကြောင်းထိုးခဲ့ရာ စက်တင်ဘာ ၁ ရက်အထိ ၄လကျော် ကာလအတွင်း ကနီမြို့နယ်တွင်း ကျေးရွာပေါင်း (၃၅)ရွာ ရောက်ရှိခဲ့ပါတယ်။ အဲဒီစစ်ကြောင်း ရောက်ရှိချိန် လေကြောင်းပစ်ခတ်မှု ၂၂ ကြိမ်ထက်မနည်း ရှိခဲ့ပြီး လေကြောင်းပစ်ခတ်မှုကြောင့် အသက် ၂၆နှစ်၊ ၃၇နှစ်နဲ့ ၂၂ နှစ်အရွယ် အမျိုးသား ၃ ဦးနဲ့ အသက် ၅၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ အခြား အမျိုးသား ၂ ဦး သေဆုံးခဲ့ရကြောင်း ကနီမြို့နယ်က တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။ ဒါ့အပြင် ​စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့လို့ အသက်၇၈ နှစ် ၊ ၆၀နှစ် ၊ ၄၁နှစ် ၊၃၈နှစ် ၊ ၃၁ နှစ်၊ ၃၀ နှစ်၊ ၂၅ နှစ်စတဲ့ အမျိုးသား ၇ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

◾️၁၄ နှစ် အရွယ်မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ထွက်ပြေးနေသူကို နှစ်လကျော်အကြာမှာ ဖမ်းမိ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ရမ်းချောင်းဒေသမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီး ထွက်ပြေးလွတ်မြောက်နေခဲ့သူကို နှစ်လကျော်အကြာမှာ ဖမ်းဆီးရမိခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၇၇ တို့နဲ့ တရားစွဲတင်ထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က ရမ်းချောင်းဒေသမှာ ခြံစောင့်အငှားလုပ်ကိုင်နေသူရဲ့သမီးကို ခြံပိုင်ရှင်ဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဦးမောင်အေးလှက အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး အခုအခါ သူ့ကို မြောက်ဦးခရိုင်တရားရုံးမှာ တရားစွဲ တင်ထားတယ်လို့ ဆိုပါတယ်။ ဦးမောင်အေးလှဟာ နှစ်လကျော်ကြာထွက်ပြေးလွတ်မြောက်နေခဲ့ပြီး ဇူလိုင် ၃၀ ရက်မှာမှ ရဲတပ်ဖွဲ့က ဖမ်း ဆီးရမိခဲ့တာပါ။ သူဟာ ပြစ်မှုကျူးလွန်ခဲ့တာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုပြီး သူကျူးလွန်ခဲ့တာတွေကို တရားရုံးမှာ ဖြောင့်ချက်ပေးမယ်လို့ ပြောဆိုထားတယ်လို့လည်း ရဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

◾️တိုင်းနဲ့ပြည်နယ် ၆ခုက မြို့နယ်အချို့ မိုးကြီးပြီး ရေဘေးကြုံနေ

ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်က မြို့နယ်အချို့မှာ မိုးကြီးပြီး ရေဘေးနဲ့ မြေပြိုမှုဘေး ရင်ဆိုင်နေရပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့အပြင် ဒေသချင်းဆက်စပ်နေတဲ့ ချင်းပြည်နယ် တီးတိန်၊ ခိုင်ကမ်း၊ဟားခါးမြို့၊ ရန်ကုန်တိုင်းက လှည်းကူးမြို့၊ ပဲခူးတိုင်းက ပဲခူးမြို့၊ တနင်္သာရီတိုင်းက တနင်္သာရီ၊ ပုလောမြို့တွေနဲ့ ဧရာဝတီတိုင်းက မြို့နယ် ၇ခုထက်မနည်းမှာ ရေဘေးကြုံတွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီတိုင်းနဲ့ပြည်နယ်တွေမှာ မိုးကြီးနေတဲ့အပြင် မြစ်ရေတွေလည်းပုံမှန်ထက်မြင့်တက်နေပါတယ်။

◾️ဒုက္ခသည်တွေ မြန်မာဆီ ပြန်ပို့မယ့် မလေးရှားရဲ့ အစီအစဉ်နဲ့ လုံးဝမပတ်သက်ကြောင်း UNHCRပြော

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။ မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက်ကျရင် ပထမအသုတ်အဖြစ် မြန်မာဒုက္ခသည် ၁,၄၇၆ ဦးကို နေရပ်ပြန်ပို့မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။ အစောပိုင်းတုန်းက မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟ်က အာဏာသိမ်း မြန်မာစစ်တပ်ဟာ မလေးရှားကို ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ကို ပြန်လည် လက်ခံဖို့ သဘောတူထားကြောင်း မှတ်ချက်ပေးထားဖူးပါတယ်။ ပထမအသုတ် ပြန်ပို့မယ့်သူ ၁,၅၀၀ နီးပါးမှာ ရိုဟင်ဂျာဒုက္ခသည်အရေ အတွက် ဘယ်လောက် ပါဝင်မလဲ ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။ မလေးရှားမှာ ရောက်ရှိခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေ ပေါ်ပေါက်လာတဲ့နောက် မလေးရှားအစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်ပို့ဖို့ အားထုတ်လာတာ ဖြစ်ပါတယ်။ UNHCRကတော့ အဲဒီကိစ္စမှာ ပါဝင်ပတ်သက်မှု လုံးဝမရှိကြောင်း ငြင်းဆိုထားပြီး လက်ရှိ ပြည်တွင်းစစ် ဖြစ်ပွားပြီး နိုင်ငံရေး မတည်ငြိမ်တဲ့ မြန်မာဆီ ဒုက္ခသည်တွေကို ပြန်ပို့တာက သူတို့ရဲ့ လုံခြုံရေးအပေါ် ထိခိုက် ခြိမ်းခြောက်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

