People's Spring
60K subscribers
70.7K photos
1.21K videos
9 files
3.03K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓါတ်ပုံ - AA ရဲတပ်ဖွဲ့
🔥15👏11🤬72👎2🤮2🤣1
အမြန်လမ်းမှာ မိဘဂုဏ်ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ ခရီးသည် ၂၀ ဒဏ်ရာရ

စက်တင်ဘာ-၂၊၂၀၂၆။သတိုး/People's Spring

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မိဘဂုဏ်ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပြီး ကားပေါ်လိုက်ပါလာသူ ၂၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

ဒီနေ့(စက်တင်ဘာ၂) နေ့လည် ၂ နာရီလောက်မှာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၃/၆ အနီးမှာ ယာဉ်တိမ်းမှောက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများတယ်လို့ မျက်မြင်တွေ့ခဲ့တစ်ဦးက ပြောပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ကလမ်းပေါ်မှာ ကန့်လန့်အနေအထားဖြစ်နေတာကို ဓာတ်ပုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

တိမ်းမှောက်တဲ့ယာဉ်က ရှေ့ကကားကို အောက်ဘက်ကကျော်တတ်ချိန် လမ်းပုခုံးကမြေသားဖြစ်နေတာကြောင့် ပက်လက်လန်သွားတာလို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။

ယာဉ်ပေါ်မှာ လိုက်ပါလာသူ ၂၂ ဦးရှိပြီး ဒဏ်ရာရရှိသူ ၂၀ ရှိတယ်လို့ မီးသတ်က ထုတ်ပြန်ထားပါတယ်။ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ယာဉ်လိုင်းနာမည်မပါသလို ကားတိမ်းမှောက်ရတဲ့အကြောင်းအရာကိုလည်း ဖော်ပြထားခြင်းမရှိပါဘူး။

မိုးတွင်းကာလမှာ လမ်းတွေချော်တတ်သလို ယာဉ်မောင်းတွေ အနေနဲ့ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ဖို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက အချင်းချင်း အကြံပြုထားကြပါတယ်။
👍22🔥43👎1
ဓာတ်ပုံ − Khine Zaw Win/FB
👍23😢4👎2🔥21
ရခိုင်တက်ဖို့ကြိုးစားတဲ့စစ်ကြောင်းတွေ
နတ်ရေကန်အနီးနဲ့ မင်းတုန်းမှာတိုက်ခိုက်ခံရ

■နတ်​ရေကန်မှာစစ်တပ်ဘက်က ဆယ်ချီသေဆုံးပြီး လက်နက်ချအလင်းဝင်သူတွေ ရှိကာ တပ်လန်ကျ

စက်တင်ဘာ-၂၊၂၀၂၆။ခိုင်မြတ်/People's Spring

အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ရခိုင်ပြည်နယ်နဲ့အစပ် စစ်
မျက်နှာတွေဆီ အင်အားထောင်ချီသုံးပြီး တန်ပြန်ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်
တပ်ဟာ ကြားဖြတ်တိုက်ခိုက်ခံရတာ ကြောင့် ဆယ်ချီသေဆုံး အထိနာကာ အလင်းဝင်သူတွေလည်း အများအပြားရှိနေတယ်လို့ မြေ
ပြင်သတင်းရင်းမြစ် တွေကပြောပါတယ်။

ရခိုင်အစပ်ရိုးမရှေ့ဘက်ခြမ်းမကွေးတိုင်း၊ငဖဲ
မြို့နယ်၊နတ်ရေကန်အနီးပဇီကျေးရွာဝန်း
ကျင်နဲ့မင်းတုန်းမြို့နယ်၊သဖန်ရောင်ရွာဝန်း
ကျင်တို့မှာ AA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါတယ်။