◾️သံအမတ်ကြီးဦးကျော််မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုဖို့ ဖားကန့်ပြည်သူတွေ တောင်းဆို
👍17🔥53🤣1🖕1
စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုမှာ ဖားကန့်မှော်လှည့်သပိတ်အဖွဲ့နဲ့ အတူ ပြည်သူတွေလည်း ပါဝင်ခဲ့ကြပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN credential committee ကဆက်လက်အသိအမှတ်ပြုဖို့ တောင်းဆိုခဲ့ကြတာပါ။ “Our UN Ambassador is HE U Kyaw Moe Htun” “Our UN Ambassador HE U Kyaw Moe Htun True Voice of Myanmar”စတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး လှုပ်ရှားမှုပြုလုပ်ခဲ့တာပါ။ ဒါ့အပြင် UN Credential Committee အနေနဲ့ စစ်တပ်က အမည်စာရင်းပေးထားတဲ့ သံအမတ်အတုကို အသိအမှတ်လုံးဝ မပြုဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
20👍5🔥2👏1🤣1🖕1
👍36🤣2🖕21🔥1😁1
နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAA
က ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

နေပြည်တော်ကိုဗဟိုပြုအာဏာတည်ထားတဲ့ အာဏာသိမ်းစစ်တပ်နဲ့အထူးဒေသ(၁)ရဲ့အဓိ
ပတိ MNDAA တို့ ဒီတကြိမ်ထိပ်တိုက်တွေ့တာက ရှမ်းစော်ဘွားတွေရဲ့ ဘူမိနက်သန် သီပေါနယ်မှာပါ။ရှီကျင့်ဖျင်ငြိုငြင်မှာစိုးကြတဲ့အတွက် နှစ်ဖက်စလုံးက သေနတ်ပြောင်းဝကနေ ကျည်မထွက်ရဲပေမယ့် နယ်မြေစိုးမိုးရေးကိုကျိတ်လုပ်ရင်း အသံတိတ်ဗုံးတစ်လုံးစီကိုင်ထားကြပါတယ်။

စစ်တပ် အရှက်ကွဲခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန် စစ်တပ်နဲ့ MNDAAကြားက ပြဿနာပေါင်းများစွာထဲက အခုနောက်ဆုံးတစ်ခုက ဩဂုတ်လဆန်းမှာ စတင်ပါတယ်။ သီပေါမြို့နယ်ထဲက စာသင်ကျောင်း ၁၇ ကျောင်းကို လုံခြုံရေး စိတ်မချရဘူးဆိုတဲ့အကြောင်းပြချက်နဲ့ သြဂုတ်လဆန်းပိုင်းမှာ စစ်အုပ်စုကပိတ်လိုက်ပါတယ်။အဲ့ဒီထဲမှာMNDAAထိန်း
ချုပ်ဒေသထဲက ကျောင်း ၁၀ကျောင်းပါဝင်ပါတယ်။

ဒီအမိန့်ဟာ တိုင်းမှူးအဆင့်ကမဟုတ်ဘဲ နေ
ပြည်တော်က တိုက်ရိုက်လာတာလို့ ကိုးကန့်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါကို MNDAA က အာခံလိုက်ပြီး ကျောင်းတွေကို ပြန်ဖွင့်ဖို့ စီစဉ်ပါတယ်။ အဲ့ဒီခြေအနေမှာပဲ စစ်တပ်ကသြဂုတ်လ၂၉ရက်နေ့မှာ ကျောင်းတွေလာဖွင့်ပြန်ပါတယ်။ ဒါတွေကို သီပေါမြို့က အမတ်ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။

သြဂုတ်လ၃၁ရက်နေ့မှာတော့ သီပေါမြို့နယ်ထဲကဆွတ်လန်း၊မြို့ဟောင်း၊ နမ့်ပျဉ်၊ကောင်းလန်း၊နားညု၊ပန်ညု၊ ဆောင်ကြဲ စတဲ့ အခြေ
ခံပညာအထက်တန်းကျောင်း (၇) ကျောင်းကို ဖွင့်လှစ်မယ်လို့ MNDAAက တရားဝင်ထုတ်ပြန်လာပါတယ်။အထူးဒေသ(၁) ပညာရေးဌာနကဒေသတွင်းပညာသင်ကြားမှုအဆက်
မပြတ်စေရေးအတွက် သိန္နီခရိုင်အတွင်းရှိ အခြေခံပညာကျောင်း တွေဆက်လက်ဖွင့်လှစ်နေတယ်လို့ ဆိုပါတယ်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာအလက(စံလောင်း)၊ အလက (ကုန်းသာ) နဲ့ အလက (နမ့်အွန်) ကျောင်းတွေ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ကုံးမုံ၊ ကွန်ခိုက်၊ မြို့ဟောင်း၊ ဆွတ်လန်းနှင့် ပန်ညု ဒေသရှိ အခြေခံပညာကျောင်းတွေကို ဆက်
လက်ဖွင့်လှစ်သွားမယ်လို့ ကြေညာပါတယ်။ အဲဒီကျောင်းတွေကို လက်ရှိသင်ရိုးညွှန်းတန်းအတိုင်းသင်ဖို့MNDAA ကစီစဉ်ထားပါတယ်။

“စစ်တပ်က ပြန်ဖွင့်လိုက်တဲ့ကျောင်းတွေကို မနေ့က ကိုးကန့်အရာရှိတွေ၊ ကျောင်းဆရာတွေရောက်လာတယ်။ ဒီကျောင်းတွေကို သူတို့ဆက်ဖွင့်မယ်လို့ပြောတယ်။ ကျတော်ထင်တယ်။ စစ်တပ်ဖက်က ပညာရေးဝန်ထမ်းတွေ ပြန်ထွက်ရလိမ့်မယ်”လို့ သီပေါမြို့ခံတဦးကပြောပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်
ပြိုင်ခဲ့တဲ့သီပေါအမတ်ကလည်း မနေ့က ကျောင်းတွေဖွင့်ခဲ့ပေမယ့် ဒီနေ့တော့အခက်အခဲတချို့ရှိနေပြီး ညှိနှိုင်းနေတယ်လို့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။ လက်
ရှိဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ ဒေသခံပြည်သူတွေအပေါ် စေတနာမဲ့တယ်လို့မြို့ခံတွေကဝေဖန်ပါတယ်။

“အဲဒီဒေသကကိုးကန့် ထိန်းချုပ်ထားတာဆိုပေမယ့် စစ်တပ်ကကျောင်းတွေဖွင့်ခွင့်ရထားတာကနေ လုံခြုံရေးအကြောင်းပြပြီးပိတ်လိုက်တာ။ ကလေးတွေအကုန်ဒုက္ခရောက်ကုန်တယ်။အဲ့ဒီတော့ ကိုးကန့်က ပြန်ဖွင့်မယ်လို့လုပ်ခါမှ စစ်တပ်က ‌ရောက်လာပြန်တယ်။ စေတနာရှိလို့ ကျောင်းလာဖွင့်ပေးတာမဟုတ်ဘူး။ နယ်မြေတွေလက်လွှတ်ရမှာစိုးလို့ လာဖွင့်တာ”လို့ သီပေါဒေသခံတစ်ဦးကပြောပါတယ်။

ဒီဖြစ်ရပ်ကတရုတ်အစိုးရရဲ့ ဖိအားကြောင့် အပစ်ရပ်ပြီး နယ်မြေတွေကိုထိန်းချုပ်နိုင်ရေးအတွက် တိုးတိုးကြိတ်ကြိတ်ဆွေးနွေး နေတာကနေ နှစ်ဘက်ကြား ပြဿနာတွေရှိနေတာကို လူသိရှင်ကြားဖြစ်စေတဲ့ ဒုတိယမြောက် ဖြစ်
ရပ်ပါ။လူသိခဲ့တဲ့ပထမဖြစ်ရပ်ကသီပေါ
-လားရှိုးလမ်းပိုင်းမှာရှိတဲ့ ဒုဌဝတီတံတား နယ်‌မြေလုပွဲပါ။



https://www.ludunwayoo.com/feature-mm/2026/09/01/167147/
👍429👏7😁4🤣2🔥1
ရန်ကုန်မြို့ရဲ့ အ​ခြေခံကုန်​ဈေးနှုန်း​တွေ

People's Spring

ရန်ကုတ်မြို့ရဲ့ အ​ခြေခံ​ဈေးနှုန်း​တွေဟာ စစ်တပ်အာဏာမသိမ်းခင်ကနဲ့ နှိုင်းယှဥ်ရင်
သုံး ၊​လေးဆက​နေ ၁၀ ဆ​ကျော်အထိ ​ဈေး​တွေတက်လာတာကို​တွေ့ရပါတယ် ။

#ကုန်​ဈေးနှုန်း #ရန်ကုန် #လူထု​​နွေဦး
🔥20👍7👎1😢1🤣1
မန္တလေးမြို့က ရပ်ကွက်ဓမ္မာရုံတစ်ခုမှာ လူ
လတ်ပိုင်းအမျိုးသမီးတွေနဲ့လူကြီးပိုင်း အမျိုး
သမီးကြီးတွေ စုဝေးကာ ထိုင်နေကြတယ်။ သူတို့ဘေးနားမှာတော့ အရွယ်ကောင်း သား
ယောကျာ်းလေးတချို့ကပ်ထိုင်နေတယ်။ စစ်
မှုထမ်းမဲနှိုက်ဖို့အတွက် သားအမိတွေ ရောက်
လာကြတာပါ။ သားတွေကော မိခင်တွေပါ မျက်နှာတွေ မကောင်းလှဘူး။

အသက် ငါးဆယ်ကျော်အရွယ် မိခင်တစ်ယောက်ဆိုရင် စကားတောင်မပြောနိုင်ဘူး။ သူ့သားကလေး နံပါတ်စဥ် စောစောမပေါက်ရအောင် ရသမျှ ဘုရားစာတွေ တတွတ်တွတ် ရွတ်ဆိုနေခဲ့တယ်။နာမည်ခေါ်လိုက် အမှတ်စဥ် အော်လိုက် အသံကြားထဲမှာ မိခင်တွေဟာ ရင်တွေ ဗလောင်ဆူနေခဲ့ပါတယ်။

မန္တလေးမြို့မှာ သားတွေ စစ်မှုထမ်းဖို့ မိခင်တွေကိုယ်တိုင် မဲနှိုက်ပေးနေရပြီး မိခင်တွေ စိတ်သောကရောက်နေရကြောင်း ဒေသခံတွေက ပြော​ပါတယ်။