“သတင်းရထားသလောက်ပဇီဘက်မှာ အ
လောင်းနှစ်ဆယ်ကျော်လောက်ရလိုက်တယ်။ အလောင်းမရဘဲသေတာလည်း အများကြီးရှိမှာ။ ရှင်းလင်းရေးမလုပ်ရသေးဘူး။တိုက်တောင်မတိုက်ရဘဲ ထွက်ပြေးနေတဲ့ကောင်တွေ၊လက်နက်ချတဲ့ကောင်တွေလည်း မနည်း။ စစ်ကြောင်းတကြောင်းလုံးဖရိုဖရဲဖြစ်နေတာ”လို့ AA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးကပြောပါတယ်။

သင်တန်းဆင်းခါစစစ်မှုထမ်းသစ်တွေ အများ
စုပါဝင်တဲ့ အဲဒီစစ်ကြောင်းဟာ ငဖဲမြို့နယ်
ပဒါန်းကနေတဆင့် စစ်ကြောင်းထိုးပြီးနတ်ရေကန်ပင်မဗျူဟာကုန်းဆီ အင်အားဖြည့်ဖို့ ကြိုးစားလာတာဖြစ်ပြီး နတ်ရေကန်ဗျူဟာနဲ့ သုံးမိုင် နီးပါးအကွာ ပဇီရွာအနီးမှာပဲ ကြားဖြတ်တိုက်ခိုက်ခံနေရတာပါ။

အဲဒီလို အထိနာနေတဲ့ စစ်တပ်ဟာ လေ
ကြောင်းစစ်ကူသုံးတိုက်ခိုက်နေပြီး နောက်
ထပ်အင်အားထပ်ဖြည့်တာတွေ လည်း လုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

နတ်ရေကန်ဗျူဟာစခန်းရဲ့ ပတ်လည်မှာ ရှိတဲ့ အဓိကကာကင်းစခန်းကြီးတွေကို AA နဲ့မဟာမိတ်​တွေကသိမ်းပိုက်ထားပြီး ဗျူဟာကုန်း တခုလုံး ဝန်းရံပိတ်ဆို့ခံနေရတဲ့ စစ်တပ်ဟာ စစ်ကူ​တွေအကြိမ်ကြိမ်ပို့ခဲ့ပေမယ့် မ​ဖောက်ထွက်နိုင်ပါဘူး ။ဒါ​ကြောင့် အင်အားထောင်ချီနဲ့ ထပ်မံအင်အားဖြည့်၊ စစ်ကြောင်းထိုးလာခဲ့တာမှာ ထပ်မံတိုက်ခိုက်ခံရတာပြီးထပ်မံ အထိနာနေတာပါ။

“နတ်ရေကန်ကို တက်ဖို့ဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်တော့ဘူး။လေလာတောင်ကြောတကြောလုံးကို ကိုယ့်ဘက်က နေရာယူပြီး တက်လာသမျှကို အမှည့်ခြွေခြွေနေတာ။ နတ်ရေ
ကန်ကကောင်တွေကလည်း လေယာဉ်နဲ့ ချပေးတဲ့ ရိ က္ခာလေးနဲ့ စားနေကြရတာ။ ကိုယ်တွေလည်း တက်မတိုက်ဘူး” လို့ AA နဲ့ နီးစပ်တဲ့အခြားသတင်းရင်းမြစ်တဦးကပြောပါတယ်။

ဒါ့အပြင်စစ်တပ်ဟာရခိုင်ပြည်ကိုဝင်ပေါက်
ဖြစ်တဲ့ မင်းတုန်း - အမ်း သစ်ထုတ်လမ်းကနေတဆင့်လည်း အင် အားအလုံးအရင်းနဲ့ စစ်
ကြောင်းထိုးနေပြီး မင်းတုန်းမြို့နယ် သဖန်ရောင်အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတယ်လို့ သိ ရပါတယ်။

အဲဒီသဖန်ရောင်ဝန်းကျင် တိုက်ပွဲတွေကတော့ AA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်တပ်တို့ကြားတိုက်ပွဲအပြင်းအထန်ဖြစ်​နေပြီး အခြေအနေအ
သေးစိတ်ကို မသိရသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