“နံပါတ်စဥ် စောကျတဲ့သူတွေဆို မအေတွေ ငိုယိုနေကြတာ”လို့ မဲနှိုက်ခဲ့တဲ့ရပ်ကွက်တစ်ခုက မိခင်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ရောဂါအခံရှိတဲ့ မိခင်တွေဆိုရင် သွေးတိုးတာ၊ မူးလဲကျတာတွေပါ ဖြစ်ပွားနေတယ်လို့ ဒေသ
ခံတွေက ပြောပါတယ်။

သြဂုတ်လမှာ မန္တလေးမြို့က ချမ်းမြသာစည် နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်းနီး
ပါးစစ်မှုထမ်းဖို့ မဲနှိုက်နေရပြီးမိခင်တွေကိုယ်
တိုင် မဲနှိုက်ပေးနေရတဲ့အတွက် စိတ်သောကတွေရောက်နေရတာပါ။လာ​ရောက်မဲနှိုက်ခြင်းမရှိတဲ့ မိဘတွေကိုတော့ ၎င်းတို့ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မဲနှိုက်သွားမယ်လို့ ကြေညာ ခြိမ်း​ခြောက်ပါတယ်။ မိခင်တွေလည်း သွားလည်းနားမထောင်ရဲသလို မသွားရင်လည်း ဖြစ်ချင်သလိုဖြစ်သွားမှာ စိုးရိမ်ကြတာကြောင့်အရဲစွန့်သွားခဲ့ကြရတယ်လို့ မိခင်တွေက ပြောပါတယ်။

မဲနှိုက်တဲ့အခါ ပြည်တွင်းမှာရှိတဲ့သား​တွေအပြင် ပြည်ပ​ရောက်​နေတဲ့ သား​တွေအတွက်ပါစစ်တပ်က ဖိအား​ပေး မဲနှိုက်ခိုင်း​နေတာပါ။

အာဏာသိမ်းစစ်တပ်ဟာရပ်ကွက်တွေထဲ စစ်မှုထမ်း မဲနှိုက်တာအပြင် ပေါ်တာဆွဲတာကိုလည်း မရပ်ပါဘူး။ မန္တလေးမြို့ပေါ်မှာနေ့ရောညပါ စစ်မှုထမ်း (စမထ) ဆွဲဖမ်းဆီးမှုများပြားနေပြီးအရင်လိုငွေပေးရွေးရန်မလွယ်ကူတော့ဘူးလို့စုံစမ်းသိရပါတယ်။အိမ်စီကားတွေနဲ့ ပြန်ပေးဆွဲသလို ဖမ်းဆီးနေကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ မန္တလေးတိုင်းထဲက ဝမ်းတွင်း၊ ညောင်ဦး၊ကျောက်ပန်းတောင်းနဲ့ရန်ကုန်တိုင်း
ကမြို့နယ်တွေမှာလည်းပေါ်တာဆွဲမှု​တွေဆက်တိုက်ပြုလုပ်နေ​တာပါ။

https://www.ludunwayoo.com/feature-mm/2026/09/02/167196/
😢32🔥3💔32👍2👎2🤣1🖕1
ရုရှားအစိုးရကဆောင်ရွက်မယ့်ထားဝယ်အ
ထူးစီးပွားရေးဇုန် (Dawei Special Economic Zone-SEZ) စီမံကိန်းအနီးတစ်ဝိုက်မှာ စစ်ကောင်စီကအကြီးစားစစ်ဆင်ရေးတွေလုပ်နေပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေလို့ ဒေသခံထောင်ပေါင်းများစွာ ထွက်ပြေးနေကြရတယ်လို့ Fortify Rightsက ထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ အဲ့ဒီစီမံကိန်းနယ်မြေတစ်ဝိုက်မှာ အရပ်သားတွေကို ဖမ်း
ဆီးညှဉ်းပန်းနှိပ်စက်ခြင်း၊သတ်ဖြတ်ခြင်းနဲ့ ကျေးရွာတွေ၊ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့Fortify Rightsအဖွဲ့ကသက်သေအ
ထောက်အထားတွေနဲ့အတူစုံစမ်းဖော်ထုတ်လိုက်တာပါ။

၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေတဲ့ The Ants အဖွဲ့ဝင် သုံးဦးအပါအဝင် အနည်း
ဆုံး အရပ်သား ငါးဦး သတ်ဖြတ်ခံရပြီး ဒေ
သခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်
ပြေးခဲ့ရတယ်လို့ ​ဖော်ပြထားပါတယ်။

The Ants (Humanitarian Aids Team-
Tanintharyi ) အဖွဲ့က အဖွဲ့တာဝန်ခံ ကိုအယ်သာ၊ ဘဏ္ဍာရေးမှူး ကိုလီယွန်၊ စီမံကိန်း ညှိ
နှိုင်းရေးမှူး ကိုသားငယ်နဲ့ ဒေသခံအမျိုးသားတစ်ဦးကို စစ်အုပ်စုက ဇူလိုင်လ ၉ ရက်မှာ ဖမ်းဆီးသွားပြီး သတ်ဖြတ်တာလို့ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်
သက်လို့ Fortify Rightsကလည်း သက်သေ
၄ ဦးကို တွေ့ဆုံမေးမြန်းပြီး စုံစမ်းဖော်ထုတ်အတည်ပြုထားပါတယ်။

The Antsအဖွဲ့ကိုဒေသခံလူငယ်တွေက ၂၀၂၄ ခုနှစ်အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ်ကူညီထောက်ပံ့ခြင်း၊ မြေမြှုပ်မိုင်းနဲ့ လေ
ကြောင်းတိုက်ခိုက်မှုအန္တရာယ်များအကြောင်း အသိပညာပေးခြင်းတွေ လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

“ကျွန်တော်ကိုယ်တိုင်အလောင်းတွေကို မြင်ခဲ့တာ။သူတို့လည်ပင်းတွေ လှီးခံထားရတယ်။ မျက်နှာတွေကလည်းရိုက်ခံထားရလို့ ကြေမွနေတာပဲ။သူတို့အမြဲဝတ်နေကျအဝတ်အစားတွေကိုကြည့်ပြီးတော့ပဲ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားနိုင်ခဲ့တာ” လို့ ကိုအယ်သာအပါ
အဝင်လေးဦးသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး CDM ကျောင်းဆရာတစ်ဦးဖြစ်သူလီယိုက Fortify Rightsကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အရပ်သားတစ်ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးလည်း ကိုလီယိုက “သူ့ကို တခြားရွာတစ်ရွာကနေ ဖမ်းလာပြီးPDFယူနီဖောင်းဝတ်ပေးထားတာ။သူက အနောက်ဆန်းချီရွာက ရွာသားပါ။ ခြံတစ်ခြံမှာ အလုပ်လုပ်တယ်။ သူ့ကို ကြိုးတုပ်ထားပြီး နားကို သေနတ်နဲ့ ပစ်သတ်ထားတာ” လို့ ထပ်မံပြောဆိုထားပါတယ်။

ဒီဖြစ်စဉ်မှာ The Ants အဖွဲ့ဝင် သုံးဦး ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ Fortify Rights က ဖော်ပြထားပါတယ်။ The Ants အဖွဲ့ဝင်တွေ ဖမ်းဆီးခံရချိန်က လက်ပ်တော့၊ ဖုန်းနဲ့ အလုပ်ဆိုင်ရာအချက်အလက်တွေ သိမ်းထားတဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေလည်းစစ်တပ်လက်ထဲပါသွားလို့နောက်
ဆက်တွဲလုံခြုံရေးအခြေအနေကိုစိုးရိမ်နေရတယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေကပြောထားပါတယ်။



https://www.ludunwayoo.com/feature-mm/2026/09/02/167234/
💩178🤬6🤮3🤣3👏2👎1🔥1🖕1
ရွှေကူ-ဗန်းမော်ကြားတိုက်ပွဲ စစ်သင်္ဘော ၃စီး တိုက်ခိုက်သိမ်းပိုက်ပြီး ၂စီး အလံဖြူထောင်၊ စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းမိဟု KIA ပြော

စက်တင်ဘာ ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရွှေကူမြို့ကနေ ဗန်းမော်မြို့ကိုဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောအချို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၂ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

စစ်တင်ဘာ ၂ရက်က ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာ နဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား အကြားမှာ တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၁စီးရေထဲမြုပ်သွားပြီး ၁စီး မီးလောင်ပျက်စီးသွားကြောင်း ၊စင်းခန်း တံတားအောက်မှာ စစ်သင်္ဘော ၁စီးထပ်မံ တိုက်ခိုက်ခံရပြီး နောက်ထပ် သင်္ဘော ၂စီးကလည်း ကမ်းစပ်နားကပ်လာကာ အလံဖြူထောင် အဖမ်းခံလိုက်ရကြောင်း ဖော်ပြခဲ့တာပါ။

ဒ့ါအပြင် လုံခြုံရေးယူပေးတဲ့ စစ်တပ်ရဲ့ စပိဘုတ် ၂ စီးကိုလည်း KIA ပူးပေါင်းတပ်များက စင်းခန်းတံတားအထက် မြလယ်နားမှာ လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်သင်္ဘောမှာ လိုက်ပါလာတဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ကိုလည်း KIA ပူးပေါင်းတပ်များက ဖမ်းဆီးရမိထားတယ်လို့ အတည်ပြုပါတယ်။

ရွှေကူနဲ့ စင်းခန်းတံတားအကြား ဇင်းဘုံကျေးရွာမှာ နေရာယူထားတဲ့ စစ်တပ်ကို KIA ပူးပေါင်းတပ်က ဩဂုတ် ၂၉ရက်နဲ့ ၃၀ရက်မှာ တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့ကြောင်းဖော်ပြပါတယ်။

ဇင်းဘုံကျေးရွာက ဒုတိယမြစ်ကျဉ်း အရှေ့ဘက်ကမ်းမှာ တည်ရှိပြီး စစ်တပ်ရဲ့ အမြဲတမ်း အခြေစိုက်စခန်းမဟုတ်ဘဲ မြစ်ကြောင်းအတိုင်း ဆန်တက်လာမယ့် စစ်သင်္ဘောတွေ လုံခြုံရေးအတွက် ရွှေကူမြို့ဘက်ကနေ စက်လှေငယ်တွေနဲ့ အင်အားဖြည့်တင်းကာ အခိုင်အမာနေရာယူထားတဲ့ စခန်း ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ သင်္ဘောလမ်းကြောင်းပွင့်ရေးအတွက် ဩဂုတ် ၃၀ရက် တရက်တည်းမှာ ဒုတိယမြစ်ကျဉ်း အရှေ့ဘက်နဲ့ အနောက်ဘက် မြစ်ကမ်းဘေးတလျှောက်ကို လေကြောင်းက ဗုံး ၂၈ကြိမ် ကြဲချတိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