“တိုက်ပွဲတွေတော့ တော်တော်ပြင်းနေတယ် အဲဒီဘက်မှာ။ စစ်တပ်က လေယာဉ်နဲ့လည်း ရိုးပေါ်တွေ ပတ်ကြဲနေ တယ်။ AA ကလည်း
ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ လိုက်ပစ်နေတာရှိတယ်။ ဘတပြန် ကျားတပြန်အခြေ
အနေလို့ ပြောရမယ်” လို့ အမ်းဒေသခံ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို AA ထံ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အာ ဏာသိမ်းစစ်
တပ်ဟာ သူတို့လက်လွှတ်ခဲ့ရတဲ့နယ်မြေတွေကို ပြန်လည်ထိန်းချုပ်ဖို့ အကြိမ်ကြိမ်ကြိုး
စားခဲ့ပေမယ့် တပ်လန်ကျပြီး အလုပ်မဖြစ်ခဲ့တာကြောင့် တနှစ်ခွဲကျော်အတွင်း အင်အားအများဆုံးထပ်သုံးပြီး တန်ပြန်ထိုးစစ် ဆင်ဖို့ ပြင်ဆင်လာပြန်တာပါ။

အခုတကြိမ်အင်အားအလုံးအရင်သုံးပြီး ထိုးစစ်ဆင်နေပေမယ့်လည်း AA နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တို့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် အကျအဆုံးများ အ
ထိနာနေတဲ့အခြေအနေနဲ့ ထပ်ကြုံနေရတာဖြစ်ပါ တယ်။

“ရခိုင်ရိုးမကို ကျော်ပြီးတော့ တန်ပြန်ထိုးစစ်ဆင်လာနိုင်ဖို့ဆိုတော့ မဖြစ်နိုင်ဘူးလို့ ပြောလို့ရတယ်။ AA က မြေပြင် အခြေအနေကျွမ်းကျင်တယ်။ အခုရောက်လာတဲ့ကောင်တွေက ပစတွေများတယ်၊ နယ်မြေသစ်လည်း ဖြစ်တယ်ဆို တော့ မလွယ်ဘူး။အင်အားဘယ်လောက်ပဲ သုံးသုံး မလွယ်နိုင်ဘူး” လို့ ရခိုင်ဒေသခံစစ်ရေးလေ့လာသူတဦးက ပြော ပါတယ်။

စစ်တပ်ဟာရခိုင်ရိုးမအရှေ့ဘက်ခြမ်းမကွေး
တိုင်း ငဖဲ၊ မင်းတုန်းမြို့နယ်တို့ကနေ ထိုးစစ်ဆင်နေသလို ရခိုင်ပြည် နယ်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ ဧရာ၀တီတိုင်း သာပေါင်း၊ ရေကြည်မြို့နယ်တို့ကနေတဆင့် လည်း အင်အားအလုံးအရင်းသုံးကာ ထိုးစစ်ဆင်ဖို့ ကြိုးစားနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွနဲ့ သံတွဲပင်လယ်ပြင်တို့မှာလည်း စစ်သင်္ဘောတွေအများအပြားချထားကာကမ်းခြေတလျှောက် အရပ်သားနေထိုင်တဲ့​နေရာတွေကိုပစ်ခတ်တာတွေ လုပ်နေပါတယ်။

AAကလည်း ​သိမ်းဖို့ကျန်​နေတဲ့စစ်တွေ၊ကျောက်ဖြူမြို့နယ်တို့ရှိစစ်တပ်စခန်း​တွေကိုသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
24👍11🤣6👏3🥰2👎1🖕1
အာရက္ခတပ်​တော်(AA)တပ်ဖွဲ့ဝင်​တွေကို
ရခိုင်-မ​ကွေးအစပ်မှာ ၂၀၂၅ စက်တင်ဘာလက​တွေ့ရစဥ်။ဓါတ်ပုံ-AA Infodesk
👍28🤣8🥰64👏1🤮1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဗန်းမော်တက်တဲ့ စစ်သင်္ဘော ၂စီး အလံဖြူထောင်