KIA ပူးပေါင်းတပ်ဟာ ကချင်ပြည်နယ်ကို ရေကြောင်းအတိုင်း အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သင်္ဘောအုပ်စုကို အခုနှစ်မှာ မနှစ်ကထက် ပိုမိုအထိနာအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ KIA စစ်ရေးသတင်းတွေ ဖော်ပြနေတဲ့ 7Stars News ရဲ့စက်တင်ဘာ ၂ရက် အသိပေးထားပါတယ်။

၂၀၂၅မှာ စစ်တပ်က ဗန်းမော်စစ်မျက်နှာကို စစ်ကူရိက္ခာများပို့ဆောင်စဉ် စစ်သင်္ဘော ၅စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီး အခု ၂၀၂၆ မှာတော့ စစ်တပ်သင်္ဘော ၉စီးအထိ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#စစ်သင်္ဘောအုပ်စု#KIA#စစ်သုံ့ပန်း
👍267👏3🤣2🥰1👌1🖕1
👍388🤣2🥰1👏1👌1🖕1
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအ​ထွေ​ထွေအကျပ်အတည်းတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် ဆိုးရွားစွာ သက်ရောက်

■ပြည်တွင်း​နေထိုင်သူ ၈၀၀​ကျော်​မေးထားတဲ့စ​စ်တမ်းရဲ့အစိုးရိမ်ရဆုံးတွေ့ရှိချက်မှာဖြေဆိုသူအားလုံးနီးပါးမျှော်လင့်ချက်ပျောက်ဆုံးဟုခံစား​နေကြရ

စက်တင်ဘာ-၂၊၂၀၂၆။ဇေအောင်/People's Spring

မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက်
ပိုင်း ဖြစ်ပေါ်လာတဲ့ ဘက်ပေါင်းစုံ အကျပ်
အတည်းတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိနေကြောင်းစိတ်ကျန်းမာရေးအထောက်အ
ပံ့ပေးရေးအဖွဲ့ဖြစ်တဲ့“Narrative Power”အဖွဲ့အစည်းရဲ့ စစ်တမ်းမှာ​​​ဖော်ပြထားပါတယ်။

Narrative Powerဟာမြန်မာနိုင်ငံမှာစစ်အာ
ဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာခဲ့တဲ့ နိုင်
ငံရေး၊လူမှုရေး၊စီးပွားရေးအကျပ်အတည်း
များနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် သက်
ရောက်လာတဲ့ ထိခိုက်မှုတွေကို ကုစားလျှော့
ချနိုင်ဖို့၊ ကူညီဖို့ စတင်တည်ထောင်ခဲ့တဲ့ စိတ်
ကျန်းမာရေးအထောက်အပံ့ပေးရေးအဖွဲ့အ
စည်းတစ်ခုဖြစ်ပါတယ်။

၎င်းအဖွဲ့က ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်အထိ ၈ လအတွင်း မြန်မာနိုင်ငံအတွင်းနေထိုင်သူ ၈၁၄ ဦးရဲ့ စစ်
တမ်းအချက်အလက်တွေကို အခြေခံပြီး နိုင်
ငံရေးပဋိပက္ခ၊ စစ်အာဏာသိမ်းမှု၊ စစ်မှုထမ်းဥပဒေ၊စီးပွားရေးအခက်အခဲ၊ပညာရေးလက်
လှမ်းမမီမှု၊လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်ခံရမှု နဲ့သဘာဝဘေးအန္တရာယ်တို့
က စိတ်ကျန်းမာရေးပေါ် ဖြစ်ပေါ်စေတဲ့သက်
ရောက်မှုတွေကိုလေ့လာထားတာဖြစ်ပါတယ်။

​လေ့လာချက်အရနိုင်ငံရေးပဋိပက္ခနဲ့ စစ်အာ
ဏာသိမ်းမှုဟာပျမ်းမျှရမှတ်၄.၄၄မှတ်နဲ့ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် အမြင့်ဆုံး သက်ရောက်မှုရှိတဲ့ဖိအားအဖြစ်ထွက်ပေါ်လာတယ်လို့အစီရင်ခံစာအရသိရပါတယ်။ဒါ့အ
ပြင်ပညာရေးလက်လှမ်းမမီမှုနဲ့စစ်မှုထမ်းဥ
ပဒေတို့ဟာ ၄.၁ မှတ်နဲ့ တတိယအမြင့်ဆုံးဖြစ်နေခြင်းကလူငယ်တွေရဲ့ပညာရေးဆက်လက်သင်ယူခွင့်၊ အနာဂတ်အလုပ်အကိုင်အခွင့်အ
လမ်းတွေအပေါ် စိုးရိမ်မှု ကြီးမားနေကြောင်းနဲ့ မတရားစစ်မှုထမ်းခိုင်းမှုကြောင့် စိတ်ကျန်း
မာရေး မြင့်မားစွာထိခိုက်နေကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဤရလဒ်ဟာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ပဋိပက္ခ အခြေအနေတွေကလူထုရဲ့လုံခြုံရေး၊ စီးပွား
ရေး၊ လူမှုဆက်ဆံရေးနဲ့ အနာဂတ်မျှော်မှန်းချက်တွေကို ကျယ်ပြန့်စွာထိခိုက်စေကြောင်း ပြသနေတယ်လို့အစီရင်ခံစာမှာဖော်ပြပါတယ်။