ကချင်ပြည်နယ်၊ ရွှေကူမြို့ကနေ ဗန်းမော်မြို့ဆီ ဦးတည် တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲက သင်္ဘော ၂စီးဟာ အလံဖြူထောင်ပြီး ကမ်းကပ်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ စက်တင်ဘာ ၂ရက် မနက်အစောမှာ စစ်သင်္ဘောတွေဟာ ရွှေကူကနေ ဗန်းမော်မြို့ဆီ ဒုတိယအကြိမ် ထပ်မံထွက်ခွာလာရာ KIA ရဲ့တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၁စီးနစ်မြုပ်ကာ ၂စီး ပျက်စီးခဲ့ပါတယ်။ အဲဒီလို အထိအခိုက်အပျက်အစီး ရှိလာတဲ့ အခြေအနေမှာ စစ်သင်္ဘော ၂စီးဟာ အလံဖြူထောင်ကမ်းကပ်ခဲ့တာလို့ ဆိုပါတယ်။ နစ်မြုပ်သွားတဲ့ စစ်သင်္ဘောမှာ လူတွေပါသွားတယ်လို့လည်း ဆိုပါတယ်။ ဒါဟာ စစ်သင်္ဘောအုပ်စုတွေထဲက ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်တင်းမှု ပြုလုပ်တဲ့ကာလတလျှောက် ပထမဆုံး အလံဖြူထောင်တဲ့ အခြေအနေလည်းဖြစ်ပါတယ်။ ဒီနေ့ ရွှေကူ- ဗန်းမော်ကြား တိုက်ပွဲမှာ စစ်တပ် တပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းဆီးခံရတာ ရှိသလို သေဆုံးထိခိုက်တွေလည်း များပြားခဲ့ပါတယ်။ သင်္ဘောတွေ အထိနာရုံသာမက မြေပြင်စစ်ကြောင်းလည်း တပ်လန်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဩဂုတ် ၂၇ရက်မှာ စစ်ကိုင်းတိုင်း ကသာမြို့ကနေ ကချင်ပြည်နယ် ရွှေကူမြို့ကို စစ်သင်္ဘောတွေ စတင်ဝင်လာတာဖြစ်ပါတယ်။ အဲဒီလို ဝင်လာကတည်းက KIAပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ တပတ်တာအကြာ စစ်သင်္ဘော ၆စီး သုံးမရအောင် လုံး၀ ပျက်စီးသွားခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီနေ့မနက်ပိုင်းကနေ နေ့ခင်းပိုင်းအထိ စစ်သင်္ဘော ၄စီး လုံး၀ပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။ အထိနာတဲ့ စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေကို လေယာဉ်အစီးရေများစွာနဲ့ ပြုလုပ်နေတယ်လို့ သတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။

◾️စစ်သင်္ဘောပေါ်က အလံဖြူထောင်တဲ့ စစ်သား ၁၀၀ ​ကျော်ကို KIA ပူးပေါင်းတပ်က လုံခြုံရာပို့ဆောင်

ကချင်ပြည်နယ် ရွှေကူ-ဗန်းမော်ကြား အလံဖြူထောင်တဲ့ စစ်သား ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။ စက်တင်ဘာ ၂ ရက် မနက်အစောမှာ တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောအပါအဝင် စစ်သင်္ဘော ၄စီး လုံး၀ ပျက်စီးသွားပြီး စစ်သုံ့ပန်းများစွာ အလံဖြူထောင်လက်နက်ချခဲ့ပါတယ်။ အလံဖြူထောင်တဲ့ စစ်သင်္ဘောဟာ စင်းခန်းတံတားအနီးမှာ ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောဖြစ်ပြီး စစ်သား ၆၀ ကျော် ပါဝင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် အခြားစစ်သင်္ဘော ​တစ်စီးကလည်း အလံဖြူ​ထောင်လက်နက်ချသူ​တွေရှိပြီး စစ်သုံ့ပန်း ၁၀၀ ​ကျော်တယ်လို့ အခြားစစ်​ရေးရင်းမြစ်က​ပြောပါတယ်။ သတင်းရင်းမြစ်က ပေးပို့လာတဲ့ ရုပ်သံမှာလည်း စင်းခန်းတံတားအောက်လို့ ယူဆရတဲ့ နေရာက စစ်သားတွေကို KIA ပူးပေါင်းတပ်က နေရာရွှေ့ပြောင်းနေတာ တွေ့ရပါတယ်။

◾️ရခိုင်တက်ဖို့ ကြိုးစားတဲ့ စစ်ကြောင်းတွေ တိုက်ခိုက်ခံရ

အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်နဲ့အစပ် စစ်မျက်နှာတွေဆီ အင်အားထောင်ချီသုံးပြီး တန်ပြန်ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ဆယ်ချီသေဆုံးကာ အလင်းဝင်သူတွေလည်း အများအပြားရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ရခိုင်အစပ် ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း၊ငဖဲမြို့နယ် နတ်ရေကန်အနီး ပဇီကျေးရွာဝန်းကျင်နဲ့ မင်းတုန်းမြို့နယ် သဖန်ရောင်ရွာဝန်းကျင်တို့မှာ AA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။ သတင်းရထားသလောက် ပဇီဘက်မှာ အလောင်းနှစ်ဆယ်ကျော်လောက်ရလိုက်ပြီး အလောင်းမရဘဲ သေတာလည်း အများကြီးရှိမှာလို့ AAနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းမှာ ထွက်ပြေးနေသူတွေ၊ လက်နက်ချသူတွေလည်း ရှိနေတာကြောင့် စစ်ကြောင်းတကြောင်းလုံး ဖရိုဖရဲဖြစ်နေတာလို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ ရခိုင်ပြည်ဝင်ပေါက်ဖြစ်တဲ့ မင်းတုန်း-အမ်း သစ်ထုတ်လမ်းကနေလည်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး မင်းတုန်းမြို့နယ် သဖန်ရောင်အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲအပြင်းအထန်ဖြစ်​နေပြီး အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

◾️KNDF ပထမအကြိမ်ညီလာခံကို AA စစ်ဦးစီးချုပ်နဲ့ ကလလတ ဥက္ကဋ္ဌတို့ အွန်လိုင်းက တက်ရောက်
👍184🔥4👏4🤣1🖕1
ကရင်နီအမျိုးသားများကာကွယ်ရေတပ် -KNDF ရဲ့ ပထမအကြိမ် ညီလာခံကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး(ကလလတ)ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းကျော်တို့ အွန်လိုင်းကတဆင့် တက်ရောက်ခဲ့ပါတယ်။ ဒီနေ့ ညပိုင်းမှာ KNDF က ထုတ်ပြန်တဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ ပထမအကြိမ် ညီလာခံကို ၂၀၂၆ သြဂုတ် ၂၈ရက်နဲ့ ၂၉ ရက်တွေမှာ ကရင်နီပြည်တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ညီလာခံကို ဗဟိုကော်မတီဝင်တွေ၊ စစ်ဒေသမှူးတွေ၊ ဌာနမှူးတွေ ၊ တပ်ရင်းမှူးတွေ ၊ ရုံးဦးစီးမှူးတွေနဲ့ တပ်ဖွဲ့ဝင် စုစုပေါင်း အမျိုးသား (၉၁) ဦး၊ အမျိုးသမီး (၁၄) ဦး၊စုစု‌ ပေါင်း (၁၀၅) ဦး တက်ရောက်ခဲ့တယ်လို့ အသိပေးပါတယ်။ ညီလာခံမှာ KNDF ရဲ့ အရင်ကာလလုပ်ငန်းစဥ်တွေနဲ့ စစ်ရေး ၊နိုင်ငံရေးရပ်တည်ချက်တွေကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အနာဂတ်တပ်တည်ဆောက်မှုဆိုင်ရာ ရှေ့လုပ်ငန်းစဉ်တွေ ၊ စစ်ရေး ၊ နိုင်ငံရေး ဦးတည်ချက်‌တွေ ဆုံးဖြတ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