​ကျား/မ အုပ်စုများအလိုက် နှိုင်းယှဉ်ချက်အရ နိုင်ငံရေးနဲ့ စစ်ဖက်ဆိုင်ရာ ပဋိပက္ခတွေမှာ အမျိုးသားတွေရဲ့ ထိခိုက်မှုပျမ်းမျှရမှတ် (၄.၆၄)ဟာ အမျိုးသမီးများ (၄.၂၂) ထက် ပိုမိုမြင့်မားနေပြီး စီးပွားရေးနဲ့ စစ်မှုထမ်းဥပ
ဒေဆိုင်ရာ ဖိအားတွေမှာလည်းအမျိုးသားများက ပိုမိုခံစားနေရကြောင်း တွေ့ရှိရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဖြေဆိုသူတွေထဲမှာအမျိုးသမီး၅၄ရာခိုင်နှုန်း၊
အမျိုးသား ၄၄ ရာခိုင်နှုန်းနဲ့ အခြားအုပ်စု ၂ ရာခိုင်နှုန်း ပါဝင်ပြီး အများစုမှာ အသက် ၂၆ မှ ၃၅ နှစ်ကြား လူငယ်နဲ့ အလုပ်လုပ်နိုင်တဲ့ အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

စ​စ်တမ်းရဲ့အထင်ရှားဆုံးနဲ့အစိုးရိမ်ရဆုံး တွေ့ရှိချက်မှာ ဖြေဆိုသူအားလုံးနီးပါး မျှော်လင့်
ချက်ပျောက်ဆုံးမှုကို အလွန်အမင်း သို့မ
ဟုတ် အလွန်အကျွံ ခံစားနေရကြောင်း Narrative Power ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မျှော်လင့်ချက်ပျောက်ဆုံးခြင်းဟာ စစ်တမ်းရဲ့ အထင်ရှားဆုံး တွေ့ရှိချက်ဖြစ်ကြောင်း၊ ဖြေဆိုသူ ၄၄၅ ဦး (၅၅%) ဟာ “အလွန်အမင်းခံစားရသည်”လို့ ဖော်ပြခဲ့ပြီး၊ ၃၆၉ ဦး (၄၅%) ဟာ “အလွန်ခံစားရသည်”လို့ ဖြေဆိုကြောင်း၊တစ်နည်းအားဖြင့် ဖြေဆိုသူအားလုံးဟာမျှော်လင့်ချက်ပျောက်ဆုံးမှုကို အနည်းဆုံး “အလွန်ခံစားနေရသည်”လို့ ဆိုနိုင်ကြောင်း အစီရင်ခံက အသိပေးပါတယ်။

ဒါ့အပြင်ဖြေဆိုသူတွေရဲ့ ၄၃ ရာခိုင်နှုန်းမှာ စိုး
ရိမ်စိတ်ကိုမကြာခဏသို့မဟုတ်ဆက်တိုက်
ခံစားနေရပြီး ၃၅ ရာခိုင်နှုန်းမှာ စိတ်ကျရောဂါလက္ခဏာတွေကို ထပ်ခါတလဲလဲ ကြုံ
တွေ့နေရကာ ၂၉ ရာခိုင်နှုန်းမှာအိပ်စက်မှုပြဿနာများ ရှိနေတယ်လို့ ဆိုပါတယ်။

​ပြည်သူအများစုဟာ စိတ်ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကို လုံလောက်စွာ ရရှိနိုင်ခြင်း မရှိကြောင်း၊ စစ်တမ်းမှာ ဖြေဆိုသူတွေရဲ့ ၈၅ ရာခိုင်နှုန်း (အနည်းငယ်သာရရှိနိုင်သူ ၅၃% နှင့် လုံးဝမရရှိနိုင်သူ ၃၂%) က စိတ်ကျန်းမာရေးအကူအညီ လုံလောက်စွာ မရရှိကြောင်း ဖော်ပြထားပါတယ်။

ဤအချက်ဟာ စိတ်ကျန်းမာရေးကူညီထောက်ပံ့မှုလိုအပ်ချက်မြင့်မားနေချိန်မှာ လုံ
ခြုံစိတ်ချရတဲ့ဝန်ဆောင်မှုတွေ၊အကြံပေးဆွေးနွေးမှုတွေ၊အကူအညီတွေနဲ့ရပ်ရွာအခြေ
ပြုထောက်ပံ့ရေးစနစ်တွေမလုံလောက်သေး
ကြောင်း ညွှန်ပြနေတယ်လို့ အစီရင်ခံစာမှာ ထောက်ပြပါတယ်။

​ယခုလေ့လာတွေ့ရှိချက်အရစိတ်ကျန်းမာရေးပြဿနာဟာ တစ်ဦးချင်းရဲ့ သီးခြားပြဿနာမဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအ
နေတွေ ပေါင်းစပ်ဖြစ်ပေါ်စေတဲ့လူမှုကျန်းမာ
ရေးအကျပ်အတည်းတစ်ခုဖြစ်ကြောင်း ထင်
ရှားစေတယ်လို့Narrative Power ကထောက်ပြပါတယ်။
👍20😢7🔥1💯1🤣1
​စစ်အာဏာသိမ်းမှုနဲ့ နိုင်ငံရေးပဋိပက္ခတွေရဲ့ ရမှတ်တွေ မြင့်မားနေတာဟာ ပြည်သူတွေရဲ့ လုံခြုံရေးစိုးရိမ်မှု၊ မိသားစုဝင်ဆွေအပေါ် စိုးရိမ်ရမှု၊ နေထိုင်ရေးမတည်ငြိမ်မှုနဲ့ အနာ
ဂတ်မသေချာမှုတို့ကြောင့် ဖြစ်နိုင်ကြောင်း Narrative Power က ဆိုပါတယ်။

ပညာရေးအခက်အခဲနဲ့ စီးပွားရေးအခက်အခဲတွေကလည်း လူငယ်တွေအတွက် ဘဝတိုး
တက်ရေးလမ်းကြောင်းတွေကိုကန့်သတ်သ
ကဲ့သို့ ခံစားရစေပြီး မျှော်လင့်ချက်ပျောက်
ဆုံးမှုကို ပိုမိုပြင်းထန်စေတယ်လို့ Narrative Power က အစီရင်ခံစာမှာ ရေးသားပါတယ်။

ဖြေဆိုသူအားလုံးက မျှော်လင့်ချက်ပျောက်
ဆုံးမှုကို အလွန် သို့မဟုတ်အလွန်အမင်းခံစားရတယ်လို့ ဖော်ပြထားတာဟာ အထူးစိုးရိမ်ဖွယ်ရာဖြစ်ကြောင်း၊ဤရလဒ်ကို စိတ်ကျန်း
မာရေးရောဂါအတည်ပြုချက်အဖြစ် မသတ်
မှတ်နိုင်သော်လည်း၊ လူထုအတွင်း စိတ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်ပင်ပန်းနွမ်းနယ်မှုနဲ့ အနာဂတ်အပေါ် အားလျော့မှုတို့ အလွန်ကျယ်ပြန့်နေကြောင်း ပြသတဲ့အရေးကြီးတဲ့ အချက်ပြတစ်ရပ်ဖြစ်ကြောင်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။

​ဒါ့အပြင် စိတ်ကျန်းမာရေးအကူအညီကို မလုံလောက်ဟု ဖြေဆိုသူ ၈၅ ရာခိူင်နှုန်း ရှိနေတာဟာ စိတ်ကျန်းမာရေးဝန်ဆောင်မှုစနစ်ကို ချဲ့ထွင်ဖို့ အရေးကြီးလိုအပ်ကြောင်း ဖော်ပြနေကြောင်း၊ဝန်ဆောင်မှုတွေဟာ မြို့ပြဒေသတွေမှာ သာမက ဒေသအသီးသီးသို့ပါ ရောက်ရှိနိုင်ဖို့၊ကုန်ကျစရိတ်သက်သာဖို့၊ လျှို့ဝှက်မှုနဲ့လုံခြုံမှုရှိဖို့၊ဒေသဘာသာစကားနဲ့ယဉ်ကျေး
မှုအခြေအနေကိုနားလည်တဲ့ပုံစံနဲ့ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

ယခုလေ့လာမှုဟာ ဖြေဆိုသူ ၈၁၄ ဦးရဲ့ စစ်
တမ်းဒေတာပေါ် အခြေခံပြီး မြန်မာနိုင်ငံရှိ လူငယ်နဲ့ အလုပ်လုပ်နိုင်သောအရွယ်အုပ်စုတွေမှာ စိတ်ကျန်းမာရေးဖိအားတွေကျယ်ပြန့်စွာရှိနေကြောင်း ဖော်ထုတ်ပြသခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံရေးပဋိပက္ခနဲ့ စစ်အာဏာသိမ်းမှုဟာ အ
မြင့်ဆုံးသက်ရောက်မှုရှိတဲ့အကြောင်းရင်းတွေဖြစ်ပြီး၊ပညာရေးအခက်အခဲ၊စီးပွားရေးအခက်အခဲနဲ့ စစ်မှုထမ်းဥပဒေတို့လည်း ပြင်း
ထန်တဲ့ ဖိအားတွေအဖြစ် တွေ့ရှိရတယ်လို့ သိရပါတယ်။

မျှော်လင့်ချက်ပျောက်ဆုံးမှု မြင့်မားလာခြင်းနဲ့ စိတ်ကျန်းမာရေးအကူအညီမလုံလောက်ခြင်းတို့ဟာ အရေးပေါ်အာရုံစိုက်ရန်လိုအပ်တဲ့ အခြေအနေတွေဖြစ်ကြောင်း၊ ဒါ့ကြောင့် စိတ်ကျန်းမာရေးကို ကျန်းမာရေးကဏ္ဍတခုတည်းအဖြစ်မကြည့်ဘဲ လူမှုကာကွယ်စောင့်
ရှောက်ရေး၊ ပညာရေး၊ အလုပ်အကိုင်၊ လူ့အခွင့်အရေးနဲ့ လုံခြုံရေးဝါဒတွေနဲ့ ပေါင်းစပ်ပြီး ဖြေရှင်းဖို့ လိုအပ်နေကြောင်း Narrative Power အဖွဲ့ကက တိုက်တွန်းထားပါတယ်။


#စိတ်ကျန်းမာ​​ရေး #Narrativepower
#People'sspring #လူထု​နွေဦး
👍25😢53🔥1💯1🤣1
၂၀၂၂ သြဂုတ်လ ၁၈ ရက်မှာ စားအုန်းဆီဝယ်ဖို့တန်းစီ​နေကြတဲ့ ပြည်သူ​တွေ။
ဓါတ်ပုံ-Getty Images
👍22😢7🔥3🤣1