◾️ဆိပ်ဖြူနယ် အဓိကလမ်းပိုင်းတွေကို စစ်တပ် စစ်ကြောင်းထိုး

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂၁၊ ကပစ-၂၂)နဲ့ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ)တို့ ရှိပါတယ်။ ကပစ -၂၁က လေတပ်သုံး ဗုံးတွေထုတ်ပြီး ကပစ-၂၂ မှာ လက်နက်တွေ ထုတ်နေတာ ဖြစ်ပါတယ်။ စစ်ရေးအချက်အလက်တွေအရ စစ်တပ်ထိန်းချုပ်ထားတဲ့ ကပစ စက်ရုံ ၂၅ ခုအနက် လေ‌ယာဉ်ဗုံးသီးတွေ ထုတ်လုပ်နိုင်တာ ဆိပ်ဖြူမြို့အနောက်ခြမ်းမှာရှိတဲ့ ကပစ (၂၁) တစ်ခုပဲရှိပါတယ်။ အဲဒီ ကပစ-၂၁ကို ယမ်းတွေ ပို့ဆောင်တာလုပ်သလို စက်ရုံကနေ လေယာဉ်ဗုံးသီးတွေ ထုတ်ပြီးပြီ ဆိုရင်လည်း ပြန်သယ်ဆောင်တာမျိုး ရှိတယ်လို့ ဆိပ်ဖြူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။ အဲဒီလို သယ်တာကို ဝေဟင်ကင်းရော မြေပြင်ကင်းရောယူရုံသာမက စစ်ကြောင်းလည်း ထိုးတာကြောင့် မြေပြင်မှာ ရှုပ်နေတဲ့ အခြေအနေဖြစ်တယ်လို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။ ဆိပ်ဖြူနယ်က ပုသိမ်-မုံရွာ၊ ဆော-ဆိပ်ဖြူ နဲ့ ဆိပ်ဖြူ-ပေါက် လမ်းပိုင်းတွေမှာ စစ်တပ် ကင်းတွေချတာနဲ့ စစ်ကြောင်းထိုးတာတွေ ရှိနေတယ်လို့ အသိပေးပါတယ်။

◾️မြန်မာတွေကို စစ်တပ်လက်ပြန်မအပ်ဖို့ ထိုင်းဝန်ကြီးချုပ်ဆီ တောင်းဆို

စစ်တပ်ကို တရားဝင်မှုပေးနိုင်တဲ့လုပ်ရပ်တွေ ရှောင်ရှားဖို့နဲ့ ဒုက္ခသည်တွေကို အဓမ္မပြန်လည်ပို့ဆောင်တာတွေကနေကာကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဆီကို တောင်းဆိုတဲ့လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာတွေက ဒီနေ့ စက်တင်ဘာ ၂ ရက်မှာ သက်ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက်လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုကို ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်နိုင်ငံ‌တွေက ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက် ဆန္ဒထုတ်ဖော်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ်ထံကို အိတ်ဖွင့်‌ပေးစာ ပေးပို့ခဲ့ကြတာလို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ-ကိုရီးယားက အသိပေးထားပါတယ်။ ကိုရီးယားနိုင်ငံမှာ ဒေသစံတော်ချိန် နေ့လယ် ၁၁ နာရီက ထိုင်းသံရုံးရှေ့မှာ မြန်မာအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ကိုရီးယားအရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ ပါဝင်ပြီး အဲဒီလှုပ်ရှားမှုကို ပြုလုပ်ကြတယ်လို့ သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်ကိုပေးပို့တဲ့ တောင်းဆိုစာမှာ ထိုင်းနိုင်ငံရဲ့ ဆယ်စုနှစ်များစွာ ပံ့ပိုးပေးခဲ့တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက် ကျေးဇူးတင်‌ကြောင်းနဲ့ တရားမဝင်အာဏာသိမ်းကာ အရပ်သားတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ပြစ်မှုကျူးလွန်နေတဲ့ မင်းအောင်လှိုင်နဲ့ လတ်တလော ထိတွေ့ဆက်ဆံမှုတွေအပေါ် စိုးရိမ်ပူပန်မှု‌တွေကို ထောက်ပြထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်လိုက်တဲ့ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းသစ်ကြောင့် မြန်မာနိုင်ငံသားတွေ ပြန်လည်ပို့ဆောင်ခံရရင် ဖိနှိပ်ချုပ်ချယ်မှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု သို့မဟုတ် အဓမ္မစစ်သားစုဆောင်းခံရမှု‌တွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

◾️ကနီမှာ စစ်တပ်သတ်ဖြတ်မှုကြောင့် ၄လအတွင်း ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံး
🔥11👍93😢1🤣1🖕1
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ကနီမြို့နယ်၊ မုံရွာ-ချောင်းမ-ယာကြီး-ကလေးဝကားလမ်းမှာ ဧပြီ ၂၈ ရက်ကစပြီး စစ်ကြောင်းထိုးခဲ့ရာ စက်တင်ဘာ ၁ ရက်အထိ ၄လကျော် ကာလအတွင်း ကနီမြို့နယ်တွင်း ကျေးရွာပေါင်း (၃၅)ရွာ ရောက်ရှိခဲ့ပါတယ်။ အဲဒီစစ်ကြောင်း ရောက်ရှိချိန် လေကြောင်းပစ်ခတ်မှု ၂၂ ကြိမ်ထက်မနည်း ရှိခဲ့ပြီး လေကြောင်းပစ်ခတ်မှုကြောင့် အသက် ၂၆နှစ်၊ ၃၇နှစ်နဲ့ ၂၂ နှစ်အရွယ် အမျိုးသား ၃ ဦးနဲ့ အသက် ၅၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ အခြား အမျိုးသား ၂ ဦး သေဆုံးခဲ့ရကြောင်း ကနီမြို့နယ်က တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။ ဒါ့အပြင် ​စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့လို့ အသက်၇၈ နှစ် ၊ ၆၀နှစ် ၊ ၄၁နှစ် ၊၃၈နှစ် ၊ ၃၁ နှစ်၊ ၃၀ နှစ်၊ ၂၅ နှစ်စတဲ့ အမျိုးသား ၇ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

◾️၁၄ နှစ် အရွယ်မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ထွက်ပြေးနေသူကို နှစ်လကျော်အကြာမှာ ဖမ်းမိ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ရမ်းချောင်းဒေသမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီး ထွက်ပြေးလွတ်မြောက်နေခဲ့သူကို နှစ်လကျော်အကြာမှာ ဖမ်းဆီးရမိခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၇၇ တို့နဲ့ တရားစွဲတင်ထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က ရမ်းချောင်းဒေသမှာ ခြံစောင့်အငှားလုပ်ကိုင်နေသူရဲ့သမီးကို ခြံပိုင်ရှင်ဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဦးမောင်အေးလှက အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး အခုအခါ သူ့ကို မြောက်ဦးခရိုင်တရားရုံးမှာ တရားစွဲ တင်ထားတယ်လို့ ဆိုပါတယ်။ ဦးမောင်အေးလှဟာ နှစ်လကျော်ကြာထွက်ပြေးလွတ်မြောက်နေခဲ့ပြီး ဇူလိုင် ၃၀ ရက်မှာမှ ရဲတပ်ဖွဲ့က ဖမ်း ဆီးရမိခဲ့တာပါ။ သူဟာ ပြစ်မှုကျူးလွန်ခဲ့တာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုပြီး သူကျူးလွန်ခဲ့တာတွေကို တရားရုံးမှာ ဖြောင့်ချက်ပေးမယ်လို့ ပြောဆိုထားတယ်လို့လည်း ရဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

◾️တိုင်းနဲ့ပြည်နယ် ၆ခုက မြို့နယ်အချို့ မိုးကြီးပြီး ရေဘေးကြုံနေ

ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်က မြို့နယ်အချို့မှာ မိုးကြီးပြီး ရေဘေးနဲ့ မြေပြိုမှုဘေး ရင်ဆိုင်နေရပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့အပြင် ဒေသချင်းဆက်စပ်နေတဲ့ ချင်းပြည်နယ် တီးတိန်၊ ခိုင်ကမ်း၊ဟားခါးမြို့၊ ရန်ကုန်တိုင်းက လှည်းကူးမြို့၊ ပဲခူးတိုင်းက ပဲခူးမြို့၊ တနင်္သာရီတိုင်းက တနင်္သာရီ၊ ပုလောမြို့တွေနဲ့ ဧရာဝတီတိုင်းက မြို့နယ် ၇ခုထက်မနည်းမှာ ရေဘေးကြုံတွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီတိုင်းနဲ့ပြည်နယ်တွေမှာ မိုးကြီးနေတဲ့အပြင် မြစ်ရေတွေလည်းပုံမှန်ထက်မြင့်တက်နေပါတယ်။

◾️ဒုက္ခသည်တွေ မြန်မာဆီ ပြန်ပို့မယ့် မလေးရှားရဲ့ အစီအစဉ်နဲ့ လုံးဝမပတ်သက်ကြောင်း UNHCRပြော

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။ မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက်ကျရင် ပထမအသုတ်အဖြစ် မြန်မာဒုက္ခသည် ၁,၄၇၆ ဦးကို နေရပ်ပြန်ပို့မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။ အစောပိုင်းတုန်းက မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟ်က အာဏာသိမ်း မြန်မာစစ်တပ်ဟာ မလေးရှားကို ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ကို ပြန်လည် လက်ခံဖို့ သဘောတူထားကြောင်း မှတ်ချက်ပေးထားဖူးပါတယ်။ ပထမအသုတ် ပြန်ပို့မယ့်သူ ၁,၅၀၀ နီးပါးမှာ ရိုဟင်ဂျာဒုက္ခသည်အရေ အတွက် ဘယ်လောက် ပါဝင်မလဲ ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။ မလေးရှားမှာ ရောက်ရှိခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေ ပေါ်ပေါက်လာတဲ့နောက် မလေးရှားအစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်ပို့ဖို့ အားထုတ်လာတာ ဖြစ်ပါတယ်။ UNHCRကတော့ အဲဒီကိစ္စမှာ ပါဝင်ပတ်သက်မှု လုံးဝမရှိကြောင်း ငြင်းဆိုထားပြီး လက်ရှိ ပြည်တွင်းစစ် ဖြစ်ပွားပြီး နိုင်ငံရေး မတည်ငြိမ်တဲ့ မြန်မာဆီ ဒုက္ခသည်တွေကို ပြန်ပို့တာက သူတို့ရဲ့ လုံခြုံရေးအပေါ် ထိခိုက် ခြိမ်းခြောက်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

◾️သံအမတ်ကြီးဦးကျော််မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုဖို့ ဖားကန့်ပြည်သူတွေ တောင်းဆို
👍17🔥53🤣1🖕1
စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုမှာ ဖားကန့်မှော်လှည့်သပိတ်အဖွဲ့နဲ့ အတူ ပြည်သူတွေလည်း ပါဝင်ခဲ့ကြပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN credential committee ကဆက်လက်အသိအမှတ်ပြုဖို့ တောင်းဆိုခဲ့ကြတာပါ။ “Our UN Ambassador is HE U Kyaw Moe Htun” “Our UN Ambassador HE U Kyaw Moe Htun True Voice of Myanmar”စတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး လှုပ်ရှားမှုပြုလုပ်ခဲ့တာပါ။ ဒါ့အပြင် UN Credential Committee အနေနဲ့ စစ်တပ်က အမည်စာရင်းပေးထားတဲ့ သံအမတ်အတုကို အသိအမှတ်လုံးဝ မပြုဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
20👍5🔥2👏1🤣1🖕1
👍36🤣2🖕21🔥1😁1